แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

362K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แ‚แƒ.แ‚ {U}

2.4K 466 24
By Hot_Tofu1

ON OCT 10, 2021 BY HOT_TOFU

Chapter 23.1, Arc 2: ထပ်ခိုးထဲမှချစ်သူ

ဤသို့ဖြင့်ရလဒ်သည်ထိုနှစ်ဦးသားတစ်ဖန်
ပြန်လည်ပြီးအတိုင်ဖောက်ညီညီတီဗီပြန်
ကြည့်တော့သည်။

တီဗီကိုအလွန်အလေးပေးဂရုပြုကာ
စိတ်ဝင်တစားစိုက်ကြည့်နေသည့်
ယောင်းယီသည်တီဗီမျက်နှာပြင်အား
အကြာကြီးစိုက်ကြည့်နေမိသည့်အတွက်
သူ၏အမြင်အာရုံသည်ကျိန်းစက်သွား
ခဲ့သလားတော့မသိ၊သူ၏ဘေးတွင်ရှိနေ
သည့်ယွင်းယူအားမျက်လုံးထောင့်မှနေရင်း
လှမ်းကြည့်လိုက်စဉ်မမျှော်လင့်စွာဖြင့်
အမြဲတမ်းလိုလိုနူးညံ့ကြင်နာစွာ၊အလွန်
ယဉ်ကျေးသိမ်မွေ့သောအမျိုးသားသည်
သူ၏နှုတ်ခမ်းသားများကိုစိတ်အနှောင့်ယှက်
ဖြစ်စွာဖြင့်သပ်နေသည်ကိုမြင်လိုက်ရသည်။
ထိုအမျိုးသား၏မျက်လုံးထဲတွင်ရှိနေသည့်
အလွန်နက်မှောင်လှသောစိတ်အခြေအနေသည်
ဘာကြောင့်ဖြစ်ပေါ်လာသလဲဆိုတာယောင်းယီ
အနေဖြင့်မတွေးတောနိုင်ပေ။

ဟမ်?

ယောင်းယီသူ၏ခေါင်းကိုအံ့ဩစွာဖြင့်
လှည့်ကြည့်လိုက်မိသည်။

ယောင်းယီ၏အကြည့်များကိုသတိထားမိ
သွားသည့်ယွင်းယူသည်သူ၏အကြည့်များ
ကိုတီဗီမှပြန်လည်ဆုတ်ခွာကာယောင်းယီ
အားနားမလည်သည့်ပုံဖြင့်သူ၏မျက်နှာတစ်ခု
လုံးတွင်ရိုးသားဖြူစင်လှသည့်အမူအရာများ
နှင့်အတူတူပြန်လည်စိုက်ကြည့်လိုက်သည်။

"ဘာများဖြစ်လို့လဲ? ဒါလင်?"

!!!

ယောင်းယီအလွန်ကြောက်လန့်သွားတာမှ
ဆိုဖာပေါ်ကနေတောင်ပြုတ်ကျလုနီးပါး
ဖြစ်သွားခဲ့သည်။

ဘယ်လိုဖြစ်ပြီးယွင်းယူက သူ့ကိုချမ်းသာတဲ့
အမျိုးသမီးခေါ်နေကြနာမ်စားကိုသိသွား
ရတာလဲ?သူတစ်ခုခုကိုအစောကြီးကတည်း
ကြိုသိနေတာများဖြစ်နေမလား!?!?

ရုတ်တရပ်ဆိုသလို၊ယောင်းယီချွေးအေးများ
စီးကျလာခဲ့သည်။

"ဘ-ဘာ-ဘာကိုပြောချင်တာလဲဗျ၊ "ဒါလင်"
ဆိုတာ? ဘာလို့အဆက်စပ်မရှိဘဲပြောလိုက်
တာလဲ ....အာ။အရမ်းချွဲပျစ်လွန်းနေတယ်!"

ပျာယာခတ်နေသည့်ယောင်းယီသည်သူ၏
မျက်လုံးများကိုအဝေးသို့လွှဲကာသူအနေဖြင့်
အသတ်ခံရတော့မည့်အရေးဆီမှတစ်လှမ်း
လောက်သာကွာဝေးတော့သည်ဟုခံစား
နေရသည်။

"ဟုတ်တယ်။အရမ်းချွဲပျစ်လွန်းနေတယ်
မဟုတ်ဘူးလား?"

ယွင်းယူ၏မျက်လုံးများထဲတွင်ဖျော့တော့သည့်
အလင်းတန်းတစ်ခုရှိနေခဲ့ပြီးပါးနပ်စွာဖြင့်သူ၏
နှုတ်ခမ်းများသည်အပေါ်သို့တွန့်ကွေးသွားခဲ့သည်။

ထို့နောက် ချစ်ခြင်းမေတ္တာတရားကိုဖော်ထုတ်
ပြသနေသည့်တီဗီမျက်နှာပြင်ပေါ်မှအမျိုးသား
နှင့်အမျိုးသမီးကိုညွှန်းပြလိုက်ပြီးအရင်က
အတိုင်းအခင်အမင်မပျက်စွာရှင်းပြလိုက်သည်။

"မင်းမှန်တယ်၊တီဗီထဲကလူတွေလုပ်သလိုမျိုး
တစ်ယောက်ယောက်ကို "ဒါလင်"ဆိုပြီး
ခေါ်တာကြီးက၊နည်းနည်းတော့ချွဲပျစ်လွန်းတယ်။"

အဲ့ဒါကြောင့် အခုလိုချွဲပျစ်နေတဲ့အချစ်ဆိုတာ
ကြီးပျောက်ကွယ်သွားလဲကိစ္စမရှိဘူးမလား?
ကောင်ငယ်လေး။

နောက်တော့မှယောင်းယီလည်း
ထိုဒါလင်ဆိုသောအမည်သည်
တကယ်တမ်းမှာတော့ယခု
ကြည့်နေသည့်ဦးနှောက်ခြောက်ချင်စရာ
အိုင်ဒေါလ်ဒရမ်မာကားထဲမှအိမ်မွေး
တိရစ္ဆာန်ကောင်၏နာမည်ဖြစ်နေသည်
ကိုသဘောပေါက်သွားတော့သည်။
ဤသို့ဖြင့်သူ၏ခန္ဓာကိုယ်ထဲမှကြောက်ရွံမှု
ကြောင့်လွှင့်ပျံချင်နေသည့်ဝိဉာဉ်သုံးခုနှင့်
စိတ်ခုနစ်ပါးအားချက်ချင်းကိုသူ၏
ဝမ်းဗိုက်ထဲသို့ပြန်လည်မြိုချလိုက်ရသည်။

ယောင်းယီသူ၏ချွေးများကို
ပွတ်သုတ်လိုက်ပြီးတည်ငြိမ်
ချင်ယောင်ဆောင်ရင်းပြန်ဖြေလိုက်သည်။

"ဟုတ်တယ်၊ဒီအမှိုက်လို idol dramas
တွေကအမြဲတမ်းအဲ့လိုချွဲပစ်နေတာ"

ပြုံးရင်းယွင်းယူသည်သူ့ချစ်သူလေး၏
ချစ်စရာကောင်းသောပုံပန်းသွင်ပြင်လေး
အားငေးကြည့်လိုက်မိသည်။
သူအနေဖြင့်တကယ်ကိုအချစ်နွံနစ်နေသည့်
အတွက်ဆုတောင်းနေမိသည့်မှာထိုကောင်လေး
ကိုတစ်ကိုက်တည်းကိုက်စား၍သူ၏ဗိုက်ထဲ
ရောက်အောင်လို့မြိုချလိုက်ရုံမှအပအခြား
ဘယ်အရာကိုမှမလိုအပ်ပေ။

သို့သော်လည်းတကယ်လို့သူသာမြိုချလိုက်
ပါကသူ့ကောင်ငယ်လေး၏ချစ်စရာကောင်း
သောအပြုအမူလေးများကိုဘယ်သောအခါ
မှထပ်တွေ့နိုင်မည်မဟုတ်တော့ပေ....

ထို့ကြောင့်သူ၏ဘေးတွင်ယခုလိုလေးဘဲထာဝရ
တည်ရှိနေခြင်းမှာအကောင်းဆုံးဖြစ်သည်။

"အွဲဒါဆို၊မင်းကို "ကောင်လေး"လို့ခေါ်ရင်
ရောဘယ်လိုလဲ?"မင်းကကိုယ့်ထက်အနည်းငယ်၊
ငယ်တယ်မလား။အဲ့လိုခေါ်တာကဘဲကိုယ်တို့
အချင်းချင်းနီးကပ်နိုင်မယ်လို့ထင်တယ်"
ယွင်းယူသည့်အပြုံးလေးဖြင့်အကြုံပြုလိုက်သည်။

ယောင်းယီသည်သူ၏လက်မောင်းမှကြက်သီး
မွှေးညှင်းများကိုခပ်သွက်သွက်ပွတ်လိုက်မိသည်။
သူအနေနဲ့ကတော့ထိုအခေါ်အဝေါ်သည်
ချွဲပျစ်နေဆဲဖြစ်သည့်ဟုခံစားနေရဆဲဖြစ်သည်၊
သို့သော်လည်းသူ့ကိုဒါလင်ဟုခေါ်ဆိုတုန်းက
ထပ်သေချာပေါက်အများကြီးအဆင်ပြေသည်။

"တကယ်တော့ကျွန်တော့်ကိုယောင်းလေး
လို့ဘဲဆက်ခေါ်တာပိုမကောင်းဘူးလား?"

"ဒါပေမဲ့ ယောင်းလေးဆိုပြီးခေါ်တဲ့လူတွေ
ကအများကြီးဘဲမဟုတ်ဘူးလား အာ။မင်းကို
ကောင်လေးဆိုပြီးခေါ်လို့ရတဲ့လူကျတော့
ကိုယ်တစ်ယောက်တည်းဘဲရှိတာလေ။
ဟုတ်တယ်ဟုတ်?"

ယောင်းယီထိုအကြောင်းကိုတွေးလိုက်သည့်
အခါသူအချိန်ပိုင်းအောက်ကျို့ခံအလုပ်လုပ်
ခဲ့ရသည့်အလုပ်ခွင်ဘယ်နေရာမှာမဆိုထို
"ယောင်းလေး"ဆိုသောနာမည်ကိုသာခေါ်ဝေါ်
ပြောဆိုခဲ့ကြတာဖြစ်ပြီးပြောရမည်ဆိုလျှင်
တော့ရီုးအီနေပြီဖြစ်သည်။သို့သော်လည်း
"ကောင်လေး"ဆိုသောနာမ်စားသည်အလွန်
အမင်းနွဲ့လွန်းနေပြီးသူ၏ယောက်ျားဆန်မှုကို
တစက်လေးတောင်မှရှင်းရှင်းလင်းလင်း
ကိုယ်စားပြုမနေပေ။

"ဒါဆိုရင်အကိုကျွန်တော့်ကိုရီလေးဆိုပြီး
ခေါ်လို့ရတာဘဲလေ" ယောင်းယီတိုးတိုးလေး
ရေရွတ်လိုက်သည်။

ဘယ်သူမှသူ့ကိုထိုကဲ့သို့တရင်းတနှီး
တစ်ခါမှမခေါ်ဆိုဖူးပေ။

ယွင်းယူ၏အသံသည်လည်းနူးညံ့သွားခဲ့ပြီး
ညင်သာစွာဖြင့်မေးလိုက်သည်။
"ကောင်းပြီလေ။ဒါဆိုလည်းကိုယ်မင်းကို
အခုချိန်ကစပြီး ရီလေးလို့ခေါ်မယ်။
အဆင်ပြေတယ်ဟုတ်?"

ယောင်းယီရပ်တန့်သွားခဲ့သည်။ယွင်းယူ၏
နွေးထွေးမှုများဖြင့်ပြည့်နှက်နေသည့်မျက်လုံး
များကိုစိုက်ကြည့်ရင်းသူ၏နှလုံးသားသည်
အချိန်အကြာကြီးနေမှပထမဆုံးအကြိမ်
မမျှော်လင့်စွာဖြင့်ခုန်လှုပ်သွားခဲ့သည်။

သူသည်လူတိုင်းလိုလို၏မရှိလည်းဖြစ်သည့်
တည်ရှိမှုတစ်ခုအဖြစ်သဘောထားဆက်ဆံခြင်း
ကိုခံခဲ့ရာမှယခုအချိန်သည်ဘဝတွင်
ပထမဆုံးအကြိမ်တစ်စုံတစ်ယောက်ဘက်မှ
သူ၏သဘောထားကိုယခုလိုဂရုတစိုက်
ရှိလာပေးခဲ့တာဖြစ်သည်။

[Thoughts of Tofu : ယွင်းယူလိုမျိုး
လူတစ်ဖက်သားကိုကိုယ်စိတ်တိုင်းကျ
ဇွတ်တရွတ်ခေါ်ချင်သလိုမခေါ်ဘဲ
ကာယကံရှင်ကိုအရင်ဆုံးအဆင်ပြေမပြေ
မေးမြန်းပြီးမှခေါ်ဝေါ်ပေးတဲ့လူမျိုးကို
တကယ်သဘောကျတယ်။]

ရှားရှားပါးပါးရှက်နေသည့်ခံစားချက်ဖြင့်
ယောင်းယီသည်အကြည့်နှင့်အတူူတူမျက်နှာ
ကိုပါလွှဲကာခေါင်းငြိမ့်ပြလိုက်ပြီးနားရွက်
လေးများသည်လည်းနီရဲနေခဲ့သည်။

"ကျွန်တော့်ကိုရီလေးဆိုပြီးခေါ်လို့
အဆင်ပြေပါတယ်"

သူ့ချစ်သူလေး၏ရှက်သွေးဖြာနေသည့်
ပုံပန်းသွင်ပြင်ကိုမြင်လိုက်ရသည့်အခါ
ယွင်းယူ၏မျက်လုံးထဲမှကြင်နာသနားမှု
သည်ပိုပြီးလေးနက်သွားခဲ့သည်။

ဧည့်ခန်းထဲမှလေထုသည်အနည်းငယ်
ပဟေဠိဆန်လာလေသည်။

ယောင်းယီသည်တစ်ခုခုမှားယွင်းနေသည့်
ခံစားချက်မျိုးရနေသောလည်းဘယ်နေရာ
မှားနေသလဲဆိုတာကိုမပြောနိုင်ပေ။
ထို့ကြောင့်ရွေးချယ်စရာမရှိပါဘဲထိုထူးဆန်း
သည်ဟုခံစားနေရသည့်အသိစိတ်ကိုချုပ်တည်း
၍သာတီဗီကိုဆက်ကြည့်နေလိုက်သည်။

ဤသို့ဖြင့်သူ့ကိုယ်သူစတီးချောင်း
တစ်ချောင်းကဲ့သို့ဖြောင့်တန်းနေသည့်
ယောကျ်ားသား[1]ဟုအမြဲတမ်း
မှတ်ယူထားခဲ့သောယောင်းယီသည်အခြား
အမျိုးသားတစ်ယောက်နှင့်အတူယခုလို
ပန်းရောင်ပူဖောင်းလေးများထနေသည့်
လေထု[2]ထဲတွင်နေ့လည်ခင်းအားလပ်ချိန်
ကိုကုန်ဆုံးခဲ့လေသည်။

[1] 100% ဖြောင့်တန်းနေသည့်တွေ့နေကြ
အမျိုးသားများဖြစ်ပြီးများသောအားဖြင့်
အနည်းငယ်တုံးအကာ၊အတိမ်အနက်
နားမလည်သလိုဖက်ရှင်နှင့်ပတ်သတ်၍လည်း
ဘာဆိုဘာမှမသိသည့်အပြင် EQ လည်းနိမ့်ကာ
စဉ်းစားတွေးခေါ်ရာ၌မပြေပြစ်သည့်
အစရှိသောယောက်ျားများကိုခေါ်ဆိုသည်။

[Thoughts of tofu: ဖက်ရှင်နဲ့ပတ်သတ်
ပြီးပြောရမယ်ဆိုများသောအားဖြင့်
queer တွေက Straightတွေထပ်ပိုပြီး
အမြင်ဆန်းသစ်သလိုစမတ်လည်းကျတယ်။
But I won't elaborate on that ]

[2] ပျော်ရွှင်စရာ၊ချစ်ခြင်းမေတ္တာတွေဒါမှမဟုတ်
ချိုမြိန်တဲ့ခံစားချက်တွေ၊နှစ်သက်မှုတွေကိုဖော်ပြ
တဲ့အခါ၊ ရုပ်ရှင်ကားတွေထဲမှာဆိုဇာတ်ကောင်
နှစ်ယောက်ပျော်ရွှင်နေရင်ဒါမှမဟုတ်ချစ်ကျွမ်း
ဝင်သွားတဲ့အခါမျိုးမှာဆိုအနောက်ဖက်မှာ
ပန်းရောင်ပူဖောင်းလေးတွေတဖြည်းဖြည်းချင်းစီ
ပေါ်လာတာကနေအစွဲပြုပြီးအသုံးပြုတဲ့အင်တာ
နက်ဗန်းစကားပါ။

ဤသို့ဖြင့်ညရောက်လာသည့်အခါယောင်းယီ
သည်ယွင်းယူ၏ဟင်းချက်မည့်အစီအစဉ်
အားငြင်းဆန်ကာထပ်ပြီးအလကားထိုင်မစား
ချင်တော့သည့်အတွက်ယခုည၊ညစာစီစဉ်ရန်
မီးဖိုချောင်ထဲသို့ဝင်သွားတော့သည်။

ရေခဲသေတ္တာထဲမှဟင်းအမယ်ပစ္စည်းများအား
ထုတ်ယူကာပြင်ဆင်၍မီးဖိုပေါ်ရှိဒယ်အိုးပေါ်
တွင်တင်ကာချက်ပြုတ်လေသည်။ဤသို့ဖြင့်
မြန်မြန်ဆန်ဆန်နှင့်အရသာရှိရှိအိမ်ဟင်းလျာ
အချို့ကိုချက်ပြုတ်ပြင်ဆင်လို့ပြီးသွားတော့
သည်။

"ဟမ်?"

ရေခဲသေတ္တာ၏အောက်ထပ်ရှိအအေးခန်းထဲ
မှကြော်လှော်ချက်ပြုတ်ရန်အသုံးပြုလို့ရမည့်
အသားငါးဘာညာရှိနေအုန်းမလားဟု
ယောင်းယီရှာဖွေမည်ပြုလိုက်စဉ်၊ထိုအောက်ထပ်
အအေးခန်းသည်ထူထဲလှသည့်ရေခဲလွှာတစ်ခု
ဖြစ်နေကာဖွင့်နိုင်မည့်အရေးမှလုံးဝကိုတားဆီး
ပိတ်ပင်ထားသလိုမျိုးဖြစ်နေသည်။

ရေခဲသေတ္တာပျက်များပျက်နေတာလား?

အဲ့ဒါဆိုအခုလိုအဆင့်မြင့်တဲ့ရေခဲသေတ္တာမျိုးမှာ
တောင်လုံးဝဖွင့်မရတော့တဲ့အထိရေခဲ၊ခဲသွားတဲ့
ပြဿနာမျိုးရှိနေတာပါလား အာ။
ယောင်းယီလည်းထိုရေခဲသေတ္တာ၏
စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကိုတိတ်တဆိတ်
သက်ပြင်းချ၍အအေးခန်းကိုဖွင့်ဖို့ရန်
ရိုးရှင်းစွာဘဲဆက်လက်ပြီးစိတ်ရှုပ်ခံမနေတော့ပေ။
ရေခဲသေတ္တာထဲမှအသင့်စားဟင်းလျာအချို့ကို
သာစိတ်ကြိုက်ရွေးယူ၍ဒယ်အိုးထဲ၌အနည်းငယ်
ကြော်လှော်ကာမီးဖိုပေါ်မှချလိုက်သည်။

အခုဆိုဟင်းလျာအားလုံးအဆင့်သင့်ဖြစ်နေပြီ
ဖြစ်သည်။ဟင်းလျာများကိုပန်းကန်ထဲထည့်
ကာအလှဆင်ပြီးချိန်မှာတော့တစ်ဖက်ခြမ်း
မီးဖိုပေါ်ရှိဆန်ပြုတ်သည်လည်းဆူပွက်နေသည့်
အတွက်ဟင်းချက်ခြင်းပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ယောင်းယီကြီးမားလှသည့်ပန်းကန်ပြားများထဲ
မှဟင်းလျာများကိုစိတ်ကျေနပ်အားရစွာကြည့်
ရှုရင်းသူ၏ "မတုံးသေးသည့်တန်ဖိုးတန်ဓား
ကြောင့်[3]"အလေးအနက်စိတ်လှုပ်ရှားသွား
တော့သည်။ထို့နောက်ယွင်းယူကိုပန်းကန်ပြား
များလာသယ်ရန်လှမ်းခေါ်လိုက်သည်။

[3] အရင်ကသင်ထားတဲ့ skill သို့မဟုတ်
strengthတွေကိုအချိန်အကြာကြီး
အသုံးမပြုဖြစ်သော်လည်းသုံးသည့်အခါ
အရင်ကအတိုင်းကျွမ်းကျင်နေဆဲဖြစ်သည်
ကိုပြောဆိုသည်။

"ညစာအဆင့်သင့်ဖြစ်ပြီ! ယွင်းယူ၊
ကျွန်တော့်ကိုတစ်ချက်လောက်လာပြီး
ကူပေးလို့ရမလား?"

သူ၏အနောက်ဘက်တွင်ရှိနေသည့်ရေခဲသေတ္တာထဲမှအအေးခန်းထဲရှိရေခဲများသည်
တဖြည်းဖြည်းချင်းစီအရည်ပျော်ကျလာခဲ့သည်။
ထို့နောက်နီပုတ်ရောင်အရည်များသည်
ရေခဲသေတ္တာအောက်ဖက်ရှိကြမ်းပြင်ပေါ်သို့
တဖြည်းဖြည်းချင်းစီစိမ့်ကျလာလေသည်။

ဧည့်ခန်းထဲတွင်,

လွတ်မြောက်ရန်အစွမ်းကုန်ကြိုးပန်းနေသည့်
သရဲမ၏မွှစာကြဲနေသောအပိုင်းအစများကို
ကိုင်တွယ်ဖြေရှင်းနေရဆဲဖြစ်သည့်ယွင်းယူသည်
အပြုံးလေးဖြင့်ပြန်လည်တုံ့ပြန်လိုက်သည်။
"အိုခေ၊ကိုယ်အခုဘဲလာခဲ့မယ်နော်"

အသေအချာပင်၊ 'သေဆုံးပြီးသားလူ၏ဝိဉာဉ်သည်
အခုချိန်အထိမပျောက်ကွယ်သွားသေးပေ[4]'

[4] သေဆုံးပြီးသားဝိဉာဉ်သည်သူစွဲလမ်းနေသည့်
လူအပေါ်သေဆုံးပြီးချိန်ထိတိုင်အောင်တဝဲဝဲလည်
လည်ဖြစ်နေတဲ့အခါ သို့မဟုတ် အချို့သော
အယူဝါဒ၊ အတွေးအခေါ်များကြောင့်ဝိဉာဉ်များ
သည်တစ်ဖက်ခြမ်းသို့မကူးပြောင်းဘဲ ဆက်လက်
တည်ရှိနေဖို့ကိုအစွဲလမ်းကြီးကြတာမျိုးကိုဆိုလို
တာပါ။
ဒီနေရာမှာပြောချင်တာက ယွင်းယူကကျန်းချိုင်
ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုဖျက်စီးပစ်
လိုက်တာတောင်မှသူမစွဲလမ်းနေတဲ့ယောင်းယီက
ဒီအိမ်မှာရှိနေတာမို့ဘယ်လိုဘဲဖြစ်ဖြစ်သူမရဲ့
ဝိဉာဉ်ကမပျောက်ကွယ်သွားပါဘူး။

ကြမ်းပြင်ပေါ်သို့အဆက်မပြတ်စိမ့်ထွက်လာ
သည့်အပိုင်းပိုင်းပြတ်နေသောအသားစများ
ကိုကြည့်လိုက်ချိန်ယွင်းယူ၏မျက်လုံးများထဲမှ
လူမဆန်သည့်အကြင်နာကင်းမဲ့မှုများသည်
မုန်တိုင်းတစ်ခုအစပျိုးလုနီးပါးဖြစ်သွားခဲ့သည်။

ယခုမြင်တွေ့နေရသည့်အော်ဂလီဆန်ချင်စရာ
သရဲသည်လေထုထဲရှိနေရာလွတ်အချို့အတွင်း
တွင်ပုန်းအောင်းနေရသည့်ထိုအမျိုးသမီး၏
စိတ်သောကရောက်ဖွယ်တည်ရှိမှုမှတဆင့်
တရွတ်တိုက်ဆွဲခေါ်ခြင်းကိုခံခဲ့ရတာဖြစ်သည်။
အင်းဆက်များလိုမြင်ရသည့်လူတိုင်းဘယ်သူ့
ကိုမဆိုဝမ်းဗိုက်ဟိုးအတွင်းဆုံးထဲမှအော့အန်
လာချင်လာသည့်အထိပြုလုပ်နိုင်သည်။

အငြိုးကြီးတစ္ဆေသည်သူ၏ကြောက်မက်ဖွယ်ပုံစံ
အစစ်အမှန်ကိုထုတ်ဖော်ပြသ၍အနက်ရောင်
မြူခိုးများသည်ထိုသရဲ၏ခန္ဓာကိုယ်တစ်ခုလုံး
အားအပြေးအလွှားဝန်းရံကာတစ်စစီအစိတ်စိတ်
အမွှာအမွှာဆွဲစုတ်လိုက်ပြီးဘာဆိုဘာမှမကျန်ရှိ
တော့သည်အထိဝါးမြိုလိုက်တော့သည်။

မကြာခင်မှာဘဲ ယွင်းယူသည်အရင်ကအတိုင်း
တောက်ပြောင်ရှင်းလင်းနေသည့်ကော်ဇော်ကို
ကြည့်လိုက်သည်။သူ၏အမူအရာသည်လည်း
ပုံမှန်အတိုင်းနူးနူးညံ့ညံ့ပုံစံဖြစ်သွားခဲ့ပြီး
မီးဖိုချောင်အတွင်းသို့ဦးတည်ကာလျှောက်သွား
လိုက်သည်။

မီးဖိုချောင်ထဲတွင်၊

သူ၏ချစ်သူလေးသည်ကြမ်းပြင်ပေါ်၌
ဆောင့်ကြောင့်ထိုင်ရင်းအအေးခန်းထဲမှ
စိမ့်ကျလာသည့်သွေးများကို
စိတ်ရှုပ်ထွေးစွာဖြင့်စစ်ဆေးနေလေသည်။

ထိုမြင်ကွင်းကိုမြင်တွေ့လိုက်ရသည့်အခါ
ယွင်းယူ၏ပြီးပြည့်စုံလှသောမျက်နှာဖုံးသည်
စက္ကန့်ပိုင်းလောက်ပျက်ယွင်းသွားခဲ့သည်။

"ရီလေး၊ဘာဖြစ်လို့လဲ?" ယောင်းယီ၏
နဖူးပေါ်တွင်ဝဲချထားသည့်ဆံပင်စုများသည်
ဖုံးကွယ်ထားသည့်အတွက်ယွင်းယူ၏
မျက်လုံးများထဲမှခပ်ဖျော့ဖျော့ထွက်ပေါ်
နေသည့်သွေးနီရောင်မျက်လုံးများကို
မမြင်လိုက်ရပေ။

"ဟုတ်သား၊ဒီကိုလာကြည့်ပါအုန်း။ကြည့်ရတာ
အအေးခန်းပျက်သွားပြီထင်တယ်။အခုလို
ကြမ်းပြင်ပေါ်အိုင်ထွန်းနေတဲ့အထိသွေးရည်
တွေစိမ့်ကျနေပြီဆိုမှတော့အထဲထဲမှာရှိနေတဲ့
အသားတွေလည်းအကုန်ပုတ်ကုန်လောက်ပြီ-"

ယောင်းယီသည်အခုထိအေးနေဆဲဖြစ်သည့်
အအေးခန်းအကန့်ကိုစိုးရိမ်တကြီးထိကြည့်
လိုက်ပြီး မသေချာမရေရာဖြစ်သွားခဲ့သည်။

ထူးဆန်းလိုက်တာ၊အခုလေးတင်အထဲထဲမှာရှိ
နေတဲ့အသားအပိုင်းစကြီးကလှုပ်ရှားသွားတာ
လား?



thoughts of tofu :
လှုပ်ရှားနေတဲ့အသားတုံးကြီးကွ !

ဒီတလောပျောက်နေတာဘာရယ်မဟုတ်
ခါတိုင်းလိုဘဲကျန်းမာရေးကြောင့်ပါ။
နဂိုကတည်းကချုချုချာချာကောင်ဆိုတော့
အခုလည်းဆေးရုံဆိုတာအိမ်ဦးနဲ့ကြမ်းပြင်
လိုဖြစ်နေတဲ့အတွက် Wattpad ဘက်ကို
လုံးဝမလှည့်ဖြစ်လို့စာတွေမတင်ဖြစ်တာပါ။

ဒါပေမဲ့လည်းအားလုံးက စိတ်ရှည်လက်ရှည်
နဲ့စောင့်ဆိုင်းပေးကြတဲ့အတွက်ကျေးဇူး
အများကြီးတင်ပါတယ်။
Reader တွေလည်းကျန်းမာရေးဂရုစိုက်ကြပါ။
မိုးရေအမိမခံကြပါနဲ့...အပြင်သွားရင် mask ကို
သေချာတပ်ပြီးထီးကိုလည်းစောင်းကြပါ။
ညဆိုလည်းနွေးနွေးထွေးထွေးအိပ်ကြပါ။

အားလုံးဘဲ နောက်ရက်မှပြန်တွေ့ပါမယ်
ဘိုင့်ဘိုင့် ! (´。• ᵕ •。') ♡










Continue Reading

You'll Also Like

152K 11.7K 49
แ€กแ€™แ€พแ€ฑแ€ฌแ€„แ€บ แ€กแ€ฑแ€ฌแ€€แ€บแ€€ โ€Œแ€€แ€ปแ€ฌแ€ธแ€›แ€ฒ แ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ทแ€™แ€ปแ€€แ€บแ€แ€”แ€บแ€ธแ€œแ€ญแ€ฏ แ€žแ€ฝแ€ฑแ€ธแ€†แ€ฌ แ€”แ€ฑแ€แ€ฒแ€ท แ€™แ€ปแ€€แ€บแ€œแ€ฏแ€ถแ€ธ แ€…แ€ญแ€™แ€บแ€ธแ€…แ€ญแ€™แ€บแ€ธ แ€แ€ฑแ€ฌแ€€แ€บแ€แ€ฑแ€ฌแ€€แ€บแ€แ€ฝแ€ฑ แ€žแ€ฝแ€ฑแ€ธแ€Šแ€พแ€ฎแ€”แ€ถแ€ท แ€Ÿแ€ฑแ€ฌแ€„แ€บแ€‘แ€ฝแ€€แ€บแ€”แ€ฑแ€แ€ฒแ€ท แ€กแ€แ€”แ€บแ€ธแ€แ€ฝแ€ฑ แ€‘แ€ฒ แ€€ แ€กแ€œแ€ฑแ€ฌแ€„แ€บแ€ธแ€แ€ฝแ€ฑ แ€žแ€แ€„แ€บแ€ธ...
67.2K 4.2K 46
แ€ฑแ€†แ€ฌแ€„แ€นแพแ€€แ€ฌแฟแ€™แ€ญแ€ณแ€„แ€นแ€€แ€™แ€ญแ€”แ€นแ€ธแ€€แ€ฑแ€œแ€ธแ€”แ€ฒแ‚” แ€ฑแ€แ€ฌแ€นแ€แ€„แ€นแ€™แ€„แ€นแ€ธแ€žแ€ฌแ€ธแ€แ€…แ€นแ€•แ€ซแ€ธแ€›แ€ฒแ‚• แ€กแ€แ€บแ€…แ€นแ€‡แ€ฌแ€แ€นแ€œแ€™แ€นแ€ธ... แ€’แ€ฎแ€œแ€ญแ€ฏแ€”แ€ฒแ‚”แ€แ€™แ€นแ€ธแ€”แ€Šแ€นแ€ธแ€…แ€›แ€ฌแ€แ€ฑแ€›แ€•แ€”แ€นแ€ธแ€•แ€ถแ€ฏแ€ปแ€•แ€„แ€นแ€แ€…แ€นแ€•แ€ฏแ€’แ€นแ€ปแ€–แ€…แ€นแ€œแ€ฌแ€แ€ฒแ€ทแ€แ€šแ€น แ€†แ€ฑแ€ฌแ€„แ€บแ€€แ€ผแ€ฌแ€™แ€ผแ€ญแ€ฏแ€„แ€บแ€€แ€™แ€ญแ€”แ€บแ€ธแ€€แ€œแ€ฑแ€ธแ€”แ€ฒ...
74.4K 9.1K 65
แ€žแ€›แ€ฒแ€”แ€พแ€ญแ€™แ€บแ€”แ€„แ€บแ€ธแ€แ€ฒแ€ท แ€™แ€ญแ€žแ€ฌแ€ธแ€…แ€ฏแ€€แ€†แ€„แ€บแ€ธแ€žแ€€แ€บแ€œแ€ฌแ€แ€ฒแ€ท แ€แ€™แ€บแ€แ€ปแ€”แ€บแ€ธแ€†แ€ญแ€ฏแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ€Ÿแ€ฌ แ€žแ€›แ€ฒแ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ท แ€€แ€ปแ€ญแ€”แ€บแ€…แ€ฌแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€•แ€ผแ€ฎแ€ธ แ€™แ€ญแ€žแ€ฌแ€ธแ€…แ€ฏแ€กแ€™แ€ฝแ€ฑแ€€แ€ญแ€ฏ แ€™แ€†แ€€แ€บแ€แ€ถแ€”แ€ญแ€ฏแ€„แ€บแ€แ€ฒแ€ทแ€•แ€ซแ€˜แ€ฐแ€ธ... แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€™แ€พ...
307K 14.3K 54
แ€™แ€„แ€บแ€ธแ€†แ€ญแ€ฏแ€ธแ€แ€ปแ€„แ€บแ€žแ€œแ€ฑแ€ฌแ€€แ€บ แ€†แ€ญแ€ฏแ€ธแ€…แ€™แ€บแ€ธแ€•แ€ซ แ€žแ€ฒแ€„แ€šแ€บแ€œแ€ฑแ€ธแ€›แ€šแ€บ แ€แ€…แ€บแ€แ€ฏแ€•แ€ฒ แ€ฅแ€ฎแ€ธแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€„แ€ซแ€ทแ€€แ€ญแ€ฏแ€™แ€ฑแ€ทแ€™แ€žแ€ฝแ€ฌแ€ธแ€›แ€„แ€บแ€›แ€•แ€ผแ€ฎ ๐Ÿ’—๐Ÿ’—แ€™แ€ฏแ€แ€บแ€ธแ€…แ€ฑแ€แ€”แ€บ๐Ÿ’—๐Ÿ’— แ€€แ€™แ€นแ€˜แ€ฌแ€แ€ฝแ€ฑ แ€กแ€†แ€€แ€บแ€†แ€€แ€บแ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฝแ€ฌแ€ธแ€™แ€šแ€บแ€†แ€ญแ€ฏแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฌแ€ธแ€›แ€ฒแ€ท...