[Unicode]
အခန်း(၆၃):ဝန်ခံခြင်းနှင့် လက်ထပ်ခြင်းအဆိုပြုလွှာ
"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ အကိုကျီရန် အဲဒီကိုသွားသေးတယ်မလား?" ထန်ရှောင်းယွီ မေးလိုက်သည်က Today မဂ္ဂဇင်းအတွက် ရိုက်ကူးရေးအကြောင်းကို ပြောနေတာပဲ ဖြစ်သည်။
"ခံစားချက်တွေက မတူဘူးလေ" ချိုးကျီယန် အောက်ထပ်သို့ဆင်းရန် ဓါတ်လှေကား ခလုတ်ကိုနှိပ်လိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက်တုန်း မီဒီယာအတွက်ကြော်ငြာရိုက်ကူးဖို့ သွားခဲ့တာ။ ဒီညသွားတာက ပြဇာတ်ကို ရှု့စားဖို့လေ"
"ဒါဆို ကျွန်တော် အိမ်အရင်ပြန်နှင့်လို့ရမလား?" ထန်ရှောင်းယွီ မေးလိုက်သည်။
"မရဘူး" မစ္စတာချိုး ငြင်းလိုက်သည်။
"ဒါပေမယ့် ကျွန်တော် ပြဇာတ်တွေကို စိတ်မ၀င်စားဘူး" ထိုစကားကိုကြားပြီးနောက် ထန်ရှောင်းယွီ စိတ်ဓာတ်ကျသွားရသည်။
"ဟာသက အရမ်းရယ်ရတယ်လို့ကြားတယ်။ မင်းအစကနေ အဆုံးအထိရယ်နေရမှာ" ချိုးကျီယန်ကတော့ စိတ်ရှည်လက်ရှည် ချော့မော့ ဆွယ်နေသည်။ "ကိုယ်တို့ အဲ့ဒီကို အပန်းဖြေဖို့သွားကြတာပေါ့"
ထန်ရှောင်းယွီ သူ့ကို ဆွံ့အလျက် ကြည့်လိုက်ပြီး "ဒီနေ့ပဲ ကျွန်တော့် ဖုန်းထဲကနေ အဲ့တာနဲ့ ပတ်သက်ပြီး သတင်းတွေ့တယ်။ ပရိသတ်တွေက သူတို့ကြည့်နေရင်းတောင် ငိုရတယ်တဲ့"
"သူတို့မှာ ဟာသဆဲလ်တွေမရှိလို့ပဲနေမယ်" ချိုးကျီယန် အရှက်မဲ့စွာပြန်ဖြေသည်။
ထို့ကြောင့် အစစ်အမှန်နံပါတ် ၁ ဖြစ်ဖို့အရေးအကြီးဆုံးက မျက်နှာအရေထူဖို့ပဲ။ ဒါ တကယ်အရေးကြီးတယ်!
ဓာတ်လှေကားသည် မြေအောက်ထပ် ၁ သို့ရောက်သွားသည်။ တခြားသူများမှာ အချိန်ပိုအလုပ်လုပ်နေဆဲဖြစ်သောကြောင့် ကားပါကင်သည် လူရှင်းနေလေသည်။ လမ်းလျှောက်နေစဉ်တွင် မစ္စတာချိုး ပြောလိုက်သည်။ "ဒီဒဏ္ဍာရီကို မင်းကြားဖူးလား?"
"ဘာကိုလဲ?" ထန်ရှောင်းယွီ ထူးဆန်းသည်မို့ မေးလိုက်သည်။
"ညသန်းခေါင်ယံအချိန် ကားပါကင်မှာ ငိုနေတဲ့အသံကို မင်းကြားရလိမ့်မယ်ဆိုတာလေ " ချိုးကျီယန်သည် တိတ်တိတ်နေရန် လက်ဖြင့် အချက်ပြလိုက်ပြီး "ကောင်းပြီ။ ဂရုတစိုက် နားထောင်ကြည့်"
"............"
ထန်ရှောင်းယွီ၏အမူအယာသည် အလွန်ရှုပ်ထွေးနေရပြီး သူ ဒီလူ၏မိုက်မဲမှုကို ဦးညွတ်ချင်လာမိသည်။
"မင်းကြောက်နေပြီလား?" ချိုးကျီယန် သူ့လက်ကို ထန်ရှောင်းယွီ၏ပုခုံးပေါ်တွင် ရစ်ပတ်လိုက်သည်။
ထန်ရှောင်းယွီ သူ့ကိုလက်သီးနဲ့ထိုးလိုက်သည်။ ဟုတ်ပါတယ်။ အဲဒါက သိပ်မပြင်းထန်ပါဘူး! ဒါပေမယ့်မစ္စတာချိုးကတော့ မျက်ခုံးပင့်ကာ ညည်းညူလိုက်သည်။ "မင်း....မင်းသူဌေးကို ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်ရတာလဲ?"
ထန်ရှောင်းယွီသည် သူ့နဲ့ ဆက်စကားပြောဖို့ စိတ်မဝင်စားတော့ပေ။ သူ ကားတံခါးကိုဖွင့်ပြီး ၀င်ဖို့ပြင်လိုက်သည်။ ဒါပေမယ့် သူ မဝင်ရသေးခင်မှာပဲ ချိုးကျီယန်က အထဲကို အရင်ဝင်သွားလိုက်သည်။
"........."
"ကျွန်တော်က ဒရိုင်ဘာနော်" ထန်ရှောင်းယွီ သူ့ကိုသတိပေးလိုက်သည်။
"ကိုယ့်ဘာသာ ကားကိုမောင်းချင်လို့ပါကွာ" ချိုးကျီယန်သည် ရှေ့ခရီးသည်ထိုင်ခုံတံခါးကို ဖွင့်ပေးလိုက်ပြီး" ဝင်လေ"
"အကိုကျီရန်က ကျွန်တော်ဘက်ကနေ တစ်ခုခု ပြန်လုပ်ပေးချင်လာအောင် လုပ်နေတော့တာပဲ" သူ့ဘေးမှာဝင်ထိုင်လိုက်တဲ့ ထန်ရှောင်းယွီသည် နည်းနည်းတော့ အကူအညီမဲ့သလိုခံစားရသည်။
"မင်းစာကို သေချာလေ့လာဖို့ပဲလိုတယ်။ အများကြီးတွေးစရာမလိုပါဘူး" ချိုးကျီယန် သူ့ကိုကြည့်လိုက်သည်။
ထန်ရှောင်းယွီက ပြန်မဖြေပေ။
"မင်းဆီက တစ်ခုခုပြန်ရယူလိုချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ထောက်ပံ့ပေးခဲ့တာမဟုတ်ဘူး။ မင်း စိတ်ပူစရာမလိုပါဘူးကွာ" ချိုးကျီယန်သည် သူ့ပါးလေးကို ဆွဲညစ်လိုက်သည်။
"အခု.....ကျွန်တော်တို့က ဘယ်လိုဆက်ဆံရေးလဲ?" ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထန်ရှောင်းယွီ နောက်ဆုံးတော့ထုတ်မေးလိုက်သည်။ ချိုသာတဲ့စကားလုံးတွေ၊ ဝန်ခံချက်တွေ မရှိ၊ သူတို့မှာ ကတိတွေ၊ မျှော်လင့်ချက်တွေမရှိခဲ့ပေမယ့် သူတို့နှစ်ယောက်သည် အရင်းနှီးဆုံးအနမ်းတွေ၊ပွေ့ဖက်မှုတွေနဲ့ ချစ်သူတွေကြားထဲမှာလို ဂရုစိုက်မှုတွေနဲ့တွေးပေးမှုတွေက သူ့ကို ပိုပိုပြီး နစ်ဝင်လာစေပြီး နောင်တစ်ချိန်မှာ သူထွက်သွားခဲ့ရင် ဘာဖြစ်လာမလဲဆိုတာကို တွေးဖို့မဝံ့ရဲပေ၊ သွေးထွက်သံယိုဒဏ်ရာရသလိုမျိုး ဘယ်လောက်တောင် နာကျင်ရမလဲ။
သူထွက်ပြေးချင်ရင်တောင် သူ ဘယ်လောက်ပဲဆန္ဒရှိပါစေ၊ အနှေးနဲ့အမြန်ဆိုပေမယ့် သူ ရင်ဆိုင်ဖို့လိုလိမ့်မယ်။
ထို့ကြောင့် ဘာလို့များစောစောစီးစီး မရင်ဆိုင်ရမှာလဲ?
"ကဲ....ဒါဆိုမင်းနောက်ဆုံးတော့ မေးဖို့သတိရလာပြီပေါ့" ချိုးကျီယန် ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး မေးစေ့ကိုလက်နှင့်ကွေးထိလိုက်၏။ "မင်းတစ်သက်လုံးတိတ်နေမယ်လို့ ကိုယ်ထင်ခဲ့တာ"
"..........."
"အကိုကျီရန်က တစ်သက်လုံးမစောင့်နိုင်တော့မှာပဲ ကျွန်တော်ကြောက်တာ" ထန်ရှောင်းယွီ၏နှလုံးခုန်သံသည် အထိန်းအကွပ်မဲ့စွာခုန်နေခဲ့သည်။
"ကိုယ်မစောင့်နိုင်ဘူးဆိုတာ မင်းဘယ်လိုသိလဲ?" ချိုးကျီယန် သူ့နားသို့ကပ်သွားပြီး သူ့လေသံ အက်ရှရှဖြင့် "ကိုယ်တို့ ဘာလို့......မစမ်းကြည့်ကြတာလဲ?"
နှာခေါင်းမှ ပူနွေးသည့်အသက်ရှူသံသည် ထန်ရှောင်းယွီ၏လည်ပင်းကို ဖြတ်ရှသွားသည်။ ထန်ရှောင်းယွီ သူ့ကိုရှောင်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ချိုးကျီယန်ရဲ့လက်ထဲကို ပြင်းပြင်းထန်ထန်ဆွဲသွင်းခံခဲ့ရသည်။
"ကိုယ်တကယ်ပြောနေတာ ယုံပေးမလား?" ချိုးကျီယန်၏အသံသည် အလွန်ပင် တိုးညင်းသော်လည်း ပုံမှန်အချိန်တွေကလို စနောက်လိုသည့် အသံမပါချေ။
ချိုးကျီယန်က တကယ်ဝန်ခံလိမ့်မယ်လို့ သူဘယ်တုန်းကမှမထင်ခဲ့ပေ။ဒါကြောင့်မို့ ထန်ရှောင်းယွီ အနည်းငယ်အံ့သြသွားသည်။
"ကိုယ်အတည်ပြောနေတာပါ။" သူ ဘာမှမတုံ့ပြန်ဘူးဆိုတာကို မြင်သည့်အတွက် ချိုးကျီယန် ထပ်ပြောလိုက်သည်။
".....အင်"
"..အင်...ဆိုတာ မင်းဘာကိုဆိုလိုတာလဲ?" မစ္စတာချိုးသည် တစ်ဖက်လူရဲ့မေးစေ့ကို ပင့်တင်လိုက်ပြီး မျက်ခုံးကိုပင့်ကာ "ဟုတ်တယ်လို့ ဆိုလိုတာ မဟုတ်လား? "
" ဟုတ်တယ် " ထန်ရှောင်းယွီ၏နားများသည် ပူလာရသည်။
"မင်းလည်း ကိုယ့်ကိုသဘောကျလား?" ချိုးကျီယန် အလေးအနက် ဆက်မေးလိုက်သည်။ "တစ်သက်လုံးအတွက်ပေါ့"
" အင်..." ထန်ရှောင်းယွီ၏လည်ပင်းသည်လည်း သကြားလုံးများကို ခိုးကြောင်ခိုးဝှက်စားနေသည့်ကလေးတစ်ယောက်ကဲ့သို့ အနီရောင်ဖြစ်လာသည်။
"ကိုယ် မင်းကိုမယုံဘူး" ချိုးကျီယန် သူ့ကိုကြည့်ပြီးခေါင်းခါလိုက်သည်။
"ဘာလို့လဲ?" ထန်ရှောင်းယွီ၏မျက်လုံးတွေက သံသယ တွေဖြင့် ပြည့်လာသည်။ သူက သူ့အနမ်းတွေ၊ ပွေ့ဖက်တာတွေနဲ့အမြဲ ထိတွေ့ခဲ့ရတယ်၊ သူ့ကို ဘယ်တုန်းကမှလည်း မငြင်းခဲ့ဘူးလေ၊ ဒါက သူ့ကိုသဘောကျတယ်လို့ မမှတ်ယူဘူးလား?
"မင်း ကိုယ့်ကိုနမ်းဖို့ဘယ်တုန်းကမှမစခဲ့ဖူးဘူးလေ" မစ္စတာချိုး၏အကြောင်းပြချက်သည် အလွန်ယုတ္တိရှိခဲ့သည်။
ထန်ရှောင်းယွီ၏ဦးနှောက်ထဲကနေ အငွေ့တွေ ထွက်လာတော့သည်။
"ပထမဆုံး...ဒီကိုနမ်း" ချိုးကျီယန် သူ့ပါးကိုညွှန်ပြလိုက်သည်။
"........
"
"ကိုယ် ခြေတစ်လှမ်းဆုတ်နှင့်ပြီးသားပါ " ချိုးကျီယန်၏အမူအယာသည် အလွန်အပြစ်ကင်းစင်နေသည့်ဟန်။ သူ့မျက်လုံးထဲမှာ "မင်းက ကိုယ့်မျက်နှာကို နမ်းတောင်မနမ်းချင်ဘူးလား?" ဆိုတဲ့ အဓိပ္ပါယ် တစ်ခုရှိနေသည်။
ထန်ရှောင်းယွီ မျက်တောင်မှိတ်လိုက်ပြီး သူ့နှုတ်ခမ်းကို နမ်းဖို့ရွှေ့လိုက်သည်။
နမ်းတဲ့ အမြန်နှုန်းကအရမ်းမြန်ပေမဲ့ နှုတ်ခမ်းကိုနမ်းတာနဲ့စာရင် အများကြီးပိုကောင်းပါတယ်!
"ကျွန်တော်တို့သွားကြည့်ရအောင်။ " တိုတောင်းသည့်အနမ်းလေးကိုပေးပြီးနောက် ထန်ရှောင်းယွီ၏မျက်နှာသည် အလွန်ပူလာသည်။ သူ အရမ်းစိတ်လှုပ်ရှားလွန်းလို့ အသက်ရှူလို့တောင် မရပေ။
ချိုးကျီယန် သူ့ခါးပတ်ကိုဖြုတ်လိုက်ပြီး တစ်ဖက်လူကိုထိုင်ခုံတွင် ချက်ချင်းဖိချလိုက်သည်။
"ခင်ဗျား... " ထန်ရှောင်းယွီသည် သူ့စကားမဆုံးသေး။ သူ့စကားသံများသည် ပါးစပ်မှမထွက်နိုင်အောင်တားဆီးပိတ်ပင်ခံလိုက်ရသည်။
"ကိုယ်တို့ ပြဇာတ်ကိုကြည့်ဖို့ နည်းနည်းနောက်ကျရင်လည်း ပြသနာမရှိပါဘူး" ချိုးကျီယန် သူ့နှုတ်ခမ်းလေးကို စုပ်ယူလိုက်ရင်း ရယ်လိုက်သည်။
တကယ်တော့လည်း ဆုရှောင်းနိုကမှ လျှာပါတဲ့ အနမ်းမျိုးကို ကြိုက်တဲ့တစ်ဦးတည်းသူမဟုတ်ပေ!
"ခင်ဗျားက ဘာလို့ဒီကိုရောက်လာတာလဲ?" အပန်းဖြေပန်းခြံတွင် ကျုံးလီဖုန်းပိုင်သည် မုချိုးကိုကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။
"ကိုယ်ဒီကိုမလာရဘူးလို့ဘယ်သူပြောလဲ?" ဒီစကားတွေကိုကြားရတော့ ဥက္ကဌမု နာကျင်သွားရသည်။ "ကိုယ်လည်း ဒီပြဇာတ်တွေလောက်တော့ နားလည်နိုင်ပါတယ်!"
"........."
တစ်နေ့တာလုံးပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး ကုမ္ပဏီကိစ္စတွေကို ကိုင်တွယ်ပြီးရင် အိမ်ထဲမှာပဲ အိပ်မနေသင့်ဘူးလား။ ပြဇာတ်ကြည့်ဖို့ ဘာလို့ဒီကိုပြေးလာရတာလဲ? ဒါရိုက်တာကျုံး သူ့စိတ်ထဲမှာ အော်ပြောလိုက်သည်။ ဟုတ်ပါတယ်! သူ့ပတ်၀န်းကျင်မှာ ၀န်ထမ်းတွေအများကြီးရှိနေသေးတဲ့အတွက် သူ့အမူအယာက ယဥ်ကျေးနေရအုံးမယ်လေ!
"ကိုယ် မင်းအတွက် ကြက်မည်းစွပ်ပြုတ်ကို စားသောက်ဆိုင်ကနေယူလာခဲ့တယ်။အရင် သောက်လိုက်ဦး။ ပြီးမှ ဆက်လုပ်လေ" ဥက္ကဋ္ဌမုသည် အလွန်ရင်းနှီးနေစွာဖြင့်။
၀န်ထမ်းများသည် အပြန်အလှန်နားလည်သွားကြပြီး သူတို့၏ပျော်ရွှင်မှုကို လူသိရှင်ကြားပြနေသည့် သူတို့က တကယ့်ကိုမုန်းစရာကောင်းကြောင်း သူတို့စိတ်ထဲတွင်ကြုံးဝါးလိုက်ကြသည်။
"မသောက်ဘူး!" ကျုံးလီဖုန်းပိုင်သည် လူတိုင်းကို ကန်ထုတ်လိုက်သည်။ "ခင်ဗျား အိမ်မြန်မြန်ပြန်တော့"
အိမ်ရောက်ရင် ခင်ဗျား အိပ်နိုင်ပြီလေ။ အဲ့တာကို ခင်ဗျားက မပြန်ချင်ဘူးလား?ဘယ်လောက်တောင် မိုက်မဲလိုက်လဲ!
လူတိုင်းသည် ချက်ချင်းထိတ်လန့်သွားတော့သည်။ဒါရိုက်တာကြီးက တကယ့်ကို tsundere ပဲ!
"ကိုယ်လည်း အိမ်မပြန်တော့ဘူး" မုချိုး ဆုံးဖြတ်ချက်ချထားပြီးသည့် အသံဖြင့်ပြောသည်။ "ကိုယ်မင်းပါမှ အိမ်ပြန်ချင်တယ် "
Ai Mah!
၀န်ထမ်းများ ချက်ချင်းပင် အော်ဟစ်ကြသည်။ ဤကဲ့သို့သော စကားတွေကို သူတို့ တကယ်သည်းမခံနိုင်ပေ။
ကျုံးလီဖုန်းပိုင်သည် ပတ်ဝန်းကျင်မှ မျက်လုံးတွေကို တကယ်သည်းမခံနိုင်တော့ဘဲ မုချိုးကိုသတ်ရန် ရည်ရွယ်ချက်ဖြင့် နားနေခန်းထဲသို့ ဆွဲခေါ်လာလိုက်သည်။
ဘေးရှိ ဝန်ထမ်းပရိသတ်တွေက အိမ်မြှောင်တွေလို နံရံမှာကပ်လိုက်ကြသည်။ သို့သော်လည်း နံရံ၏အသံလုံစနစ်မှာ ကောင်းလွန်းနေသည်။ သူတို့ ဘာမှကို မကြားရပေ။ အဆုံး၌ သူတို့ စိတ်ထဲမှာသာလျှောက်တွေးနေရင်းဖြင့်သာ လူစုခွဲလိုက်ကြတော့သည်။ ပွဲချင်းပြီး နားမထောင်နိုင်တာက တကယ့်ကိုစိတ်ပျက်စရာ!
"ခင်ဗျား ဒီကိုတစ်ယောက်တည်းလာဖို့ဘယ်သူကပြောလို့လဲ!" ကျုံးလီဖုန်းပိုင် ပြင်းထန်စွာပြောလိုက်သည်။
ဥက္ကဌမုက အလွန်အပြစ်ကင်းစင်သည့် အသံဖြင့် " ကိုယ်က အိမ်ကိုအတူတူပြန်ချင်ရုံလေးပါ "
မင်းက ဘာလို့ဒီလောက်ဒေါသထွက်နေတာလဲ?
"အိမ်မြန်မြန်ပြန်ပြီးအိပ်တော့" ဒါရိုက်တာကျုံး ဒေါသထွက်နေသည်။
"ဒါဆိုအရင်ဆုံး ကိုယ်စွပ်ပြုတ်ကိုယူဖို့ ကိုယ့်ကားဆီ အရင်ပြန်လိုက်မယ်။ " မုချိုးသည် ဆိုးသွမ်းတဲ့ ယောက္ခမလုပ်သူထံမှ အနိုင်ကျင့်ခံရသည့် နစ်နာသူချွေးမလေးတစ်ယောက်လို လှည့်ထွက်ပြီး ကားရှိရာဘက်သို့ သွားလိုက်သည်။
ကျုံးလီဖုန်းပိုင် သူ့အမူအယာကိုကြည့်ရင်း ဆို့နင့်လာသည်။
"ပြန်လာခဲ့!"
ခင်ဗျား မကြာသေးခင်တုန်းက အရမ်းပင်ပန်းနေလို့ စိတ်ပူနေရတာလေ!ခင်ဗျားကို အနားယူဖို့အိမ်ကိုပြန်စေချင်တာလေ!ဒါကို ခင်ဗျားက ကျေးဇူးမတင်ဘူး၊အနိုင်ကျင့်ခံရပြီး ကွာရှင်းပြတ်စဲခံလိုက်ရတဲ့မျက်နှာနဲ့ ကျုပ်ကို ပြနေတုန်းပဲလား!ခင်ဗျား ရန်ဖြစ်ချင်နေတာလား!ဒီကိစ္စက ဒေါသထွက်ခံရဖို့ပဲ ထိုက်တန်တယ်!
"မင်း စွပ်ပြုတ်တောင်မသောက်ချင်တော့ဘူးလား?" မုချိုး ဂရုတစိုက်မေးလိုက်သည်။
"မသောက်ချင်ဘူး!" ကျုံးလီဖုန်းပိုင်သည် ဒေါသပိုထွက်လာလို့များ ဥက္ကဌမုကို ထိုးကြိတ်ပြီး ရန်ဖြစ်ခဲ့လေမလား?
ဒါက သေချာပေါက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး!
တကယ်တော့ သူ မုချိုးကိုဆိုဖာပေါ်ဆွဲတင်လိုက်ပြီးအပြင်းအထန်နမ်းချလိုက်သည်။
မုချိုး: .........
"ကျွန်တော့်ကို တစ်နာရီလောက်ပဲ စောင့်။ အဖွင့်ပြကွက်ပြီးသွားရင် ပြန်ကြမယ်" ဒါရိုက်တာကျုံး အခိုင်အမာပြောလိုက်သည်။
"အရင်တုန်းကပဲ ကိုယ် ပြဇာတ်တစ်ခုလုံးကို ကြည့်ရမယ်လို့မင်းပြော....."
"ပါးစပ်ပိတ်!" ကျုံးလီဖုန်းပိုင်သည် အေးစက်ပြီး မာနကြီးလေသည်။
"....အိုကေ။" မုချိုး၏မျက်လုံးထဲတွင် ပျော်ရွှင်မှုအနည်းငယ်ရှိခဲ့သည်။
"ဒါက ခင်ဗျားအတွက်ရယ်စရာလား?!" ကျုံးလီဖုန်းပိုင်သည် Cupid ၏မြှားဖြင့် ပစ်ခံရပြီးနောက် သူ့မျက်နှာသူ ဖုံးရန် ကူရှင်ကို ဒေါသတကြီး ဆွဲယူလိုက်သည်။
မုချိုး သူ့ကို နည်းနည်းပိုပြီး ခွန်အား သုံးကာ ပွေ့ဖက်လိုက်ပြီး တစ်ဖက်လူကို ရင်ဘတ်ရှေ့တွင် မှီခွင့် ပြုထားလိုက်ကာ ပြောလိုက်သည်။ "ဒါပြီးသွားရင် လက်ထပ်ရအောင်"
Shit! ဒါရိုက်တာသည် ချက်ချင်းပင် Spartan ဖြစ်သွားတော့သည်။ အခုမှ သူက ဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့စကားတစ်ခွန်းကို ကြားဖူးပုံရ၏။
"ဟုတ်ပြီလား?" မုချိုး သူ့နဖူးလေးကို နမ်းလိုက်သည်။
လုံးဝအဆင်မပြေဘူး....အား!
ကျုံးလီဖုန်းပိုင်သည် သူ ပြိုကျတော့မလို ခံစားလိုက်ရ၏။
ဝန်ခံခြင်းကဲ့သို့ အလွန်လှပသည့်အရာ!
ဒီအရာက!
မဖြစ်သင့်ဘူး!
အသေးစိတ် စီစဉ်ထားတာမျိုး မဖြစ်နိုင်!
ဤအဝါဖျော့ဖျော့အလင်းရောင် နားနေခန်းတွင်!
အဖြူရောင်ဖျော့ဖျော့မီးလုံးအောက်!
သူတကယ်ပဲ!
ဝန်ခံခဲ့တယ်!
ဒီလိုမျိုး!
သည်းမခံနိုင်တဲ့!
အပြုအမူမျိုးနဲ့!
အာ့!
"ကိုယ် မင်းကို တစ်သက်လုံးကောင်းကောင်းမွန်မွန်ဆက်ဆံပါ့မယ်" မုချိုး သူ့ကိုတင်းကျပ်စွာပွေ့ဖက်လိုက်သည်။ "ကိုယ့်ကို လက်ခံပေးနိုင်မလား? "
ငါ သဘောတူမှာမဟုတ်ဘူး!
မစ္စတာဒါရိုက်တာသည် သူ့စိတ်ထဲမှာ အော်ဟစ်လိုက်သည်။ အရူးတစ်ယောက်သာလျှင် သဘောတူလိမ့်မည်။ လက်ထပ်ခွင့်တောင်းတာက ဒီလောက်လွယ်လွယ်မရဘူးကွ!
ထို့နောက် သူ့ပြန်ဖြေလိုက်သည်ကို သူ့ဘာသာသူ ကြားလိုက်ရသည်။
"အင်း..."
ကမ္ဘာကြီးက ချက်ချင်းပင် အသံတိတ်သွားခဲ့သည်။
"မင်း သဘောတူလိုက်တာလား?" မုချိုး စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ကျွန်တော် ဘာမှမပြောခဲ့ဘူး! ဒါ စိတ်ထင်နေရုံသက်သက်ပဲ! " ကျုံးလီဖုန်းပိုင်၏မျက်နှာသည် နီရဲလာသည်။
ငါကတော့ မကောင်းတဲ့စာလုံးတစ်လုံးကြောင့်သေချာပေါက်ထိမှန်ခဲ့တာပဲ!ငါ့ ဦးနှောက်ကို မထိန်းချုပ်နိုင်တာကြောင့် မယုံနိုင်စရာကောင်းတဲ့စကားတစ်ခွန်းကို ထုတ်ပြောခဲ့တယ်ပေါ့!
"ကိုယ် မင်းပြောတာကိုကြားလိုက်တယ် " အခွင့်အလမ်းကို အမိအရ,ရယူပြီး မုချိုးသည် ကျုံးလီဖုန်းပိုင်ကို ဆိုဖာပေါ်သို့ စနစ်တကျတင်လိုက်ပြီး ဒူးတစ်ဖက်ကိုထောက်လျက် အိတ်ကပ်ထဲမှလက်စွပ်ကိုထုတ်ကာ ကျုံးလီဖုန်းပိုင်၏လက်သူကြွယ်ပေါ်တွင် လက်စွပ်ကို ဝတ်ပေးလိုက်သည်။
မြန်လွန်းတယ်! မိုးကြိုးမခြိမ်းခင်မှာ မင်းရဲ့နားတွေကိုမအုပ်နိုင်ခဲ့သလိုပဲ!
ကျုံးလီဖုန်းပိုင်သည် လက်သူကြွယ်တွင်ရှိနေသည့် ပလက်တီနမ်လက်စွပ်ကို ငေးကြည့်ပြီး တစ်မိနစ်တိတိကြောင်သွားသည်။မိုးကြိုး ၅ချက် ပစ်ခံလိုက်ရသလိုပဲ!
နတ်ဘုရားနှင့်တူတဲ့ တိုးတက်မှုမျိုးနဲ့! သူ တကယ်ပဲ လက်ထပ်ပြီးသားဖြစ်သွားပြီ!
မုချိုး သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး အခြားဘယ်သူမှ မရှိတော့သလို ချစ်မြတ်နိုးစွာ လက်လေးကို နမ်းလိုက်သည်။
ကျုံးလီဖုန်းပိုင်၏ ဦးနှောက်ထဲတွင် စတင်ဆူညံလာပြီး သူ့နှလုံးသားကို alpacas တစ်သောင်းမက တက်နင်းသွားသလိုပင်။
[alpacas]
"ဒါရိုက်တာကျုံး....ပြပွဲကစတော့မယ်၊ လက်ထောက်ဒါရိုက်တာက ဒါရိုက်တာကို လာဖို့ခေါ်ခိုင်းလိုက်ပါတယ်!" အပြင်ဘက်တွင် လက်ထောက်တစ်ယောက်က တံခါးခေါက်လိုက်သည်။
"မင်းသွားမှာလား?" မုချိုး ညင်သာစွာမေးလိုက်သည်။
ခင်ဗျားသာသွား!
ကျုံးလီဖုန်းပိုင်သည် သူ့စိတ်ထဲမှာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
ခင်ဗျားက အခုပဲလက်ထပ်ခွင့်တောင်းပြီးသွားပြီ! အခုကျထပ်ပြီး ကျုပ်ကိုသွားအလုပ်လုပ်ခိုင်းတယ်!
ခင်ဗျားက သေချာတယ်! လူယုတ်မာပဲ!
သူ မလှုပ်မယှက်ထိုင်နေပြီး စကားပြန်မပြောတာကို
ကြည့်ပြီး မုချိုးက "ဒါရိုက်တာက နေလို့သိပ်မကောင်းလို့ လက်ထောက်ဒါရိုက်တာကို တောင်းပန်ပေးဖို့ ကျေးဇူးပြုပြီးကူညီပေးပါလား?" ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး ထိုလက်ထောက်ကောင်မလေးကို အဝေးကို ပထုတ်လိုက်သည်။
ဒါပေမယ့် 'နေမကောင်းဘူး' ဆိုတဲ့ အကြောင်းပြချက်မျိုးက လူတိုင်း၏စိတ်ကူးစိတ်သန်းတွေကို ကဆုန်ပေါက်ကာ ကသောင်းကနင်း လွတ်လွတ်လပ်လပ်ဖြစ်သွားစေဖို့အတွက် အလွန်လွယ်ကူတယ်။ အိုခေ!
ဝန်ထမ်းများသည် ဤသတင်းကိုကြားသောအခါ သူတို့၏မျက်လုံးထဲ၌ ချက်ချင်းပင် မျက်ရည်တွေကျလာတော့သည်။
ဒါရိုက်တာက တကယ့်ကို တကယ် နွေးထွေးနူးညံ့တဲ့သူပဲလို့ အားလုံးက စိတ်လှုပ်ရှားစွာမှတ်ချက်ပေးကြသည်။
တွန်းအားပေးလိုက်ဖို့ အလွန်လွယ်ကူတာပဲ!
သူတို့က ရင်းနှီးသည့်သူငယ်ချင်းများနှင့် တွေ့ခဲ့လျှင် ၎င်းကို
<< ကမ္ဘာကြီးကိုတုန်လှုပ်စေရမည်၊ ကြင်နာတတ်သည့် အစ်ကို၏စစ်မှန်တဲ့မေတ္တာက အေးစက်သည့်နှလုံးသား ပိုင်ရှင်ကို အရည်ပျော်စေခဲ့သည်။ >> လို့ ပြောရမယ်!
၎င်းကိုကြားလိုက်ရုံနဲ့တင် ရင်ထဲထိလွန်းလို့ သံမဏိသည်ပင် ပျော့ပျောင်းလာပြီး တစ်ဖက်လူရဲ့လက်ညှိုးကိုရစ်ပတ်လာစေသည်။
"မင်း ဒီပွဲကိုမကြည့်ဘူးဆိုရင် ကိုယ်တို့အိမ်ပြန်ကြမလား?" မုချိုး သူ့လက်ကိုဆုပ်ကိုင်ထားပြီး ဖုံးကွယ်လို့မရတဲ့အပြုံးတွေနဲ့ ပြည့်နေတဲ့မျက်လုံးအစုံဖြင့် ကြည့်ကာ သူ့နှုတ်ခမ်းလေးကို နမ်းရှုံ့လိုက်သည်။
ကျုံးလီဖုန်းပိုင်သည် ပတ်ပတ်လည်ရှိ celadon ရောင်နံရံကိုကြည့်လိုက်ပြီး သူ့လက်သူကြွယ်တွင် ဝတ်ထားသည့် ရိုးရှင်းတဲ့လက်စွပ်ကို ပြန်ငုံ့ကြည့်လိုက်သည်။
ဒါ အစစ်အမှန်မဖြစ်နိုင်ပါဘူး။ဒါ သေချာပေါက်ထင်ယောင်ထင်မှားပဲ!
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
"............"
"........."
"..........."
".....အင်"
"........
"
"........."
Ai Mah!
"ပြန်လာခဲ့!"
မုချိုး: .........
လုံးဝအဆင်မပြေဘူး....အား!
ဒီအရာက!
မဖြစ်သင့်ဘူး!
သူတကယ်ပဲ!
ဝန်ခံခဲ့တယ်!
ဒီလိုမျိုး!
သည်းမခံနိုင်တဲ့!
အပြုအမူမျိုးနဲ့!
အာ့!
ငါ သဘောတူမှာမဟုတ်ဘူး!
"အင်း..."
[alpacas]
ခင်ဗျားသာသွား!