p-2💜💙

50 12 0
                                    

Unicode

ကြီးမေက Liuhai အတွက် အမေအရင်းတစ်ယောက်လိုဖြစ်တာမို့ ကြီးမေရဲ့စားကို လွန်ဆန်ရန်မဖြစ်နိုင်ပေ။ ချက်ချင်းပင် Zanjin ကို ညစာစားရန် အပေါ်ထပ်တတ်ကာ သွားခေါ်ရန်ပြင်သည်။

အခန်းတံခါးကိုခေါက်ကာ အခန်းထဲဝင်လာခဲ့သည်။ အဲ့နောက်တော့ ကုတင်ပေါ်ခွေခွေလေး အိပ်နေသည့် Zanjin ကိုမြင်သည်။ လှဲနေသည့် Zanjin ဘေးတွင်ရပ်ကာ မနီးမဝေး
ကနေ နှိုးနေလေသည်။

'' Zanjin!!! Zhuzanjin ထတော့ ဘယ်အချိန်ထိအိပ်နေဦးမှာလဲ ''

Liuhai အသံကိုကြားကြားချင်းပင် Zanjin မျက်လုံးလေးက ဖြည်းညှင်းစွာပွင့်လာသည်။
Liuhai ကိုလဲတွေ့ရော ချက်ချင်းဆိုသလို ကုတင်ပေါ်တွင် ထထိုင်လျှက်သားဖြစ်နေလေပြီ။

'' ကိုကိုပြန်ရောက်နေတာ ကြာပြီလား ''

Zanjin မေးသည်ကို လုံးဝမဖြေ ကြီးမေပြောခိုင်းသည့်စကားကိုသာပြောသည်။

'' ညစာစားမယ် အောက်ဆင်းခဲ့ ''

ပြောပြောပြီးချင်းပင် အခန်းပြင်ထွက်ကာ တံခါးကိုစောင့်ပိတ်ပြီး အခန်းပြင်ထွက်သွားလေပြီ။Zanjin ကတော့ အိပ်ခန်းထဲက ကုတင်ပေါ်တွင် ခပ်ယဲ့ယဲ့လေးပြုံးကာ ကျန်ခဲ့သည်။

'' ကိုကိုရယ် စိတ်မပါရင်လဲ လာမပြောပါနဲ့လား အခုတော့ Zanjin ရင်ကိုဓားနဲ့စောင့်ထိုးသွားပြန်ပြီ ''

သို့ပေမဲ့လည်း Zanjin အတွက် Liuhai က ထမင်းစားလာခေါ်သည်ဆိုတာ ပထမဆုံးအကြိမ်ဖြစ်သည်မို့ စိတ်ထဲတွင်ပျော်မိသည်။
ကုတင်ပေါ်က ချက်ချင်းထလာပြီး အခန်းပြင်သို့တစ်လှမ်းချင်းထွက်လာသည်။

၃ရက်လောက်အစာမစားထားသည့်အတွက် ခေါင်းကလဲ မူးနေပြီး အမြင်တွေလဲ ဝေဝါးနေပြီ။ အောက်ထပ်ကိုရောက်တော့ Zanjin က ထမင်းစားခန်းစီ ဒယိမ်းဒယိုင် လျှောက်လာသည်။ Liuhai တစ်ယောက် Zanjin ကိုကြည့်ကာ အံ့သြမိလေသည်။ ဘာလို့ဆို Zanjin ခန္ဓာကိုယ်က သူထင်ထားတာထက် သေးနေပြီး မျက်တွင်းကျပြီး အတော်ကို ပိန်နေသည်။

ကြီးမေသူ့အတွက် ထမင်းပြင်ပေးထားသည့် ထိုင်ခုံတွင်ထိုင်ကာ ဇွန်းကိုကောက်ယူရန်ပြင်နေစဥ်

ကြမ္မာဖန်သော''အိမ်ထောင်ရေး''(Zhuliuhai fan fiction)حيث تعيش القصص. اكتشف الآن