Oikawa's last wish (mm transl...

By Pure___Taro

3.2K 237 12

This story isn't belong to me, it's just translation. This is one of the famous fanfiction among the haikyuu... More

Description
( 1 )
( 2 )
( 4 )
( 5 )
( 6 )
( 7 )
( 8 ) - End

( 3 )

135 20 2
By Pure___Taro

He's still weak...but he's awake

..............................

UNICODE

နောက်ထပ် သုံးရက်လုံးလုံးကိုလည်း တံခါးနားတွင် ရပ်ကာ Oikawaကို ကြည့်ရင်းဖြင့်သာ သူ ကုန်ဆုံးခဲ့သည်။ ထိုနောက်က သုံးရက်လုံးလုံး၌မူ ဆေးရုံကုတင်ထက်တွင် မေ့မျောနေသူ သူ့ဖက်ကို ငဲ့ကြည့်လာစရေန် သူ တကယ်ကို ဆုတောင်းရင်း ကုန်ဆုံးခဲ့သည်။  သို့သော် ထိုသူ၏ တစ်ကိုယ်လုံး၌ တပ်ဆင်ထားရသည့် စက်ကိရိယာများက ထိုသို့ ခွင့်မပြုခဲ့ပေ။

ထို့အပြင် ပို၍ ဆထက်တိုး အာနိသင် ပြင်းလာသည့် ဆေးတို့က  Oikawa တစ်ကိုယ်လုံးကို ပျော့ခွေနေစေပြီး လက်လေးတစ်ချောင်း "မ" နိုင်ရန်ပင် ခက်ခဲနေခဲ့သည်။

နောက်ထပ် လေးရက်မြောက်နေ့၌  သူတံခါးဝတွင် ရပ်နေစဥ်တွင် သူ့အား ယဥ်ကျေးသည့် အပြုံးတို့ စွန့်ကြဲ ပေးခဲ့သည့် သူနာပြုလေး Aikoနဲ့ သူထပ်မံ င်္တေ့ဆုံရလေသည်။ သူမကို ယဥ်ကျေးမှုဖြင့် သူခေါင်းညိမ့်ပြပြီး တိတ်ဆိတ်သော နည်းဖြင့် "Good Morning"ဟု သူဆိုဖြစ်ခဲ့သည်။ ပြီးတော့ သူ တိတ်ဆိတ်လျက်သားပင် ထွက်သွားရန် ပြင်လိုက်သည်။

"ဟို....Iwaizumi san~"

ရောက်မေသည့် နေရာတွင် ရပ်၍ သူလှည့်ကြည့် ဖြစ်ခဲ့သည်။ ထိုသူနာပြုလေးက သူ့အား ပထမဆုံး အကြိမ်အဖြစ် စကားလာပြောခြင်းပင်။ ထိုသူမက သူ့နာမည်အား မည်သို့ သိမှန်းပင် သူမသိပါပေ။ သူမက သူ့ထံသို့ အနည်းငယ် နီရဲနေသည့် မျက်နှာဖြင့် လျှောက်လာပြီး ရှက်ရွံ့စွာပင် စကားစလာလေသည်။

"ဟို... ခဏလောက် စကား အတူပြောလို့ရမလား?"

သူ ရှုပ်ထွေးစွာဖြင့် Aikoကို ခဏကြည့်ကာ စဥ်းစားလိုက်ပြီးနောက် သူမထံမှ နောက်သို့ နှစ်လှမ်းဆုတ်ကာ ခေါင်းညိမ့်လိုက်သည်။

"အင်း။ ရပါတယ်။"

သူနာပြုလေး ဦးဆောင်သည့်အတိုင်း လူသိပ်မရှိသည့် ဆေးရုံ ဥယျာဥ်ထဲသို့ သူလိုက်လာခဲ့သည်။ ဥယျာဥ်ထဲ၌ လူနာအချို့က လေညှင်းခံ လမ်းလျှောက်နေကြပြီး အချို့က သက်တောင့်သက်သာ ထိုင်ရင်း အနားယူနေခဲ့သည်။

သူ Oikawaကိုလည်း စိတ်ပြေ လက်ပျောက် ဖြစ်စေရန် ဤနေရာသို အကြိမ်ပေါင်းများစွာ ခေါ်လာခဲ့ဖူးသည်။ သို့သော် ထိုအရာသည် oikawa အခြေအနေ အရမ်းမဆိုးသေးခင် လွန်ခဲ့တဲ့ လအနည်းငယ် အကြာက။

Aiko sanက ဝင်အောက် အနီးနားက ထိုင်ခုံရှည်လေးကို ရွေးချယ်ပြီး ဝင်ထိုင်သည်။ သူကတော့ သူမနှင့် ခပ်လှမ်းလှမ်း၌သာ မတ်တပ်ရပ်ရင်း အိတ်ကပ်ထဲ လက်ထည့် ထားခဲ့သည်။

"စိတ်မရှိ..စိတ်မရှိပါနဲ့!"

မျက်နှာများ နီရဲနေသည့် သူနာပြုလေးက ခေါင်းကို အတင်းငုံ့ထားရင်း သူ့အား စကားစလာခဲ့သည်။

"ကျွန်မ ရှင့်ဆီက သိချင်တာက ကျွန်မ ဘယ်..ဘယ်လို လုပ်မှ...အယ်...တကယ်တော့ ဆေးရုံက သူနာပြုတိုင်းက oikawaအပေါ် ထားတဲ့ ရှင့်အချစ်တွေက မြတ်နိုးပြီး ရဲရင့်တယ်လို့ ထင်ကြတယ်။"

ကောင်းပြီ ဒါတေါ့ သူလက်မခံနိုင်ဘူး။

သူ သူနာပြုလေးကို အသာငဲ့ကြည့်လိုက်သည်။

"အချစ်တဲ့လား?"

သူ့မေးခွန်းက Aikoအား အနည်းငယ်တော့ ကြောင်အ သွားစေသည်။

"အင်းလေ~ ရှင်က သူနဲ့ ချစ်နေကြတယ်မလား? ဟုတ်တယ်မလား? ဒီနှစ်ထဲမှာ သူ့ကို လာတွေ့ဖို့ ရှင် တစ်ရက်တစ်လေမှ မပျက်ကွက် ခဲ့ဖူးလေ~"

"ကျွန်တော် မဟုတ်..."

သူစကားစ ရပ်လိုက်ရင်း အတွေးထဲ၌ပါ ခေါင်းခါလိုက်သည်။

အချစ်?

သူက oikawaကို ချစ်တယ်?

အဲ့ဒီ ညစ်စုတ်စုတ် ကလေးစုတ်ကိုလေ?

အဲ့ဒီ စိတ်ရှုပ်စရာ ပြောင်စပ်စပ် တစ်ယောက်ကိုလေ?

သူ မည်သည့်စကားတို့ ပြန်ပြောရမည်မှန်း မသိတော့ပေ။

သူ့ရဲ့ ပြောစရာ စကား မရှိပုံတို့က Aikoကို ကြောင်အသွားစေ ပုံရသည်။

"ခဏ! ရှင် နဲ့ oikawa sanတို့က မဟုတ်ဘူးလား?"

"ကျွန်တော်တို့က... အင်! ကျွန်တော်က..."

Aiko sanက မျက်လုံးများ ကျယ်ဟသွားလျက် ပြာပြာသလဲ ဆိုလာသည်။

"ကျွန်မ တောင်းပန်ပါတယ်။ အရင်တစ်ခေါက်မှာ Oikawa sanက ရှင့်ကို ချစ်တယ်လို့ ပြောလို့ ကျွန်မတို့က ရှင်တို့ နှစ်ယောက်ကို...."

"ခဏ!! ခဏလေး!!"

သူ အလောတကြီးပဲ သူနာပြုလေး စကားကို ဖြတ်လိုက်သည်။

"ခဏလေး!! Oikawaက ဘာပြောလိုက်တာ?"

အလောတကြီး ဖြစ်နေသည့် သူ့ကို ကြောင်အစွာ ကြည့်ရင်း သူမက ဖြေပေးလာသည်။

"...သူက ရှင့်ကို ချစ်တယ်တဲ့။ ရှင် သိပြီးသား မဟုတ်ဘူးလား?"

ရုတ်ဆရက် သူ့မျက်နှာ ပူလောင် သွားသည်ဟု သူခံစားလိုက်ရသည်။ နေရခက်စွာပဲ သူ ဘေးဘီဆီ အကြည့်လွှဲလိုက်သည်။ အကြည့်များက ရှေ့တည့်တည့်မှ အဆောက်အဦးဆီ ရောက်သွားပြီး ရင်းနှီးသည့် ပြတင်းပေါက်လေးကို အသည်းအသန် လိုက်ရှာ နေမိခဲ့သည်။

ညပေါင်းများစွာ သူနဲ့ oikawaတို့ ကြယ်တွေ ကြည့်ဖူးခဲ့ကြတဲ့ ပြတင်းပေါက် တစ်ခုကိုပေါ့။

ဒါပေမဲ့လည်း အဲ့အခိုက်အတန့်တွေက Oikawa အိပ်ရာထဲကနေ ထဖို့ အင်အား လုံလုံလောက်လောက် ရှိတဲ့ အချိန်မျိုးမှပါ။ အလွန် ရှားပါးသည့် အခိုက်အတန့်မျိုးပေါ့။

"iwaizumi san အဆင်ပြေရဲ့လား!"

ရုတ်တရက် အရမ်း အံ့အားသင့်သွားသည့် သူ့ကို Aiko sanက ကြင်နာစွာ မေးလာခဲ့သည်။

"အာ~~ အင်း!"

သူနာပြုလေးက ယဥ်ကျေးစွာပင် ပြုံးပြလာသည်။

"အကောင်းဆုံးပါပဲ! ကျွန်မ သေချာပေါက် ပြောရဲတယ်! ခဏနေ oikawa sanက ရှင့်ကို တွေ့တဲ့အခါ သူအရမ်း ပျော်သွားမယ်ဆိုတာ~"

"ကျွန်တော် ဒီနေ့ သူ့ကို ဝင်တွေ့ခွင့် ရတယ်လား?"

"အင်း။ မနေ့ညက ကုသမှုအပြီး သူအားနည်းနေတယ် ဆိုပေမဲ့ သူနိုးနေပါပြီ။"

................................................

He's still weak...but he's awake

..............................

ZAWGYI

ေနာက္ထပ္ သံုးရက္လံုးလံုးကိုလည္း တံခါးနားတြင္ ရပ္ကာ Oikawaကို ၾကည့္ရင္းျဖင့္သာ သူ ကုန္ဆံုးခဲ့သည္။ ထိုေနာက္က သံုးရက္လံုးလံုး၌မူ ေဆးရံုကုတင္ထက္တြင္ ေမ့ေမ်ာေနသူ သူ႔ဖက္ကို ငဲ့ၾကည့္လာစေရန္ သူ တကယ္ကို ဆုေတာင္းရင္း ကုန္ဆံုးခဲ့သည္။  သို႔ေသာ္ ထိုသူ၏ တစ္ကိုယ္လံုး၌ တပ္ဆင္ထားရသည့္ စက္ကိရိယာမ်ားက ထိုသို႔ ခြင့္မျပဳခဲ့ေပ။

ထို႔အျပင္ ပို၍ ဆထက္တိုး အာနိသင္ ျပင္းလာသည့္ ေဆးတို႔က  Oikawa တစ္ကိုယ္လံုးကို ေပ်ာ့ေခြေနေစၿပီး လက္ေလးတစ္ေခ်ာင္း "မ" ႏိုင္ရန္ပင္ ခက္ခဲေနခဲ့သည္။

ေနာက္ထပ္ ေလးရက္ေျမာက္ေန့၌  သူတံခါးဝတြင္ ရပ္ေနစဥ္တြင္ သူ႔အား ယဥ္ေက်းသည့္ အၿပံဳးတို႔ စြန္႔ႀကဲ ေပးခဲ့သည့္ သူနာျပဳေလး Aikoနဲ႔ သူထပ္မံ ေတၤ့ဆံုရေလသည္။ သူမကို ယဥ္ေက်းမႈျဖင့္ သူေခါင္းညိမ့္ျပၿပီး တိတ္ဆိတ္ေသာ နည္းျဖင့္ "Good Morning"ဟု သူဆိုျဖစ္ခဲ့သည္။ ၿပီးေတာ့ သူ တိတ္ဆိတ္လ်က္သားပင္ ထြက္သြားရန္ ျပင္လိုက္သည္။

"ဟို....Iwaizumi san~"

ေရာက္ေမသည့္ ေနရာတြင္ ရပ္၍ သူလွည့္ၾကည့္ ျဖစ္ခဲ့သည္။ ထိုသူနာျပဳေလးက သူ႔အား ပထမဆံုး အႀကိမ္အျဖစ္ စကားလာေျပာျခင္းပင္။ ထိုသူမက သူ႔နာမည္အား မည္သို႔ သိမွန္းပင္ သူမသိပါေပ။ သူမက သူ႔ထံသို႔ အနည္းငယ္ နီရဲေနသည့္ မ်က္ႏွာျဖင့္ ေလ်ွာက္လာၿပီး ရွက္ရြံ႔စြာပင္ စကားစလာေလသည္။

"ဟို... ခဏေလာက္ စကား အတူေျပာလို႔ရမလား?"

သူ ရႈပ္ေထြးစြာျဖင့္ Aikoကို ခဏၾကည့္ကာ စဥ္းစားလိုက္ၿပီးေနာက္ သူမထံမွ ေနာက္သို႔ ႏွစ္လွမ္းဆုတ္ကာ ေခါင္းညိမ့္လိုက္သည္။

"အင္း။ ရပါတယ္။"

သူနာျပဳေလး ၪီးေဆာင္သည့္အတိုင္း လူသိပ္မရိွသည့္ ေဆးရံု ဥယ်ာဥ္ထဲသို႔ သူလိုက္လာခဲ့သည္။ ဥယ်ာဥ္ထဲ၌ လူနာအခ်ိဳ႕က ေလၫွင္းခံ လမ္းေလ်ွာက္ေနၾကၿပီး အခ်ိဳ႕က သက္ေတာင့္သက္သာ ထိုင္ရင္း အနားယူေနခဲ့သည္။

သူ Oikawaကိုလည္း စိတ္ေျပ လက္ေပ်ာက္ ျဖစ္ေစရန္ ဤေနရာသို အႀကိမ္ေပါင္းမ်ားစြာ ေခၚလာခဲ့ဖူးသည္။ သို႔ေသာ္ ထိုအရာသည္ oikawa အေျခအေန အရမ္းမဆိုးေသးခင္ လြန္ခဲ့တဲ့ လအနည္းငယ္ အၾကာက။

Aiko sanက ဝင္ေအာက္ အနီးနားက ထိုင္ခံုရွည္ေလးကို ေရြးခ်ယ္ၿပီး ဝင္ထိုင္သည္။ သူကေတာ့ သူမႏွင့္ ခပ္လွမ္းလွမ္း၌သာ မတ္တပ္ရပ္ရင္း အိတ္ကပ္ထဲ လက္ထည့္ ထားခဲ့သည္။

"စိတ္မရိွ..စိတ္မရိွပါနဲ႔!"

မ်က္ႏွာမ်ား နီရဲေနသည့္ သူနာျပဳေလးက ေခါင္းကို အတင္းငံု႔ထားရင္း သူ႔အား စကားစလာခဲ့သည္။

"ကြၽန္မ ရွင့္ဆီက သိခ်င္တာက ကြၽန္မ ဘယ္..ဘယ္လို လုပ္မွ...အယ္...တကယ္ေတာ့ ေဆးရံုက သူနာျပဳတိုင္းက oikawaအေပၚ ထားတဲ့ ရွင့္အခ်စ္ေတြက ျမတ္ႏိုးၿပီး ရဲရင့္တယ္လို႔ ထင္ၾကတယ္။"

ေကာင္းၿပီ ဒါေတါ့ သူလက္မခံႏိုင္ဘူး။

သူ သူနာျပဳေလးကို အသာငဲ့ၾကည့္လိုက္သည္။

"အခ်စ္တဲ့လား?"

သူ႔ေမးခြန္းက Aikoအား အနည္းငယ္ေတာ့ ေၾကာင္အ သြားေစသည္။

"အင္းေလ~ ရွင္က သူနဲ႔ ခ်စ္ေနၾကတယ္မလား? ဟုတ္တယ္မလား? ဒီႏွစ္ထဲမွာ သူ႔ကို လာေတြ့ဖို႔ ရွင္ တစ္ရက္တစ္ေလမွ မပ်က္ကြက္ ခဲ့ဖူးေလ~"

"ကြၽန္ေတာ္ မဟုတ္..."

သူစကားစ ရပ္လိုက္ရင္း အေတြးထဲ၌ပါ ေခါင္းခါလိုက္သည္။

အခ်စ္?

သူက oikawaကို ခ်စ္တယ္?

အဲ့ဒီ ညစ္စုတ္စုတ္ ကေလးစုတ္ကိုေလ?

အဲ့ဒီ စိတ္ရႈပ္စရာ ေျပာင္စပ္စပ္ တစ္ေယာက္ကိုေလ?

သူ မည္သည့္စကားတို႔ ျပန္ေျပာရမည္မွန္း မသိေတာ့ေပ။

သူ႔ရဲ့ ေျပာစရာ စကား မရိွပံုတို႔က Aikoကို ေၾကာင္အသြားေစ ပံုရသည္။

"ခဏ! ရွင္ နဲ႔ oikawa sanတို႔က မဟုတ္ဘူးလား?"

"ကြၽန္ေတာ္တို႔က... အင္! ကြၽန္ေတာ္က..."

Aiko sanက မ်က္လံုးမ်ား က်ယ္ဟသြားလ်က္ ျပာျပာသလဲ ဆိုလာသည္။

"ကြၽန္မ ေတာင္းပန္ပါတယ္။ အရင္တစ္ေခါက္မွာ Oikawa sanက ရွင့္ကို ခ်စ္တယ္လို႔ ေျပာလို႔ ကြၽန္မတို႔က ရွင္တို႔ ႏွစ္ေယာက္ကို...."

"ခဏ!! ခဏေလး!!"

သူ အေလာတႀကီးပဲ သူနာျပဳေလး စကားကို ျဖတ္လိုက္သည္။

"ခဏေလး!! Oikawaက ဘာေျပာလိုက္တာ?"

အေလာတႀကီး ျဖစ္ေနသည့္ သူ႔ကို ေၾကာင္အစြာ ၾကည့္ရင္း သူမက ေျဖေပးလာသည္။

"...သူက ရွင့္ကို ခ်စ္တယ္တဲ့။ ရွင္ သိၿပီးသား မဟုတ္ဘူးလား?"

ရုတ္ဆရက္ သူ႔မ်က္ႏွာ ပူေလာင္ သြားသည္ဟု သူခံစားလိုက္ရသည္။ ေနရခက္စြာပဲ သူ ေဘးဘီဆီ အၾကည့္လႊဲလိုက္သည္။ အၾကည့္မ်ားက ေရ႔ွတည့္တည့္မွ အေဆာက္အၪီးဆီ ေရာက္သြားၿပီး ရင္းႏွီးသည့္ ျပတင္းေပါက္ေလးကို အသည္းအသန္ လိုက္ရွာ ေနမိခဲ့သည္။

ညေပါင္းမ်ားစြာ သူနဲ႔ oikawaတို႔ ၾကယ္ေတြ ၾကည့္ဖူးခဲ့ၾကတဲ့ ျပတင္းေပါက္ တစ္ခုကိုေပါ့။

ဒါေပမဲ့လည္း အဲ့အခိုက္အတန္႔ေတြက Oikawa အိပ္ရာထဲကေန ထဖို႔ အင္အား လံုလံုေလာက္ေလာက္ ရိွတဲ့ အခ်ိန္မ်ိဳးမွပါ။ အလြန္ ရွားပါးသည့္ အခိုက္အတန္႔မ်ိဳးေပါ့။

"iwaizumi san အဆင္ေျပရဲ့လား!"

ရုတ္တရက္ အရမ္း အံ့အားသင့္သြားသည့္ သူ႔ကို Aiko sanက ၾကင္နာစြာ ေမးလာခဲ့သည္။

"အာ~~ အင္း!"

သူနာျပဳေလးက ယဥ္ေက်းစြာပင္ ၿပံဳးျပလာသည္။

"အေကာင္းဆံုးပါပဲ! ကြၽန္မ ေသခ်ာေပါက္ ေျပာရဲတယ္! ခဏေန oikawa sanက ရွင့္ကို ေတြ့တဲ့အခါ သူအရမ္း ေပ်ာ္သြားမယ္ဆိုတာ~"

"ကြၽန္ေတာ္ ဒီေန့ သူ႔ကို ဝင္ေတြ့ခြင့္ ရတယ္လား?"

"အင္း။ မေန့ညက ကုသမႈအၿပီး သူအားနည္းေနတယ္ ဆိုေပမဲ့ သူႏိုးေနပါၿပီ။"

................................................

Continue Reading

You'll Also Like

282K 48.9K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
15.9K 2K 33
Original Author - Gye-ja 계자 Original Publishers - Radibooks Chapter - 108 Chapters and 22 extras Genre - Yaoi Action Ma...
78.2K 19.5K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
568K 49.4K 29
Taekook Fanfiction Jeon Kim Own creation