( 4 )

141 21 0
                                    

If i'm dying...

...................................

UNICODE

oikawa ထိခိုက်လွယ်ပြီး အားနည်း နေပေမဲ့  လှပနေခဲ့သည်။ အမြဲတမ်း လှပနေခြင်းပင်။ သန်မာ ဖျတ်လတ်သည့် Oikawa ဖြစ်စေ ကျိုးပဲ့ လွယ်သည့် Oikawaဖြစ်စေ အမြဲတစေ ထိုပုံရိပ်က လှပနေခဲ့ပေသည်။ ဤအရာကို သူ့နှုတ်က တစ်ခါမှ ဝန်ခံဖူးခြင်း မရှိခဲ့ပေလို့ပေါ့။

သူ တံခါးမှာ ရပ်နေခဲ့သည်။ တံခါးမှန်တစ်ဖက်တွင် Oikawaက ခုတင်ကို လျှောစောင်း အနေအထား ထား၍ မှီထားရင်း ပြတင်းပေါက် တစ်နေရာကို ငေးမောနေခဲ့သည်။ သူ Oikawaကို ဆေးရုံခုတင် ထက်မှာ ပထမဆုံး မြင်ရသည့် အကြိမ်ထက် ပို၍ ဖြူဖျော့ပြီး ပို၍ ပိန်ပါး နေခဲ့ပေပြီ။

သူတို့ ကောလိပ်တက်စဥ်က တစ်ခုသောနှစ်မှာ Oikawaက နွေကျောင်းပိတ်ရက်အတွက် ပြန်သွားခဲ့ပြီး သူက လက်တွေ့ အသုံးချ ကာလအတွက် ကျောင်း၌ နေခဲ့ရပေသည်။

တစ်နေ့မှာ ကျောင်းပိတ်ရက်အတွက် အိမ်ပြန်ရောက်နေတဲ့ Mattsunက သူ့အား ရုတ်တရက် ဖုန်းခေါ်ပြီး Oikawa သတိလစ် မေ့လဲသွား၍ ဆေးရုံတင် လိုက်ရကြောင်း ပြောပြခဲ့သည်။

သူ ကြားကြားချင်း Miyagiသို့ နောက်ဆုံး ဘတ်စ်ကားဖြင့် ပြန်ခဲ့ပြီး ဆေးရုံသို့ အပြေး သွားခဲ့သည်။ အဲ့တုန်းကလည်း အခုလိုပင် ခပ်လျော့လျော့ ထိုင်နေခဲ့ရင်း သူရဲ့ အရမ်းစိုးရိမ်နေခဲ့သည့် အပေါ်ပင် စနောက် နေခဲ့သေးသည်။

သူ တံခါးကို အသာတွန်းဖွင့် ဝင်လိုက်ပေမဲ့ အထဲကသူက သတိမမူမိ လောက်အောင် အတွေးများကြား ပိတ်မိနေခဲ့ပေသည်။ သူ မည်သည့် အသံမျှ မထွက်စေပဲ တိတ်ဆိတ်စွာပင် တစ်ဖက်သူကို ငေးမော ကြည့်နေခဲ့သည်။

ဘေးတစ်စောင်း မြင်နေရသည့် ပုံရိပ်ငယ်က ပို၍ ပိန်ပါး သေးငယ် နေခဲ့ပေသည်။ အညိုရောင် ဆံပင်တွေက ကျိုးတို့ကျိုးတဲ ပါးလျ၍ အနည်းငယ် ရှုပ်ပွနေသည်။ သူ့စိတ်ထဲ ဆစ်ခနဲပင် အနည်းငယ် နာကျင် လိုက်ရပေသည်။ Oikawa က ဝေဒနာ ဆိုးသည့် နေ့ရက်များဆိုလျှင်တောင် သူ့ဆံပင်ကို အမြဲတစေ ဂရုတစိုက် ရှိသူ မို့လို့ပင်။ တစ်ကိုယ်လုံး ကျိုးပဲ့လွယ် နေခဲ့ပေမဲ့  ဖြူဖျော့ဖျော့ လက်ချောင်းများကြား၌ ကြေမွနေသည့် စာရွက် အပိုင်းအစငယ် တစ်ခုကို ကိုင်ထားခဲ့ပေသည်။

Oikawa's last wish (mm translation)Where stories live. Discover now