The Feast (စားတော်ပွဲ)

By _kadxxx

66.8K 10.2K 381

This story is burmese translation of "The Feast(食锦)" by author "Li Hua Bai(梨花白)". I'm just a burmese translat... More

မိတ်ဆက်
၀၀၁-ဝိဥာဥ်ကူးပြောင်းလာတဲ့ အစားချစ်သူလေး
၀၀၂-မကောင်းသောဖြစ်ရပ်များ
၀၀၃-ဇီဇာကြောင်ခြင်း
၀၀၄-မီးဖိုချောင်ထဲကအပျက်အစီးများ
၀၀၅-ပြောင်းလဲလွယ်သော
၀၀၆-တိုက်ခိုက်ရန်အသင့်ဖြစ်နေသော ဓားများ
၀၀၇-လုံးဝအရေးနိမ့်ခြင်း
၀၀၈-မကောင်းသော အတိတ်နိမိတ်
၀၀၉-အဲ့ဒီ့ကြွက်ကြီး
၀၁၀-မင်းနိုင်တယ်!
၀၁၁-ခိုင်းဖက်သုံးဖော်
၀၁၂-နားလည်မှုရှိတဲ့အမတ်မင်းလေး
၀၁၃-လောဘ
၀၁၄-တွန်းအားပေးရန်
၀၁၅-သခင်မယွင်လာပါပြီ
၀၁၆-မျက်နှာပျက်ရခြင်း
၀၁၇-သဲကြီးမဲကြီးတိုက်ခိုက်ခြင်း
၀၁၈-အဆိုးဆုံးရလဒ်
၀၁၉-အစီအရင်ခံခြင်း
၀၂၀- မြွေတစ်ကောင်တိုက်ကွက်တည်ဆောက်ခြင်း
၀၂၂- ဈေးဆစ်ခြင်း
၀၂၃- စားကောင်းသောက်ဖွယ်စားရဖို့အတွက်
၀၂၄- ကူလီ
၀၂၅-မကောင်းတဲ့ဆက်ဆံရေး တစ်ခန်းရပ်စေဖို့
၀၂၆- (သွမ့်ဝူ)နဂါးလှေပွဲတော်
၀၂၇- အစားအသောက်ပြပွဲ
၀၂၈- ကွယ်ဝှက်ထားတဲ့ အမျိုးမျိုးသော ထင်မြင်ချက်များ
၀၂၉- အဖွားနဲ့မြေးရဲ့စကားဝိုင်း
၀၃၀ - အိပ်မက်နှင့်စိတ်ကူးများ
၀၃၁ - ထောက်လှမ်းရေးအလုပ်
၀၃၂ - အပေါက်ဆိုးတဲ့ဇနီးမယား
၀၃၃ - သွေးထိုးလှုံ့ဆော်ရန်
၀၃၄ - အမတ်မင်းလေးရဲ့ဝါသနာ
၀၃၅- ပြစ်မှုကျူးလွန်တဲ့သူက အပြစ်ခံရမှာပဲ
၀၃၆ - အရမ်းကိုစိတ်လှုပ်ရှားစရာမကောင်းဘူး
၀၃၇ - အမေ့အဆူခံရခြင်း
၀၃၈ - ဖိအားများကြား၌လက်ဖျားခါရလောက်အောင်တော်သော
၀၃၉ - အဲ့ဒီ့တော့ ဒါကဒီလိုပေါ့
၀၄၀ - ကိစ္စများကိုကိုင်တွယ်ဖြေရှင်းခြင်း
၀၄၁ - ဘယ်သူကဘယ်သူ့ကိုကြွေသွားတာလဲ
၀၄၂ - မကျေနပ်ချက်များ
၀၄၃ - အရှုံးနဲ့ထွက်ပြေးခြင်း
၀၄၄ - ဝမ်းတွင်းမည်းဆက်ခံသူအရှင်
၀၄၅ - ခြိမ်းခြောက်ငွေညှစ်မှုအောင်မြင်သည်။
၀၄၆ - မရှောင်လွှဲနိုင်ဘူး
၀၄၇ - နက်နဲသိမ်မွေ့သောစကားများ
၀၄၈ - စားဖိုဆောင်ကို ထပ်၍အလည်သွားခြင်း
၄၉- ရန်သူတစ်ယောက်ကို မိတ်ဆွေအဖြစ်ပြောင်းလဲခြင်း
၀၅၀ - ဝါကြီးသည်ကိုကြွားလုံးထုတ်ခြင်း
၀၅၁ - ယောက်ျားထက်ကြောင်ကပိုအရေးကြီးတယ်

၀၂၁- ခေတ်ကွာဟမှုကြား ပေါင်းကူးတံတားထိုးခြင်း

1.2K 232 7
By _kadxxx

[Unicode]


သွမ့်ထင်းရွှမ် သူ့ပါးစပ်ကနေ အဲ့ဒီ့မေးခွန်းကို ပြောထွက်ပြီးသွားမှပဲ၊ သူဘယ်လောက်တောင်မှ အားပါပါနဲ့မေးမိမှန်းသတိရပြီး ရှက်လွန်းလို့ သူ့မျက်နှာပေါ် ဆူးသေးလေးတွေနဲ့ ထိုးခံနေရသလို ရွစိရွစိဖြစ်နေသည်။ ဒါပေမယ့်၊ ကောင်းမွန်တဲ့ဘဲဟင်းတစ်ပွဲကို လွတ်သွားလို့ စိတ်ထိခိုက်ရမှာကို စဥ်းစားလိုက်ရင် ဘယ်လိုရှက်စရာကောင်းတဲ့ကိစ္စမဆို ကျော်လွှားသွားနိုင်တယ်လေ။ အမတ်မင်းလေးရဲ့ကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ အစားသမားစိတ်က နောက်ဆုံးတော့ အရသာရှိတဲ့အစားအစာတွေကို တောင့်တရင်း ပေါ်ထွက်လာခဲ့သည်။ အစားကောင်းစားချင်တဲ့စိတ်ကို လှုံဆော်ပေးခံလိုက်ရတာနဲ့ တစ်ပြိုင်နက် သူထိန်းချုပ်ဖို့ မဖြစ်နိုင်တော့လောက်အောင် စိတ်လှုပ်ရှားနေပြီဖြစ်သည်။
"အို၊ ရှင်မေးတာ ဘဲတွေကိုလား။ အာ၊ ဒီလောက်မြန်မြန်ကြီး ဘယ်အဆင်သင့်ဖြစ်အုံးမှာလဲ။ ဟုန်လျန်က အခုမီးဖိုချောင်ထဲမှာ သန့်ရှင်းပြီး ကလီစာတွေထုတ်နေတယ်လေ၊ မနက်ဖြန်ဆို ရှင်ကျွန်မရဲ့ဘဲကင်ကို မြည်းကြည့်လို့ရပြီ။"
စုနွမ်နွမ်ရဲ့ ဒီလူညစ်အပေါ်ထားရှိတဲ့ နက်နဲလှတဲ့အမုန်းတရားတွေ ပြည့်နှက်နေတဲ့ အပြုအမူတွေက ၁၈၀ဒီဂရီပြောင်းသွားပြီး၊ အခုတော့ သူ့အပေါ် အရမ်းကိုနွေးထွေးပြီး သဘောကောင်းနေသည်။
သူမရဲ့ တောက်ပတဲ့မျက်နှာက မယုံကြည်နိုင်လောက်အောင် ချစ်မြတ်နိုးတဲ့အမူအယာဖြစ်နေပေမယ့်လည်း၊ သူ သူမရဲ့ဘယ်ဘက်မျက်လုံးက အတင်းအကျပ်အားထုတ်ထားရလို့ လှုပ်နေတာကို မြင်နေရကာ၊ ဒီဟာသပြဇာတ်နောက်ကွယ်က သူမရဲ့ တကယ့်စိတ်ရင်းကို သိမြင်နေရသည်။
"မင်းအခု ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ငါမင်းကို သတိပေးလိုက်မယ်၊ မင်းနောက်ထပ် ရူးကြောင်ကြောင်အကြံအစည်တွေ ကြံမယ်မစဥ်းစားနဲ့။ မင်းအရှင်ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်နော်။"
သွမ့်ထင်းရွှမ်က အရူးတစ်ယောက်တော့ မဟုတ်လို့ သူ့ရဲ့သံသယတွေက ပိုပိုပြီးကြီးထွားလာသည်။ သူစုနွမ်နွမ်ကို 'ငါမင်းရဲ့အကြံတွေကို မြင်နေရတယ်' ဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
ပုံမှန်အားဖြင့်တော့၊ အဲ့ဒီ့လူညစ်ဆီက ဒီလိုစကားမျိုးကြားရရင် စုနွမ်နွမ် သူ့မျက်နှာဆီကို အမြင့်ကန်ချက်တစ်ခုလောက်တော့ ပစ်သွင်းလိုက်မှာပင်။ ဒါပေမယ့်လည်း ဒီနေ့တော့ သူမအရမ်းကို ထူးထူးဆန်းဆန်းပြုမူနေသည်။ အဲ့ဒီ့အရှက်မရှိတဲ့စကားတွေကို မသိချင်ယောင်ဆောင်နေတဲ့အပြင်၊ သူ့ဆီကို စိတ်လှုပ်ရှားနေတဲ့မျက်နှာနဲ့ ချဥ်းကပ်လာပြီး မေးလိုက်သည်။
"ရှင် ခုနလေးတင်သုံးသွားတဲ့ သိုင်းပညာလေ။ ရှင့်ကိုယ်ရှင် လေပေါ်ပျံအောင်လုပ်လိုက်တဲ့ဟာ၊ အဲ့ဒါ ဘယ်လိုထူးခြားတဲ့ သိုင်းကွက်များလဲ။ ခြေရှစ်လှမ်း ပုစဥ်းထောင်ချောက်လား။ ကျုတစ်ပင်တည်းနဲ့ ကျန်းမြစ်ကိုဖြတ်ကျော်ခြင်းလား။ ဘဲစာပင်ကိုဆွဲကိုင်ပြီး တောင်တက်ခြင်းလား..."
"ဘယ်လို အဓိပ္ပာယ်မရှိတာတွေကို ပြောနေတာလဲ။"
သွမ့်ထင်းရွှမ် အထင်သေးစွာ နောက်ကိုဆုတ်လိုက်သည်။ ဒါ ပုံမှန်သိုင်းလေ့ကျင့်နည်းထဲက တစ်ခုပဲလေ။ အိမ်ခေါင်မိုးပေါ်ကျော်ပြီးပျံသန်းခြင်းနဲ့ နံရံကျော်တက်ခြင်းပဲ။ မင်း တစ်ခါမှမကြားဖူးဘူးလား။ ငါက ဒါကိုသေချာလေ့ကျင့်ထားတဲ့ သာမန်ဓားပြတွေ၊ သူခိုးတွေထက် နည်းနည်းပိုသာရုံလောက်ပဲရှိတာ။ မင်းအခု ငါ့ကို ဗိုက်ဆာလွန်းလို့ ပိုးကောင်တွေကိုပါ စားနေတဲ့သူဆိုပြီး လှောင်ပြောင်လိုက်တာလား။"
ခေတ်တွေမတူဘူးပဲ။ ဒါတကယ်ပဲ ခေတ်မတူတဲ့ပြဿနာပဲ။ ပြောရရင်၊ သာမန်ခေတ်မတူတာတောင်မဟုတ်ဘူး။ ဒါက အနည်းဆုံး အခေါက်ပေါင်းတစ်ဒါဇင်လောက် ပြန်မွေးလာလို့တောင်ရလောက်တဲ့ ခေတ်ကွာခြားမှုကြီးပဲ။ ဘယ်လိုတွေစဥ်းစားလိုက်လို့၊ ဒီလူညစ်ကောင်က ခြေရှစ်လှမ်း ပုစဥ်းထောင်ချောက်သိုင်းကွက်ကို ပိုးကောင်တွေစားတာနဲ့ ဆက်စပ်မိသွားရတာလဲ။ စုနွမ်နွမ် အရမ်းကိုဆွံ့အနေသည်။
သူမ စိတ်ရှည်ရှည်ထားပြီး ဒီခေတ်မမှီတဲ့လူကြီးကို သူမစကားရဲ့အဓိပ္ပာယ်ကို ရှင်းပြလိုက်သည်။
"ကျွန်မက ရှင်လောဘကြီးတယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ပုစဥ်းပါတယ်ဆိုတာက ပုစဥ်းက အရမ်းဖမ်းဖို့ခက်တာကို တင်စားပြီးပြောထားတာ၊ ပြီးတော့ ရှင်... ရှင့်ရဲ့သိုင်းပညာမှာ အဲ့လိုမျိုးထူးခြားတဲ့နာမည်တွေ မရှိဘူးလား။ ဝတ္ထုတွေထဲမှာဆိုရင်၊ ထူးခြားတဲ့သိုင်းကွက်အကုန်လုံးမှာ အရမ်းခမ်းနားတဲ့နာမည်တွေ ရှိတတ်ကြတယ်လေ။"
သွမ့်ထင်းရွှမ်နောက်ဆုံးတော့ သူမပြောချင်တဲ့အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။ သူ သူမရဲ့ ဒီလိုပေါကြောင်ကြောင်ပုံစံကြောင့် ပြုံးရယ်လိုက်သည်။ သူ အလျော့ပေးတဲ့အမူအယာနဲ့ ခေါင်းကိုအသာယမ်းလိုက်ရင်း၊
"ငါသိပြီ။ အဲ့ဒီ့စာအုပ်တွေက အပျော်ဖတ်ဖို့ရေးထားတာလေ။ မင်းတကယ်ပဲ အဲ့ဒါတွေက တကယ်ရှိတယ်လို့ ယုံနေတာလား။ ဒီလိုသာမန်သိုင်းကွက်လေးတစ်ခုက နာမည်တွေအများကြီးရှိမယ်လို့လေ။ ခြေရှစ်လှမ်း ပုစဥ်းထောင်ချောက်တို့၊ ကျူတစ်ပင်တည်းနဲ့ ဘာမြစ်ကိုဖြတ်တို့ဘာတို့၊ အကုန်လုံးက ဒီတိုင်းသိုင်းပညာပဲ မဟုတ်ဘူးလား။"
သူပြောနေရင်းနဲ့၊ သူတစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ သူ စုနွမ်နွမ်ကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်ရင်း၊ သူ့ရဲ့ချောမွတ်တဲ့မေးစေ့ကိုပွတ်ရင်း လေးလေးနက်နက်ဆင်ခြင်စဥ်းစားပြီး ပြောလိုက်သည်။
"မင်း ဒီနေ့ အရမ်းစကားများနေတာပဲ။ မင်း ခုနလေးတင် မင်းယောက်ျားကိုသတ်ဖို့အတွက် ကြွက်ထောင်ချောက်တွေ ထောင်ခဲ့တာလေ။ ဒါပေမယ့် အခုတော့မင်းက အဲ့ဒီ့ကိစ္စကိုပြောဖို့တောင် ဂရုမစိုက်တော့ဘူးပေါ့။ ပြီးတော့ ပြောရရင်၊ မင်းဒီနေ့ အရမ်းကို သဘောကောင်းပြီး နွေးထွေးနေတာပဲ။ ဟွန့်! အကြောင်းအရင်းမရှိဘဲနဲ့ သဘောကောင်းပြနေတဲ့သူတွေက လျှို့ဝှက်အကြံအစည်တွေရှိနေလို့ပဲတဲ့။ ပြောစမ်း၊ မင်းဘာလိုချင်နေတာလဲ။"
"ကျွန်မ သိုင်းပညာသင်ချင်တယ်။"
ဒီလူညစ်ကောင်က ငတုံးမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် စုနွမ်နွမ် ကွေ့ပတ်ပြောမနေတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်။
"မေ့လိုက်တော့"
သွမ့်ထင်းရွှမ် သူမကိုမငြင်းလိုက်ခင် ခဏလေးတောင် မစဥ်းစားလိုက်ပေ။
"အိမ်တော်ဆက်ခံသူအရှင်ရဲ့ ဇနီးတစ်ယောက်အနေနဲ့၊ မင်းသိုင်းပညာသင်ဖို့ ဘာလို့လိုအပ်မှာလဲ။ မင်း သူခိုးမတစ်ယောက်လုပ်ဖို့ စဥ်းစားနေတာ မဟုတ်ဘူးဆိုရင်ပေါ့။ ငါမင်းကိုပြောပြမယ်။ အဲ့ဒီ့ပေါတောတောဝတ္ထုစာအုပ်တွေကြောင့် အရူးလုပ်မခံနဲ့။ မင်း သူခိုးမတစ်ယောက်ရဲ့ဘဝက စွဲမက်ဖို့ကောင်းတယ်လို့ ထင်နေတာလား။ အဲ့ဒီ့လိုစာအုပ်တွေ ခုတလောနာမည်ကြီးလာတာက ပိုက်ဆံရှာဖို့အတွက်သက်သက်ပဲ။ ပိုက်ဆံအတွက်နဲ့ အဲ့ဒီ့လိုမျိုး အမှိုက်လိုစာအုပ်တွေတောင် သူတို့ထုတ်နေကြတယ်။ အဲ့လိုစာအုပ်တွေကြောင့် မိန်းကလေးငယ်လေးတွေအများကြီး သူတို့ဘဝကိုယ်သူတို့ ဖျက်ဆီးမိသွားတာမှ အများကြီးပဲ။ အခုရှိတဲ့ အမျိုးသမီးထောင်တွေတောင် သူခိုးမတွေအကုန်လုံးထည့်ထားဖို့ မလောက်တော့ဘူး။ မှန်တယ်၊ မင်းက အဆိပ်ပြင်းတဲ့မိန်းမတစ်ယောက်ပဲ။ ဒါပေမယ့်လည်း မင်းမှာ ဦးနှောက်တော့ရှိသေးတယ်လေ။ ပြောရရင်၊ မင်းအရင်တုန်းက အဲ့လိုပေါကြောင်ကြောင်မိန်းကလေးတွေကိုတောင်မှ လှောင်ရယ်ခဲ့တာလေ၊ ဒါနဲ့များ အခုဘာဖြစ်လို့ အဲ့ဒါကို ရုတ်တရက်ကြီး စိတ်ဝင်စားနေတာလဲ..."
"ကျွန်မ သူခိုးမတစ်ယောက်ဖြစ်ချင်တယ်လို့ ဘယ်သူပြောလဲ။"
စုနွမ်နွမ်အံကြိတ်ပြီးပြောလိုက်ရင်း သွမ့်ထင်းရွှမ်ကို စိုက်ကြည့်လိုက်သည်။
"ဘာလို့ကျွန်မက အဲ့လိုအရမ်းအန္တရာယ်များတဲ့လမ်းကိုရွေးပြီး အသက်မွေးဝမ်းကျောင်းလုပ်ရမှာလဲ။ ကျွန်မရဲ့ ဟင်းချက်အတတ်ကို မြင်ပြီးတာတောင်၊ ရှင် ကျွန်မဟင်းချက်ပြီးတော့ ငွေမရှာနိုင်ဘူးလို့ တကယ်ပဲစဥ်းစားနေတာလား။ ရှင့်ရဲ့ခွေးမျက်လုံးနဲ့ ဒီလိုခမ်းနားကြီးကျယ်တဲ့ အရည်အချင်းကို လာပြီးအထင်မသေးနဲ့။"
"ရို့၊ ခုတော့ မင်းပါးစပ်ကနေ တိုက်ခိုက်တဲ့စကားလုံးတွေ ပြန်ထွက်လာပြီပေါ့။"
သွမ့်ထင်းရွှမ် ဖြည်းဖြည်းချင်းလက်ခုပ်တီးရင်း လှောင်ပြုံးပြုံးလိုက်သည်။
"အခု ငါသိချင်သွားပြီ။ ဘာလို့ မင်းလိုပထမသခင်မက သိုင်းပညာကို သင်ချင်ရတာလဲ။"
"ရှင့်ခေါင်းကို ကန်ပစ်ဖို့ပဲ။"
စုနွမ်နွမ် အဲ့ဒီ့ကောင်စုတ်ရဲ့ ရန်စခံလိုက်ရပြီးတော့ သူ့ရဲ့တကယ့်ရည်ရွယ်ချက်အစစ်ကို ထုတ်ပြောလိုက်မိသွားသည်။
"အရင်တစ်ခေါက် ရှင်ကျွန်မရဲ့စားပွဲမှာထိုင်ပြီး ကျွန်မရဲ့ဖက်ထုပ်ကြီးတွေကို စားခဲ့တုန်းက၊ ကျွန်မ အရည်အချင်းမပြည့်ဝခဲ့လို့ ရှင့်ကိုတကယ်ပဲ ကန်ထုတ်မပစ်နိုင်ခဲ့ဘူး။ အဲ့ဒီ့ကိစ္စက ကျွန်မကို အရိုးထဲထိအောင် နာကျင်စေတယ်။ ဘာလိုပဲဖြစ်ဖြစ်၊ ကျွန်မက အမှားကနေ သင်ခန်းစာယူတတ်တဲ့သူတစ်ယောက်ပဲ။ အဲ့ဒီ့လိုနာကျင်ခဲ့ရလို့၊ ကျွန်မအခု ကွန်ဖူးသင်ချင်တယ်။ ယုန်တစ်ကောင်လိုလျင်မြန်ပြီး နောက်ဆုံးချိန်ထိ ကျွန်မပစ္စည်းတွေကို ကာကွယ်နိုင်အောင်လို့ပဲ။"
သူမစကားစပြောနေတဲ့အချိန်မှာ၊ သွမ့်ထင်းရွှမ်ရဲ့ သရော်တဲ့အပြုံးက သူ့မျက်နှာမှာမပြောင်းမလဲရှိနေသည်။ ဒါပေမယ့် သူ့ကို မစင်ကျွေးခံလိုက်ရသလို ခါးသီးတဲ့အမူအရာတဖြည်းဖြည်းပေါ်လာရင်း၊ သူ့ရှေ့က ခေါင်းကိုမော့ ရင်ကိုကော့ ပုခုံးကိုမတ်ပြီးပြောနေတဲ့ မာနကြီးတဲ့မိန်းမကိုစိုက်ကြည့်ရင်း သူ့ရဲ့အပြုံးတွေ လုံးဝအရည်ပျော်ကျသွားသည်။
သူခက်ခက်ခဲခဲ စကားတစ်လုံးချင်းကို သူ့ပါးစပ်ထဲကဆွဲထုတ်ပြီး ပြောလိုက်သည်။
"အဲ့ဒီ့တော့၊ မင်းသိုင်းပညာကိုသင်ချင်တာ ငါ့ကိုကန်ထုတ်ပစ်ဖို့ပေါ့။ မင်းဒီလောက် ပွင့်ပွင့်လင်းလင်းပြောပြီးတာတောင်၊ ငါမင်းကို တကယ်ပဲ တစ်ခုခုသင်ပေးမယ်လို့ ထင်နေတာလား။"
"ကျွန်မဘာမှမပြောရင်တောင်၊ ရှင်ကျွန်မကို သင်ပေးမှာပဲ။"
စုနွမ်နွမ် သရော်လိုက်သည်။
"အဲ့ဒီ့တော့၊ မင်းက ငါမင်းကိုသင်ပေးမှာမဟုတ်ဘူးလို့ ယုံထားတာမလား။ ဒါနဲ့များ ဘာလို့ ဒီလိုအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။"
ဒါကိုကြည့်ပြီး အမတ်မင်းလေး တစ်ဖြည်းဖြည်းနားလည်လာသလိုပင်။ ဒီမိန်းမရဲ့ဦးနှောက်က အကောင်းအတိုင်းပဲရှိနေပါသေးတယ်။ သူဉာဏ်ကောင်းသေးတာပဲ။ ခုမှပဲ သဘောပေါက်တော့တယ်။
"မှားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်ကျွန်မကို သင်ပေးလိမ့်မယ်။ အဲ့ဒါကြောင့် ကျွန်မရဲ့ တကယ့်အကြောင်းရင်းကို ပြောရဲတာပေါ့။"
သူမ စိတ်ကျေနပ်မှုအပြည့်နဲ့ ပြုံးလိုက်ပြီး အဲ့ဒီ့စကားတွေကို ယုံကြည်ချက်ရှိရှိပြောလိုက်သည်။
"မင်းကို ဘယ်အရူးတွေကများ ငါ့ခေါင်းထဲမှာ ရေတွေအပြင် ဘာမှမရှိဘူးလို့ပြောလိုက်တာလဲ။ ဒါမှမဟုတ် ငါ့ခေါင်းကို တစ်ခုခုနဲ့ထိသွားတယ်လို့များ လာပြောကြသေးလား။"
သွမ့်ထင်းရွှမ် ခုလိုနားမလည်နိုင်ဖြစ်နေတာကို ဘယ်သူမှတော့ အပြစ်တင်လို့မရပါဘူး။ သူအခု စုနွမ်နွမ်ရဲ့ ယုံကြည်ချက်တွေက ဘယ်ကနေရောက်လာလဲဆိုတဲ့ အကြောင်းရင်းကို မစဥ်းစားနိုင်ဘူးဖြစ်နေသည်။
"ရှင်တကယ်ပဲ ကျွန်မက လေသံကိုကြားတာနဲ့ မိုးရွာတော့မယ်လို့ ထင်နေတတ်တဲ့ ပေါကြောင်ကြောင်မိန်းမမျိုးလို့များ စဉ်းစားနေတာလား။"
စုနွမ်နွမ် မျက်လုံးတွေကိုလှည့်လိုက်သည်။ ဒါတကယ်ပဲ ရိုင်းပျတဲ့အပြုအမူဖြစ်ပေမယ့်၊ သူမလုပ်လိုက်တာ ချစ်စရာကောင်းတယ်လို့ သွမ့်ထင်းရွှမ် ထူးထူးဆန်းဆန်းခံစားလိုက်ရသည်။ သူ ဘာမှထပ်မမေးတော့ပေ။ ဒါပေမယ့် သူမရဲ့ယုံကြည်မှုရှိနေတဲ့ ပုံစံကိုကြည့်ပြီး၊ သူမ အကြံအစည်တစ်ချို့ ဝှက်ထားတာရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်တာကြောင့်၊ သူမပြောတာကို အရင်နားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။
ထင်ထားတဲ့အတိုင်းပဲ၊ စုနွမ်နွမ် လက်ချောင်းတစ်ချောင်းထောင်လိုက်သည်။
"တစ်လ။ ကျွန်မရှင့်ကို တစ်လလုံးလုံး စိတ်တိုင်းကျလာပြီး စားသောက်ဖို့ခွင့်ပြုပေးမယ်။ ဘယ်လိုလဲ။"
"မင်း တစ်ခုခုကို အထင်မှားနေတာလား။ ဒါကငါ့အိမ်တော်၊ ပြီးတော့ မင်းကငါ့မိန်းမ..."
သွမ့်ထင်းရွှမ် စပြီးစိတ်ဆိုးစပြုလာသည်။
သူပြီးအောင်ပြောတာကို မစောင့်ဘဲ၊ စုနွမ်နွမ် လက်ကိုတွေ သာမန်ကာလျှံကာ ဝှေ့ယမ်းပြလိုက်သည်။
"စွန့်ပစ်ခံထားရတဲ့မိန်းမပါ၊ အရှင်သခင်ရယ်၊ ကျေးဇူးပြုပြီး ရှင့်ရဲ့စကားအသုံးအနှုန်းကို သတိထားပေးပါအုံး။ ရှင် ကျွန်မတို့သုံးယောက်ကို မေယွဲ့အိမ်တော်ကို ကန်ထုတ်လိုက်ကတည်းက၊ ကျွန်မက စွန့်ပစ်ခံဇနီးတစ်ယောက် ဖြစ်သွားခဲ့တာလေ။"
"မင်း ကွာရှင်းစာချုပ်တွေ မြင်ဖူးလို့လား။"
သွမ့်ထင်းရွှမ် သရော်သလိုပြောလိုက်ရာ စုနွမ်နွမ် ခဏရပ်သွားသည်။ သူနှုတ်ခမ်းတွေကို ကွေးလိုက်ရင်း၊
"ကွာရှင်းစာချုပ်မရှိဘဲနဲ့၊ ဘယ်လိုတောင် မင်းကိုယ်မင်း စွန့်ပစ်ခံဇနီးလို့ ပြောနိုင်ရတာလဲ။ မင်း 'မင်းရဲ့စကားတွေ'ကို သတိထားပြီးပြောသင့်တယ်။"
"ဘယ်လိုတောင် လူတစ်ယောက်က ဒီလောက်အရှက်မရှိရတာလဲ။"
စုနွမ်နွမ် သွမ့်ထင်းရွှမ်ကို ဒေါသတကြီး လက်ညှိုးထိုးပြီးပြောလိုက်သည်။
"ရှင် အသုံးမကျတဲ့လူတေလူညစ်။"
"အကုန်လုံးအတူတူပါပဲ၊ မင်းလည်း အရမ်းအဆိပ်ပြင်းတဲ့မိန်းမပဲလေ။"
သွမ့်ထင်းရွှမ် တစ်လက်မလေးတောင် နောက်ဆုတ်ဖို့ စိတ်ကူးမရှိပေ။ သူလက်နှစ်ဖက်ကို လှောင်ပြောင်တဲ့ပုံစံလုပ်လိုက်ရင်း သရော်လိုက်သည်။
"အခု နားလည်ပြီလား။ ဒီအရှင်ကို ဒီနေရာမှာ မင်းရဲ့အစားအသောက်တွေကို 'စားခွင့်ပြုတယ်'ဆိုတဲ့ အရာမျိုးမရှိဘူး။"
"ကျွန်မက စွန့်ပစ်ခံဇနီးတစ်ယောက်မဟုတ်ဘူးဆိုရင်၊ အိမ်တော်ရဲ့စားဖိုဆောင်က ကျွန်မကိုယ်တာ အစားအသောက်တွေ ပြင်ပေးရမှာပေါ့၊ ဟုတ်တယ်မလား။ ဒါလည်းကောင်းတာပဲ။ ကျွန်မ ကိုယ်စားဖို့ကိုယ် ဒီလောက်အပင်ပန်းခံပြီး ပြင်နေစရာမလိုတော့ဘူးပေါ့။ အရှင်သခင်၊ ရှင်လာချင်တဲ့အချိန်သာလာခဲ့ပါ။ ကျွန်မ စားဖိုဆောင်ကို အရှင့်အတွက်ပါပြင်ပေးဖို့ ကြိုပြောထားလိုက်ပါ့မယ်။"
ရှင့်မှာ ရှင့်ရဲ့တိုက်ကွက်တွေ ဗျူဟာတွေရှိသလို ကျွန်မမှာလည်း ကျွန်မရဲ့ခံတပ်ကြီးတစ်ခုလုံးရှိတယ်လေ။ စုနွမ်နွမ် တိတိကျကျချေပပြီး သူ့ကိုယ်သူချီးမွမ်းလိုက်သည်။ ဟိဟိ၊ ရှင်တကယ်ပဲ ကျွန်မရဲ့ စားကောင်းသောက်ဖွယ်တွေကို ဒီလောက်လွယ်လွယ်နဲ့ စားလို့ရမယ်လို့ ထင်နေတာလား။ ရှင်အရမ်းရိုးအလွန်းသွားပြီ၊ လူညစ်ကောင်။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

T/N:
စာဖတ်သူအားလုံးပဲ ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်ဖြစ်ပါစေ။
ပျော်ပွဲရွှင်ပွဲ အခါသမယဆိုပေမယ့် အိမ်ထဲမှာပဲစာဖတ်ရင်း၊ ကုသိုလ်ပြုရင်း ဒီချိန်လေးကိုဖြတ်သန်းကြပါနော်။ ပြီးတော့ အခုဆိုရင် ပိုက်ဆံမကုန်ဘဲclickရုံ၊ videoကြည့်ရုံနဲ့လှူနိုင်တဲ့ projectမျိုးတွေလည်းရှိတာမို့ တတ်နိုင်တဲ့ဘက်ကနေပါဝင်ပြီး နောက်လာမယ့်ပျော်ပွဲရွှင်ပွဲတွေကို အရင်နှစ်တွေကလို တစ်နိုင်ငံလုံးတူတူပျော်နိုင်ဖို့ တူတူကြိုးစားကြရအောင်ပါနော်။

---------------------------------------------------------------------------------------------------------------

[Zawgyi]

သြမ့္ထင္း႐ႊမ္ သူ႔ပါးစပ္ကေန အဲ့ဒီ့ေမးခြန္းကို ေျပာထြက္ၿပီးသြားမွပဲ၊ သူဘယ္ေလာက္ေတာင္မွ အားပါပါနဲ႔ေမးမိမွန္းသတိရၿပီး ရွက္လြန္းလို႔ သူ႔မ်က္ႏွာေပၚ ဆူးေသးေလးေတြနဲ႔ ထိုးခံေနရသလို ႐ြစိ႐ြစိျဖစ္ေနသည္။ ဒါေပမယ့္၊ ေကာင္းမြန္တဲ့ဘဲဟင္းတစ္ပြဲကို လြတ္သြားလို႔ စိတ္ထိခိုက္ရမွာကို စဥ္းစားလိုက္ရင္ ဘယ္လိုရွက္စရာေကာင္းတဲ့ကိစၥမဆို ေက်ာ္လႊားသြားႏိုင္တယ္ေလ။ အမတ္မင္းေလးရဲ႕ကိုယ္ထဲမွာ ပုန္းကြယ္ေနတဲ့ အစားသမားစိတ္က ေနာက္ဆုံးေတာ့ အရသာရွိတဲ့အစားအစာေတြကို ေတာင့္တရင္း ေပၚထြက္လာခဲ့သည္။ အစားေကာင္းစားခ်င္တဲ့စိတ္ကို လႈံေဆာ္ေပးခံလိုက္ရတာနဲ႔ တစ္ၿပိဳင္နက္ သူထိန္းခ်ဳပ္ဖို႔ မျဖစ္ႏိုင္ေတာ့ေလာက္ေအာင္ စိတ္လႈပ္ရွားေနၿပီျဖစ္သည္။

"အို၊ ရွင္ေမးတာ ဘဲေတြကိုလား။ အာ၊ ဒီေလာက္ျမန္ျမန္ႀကီး ဘယ္အဆင္သင့္ျဖစ္အုံးမွာလဲ။ ဟုန္လ်န္က အခုမီးဖိုေခ်ာင္ထဲမွာ သန႔္ရွင္းၿပီး ကလီစာေတြထုတ္ေနတယ္ေလ၊ မနက္ျဖန္ဆို ရွင္ကြၽန္မရဲ႕ဘဲကင္ကို ျမည္းၾကည့္လို႔ရၿပီ။"

စုႏြမ္ႏြမ္ရဲ႕ ဒီလူညစ္အေပၚထားရွိတဲ့ နက္နဲလွတဲ့အမုန္းတရားေတြ ျပည့္ႏွက္ေနတဲ့ အျပဳအမူေတြက ၁၈၀ဒီဂရီေျပာင္းသြားၿပီး၊ အခုေတာ့ သူ႔အေပၚ အရမ္းကိုေႏြးေထြးၿပီး သေဘာေကာင္းေနသည္။

သူမရဲ႕ ေတာက္ပတဲ့မ်က္ႏွာက မယုံၾကည္ႏိုင္ေလာက္ေအာင္ ခ်စ္ျမတ္ႏိုးတဲ့အမူအယာျဖစ္ေနေပမယ့္လည္း၊ သူ သူမရဲ႕ဘယ္ဘက္မ်က္လုံးက အတင္းအက်ပ္အားထုတ္ထားရလို႔ လႈပ္ေနတာကို ျမင္ေနရကာ၊ ဒီဟာသျပဇာတ္ေနာက္ကြယ္က သူမရဲ႕ တကယ့္စိတ္ရင္းကို သိျမင္ေနရသည္။

"မင္းအခု ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ။ ငါမင္းကို သတိေပးလိုက္မယ္၊ မင္းေနာက္ထပ္ ႐ူးေၾကာင္ေၾကာင္အႀကံအစည္ေတြ ႀကံမယ္မစဥ္းစားနဲ႔။ မင္းအရွင္ရဲ႕သည္းခံႏိုင္စြမ္းက အကန႔္အသတ္ရွိတယ္ေနာ္။"

သြမ့္ထင္း႐ႊမ္က အ႐ူးတစ္ေယာက္ေတာ့ မဟုတ္လို႔ သူ႔ရဲ႕သံသယေတြက ပိုပိုၿပီးႀကီးထြားလာသည္။ သူစုႏြမ္ႏြမ္ကို 'ငါမင္းရဲ႕အႀကံေတြကို ျမင္ေနရတယ္' ဆိုတဲ့အၾကည့္နဲ႔ ၾကည့္လိုက္သည္။

ပုံမွန္အားျဖင့္ေတာ့၊ အဲ့ဒီ့လူညစ္ဆီက ဒီလိုစကားမ်ိဳးၾကားရရင္ စုႏြမ္ႏြမ္ သူ႔မ်က္ႏွာဆီကို အျမင့္ကန္ခ်က္တစ္ခုေလာက္ေတာ့ ပစ္သြင္းလိုက္မွာပင္။ ဒါေပမယ့္လည္း ဒီေန႔ေတာ့ သူမအရမ္းကို ထူးထူးဆန္းဆန္းျပဳမူေနသည္။ အဲ့ဒီ့အရွက္မရွိတဲ့စကားေတြကို မသိခ်င္ေယာင္ေဆာင္ေနတဲ့အျပင္၊ သူ႔ဆီကို စိတ္လႈပ္ရွားေနတဲ့မ်က္ႏွာနဲ႔ ခ်ဥ္းကပ္လာၿပီး ေမးလိုက္သည္။

"ရွင္ ခုနေလးတင္သုံးသြားတဲ့ သိုင္းပညာေလ။ ရွင့္ကိုယ္ရွင္ ေလေပၚပ်ံေအာင္လုပ္လိုက္တဲ့ဟာ၊ အဲ့ဒါ ဘယ္လိုထူးျခားတဲ့ သိုင္းကြက္မ်ားလဲ။ ေျခရွစ္လွမ္း ပုစဥ္းေထာင္ေခ်ာက္လား။ က်ဳတစ္ပင္တည္းနဲ႔ က်န္းျမစ္ကိုျဖတ္ေက်ာ္ျခင္းလား။ ဘဲစာပင္ကိုဆြဲကိုင္ၿပီး ေတာင္တက္ျခင္းလား..."

"ဘယ္လို အဓိပၸာယ္မရွိတာေတြကို ေျပာေနတာလဲ။"

သြမ့္ထင္း႐ႊမ္ အထင္ေသးစြာ ေနာက္ကိုဆုတ္လိုက္သည္။ ဒါ ပုံမွန္သိုင္းေလ့က်င့္နည္းထဲက တစ္ခုပဲေလ။ အိမ္ေခါင္မိုးေပၚေက်ာ္ၿပီးပ်ံသန္းျခင္းနဲ႔ နံရံေက်ာ္တက္ျခင္းပဲ။ မင္း တစ္ခါမွမၾကားဖူးဘူးလား။ ငါက ဒါကိုေသခ်ာေလ့က်င့္ထားတဲ့ သာမန္ဓားျပေတြ၊ သူခိုးေတြထက္ နည္းနည္းပိုသာ႐ုံေလာက္ပဲရွိတာ။ မင္းအခု ငါ့ကို ဗိုက္ဆာလြန္းလို႔ ပိုးေကာင္ေတြကိုပါ စားေနတဲ့သူဆိုၿပီး ေလွာင္ေျပာင္လိုက္တာလား။"

ေခတ္ေတြမတူဘူးပဲ။ ဒါတကယ္ပဲ ေခတ္မတူတဲ့ျပႆနာပဲ။ ေျပာရရင္၊ သာမန္ေခတ္မတူတာေတာင္မဟုတ္ဘူး။ ဒါက အနည္းဆုံး အေခါက္ေပါင္းတစ္ဒါဇင္ေလာက္ ျပန္ေမြးလာလို႔ေတာင္ရေလာက္တဲ့ ေခတ္ကြာျခားမႈႀကီးပဲ။ ဘယ္လိုေတြစဥ္းစားလိုက္လို႔၊ ဒီလူညစ္ေကာင္က ေျခရွစ္လွမ္း ပုစဥ္းေထာင္ေခ်ာက္သိုင္းကြက္ကို ပိုးေကာင္ေတြစားတာနဲ႔ ဆက္စပ္မိသြားရတာလဲ။ စုႏြမ္ႏြမ္ အရမ္းကိုဆြံ႕အေနသည္။

သူမ စိတ္ရွည္ရွည္ထားၿပီး ဒီေခတ္မမွီတဲ့လူႀကီးကို သူမစကားရဲ႕အဓိပၸာယ္ကို ရွင္းျပလိုက္သည္။

"ကြၽန္မက ရွင္ေလာဘႀကီးတယ္လို႔ ေျပာေနတာမဟုတ္ပါဘူး။ ပုစဥ္းပါတယ္ဆိုတာက ပုစဥ္းက အရမ္းဖမ္းဖို႔ခက္တာကို တင္စားၿပီးေျပာထားတာ၊ ၿပီးေတာ့ ရွင္... ရွင့္ရဲ႕သိုင္းပညာမွာ အဲ့လိုမ်ိဳးထူးျခားတဲ့နာမည္ေတြ မရွိဘူးလား။ ဝတၳဳေတြထဲမွာဆိုရင္၊ ထူးျခားတဲ့သိုင္းကြက္အကုန္လုံးမွာ အရမ္းခမ္းနားတဲ့နာမည္ေတြ ရွိတတ္ၾကတယ္ေလ။"

သြမ့္ထင္း႐ႊမ္ေနာက္ဆုံးေတာ့ သူမေျပာခ်င္တဲ့အဓိပၸာယ္ကို သေဘာေပါက္သြားသည္။ သူ သူမရဲ႕ ဒီလိုေပါေၾကာင္ေၾကာင္ပုံစံေၾကာင့္ ၿပဳံးရယ္လိုက္သည္။ သူ အေလ်ာ့ေပးတဲ့အမူအယာနဲ႔ ေခါင္းကိုအသာယမ္းလိုက္ရင္း၊

"ငါသိၿပီ။ အဲ့ဒီ့စာအုပ္ေတြက အေပ်ာ္ဖတ္ဖို႔ေရးထားတာေလ။ မင္းတကယ္ပဲ အဲ့ဒါေတြက တကယ္ရွိတယ္လို႔ ယုံေနတာလား။ ဒီလိုသာမန္သိုင္းကြက္ေလးတစ္ခုက နာမည္ေတြအမ်ားႀကီးရွိမယ္လို႔ေလ။ ေျခရွစ္လွမ္း ပုစဥ္းေထာင္ေခ်ာက္တို႔၊ က်ဴတစ္ပင္တည္းနဲ႔ ဘာျမစ္ကိုျဖတ္တို႔ဘာတို႔၊ အကုန္လုံးက ဒီတိုင္းသိုင္းပညာပဲ မဟုတ္ဘူးလား။"

သူေျပာေနရင္းနဲ႔၊ သူတစ္ခုခုမွားေနသလို ခံစားလိုက္ရသည္။ သူ စုႏြမ္ႏြမ္ကို ထူးဆန္းတဲ့အၾကည့္နဲ႔ၾကည့္လိုက္ရင္း၊ သူ႔ရဲ႕ေခ်ာမြတ္တဲ့ေမးေစ့ကိုပြတ္ရင္း ေလးေလးနက္နက္ဆင္ျခင္စဥ္းစားၿပီး ေျပာလိုက္သည္။

"မင္း ဒီေန႔ အရမ္းစကားမ်ားေနတာပဲ။ မင္း ခုနေလးတင္ မင္းေယာက္်ားကိုသတ္ဖို႔အတြက္ ႂကြက္ေထာင္ေခ်ာက္ေတြ ေထာင္ခဲ့တာေလ။ ဒါေပမယ့္ အခုေတာ့မင္းက အဲ့ဒီ့ကိစၥကိုေျပာဖို႔ေတာင္ ဂ႐ုမစိုက္ေတာ့ဘူးေပါ့။ ၿပီးေတာ့ ေျပာရရင္၊ မင္းဒီေန႔ အရမ္းကို သေဘာေကာင္းၿပီး ေႏြးေထြးေနတာပဲ။ ဟြန႔္! အေၾကာင္းအရင္းမရွိဘဲနဲ႔ သေဘာေကာင္းျပေနတဲ့သူေတြက လွ်ိဳ႕ဝွက္အႀကံအစည္ေတြရွိေနလို႔ပဲတဲ့။ ေျပာစမ္း၊ မင္းဘာလိုခ်င္ေနတာလဲ။"

"ကြၽန္မ သိုင္းပညာသင္ခ်င္တယ္။"

ဒီလူညစ္ေကာင္က ငတုံးမဟုတ္ဘူးေလ။ အဲ့ဒါေၾကာင့္ စုႏြမ္ႏြမ္ ေကြ႕ပတ္ေျပာမေနေတာ့ဘဲ တိုက္႐ိုက္ေျပာလိုက္သည္။

"ေမ့လိုက္ေတာ့"

သြမ့္ထင္း႐ႊမ္ သူမကိုမျငင္းလိုက္ခင္ ခဏေလးေတာင္ မစဥ္းစားလိုက္ေပ။

"အိမ္ေတာ္ဆက္ခံသူအရွင္ရဲ႕ ဇနီးတစ္ေယာက္အေနနဲ႔၊ မင္းသိုင္းပညာသင္ဖို႔ ဘာလို႔လိုအပ္မွာလဲ။ မင္း သူခိုးမတစ္ေယာက္လုပ္ဖို႔ စဥ္းစားေနတာ မဟုတ္ဘူးဆိုရင္ေပါ့။ ငါမင္းကိုေျပာျပမယ္။ အဲ့ဒီ့ေပါေတာေတာဝတၳဳစာအုပ္ေတြေၾကာင့္ အ႐ူးလုပ္မခံနဲ႔။ မင္း သူခိုးမတစ္ေယာက္ရဲ႕ဘဝက စြဲမက္ဖို႔ေကာင္းတယ္လို႔ ထင္ေနတာလား။ အဲ့ဒီ့လိုစာအုပ္ေတြ ခုတေလာနာမည္ႀကီးလာတာက ပိုက္ဆံရွာဖို႔အတြက္သက္သက္ပဲ။ ပိုက္ဆံအတြက္နဲ႔ အဲ့ဒီ့လိုမ်ိဳး အမႈိက္လိုစာအုပ္ေတြေတာင္ သူတို႔ထုတ္ေနၾကတယ္။ အဲ့လိုစာအုပ္ေတြေၾကာင့္ မိန္းကေလးငယ္ေလးေတြအမ်ားႀကီး သူတို႔ဘဝကိုယ္သူတို႔ ဖ်က္ဆီးမိသြားတာမွ အမ်ားႀကီးပဲ။ အခုရွိတဲ့ အမ်ိဳးသမီးေထာင္ေတြေတာင္ သူခိုးမေတြအကုန္လုံးထည့္ထားဖို႔ မေလာက္ေတာ့ဘူး။ မွန္တယ္၊ မင္းက အဆိပ္ျပင္းတဲ့မိန္းမတစ္ေယာက္ပဲ။ ဒါေပမယ့္လည္း မင္းမွာ ဦးေႏွာက္ေတာ့ရွိေသးတယ္ေလ။ ေျပာရရင္၊ မင္းအရင္တုန္းက အဲ့လိုေပါေၾကာင္ေၾကာင္မိန္းကေလးေတြကိုေတာင္မွ ေလွာင္ရယ္ခဲ့တာေလ၊ ဒါနဲ႔မ်ား အခုဘာျဖစ္လို႔ အဲ့ဒါကို ႐ုတ္တရက္ႀကီး စိတ္ဝင္စားေနတာလဲ..."

"ကြၽန္မ သူခိုးမတစ္ေယာက္ျဖစ္ခ်င္တယ္လို႔ ဘယ္သူေျပာလဲ။"

စုႏြမ္ႏြမ္အံႀကိတ္ၿပီးေျပာလိုက္ရင္း သြမ့္ထင္း႐ႊမ္ကို စိုက္ၾကည့္လိုက္သည္။

"ဘာလို႔ကြၽန္မက အဲ့လိုအရမ္းအႏၲရာယ္မ်ားတဲ့လမ္းကိုေ႐ြးၿပီး အသက္ေမြးဝမ္းေက်ာင္းလုပ္ရမွာလဲ။ ကြၽန္မရဲ႕ ဟင္းခ်က္အတတ္ကို ျမင္ၿပီးတာေတာင္၊ ရွင္ ကြၽန္မဟင္းခ်က္ၿပီးေတာ့ ေငြမရွာႏိုင္ဘူးလို႔ တကယ္ပဲစဥ္းစားေနတာလား။ ရွင့္ရဲ႕ေခြးမ်က္လုံးနဲ႔ ဒီလိုခမ္းနားႀကီးက်ယ္တဲ့ အရည္အခ်င္းကို လာၿပီးအထင္မေသးနဲ႔။"

"႐ို႕၊ ခုေတာ့ မင္းပါးစပ္ကေန တိုက္ခိုက္တဲ့စကားလုံးေတြ ျပန္ထြက္လာၿပီေပါ့။"

သြမ့္ထင္း႐ႊမ္ ျဖည္းျဖည္းခ်င္းလက္ခုပ္တီးရင္း ေလွာင္ၿပဳံးၿပဳံးလိုက္သည္။

"အခု ငါသိခ်င္သြားၿပီ။ ဘာလို႔ မင္းလိုပထမသခင္မက သိုင္းပညာကို သင္ခ်င္ရတာလဲ။"

"ရွင့္ေခါင္းကို ကန္ပစ္ဖို႔ပဲ။"

စုႏြမ္ႏြမ္ အဲ့ဒီ့ေကာင္စုတ္ရဲ႕ ရန္စခံလိုက္ရၿပီးေတာ့ သူ႔ရဲ႕တကယ့္ရည္႐ြယ္ခ်က္အစစ္ကို ထုတ္ေျပာလိုက္မိသြားသည္။

"အရင္တစ္ေခါက္ ရွင္ကြၽန္မရဲ႕စားပြဲမွာထိုင္ၿပီး ကြၽန္မရဲ႕ဖက္ထုပ္ႀကီးေတြကို စားခဲ့တုန္းက၊ ကြၽန္မ အရည္အခ်င္းမျပည့္ဝခဲ့လို႔ ရွင့္ကိုတကယ္ပဲ ကန္ထုတ္မပစ္ႏိုင္ခဲ့ဘူး။ အဲ့ဒီ့ကိစၥက ကြၽန္မကို အ႐ိုးထဲထိေအာင္ နာက်င္ေစတယ္။ ဘာလိုပဲျဖစ္ျဖစ္၊ ကြၽန္မက အမွားကေန သင္ခန္းစာယူတတ္တဲ့သူတစ္ေယာက္ပဲ။ အဲ့ဒီ့လိုနာက်င္ခဲ့ရလို႔၊ ကြၽန္မအခု ကြန္ဖူးသင္ခ်င္တယ္။ ယုန္တစ္ေကာင္လိုလ်င္ျမန္ၿပီး ေနာက္ဆုံးခ်ိန္ထိ ကြၽန္မပစၥည္းေတြကို ကာကြယ္ႏိုင္ေအာင္လို႔ပဲ။"

သူမစကားစေျပာေနတဲ့အခ်ိန္မွာ၊ သြမ့္ထင္း႐ႊမ္ရဲ႕ သေရာ္တဲ့အၿပဳံးက သူ႔မ်က္ႏွာမွာမေျပာင္းမလဲရွိေနသည္။ ဒါေပမယ့္ သူ႔ကို မစင္ေကြၽးခံလိုက္ရသလို ခါးသီးတဲ့အမူအရာတျဖည္းျဖည္းေပၚလာရင္း၊ သူ႔ေရွ႕က ေခါင္းကိုေမာ့ ရင္ကိုေကာ့ ပုခုံးကိုမတ္ၿပီးေျပာေနတဲ့ မာနႀကီးတဲ့မိန္းမကိုစိုက္ၾကည့္ရင္း သူ႔ရဲ႕အၿပဳံးေတြ လုံးဝအရည္ေပ်ာ္က်သြားသည္။

သူခက္ခက္ခဲခဲ စကားတစ္လုံးခ်င္းကို သူ႔ပါးစပ္ထဲကဆြဲထုတ္ၿပီး ေျပာလိုက္သည္။

"အဲ့ဒီ့ေတာ့၊ မင္းသိုင္းပညာကိုသင္ခ်င္တာ ငါ့ကိုကန္ထုတ္ပစ္ဖို႔ေပါ့။ မင္းဒီေလာက္ ပြင့္ပြင့္လင္းလင္းေျပာၿပီးတာေတာင္၊ ငါမင္းကို တကယ္ပဲ တစ္ခုခုသင္ေပးမယ္လို႔ ထင္ေနတာလား။"

"ကြၽန္မဘာမွမေျပာရင္ေတာင္၊ ရွင္ကြၽန္မကို သင္ေပးမွာပဲ။"

စုႏြမ္ႏြမ္ သေရာ္လိုက္သည္။

"အဲ့ဒီ့ေတာ့၊ မင္းက ငါမင္းကိုသင္ေပးမွာမဟုတ္ဘူးလို႔ ယုံထားတာမလား။ ဒါနဲ႔မ်ား ဘာလို႔ ဒီလိုအဓိပၸာယ္မရွိတာေတြ ေလွ်ာက္ေျပာေနတာလဲ။"

ဒါကိုၾကည့္ၿပီး အမတ္မင္းေလး တစ္ျဖည္းျဖည္းနားလည္လာသလိုပင္။ ဒီမိန္းမရဲ႕ဦးေႏွာက္က အေကာင္းအတိုင္းပဲရွိေနပါေသးတယ္။ သူဉာဏ္ေကာင္းေသးတာပဲ။ ခုမွပဲ သေဘာေပါက္ေတာ့တယ္။

"မွားတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ရွင္ကြၽန္မကို သင္ေပးလိမ့္မယ္။ အဲ့ဒါေၾကာင့္ ကြၽန္မရဲ႕ တကယ့္အေၾကာင္းရင္းကို ေျပာရဲတာေပါ့။"

သူမ စိတ္ေက်နပ္မႈအျပည့္နဲ႔ ၿပဳံးလိုက္ၿပီး အဲ့ဒီ့စကားေတြကို ယုံၾကည္ခ်က္ရွိရွိေျပာလိုက္သည္။

"မင္းကို ဘယ္အ႐ူးေတြကမ်ား ငါ့ေခါင္းထဲမွာ ေရေတြအျပင္ ဘာမွမရွိဘူးလို႔ေျပာလိုက္တာလဲ။ ဒါမွမဟုတ္ ငါ့ေခါင္းကို တစ္ခုခုနဲ႔ထိသြားတယ္လို႔မ်ား လာေျပာၾကေသးလား။"

သြမ့္ထင္း႐ႊမ္ ခုလိုနားမလည္ႏိုင္ျဖစ္ေနတာကို ဘယ္သူမွေတာ့ အျပစ္တင္လို႔မရပါဘူး။ သူအခု စုႏြမ္ႏြမ္ရဲ႕ ယုံၾကည္ခ်က္ေတြက ဘယ္ကေနေရာက္လာလဲဆိုတဲ့ အေၾကာင္းရင္းကို မစဥ္းစားႏိုင္ဘူးျဖစ္ေနသည္။

"ရွင္တကယ္ပဲ ကြၽန္မက ေလသံကိုၾကားတာနဲ႔ မိုး႐ြာေတာ့မယ္လို႔ ထင္ေနတတ္တဲ့ ေပါေၾကာင္ေၾကာင္မိန္းမမ်ိဳးလို႔မ်ား စဥ္းစားေနတာလား။"

စုႏြမ္ႏြမ္ မ်က္လုံးေတြကိုလွည့္လိုက္သည္။ ဒါတကယ္ပဲ ႐ိုင္းပ်တဲ့အျပဳအမူျဖစ္ေပမယ့္၊ သူမလုပ္လိုက္တာ ခ်စ္စရာေကာင္းတယ္လို႔ သြမ့္ထင္း႐ႊမ္ ထူးထူးဆန္းဆန္းခံစားလိုက္ရသည္။ သူ ဘာမွထပ္မေမးေတာ့ေပ။ ဒါေပမယ့္ သူမရဲ႕ယုံၾကည္မႈရွိေနတဲ့ ပုံစံကိုၾကည့္ၿပီး၊ သူမ အႀကံအစည္တစ္ခ်ိဳ႕ ဝွက္ထားတာရွိမယ္ဆိုတာ ေသခ်ာေပါက္ေျပာႏိုင္တာေၾကာင့္၊ သူမေျပာတာကို အရင္နားေထာင္ဖို႔ ဆုံးျဖတ္လိုက္သည္။

ထင္ထားတဲ့အတိုင္းပဲ၊ စုႏြမ္ႏြမ္ လက္ေခ်ာင္းတစ္ေခ်ာင္းေထာင္လိုက္သည္။

"တစ္လ။ ကြၽန္မရွင့္ကို တစ္လလုံးလုံး စိတ္တိုင္းက်လာၿပီး စားေသာက္ဖို႔ခြင့္ျပဳေပးမယ္။ ဘယ္လိုလဲ။"

"မင္း တစ္ခုခုကို အထင္မွားေနတာလား။ ဒါကငါ့အိမ္ေတာ္၊ ၿပီးေတာ့ မင္းကငါ့မိန္းမ..."

သြမ့္ထင္း႐ႊမ္ စၿပီးစိတ္ဆိုးစျပဳလာသည္။

သူၿပီးေအာင္ေျပာတာကို မေစာင့္ဘဲ၊ စုႏြမ္ႏြမ္ လက္ကိုေတြ သာမန္ကာလွ်ံကာ ေဝွ႔ယမ္းျပလိုက္သည္။

"စြန႔္ပစ္ခံထားရတဲ့မိန္းမပါ၊ အရွင္သခင္ရယ္၊ ေက်းဇူးျပဳၿပီး ရွင့္ရဲ႕စကားအသုံးအႏႈန္းကို သတိထားေပးပါအုံး။ ရွင္ ကြၽန္မတို႔သုံးေယာက္ကို ေမယြဲ႕အိမ္ေတာ္ကို ကန္ထုတ္လိုက္ကတည္းက၊ ကြၽန္မက စြန႔္ပစ္ခံဇနီးတစ္ေယာက္ ျဖစ္သြားခဲ့တာေလ။"

"မင္း ကြာရွင္းစာခ်ဳပ္ေတြ ျမင္ဖူးလို႔လား။"

သြမ့္ထင္း႐ႊမ္ သေရာ္သလိုေျပာလိုက္ရာ စုႏြမ္ႏြမ္ ခဏရပ္သြားသည္။ သူႏႈတ္ခမ္းေတြကို ေကြးလိုက္ရင္း၊

"ကြာရွင္းစာခ်ဳပ္မရွိဘဲနဲ႔၊ ဘယ္လိုေတာင္ မင္းကိုယ္မင္း စြန႔္ပစ္ခံဇနီးလို႔ ေျပာႏိုင္ရတာလဲ။ မင္း 'မင္းရဲ႕စကားေတြ'ကို သတိထားၿပီးေျပာသင့္တယ္။"

"ဘယ္လိုေတာင္ လူတစ္ေယာက္က ဒီေလာက္အရွက္မရွိရတာလဲ။"

စုႏြမ္ႏြမ္ သြမ့္ထင္း႐ႊမ္ကို ေဒါသတႀကီး လက္ညႇိဳးထိုးၿပီးေျပာလိုက္သည္။

"ရွင္ အသုံးမက်တဲ့လူေတလူညစ္။"

"အကုန္လုံးအတူတူပါပဲ၊ မင္းလည္း အရမ္းအဆိပ္ျပင္းတဲ့မိန္းမပဲေလ။"

သြမ့္ထင္း႐ႊမ္ တစ္လက္မေလးေတာင္ ေနာက္ဆုတ္ဖို႔ စိတ္ကူးမရွိေပ။ သူလက္ႏွစ္ဖက္ကို ေလွာင္ေျပာင္တဲ့ပုံစံလုပ္လိုက္ရင္း သေရာ္လိုက္သည္။

"အခု နားလည္ၿပီလား။ ဒီအရွင္ကို ဒီေနရာမွာ မင္းရဲ႕အစားအေသာက္ေတြကို 'စားခြင့္ျပဳတယ္'ဆိုတဲ့ အရာမ်ိဳးမရွိဘူး။"

"ကြၽန္မက စြန႔္ပစ္ခံဇနီးတစ္ေယာက္မဟုတ္ဘူးဆိုရင္၊ အိမ္ေတာ္ရဲ႕စားဖိုေဆာင္က ကြၽန္မကိုယ္တာ အစားအေသာက္ေတြ ျပင္ေပးရမွာေပါ့၊ ဟုတ္တယ္မလား။ ဒါလည္းေကာင္းတာပဲ။ ကြၽန္မ ကိုယ္စားဖို႔ကိုယ္ ဒီေလာက္အပင္ပန္းခံၿပီး ျပင္ေနစရာမလိုေတာ့ဘူးေပါ့။ အရွင္သခင္၊ ရွင္လာခ်င္တဲ့အခ်ိန္သာလာခဲ့ပါ။ ကြၽန္မ စားဖိုေဆာင္ကို အရွင့္အတြက္ပါျပင္ေပးဖို႔ ႀကိဳေျပာထားလိုက္ပါ့မယ္။"

ရွင့္မွာ ရွင့္ရဲ႕တိုက္ကြက္ေတြ ဗ်ဴဟာေတြရွိသလို ကြၽန္မမွာလည္း ကြၽန္မရဲ႕ခံတပ္ႀကီးတစ္ခုလုံးရွိတယ္ေလ။ စုႏြမ္ႏြမ္ တိတိက်က်ေခ်ပၿပီး သူ႔ကိုယ္သူခ်ီးမြမ္းလိုက္သည္။ ဟိဟိ၊ ရွင္တကယ္ပဲ ကြၽန္မရဲ႕ စားေကာင္းေသာက္ဖြယ္ေတြကို ဒီေလာက္လြယ္လြယ္နဲ႔ စားလို႔ရမယ္လို႔ ထင္ေနတာလား။ ရွင္အရမ္း႐ိုးအလြန္းသြားၿပီ၊ လူညစ္ေကာင္။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

T/N:

စာဖတ္သူအားလုံးပဲ ေပ်ာ္႐ႊင္ဖြယ္ရာ သီတင္းကြၽတ္ျဖစ္ပါေစ။

ေပ်ာ္ပြဲ႐ႊင္ပြဲ အခါသမယဆိုေပမယ့္ အိမ္ထဲမွာပဲစာဖတ္ရင္း၊ ကုသိုလ္ျပဳရင္း ဒီခ်ိန္ေလးကိုျဖတ္သန္းၾကပါေနာ္။ ၿပီးေတာ့ အခုဆိုရင္ ပိုက္ဆံမကုန္ဘဲclick႐ုံ၊ videoၾကည့္႐ုံနဲ႔လႉႏိုင္တဲ့ projectမ်ိဳးေတြလည္းရွိတာမို႔ တတ္ႏိုင္တဲ့ဘက္ကေနပါဝင္ၿပီး ေနာက္လာမယ့္ေပ်ာ္ပြဲ႐ႊင္ပြဲေတြကို အရင္ႏွစ္ေတြကလို တစ္ႏိုင္ငံလုံးတူတူေပ်ာ္ႏိုင္ဖို႔ တူတူႀကိဳးစားၾကရေအာင္ပါေနာ္။

Continue Reading

You'll Also Like

211K 22.1K 103
ဘာသာပြန်သူ - စွဲညို့အသင်း
73.9K 7.3K 100
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
42.8K 5.9K 96
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး
4.4K 393 6
အရမ်းကိုမိမိုက်လွန်းလှတဲ့ ဘစ်ဘောစ့်ဖေဖေများနှင့် ချစ်စဖွယ် ငါးနှစ်အရွယ် သမီးငယ်လေး Zombie apocalypse