[Unicode]
T/N: fanfic ထဲက ဆုနိုနိုနဲ့ Main story ထဲက ဆုနို မတူပါဘူးနော် ရှုပ်နေမှာစိုးလို့ပါ မှားလည်း မရေးထားပါဘူး fanfic ရေးတဲ့ မမတွေက သူတို့ဘာသာ သူတို့ မှားရေးထားတာပါ XD
_________________________
အခန်း(၆၅):ကျွန်တော် စားချင်တယ်နှင့် stress ပိစိလေး
“သူတို့က ဘိုကင်ကြိုတင်ထားတဲ့ စားသောက်ဆိုင်မှာ မစားဖြစ်ဘူး” ဆိုတဲ့အချက်ကြောင့် မစ္စတာဒါရိုက်တာသည် ဆုနိုကို အရမ်းကိုမှ သက်တောင့်သက်သာဖြစ်စေရန် လုပ်ပေးနေရသည်။ ဒါပေမယ့်လည်း ဆုနိုကတော့ တော်တော်စိတ်ဆိုးနေတုန်းပဲ။ သူရေချိုးပြီးတာတောင်မှ မကျေမနပ် အထွန့်လေးတက်ကာ ပြောနေသေး၏။
ထို့ကြောင့် အိုးရန်လုံသည် ချက်ချင်းပင် အပြစ်ရှိသလိုခံစားရပြီး သူ့အမှားဖြစ်ကြောင်းကို သတိပြုမိလိုက်သည်။ သူသည် အဝတ်လျှော်ခုံပေါ်တွင် ဒူးထောက်၍ ခွင့်လွှတ်ပေးဖို့ ငိုယိုကာ ဆုနိုကို စားစရိတ်ဆယ်ဆပေးလျော်မည် ဟုပြောခဲ့သည်။
မှားပါတယ်!တကယ်တော့ ဒါက ဆုနိုရဲ့လှပတဲ့စိတ်ကူးယဉ်မှုသက်သက်ပါပဲ!
အဲဒီအချိန်မှာပဲ ဆုနိုရဲ့အစ်ကိုကြီးက သူ့ကို ဖုန်းဆက်၍ လှမ်းဆွယ်လိုက်သည်။ “မင်းမရီးက အရသာရှိတဲ့ ဝက်ဆားနယ်နဲ့ထမင်း ချက်ထားတယ်။ ဆားနယ်ထားတဲ့ကြက်ဥတွေလည်း အရမ်းအရသာရှိတယ်။ နူးညံ့တဲ့ငါးပေါင်းတွေပါ လုပ်ထားတယ်နော် ”
နာနီ?
ဆုနိုရဲ့မျက်လုံးတွေသည် ချက်ချင်းပင် တောက်ပလာပြီး မစ္စတာဒါရိုက်တာအပေါ် သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကိုတောင် ချက်ချင်းပင် မေ့ပျောက်သွားသည်။ "ကျွန်တော် မကြာခင်ပြန်လာခဲ့မယ်!"
အိုးရန်လုံ:........
“ကောင်းပြီ။ ကိတ်မုန့်နဲ့လိမ္မော်သီးပိုင်မုန့်တွေလည်း ရှိသေးတယ် ” ဟန်ဝေ အလွန်ကျေနပ်သွားသည်။
မိုက်ပြီပဲ! ဆုနိုသည် ချက်ချင်းထကာ အဝတ်အစားလဲလိုက်တော့သည်။
"..........."
“ဒါပေမယ့် မင်းမပြန်သေးဘူးလို့ ကိုယ့်ကိုပြောခဲ့တယ်လေ” အိုးရန်လုံသည် သူ့ကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။
ဒါပေမယ့် ဒါရိုက်တာကြီးက ကျွန်တော်ကို မကျွေးဘူးလေ! ဆုနိုသည် သူ့နဖူးကိုနမ်းလိုက်ပြီး အတွင်းခံဘောင်းဘီကို မဆိုင်းမတွပဲ ဆက်ဝတ်လိုက်သည်။
သူ့ရဲ့ ဂန္ဓမာပန်းလေးက အနည်းငယ်နာကျင်နေသော်လည်း သူ့အမြင်အရ ဒီမှာ အိပ်ရတာထက် အိမ်ပြန်ရသည်က ပိုကောင်းသည်။
ပထမအချက်အနေနဲ့ အိမ်ပြန်ပြီး အစားအသောက်တွေကို အကြိုက်တွယ်လို့ရတယ်။ ဒုတိယအချက်က ဒါရိုက်တာကြီးရဲ့ရှေ့မှာ ငါ့ရဲ့ပုံရိပ်ကို ကာကွယ်နိုင်လိမ့်မယ်!ငါ့အတွက်တောင် ငွေမဖြုန်းတီးချင်ဘူးလားလို့ သူ့ကိုခံစားစေရလိမ့်မယ်!
"မင်းအစ်ကိုကြီးက ဘာတွေများပြောပြန်တာလဲ?" အိုးရန်လုံ ခေါင်းကိုက်လာရသည်။
"ကျွန်တော် တူမလေးက အအေးမိနေတယ်။ ဒါကြောင့် သူမကို အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပြောပြရမယ်" ဆုနိုသည် သူ့တာဝန်ကိုအရှက်မဲ့စွာ ရှောင်ရှားလိုက်သည်။
ဟန်ရှောင်းရှီသည် အိပ်ပျော်နေပြီဖြစ်၍ သူမ၏နှာခေါင်းဆီသို့ ရုတ်တရက်ပိုးကောင်တစ်ကောင်ပျံလာသကဲ့သို့ ခံစားလိုက်ရသည်။
"ဟတ်ချိုး!"
"ကိုယ်မင်းကို အိမ်ထဲမှာသော့ခတ်ထားပြီး တခြားဘယ်သူ့ကိုမှ မပြချင်ဘူး" အိုးရန်လုံသည် တကယ်ကို ကူကယ်ရာမဲ့သလို ခံစားခဲ့ရသော်လည်း ဆုနိုကို ကြယ်သီး ကူတပ်ပေးဖို့ရာ အိပ်ယာပေါ်ကနေ ထလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အိမ်ပြန်ရတော့မှာပဲလေ။ အဲ့ခါကျရင် ကျွန်တော်တို့ အတူတူ နေလို့ရပြီ" ဆုနိုသည် အိုးရန်လုံကို နှစ်သိမ့်ပေးလိုက်သည်။ ထို့ကြောင့် ဒီတစ်ရက်/နှစ်ရက်သည် စောင့်ရကျိုးနပ်ပါသည်။
"သေချာလား?" အိုးရန်လုံ သူ့နှာခေါင်းလေးကို ညစ်လိုက်သည်။ " မင်းအစ်ကိုကြီးက ကိုယ့်ကို ပြန်ရောက်ရင် ပါပါရာဇီတွေဆီကနေ မမိရအောင် မင်းဆီကို ခဏခဏ လာမတွေ့ရဘူးလို့ ပြောထားတယ်" ဟန်ဝေမှာ အခြားကိစ္စရှိသေးတယ်ဆိုတာကို အိုးရန်လုံ သိပေမယ့်လည်း အဲဒီ့အကြံတွေက အကျိုးအကြောင်းမသင့်တာလည်း မဟုတ်ပေ။
"စိတ်ချ။ ပါပါရာဇီတွေဆီကနေ ကျွန်တော်ရဲ့ဖုံးကွယ်နိုင်စွမ်းက အရမ်းမြင့်တယ်!" ဆုနိုသည် လေးလေးနက်နက်ဖြင့်ပြောလိုက်ပြီး အထူးသဖြင့် သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိနေသည်။
ဆွဲဆောင်မှုရှိပြီး ရုပ်ရည်ချောမောတဲ့မော်ဒယ်တစ်ယောက်ဖြစ်တဲ့အတွက် အများကြီးမစားနိုင်ခဲ့ဘူး။ ဒါပေမယ့် အစားသောက်ကြိုက်သူတစ်ယောက်အနေနဲ့ စားဖို့လိုသေးတယ်လေ!
မော်ဒယ်တစ်ယောက်ဖြစ်လာရန် ခက်ခဲသောကြောင့် မျှော်လင့်ချက်နှစ်ခုလုံးနှင့်အညီ ဆုနိုသည်မိမိ၏အစွမ်းအစကို အပြည့်အဝအသုံးချခဲ့ရပြီး သူ့ရဲ့ဖုံးကွယ်မှုနှင့် လှည့်စားနိုင်စွမ်းတို့ကလည်း အလွန်အမင်း တိုးတက်ခဲ့သည်။တစ်ခါတစ်လေဆို သူ့အစ်ကိုကြီးတောင် သူရှိနေမည့်နေရာကို မသိပေ။ ပါပါရာဇီဆို ပြောနိုင်ဖွယ် မလို။
ခက်ခဲသည့်အချိန်များတွင် အရည်အချင်းနှင့်စွမ်းရည်တွေက ရောက်ရှိလာခဲ့သည်။
အရာအားလုံးက အတင်းတွန်းအားပေးမှုကြောင့် လွတ်ထွက်လာခဲ့ခြင်းပေ.........
ဆုနိုက ခေါင်းမာလွန်းသောကြောင့် အိုးရန်လုံသည်လည်း သူ့ကိုအိမ်သို့ မောင်းပို့ပေးခဲ့ရသည်။အိုးရန်လုံသည် သူ့ကို ထိုင်ခုံတွင် ဖိထားပြီး ကားပေါ်က ဆင်းမသွားမီ ပူပူနွေးနွေးအနမ်းလေး ပေးလိုက်သေးသည်။ ဆုနိုကတော့ ဆန့်ကျင်ဘက်ဖြစ်စွာ သူရဲ့စိတ်အခြေအနေသည် ပို၍ ရွှင်လန်းနေခဲ့သည်။
ဆုနိုသည် တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် ချက်ချင်းပင် အရသာရှိသည့်အသားနံ့တို့ကို ရလိုက်သည်။
အစားအသောက်တွေရဲ့ အနံ့က တကယ်အံ့သြဖွယ်ပဲ!
"နိုနိုပြန်လာပြီလား?" သူ့ရဲ့မရီးက အသံအချို့ကိုကြားလိုက်ရတော့ လှေကားမှဆင်းလာခဲ့သည်။ "အမ မင်းအတွက် ထမင်းပြင်ပေးမယ်"
“မလုပ်ပေးပါနဲ့၊ အဆင်ပြေပါတယ်။ကျွန်တော် ကိုယ်တိုင်လုပ်လိုက်မယ်" ဆုနိုသည် သူမကို တားရန် သူမဘက်သို့ အလျင်အမြန်သွားလိုက်သည်။
"ရှောင်းရှီက အိပ်ရာဝင်သွားပြီ။ ပြီးတော့လည်း အမ အိပ်လို့မရသေးလို့ပါ" သူမက တကယ်ကိုနူးညံ့ကြင်နာတတ်သည်။
"အစ်ကိုကြီးရော ဘယ်မှာလဲ?" ဆုနို မေးလိုက်သည်။
“သူက မင်းအတွက်သစ်သီးဖျော်ရည်ဝယ်ဖို့ စူပါမားကတ်ကိုသွားတယ်။ သူပြန်လာတော့မယ်လို့ပြောတယ်။နောက်ဆုံးဘူးက ရှောင်းရှီကြောင့် ဖိတ်သွားတယ်လေ။ မင်းအစ်ကိုကြီးက မင်းတော့ ရိုးရိုးရေကိုတော့ ကြိုက်မှာ မဟုတ်ဘူးဆိုပြီး သွားဝယ်လေရဲ့။ မင်းပြန်လာရင် ရေဆာနေမှာကိုလည်း စိုးရိမ်နေတယ်လေ "
ဆုနို၏နှာခေါင်းလေးသည် ချက်ချင်းပင် ရှုံ့မဲ့မဲ့ဖြစ်သွားသည်။ သူ့ရဲ့ အစ်ကိုကြီးနဲ့မရီးတို့က သူ့အပေါ်ကို အရမ်းကြင်နာကြတာပဲ!
ဟန်ဝေသည် သူ့ရဲ့အိတ်တွေနဲ့အတူ ပြန်ရောက်လာတော့ ဆုနိုသည် သူ့ကိုယ်သူ အသားပုံကြားထဲမှာ နှစ်မြှပ်နေပြီဖြစ်သည်။ သူက သူ့ရှေ့မှာတင် သုံးပန်းကန်စားပြီးလေပြီ။ သူ့ရဲ့အစာစားနိုင်စွမ်းက တကယ့်ကို အားကောင်းနေတော့တယ်!
သူ တကယ်ဗိုက်ဆာနေတာပဲ!
"အိုးရန်လုံက မင်းကိုထမင်းမကျွေးလိုက်ဘူးလား?!" ဟန်ဝေသည် ဆုနိုကိုပထမဆုံးတစ်ချက်ကြည့်မိလိုက်တော့ ဒေါသထွက်သွားရသည်။
မဟုတ်ဘူး! ခန့်မှန်းတာကိုရပ်လိုက်!
ဆုနို သူ့အစ်ကိုကြီးကို လေးလေးနက်နက်ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော်ဘာသာ ကျွန်တော်မစားချင်တာပါ"
"မင်းကတော့ မျှော်လင့်ချက်မဲ့နေပြီပဲ!" ဟန်ဝေသည်ဆုနိုတစ်ယောက် သူ့သဘော သူ့စိတ်ကြိုက် မနေ,တာကို သူမုန်းသည်။
သူ့ညီငယ်လေးက ပူးပေါင်းဖို့ဆန္ဒမရှိသောကြောင့် ဟန်ဝေသည် ထိုအမှိုက်ကောင်ကိုရိုက်နှက်ရန် ဆင်ခြေကို အမှန်တကယ်လိုချင်မိသည်။သူ့စိတ်ထဲမှာ တကယ်ကို ဒေါသတွေ တောက်လောင်နေရတယ်လို့ ခံစားလိုက်ရသည်။
Bro-con ဖြစ်တဲ့ အစ်ကိုတစ်ယောက်အနေနှင့် ဟန်ဝေသည် ဆုနိုကို 'မင်းမှာရည်းစားရှိရင်တောင် ဒါက ဘာမှမဟုတ်ဘူး!နှစ်ယောက်သား Living together နေသွားဖို့လည်း မလိုဘူး!သူက မင်းကိုအနိုင်ကျင့်ရဲရင် အစ်ကိုကြီး သူ့ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပစ်မယ်!!! ' ဆိုပြီး သူ့ကို သင်တန်းပို့ချချင်ပါသော်လည်း ကယ်တင်လို့မရတဲ့ ဆုနိုသည် သူ့အစ်ကိုကြီးကို တကယ်မထောက်ခံပေ။ သူ အားအင်ပြည့်ပြီးတဲ့နောက် စတင်ပြီး သမ်းဝေလာတော့သည်။
ဟန်ဝေ:.....
ဆုနိုသည် အိပ်ချင်နေသည့် မျက်လုံးတွေဖြင့် သူ့ကိုကြည့်လာသည်။
"စောစောအိပ်တော့ " ဟန်ဝေ ထိုစကားများကိုသာ မျိုချခဲ့ရသည်။
"ကောင်းသောညပါ အစ်ကိုကြီး" ဆုနိုသည် အလွန်အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သဖြင့် သူ့ရဲ့ တူတွေကိုသန့်ရှင်းရေးလုပ်ပြီးနောက် အပေါ်ထပ်သို့တက်ကာ အိပ်လိုက်တော့သည်။
သူ့ရဲ့အိပ်ယာလေးသည် အလွန်ပင် အိစက်ညက်ညောနေကာ စောင်တွေကလည်း အလွန်ပင် နူးညံ့လှသည်။ဆုနို ကုတင်ပေါ်တွင် လဲလျောင်းလိုက်ရတော့ အမှန်တကယ်ပင် ပျော်ရွှင်သွားရသည်။
အခု အတင်းအဖျင်းတွေပြောကြတဲ့ website ကိုဝင်ကြည့်ရမယ်!
ပင်မစာမျက်နှာသည် ရင်းနှီးနေဆဲဖြစ်သော်လည်း တွေ့နေကျပို့စ်များကို မတွေ့မိချေ။ ဆုနိုသည် search box ကိုသုံးခဲ့ရပြီး ဤသွေးစုပ်ဝတ္ထုသည် အဘယ်ကြောင့် ပျောက်ကွယ်နေရတာလဲဆိုတာကို တွေးမိသည်။ ဒီဝတ္ထုက ထိပ်ဆုံးမှာရှိသင့်နေပြီးတော့ super hot ဖြစ်သင့်နေတယ်လို့ ပြောဖို့က ကျိုးကြောင်းဆီလျော်၏။
သူ ပို့စ်ကိုဖွင့်ကာ အဆုံးထိဖတ်ကြည့်လိုက်တော့ စာရေးသူသည် အားလပ်ရက်ယူရန်နှင့် အနားယူရန်တောင်းဆိုထားသည်ကို တွေ့လိုက်ရသည်။ အားလပ်ရက် ယူလွန်းတဲ့ စာရေးဆရာတွေက စာရေးဆရာကောင်းတွေမဟုတ်ကြဘူးကွ!
ဆုနိုသည် နောင်တရကာ သက်ပြင်းချလိုက်သည်။ အကြာကြီးစောင့်ခဲ့ရပြီးနောက် သူ ဖတ်နိုင်သည့်အပ်ဒိတ်တစ်ခုတည်းသာ ရှိနေသည်။ သူ တကယ့်ကို မကျေနပ်တော့ပေ၊
------------
အိုးရန်ကျင်းလုံ ထွက်ခွာသွားပြီးနောက် ဆုနိုသည် စိတ်ကျရောဂါခံစားနေရသည်။ စိန်ကဲ့သို့သော မျက်လုံးနှစ်လုံးသည် နေ့စဉ်ညတိုင်းမျက်ရည်ကျနေရ၏။ ရဲတိုက်ထဲ၌ အဖြူရောင်အဆင်းရှိ ရင်သပ်ရှုမောဖွယ်ပန်းများကလည်း ညှိုးနွမ်းသွားပြီး ပျော်ရွှင်မှုကို မဖော်ပြနိုင်တော့ပေ။
ခါးသီးသည့်အခိုက်အတန့်၌ ကံအားလျော်စွာ သူ့ရဲ့ကြေကွဲနေသည့်ဝိညာဉ်နှင့် သူ့ရဲ့ခြောက်သွေ့ငတ်မွေ့နေတဲ့ခန္ဓာကိုယ်ကို သက်သာစေတဲ့ ရွှေရောင်မြွေတစ်ကောင်သာရှိခဲ့သည်။
ဆုနို မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။ စာရေးဆရာက တကယ် ထက်မြက်တာပဲ!။ ခြောက်သွေ့ခြင်းနှင့်ရေငတ်ခြင်းတို့သည် တူညီတဲ့အဓိပ္ပာယ်ရှိသော်လည်း ဦးနှောက်ထဲမှာ အတူတကွ ပေါင်းစပ်လိုက်လျှင် လုံးဝကွဲပြားခြားနားတဲ့အဓိပ္ပာယ်တစ်ခုရနေသည်။
ယခင်တုန်းကတော့ အိမ်ထောင်ရေးဖောက်ပြန်သလိုလို အပိုင်ဖမ်းတတ်တဲ့ bottom တစ်ယောက်လို ပုံဖော်ခဲ့သော်လည်း နောက်ဆုံးတွင် အေးစက်ပြီး မျက်ရည်ကျစေတဲ့အလှတရားအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ အဓိကဇာတ်ကောင်က ပြောင်းလဲသွားပြီးအဆင့်တက်သွားတာပဲ!
ညရောက်သောအခါ ဆုနိုနိုသည် သူ့ရဲ့ sexy ကျသည့် ၀တ်စုံကို ၀တ်ထားပြီး ကြယ်ပင်လယ်ကြီးကို ကြည့်နေရင်း ကုတင်ပေါ်တွင်ထိုင်နေသည်။
ရွှေရောင်မြွေသည် အိပ်ယာပေါ်တွင် ခွေလှဲချလိုက်ပြီး သူ့ရဲ့အမြီးကလည်း အလှလေးကို ကျွမ်းကျင်စွာရစ်ပတ်လိုက်သည်။
"မရဘူး၊ ရပ်!"ဆုနိုနို၏မျက်လုံးထဲတွင် မျက်ရည်ပူများဖြင့်ပြည့်နေပြီး "ငါတို့ ဒီလိုမျိုးမလုပ်နိုင်ဘူး"
ဒါပေမယ့် ဖြူစင်တဲ့အလှလေးက အရမ်းအားနည်းလွန်းတယ်။ သူ ဘယ်လိုများ လွတ်မြောက်နိုင်ပါ့မလဲ! သူသည် ခွန်အားအပြည့်သုံး၍ ရုန်းကန်နေရသော်လည်း သူ့ရဲ့ခြေထောက်တွေကို အတင်းခွဲခံထားရပြီး သူ့ရဲ့ ကိုယ်ပိုင်နေရာလေးကို လေထဲသို့ ထုတ်ဖော်ပြသခံခဲ့ရသည်။
"ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ " ဆုနိုနိုသည် မျက်ရည်များဖြင့် စိုစွတ်နေသည့် မျက်တောင်လေးများနှင့်အတူ လက်ချောင်းလေးတွေဖြင့် ပါးစပ်ကိုအုပ်ထားရင်း တောင်းပန်လိုက်သည်။ "ငါ.....ငါ သူ့ကိုပဲချစ်တယ်"
ရွှေရောင်မြွေသည် ထိုအသံကြားလိုက်ရသောအခါ ရုတ်တရက်အေးခဲသွားပြီး သူ့ရဲ့ရွှေမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ငါ သူ့ကို ချစ်တယ်"
ဆုနိုနိုသည် ငိုနေရင်းဖြင့် ပြောလိုက်သည်။ "သူ့ ငါ့ကို ဒီလိုဆက်ဆံနေရင်တောင် သူ့ကိုပဲ တကယ်ချစ်တယ်"
စာဖတ်သူများအားလုံးသည် မှတ်ချက်များပေးကြတော့သည်။ ၎င်းသည် နှိပ်စက်ညှဉ်းပန်းခံရသလိုမျိုး ခံစားရတာကြောင့် သူတို့ မခံမရပ်နိုင် ဖြစ်နေရပြီဟု ဆိုကြသည်။ ဒါ အရမ်းကြေကွဲစရာကောင်းတယ်!
ရွှေရောင်မြွေသည် ဆုနိုနိုကို လွှတ်ပေးလိုက်ပြီး နူးညံ့သည့်မျက်လုံးတွေဖြင့် သူ့ကိုညင်သာစွာ ကြည့်လိုက်သည်။သို့သော်လည်း အိုးရန်ကျင်းလုံအတွက် ငိုနေတဲ့ ဆုနိုနိုက ဒီအမူအရာကို လျစ်လျူရှုခဲ့သည်။
ရွှေရောင်မြွေသည် အိပ်ယာခင်းစကိုကိုက်ချီကာ ဆုနိုနိုကိုလွှမ်းခြုံပေးလိုက်သည်။
လေထုသည် နူးညံ့နွေးထွေးသည့်ပုံစံသို့ ချက်ချင်းပြောင်းသွားပြီး စာရေးသူ၏ပုံမှန်ရေးဟန်မဟုတ်သည်မှာ သိသာထင်ရှားသည်။ ထို့ကြောင့် နောက်စက္ကန့်ပိုင်းတွင် ပလော့သည် ပေသုံးထောင်သို့ ချက်ချင်းကွာဝေးသွားတော့သည်။
ဆုနိုနိုသည် ခေါင်းအုံးအောက်မှ ဓားမြှောင်တစ်ခုကို ရုတ်တရက်ထုတ်လိုက်ပြီး ရွှေရောင်မြွေ၏ကိုယ်ကို ထိုးလိုက်သည်။
လျှပ်တပြက်တွင် ရွှေရောင်အိပ်ယာခင်းများကို သွေးများ ဖုံးလွှမ်းသွားတော့သည်။
WTF! ဆုနို အံ့သြသွားတော့သည်။
ဒီလိုအကြောင်းအရာမျိုးနဲ့ သွေးထွက်ရမယ့် အခန်းတွေက ဘယ်လောက်တောင်ရှိနေတော့မှာလဲ?!
ဒါ အဓိပ္ပါယ်မရှိဘူး!
"မင်းကိုမုန်းတယ်!" ဆုနိုနို၏မျက်ရည်များသည် ထိန်းမနိုင်သိမ်းမရ ကျဆင်းလာတော့သည်။."ငါ သူ့ကိုချစ်တာ မင်းသိရဲ့သားနဲ့။ မင်းဘာလို့ ငါ့ကို ဒီလိုမျိုးတွေလုပ်ရတာလဲ?"
ရွှေရောင်မြွေသည် ကွေးကောက်သွားပြီး ၎င်း၏ခန္ဓာကိုယ်သည် တုန်ယင်နေပြီး တစ်ဆက်ဆက်တုန်ခါနေသည်။
ဆုနိုသည် ဆုနိုနိုကို ကြည့်ပြီး ပြောစရာစကားမဲ့သွားရသည်။ သူက အရက်မူးပြီး ရွှေရောင်မြွေကို အိုးရန်ကျင်းလုံဆိုပြီး မှားမြင်ခဲ့တယ်ဆိုတာ သိသာထင်ရှားတယ်။ ပြီးတော့ သူတို့က မတွေးဝံ့စရာတွေ လုပ်ခဲ့ကြတယ်။ ဒါကို သူက ဒီလိုမေးခွန်းတွေမေးဖို့တောင် မျက်နှာဘယ်လိုထားပြီး မေးနိုင်ရတာလဲ!?
"ငါ မင်းကိုမုန်းတယ်။ ငါ မင်းကိုမုန်းတယ်!" ဆုနိုနိုသည်ငိုနေရင်း မြွေကိုပွေ့ဖက်လျက်ဓားမြှောင်ကို ပစ်ချလိုက်ပြီး "ဒါပေမယ့် မင်းကို ငါ မသေစေချင်ဘူး"
ဆုနိုနှင့်ရွှေရောင်မြွေတို့ နှစ်ကောင်စလုံးသည် သွေးများအန်ထွက်ကုန်ကြတော့သည်။
မင်းက သူ့ကိုမသေစေချင်ဘူး။ ဒါပေမယ့် မင်းပဲ ဓားနဲ့ထိုးလိုက်တာလေ! မင်း ဘယ်လိုတောင်တွေးနိုင်ရတာလဲ !!!
ရွှေရောင်မြွေ၏ပါးစပ်သည် သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း ၎င်း၏မျက်လုံးထဲတွင် အချစ်များဖြင့်ပြည့်နှက်နေဆဲဖြစ်သည်။ ရွှေရောင်မြွေသည် ဆုနိုနို၏မျက်ရည်တွေကို လျှာဖြင့်လျက်လိုက်သည်မှာ အလွန်နူးညံ့သိမ်မွေ့လှစွာ။
စာဖတ်သူများသည် 'အိုးရန်ကျင်းလုံ ချက်ချင်းပေါ်လာစေကြောင်း၊ 3some ဖြစ်စေချင်ကြောင်း' ရူးလောက်စရာ cmtတွေ ပေးကြတော့သည်။
"နာနေလား?" ဆုနိုနိုသည် မြွေ၏ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ပြီး မျက်ရည်များကလည်း အဆက်မပြတ်ကျဆင်းလာသည်။
မြွေသည် ခေါင်းကိုညင်သာစွာ ခါယမ်းလိုက်ပြီး သူ့ကိုကုတင်ပေါ် တွန်းတင်လိုက်သည်။
ထို့နောက် beep ဆိုသည့် အပိုင်းကြီးရောက်လာတော့သည်-----ရှက်စိတ်နှင့်အတူ စိတ်ရှုပ်ထွေးခြင်းတို့ဖြင့် အလွန်ပူပြင်းလာတော့သည်။ သူတို့သည် ညဉ့်နက်မှနံနက်စောစောပိုင်း၊ ထို့နောက် နံနက်စောစောမှ ညဉ့်နက်ပိုင်းအထိ လုပ်ခဲ့ကြသည်။
“နှာဘူးကောင်! ကျေးဇူးပြုပြီး ရပ်လိုက်တော့!” ဆုနိုနိုသည် သူ့ရဲ့အားနည်းသည့်လက်သီးတွေဖြင့် မြွေကို အကြိမ်ကြိမ်ထုရိုက်လိုက်သည်။
ရွှေရောင်မြွေသည် သူ့ခေါင်းကိုနှိမ့်လိုက်ပြီး ဖြူဖွေးနူးညံ့နေသည့် ပုခုံးပေါ်သို့ ကိုက်လိုက်သည်။ ၎င်း၏အဆိပ်ရှိသောသွားများသည် ကြည်လင်သည့် အရေပြားထဲသို့ နစ်ဝင်သွားပြီး လျှပ်စစ်လှိုင်းများစီးဝင်သွားသကဲ့သို့ ပူလောင်သည့်ပျော်ရွှင်မှုမျိုးကို ခံစားရစေသည်။
“အာ.....”ဆုနို၏မေးစေ့သည် မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်သည်လည်း စတင်တုန်လာရင်း တဆတ်ဆတ်တုန်ခါလာသည်။ သူ့မျက်နှာမှာ ပျော်ရွှင်ကျေနပ်နေသည့် မျက်ရည်များဖြင့် တောက်ပနေသည်။
စာဖတ်သူများသည် ဒီလိုမြင်ကွင်းမျိုးကို အမြဲကြိုက်နှစ်သက်ကြစမြဲဖြစ်သည်။ ထို့ကြောင့် အနည်းဆုံးတော့ စာဖတ်သူအချို့သည် ဇာတ်ဝင်ခန်းအချို့ကို Fanart အနေနဲ့ ဆွဲကြသည်။ ဆုနိုက အကျီကို တစ်ဝက်ထိလျှောချထားပြီး ခန္ဓာကိုယ်ကလည်း ရစ်ပတ်တွန့်လိမ်နေသည့်အပြင် သူ့မျက်နှာကိုပါ တပ်ထားသည့် ဖန်သားပြင်ပေါ်က ပုံကိုငေးကြည့်နေပြီးသူ့ရဲ့ ခန္ဓာကိုယ်မှာ တုန်ယင်လာရသည်။ စိတ်ထဲမှာလည်း အလွန်ရှုပ်ထွေးနေလျက်။
ငါ့မျက်နှာကို ဘာလို့ဆက်သုံးနေတာလဲ။ ချိုးကျီယန်လည်း အရမ်းကြည့်ကောင်းတာပဲလေ။ ဟမ့်!
ဆုနိုသည် တတွတ်တွတ်ရေရွက်နေပြီး အောက်သို့ ဆက်ဆင်းသွားလိုက်သည်။
ဆုနိုနို၏အိပ်ယာကို စိန်တွေဖြင့်ပြုလုပ်ထားသော်လည်း သူတို့လုပ်နေတဲ့အရှိန်တွေကို ခံနိုင်ရည်ရှိဖို့လောက်တော့ မခိုင်ပေ။ ဒါကြောင့် ပြိုကျသွားတော့သည်။ ရွှေရောင်မြွေသည် ဆုနိုနိုကို ၎င်း၏အမြီးဖြင့် ဖမ်းလိုက်ပြီး စားပွဲပေါ်တင်ကာ ဆက်ပြီး beep ပါသည်။ သူတို့က တစ်စက္ကန့်တောင်မရပ်ပေ! ဆုနိုနိုသည် သူ့ခြေထောက်တွေကို ပိုမိုကားလာစေပြီး သူ့ထဲသို့ ပို,ပိုပြီး ဝင်လာစေဖို့အတွက် ဆွဲဆောင်လိုက်သည်။ သူ မှားယွင်းစွာ အိုးရန်ကျင်းလုံ၏နာမည်ကို အော်ညည်းလိုက်မိသည်။
အိုးရန်ကျင်းလုံ.....ဒီစာလုံးလေးလုံးဟာ စာလုံးတစ်လုံးလို အသံထွက်သွားပြီးနောက် ချက်ချင်းဆိုသလို အရာအားလုံးရပ်တန့်သွားခဲ့သည်။
ရွှေရောင်မြွေသည် ရပ်တန့်သွားပြီး ၎င်း၏မျက်လုံးများသည် မှိတ်မသွားဘဲ ဆုနိုနိုကို ငေးကြည့်နေသည်။
ဆုနို အနည်းငယ်စိတ်ပူသွားသည်။ မြွေက မနာလိုဝန်တိုစိတ်ကြောင့် တစ်ခုခုလုပ်သွားမှာတော့ မဟုတ်ဘူးမလား?!
အဖြေသည် လုံးဝမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ရွှေရောင်အလင်းတစ်ခုကလင်းလာပြီး ထိုရွှေရောင်မြွေသည် အိုးရန်ကျင်းလုံအဖြစ်သို့ ပြောင်းသွားလေသည်။
WTF! ဆုနို အံ့သြသွားရသည်။
ဒါက ဘာကြီးလဲဟ!
အခြားစာဖတ်သူများလည်း အံ့သြသွားကြသည်။
"Ru!" အိုးရန်ကျင်းလုံက သူ့ကိုချစ်ခင်တွယ်တာစွာကြည့်လိုက်သည်။
“ခင်ဗျား....ခင်ဗျား...ဘယ်လိုလုပ်…အဲဒါ...” ဆုနိုနိုသည် မယုံနိုင်ဖြစ်သွားရသည်။
"ကိုယ်ပါ။ တကယ်ပဲ ကိုယ်ပါ" အိုးရန်ကျင်းလုံက သူ့ရဲ့နူးညံ့သည့် လက်ကလေးတွေကို ဆုပ်ကိုင်လိုက်၏။ "မင်း ကိုယ့်ကိုချစ်တုန်းပဲ မဟုတ်လား?"
"တကယ် ခင်ဗျားပဲ" ဆုနိုနိုသည် တီးတိုးပြောပြီး အိုးရန်ကျင်းလုံ၏ပခုံးပေါ်ရှိသွေးထွက်ဒဏ်ရာကိုကြည့်လိုက်သည်။
“ကျွန်တော် ထိုးလိုက်......”
"ကိစ္စမရှိပါဘူး။ " အိုးရန်ကျင်းလုံ ပြောလိုက်သည်။ "မင်း ကိုယ့်ကိုပေးတဲ့ဒဏ်ရာတွေအားလုံးကို ရတနာတွေလိုပဲ ကိုယ်မြင်တယ်"
ဆုနို၏နောက်ကျောသည် ထုံကျင်လာရသည်။
ဆုနိုနိုသည် စိတ်လှုပ်ရှားနေရပြီး အိုးရန်ကျင်းလုံက လူသားပုံစံဖြစ်သွားသော်လည်း အိုးရန်ကျင်းလုံ၏ beep က သူ့ရဲ့ beep ထဲမှာရှိနေတုန်းဖြစ်ပြီး လျှပ်စစ်စီးသွားသလို ဖြစ်သည့် လှုပ်ရှားမှုအသေးစားလေးတောင် ရှိနေတုန်း ဖြစ်သည်။
“.....ထုတ်ပေး” ဆုနိုနို၏ပါးပြင်လေးသည် နီရဲလို့လာသည်။
"မင်းကိုယ့်ကို တကယ်ထုတ်စေချင်တာလား?" အိုးရန်ကျင်းလုံက သူ့တင်ပါးလေးကိုရိုက်လိုက်ပြီး "ကိုယ်ထင်တာကတော့ မင်းခန္ဓာကိုယ်က ဒီလိုမဟုတ်ဘူးထင်တယ်"
ထို့နောက် ၎င်းတို့နှစ်ဦးသားသည် တစ်ဖန်ဆက်လက် လုပ်ခဲ့ကြသည်။ လုပ်နေစဥ်အတွင်း တစ်ခါတစ်ရံ 'ကိုယ့်ကိုယောကျ်ားလို့ခေါ်' ဆိုတာက တစ်မျိုး၊ 'ခင်ဗျား ထပ်မာပြန်ပြီ' ကတစ်ဖုံ၊ 'အိုး....Ru က အရမ်းတင်းကျပ်ပြီး ပူနွေးနေတာပဲ' စသည် စသဖြင့် အသံတွေ ထွက်လာတော့သည်။
စာရေးဆရာသည် မျက်လုံးစိမ်းများဖြင့် တောက်ပလာပြီး 'အရမ်းကောင်းတယ်၊ ရပ်မနေပါနဲ့၊ အဲဒါကိုမခံနိုင်တော့ဘူး' ကဲ့သို့သော စကားတွေကို ဆက်လက်ရေးသားခဲ့သည်။
ဆုနို အနည်းငယ်စိတ်ပူမိသွားသည်။ အိုးရန်ကျင်းလုံရဲ့ပခုံးက သွေးထွက်နေဆဲဆိုတာကို ဘယ်သူကမှ ဒါကိုမမှတ်မိရတာလဲ? သူ့ဒဏ်ရာကနေ သွေးတွေစီးကျနေပေမယ့်လည်း သူက ဒါကို ဆက်လုပ်နေတုန်းပဲလား!ဆုနို သည် အလွန်စိုးရိမ်ထိတ်လန့်နေခဲ့သည်။
အိုးရန်ကျင်းလုံ၏နောက်ဆုံးတိုးဝင်လာမှုနှင့်အတူ ဇာတ်လမ်းတွဲကြီးသည်လည်း အဆုံးသတ်ခဲ့သည်။ စာရေးသူက မကြာသေးမီက သူမမှာ စာရေးဖို့လှုံ့ဆော်မှုမရှိသည့်အပြင် တကယ်လည်းအလုပ်များနေသောကြောင့် ခဏတာအနားယူရန်နှင့် စာဖတ်သူများအနေနဲ့ ဒီစာအုပ်နှင့် ဆုနိုနို & အိုးရန်လုံ အကြောင်းတို့ကို မေ့မသွားရန် မျှော်လင့်ကြောင်း ရေးထားသည်။
ဆုနိုသည် အိုးရန်လုံဟူသော အက္ခရာသုံးလုံးကိုငေးကြည့်နေပြီး စိတ်ဓါတ်ကျကာ စိတ်ထွေပြားနေသလို ခံစားလိုက်ရသည်။
ဘာလို့လဲဆိုတော့ ရေးထားတဲ့ နာမည်က မှားနေတယ်လေ! သူ့လူကြီးရဲ့ နာမည်ရင်း ဖြစ်နေတယ်!ဒါ ဘာလဲ?! စာရေးသူက သူရဲ့ကိုယ်ပိုင်ဇာတ်ကောင်နာမည်ကိုတောင် စာလုံးပေါင်းမှားပြီး ရေးထားတယ်ပေါ့! ဒါက ငါ့ကိုတကယ် စိတ်အနှောက်အယှက်ဖြစ်စေတယ်။အား!
“နိုနို...” ဟန်ဝေသည် အခန်းမီးများဖွင့်ထားသည်ကို မြင်သောအခါ တံခါးကိုခေါက်လိုက်သည်။ “ မင်းဘာလို့မအိပ်သေးတာလဲ?”
"ကျွန်တော် အခုအိပ်တော့မယ်!" ဆုနို မီးကိုပိတ်,သူ့ iPad ကို စားပွဲပေါ်ပြန်တင်လိုက်ပြီး အိပ်ပျော်သွားသည်။
သူ အဲ့လိုလုပ်မလား?
ဘယ်လုပ်မလဲ!
သူက သူ့ဖုန်းကို ထုတ်လိုက်ပြန်သည်။ ဘာကြောင့်လဲဆိုတော့ သူ အိပ်ရာမ၀င်ခင်မှာ သူရဲ့ ခန့်ညားချောမောတဲ့ဒါရိုက်တာကို ဂွတ်နိုက်စကားလေး ပြောဖို့ လိုသေးလို့ပဲ!
"မအိပ်သေးဘူးလား?" အိုးရန်လုံဆီ ဖုန်းဝင်လာသည်။
"အခု အိပ်ယာထဲရောက်နေပြီ။ " ဆုနိုသည် အိပ်ယာပေါ်မှာ လဲလျောင်းလိုက်ပြီး "ဒါရိုက်တာကြီးရော?"
"ဆေးလိပ်သောက်ပြီးရင် အိပ်တော့မယ် " အိုးရန်လုံသည် နူးနူးညံ့ညံ့ ပြန်ပြောလိုက်သည်။
"ဆေးလိပ်မသောက်ပါနဲ့လား?" ဆုနို သူ့ကို အပြစ်တင် ဆုံးမလိုက်သည်။ "ဒါက ဒါရိုက်တာကြီးရဲ့ခန္ဓာကိုယ်အတွက် မကောင်းဘူး"
“ ကောင်းပါပြီ ” အိုးရန်လုံသည် တစ်ဝက်ပဲ သောက်ရသေးတဲ့ စီးကရက်ကို အမှိုက်ပုံးထဲသို့ ပစ်ချလိုက်ပြီး "ဒါဆို ကိုယ်ဖြတ်လိုက်မယ်နော်"
"စောစောအိပ်နော် " ဆုနိုသည် စောင်ပေါ်တွင် လှိမ့်နေကာ “ကျွန်တော်တို့ မနက်ဖြန်မနက်စာ အတူတူစားလို့ပြီ”
“အဲ့ဒီနေရာလေးက နာနေသေးလား?” အိုးရန်လုံ မေးလိုက်သည်။
ဆုနိုသည် ချက်ချင်းပင် မျက်နှာနီရဲသွားသည်။
“ကိုယ်မင်းကို ပေးထားတဲ့လိမ်းဆေးကို လိမ်းဖို့မမေ့နဲ့နော်။ မနက်ဖြန် ကိုယ် ပြန်စစ်မယ် "
ဒါရိုက်တာကြီးက ဘာကိုဆိုလိုချင်တာလဲ ... ဆုနိုရဲ့မျက်နှာက မီးထတောက်တော့မည်။
“ကောင်းပြီ။ စောစောအိပ်တော့ ” အိုးရန်လုံသည် သူ့ကို ဖုန်းကနေတဆင့် အနမ်းလေး ပေးလိုက်သည်။ "ကောင်းသောညပါ။ ကလေးလေး"
"ကောင်းသောညပါ " ဆုနိုသည် ယဉ်ကျေးသိမ်မွေ့သူလေးဖြစ်သည့်အတွက်ကြောင့် အိပ်ယာပေါ်တွင် ပျော်ရွှင်စွာ လှိမ့်လိုက်သည်။
ဒီလိုနေ့ရက်တွေက တကယ်ကိုပျော်စရာကောင်းတယ် ...
သူ့အိပ်မက်တွေတောင်မှ ချိုမြိန်ခဲ့တယ်....
__________
ဆုနိုသည် အနှောင့်အယှက်မရှိဘဲ နားနားနေနေ နေလိုသော်လည်းပဲ ပြည်မသို့ ပြန်ရန်လိုသေးသည်။ ဆုနိုသည် မရီးအား နှုတ်ဆက်စကားဆိုပြီးနောက် သူ့ဘေးတွင်ဖြစ်ပျက်နေသည်ကို ဆွံအလျက် ငေးကြည့်နေမိသည်။
"ကျေးဇူးပြုပြီး ထွက်သွားမပါနဲ့....ဦးဦးရယ် " ဟန်ရှောင်းရှီသည် မျက်ရည်တွေကျနေပြီး အိုးရန်လုံ၏လည်ပင်းကို အသက်နှင့်သေခြင်း လွန်ဆွဲနေသကဲ့သို့ပင် အသည်းအသန်တွယ်ဖက်ထားသည်။
ဟန်ဝေခင်ဗျာ အကြီးအကျယ်ခေါင်းကိုက်ခဲ့ရသည်။
“ကောင်းပြီ။ ဦးဦးလာပြီး ရှီရှီကို လာတွေ့ပါ့မယ်” အိုးရန်လုံသည် သူမကို ပြန်လည် ပွေ့ဖက်ထားသည်။ "မငိုပါနဲ့။ "
"သမီးတို့က စတော်ဘယ်ရီကိတ်မုန့်ကိုတောင် အတူတူမစားရသေးဘူး" ဟန်ရှောင်းရှီ ဝမ်းနည်းနေမိသည်။
“ဦးဦး နောက်တစ်ခါဆို ရှီရှီနဲ့အတူတူ လာစားမယ်လေ” အိုးရန်လုံက ခေါင်းငုံ့ပြီး သူမကို မြေပြင်ပေါ်သို့ ချပေးလိုက်သည်။ “ အဆင်ပြေပါတယ်။ မငိုပါနဲ့။ ”
"ဒါဆိုရင် ဦးဦး မြန်မြန်ပြန်လာရမယ်နော်" ဟန်ရှောင်းရှီလေးခင်ဗျာ ကြို့ထိုးလို့နေသည်။
“ဦးဦး ကတိပေးပါတယ်” အိုးရန်လုံက သူ့ညာလက်ကိုမြှောက်လိုက်သည်။
"နောက်တစ်ခါ သမီးက စနိုးဝှိုက် ၀တ်စုံကိုဝတ်မယ်။ ဦးဦးက မင်းသားလေးရဲ့ဝတ်စုံကို ၀တ်ရမယ်နော်" ဟန်ရှောင်းရှီသည် အလေးအနက်ပြောခဲ့သည်။
ဘာရယ်!ဘာကြောင့်လဲ!ဆုနို မျက်လုံးပြူးသွားရသည်။ သူက ငါ့လူ!
ဟန်ဝေသည် ဒေါသထွက်ရန်ပင် အင်အားမရှိတော့ချေ။
"ရှောင်းရှီကသာ အလှဆုံးမင်းသမီးလေး" အိုးရန်လုံသည် သူမကို သူ့အမေဆီ ပြန်ပေးလိုက်သည်။
"လိမ္မာလေ။ဦးဦးကို နှုတ်ဆက်လိုက် "
"နှုတ်ဆက်ပါတယ် ဦးဦး" ဟန်ရှောင်းရှီသည် တွန့်ဆုတ်နေပေမယ့်လည်း သူမရဲ့လက်လေးကိုဝှေ့ယမ်းပြီး သူ့ကိုနှုတ်ဆက်ခဲ့ပါသေးသည်။
"မင်းအဖေကို ဘာလို့မနှုတ်ဆက်နိုင်ရတာလဲ?" ဟန်ဝေသည် နောက်ဆုံးတော့ မတတ်နိုင်တော့ဘဲ ဒေါသထွက်လာသည်။
"တာ့တာ့......ဖေဖေ" ဟန်ရှောင်းရှီသည် ဝှေ့ယမ်းလိုက်ပေမယ့် သူမရဲ့မျက်လုံးတွေက အိုးရန်လုံကိုသာ စူးစိုက်ကြည့်နေပြီး အဝေးဆီ လွှဲမသွားခဲ့ပေ။
"သူ ဒီစကားတွေကို ဘယ်လိုပြောနိုင်ရတာလဲ!" ဆုနိုသည်လည်း စိတ်ဆိုးနေပုံရသည်။
"မင်းထက်တော့ ပိုမဆိုးပါဘူး!" ဟန်ဝေသည် ဒေါသတကြီးဖြင့် ကားထဲသို့ ၀င်လာသည်။
ဒါက ကျွန်တော်နဲ့ဘာဆိုင်လို့လဲ ??
ဆုနိုသည် မတရားစွပ်စွဲခံလိုက်ရသလို ခံစားခဲ့ရသည်။
ကျွန်တော်ကို အပြစ်တင်ဖို့ ဒီဆင်ခြေကိုသုံးလို့မရဘူး ... ကျွန်တော်က အပြစ်ကင်းတယ်!
ထောင်ပေါင်းများစွာသောအခက်အခဲများအပြီးတွင် ငွေရောင်ကားလေးသည် လေဆိပ်သို့သွားရာလမ်းသို့ နောက်ဆုံးတော့ ရောက်ရှိခဲ့သည်။ ဆုနိုသည် ကားပြတင်းပေါက်မှ မှန်ချကြည့်နေကာ အနည်းငယ်နောင်တရသွားသည်။
သူ တကယ်မထွက်သွားချင်ဘူး! သူ့နှလုံးသားထဲမှာ 'ကြေကွဲနေတဲ့နှလုံးသားဖြင့် မရင်းနှီးတဲ့မြို့တစ်မြို့သို့ ရောက်လာခြင်း' သို့မဟုတ် 'ပြန်မချစ်တော့ဟု မူလက ထင်ခဲ့သည့်ခံစားချက်' သို့မဟုတ် 'ခရီးမသွားမီ အချစ်ကိုထပ်မံရရှိရန် မမျှော်လင့်' နှင့် အခြား ထိုကဲ့သို့သော စာကြောင်းများဖြင့် ပြည့်နေတော့သည်။ထိုအရာများသည် cheesy ဖြစ်လွန်းပြီး ကြည့်ရ အလွန်ခက်သည်။
သူက အစားအသောက်တွေကို ကြိုက်နှစ်သက်သူဆိုရင်တောင် အနုပညာလောကထဲက food lover တစ်ယောက် ဖြစ်သည်။ ဆုနိုသည် သူ့ကိုယ်သူ သူ့နောက်ကျောလေးကို မပုတ်ဘဲ မနေနိုင်ပေ။
လေဆိပ်အမြန်လမ်းကို မ၀င်မီ အစ်ကိုကြီးနှင့်ဒါရိုက်တာတို့က သူ့ကို ပြောလိုက်သည်။ “ပြတင်းပေါက်ကိုပိတ်တော့”
ဆုနိုသည် ဖြောင့်ဖြောင့်တန်းတန်းထိုင်လိုက်ရပြီး သူ့နှလုံးသားထဲ၌ ဖိအားအနည်းငယ်ခံစားရသည်။
မူလက သူ့အနားမှာအုပ်ထိန်းသူတစ်ယောက်သာရှိသော်လည်း ယခုနှစ်ယောက်ရှိနေပြီဖြစ်သည်။
အခု ငါ တကယ်ပဲ စိတ်ဆင်းရဲရတယ်!
ဒါ စာသားအတိုင်းဆိုရင် 'ပွဲတွေကိုရောင်းတဲ့ The Xiao Su Nuo' တဲ့။
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
T/N: fanfic ထဲက ဆုႏိုႏိုနဲ႔ Main story ထဲက ဆုႏို မတူပါဘူးေနာ္ ႐ႈပ္ေနမွာစိုးလို႔ပါ မွားလည္း မေရးထားပါဘူး fanfic ေရးတဲ့ မမေတြက သူတို႔ဘာသာ သူတို႔ မွားေရးထားတာပါ XD
_________________________
အခန္း(၆၅):ကြၽန္ေတာ္ စားခ်င္တယ္ႏွင့္ stress ပိစိေလး
“သူတို႔က ဘိုကင္ႀကိဳတင္ထားတဲ့ စားေသာက္ဆိုင္မွာ မစားျဖစ္ဘူး” ဆိုတဲ့အခ်က္ေၾကာင့္ မစၥတာဒါ႐ိုက္တာသည္ ဆုႏိုကို အရမ္းကိုမွ သက္ေတာင့္သက္သာျဖစ္ေစရန္ လုပ္ေပးေနရသည္။ ဒါေပမယ့္လည္း ဆုႏိုကေတာ့ ေတာ္ေတာ္စိတ္ဆိုးေနတုန္းပဲ။ သူေရခ်ိဳးၿပီးတာေတာင္မွ မေက်မနပ္ အထြန္႔ေလးတက္ကာ ေျပာေနေသး၏။
ထို႔ေၾကာင့္ အိုးရန္လုံသည္ ခ်က္ခ်င္းပင္ အျပစ္႐ွိသလိုခံစားရၿပီး သူ႕အမွားျဖစ္ေၾကာင္းကို သတိျပဳမိလိုက္သည္။ သူသည္ အဝတ္ေလွ်ာ္ခုံေပၚတြင္ ဒူးေထာက္၍ ခြင့္လႊတ္ေပးဖို႔ ငိုယိုကာ ဆုႏိုကို စားစရိတ္ဆယ္ဆေပးေလ်ာ္မည္ ဟုေျပာခဲ့သည္။
မွားပါတယ္!တကယ္ေတာ့ ဒါက ဆုႏိုရဲ႕လွပတဲ့စိတ္ကူးယဥ္မႈသက္သက္ပါပဲ!
အဲဒီအခ်ိန္မွာပဲ ဆုႏိုရဲ႕အစ္ကိုႀကီးက သူ႕ကို ဖုန္းဆက္၍ လွမ္းဆြယ္လိုက္သည္။ “မင္းမရီးက အရသာ႐ွိတဲ့ ဝက္ဆားနယ္နဲ႔ထမင္း ခ်က္ထားတယ္။ ဆားနယ္ထားတဲ့ၾကက္ဥေတြလည္း အရမ္းအရသာ႐ွိတယ္။ ႏူးညံ့တဲ့ငါးေပါင္းေတြပါ လုပ္ထားတယ္ေနာ္ ”
နာနီ?
ဆုႏိုရဲ႕မ်က္လုံးေတြသည္ ခ်က္ခ်င္းပင္ ေတာက္ပလာၿပီး မစၥတာဒါ႐ိုက္တာအေပၚ သူ႕ရဲ႕ခ်စ္ျခင္းေမတၱာေတြကိုေတာင္ ခ်က္ခ်င္းပင္ ေမ့ေပ်ာက္သြားသည္။ "ကြၽန္ေတာ္ မၾကာခင္ျပန္လာခဲ့မယ္!"
အိုးရန္လုံ:........
“ေကာင္းၿပီ။ ကိတ္မုန္႔နဲ႔လိေမၼာ္သီးပိုင္မုန္႔ေတြလည္း ႐ွိေသးတယ္ ” ဟန္ေဝ အလြန္ေက်နပ္သြားသည္။
မိုက္ၿပီပဲ! ဆုႏိုသည္ ခ်က္ခ်င္းထကာ အဝတ္အစားလဲလိုက္ေတာ့သည္။
"..........."
“ဒါေပမယ့္ မင္းမျပန္ေသးဘူးလို႔ ကိုယ့္ကိုေျပာခဲ့တယ္ေလ” အိုးရန္လုံသည္ သူ႕ကို အေနာက္ကေန ေပြ႕ဖက္လိုက္သည္။
ဒါေပမယ့္ ဒါ႐ိုက္တာႀကီးက ကြၽန္ေတာ္ကို မေကြၽးဘူးေလ! ဆုႏိုသည္ သူ႕နဖူးကိုနမ္းလိုက္ၿပီး အတြင္းခံေဘာင္းဘီကို မဆိုင္းမတြပဲ ဆက္ဝတ္လိုက္သည္။
သူ႕ရဲ႕ ဂႏၶမာပန္းေလးက အနည္းငယ္နာက်င္ေနေသာ္လည္း သူ႕အျမင္အရ ဒီမွာ အိပ္ရတာထက္ အိမ္ျပန္ရသည္က ပိုေကာင္းသည္။
ပထမအခ်က္အေနနဲ႔ အိမ္ျပန္ၿပီး အစားအေသာက္ေတြကို အႀကိဳက္တြယ္လို႔ရတယ္။ ဒုတိယအခ်က္က ဒါ႐ိုက္တာႀကီးရဲ႕ေ႐ွ႕မွာ ငါ့ရဲ႕ပုံရိပ္ကို ကာကြယ္ႏိုင္လိမ့္မယ္!ငါ့အတြက္ေတာင္ ေငြမျဖဳန္းတီးခ်င္ဘူးလားလို႔ သူ႕ကိုခံစားေစရလိမ့္မယ္!
"မင္းအစ္ကိုႀကီးက ဘာေတြမ်ားေျပာျပန္တာလဲ?" အိုးရန္လုံ ေခါင္းကိုက္လာရသည္။
"ကြၽန္ေတာ္ တူမေလးက အေအးမိေနတယ္။ ဒါေၾကာင့္ သူမကို အိပ္ယာဝင္ပုံျပင္တစ္ပုဒ္ေျပာျပရမယ္" ဆုႏိုသည္ သူ႕တာဝန္ကိုအ႐ွက္မဲ့စြာ ေ႐ွာင္႐ွားလိုက္သည္။
ဟန္ေ႐ွာင္း႐ွီသည္ အိပ္ေပ်ာ္ေနၿပီျဖစ္၍ သူမ၏ႏွာေခါင္းဆီသို႔ ႐ုတ္တရက္ပိုးေကာင္တစ္ေကာင္ပ်ံလာသကဲ့သို႔ ခံစားလိုက္ရသည္။
"ဟတ္ခ်ိဳး!"
"ကိုယ္မင္းကို အိမ္ထဲမွာေသာ့ခတ္ထားၿပီး တျခားဘယ္သူ႕ကိုမွ မျပခ်င္ဘူး" အိုးရန္လုံသည္ တကယ္ကို ကူကယ္ရာမဲ့သလို ခံစားခဲ့ရေသာ္လည္း ဆုႏိုကို ၾကယ္သီး ကူတပ္ေပးဖို႔ရာ အိပ္ယာေပၚကေန ထလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔က အိမ္ျပန္ရေတာ့မွာပဲေလ။ အဲ့ခါက်ရင္ ကြၽန္ေတာ္တို႔ အတူတူ ေနလို႔ရၿပီ" ဆုႏိုသည္ အိုးရန္လုံကို ႏွစ္သိမ့္ေပးလိုက္သည္။ ထို႔ေၾကာင့္ ဒီတစ္ရက္/ႏွစ္ရက္သည္ ေစာင့္ရက်ိဳးနပ္ပါသည္။
"ေသခ်ာလား?" အိုးရန္လုံ သူ႕ႏွာေခါင္းေလးကို ညစ္လိုက္သည္။ " မင္းအစ္ကိုႀကီးက ကိုယ့္ကို ျပန္ေရာက္ရင္ ပါပါရာဇီေတြဆီကေန မမိရေအာင္ မင္းဆီကို ခဏခဏ လာမေတြ႕ရဘူးလို႔ ေျပာထားတယ္" ဟန္ေဝမွာ အျခားကိစၥ႐ွိေသးတယ္ဆိုတာကို အိုးရန္လုံ သိေပမယ့္လည္း အဲဒီ့အၾကံေတြက အက်ိဳးအေၾကာင္းမသင့္တာလည္း မဟုတ္ေပ။
"စိတ္ခ်။ ပါပါရာဇီေတြဆီကေန ကြၽန္ေတာ္ရဲ႕ဖုံးကြယ္ႏိုင္စြမ္းက အရမ္းျမင့္တယ္!" ဆုႏိုသည္ ေလးေလးနက္နက္ျဖင့္ေျပာလိုက္ၿပီး အထူးသျဖင့္ သူ႕ကိုယ္သူယုံၾကည္မႈအျပည့္႐ွိေနသည္။
ဆြဲေဆာင္မႈ႐ွိၿပီး ႐ုပ္ရည္ေခ်ာေမာတဲ့ေမာ္ဒယ္တစ္ေယာက္ျဖစ္တဲ့အတြက္ အမ်ားႀကီးမစားႏိုင္ခဲ့ဘူး။ ဒါေပမယ့္ အစားေသာက္ႀကိဳက္သူတစ္ေယာက္အေနနဲ႔ စားဖို႔လိုေသးတယ္ေလ!
ေမာ္ဒယ္တစ္ေယာက္ျဖစ္လာရန္ ခက္ခဲေသာေၾကာင့္ ေမွ်ာ္လင့္ခ်က္ႏွစ္ခုလုံးႏွင့္အညီ ဆုႏိုသည္မိမိ၏အစြမ္းအစကို အျပည့္အဝအသုံးခ်ခဲ့ရၿပီး သူ႕ရဲ႕ဖုံးကြယ္မႈႏွင့္ လွည့္စားႏိုင္စြမ္းတို႔ကလည္း အလြန္အမင္း တိုးတက္ခဲ့သည္။တစ္ခါတစ္ေလဆို သူ႕အစ္ကိုႀကီးေတာင္ သူ႐ွိေနမည့္ေနရာကို မသိေပ။ ပါပါရာဇီဆို ေျပာႏိုင္ဖြယ္ မလို။
ခက္ခဲသည့္အခ်ိန္မ်ားတြင္ အရည္အခ်င္းႏွင့္စြမ္းရည္ေတြက ေရာက္႐ွိလာခဲ့သည္။
အရာအားလုံးက အတင္းတြန္းအားေပးမႈေၾကာင့္ လြတ္ထြက္လာခဲ့ျခင္းေပ.........
ဆုႏိုက ေခါင္းမာလြန္းေသာေၾကာင့္ အိုးရန္လုံသည္လည္း သူ႕ကိုအိမ္သို႔ ေမာင္းပို႔ေပးခဲ့ရသည္။အိုးရန္လုံသည္ သူ႕ကို ထိုင္ခုံတြင္ ဖိထားၿပီး ကားေပၚက ဆင္းမသြားမီ ပူပူေႏြးေႏြးအနမ္းေလး ေပးလိုက္ေသးသည္။ ဆုႏိုကေတာ့ ဆန္႔က်င္ဘက္ျဖစ္စြာ သူရဲ႕စိတ္အေျခအေနသည္ ပို၍ ႐ႊင္လန္းေနခဲ့သည္။
ဆုႏိုသည္ တံခါးကိုတြန္းဖြင့္လိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ အရသာ႐ွိသည့္အသားနံ႔တို႔ကို ရလိုက္သည္။
အစားအေသာက္ေတြရဲ႕ အနံ႔က တကယ္အံ့ၾသဖြယ္ပဲ!
"ႏိုႏိုျပန္လာၿပီလား?" သူ႕ရဲ႕မရီးက အသံအခ်ိဳ႕ကိုၾကားလိုက္ရေတာ့ ေလွကားမွဆင္းလာခဲ့သည္။ "အမ မင္းအတြက္ ထမင္းျပင္ေပးမယ္"
“မလုပ္ေပးပါနဲ႔၊ အဆင္ေျပပါတယ္။ကြၽန္ေတာ္ ကိုယ္တိုင္လုပ္လိုက္မယ္" ဆုႏိုသည္ သူမကို တားရန္ သူမဘက္သို႔ အလ်င္အျမန္သြားလိုက္သည္။
"ေ႐ွာင္း႐ွီက အိပ္ရာဝင္သြားၿပီ။ ၿပီးေတာ့လည္း အမ အိပ္လို႔မရေသးလို႔ပါ" သူမက တကယ္ကိုႏူးညံ့ၾကင္နာတတ္သည္။
"အစ္ကိုႀကီးေရာ ဘယ္မွာလဲ?" ဆုႏို ေမးလိုက္သည္။
“သူက မင္းအတြက္သစ္သီးေဖ်ာ္ရည္ဝယ္ဖို႔ စူပါမားကတ္ကိုသြားတယ္။ သူျပန္လာေတာ့မယ္လို႔ေျပာတယ္။ေနာက္ဆုံးဘူးက ေ႐ွာင္း႐ွီေၾကာင့္ ဖိတ္သြားတယ္ေလ။ မင္းအစ္ကိုႀကီးက မင္းေတာ့ ႐ိုး႐ိုးေရကိုေတာ့ ႀကိဳက္မွာ မဟုတ္ဘူးဆိုၿပီး သြားဝယ္ေလရဲ႕။ မင္းျပန္လာရင္ ေရဆာေနမွာကိုလည္း စိုးရိမ္ေနတယ္ေလ "
ဆုႏို၏ႏွာေခါင္းေလးသည္ ခ်က္ခ်င္းပင္ ႐ႈံ႕မဲ့မဲ့ျဖစ္သြားသည္။ သူ႕ရဲ႕ အစ္ကိုႀကီးနဲ႔မရီးတို႔က သူ႕အေပၚကို အရမ္းၾကင္နာၾကတာပဲ!
ဟန္ေဝသည္ သူ႕ရဲ႕အိတ္ေတြနဲ႔အတူ ျပန္ေရာက္လာေတာ့ ဆုႏိုသည္ သူ႕ကိုယ္သူ အသားပုံၾကားထဲမွာ ႏွစ္ျမႇပ္ေနၿပီျဖစ္သည္။ သူက သူ႕ေ႐ွ႕မွာတင္ သုံးပန္းကန္စားၿပီးေလၿပီ။ သူ႕ရဲ႕အစာစားႏိုင္စြမ္းက တကယ့္ကို အားေကာင္းေနေတာ့တယ္!
သူ တကယ္ဗိုက္ဆာေနတာပဲ!
"အိုးရန္လုံက မင္းကိုထမင္းမေကြၽးလိုက္ဘူးလား?!" ဟန္ေဝသည္ ဆုႏိုကိုပထမဆုံးတစ္ခ်က္ၾကည့္မိလိုက္ေတာ့ ေဒါသထြက္သြားရသည္။
မဟုတ္ဘူး! ခန္႔မွန္းတာကိုရပ္လိုက္!
ဆုႏို သူ႕အစ္ကိုႀကီးကို ေလးေလးနက္နက္ၾကည့္ကာ ေျပာလိုက္သည္။ "ကြၽန္ေတာ္ဘာသာ ကြၽန္ေတာ္မစားခ်င္တာပါ"
"မင္းကေတာ့ ေမွ်ာ္လင့္ခ်က္မဲ့ေနၿပီပဲ!" ဟန္ေဝသည္ဆုႏိုတစ္ေယာက္ သူ႕သေဘာ သူ႕စိတ္ႀကိဳက္ မေန,တာကို သူမုန္းသည္။
သူ႕ညီငယ္ေလးက ပူးေပါင္းဖို႔ဆႏၵမ႐ွိေသာေၾကာင့္ ဟန္ေဝသည္ ထိုအမိႈက္ေကာင္ကို႐ိုက္ႏွက္ရန္ ဆင္ေျခကို အမွန္တကယ္လိုခ်င္မိသည္။သူ႕စိတ္ထဲမွာ တကယ္ကို ေဒါသေတြ ေတာက္ေလာင္ေနရတယ္လို႔ ခံစားလိုက္ရသည္။
Bro-con ျဖစ္တဲ့ အစ္ကိုတစ္ေယာက္အေနႏွင့္ ဟန္ေဝသည္ ဆုႏိုကို 'မင္းမွာရည္းစား႐ွိရင္ေတာင္ ဒါက ဘာမွမဟုတ္ဘူး!ႏွစ္ေယာက္သား Living together ေနသြားဖို႔လည္း မလိုဘူး!သူက မင္းကိုအႏိုင္က်င့္ရဲရင္ အစ္ကိုႀကီး သူ႕ကို ႀကိတ္စက္ထဲ ထည့္ႀကိတ္ပစ္မယ္!!! ' ဆိုၿပီး သူ႕ကို သင္တန္းပို႔ခ်ခ်င္ပါေသာ္လည္း ကယ္တင္လို႔မရတဲ့ ဆုႏိုသည္ သူ႕အစ္ကိုႀကီးကို တကယ္မေထာက္ခံေပ။ သူ အားအင္ျပည့္ၿပီးတဲ့ေနာက္ စတင္ၿပီး သမ္းေဝလာေတာ့သည္။
ဟန္ေဝ:.....
ဆုႏိုသည္ အိပ္ခ်င္ေနသည့္ မ်က္လုံးေတြျဖင့္ သူ႕ကိုၾကည့္လာသည္။
"ေစာေစာအိပ္ေတာ့ " ဟန္ေဝ ထိုစကားမ်ားကိုသာ မ်ိဳခ်ခဲ့ရသည္။
"ေကာင္းေသာညပါ အစ္ကိုႀကီး" ဆုႏိုသည္ အလြန္အက်င့္စာရိတၱေကာင္းမြန္သူျဖစ္သျဖင့္ သူ႕ရဲ႕ တူေတြကိုသန္႔႐ွင္းေရးလုပ္ၿပီးေနာက္ အေပၚထပ္သို႔တက္ကာ အိပ္လိုက္ေတာ့သည္။
သူ႕ရဲ႕အိပ္ယာေလးသည္ အလြန္ပင္ အိစက္ညက္ေညာေနကာ ေစာင္ေတြကလည္း အလြန္ပင္ ႏူးညံ့လွသည္။ဆုႏို ကုတင္ေပၚတြင္ လဲေလ်ာင္းလိုက္ရေတာ့ အမွန္တကယ္ပင္ ေပ်ာ္႐ႊင္သြားရသည္။
အခု အတင္းအဖ်င္းေတြေျပာၾကတဲ့ website ကိုဝင္ၾကည့္ရမယ္!
ပင္မစာမ်က္ႏွာသည္ ရင္းႏွီးေနဆဲျဖစ္ေသာ္လည္း ေတြ႕ေနက်ပို႔စ္မ်ားကို မေတြ႕မိေခ်။ ဆုႏိုသည္ search box ကိုသုံးခဲ့ရၿပီး ဤေသြးစုပ္ဝတၳဳသည္ အဘယ္ေၾကာင့္ ေပ်ာက္ကြယ္ေနရတာလဲဆိုတာကို ေတြးမိသည္။ ဒီဝတၳဳက ထိပ္ဆုံးမွာ႐ွိသင့္ေနၿပီးေတာ့ super hot ျဖစ္သင့္ေနတယ္လို႔ ေျပာဖို႔က က်ိဳးေၾကာင္းဆီေလ်ာ္၏။
သူ ပို႔စ္ကိုဖြင့္ကာ အဆုံးထိဖတ္ၾကည့္လိုက္ေတာ့ စာေရးသူသည္ အားလပ္ရက္ယူရန္ႏွင့္ အနားယူရန္ေတာင္းဆိုထားသည္ကို ေတြ႕လိုက္ရသည္။ အားလပ္ရက္ ယူလြန္းတဲ့ စာေရးဆရာေတြက စာေရးဆရာေကာင္းေတြမဟုတ္ၾကဘူးကြ!
ဆုႏိုသည္ ေနာင္တရကာ သက္ျပင္းခ်လိုက္သည္။ အၾကာႀကီးေစာင့္ခဲ့ရၿပီးေနာက္ သူ ဖတ္ႏိုင္သည့္အပ္ဒိတ္တစ္ခုတည္းသာ ႐ွိေနသည္။ သူ တကယ့္ကို မေက်နပ္ေတာ့ေပ၊
------------
အိုးရန္က်င္းလုံ ထြက္ခြာသြားၿပီးေနာက္ ဆုႏိုသည္ စိတ္က်ေရာဂါခံစားေနရသည္။ စိန္ကဲ့သို႔ေသာ မ်က္လုံးႏွစ္လုံးသည္ ေန႔စဥ္ညတိုင္းမ်က္ရည္က်ေနရ၏။ ရဲတိုက္ထဲ၌ အျဖဴေရာင္အဆင္း႐ွိ ရင္သပ္႐ႈေမာဖြယ္ပန္းမ်ားကလည္း ညိႇဳးႏြမ္းသြားၿပီး ေပ်ာ္႐ႊင္မႈကို မေဖာ္ျပႏိုင္ေတာ့ေပ။
ခါးသီးသည့္အခိုက္အတန္႔၌ ကံအားေလ်ာ္စြာ သူ႕ရဲ႕ေၾကကြဲေနသည့္ဝိညာဥ္ႏွင့္ သူ႕ရဲ႕ေျခာက္ေသြ႕ငတ္ေမြ႕ေနတဲ့ခႏၶာကိုယ္ကို သက္သာေစတဲ့ ေ႐ႊေရာင္ေႁမြတစ္ေကာင္သာ႐ွိခဲ့သည္။
ဆုႏို မေအာ္ဟစ္ဘဲ မေနႏိုင္ေတာ့ေပ။ စာေရးဆရာက တကယ္ ထက္ျမက္တာပဲ!။ ေျခာက္ေသြ႕ျခင္းႏွင့္ေရငတ္ျခင္းတို႔သည္ တူညီတဲ့အဓိပၸာယ္႐ွိေသာ္လည္း ဦးေႏွာက္ထဲမွာ အတူတကြ ေပါင္းစပ္လိုက္လွ်င္ လုံးဝကြဲျပားျခားနားတဲ့အဓိပၸာယ္တစ္ခုရေနသည္။
ယခင္တုန္းကေတာ့ အိမ္ေထာင္ေရးေဖာက္ျပန္သလိုလို အပိုင္ဖမ္းတတ္တဲ့ bottom တစ္ေယာက္လို ပုံေဖာ္ခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ ေအးစက္ၿပီး မ်က္ရည္က်ေစတဲ့အလွတရားအျဖစ္ ခ်က္ခ်င္းေျပာင္းလဲသြားသည္။ အဓိကဇာတ္ေကာင္က ေျပာင္းလဲသြားၿပီးအဆင့္တက္သြားတာပဲ!
ညေရာက္ေသာအခါ ဆုႏိုႏိုသည္ သူ႕ရဲ႕ sexy က်သည့္ ၀တ္စုံကို ၀တ္ထားၿပီး ၾကယ္ပင္လယ္ႀကီးကို ၾကည့္ေနရင္း ကုတင္ေပၚတြင္ထိုင္ေနသည္။
ေ႐ႊေရာင္ေႁမြသည္ အိပ္ယာေပၚတြင္ ေခြလွဲခ်လိုက္ၿပီး သူ႕ရဲ႕အၿမီးကလည္း အလွေလးကို ကြၽမ္းက်င္စြာရစ္ပတ္လိုက္သည္။
"မရဘူး၊ ရပ္!"ဆုႏိုႏို၏မ်က္လုံးထဲတြင္ မ်က္ရည္ပူမ်ားျဖင့္ျပည့္ေနၿပီး "ငါတို႔ ဒီလိုမ်ိဳးမလုပ္ႏိုင္ဘူး"
ဒါေပမယ့္ ျဖဴစင္တဲ့အလွေလးက အရမ္းအားနည္းလြန္းတယ္။ သူ ဘယ္လိုမ်ား လြတ္ေျမာက္ႏိုင္ပါ့မလဲ! သူသည္ ခြန္အားအျပည့္သုံး၍ ႐ုန္းကန္ေနရေသာ္လည္း သူ႕ရဲ႕ေျခေထာက္ေတြကို အတင္းခြဲခံထားရၿပီး သူ႕ရဲ႕ ကိုယ္ပိုင္ေနရာေလးကို ေလထဲသို႔ ထုတ္ေဖာ္ျပသခံခဲ့ရသည္။
"ေက်းဇူးျပဳၿပီး မလုပ္ပါနဲ႔။ " ဆုႏိုႏိုသည္ မ်က္ရည္မ်ားျဖင့္ စိုစြတ္ေနသည့္ မ်က္ေတာင္ေလးမ်ားႏွင့္အတူ လက္ေခ်ာင္းေလးေတြျဖင့္ ပါးစပ္ကိုအုပ္ထားရင္း ေတာင္းပန္လိုက္သည္။ "ငါ.....ငါ သူ႕ကိုပဲခ်စ္တယ္"
ေ႐ႊေရာင္ေႁမြသည္ ထိုအသံၾကားလိုက္ရေသာအခါ ႐ုတ္တရက္ေအးခဲသြားၿပီး သူ႕ရဲ႕ေ႐ႊမ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။
"ငါ သူ႕ကို ခ်စ္တယ္"
ဆုႏိုႏိုသည္ ငိုေနရင္းျဖင့္ ေျပာလိုက္သည္။ "သူ႕ ငါ့ကို ဒီလိုဆက္ဆံေနရင္ေတာင္ သူ႕ကိုပဲ တကယ္ခ်စ္တယ္"
စာဖတ္သူမ်ားအားလုံးသည္ မွတ္ခ်က္မ်ားေပးၾကေတာ့သည္။ ၎သည္ ႏွိပ္စက္ညႇဥ္းပန္းခံရသလိုမ်ိဳး ခံစားရတာေၾကာင့္ သူတို႔ မခံမရပ္ႏိုင္ ျဖစ္ေနရၿပီဟု ဆိုၾကသည္။ ဒါ အရမ္းေၾကကြဲစရာေကာင္းတယ္!
ေ႐ႊေရာင္ေႁမြသည္ ဆုႏိုႏိုကို လႊတ္ေပးလိုက္ၿပီး ႏူးညံ့သည့္မ်က္လုံးေတြျဖင့္ သူ႕ကိုညင္သာစြာ ၾကည့္လိုက္သည္။သို႔ေသာ္လည္း အိုးရန္က်င္းလုံအတြက္ ငိုေနတဲ့ ဆုႏိုႏိုက ဒီအမူအရာကို လ်စ္လ်ဴ႐ႈခဲ့သည္။
ေ႐ႊေရာင္ေႁမြသည္ အိပ္ယာခင္းစကိုကိုက္ခ်ီကာ ဆုႏိုႏိုကိုလႊမ္းျခဳံေပးလိုက္သည္။
ေလထုသည္ ႏူးညံ့ေႏြးေထြးသည့္ပုံစံသို႔ ခ်က္ခ်င္းေျပာင္းသြားၿပီး စာေရးသူ၏ပုံမွန္ေရးဟန္မဟုတ္သည္မွာ သိသာထင္႐ွားသည္။ ထို႔ေၾကာင့္ ေနာက္စကၠန္႔ပိုင္းတြင္ ပေလာ့သည္ ေပသုံးေထာင္သို႔ ခ်က္ခ်င္းကြာေဝးသြားေတာ့သည္။
ဆုႏိုႏိုသည္ ေခါင္းအုံးေအာက္မွ ဓားေျမႇာင္တစ္ခုကို ႐ုတ္တရက္ထုတ္လိုက္ၿပီး ေ႐ႊေရာင္ေႁမြ၏ကိုယ္ကို ထိုးလိုက္သည္။
လွ်ပ္တျပက္တြင္ ေ႐ႊေရာင္အိပ္ယာခင္းမ်ားကို ေသြးမ်ား ဖုံးလႊမ္းသြားေတာ့သည္။
WTF! ဆုႏို အံ့ၾသသြားေတာ့သည္။
ဒီလိုအေၾကာင္းအရာမ်ိဳးနဲ႔ ေသြးထြက္ရမယ့္ အခန္းေတြက ဘယ္ေလာက္ေတာင္႐ွိေနေတာ့မွာလဲ?!
ဒါ အဓိပၸါယ္မ႐ွိဘူး!
"မင္းကိုမုန္းတယ္!" ဆုႏိုႏို၏မ်က္ရည္မ်ားသည္ ထိန္းမႏိုင္သိမ္းမရ က်ဆင္းလာေတာ့သည္။."ငါ သူ႕ကိုခ်စ္တာ မင္းသိရဲ႕သားနဲ႔။ မင္းဘာလို႔ ငါ့ကို ဒီလိုမ်ိဳးေတြလုပ္ရတာလဲ?"
ေ႐ႊေရာင္ေႁမြသည္ ေကြးေကာက္သြားၿပီး ၎၏ခႏၶာကိုယ္သည္ တုန္ယင္ေနၿပီး တစ္ဆက္ဆက္တုန္ခါေနသည္။
ဆုႏိုသည္ ဆုႏိုႏိုကို ၾကည့္ၿပီး ေျပာစရာစကားမဲ့သြားရသည္။ သူက အရက္မူးၿပီး ေ႐ႊေရာင္ေႁမြကို အိုးရန္က်င္းလုံဆိုၿပီး မွားျမင္ခဲ့တယ္ဆိုတာ သိသာထင္႐ွားတယ္။ ၿပီးေတာ့ သူတို႔က မေတြးဝံ့စရာေတြ လုပ္ခဲ့ၾကတယ္။ ဒါကို သူက ဒီလိုေမးခြန္းေတြေမးဖို႔ေတာင္ မ်က္ႏွာဘယ္လိုထားၿပီး ေမးႏိုင္ရတာလဲ!?
"ငါ မင္းကိုမုန္းတယ္။ ငါ မင္းကိုမုန္းတယ္!" ဆုႏိုႏိုသည္ငိုေနရင္း ေႁမြကိုေပြ႕ဖက္လ်က္ဓားေျမႇာင္ကို ပစ္ခ်လိုက္ၿပီး "ဒါေပမယ့္ မင္းကို ငါ မေသေစခ်င္ဘူး"
ဆုႏိုႏွင့္ေ႐ႊေရာင္ေႁမြတို႔ ႏွစ္ေကာင္စလုံးသည္ ေသြးမ်ားအန္ထြက္ကုန္ၾကေတာ့သည္။
မင္းက သူ႕ကိုမေသေစခ်င္ဘူး။ ဒါေပမယ့္ မင္းပဲ ဓားနဲ႔ထိုးလိုက္တာေလ! မင္း ဘယ္လိုေတာင္ေတြးႏိုင္ရတာလဲ !!!
ေ႐ႊေရာင္ေႁမြ၏ပါးစပ္သည္ ေသြးမ်ားျဖင့္ ဖုံးလႊမ္းေနေသာ္လည္း ၎၏မ်က္လုံးထဲတြင္ အခ်စ္မ်ားျဖင့္ျပည့္ႏွက္ေနဆဲျဖစ္သည္။ ေ႐ႊေရာင္ေႁမြသည္ ဆုႏိုႏို၏မ်က္ရည္ေတြကို လွ်ာျဖင့္လ်က္လိုက္သည္မွာ အလြန္ႏူးညံ့သိမ္ေမြ႕လွစြာ။
စာဖတ္သူမ်ားသည္ 'အိုးရန္က်င္းလုံ ခ်က္ခ်င္းေပၚလာေစေၾကာင္း၊ 3some ျဖစ္ေစခ်င္ေၾကာင္း' ႐ူးေလာက္စရာ cmtေတြ ေပးၾကေတာ့သည္။
"နာေနလား?" ဆုႏိုႏိုသည္ ေႁမြ၏ခႏၶာကိုယ္ကို ေပြ႕ဖက္လိုက္ၿပီး မ်က္ရည္မ်ားကလည္း အဆက္မျပတ္က်ဆင္းလာသည္။
ေႁမြသည္ ေခါင္းကိုညင္သာစြာ ခါယမ္းလိုက္ၿပီး သူ႕ကိုကုတင္ေပၚ တြန္းတင္လိုက္သည္။
ထို႔ေနာက္ beep ဆိုသည့္ အပိုင္းႀကီးေရာက္လာေတာ့သည္-----႐ွက္စိတ္ႏွင့္အတူ စိတ္႐ႈပ္ေထြးျခင္းတို႔ျဖင့္ အလြန္ပူျပင္းလာေတာ့သည္။ သူတို႔သည္ ညဥ့္နက္မွနံနက္ေစာေစာပိုင္း၊ ထို႔ေနာက္ နံနက္ေစာေစာမွ ညဥ့္နက္ပိုင္းအထိ လုပ္ခဲ့ၾကသည္။
“ႏွာဘူးေကာင္! ေက်းဇူးျပဳၿပီး ရပ္လိုက္ေတာ့!” ဆုႏိုႏိုသည္ သူ႕ရဲ႕အားနည္းသည့္လက္သီးေတြျဖင့္ ေႁမြကို အႀကိမ္ႀကိမ္ထု႐ိုက္လိုက္သည္။
ေ႐ႊေရာင္ေႁမြသည္ သူ႕ေခါင္းကိုႏွိမ့္လိုက္ၿပီး ျဖဴေဖြးႏူးညံ့ေနသည့္ ပုခုံးေပၚသို႔ ကိုက္လိုက္သည္။ ၎၏အဆိပ္႐ွိေသာသြားမ်ားသည္ ၾကည္လင္သည့္ အေရျပားထဲသို႔ နစ္ဝင္သြားၿပီး လွ်ပ္စစ္လိႈင္းမ်ားစီးဝင္သြားသကဲ့သို႔ ပူေလာင္သည့္ေပ်ာ္႐ႊင္မႈမ်ိဳးကို ခံစားရေစသည္။
“အာ.....”ဆုႏို၏ေမးေစ့သည္ ျမင့္တက္လာၿပီး သူ႕ခႏၶာကိုယ္သည္လည္း စတင္တုန္လာရင္း တဆတ္ဆတ္တုန္ခါလာသည္။ သူ႕မ်က္ႏွာမွာ ေပ်ာ္႐ႊင္ေက်နပ္ေနသည့္ မ်က္ရည္မ်ားျဖင့္ ေတာက္ပေနသည္။
စာဖတ္သူမ်ားသည္ ဒီလိုျမင္ကြင္းမ်ိဳးကို အၿမဲႀကိဳက္ႏွစ္သက္ၾကစၿမဲျဖစ္သည္။ ထို႔ေၾကာင့္ အနည္းဆုံးေတာ့ စာဖတ္သူအခ်ိဳ႕သည္ ဇာတ္ဝင္ခန္းအခ်ိဳ႕ကို Fanart အေနနဲ႔ ဆြဲၾကသည္။ ဆုႏိုက အက်ီကို တစ္ဝက္ထိေလွ်ာခ်ထားၿပီး ခႏၶာကိုယ္ကလည္း ရစ္ပတ္တြန္႔လိမ္ေနသည့္အျပင္ သူ႕မ်က္ႏွာကိုပါ တပ္ထားသည့္ ဖန္သားျပင္ေပၚက ပုံကိုေငးၾကည့္ေနၿပီးသူ႕ရဲ႕ ခႏၶာကိုယ္မွာ တုန္ယင္လာရသည္။ စိတ္ထဲမွာလည္း အလြန္႐ႈပ္ေထြးေနလ်က္။
ငါ့မ်က္ႏွာကို ဘာလို႔ဆက္သုံးေနတာလဲ။ ခ်ိဳးက်ီယန္လည္း အရမ္းၾကည့္ေကာင္းတာပဲေလ။ ဟမ့္!
ဆုႏိုသည္ တတြတ္တြတ္ေရ႐ြက္ေနၿပီး ေအာက္သို႔ ဆက္ဆင္းသြားလိုက္သည္။
ဆုႏိုႏို၏အိပ္ယာကို စိန္ေတြျဖင့္ျပဳလုပ္ထားေသာ္လည္း သူတို႔လုပ္ေနတဲ့အ႐ွိန္ေတြကို ခံႏိုင္ရည္႐ွိဖို႔ေလာက္ေတာ့ မခိုင္ေပ။ ဒါေၾကာင့္ ၿပိဳက်သြားေတာ့သည္။ ေ႐ႊေရာင္ေႁမြသည္ ဆုႏိုႏိုကို ၎၏အၿမီးျဖင့္ ဖမ္းလိုက္ၿပီး စားပြဲေပၚတင္ကာ ဆက္ၿပီး beep ပါသည္။ သူတို႔က တစ္စကၠန္႔ေတာင္မရပ္ေပ! ဆုႏိုႏိုသည္ သူ႕ေျခေထာက္ေတြကို ပိုမိုကားလာေစၿပီး သူ႕ထဲသို႔ ပို,ပိုၿပီး ဝင္လာေစဖို႔အတြက္ ဆြဲေဆာင္လိုက္သည္။ သူ မွားယြင္းစြာ အိုးရန္က်င္းလုံ၏နာမည္ကို ေအာ္ညည္းလိုက္မိသည္။
အိုးရန္က်င္းလုံ.....ဒီစာလုံးေလးလုံးဟာ စာလုံးတစ္လုံးလို အသံထြက္သြားၿပီးေနာက္ ခ်က္ခ်င္းဆိုသလို အရာအားလုံးရပ္တန္႔သြားခဲ့သည္။
ေ႐ႊေရာင္ေႁမြသည္ ရပ္တန္႔သြားၿပီး ၎၏မ်က္လုံးမ်ားသည္ မွိတ္မသြားဘဲ ဆုႏိုႏိုကို ေငးၾကည့္ေနသည္။
ဆုႏို အနည္းငယ္စိတ္ပူသြားသည္။ ေႁမြက မနာလိုဝန္တိုစိတ္ေၾကာင့္ တစ္ခုခုလုပ္သြားမွာေတာ့ မဟုတ္ဘူးမလား?!
အေျဖသည္ လုံးဝမဟုတ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ေ႐ႊေရာင္အလင္းတစ္ခုကလင္းလာၿပီး ထိုေ႐ႊေရာင္ေႁမြသည္ အိုးရန္က်င္းလုံအျဖစ္သို႔ ေျပာင္းသြားေလသည္။
WTF! ဆုႏို အံ့ၾသသြားရသည္။
ဒါက ဘာႀကီးလဲဟ!
အျခားစာဖတ္သူမ်ားလည္း အံ့ၾသသြားၾကသည္။
"Ru!" အိုးရန္က်င္းလုံက သူ႕ကိုခ်စ္ခင္တြယ္တာစြာၾကည့္လိုက္သည္။
“ခင္ဗ်ား....ခင္ဗ်ား...ဘယ္လိုလုပ္…အဲဒါ...” ဆုႏိုႏိုသည္ မယုံႏိုင္ျဖစ္သြားရသည္။
"ကိုယ္ပါ။ တကယ္ပဲ ကိုယ္ပါ" အိုးရန္က်င္းလုံက သူ႕ရဲ႕ႏူးညံ့သည့္ လက္ကေလးေတြကို ဆုပ္ကိုင္လိုက္၏။ "မင္း ကိုယ့္ကိုခ်စ္တုန္းပဲ မဟုတ္လား?"
"တကယ္ ခင္ဗ်ားပဲ" ဆုႏိုႏိုသည္ တီးတိုးေျပာၿပီး အိုးရန္က်င္းလုံ၏ပခုံးေပၚ႐ွိေသြးထြက္ဒဏ္ရာကိုၾကည့္လိုက္သည္။
“ကြၽန္ေတာ္ ထိုးလိုက္......”
"ကိစၥမ႐ွိပါဘူး။ " အိုးရန္က်င္းလုံ ေျပာလိုက္သည္။ "မင္း ကိုယ့္ကိုေပးတဲ့ဒဏ္ရာေတြအားလုံးကို ရတနာေတြလိုပဲ ကိုယ္ျမင္တယ္"
ဆုႏို၏ေနာက္ေက်ာသည္ ထုံက်င္လာရသည္။
ဆုႏိုႏိုသည္ စိတ္လႈပ္႐ွားေနရၿပီး အိုးရန္က်င္းလုံက လူသားပုံစံျဖစ္သြားေသာ္လည္း အိုးရန္က်င္းလုံ၏ beep က သူ႕ရဲ႕ beep ထဲမွာ႐ွိေနတုန္းျဖစ္ၿပီး လွ်ပ္စစ္စီးသြားသလို ျဖစ္သည့္ လႈပ္႐ွားမႈအေသးစားေလးေတာင္ ႐ွိေနတုန္း ျဖစ္သည္။
“.....ထုတ္ေပး” ဆုႏိုႏို၏ပါးျပင္ေလးသည္ နီရဲလို႔လာသည္။
"မင္းကိုယ့္ကို တကယ္ထုတ္ေစခ်င္တာလား?" အိုးရန္က်င္းလုံက သူ႕တင္ပါးေလးကို႐ိုက္လိုက္ၿပီး "ကိုယ္ထင္တာကေတာ့ မင္းခႏၶာကိုယ္က ဒီလိုမဟုတ္ဘူးထင္တယ္"
ထို႔ေနာက္ ၎တို႔ႏွစ္ဦးသားသည္ တစ္ဖန္ဆက္လက္ လုပ္ခဲ့ၾကသည္။ လုပ္ေနစဥ္အတြင္း တစ္ခါတစ္ရံ 'ကိုယ့္ကိုေယာက်္ားလို႔ေခၚ' ဆိုတာက တစ္မ်ိဳး၊ 'ခင္ဗ်ား ထပ္မာျပန္ၿပီ' ကတစ္ဖုံ၊ 'အိုး....Ru က အရမ္းတင္းက်ပ္ၿပီး ပူေႏြးေနတာပဲ' စသည္ စသျဖင့္ အသံေတြ ထြက္လာေတာ့သည္။
စာေရးဆရာသည္ မ်က္လုံးစိမ္းမ်ားျဖင့္ ေတာက္ပလာၿပီး 'အရမ္းေကာင္းတယ္၊ ရပ္မေနပါနဲ႔၊ အဲဒါကိုမခံႏိုင္ေတာ့ဘူး' ကဲ့သို႔ေသာ စကားေတြကို ဆက္လက္ေရးသားခဲ့သည္။
ဆုႏို အနည္းငယ္စိတ္ပူမိသြားသည္။ အိုးရန္က်င္းလုံရဲ႕ပခုံးက ေသြးထြက္ေနဆဲဆိုတာကို ဘယ္သူကမွ ဒါကိုမမွတ္မိရတာလဲ? သူ႕ဒဏ္ရာကေန ေသြးေတြစီးက်ေနေပမယ့္လည္း သူက ဒါကို ဆက္လုပ္ေနတုန္းပဲလား!ဆုႏို သည္ အလြန္စိုးရိမ္ထိတ္လန္႔ေနခဲ့သည္။
အိုးရန္က်င္းလုံ၏ေနာက္ဆုံးတိုးဝင္လာမႈႏွင့္အတူ ဇာတ္လမ္းတြဲႀကီးသည္လည္း အဆုံးသတ္ခဲ့သည္။ စာေရးသူက မၾကာေသးမီက သူမမွာ စာေရးဖို႔လႈံ႕ေဆာ္မႈမ႐ွိသည့္အျပင္ တကယ္လည္းအလုပ္မ်ားေနေသာေၾကာင့္ ခဏတာအနားယူရန္ႏွင့္ စာဖတ္သူမ်ားအေနနဲ႔ ဒီစာအုပ္ႏွင့္ ဆုႏိုႏို & အိုးရန္လုံ အေၾကာင္းတို႔ကို ေမ့မသြားရန္ ေမွ်ာ္လင့္ေၾကာင္း ေရးထားသည္။
ဆုႏိုသည္ အိုးရန္လုံဟူေသာ အကၡရာသုံးလုံးကိုေငးၾကည့္ေနၿပီး စိတ္ဓါတ္က်ကာ စိတ္ေထြျပားေနသလို ခံစားလိုက္ရသည္။
ဘာလို႔လဲဆိုေတာ့ ေရးထားတဲ့ နာမည္က မွားေနတယ္ေလ! သူ႕လူႀကီးရဲ႕ နာမည္ရင္း ျဖစ္ေနတယ္!ဒါ ဘာလဲ?! စာေရးသူက သူရဲ႕ကိုယ္ပိုင္ဇာတ္ေကာင္နာမည္ကိုေတာင္ စာလုံးေပါင္းမွားၿပီး ေရးထားတယ္ေပါ့! ဒါက ငါ့ကိုတကယ္ စိတ္အေႏွာက္အယွက္ျဖစ္ေစတယ္။အား!
“ႏိုႏို...” ဟန္ေဝသည္ အခန္းမီးမ်ားဖြင့္ထားသည္ကို ျမင္ေသာအခါ တံခါးကိုေခါက္လိုက္သည္။ “ မင္းဘာလို႔မအိပ္ေသးတာလဲ?”
"ကြၽန္ေတာ္ အခုအိပ္ေတာ့မယ္!" ဆုႏို မီးကိုပိတ္,သူ႕ iPad ကို စားပြဲေပၚျပန္တင္လိုက္ၿပီး အိပ္ေပ်ာ္သြားသည္။
သူ အဲ့လိုလုပ္မလား?
ဘယ္လုပ္မလဲ!
သူက သူ႕ဖုန္းကို ထုတ္လိုက္ျပန္သည္။ ဘာေၾကာင့္လဲဆိုေတာ့ သူ အိပ္ရာမ၀င္ခင္မွာ သူရဲ႕ ခန္႔ညားေခ်ာေမာတဲ့ဒါ႐ိုက္တာကို ဂြတ္ႏိုက္စကားေလး ေျပာဖို႔ လိုေသးလို႔ပဲ!
"မအိပ္ေသးဘူးလား?" အိုးရန္လုံဆီ ဖုန္းဝင္လာသည္။
"အခု အိပ္ယာထဲေရာက္ေနၿပီ။ " ဆုႏိုသည္ အိပ္ယာေပၚမွာ လဲေလ်ာင္းလိုက္ၿပီး "ဒါ႐ိုက္တာႀကီးေရာ?"
"ေဆးလိပ္ေသာက္ၿပီးရင္ အိပ္ေတာ့မယ္ " အိုးရန္လုံသည္ ႏူးႏူးညံ့ညံ့ ျပန္ေျပာလိုက္သည္။
"ေဆးလိပ္မေသာက္ပါနဲ႔လား?" ဆုႏို သူ႕ကို အျပစ္တင္ ဆုံးမလိုက္သည္။ "ဒါက ဒါ႐ိုက္တာႀကီးရဲ႕ခႏၶာကိုယ္အတြက္ မေကာင္းဘူး"
“ ေကာင္းပါၿပီ ” အိုးရန္လုံသည္ တစ္ဝက္ပဲ ေသာက္ရေသးတဲ့ စီးကရက္ကို အမိႈက္ပုံးထဲသို႔ ပစ္ခ်လိုက္ၿပီး "ဒါဆို ကိုယ္ျဖတ္လိုက္မယ္ေနာ္"
"ေစာေစာအိပ္ေနာ္ " ဆုႏိုသည္ ေစာင္ေပၚတြင္ လွိမ့္ေနကာ “ကြၽန္ေတာ္တို႔ မနက္ျဖန္မနက္စာ အတူတူစားလို႔ၿပီ”
“အဲ့ဒီေနရာေလးက နာေနေသးလား?” အိုးရန္လုံ ေမးလိုက္သည္။
ဆုႏိုသည္ ခ်က္ခ်င္းပင္ မ်က္ႏွာနီရဲသြားသည္။
“ကိုယ္မင္းကို ေပးထားတဲ့လိမ္းေဆးကို လိမ္းဖို႔မေမ့နဲ႔ေနာ္။ မနက္ျဖန္ ကိုယ္ ျပန္စစ္မယ္ "
ဒါ႐ိုက္တာႀကီးက ဘာကိုဆိုလိုခ်င္တာလဲ ... ဆုႏိုရဲ႕မ်က္ႏွာက မီးထေတာက္ေတာ့မည္။
“ေကာင္းၿပီ။ ေစာေစာအိပ္ေတာ့ ” အိုးရန္လုံသည္ သူ႕ကို ဖုန္းကေနတဆင့္ အနမ္းေလး ေပးလိုက္သည္။ "ေကာင္းေသာညပါ။ ကေလးေလး"
"ေကာင္းေသာညပါ " ဆုႏိုသည္ ယဥ္ေက်းသိမ္ေမြ႕သူေလးျဖစ္သည့္အတြက္ေၾကာင့္ အိပ္ယာေပၚတြင္ ေပ်ာ္႐ႊင္စြာ လွိမ့္လိုက္သည္။
ဒီလိုေန႔ရက္ေတြက တကယ္ကိုေပ်ာ္စရာေကာင္းတယ္ ...
သူ႕အိပ္မက္ေတြေတာင္မွ ခ်ိဳၿမိန္ခဲ့တယ္....
__________
ဆုႏိုသည္ အေႏွာင့္အယွက္မ႐ွိဘဲ နားနားေနေန ေနလိုေသာ္လည္းပဲ ျပည္မသို႔ ျပန္ရန္လိုေသးသည္။ ဆုႏိုသည္ မရီးအား ႏႈတ္ဆက္စကားဆိုၿပီးေနာက္ သူ႕ေဘးတြင္ျဖစ္ပ်က္ေနသည္ကို ဆြံအလ်က္ ေငးၾကည့္ေနမိသည္။
"ေက်းဇူးျပဳၿပီး ထြက္သြားမပါနဲ႔....ဦးဦးရယ္ " ဟန္ေ႐ွာင္း႐ွီသည္ မ်က္ရည္ေတြက်ေနၿပီး အိုးရန္လုံ၏လည္ပင္းကို အသက္ႏွင့္ေသျခင္း လြန္ဆြဲေနသကဲ့သို႔ပင္ အသည္းအသန္တြယ္ဖက္ထားသည္။
ဟန္ေဝခင္ဗ်ာ အႀကီးအက်ယ္ေခါင္းကိုက္ခဲ့ရသည္။
“ေကာင္းၿပီ။ ဦးဦးလာၿပီး ႐ွီ႐ွီကို လာေတြ႕ပါ့မယ္” အိုးရန္လုံသည္ သူမကို ျပန္လည္ ေပြ႕ဖက္ထားသည္။ "မငိုပါနဲ႔။ "
"သမီးတို႔က စေတာ္ဘယ္ရီကိတ္မုန္႔ကိုေတာင္ အတူတူမစားရေသးဘူး" ဟန္ေ႐ွာင္း႐ွီ ဝမ္းနည္းေနမိသည္။
“ဦးဦး ေနာက္တစ္ခါဆို ႐ွီ႐ွီနဲ႔အတူတူ လာစားမယ္ေလ” အိုးရန္လုံက ေခါင္းငုံ႔ၿပီး သူမကို ေျမျပင္ေပၚသို႔ ခ်ေပးလိုက္သည္။ “ အဆင္ေျပပါတယ္။ မငိုပါနဲ႔။ ”
"ဒါဆိုရင္ ဦးဦး ျမန္ျမန္ျပန္လာရမယ္ေနာ္" ဟန္ေ႐ွာင္း႐ွီေလးခင္ဗ်ာ ႀကိဳ႕ထိုးလို႔ေနသည္။
“ဦးဦး ကတိေပးပါတယ္” အိုးရန္လုံက သူ႕ညာလက္ကိုေျမႇာက္လိုက္သည္။
"ေနာက္တစ္ခါ သမီးက စႏိုးဝိႈက္ ၀တ္စုံကိုဝတ္မယ္။ ဦးဦးက မင္းသားေလးရဲ႕ဝတ္စုံကို ၀တ္ရမယ္ေနာ္" ဟန္ေ႐ွာင္း႐ွီသည္ အေလးအနက္ေျပာခဲ့သည္။
ဘာရယ္!ဘာေၾကာင့္လဲ!ဆုႏို မ်က္လုံးျပဴးသြားရသည္။ သူက ငါ့လူ!
ဟန္ေဝသည္ ေဒါသထြက္ရန္ပင္ အင္အားမ႐ွိေတာ့ေခ်။
"ေ႐ွာင္း႐ွီကသာ အလွဆုံးမင္းသမီးေလး" အိုးရန္လုံသည္ သူမကို သူ႕အေမဆီ ျပန္ေပးလိုက္သည္။
"လိမၼာေလ။ဦးဦးကို ႏႈတ္ဆက္လိုက္ "
"ႏႈတ္ဆက္ပါတယ္ ဦးဦး" ဟန္ေ႐ွာင္း႐ွီသည္ တြန္႔ဆုတ္ေနေပမယ့္လည္း သူမရဲ႕လက္ေလးကိုေဝွ႔ယမ္းၿပီး သူ႕ကိုႏႈတ္ဆက္ခဲ့ပါေသးသည္။
"မင္းအေဖကို ဘာလို႔မႏႈတ္ဆက္ႏိုင္ရတာလဲ?" ဟန္ေဝသည္ ေနာက္ဆုံးေတာ့ မတတ္ႏိုင္ေတာ့ဘဲ ေဒါသထြက္လာသည္။
"တာ့တာ့......ေဖေဖ" ဟန္ေ႐ွာင္း႐ွီသည္ ေဝွ႔ယမ္းလိုက္ေပမယ့္ သူမရဲ႕မ်က္လုံးေတြက အိုးရန္လုံကိုသာ စူးစိုက္ၾကည့္ေနၿပီး အေဝးဆီ လႊဲမသြားခဲ့ေပ။
"သူ ဒီစကားေတြကို ဘယ္လိုေျပာႏိုင္ရတာလဲ!" ဆုႏိုသည္လည္း စိတ္ဆိုးေနပုံရသည္။
"မင္းထက္ေတာ့ ပိုမဆိုးပါဘူး!" ဟန္ေဝသည္ ေဒါသတႀကီးျဖင့္ ကားထဲသို႔ ၀င္လာသည္။
ဒါက ကြၽန္ေတာ္နဲ႔ဘာဆိုင္လို႔လဲ ??
ဆုႏိုသည္ မတရားစြပ္စြဲခံလိုက္ရသလို ခံစားခဲ့ရသည္။
ကြၽန္ေတာ္ကို အျပစ္တင္ဖို႔ ဒီဆင္ေျခကိုသုံးလို႔မရဘူး ... ကြၽန္ေတာ္က အျပစ္ကင္းတယ္!
ေထာင္ေပါင္းမ်ားစြာေသာအခက္အခဲမ်ားအၿပီးတြင္ ေငြေရာင္ကားေလးသည္ ေလဆိပ္သို႔သြားရာလမ္းသို႔ ေနာက္ဆုံးေတာ့ ေရာက္႐ွိခဲ့သည္။ ဆုႏိုသည္ ကားျပတင္းေပါက္မွ မွန္ခ်ၾကည့္ေနကာ အနည္းငယ္ေနာင္တရသြားသည္။
သူ တကယ္မထြက္သြားခ်င္ဘူး! သူ႕ႏွလုံးသားထဲမွာ 'ေၾကကြဲေနတဲ့ႏွလုံးသားျဖင့္ မရင္းႏွီးတဲ့ၿမိဳ႕တစ္ၿမိဳ႕သို႔ ေရာက္လာျခင္း' သို႔မဟုတ္ 'ျပန္မခ်စ္ေတာ့ဟု မူလက ထင္ခဲ့သည့္ခံစားခ်က္' သို႔မဟုတ္ 'ခရီးမသြားမီ အခ်စ္ကိုထပ္မံရ႐ွိရန္ မေမွ်ာ္လင့္' ႏွင့္ အျခား ထိုကဲ့သို႔ေသာ စာေၾကာင္းမ်ားျဖင့္ ျပည့္ေနေတာ့သည္။ထိုအရာမ်ားသည္ cheesy ျဖစ္လြန္းၿပီး ၾကည့္ရ အလြန္ခက္သည္။
သူက အစားအေသာက္ေတြကို ႀကိဳက္ႏွစ္သက္သူဆိုရင္ေတာင္ အႏုပညာေလာကထဲက food lover တစ္ေယာက္ ျဖစ္သည္။ ဆုႏိုသည္ သူ႕ကိုယ္သူ သူ႕ေနာက္ေက်ာေလးကို မပုတ္ဘဲ မေနႏိုင္ေပ။
ေလဆိပ္အျမန္လမ္းကို မ၀င္မီ အစ္ကိုႀကီးႏွင့္ဒါ႐ိုက္တာတို႔က သူ႕ကို ေျပာလိုက္သည္။ “ျပတင္းေပါက္ကိုပိတ္ေတာ့”
ဆုႏိုသည္ ေျဖာင့္ေျဖာင့္တန္းတန္းထိုင္လိုက္ရၿပီး သူ႕ႏွလုံးသားထဲ၌ ဖိအားအနည္းငယ္ခံစားရသည္။
မူလက သူ႕အနားမွာအုပ္ထိန္းသူတစ္ေယာက္သာ႐ွိေသာ္လည္း ယခုႏွစ္ေယာက္႐ွိေနၿပီျဖစ္သည္။
အခု ငါ တကယ္ပဲ စိတ္ဆင္းရဲရတယ္!
ဒါ စာသားအတိုင္းဆိုရင္ 'ပြဲေတြကိုေရာင္းတဲ့ The Xiao Su Nuo' တဲ့။