Oxygen(completed)

By the_old_pencil18

77.8K 6.2K 115

intro jimin-မျက်ရည်တေသာစမ်းချောင်းလေးတေဖြစ်ရင်ပင်လယ်ကြီးကိုhyungပိုင်တော့မယ်မောင်••• jungkook-အဖုအထစ်လေးတေကနေ... More

intro
part 1
part 2
part3
part4
part5
part6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part22
part 23
part 24
part 25
part26
part 27
part 28
part-30
part-31
part-32(final)
part 1 zaw
part 2 zaw
part 3 zaw
part 4 zaw
part 5 zaw
part 6 zaw
part 7 zaw
part 8 zaw
part 9 zaw
part 10 zaw
part 11 zaw
part 12 zaw
part 13 zaw
part 14 zaw
part 15 zaw
part 16 zaw
part 17 zaw
part 18 zaw
part 19 zaw
part 20 zaw
part 21
part 22 zaw
part 23 zaw
part 24 zaw
part 25 zaw
part 26 zaw
part 27 zaw
part 28 zaw
part 29 zaw
part 30 zaw
part 31 zaw
final zaw

part-29

1.6K 158 3
By the_old_pencil18

Oxygen part-29

"jimin jungkookလာနေပီ"

taehyungရဲ့သင်တန်းနဲ့တိုက်ခန်းတွဲထားသည့်အိမ်သည် တော်တော်အဆင်ပြေသည်။သင်တန်းနားချိန်တို့ဆို အခန်းထဲဝင်နှပ်နေရုံပင် ဒီနေ့လည်းjungkookကလာမကြိုသေးသဖြင့် taehyungနဲ့hoeseok hyung တို့၏ ချစ်အိပ်ယာလေးပေါ်မှာ gameထိုင်ဆော့နေလိုက်သည်။

"အော် ဟုတ်လား အထဲဝင်မလာဘဲနဲ့"

"မင်းလင်ကလည်းကြောင်တောင်တောင်ရယ် ငါ့ဖုန်းကိုလာဆက်သတဲ့"

"အမယ် kim taehyungရယ် မင်းအကြောင်းမသိတာကျလို့ မျှော်နေတဲ့သူကမလာသေးလို့မလား"

"မင်းလိုပဲပေါ့ jeon jiminကြီးရယ်"

taeသည်လျှာထုတ်ပြောင်ပြသွားသည်။ အပြင်ရောက်မှ တွေ့ပါပီ ကားပေါ်မှာမိန့်မိန့်ကြီး

"မောင် ငါ့ဖုန်းကိုဘာလို့မခေါ်တာလဲ"

" hoeseok hyungက သွားစရာရှိလို့taehyungကိုပြောခိုင်းတာ သူ့ဖုန်းကbatteryကုန်လို့တဲ့ အဲ့ဒါပြောရင်းနဲ့ တစ်ခါတည်းမှာလိုက်တာ"

"အော်"

"မောင်တို့အိမ်ပဲပြန်ကြမှာလား"

"ဘယ်သွားချင်လို့လဲ"

"ထမင်းကလည်းအိမ်ရောက်မှစားမှာဆိုတော့ coffeeပဲသောက်ကြရအောင်"

"ဒီနေ့အတွက်ကော်ဖီတွေများနေပီ"

"hyung ကလည်း"

"ကဲပါ မျက်လုံးဝိုင်းကြီးနဲ့ ကြည့်မနေနဲ့ စကားပြောချင်တာမလား လေကောင်းလေသန့်ရတဲ့နေရာမှာရပ်လိုက်"

"ဟုတ်ကဲ့"

jiminသည် မျက်လုံးများကို မှေးကျဥ်းကာ စူးစမ်းသည်။ ပြောရတာတော့အားနာပါတယ် jeon jungkookသည် အဲ့လောက် ယဥ်ကျေးတဲ့သူမဟုတ်...။ရွှင်ရွှင်မြူးမြူးနဲ့ ကောင်လေးသည် တော်တော်ပျော်နေတဲ့ပုံ...

convenience storeရှေ့မှ ထိုင်ခုံပေါ်တွင် ခေါက်ဆွဲပြုတ်ဗူးကိုယ်စီဖြင့်

"ညစာစားတော့မယ့်ဟာကို"

"မောင်တို့စတွဲတုန်းက အမြဲတမ်းလိုလို ခေါက်ဆွဲစားရင်း ဒိတ်ခဲ့ကြတာလေ"

"မင်းက အစားလောက်ပဲ အာရုံရှိနေတာလေ ငါတောင်မယှဥ်နိုင်ဘူး ဘာတဲ့...ငါ့ကိုတောင် ခေါက်ဆွဲပြုတ်စားနေတဲ့ ပေတူးတူးကောင်လေးကို ချစ်မိသွားတာဆိုပဲ"

jungkookသည်တဟားဟားအော်ရယ်ရင်း ကျေနပ်နေခဲ့သည်။

"ရယ်မနေနဲ့ ခေါက်ဆွဲသာမစားခဲ့ရင်  မကြိုက်မယ့်သဘောရှိတယ်"

"jeon jiminတို့ကတော့ လုပ်လိုက်ပြန်ပြီကွာ.."

jungkookသည် ကျေနပ်မှုပေါင်းတစ်သိန်းတစ်သောင်းနဲ့ ပြောစရာတွေ ပျောက်ရှခဲ့ရသည်။ချစ်ရတာလည်း အနိမ့်အမြင့်...

"ပြောချင်တာရှိလို့လား"

အိမ်တန်းမပြန်ဘဲ အပြင်ခေါ်လာထဲက တစ်ခုခုတော့ရှိပေလိမ့်မည်။ jiminသည် စကားစပေးသောအခါ jungkookသည် နွေးနွေးထွေးထွေးပြုံးနေခဲ့ပါသည်။

"အချိန်တွေကုန်တာအရမ်းမြန်တယ်မလားhyung"

"အပြောင်းအလဲတွေလည်း အများကြီးပါဘဲ"

jungkookသည် စိတ်မကောင်းရိပ်များဖြင့် ကြည့်သောအခါ jiminမှာဖြေရှင်းချက်အမြန်ထုတ်ပေးရသည်။

"ငါတို့အတူဖြတ်ကျော်နိုင်ခဲ့ပါတယ်"

"အချစ်တွေကမှန်ခဲ့တယ်လေ hyungရယ်"

"ဒါပေါ့...ဒါပေါ့... အချစ်တွေလည်းမှန်ခဲ့တယ် ချစ်ရသူလည်းမှန်ခဲ့တယ် အခြေအနေတွေကပဲ လွဲခဲ့တာ.."

"အများကြီးကျော်ဖြတ်ရဦးမှာမလို့ မောင့်လက်ထဲမှာပဲနေနော်"

"ဘယ်လိုလုပ်ဆံ့မှာလဲ..."

"hyung! အကောင်းပြောနေရင် မောင်စိတ်မဆိုးချင်ဘူး! သက်ရှိလူသားနှစ်ဦးအတူရှိနေသ၍ ပြဿနာတွေ၊အတားအဆီးတွေမျိုးစုံကျော်ဖြတ်ရဦးမှာ... hyungက၂၇ မောင်က၂၅ မောင်တို့တွေငယ်သေးတယ် အခက်အခဲတွေအများကြီး"

အလိုမကျဟန် အသံနေအသံထားမှန်ကန်စွာ ဟန့်တားနေသည်မှာ ဘယ်သူကအကြီးမှန်းမသိ။

ဘာတွေဘယ်လိုပဲဖြစ်ခဲ့ပါစေ၊ နောက်ထပ်ဖြစ်လာမှာတွေ မခန့်မှန်းနိုင်လည်း မောင်ကတော့မောင်ပါဘဲ...။ အနိုင်ယူနေဦးမှာ၊ အရှုံးပေးခိုင်းဦးမှာပါ။ အလိုလိုက်ခံလူတန်းစားတွေဟာ နှိမ့်ချပြီးမချစ်ပေးတတ်ကြဘူး။ တင်တင်စီးစီးနဲ့ လွှမ်းမိုးပြရတာဘဲ သဘောတွေ့တာ။ ပုံဖော်ဖို့ထက် ပုံသွင်းပေးချင်ကြတာဟာ ချစ်ပုံချစ်နည်းတစ်မျိုး....။ မောင်ဟာအတ္တကြီးတာမဟုတ်၊ အချစ်ကြီးတာပါ။ စံတွေနှုန်းတွေမပါဘဲ ရိုးရိုးလေးပဲချစ်ခဲ့တာ။မောင်သည် ရိုမန့်တစ်တွေမသိဘူး၊ နှုတ်ကထွက်သမျှဟာ ချုပ်ဆေးတွေလည်းမဟုတ်ပြန်ပါဘူး၊ နင့်နင့်သီးသီးတော်ကီတွေနဲ့ ခြွေပြမှာလည်းမဟုတ်ဘူး။ သူ့နည်းလမ်းလေးအတိုင်း ဖြည်ဖြည်းနွေးနွေးလေးပဲ ခရီးဆက်နေမှာ။

"ရှေ့ရေးတွေကြိုတွေးပြီး ဒေါသထွက်တာ မောင်နဲ့မလိုက်ဘူး"

"ချစ်လို့ပေါ့.. hyungကိုချစ်ရလွန်းလို့ မောင်အများကြီးတွေးရတယ်"

"ပြောပါဦး.. ဘာလို့ငါ့ကြောင့်လဲ..."

jungkookလက်မောင်းကို လက်နှစ်ဖက်ဖြင့်ဖက်ကာ ပခုံးပေါ်သို့ ခေါင်းတင်၍ ခန္ဓာကိုယ်တစ်ခုလုံးမှီပါးထားလိုက်သည်။

"မောင့်ကြောင့် hyungတစ်ခုခုခံစားနေရမှာ အရင်တစ်ခေါက်ကလို လက်လွှတ်ဆုံးရှုံးနိုင်တဲ့ အခြေအနေရောက်နေတာတောင် မောင်မသိခဲ့မှာ၊ မောင်တို့မိသားစုလေးမောင့်ကြောင့် ပြိုကွဲသွားမှာ ကြောက်တယ် ထုတ်ပဲမပြတာပါ hyungထက်ပိုကြောက်တတ်တယ်"

မဟုတ်မမှန်သောစကား တစ်ခွန်းမှမပါ။ မျက်လုံးဝိုင်းလေးများက သက်သေခံကြပါ၏ ။

"မောင်...ငါတို့သိပ်ချစ်ကြတယ်လေ"

အစချီလိုက်သော မြတ်နိုးမှုနာမ်စား... အသံflowသည် ရူးပြစ်လိုက်ချင်စရာ၊မူးပြစ်လိုက်ချင်စရာ

"လူတွေအများကြီးပေမဲ့ နမ်းရအောင်"

"မောင့်သဘော..."

အဆုံးအစမဲ့... park jiminသည် ထိန်းရကောင်းမှန်းလည်းမသိ။ jungkookနဲ့သာဆိုရင် အကန့်အသတ်တွေဘေးဖယ်...။တောင်းဆိုမှုမမည်သော ခွင်းတောင်းမှုတစ်ခုတွင် စီးလို့မြောလို့ကောင်းနေတုန်း....။

ဘေးလူတွေလည်းမသိ၊ လူမြင်ကွင်းလည်းမသိ နှုတ်ခမ်းဖူးဖူးလေးတစ်ခုသာ သိနေတာ.... တစ်ချိန်ခါက jungkookဆိုသော တက္ကသိုလ်ကျောင်းသားလေးမဟုတ်တော့...။ ဝန်းထမ်းပေါင်းများစွာကို အုပ်ချုပ်နေသော big bossတစ်ယောက်ဖြစ်နေပြီ။ သမီးငယ်၏ဖခင်၊ အိမ်ထောင်တစ်ခုရဲ့ခရာဖြစ်နေပြီ။ ပကာသနများနဲ့ ဂုဏ်ရှိန်ညီးစွာ ခန့်ညားပြခြင်းတွေရဲ့နောက်ကွယ်... ကိုယ့်အိမ်ထောင်ဖက်ထက် ၂နှစ်ငယ်သည့် jiminခေါ်သော မောင်ဟူသည့်ကောင်ငယ်လေးသည်  ခါးသိမ်သိမ်လေးအား ထွေးပွေ့ကာ စိတ်လိုလက်ရနမ်းမဝနိုင်သေး...။ ​ကွက်ကြည့်ကွက်ကြည့်နဲ့ နှာခေါင်းရှုံ့နေကြပြီ။မသိမသာ သိသိသာသာ မျက်စောင်းထိုးနှင့်ကြသည်။ ကျောင်းနှင့်နီးသောနေရာဖြစ်၍ အချိန်ပိုဆင်းလာသော ကျောင်းသူတစ်ချို့၏ အားကနဲအော်သံတစ်ချို့လည်းရှိသည်။ publicဆိုသည်ကို ခေါင်းထဲရှိကြရဲ့လားမသိ။ တစ်ချို့တစ်ချို့တွေသိပ်အကဲပိုတတ်ကြသည်...။

~~~~~~~
သီတင်းကျွတ်အတွက် မုန့်ဖိုးမပေးနိုင်လို့ updateပေးတယ်နော်😅😅

Continue Reading

You'll Also Like

65.9K 3.7K 57
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
170K 26.3K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
67.2K 7.3K 29
(အမောင်)💔💔 သူရှိလဲ ဖစ်တယ်မရှိလဲဖစ်တယ် သူရှိနေတုန်းကလဲပျော်ရွှင်ခဲ့တယ် သူမရှိတော့လဲ နေတက်အောင်နေခဲ့တယ်
321K 43.3K 39
#Romance #Drama #How much love is worth