Chapter 11

540 122 13
                                    

Mon, Oct 18, 2021

Translator - Breeze | Typeset/ edit - Lynx

=====

ကျီးဝမ့် သတိလက်လွတ်ဖြင့် ထိုနေရာ၌သာရပ်နေမိသည်။ ကောင်လေးက မှန်ကနေတဆင့် ကျီးဝမ့်ရဲ့မျက်နှာကို‌ မြင်လိုက်ပြီးနောက် သူရဲ့လက်လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ ထိုင်ခုံကိုတစ်ပတ်လှည့်လိုက်ကာ ခုံရဲ့အနောက်ဘက် အမှီပေါ်လက်ထောက်လိုက်တဲ့အချိန် သူ့ခေါင်းပေါ်က အဆင်တန်ဆာပစ္စည်းလေးတစ်ခု မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။

"ခင်ဗျားကဘယ်သူလဲ?"

ကျီးဝမ့် သူငယ်ချင်းဖြစ်သူ ယွမ့်ရန်က စကားပြောဆိုလို့ပြီးတဲ့အခါ ကျီးဝမ့်ကိုရှာဖို့အခန်းထောင့်ဆီသို့ ရောက်လာခဲ့သည်။

" ဒီမှာဘာလုပ်နေတာလဲ?"

ယွမ့်ရန်က ချီပေါ်ယန်ကိုတွေ့လိုက်ရသည့်အခါ မရေမရာပြုံးလိုက်သည်

" ငါတို့ရဲ့ချစ်လှစွာသော ခေါင်းဆောင်အဆိုတော်လေးကို တွေ့ဖို့လာတာလား?"

ချီပေါ်ယန်ရဲ့ မျက်လုံးတွေက အကြောင်းပြချက်မရှိ တောက်လောင်နေသည်။ သူ့မျက်နှာပေါ်က မိတ်ကပ်ကို တစ်ဝက်သာဖျက်ထားပြီး နှုတ်ခမ်းပါးများက နီရဲနေသဖြင့် ကျီးဝမ့် မသိစိတ်ထဲကနေ တံတွေးမျိုချလိုက်ပြီး၊ သူ့နာမည်ကိုပြောလိုက်သည်။

" ကိုယ့်နာမည်က ကျီးဝမ့်။ ကျန့်ဝမ်ရဲ့မိတ်ဆွေပါ "

ပြောပြီးနောက်တွင်‌ ကျီးဝမ့်ကခန္ဓာကိုယ်ကိုကိုင်းကာ မြေပြင်ပေါ်က
မှ အသုံးအဆောင်ပစ္စည်းလေးကို ကောက်ယူလိုက်သည်။ ထိုအရာလေးက ကပ်ကြေးတစ်စုံ ပုံစံဆံညှပ်ကလေးဖြစ်ပြီး၊ သူ ချီပေါ်ယန်ကို လှမ်းပေးလိုက်သည်။ ချီပေါ်ယန်ကတော့ ကျီးဝမ့်အားဂရုမစိုက်သလိုပင် မှန်ရှိရာသို့ပြန်လှည့်သွားပြီး၊ သူ့အားလျစ်လျူရှုရင်း မိတ်ကပ်ဆက်ဖျက်နေလိုက်သည်။

ယွမ့်ရန်က ဆက်သည်းမခံနိုင်တော့ဘဲ ချီပေါ်ယန်ကိုဆွဲဖို့ လက်ဆန့်ထုတ်လိုက်ချိန် ကျီးဝမ့်က ချက်ခြင်းပင် သူ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် လှမ်းဆုပ်ကိုင်လိုက်သည်။

Give upUnde poveștirile trăiesc. Descoperă acum