My Ugly Omega Mate (Completed)

By PaungPus

400K 34.5K 1.2K

Start Date - 21.10.2021 End Date - 19.12.2021 #yizhan More

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Final
New Fic
Hello โค๏ธ
Book ๐Ÿ“’

1

40.6K 1.9K 71
By PaungPus

Unicode

"ဗျာ ကျဲဆုံးပြီ ဟုတ်လား ၊ ဘယ်လိုဖြစ်ရတာလဲဗျာ "

တဖက်မှစကားသံကို အာရုံစိုက်နားထောင်နေရင်း ဖုန်းကိုင်ထားတဲ့ ဖြူနုနုလက်ကလေးက အနည်းငယ်တုန်ရီနေခဲ့တယ်။

"ကောင်းပါပြီ။ ကျွန်တော် အမြန်‌ဆုံးလာခဲ့ပါ့မယ် "

ဖုန်းချပြီးတော့ လူကအရုပ်ကြိုးပြတ်ပါပဲ၊ မြေပြင်မှာ ထိုင်ချလိုက်မိတယ်။

"ကျဲကျဲ ...ကျဲရယ်ဗျာ ..."

အားရအောင်ငိုပြီးနောက် သူစိတ်တည်ငြိမ်ဖို့ကြိုးစားတယ်။ စိတ်လှုပ်ရှားလွန်းရင် အမှားတွေလုပ်မိတတ်တယ်မဟုတ်လား။

ရှောင်းရန်လီ ...

ရှောင်းကျန့်ရဲ့အိမ်ရာဝင်ချိန်တွေကို ပုံပြင်တွေနဲ့အိပ်စက်စေသူ။ အမေလို ၊ အမလို သူ့ကိုမေတ္တာတွေပေးခဲ့ ချစ်ခဲ့တဲ့ ရှောင်းကျန့်ရဲ့တစ်ဦးတည်းသောအမ။ မိဘတွေမရှိတော့ပေမဲ့ သူမကဘယ်တော့မှအားမငယ်ခဲ့ဘူး။ ရှောင်းကျန့်ကိုလဲ ဘယ်တော့မှ မျက်နှာမငယ်စေခဲ့ဘူး။ ငါ့မောင်လေးကို ငါရှာဖွေကျွေးနိုင်တယ်။ ငါက ဒီနေ့ကစပြီး အားကျန့်ရဲ့ အမေပါဖြစ်ပေးမယ်တဲ့။ ရှောင်းကျန့် အသက်၁၆နှစ်မှာ omega တယောက်ဖြစ်မှန်းသိလိုက်ရတော့ သူကိုယ့်ကိုကိုယ်သတ်သေဖို့အထိတောင်ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ ကျဲကျဲက ရှောင်းကျန့်အနားမှာ အမြဲအားပေးခဲ့တာ၊ အားတက်စေခဲ့တာ။

"ကျဲ ...ကျွန်တော် omega မဖြစ်ချင်ဘူး ၊ ယောက်ကျားတွေတပ်မက်တာ ခံရတဲ့ ယောက်ကျားတွေအတွက်ကလေးမွေးပေးရမဲ့ လူမဖြစ်ချင်ဘူး။ ဒီလိုဘဝမျိုးကို ကျွန်တော်မုန်းတယ်။ ဘာလို့လဲ ။ ဘာလို့ alpha မဖြစ်ရတာလဲ ...အီးးးဟီးးး "

"ဘာဖြစ်လဲ ငါ့မောင်ရယ် omega ဖြစ်တော့ရော ဘာဝမ်းနည်းစရာရှိလဲ။ ထိန်းချုပ်ဆေးတွေရှိတယ်။ သောက်ဆေးထိုးဆေး အားလုံးရှိတယ်။ မင်းကသန်မာတဲ့ကောင်လေးပဲ။ ကျဲကျဲ မင်းကိုယုံတယ် ။ မင်းက ဘယ်သူ့အတွက်မှမဟုတ်ဘူး။ မင်းတယောက်ထဲရပ်တည်နိုင်တယ်။ မင်းကသန်မာတယ်။ တချို့ alpha တွေထက်တောင် မင်းကအရပ်ပိုရှည်သေးတယ်။ မငိုနဲ့ ...နော် ဝမ်းမနည်းနဲ့ ..."

"ဟုတ်တယ် ၊ ငါက သန်မာတယ်၊ ငါဘယ်သူ့ကိုမှကြောက်နေစရာမလိုဘူး ၊ ငါ့မှာ mate မလိုဘူး ငါကတယောက်ထဲ ရပ်တည်နိုင်တယ်"

ရှောင်းကျန့် တက္ကသိုလ် ပထမနှစ်မှာတော့ ကျဲက အလုပ်ရာထူးအပြောင်းအရွေ့နဲ့  Aနိုင်ငံကို ပြောင်းသွားခဲ့ရတယ်။ A နိုင်ငံက မြို့တော်ကြီးတစ်ခုဖြစ်တဲ့အပြင် ၊ လူသတ် ဒုစရိုက် ခိုးဆိုးလူနှိုက်တွေလဲ ပေါတာကြောင့် ကျဲကျဲက ရှောင်းကျန့်ကို အခုနေတဲ့မြို့ငယ်လေးမှာပဲ ကျန်နေရစ်စေခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျဲကျဲကသူ့အလုပ်ရှင်နဲ့ပဲ အိမ်ထောင်ကျသွားခဲ့တယ်။ ကျဲရဲ့ခင်ပွန်း ဝမ်ဇီရွှမ်းဘက်အသိုင်းအဝိုင်းကအလွန်ချမ်းသာပြီး ကျဲနဲ့သဘောမတူဘူးလို့တော့ ကြားရတယ် ။ဒါပေမဲ့ ကျဲကသူ့ကိုအသေးစိတ်တော့ပြောမပြခဲ့ပါဘူး။

"အားကျန့် ကျဲကျဲ မင်းအတွက်ငွေပို့ပေးထားတယ်နော်၊ ကျောင်းစားရိတ်အတွက် ဘာမှမပူနဲ့ "

"ကျဲ ..ကျဲရဲ့ယောက်ကျားက ကျဲကိုချစ်ရဲ့လား ၊ သူအနိုင်ကျင့်ရင် ကျွန်တော့်ကိုပြောနော် ၊ ကျွန်တော်ချက်ချင်းလာခေါ်မယ် "

"ကျဲကိုသူက အရမ်းချစ်တာ အနိုင်မကျင့်ပါဘူး ဟုတ်တယ်မို့လား ကို ..."

"ဟားဟား ဒါပေါ့ဗျာ "

ကျဲနဲ့ video call ပြောတိုင်း ဘေးမှာရှိနေပေးတတ်တဲ့ သူ့ရဲ့ယောက်ဖကြီးက ရုပ်လဲချောသလိုသဘောလဲကောင်းလှတယ်။တဖြည်းဖြည်းနဲ့နှစ်တွေကြာလာတဲ့အခါမှာ ရှောင်းကျန့်လဲ ဘွဲ့တစ်ခုရလာခဲ့ပြီ။ ဖုန်း screen မှာ မြင်ရတဲ့မိသားစုကလည်း ၂ယောက်ထဲမဟုတ်တော့ဘူး။ သွားကျိုးလေးနဲ့ ကလေးလေးတယောက်လဲပါလာခဲ့ပြီ။ ကျဲရဲ့သားလေးက အရမ်းကို စကားတတ်ပြီး ချစ်စရာကောင်းတယ်။ သူ့ရဲ့အဖေလိုပဲ Alpha တယောက်ဖြစ်လာမယ်လို့ မျှော်လင့်ရတယ်။ ဝမ်ကျင်းလင်လေးတောင် အသက် ၅နှစ်ပြည့်လာခဲ့ပြီ။ ဒီလိုသာယာနေတဲ့ မိသားစုလေးကိုမှ့ ကံကြမ္မာရယ် ....

ကျဲတို့လင်မယား ကား accident နဲ့ဆုံးပြီတဲ့။ ‌ကျဲရဲ့ရှေ့နေက ဖုန်းဆက်လာတော့ သူ့မှာရူးမတက်ဖြစ်ရတယ်။ ကလေးက မူကြိုမှာထားခဲ့တာမို့ အသက်ရှင်ကျန်ရစ်တယ်။  သူ့ရဲ့တူလေး ဝမ်ကျင်းလင်လေးကို ဆက်ပြီးအုပ်ထိန်းခွင့် ရှောင်းကျန့်ကိုပေးဖို့ ကျဲကျဲကဆုံးခါနီး ရှေ့နေတွေနဲ့သေချာမှာထားခဲ့တယ်တဲ့။ ဒါကြောင့်မို့ ရှောင်းကျန့်က Aနိုင်ငံကို မှီရာလေယာဉ်နဲ့ အမြန်ဆုံးသွားရမှာပဲဖြစ်တယ်။ ကျင်းလင်ကိုတရားဝင်အုပ်ထိန်းခွင့်လွှဲပြောင်းယူဖို့က ရိုးရိုးရှင်းရှင်းကိစ္စရပ်လေးဆိုပေမဲ့ ရှောင်းကျန့်အတွက်က မတူဘူး။

သူသွားရမှာက လူဦးရေသန်းတထောင်ကျော်ရှိတဲ့ Aနိုင်ငံဖြစ်တယ်။ ပြီးတော့သူက mate မရှိသေးတဲ့ အိုမီဂါတစ်ယောက်။ ဒီလို တခါမှမရောက်ဖူးတဲ့ နေရာစိမ်းကို လက်လွတ်စပါယ်သွားဖို့ဆိုတာ သူ့အတွက်အရမ်းကိုအန္တရာယ်များတယ်။ အဓိကက့ သူရဲ့ပုံစံ....

မှန်တယ်။ ရှောင်းကျန့်က ထူးထူးခြားခြား သိပ်ကိုလှတဲ့အိုမီဂါတယောက်ဖြစ်တယ်။ သူ့မှာကလန်ကလား အရပ်ရှည်ကြီး ရှိပေမဲ့ ၊ သူဆေးတွေသုံးပြီး ဟော်မုန်းအနံ့ကိုအလွန်အကျွံ ထိန်းချုပ်ထားပေမဲ့ ၊မျက်မှန်အထူကြီးတပ်လို့ ရုပ်ရည်ကိုဖုံးကွယ်ထားပေမဲ့ ၊ သူ့ရဲ့အသားအရည်တွေက နုဖတ်ပြီး ဝင်းမွတ်နေတာ ၊ သူမတူအောင်လှတဲ့ လည်တိုင်သွယ်သွယ်လေးတွေ ၊ အပြစ်ပြောရက်စရာမရှိတဲ့မျက်နှာလှလှလေးမှာ မှဲ့လေးတစက်က နှုတ်ခမ်းထောင့်မှာနေရာယူထားသေးတယ်။

ဒီမှာက သူ့မြို့မို့လူမသိသူမသိ သိုသိုသိပ်သိပ်ချောင်ကပ်ပြီးပုန်းနေလို့ရပေမဲ့ ဟိုမှာက ဒီလိုမဟုတ်။ ဒီဖြစ်တည်မှု့ကို သူအလွန်မုန်းပေမဲ့ လက်မခံလို့တော့မရ။ ဒါကအမှန်တရားပဲဖြစ်တယ်။ အိုမီဂါတစ်ယောက်က ထိုက်သင့်တဲ့ သေးသွယ်နေမှု့ လှပနေမှု့ကတော့ ရှိမှာပင်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်တော့ ကြိုကာကွယ်ထားရမှာပဲ။

ရှောင်းကျန့်က မနက်ဖြန်အတွက်အစောဆုံးလေယာဉ်ကို လက်မှတ်ဖြတ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်စီ သွားရမယ်။ ဒီညတော့ တညလုံးအိပ်ရမယ်မထင်ဘူး။ ပြင်ဆင်စရာတွေကများတယ်လေ။

***********************************
" Leo Wang အိမ်တော် "

"ငါ့မြေးကို ငါတို့ပဲဆက်ပြီးအုပ်ထိန်းခွင့်ရရမှာပေါ့ .. ဒါက ဘာသဘောလဲ "

ဝမ်အိမ်တော်ရဲ့ အရှင်သခင် ဝမ်ကျားရန် (အသက် ၆၈ )......ဝမ်ဖိုးဖိုးရဲ့စကားကြောင့် အိမ်တော်ထိန်းကြီး ကျန်းဖုချီက စိတ်ရှည်လက်ရှည်နဲ့ရှင်းပြနေရတယ်။

"ရှောင်းမိန်းကလေးက သူ့ရဲ့မောင်ကို ကလေးအုပ်ထိန်းခွင့်ပေးခဲ့တာပါ သခင်ကြီး ၊ ဒါက တရားဝင်စာချုပ်စာတန်းနဲ့ပါ ကျွန်တော်တို့လက်မခံလို့မရပါဘူး"

"ဟ့ ဒါငါ့သွေးသားကွ ၊ ငါ့မှာ အငယ်ဆုံးသားလဲဆုံးရှုံးရ၊ အခုမြေးပါ တစိမ်းလက်ထဲအပ်လိုက်ရတော့မှာလား "

"စိတ်ထိန်းပါဦး ဖေဖေကလဲ ဒါကငွေပေးပြီးဖြေရှင်းလို့ရပါတယ် "

သားကြီးဝမ်ဟောက်ရန်က သူ့အဖေဒေါသကို သိတာမို့ပြေရာပြေကြောင်းဝင်ပြောတယ်။

"ဟုတ်သားပဲ အဲ့ကောင်လေးကို ငွေနည်းနည်းပါးပါးပေးပြီး ညှိလိုက်ပေါ့အဖေရဲ့ "

သမီးလတ်ဝမ်မေလိကလဲ ဝင်လို့အကြံပေးပါတယ်။

"ဖြစ်ပါ့မလား ရှောင်းမိန်းကလေး ကျွန်မတို့ရဲ့အငယ်ဆုံးလေးနဲ့ချစ်ကြိုက်ကာစတုန်းကတောင် ငွေပေးပြီးခွဲတာ ခွဲလို့ရခဲ့ဖူးလို့လား"

ဇနီးသည်ချင်ရီဟွားရဲ့ပြောစကားကို ဝမ်ဟောက်ရန်က လက်ခံသလို ခေါင်းတဆတ်ဆတ်ညိတ်တယ်။

"ဒါတော့ဟုတ်တယ်။ကောင်မလေးက ငွေသာမရှိတာ။ မာနကခပ်ကြီးကြီး။  ဇီရွှမ်းကလဲ အချောအလှ သူဌေးသမီးတွေ ဝိုင်းဝိုင်းလည်နေတာကိုတောင် ဒီအညတရမိန်းကလေးကိုမှ့သဲသဲလှုပ်နေတာပဲ။ သူ့မောင်ကလဲ သူ့အတိုင်းလာမှာပဲ "

"အော် အစ်ကိုကြီးကလဲ ကောင်မလေးကလဲ လှတာကို၊ ငယ်လဲငယ်တယ် ၊ လှလဲတော်တော်လှတယ် ၊ အရည်အချင်းလဲရှိတဲ့မိန်းကလေး"

"အခုမှလှတယ်ဘာညာ အမွန်းတင်မနေနဲ့
သဘောမတူဘူးပြောခဲ့တာလဲ မင်းထိပ်ဆုံးကပဲလေ"

"အော် ဒါကတော့ ကျွန်မတို့ရဲ့ အငယ်လေးကိုပိုကောင်းတာလေးရစေချင်လို့ပေါ့၊ အခုတော့ ...မမအမှားတွေပါ မောင်လေးရယ် ၊ ငါ့မောင်လေးကို သတိရလိုက်တာ အီး..."

ဝမ်မေလိက စငိုတော့ ကျန်တဲ့လူတွေလဲ မျက်ရည်မဆည်နိုင်ကြတော့။ မျက်နှာလွှဲတဲ့သူလွှဲ မျက်ရည်ကျိတ်သုတ်တဲ့သူသုတ် ဖြစ်ကုန်တယ်။

"တော်ကြတော့ ၊ ဒါငိုနေလို့ပြီးမဲ့ကိစ္စမဟုတ်ဘူး၊ ငါ့မြေးကျင်းလင်ကို ငါ့တို့ဝမ်အိမ်တော်က အုပ်ထိန်းခွင့်ရအောင်ဘယ်လိုလုပ်ရမလဲ ဒါကိုပဲ အဓိကဝိုင်းစဉ်းစားကြ "

"ကောင်လေးနာမည်ကဘာတဲ့လဲ "

အိမ်တော်ထိန်းကျန်းက ဝမ်ဟောက်ရန်ရဲ့အမေးကို တလေးတစားဖြေတယ်။

"ရှောင်းကျန့်ပါ ..ကောင်လေးက omega လို့
ကြားသိရတယ် "

ဝမ်မေလိက  အကြံရသွားသလို လက်ဖျောက်တီးလိုက်တယ်။

"အား ယောက်ကျားလေး အိုမီဂါလား ၊ ရှောင်းရန်လီရဲ့မောင်ဆိုတော့ သူ့လိုပဲလှမှာပဲ။ ဒီလိုလုပ်ပါလား အဲ့ကောင်လေးကို အစ်ကိုကြီးရဲ့သားနဲ့ ပေးစားလိုက် ၊ ဒါဆို ကျင်းလင်လေးနဲ့လဲ ခွဲစရာမလိုတော့ဘူး"

ဝမ်မေလိရဲ့ ပြောင်မြောက်တဲ့အကြံကြောင့် ဝမ်ဟောက်ရန်တို့လင်မယား ဘာပြောရမှန်းမသိသွေးတက်သွားတယ်။ တချိန်လုံးငြိမ်နေပြီး စကားဝိုင်းမှာ ဝင်မပါပဲထိုင်နားထောင်နေခဲ့တဲ့ ဝမ်ရိပေါ်က သူ့အဒေါ်စကားကို အသည်းအသန်ထ့ငြင်းတယ် ။

"ဘာဖြစ်လို့ မြားဦးက ကျွန်တော့်ဘက်လှည့်လာရတာလဲ၊ ဘာအကျင့်စရိုက်ရှိမှန်းမသိတဲ့ တောချုံအုံကြားက တောသားကို ကျွန်တော်က ယူစရာလား ၊ ငွေမက်တဲ့ကောင်ဖြစ်နေမှ့ တအိမ်လုံးဒုက္ခရောက်နေမယ် "

"အဲ့ဒါဆို မင်းညီလေးကျင်းလင်ကို ဘယ်လိုလုပ်မလဲ ၊ ဒီတိုင်းပဲ သူများလက်ထဲထည့်ပေးလိုက်ရမှာလား "

" အဲ့တယောက်က‌လေးလာခေါ်ရင် ရိုက်သတ်လိုက် ၊ သေသွားရင်ပြီးပြီမလား "

ဝမ်ရိပေါ်က စိတ်ပေါက်ပေါက်နဲ့အပြတ်ပြောလိုက်ပြီး အခန်းထဲက ထထွက်ခဲ့လိုက်တယ်။

နားတွေကိုငြီးနေတာပဲ....အစကတည်းက သဘောတူပေးပြီး အိမ်ပေါ်ခေါ်တင်ထားခဲ့ရင် ဒီလိုဖြစ်မလား။

ဦးလေးငယ်က ဖိုးဖိုးအသက်ကြီးမှ့ရတဲ့ကလေးမို့ တအိမ်လုံးဝိုင်းပြီးအချစ်ပိုခဲ့ကြတာ။ ဦးလေးငယ်ဝမ်ဇီရွှမ်းနဲ့ရိပေါ်က အသက်တောင်၁၅နှစ်ပဲကွာတယ် ။ ဝမ်ဇီရွှမ်းက သူ့ရဲ့အတွင်းရေးမှူးနဲ့ယူမယ်ဆိုတုန်းကတော့ တအိမ်လုံးကန့်ကွက်လိုက်ကြတာ ကြွက်ကြွက်ညံလို့။ မိန်းကလေးကိုလဲ သွားဆဲတဲ့သူကဆဲ ငွေနဲ့သွားပေါက်တဲ့သူကပေါက်နဲ့ ပွဲကြမ်းခဲ့ကြတာလဲ သူတို့ပဲ။ ဟော... ကလေးထွက်လာတော့ သွားခိုးချောင်းကြတာလဲ ဘယ်သူမှတ်လဲ ။ သူတို့ပဲပေါ့။ ဒါပေမဲ့ဟိုက ဝမ်အိမ်တော်ဆို စိတ်နာလို့တဲ့ အဖက်တောင်မလုပ်တော့။

ဒီအိမ်ကလူတွေမှာ ရောဂါတစ်ခုရှိတယ်။ အဲ့ဒါကတော့ လူတိုင်းကို သူတို့ပိုက်ဆံတွေမတရားယူမဲ့သူလို့ထင်နေတာပဲ။

ဦးငယ်ဆုံးသွားတဲ့အတွက် သူလဲတော်တော်တုန်လှုပ်မိပြီး ဝမ်းနည်းခဲ့ရတာအမှန်ပါ။ ကျင်းလင်လေးကိုလဲ သူချစ်ပါတယ်။ ဒါပေမဲ့ ကလေးအမေကိုယ်တိုင်ကိုက သူတို့ကိုမယုံလို့ဝမ်မိသားစုလက်ထဲ မအပ်ခဲ့တာကို ။

သူ့မောင်က အရမ်းတွေအားကိုးရလို့နေမှာပေါ့။ အိုမီဂါတယောက်က ငါးနှစ်သားကလေးကို စောင့်ရှောက်ကျွေးမွေးနိုင်မယ်တဲ့လား။ သူ့မှာ mate ရှိလာရင် ဒီကလေးကငြိုငြင်ခံရမှာ အသေအချာကြီးပဲလေ ။ သေချာရှင်းပြပြီး ကလေးကိုခေါ်ထားလိုက်မယ်ပြောရင် ဟိုက က့ပြီးတောင်ပေးခဲ့ဦးမှာကို။ အလကားအပိုတွေလျောက် ဒုက္ခခံစဉ်းစားနေကြတယ် ။

***********************************
Paung~pus ♡.
21.10.2021
(  ကိုယ့်ဇာတ်လမ်းမှာ ကိုယ့် rule နဲ့ကိုယ်ပဲ အစအဆုံးသွားပါမယ် ၊ ပြောရမယ်ဆိုရင် ရုပ်တည်ကြီးနဲ့ လျောက်ရေးထားတာပါ 😬 လိုအပ်ချက်တွေရှိနေရင် နားလည်ပေးပါ 🙏 )

Zawgyi


"ဗ်ာ က်ဲဆုံးၿပီ ဟုတ္လား ၊ ဘယ္လိုျဖစ္ရတာလဲဗ်ာ "

တဖက္မွစကားသံကို အာ႐ုံစိုက္နားေထာင္ေနရင္း ဖုန္းကိုင္ထားတဲ့ ျဖဴႏုႏုလက္ကေလးက အနည္းငယ္တုန္ရီေနခဲ့တယ္။

"ေကာင္းပါၿပီ။ ကြၽန္ေတာ္ အျမန္‌ဆုံးလာခဲ့ပါ့မယ္ "

ဖုန္းခ်ၿပီးေတာ့ လူကအ႐ုပ္ႀကိဳးျပတ္ပါပဲ၊ ေျမျပင္မွာ ထိုင္ခ်လိုက္မိတယ္။

"က်ဲက်ဲ ...က်ဲရယ္ဗ်ာ ..."

အားရေအာင္ငိုၿပီးေနာက္ သူစိတ္တည္ၿငိမ္ဖို႔ႀကိဳးစားတယ္။ စိတ္လႈပ္႐ွားလြန္းရင္ အမွားေတြလုပ္မိတတ္တယ္မဟုတ္လား။

ေ႐ွာင္းရန္လီ ...

ေ႐ွာင္းက်န္႔ရဲ႕အိမ္ရာဝင္ခ်ိန္ေတြကို ပုံျပင္ေတြနဲ႔အိပ္စက္ေစသူ။ အေမလို ၊ အမလို သူ႕ကိုေမတၱာေတြေပးခဲ့ ခ်စ္ခဲ့တဲ့ ေ႐ွာင္းက်န္႔ရဲ႕တစ္ဦးတည္းေသာအမ။ မိဘေတြမ႐ွိေတာ့ေပမဲ့ သူမကဘယ္ေတာ့မွအားမငယ္ခဲ့ဘူး။ ေ႐ွာင္းက်န္႔ကိုလဲ ဘယ္ေတာ့မွ မ်က္ႏွာမငယ္ေစခဲ့ဘူး။ ငါ့ေမာင္ေလးကို ငါ႐ွာေဖြေကြၽးႏိုင္တယ္။ ငါက ဒီေန႔ကစၿပီး အားက်န္႔ရဲ႕ အေမပါျဖစ္ေပးမယ္တဲ့။ ေ႐ွာင္းက်န္႔ အသက္၁၆ႏွစ္မွာ omega တေယာက္ျဖစ္မွန္းသိလိုက္ရေတာ့ သူကိုယ့္ကိုကိုယ္သတ္ေသဖို႔အထိေတာင္ႀကိဳးစားခဲ့ဖူးတယ္။ ဒါေပမဲ့ က်ဲက်ဲက ေ႐ွာင္းက်န္႔အနားမွာ အၿမဲအားေပးခဲ့တာ၊ အားတက္ေစခဲ့တာ။

"က်ဲ ...ကြၽန္ေတာ္ omega မျဖစ္ခ်င္ဘူး ၊ ေယာက္က်ားေတြတပ္မက္တာ ခံရတဲ့ ေယာက္က်ားေတြအတြက္ကေလးေမြးေပးရမဲ့ လူမျဖစ္ခ်င္ဘူး။ ဒီလိုဘဝမ်ိဳးကို ကြၽန္ေတာ္မုန္းတယ္။ ဘာလို႔လဲ ။ ဘာလို႔ alpha မျဖစ္ရတာလဲ ...အီးးးဟီးးး "

"ဘာျဖစ္လဲ ငါ့ေမာင္ရယ္ omega ျဖစ္ေတာ့ေရာ ဘာဝမ္းနည္းစရာ႐ွိလဲ။ ထိန္းခ်ဳပ္ေဆးေတြ႐ွိတယ္။ ေသာက္ေဆးထိုးေဆး အားလုံး႐ွိတယ္။ မင္းကသန္မာတဲ့ေကာင္ေလးပဲ။ က်ဲက်ဲ မင္းကိုယုံတယ္ ။ မင္းက ဘယ္သူ႕အတြက္မွမဟုတ္ဘူး။ မင္းတေယာက္ထဲရပ္တည္ႏိုင္တယ္။ မင္းကသန္မာတယ္။ တခ်ိဳ႕ alpha ေတြထက္ေတာင္ မင္းကအရပ္ပို႐ွည္ေသးတယ္။ မငိုနဲ႔ ...ေနာ္ ဝမ္းမနည္းနဲ႔ ..."

"ဟုတ္တယ္ ၊ ငါက သန္မာတယ္၊ ငါဘယ္သူ႕ကိုမွေၾကာက္ေနစရာမလိုဘူး ၊ ငါ့မွာ mate မလိုဘူး ငါကတေယာက္ထဲ ရပ္တည္ႏိုင္တယ္"

ေ႐ွာင္းက်န္႔ တကၠသိုလ္ ပထမႏွစ္မွာေတာ့ က်ဲက အလုပ္ရာထူးအေျပာင္းအေ႐ြ႕နဲ႔ Aႏိုင္ငံကို ေျပာင္းသြားခဲ့ရတယ္။ A ႏိုင္ငံက ၿမိဳ႕ေတာ္ႀကီးတစ္ခုျဖစ္တဲ့အျပင္ ၊ လူသတ္ ဒုစ႐ိုက္ ခိုးဆိုးလူႏိႈက္ေတြလဲ ေပါတာေၾကာင့္ က်ဲက်ဲက ေ႐ွာင္းက်န္႔ကို အခုေနတဲ့ၿမိဳ႕ငယ္ေလးမွာပဲ က်န္ေနရစ္ေစခဲ့တယ္။ ေနာက္ပိုင္းမွာေတာ့ က်ဲက်ဲကသူ႕အလုပ္႐ွင္နဲ႔ပဲ အိမ္ေထာင္က်သြားခဲ့တယ္။ က်ဲရဲ႕ခင္ပြန္း ဝမ္ဇီ႐ႊမ္းဘက္အသိုင္းအဝိုင္းကအလြန္ခ်မ္းသာၿပီး က်ဲနဲ႔သေဘာမတူဘူးလို႔ေတာ့ ၾကားရတယ္ ။ဒါေပမဲ့ က်ဲကသူ႕ကိုအေသးစိတ္ေတာ့ေျပာမျပခဲ့ပါဘူး။

"အားက်န္႔ က်ဲက်ဲ မင္းအတြက္ေငြပို႔ေပးထားတယ္ေနာ္၊ ေက်ာင္းစားရိတ္အတြက္ ဘာမွမပူနဲ႔ "

"က်ဲ ..က်ဲရဲ႕ေယာက္က်ားက က်ဲကိုခ်စ္ရဲ႕လား ၊ သူအႏိုင္က်င့္ရင္ ကြၽန္ေတာ့္ကိုေျပာေနာ္ ၊ ကြၽန္ေတာ္ခ်က္ခ်င္းလာေခၚမယ္ "

"က်ဲကိုသူက အရမ္းခ်စ္တာ အႏိုင္မက်င့္ပါဘူး ဟုတ္တယ္မို႔လား ကို ..."

"ဟားဟား ဒါေပါ့ဗ်ာ "

က်ဲနဲ႔ video call ေျပာတိုင္း ေဘးမွာ႐ွိေနေပးတတ္တဲ့ သူ႕ရဲ႕ေယာက္ဖႀကီးက ႐ုပ္လဲေခ်ာသလိုသေဘာလဲေကာင္းလွတယ္။တျဖည္းျဖည္းနဲ႔ႏွစ္ေတြၾကာလာတဲ့အခါမွာ ေ႐ွာင္းက်န္႔လဲ ဘြဲ႕တစ္ခုရလာခဲ့ၿပီ။ ဖုန္း screen မွာ ျမင္ရတဲ့မိသားစုကလည္း ၂ေယာက္ထဲမဟုတ္ေတာ့ဘူး။ သြားက်ိဳးေလးနဲ႔ ကေလးေလးတေယာက္လဲပါလာခဲ့ၿပီ။ က်ဲရဲ႕သားေလးက အရမ္းကို စကားတတ္ၿပီး ခ်စ္စရာေကာင္းတယ္။ သူ႕ရဲ႕အေဖလိုပဲ Alpha တေယာက္ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ရတယ္။ ဝမ္က်င္းလင္ေလးေတာင္ အသက္ ၅ႏွစ္ျပည့္လာခဲ့ၿပီ။ ဒီလိုသာယာေနတဲ့ မိသားစုေလးကိုမွ႔ ကံၾကမၼာရယ္ ....

က်ဲတို႔လင္မယား ကား accident နဲ႔ဆုံးၿပီတဲ့။ ‌က်ဲရဲ႕ေ႐ွ႕ေနက ဖုန္းဆက္လာေတာ့ သူ႕မွာ႐ူးမတက္ျဖစ္ရတယ္။ ကေလးက မူႀကိဳမွာထားခဲ့တာမို႔ အသက္႐ွင္က်န္ရစ္တယ္။ သူ႕ရဲ႕တူေလး ဝမ္က်င္းလင္ေလးကို ဆက္ၿပီးအုပ္ထိန္းခြင့္ ေ႐ွာင္းက်န္႔ကိုေပးဖို႔ က်ဲက်ဲကဆုံးခါနီး ေ႐ွ႕ေနေတြနဲ႔ေသခ်ာမွာထားခဲ့တယ္တဲ့။ ဒါေၾကာင့္မို႔ ေ႐ွာင္းက်န္႔က Aႏိုင္ငံကို မွီရာေလယာဥ္နဲ႔ အျမန္ဆုံးသြားရမွာပဲျဖစ္တယ္။ က်င္းလင္ကိုတရားဝင္အုပ္ထိန္းခြင့္လႊဲေျပာင္းယူဖို႔က ႐ိုး႐ိုး႐ွင္း႐ွင္းကိစၥရပ္ေလးဆိုေပမဲ့ ေ႐ွာင္းက်န္႔အတြက္က မတူဘူး။

သူသြားရမွာက လူဦးေရသန္းတေထာင္ေက်ာ္႐ွိတဲ့ Aႏိုင္ငံျဖစ္တယ္။ ၿပီးေတာ့သူက mate မ႐ွိေသးတဲ့ အိုမီဂါတစ္ေယာက္။ ဒီလို တခါမွမေရာက္ဖူးတဲ့ ေနရာစိမ္းကို လက္လြတ္စပါယ္သြားဖို႔ဆိုတာ သူ႕အတြက္အရမ္းကိုအႏၲရာယ္မ်ားတယ္။ အဓိကက့ သူရဲ႕ပုံစံ....

မွန္တယ္။ ေ႐ွာင္းက်န္႔က ထူးထူးျခားျခား သိပ္ကိုလွတဲ့အိုမီဂါတေယာက္ျဖစ္တယ္။ သူ႕မွာကလန္ကလား အရပ္႐ွည္ႀကီး ႐ွိေပမဲ့ ၊ သူေဆးေတြသုံးၿပီး ေဟာ္မုန္းအနံ႔ကိုအလြန္အကြၽံ ထိန္းခ်ဳပ္ထားေပမဲ့ ၊မ်က္မွန္အထူႀကီးတပ္လို႔ ႐ုပ္ရည္ကိုဖုံးကြယ္ထားေပမဲ့ ၊ သူ႕ရဲ႕အသားအရည္ေတြက ႏုဖတ္ၿပီး ဝင္းမြတ္ေနတာ ၊ သူမတူေအာင္လွတဲ့ လည္တိုင္သြယ္သြယ္ေလးေတြ ၊ အျပစ္ေျပာရက္စရာမ႐ွိတဲ့မ်က္ႏွာလွလွေလးမွာ မွဲ႔ေလးတစက္က ႏႈတ္ခမ္းေထာင့္မွာေနရာယူထားေသးတယ္။

ဒီမွာက သူ႕ၿမိဳ႕မို႔လူမသိသူမသိ သိုသိုသိပ္သိပ္ေခ်ာင္ကပ္ၿပီးပုန္းေနလို႔ရေပမဲ့ ဟိုမွာက ဒီလိုမဟုတ္။ ဒီျဖစ္တည္မႈ႕ကို သူအလြန္မုန္းေပမဲ့ လက္မခံလို႔ေတာ့မရ။ ဒါကအမွန္တရားပဲျဖစ္တယ္။ အိုမီဂါတစ္ေယာက္က ထိုက္သင့္တဲ့ ေသးသြယ္ေနမႈ႕ လွပေနမႈ႕ကေတာ့ ႐ွိမွာပင္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္ကိုကိုယ္ေတာ့ ႀကိဳကာကြယ္ထားရမွာပဲ။

ေ႐ွာင္းက်န္႔က မနက္ျဖန္အတြက္အေစာဆုံးေလယာဥ္ကို လက္မွတ္ျဖတ္လိုက္တယ္။ ၿပီးေတာ့ သူ႕ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းႏွစ္ေယာက္စီ သြားရမယ္။ ဒီညေတာ့ တညလုံးအိပ္ရမယ္မထင္ဘူး။ ျပင္ဆင္စရာေတြကမ်ားတယ္ေလ။

***********************************

" Leo Wang အိမ္ေတာ္ "

"ငါ့ေျမးကို ငါတို႔ပဲဆက္ၿပီးအုပ္ထိန္းခြင့္ရရမွာေပါ့ .. ဒါက ဘာသေဘာလဲ "

ဝမ္အိမ္ေတာ္ရဲ႕ အ႐ွင္သခင္ ဝမ္က်ားရန္ (အသက္ ၆၈ )......ဝမ္ဖိုးဖိုးရဲ႕စကားေၾကာင့္ အိမ္ေတာ္ထိန္းႀကီး က်န္းဖုခ်ီက စိတ္႐ွည္လက္႐ွည္နဲ႔႐ွင္းျပေနရတယ္။

"ေ႐ွာင္းမိန္းကေလးက သူ႕ရဲ႕ေမာင္ကို ကေလးအုပ္ထိန္းခြင့္ေပးခဲ့တာပါ သခင္ႀကီး ၊ ဒါက တရားဝင္စာခ်ဳပ္စာတန္းနဲ႔ပါ ကြၽန္ေတာ္တို႔လက္မခံလို႔မရပါဘူး"

"ဟ့ ဒါငါ့ေသြးသားကြ ၊ ငါ့မွာ အငယ္ဆုံးသားလဲဆုံး႐ႈံးရ၊ အခုေျမးပါ တစိမ္းလက္ထဲအပ္လိုက္ရေတာ့မွာလား "

"စိတ္ထိန္းပါဦး ေဖေဖကလဲ ဒါကေငြေပးၿပီးေျဖ႐ွင္းလို႔ရပါတယ္ "

သားႀကီးဝမ္ေဟာက္ရန္က သူ႕အေဖေဒါသကို သိတာမို႔ေျပရာေျပေၾကာင္းဝင္ေျပာတယ္။

"ဟုတ္သားပဲ အဲ့ေကာင္ေလးကို ေငြနည္းနည္းပါးပါးေပးၿပီး ညႇိလိုက္ေပါ့အေဖရဲ႕ "

သမီးလတ္ဝမ္ေမလိကလဲ ဝင္လို႔အၾကံေပးပါတယ္။

"ျဖစ္ပါ့မလား ေ႐ွာင္းမိန္းကေလး ကြၽန္မတို႔ရဲ႕အငယ္ဆုံးေလးနဲ႔ခ်စ္ႀကိဳက္ကာစတုန္းကေတာင္ ေငြေပးၿပီးခြဲတာ ခြဲလို႔ရခဲ့ဖူးလို႔လား"

ဇနီးသည္ခ်င္ရီဟြားရဲ႕ေျပာစကားကို ဝမ္ေဟာက္ရန္က လက္ခံသလို ေခါင္းတဆတ္ဆတ္ညိတ္တယ္။

"ဒါေတာ့ဟုတ္တယ္။ေကာင္မေလးက ေငြသာမ႐ွိတာ။ မာနကခပ္ႀကီးႀကီး။ ဇီ႐ႊမ္းကလဲ အေခ်ာအလွ သူေဌးသမီးေတြ ဝိုင္းဝိုင္းလည္ေနတာကိုေတာင္ ဒီအညတရမိန္းကေလးကိုမွ႔သဲသဲလႈပ္ေနတာပဲ။ သူ႕ေမာင္ကလဲ သူ႕အတိုင္းလာမွာပဲ "

"ေအာ္ အစ္ကိုႀကီးကလဲ ေကာင္မေလးကလဲ လွတာကို၊ ငယ္လဲငယ္တယ္ ၊ လွလဲေတာ္ေတာ္လွတယ္ ၊ အရည္အခ်င္းလဲ႐ွိတဲ့မိန္းကေလး"

"အခုမွလွတယ္ဘာညာ အမြန္းတင္မေနနဲ႔

သေဘာမတူဘူးေျပာခဲ့တာလဲ မင္းထိပ္ဆုံးကပဲေလ"

"ေအာ္ ဒါကေတာ့ ကြၽန္မတို႔ရဲ႕ အငယ္ေလးကိုပိုေကာင္းတာေလးရေစခ်င္လို႔ေပါ့၊ အခုေတာ့ ...မမအမွားေတြပါ ေမာင္ေလးရယ္ ၊ ငါ့ေမာင္ေလးကို သတိရလိုက္တာ အီး..."

ဝမ္ေမလိက စငိုေတာ့ က်န္တဲ့လူေတြလဲ မ်က္ရည္မဆည္ႏိုင္ၾကေတာ့။ မ်က္ႏွာလႊဲတဲ့သူလႊဲ မ်က္ရည္က်ိတ္သုတ္တဲ့သူသုတ္ ျဖစ္ကုန္တယ္။

"ေတာ္ၾကေတာ့ ၊ ဒါငိုေနလို႔ၿပီးမဲ့ကိစၥမဟုတ္ဘူး၊ ငါ့ေျမးက်င္းလင္ကို ငါ့တို႔ဝမ္အိမ္ေတာ္က အုပ္ထိန္းခြင့္ရေအာင္ဘယ္လိုလုပ္ရမလဲ ဒါကိုပဲ အဓိကဝိုင္းစဥ္းစားၾက "

"ေကာင္ေလးနာမည္ကဘာတဲ့လဲ "

အိမ္ေတာ္ထိန္းက်န္းက ဝမ္ေဟာက္ရန္ရဲ႕အေမးကို တေလးတစားေျဖတယ္။

"ေ႐ွာင္းက်န္႔ပါ ..ေကာင္ေလးက omega လို႔

ၾကားသိရတယ္ "

ဝမ္ေမလိက အၾကံရသြားသလို လက္ေဖ်ာက္တီးလိုက္တယ္။

"အား ေယာက္က်ားေလး အိုမီဂါလား ၊ ေ႐ွာင္းရန္လီရဲ႕ေမာင္ဆိုေတာ့ သူ႕လိုပဲလွမွာပဲ။ ဒီလိုလုပ္ပါလား အဲ့ေကာင္ေလးကို အစ္ကိုႀကီးရဲ႕သားနဲ႔ ေပးစားလိုက္ ၊ ဒါဆို က်င္းလင္ေလးနဲ႔လဲ ခြဲစရာမလိုေတာ့ဘူး"

ဝမ္ေမလိရဲ႕ ေျပာင္ေျမာက္တဲ့အၾကံေၾကာင့္ ဝမ္ေဟာက္ရန္တို႔လင္မယား ဘာေျပာရမွန္းမသိေသြးတက္သြားတယ္။ တခ်ိန္လုံးၿငိမ္ေနၿပီး စကားဝိုင္းမွာ ဝင္မပါပဲထိုင္နားေထာင္ေနခဲ့တဲ့ ဝမ္ရိေပၚက သူ႕အေဒၚစကားကို အသည္းအသန္ထ့ျငင္းတယ္ ။

"ဘာျဖစ္လို႔ ျမားဦးက ကြၽန္ေတာ့္ဘက္လွည့္လာရတာလဲ၊ ဘာအက်င့္စ႐ိုက္႐ွိမွန္းမသိတဲ့ ေတာခ်ံဳအုံၾကားက ေတာသားကို ကြၽန္ေတာ္က ယူစရာလား ၊ ေငြမက္တဲ့ေကာင္ျဖစ္ေနမွ႔ တအိမ္လုံးဒုကၡေရာက္ေနမယ္ "

"အဲ့ဒါဆို မင္းညီေလးက်င္းလင္ကို ဘယ္လိုလုပ္မလဲ ၊ ဒီတိုင္းပဲ သူမ်ားလက္ထဲထည့္ေပးလိုက္ရမွာလား "

" အဲ့တေယာက္က‌ေလးလာေခၚရင္ ႐ိုက္သတ္လိုက္ ၊ ေသသြားရင္ၿပီးၿပီမလား "

ဝမ္ရိေပၚက စိတ္ေပါက္ေပါက္နဲ႔အျပတ္ေျပာလိုက္ၿပီး အခန္းထဲက ထထြက္ခဲ့လိုက္တယ္။

နားေတြကိုၿငီးေနတာပဲ....အစကတည္းက သေဘာတူေပးၿပီး အိမ္ေပၚေခၚတင္ထားခဲ့ရင္ ဒီလိုျဖစ္မလား။

ဦးေလးငယ္က ဖိုးဖိုးအသက္ႀကီးမွ႔ရတဲ့ကေလးမို႔ တအိမ္လုံးဝိုင္းၿပီးအခ်စ္ပိုခဲ့ၾကတာ။ ဦးေလးငယ္ဝမ္ဇီ႐ႊမ္းနဲ႔ရိေပၚက အသက္ေတာင္၁၅ႏွစ္ပဲကြာတယ္ ။ ဝမ္ဇီ႐ႊမ္းက သူ႕ရဲ႕အတြင္းေရးမႉးနဲ႔ယူမယ္ဆိုတုန္းကေတာ့ တအိမ္လုံးကန္႔ကြက္လိုက္ၾကတာ ႂကြက္ႂကြက္ညံလို႔။ မိန္းကေလးကိုလဲ သြားဆဲတဲ့သူကဆဲ ေငြနဲ႔သြားေပါက္တဲ့သူကေပါက္နဲ႔ ပြဲၾကမ္းခဲ့ၾကတာလဲ သူတို႔ပဲ။ ေဟာ... ကေလးထြက္လာေတာ့ သြားခိုးေခ်ာင္းၾကတာလဲ ဘယ္သူမွတ္လဲ ။ သူတို႔ပဲေပါ့။ ဒါေပမဲ့ဟိုက ဝမ္အိမ္ေတာ္ဆို စိတ္နာလို႔တဲ့ အဖက္ေတာင္မလုပ္ေတာ့။

ဒီအိမ္ကလူေတြမွာ ေရာဂါတစ္ခု႐ွိတယ္။ အဲ့ဒါကေတာ့ လူတိုင္းကို သူတို႔ပိုက္ဆံေတြမတရားယူမဲ့သူလို႔ထင္ေနတာပဲ။

ဦးငယ္ဆုံးသြားတဲ့အတြက္ သူလဲေတာ္ေတာ္တုန္လႈပ္မိၿပီး ဝမ္းနည္းခဲ့ရတာအမွန္ပါ။ က်င္းလင္ေလးကိုလဲ သူခ်စ္ပါတယ္။ ဒါေပမဲ့ ကေလးအေမကိုယ္တိုင္ကိုက သူတို႔ကိုမယုံလို႔ဝမ္မိသားစုလက္ထဲ မအပ္ခဲ့တာကို ။

သူ႕ေမာင္က အရမ္းေတြအားကိုးရလို႔ေနမွာေပါ့။ အိုမီဂါတေယာက္က ငါးႏွစ္သားကေလးကို ေစာင့္ေ႐ွာက္ေကြၽးေမြးႏိုင္မယ္တဲ့လား။ သူ႕မွာ mate ႐ွိလာရင္ ဒီကေလးကၿငိဳျငင္ခံရမွာ အေသအခ်ာႀကီးပဲေလ ။ ေသခ်ာ႐ွင္းျပၿပီး ကေလးကိုေခၚထားလိုက္မယ္ေျပာရင္ ဟိုက က့ၿပီးေတာင္ေပးခဲ့ဦးမွာကို။ အလကားအပိုေတြေလ်ာက္ ဒုကၡခံစဥ္းစားေနၾကတယ္ ။

***********************************

Paung~pus ♡.
21.10.2021
(  ကိုယ့္ဇာတ္လမ္းမွာ ကိုယ့္ rule နဲ႕ကိုယ္ပဲ အစအဆုံးသြားပါမယ္ ၊ ေျပာရမယ္ဆိုရင္ ႐ုပ္တည္ႀကီးနဲ႕ ေလ်ာက္ေရးထားတာပါ 😬 လိုအပ္ခ်က္ေတြရွိေနရင္ နားလည္ေပးပါ 🙏 )

Continue Reading

You'll Also Like

161K 23.6K 43
You will get a heache when your dads are fudanshi๐Ÿ™„๐Ÿ˜‘
589K 36.8K 73
ยซ แž”แž„แžŸแž“แŸ’แž™แžถ แž”แž„แž˜แžทแž“แžฒแžขแŸ’แž“แž€แžŽแžถแž˜แž€แž’แŸ’แžœแžพแžขแŸ’แžœแžธแž˜แž€แž›แžพแžขแžผแž“แž”แžถแž“แžกแžพแž™ แžขแžผแž“แž‚แžบแž‡แžถแžšแž”แžŸแŸ‹แž”แž„แž‡แžถแž”แŸ’แžšแž–แž“แŸ’แž’แžšแž”แžŸแŸ‹แž”แž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹ Kim Taehyung ยป ยซ แž˜แžทแž“แžแžถแžขแŸ’แž“แž€แžŽแžถแž“แŸ„แŸ‡แž‘แŸแžฒแžแŸ‚แž แŸŠแžถแž“แž”แŸ‰แŸ‡แž–แžถแž›แŸ‹แž”แŸ’แžšแž–แž“แŸ’แž’แž€แžผแž“แž™แžพแž„แžŸแžผแž˜แŸ’แž”...
229K 13.2K 37
Taekook โš ๏ธ แžšแžฟแž„แž—แžถแž‚แžแŸ’แž›แžธแ•ฆโ เผผโ โœฉโ ู„อœโ โœฉโ เผฝโ แ•ค
114K 7.3K 12
โ€ข Unicode & Zawgyi โ€ข Started _ Oct 6 / 2021 Ended _ March 22 / 2022 โ€ข Base Cover photo from Pinterest, Edited by me. Crd to the owner. โ€ข Short stor...