ကြမ္မာဖန်သော''အိမ်ထောင်ရေး''(...
By ZhuLiuhai2
276 41 2
အိမ်ထောင်ရေးဆိုတာကို ခင်ဗျားတို့ ဘယ်လိုထင်ကြလဲဗျ။ သာယာလား ဆိုးရွားလား Zhuliuhai fan fic (Unicode and Zawgyi) More
p-2💜💙
p-3💜💙
p-1💙💜
130 13 1
By ZhuLiuhai2
Unicode
လက်ထပ်တယ် အိမ်ထောင်ပြုတယ်ဆိုတာက တချို့လူတွေအတွက်တော့ စိတ်ချမ်းသာစရာပေါ့ ဒါပေမဲ့ ကျတော်နဲ့သူ့အတွက်က လက်ထပ်တယ် အိမ်ထောင်ပြုတယ်ဆိုတာ စိတ်ချမ်းသာစရာ ကိစ္စတော့မဟုတ်ခဲ့ဘူး။
Zanjinက ခေသူတော့မဟုတ် မိဘတွေကလဲ ငွေကြေးချမ်းသာတဲ့ ဆွေကြီးမျိုးကြီးမိသားစုတစ်ခုက ပေါက်ဖွားလာသူဆိုလဲမမှား။
Liuhaiဆိုသည်မှာလဲ သူ့အားသူကိုးကာ ရိုးရိုးသားသားနဲ့ ကြိုးစားလာပြီး အခုဆိုရင်
'' K shopping Mall '' ရဲ့ CEO ဆိုလဲမမှပေ။
Zanjinနဲ့Liuhai က လွန်ခဲ့တဲ့ တစ်ပတ်က မိဘတွေရဲ့ အရင်ကပေးခဲ့ဖူးတဲ့ ကတိတွေကြောင့် မိဘစကားကိုမလွန်ဆန်နိုင်ပဲ လက်ထပ်ခဲ့ကြရတယ် ပြီးတော့ Liuhai က Zanjin ကိုနည်းနည်းလေးမှကြည်သလို မုန်းလဲမုန်းတယ်
အကြောင်းအရင်းက Zanjin က သူ့အမေ ကျေးဇူးရှင်ရဲ့သားဖြစ်ပြီး ကျေးဇူးရှင်ဆိုတာကိုခုတုံးလုပ်ပြီး Zanjin အမေက Liuhai နဲ့အတင်းပေးစားခဲ့ခြင်းသာဖြစ်သည်။ ဒါပေမဲ့ Liuhai ရဲ့မိဘတွေက Zanjin ကိုတော့ အရမ်းချစ်ကြသည်။
အိမ်ပေါ်ထပ် ကနေ အောက်ထပ်က မီးဖိုးချောင်စီသို့ ဆင်းလာကာ
'' ကြီးမေ ကိုကိုရော ''
'' သားLiuhai က မနက်ကထဲက အလုပ်သွားပြီလေ သားလေးကိုပြောမသွားဘူးလား ''
'' ဟုတ်လား ကျတော်မနိုးသေးတော့ မသိလိုက်ဘူး ''
'' သားလေး မနက်စာလာစားလေ ''
'' ဟင့်အင်း ကျတော်မစားတော့ဘူး ''
Zanjin မျက်မှာကလေးမှာ ညှိုးငယ်ကာနေသည်။ ဘာလို့လဲမမေးနှင့် Liuhai ဆိုသည်မှာ လက်ထပ်ပြီးကထဲက Zanjin ကို အဖက်တောင်မလုပ် Zanjin ကတော့ ငယ်ငယ်ကထဲက Liuhai ကို တစ်ဖတ်သက်ကြိုက်ခဲ့ရသည်မို့ စိတ်ထဲမှာ ပိုပိုပြီးဝမ်းနည်းရသည်။
'' ကြီးမေ? ''
'' ဟမ်သားလေး ပြောလေ ဘာစားချင်လဲ ''
'' ကိုကိုဘယ်အချိန် အိမ်ပြန်လာမယ်လို့ပြောသွားလဲဟင် ''
'' အ​လိုတော့မပြောသွားဘူး သားလေးပျင်းလို့လား ကြီးမေစကားပြောပေးမယ်လေ ''
'' Zanjin ကြောင့် ကြီးမေ အလုပ်ရှုပ်မခံပါနဲ့ Zanjin ခြံထဲမှာ ပန်းပင်ရေသွားလောင်းလိုက်ဦးမယ် ''
'' မနက်စာလေးစားပြီးမှ.... ''
'' ဟင့်အင်းရပါတယ် မစားတော့ဘူး အိမ်မှာချက်ထားတာတွေကို အလုပ်သမားတန်းလျားကလူတွေကို ဝေလိုက်ပါ ''
ကြီးမေက Liuhai ရဲ့ အိမ်တော်ထိန်းဖြစ်ပြီး အိမ်အလုပ်ကိစ္စမှန်သမျှကို သူကိုယ်တိုင်စီမံသည်။ ပြီးတော့ Zanjin လေးနဲ့ Liuhai ကိုလဲ သူ့သားအရင်းတွေလို ချစ်သည်။
Zanjinက လုဟိုင်နဲ့လက်ထပ်ပြီးကထဲက ထမင်းလဲစားမဝင် အမြဲတမ်း ငိုင်တိုင်တိုင်ဖြစ်နေသည်ကို ကြီးမေကြည့်မနေနိုင် အခုဆိုရင် Zanjin ခန္ဓာကိုယ်လေးက တော်တော်တောင် ပိန်နေလေပြီ
' သားလေးကို ထအင်းအချိန်မှန်မှန်စားအောင် ဘယ်လိုများလုပ်ရပါ့မလဲ သားLiuhaiကလဲ သားလေးကိုဂရုမစိုက်ဘူး ဒီကလေးတွေကို ကြီးမေဘယ်လိုများ နားချရပါ့မလဲကွယ်.... '
ကြီးမေတစ်ယောက် အိမ်အလုပ်တွေပြီးပြီးချင်း သစ်သီးများကိုရေဆေးကာ ပန်းကန်ထဲ ထည့်ကာ ပြင်ဆင်ပြီး ခြံထဲက Zanjin ထိုင်နေသည့်စားပွဲဝိုင်းလေးအနားသွားကာ သစ်သီးပန်းကန်ကို Zanjin အနားချလိုက်သည်။
'' သားလေး
ဒီမှာ ကြီးမေ သားလေးကြိုက်တဲ့စပျစ်သီးနဲ့ လိမ္မော်သီး ရေးဆေးလာတယ် နည်းနည်းလောက် စားလိုက်ပါလား ''
'' ကြီးမေ ပြန်ယူသွားပါ Zanjin
မစားချင်ဘူး ''
'' သားလေးရယ် ဒီတိုင်းသာစက်လုပ်နေရင် သားလေးလဲကျသွားလိမ့်မယ် အားမရှိပဲနေလိမ့်မယ် နည်းနည်းလောက်စားလိုက်ပါလားကွယ် ''
Zanjin မျက်ဝန်းလေးက မျက်ရည်ကလေးများ စို့လာတော့သည်။ ကြီးမေကိုဖတ်ကာ ငိုတော့သည်။
'' Zanjin ဘယ်လိုလုပ်ပြီး စားလို့ဝင်မှာလဲ ကြီးမေ ကိုကိုက Zanjin ကိုမုန်းနေတယ် ကိုကိုမုန်းနေရင် Zanjin အသက်တောင်မရှုနိုင်ဘူး ကြီးမေ!!! ''
'' ကြီးမေ... Zanjinကို မကူညီပေးနိုင်ဘူးလားဟင် ''
'' အို သားငယ်လေးရယ်
ကြီးမေမနက်ဖြန် သားလုဟိုင်ကို နားဝင်အောင်ပြောပေးပါ့မယ် အစာလေးဝင်အောင်နည်းနည်းလောက် စားလိုက်ပါလားကွယ် သားလေးထမင်းမစားတာ ဘယ်နှရက်တောင်ရှိနေပြီလဲ? ''
'' Zanjin ဗိုက်မဆာလို့ပါကြီးမေ စားချင်စိတ်လဲမရှိဘူး ''
'' စားချင်စိတ်မရှိလို့မရဘူး စားရမယ် သစ်သီးလေူတွေလတ်တယ် သားလေးရဲ့ မနက်ကမှ ကြီးမေကိုယ်တိုင် သေချာဝယ်လာတာ ''
'' ကြီးမေ Zanjin အိပ်ချင်လို့ မစားတော့ဘူး ''
ကြီးမေစားခိုင်းသည့်ကို မစားပဲ အိမ်ထဲဝင်ကာ မီးဖိုချောင်ထဲက ရေခဲသေတ္တာထဲက ရေတစ်ဗူးယူကာ အိမ်ပေါ်ထပ်က လုဟိုင်နဲ့သူအတူအိပ်သည့် အိပ်ခန်းထဲတတ်သွားလေသည်။ အဲ့နောက် ကုတင်ပေါ်တွင် စောင်ခြုံကာ လှဲချလိုက်ပြီး အိပ်မောကျသွားလေပြီ။
ဒီလိုနဲ့ ညနေ၆နာရီခွဲလောက် ရောက်တော့ ခြံထဲကို Liuhai တစ်ယောက် ကားမောင်းပြီးဝင်ချလာသည်။ Liuhai အိမ်ထဲကိုကားမောင်းလာသည်နှင့် ကားရေဆေးရန် ခြံစောင့်ဦးလေးကြီးက အနားရောက်နေလေပြီ။
'' အကိုလေး ကားရေဆေးပြီးရင် ဘယ်နားမှာ ထားထားရမလဲဗျ ''
'' အရင်နေရာမှာပဲထား ''
ခြံစောင့်ဦးလေးကြီးကို ကားရွေ့ရန် ကားသော့ပေးလိုက်ပြီး လက်ထဲက Laptop bag ကို ကြီးမေကိုပေးလိုက်သည်။
'' ကျတော့်အိပ်ကို ကျတော့်အလုပ်ခန်းထဲ သွားထားပေး ''
ကြီးမေလဲ ချက်ချင်းဆိုသလို အောက်ထပ်လှေကားနားက Liuhai ရဲ့ အလုပ်ခန်းထဲ Laptop bag ကို အလုပ်စားပွဲပေါ်တင်ထားကာ ပြန်ထွက်လာသည်။
ထိုအချိန် Liuhai ကတော့ အပေါ်ထပ်ကို အဝတ်အစားလဲရန် တတ်သွားလေပြီ အခန်းတံခါးကိုဖွက့်ကာ ဝင်လ်ိုက်ချင်းပင် ကုတင်ပေါ် စောင်လေးခြုံကာကွေးနေသည့် Zanjin ကိုတွေ့လိုက်သည်။
' နေ့တိုင်းအိမ်မှာ အိပ်လိုက် စားလိုက်နဲ့ တော်တော်ပင်ပန်းနေပုံပဲ '
ကုတင်ပေါ်က zanjin ကိုကြည့်ပြီး စိတ်ထဲမှာ ဘဝင်မကျဖြစ်နေသည်။ နဂိုထဲက လက်ထပ်ရသည့် ကိစ္စနဲ့ပတ်သတ်ပြီး စ်ိတမကြည်သေးသည်ကြောင့် Zanjin လုပ်သမျှကို အပြစ်တင်နေတော့သည်။
အဝတ်အစားကိုအမြန်လဲပြီး အောက်ထပ်ဧည့်ခန်းစီသို့ဆင်းလာတော့သည်။ အဲ့နောက် ဆိုပေါ်ထိုင်ကာ အရှေ့က စားပွဲပေါ်ရှိ သတင်းစားကိုကောက်ယူကာ ဖတ်နေလေပြီး ကော်ဖီသောက်လိုက် စာဖတ်လိုက် လုပ်နေလေသည်။ ​Liuhai ထိုင်နေသည့် ဆိုဖာဘေးတွင် ကြီူမေတစ်ယောက် မတ်တပ်ရပ်ကာ တခုခုပြောချင်နေသည့်ပုံပင်။
'' ကြီးမေ ကျတော့်ကိုပြောစရာရှိလို့လား? ''
'' အေးကွယ် သားကို စိတ်ဒုက္ခတော့မပေးချင်ပါဘူးကွယ် ဒါပေမဲ့ ပြေမှဖြစ်မှာမို့လို့ပါ ''
'' ကြီးမေက ကျတော့်အမေတစ်ယောက်လိုပါပဲ ထိုင်ပြီးတော့ အေးအေးဆေးဆေးပြောပါ ''
ကြီးမေတစ်ယောက် Liuhai ရဲ့ရှေ့က ဆိုဖာပေါ်ထိုင်လိုက်ပြီး သက်ပျင်းတစ်ချက်ချကာ စကားစတော့သည်။
'' ဒီလိုပါ သားLiuhai ''
'' ဟုတ်ကြီးမေ ပြောပါ ''
'' ဒီလိုပါ သားငယ်လေး Zanjin ကလေ... ''
'' တော်ပါတော့ကြီးမေ သူ့အကြောင်းဆိုဆက်မပြော.... ''
ကြီးမေက Liuhai ရဲ့လက်ကို လှမ်းကိုင်ကာ Liuhai ရဲ့ပြောလက်စစကားကို ရပ်တန့်စေသည်။
'' သား...Liuhai!
ကြီးမေပြောတာကို နားထောင်ပါဦး ကြီးမေ ဒူးထောက်တောင်းပန်ဆိုလဲ တောင်းပန်ပါ့မယ် ''
ထိုသို့ပြောကာ Liuhai ရဲ့ ရှေ့တွင် ဒူးထောက်ပြီး ထိုင်ချလိုက်တော့သည်။
'' ကြီးမေ!!!
ဘာလို့ဒူးထောက်ရတာလဲ ထပါထပါ ကြီးမေ ''
'' ကြီးမေပြောတာကို နားထောင်မယ်ဆို ကြမေ ထပါ့မယ် ''
'' ကျတော်နားထောင်မယ် အခုတော့ထပါ ကြီးမေဒူးထောက်တာ ကျတော်မကြည့်ရပ်ဘူး ''
ကြီးမေရဲ့ လက်မောင်းကိုဆွဲထူကာ ဆိုဖာပေါ် ပြန်ထိုင်စေပြီး ကြီးမေပြောသည့် စကားကိုပါ နားထောင်ရန်ဆုံးဖြတ်လိုက်သည်။
'' ဒီလိုပါ သားLiuhai
သားငယ်လေးZanjinက အခုတလော ဘာဆိုဘာမှမစားဘူး ခန္ဓာကိုယ်လေးကလဲ တော်တော်ကိုသေးနေပြီ ကြီးမေစိတ်ပူလွန်းလို့ပါ ''
'' အစားမစားဘူး ပိန်တယ် ဟုတ်လားကြီးမေ သူကနဂိုထဲကပိန်နေတာ ''
'' နဂိုထဲကပိန်တာမှန်ပေမဲ့ အခုဆို တော်တော်သေးသေးလေးဖြစ်နေပြီ မနက်ကထဲက အခုထိ ဘာဆိုဘာမှမစားသေးဘူး ''
'' ရေပဲသောက်ပြီးနေနေတယ် သားLiuhai က သားငယ်လေး Zanjin ကို မုန်းနေတာ်လို့ ထင်နေတယ်လေ နေ့လယ်ကလဲ ငိုနေတာ မျက်လုံးလေးတွေတောင် နီနေတယ် ''
'' အဲ့တော့ ကျတော် ဘာလုပ်ပေးရမလဲ ကြီးမေ ''
'' ဒီလိုပါ သားရယ် သားက သားငယ်လေး Zanjin ကိုမုန်းတယ်ဆိုရင်တောင် ထမင်းစားဖို့တော့ သားကပဲ ဖျောင်းဖျပေးပါ မဟုတ်ရင်သားငယ်လေး Zanjin အားပြတ်ပြီး လဲသွားလိမ့်မယ် ကြီးမေတောင်းဆိုပါရစေနော် ''
နောက်တစ်ပိုင်းကို အမြန် Up ပေးပါ့မယ်ရှင့်
Phue ရဲ့ပထမဆုံး Fic လေးကို အားပေးကြပါဦး။ ချစ်တယ်နော်💙💜
=============
Zawgyi
'' ကြီးမေ ကိုကိုရော ''
'' သားလေး မနက်စာလာစားလေ ''
'' ကြီးမေ? ''
'' မနက်စာလေးစားပြီးမှ.... ''
'' သားလေး
မစားချင်ဘူး ''
'' အို သားငယ်လေးရယ်
'' အရင်နေရာမှာပဲထား ''
'' ဒီလိုပါ သားLiuhai ''
'' ဟုတ်ကြီးမေ ပြောပါ ''
'' သား...Liuhai!
'' ကြီးမေ!!!
'' ဒီလိုပါ သားLiuhai
'' ရေပဲသောက်ပြီးနေနေတယ် သားLiuhai က သားငယ်လေး Zanjin ကို မုန်းနေတ်ာလို့ ထင်နေတယ်လေ နေ့လယ်ကလဲ ငိုနေတာ မျက်လုံးလေးတွေတောင် နီနေတယ် ''
Continue Reading
You'll Also Like
82.2K 2.4K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...
1.4M 32K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.
665K 21.7K 80
Follow the story of Cathy Potter as she and the entire school of Hogwarts sees what their future has in store for them... Best Rankings: #3 - Lily Ev...
124K 7.4K 91
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...