ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By Kay_Wine

108K 19.4K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 30

1.6K 395 24
By Kay_Wine


{Zawgyi}

သူတို႔ေတြ ႏွစ္ရက္တာစူးစမ္းရွာေဖြၿပီးေနာက္ က်န္းမူတစ္ႀကိမ္ေရာက္ဖူးခဲ့တဲ့ သခ်ႋဳင္းထဲမွာ ယန္မ်ိဳး႐ိုးေပးထားတဲ့ ေျမပုံကိုအရင္းခံၿပီး ထိုေထာင္ေျခာက္ေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ ေျမပုံက မွန္ကန္တိက်ေၾကာင္း အတည္ျပဳႏိုင္လိုက္တယ္။

ခုနစ္ရက္ေျမာက္ေန႔မွာ အရာအားလုံးအဆင္သင့္ျဖစ္ေနၿပီျဖစ္တယ္။

လူအုပ္က ေျမေအာက္နန္းေတာ္ထဲ ေနာက္တစ္ႀကိမ္ထပ္ဝင္ခဲ့ၾကျပန္တယ္။

"ဒါက ကြၽန္ေတာ္တို႔ ဝင္ခဲ့ဖူးသမွ်ထဲမွာ အနက္ဆုံးေနရာပဲ" က်န္းမူရပ္လိုက္ၿပီး အေနာက္ကိုၾကည့္လိုက္တယ္။ "ဒီေနရာမွာ ဆံပင္ရွည္ႀကီးနဲ႔သရဲမကို ေတြ႕ခဲ့တာ၊ ေရွ႕ဆက္ဖို႔က..."

လူေပါင္းမ်ားစြာ လူႀကီးမင္းယန္ကို ၾကည့္လာၾကတယ္။

"​ေဘာ့စ္ ကြၽန္ေတာ္တို႔ ဘာလုပ္သင့္လဲ?" ေရွာင္လီ သေရာ္ရင္း လွည့္ေမးလိုက္တယ္။

ထိုလူ႔မ်က္ႏွာက ေတာင့္တင္းလို႔ေနတယ္။ သူ ေျမပုံကိုထုတ္ကာ ဂ႐ုတစိုက္ၾကည့္ရႈေနတယ္။

က်န္းေဟာင္က မ်က္ေမွာင္ၾကဳတ္ၿပီး "ေသခ်ာေပါက္ က်ဳပ္တို႔ေရွ႕ဆက္မွာေပါ့! လူႀကီးမင္းယန္ အဲ့လိုဟာေတြကို ေရွာင္လို႔ရတယ္ဆိုၿပီး ခင္ဗ်ားေျပာခဲ့တာမဟုတ္ဘူးလား? ၿပီးခဲ့တဲ့ႏွစ္ရက္တုန္းကလည္း ကြၽန္ေတာ္တို႔ ဘာဆိုဘာမွ မေတြ႕ခဲ့ၾကဘူးမွတ္လား?"

"အဲ့အရာက သာမန္ဇြန္ဘီးလိုမ်ိဳး သခ်ႋဳင္းထဲက အႏၲရာယ္မ်ားတဲ့ အရာေတြလိုမ်ိဳးမဟုတ္ဘူး၊ ဒါက သခ်ႋဳင္းအေစာင့္"

"ဒါေပမယ့္ စိတ္မပူပါနဲ႔" ထိုလူက က်န္းေဟာင္ကို ခံစားခ်က္မဲ့တဲ့အၾကည့္တစ္ခ်က္ ေပးလိုက္ေပမယ့္ သူ႔ရဲ႕ခပ္ေတာင့္ေတာင့္မ်က္ႏွာႀကီးေၾကာင့္ အမူအယာက အေတာ္ေလးေအးစက္ေနတယ္။ သူ ေရွာင္လီနဲ႔ က်န္းမူကို ေခါင္းၿငိတ္ျပလိုက္တယ္ "ေရွ႕ဆက္ေပါ့၊ ေျမပုံအတိုင္းဆိုရင္ ဒီေနရာမွာ ေထာက္ေျခာက္နည္းနည္းပါးပါးပဲရွိတယ္၊ ေျမပုံထဲမွာ သခ်ႋဳင္းအေစာင့္ကို အမွတ္အသားမလုပ္ထားဘူးဆိုေပမယ့္ ငါတို႔လိုသခ်ႋဳင္းကိုက်ဴးေက်ာ္တဲ့သူေတြအဖို႔ ဒီလိုအေျခအေနမ်ိဳးကို ျဖတ္ေက်ာ္ရတာ ပထမဆုံးအႀကိမ္လည္း မဟုတ္ေတာ့ဘူး... ေျမပုံမရွိတဲ့တျခားသခ်ႋဳင္းေတြကိုလည္း ငါတို႔ ဝင္ေမႊခဲ့ၾကတာမနည္းဘူး၊ ဒီလိုျပႆနာအေသးစားေလးေၾကာင့္ ငါတို႔ေနာက္ျပန္မဆုတ္သင့္ဘူး"

တည္ၿငိမ္ၿပီး ခိုင္မာတဲ့ေလသံက ပူပန္ေနၾကတဲ့လူေတြကို သိသိသာသာ အားတက္သြားေစတယ္။

က်န္းေဟာင္လည္း လူႀကီးမင္းယန္ကို မ်က္ႏွာတည္တည္နဲ႔ၾကည့္ၿပီး တိတ္တိတ္ဆိတ္ဆိတ္ေနကာ ေရွ႕ဆက္သြားၾကတဲ့အဖြဲ႕ေနာက္က ဆက္လိုက္ခဲ့ေတာ့တယ္။ အေနာက္နားမွာရပ္ေနတဲ့ လိန္းက်ဲ႕က မ်က္လုံးေတြကို ေမွးက်ဥ္းထားၿပီး ေလွာင္ေျပာေနတယ္။ သူ႔ဆရာရဲ႕တိုးဖြဖြရယ္သံကို ၾကားလိုက္ရၿပီးေနာက္ သူလည္း က်န္းေဟာင္ကို လွမ္းၾကည့္လိုက္ကာ ပုံမွန္သိမ္ေမြ႕တဲ့မ်က္လုံးေတြထဲ ခနဲ႔တဲ့တဲ့အရိပ္ေရာင္တခ်ိဳ႕ျဖတ္သန္းသြားတယ္။

"ရွစ္ဖူ သူကေတာ့ ၿဂိဳလ္ေမႊေတာ့မယ္၊ ဒီလိုမ်ိဳး အႏၲရာယ္မ်ားတဲ့ေနရာတစ္ခုမွာ သူက ကြၽန္ေတာ္တို႔ကို ၾကန႔္ၾကာေစလိမ့္မယ္..."

"သူ႔ကို သြားမထိပါနဲ႔ ေကာင္စုတ္ေလးရဲ႕"

"...အိုး" ေရွာင္လ်ိဳ႕ ေခါင္းေလးငုံ႔လိုက္တယ္။ လိန္းက်ဲ႕က သူ႔ေခါင္းေပၚလက္တင္ၿပီး တစ္ခ်က္ပြတ္ေပးလိုက္တယ္။

သူမရဲ႕အလုပ္လုပ္လာတဲ့တစ္ေလွ်ာက္မွာ ဒီလိုမ်ိဳး မေရာင့္ရဲႏိုင္ဘဲ ေမာက္မာေနမႈႀကီးကို မ်က္ႏွာေပၚအတိုင္းသား ျမင္ေနရတဲ့လူမ်ိဳးကို မျမင္ျဖစ္တာ ဘယ္ေလာက္ေတာင္ ၾကာၿပီလဲ? လိန္းက်ဲ႕ မ်က္လု႔းေတြေမွးက်ဥ္းသြားတယ္၊ ေနာက္တစ္မ်ိဳးေျပာရရင္ ဆင္ျခင္တုံတရားမရွိတာေပါ့။

...

"ဒီေျမေအာက္နန္းေတာ္ႀကီးက ႀကီးလြန္းအားႀကီးတယ္၊ ငါတို႔ ဘယ္ေလာက္ေတာင္ လမ္းေလွ်ာက္ရအုံးမွာလဲ?" ခြၽန္းလိန္း ေလသံနဲ႔ ေျပာလိုက္တယ္။

တ်ိန္းဇီ ေခါင္းၿငိတ္ကာ "ၿပီးေတာ့ ငါတို႔ေတြက ေထာင္ေျခာက္ေတြကို ေရွာင္ၿပီး သခ်ႋဳင္းရဲ႕သတၱဝါႀကီးေတြ တိုက္ခိုက္လာမွာကိုလည္း ေစာင့္ၾကည့္ေနရအုံးမယ္"

"ဒီမွာတကယ္ သခ်ႋဳင္းအေစာင့္ေတြ ရွိလို႔လား? ခုခ်ိန္ထိေတာင္ သရဲမနဲ႔တူတာ ဘာမွကို မျမင္ရေသးဘူး" တ်ိန္းဇီ ေခါင္းကို ကိုင္ကာ "ဟမ္? ငါတို႔ေတြ ေျမေအာက္ထဲ ဒီေလာက္ေတာင္ နက္လာၿပီလား? ငါ့ေပၚ ဘာလို႔ေရစက္ေတြ က်ေနတာလဲ? ဖာ့ခ္! ငါ့ပါးစပ္ထဲေတြ ဝင္ကုန္ၿပီ!"

ေရစက္ေတြ? အင္း ဒါက ယုတၱိရွိတယ္။ ဒီလိုေတာင္ႀကီးအတြင္းမွာ ျမစ္တစ္စင္းကေတာ့ ေသခ်ာေပါက္ ျဖတ္သန္းစီးဆင္းေနႏိုင္ၿပီး ေရစက္ေရမႊားေလးေတြ ဖြဲ႕သြားေစတဲ့အထိ ေလထုကသိပ္သည္းသြားတာျဖစ္မယ္။

ခြၽန္းလိန္း သူ႔ကို မ်က္ျဖဴလန္ျပလိုက္တယ္ "အဲ့တာ မင္းပါးစပ္က ႀကီးလြန္းလို႔ အ႐ူးရဲ႕!"

"သြားစမ္းပါ!" တ်ိန္းဇီ ေရကို ေထြးထုတ္ဖို႔ ႀကိဳးစားလိုက္တယ္။ ပလုတ္က်င္းဖို႔အတြက္ ေက်ာပိုးအိတ္ထဲက ဓာတ္ဘူးေလးကိုလည္း ထုတ္လိုက္တယ္။ သူတို႔ေနာက္မွာလိုက္လာတဲ့ က်န္းေဟာင္က သည္းမခံႏိုင္ေတာ့တဲ့ပုံမ်ိဳးနဲ႔ သူတို႔ၾကားကေန တြန္းတိုက္သြားတာေၾကာင့္ တ်ိန္းဇီရဲ႕ဓာတ္ဘူး ျပဳတ္က်မလိုေတာင္ ျဖစ္သြားတယ္။

"ေဘးဖယ္စမ္းပါ၊ ငါ့လမ္းကို လာပိတ္မေနနဲ႔!"

တ်ိန္းဇီမ်က္ႏွာက ႐ုတ္ျခည္း ရန္လိုတဲ့ပုံစံေျပာင္းသြားတယ္။ သူျပန္ေျပာလိုက္ခ်င္ေပမယ့္ ခြၽန္းလိန္းရဲ႕ တားဆီးျခင္းခံလိုက္ရတယ္ "ဘာျပႆနာမွမရွာလိုက္နဲ႔!" ခြၽန္းလိန္း သူ႔ကိုေခါင္းအသာယမ္းျပၿပီး သူတို႔ရဲ႕ေဘာ့စ္က သူတို႔ကိုၾကည့္ေနေၾကာင့္ မ်က္လုံးနဲ႔ အရိပ္အျခည္ျပလိုက္တယ္။

ေဒါသထြက္ေနတဲ့တ်ိန္းဇီလည္း က်န္းေဟာင္ရဲ႕ေနာက္ေက်ာကေန က်ိန္ဆဲကာ တံေတြးေထြးပစ္လိုက္တယ္။

အံကိုႀကိတ္ထားၿပီး ေလသံနဲ႔ "ေသစမ္း၊ က်န္းမူမရွိတဲ့အခ်ိန္က်ရင္ ငါသူ႔ကို ဘာလုပ္မလဲၾကည့္ထားလိုက္!" သူ ဒီလိုေျပာတုန္းမွာ ေခါင္းေပၚ ေနာက္ထပ္ေရစက္က်လာျပန္တယ္။ တ်ိန္းဇီရဲ႕ေဒါသက ပိုသာလြန္ေနတဲ့အတြက္ အေသးအမႊားေလးေတြကို လိုက္ၿပီး ဂ႐ုစိုက္မေနႏိုင္ေတာ့ဘူး။

ထိုအခိုက္မွာတင္ ေရွာင္လီနဲ႔ က်န္းမူတို႔ ေျပာလာတယ္ "ေရွ႕မွာ လမ္းဆုံးၿပီ!"

"လမ္းဆုံး..." လူႀကီးမင္းယန္ ေရွ႕တိုးလာတယ္။ သူ နံရံကို ထိၾကည့္ၿပီး တစ္ခုခုေျပာေတာ့မယ့္အခ်ိန္မွာ က်န္းေဟာင္က သူ႔ကိုၾကားျဖတ္ေျပာလာတယ္ "ဘယ္လိုျဖစ္ရတာလဲ လူႀကီးမင္းယန္?! ခင္ဗ်ားေျမပုံက လမ္းအမွားႀကီးကို ျပေနတာလား?!"

"..."

သူ႔စကားလုံးေတြ ထြက္လာတယ္ဆိုရင္ပဲ လူတိုင္းစိတ္ထဲမွာ အေတြးတစ္ခုတည္းသာ ေတြးမိကုန္ၾကတယ္။ 'ဒီလူက အ႐ူးပဲ၊ ဒီအုပ္စုကို တာဝန္ယူထားတဲ့တကယ့္လူကိုမွ ေမးခြန္းထုတ္လိုက္တယ္?'

က်န္းမူ မ်က္ေမွာင္ၾကဳတ္ကာ သက္ျပင္းခ်မိသြားၿပီး အေနာက္မွာေတာက္ေလွ်ာက္ပါလာတဲ့ လိန္းက်ဲ႕ကလည္း ႏွာေခါင္းရႈံ႕သြားတယ္။ က်န္သူေတြကလည္း အခ်င္းခ်င္းၾကည့္ကာ ေတြးမိလိုက္တယ္ : 'ေဘာ့စ္က သူ႔ကို သတ္ေတာ့မွာလား?'

လူႀကီးမင္းယန္ရဲ႕အမူအယာက ေအးတိေအးစက္ျဖစ္လို႔ေနတယ္။ သူ႔မ်က္လႊာကိုခ်ၿပီး ေျမပုံကို စမ္းရင္း လူတိုင္းကို မသိက်ိဳးကြၽန္ျပဳထားလိုက္တယ္။ သူ နံရံကို ပြတ္ၾကည့္ကာ ဒီမွာ ဖုံးကြယ္ထားတဲ့စက္ယႏၲရားတစ္ခု ရွိေနတဲ့ခံစားခ်က္ကို ရလိုက္တယ္။

"က်စ္!" ခြၽန္းလိန္းနဲ႔ တ်ိန္းဇီတို႔ အနည္းငယ္ေတာ့ စိတ္ပ်က္သြားမိတယ္။

က်န္းေဟာင္ကေတာ့ လက္သီးကို က်စ္ေနေအာင္ဆုပ္ထားၿပီး ေတြးေနတယ္ : 'ဒီယန္မ်ိဳး႐ိုးက သူ႔ကိုဘယ္လိုေတာင္ မေလးမခန႔္လုပ္ရဲတာလဲ... သူတို႔ေတြ အျပင္ျပန္ထြက္တဲ့အခ်ိန္က်ရင္ ျပန္ေပးဆပ္ခိုင္းမယ္!'

ဘာအလင္းေရာင္မွ မက်ေရာက္ႏိုင္တဲ့ ေနရာတစ္ခုမွာ ရပ္ေနၿပီး အသံတိတ္ေနတဲ့က်န္းပိုင္က သခ်ႋဳင္းရဲ႕အနက္ေရာင္မ်က္ႏွာၾကက္ႀကီးကို ၾကည့္ကာ ေက်ာခ်မ္းဖြယ္႐ူးေၾကာင္ေၾကာင္အၿပဳံးတစ္ခု တျဖည္းျဖည္း ေပၚထြက္လာတယ္။

'အာ~ ေရာက္လာၿပီပဲ'

...

"ဒါနဲ႔ သခ်ႋဳင္းရဲ႕ အစြန္ဘက္အက်ဆုံးအပိုင္းမွာ ဘယ္သူေစာင့္ေနတာလဲ?" ဝမ္ေရွာင္းမ်ယ္က သူ႔ကို ေနာက္ေက်ာဘက္ကေန ဖက္တြယ္ထားတဲ့လူကို လည္ျပန္ၾကည့္လိုက္တယ္။

"အင္း? မုရွစ္နဲ႔ မုက်ိဳေလ" ဝမ္ဖုန္းက်င္က ဝမ္ေရွာင္းမ်ယ္ရဲ႕ဂုတ္ပိုးေပၚ ႏႈတ္ခမ္းေတြဆက္လက္ ဖိကပ္ထားရင္း ခပ္တိုးတိုးေျပာလိုက္တယ္။

ဝမ္ေရွာင္းမ်ယ္လည္း အနည္းငယ္ သည္းမခံႏိုင္ေတာ့တာေၾကာင့္ သူ႔ကို တြန္းထုတ္လိုက္တယ္ "ဪ jellyfishနဲ႔တူတဲ့ ႏွစ္ေယာက္လား?" သူတို႔ေတြက ႏူးညံ့ၿပီး 'ပလုံ ပလုံ'ဆိုတဲ့ အသံမ်ိဳးကိုေတာင္ လုပ္ႏိုင္တာေၾကာင့္ တကယ္တမ္း အေတာ္ေလးခ်စ္စရာေကာင္းတယ္။

"သူတို႔ေတြက သူတို႔ကိုယ္သူတို႔ ေရအျဖစ္ေျပာင္းလဲၿပီး အေရျပားထဲ စိမ့္ဝင္ႏိုင္တယ္၊ သူတို႔စိမ့္ဝင္တာခံရတဲ့သူေတြက ဘာနာက်င္မႈကိုမွ ခံစားရမွာမဟုတ္ဘူးဆိုေပမယ့္... သူတို႔အတြင္းအစိတ္အပိုင္းေတြက တျဖည္းျဖည္း လႈိက္စားခံရၿပီး အစာအိမ္ကေန အူေတြ၊ အဲ့ကေနမွ ေသြးနဲ႔ အသားဆီေရာက္မွာ၊ ထူးဆန္းတယ္ဆိုေပမယ့္ သူတို႔က အေရျပားကို မစားၾကဘူး အဲ့ေတာ့ ေနာက္ဆုံးက်ရင္..."

"က်န္ခဲ့တာဆိုလို႔ အေရျပားတစ္လႊာပဲရွိေတာ့မယ္..."

"..." ဝမ္ေရွာင္းမ်ယ္ တံေတြးၿမိဳခ်လိုက္ရတယ္။ 'ငါပဲ႐ူးေနလို႔ သူတို႔ကို ခ်စ္စရာေကာင္းတယ္လို႔ ထင္ေနတာ'

ျဖဴဖတ္ေနတဲ့ႏႈတ္ခမ္းေတြ ေကာ့တက္သြားတယ္။ ဝမ္ဖုန္းက်င္ ဝမ္ေရွာင္းမ်ယ္ကို အားနဲ႔ဆြဲဖက္ပစ္လိုက္တယ္။ သူ႔ရဲ႕လွပတဲ့မ်က္ႏွာက လည္တိုင္မွာ ကပ္ၿငိေနၿပီး ႏွာေခါင္းထိပ္ကိုလည္း နီးနီးကပ္ကပ္ရွိေနကာ အေရျပားေပၚ တရႈံ႕ရႈံ႕နဲ႔ လိုက္နမ္းေနတယ္။

"... ေျပာၾကည့္ ဒီေန႔မွ မင္းဘာလို႔ ဒီေလာက္ေတာင္ စိတ္ရႈပ္စရာေကာင္းေနတာလဲ! ငါ့ကိုပဲ လိုက္နမ္းၾကည့္ေနတယ္... ငါ့ဆီက အနံ႔တစ္ခုခုရေနတာလား?" ဝမ္ေရွာင္းမ်ယ္ ေနာက္လွည့္လာၿပီး ဝမ္ဖုန္းက်င္ကို ဂုတ္ပိုးကေန ဆြဲဖို႔ ႀကိဳးစားလိုက္တယ္။

ဝမ္ဖုန္းက်င္က သူ႔ကို တိတ္ဆိတ္စြာ စူးစိုက္ၾကည့္ရင္း ေခါင္းကို ငုံ႔ထားတယ္။ သူ႔မ်က္လုံးေတြထဲက ဒီအၾကည့္ထဲမွာမီးဖြားေလးေတြ ပါဝင္ေနတာေၾကာင့္ ဝမ္ေရွာင္းမ်ယ္ေတာင္ ရွက္ေသြးျဖာသြားရတယ္။

ဝမ္ေရွာင္းမ်ယ္ အသက္ကိုေအာင့္မထားႏိုင္ေတာ့ဘဲ အေလွ်ာ့ေပးလိုက္တယ္ "မင္း ဘာေျပာခ်င္ေနတာလဲ? ၿပီးေတာ့ အ႐ိုးတစ္ေခ်ာင္းကို ေခြးကလိုက္နမ္းၾကည့္ေနသလိုမ်ိဳး ငါ့ကို လာလုပ္မေနနဲ႔ေတာ့"

"... အေတာ္ေလးတိက်တဲ့ ဥပမာပါလားေနာ္" ဝမ္ဖုန္းက်င္က ဝမ္ေရွာင္းမ်ယ္ရဲ႕လက္ကို သူ႔ဂုတ္ေပၚကေန ႏႈတ္ခမ္းဆီ ေ႐ႊ႕လိုက္ၿပီး လွ်ာနဲ႔တစ္ခ်က္ လ်က္လိုက္တယ္။ "ဒါေပမယ့္ ရွစ္ရႈန္းက ကြၽန္ေတာ့္ကို အ႐ိုးေလးတစ္ေခ်ာင္းေပးခ်င္ပါ့မလားေတာင္ မသိပါဘူး~..."

ဒီစကားလုံးေတြက ခါးက်ိဳးမယ့္ဆီကို ဦးတည္ေနတယ္...

ဝမ္ေရွာင္းမ်ယ္ "..." 'ငါ့ရဲ႕ေရွာင္ဝမ္းက်စ္ေလးကို တစ္ခုခုက ေသခ်ာေပါက္ ပူးကပ္ေနတာပဲ... အဲ့လိုပဲျဖစ္မယ္!'

"ေဝးေဝးေနေနာ္! ခိုင္မင္းေတာင္မွ ပူလာၿပီ! မင္းဆီမွာ ဘယ္လိုမ်ိဳး မေကာင္းမကန္းအေတြးေတြရွိေနတာလဲ?!" ဝမ္ေရွာင္းမ်ယ္ အေခါင္းကို ပတ္ေျပးရင္း ေအာ္ေနရတယ္။

ဝမ္ဖုန္းက်င္လည္း အႀကိမ္အနည္းငယ္ခန႔္ ခပ္ဟဟရယ္ၿပီး သူ႔ေနာက္ကေန ေျဖးေျဖးခ်င္းလိုက္ေနတယ္။

မေကာင္းမကန္းအေတြးေတာ့ မဟုတ္ရပါဘူး၊ ဒီတိုင္း လိုအင္ဆႏၵေလးပါပဲ။

ဝမ္ဖုန္းက်င္ရဲ႕ ရွည္လ်ားက်ဥ္းေျမာင္းတဲ့မ်က္လုံးေတြက အထြတ္အျမတ္သစ္ပင္ႀကီးဆီေရာက္သြားၿပီးေနာက္ သူ႔ကို သတိႀကီးႀကီးနဲ႔ စိုက္ၾကည့္ေနတဲ့ ဝမ္ေရွာင္းမ်ယ္ဆီ ျပန္ေရာက္သြားတယ္။

'... ဒီကို ျမန္ျမန္လာေတာ့'

'ငါ စိတ္မရွည္ေတာ့ဘူး'

'ငါ့အသည္းႏွလုံးကို လိုခ်င္ေနတဲ့တစ္ေယာက္... မင္းက အခ်ိန္ကိုက္ေလးပဲ၊ ငါ့ရဲ႕ရွစ္ရႈန္းကလည္း ယဇ္ေကာင္အသစ္လိုေနတာ'

...

သခ်ႋဳင္း၏ အစြန္ဘက္အက်ဆုံးတြင္။

"ေရွာင္လီ၊ အနီးနားကနံရံေတြကို စစ္ဖို႔ က်န္းမူနဲ႔ သြားလိုက္" လူႀကီးမင္းယန္က သူ႔ရဲ႕ေက်ာပိုးအိတ္ကို ေျမႀကီးေပၚခ်ကာ ထိုအထဲက စာ႐ြက္အပိုင္းေလးတစ္ခုကို ျပန္ထုတ္လိုက္တယ္။

ဒါက ေက်ာက္စားပြဲေတြေပၚမွာ ရွိခဲ့ဖူးတဲ့ ကဗၺည္းစာမ်ိဳးျဖစ္တယ္။

ေရွာင္လီနဲ႔ က်န္းမူတို႔ အခ်င္းခ်င္းၾကည့္လိုက္ၾကကာ လူခြဲၾကည့္ဖို႔ ထြက္လာၾကတယ္။ ဒီမွာ လႈိဏ္ေခါင္းႏွစ္ခုရွိေနၿပီး ေလွ်ာက္လမ္းရဲ႕နံရံတစ္ေလွ်ာက္မွာ မီးမညႇိထားတဲ့ ဖေယာင္းတိုင္ေတြရွိေနေပမယ့္ ဘယ္သူကမွ မီးသြားညႇိဖို႔ အႀကံမျပဳၾကဘူး။

ဒီသခ်ႋဳင္းထဲမွာ ဖေယာင္းတိုင္ေတြက ေထာင္ေျခာက္တစ္မ်ိဳး ျဖစ္ႏိုင္ေျခအရွိဆုံးျဖစ္တယ္။ ဓာတ္မီးတစ္ခုသုံးၿပီး ၾကည့္တာကမွ ပိုၿပီး လုံၿခဳံႏိုင္တယ္။

လူႀကီးမင္းယန္က ခလုတ္ကို မမွိတ္မသုန္အားစိုက္ၿပီး ရွာေနတာကိုျမင္ေတာ့ အဖြဲ႕သားေတြကလည္း တခ်ိန္တခ်ိဳ႕ၾကာႏိုင္ေလာက္တယ္လို႔ တြက္ဆလိုက္ၾကတယ္။ ခြၽန္းလိန္းနဲ႔ တ်ိန္းဇီတို႔က အနားယူဖို႔အတြက္ သခ်ႋဳင္းၾကမ္းခင္းမွာ ထိုင္ၿပီး အားျပန္ျဖည့္ေနတယ္။

ခုခ်ိန္ထိ က်န္းေဟာင္လည္း တိတ္တိတ္ဆိတ္ဆိတ္ေနေနတယ္။ သူက လက္ကိုပိုက္ထားၿပီး ခပ္ေဝးေဝးက ေအးျမတဲ့သခ်ႋဳင္းနံရံကို မွီရပ္ေနတယ္။ သို႔ရာတြင္ သိမ္ေမြ႕တဲ့အျပင္ပန္းမွာေတာ့ သူ႔ရဲ႕ပူပန္ေသာကကို မဖုံးကြယ္ႏိုင္ျဖစ္ေနတယ္။

လိန္းက်ဲ႕က တစ္ဖက္မွာ သူမလက္ေမာင္းအရွည္ေလာက္ရွိတဲ့ဓားကို ကိုင္ထားၿပီး ထိုင္ေနတယ္။ မ်က္လုံးေတြကလည္း သူတို႔ေရွ႕မွာ ရွိေနတဲ့ နံရံကို ေလ့လာၾကည့္ေနတယ္။ ဒီမွာ လႈိင္းတြန႔္ပုံေတြ ထြင္းထုထားတာျဖစ္တယ္။ ေယဘုယ်အားျဖင့္ေျပာရရင္ သခ်ႋဳင္းတစ္ခုရဲ႕အတြင္းမွာရွိတဲ့ ဂိတ္ေပါက္ေတြက အယူဝါဒဆိုင္ရာ သေကၤတေတြ ဒါမွမဟုတ္ ၾကမ္းၾကဳတ္တဲ့ သားရဲႀကီးေတြက သခ်ႋဳင္းတူးသူေတြကို ေျခာက္လႊတ္တာမ်ိဳးကို ထြင္းထုတတ္ၾကတယ္။ ပိုၿပီးရွားပါးတာက သခ်ႋဳင္းသခင္ရဲ႕ဘ၀ဇာတ္ေၾကာင္းကို နတ္သမီးပုံျပင္သဖြယ္ ထြင္းထုထားတာမ်ိဳးျဖစ္တယ္။

ဒါက တအားထူးဆန္းေနတယ္...

ေရွာင္လ်ိဳ႕က သူ႔ရဲ႕ေက်ာပိုးအိတ္ကို မခ်သလို ထိုင္ၿပီးလည္း မနားဘူး။ သူက ေဘးနားတစ္ဝိုက္ကို သတိႀကီးႀကီးထားကာ ၾကည့္ေနၿပီး ေျမႀကီးေပၚမွာ ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ က်န္းပိုင္ဆီ ေလွ်ာက္သြားလိုက္တယ္။

သူ႔ဆရာက ဒီလူတစ္ခုခုေတာ့ မွားေနတယ္လို႔ ေျပာထားတယ္ဆိုေပမယ့္ ဘာတစ္ခြန္းမွမေျပာဘဲ အႏၲရာယ္မေပးႏိုင္သလိုမ်ိဳး ေဆာင့္ေၾကာင့္ထိုင္ေနတာကိုျမင္ေတာ့ ေရွာင္လ်ိဳ႕ သူ႔ပုခုံးကို သြားပုတ္ေပးဖို႔ ဆုံးျဖတ္လိုက္တယ္။

က်န္းပိုင္က သူ႔ကို တအံ့တဩေမာ့ၾကည့္လာတယ္ "ဘာျဖစ္လို႔လဲ?"

"ဘာမွမျဖစ္ပါဘူး..." သူ႔ကို ပုတ္ေပးၿပီးေနာက္ ေရွာင္လ်ိဳ႕လည္း ဘာေျပာရမွန္းမသိတာေၾကာင့္ ေနရခက္ခက္နဲ႔ပဲ လက္ျပန္႐ုတ္လိုက္ရတယ္။ သူ႔ဦးေႏွာက္ကို ျခစ္ကုတ္ထုတ္ၿပီးေနာက္ ေျပာလာတယ္ "ဒီမွာက အႏၲရာယ္မ်ားတယ္... ဂ႐ုစိုက္အုံး"

က်န္းပိုင္ အံ့အားသင့္သြားတယ္။ သူ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားၿပီးေနာက္ အလြန္ေတာက္ပတဲ့အၿပဳံးတစ္ပြင့္ လွစ္ခနဲေပၚထြက္လာတယ္။

"ေက်းဇူးတင္ပါတယ္၊ ကြၽန္ေတာ္ မွတ္ထားပါ့မယ္"

ေရွာင္လ်ိဳ႕ကေတာ့ ဒီစကားလုံးေတြက သူ႔ကိုသတိလာေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္းေျပာလာတယ္လို႔ သတ္မွတ္လိုက္ေပမယ့္ သူမသိလိုက္တာက သူ႔ရဲ႕ၾကင္နာတတ္တဲ့အမူအယာ အေသးအမႊားေလးက သူ႔ရဲ႕ဆရာအသက္ကို ကယ္တင္လိုက္ႏိုင္သြားတယ္ဆိုတာကိုပဲ...

"ဝိုး ဘာလို႔ ေရေတြဒီေလာက္အမ်ားႀကီး စီးက်လာေနရတာလဲ?" ခြၽန္းလိန္း သူ႔လက္ေမာင္းကို ထိလိုက္တယ္။ သူ႔အေရျပားေပၚမွာ ခ်ည္သားတစ္ထပ္ရွိေသးတယ္ဆိုေပမယ့္ ေရနဲ႔ထိလိုက္တဲ့ေနရာကေန ယားသလိုလိုနာသလိုလိုကို ခံစားေနရတယ္။

"အဟုတ္ပဲ..." တ်န္းဇီ လည္ပင္းကို ဆန႔္ကာ ေမာ့ၾကည့္လိုက္တယ္။ ေနာက္ထပ္ေရတစ္စက္က သူ႔ရဲ႕ညာဘက္မ်က္လုံးထဲ တန္းက်သြားတယ္ "လခြမ္း!" သူ မ်က္လုံးေတြကို အၾကမ္းပတမ္း ပြတ္လိုက္ရတယ္။

တခ်ိန္တည္းမွာပဲ စက္ယႏၲရားလႈပ္ရွားသြားသလိုအသံေၾကာင့္ ေနရာႀကီးတစ္ခုလုံး တုန္ခါသြားတယ္။

က်န္းပိုင္နဲ႔ က်န္းေဟာင္တို႔ေတာင္ နားေနၾကတဲ့အေနအထားကေန တိုက္ခိုက္မယ့္အသြင္ေျပာင္းလဲသြားတယ္!

သို႔ေပမယ့္ အနီးကပ္တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ က်န္းမူနဲ႔ ေရွာင္လီတို႔က နံရံေပၚမွာဝွက္ထားတဲ့ ခလုတ္ကို ရွာႏိုင္သြားတာျဖစ္ေနတယ္။ ကဗၺည္းေက်ာက္စာကို လက္ထဲမွာကိုင္ထားတဲ့ လူႀကီးမင္းယန္လည္း ေခါင္းအသာၿငိတ္ျပလာတယ္။

ခလုတ္ေမာင္းတင္ၿပီးတဲ့အခါ ေျပာင္ရွင္းေနတဲ့နံရံေပၚမွာ ထြင္းထားတဲ့ လႈိင္းတြန႔္ေတြက ေလွ်ာဆင္းလာၿပီး ကြက္လပ္ေလးခုေပၚထြက္လာတယ္။ တစ္ခုခ်င္းစီမွာ နံပါတ္ေတြနဲ႔အတူ လွည့္လို႔ရတဲ့ဘီးလုံးေတြပါရွိတယ္။

"Pinလား? Ha ha ha! ဒီသခ်ႋဳင္းပိုင္ရွင္က အေတာ္ေလးေခတ္မွီတာပဲ! ငါကေတာ့ ဒီမွာ ခြၽန္းလိန္းရဲ႕အဖ်က္စြမ္းရည္ကို သုံးရေတာ့မယ္ထင္ေနတာေလ? ၿပီးေတာ့ လွ်ိဳ႕ဝွက္နံပါတ္နဲ႔ ပိတ္ထားတယ္တဲ့လား? ၾကည့္ရတာ သူတို႔ေတြက ဒါကို အိမ္တစ္လုံးလိုမ်ိဳး ဝင္လိုက္ထြက္လိုက္လုပ္ေနၾကတာနဲ႔တူတယ္" ေရွာင္လီ ၿပဳံးၿဖဲၿဖဲလုပ္ေနတယ္။

လူတိုင္းလည္း အခုဆို ထူးဆန္းတဲ့ပုံနဲ႔ပစၥည္းေရွ႕မွာ စုေဝးေရာက္ရွိေနၾကၿပီ။

"လူႀကီးမင္းယန္ က်ဳပ္တို႔ေတြက codeကို မသိဘူးေလ၊ တကယ္လို႔ အမွားလုပ္မိသြားရင္..." 'ေသသြားႏိုင္တယ္' က်န္းမူေျပာလို႔ၿပီး႐ုံရွိေသးတယ္ သူတို႔ေခါင္းေပၚကေန က်ယ္ေလာင္တဲ့ စူးစူးဝါးဝါးေအာ္သံတစ္ခု ထြက္ေပၚလာတယ္။ ၾကမ္းခင္းေတာင္ တုန္သြားသလို ခံစားရတယ္။

"ဘာျဖစ္တာလဲ?! နံရံႀကီး ၿပိဳက်ေနၿပီ! ငါတို႔ ျမဳပ္ေနၿပီ! Ahhh! ဘာျဖစ္ကုန္တာလဲ! Ah..."

လူႀကီးမင္းယန္က အထိတ္တလန႔္ျဖစ္ေနတဲ့အုပ္စုကို ေဘးတြန္းကာ ပြတ္ေလာ႐ိုက္ေနတဲ့ဆီကို ခ်ဥ္းကပ္လိုက္တယ္။ ေျမျပင္ေပၚမွာရွိေနတဲ့အရာကို ျမင္သြားခ်ိန္မွာ သူ႔မ်က္လုံးသူငယ္အိမ္ေတြ က်ဳံ႕သြားရတယ္။ လိန္းက်ဲ႕နဲ႔ က်န္းမူတို႔ေတာင္ ေခြၽးေစးေတြျပန္လာတယ္။

အဝတ္ပုံထဲမွာရွိတဲ့ လူသားအေရျပားတစ္စုံက ေျမႀကီးေပၚက်ေနတယ္!

ေနာက္ၿပီး အဝတ္အစားေတြက ေသခ်ာေပါက္ တ်ိန္းဇီနဲ႔ သက္ဆိုင္ေနတာ!

"တ်ိန္းဇီ... ေသသြားၿပီ...!"

"ဒီလိုမျဖစ္ခင္ ဘာျဖစ္သြားတာလဲ?! ဘာျဖစ္သြားတယ္ဆိုတာ တစ္ေယာက္မွမျမင္လိုက္ဘူးလား? သူက ဘယ္လိုလုပ္ ဒီလိုမ်ိဳးျဖစ္သြားတာလဲ?!" လူႀကီးမင္းယန္က သူ႔ေဘးနားမွာ ေတာင့္ခဲၿပီးရပ္ေနတဲ့ ခြၽန္းလိမ္းကို ေငါက္ငမ္းေျပာလိုက္တယ္။ တျခားသူေတြလည္း ဘာမွမရွိေတာ့တဲ့လူသားအေရခြံႀကီးဆီကေန သတိလက္လြတ္ ခပ္ေဝးေဝးကို ေ႐ႊ႕မိသြားတယ္။

ခြၽန္းလိမ္း ထိတ္ထိတ္ပ်ာပ်ာ ေျပာလာတယ္ "ကြၽန္... ကြၽန္ေတာ္ မသိဘူး၊ ကြၽန္ေတာ္တို႔ ခုေလးတင္ပဲ ေဘးခ်င္ကပ္ရပ္ေန႐ုံရွိေသးတယ္၊ နံရံကို ၾကည့္ေနတာ ငါ့... ငါ့ဗိုက္၊ ဘာလို႔ ဒီေလာက္ေတာင္ ပူေနရတာလဲ? လည္ေခ်ာင္းက... ငါ... အား..."

လည္ေခ်ာင္းထဲကေနတဆင့္ ေလကို ရႈိက္သြင္းဖို႔ ပါးစပ္ကိုဟကာ သူ႔မ်က္လုံးေတြကလည္း ေၾကာက္စရာေကာင္းေလာက္ေအာင္ အလြန္တရာျပဴးက်ယ္ေနၿပီး ခဏတြင္းခ်င္း လူတိုင္းရဲ႕မ်က္လုံးေတြေအာက္မွာ သူ႔ရဲ႕ကိုယ္တြင္းအစိတ္အပိုင္းေတြ ေပ်ာက္ကြယ္သြားတာနဲ႔အမွ် ခႏၶာကိုယ္ကလည္း ေပ်ာ့ဖတ္က်သြားၿပီး လူသားအေရခြံထူႀကီးတစ္ခုသာ က်န္ခဲ့ေတာ့တယ္...

[ Kay : ေခါင္းေပၚေရစက္က်တိုင္း စိတ္ေတာင္လုံေတာ့မွာမဟုတ္ဘူး ]


___________________________________



{Unicode}

သူတို့တွေ နှစ်ရက်တာစူးစမ်းရှာဖွေပြီးနောက် ကျန်းမူတစ်ကြိမ်ရောက်ဖူးခဲ့တဲ့ သင်္ချိုင်းထဲမှာ ယန်မျိုးရိုးပေးထားတဲ့ မြေပုံကိုအရင်းခံပြီး ထိုထောင်ခြောက်တွေကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် မြေပုံက မှန်ကန်တိကျကြောင်း အတည်ပြုနိုင်လိုက်တယ်။

ခုနစ်ရက်မြောက်နေ့မှာ အရာအားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်တယ်။

လူအုပ်က မြေအောက်နန်းတော်ထဲ နောက်တစ်ကြိမ်ထပ်ဝင်ခဲ့ကြပြန်တယ်။

"ဒါက ကျွန်တော်တို့ ဝင်ခဲ့ဖူးသမျှထဲမှာ အနက်ဆုံးနေရာပဲ" ကျန်းမူရပ်လိုက်ပြီး အနောက်ကိုကြည့်လိုက်တယ်။ "ဒီနေရာမှာ ဆံပင်ရှည်ကြီးနဲ့သရဲမကို တွေ့ခဲ့တာ၊ ရှေ့ဆက်ဖို့က..."

လူပေါင်းများစွာ လူကြီးမင်းယန်ကို ကြည့်လာကြတယ်။

"​ဘော့စ် ကျွန်တော်တို့ ဘာလုပ်သင့်လဲ?" ရှောင်လီ သရော်ရင်း လှည့်မေးလိုက်တယ်။

ထိုလူ့မျက်နှာက တောင့်တင်းလို့နေတယ်။ သူ မြေပုံကိုထုတ်ကာ ဂရုတစိုက်ကြည့်ရှုနေတယ်။

ကျန်းဟောင်က မျက်မှောင်ကြုတ်ပြီး "သေချာပေါက် ကျုပ်တို့ရှေ့ဆက်မှာပေါ့! လူကြီးမင်းယန် အဲ့လိုဟာတွေကို ရှောင်လို့ရတယ်ဆိုပြီး ခင်ဗျားပြောခဲ့တာမဟုတ်ဘူးလား? ပြီးခဲ့တဲ့နှစ်ရက်တုန်းကလည်း ကျွန်တော်တို့ ဘာဆိုဘာမှ မတွေ့ခဲ့ကြဘူးမှတ်လား?"

"အဲ့အရာက သာမန်ဇွန်ဘီးလိုမျိုး သင်္ချိုင်းထဲက အန္တရာယ်များတဲ့ အရာတွေလိုမျိုးမဟုတ်ဘူး၊ ဒါက သင်္ချိုင်းအစောင့်"

"ဒါပေမယ့် စိတ်မပူပါနဲ့" ထိုလူက ကျန်းဟောင်ကို ခံစားချက်မဲ့တဲ့အကြည့်တစ်ချက် ပေးလိုက်ပေမယ့် သူ့ရဲ့ခပ်တောင့်တောင့်မျက်နှာကြီးကြောင့် အမူအယာက အတော်လေးအေးစက်နေတယ်။ သူ ရှောင်လီနဲ့ ကျန်းမူကို ခေါင်းငြိတ်ပြလိုက်တယ် "ရှေ့ဆက်ပေါ့၊ မြေပုံအတိုင်းဆိုရင် ဒီနေရာမှာ ထောက်ခြောက်နည်းနည်းပါးပါးပဲရှိတယ်၊ မြေပုံထဲမှာ သင်္ချိုင်းအစောင့်ကို အမှတ်အသားမလုပ်ထားဘူးဆိုပေမယ့် ငါတို့လိုသင်္ချိုင်းကိုကျူးကျော်တဲ့သူတွေအဖို့ ဒီလိုအခြေအနေမျိုးကို ဖြတ်ကျော်ရတာ ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူး... မြေပုံမရှိတဲ့တခြားသင်္ချိုင်းတွေကိုလည်း ငါတို့ ဝင်မွှေခဲ့ကြတာမနည်းဘူး၊ ဒီလိုပြဿနာအသေးစားလေးကြောင့် ငါတို့နောက်ပြန်မဆုတ်သင့်ဘူး"

တည်ငြိမ်ပြီး ခိုင်မာတဲ့လေသံက ပူပန်နေကြတဲ့လူတွေကို သိသိသာသာ အားတက်သွားစေတယ်။

ကျန်းဟောင်လည်း လူကြီးမင်းယန်ကို မျက်နှာတည်တည်နဲ့ကြည့်ပြီး တိတ်တိတ်ဆိတ်ဆိတ်နေကာ ရှေ့ဆက်သွားကြတဲ့အဖွဲ့နောက်က ဆက်လိုက်ခဲ့တော့တယ်။ အနောက်နားမှာရပ်နေတဲ့ လိန်းကျဲ့က မျက်လုံးတွေကို မှေးကျဉ်းထားပြီး လှောင်ပြောနေတယ်။ သူ့ဆရာရဲ့တိုးဖွဖွရယ်သံကို ကြားလိုက်ရပြီးနောက် သူလည်း ကျန်းဟောင်ကို လှမ်းကြည့်လိုက်ကာ ပုံမှန်သိမ်မွေ့တဲ့မျက်လုံးတွေထဲ ခနဲ့တဲ့တဲ့အရိပ်ရောင်တချို့ဖြတ်သန်းသွားတယ်။

"ရှစ်ဖူ သူကတော့ ဂြိုလ်မွှေတော့မယ်၊ ဒီလိုမျိုး အန္တရာယ်များတဲ့နေရာတစ်ခုမှာ သူက ကျွန်တော်တို့ကို ကြန့်ကြာစေလိမ့်မယ်..."

"သူ့ကို သွားမထိပါနဲ့ ကောင်စုတ်လေးရဲ့"

"...အိုး" ရှောင်လျို့ ခေါင်းလေးငုံ့လိုက်တယ်။ လိန်းကျဲ့က သူ့ခေါင်းပေါ်လက်တင်ပြီး တစ်ချက်ပွတ်ပေးလိုက်တယ်။

သူမရဲ့အလုပ်လုပ်လာတဲ့တစ်လျှောက်မှာ ဒီလိုမျိုး မရောင့်ရဲနိုင်ဘဲ မောက်မာနေမှုကြီးကို မျက်နှာပေါ်အတိုင်းသား မြင်နေရတဲ့လူမျိုးကို မမြင်ဖြစ်တာ ဘယ်လောက်တောင် ကြာပြီလဲ? လိန်းကျဲ့ မျက်လု့းတွေမှေးကျဉ်းသွားတယ်၊ နောက်တစ်မျိုးပြောရရင် ဆင်ခြင်တုံတရားမရှိတာပေါ့။

...

"ဒီမြေအောက်နန်းတော်ကြီးက ကြီးလွန်းအားကြီးတယ်၊ ငါတို့ ဘယ်လောက်တောင် လမ်းလျှောက်ရအုံးမှာလဲ?" ချွန်းလိန်း လေသံနဲ့ ပြောလိုက်တယ်။

တျိန်းဇီ ခေါင်းငြိတ်ကာ "ပြီးတော့ ငါတို့တွေက ထောင်ခြောက်တွေကို ရှောင်ပြီး သင်္ချိုင်းရဲ့သတ္တဝါကြီးတွေ တိုက်ခိုက်လာမှာကိုလည်း စောင့်ကြည့်နေရအုံးမယ်"

"ဒီမှာတကယ် သင်္ချိုင်းအစောင့်တွေ ရှိလို့လား? ခုချိန်ထိတောင် သရဲမနဲ့တူတာ ဘာမှကို မမြင်ရသေးဘူး" တျိန်းဇီ ခေါင်းကို ကိုင်ကာ "ဟမ်? ငါတို့တွေ မြေအောက်ထဲ ဒီလောက်တောင် နက်လာပြီလား? ငါ့ပေါ် ဘာလို့ရေစက်တွေ ကျနေတာလဲ? ဖာ့ခ်! ငါ့ပါးစပ်ထဲတွေ ဝင်ကုန်ပြီ!"

ရေစက်တွေ? အင်း ဒါက ယုတ္တိရှိတယ်။ ဒီလိုတောင်ကြီးအတွင်းမှာ မြစ်တစ်စင်းကတော့ သေချာပေါက် ဖြတ်သန်းစီးဆင်းနေနိုင်ပြီး ရေစက်ရေမွှားလေးတွေ ဖွဲ့သွားစေတဲ့အထိ လေထုကသိပ်သည်းသွားတာဖြစ်မယ်။

ချွန်းလိန်း သူ့ကို မျက်ဖြူလန်ပြလိုက်တယ် "အဲ့တာ မင်းပါးစပ်က ကြီးလွန်းလို့ အရူးရဲ့!"

"သွားစမ်းပါ!" တျိန်းဇီ ရေကို ထွေးထုတ်ဖို့ ကြိုးစားလိုက်တယ်။ ပလုတ်ကျင်းဖို့အတွက် ကျောပိုးအိတ်ထဲက ဓာတ်ဘူးလေးကိုလည်း ထုတ်လိုက်တယ်။ သူတို့နောက်မှာလိုက်လာတဲ့ ကျန်းဟောင်က သည်းမခံနိုင်တော့တဲ့ပုံမျိုးနဲ့ သူတို့ကြားကနေ တွန်းတိုက်သွားတာကြောင့် တျိန်းဇီရဲ့ဓာတ်ဘူး ပြုတ်ကျမလိုတောင် ဖြစ်သွားတယ်။

"ဘေးဖယ်စမ်းပါ၊ ငါ့လမ်းကို လာပိတ်မနေနဲ့!"

တျိန်းဇီမျက်နှာက ရုတ်ခြည်း ရန်လိုတဲ့ပုံစံပြောင်းသွားတယ်။ သူပြန်ပြောလိုက်ချင်ပေမယ့် ချွန်းလိန်းရဲ့ တားဆီးခြင်းခံလိုက်ရတယ် "ဘာပြဿနာမှမရှာလိုက်နဲ့!" ချွန်းလိန်း သူ့ကိုခေါင်းအသာယမ်းပြပြီး သူတို့ရဲ့ဘော့စ်က သူတို့ကိုကြည့်နေကြောင့် မျက်လုံးနဲ့ အရိပ်အခြည်ပြလိုက်တယ်။

ဒေါသထွက်နေတဲ့တျိန်းဇီလည်း ကျန်းဟောင်ရဲ့နောက်ကျောကနေ ကျိန်ဆဲကာ တံတွေးထွေးပစ်လိုက်တယ်။

အံကိုကြိတ်ထားပြီး လေသံနဲ့ "သေစမ်း၊ ကျန်းမူမရှိတဲ့အချိန်ကျရင် ငါသူ့ကို ဘာလုပ်မလဲကြည့်ထားလိုက်!" သူ ဒီလိုပြောတုန်းမှာ ခေါင်းပေါ် နောက်ထပ်ရေစက်ကျလာပြန်တယ်။ တျိန်းဇီရဲ့ဒေါသက ပိုသာလွန်နေတဲ့အတွက် အသေးအမွှားလေးတွေကို လိုက်ပြီး ဂရုစိုက်မနေနိုင်တော့ဘူး။

ထိုအခိုက်မှာတင် ရှောင်လီနဲ့ ကျန်းမူတို့ ပြောလာတယ် "ရှေ့မှာ လမ်းဆုံးပြီ!"

"လမ်းဆုံး..." လူကြီးမင်းယန် ရှေ့တိုးလာတယ်။ သူ နံရံကို ထိကြည့်ပြီး တစ်ခုခုပြောတော့မယ့်အချိန်မှာ ကျန်းဟောင်က သူ့ကိုကြားဖြတ်ပြောလာတယ် "ဘယ်လိုဖြစ်ရတာလဲ လူကြီးမင်းယန်?! ခင်ဗျားမြေပုံက လမ်းအမှားကြီးကို ပြနေတာလား?!"

"..."

သူ့စကားလုံးတွေ ထွက်လာတယ်ဆိုရင်ပဲ လူတိုင်းစိတ်ထဲမှာ အတွေးတစ်ခုတည်းသာ တွေးမိကုန်ကြတယ်။ 'ဒီလူက အရူးပဲ၊ ဒီအုပ်စုကို တာဝန်ယူထားတဲ့တကယ့်လူကိုမှ မေးခွန်းထုတ်လိုက်တယ်?'

ကျန်းမူ မျက်မှောင်ကြုတ်ကာ သက်ပြင်းချမိသွားပြီး အနောက်မှာတောက်လျှောက်ပါလာတဲ့ လိန်းကျဲ့ကလည်း နှာခေါင်းရှုံ့သွားတယ်။ ကျန်သူတွေကလည်း အချင်းချင်းကြည့်ကာ တွေးမိလိုက်တယ် : 'ဘော့စ်က သူ့ကို သတ်တော့မှာလား?'

လူကြီးမင်းယန်ရဲ့အမူအယာက အေးတိအေးစက်ဖြစ်လို့နေတယ်။ သူ့မျက်လွှာကိုချပြီး မြေပုံကို စမ်းရင်း လူတိုင်းကို မသိကျိုးကျွန်ပြုထားလိုက်တယ်။ သူ နံရံကို ပွတ်ကြည့်ကာ ဒီမှာ ဖုံးကွယ်ထားတဲ့စက်ယန္တရားတစ်ခု ရှိနေတဲ့ခံစားချက်ကို ရလိုက်တယ်။

"ကျစ်!" ချွန်းလိန်းနဲ့ တျိန်းဇီတို့ အနည်းငယ်တော့ စိတ်ပျက်သွားမိတယ်။

ကျန်းဟောင်ကတော့ လက်သီးကို ကျစ်နေအောင်ဆုပ်ထားပြီး တွေးနေတယ် : 'ဒီယန်မျိုးရိုးက သူ့ကိုဘယ်လိုတောင် မလေးမခန့်လုပ်ရဲတာလဲ... သူတို့တွေ အပြင်ပြန်ထွက်တဲ့အချိန်ကျရင် ပြန်ပေးဆပ်ခိုင်းမယ်!'

ဘာအလင်းရောင်မှ မကျရောက်နိုင်တဲ့ နေရာတစ်ခုမှာ ရပ်နေပြီး အသံတိတ်နေတဲ့ကျန်းပိုင်က သင်္ချိုင်းရဲ့အနက်ရောင်မျက်နှာကြက်ကြီးကို ကြည့်ကာ ကျောချမ်းဖွယ်ရူးကြောင်ကြောင်အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာတယ်။

'အာ~ ရောက်လာပြီပဲ'

...

"ဒါနဲ့ သင်္ချိုင်းရဲ့ အစွန်ဘက်အကျဆုံးအပိုင်းမှာ ဘယ်သူစောင့်နေတာလဲ?" ဝမ်ရှောင်းမျယ်က သူ့ကို နောက်ကျောဘက်ကနေ ဖက်တွယ်ထားတဲ့လူကို လည်ပြန်ကြည့်လိုက်တယ်။

"အင်း? မုရှစ်နဲ့ မုကျိုလေ" ဝမ်ဖုန်းကျင်က ဝမ်ရှောင်းမျယ်ရဲ့ဂုတ်ပိုးပေါ် နှုတ်ခမ်းတွေဆက်လက် ဖိကပ်ထားရင်း ခပ်တိုးတိုးပြောလိုက်တယ်။

ဝမ်ရှောင်းမျယ်လည်း အနည်းငယ် သည်းမခံနိုင်တော့တာကြောင့် သူ့ကို တွန်းထုတ်လိုက်တယ် "ဪ jellyfishနဲ့တူတဲ့ နှစ်ယောက်လား?" သူတို့တွေက နူးညံ့ပြီး 'ပလုံ ပလုံ'ဆိုတဲ့ အသံမျိုးကိုတောင် လုပ်နိုင်တာကြောင့် တကယ်တမ်း အတော်လေးချစ်စရာကောင်းတယ်။

"သူတို့တွေက သူတို့ကိုယ်သူတို့ ရေအဖြစ်ပြောင်းလဲပြီး အရေပြားထဲ စိမ့်ဝင်နိုင်တယ်၊ သူတို့စိမ့်ဝင်တာခံရတဲ့သူတွေက ဘာနာကျင်မှုကိုမှ ခံစားရမှာမဟုတ်ဘူးဆိုပေမယ့်... သူတို့အတွင်းအစိတ်အပိုင်းတွေက တဖြည်းဖြည်း လှိုက်စားခံရပြီး အစာအိမ်ကနေ အူတွေ၊ အဲ့ကနေမှ သွေးနဲ့ အသားဆီရောက်မှာ၊ ထူးဆန်းတယ်ဆိုပေမယ့် သူတို့က အရေပြားကို မစားကြဘူး အဲ့တော့ နောက်ဆုံးကျရင်..."

"ကျန်ခဲ့တာဆိုလို့ အရေပြားတစ်လွှာပဲရှိတော့မယ်..."

"..." ဝမ်ရှောင်းမျယ် တံတွေးမြိုချလိုက်ရတယ်။ 'ငါပဲရူးနေလို့ သူတို့ကို ချစ်စရာကောင်းတယ်လို့ ထင်နေတာ'

ဖြူဖတ်နေတဲ့နှုတ်ခမ်းတွေ ကော့တက်သွားတယ်။ ဝမ်ဖုန်းကျင် ဝမ်ရှောင်းမျယ်ကို အားနဲ့ဆွဲဖက်ပစ်လိုက်တယ်။ သူ့ရဲ့လှပတဲ့မျက်နှာက လည်တိုင်မှာ ကပ်ငြိနေပြီး နှာခေါင်းထိပ်ကိုလည်း နီးနီးကပ်ကပ်ရှိနေကာ အရေပြားပေါ် တရှုံ့ရှုံ့နဲ့ လိုက်နမ်းနေတယ်။

"... ပြောကြည့် ဒီနေ့မှ မင်းဘာလို့ ဒီလောက်တောင် စိတ်ရှုပ်စရာကောင်းနေတာလဲ! ငါ့ကိုပဲ လိုက်နမ်းကြည့်နေတယ်... ငါ့ဆီက အနံ့တစ်ခုခုရနေတာလား?" ဝမ်ရှောင်းမျယ် နောက်လှည့်လာပြီး ဝမ်ဖုန်းကျင်ကို ဂုတ်ပိုးကနေ ဆွဲဖို့ ကြိုးစားလိုက်တယ်။

ဝမ်ဖုန်းကျင်က သူ့ကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်ရင်း ခေါင်းကို ငုံ့ထားတယ်။ သူ့မျက်လုံးတွေထဲက ဒီအကြည့်ထဲမှာမီးဖွားလေးတွေ ပါဝင်နေတာကြောင့် ဝမ်ရှောင်းမျယ်တောင် ရှက်သွေးဖြာသွားရတယ်။

ဝမ်ရှောင်းမျယ် အသက်ကိုအောင့်မထားနိုင်တော့ဘဲ အလျှော့ပေးလိုက်တယ် "မင်း ဘာပြောချင်နေတာလဲ? ပြီးတော့ အရိုးတစ်ချောင်းကို ခွေးကလိုက်နမ်းကြည့်နေသလိုမျိုး ငါ့ကို လာလုပ်မနေနဲ့တော့"

"... အတော်လေးတိကျတဲ့ ဥပမာပါလားနော်" ဝမ်ဖုန်းကျင်က ဝမ်ရှောင်းမျယ်ရဲ့လက်ကို သူ့ဂုတ်ပေါ်ကနေ နှုတ်ခမ်းဆီ ရွှေ့လိုက်ပြီး လျှာနဲ့တစ်ချက် လျက်လိုက်တယ်။ "ဒါပေမယ့် ရှစ်ရှုန်းက ကျွန်တော့်ကို အရိုးလေးတစ်ချောင်းပေးချင်ပါ့မလားတောင် မသိပါဘူး~..."

ဒီစကားလုံးတွေက ခါးကျိုးမယ့်ဆီကို ဦးတည်နေတယ်...

ဝမ်ရှောင်းမျယ် "..." 'ငါ့ရဲ့ရှောင်ဝမ်းကျစ်လေးကို တစ်ခုခုက သေချာပေါက် ပူးကပ်နေတာပဲ... အဲ့လိုပဲဖြစ်မယ်!'

"ဝေးဝေးနေနော်! ခိုင်မင်းတောင်မှ ပူလာပြီ! မင်းဆီမှာ ဘယ်လိုမျိုး မကောင်းမကန်းအတွေးတွေရှိနေတာလဲ?!" ဝမ်ရှောင်းမျယ် အခေါင်းကို ပတ်ပြေးရင်း အော်နေရတယ်။

ဝမ်ဖုန်းကျင်လည်း အကြိမ်အနည်းငယ်ခန့် ခပ်ဟဟရယ်ပြီး သူ့နောက်ကနေ ဖြေးဖြေးချင်းလိုက်နေတယ်။

မကောင်းမကန်းအတွေးတော့ မဟုတ်ရပါဘူး၊ ဒီတိုင်း လိုအင်ဆန္ဒလေးပါပဲ။

ဝမ်ဖုန်းကျင်ရဲ့ ရှည်လျားကျဉ်းမြောင်းတဲ့မျက်လုံးတွေက အထွတ်အမြတ်သစ်ပင်ကြီးဆီရောက်သွားပြီးနောက် သူ့ကို သတိကြီးကြီးနဲ့ စိုက်ကြည့်နေတဲ့ ဝမ်ရှောင်းမျယ်ဆီ ပြန်ရောက်သွားတယ်။

'... ဒီကို မြန်မြန်လာတော့'

'ငါ စိတ်မရှည်တော့ဘူး'

'ငါ့အသည်းနှလုံးကို လိုချင်နေတဲ့တစ်ယောက်... မင်းက အချိန်ကိုက်လေးပဲ၊ ငါ့ရဲ့ရှစ်ရှုန်းကလည်း ယဇ်ကောင်အသစ်လိုနေတာ'

...

သင်္ချိုင်း၏ အစွန်ဘက်အကျဆုံးတွင်။

"ရှောင်လီ၊ အနီးနားကနံရံတွေကို စစ်ဖို့ ကျန်းမူနဲ့ သွားလိုက်" လူကြီးမင်းယန်က သူ့ရဲ့ကျောပိုးအိတ်ကို မြေကြီးပေါ်ချကာ ထိုအထဲက စာရွက်အပိုင်းလေးတစ်ခုကို ပြန်ထုတ်လိုက်တယ်။

ဒါက ကျောက်စားပွဲတွေပေါ်မှာ ရှိခဲ့ဖူးတဲ့ ကဗ္ဗည်းစာမျိုးဖြစ်တယ်။

ရှောင်လီနဲ့ ကျန်းမူတို့ အချင်းချင်းကြည့်လိုက်ကြကာ လူခွဲကြည့်ဖို့ ထွက်လာကြတယ်။ ဒီမှာ လှိုဏ်ခေါင်းနှစ်ခုရှိနေပြီး လျှောက်လမ်းရဲ့နံရံတစ်လျှောက်မှာ မီးမညှိထားတဲ့ ဖယောင်းတိုင်တွေရှိနေပေမယ့် ဘယ်သူကမှ မီးသွားညှိဖို့ အကြံမပြုကြဘူး။

ဒီသင်္ချိုင်းထဲမှာ ဖယောင်းတိုင်တွေက ထောင်ခြောက်တစ်မျိုး ဖြစ်နိုင်ခြေအရှိဆုံးဖြစ်တယ်။ ဓာတ်မီးတစ်ခုသုံးပြီး ကြည့်တာကမှ ပိုပြီး လုံခြုံနိုင်တယ်။

လူကြီးမင်းယန်က ခလုတ်ကို မမှိတ်မသုန်အားစိုက်ပြီး ရှာနေတာကိုမြင်တော့ အဖွဲ့သားတွေကလည်း တချိန်တချို့ကြာနိုင်လောက်တယ်လို့ တွက်ဆလိုက်ကြတယ်။ ချွန်းလိန်းနဲ့ တျိန်းဇီတို့က အနားယူဖို့အတွက် သင်္ချိုင်းကြမ်းခင်းမှာ ထိုင်ပြီး အားပြန်ဖြည့်နေတယ်။

ခုချိန်ထိ ကျန်းဟောင်လည်း တိတ်တိတ်ဆိတ်ဆိတ်နေနေတယ်။ သူက လက်ကိုပိုက်ထားပြီး ခပ်ဝေးဝေးက အေးမြတဲ့သင်္ချိုင်းနံရံကို မှီရပ်နေတယ်။ သို့ရာတွင် သိမ်မွေ့တဲ့အပြင်ပန်းမှာတော့ သူ့ရဲ့ပူပန်သောကကို မဖုံးကွယ်နိုင်ဖြစ်နေတယ်။

လိန်းကျဲ့က တစ်ဖက်မှာ သူမလက်မောင်းအရှည်လောက်ရှိတဲ့ဓားကို ကိုင်ထားပြီး ထိုင်နေတယ်။ မျက်လုံးတွေကလည်း သူတို့ရှေ့မှာ ရှိနေတဲ့ နံရံကို လေ့လာကြည့်နေတယ်။ ဒီမှာ လှိုင်းတွန့်ပုံတွေ ထွင်းထုထားတာဖြစ်တယ်။ ယေဘုယျအားဖြင့်ပြောရရင် သင်္ချိုင်းတစ်ခုရဲ့အတွင်းမှာရှိတဲ့ ဂိတ်ပေါက်တွေက အယူဝါဒဆိုင်ရာ သင်္ကေတတွေ ဒါမှမဟုတ် ကြမ်းကြုတ်တဲ့ သားရဲကြီးတွေက သင်္ချိုင်းတူးသူတွေကို ခြောက်လွှတ်တာမျိုးကို ထွင်းထုတတ်ကြတယ်။ ပိုပြီးရှားပါးတာက သင်္ချိုင်းသခင်ရဲ့ဘ၀ဇာတ်ကြောင်းကို နတ်သမီးပုံပြင်သဖွယ် ထွင်းထုထားတာမျိုးဖြစ်တယ်။

ဒါက တအားထူးဆန်းနေတယ်...

ရှောင်လျို့က သူ့ရဲ့ကျောပိုးအိတ်ကို မချသလို ထိုင်ပြီးလည်း မနားဘူး။ သူက ဘေးနားတစ်ဝိုက်ကို သတိကြီးကြီးထားကာ ကြည့်နေပြီး မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ကျန်းပိုင်ဆီ လျှောက်သွားလိုက်တယ်။

သူ့ဆရာက ဒီလူတစ်ခုခုတော့ မှားနေတယ်လို့ ပြောထားတယ်ဆိုပေမယ့် ဘာတစ်ခွန်းမှမပြောဘဲ အန္တရာယ်မပေးနိုင်သလိုမျိုး ဆောင့်ကြောင့်ထိုင်နေတာကိုမြင်တော့ ရှောင်လျို့ သူ့ပုခုံးကို သွားပုတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

ကျန်းပိုင်က သူ့ကို တအံ့တဩမော့ကြည့်လာတယ် "ဘာဖြစ်လို့လဲ?"

"ဘာမှမဖြစ်ပါဘူး..." သူ့ကို ပုတ်ပေးပြီးနောက် ရှောင်လျို့လည်း ဘာပြောရမှန်းမသိတာကြောင့် နေရခက်ခက်နဲ့ပဲ လက်ပြန်ရုတ်လိုက်ရတယ်။ သူ့ဦးနှောက်ကို ခြစ်ကုတ်ထုတ်ပြီးနောက် ပြောလာတယ် "ဒီမှာက အန္တရာယ်များတယ်... ဂရုစိုက်အုံး"

ကျန်းပိုင် အံ့အားသင့်သွားတယ်။ သူ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီးနောက် အလွန်တောက်ပတဲ့အပြုံးတစ်ပွင့် လှစ်ခနဲပေါ်ထွက်လာတယ်။

"ကျေးဇူးတင်ပါတယ်၊ ကျွန်တော် မှတ်ထားပါ့မယ်"

ရှောင်လျို့ကတော့ ဒီစကားလုံးတွေက သူ့ကိုသတိလာပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလာတယ်လို့ သတ်မှတ်လိုက်ပေမယ့် သူမသိလိုက်တာက သူ့ရဲ့ကြင်နာတတ်တဲ့အမူအယာ အသေးအမွှားလေးက သူ့ရဲ့ဆရာအသက်ကို ကယ်တင်လိုက်နိုင်သွားတယ်ဆိုတာကိုပဲ...

"ဝိုး ဘာလို့ ရေတွေဒီလောက်အများကြီး စီးကျလာနေရတာလဲ?" ချွန်းလိန်း သူ့လက်မောင်းကို ထိလိုက်တယ်။ သူ့အရေပြားပေါ်မှာ ချည်သားတစ်ထပ်ရှိသေးတယ်ဆိုပေမယ့် ရေနဲ့ထိလိုက်တဲ့နေရာကနေ ယားသလိုလိုနာသလိုလိုကို ခံစားနေရတယ်။

"အဟုတ်ပဲ..." တျန်းဇီ လည်ပင်းကို ဆန့်ကာ မော့ကြည့်လိုက်တယ်။ နောက်ထပ်ရေတစ်စက်က သူ့ရဲ့ညာဘက်မျက်လုံးထဲ တန်းကျသွားတယ် "လခွမ်း!" သူ မျက်လုံးတွေကို အကြမ်းပတမ်း ပွတ်လိုက်ရတယ်။

တချိန်တည်းမှာပဲ စက်ယန္တရားလှုပ်ရှားသွားသလိုအသံကြောင့် နေရာကြီးတစ်ခုလုံး တုန်ခါသွားတယ်။

ကျန်းပိုင်နဲ့ ကျန်းဟောင်တို့တောင် နားနေကြတဲ့အနေအထားကနေ တိုက်ခိုက်မယ့်အသွင်ပြောင်းလဲသွားတယ်!

သို့ပေမယ့် အနီးကပ်တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းမူနဲ့ ရှောင်လီတို့က နံရံပေါ်မှာဝှက်ထားတဲ့ ခလုတ်ကို ရှာနိုင်သွားတာဖြစ်နေတယ်။ ကဗ္ဗည်းကျောက်စာကို လက်ထဲမှာကိုင်ထားတဲ့ လူကြီးမင်းယန်လည်း ခေါင်းအသာငြိတ်ပြလာတယ်။

ခလုတ်မောင်းတင်ပြီးတဲ့အခါ ပြောင်ရှင်းနေတဲ့နံရံပေါ်မှာ ထွင်းထားတဲ့ လှိုင်းတွန့်တွေက လျှောဆင်းလာပြီး ကွက်လပ်လေးခုပေါ်ထွက်လာတယ်။ တစ်ခုချင်းစီမှာ နံပါတ်တွေနဲ့အတူ လှည့်လို့ရတဲ့ဘီးလုံးတွေပါရှိတယ်။

"Pinလား? Ha ha ha! ဒီသင်္ချိုင်းပိုင်ရှင်က အတော်လေးခေတ်မှီတာပဲ! ငါကတော့ ဒီမှာ ချွန်းလိန်းရဲ့အဖျက်စွမ်းရည်ကို သုံးရတော့မယ်ထင်နေတာလေ? ပြီးတော့ လျှို့ဝှက်နံပါတ်နဲ့ ပိတ်ထားတယ်တဲ့လား? ကြည့်ရတာ သူတို့တွေက ဒါကို အိမ်တစ်လုံးလိုမျိုး ဝင်လိုက်ထွက်လိုက်လုပ်နေကြတာနဲ့တူတယ်" ရှောင်လီ ပြုံးဖြဲဖြဲလုပ်နေတယ်။

လူတိုင်းလည်း အခုဆို ထူးဆန်းတဲ့ပုံနဲ့ပစ္စည်းရှေ့မှာ စုဝေးရောက်ရှိနေကြပြီ။

"လူကြီးမင်းယန် ကျုပ်တို့တွေက codeကို မသိဘူးလေ၊ တကယ်လို့ အမှားလုပ်မိသွားရင်..." 'သေသွားနိုင်တယ်' ကျန်းမူပြောလို့ပြီးရုံရှိသေးတယ် သူတို့ခေါင်းပေါ်ကနေ ကျယ်လောင်တဲ့ စူးစူးဝါးဝါးအော်သံတစ်ခု ထွက်ပေါ်လာတယ်။ ကြမ်းခင်းတောင် တုန်သွားသလို ခံစားရတယ်။

"ဘာဖြစ်တာလဲ?! နံရံကြီး ပြိုကျနေပြီ! ငါတို့ မြုပ်နေပြီ! Ahhh! ဘာဖြစ်ကုန်တာလဲ! Ah..."

လူကြီးမင်းယန်က အထိတ်တလန့်ဖြစ်နေတဲ့အုပ်စုကို ဘေးတွန်းကာ ပွတ်လောရိုက်နေတဲ့ဆီကို ချဉ်းကပ်လိုက်တယ်။ မြေပြင်ပေါ်မှာရှိနေတဲ့အရာကို မြင်သွားချိန်မှာ သူ့မျက်လုံးသူငယ်အိမ်တွေ ကျုံ့သွားရတယ်။ လိန်းကျဲ့နဲ့ ကျန်းမူတို့တောင် ချွေးစေးတွေပြန်လာတယ်။

အဝတ်ပုံထဲမှာရှိတဲ့ လူသားအရေပြားတစ်စုံက မြေကြီးပေါ်ကျနေတယ်!

နောက်ပြီး အဝတ်အစားတွေက သေချာပေါက် တျိန်းဇီနဲ့ သက်ဆိုင်နေတာ!

"တျိန်းဇီ... သေသွားပြီ...!"

"ဒီလိုမဖြစ်ခင် ဘာဖြစ်သွားတာလဲ?! ဘာဖြစ်သွားတယ်ဆိုတာ တစ်ယောက်မှမမြင်လိုက်ဘူးလား? သူက ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားတာလဲ?!" လူကြီးမင်းယန်က သူ့ဘေးနားမှာ တောင့်ခဲပြီးရပ်နေတဲ့ ချွန်းလိမ်းကို ငေါက်ငမ်းပြောလိုက်တယ်။ တခြားသူတွေလည်း ဘာမှမရှိတော့တဲ့လူသားအရေခွံကြီးဆီကနေ သတိလက်လွတ် ခပ်ဝေးဝေးကို ရွှေ့မိသွားတယ်။

ချွန်းလိမ်း ထိတ်ထိတ်ပျာပျာ ပြောလာတယ် "ကျွန်... ကျွန်တော် မသိဘူး၊ ကျွန်တော်တို့ ခုလေးတင်ပဲ ဘေးချင်ကပ်ရပ်နေရုံရှိသေးတယ်၊ နံရံကို ကြည့်နေတာ ငါ့... ငါ့ဗိုက်၊ ဘာလို့ ဒီလောက်တောင် ပူနေရတာလဲ? လည်ချောင်းက... ငါ... အား..."

လည်ချောင်းထဲကနေတဆင့် လေကို ရှိုက်သွင်းဖို့ ပါးစပ်ကိုဟကာ သူ့မျက်လုံးတွေကလည်း ကြောက်စရာကောင်းလောက်အောင် အလွန်တရာပြူးကျယ်နေပြီး ခဏတွင်းချင်း လူတိုင်းရဲ့မျက်လုံးတွေအောက်မှာ သူ့ရဲ့ကိုယ်တွင်းအစိတ်အပိုင်းတွေ ပျောက်ကွယ်သွားတာနဲ့အမျှ ခန္ဓာကိုယ်ကလည်း ပျော့ဖတ်ကျသွားပြီး လူသားအရေခွံထူကြီးတစ်ခုသာ ကျန်ခဲ့တော့တယ်...

[ Kay : ခေါင်းပေါ်ရေစက်ကျတိုင်း စိတ်တောင်လုံတော့မှာမဟုတ်ဘူး ]


_____


Thanks 🌹


Continue Reading

You'll Also Like

123K 15.1K 113
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
269K 33.9K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
564K 36.6K 31
story description>>>>> start-5/10/2021 end-1/1/2022
235K 32.9K 103
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...