Give up

By Rei_lynx

13.4K 1.6K 124

Title - Morbid attachment, Give up, 詬病 Original author - Chi Zongzha Total - 97 chapters + 7 extras Main Ch... More

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 11
Chapter 12
Chapter 13

Chapter 10

393 94 2
By Rei_lynx

Mon, Oct 18, 2021

Translator - Breeze | Typeset/ edit - Lynx

=====

ဒါရိုက်တာက 'ကဒ်' လို့အော်လိုက်ပြီးနောက် ကျိုးလဲ့က ကျီးဝမ့်ကိုလှမ်းခေါ်ကာ ဘာဖြစ်နေတာလဲလို့ မေးလာသည်။ မနေ့ကအထိသရုပ်ဆောင်ပိုင်းက ကောင်းနေပြီးကာမှ ဒီနေ့သူ့ပုံစံက စိတ်မနစ်ဝင်သလိုပင်။

ချီပေါ်ယန်က သူ့ထက်တောင်ပိုလို့ဆိုးနေတာ သိသာလှသည်။ သို့သော်ကျိုးလဲ့က ချီပေါ်ယန်ကိုတော့ မပြောရဲတာကြောင့် သူ့ကိုသာအပစ်ပုံချပြီး‌ တိုက်ခိုက်တော့သည်။ ကျီးဝမ့်က ရိုးသားစွာပင် ခေါင်းငုံ့နေလိုက်ပြီး အဆူခံနေရသည်။

"ဒါရိုက်တာကြီး ကျွန်တော့်ကို အခွင့်အရေးတစ်ခုလောက်ထပ်ပေးပါ။ ဒီတစ်ခါတော့သေချာလေးလုပ်ပါ့မယ် "

ခြေသံတစ်ခု သူ့အနောက်ဘက်က ထွက်ပေါ်လာပြီး၊ ၎င်းက ချီပေါ်ယန်ဖြစ်သည်ကို အလွယ်တကူပင်သိနိုင်သည်။ ဘာကြောင့်လဲဆိုတော့ ချီပေါ်ယန်ဝတ်ထားတဲ့ ဖိနပ်ရဲ့ ခြေချောင်းထိပ်အဖုံးကို သံဖြင့်ပြုလုပ်ထားကာ ခြေလှမ်းလိုက်တိုင်း တမူထူးခြားသောအသံထွက်ပေါ်နေသောကြောင့်ပင်။ ကျီးဝမ့်က အတော်ကြာအောင် နားထောင်ပြီးနောက်မှာတော့ ထိုအသံကိုမှတ်မိနေပြီ ဖြစ်သည်။

သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ သူ့ကျောတွေ တောင့်မတ်သွားရသည်။ ချီပေါ်ယန်ကသူ့အနောက်ကနေ လှမ်းပြောလိုက်သည်။

" ထားလိုက်ပါတော့ဒါရိုက်တာကြီး ဒီအခန်းကို မရိုက်တော့ဘူး "

ဒါကချီပေါ်ယန်ရဲ့ Music videoဖြစ်ပြီး ချီပေါ်ယန်ရဲ့ ကုမ္ပဏီက ရိုက်ကူးရေးကုန်ကျစရိုက်စိုက်ထုတ်ပေးထားတာဖြစ်သည်။ သို့သော်လည်း ချီပေါ်ယန်ရဲ့လက်လွတ်စပယ် ပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အခါမှာတော့ ကျိုးလဲ့မျက်နှာမဲမှောင်သွားတော့၏။

ကျိုးလဲ့က မီးစထပ်ကာ ထည့်လိုက်သည်။

" အကုန်စီစဉ်ပြီးပြီ၊ ရိုက်လိုက်တာပိုကောင်းတယ်။ အဲ့လိုမှမဟုတ်ရင် ဒီဇာတ်ကွက်က‌ အရမ်းဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ် "

ကျီးဝမ့်နောက်ကျောက ချွေးစို့နေကာ အဝတ်အစားများပါ ချွေးဖြင့်အနည်းငယ် စိုရွှဲလို့နေသည်။ ဒါပေမယ့် သူ့အနောက်ဘက်မှ ချီပေါ်ယန်ကတော့ ဘာစကားမှ ပြောမလာခဲ့ပေ။

ကျိုးလဲမျက်နှာက ပို၍ပင်အရုပ်ဆိုး လာသည်။ သူ ဘေးကိုလှည့်ကာ ချီပေါ်ယန်နဲ့ မျက်လုံးချင်း ဆုံစေလိုက်သည်။

"ဟုတ်ပါပြီ၊ လူကြီးမင်းချီ.....အကုန်ပြင်ဆင်ပြီးပြီဆိုတော့ ဆက်ရိုက်လိုက်ရအောင် "

"စိတ်မပူပါနဲ့ ဒီတစ်ခါတော့ သေချာလေးလုပ်ပါ့မယ်" ကျီးဝမ့် စကားလုံးတစ်လုံးချင်းစီ ပြောလိုက်သည်။

ချီပေါ်ယန်က သူ့စကားပြောကို စောင့်မျှော်နေဟန်တူပြီး၊ "ဒါဆိုဒါရိုက်တာကြီးရဲ့ စကားကိုနားထောင်ပြီး ဆက်ရိုက်ကြတာပေါ့ "

ပြောပြီးတော့ ချီပေါ်ယန်က ရှေ့သို့လျှောက်လာကာ ကျိုးလဲ့ပုခုံးကိုဆွဲလိုက်သည်။ "အကိုကြီး၊ ဒီည ညစာသွားစားကြမလား? အမယွမ်က ရိုက်ကွင်းကိုအလည်လာမယ်တဲ့ "

ကျိုးလဲ့ ထိုနာမည်ကို ကြားလိုက်ချိန်မှာတော့ အနည်းငယ်ငြိမ်ကျသွားသည်။

"ကောင်စုတ်လေး ငါလည်းညစာစားချင်တာပေါ့။ ရိုက်ကူးရေးက ညအထိပြီးနိုင်ပါ့မလားမသိဘူး"

ချီပေါ်ယန် အနည်းငယ်ပေါ့ပါးသွားရသည်

" ဘာလို့ရိုက်ကူးရေး မပြီးရမှာလဲ? အလုပ်မဖြစ်ရင် ကုမ္ပဏီကိုပြောပြီး ဘတ်ဂျက်ထပ်ထည့်ပေးဖို့ ပြောလိုက်မယ်"

ကျီးဝမ့်က ကျိုးလဲ့ဒေါသမှ ကျေနပ်မှုသို့ ပြောင်းလဲသွားသည့် မျက်နှာအမူအရာကိုကြည့်နေလိုက်ပြီး၊ သူရဲ့စပ်စုချင်နေစိတ်ကိုပါ နောင်တရလိုက်သည်။

ချီပေါ်ယန်က ဘယ်သူ့ကိုပဲပြဿနာရှာရှာ သူနဲ့ဘာများသက်ဆိုင်နေလို့လဲ? ချီပေါ်ယန်ကသူ့ထက်ပိုပြီး လူတွေနဲ့ရောနှောပေါင်းသင်းနေထိုင်တတ်သေးသလို၊ ပိုပြီးတော့တောင်လူချစ်လူခင်ပေါသေးသည်။

ရိုက်ကူးရေး နောက်တစ်ကြိမ် စတင်လိုက်သည်။ သူပြောခဲ့တဲ့အတိုင်းပင် ကျီးဝမ့်ကအလုပ်ပိုကြိုးစားကာ ပိုစိတ်ဝင်တစားလုပ်ကိုင်တော့သည်။ သူမျက်လုံးတွေက အရင်ကထက်ပိုပြီး နက်ရှိုင်းလို့နေသည်။ ဖန်သားပြင်ပေါ်တွင် ထင်ဟပ်နေသော ကျီးဝမ့်ရဲ့တကယ့်အစစ်အမှန်လို့ ထင်ရလောက်သော စွဲစွဲလမ်းလမ်း ချစ်ခြင်းမေတ္တာတစ်ခုရဲ့ ပုံရိပ်က ဝန်ထမ်းများအတွက် ချီပေါ်ယန်‌အား နက်နက်ရှိုင်းရှိုင်းချစ်ခင်နေသည့်နှယ် ထင်ယောင်ထင်မှားအမြင်မှား ဖြစ်ရလောက်အောင်ပင်။

ဒါက သရုပ်ဆောင်ရုံသက်သက်ပဲလို့ ကျီးဝမ့်စိတ်ထဲက ရေရွတ်နေမိသည်။ ဒါရိုက်တာကရပြီလို့ အော်လိုက်တဲ့အခါ ကျီးဝမ့် အနည်းငယ်အကူအညီမဲ့သလို ခံစားလိုက်ရသည်။ သူ့မျက်လုံးတွေက နီရဲနေကာ၊ ထိုနေရာတွင်မှာပဲ စိတ်မတည်ငြိမ်စွာဖြင့် ထိုင်နေမိပြီး၊ သူ့လက်ထဲမှာ ချွဲကျိကျိသွေးအတုများဖြင့် ညစ်ပေနေသည်။

ချီပေါ်ယန် မတ်တပ်ထရပ်လိုက်ပြီး လိဖန်က တစ်ရှူးအစိုယူလာပေးတော့ သူတစ်ရှုးကို ဘာကိုမှဂရုစိုက်မနေဘဲ လှမ်းယူလိုက်သည်။ အဲ့ဒီနောက် ကျီးဝမ့်ရဲ့လက်ကို ဆွဲယူလိုက်ကာ သူ့လက်တွေကို အရင်သုတ်ပေးလိုက်၏။

ချီပေါ်ယန်ရဲ့ ပါးတစ်ဖက်က ယောင်နေတုန်းဖြစ်ပြီး၊ ကျီးဝမ့်ရဲ့လက်ပေါ်က သွေးအတုတွေကို သုတ်ပေးတဲ့ကိစ္စကလွဲလို့ ကျန်တဲ့အရာများက သူ့အတွက် အရေးမပါသကဲ့သို့ပင် အာရုံစူးစိုက်ထားနေသည်။

လက်မှ စိုစိုစွတ်စွတ်အထိအတွေ့က ကျီးဝမ့်ကို အသိပြန်ဝင်လာစေပြီး၊ သူ့လက်တွေကို ချီပေါ်ယန်ရဲ့လက်တွေကြားထဲက ဆွဲထုတ်လိုက်ကာ ဓားကိုအမှီပြုရင်း ခန္ဓာကိုယ်ကိုမတ်မတ်ထရပ်လိုက်သည်။ သူ့လက်ထဲမှာကျန်ရှိနေတဲ့ လက်ကျန်စေးကပ်မှုနှင့်အတူ ရိုက်ကွင်းမှ ထထွက်သွားလိုက်သည်။

ကျီးဝမ့် ရိုက်ကူးရမယ့်အခန်းက သိပ်များများစားစား မကျန်ရှိတော့ပေ။ ချီပေါ်ယန်မည်မျှပင် စိတ်ထက်သန်နေပါစေ၊ ကျီးဝမ့်ရဲ့ဇာတ်ကွက်ကို များများစားစား ထပ်ထည့်လို့မရပေ။ ဘာလို့ဆို သူ ဘယ်သူ့ကိုပဲချစ်ချစ်၊ လုပ်ကြံသူက ဒီဇာတ်လမ်းမှာ အရေးမပါသော အခန်းကဏ္ဏအနေဖြင့်သာ ပါဝင်တယ်ဆိုတဲ့အချက်ကို မပြောင်းလဲနိုင်ပေ။

အဓိကဇာတ်ကောင်က လုပ်ကြံသူရဲ့ စိတ်သဘောထားကြောင့် ထိတ်လန့်သွားမည်ဖြစ်ပြီး၊ သူ့အပြုအမူကြောင့် အံ့သြသွားလိမ့်မည်၊ သို့သော် ဇာတ်ပို့တစ်ယောက်အပေါ်ကိုတော့ ဘယ်တော့မှ နှလုံးအစစ် ပြန်ပေးလိမ့်မည်မဟုတ်ပေ။

ကျိုးချူးရွှယ်က ဘေးနားတွင်ရပ်နေပြီး၊ ​​သူ့လက်ထောက်က သူ့အတွက်ထီးတစ်လက်ကိုင်ထားပေးသည်။ ကျီးဝမ့်က ကျိုးချူးရွှယ်ကို ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်နှုတ်ဆက် ပြလိုက်သော်လည်း၊ အခြားတစ်ဖက်ကလူကြောင့် တွန့်ဆုတ်လို့သွားလေသည်။

အမျိုးသမီး Omega လေးက ပိုမိုသေးသွယ်ပြီး မိန်းမဆန်ကာ၊ သူက အခြားလူတွေ သူ့ကို အလွန်ကာကွယ်ပေးချင်စိတ် ဖြစ်စေသည်။

ကျီးဝမ့်က Omega တွေနဲ့ ဘယ်လိုပတ်သက်ဆက်ဆံရမယ်မှန်း နားမလည်ပါ။ သူကအရမ်းအရှက်အကြောက်ကြီးတာမို့ သူကိုယ်တိုင်ကလည်း ဘယ်လိုဆက်ဆံရမယ်မှန်းမသိပေ။ ချီပေါ်ယန်ရဲ့ဆန္ဒကြောင့် ကျိုးချူးရွှယ်က ဇာတ်ဆောင်မင်းသမီးနေရာကို ရခဲ့တာလို့ သူထင်သည်။

အချိန်အတော်ကြာ သရုပ်ဆောင်ပြီးနောက်ကျီးဝမ့် ဒီအပြုအမူက မည်မျှရိုင်းစိုင်းကြောင်း သိနေသည်။ ကျိုးချူးရွှယ်က သူ့ကိုမုန်းနေခဲ့တာကို ကျီးဝမ့်သိရင်တောင် ကျိုးချူးရွှယ်က ဝန်ခံမည်မဟုတ်ပေ၊ ဒါကပင် သူ့ကို ပို၍အားနာစိတ်ဝင်စေသည်။

ကျိုးချူးရွှယ်က အလိုက်အထိုက်ပြန်ပြောသည်။

" လူကြီးမင်းကျီး ကျွန်မနဲ့ကော်ဖီတစ်ခွက်လောက် သောက်ဖို့ဖိတ်ခေါ်ပါရစေ "

ထိုစကားပြောပြီးတဲ့နောက်မှာတော့ ကျိုးချူးရွှယ်က သူ့လက်ထောက်ဆီက ကော်ဖီခွက်ကိုယူပြီး ကျီးဝမ့်ကိုကမ်းပေးလာသည်။

ကျီးဝမ့်က ရိုးရိုးသားသားပင် လှမ်းယူလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ဖြေလိုက်သည်။

" ကျေးဇူးပါ။ မင်းလည်း အလုပ်ကြိုးစားခဲ့ပါတယ်"

ကျိုးချူးရွှယ်က ပြန်ပြုံးပြသည်။

" ရပါတယ်"

ကျီးဝမ့်ဘက်ကတော့ ဘာမှပြောစရာမရှိ။ ကျီးဝမ့်ကို ကျိုးချူးရွှယ်ရဲ့ လက်ထောက်ကမနှစ်မြို့ဖွယ်မျက်လုံးတွေနဲ့ ကြည့်နေမှာကို ပြောစရာပင်မလိုပေ။ ကျီးဝမ့် ကော်ဖီကိုယူပြီးတော့သာ ထွက်သွားလိုက်သည်။

ကျီးဝမ့်ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးတော့ သူ့အခန်းကဏ္ဏ အပြီးသတ်သွားခဲ့သည်။ အဓိကဇာတ်ဆောင် အဖွဲ့ကတော့ ရိုက်ကူးနေဆဲပင်။ ကျီးဝမ့်က မိတ်ကပ်ဆရာဆီသွားကာ မိတ်ကပ်ဖျက်ပြီး၊ အဝတ်များ လဲလှယ်လိုက်သည်။ အရာအားလုံး ပြီးစီးပြီးနောက်တွင်တော့ သူစိတ်သက်သာရာရသွားသည်။

သူ အရမ်းပင်ပန်းနေသည်။ အရမ်းပင်ပန်းလွန်းသောကြောင့် သူအိမ်ပြန်ရောက်ရင် ချက်ခြင်း အိပ်ပျော်သွားလိမ့်မည်ဟုတောင် ခံစားရသည်။

ကျီးဝမ့်က ထိုင်ခုံမှာထိုင်ပြီး ရှောင်ရှုကိုစောင့်နေသည်။ အဝတ်လဲခန်းရဲ့ ကန့်လန့်ကာ ပွင့်သွားပြီး လိဖန်က၊ "ဆရာကျီး ခင်ဗျားတော်တော်ကြိုးစားခဲ့ပါတယ်၊ ကျွန်တော် ခင်ဗျားကို အနားယူဖို့ ဟိုတယ်ပြန်လိုက်ပို့ပေးပါ့မယ်"

ကျီးဝမ့်မျက်နှာ အေးခဲသွားရသည်။

" ငါ့ရိုက်ကူးရေးကပြီးပြီလေ"

လိဖန်၊ "ကျွန်တော်သိပါတယ်။ ကားအပြင်မှာ စောင့်နေတယ်။ အရင်သွားကြရအောင်။"

ကျီးဝမ့်က သူဖုန်းကိုဘေးချလိုက်ပြီး၊ မတ်တပ်ထရပ်လိုက်သည်။ သူဘာစကားမှမပြောပေ။ သူမျက်ခုံးတွေက အနည်းငယ်နိမ့်ဆင်းသွားကာ လိဖန်ကိုလစိုက်ကြည့်နေသောကြောင့် လိဖန်ကခါးခါးသီးသီးပြုံးလိုက်သည်။ "ဆရာကျီး ဒေါသမထွက်ပါနဲ့၊ ဒီည ဂုဏ်ပြုပွဲတစ်ခုရှိတယ်၊ Music video ပရိုမိုးရှင်းအတွက် ရိုက်ကူးရေးအဖွဲ့က ဓာတ်ပုံတွေဘာတွေရိုက်ရမယ်၊ ဆရာလည်းပါရမယ်လေ"

ကျီးဝမ့်က ဘာကိုမှထပ်မပြောတော့။ သူကစည်းမျဉ်းစည်းကမ်းများကို မသိနားမလည်တဲ့ သူတော့မဟုတ်ပေ။ သို့သော် သူအမှန်တကယ်ကို ထွက်သွားချင်နေပြီဖြစ်သည်။ သူ့ဇာတ်ကောင်က သေးသေးလေးပဲဖြစ်တာမို့ ရိုက်ကူးရေးအဖွဲ့အတွက် သိပ်အရေးမပါလှချေ။

သူ့ကိုဆက်ပြီး ခေါ်ထားချင်သည့်သူက ဘယ်သူလဲဆိုတာ သူသိသည်။

နောက်လူတစ်ယောက်ကလည်း ယာယီတဲထဲဝင်လာသည်။ သူက မနေ့ညက ကျီးဝမ့်အားဟိုတယ်သို့ပြန်ရန် ဖြောင်းဖျခဲ့သော လက်ထောက်ဒါရိုက်တာဆိုသူပင်။ ကျီးဝမ့်က ချီပေါ်ယန်အား မျက်နှာသာမပေးဘဲ နေလို့ရသော်လည်း ဒါရိုက်တာကြီး‌ကိုတော့ရှောင်လွှဲလို့မရပေ။

အခုဒါရိုက်တာပါ ရောက်လာပြီဆိုတော့ ကျီးဝမ့်၌ ရွေးချယ်‌စရာမရှိတော့ပေ။ ထိုဂုဏ်ပြုညစာစားပွဲဆိုတာကြီးတွင် မဖြစ်မနေပါဝင်ရတော့မည်။

နောက်တစ်ကြိမ်ထပ်၍ ဟိုတယ်သို့ပြန်လာခဲ့ရပြန်သည်။ ရှောင်ရှုက အိမ်ပြန်၊ အဝတ်အစားယူမယ်ဆိုတဲ့ကိစ္စကို ဒီတကြိမ်တော့ ကျီးဝမ့်မတားတော့ပေ။

သူယာယီတော့ အိမ်ပြန်လို့မရနိုင်ဘူးလို့ ထင်နေမိသည်။ ချီပေါ်ယန် ဘယ်လိုအကွက်တွေရွှေ့ဦးမလဲဆိုတာ ဘယ်သူမှမသိနိုင်။

ခဏအကြာတွင်တော့ ကျီးဝမ့်ကပိုသင့်တင့်လျောက်ပတ်တဲ့ ဝတ်စုံကိုဝတ်ဆင်လိုက်သည်။ ‌ဘေးနားမှာရပ်နေ‌တဲ့ ရှောင်ရှုက သူ့ရဲ့ချောမောခန့်ညားမှုအား ချီးမွန်းထောပဏာပြုတော့သည်။

ကျီးဝမ့်က ရှောင်ရှုခေါင်းကို ပွတ်လိုက်ကာ နွေးနွေးထွေးထွေး ပြောလိုက်သည်။ "

ကောင်းပြီ သွားကြမယ် နောက်ကျလို့မဖြစ်ဘူး"

နောက်ဆုံး ဂုဏ်ပြုစားသောက်ပွဲကား အလွန်တရာမှ အသက်ဝင်စည်ကားလို့နေသည်။ လူတွေက စားသောက်နေကြပေမယ့် ကျိုးလဲ့ကတော့ ဘာမှမစားပေ။ နောက်ဆုံးတော့ ဝိုင်ကျေးဇူးနဲ့ သူအတော်အသင့်မူးနေပြီဖြစ်သည်။

အဓိကဇာတ်ဆောင်များဖြစ်သော ချီပေါ်ယန်နှင့် ကျိုးချူးရွှယ်တို့က ဒါရိုက်တာရဲ့အနောက်ကနေလိုက်နေရသည်။ သို့သော် ကျိုးချူးရွှယ်လက်ထဲကဝိုင်ခွက်ကတော့ပြောင်းမသွားပေ။ တစ်စုံတစ်ယောက်က ကျိုးချူးရွှယ်အား ဝိုင်သောက်ရန် ဖိတ်ခေါ်သော်လည်း ချီပေါ်ယန်က လာသမျှလူတိုင်းကို တားဆီးပစ်သည်။

အရက်အများကြီးဝင်သွားတဲ့အခါ ချီပေါ်ယန်ရဲ့မျက်နှာအရောင်က ပိုဖျော့လာကာ နှုတ်ခမ်းတွေက နီရဲလို့လာပြီး၊ သူကပုံမှန်အချိန်တွေထက် ပိုပြီးတောင်လှပနေသည်။

ဟုတ်တယ် သူကလှတယ်။ ၁၈နှစ်အရွယ်ချီပေါ်ယန်က ချွင်းချက်မရှိလှတယ်။ ဆံနွယ်ရှည်ရှည်နဲ့ မိုက်ခရိုဖုန်းကိုကိုင်ပြီး သီချင်းဆိုလိုက်တဲ့အခါ လူတိုင်းကိုမင်သက်သွားစေခဲ့သည်ပင်။

ချီပေါ်ယန်ကို ကျီးဝမ့်ပထမဆုံးတွေသည့်အချိန်က မြေအောက်ဘားတစ်ခုမှာဖြစ်သည်။ အဲ့အချိန်တုန်းက သူကအံ့ဩမင်သက်သွားခဲ့ရသည်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး ကြည့်လို့ကောင်းတဲ့သူကို သူတစ်ခါမှမတွေ့ဖူးတာကြောင့်ဖြစ်ပဲ၊ အခြားသူတွေကို ချီပေါ်ယန်ရဲ့ လိင်အမျိုးအစား လိုက်မေးခဲ့သည်။

လူတစ်ယောက်ပြောပြခဲ့တာကတော့ သူ့နာမည်ကချီပေါ်ယန်ဖြစ်ပြီး၊ သူက လှပ သွက်လက်တဲ့ Omega တစ်ယောက်ဖြစ်သတဲ့။

ထိုလှပပြီး သွက်လက်တဲ့ Omegaလေးက ခပ်ပြင်းပြင်း Rock and roll တစ်ပုဒ်ကို ဆိုပြီးတဲ့နောက်မှာ အုတ်အော်သောင်းနင်း ဖြစ်နေသည့် ပရိသတ်ထုကြီးက်ို လျစ်လျူရှုရင်း စင်ပေါ်မှထွက်ခွာသွားခဲ့သည်။

ကျီးဝမ့်ရဲ့ သူငယ်ချင်းဖြစ်သူ ဆိုင်ပိုင်ရှင်ကသူ့အကြောင်းအတွင်းသိအစင်းမို့ ကျီးဝမ့်အား စင်နောက်ဘက်သို့ခေါ်လာကာ မြင်မြင်ချင်းချစ်မိသွားတဲ့ Omega လေးနှင့် တွေ့ဆုံပေးခဲ့သည်။ သူက မှန်ရှေ့မှာထိုင်နေပြီး သူမျက်လုံးတစ်ဝိုက်ရှိ မိတ်ကပ်များကို ခပ်ကြမ်းကြမ်းဖျက်နေခဲ့သည်။ ထိုအပြုအမူကကျီးဝမ့်အား အနည်းငယ်စိတ်သောကရောက်စေပါ၏။

သူအရှေ့ကို လျှောက်သွားလိုက်တော့၊ ငယ်ရွယ်ပြီး နုနယ်သေးတဲ့ ကောင်လေးရဲ့ မယဉ်မကျေးစကားသံကို ကြားလိုက်ရသည်။

"ကြိုချိန်းထားတာမရှိဘူး ထွက်သွား "

ကျီးဝမ့်အေးခဲသွားရသည်။ သူ့မသိစိတ်ကနေ မှန်ထဲကသူကိုယ်တိုင်ရဲ့ ပုံရိပ်ကိုကြည့်လိုက်သည်။ သူက အလွန်ချောမောလွန်းကာ အခြား Alpha များထက် အရည်အသွေးမနိမ့်ကျပေ။

ဒါပေမယ့် ဘာကြောင့် ဒီ Omega လေးက သူ့ကို ပထမဆုံးအကြိမ်မှာတင် ငြင်းပစ်ရတာလဲ?

=====

Good night

=====

Mon, Oct 18, 2021

Translator - Breeze | Typeset/ edit - Lynx

=====

ဒါ႐ိုက္တာက 'ကဒ္' လို႔ေအာ္လိုက္ၿပီးေနာက္ က်ိဳးလဲ့က က်ီးဝမ့္ကိုလွမ္းေခၚကာ ဘာျဖစ္ေနတာလဲလို႔ ေမးလာသည္။ မေန႔ကအထိသ႐ုပ္ေဆာင္ပိုင္းက ေကာင္းေနၿပီးကာမွ ဒီေန႔သူ႕ပုံစံက စိတ္မနစ္ဝင္သလိုပင္။

ခ်ီေပၚယန္က သူ႕ထက္ေတာင္ပိုလို႔ဆိုးေနတာ သိသာလွသည္။ သို႔ေသာ္က်ိဳးလဲ့က ခ်ီေပၚယန္ကိုေတာ့ မေျပာရဲတာေၾကာင့္ သူ႕ကိုသာအပစ္ပုံခ်ၿပီး‌ တိုက္ခိုက္ေတာ့သည္။ က်ီးဝမ့္က ႐ိုးသားစြာပင္ ေခါင္းငုံ႔ေနလိုက္ၿပီး အဆူခံေနရသည္။

"ဒါ႐ိုက္တာႀကီး ကြၽန္ေတာ့္ကို အခြင့္အေရးတစ္ခုေလာက္ထပ္ေပးပါ။ ဒီတစ္ခါေတာ့ေသခ်ာေလးလုပ္ပါ့မယ္ "

ေျခသံတစ္ခု သူ႕အေနာက္ဘက္က ထြက္ေပၚလာၿပီး၊ ၎က ခ်ီေပၚယန္ျဖစ္သည္ကို အလြယ္တကူပင္သိႏိုင္သည္။ ဘာေၾကာင့္လဲဆိုေတာ့ ခ်ီေပၚယန္ဝတ္ထားတဲ့ ဖိနပ္ရဲ႕ ေျခေခ်ာင္းထိပ္အဖုံးကို သံျဖင့္ျပဳလုပ္ထားကာ ေျခလွမ္းလိုက္တိုင္း တမူထူးျခားေသာအသံထြက္ေပၚေနေသာေၾကာင့္ပင္။ က်ီးဝမ့္က အေတာ္ၾကာေအာင္ နားေထာင္ၿပီးေနာက္မွာေတာ့ ထိုအသံကိုမွတ္မိေနၿပီ ျဖစ္သည္။

သူကိုယ္တိုင္ေတာင္ မသိလိုက္ပါဘဲ သူ႕ေက်ာေတြ ေတာင့္မတ္သြားရသည္။ ခ်ီေပၚယန္ကသူ႕အေနာက္ကေန လွမ္းေျပာလိုက္သည္။

" ထားလိုက္ပါေတာ့ဒါ႐ိုက္တာႀကီး ဒီအခန္းကို မ႐ိုက္ေတာ့ဘူး "

ဒါကခ်ီေပၚယန္ရဲ႕ Music videoျဖစ္ၿပီး ခ်ီေပၚယန္ရဲ႕ ကုမၸဏီက ႐ိုက္ကူးေရးကုန္က်စ႐ိုက္စိုက္ထုတ္ေပးထားတာျဖစ္သည္။ သို႔ေသာ္လည္း ခ်ီေပၚယန္ရဲ႕လက္လြတ္စပယ္ ေျပာလိုက္တဲ့စကားကို ၾကားလိုက္ရတဲ့အခါမွာေတာ့ က်ိဳးလဲ့မ်က္ႏွာမဲေမွာင္သြားေတာ့၏။

က်ိဳးလဲ့က မီးစထပ္ကာ ထည့္လိုက္သည္။

" အကုန္စီစဥ္ၿပီးၿပီ၊ ႐ိုက္လိုက္တာပိုေကာင္းတယ္။ အဲ့လိုမွမဟုတ္ရင္ ဒီဇာတ္ကြက္က‌ အရမ္းျဖဳန္းတီးသလို ျဖစ္သြားလိမ့္မယ္ "

က်ီးဝမ့္ေနာက္ေက်ာက ေခြၽးစို႔ေနကာ အဝတ္အစားမ်ားပါ ေခြၽးျဖင့္အနည္းငယ္ စို႐ႊဲလို႔ေနသည္။ ဒါေပမယ့္ သူ႕အေနာက္ဘက္မွ ခ်ီေပၚယန္ကေတာ့ ဘာစကားမွ ေျပာမလာခဲ့ေပ။

က်ိဳးလဲမ်က္ႏွာက ပို၍ပင္အ႐ုပ္ဆိုး လာသည္။ သူ ေဘးကိုလွည့္ကာ ခ်ီေပၚယန္နဲ႔ မ်က္လုံးခ်င္း ဆုံေစလိုက္သည္။

"ဟုတ္ပါၿပီ၊ လူႀကီးမင္းခ်ီ.....အကုန္ျပင္ဆင္ၿပီးၿပီဆိုေတာ့ ဆက္႐ိုက္လိုက္ရေအာင္ "

"စိတ္မပူပါနဲ႔ ဒီတစ္ခါေတာ့ ေသခ်ာေလးလုပ္ပါ့မယ္" က်ီးဝမ့္ စကားလုံးတစ္လုံးခ်င္းစီ ေျပာလိုက္သည္။

ခ်ီေပၚယန္က သူ႕စကားေျပာကို ေစာင့္ေမွ်ာ္ေနဟန္တူၿပီး၊ "ဒါဆိုဒါ႐ိုက္တာႀကီးရဲ႕ စကားကိုနားေထာင္ၿပီး ဆက္႐ိုက္ၾကတာေပါ့ "

ေျပာၿပီးေတာ့ ခ်ီေပၚယန္က ေ႐ွ႕သို႔ေလွ်ာက္လာကာ က်ိဳးလဲ့ပုခုံးကိုဆြဲလိုက္သည္။ "အကိုႀကီး၊ ဒီည ညစာသြားစားၾကမလား? အမယြမ္က ႐ိုက္ကြင္းကိုအလည္လာမယ္တဲ့ "

က်ိဳးလဲ့ ထိုနာမည္ကို ၾကားလိုက္ခ်ိန္မွာေတာ့ အနည္းငယ္ၿငိမ္က်သြားသည္။

"ေကာင္စုတ္ေလး ငါလည္းညစာစားခ်င္တာေပါ့။ ႐ိုက္ကူးေရးက ညအထိၿပီးႏိုင္ပါ့မလားမသိဘူး"

ခ်ီေပၚယန္ အနည္းငယ္ေပါ့ပါးသြားရသည္

" ဘာလို႔႐ိုက္ကူးေရး မၿပီးရမွာလဲ? အလုပ္မျဖစ္ရင္ ကုမၸဏီကိုေျပာၿပီး ဘတ္ဂ်က္ထပ္ထည့္ေပးဖို႔ ေျပာလိုက္မယ္"

က်ီးဝမ့္က က်ိဳးလဲ့ေဒါသမွ ေက်နပ္မႈသို႔ ေျပာင္းလဲသြားသည့္ မ်က္ႏွာအမူအရာကိုၾကည့္ေနလိုက္ၿပီး၊ သူရဲ႕စပ္စုခ်င္ေနစိတ္ကိုပါ ေနာင္တရလိုက္သည္။

ခ်ီေပၚယန္က ဘယ္သူ႕ကိုပဲျပႆနာ႐ွာ႐ွာ သူနဲ႔ဘာမ်ားသက္ဆိုင္ေနလို႔လဲ? ခ်ီေပၚယန္ကသူ႕ထက္ပိုၿပီး လူေတြနဲ႔ေရာေႏွာေပါင္းသင္းေနထိုင္တတ္ေသးသလို၊ ပိုၿပီးေတာ့ေတာင္လူခ်စ္လူခင္ေပါေသးသည္။

႐ိုက္ကူးေရး ေနာက္တစ္ႀကိမ္ စတင္လိုက္သည္။ သူေျပာခဲ့တဲ့အတိုင္းပင္ က်ီးဝမ့္ကအလုပ္ပိုႀကိဳးစားကာ ပိုစိတ္ဝင္တစားလုပ္ကိုင္ေတာ့သည္။ သူမ်က္လုံးေတြက အရင္ကထက္ပိုၿပီး နက္႐ိႈင္းလို႔ေနသည္။ ဖန္သားျပင္ေပၚတြင္ ထင္ဟပ္ေနေသာ က်ီးဝမ့္ရဲ႕တကယ့္အစစ္အမွန္လို႔ ထင္ရေလာက္ေသာ စြဲစြဲလမ္းလမ္း ခ်စ္ျခင္းေမတၱာတစ္ခုရဲ႕ ပုံရိပ္က ဝန္ထမ္းမ်ားအတြက္ ခ်ီေပၚယန္‌အား နက္နက္႐ိႈင္း႐ိႈင္းခ်စ္ခင္ေနသည့္ႏွယ္ ထင္ေယာင္ထင္မွားအျမင္မွား ျဖစ္ရေလာက္ေအာင္ပင္။

ဒါက သ႐ုပ္ေဆာင္႐ုံသက္သက္ပဲလို႔ က်ီးဝမ့္စိတ္ထဲက ေရ႐ြတ္ေနမိသည္။ ဒါ႐ိုက္တာကရၿပီလို႔ ေအာ္လိုက္တဲ့အခါ က်ီးဝမ့္ အနည္းငယ္အကူအညီမဲ့သလို ခံစားလိုက္ရသည္။ သူ႕မ်က္လုံးေတြက နီရဲေနကာ၊ ထိုေနရာတြင္မွာပဲ စိတ္မတည္ၿငိမ္စြာျဖင့္ ထိုင္ေနမိၿပီး၊ သူ႕လက္ထဲမွာ ခြၽဲက်ိက်ိေသြးအတုမ်ားျဖင့္ ညစ္ေပေနသည္။

ခ်ီေပၚယန္ မတ္တပ္ထရပ္လိုက္ၿပီး လိဖန္က တစ္႐ွဴးအစိုယူလာေပးေတာ့ သူတစ္႐ႈးကို ဘာကိုမွဂ႐ုစိုက္မေနဘဲ လွမ္းယူလိုက္သည္။ အဲ့ဒီေနာက္ က်ီးဝမ့္ရဲ႕လက္ကို ဆြဲယူလိုက္ကာ သူ႕လက္ေတြကို အရင္သုတ္ေပးလိုက္၏။

ခ်ီေပၚယန္ရဲ႕ ပါးတစ္ဖက္က ေယာင္ေနတုန္းျဖစ္ၿပီး၊ က်ီးဝမ့္ရဲ႕လက္ေပၚက ေသြးအတုေတြကို သုတ္ေပးတဲ့ကိစၥကလြဲလို႔ က်န္တဲ့အရာမ်ားက သူ႕အတြက္ အေရးမပါသကဲ့သို႔ပင္ အာ႐ုံစူးစိုက္ထားေနသည္။

လက္မွ စိုစိုစြတ္စြတ္အထိအေတြ႕က က်ီးဝမ့္ကို အသိျပန္ဝင္လာေစၿပီး၊ သူ႕လက္ေတြကို ခ်ီေပၚယန္ရဲ႕လက္ေတြၾကားထဲက ဆြဲထုတ္လိုက္ကာ ဓားကိုအမွီျပဳရင္း ခႏၶာကိုယ္ကိုမတ္မတ္ထရပ္လိုက္သည္။ သူ႕လက္ထဲမွာက်န္႐ွိေနတဲ့ လက္က်န္ေစးကပ္မႈႏွင့္အတူ ႐ိုက္ကြင္းမွ ထထြက္သြားလိုက္သည္။

က်ီးဝမ့္ ႐ိုက္ကူးရမယ့္အခန္းက သိပ္မ်ားမ်ားစားစား မက်န္႐ွိေတာ့ေပ။ ခ်ီေပၚယန္မည္မွ်ပင္ စိတ္ထက္သန္ေနပါေစ၊ က်ီးဝမ့္ရဲ႕ဇာတ္ကြက္ကို မ်ားမ်ားစားစား ထပ္ထည့္လို႔မရေပ။ ဘာလို႔ဆို သူ ဘယ္သူ႕ကိုပဲခ်စ္ခ်စ္၊ လုပ္ၾကံသူက ဒီဇာတ္လမ္းမွာ အေရးမပါေသာ အခန္းကဏၰအေနျဖင့္သာ ပါဝင္တယ္ဆိုတဲ့အခ်က္ကို မေျပာင္းလဲႏိုင္ေပ။

အဓိကဇာတ္ေကာင္က လုပ္ၾကံသူရဲ႕ စိတ္သေဘာထားေၾကာင့္ ထိတ္လန္႔သြားမည္ျဖစ္ၿပီး၊ သူ႕အျပဳအမူေၾကာင့္ အံ့ၾသသြားလိမ့္မည္၊ သို႔ေသာ္ ဇာတ္ပို႔တစ္ေယာက္အေပၚကိုေတာ့ ဘယ္ေတာ့မွ ႏွလုံးအစစ္ ျပန္ေပးလိမ့္မည္မဟုတ္ေပ။

က်ိဳးခ်ဴး႐ႊယ္က ေဘးနားတြင္ရပ္ေနၿပီး၊ ​​သူ႕လက္ေထာက္က သူ႕အတြက္ထီးတစ္လက္ကိုင္ထားေပးသည္။ က်ီးဝမ့္က က်ိဳးခ်ဴး႐ႊယ္ကို ယဥ္ယဥ္ေက်းေက်း ေခါင္းညိတ္ႏႈတ္ဆက္ ျပလိုက္ေသာ္လည္း၊ အျခားတစ္ဖက္ကလူေၾကာင့္ တြန္႔ဆုတ္လို႔သြားေလသည္။

အမ်ိဳးသမီး Omega ေလးက ပိုမိုေသးသြယ္ၿပီး မိန္းမဆန္ကာ၊ သူက အျခားလူေတြ သူ႕ကို အလြန္ကာကြယ္ေပးခ်င္စိတ္ ျဖစ္ေစသည္။

က်ီးဝမ့္က Omega ေတြနဲ႔ ဘယ္လိုပတ္သက္ဆက္ဆံရမယ္မွန္း နားမလည္ပါ။ သူကအရမ္းအ႐ွက္အေၾကာက္ႀကီးတာမို႔ သူကိုယ္တိုင္ကလည္း ဘယ္လိုဆက္ဆံရမယ္မွန္းမသိေပ။ ခ်ီေပၚယန္ရဲ႕ဆႏၵေၾကာင့္ က်ိဳးခ်ဴး႐ႊယ္က ဇာတ္ေဆာင္မင္းသမီးေနရာကို ရခဲ့တာလို႔ သူထင္သည္။

အခ်ိန္အေတာ္ၾကာ သ႐ုပ္ေဆာင္ၿပီးေနာက္က်ီးဝမ့္ ဒီအျပဳအမူက မည္မွ်႐ိုင္းစိုင္းေၾကာင္း သိေနသည္။ က်ိဳးခ်ဴး႐ႊယ္က သူ႕ကိုမုန္းေနခဲ့တာကို က်ီးဝမ့္သိရင္ေတာင္ က်ိဳးခ်ဴး႐ႊယ္က ဝန္ခံမည္မဟုတ္ေပ၊ ဒါကပင္ သူ႕ကို ပို၍အားနာစိတ္ဝင္ေစသည္။

က်ိဳးခ်ဴး႐ႊယ္က အလိုက္အထိုက္ျပန္ေျပာသည္။

" လူႀကီးမင္းက်ီး ကြၽန္မနဲ႔ေကာ္ဖီတစ္ခြက္ေလာက္ ေသာက္ဖို႔ဖိတ္ေခၚပါရေစ "

ထိုစကားေျပာၿပီးတဲ့ေနာက္မွာေတာ့ က်ိဳးခ်ဴး႐ႊယ္က သူ႕လက္ေထာက္ဆီက ေကာ္ဖီခြက္ကိုယူၿပီး က်ီးဝမ့္ကိုကမ္းေပးလာသည္။

က်ီးဝမ့္က ႐ိုး႐ိုးသားသားပင္ လွမ္းယူလိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ျဖင့္သာ ေျဖလိုက္သည္။

" ေက်းဇူးပါ။ မင္းလည္း အလုပ္ႀကိဳးစားခဲ့ပါတယ္"

က်ိဳးခ်ဴး႐ႊယ္က ျပန္ျပဳံးျပသည္။

" ရပါတယ္"

က်ီးဝမ့္ဘက္ကေတာ့ ဘာမွေျပာစရာမ႐ွိ။ က်ီးဝမ့္ကို က်ိဳးခ်ဴး႐ႊယ္ရဲ႕ လက္ေထာက္ကမႏွစ္ၿမိဳ႕ဖြယ္မ်က္လုံးေတြနဲ႔ ၾကည့္ေနမွာကို ေျပာစရာပင္မလိုေပ။ က်ီးဝမ့္ ေကာ္ဖီကိုယူၿပီးေတာ့သာ ထြက္သြားလိုက္သည္။

က်ီးဝမ့္ရဲ႕ ေနာက္ဆုံးဇာတ္ဝင္ခန္းကို ႐ိုက္ကူးၿပီးေတာ့ သူ႕အခန္းကဏၰ အၿပီးသတ္သြားခဲ့သည္။ အဓိကဇာတ္ေဆာင္ အဖြဲ႕ကေတာ့ ႐ိုက္ကူးေနဆဲပင္။ က်ီးဝမ့္က မိတ္ကပ္ဆရာဆီသြားကာ မိတ္ကပ္ဖ်က္ၿပီး၊ အဝတ္မ်ား လဲလွယ္လိုက္သည္။ အရာအားလုံး ၿပီးစီးၿပီးေနာက္တြင္ေတာ့ သူစိတ္သက္သာရာရသြားသည္။

သူ အရမ္းပင္ပန္းေနသည္။ အရမ္းပင္ပန္းလြန္းေသာေၾကာင့္ သူအိမ္ျပန္ေရာက္ရင္ ခ်က္ျခင္း အိပ္ေပ်ာ္သြားလိမ့္မည္ဟုေတာင္ ခံစားရသည္။

က်ီးဝမ့္က ထိုင္ခုံမွာထိုင္ၿပီး ေ႐ွာင္႐ႈကိုေစာင့္ေနသည္။ အဝတ္လဲခန္းရဲ႕ ကန္႔လန္႔ကာ ပြင့္သြားၿပီး လိဖန္က၊ "ဆရာက်ီး ခင္ဗ်ားေတာ္ေတာ္ႀကိဳးစားခဲ့ပါတယ္၊ ကြၽန္ေတာ္ ခင္ဗ်ားကို အနားယူဖို႔ ဟိုတယ္ျပန္လိုက္ပို႔ေပးပါ့မယ္"

က်ီးဝမ့္မ်က္ႏွာ ေအးခဲသြားရသည္။

" ငါ့႐ိုက္ကူးေရးကၿပီးၿပီေလ"

လိဖန္၊ "ကြၽန္ေတာ္သိပါတယ္။ ကားအျပင္မွာ ေစာင့္ေနတယ္။ အရင္သြားၾကရေအာင္။"

က်ီးဝမ့္က သူဖုန္းကိုေဘးခ်လိုက္ၿပီး၊ မတ္တပ္ထရပ္လိုက္သည္။ သူဘာစကားမွမေျပာေပ။ သူမ်က္ခုံးေတြက အနည္းငယ္နိမ့္ဆင္းသြားကာ လိဖန္ကိုလစိုက္ၾကည့္ေနေသာေၾကာင့္ လိဖန္ကခါးခါးသီးသီးျပဳံးလိုက္သည္။ "ဆရာက်ီး ေဒါသမထြက္ပါနဲ႔၊ ဒီည ဂုဏ္ျပဳပြဲတစ္ခု႐ွိတယ္၊ Music video ပ႐ိုမိုး႐ွင္းအတြက္ ႐ိုက္ကူးေရးအဖြဲ႕က ဓာတ္ပုံေတြဘာေတြ႐ိုက္ရမယ္၊ ဆရာလည္းပါရမယ္ေလ"

က်ီးဝမ့္က ဘာကိုမွထပ္မေျပာေတာ့။ သူကစည္းမ်ဥ္းစည္းကမ္းမ်ားကို မသိနားမလည္တဲ့ သူေတာ့မဟုတ္ေပ။ သို႔ေသာ္ သူအမွန္တကယ္ကို ထြက္သြားခ်င္ေနၿပီျဖစ္သည္။ သူ႕ဇာတ္ေကာင္က ေသးေသးေလးပဲျဖစ္တာမို႔ ႐ိုက္ကူးေရးအဖြဲ႕အတြက္ သိပ္အေရးမပါလွေခ်။

သူ႕ကိုဆက္ၿပီး ေခၚထားခ်င္သည့္သူက ဘယ္သူလဲဆိုတာ သူသိသည္။

ေနာက္လူတစ္ေယာက္ကလည္း ယာယီတဲထဲဝင္လာသည္။ သူက မေန႔ညက က်ီးဝမ့္အားဟိုတယ္သို႔ျပန္ရန္ ေျဖာင္းဖ်ခဲ့ေသာ လက္ေထာက္ဒါ႐ိုက္တာဆိုသူပင္။ က်ီးဝမ့္က ခ်ီေပၚယန္အား မ်က္ႏွာသာမေပးဘဲ ေနလို႔ရေသာ္လည္း ဒါ႐ိုက္တာႀကီး‌ကိုေတာ့ေ႐ွာင္လႊဲလို႔မရေပ။

အခုဒါ႐ိုက္တာပါ ေရာက္လာၿပီဆိုေတာ့ က်ီးဝမ့္၌ ေ႐ြးခ်ယ္‌စရာမ႐ွိေတာ့ေပ။ ထိုဂုဏ္ျပဳညစာစားပြဲဆိုတာႀကီးတြင္ မျဖစ္မေနပါဝင္ရေတာ့မည္။

ေနာက္တစ္ႀကိမ္ထပ္၍ ဟိုတယ္သို႔ျပန္လာခဲ့ရျပန္သည္။ ေ႐ွာင္႐ႈက အိမ္ျပန္၊ အဝတ္အစားယူမယ္ဆိုတဲ့ကိစၥကို ဒီတႀကိမ္ေတာ့ က်ီးဝမ့္မတားေတာ့ေပ။

သူယာယီေတာ့ အိမ္ျပန္လို႔မရႏိုင္ဘူးလို႔ ထင္ေနမိသည္။ ခ်ီေပၚယန္ ဘယ္လိုအကြက္ေတြေ႐ႊ႕ဦးမလဲဆိုတာ ဘယ္သူမွမသိႏိုင္။

ခဏအၾကာတြင္ေတာ့ က်ီးဝမ့္ကပိုသင့္တင့္ေလ်ာက္ပတ္တဲ့ ဝတ္စုံကိုဝတ္ဆင္လိုက္သည္။ ‌ေဘးနားမွာရပ္ေန‌တဲ့ ေ႐ွာင္႐ႈက သူ႕ရဲ႕ေခ်ာေမာခန္႔ညားမႈအား ခ်ီးမြန္းေထာပဏာျပဳေတာ့သည္။

က်ီးဝမ့္က ေ႐ွာင္႐ႈေခါင္းကို ပြတ္လိုက္ကာ ေႏြးေႏြးေထြးေထြး ေျပာလိုက္သည္။ "

ေကာင္းၿပီ သြားၾကမယ္ ေနာက္က်လို႔မျဖစ္ဘူး"

ေနာက္ဆုံး ဂုဏ္ျပဳစားေသာက္ပြဲကား အလြန္တရာမွ အသက္ဝင္စည္ကားလို႔ေနသည္။ လူေတြက စားေသာက္ေနၾကေပမယ့္ က်ိဳးလဲ့ကေတာ့ ဘာမွမစားေပ။ ေနာက္ဆုံးေတာ့ ဝိုင္ေက်းဇူးနဲ႔ သူအေတာ္အသင့္မူးေနၿပီျဖစ္သည္။

အဓိကဇာတ္ေဆာင္မ်ားျဖစ္ေသာ ခ်ီေပၚယန္ႏွင့္ က်ိဳးခ်ဴး႐ႊယ္တို႔က ဒါ႐ိုက္တာရဲ႕အေနာက္ကေနလိုက္ေနရသည္။ သို႔ေသာ္ က်ိဳးခ်ဴး႐ႊယ္လက္ထဲကဝိုင္ခြက္ကေတာ့ေျပာင္းမသြားေပ။ တစ္စုံတစ္ေယာက္က က်ိဳးခ်ဴး႐ႊယ္အား ဝိုင္ေသာက္ရန္ ဖိတ္ေခၚေသာ္လည္း ခ်ီေပၚယန္က လာသမွ်လူတိုင္းကို တားဆီးပစ္သည္။

အရက္အမ်ားႀကီးဝင္သြားတဲ့အခါ ခ်ီေပၚယန္ရဲ႕မ်က္ႏွာအေရာင္က ပိုေဖ်ာ့လာကာ ႏႈတ္ခမ္းေတြက နီရဲလို႔လာၿပီး၊ သူကပုံမွန္အခ်ိန္ေတြထက္ ပိုၿပီးေတာင္လွပေနသည္။

ဟုတ္တယ္ သူကလွတယ္။ ၁၈ႏွစ္အ႐ြယ္ခ်ီေပၚယန္က ခြၽင္းခ်က္မ႐ွိလွတယ္။ ဆံႏြယ္႐ွည္႐ွည္နဲ႔ မိုက္ခ႐ိုဖုန္းကိုကိုင္ၿပီး သီခ်င္းဆိုလိုက္တဲ့အခါ လူတိုင္းကိုမင္သက္သြားေစခဲ့သည္ပင္။

ခ်ီေပၚယန္ကို က်ီးဝမ့္ပထမဆုံးေတြသည့္အခ်ိန္က ေျမေအာက္ဘားတစ္ခုမွာျဖစ္သည္။ အဲ့အခ်ိန္တုန္းက သူကအံ့ဩမင္သက္သြားခဲ့ရသည္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုမ်ိဳး ၾကည့္လို႔ေကာင္းတဲ့သူကို သူတစ္ခါမွမေတြ႕ဖူးတာေၾကာင့္ျဖစ္ပဲ၊ အျခားသူေတြကို ခ်ီေပၚယန္ရဲ႕ လိင္အမ်ိဳးအစား လိုက္ေမးခဲ့သည္။

လူတစ္ေယာက္ေျပာျပခဲ့တာကေတာ့ သူ႕နာမည္ကခ်ီေပၚယန္ျဖစ္ၿပီး၊ သူက လွပ သြက္လက္တဲ့ Omega တစ္ေယာက္ျဖစ္သတဲ့။

ထိုလွပၿပီး သြက္လက္တဲ့ Omegaေလးက ခပ္ျပင္းျပင္း Rock and roll တစ္ပုဒ္ကို ဆိုၿပီးတဲ့ေနာက္မွာ အုတ္ေအာ္ေသာင္းနင္း ျဖစ္ေနသည့္ ပရိသတ္ထုႀကီးက္ိဳ လ်စ္လ်ဴ႐ႈရင္း စင္ေပၚမွထြက္ခြာသြားခဲ့သည္။

က်ီးဝမ့္ရဲ႕ သူငယ္ခ်င္းျဖစ္သူ ဆိုင္ပိုင္႐ွင္ကသူ႕အေၾကာင္းအတြင္းသိအစင္းမို႔ က်ီးဝမ့္အား စင္ေနာက္ဘက္သို႔ေခၚလာကာ ျမင္ျမင္ခ်င္းခ်စ္မိသြားတဲ့ Omega ေလးႏွင့္ ေတြ႕ဆုံေပးခဲ့သည္။ သူက မွန္ေ႐ွ႕မွာထိုင္ေနၿပီး သူမ်က္လုံးတစ္ဝိုက္႐ွိ မိတ္ကပ္မ်ားကို ခပ္ၾကမ္းၾကမ္းဖ်က္ေနခဲ့သည္။ ထိုအျပဳအမူကက်ီးဝမ့္အား အနည္းငယ္စိတ္ေသာကေရာက္ေစပါ၏။

သူအေ႐ွ႕ကို ေလွ်ာက္သြားလိုက္ေတာ့၊ ငယ္႐ြယ္ၿပီး ႏုနယ္ေသးတဲ့ ေကာင္ေလးရဲ႕ မယဥ္မေက်းစကားသံကို ၾကားလိုက္ရသည္။

"ႀကိဳခ်ိန္းထားတာမ႐ွိဘူး ထြက္သြား "

က်ီးဝမ့္ေအးခဲသြားရသည္။ သူ႕မသိစိတ္ကေန မွန္ထဲကသူကိုယ္တိုင္ရဲ႕ ပုံရိပ္ကိုၾကည့္လိုက္သည္။ သူက အလြန္ေခ်ာေမာလြန္းကာ အျခား Alpha မ်ားထက္ အရည္အေသြးမနိမ့္က်ေပ။

ဒါေပမယ့္ ဘာေၾကာင့္ ဒီ Omega ေလးက သူ႕ကို ပထမဆုံးအႀကိမ္မွာတင္ ျငင္းပစ္ရတာလဲ?

=====

Good night

=====

Continue Reading

You'll Also Like

1.7M 126K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
601K 49.6K 24
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
857K 27.7K 69
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
1.4M 35.4K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...