The Feast (စားတော်ပွဲ)

By _kadxxx

66.8K 10.2K 381

This story is burmese translation of "The Feast(食锦)" by author "Li Hua Bai(梨花白)". I'm just a burmese translat... More

မိတ်ဆက်
၀၀၁-ဝိဥာဥ်ကူးပြောင်းလာတဲ့ အစားချစ်သူလေး
၀၀၂-မကောင်းသောဖြစ်ရပ်များ
၀၀၃-ဇီဇာကြောင်ခြင်း
၀၀၄-မီးဖိုချောင်ထဲကအပျက်အစီးများ
၀၀၅-ပြောင်းလဲလွယ်သော
၀၀၆-တိုက်ခိုက်ရန်အသင့်ဖြစ်နေသော ဓားများ
၀၀၇-လုံးဝအရေးနိမ့်ခြင်း
၀၀၈-မကောင်းသော အတိတ်နိမိတ်
၀၀၉-အဲ့ဒီ့ကြွက်ကြီး
၀၁၀-မင်းနိုင်တယ်!
၀၁၁-ခိုင်းဖက်သုံးဖော်
၀၁၂-နားလည်မှုရှိတဲ့အမတ်မင်းလေး
၀၁၃-လောဘ
၀၁၄-တွန်းအားပေးရန်
၀၁၅-သခင်မယွင်လာပါပြီ
၀၁၆-မျက်နှာပျက်ရခြင်း
၀၁၇-သဲကြီးမဲကြီးတိုက်ခိုက်ခြင်း
၀၁၈-အဆိုးဆုံးရလဒ်
၀၁၉-အစီအရင်ခံခြင်း
၀၂၀- မြွေတစ်ကောင်တိုက်ကွက်တည်ဆောက်ခြင်း
၀၂၁- ခေတ်ကွာဟမှုကြား ပေါင်းကူးတံတားထိုးခြင်း
၀၂၃- စားကောင်းသောက်ဖွယ်စားရဖို့အတွက်
၀၂၄- ကူလီ
၀၂၅-မကောင်းတဲ့ဆက်ဆံရေး တစ်ခန်းရပ်စေဖို့
၀၂၆- (သွမ့်ဝူ)နဂါးလှေပွဲတော်
၀၂၇- အစားအသောက်ပြပွဲ
၀၂၈- ကွယ်ဝှက်ထားတဲ့ အမျိုးမျိုးသော ထင်မြင်ချက်များ
၀၂၉- အဖွားနဲ့မြေးရဲ့စကားဝိုင်း
၀၃၀ - အိပ်မက်နှင့်စိတ်ကူးများ
၀၃၁ - ထောက်လှမ်းရေးအလုပ်
၀၃၂ - အပေါက်ဆိုးတဲ့ဇနီးမယား
၀၃၃ - သွေးထိုးလှုံ့ဆော်ရန်
၀၃၄ - အမတ်မင်းလေးရဲ့ဝါသနာ
၀၃၅- ပြစ်မှုကျူးလွန်တဲ့သူက အပြစ်ခံရမှာပဲ
၀၃၆ - အရမ်းကိုစိတ်လှုပ်ရှားစရာမကောင်းဘူး
၀၃၇ - အမေ့အဆူခံရခြင်း
၀၃၈ - ဖိအားများကြား၌လက်ဖျားခါရလောက်အောင်တော်သော
၀၃၉ - အဲ့ဒီ့တော့ ဒါကဒီလိုပေါ့
၀၄၀ - ကိစ္စများကိုကိုင်တွယ်ဖြေရှင်းခြင်း
၀၄၁ - ဘယ်သူကဘယ်သူ့ကိုကြွေသွားတာလဲ
၀၄၂ - မကျေနပ်ချက်များ
၀၄၃ - အရှုံးနဲ့ထွက်ပြေးခြင်း
၀၄၄ - ဝမ်းတွင်းမည်းဆက်ခံသူအရှင်
၀၄၅ - ခြိမ်းခြောက်ငွေညှစ်မှုအောင်မြင်သည်။
၀၄၆ - မရှောင်လွှဲနိုင်ဘူး
၀၄၇ - နက်နဲသိမ်မွေ့သောစကားများ
၀၄၈ - စားဖိုဆောင်ကို ထပ်၍အလည်သွားခြင်း
၄၉- ရန်သူတစ်ယောက်ကို မိတ်ဆွေအဖြစ်ပြောင်းလဲခြင်း
၀၅၀ - ဝါကြီးသည်ကိုကြွားလုံးထုတ်ခြင်း
၀၅၁ - ယောက်ျားထက်ကြောင်ကပိုအရေးကြီးတယ်

၀၂၂- ဈေးဆစ်ခြင်း

1.2K 225 6
By _kadxxx

[Unicode]

"မင်း..."
သွမ့်ထင်းရွှမ် စုနွမ်နွမ်ဒီလိုအကွက်ရွေ့လိုက်မယ်လို့ လုံးဝမမျှော်လင့်ထားပေ။ အချိန်ခဏလောက်၊ သူလုံးဝဆွံ့အသွားသည်။ သူ စစ်ပင်းရဲ့ ငိုသံနဲ့ပြောနေတဲ့စကားကို လုံးဝလစ်လျူရှူထားလိုက်သည်။
"သခင်၊ ကျွန်တော်တို့ တကယ်ပဲပြန်သင့်ပြီထင်တယ်။ ညမှောင်လာတော့မယ်လေ။"
အဲ့ဒါကအမှန်ပဲ၊ နေက လုံးဝဝင်သွားတော့မယ့်အချိန် ဖြစ်နေပြီ။ သူ့ရဲ့အနီရောင်သန်းနေတဲ့ မျက်နှာတစ်ဝက်လောက်ကိုပဲ တွေ့နိုင်တော့သည်။
သွမ့်ထင်းရွှမ် ဒီအကြံကောင်းကို အလျင်အမြန်ဆုပ်ကိုင်ပြီး စစ်ပင်းနဲ့တူတူထွက်သွားလိုက်ချင်သည်။ ဒါပေမယ့် မုန်းစရာအကောင်းဆုံးကိစ္စက... မီးဖိုချောင်ထဲမှာ ဘာတွေလုပ်နေတာလဲ။ ဒီအမွှေးနံ့ကဘာလဲ။ ဘယ်လိုလုပ် အဲ့ဒီ့အနံ့က ပိုပိုပြီးမွှေးလာနိုင်ရတာလဲ။ အမတ်မင်းလေး တိုက်ပွဲကို ရှုံးနိမ့်ပြီးသားဖြစ်နေပါပြီ။ ဒါ သူတစ်ခါမှမစားဖူးတဲ့အရာဆိုတာ လုံးဝသံသယရှိစရာမလိုပဲ သေချာနေတယ်လေ။
အမွှေးနံ့က အရမ်းသိသာထင်ရှားလွန်းတယ်။ သူ နှစ်နှစ်ဆယ်ကျော်နေလာခဲ့တဲ့ အချိန်အတွင်းမှာ၊ ဒီလိုမျိုးသူ့ရဲ့နှလုံးသားနဲ့အသည်းကို ဖမ်းဆုပ်လိုက်နိုင်တဲ့ မွှေးရနံ့မျိုး တစ်ခါမှမကြုံခဲ့ဖူးပေ။ အဲ့ဒီ့အိုးထဲမှာ ဘာပဲရှိနေနေ အိုးတစ်ခုလုံးကိုပါ မျိုချချင်ရလောက်တဲ့အထိ လူတစ်ယောက်ကိုလုပ်နိုင်သည်မှာ အမှန်ပင်မုန်းစရာကောင်းပေသည်။
"ကျွန်မကို သိုင်းပညာသင်ပေးပါ၊ အဲ့ဒါဆို ကျွန်မရှင့်ကို တစ်လစာအစားအသောက်တွေပေးမယ်။"
စုနွမ်နွမ် သွမ့်ထင်းရွှမ်ရဲ့မျက်နှာအမူအရာကို သေချာပေါက်အကဲခတ်နိုင်သည်။ သူ အဲ့ဒီ့နေရာမှာပဲ ကြက်သေသေနေပြီး ချီတုံချတုံဖြစ်နေပုံကိုကြည့်ပြီး၊ အခြေအနေတွေကို သူမဘက်ပါလာအောင် ဆွဲဆောင်နိုင်ဖို့ အချိန်ကောင်းပဲဆိုတာ သိလိုက်သည်။
"တစ်လ ဟုတ်လား။ မင်းက ငါ့ကို အစာလေးတစ်ခေါက်လောက်ကျွေးပြီး မောင်းထုတ်လို့ရတဲ့ သူတောင်းစားတစ်ယောက်လို့ ထင်နေတာလား။"
သွမ့်ထင်းရွှမ် ဒေါသထွက်သွားသည်။
"ဒါဆိုရင်လည်း... နှစ်လဆိုရင်ကော ဘယ်လိုလဲ။"
စုနွမ်နွမ် သူ့အသွေးအသားထဲက နာကျင်မှုကို ခံစားမိနေပြီ။ ဒီလူညစ်ကို သူမရဲ့အစားအစာတွေ တစ်လလုံးလုံး ပေးစားထားရမှာကိုတောင် သူမရဲ့နှလုံးသားလေး နာကျင်နေရပြီကို၊ အခုတော့ နောက်တစ်လပါ ထပ်ပေးရတော့မှာလား။
"တစ်သက်လုံး..."
သွမ့်ထင်းရွှမ် အံကိုကြိတ်လိုက်သည်။
"မင်းငါ့ကို ဘယ်လိုတောင် သူတောင်းစားတစ်ယောက်လို ဆက်ဆံရဲတာလဲ။"
"ဟေး၊ ရှင်အရမ်းမလွန်လာနဲ့နော်။"
စုနွမ်နွမ်လည်း ဒေါသစထွက်လာပြီဖြစ်သည်။
"လူတစ်ယောက်အနေနဲ့ ရှင်ဒီလောက်လောဘမကြီးသင့်ဘူး။ ကျွန်မရှင့်ကိုကြောက်မယ်လို့ ရှင်ထင်နေတာလား။ အဆိုးဆုံး ရှင်လုပ်နိုင်တာဆိုလို့၊ ကျွန်မကို အိမ်တော်ကကန်ထုတ်တာလောက်ပဲရှိမှာပဲ။ ဒီအမျိုးကောင်းသမီးမှာ သူ့ရဲ့ပြောင်မြောက်လှတဲ့ အတတ်ပညာလည်းရှိသေးတယ်၊ ဒီကမ္ဘာပေါ်မှာ ဘယ်နေရာသွားသွား၊ ကျွန်မအသက်ရှင်နိုင်တယ်။ သုံးလ၊ ဒီ့ထက်မတိုးတော့ဘူး။"
"မင်းသိုင်းပညာကို တကယ်တတ်ကျွမ်းသွားတဲ့အထိတော့လုပ်လိုက်။"
ဒီမိန်းမက နှင်ချခံလိုက်ရမှာကိုတောင် မကြောက်မှတော့၊ ကွာရှင်းတာနဲ့ အကျပ်ကိုင်ပြီး သူ့ကိုခြိမ်းခြောက်ဖို့က လွယ်မှာမဟုတ်ဘူး။ အမတ်မင်းလေး နောက်ဆုံးတော့ သဘောပေါက်သွားသည်။ အဲ့ဒါကြောင့် သူသက်ပြင်းချပြီး ခြေတစ်လှမ်းအလျော့ပေးလိုက်ရသည်။
"ရှင်ဘာကိုဆိုလိုတာလဲ။"
စုနွမ်နွမ် သူ့စကားကို သေချာနားမလည်ပေ။ သူမဘာသာ အချိန်ယူပြီး သေချာစဥ်းစားနေမယ့်အစား၊ တိကျတဲ့ဖြေရှင်းချက်ကို ချက်ချင်းမေးလိုက်သည်။
"ငါမင်းကို ကွန်ဖူးသင်ပေးမယ်။ မင်းက မင်းအဲ့ဒီ့သိုင်းပညာကို သေချာတတ်ကျွမ်းသွားတဲ့အထိ ငါ့ကိုအစားအသောက်တွေပေးရမယ်။ ငါမင်းကို အခုကတည်းကပြောထားမယ်နော်။ ငါအမှိုက်လို အစားအသောက်အညံ့စားတွေကို သည်းခံမှာမဟုတ်ဘူး။ အကုန်လုံးက အမြင့်ဆုံးအရည်အသွေးရှိရမယ်။"
"ကွန်ဖူးက တစ်နှစ် ဒါမှမဟုတ် တစ်နှစ်နီးပါးလောက် သင်မှတတ်နိုင်တဲ့အရာမလား။"
စုနွမ်နွမ် မျက်မှောင်ကုတ်လိုက်သည်။ ဒီအချက်က အရမ်းရက်စက်လွန်းတယ်။
"သေချာပေါက် မင်း ဒီတစ်နှစ်စာလောက် အစားအသောက်လေးကို မပေးချင်ဘူးလို့ပြောနေတာတော့ မဟုတ်ပါဘူးနော်။"
သွမ့်ထင်းရွှမ် သွေးအန်တော့မလို ခံစားနေရသည်။
"နွမ်နွမ်၊ မင်း သေသေချာချာစဉ်းစားကြည့်ရင်၊ ငါလို ဂုဏ်သိက္ခာရှိတဲ့အမတ်မင်းလေးကို ကွန်ဖူးနည်းပြဆရာအနေနဲ့ မင်းရမှာနော်။ ဒီလိုအထူးအခွင့်အရေးကို တခြားဘယ်သူမှမရဘဲ မင်းတစ်ယောက်ပဲရမှာလေ။ အရသာရှိတဲ့အစားအသောက်တွေကြောင့်သာမဟုတ်ရင်၊ ဒီအရှင်က နည်းပြအဆင့်လောက်ကို အကျခံပြီးသင်ပေးမယ်လို့ မင်းထင်လား။ မင်း ကိုယ့်ဘာသာ နည်းပြတစ်ယောက်ကို ငှားမယ်ဆိုရင်တောင်၊ သူ့အတွက် အစားအသောက်အပြင် နေရာထိုင်ခင်းပါ ပြင်ပေးနေရအုံးမှာလေ။ ဟုတ်တယ်မလား။ သင်တန်းခပေးရအုံးမှာတော့ ပြောစရာတောင်မလိုဘူး။ မင်းအခု ဒီအမတ်မင်းလေးက သာမန်နည်းပြတစ်ယောက်နဲ့တောင် မယှဥ်နိုင်ဘူးလို့ ပြောဖို့ကြိုးစားနေတာလား။"
"ကောင်းပြီ၊ ကောင်းပြီ၊ ဒါဆိုဒီအတိုင်းပဲထားလိုက်ရအောင်။"
စုနွမ်နွမ်နောက်ဆုံးတော့ အလျော့ပေးလိုက်သည်။ သူမကွာရှင်းခံရမှာ မကြောက်ပေမယ့်၊ လက်ထပ်ထားတဲ့အတိုင်းရှိနေတာလည်း သူ့ကောင်းကွက်နဲ့သူရှိတာပဲ။ သူ ဒီခြံဝင်းထဲမှာ အသိုက်ဆောက်ရင်းနဲ့၊ ဟင်းအမည်ကောင်းတွေကိုလည်း အဆုံးမရှိ လိုသလောက်ရနိုင်တယ်လေ။ သူတို့ဒီမှာနေရင်တော့ ထမင်းငတ်မှာပူစရာမလိုဘူး။ သူတို့သုံးယောက် တကယ်ပဲဒီကထွက်သွားရမယ်ဆိုရင်၊ အင်း... မိန်းမလှသုံးယောက်တည်း ဒီလောကကြီးမှာဘာတွေဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းနိုင်ဖို့ခက်တယ်။ အထူးသဖြင့် ဒီဆိုးရွားတဲ့အရင်းရှင်စနစ်ထဲမှာတော့ အားနွဲ့တဲ့မိန်းမသားတွေအပေါ် အမြတ်ထုတ်ဖို့ပဲကြိုးစားနေကြတော့၊ သူတို့ ဒီလူတွေကြားထဲမှာ ခေါင်းပုံဖြတ်ခံရပြီး အရိုးတောင်ကျန်မှာမဟုတ်ဘူး။
သူမရွေးချယ်နိုင်တဲ့အရာတွေနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်ကို ချင့်ချိန်ပြီးတဲ့အချိန်မှာတော့၊ စုနွမ်နွမ် အခြားတစ်ဖက်ကကြည့်ရင်၊ ဒီအိမ်တော်မှာပဲ ဆက်နေတာက အကောင်းဆုံးရွေးချယ်မှုဆိုတာ လက်ခံလိုက်ရသည်။ ဒီလူညစ်က သူမဆီကအစားအသောက်ပေါ်မှာ မှီခိုနေရမှာဆိုတော့၊ သူမ သူနဲ့လက်ရည်တူတိုက်နိုင်သေးသည်။ ဒါက အားနွဲ့တဲ့မိန်းမသားသုံးယောက် အပြင်လောကကြီးမှာ ရှင်သန်ဖို့ကြိုးစားရတာထက်တော့ ပိုသာမှာပဲ။ အမျိုးသမီးဇာတ်လိုက်အတွက် လှည့်ကွက်တွေ၊ ရွှေလက်ချောင်းတွေပါတဲ့ ပုံပြင်တွေလိုမျိုးတို့ အမျိုးသားဇာတ်လိုက်တစ်ပုံလိုက်ပေါ်လာနိုင်တာမျိုးတို့လည်း တကယ့်လက်တွေ့မှာ ဖြစ်လာနိုင်မှာမဟုတ်ဘူးလေ။
"ဒါဆိုရင်၊ သဘောတူလိုက်ပြီနော်။"
သွမ့်ထင်းရွှမ် ထပ်ပြီးအတည်ပြုဖို့ မအောင့်နိုင်ဖြစ်နေသည်။ စုနွမ်နွမ်ခေါင်းညိတ်လိုက်တာကိုမြင်ပြီးတော့၊ သူ့ရဲ့အရှင်သခင်အသွင်အပြင်ကို အလျင်အမြန်ပဲ ပြန်ဆင့်ခေါ်လိုက်သည်။
"မင်းက တကယ်တုံးတဲ့မိန်းမပဲ။ ငါမင်းကို သိုင်းပညာသင်ပေးမယ်လို့ သဘောမတူရင်တောင်၊ လင်မယားနှစ်ယောက် အစားတူတူစားတယ်ဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့မျက်လုံးထဲမှာ လုံးဝသင့်တော်တဲ့ကိစ္စပဲမဟုတ်ဘူးလား။"
"ဒါ ကျွန်မရဲ့စိတ်အခြေအနေပေါ် မူတည်တယ်။"
စုနွမ်နွမ် အေးစက်စက်ပြောလိုက်သည်။
"ကျွန်မစိတ်ပျော်နေရင်၊ ဟင်းအမျိုးအမည်နဲ့ ဟင်းပွဲအရေအတွက်တွေ ပိုတိုးရင်တိုးနိုင်တယ်။ ကျွန်မစိတ်မပျော်ရွှင်နေဘူးဆိုရင်တော့၊ ကျွန်မဘာသာ ဆန်ပြုတ်အလွတ်ကို ချဥ်ဖတ်နဲ့ပဲစားရင်လည်းစားမယ်။ ရှင်ကျွန်မနဲ့တူတူ ကျွန်မရဲ့ ချိုတစ်လှည့်ခါးတစ်လှည့်အချိန်တွေအကုန်လုံးကို အတူတူမျှဝေခံစားချင်တယ်ဆိုရင်တော့၊ ရှင်ကိုဖိတ်ခေါ်ပါတယ်။"
"မင်း..."
သွမ့်ထင်းရွှမ် စိတ်မထိန်းနိုင်ဖြစ်တော့မလိုဖြစ်သွားသည်။
စုနွမ်နွမ်ရဲ့ ဖီးနစ်မျက်လုံးတွေ လှုပ်ရှားသွားပြီး၊
"ကျွန်မက ဘာဖြစ်လဲ။ ရှင်ဘာပြောဖို့ ကြိုးစားနေတာလဲ။"
"ကောင်းပြီ၊ ကောင်းပြီ၊ ယောက်ျားကောင်းတစ်ယောက်က မိန်းမတွေနဲ့ရန်ဖက်မဖြစ်ဘူး။"
အမတ်မင်းလေး ခေါင်းရှင်းရှင်းထားပြီး သူ့ရင်ဘတ်ထဲကနေ ထွက်ပေါ်လာနေတဲ့ ရှက်ဖွယ်ကောင်းတဲ့စကားလုံးတွေကို အမြန်မျိုချပစ်လိုက်နိုင်ခဲ့သည်။ မီးဖိုချောင်ထဲကအနံ့က ပိုပိုပြီးပြင်းထန်လာလို့ စကားများရန်ဖြစ်ဖို့လေးအတွက်နဲ့ အစားကောင်းစားရဖို့အခွင့်အရေးကို လက်လွှတ်လိုက်လို့မဖြစ်ဘူးလေ။
"ကောင်းပြီလေ။ ကျွန်မသွားပြီး အရိုးစွပ်ပြုတ်ကို သွားကြည့်လိုက်အုံးမယ်။ ညစာစားချိန်တောင်ရောင်ခါနီးပြီ။"
ဘဲရိုင်းနှစ်ကောင်လက်ဆောင်ရထားလို့ ပထမသခင်မရဲ့စိတ်အခြေအနေ ကောင်းမွန်နေတာကြောင့်၊ သူမသဘောထားကြီးပေးလိုက်ပြီး နောက်ထပ်ရန်ထပ်ဖြစ်ဖို့ ဂရုစိုက်မနေတော့ပေ။ အဲ့ဒီ့အစား၊ သူမ ပျော်ပျော်ရွှင်ရွှင်နဲ့ မီးဖိုချောင်ဘက်ဆီကို ထွက်သွားတော့သည်။
သူမရဲ့နွဲ့လျတဲ့အသွင်အပြင်ကို အနောက်ကနေကြည့်နေပြီးတော့၊ သွမ့်ထင်းရွှမ် သူ့ယပ်တောင်ကို ဆတ်ခနဲဖြန့်လိုက်ရင်း လှောင်ပြုံးပြုံးလိုက်သည်။ 'ဟိုဟိုး! ဘယ်လောက်တောင်ရိုးအလိုက်တဲ့မိန်းမလဲ။ မင်းတကယ်ပဲ သိုင်းပညာကို တစ်နှစ်အတွင်း တတ်မြောက်နိုင်လိမ့်မယ်လို့ထင်နေတာလား။ အိမ်မက်ဆက်မက်နေလိုက်! သွမ့်ထင်းရွှမ် ကလေးဘဝကတည်းက ဆရာအများကြီးဆီမှာ သင်ယူခဲ့သည်။ သူ့ရဲ့အခုကျွမ်းကျင်အဆင့်က သူ့မှာ သူမတူတဲ့ သိုင်းပညာပါရမီပါလာတဲ့အပြင် ပင်ပင်ပန်းပန်းသင်ယူလေ့လာခဲ့ပြီး နေ့စဥ်မပြတ် မနားတမ်းလေ့ကျင့်ခဲ့လို့ဖြစ်သည်။
စုနွမ်နွမ်လို အရိုးဖွဲ့စည်းပုံပြီးပြည့်စုံပြီးသား၊ အတွေ့အကြုံလည်း လုံးဝမရှိတဲ့သူအတွက်ကတော့၊ ဘယ်နေရာကိုပဲသွားသွား ရက်စက်ပြင်းထန်တဲ့လေ့ကျင့်မှုမရှိဘဲ သိုင်းတတ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ ဒီမိန်းမ တကယ်ပဲ ကွန်ဖူးသင်ချင်တယ်ဆိုရင်၊ အနည်းဆုံးဆယ်နှစ်ကြာလိမ့်မယ်။ ဒါတောင် အခြေခံကိုပဲ ကျွမ်းကျင်နိုင်အုံးမှာ။ ပြီးတော့ထပ်ပြောရရင်၊ သိုင်းပညာသင်တယ်ဆိုတာ အဆုံးမရှိဘူး။ အဲ့ဒီ့တော့ သူ သူမရဲ့စားကောင်းသောက်ဖွယ် ဟင်းချက်လက်ရာကို တစ်ဘဝလုံးစာ စားရတော့မယ်ဆိုတဲ့သဘောပဲပေါ့၊ ဟုတ်တယ်မလား။'
စဥ်းစားလေလေ၊ အမတ်မင်းလေး ပိုပျော်လေလေဖြစ်လာသည်။ ထိုစဥ် ရုတ်တရက် စစ်ပင်းရဲ့ တိုးတိုးလေးပြောတဲ့အသံကို ကြားလိုက်ရသည်။
"အရှင်သခင်၊ အခုလိုမျိုး အရမ်းပျော်ပျော်ရွှင်ရွှင် မပြုံးနေသင့်ဘူးလေ။ ပထမသခင်မမြင်သွားရင်၊ သူစိတ်မပျော်ရွှင်ဖြစ်လိမ့်မယ်။ သူစိတ်မပျော်ရွှင်ရင်၊ သခင်လည်း ပျော်ခွင့်ရမှာမဟုတ်တော့ဘူး။"
ဒီစကားတစ်ခွန်းတည်းက သူ့ရဲ့စိတ်ကူးတွေကို ဖျက်ဆီးပစ်ဖို့ လုံလောက်သွားသည်။
သွမ့်ထင်းရွှမ် သူ့ဇနီးရဲ့ ခေါင်းမာတဲ့အကျင့်စရိုက်ကို စဥ်းစားမိပြီး သက်ပြင်းချလိုက်သည်။ 'ကြည့်ရတာ သူအစားစားရဖို့ကို သိုင်းသင်တာတစ်ခုတည်းအပေါ်မှာပဲ မှီခိုနေလို့မဖြစ်နိုင်ဘူး။ မဟုတ်ရင်၊ အဲ့ဒီ့မိန်းမ သုံး လေး ငါးနှစ်နေလို့မှ သိုင်းမတတ်နိုင်ဘူးဆိုရင်၊ အိမ်တော်ကနေ သောင်းကျန်းပြီး သူ့ဘာသာထွက်သွားလိမ့်မယ်။
သူ စားကောင်းသောက်ဖွယ်တွေ ဆက်စားချင်တယ်ဆိုရင်၊ နည်းဗျူဟာသေချာစဥ်းစားမှဖြစ်မယ်။ ဒါပေမယ့်၊ သူအမှန်အတိုင်းဝန်ခံစရာ တစ်ခုတော့ရှိသည်။ သူမ ပိုပြီးတော့မတော်တရော်တွေလုပ်ပြီး အပေါက်ဆိုးလာတယ်ဆိုပေမယ့်လည်း... အခုစုနွမ်နွမ်အသစ်က အရင်တုန်းကအဆိပ်ပြင်းပြီး ဆရာကြီးလုပ်တတ်တဲ့ပုံစံထက် တကယ်ပဲ ပိုပြီးချစ်စရာကောင်းသည်ပင်။'
သူတစ်ယောက်တည်း အတွေးနယ်ချဲ့နေတုန်းမှာပဲ၊ တစ်ညနေခင်းလုံး သူ့နှာခေါင်းကို ကျီစယ်နေခဲ့တဲ့ မွှေးရနံ့က ရုတ်တရက် ပိုပြီးပြင်းလာသည်။ သူ့ဘေးပတ်လည်ကို ကြည့်ကြည့်လိုက်တော့၊ သူမီးဖိုချောင်ထဲရောက်နေပြီး သူသိချင်နေတဲ့ မွှေးရနံ့တွေထွက်နေတဲ့ မီးဖိုချောင်ထဲကအရာက၊ သူ့ရှေ့တည့်တည့်မှာ ရှိနေသည်။ သူ့ရှေ့မှာ အဖုံးဖွင့်ထားတဲ့ အရမ်းကြီးတဲ့အိုးတစ်ခုရှိနေသည်။ အိုးထဲမှာ အငွေ့တွေ လူးလွန့်ပြီး တထောင်းထောင်းထနေတာကြောင့် အထဲမှာ ဘာရှိနေလဲဆိုတာ ကြည့်ဖို့ခက်ခဲနေသည်။ အရမ်းချိုပြီးမွှေးပျံ့နေတဲ့အနံံ့ကတော့ လူတစ်ယောက်ကို ခြေဖျားထိတောင် သရေကျအောင် ဆွဲဆောင်နိုင်ပေသည်။
"ဒါ... ဘာလဲ။"
သွမ့်ထင်းရွှမ်ရဲ့ သိချင်စိတ်က အထွတ်အထိပ်ရောက်နေသည်။ သူ ခြေတစ်လှမ်းရှေ့တိုးပြီး အိုးထဲမှာရှိတဲ့အရာကို ကြည့်လိုက်သည်။ နီညိုရောင်စွပ်ပြုတ်ရည်ထဲမှာ အရမ်းကြီးတဲ့ အရိုးကြီးတွေရှိနေတာ တွေးလိုက်ရသည်။ သူ စွပ်ပြုတ်ကို သေချာလေ့လာနေတုန်းမှာပဲ၊ သူ့ဘေးက စုနွမ်နွမ်က ပြုံးရင်းပြောလိုက်သည်။
"ဒါအရိုးစွပ်ပြုတ်လေ။ အကောင်းဆုံးအရည်အသွေးရှိတဲ့ ဝက်ရိုးတွေကိုရွေးပြီးသုံးဖို့က အထူးအရေးကြီးတဲ့အချက်ပေါ့။ အဲ့ဒီ့အရိုးနဲ့ သန့်ကွေး(တရုတ်ဆေးမြစ်တစ်မျိုး)၊ ကောချီ(တရုတ်ဘယ်ရီတစ်မျိုး)၊ ကြာစေ့၊ တရုတ်ဇီးသီးနဲ့ မြေပဲလိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောပြီးချက်ထားတာလေ။ ကျွန်မဆီမှာ ဟင်းအမည်တွေအကုန်မစုံတာ နှမြောစရာပဲ။ ကျွန်မတို့ တရုတ်ပိန်းဥ၊ ထျန်းချီ(ဂျင်ဆင်းတစ်မျိုး)၊ သန်ရှန်း(အနီရောင်အပင်တစ်မျိုး)၊ ဒါမှမဟုတ်ရင် တခြားဆေးဖက်ဝင်အပင်တွေသာ ထပ်ထည့်နိုင်ရင်၊ အရသာလည်းရှိပြီး အားလည်းဖြစ်အုံးမယ်၊ ခန္ဓာကိုယ်အတွက်ကောစိတ်ဝိညာဉ်အတွက်ကော အံကိုက်ဖြစ်မှာပဲ။"
"မင်း... ဒီလိုအရိုးအကြီးကြီးတွေကို ပြုတ်ပြီးချက်လို့ရတယ်ပေါ့..."
သွမ့်ထင်းရွှမ် အံ့အားသင့်သွားသည်။ သူကြားဖူးတာတော့ အရိုးကြီးတွေကို တခြားဟင်းတွေကို အရသာပိုကောင်းအောင်လုပ်ရင် ထည့်သုံးရတဲ့ အထက်တန်းအဆင့်အရိုးပြုတ်ရည်တွေလုပ်ဖို့ပဲ သုံးလို့ရတာပါ။ သူ အဲ့ဒီ့အရိုးပြုတ်ရည်က သူ့ဟာသူစွပ်ပြုတ်အနေနဲ့လည်း သောက်လို့ရတယ်လို့ လုံးဝမသိခဲ့ဘူး။ သူ စုနွမ်နွမ် အိုးအဖုံးကို ဘေးဘက်မှာချထားလိုက်ပြီး မတ်တတ်ရပ်နေရင်းနဲ့ပဲ အငွေ့တထောင်းထောင်းထနေတဲ့ မွှေးပျံ့လှတဲ့အနံ့ကို ရှူရှိုက်ရင်း အရသာခံနေတာကိုကြည့်ရတာ၊ သူမ ပျော်ရွှင်မှုမှာ ယစ်မူးနေသလိုပင်။
"ဒါ နည်းနည်းလောက် အအေးခံပြီးသွားရင်၊ ကျွန်မတို့ အပေါ်မှာဝေ့နေတဲ့အဆီတွေကိုဖယ်ပြီး သောက်လို့ရပြီ။ ဟွန့်! ကျွန်မတို့ ဒါကို နှစ်ရှီချန်(လေးနာရီ)တောင်ကြာအောင် ပြုတ်ထားရတာ။"
သွမ့်ထင်းရွှမ် တကယ်ပဲ အခုချက်ချင်း ဟင်းရည်ကိုသောက်လိုက်ချင်သည်။ ဒါပေမယ့် သူခဏလောက် စဥ်းစားပြီးချိန်မှာတော့၊ သူ့ရဲ့ အထူးလေ့ကျင့်ထားတဲ့ ကွန်ဖူးပညာက သူ့လျှာကို ဒီကျစ်ကျစ်တောက်ပူနေတဲ့စွပ်ပြုတ်လက်ကနေ ကယ်တင်နိုင်မလားဆိုတာ စမ်းသပ်ဖို့ မပြင်ဆင်ထားတာကြောင့် လက်လျော့လိုက်ရသည်။ ဒါကြောင့်၊ သူ စုနွမ်နွမ်နောက်ကနေလိုက်ပြီး မီးဖိုချောင်ထဲကနေ ထွက်လာခဲ့လိုက်ရသည်။
ပထမဆုံးအကြိမ်အဖြစ် လင်မယားနှစ်ယောက် ထမင်းစားပွဲမှာ အေးအေးဆေးဆေးထိုင်နေကြသည်။ သွမ့်ထင်းရွှမ် စစ်ပင်းနဲ့ရှမ်းယွမ်တို့ ကြွက်ထောင်ချောက်တွေ ရှုပ်ပွနေတဲ့ပဲတွေကို သိမ်းဆည်းရင်း အလုပ်များနေတာကိုတွေ့တော့၊ သူ့ရဲ့ပျော်နေတဲ့စိတ်လေး မှောင်မိုက်သွားသည်။ သူအံကြိတ်ရင်း ပြောလိုက်သည်။
"မင်းတကယ် နှလုံးသားမရှိတာပဲ။ အိမ်ရှေ့ဝင်ပေါက်မှာ ပဲတွေပြန့်ကျဲထားရတာကို အားမရလို့၊ ကြွက်ထောင်ချောက်တွေကိုပါ ပြင်ထားလိုက်သေးတယ်။ မင်းငါ့ကို တကယ်ပဲ အဲ့ဒီ့လောက်တောင် မုန်းနေရလား။"
"ရှင်က ကျွန်မရှင့်အပေါ်မှာ နည်းနည်းလောက်ဖြစ်ဖြစ် စိတ်ဝင်စားလိမ့်အုံးမယ်လို့ မျှော်လင့်ထားတာလား။"
စုနွမ်နွမ် အဲ့ဒီ့လူညစ်ကို မျက်စောင်းထိုးရင်းပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင်၊ ကျွန်မ နောက်ထပ်ဒူးလေးတွေပါ အတန်းလိုက်ပြင်ထားချင်သေးတာ၊ ဒါပေမယ့် ကြွက်ထောင်ချောက်တွေပဲ သုံးလိုက်ရတယ်။ ရှင်ဝမ်းသာသင့်တယ်။ မဟုတ်ရင်၊ ရှင်ဒီနေရာမှာခြေချလိုက်တာနဲ့ ဖြူးကောင်အဖြစ် တစ်ခါတည်းရောက်သွားမှာ။"
"တောက်!"
သွမ့်ထင်းရွှမ် အထင်သေးစွာပြောလိုက်သည်။
"မင်းက စာအုပ်ဖတ်ပြီး လေးတွေမြှားတွေလုပ်ဖို့ ကြံစည်နေတာလား။ မင်းကြံတာတော့ ကြံလို့ရပါတယ်။ ဒါပေမယ့် မင်းရဲ့အိပ်မက်ကို တကယ်ပဲ အကောင်အထည်ဖော်နိုင်တဲ့အစွမ်းအစရှိလို့လား။ ငါ့မှာတောင် အားပြင်းတဲ့လေးနဲ့မြား သုံးဆက်ပဲရှိတယ်၊ ပြီးတော့ အကုန်လုံးက နန်းတော်ကနေ လက်ဆောင်ရထားတာ။"
သူပြောလေလေ၊ ပိုပြီးခံပြင်းလေလေဖြစ်လာသည်။
"မင်း တကယ်ပဲ ငါ့ကိုဒီလောက်တောင် မုန်းစရာလိုလို့လား။ တကယ်တမ်းကျတော့ ငါ့မင်းအပေါ် အဲ့လောက်ထိမကောင်းတာ မလုပ်ခဲ့ဘူးလေ။"
"ရှင် ဘာပြောဖို့ကြိုးစားနေတာလဲ။"
စုနွမ်နွမ် မျက်လုံးတွေကိုကျဥ်းမြောင်းလိုက်ရင်း ဒီကိုယ့်ကိုယ်ကိုမသိတဲ့ လူတေလူညစ်ကို မျက်စောင်းရှည်တစ်ခုထိုးလိုက်သည်။
"ရှင် ကျွန်မတို့သုံးယောက်ကို ကျွန်မတို့ဘာသာ သေသေရှင်ရှင်ဆိုပြီးပစ်ထားဖို့ရည်ရွယ်ချက်နဲ့ ဒီမေယွဲ့အိမ်တော်ကို ပို့လိုက်တာမဟုတ်ဘူးလို့ ပြောရဲလား။ ကျွန်မအစာရေစာငတ်ပြတ်ပြီး သေခါနီးထိဖြစ်သွားတာ ရှင်သိလား။ ပြီးတော့ ကျွန်မရလိုက်တဲ့ ယမမင်းရဲ့လက်ဆောင်ကြောင့်သာမဟုတ်ရင်၊ ရှင်ကျွန်မအပေါ်  တကယ်ပဲဒီလောက်ကောင်းမှာတဲ့လား။"
"ဟွန့်! ရှင် ဒီကိုရောက်လာတာ တကယ် ကွာရှင်းစာချုပ်ပေးဖို့မဟုတ်လား။ သခင်မယွင် ကျွန်မလက်ထဲမှာ ဒီလောက်ရှုံးသွားတာ၊ သူ ဒီတိုင်းပဲ လွှတ်ထားလိုက်မှာတဲ့လား။ ကျွန်မက ကန်ထုတ်ခံရခါနီးတောင်ဖြစ်နေပြီပဲ၊ ထပ်ပြီး ဘာကိုကြောက်နေစရာလိုအုံးမှာလဲ။ ရှင့်ကို ဒုက္ခသိပ်မပေးတာကိုပဲ ရှင် ကျွန်မရဲ့ကြင်နာတတ်တဲ့နှလုံးသားလေးကို ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် ကျွန်မအလုပ်ရှုပ်ခံပြီး ကြွက်ထောင်ချောက်တွေ ပြင်နေမှာမဟုတ်ဘူး။ ကျွန်မ ရှင်စားမယ့်အရိုးစွပ်ပြုတ်ထဲကို ကြွက်သတ်ဆေးထည့်လိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ။"
"ကြွက်သတ်ဆေးဟုတ်လား။ မင်း ကိုယ့်ယောက်ျားကို သတ်ဖို့တောင် စဥ်းစားရဲသေးတယ်ပေါ့။"
သွမ့်ထင်းရွှမ် ထခုန်လိုက်ပြီးတော့ စုနွမ်နွမ် စိတ်မပါလက်မပါ လက်တွေဝှေ့ယမ်းပြလိုက်တာကို တွေ့လိုက်ရသည်။
"စိတ်ချပါ၊ စိတ်ချပါ၊ ကျွန်မဒီတိုင်းပြောလိုက်တာပါ။ တကယ်မလုပ်ပါဘူး။ ဟုတ်တယ်မလား။"
"ဟွန့်၊ တကယ်တမ်းကျတော့၊ ကျွန်မရဲ့ အဖိုးတန်အရိုးစွပ်ပြုတ်လေးကို ရှင့်လိုလူညစ်အတွက် အလဟဿဖြုန်းတီးပစ်ဖို့ အတွေးနဲ့တင် ကျွန်မရင်နာနေရပြီလေ။ အဲ့ဒါကြောင့် နောက်ဆုံး ကြွက်ထောင်ချောက်နဲ့ အဆုံးသတ်သွားတာ။ အိုး၊ ဟုတ်သားပဲ။ ရှင်ဒီကိုလာတာ ကွာရှင်းစာချုပ်တွေပေးဖို့မလား။ တစ်ချက်လောက်ကြည့်ရအောင်။ ကျွန်မကြားတာတော့ ကျွန်မရဲ့အရှင်က လက်ရုံးရည်ကော နှလုံးရည်မှာပါ ထူးချွန်တယ်တဲ့။ ကျွန်မကို ရှင့်ရဲ့လက်ရေးလေးပြပါအုံး။"
"ဘာကွာရှင်းစာချုပ်လဲ။"
သွမ့်ထင်းရွှမ်ရဲ့မျက်နှာ သိပ်မကောင်းနေပေ။
"အဲ့လိုကိစ္စမျိုးကို အမှန်လို့ထင်မနေနဲ့။ ရှူရန်ယွင် ငါ့ကို စကားနည်းနည်းပြောလိုက်တယ်ဆိုပေမယ့်၊ မင်းကိုကွာရှင်းတာနဲ့ ဘာမှမပတ်သတ်ဘူး။ မြင့်မြတ်တဲ့အမျိုးသမီးတစ်ယောက်ကို မင်းရဲ့သာမန်စိတ်ကူးလေးနဲ့ ခန့်မှန်းပုံဖော်မနေနဲ့။"

------------------------------------------------------------------------------------------------------------

[Zawgyi]

"မင္း..."

သြမ့္ထင္း႐ႊမ္ စုႏြမ္ႏြမ္ဒီလိုအကြက္ေ႐ြ႕လိုက္မယ္လို႔ လုံးဝမေမွ်ာ္လင့္ထားေပ။ အခ်ိန္ခဏေလာက္၊ သူလုံးဝဆြံ႕အသြားသည္။ သူ စစ္ပင္းရဲ႕ ငိုသံနဲ႔ေျပာေနတဲ့စကားကို လုံးဝလစ္လ်ဴရႉထားလိုက္သည္။

"သခင္၊ ကြၽန္ေတာ္တို႔ တကယ္ပဲျပန္သင့္ၿပီထင္တယ္။ ညေမွာင္လာေတာ့မယ္ေလ။"

အဲ့ဒါကအမွန္ပဲ၊ ေနက လုံးဝဝင္သြားေတာ့မယ့္အခ်ိန္ ျဖစ္ေနၿပီ။ သူ႔ရဲ႕အနီေရာင္သန္းေနတဲ့ မ်က္ႏွာတစ္ဝက္ေလာက္ကိုပဲ ေတြ႕ႏိုင္ေတာ့သည္။

သြမ့္ထင္း႐ႊမ္ ဒီအႀကံေကာင္းကို အလ်င္အျမန္ဆုပ္ကိုင္ၿပီး စစ္ပင္းနဲ႔တူတူထြက္သြားလိုက္ခ်င္သည္။ ဒါေပမယ့္ မုန္းစရာအေကာင္းဆုံးကိစၥက... မီးဖိုေခ်ာင္ထဲမွာ ဘာေတြလုပ္ေနတာလဲ။ ဒီအေမႊးနံ႔ကဘာလဲ။ ဘယ္လိုလုပ္ အဲ့ဒီ့အနံ႔က ပိုပိုၿပီးေမႊးလာႏိုင္ရတာလဲ။ အမတ္မင္းေလး တိုက္ပြဲကို ရႈံးနိမ့္ၿပီးသားျဖစ္ေနပါၿပီ။ ဒါ သူတစ္ခါမွမစားဖူးတဲ့အရာဆိုတာ လုံးဝသံသယရွိစရာမလိုပဲ ေသခ်ာေနတယ္ေလ။

အေမႊးနံ႔က အရမ္းသိသာထင္ရွားလြန္းတယ္။ သူ ႏွစ္ႏွစ္ဆယ္ေက်ာ္ေနလာခဲ့တဲ့ အခ်ိန္အတြင္းမွာ၊ ဒီလိုမ်ိဳးသူ႔ရဲ႕ႏွလုံးသားနဲ႔အသည္းကို ဖမ္းဆုပ္လိုက္ႏိုင္တဲ့ ေမႊးရနံ႔မ်ိဳး တစ္ခါမွမႀကဳံခဲ့ဖူးေပ။ အဲ့ဒီ့အိုးထဲမွာ ဘာပဲရွိေနေန အိုးတစ္ခုလုံးကိုပါ မ်ိဳခ်ခ်င္ရေလာက္တဲ့အထိ လူတစ္ေယာက္ကိုလုပ္ႏိုင္သည္မွာ အမွန္ပင္မုန္းစရာေကာင္းေပသည္။

"ကြၽန္မကို သိုင္းပညာသင္ေပးပါ၊ အဲ့ဒါဆို ကြၽန္မရွင့္ကို တစ္လစာအစားအေသာက္ေတြေပးမယ္။"

စုႏြမ္ႏြမ္ သြမ့္ထင္း႐ႊမ္ရဲ႕မ်က္ႏွာအမူအရာကို ေသခ်ာေပါက္အကဲခတ္ႏိုင္သည္။ သူ အဲ့ဒီ့ေနရာမွာပဲ ၾကက္ေသေသေနၿပီး ခ်ီတုံခ်တုံျဖစ္ေနပုံကိုၾကည့္ၿပီး၊ အေျခအေနေတြကို သူမဘက္ပါလာေအာင္ ဆြဲေဆာင္ႏိုင္ဖို႔ အခ်ိန္ေကာင္းပဲဆိုတာ သိလိုက္သည္။

"တစ္လ ဟုတ္လား။ မင္းက ငါ့ကို အစာေလးတစ္ေခါက္ေလာက္ေကြၽးၿပီး ေမာင္းထုတ္လို႔ရတဲ့ သူေတာင္းစားတစ္ေယာက္လို႔ ထင္ေနတာလား။"

သြမ့္ထင္း႐ႊမ္ ေဒါသထြက္သြားသည္။

"ဒါဆိုရင္လည္း... ႏွစ္လဆိုရင္ေကာ ဘယ္လိုလဲ။"

စုႏြမ္ႏြမ္ သူ႔အေသြးအသားထဲက နာက်င္မႈကို ခံစားမိေနၿပီ။ ဒီလူညစ္ကို သူမရဲ႕အစားအစာေတြ တစ္လလုံးလုံး ေပးစားထားရမွာကိုေတာင္ သူမရဲ႕ႏွလုံးသားေလး နာက်င္ေနရၿပီကို၊ အခုေတာ့ ေနာက္တစ္လပါ ထပ္ေပးရေတာ့မွာလား။

"တစ္သက္လုံး..."

သြမ့္ထင္း႐ႊမ္ အံကိုႀကိတ္လိုက္သည္။

"မင္းငါ့ကို ဘယ္လိုေတာင္ သူေတာင္းစားတစ္ေယာက္လို ဆက္ဆံရဲတာလဲ။"

"ေဟး၊ ရွင္အရမ္းမလြန္လာနဲ႔ေနာ္။"

စုႏြမ္ႏြမ္လည္း ေဒါသစထြက္လာၿပီျဖစ္သည္။

"လူတစ္ေယာက္အေနနဲ႔ ရွင္ဒီေလာက္ေလာဘမႀကီးသင့္ဘူး။ ကြၽန္မရွင့္ကိုေၾကာက္မယ္လို႔ ရွင္ထင္ေနတာလား။ အဆိုးဆုံး ရွင္လုပ္ႏိုင္တာဆိုလို႔၊ ကြၽန္မကို အိမ္ေတာ္ကကန္ထုတ္တာေလာက္ပဲရွိမွာပဲ။ ဒီအမ်ိဳးေကာင္းသမီးမွာ သူ႔ရဲ႕ေျပာင္ေျမာက္လွတဲ့ အတတ္ပညာလည္းရွိေသးတယ္၊ ဒီကမာၻေပၚမွာ ဘယ္ေနရာသြားသြား၊ ကြၽန္မအသက္ရွင္ႏိုင္တယ္။ သုံးလ၊ ဒီ့ထက္မတိုးေတာ့ဘူး။"

"မင္းသိုင္းပညာကို တကယ္တတ္ကြၽမ္းသြားတဲ့အထိေတာ့လုပ္လိုက္။"

ဒီမိန္းမက ႏွင္ခ်ခံလိုက္ရမွာကိုေတာင္ မေၾကာက္မွေတာ့၊ ကြာရွင္းတာနဲ႔ အက်ပ္ကိုင္ၿပီး သူ႔ကိုၿခိမ္းေျခာက္ဖို႔က လြယ္မွာမဟုတ္ဘူး။ အမတ္မင္းေလး ေနာက္ဆုံးေတာ့ သေဘာေပါက္သြားသည္။ အဲ့ဒါေၾကာင့္ သူသက္ျပင္းခ်ၿပီး ေျခတစ္လွမ္းအေလ်ာ့ေပးလိုက္ရသည္။

"ရွင္ဘာကိုဆိုလိုတာလဲ။"

စုႏြမ္ႏြမ္ သူ႔စကားကို ေသခ်ာနားမလည္ေပ။ သူမဘာသာ အခ်ိန္ယူၿပီး ေသခ်ာစဥ္းစားေနမယ့္အစား၊ တိက်တဲ့ေျဖရွင္းခ်က္ကို ခ်က္ခ်င္းေမးလိုက္သည္။

"ငါမင္းကို ကြန္ဖူးသင္ေပးမယ္။ မင္းက မင္းအဲ့ဒီ့သိုင္းပညာကို ေသခ်ာတတ္ကြၽမ္းသြားတဲ့အထိ ငါ့ကိုအစားအေသာက္ေတြေပးရမယ္။ ငါမင္းကို အခုကတည္းကေျပာထားမယ္ေနာ္။ ငါအမႈိက္လို အစားအေသာက္အညံ့စားေတြကို သည္းခံမွာမဟုတ္ဘူး။ အကုန္လုံးက အျမင့္ဆုံးအရည္အေသြးရွိရမယ္။"

"ကြန္ဖူးက တစ္ႏွစ္ ဒါမွမဟုတ္ တစ္ႏွစ္နီးပါးေလာက္ သင္မွတတ္ႏိုင္တဲ့အရာမလား။"

စုႏြမ္ႏြမ္ မ်က္ေမွာင္ကုတ္လိုက္သည္။ ဒီအခ်က္က အရမ္းရက္စက္လြန္းတယ္။

"ေသခ်ာေပါက္ မင္း ဒီတစ္ႏွစ္စာေလာက္ အစားအေသာက္ေလးကို မေပးခ်င္ဘူးလို႔ေျပာေနတာေတာ့ မဟုတ္ပါဘူးေနာ္။"

သြမ့္ထင္း႐ႊမ္ ေသြးအန္ေတာ့မလို ခံစားေနရသည္။

"ႏြမ္ႏြမ္၊ မင္း ေသေသခ်ာခ်ာစဥ္းစားၾကည့္ရင္၊ ငါလို ဂုဏ္သိကၡာရွိတဲ့အမတ္မင္းေလးကို ကြန္ဖူးနည္းျပဆရာအေနနဲ႔ မင္းရမွာေနာ္။ ဒီလိုအထူးအခြင့္အေရးကို တျခားဘယ္သူမွမရဘဲ မင္းတစ္ေယာက္ပဲရမွာေလ။ အရသာရွိတဲ့အစားအေသာက္ေတြေၾကာင့္သာမဟုတ္ရင္၊ ဒီအရွင္က နည္းျပအဆင့္ေလာက္ကို အက်ခံၿပီးသင္ေပးမယ္လို႔ မင္းထင္လား။ မင္း ကိုယ့္ဘာသာ နည္းျပတစ္ေယာက္ကို ငွားမယ္ဆိုရင္ေတာင္၊ သူ႔အတြက္ အစားအေသာက္အျပင္ ေနရာထိုင္ခင္းပါ ျပင္ေပးေနရအုံးမွာေလ။ ဟုတ္တယ္မလား။ သင္တန္းခေပးရအုံးမွာေတာ့ ေျပာစရာေတာင္မလိုဘူး။ မင္းအခု ဒီအမတ္မင္းေလးက သာမန္နည္းျပတစ္ေယာက္နဲ႔ေတာင္ မယွဥ္ႏိုင္ဘူးလို႔ ေျပာဖို႔ႀကိဳးစားေနတာလား။"

"ေကာင္းၿပီ၊ ေကာင္းၿပီ၊ ဒါဆိုဒီအတိုင္းပဲထားလိုက္ရေအာင္။"

စုႏြမ္ႏြမ္ေနာက္ဆုံးေတာ့ အေလ်ာ့ေပးလိုက္သည္။ သူမကြာရွင္းခံရမွာ မေၾကာက္ေပမယ့္၊ လက္ထပ္ထားတဲ့အတိုင္းရွိေနတာလည္း သူ႔ေကာင္းကြက္နဲ႔သူရွိတာပဲ။ သူ ဒီၿခံဝင္းထဲမွာ အသိုက္ေဆာက္ရင္းနဲ႔၊ ဟင္းအမည္ေကာင္းေတြကိုလည္း အဆုံးမရွိ လိုသေလာက္ရႏိုင္တယ္ေလ။ သူတို႔ဒီမွာေနရင္ေတာ့ ထမင္းငတ္မွာပူစရာမလိုဘူး။ သူတို႔သုံးေယာက္ တကယ္ပဲဒီကထြက္သြားရမယ္ဆိုရင္၊ အင္း... မိန္းမလွသုံးေယာက္တည္း ဒီေလာကႀကီးမွာဘာေတြျဖစ္လာႏိုင္မလဲဆိုတာ ခန႔္မွန္းႏိုင္ဖို႔ခက္တယ္။ အထူးသျဖင့္ ဒီဆိုး႐ြားတဲ့အရင္းရွင္စနစ္ထဲမွာေတာ့ အားႏြဲ႕တဲ့မိန္းမသားေတြအေပၚ အျမတ္ထုတ္ဖို႔ပဲႀကိဳးစားေနၾကေတာ့၊ သူတို႔ ဒီလူေတြၾကားထဲမွာ ေခါင္းပုံျဖတ္ခံရၿပီး အ႐ိုးေတာင္က်န္မွာမဟုတ္ဘူး။

သူမေ႐ြးခ်ယ္ႏိုင္တဲ့အရာေတြနဲ႔ ျဖစ္လာႏိုင္တဲ့အက်ိဳးဆက္ကို ခ်င့္ခ်ိန္ၿပီးတဲ့အခ်ိန္မွာေတာ့၊ စုႏြမ္ႏြမ္ အျခားတစ္ဖက္ကၾကည့္ရင္၊ ဒီအိမ္ေတာ္မွာပဲ ဆက္ေနတာက အေကာင္းဆုံးေ႐ြးခ်ယ္မႈဆိုတာ လက္ခံလိုက္ရသည္။ ဒီလူညစ္က သူမဆီကအစားအေသာက္ေပၚမွာ မွီခိုေနရမွာဆိုေတာ့၊ သူမ သူနဲ႔လက္ရည္တူတိုက္ႏိုင္ေသးသည္။ ဒါက အားႏြဲ႕တဲ့မိန္းမသားသုံးေယာက္ အျပင္ေလာကႀကီးမွာ ရွင္သန္ဖို႔ႀကိဳးစားရတာထက္ေတာ့ ပိုသာမွာပဲ။ အမ်ိဳးသမီးဇာတ္လိုက္အတြက္ လွည့္ကြက္ေတြ၊ ေ႐ႊလက္ေခ်ာင္းေတြပါတဲ့ ပုံျပင္ေတြလိုမ်ိဳးတို႔ အမ်ိဳးသားဇာတ္လိုက္တစ္ပုံလိုက္ေပၚလာႏိုင္တာမ်ိဳးတို႔လည္း တကယ့္လက္ေတြ႕မွာ ျဖစ္လာႏိုင္မွာမဟုတ္ဘူးေလ။

"ဒါဆိုရင္၊ သေဘာတူလိုက္ၿပီေနာ္။"

သြမ့္ထင္း႐ႊမ္ ထပ္ၿပီးအတည္ျပဳဖို႔ မေအာင့္ႏိုင္ျဖစ္ေနသည္။ စုႏြမ္ႏြမ္ေခါင္းညိတ္လိုက္တာကိုျမင္ၿပီးေတာ့၊ သူ႔ရဲ႕အရွင္သခင္အသြင္အျပင္ကို အလ်င္အျမန္ပဲ ျပန္ဆင့္ေခၚလိုက္သည္။

"မင္းက တကယ္တုံးတဲ့မိန္းမပဲ။ ငါမင္းကို သိုင္းပညာသင္ေပးမယ္လို႔ သေဘာမတူရင္ေတာင္၊ လင္မယားႏွစ္ေယာက္ အစားတူတူစားတယ္ဆိုတာ ေကာင္းကင္နဲ႔ေျမႀကီးရဲ႕မ်က္လုံးထဲမွာ လုံးဝသင့္ေတာ္တဲ့ကိစၥပဲမဟုတ္ဘူးလား။"

"ဒါ ကြၽန္မရဲ႕စိတ္အေျခအေနေပၚ မူတည္တယ္။"

စုႏြမ္ႏြမ္ ေအးစက္စက္ေျပာလိုက္သည္။

"ကြၽန္မစိတ္ေပ်ာ္ေနရင္၊ ဟင္းအမ်ိဳးအမည္နဲ႔ ဟင္းပြဲအေရအတြက္ေတြ ပိုတိုးရင္တိုးႏိုင္တယ္။ ကြၽန္မစိတ္မေပ်ာ္႐ႊင္ေနဘူးဆိုရင္ေတာ့၊ ကြၽန္မဘာသာ ဆန္ျပဳတ္အလြတ္ကို ခ်ဥ္ဖတ္နဲ႔ပဲစားရင္လည္းစားမယ္။ ရွင္ကြၽန္မနဲ႔တူတူ ကြၽန္မရဲ႕ ခ်ိဳတစ္လွည့္ခါးတစ္လွည့္အခ်ိန္ေတြအကုန္လုံးကို အတူတူမွ်ေဝခံစားခ်င္တယ္ဆိုရင္ေတာ့၊ ရွင္ကိုဖိတ္ေခၚပါတယ္။"

"မင္း..."

သြမ့္ထင္း႐ႊမ္ စိတ္မထိန္းႏိုင္ျဖစ္ေတာ့မလိုျဖစ္သြားသည္။

စုႏြမ္ႏြမ္ရဲ႕ ဖီးနစ္မ်က္လုံးေတြ လႈပ္ရွားသြားၿပီး၊

"ကြၽန္မက ဘာျဖစ္လဲ။ ရွင္ဘာေျပာဖို႔ ႀကိဳးစားေနတာလဲ။"

"ေကာင္းၿပီ၊ ေကာင္းၿပီ၊ ေယာက္်ားေကာင္းတစ္ေယာက္က မိန္းမေတြနဲ႔ရန္ဖက္မျဖစ္ဘူး။"

အမတ္မင္းေလး ေခါင္းရွင္းရွင္းထားၿပီး သူ႔ရင္ဘတ္ထဲကေန ထြက္ေပၚလာေနတဲ့ ရွက္ဖြယ္ေကာင္းတဲ့စကားလုံးေတြကို အျမန္မ်ိဳခ်ပစ္လိုက္ႏိုင္ခဲ့သည္။ မီးဖိုေခ်ာင္ထဲကအနံ႔က ပိုပိုၿပီးျပင္းထန္လာလို႔ စကားမ်ားရန္ျဖစ္ဖို႔ေလးအတြက္နဲ႔ အစားေကာင္းစားရဖို႔အခြင့္အေရးကို လက္လႊတ္လိုက္လို႔မျဖစ္ဘူးေလ။

"ေကာင္းၿပီေလ။ ကြၽန္မသြားၿပီး အ႐ိုးစြပ္ျပဳတ္ကို သြားၾကည့္လိုက္အုံးမယ္။ ညစာစားခ်ိန္ေတာင္ေရာင္ခါနီးၿပီ။"

ဘဲ႐ိုင္းႏွစ္ေကာင္လက္ေဆာင္ရထားလို႔ ပထမသခင္မရဲ႕စိတ္အေျခအေန ေကာင္းမြန္ေနတာေၾကာင့္၊ သူမသေဘာထားႀကီးေပးလိုက္ၿပီး ေနာက္ထပ္ရန္ထပ္ျဖစ္ဖို႔ ဂ႐ုစိုက္မေနေတာ့ေပ။ အဲ့ဒီ့အစား၊ သူမ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ မီးဖိုေခ်ာင္ဘက္ဆီကို ထြက္သြားေတာ့သည္။

သူမရဲ႕ႏြဲ႕လ်တဲ့အသြင္အျပင္ကို အေနာက္ကေနၾကည့္ေနၿပီးေတာ့၊ သြမ့္ထင္း႐ႊမ္ သူ႔ယပ္ေတာင္ကို ဆတ္ခနဲျဖန႔္လိုက္ရင္း ေလွာင္ၿပဳံးၿပဳံးလိုက္သည္။ 'ဟိုဟိုး! ဘယ္ေလာက္ေတာင္႐ိုးအလိုက္တဲ့မိန္းမလဲ။ မင္းတကယ္ပဲ သိုင္းပညာကို တစ္ႏွစ္အတြင္း တတ္ေျမာက္ႏိုင္လိမ့္မယ္လို႔ထင္ေနတာလား။ အိမ္မက္ဆက္မက္ေနလိုက္! သြမ့္ထင္း႐ႊမ္ ကေလးဘဝကတည္းက ဆရာအမ်ားႀကီးဆီမွာ သင္ယူခဲ့သည္။ သူ႔ရဲ႕အခုကြၽမ္းက်င္အဆင့္က သူ႔မွာ သူမတူတဲ့ သိုင္းပညာပါရမီပါလာတဲ့အျပင္ ပင္ပင္ပန္းပန္းသင္ယူေလ့လာခဲ့ၿပီး ေန႔စဥ္မျပတ္ မနားတမ္းေလ့က်င့္ခဲ့လို႔ျဖစ္သည္။

စုႏြမ္ႏြမ္လို အ႐ိုးဖြဲ႕စည္းပုံၿပီးျပည့္စုံၿပီးသား၊ အေတြ႕အႀကဳံလည္း လုံးဝမရွိတဲ့သူအတြက္ကေတာ့၊ ဘယ္ေနရာကိုပဲသြားသြား ရက္စက္ျပင္းထန္တဲ့ေလ့က်င့္မႈမရွိဘဲ သိုင္းတတ္ႏိုင္ဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္ေပ။ ဒီမိန္းမ တကယ္ပဲ ကြန္ဖူးသင္ခ်င္တယ္ဆိုရင္၊ အနည္းဆုံးဆယ္ႏွစ္ၾကာလိမ့္မယ္။ ဒါေတာင္ အေျခခံကိုပဲ ကြၽမ္းက်င္ႏိုင္အုံးမွာ။ ၿပီးေတာ့ထပ္ေျပာရရင္၊ သိုင္းပညာသင္တယ္ဆိုတာ အဆုံးမရွိဘူး။ အဲ့ဒီ့ေတာ့ သူ သူမရဲ႕စားေကာင္းေသာက္ဖြယ္ ဟင္းခ်က္လက္ရာကို တစ္ဘဝလုံးစာ စားရေတာ့မယ္ဆိုတဲ့သေဘာပဲေပါ့၊ ဟုတ္တယ္မလား။'

စဥ္းစားေလေလ၊ အမတ္မင္းေလး ပိုေပ်ာ္ေလေလျဖစ္လာသည္။ ထိုစဥ္ ႐ုတ္တရက္ စစ္ပင္းရဲ႕ တိုးတိုးေလးေျပာတဲ့အသံကို ၾကားလိုက္ရသည္။

"အရွင္သခင္၊ အခုလိုမ်ိဳး အရမ္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ မၿပဳံးေနသင့္ဘူးေလ။ ပထမသခင္မျမင္သြားရင္၊ သူစိတ္မေပ်ာ္႐ႊင္ျဖစ္လိမ့္မယ္။ သူစိတ္မေပ်ာ္႐ႊင္ရင္၊ သခင္လည္း ေပ်ာ္ခြင့္ရမွာမဟုတ္ေတာ့ဘူး။"

ဒီစကားတစ္ခြန္းတည္းက သူ႔ရဲ႕စိတ္ကူးေတြကို ဖ်က္ဆီးပစ္ဖို႔ လုံေလာက္သြားသည္။

သြမ့္ထင္း႐ႊမ္ သူ႔ဇနီးရဲ႕ ေခါင္းမာတဲ့အက်င့္စ႐ိုက္ကို စဥ္းစားမိၿပီး သက္ျပင္းခ်လိုက္သည္။ 'ၾကည့္ရတာ သူအစားစားရဖို႔ကို သိုင္းသင္တာတစ္ခုတည္းအေပၚမွာပဲ မွီခိုေနလို႔မျဖစ္ႏိုင္ဘူး။ မဟုတ္ရင္၊ အဲ့ဒီ့မိန္းမ သုံး ေလး ငါးႏွစ္ေနလို႔မွ သိုင္းမတတ္ႏိုင္ဘူးဆိုရင္၊ အိမ္ေတာ္ကေန ေသာင္းက်န္းၿပီး သူ႔ဘာသာထြက္သြားလိမ့္မယ္။

သူ စားေကာင္းေသာက္ဖြယ္ေတြ ဆက္စားခ်င္တယ္ဆိုရင္၊ နည္းဗ်ဴဟာေသခ်ာစဥ္းစားမွျဖစ္မယ္။ ဒါေပမယ့္၊ သူအမွန္အတိုင္းဝန္ခံစရာ တစ္ခုေတာ့ရွိသည္။ သူမ ပိုၿပီးေတာ့မေတာ္တေရာ္ေတြလုပ္ၿပီး အေပါက္ဆိုးလာတယ္ဆိုေပမယ့္လည္း... အခုစုႏြမ္ႏြမ္အသစ္က အရင္တုန္းကအဆိပ္ျပင္းၿပီး ဆရာႀကီးလုပ္တတ္တဲ့ပုံစံထက္ တကယ္ပဲ ပိုၿပီးခ်စ္စရာေကာင္းသည္ပင္။'

သူတစ္ေယာက္တည္း အေတြးနယ္ခ်ဲ႕ေနတုန္းမွာပဲ၊ တစ္ညေနခင္းလုံး သူ႔ႏွာေခါင္းကို က်ီစယ္ေနခဲ့တဲ့ ေမႊးရနံ႔က ႐ုတ္တရက္ ပိုၿပီးျပင္းလာသည္။ သူ႔ေဘးပတ္လည္ကို ၾကည့္ၾကည့္လိုက္ေတာ့၊ သူမီးဖိုေခ်ာင္ထဲေရာက္ေနၿပီး သူသိခ်င္ေနတဲ့ ေမႊးရနံ႔ေတြထြက္ေနတဲ့ မီးဖိုေခ်ာင္ထဲကအရာက၊ သူ႔ေရွ႕တည့္တည့္မွာ ရွိေနသည္။ သူ႔ေရွ႕မွာ အဖုံးဖြင့္ထားတဲ့ အရမ္းႀကီးတဲ့အိုးတစ္ခုရွိေနသည္။ အိုးထဲမွာ အေငြ႕ေတြ လူးလြန႔္ၿပီး တေထာင္းေထာင္းထေနတာေၾကာင့္ အထဲမွာ ဘာရွိေနလဲဆိုတာ ၾကည့္ဖို႔ခက္ခဲေနသည္။ အရမ္းခ်ိဳၿပီးေမႊးပ်ံ႕ေနတဲ့အနံံ့ကေတာ့ လူတစ္ေယာက္ကို ေျခဖ်ားထိေတာင္ သေရက်ေအာင္ ဆြဲေဆာင္ႏိုင္ေပသည္။

"ဒါ... ဘာလဲ။"

သြမ့္ထင္း႐ႊမ္ရဲ႕ သိခ်င္စိတ္က အထြတ္အထိပ္ေရာက္ေနသည္။ သူ ေျခတစ္လွမ္းေရွ႕တိုးၿပီး အိုးထဲမွာရွိတဲ့အရာကို ၾကည့္လိုက္သည္။ နီညိဳေရာင္စြပ္ျပဳတ္ရည္ထဲမွာ အရမ္းႀကီးတဲ့ အ႐ိုးႀကီးေတြရွိေနတာ ေတြးလိုက္ရသည္။ သူ စြပ္ျပဳတ္ကို ေသခ်ာေလ့လာေနတုန္းမွာပဲ၊ သူ႔ေဘးက စုႏြမ္ႏြမ္က ၿပဳံးရင္းေျပာလိုက္သည္။

"ဒါအ႐ိုးစြပ္ျပဳတ္ေလ။ အေကာင္းဆုံးအရည္အေသြးရွိတဲ့ ဝက္႐ိုးေတြကိုေ႐ြးၿပီးသုံးဖို႔က အထူးအေရးႀကီးတဲ့အခ်က္ေပါ့။ အဲ့ဒီ့အ႐ိုးနဲ႔ သန႔္ေကြး(တ႐ုတ္ေဆးျမစ္တစ္မ်ိဳး)၊ ေကာခ်ီ(တ႐ုတ္ဘယ္ရီတစ္မ်ိဳး)၊ ၾကာေစ့၊ တ႐ုတ္ဇီးသီးနဲ႔ ေျမပဲလိုမ်ိဳး ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႔ ေရာၿပီးခ်က္ထားတာေလ။ ကြၽန္မဆီမွာ ဟင္းအမည္ေတြအကုန္မစုံတာ ႏွေျမာစရာပဲ။ ကြၽန္မတို႔ တ႐ုတ္ပိန္းဥ၊ ထ်န္းခ်ီ(ဂ်င္ဆင္းတစ္မ်ိဳး)၊ သန္ရွန္း(အနီေရာင္အပင္တစ္မ်ိဳး)၊ ဒါမွမဟုတ္ရင္ တျခားေဆးဖက္ဝင္အပင္ေတြသာ ထပ္ထည့္ႏိုင္ရင္၊ အရသာလည္းရွိၿပီး အားလည္းျဖစ္အုံးမယ္၊ ခႏၶာကိုယ္အတြက္ေကာစိတ္ဝိညာဥ္အတြက္ေကာ အံကိုက္ျဖစ္မွာပဲ။"

"မင္း... ဒီလိုအ႐ိုးအႀကီးႀကီးေတြကို ျပဳတ္ၿပီးခ်က္လို႔ရတယ္ေပါ့..."

သြမ့္ထင္း႐ႊမ္ အံ့အားသင့္သြားသည္။ သူၾကားဖူးတာေတာ့ အ႐ိုးႀကီးေတြကို တျခားဟင္းေတြကို အရသာပိုေကာင္းေအာင္လုပ္ရင္ ထည့္သုံးရတဲ့ အထက္တန္းအဆင့္အ႐ိုးျပဳတ္ရည္ေတြလုပ္ဖို႔ပဲ သုံးလို႔ရတာပါ။ သူ အဲ့ဒီ့အ႐ိုးျပဳတ္ရည္က သူ႔ဟာသူစြပ္ျပဳတ္အေနနဲ႔လည္း ေသာက္လို႔ရတယ္လို႔ လုံးဝမသိခဲ့ဘူး။ သူ စုႏြမ္ႏြမ္ အိုးအဖုံးကို ေဘးဘက္မွာခ်ထားလိုက္ၿပီး မတ္တတ္ရပ္ေနရင္းနဲ႔ပဲ အေငြ႕တေထာင္းေထာင္းထေနတဲ့ ေမႊးပ်ံ႕လွတဲ့အနံ႔ကို ရႉရႈိက္ရင္း အရသာခံေနတာကိုၾကည့္ရတာ၊ သူမ ေပ်ာ္႐ႊင္မႈမွာ ယစ္မူးေနသလိုပင္။

"ဒါ နည္းနည္းေလာက္ အေအးခံၿပီးသြားရင္၊ ကြၽန္မတို႔ အေပၚမွာေဝ့ေနတဲ့အဆီေတြကိုဖယ္ၿပီး ေသာက္လို႔ရၿပီ။ ဟြန႔္! ကြၽန္မတို႔ ဒါကို ႏွစ္ရွီခ်န္(ေလးနာရီ)ေတာင္ၾကာေအာင္ ျပဳတ္ထားရတာ။"

သြမ့္ထင္း႐ႊမ္ တကယ္ပဲ အခုခ်က္ခ်င္း ဟင္းရည္ကိုေသာက္လိုက္ခ်င္သည္။ ဒါေပမယ့္ သူခဏေလာက္ စဥ္းစားၿပီးခ်ိန္မွာေတာ့၊ သူ႔ရဲ႕ အထူးေလ့က်င့္ထားတဲ့ ကြန္ဖူးပညာက သူ႔လွ်ာကို ဒီက်စ္က်စ္ေတာက္ပူေနတဲ့စြပ္ျပဳတ္လက္ကေန ကယ္တင္ႏိုင္မလားဆိုတာ စမ္းသပ္ဖို႔ မျပင္ဆင္ထားတာေၾကာင့္ လက္ေလ်ာ့လိုက္ရသည္။ ဒါေၾကာင့္၊ သူ စုႏြမ္ႏြမ္ေနာက္ကေနလိုက္ၿပီး မီးဖိုေခ်ာင္ထဲကေန ထြက္လာခဲ့လိုက္ရသည္။

ပထမဆုံးအႀကိမ္အျဖစ္ လင္မယားႏွစ္ေယာက္ ထမင္းစားပြဲမွာ ေအးေအးေဆးေဆးထိုင္ေနၾကသည္။ သြမ့္ထင္း႐ႊမ္ စစ္ပင္းနဲ႔ရွမ္းယြမ္တို႔ ႂကြက္ေထာင္ေခ်ာက္ေတြ ရႈပ္ပြေနတဲ့ပဲေတြကို သိမ္းဆည္းရင္း အလုပ္မ်ားေနတာကိုေတြ႕ေတာ့၊ သူ႔ရဲ႕ေပ်ာ္ေနတဲ့စိတ္ေလး ေမွာင္မိုက္သြားသည္။ သူအံႀကိတ္ရင္း ေျပာလိုက္သည္။

"မင္းတကယ္ ႏွလုံးသားမရွိတာပဲ။ အိမ္ေရွ႕ဝင္ေပါက္မွာ ပဲေတြျပန႔္က်ဲထားရတာကို အားမရလို႔၊ ႂကြက္ေထာင္ေခ်ာက္ေတြကိုပါ ျပင္ထားလိုက္ေသးတယ္။ မင္းငါ့ကို တကယ္ပဲ အဲ့ဒီ့ေလာက္ေတာင္ မုန္းေနရလား။"

"ရွင္က ကြၽန္မရွင့္အေပၚမွာ နည္းနည္းေလာက္ျဖစ္ျဖစ္ စိတ္ဝင္စားလိမ့္အုံးမယ္လို႔ ေမွ်ာ္လင့္ထားတာလား။"

စုႏြမ္ႏြမ္ အဲ့ဒီ့လူညစ္ကို မ်က္ေစာင္းထိုးရင္းေျပာလိုက္သည္။

"အမွန္အတိုင္းေျပာရရင္၊ ကြၽန္မ ေနာက္ထပ္ဒူးေလးေတြပါ အတန္းလိုက္ျပင္ထားခ်င္ေသးတာ၊ ဒါေပမယ့္ ႂကြက္ေထာင္ေခ်ာက္ေတြပဲ သုံးလိုက္ရတယ္။ ရွင္ဝမ္းသာသင့္တယ္။ မဟုတ္ရင္၊ ရွင္ဒီေနရာမွာေျခခ်လိုက္တာနဲ႔ ျဖဴးေကာင္အျဖစ္ တစ္ခါတည္းေရာက္သြားမွာ။"

"ေတာက္!"

သြမ့္ထင္း႐ႊမ္ အထင္ေသးစြာေျပာလိုက္သည္။

"မင္းက စာအုပ္ဖတ္ၿပီး ေလးေတြျမႇားေတြလုပ္ဖို႔ ႀကံစည္ေနတာလား။ မင္းႀကံတာေတာ့ ႀကံလို႔ရပါတယ္။ ဒါေပမယ့္ မင္းရဲ႕အိပ္မက္ကို တကယ္ပဲ အေကာင္အထည္ေဖာ္ႏိုင္တဲ့အစြမ္းအစရွိလို႔လား။ ငါ့မွာေတာင္ အားျပင္းတဲ့ေလးနဲ႔ျမား သုံးဆက္ပဲရွိတယ္၊ ၿပီးေတာ့ အကုန္လုံးက နန္းေတာ္ကေန လက္ေဆာင္ရထားတာ။"

သူေျပာေလေလ၊ ပိုၿပီးခံျပင္းေလေလျဖစ္လာသည္။

"မင္း တကယ္ပဲ ငါ့ကိုဒီေလာက္ေတာင္ မုန္းစရာလိုလို႔လား။ တကယ္တမ္းက်ေတာ့ ငါ့မင္းအေပၚ အဲ့ေလာက္ထိမေကာင္းတာ မလုပ္ခဲ့ဘူးေလ။"

"ရွင္ ဘာေျပာဖို႔ႀကိဳးစားေနတာလဲ။"

စုႏြမ္ႏြမ္ မ်က္လုံးေတြကိုက်ဥ္းေျမာင္းလိုက္ရင္း ဒီကိုယ့္ကိုယ္ကိုမသိတဲ့ လူေတလူညစ္ကို မ်က္ေစာင္းရွည္တစ္ခုထိုးလိုက္သည္။

"ရွင္ ကြၽန္မတို႔သုံးေယာက္ကို ကြၽန္မတို႔ဘာသာ ေသေသရွင္ရွင္ဆိုၿပီးပစ္ထားဖို႔ရည္႐ြယ္ခ်က္နဲ႔ ဒီေမယြဲ႕အိမ္ေတာ္ကို ပို႔လိုက္တာမဟုတ္ဘူးလို႔ ေျပာရဲလား။ ကြၽန္မအစာေရစာငတ္ျပတ္ၿပီး ေသခါနီးထိျဖစ္သြားတာ ရွင္သိလား။ ၿပီးေတာ့ ကြၽန္မရလိုက္တဲ့ ယမမင္းရဲ႕လက္ေဆာင္ေၾကာင့္သာမဟုတ္ရင္၊ ရွင္ကြၽန္မအေပၚ  တကယ္ပဲဒီေလာက္ေကာင္းမွာတဲ့လား။"

"ဟြန႔္! ရွင္ ဒီကိုေရာက္လာတာ တကယ္ ကြာရွင္းစာခ်ဳပ္ေပးဖို႔မဟုတ္လား။ သခင္မယြင္ ကြၽန္မလက္ထဲမွာ ဒီေလာက္ရႈံးသြားတာ၊ သူ ဒီတိုင္းပဲ လႊတ္ထားလိုက္မွာတဲ့လား။ ကြၽန္မက ကန္ထုတ္ခံရခါနီးေတာင္ျဖစ္ေနၿပီပဲ၊ ထပ္ၿပီး ဘာကိုေၾကာက္ေနစရာလိုအုံးမွာလဲ။ ရွင့္ကို ဒုကၡသိပ္မေပးတာကိုပဲ ရွင္ ကြၽန္မရဲ႕ၾကင္နာတတ္တဲ့ႏွလုံးသားေလးကို ေက်းဇူးတင္သင့္တယ္။ မဟုတ္ရင္ ကြၽန္မအလုပ္ရႈပ္ခံၿပီး ႂကြက္ေထာင္ေခ်ာက္ေတြ ျပင္ေနမွာမဟုတ္ဘူး။ ကြၽန္မ ရွင္စားမယ့္အ႐ိုးစြပ္ျပဳတ္ထဲကို ႂကြက္သတ္ေဆးထည့္လိုက္ရင္ ဘာျဖစ္သြားမယ္ထင္လဲ။"

"ႂကြက္သတ္ေဆးဟုတ္လား။ မင္း ကိုယ့္ေယာက္်ားကို သတ္ဖို႔ေတာင္ စဥ္းစားရဲေသးတယ္ေပါ့။"

သြမ့္ထင္း႐ႊမ္ ထခုန္လိုက္ၿပီးေတာ့ စုႏြမ္ႏြမ္ စိတ္မပါလက္မပါ လက္ေတြေဝွ႔ယမ္းျပလိုက္တာကို ေတြ႕လိုက္ရသည္။

"စိတ္ခ်ပါ၊ စိတ္ခ်ပါ၊ ကြၽန္မဒီတိုင္းေျပာလိုက္တာပါ။ တကယ္မလုပ္ပါဘူး။ ဟုတ္တယ္မလား။"

"ဟြန႔္၊ တကယ္တမ္းက်ေတာ့၊ ကြၽန္မရဲ႕ အဖိုးတန္အ႐ိုးစြပ္ျပဳတ္ေလးကို ရွင့္လိုလူညစ္အတြက္ အလဟႆျဖဳန္းတီးပစ္ဖို႔ အေတြးနဲ႔တင္ ကြၽန္မရင္နာေနရၿပီေလ။ အဲ့ဒါေၾကာင့္ ေနာက္ဆုံး ႂကြက္ေထာင္ေခ်ာက္နဲ႔ အဆုံးသတ္သြားတာ။ အိုး၊ ဟုတ္သားပဲ။ ရွင္ဒီကိုလာတာ ကြာရွင္းစာခ်ဳပ္ေတြေပးဖို႔မလား။ တစ္ခ်က္ေလာက္ၾကည့္ရေအာင္။ ကြၽန္မၾကားတာေတာ့ ကြၽန္မရဲ႕အရွင္က လက္႐ုံးရည္ေကာ ႏွလုံးရည္မွာပါ ထူးခြၽန္တယ္တဲ့။ ကြၽန္မကို ရွင့္ရဲ႕လက္ေရးေလးျပပါအုံး။"

"ဘာကြာရွင္းစာခ်ဳပ္လဲ။"

သြမ့္ထင္း႐ႊမ္ရဲ႕မ်က္ႏွာ သိပ္မေကာင္းေနေပ။

"အဲ့လိုကိစၥမ်ိဳးကို အမွန္လို႔ထင္မေနနဲ႔။ ရႉရန္ယြင္ ငါ့ကို စကားနည္းနည္းေျပာလိုက္တယ္ဆိုေပမယ့္၊ မင္းကိုကြာရွင္းတာနဲ႔ ဘာမွမပတ္သတ္ဘူး။ ျမင့္ျမတ္တဲ့အမ်ိဳးသမီးတစ္ေယာက္ကို မင္းရဲ႕သာမန္စိတ္ကူးေလးနဲ႔ ခန႔္မွန္းပုံေဖာ္မေနနဲ႔။"

Continue Reading

You'll Also Like

201K 20.3K 118
ဘာသာပြန်သူ - စွဲညို့အသင်း
122K 12K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
1.7K 184 7
Title - Desolate Era: Hatching a Phoenix at the beginning Writer - Canopy Translator - Baby Knight Total chapters - 252
88.4K 11.4K 64
ကျန်းမြောင်မြောင် x လုချီမင် မူရင်းစာရေးသူ - နိုင်ရှန်းဝေ့သာ