21's Spring

Da HsuChiKo365

47.1K 2.6K 306

(Unicode + Zawgyi) Memories of each couple in Myanmar Spring Revolution. Altro

About Story
Kiss After We Fight
Wish
ရမှုန်နီရောင်
Star in Kyoto
Chase Me , Love Me, Marry Me
Hitei Shinaide
Lovely Introvert
Hidden Love Story
Lucky
NiNi be like...
Lovely Tengu : Kitsune's Future

Aeria

1.4K 94 8
Da HsuChiKo365

Aeria ကို Supportပေးသူကတော့
ညီမလေး  Wutyi Phyo ပါ။

ညီမလေး Wutyi Phyo ကိုကျေးဇူး
များကြီးတင်ပါတယ်။

--------------------------------------------------

"အယ်ရီရာ..."

"ဘယ်လာရီ..."

လေဆိပ်ဝန်းထဲဆူညံနေပေမဲ့ ဘယ်လာရီ၏ ခေါ်သံ ၊ အပြုံးနှင့် အတူ စွေ့ခနဲနေ
အောင်ပွေ့ဖက်မွှေ့ရမ်းမှုကြောင့် အယ်ရီ
ရာ့ ကမ္ဘာခေတ္တတိတ်ဆိတ်ငြိမ်သက်
သွားရသည်။ သူမဆောင်းလာသော
သိုးမွှေးဦးထုပ်အညိုလေးကို ပိုင်နိုင်
စွာဆွဲချွတ်ရင်း အယ်လာရီ၏ ဆံပင်
တွေကို ဖွလာခဲ့သည်။ ထိုသို့သော် ဘယ်လာရီ၏ ပိုင်စိုးပိုင်နင်းအပြုအမူအတွက် သူမနည်းနည်းမျှစိတ်မကွက်မိ။

"လှလာလိုက်တာ အယ်လာရီ...နင်နဲ့
တောင်ပိုင်းက တည့်တယ်ထင်ရဲ့"

ဘယ်လာရီက ပြုံးပြုံးလေးပြောပေမဲ့
မျက်ဝန်းတွေကတော့ ဆွေးလျလျပဲ။
ဒါတွေကို အယ်လာရီက တွေ့နေမြင်
နေသည့်တိုင် သူ့မူပိုင်အတိုင်း ခပ်ယဲ့
ယဲ့ပဲပြုံးပြသည်ကလွဲ ဘာမှ မထူးခြား
နား။ လွယ်လာသောကျောပိုးအိတ်က
လွဲပြီး သယ်စရာမရှိသည့်အတွက်
ဘယ်လာရီက အယ်ရီရာ၏ ခါးကို
တင်းတင်းကျပ်ကျပ်ဖက်ရင်းနှင့်ပင်
လေဆိပ်ထဲက ထွက်သည်။ မြောက်
ပိုင်း၏ စိုစွတ်အေးခဲလေ့ရှိသော ရာသီ
ဥတုအတွက် အယ်ရီရာက အသားကျ
ဖို့ ကြိုးစားရှာသည်။ သို့ပေမဲ့ချက်ချင်းဆိုသလို ပါးပြင်တွေနီရဲတက်လာသော
အယ်ရီရာကို ကြည့်ရင်း ဘယ်လာ က
ခပ်ဟဟရယ်မောသည်။

"သွားမယ်ဟေ့..."

ဘယ်လာက သူ့စတိုင်အတိုင်းတဝူးဝူး
နှင့်တက်ကြွစွာအော်ဟစ်ရင်း လေဆိပ်
ဝင်းထဲမှ အကြမ်းပတမ်းမောင်းထွက်
လေ၏။ အယ်ရီကတော့ ဘယ်လာလုပ်
သမျှကို ပြုံးပြုံးလေးပဲ ငေးကြည့်နေ
ဖြစ်သည်။

အမြဲလိုလိုတက်ကြွလန်းဆန်းပြီး ပွင့်
လင်းသည့် ဘယ်လာနှင့် တိတ်ဆိတ်ငြိမ်သက်နေတတ်သည့် အယ်ရီဘယ်
လိုဖြစ်ပြီး အပေါင်းအသင်းလုပ်မိကြ
တာလဲ ဟူသော မေးခွန်းကို မြို့ကလူ
တွေအားလုံးသိချင်ကြသည်။ အဖြေက
ထင်သလောက် မရိုးရှင်းပေမဲ့...အခု
လို ကားမောင်းနေလျက်ကနေ အယ်ရီ
ကြိုက်တတ်သော Kpop သီချင်းကို
လည်း ဖွင့်ပေးဖို့ မမေ့တတ်သည့် ဘယ်လာက အယ်ရီ့အတွက်တော့ အကောင်းဆုံးသူငယ်ချင်းပါပဲ။

အထက်တန်းတစ်လျှောက်လုံး တူညီ
ဝတ်စုံဆင်ယင်ခဲ့ရသည့် မိန်းကလေး
ကျောင်းထွက် အယ်ရီက ကောလိပ်
တက်မှသာ ဘယ်လာနှင့်တွေ့ဖြစ်ခြင်း
ဖြစ်သည်။ ဘယ်လာကတော့ သူတို့မြို့
၏ နာမည်ကြီး ဟိုက်စကူးကျောင်းမှ
ထွက်လာပြီး ကောလိပ်ကိုလည်း စာပေဆိုင်ရာ အမှတ်ထက် ရေကူးချန်ပီယံ
ဆိုသည့် ဂုဏ်နှင့် အထူးဖိတ်ကြားခံ
ကျောင်းသူအဖြစ်ရောက်ရှိလာခြင်း
ဖြစ်သည်။ ​​အားကစားသမားပီသစွာ
ပြေပြစ်သည့် အချိုးအစား ၊ လှပ
ကျောရှင်းသောမျက်နှာ နှင့် ပြုံးလိုက်
တိုင်းလှပသည့်ဘယ်လာကို သဘောကောင်းသောကျောင်းသူတစ်ယောက်အဖြစ်လူအများကလက်ခံကြ
သည်။
သွက်သွက်လက်လက်နှင့် ခင်မင်တတ်
သည့် ဘယ်လာ့အတွက် အတန်းတိုင်းအတွက်သူငယ်ချင်းဆိုတာ မရှား။
တော်တော်များများကလည်း ဘယ်လာ
ကို သဘောကျကြသည်။ ကောလိပ်မှာ
ဘယ်လာ တို့မောင်နှမကို ဆယ်လီတွေ
အဖြစ်လူတိုင်းသိကြ၏။ ဘယ်လာ့
အစ်ကို ကိုယ်တိုင်ကလည်းကျောင်း၏  နာမည်ကြီးအားကစားတစ်ယောက်ဖြစ်နေသေးသည်။
ကောင်းသတင်းနှင့်ကျော်ကြားသည့် ဘယ်လာက ခပ်ကုပ်ကုပ်လေးဖြစ်နေသည့် အယ်ရီ့ကိုခင်မင်ခဲ့သည်။ ဖြစ်စဥ်က ရိုးရှင်း၏။ ပြည်နယ် ဘေ့စ်ဘောအသင်းခေါင်းဆောင် အယ်ရီ့အစ်ကိုကလည်းကောလိပ်မှာ နာမည်ကြီးပင်။ အားကစားပါထူးချွန်ရုံတင်မက ရုပ်ရည်ကလည်းလီယိုနာဒိုငယ်စဥ်က ရုပ်ရည်မျိုးမို့...
ကျားကျားမမ စိတ်ဝင်စားခြင်းခံရလေ
၏။ အဲရစ်၏ ဂယက်က ဖုန်းတစ်လုံး
၊ စာအုပ်တစ်အုပ်နှင့် ငြိမ်ကုပ်နေတတ်
သည့် အယ်ရီရာကိုပါ ရိုက်ခတ်လေ
တော့သည်။ အဲရစ်ကို တိုက်ရိုက်မချဥ်း
ကပ်ရဲသူများက အယ်ရီရာနှင့်ရင်းနှီး
ချင်ယောင်ဆောင်ကြသည်။ ခပ်အေး
အေးနေတတ်သည့် အယ်ရီရာအတွက်
သူငယ်ချင်းအသစ်ကမလို။ သူ့ကမ္ဘာ
နှင့် သူပျော်နေပြီးသား...

ဒါပေမဲ့ သူနှင့်ဘဝတူဘယ်လာနှင့်မရင်း
နှီးခင်အထိ သူ့ကမ္ဘာထဲတခြားတစ်
ယောက်ကိုပါ ဆွဲသွင်းဖို့စိတ်ကူးလုံးဝ
မရှိခဲ့ဘူး။ ထိုနေ့က ဘယ်လာက ဒေါပွ
လာလေ၏။ သင်္ချာအတန်းချိန် အယ်
ရီရာထိုင်နေကျ နောက်တန်းခုံမှာဝင်
ထိုင်သည်။ ဘယ်လာက သူ၏
ရွှေဝါရောင် ဆံပင်တွေကို ပင့်သက်တင်
ရင်း တစ်စုံတစ်ယောက်နှင့်ဖုန်းပြောလက်စကလည်း မပြတ်သေးဘူး။

"မိုက်ခ် နင့်ကိစ္စနင်ရှင်းလိုက်တော့
အဲ့ကောင်မလေးတွေငါ့နားလာလာရှုပ်
နေတာ အာရုံနောက်တယ်"

"----"

"သာယာစရာလား"

ဘယ်လာစိတ်ရှိလက်ရှိအော်ဟစ်သေး
၏။

"ငါ အပြတ်ပြောမယ်။ နင် ဘေ့စ်ဘော
အသင်းထဲက အဲရစ် နဲ့တွဲနေတဲ့ ကိစ္စကိုနင်ကိုယ်တိုင်ပြောပြီးရှင်းမလား။ ငါ ကျောင်းဝဒ်ဆိုက်မှာနင်တို့ ပုံတွေတင်လိုက်ရတော့မလားငါ အရမ်းတွေ အာရုံနောက်နေပြီ မိုက်ခ်"

"----"

"အေး...နင် သတိထားနေ။ ဒါပဲ ငါပြောမယ်"

ဖုန်းကိုချ လွယ်လာတဲ့အိတ်ထဲပစ်ထည့်
အပြီးမှ ချောင်ထဲကုပ်ပြီး အံ့သြလွန်
နေသည့် အယ်ရီ့ကို ကြည့်ပြီး ဘယ်လာ
လည်း လန့်ဖြန့်သွားပါသည်။သည်လို
နှင့် ကျောင်း၏ ဆယ်လီက အယ်ရီ့ကို ဟီးခနဲ တစ်ချက်ရယ်ပြပြီး စတင်မိတ်ဆက်လာပါတော့သည်။

သူ့အစ်ကိုမိုက်ခ် နှင့် အယ်ရီ့အစ်ကိုတို့
၏ စုံတွဲခုတ်မှုကို အယ်ရီကိုယ်တိုင်တောင်မသိ။ အယ်ရီနှင့်ဆန့်ကျင်စွာ
အစ်ကို သူငယ်ချင်းပေါင်းသောဘယ်
လာကတော့ သူ့အစ်ကိုမိုက်ခ်နှင့် အဲရစ်
အကြောင်းကို ဘယ်လာ့အား ဇာတ်စုံ
ခင်းပြလေတော့သည်။
အစ်ကိုတွေကြောင့် အနေအထိုင်ကျဥ်းကျပ်မှုများ ၊ တကယ်ခင်မင်ရင်းနှီးချင်စိတ်မရှိပါဘဲအတင်းလာရောသူများအကြောင်းစသည်စသည်ကို အပြန်
အလှန် ဖောက်သည်ပြန်ချရင်းသူတို့နှစ်ယောက်ရင်းနှီးလာကြသည်။

ဘယ်လာအိမ်တို့က မိုက်ခ် ယောကျာ်းလေးတစ်ယောက်နှင့်တွဲသည့်ကိစ္စကို ပြဿနာဟု မယူဆပေမဲ့ အယ်ရီတို့အိမ်ကတော့ မိုးမီးလောင်နိုင်သည်ဟု ပြောပြခဲ့ဖူး၏။

"ဘယ်လာ...ဟင် နင် အရင်အဆောင်မှာ
မဟုတ်တော့ဘူးလား"

အယ်ရီအတွေးတွေမျောနေရင်းကပတ်
ဝန်းကျင်ကို သတိပြုမိမှဘယ်လာက
တက္ကသိုလ်သွားရာလမ်းခွဲတစ်ခုကို
ချိုးကွေ့ပြီးနေပြီ။ ဘယ်လာက ပြုံးပြ
ပြီး

"ငါ အပြင်မှာနေတယ်" ဟုသာ ခပ်တိုး
တိုးပြန်ဖြေလေသည်။

နှင်းတွေမိုးတွေရောနေသည့် သူတို့
မြောက်ပိုင်းမြို့လေးမှာ အိမ်ခန်းခတွေ
က နည်းပါးတတ်သည်။ အခုလည်း
ဘယ်လာငှားနေသည့်အခန်းလေးက
တက္ကသိုလ်ကျောင်းသူတစ်ယောက်အ
တွက် စျေးသင့်သည်။ ဘယ်လာက မိုး
ရေအနည်းငယ်စိုသွားသော သူ့ကုတ်ကို
တန်းပေါ်ချိတ်တင်သည်။ နေရာထိုင်
ခင်းအသစ်ကို စူးစမ်း၍မပြီးသေးသော
အယ်ရီ့နားကပ်လာပြီး ကုတ်ကိုချွတ်
ပေးသည်။ ဘယ်လာ့လက်ချောင်းလေးများနှင့် ထိတွေ့သွားသော နေရာများ
တွင် မွှေးညှင်းလေးမှထောင်ထကျန်
ခဲ့သည့်တိုင် အယ်ရီရာက သူ့ခံစားချက်
ကို သူလျစ်လျူရှုသည်။ ဘယ်လာက
နွေးနေသည့် မျက်နှာသုတ်ပဝါအညို
ရောင်လေးပြေးယူလာပြီး အယ်ရီ့ခေါင်းကို သုတ်ပေးဖို့လုပ်ချိန်မှာတော့
အယ်ရီ ငြင်းဆန်လိုက်သည်။

"ငါ့ဘာသာငါလုပ်မယ်"

ဒီတော့ ဘယ်လာက အလိုလိုနောက်
တစ်လှမ်းဆုတ်သည်။ တကယ်ဆို ခွဲ
ခွာပြီးမှ ပထမဆုံးအကြိမ်ပြန်တွေ့သည့်
သူငယ်ချင်းလေ သူတို့ဒီ့ထက်ပိုတက်
ကြွပျော်ရွှင်နေသင့်သည် မဟုတ်လား။
သို့ပေမဲ့ ဘယ်လာက အယ်ရီထိုင်နေ
သည့် ဆိုဖာမှာတောင် မထိုင် ၊ ဘေးခုံ
မှာ ဝင်ထိုင်သည်။  ခေါင်းသုတ်နေသည့်
အယ်ရီ ကို ပြုံးကြည့်သည်။

"ကျေးဇူးပါ အယ်ရီ...မြောက်ပိုင်းကို
ပြန်လာလည်ပေးလို့"

"နင်ရှိနေတာပဲ...နွေရာသီရောက်ရင်
ငါ့ဆီခဲ့နော် ဘယ်လာ။ နယူးကယ်လီ
ဖိုးနီးယား သွားကြမယ်လေ နော်"

"နင် ကိုရီးယားသွားချင်တယ်ဆို...
Concert မကြည့်ချင်ဘူးလား။"

အယ်ရီမျက်လုံးလေးတွေ တောက်ပသွားလေသည်။

"ငါတို့နှစ်ယောက်တည်းပဲ အချင်းချင်း
သိတဲ့နေရာဆီ မသွားချင်ဘူးလား အယ်ရီ"

အယ်ရီတည်တည်လေးပြန်ဖြစ်သွားပြန်
သည်။ ဘယ်လာကြည့်နေရင်း ဝမ်းနည်းလာရသည်။ နိုင်ငံ၏ ဟိုဖက်ခြမ်းဒီဖက်ခြမ်းကို ဒီလိုအေးခဲနေသည့်ရာသီဥတုမှာတောင် ရောက်အောင်ပြန်လာခဲ့ပြီးမှ အယ်ရီဟာနည်းနည်းလေးတောင် သူ့စိတ်သူဖွင့်မပြဘူး။

"နင် သုတ်နေတာ ကြာလိုက်တာ"

ဘယ်လာပြောပြောဆိုဆိုနှင့် အယ်ရီ
အနားသွား ၊ လက်ထဲက မျက်နှာသုတ်
ပဝါကိုဆွဲယူပြီး ခေါင်းကိုသုတ်ပေးမိ
သည်။ အခန်းထဲမှာ သူတို့နှစ်ယောက်အသက်ရှူသံနှင့် မီးလင်းဖိုမှ မီးစာတဖျောက်ဖျောက်မြည်သံကလွဲ အရာရာ
က ဆိတ်ငြိမ်လွန်းလှသည်။

"ငါလေ...နင်ထွက်သွားတော့ တကယ်
အဆင်မပြေခဲ့ဘူး အယ်ရီ။ အရင်ကလို
နင်နဲ့ သီချင်းတွေနားထောင် ၊ EXO
အကြောင်းတွေချည်းပြောခဲ့တာများ
လို့လားမသိ။ တခြားသူတွေနဲ့တောင်
စကားအသစ်တွေမပြောတတ်တော့ဘူး။ ဒါနဲ့...ကျောင်းထဲလည်းမနေချင်
တော့တာနဲ့ အပြင်မှာထွက်နေတာ"

"ငါတောင်းပန်ပါတယ် ဘယ်လာ။ ထား
ခဲ့မိတယ်"

"မဟုတ်တာ။ နင်စကော်လာရတာကို
ငါက ဝမ်းသာနေတာ"

အယ်ရီမော့ကြည့်သည် ။ သူ့မူအတိုင်း
ယဲ့ယဲ့လေးပြုံးလေ၏။ နှစ်ယောက်စ
လုံး အချင်းချင်းနားလည်နေသည့်ခံ
စားချက်တချို့ကို မသိကျိုးကျွံပြုပြီး
လျစ်လျူရှုရတာလောက် ခံစားနာကျင်
ရတာ မရှိ။ ဒီ့အတွက်လည်း ဘယ်လာ
က အယ်ရီကို အပြစ်မတင်ရက်ပါ။
အစ်ကိုတွေအကြောင်း အိမ်တွေကသိ
သွားတော့ အယ်ရီတို့အိမ်ကပေါက်ကွဲ
မှုက ဘယ်လာတို့ထက်ပိုပြင်းထန်၏။
ဘယ်လာ့အဖေက မိုက်ခ်ကို ပြည်နယ်
အဆင့်ကျောင်းထက် ​ကလပ်တစ်ခု
ကိုပို့သည်။ အရင်တည်းက ကလပ်
မှာ ကစားခွင့်ရဖို့က မိုက်ခ်ရည်မှန်း
ချက်မို့ မိုက်ခ်က အတိုက်အခံမလုပ်
ဘူး။ ဘယ်လာတို့မိဘတွေကလည်း
မိုက်ခ်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုအပေါ်
အတင်းအကျပ်ကန့်သတ်တာမျိုးတွေ
မရှိဘူး။ ဒီ့အတွက် မိုက်ခ်က ဖိအား
တွေမခံရဘဲ နာမည်ကြီးကလပ်အသင်း
ကို ထရိန်နင်အနေဖြင့် ရောက်သွားခဲ့
သည်။ ဟိုရောက်မှ အဲရစ်နှင့်ရှေ့ဆက်
ခြင်းမဆက်ခြင်းက သူ့ကိစ္စဟု မိဘ
တွေက ယူဆထားသည်။ စည်းကမ်းယတင်းကျပ်သည့် ကလပ်အသင်းတွေက
နေ ခိုးထွက်ပြီး ဖြစ်ချင်တာဖြစ်ဖို့က
လည်း မလွယ်သည်မို့ စိတ်ချထား
သည်လည်းပါမည်။

အယ်ရီတို့မိဘတွေကတော့ တော်တော်
အထိနာသည့်ပုံ။ အဲရစ်ကို အဖေဖြစ်သူ
က အရမ်းမျှော်လင့်ထားသည်မို့ လိင်
စိတ်တိမ်းညွှတ်မှုအပေါ် အကြီးအ
ကျယ် အံ့သြထိတ်လန့်ခဲ့သည်။ လက်
သင့်မခံနိုင်သော မိဘတွေနှင့် မိုက်ခ်လို
ပြေပြေလည်လည်သဘောတူညီမှု
မတည်ဆောက်နိုင်သည့်အဲရစ်ကြောင့်
အိမ်တွင်းပေါက်ကွဲမှုက ပြင်းထန်ခဲ့သည်။ ပေါက်ကွဲမှုတွေကို နေ့စဥ်နှင့်အမျှ ကြုံတွေ့နေရသည့် အယ်ရီက
မခံနိုင်တော့သည့်အဆုံးတောင်ပိုင်း
ကျောင်းကို ပြောင်းရွှေ့လေတော့သည်။
ဘယ်လာအတွက် ဝမ်းနည်းဖွယ်ရာ
ဖြစ်ပေမဲ့ အယ်ရီ့ ဒုက္ခကိုလည်းသူ
သိမြင်နေလျက် ကိုယ်ချင်းလည်းစာ
နိုင်သည်။ ထို့အတွက် အယ်ရီ့ကိုဆွဲ
ထားသည့် စကားတစ်ခွန်းမှ မဆိုခဲ့။

အခုလို "ငါလွမ်းနေပြီ အယ်ရီ" ဟု ဆို
မိတော့လည်း အယ်ရီက အပြေးလာ
တွေ့ပေးသည်။ သို့သော် သူတို့ဆက်
ဆံရေးက အရင်လိုပြေပြစ်ချောမွေ့
မနေ။ တစ်ယောက်ကိုတစ်ယောက်
ခံစားချက်တွေမဖော်ပြမိစေရန် ဖုံးရင်း
ဖိရင်းနှင့် ပတ်ဝန်းကျင်ကအစလေး
လံစေ၏။
ထိုနေ့ညက ဘယ်လာက အယ်ရီကြိုက်
တတ်သည့် Soup ပူပူလေးချက်ကျွေး
သည်။ နှစ်ယောက်အတူတူဝိုင်သောက်
ရင်း အရင်နေ့ရက်တွေလို အယ်ရီနှစ်
ခြိုက်သည့် သီချင်းများကို သီဆိုကြ
သည်။ အယ်ရီ့အတွက် EXO Album
များလက်ဆောင်ပေးတော့ အယ်ရီ
ဟာ ကလေးတစ်ယောက်လို ဘယ်လာ
ကို ပွေ့ဖက်ပြီး လက်ဆောင်များအတွက် အထူးပျော်ရွှင်နေခဲ့သည်။

နှင်းမိုးတွေစွေနေသည့်ညဥ့်အလယ် ​တောင်ပိုင်းရာသီဥတုနှင့် အသားကျနေသည့် အယ်ရီက ခိုက်တုန်ယင်နေခဲ့၏။

"ငါဖက်ထားပေးမယ် အယ်ရီ"

ဘယ်လာ့ဆီမှလာသည့် အနွေးဓာတ်ကို
အယ်ရီက လိုလိုချင်ချင်ပဲ လက်ခံယူ
သည်။ ဘယ်လာက အယ်ရီ၏ တိတ်ဆိတ်ခြင်းတွေမှာ အသားတကျ
နေရင်း သူတတ်စွမ်းသည့် ပေါ့ပါး
မှုတချို့ကို ဖန်တီးရင်းနှင့်ပဲ အယ်ရီ၏
ကျောင်းပိတ်ရက်တွေကို မြောက်ပိုင်း
ဒေသမှာ ပျော်စေခဲ့သည်။

အယ်ရီပြန်သွားပြီးသည့်နောက် ဘယ်
လာက သူမြောက်ပိုင်းနေ့ရက်တွေကို
ရေလိုက်ငါးလိုက်ဖြတ်ကျော်ခဲ့ရသည်။
အယ်ရီမဝင်ရောက်ရဲသည့် ခေါင်းစဥ်အောက်မှာဘယ်လာဟာတစ်ကိုယ်
တည်းရပ်ရင်း အယ်ရီကို တိတ်တိတ်လေးစောင့်နေခဲ့၏။ စကော်လာနှင့်ကျောင်းတက်နေရသည့် အယ်ရီ့ကျောင်းတက်ရက်တွေမှာ  ဘယ်လာဟာ အယ်ရီ့အချိန်ဇယားများ၏ နောက်ဆုံးနေရာမှာ ရပ်နေခဲ့ရသည်။
အရင်က ပေါ့ပါးသွက်လက်ခဲ့သည့်
ဘယ်လာဟာ အယ်ရီမရှိသည့်မြောက်
ပိုင်းဒေသမှာ ရာသီနှင့်အတူတူတဖြည်း
ဖြည်း အေးစက်တိတ်ဆိတ်လာခဲ့သည်။

သို့ပေမဲ့ "အယ်ရီရေ...ချစ်တယ်နော်" လို့ စာလွှာတွေ၏ နောက်ဆုံးလေးတွေတိုင်းမှာ အမြဲထည့်ရေးတတ်မြဲပဲ။ သူ
တစ်ကိုယ့်စာနွေးထွေးမှုလေးက အယ်ရီ
အတွက်ပဲဖြစ်စေသလိုပေါ့။
အယ်ရီ့ကို သူချစ်သည်ဟု ဝန်ခံသည်။ အယ်ရီဆီရောက်သည့်သူ့အချစ်တွေက ဘယ်လိုပုံစံလဲ။ အယ်ရီကရော ဘယ်အတိုင်းအတာနှင့်လက်ခံယူလဲ ဘယ်လာမဆန်းစစ်ဖြစ်တော့...

အဆုံးသတ်က သူ့ကမ္ဘာမှာ အယ်ရီ
ရှိနေသေးရင်...

အယ်ရီရေ...ချစ်တယ်နော် လို့ ပြောခွင့်
ရှိနေသေးရင်...

အယ်ရီအပြုံးလေးတွေ ကို မြင်နိုင်
နေသေးရင်...

ပြီးတော့....

အယ်ရီ သူ့ကိုချစ်နေသေးရင်...

ဘယ်လာဟာ မြောက်ပိုင်းမှာ အယ်ရီ
လေးလို ငြိမ်သိမ်စွာနှင့် အယ်ရီ့ကို
စောင့်စားနေမိဦးမှာပဲ။

THANK YOU ALL

(Zawgyi)

Aeria ကို Supportေပးသူကေတာ့
ညီမေလး  Wutyi Phyo ပါ။

ညီမေလး Wutyi Phyo ကိုေက်းဇူး
မ်ားႀကီးတင္ပါတယ္။

--------------------------------------------------

"အယ္ရီရာ..."

"ဘယ္လာရီ..."

ေလဆိပ္ဝန္းထဲဆူညံေနေပမဲ့ ဘယ္လာရီ၏ ေခၚသံ ၊ အၿပံဳးႏွင့္ အတူ ေစြ့ခနဲေန
ေအာင္ေပြ့ဖက္ေမႊ့ရမ္းမႈေၾကာင့္ အယ္ရီ
ရာ့ ကမ႓ာေခတၲတိတ္ဆိတ္ၿငိမ္သက္
သြားရသည္။ သူမေဆာင္းလာေသာ
သိုးေမႊးၪီးထုပ္အညိုေလးကို ပိုင္ႏိုင္
စြာဆြဲခြၽတ္ရင္း အယ္လာရီ၏ ဆံပင္
ေတြကို ဖြလာခဲ့သည္။ ထိုသို႔ေသာ္ ဘယ္လာရီ၏ ပိုင္စိုးပိုင္နင္းအျပဳအမူအတြက္ သူမနည္းနည္းမ်ွစိတ္မကြက္မိ။

"လွလာလိုက္တာ အယ္လာရီ...နင္နဲ႔
ေတာင္ပိုင္းက တည့္တယ္ထင္ရဲ့"

ဘယ္လာရီက ၿပံဳးၿပံဳးေလးေျပာေပမဲ့
မ်က္ဝန္းေတြကေတာ့ ေဆြးလ်လ်ပဲ။
ဒါေတြကို အယ္လာရီက ေတြ့ေနျမင္
ေနသည့္တိုင္ သူ႔မူပိုင္အတိုင္း ခပ္ယဲ့
ယဲ့ပဲၿပံဳးျပသည္ကလြဲ ဘာမွ မထူးျခား
နား။ လြယ္လာေသာေက်ာပိုးအိတ္က
လြဲၿပီး သယ္စရာမရိွသည့္အတြက္
ဘယ္လာရီက အယ္ရီရာ၏ ခါးကို
တင္းတင္းက်ပ္က်ပ္ဖက္ရင္းႏွင့္ပင္
ေလဆိပ္ထဲက ထြက္သည္။ ေျမာက္
ပိုင္း၏ စိုစြတ္ေအးခဲေလ့ရိွေသာ ရာသီ
ဥတုအတြက္ အယ္ရီရာက အသားက်
ဖို႔ ႀကိဳးစားရွာသည္။ သို႔ေပမဲ့ခ်က္ခ်င္းဆိုသလို ပါးျပင္ေတြနီရဲတက္လာေသာ
အယ္ရီရာကို ၾကည့္ရင္း ဘယ္လာ က
ခပ္ဟဟရယ္ေမာသည္။

"သြားမယ္ေဟ့..."

ဘယ္လာက သူ႔စတိုင္အတိုင္းတဝူးဝူး
ႏွင့္တက္ႂကြစြာေအာ္ဟစ္ရင္း ေလဆိပ္
ဝင္းထဲမွ အၾကမ္းပတမ္းေမာင္းထြက္
ေလ၏။ အယ္ရီကေတာ့ ဘယ္လာလုပ္
သမ်ွကို ၿပံဳးၿပံဳးေလးပဲ ေငးၾကည့္ေန
ျဖစ္သည္။

အၿမဲလိုလိုတက္ႂကြလန္းဆန္းၿပီး ပြင့္
လင္းသည့္ ဘယ္လာႏွင့္ တိတ္ဆိတ္ၿငိမ္သက္ေနတတ္သည့္ အယ္ရီဘယ္
လိုျဖစ္ၿပီး အေပါင္းအသင္းလုပ္မိၾက
တာလဲ ဟူေသာ ေမးခြန္းကို ၿမိဳ႔ကလူ
ေတြအားလံုးသိခ်င္ၾကသည္။ အေျဖက
ထင္သေလာက္ မရိုးရွင္းေပမဲ့...အခု
လို ကားေမာင္းေနလ်က္ကေန အယ္ရီ
ႀကိဳက္တတ္ေသာ Kpop သီခ်င္းကို
လည္း ဖြင့္ေပးဖို႔ မေမ့တတ္သည့္ ဘယ္လာက အယ္ရီ့အတြက္ေတာ့ အေကာင္းဆံုးသူငယ္ခ်င္းပါပဲ။

အထက္တန္းတစ္ေလ်ွာက္လံုး တူညီ
ဝတ္စံုဆင္ယင္ခဲ့ရသည့္ မိန္းကေလး
ေက်ာင္းထြက္ အယ္ရီက ေကာလိပ္
တက္မွသာ ဘယ္လာႏွင့္ေတြ့ျဖစ္ျခင္း
ျဖစ္သည္။ ဘယ္လာကေတာ့ သူတို႔ၿမိဳ႔
၏ နာမည္ႀကီး ဟိုက္စကူးေက်ာင္းမွ
ထြက္လာၿပီး ေကာလိပ္ကိုလည္း စာေပဆိုင္ရာ အမွတ္ထက္ ေရကူးခ်န္ပီယံ
ဆိုသည့္ ဂုဏ္ႏွင့္ အထူးဖိတ္ၾကားခံ
ေက်ာင္းသူအျဖစ္ေရာက္ရိွလာျခင္း
ျဖစ္သည္။ ​​အားကစားသမားပီသစြာ
ေျပျပစ္သည့္ အခ်ိဳးအစား ၊ လွပ
ေက်ာရွင္းေသာမ်က္ႏွာ ႏွင့္ ၿပံဳးလိုက္
တိုင္းလွပသည့္ဘယ္လာကို သေဘာေကာင္းေသာေက်ာင္းသူတစ္ေယာက္အျဖစ္လူအမ်ားကလက္ခံၾက
သည္။
သြက္သြက္လက္လက္ႏွင့္ ခင္မင္တတ္
သည့္ ဘယ္လာ့အတြက္ အတန္းတိုင္းအတြက္သူငယ္ခ်င္းဆိုတာ မရွား။
ေတာ္ေတာ္မ်ားမ်ားကလည္း ဘယ္လာ
ကို သေဘာက်ၾကသည္။ ေကာလိပ္မွာ
ဘယ္လာ တို႔ေမာင္ႏွမကို ဆယ္လီေတြ
အျဖစ္လူတိုင္းသိၾက၏။ ဘယ္လာ့
အစ္ကို ကိုယ္တိုင္ကလည္းေက်ာင္း၏  နာမည္ႀကီးအားကစားတစ္ေယာက္ျဖစ္ေနေသးသည္။
ေကာင္းသတင္းႏွင့္ေက်ာ္ၾကားသည့္ ဘယ္လာက ခပ္ကုပ္ကုပ္ေလးျဖစ္ေနသည့္ အယ္ရီ့ကိုခင္မင္ခဲ့သည္။ ျဖစ္စဥ္က ရိုးရွင္း၏။ ျပည္နယ္ ေဘ့စ္ေဘာအသင္းေခါင္းေဆာင္ အယ္ရီ့အစ္ကိုကလည္းေကာလိပ္မွာ နာမည္ႀကီးပင္။ အားကစားပါထူးခြၽန္ရံုတင္မက ရုပ္ရည္ကလည္းလီယိုနာဒိုငယ္စဥ္က ရုပ္ရည္မ်ိဳးမို႔...
က်ားက်ားမမ စိတ္ဝင္စားျခင္းခံရေလ
၏။ အဲရစ္၏ ဂယက္က ဖုန္းတစ္လံုး
၊ စာအုပ္တစ္အုပ္ႏွင့္ ၿငိမ္ကုပ္ေနတတ္
သည့္ အယ္ရီရာကိုပါ ရိုက္ခတ္ေလ
ေတာ့သည္။ အဲရစ္ကို တိုက္ရိုက္မခ်ဥ္း
ကပ္ရဲသူမ်ားက အယ္ရီရာႏွင့္ရင္းႏွီး
ခ်င္ေယာင္ေဆာင္ၾကသည္။ ခပ္ေအး
ေအးေနတတ္သည့္ အယ္ရီရာအတြက္
သူငယ္ခ်င္းအသစ္ကမလို။ သူ႔ကမ႓ာ
ႏွင့္ သူေပ်ာ္ေနၿပီးသား...

ဒါေပမဲ့ သူႏွင့္ဘဝတူဘယ္လာႏွင့္မရင္း
ႏွီးခင္အထိ သူ႔ကမ႓ာထဲတျခားတစ္
ေယာက္ကိုပါ ဆြဲသြင္းဖို႔စိတ္ကူးလံုးဝ
မရိွခဲ့ဘူး။ ထိုေန့က ဘယ္လာက ေဒါပြ
လာေလ၏။ သခ်ၤာအတန္းခ်ိန္ အယ္
ရီရာထိုင္ေနက် ေနာက္တန္းခံုမွာဝင္
ထိုင္သည္။ ဘယ္လာက သူ၏
ေရႊဝါေရာင္ ဆံပင္ေတြကို ပင့္သက္တင္
ရင္း တစ္စံုတစ္ေယာက္ႏွင့္ဖုန္းေျပာလက္စကလည္း မျပတ္ေသးဘူး။

"မိုက္ခ္ နင့္ကိစၥနင္ရွင္းလိုက္ေတာ့
အဲ့ေကာင္မေလးေတြငါ့နားလာလာရႈပ္
ေနတာ အာရံုေနာက္တယ္"

"----"

"သာယာစရာလား"

ဘယ္လာစိတ္ရိွလက္ရိွေအာ္ဟစ္ေသး
၏။

"ငါ အျပတ္ေျပာမယ္။ နင္ ေဘ့စ္ေဘာ
အသင္းထဲက အဲရစ္ နဲ႔တြဲေနတဲ့ ကိစၥကိုနင္ကိုယ္တိုင္ေျပာၿပီးရွင္းမလား။ ငါ ေက်ာင္းဝဒ္ဆိုက္မွာနင္တို႔ ပံုေတြတင္လိုက္ရေတာ့မလားငါ အရမ္းေတြ အာရံုေနာက္ေနၿပီ မိုက္ခ္"

"----"

"ေအး...နင္ သတိထားေန။ ဒါပဲ ငါေျပာမယ္"

ဖုန္းကိုခ် လြယ္လာတဲ့အိတ္ထဲပစ္ထည့္
အၿပီးမွ ေခ်ာင္ထဲကုပ္ၿပီး အံ့ၾသလြန္
ေနသည့္ အယ္ရီ့ကို ၾကည့္ၿပီး ဘယ္လာ
လည္း လန္႔ျဖန္႔သြားပါသည္။သည္လို
ႏွင့္ ေက်ာင္း၏ ဆယ္လီက အယ္ရီ့ကို ဟီးခနဲ တစ္ခ်က္ရယ္ျပၿပီး စတင္မိတ္ဆက္လာပါေတာ့သည္။

သူ႔အစ္ကိုမိုက္ခ္ ႏွင့္ အယ္ရီ့အစ္ကိုတို႔
၏ စံုတြဲခုတ္မႈကို အယ္ရီကိုယ္တိုင္ေတာင္မသိ။ အယ္ရီႏွင့္ဆန္႔က်င္စြာ
အစ္ကို သူငယ္ခ်င္းေပါင္းေသာဘယ္
လာကေတာ့ သူ႔အစ္ကိုမိုက္ခ္ႏွင့္ အဲရစ္
အေၾကာင္းကို ဘယ္လာ့အား ဇာတ္စံု
ခင္းျပေလေတာ့သည္။
အစ္ကိုေတြေၾကာင့္ အေနအထိုင္က်ဥ္းက်ပ္မႈမ်ား ၊ တကယ္ခင္မင္ရင္းႏွီးခ်င္စိတ္မရိွပါဘဲအတင္းလာေရာသူမ်ားအေၾကာင္းစသည္စသည္ကို အျပန္
အလွန္ ေဖာက္သည္ျပန္ခ်ရင္းသူတို႔ႏွစ္ေယာက္ရင္းႏွီးလာၾကသည္။

ဘယ္လာအိမ္တို႔က မိုက္ခ္ ေယာက်ာ္းေလးတစ္ေယာက္ႏွင့္တြဲသည့္ကိစၥကို ျပႆနာဟု မယူဆေပမဲ့ အယ္ရီတို႔အိမ္ကေတာ့ မိုးမီးေလာင္ႏိုင္သည္ဟု ေျပာျပခဲ့ဖူး၏။

"ဘယ္လာ...ဟင္ နင္ အရင္အေဆာင္မွာ
မဟုတ္ေတာ့ဘူးလား"

အယ္ရီအေတြးေတြေမ်ာေနရင္းကပတ္
ဝန္းက်င္ကို သတိျပဳမိမွဘယ္လာက
တကၠသိုလ္သြားရာလမ္းခြဲတစ္ခုကို
ခ်ိဳးေကြ့ၿပီးေနၿပီ။ ဘယ္လာက ၿပံဳးျပ
ၿပီး

"ငါ အျပင္မွာေနတယ္" ဟုသာ ခပ္တိုး
တိုးျပန္ေျဖေလသည္။

ႏွင္းေတြမိုးေတြေရာေနသည့္ သူတို႔
ေျမာက္ပိုင္းၿမိဳ႔ေလးမွာ အိမ္ခန္းခေတြ
က နည္းပါးတတ္သည္။ အခုလည္း
ဘယ္လာငွားေနသည့္အခန္းေလးက
တကၠသိုလ္ေက်ာင္းသူတစ္ေယာက္အ
တြက္ ေစ်းသင့္သည္။ ဘယ္လာက မိုး
ေရအနည္းငယ္စိုသြားေသာ သူ႔ကုတ္ကို
တန္းေပၚခ်ိတ္တင္သည္။ ေနရာထိုင္
ခင္းအသစ္ကို စူးစမ္း၍မၿပီးေသးေသာ
အယ္ရီ့နားကပ္လာၿပီး ကုတ္ကိုခြၽတ္
ေပးသည္။ ဘယ္လာ့လက္ေခ်ာင္းေလးမ်ားႏွင့္ ထိေတြ့သြားေသာ ေနရာမ်ား
တြင္ ေမႊးၫွင္းေလးမွေထာင္ထက်န္
ခဲ့သည့္တိုင္ အယ္ရီရာက သူ႔ခံစားခ်က္
ကို သူလ်စ္လ်ူရႈသည္။ ဘယ္လာက
ေနြးေနသည့္ မ်က္ႏွာသုတ္ပဝါအညို
ေရာင္ေလးေျပးယူလာၿပီး အယ္ရီ့ေခါင္းကို သုတ္ေပးဖို႔လုပ္ခ်ိန္မွာေတာ့
အယ္ရီ ျငင္းဆန္လိုက္သည္။

"ငါ့ဘာသာငါလုပ္မယ္"

ဒီေတာ့ ဘယ္လာက အလိုလိုေနာက္
တစ္လွမ္းဆုတ္သည္။ တကယ္ဆို ခြဲ
ခြာၿပီးမွ ပထမဆံုးအႀကိမ္ျပန္ေတြ့သည့္
သူငယ္ခ်င္းေလ သူတို႔ဒီ့ထက္ပိုတက္
ႂကြေပ်ာ္ရႊင္ေနသင့္သည္ မဟုတ္လား။
သို႔ေပမဲ့ ဘယ္လာက အယ္ရီထိုင္ေန
သည့္ ဆိုဖာမွာေတာင္ မထိုင္ ၊ ေဘးခံု
မွာ ဝင္ထိုင္သည္။  ေခါင္းသုတ္ေနသည့္
အယ္ရီ ကို ၿပံဳးၾကည့္သည္။

"ေက်းဇူးပါ အယ္ရီ...ေျမာက္ပိုင္းကို
ျပန္လာလည္ေပးလို႔"

"နင္ရိွေနတာပဲ...ေနြရာသီေရာက္ရင္
ငါ့ဆီခဲ့ေနာ္ ဘယ္လာ။ နယူးကယ္လီ
ဖိုးနီးယား သြားၾကမယ္ေလ ေနာ္"

"နင္ ကိုရီးယားသြားခ်င္တယ္ဆို...
Concert မၾကည့္ခ်င္ဘူးလား။"

အယ္ရီမ်က္လံုးေလးေတြ ေတာက္ပသြားေလသည္။

"ငါတို႔ႏွစ္ေယာက္တည္းပဲ အခ်င္းခ်င္း
သိတဲ့ေနရာဆီ မသြားခ်င္ဘူးလား အယ္ရီ"

အယ္ရီတည္တည္ေလးျပန္ျဖစ္သြားျပန္
သည္။ ဘယ္လာၾကည့္ေနရင္း ဝမ္းနည္းလာရသည္။ ႏိုင္ငံ၏ ဟိုဖက္ျခမ္းဒီဖက္ျခမ္းကို ဒီလိုေအးခဲေနသည့္ရာသီဥတုမွာေတာင္ ေရာက္ေအာင္ျပန္လာခဲ့ၿပီးမွ အယ္ရီဟာနည္းနည္းေလးေတာင္ သူ႔စိတ္သူဖြင့္မျပဘူး။

"နင္ သုတ္ေနတာ ၾကာလိုက္တာ"

ဘယ္လာေျပာေျပာဆိုဆိုႏွင့္ အယ္ရီ
အနားသြား ၊ လက္ထဲက မ်က္ႏွာသုတ္
ပဝါကိုဆြဲယူၿပီး ေခါင္းကိုသုတ္ေပးမိ
သည္။ အခန္းထဲမွာ သူတို႔ႏွစ္ေယာက္အသက္ရႉသံႏွင့္ မီးလင္းဖိုမွ မီးစာတေဖ်ာက္ေဖ်ာက္ျမည္သံကလြဲ အရာရာ
က ဆိတ္ၿငိမ္လြန္းလွသည္။

"ငါေလ...နင္ထြက္သြားေတာ့ တကယ္
အဆင္မေျပခဲ့ဘူး အယ္ရီ။ အရင္ကလို
နင္နဲ႔ သီခ်င္းေတြနားေထာင္ ၊ EXO
အေၾကာင္းေတြခ်ည္းေျပာခဲ့တာမ်ား
လို႔လားမသိ။ တျခားသူေတြနဲ႔ေတာင္
စကားအသစ္ေတြမေျပာတတ္ေတာ့ဘူး။ ဒါနဲ႔...ေက်ာင္းထဲလည္းမေနခ်င္
ေတာ့တာနဲ႔ အျပင္မွာထြက္ေနတာ"

"ငါေတာင္းပန္ပါတယ္ ဘယ္လာ။ ထား
ခဲ့မိတယ္"

"မဟုတ္တာ။ နင္စေကာ္လာရတာကို
ငါက ဝမ္းသာေနတာ"

အယ္ရီေမာ့ၾကည့္သည္ ။ သူ႔မူအတိုင္း
ယဲ့ယဲ့ေလးၿပံဳးေလ၏။ ႏွစ္ေယာက္စ
လံုး အခ်င္းခ်င္းနားလည္ေနသည့္ခံ
စားခ်က္တခ်ိဳ႕ကို မသိက်ိဳးကြၽံျပဳျပီး
လ်စ္လ်ူရႈရတာေလာက္ ခံစားနာက်င္
ရတာ မရိွ။ ဒီ့အတြက္လည္း ဘယ္လာ
က အယ္ရီကို အျပစ္မတင္ရက္ပါ။
အစ္ကိုေတြအေၾကာင္း အိမ္ေတြကသိ
သြားေတာ့ အယ္ရီတို႔အိမ္ကေပါက္ကြဲ
မႈက ဘယ္လာတို႔ထက္ပိုျပင္းထန္၏။
ဘယ္လာ့အေဖက မိုက္ခ္ကို ျပည္နယ္
အဆင့္ေက်ာင္းထက္ ​ကလပ္တစ္ခု
ကိုပို႔သည္။ အရင္တည္းက ကလပ္
မွာ ကစားခြင့္ရဖို႔က မိုက္ခ္ရည္မွန္း
ခ်က္မို႔ မိုက္ခ္က အတိုက္အခံမလုပ္
ဘူး။ ဘယ္လာတို႔မိဘေတြကလည္း
မိုက္ခ္ရဲ့ လိင္စိတ္တိမ္းၫႊတ္မႈအေပၚ
အတင္းအက်ပ္ကန္႔သတ္တာမ်ိဳးေတြ
မရိွဘူး။ ဒီ့အတြက္ မိုက္ခ္က ဖိအား
ေတြမခံရဘဲ နာမည္ႀကီးကလပ္အသင္း
ကို ထရိန္နင္အေနျဖင့္ ေရာက္သြားခဲ့
သည္။ ဟိုေရာက္မွ အဲရစ္ႏွင့္ေရ႔ွဆက္
ျခင္းမဆက္ျခင္းက သူ႔ကိစၥဟု မိဘ
ေတြက ယူဆထားသည္။ စည္းကမ္းယတင္းက်ပ္သည့္ ကလပ္အသင္းေတြက
ေန ခိုးထြက္ၿပီး ျဖစ္ခ်င္တာျဖစ္ဖို႔က
လည္း မလြယ္သည္မို႔ စိတ္ခ်ထား
သည္လည္းပါမည္။

အယ္ရီတို႔မိဘေတြကေတာ့ ေတာ္ေတာ္
အထိနာသည့္ပံု။ အဲရစ္ကို အေဖျဖစ္သူ
က အရမ္းေမ်ွာ္လင့္ထားသည္မို႔ လိင္
စိတ္တိမ္းၫႊတ္မႈအေပၚ အႀကီးအ
က်ယ္ အံ့ၾသထိတ္လန္႔ခဲ့သည္။ လက္
သင့္မခံႏိုင္ေသာ မိဘေတြႏွင့္ မိုက္ခ္လို
ေျပျပေလည္လည္သေဘာတူညီမႈ
မတည္ေဆာက္ႏိုင္သည့္အဲရစ္ေၾကာင့္
အိမ္တြင္းေပါက္ကြဲမႈက ျပင္းထန္ခဲ့သည္။ ေပါက္ကြဲမႈေတြကို ေန့စဥ္ႏွင့္အမ်ွ ႀကံဳေတြ့ေနရသည့္ အယ္ရီက
မခံႏိုင္ေတာ့သည့္အဆံုးေတာင္ပိုင္း
ေက်ာင္းကို ေျပာင္းေရႊ့ေလေတာ့သည္။
ဘယ္လာအတြက္ ဝမ္းနည္းဖြယ္ရာ
ျဖစ္ေပမဲ့ အယ္ရီ့ ဒုကၡကိုလည္းသူ
သိျမင္ေနလ်က္ ကိုယ္ခ်င္းလည္းစာ
ႏိုင္သည္။ ထို႔အတြက္ အယ္ရီ့ကိုဆြဲ
ထားသည့္ စကားတစ္ခြန္းမွ မဆိုခဲ့။

အခုလို "ငါလြမ္းေနၿပီ အယ္ရီ" ဟု ဆို
မိေတာ့လည္း အယ္ရီက အေျပးလာ
ေတြ့ေပးသည္။ သို႔ေသာ္ သူတို႔ဆက္
ဆံေရးက အရင္လိုေျပျပစ္ေခ်ာေမြ့
မေန။ တစ္ေယာက္ကိုတစ္ေယာက္
ခံစားခ်က္ေတြမေဖာ္ျပမိေစရန္ ဖံုးရင္း
ဖိရင္းႏွင့္ ပတ္ဝန္းက်င္ကအစေလး
လံေစ၏။
ထိုေန့ညက ဘယ္လာက အယ္ရီႀကိဳက္
တတ္သည့္ Soup ပူပူေလးခ်က္ေကြၽး
သည္။ ႏွစ္ေယာက္အတူတူဝိုင္ေသာက္
ရင္း အရင္ေန့ရက္ေတြလို အယ္ရီႏွစ္
ၿခိဳက္သည့္ သီခ်င္းမ်ားကို သီဆိုၾက
သည္။ အယ္ရီ့အတြက္ EXO Album
မ်ားလက္ေဆာင္ေပးေတာ့ အယ္ရီ
ဟာ ကေလးတစ္ေယာက္လို ဘယ္လာ
ကို ေပြ့ဖက္ၿပီး လက္ေဆာင္မ်ားအတြက္ အထူးေပ်ာ္ရႊင္ေနခဲ့သည္။

ႏွင္းမိုးေတြေစြေနသည့္ညဥ့္အလယ္ ​ေတာင္ပိုင္းရာသီဥတုႏွင့္ အသားက်ေနသည့္ အယ္ရီက ခိုက္တုန္ယင္ေနခဲ့၏။

"ငါဖက္ထားေပးမယ္ အယ္ရီ"

ဘယ္လာ့ဆီမွလာသည့္ အေနြးဓာတ္ကို
အယ္ရီက လိုလိုခ်င္ခ်င္ပဲ လက္ခံယူ
သည္။ ဘယ္လာက အယ္ရီ၏ တိတ္ဆိတ္ျခင္းေတြမွာ အသားတက်
ေနရင္း သူတတ္စြမ္းသည့္ ေပါ့ပါး
မႈတခ်ိဳ႕ကို ဖန္တီးရင္းႏွင့္ပဲ အယ္ရီ၏
ေက်ာင္းပိတ္ရက္ေတြကို ေျမာက္ပိုင္း
ေဒသမွာ ေပ်ာ္ေစခဲ့သည္။

အယ္ရီျပန္သြားၿပီးသည့္ေနာက္ ဘယ္
လာက သူေျမာက္ပိုင္းေန့ရက္ေတြကို
ေရလိုက္ငါးလိုက္ျဖတ္ေက်ာ္ခဲ့ရသည္။
အယ္ရီမဝင္ေရာက္ရဲသည့္ ေခါင္းစဥ္ေအာက္မွာဘယ္လာဟာတစ္ကိုယ္
တည္းရပ္ရင္း အယ္ရီကို တိတ္တိတ္ေလးေစာင့္ေနခဲ့၏။ စေကာ္လာႏွင့္ေက်ာင္းတက္ေနရသည့္ အယ္ရီ့ေက်ာင္းတက္ရက္ေတြမွာ  ဘယ္လာဟာ အယ္ရီ့အခ်ိန္ဇယားမ်ား၏ ေနာက္ဆံုးေနရာမွာ ရပ္ေနခဲ့ရသည္။
အရင္က ေပါ့ပါးသြက္လက္ခဲ့သည့္
ဘယ္လာဟာ အယ္ရီမရိွသည့္ေျမာက္
ပိုင္းေဒသမွာ ရာသီႏွင့္အတူတူတျဖည္း
ျဖည္း ေအးစက္တိတ္ဆိတ္လာခဲ့သည္။

သို႔ေပမဲ့ "အယ္ရီေရ...ခ်စ္တယ္ေနာ္" လို႔ စာလႊာေတြ၏ ေနာက္ဆံုးေလးေတြတိုင္းမွာ အၿမဲထည့္ေရးတတ္ၿမဲပဲ။ သူ
တစ္ကိုယ့္စာေနြးေထြးမႈေလးက အယ္ရီ
အတြက္ပဲျဖစ္ေစသလိုေပါ့။
အယ္ရီ့ကို သူခ်စ္သည္ဟု ဝန္ခံသည္။ အယ္ရီဆီေရာက္သည့္သူ႔အခ်စ္ေတြက ဘယ္လိုပံုစံလဲ။ အယ္ရီကေရာ ဘယ္အတိုင္းအတာႏွင့္လက္ခံယူလဲ ဘယ္လာမဆန္းစစ္ျဖစ္ေတာ့...

အဆံုးသတ္က သူ႔ကမ႓ာမွာ အယ္ရီ
ရိွေနေသးရင္...

အယ္ရီေရ...ခ်စ္တယ္ေနာ္ လို႔ ေျပာခြင့္
ရိွေနေသးရင္...

အယ္ရီအၿပံဳးေလးေတြ ကို ျမင္ႏိုင္
ေနေသးရင္...

ၿပီးေတာ့....

အယ္ရီ သူ႔ကိုခ်စ္ေနေသးရင္...

ဘယ္လာဟာ ေျမာက္ပိုင္းမွာ အယ္ရီ
ေလးလို ၿငိမ္သိမ္စြာႏွင့္ အယ္ရီ့ကို
ေစာင့္စားေနမိၪီးမွာပဲ။

THANK YOU ALL




Continua a leggere

Ti piacerà anche

493K 50.5K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000
113K 13.7K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
402K 78.1K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
132K 23K 108
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...