(unicode)
လူတစ်ယောက်ကို လိုက်ငမ်းတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ သူကပဲ ဆွဲဆောင်မှု အားကောင်းနေတာလား။ သို့မဟုတ် ကိုယ်ကပဲ နှာဘူးအထလွန်းနေတာလား။
နှစ်ခုထဲကတစ်ခုတော့ ကျိန်းသေပေမယ့် ဘယ်တစ်ခုလဲ Blood မသိ။ ယခုသူ့ရှေ့ကယောကျာ်း၏ clavicle ဟာ ဆွဲကိုက်ပစ်ချင်စရာ ကောင်းလွန်းနေတာကိုပဲ သူသိသည်။
မင်းတော်တော်ဖြစ်နေလား Blood ။
ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်ပြန်သည်။ ဒီတစ်ခဏလေးအတွင်း သူ့ကိုယ်သူ ပြန်ဆူရတာ တစ်ခါနှစ်ခါ မကတော့ပြီ။ ဒါဟာ ထိုယောကျာ်းကြောင့်။
Blood ၊ အချစ်ကလေး၊ သိပ်ချောတဲ့ အချစ်ကလေး၊ အဲဒီ clavicle ကြီးကို ခဏမေ့ထားရအောင်နော်။
ဟုတ်သည်။ အဲ့တာကို အာရုံထဲက ခဏလောက် ဖျောက်ထားလျှင်ကောင်းမည်။ ဒီယောကျာ်းကို ပစ်သတ်ပြီးမှ အလောင်းကိုခွဲ၊ လိုချင်သည့် clavicle ကို ဆွဲထုတ်၊ သေသေချာချာ polish လုပ်ပြီးမှ ဧည့်ခန်းထဲရှိ မှန်ဗီရိုတွင် လှလှပပ သိမ်းဆည်းထားရင်လည်းဖြစ်သည်။
အို၊ clavicle မှ မဟုတ်။ ဒီယောကျာ်း၏ တခြားတခြားသော အင်္ဂါအစိတ်အပိုင်းတွေကို တစ်ခုချင်းဖြုတ်ယူပြီး ဆေးစိမ်ထားလည်း ရတာပဲ။ ဒီလူကို သတ်လိုက်တာနှင့် အလောင်းဟာ Blood အပိုင်ဖြစ်လာလိမ့်မည် မဟုတ်လား။ အင်္ဂါတွေကို တစ်စစီဖြုတ်မပစ်ဘဲ formalin (ဖော်မလင်) တန်းစိမ်လိုက်လျှင် အဆင်းမပျက်ဘဲ ပိုလို့တောင် တင့်တယ်ဦးမည် ထင်ပါရဲ့။ အင်း၊ ကောင်းတယ်။ ဒီလိုပဲ လုပ်ကြတာပေါ့။
Blood သူ့အဆိုသူ ထောက်ခံခေါင်းညိတ်ရင်း တစ်ချိန်တည်းမှာပဲ အတွေးတစ်စ ဝင်လာရပြန်သည်။ တစ်ခါတုန်းက လင်ယောကျာ်းတစ်ဦးဟာ သေဆုံးသွားသော မယားဖြစ်သူ၏ မိန်းမကိုယ်ကို ဆေးစိမ်ကာ အနှစ်နှစ်အလလ သိမ်းဆည်းဖူးသည်တဲ့။ အဲ့ဒီအဖြစ်က ယုံတမ်းပုံပြင်တွေမဟုတ်ဘဲ တကယ့်ဖြစ်ရပ်မှန်ဟု သူကြားဖူး၏။
ဘုရားဘုရား။ Blood တစ်ယောက် သူ့အရှေ့က ထိုယောကျာ်း၏ ခန္ဓာကိုယ်ကို မက်မောနေတာလား။
စောက်ကျိုးနည်း။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟိုယောကျာ်းခန္ဓာပေါ်က ခေါင်းစခြေဆုံး ရှေ့နောက်တောင်မြောက်မကျန် ဘယ်အစိတ်အပိုင်းဖြစ်ဖြစ် Blood ဆီမှာရှိပြီးသားလေ။ ကိုယ့်ကိုယ်ကိုယ် ပြန်ထိလည်းရတဲ့ကိစ္စ၊ ရောဂါကူးခံပြီး ဘာပြုလို့ သူများသွားထိဦးမှာလဲ။ ယောကျာ်ချင်းအတူတူ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး တစ်ကိုယ်ရည်အာသာဖြေတာမှ ဟုတ်တုတ်တုတ်။
ခန္ဓာကို မမက်မောရင် ဒါဆိုဘာလဲ။ စိတ်ဝင်စားတာလား။
ဟုတ်မည်။ ခွေးတစ်ကောင်အတွက် အသက်ပေးရဲသည့် မိုက်ရူးရဲဆန်မှုကို စိတ်ဝင်စားတာဖြစ်မည်။ Blood ဘဝတွင် တစ်စုံတစ်ယောက်အား သေနတ်ရွယ်လိုက်လျှင် အသက်ချမ်းသာပေးရန် တောင်းဆိုကြစမြဲ၊ တစ်ယောက်ယောက်အား ထိုးထည့်ပြီး ကိုယ်လွတ်ရုန်းကြစမြဲ။ ဒီယောကျာ်းအလှည့်ရောက်မှ သူ့သေနတ်ရှေ့ အစားဝင်ခံပေးသည့်အပြင် ဒင်းကာကွယ်ပေးချင်သူက လူမဟုတ်သည့် ခွေးတစ်ကောင်။ ခွေးတောင်မှ ခွေးလေခွေးလွင့် အဖြူမှိုင်းမှိုင်း ဟက်စကီး။
ဒီလိုမျိုး မိုက်ရူးရဲဆန်နိုင်မှုကြီးအား ပိုင်ဆိုင်ထားသည့် ဦးနှောက်လေးကို စိတ်ဝင်စားသည်ဆို ပိုမှန်လိမ့်မည်။ ထိုယောကျာ်း၏အတွေးအခေါ်၊ စိတ်ကူးစိတ်သမ်းကို Blood လေ့လာချင်သည်။ အခုထိတော့ ဒီလောက်ပါပဲ။ အဲဒီထက်မပို၊ အဲဒီအောက်လည်း မလျော့။
သူ့ကိုသတ်ပြီးမှ ဦးနှောက်ကို ခွဲကြည့်ရမလား။ တစ်ခုခုတော့ ထွက်လာကောင်းပါရဲ့။ သို့ပေမယ့် မဖြစ်။ ဦးနှောက်ထုတ်မည်ဆို အနည်းဆုံးတော့ ဦးခေါင်းခွံကို ပိုင်းပစ်ရတော့မှာ။ အဲဒီအခါကျ ပုံပျက်သွားလိမ့်မည်။ အစီအစဉ်ကို ပယ်ဖျက်!
"ဝုတ်ဝုတ်!"
အတွေးတွေလွန်နေသော Blood တစ်ယောက် ဦးဟက်စကီး၏ ဟောင်သံနောက်မှာ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်လာတော့သည်။ ဘာလဲ ဟက်စကီး။ သူ့အဆိုကို ထောက်ခံတဲ့ ဝုတ်ဝုတ်လား။ ပယ်ဖျက်တဲ့ ဝုတ်ဝုတ်လား။
"ခင်များ၊ ကျုပ်ရှေ့က..."
လေသံကို အတတ်နိုင်ဆုံး မာမာထန်ထန်ထား၍ပြောနေသော်လည်း မျက်ဝန်းတစ်စုံနှင့် ထိပ်တိုက်စုံမိချိန်တွင် အာခေါင်တွေ ချောက်ကပ်ကုန်ရသည်။ ဘုရားသခင်။ အေးစက်လှတဲ့ မျက်ဝန်းတွေပါလား။ တည်ငြိမ်လွန်းသော အကြည့်ဟာ Blood ၏ မျက်အိမ်မှတစ်ဆင့် နှလုံးသားထိပါ ထွင်းဖောက်လို့ သွေးဆူနေသော သူ့တစ်ကိုယ်လုံးကို တောင့်တင်းသွားစေသည်အထိ အအေးငွေ့ဟာ ဩဇာရှိ၏။
"ခင်များ၊ ကျုပ်ရှေ့က..."
ထိုယောကျာ်းဟာ ကြားဖြတ်မပြော။ Blood စကားဆုံးသည်အထိ စိမ်ပြေနပြေ ရပ်စောင့်တော့ အထစ်ထစ် အငေါ့ငေါ့တွေ ဖြစ်ကုန်ရသည်။
"မ ဖယ် နဲ့"
မီးကို ရေဖြင့်ငြိမ်းသည်ဆိုတာ ဒါကိုပြောတာလား။ သက်ပြင်းကိုသာ ခိုးချလိုက်တော့သည်။ Blood ဟာ Blood မပီသလိုက်တာလေ။ အောက်ကျမခံလိုသော မာနကြောင့် ခပ်စူးစူးတစ်ချက်ကြည့်ကာ သေနတ်ကိုင်ထားသည့်လက်ကို အောက်သို့ရုတ်ပြီး ထိုယောက်ျား၏ ညာဘက်မှ ကျော်ခွသွားတော့၏။
အင်းလေ။ မဖယ်ပေးတဲ့လူကို ဖယ်ပါဖယ်ပါလို့ ကုန်းအော်နေလို့မရ။ အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မည်။ သူက အရှေ့က ပိတ်ရပ်နေသည်။ အိုကေ။ ကိုယ်က ဘေးက ကျော်တက်လိုက်ရုံ။
ထိုအခါ ဒင်းက မလျှော့ပါဗျာ။ ဘာလက်နက်အားကိုးမှမရှိဘဲ Blood ရှေ့တည့်တည့် ထပ်မံပိတ်ရပ်ပြန်၏။
Blood စိတ်မရှည်နေရာမှ စိတ်တိုလာပြီဖြစ်သည်။ ခုနက စိတ်ရူးပေါက်လို့ အရှင်ထားခဲ့သမျှ ဒီတစ်ခါတော့ ပစ်ပြီ။ တကယ်ပစ်ပြီ။
ဒေါကြီးမောကြီးဖြင့် သေနတ်ကို အနေအထားမှန်မှန် ပြန်ပြင်တော့ ထိုယောကျာ်းက မျက်ခုံးပင့်၏။ ပြီးနောက် Blood တကယ်ကြီး ပစ်တော့မည်ကို ရိပ်မိသွားသည်ထင်။ သေနတ်ကိုင်ထားသော ညာလက်ကို ဆတ်ခနဲ ဖမ်းချုပ်၏။
အို၊ ပညာသားပါလိုက်တာလေ။ သေနတ်သမားတွေနှင့် အနီးကပ်ကြုံတွေ့ဖူးတာ ဒီယောကျာ်းအဖို့ ပထမအကြိမ် မဟုတ်မှန်း သိပ်သိသာလွန်းသည်။ သို့ပေမယ့် ဒါသည် နယူးယောက်။ တရားဝင် သေနတ်ကိုင်ခွင့်မရှိပေမယ့် မှောင်ခိုသွင်းလို့ရသည့်နေရာတွေမှ အများကြီးပင်။
သူ့လက်အား လွှတ်မည့်ပုံမပေါ်သော ထိုယောကျာ်းကို "လွှတ်" ဟုလည်း မပြောချင်တော့။ လေကုန်ရုံသာ အဖတ်တင်မည်။ ရေခဲရိုက်သည့်အကြည့်တွေဟာ သိပ်ပြတ်သားမှန်း Blood ကောင်းကောင်းကြီး သဘောပေါက်တာပေါ့။ သူ ရေငုံနှုတ်ပိတ်နေတော့ ထိုယောကျာ်းက စကားစ၏။
"ဘာလိုချင်လဲ"
"ကလေး"
ကလေးဆိုတာ သူ့စိန်တုံးပိစိလေးကို ရည်ညွှန်းတာပါ။ အမှတ်မထင် ထွက်သွား၍ မျက်နှာတော့ Blood နည်းနည်းပူသွားရသည်။
"ပစ္စည်းက ဘယ်လောက်သေးလဲ"
တော်သေးတာပေါ့။ "ကလေးလိုချင် မိန်းမယူ" လို့ မပြောလို့ တော်သေးတာပေါ့။ သွယ်ဝိုက်သည့် သူ့အဖြေကို ချက်ချင်းပေါက်သော ဒီယောကျာ်းဟာ နယ်နယ်ရရတော့ မဟုတ်။ ကြည့်ရတာ ရှေ့မှာ ခွေးပြဿနာတွေ အများကြီး ရင်ဆိုင်ဖြေရှင်းဖူးသည်ထင်ပါရဲ့။
"သေးတယ်။ သေချာမတိုင်းရသေးဘူး။ သေချာမတိိုင်းရသေးခင် ခင်များရဲ့ ဘဝဟောင်းက သားတော်မောင်က မြိုဆို့သွားတာလေ"
Blood ရွဲ့လိုက်သည်။ သို့ပေမယ့် ထိုယောကျာ်းက မစောင်း။ တည်တည်တံ့တံ့ပင် ပြန်ဖြေလေသည်။
"နှစ်ရက် သုံးရက်လောက် စောင့်ရမယ်"
ဘာကိုစောင့်ရမှာလဲ။ ဘာအတွက်စောင့်ရမှာလဲ။ ဒီလူကြီး မဟုတ်မှလွဲ။
"သူ ဒီနေ့ စားထားတာတွေ ပြန်စွန့်ထုတ်ဖို့ နှစ်ရက်သုံးရက်လောက် စောင့်ရမယ်"
"What!!!!!!!"
ဘာလဲ။ ဘာကြီးလဲ။ ဒင်း ရူးများနေလား။ Blood ဆိုတဲ့ Drug Lord ကြီးကို ခွေးတစ်ကောင် အညစ်အကြေးစွန့်ဖို့ နှစ်ရက်သုံးရက် ငုတ်တုတ်ထိုင်ပြီး စောင့်ခိုင်းနေတာလား။
"ခင်များ စိတ်မှ မှန်သေးရဲ့လား။ ကျုပ်ကို ဘာလာလုပ်ခိုင်းနေတာလဲ"
"ဟေး။ ဘာဒေါသတွေ ထွက်နေတာလဲ။ ကိုယ် မင်းကို အညစ်အကြေးစွန့်ခိုင်းနေလို့လား"
ဘာ! ဘာ!! ဘာကြီး!!!
Blood တစ်ယောက် နှင်းစက်တွေကြား လောင်မြိုက်ကုန်ရပြီ။ မဖြစ်။ ဒီပုံစံအတိုင်း ဆက်သွားလို့မဖြစ်။ သူ့ဂုဏ်သိက္ခာတွေ မြောင်းထဲရောက်စေတဲ့ ဦးဟက်စကီး။ ဒီခွေး သေကိုသေမှရမည်။
"ရတယ်။ ခင်များပြောတဲ့ နှစ်ရက်သုံးရက် မလိုဘူး။ နှစ်စက္ကန့် သုံးစက္ကန့်နဲ့တင် ကျုပ်ပစ္စည်းရစေရမယ်"
"အဲ့တာဆို ခွေးကို မသတ်ခင် ကိုယ့်ကို အရင်သတ်လိုက်"
ဘယ်ကစွမ်းအင်တွေ သတ္တိတွေရလာသလဲမသိ၊ ခပ်တင်းတင်း ချုပ်ထားသည့် Blood ၏လက်ကို အသာတကြည်လွှတ်ပေးလာသည်။ ဒီလူ၊ သေရမှာ မကြောက်တာလား။ သတ်မည့် Blood ကိုပဲ အထင်သေးနေတာလား။
ဘာမှန်းမသိပေမယ့် ခေါင်းမီးတောက်ရသူက Blood ဖြစ်သည်။ သူ ဒီလူကို တကယ်ပဲ မသတ်ပါ။ မသတ်နိုင်ပါ။ ဒီနေ့ဟာ တကယ့်ပြဿဒါးပဲ။
"ခင်များ! ကျုပ် မသတ်ရဲဘူးများ ထင်နေလား!"
"ထင်တယ်"
Blood ၏အမေးဟာ ဒေါသတွေဖြင့် ပူလောင်နေသလောက် ထိုယောကျာ်း၏အဖြေဟာ ခံစားချက်မဲ့စွာ ခပ်အေးအေး။ ဘာကိုမှ စဉ်းစားမနေဘဲ ချက်ချင်းပဲ ပြန်ဖြေချလိုက်တာပါ။
ဘဝမှာ ခွေးတစ်ကောင် အလေးသွားတာကို စိတ်ရှည်လက်ရှည် ထိုင်စောင့်ရမယ်လို့ Blood တကယ်ကြီး မထင်မိခဲ့။ နောက်ဆုံးတော့ သက်ပြင်းကို ဟူးခနဲချလိုက်ပြီး ဦးဟက်စကီးကိုသာ ကျိန်ဆဲလိုက်၏။
ဟေ့ ဦးလေး၊ မြန်မြန်တော့ အိမ်သာသွားပေး။
----------
update မြန်သွားတယ်။ ဒါ normal မဟုတ်ဘူး။ abnormal ။ ဒီရက်ပိုင်း နည်းနည်းရူးနေလို့နေမယ်။ ဘာပဲဖြစ်ဖြစ် မျှော်နေနော်❤️
Love,
ibeingme
21.10.17
(Zawgyi)
လူတစ္ေယာက္ကို လိုက္ငမ္းတယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ။ သူကပဲ ဆြဲေဆာင္မွု အားေကာင္းေနတာလား။ သို႔မဟုတ္ ကိုယ္ကပဲ ႏွာဘူးအထလြန္းေနတာလား။
ႏွစ္ခုထဲကတစ္ခုေတာ့ က်ိန္းေသေပမယ့္ ဘယ္တစ္ခုလဲ Blood မသိ။ ယခုသူ႔ေရွ႕ကေယာက်ာ္း၏ clavicle ဟာ ဆြဲကိုက္ပစ္ခ်င္စရာ ေကာင္းလြန္းေနတာကိုပဲ သူသိသည္။
မင္းေတာ္ေတာ္ျဖစ္ေနလား Blood ။
ကိုယ့္ကိုယ္ကိုယ္ က်ိန္ဆဲလိုက္ျပန္သည္။ ဒီတစ္ခဏေလးအတြင္း သူ႔ကိုယ္သူ ျပန္ဆူရတာ တစ္ခါႏွစ္ခါ မကေတာ့ၿပီ။ ဒါဟာ ထိုေယာက်ာ္းေၾကာင့္။
Blood ၊ အခ်စ္ကေလး၊ သိပ္ေခ်ာတဲ့ အခ်စ္ကေလး၊ အဲဒီ clavicle ႀကီးကို ခဏေမ့ထားရေအာင္ေနာ္။
ဟုတ္သည္။ အဲ့တာကို အာ႐ုံထဲက ခဏေလာက္ ေဖ်ာက္ထားလၽွင္ေကာင္းမည္။ ဒီေယာက်ာ္းကို ပစ္သတ္ၿပီးမွ အေလာင္းကိုခြဲ၊ လိုခ်င္သည့္ clavicle ကို ဆြဲထုတ္၊ ေသေသခ်ာခ်ာ polish လုပ္ၿပီးမွ ဧည့္ခန္းထဲရွိ မွန္ဗီရိုတြင္ လွလွပပ သိမ္းဆည္းထားရင္လည္းျဖစ္သည္။
အို၊ clavicle မွ မဟုတ္။ ဒီေယာက်ာ္း၏ တျခားတျခားေသာ အဂၤါအစိတ္အပိုင္းေတြကို တစ္ခုခ်င္းျဖဳတ္ယူၿပီး ေဆးစိမ္ထားလည္း ရတာပဲ။ ဒီလူကို သတ္လိုက္တာႏွင့္ အေလာင္းဟာ Blood အပိုင္ျဖစ္လာလိမ့္မည္ မဟုတ္လား။ အဂၤါေတြကို တစ္စစီျဖဳတ္မပစ္ဘဲ formalin (ေဖာ္မလင္) တန္းစိမ္လိုက္လၽွင္ အဆင္းမပ်က္ဘဲ ပိုလို႔ေတာင္ တင့္တယ္ဦးမည္ ထင္ပါရဲ့။ အင္း၊ ေကာင္းတယ္။ ဒီလိုပဲ လုပ္ၾကတာေပါ့။
Blood သူ႔အဆိုသူ ေထာက္ခံေခါင္းညိတ္ရင္း တစ္ခ်ိန္တည္းမွာပဲ အေတြးတစ္စ ဝင္လာရျပန္သည္။ တစ္ခါတုန္းက လင္ေယာက်ာ္းတစ္ဦးဟာ ေသဆုံးသြားေသာ မယားျဖစ္သူ၏ မိန္းမကိုယ္ကို ေဆးစိမ္ကာ အႏွစ္ႏွစ္အလလ သိမ္းဆည္းဖူးသည္တဲ့။ အဲ့ဒီအျဖစ္က ယုံတမ္းပုံျပင္ေတြမဟုတ္ဘဲ တကယ့္ျဖစ္ရပ္မွန္ဟု သူၾကားဖူး၏။
ဘုရားဘုရား။ Blood တစ္ေယာက္ သူ႔အေရွ႕က ထိုေယာက်ာ္း၏ ခႏၶာကိုယ္ကို မက္ေမာေနတာလား။
ေစာက္က်ိဳးနည္း။ ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ။ ဟိုေယာက်ာ္းခႏၶာေပၚက ေခါင္းစေျခဆုံး ေရွ႕ေနာက္ေတာင္ေျမာက္မက်န္ ဘယ္အစိတ္အပိုင္းျဖစ္ျဖစ္ Blood ဆီမွာရွိၿပီးသားေလ။ ကိုယ့္ကိုယ္ကိုယ္ ျပန္ထိလည္းရတဲ့ကိစၥ၊ ေရာဂါကူးခံၿပီး ဘာျပဳလို႔ သူမ်ားသြားထိဦးမွာလဲ။ ေယာက်ာ္ခ်င္းအတူတူ ကိုယ့္ကိုယ္ကိုယ္ မွန္ထဲျပန္ၾကည့္ၿပီး တစ္ကိုယ္ရည္အာသာေျဖတာမွ ဟုတ္တုတ္တုတ္။
ခႏၶာကို မမက္ေမာရင္ ဒါဆိုဘာလဲ။ စိတ္ဝင္စားတာလား။
ဟုတ္မည္။ ေခြးတစ္ေကာင္အတြက္ အသက္ေပးရဲသည့္ မိုက္႐ူးရဲဆန္မွုကို စိတ္ဝင္စားတာျဖစ္မည္။ Blood ဘဝတြင္ တစ္စုံတစ္ေယာက္အား ေသနတ္ရြယ္လိုက္လၽွင္ အသက္ခ်မ္းသာေပးရန္ ေတာင္းဆိုၾကစျမဲ၊ တစ္ေယာက္ေယာက္အား ထိုးထည့္ၿပီး ကိုယ္လြတ္႐ုန္းၾကစျမဲ။ ဒီေယာက်ာ္းအလွည့္ေရာက္မွ သူ႔ေသနတ္ေရွ႕ အစားဝင္ခံေပးသည့္အျပင္ ဒင္းကာကြယ္ေပးခ်င္သူက လူမဟုတ္သည့္ ေခြးတစ္ေကာင္။ ေခြးေတာင္မွ ေခြးေလေခြးလြင့္ အျဖဴမွိုင္းမွိုင္း ဟက္စကီး။
ဒီလိုမ်ိဳး မိုက္႐ူးရဲဆန္နိုင္မွုႀကီးအား ပိုင္ဆိုင္ထားသည့္ ဦးေႏွာက္ေလးကို စိတ္ဝင္စားသည္ဆို ပိုမွန္လိမ့္မည္။ ထိုေယာက်ာ္း၏အေတြးအေခၚ၊ စိတ္ကူးစိတ္သမ္းကို Blood ေလ့လာခ်င္သည္။ အခုထိေတာ့ ဒီေလာက္ပါပဲ။ အဲဒီထက္မပို၊ အဲဒီေအာက္လည္း မေလ်ာ့။
သူ႔ကိုသတ္ၿပီးမွ ဦးေႏွာက္ကို ခြဲၾကည့္ရမလား။ တစ္ခုခုေတာ့ ထြက္လာေကာင္းပါရဲ့။ သို႔ေပမယ့္ မျဖစ္။ ဦးေႏွာက္ထုတ္မည္ဆို အနည္းဆုံးေတာ့ ဦးေခါင္းခြံကို ပိုင္းပစ္ရေတာ့မွာ။ အဲဒီအခါက် ပုံပ်က္သြားလိမ့္မည္။ အစီအစဥ္ကို ပယ္ဖ်က္!
"ဝုတ္ဝုတ္!"
အေတြးေတြလြန္ေနေသာ Blood တစ္ေယာက္ ဦးဟက္စကီး၏ ေဟာင္သံေနာက္မွာ စိတ္ႏွင့္ကိုယ္ႏွင့္ ျပန္ကပ္လာေတာ့သည္။ ဘာလဲ ဟက္စကီး။ သူ႔အဆိုကို ေထာက္ခံတဲ့ ဝုတ္ဝုတ္လား။ ပယ္ဖ်က္တဲ့ ဝုတ္ဝုတ္လား။
"ခင္မ်ား၊ က်ဳပ္ေရွ႕က..."
ေလသံကို အတတ္နိုင္ဆုံး မာမာထန္ထန္ထား၍ေျပာေနေသာ္လည္း မ်က္ဝန္းတစ္စုံႏွင့္ ထိပ္တိုက္စုံမိခ်ိန္တြင္ အာေခါင္ေတြ ေခ်ာက္ကပ္ကုန္ရသည္။ ဘုရားသခင္။ ေအးစက္လွတဲ့ မ်က္ဝန္းေတြပါလား။ တည္ၿငိမ္လြန္းေသာ အၾကည့္ဟာ Blood ၏ မ်က္အိမ္မွတစ္ဆင့္ ႏွလုံးသားထိပါ ထြင္းေဖာက္လို႔ ေသြးဆူေနေသာ သူ႔တစ္ကိုယ္လုံးကို ေတာင့္တင္းသြားေစသည္အထိ အေအးေငြ႕ဟာ ဩဇာရွိ၏။
"ခင္မ်ား၊ က်ဳပ္ေရွ႕က..."
ထိုေယာက်ာ္းဟာ ၾကားျဖတ္မေျပာ။ Blood စကားဆုံးသည္အထိ စိမ္ေျပနေၿပ ရပ္ေစာင့္ေတာ့ အထစ္ထစ္ အေငါ့ေငါ့ေတြ ျဖစ္ကုန္ရသည္။
"မ ဖယ္ နဲ႔"
မီးကို ေရျဖင့္ၿငိမ္းသည္ဆိုတာ ဒါကိုေျပာတာလား။ သက္ျပင္းကိုသာ ခိုးခ်လိုက္ေတာ့သည္။ Blood ဟာ Blood မပီသလိုက္တာေလ။ ေအာက္က်မခံလိုေသာ မာနေၾကာင့္ ခပ္စူးစူးတစ္ခ်က္ၾကည့္ကာ ေသနတ္ကိုင္ထားသည့္လက္ကို ေအာက္သို႔႐ုတ္ၿပီး ထိုေယာက္်ား၏ ညာဘက္မွ ေက်ာ္ခြသြားေတာ့၏။
အင္းေလ။ မဖယ္ေပးတဲ့လူကို ဖယ္ပါဖယ္ပါလို႔ ကုန္းေအာ္ေနလို႔မရ။ အခ်ိန္ကုန္တာပဲ အဖတ္တင္လိမ့္မည္။ သူက အေရွ႕က ပိတ္ရပ္ေနသည္။ အိုေက။ ကိုယ္က ေဘးက ေက်ာ္တက္လိုက္႐ုံ။
ထိုအခါ ဒင္းက မေလၽွာ့ပါဗ်ာ။ ဘာလက္နက္အားကိုးမွမရွိဘဲ Blood ေရွ႕တည့္တည့္ ထပ္မံပိတ္ရပ္ျပန္၏။
Blood စိတ္မရွည္ေနရာမွ စိတ္တိုလာၿပီျဖစ္သည္။ ခုနက စိတ္႐ူးေပါက္လို႔ အရွင္ထားခဲ့သမၽွ ဒီတစ္ခါေတာ့ ပစ္ၿပီ။ တကယ္ပစ္ၿပီ။
ေဒါႀကီးေမာႀကီးျဖင့္ ေသနတ္ကို အေနအထားမွန္မွန္ ျပန္ျပင္ေတာ့ ထိုေယာက်ာ္းက မ်က္ခုံးပင့္၏။ ၿပီးေနာက္ Blood တကယ္ႀကီး ပစ္ေတာ့မည္ကို ရိပ္မိသြားသည္ထင္။ ေသနတ္ကိုင္ထားေသာ ညာလက္ကို ဆတ္ခနဲ ဖမ္းခ်ဳပ္၏။
အို၊ ပညာသားပါလိုက္တာေလ။ ေသနတ္သမားေတြႏွင့္ အနီးကပ္ၾကဳံေတြ႕ဖူးတာ ဒီေယာက်ာ္းအဖို႔ ပထမအႀကိမ္ မဟုတ္မွန္း သိပ္သိသာလြန္းသည္။ သို႔ေပမယ့္ ဒါသည္ နယူးေယာက္။ တရားဝင္ ေသနတ္ကိုင္ခြင့္မရွိေပမယ့္ ေမွာင္ခိုသြင္းလို႔ရသည့္ေနရာေတြမွ အမ်ားႀကီးပင္။
သူ႔လက္အား လႊတ္မည့္ပုံမေပၚေသာ ထိုေယာက်ာ္းကို "လႊတ္" ဟုလည္း မေျပာခ်င္ေတာ့။ ေလကုန္႐ုံသာ အဖတ္တင္မည္။ ေရခဲရိုက္သည့္အၾကည့္ေတြဟာ သိပ္ျပတ္သားမွန္း Blood ေကာင္းေကာင္းႀကီး သေဘာေပါက္တာေပါ့။ သူ ေရငုံႏွုတ္ပိတ္ေနေတာ့ ထိုေယာက်ာ္းက စကားစ၏။
"ဘာလိုခ်င္လဲ"
"ကေလး"
ကေလးဆိုတာ သူ႔စိန္တုံးပိစိေလးကို ရည္ညႊန္းတာပါ။ အမွတ္မထင္ ထြက္သြား၍ မ်က္ႏွာေတာ့ Blood နည္းနည္းပူသြားရသည္။
"ပစၥည္းက ဘယ္ေလာက္ေသးလဲ"
ေတာ္ေသးတာေပါ့။ "ကေလးလိုခ်င္ မိန္းမယူ" လို႔ မေျပာလို႔ ေတာ္ေသးတာေပါ့။ သြယ္ဝိုက္သည့္ သူ႔အေျဖကို ခ်က္ခ်င္းေပါက္ေသာ ဒီေယာက်ာ္းဟာ နယ္နယ္ရရေတာ့ မဟုတ္။ ၾကည့္ရတာ ေရွ႕မွာ ေခြးျပႆနာေတြ အမ်ားႀကီး ရင္ဆိုင္ေျဖရွင္းဖူးသည္ထင္ပါရဲ့။
"ေသးတယ္။ ေသခ်ာမတိုင္းရေသးဘူး။ ေသခ်ာမတိိုင္းရေသးခင္ ခင္မ်ားရဲ့ ဘဝေဟာင္းက သားေတာ္ေမာင္က ၿမိဳဆို႔သြားတာေလ"
Blood ရြဲ႕လိုက္သည္။ သို႔ေပမယ့္ ထိုေယာက်ာ္းက မေစာင္း။ တည္တည္တံ့တံ့ပင္ ျပန္ေျဖေလသည္။
"ႏွစ္ရက္ သုံးရက္ေလာက္ ေစာင့္ရမယ္"
ဘာကိုေစာင့္ရမွာလဲ။ ဘာအတြက္ေစာင့္ရမွာလဲ။ ဒီလူႀကီး မဟုတ္မွလြဲ။
"သူ ဒီေန႔ စားထားတာေတြ ျပန္စြန႔္ထုတ္ဖို႔ ႏွစ္ရက္သုံးရက္ေလာက္ ေစာင့္ရမယ္"
"What!!!!!!!"
ဘာလဲ။ ဘာႀကီးလဲ။ ဒင္း ႐ူးမ်ားေနလား။ Blood ဆိုတဲ့ Drug Lord ႀကီးကို ေခြးတစ္ေကာင္ အညစ္အေၾကးစြန႔္ဖို႔ ႏွစ္ရက္သုံးရက္ ငုတ္တုတ္ထိုင္ၿပီး ေစာင့္ခိုင္းေနတာလား။
"ခင္မ်ား စိတ္မွ မွန္ေသးရဲ့လား။ က်ဳပ္ကို ဘာလာလုပ္ခိုင္းေနတာလဲ"
"ေဟး။ ဘာေဒါသေတြ ထြက္ေနတာလဲ။ ကိုယ္ မင္းကို အညစ္အေၾကးစြန႔္ခိုင္းေနလို႔လား"
ဘာ! ဘာ!! ဘာႀကီး!!!
Blood တစ္ေယာက္ ႏွင္းစက္ေတြၾကား ေလာင္ၿမိဳက္ကုန္ရၿပီ။ မျဖစ္။ ဒီပုံစံအတိုင္း ဆက္သြားလို႔မျဖစ္။ သူ႔ဂုဏ္သိကၡာေတြ ေျမာင္းထဲေရာက္ေစတဲ့ ဦးဟက္စကီး။ ဒီေခြး ေသကိုေသမွရမည္။
"ရတယ္။ ခင္မ်ားေျပာတဲ့ ႏွစ္ရက္သုံးရက္ မလိုဘူး။ ႏွစ္စကၠန႔္ သုံးစကၠန႔္နဲ႔တင္ က်ဳပ္ပစၥည္းရေစရမယ္"
"အဲ့တာဆို ေခြးကို မသတ္ခင္ ကိုယ့္ကို အရင္သတ္လိုက္"
ဘယ္ကစြမ္းအင္ေတြ သတၱိေတြရလာသလဲမသိ၊ ခပ္တင္းတင္း ခ်ဳပ္ထားသည့္ Blood ၏လက္ကို အသာတၾကည္လႊတ္ေပးလာသည္။ ဒီလူ၊ ေသရမွာ မေၾကာက္တာလား။ သတ္မည့္ Blood ကိုပဲ အထင္ေသးေနတာလား။
ဘာမွန္းမသိေပမယ့္ ေခါင္းမီးေတာက္ရသူက Blood ျဖစ္သည္။ သူ ဒီလူကို တကယ္ပဲ မသတ္ပါ။ မသတ္နိုင္ပါ။ ဒီေန႔ဟာ တကယ့္ျပႆဒါးပဲ။
"ခင္မ်ား! က်ဳပ္ မသတ္ရဲဘူးမ်ား ထင္ေနလား!"
"ထင္တယ္"
Blood ၏အေမးဟာ ေဒါသေတြျဖင့္ ပူေလာင္ေနသေလာက္ ထိုေယာက်ာ္း၏အေျဖဟာ ခံစားခ်က္မဲ့စြာ ခပ္ေအးေအး။ ဘာကိုမွ စဥ္းစားမေနဘဲ ခ်က္ခ်င္းပဲ ျပန္ေျဖခ်လိုက္တာပါ။
ဘဝမွာ ေခြးတစ္ေကာင္ အေလးသြားတာကို စိတ္ရွည္လက္ရွည္ ထိုင္ေစာင့္ရမယ္လို႔ Blood တကယ္ႀကီး မထင္မိခဲ့။ ေနာက္ဆုံးေတာ့ သက္ျပင္းကို ဟူးခနဲခ်လိုက္ၿပီး ဦးဟက္စကီးကိုသာ က်ိန္ဆဲလိုက္၏။
ေဟ့ ဦးေလး၊ ျမန္ျမန္ေတာ့ အိမ္သာသြားေပး။
----------
update ျမန္သြားတယ္။ ဒါ normal မဟုတ္ဘူး။ abnormal ။ ဒီရက္ပိုင္း နည္းနည္း႐ူးေနလို႔ေနမယ္။ ဘာပဲျဖစ္ျဖစ္ ေမၽွာ္ေနေနာ္❤️
Love,
ibeingme
21.10.17