4️⃣ လှပသော တစ်စုံတစ်ရာ [ Some...

By MariaSeng

21.9K 735 12

ချစ်သူရဲ့သစ္စာဖောက်ခြင်းခံရလို့ အသည်းကွဲနေတဲ့ ဘရဏီနေထွန်းနှင့် လူပျိုကြီးကောင်းမွန်ထွန်းတို့ရဲ့ အချစ်ဇာတ်လမ်း... More

အပိုင်း ( ၁ )
အပိုင်း ( ၂ )
အပိုင်း ( ၄ )
အပိုင်း ( ၅ )/ ဇာတ်သိမ်းပိုင်း

အပိုင်း ( ၃ )

2.8K 121 0
By MariaSeng

Unicode font

လှပသောတစုံတရာ (Something Beautiful)
အပိုင်း (၃)

ကောင်းမွန်ဘဲလ်သံကြားလို့ အခန်းတံခါးဖွင့်ကြည့်လိုက်မိတော့ Luggage အကြီးကြီးနှစ်လုံးနဲ့ ကာတွန်းရုပ်အိတ်ကြီး တစ်လုံးနဲ့ ရပ်နေတဲ့ ကေသရီ။
“အော် မကေသရီ ဏီဏီဆီလာတာလား”
“ဟုတ် ကိုကောင်းမွန် ဏီဏီရော”
“ရှိတယ် မကေသရီ အထဲဝင်ပါဦး”
အထုပ်တွေကို အူကြောင်ကြောင်ကြည့်နေတဲ့ကောင်းမွန်ကို ကေက ပြောလိုက်သည်။
“ဏီဏီပစ္စည်းတွေလာပို့ပေးတာ”
“ဗျာ”
ယောကျာ်းနောက်လိုက်ပြေးတဲ့ညီမနောက်ကို အထုပ်တွေလိုက်ပို့တဲ့အစ်မလဲရှိသေးလေသည်။ ကောင်းမွန်အထုပ်တွေကို ဆွဲကူလိုက်သည်။ ကေက ကောင်းမွန်အခန်းထဲတစ်ချက်ဝေ့ကြည့်ကာစပ်စုလိုက်သည်။ မဆိုးလှပါ။ အိပ်ခန်းနှစ်ခန်းနဲ့ မီနီကွန်ဒိုလေးဟာ သူတို့နှစ်ယောက်နေဖို့အတွက်တော့ အနေတော်ပင်။
“ဏီဏီ ဘာလုပ်နေတာလဲဟင်”
“ခုနတုန်းက ငိုပြီးမောလာလို့အခန်းထဲဝင်သွားတာ အိပ်ပျော်နေပြီထင်တယ် အသံမကြားတော့ဘူး ဟိုအခန်းထဲမှာရှိတယ်”
အခန်းတံခါးဖွင့်ကြည့်လိုက်တော့ ကုတင်ပေါ်မှာကွေးကွေးလေးအိပ်ပျော်နေတဲ့ညီမလေးကိုကြည့်ပြီး ကေသနားတဲ့ကြားက ရယ်ချင်မိသည်။ စိတ်ညစ်နေလို့သာတော်သေးသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံက ဘာအပူအပင်မှမရှိသလိုပင်။
“ကိုကောင်းမွန် ကျွန်မညီမလေးကိုစောင့်ရှောက်ပေးပါနော် ဖေဖေကအရမ်းစိတ်ဆိုးနေတာ ကိုကောင်းမွန်ကိုမေးတုန်းက ဝန်မခံပဲ အခုမှခိုးပြေးလို့ဆိုပြီး….”
“ဟို တခုခုအထင်လွဲနေပြီထင်တယ် မကေသရီ”
“ကေလို့ပဲခေါ်လို့ရပါတယ်ကိုကောင်းမွန် အမျိုးတွေဖြစ်နေပြီပဲ ဒါပေမယ့်ကျွန်မကအစ်မဆိုတော့ဝါကြီးတယ်နော်”
ပြုံးပြုံးလေးနဲ့ရင်းရင်းနှီးနှီးစနှောက်နေတဲ့ကေကို ကောင်းမွန်ကရှင်းပြဖို့ကြိုးစားလိုက်သည်။
“ခဏထိုင်ပါဦး ကျွန်တော်သေချာရှင်းပြပါမယ်”
ကေက ခုံမှာဝင်ထိုင်လိုက်ပြီး။
“ဟုတ် ဖေဖေကတော့ သူ့အချစ်ဆုံးသမီးယောကျာ်းနောက်လိုက်ပြေးတယ်ဆိုတော့ စိတ်ဆိုးနေတာပေါ့ နောက်ကို ပြန်ခေါ်မှာပါ အခုတော့သိတဲ့အတိုင်း စိတ်ဆိုးနေတော့ အိမ်ရိပ်တောင်လာမနှင်းခိုင်းနဲ့တဲ့ ကျွန်မလဲတတ်နိုင်သလောက် ဖြောင်းဖျပေမယ့်မရဘူးရှင့် ကိုကောင်းမွန်က လူကောင်းဆိုတော့ ဏီဏီကို သားမှတ်မှတ်၊ မယားမှတ်မှတ်ပေါင်းမှာပါလို့..”
“မဟုတ်ဘူး ကေသရီ အန်ကယ်အထင်လွဲသွားတာ”
“ရှင် ဘာကိုအထင်လွဲသွားတာလဲ”
ကေသရီစိတ်ထဲသရုပ်ဆောင်ကောင်းလွန်းတဲ့ကိုယ့်ကိုကိုယ်အကယ်ဒမီပြန်ပေးနေမိသည်။ နားမလည်နိုင်သလို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်နေရင်း ရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။
“ကျွန်တော်နဲ့ဏီဏီကိုလေ ကျွန်တော်တို့ခိုးပြေးတာမဟုတ်ဘူး”
ကေက ဘာမှမသိပဲ စဉ်းစားနေသလိုပုံစံနဲ့
“ခိုးပြေးတာမဟုတ်ဘူးဆိုတော့ ဘာကိုပြောတာလဲမသိဘူး ရုံးကလူတွေကလဲ ရှင်တို့ခိုးပြေးသွားတယ်လို့ပဲပြောနေကြတာ ကျွန်မတို့အသိုင်းအဝိုင်းထဲ ဒီအကြောင်းတွေအားလုံးပြန့်နေပြီးမှ ခိုးပြေးတာမဟုတ်ဘူးဆိုတော့ ကျွန်မညီမလေးကို ကိုကောင်းမွန်ဘယ်လိုတာဝန်ယူပေးမှာလဲ”
“ဗျာ…. ဟာ အထင်မှားကုန်ပြီ ဏီဏီတော့ဒုက္ခပဲ ကျွန်တော်ဘယ်လိုလုပ်ပေးရမယ်မှန်းမသိတော့ဘူး”
သူ့အတွက်ကိုစိတ်မပူပဲ ဏီဏီအတွက်သာစိတ်ပူနေတဲ့ကောင်းမွန်ပါ။
“ကိုကောင်းမွန်နဲ့ခိုးပြေးတာမဟုတ်ရင် ဏီဏီကဘာလို့ဒီကိုရောက်နေတာလဲ ခိုးရာလိုက်ပြေးဖို့ဖုန်းပြောပြီးထွက်သွားတာ လိုက်ရှာတော့ ဒီမှာလာတွေ့တာမလား ဖေဖေလဲကိုကောင်းမွန်နဲ့ခိုးပြေးတယ်ပဲထင်သွားတာပေ့ါ ရုံးကလူတွေကလဲ နှစ်ယောက်ကိုအမြဲတတွဲတွဲတွေ့နေရတော့ ကိုကောင်းမွန်နဲ့လိုက်ပြေးတာဆိုပြီးပြောနေကြတာ”
ကြံရာမရဟန်ဖြင့်စိတ်ရှုပ်နေသူကိုကြည့်ပြီး ကေသနားလဲသနားမိသည်။ သူ့ခမျာ ဏီဏီအတွက် စိုးရိမ်နေပုံပင်။
“ကျွန်မ အခန်းထဲသွားလိုက်ဦးမယ်”
ကေသရီကအခန်းထဲဝင်သွားတော့ ဏီဏီရဲ့အထုပ်တွေကို ကောင်းမွန်ကအခန်းထဲသွင်းပေးလိုက်ပြီး ပြန်ထွက်လာခဲ့သည်။
ကေက အိပ်ပျော်နေတဲ့ညီမမျက်နှာကို ငုံ့ကြည့်လိုက်ရင်း စိတ်မကောင်းဖြစ်သွားမိသည်။ ကလေးသာသာအသိဉာဏ်နဲ့ ဇွတ်တရွတ်လုပ်တဲ့ဏီဏီကို အခုလိုအဖြစ်မျိုးနဲ့မကြုံစေချင်ပါ။ တကယ်လဲယောကျာ်းနောက်လိုက်ပြေးတာမဟုတ်ရပဲ။ ထူးဇော်နဲ့သာလိုက်ပြေးသွားရင်ဖေဖေအမှန်တကယ်ကိုစိတ်ဆိုးပါလိမ့်မည်။ အခုလိုဖြစ်သွားတော့လဲ တမျိုးကောင်းတာပင်။ အချစ်အတွက်ပူလောင်နေရတဲ့သူ့ဘဝလေး အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ဖြစ်သွားလိမ့်မည် ထင်ပါသည်။
ကာတွန်းအိတ်ကြီးကိုဖွင့်ကာ အရုပ်တွေထုတ်ပြီး ကုတင်ပေါ်တန်းစီတင်ပေးနေတဲ့ကေကို အပေါက်နားကနေ ရပ်ကြည့်နေတဲ့ကောင်းမွန် အံ့သြနေမိသည်။ Stitch အရုပ်အကြီးကြီးတစ်ရုပ်အပါအဝင် အမျိုးအစားပေါင်းစုံငါးရုပ်တင်ပြီး အိတ်ထဲလဲဘာမှရှိတော့ပုံမပေါ်ပေ။ အိပ်ပျော်နေတဲ့ဏီဏီကတော့ တုတ်တုတ်မှမလှုပ်ပေ။
“ကိုကောင်းမွန် ဒီဗီရိုကသုံးလို့ရလား”
“ဟုတ်ကဲ့ ရတယ် ကျွန်တော့ပစ္စည်းနည်းနည်းပဲရှိတာ ကျွန်တော်ထုတ်ပေးမယ်”
သူ့အကျီၤတွေကို ကျွတ်ကျွတ်အိတ်နဲ့အပြေးလွှားကောက်ထည့်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။ ကေကတော့ Luggage နှစ်လုံးဖွင့်ကာ သူ့ညီမအဝတ်အစားများကို သပ်သပ်ရပ်ရပ်ထည့်ပေးနေလေသည်။ လက်ကိုင်အိတ်နှစ်လုံးတောင်ပါ လိုက်သေးသည်။ ယောကျာ်းနောက်လိုက်ပြေးပါတယ်ဆိုတဲ့ညီမနောက်ကိုလိုက်ပြီး အပြည့်အစုံလာလုပ်ပေးနေတဲ့အစ်မမျိုး ဒီတစ်ယောက်သာတွေ့ဖူးလေသည်။ အားလုံးထည့်ပြီးသွားတော့ Luggage ထဲမှာ Make-up Box နဲ့ ကျွတ်ကျွတ်အိတ် တစ်လုံးသာကျန်နေသည်။ ကောင်းမွန်ရဲ့ ဘာမှမရှိတဲ့စားပွဲခုံကို သေချာသုတ်ကာ ထိုအိတ်ကိုဖွင့်ပြီး အလှတင်တဲ့ အရုပ်ပိစိလေးပေါင်းစုံကို တန်းစီပြီး တင်ပေးနေပြန်သည်။
“မှန်တင်ခုံလဲမရှိဘူး”
သူ့ဘာသာတီးတိုးရေရွတ်ပြောနေတဲ့ကေကိုကောင်းမွန်မေးချင်ပါသည်။ ဏီဏီကိုသူနဲ့တကယ်ကြီး ပစ်ထားခဲ့တော့မှာလား ဆိုတာကိုပေါ့။ တခဏအတွင်းမှာပဲ သူနေခဲ့တဲ့အခန်းလေးဟာ မိန်းကလေးတစ်ယောက်အခန်းအဖြစ် အသက်ဝင် လှပသွားခဲ့သည်။
“ဏီဏီကအရုပ်လေးတွေအရမ်းချစ်တာ သူ့အခန်းထဲမှာဆိုအရုပ်တွေအပြည့်ပဲ သူအရမ်းကြိုက်တာလေးတွေပဲ ရွေးယူလာတာ”
တော်သေးတယ် ရွေးယူလာလို့ပဲ။ အားလုံးသာယူခဲ့ရင်အခန်းဆံ့မည်မထင်ပါ။
“မနက်ဖြန်ကျရင်မှန်တင်ခုံဝယ်ပြီးလာပို့မယ် ဘယ်နားထားရင်သင့်တော်မလဲဟင် အလင်းရောင်ရတဲ့နေရာဆို ဟိုနား…”
မှန်တင်ခုံထားဖို့နေရာ စဉ်းစားနေတဲ့ကေက ကောင်းမွန်အဖြစ်ကိုရိပ်မိပုံမရ။ အလှကြိုက်တဲ့သူ့ညီမလေး အလှကောင်းကောင်းမပြင်ရမှာကိုသာ ပူပန်နေပုံပင်။ ကောင်းမွန်ကခေါင်းကုတ်မိလိုက်ရင်း
“ကေသရီ ဏီဏီကဒီမှာပဲနေတော့မှာလားဟင်”
ကေသရီက ကောင်းမွန်ကိုနားမလည်သလိုလှည့်ကြည့်လာခဲ့သည်။
“ဒီမှာမနေလို့ဘယ်နားသွားနေရမှာလဲကိုကောင်းမွန် ဖေဖေကအရမ်းစိတ်ဆိုးနေတာ သူ့မှာသွားစရာနေရာမရှိဘူး ပြီးတော့ အခုအချိန်မှာရှင်တို့ကခိုးပြေးပြီးသား လင်မယားဖြစ်နေပြီလေ”
အထင်လွဲနေတာတွေကို သေချာဖြေရှင်းရန်စကားလုံးရှာနေစဉ် ဘောင်းဘီအိတ်ထဲကဖုန်းသံမြည်လာခဲ့သည်။
“ဟဲလို”
“ဟဲလိုမနေနဲ့ဟေ့ကောင် မင်းမိန်းမခိုးပြေးသွားတာဆို”
“ဟင် မင်းဘယ်ကကြားတာလဲသားတူး”
“မင်းတို့ဘော့စ်သမီးကိုခိုးပြေးသွားတာဆို ဘားမှာတွေ့တဲ့ကလေးမလေးမလား ငါထင်သားပဲ မင်းအဲ့ဒီကောင်မလေးကို ကြိတ်ကြွေနေတယ်ဆိုတာ”
ကောင်းမွန် ကေကိုမလုံမလဲကြည့်မိရင်း သူ့အခန်းထဲဝင်လာခဲ့လိုက်သည်။
“မင်းဘယ်ကကြားတာလဲလို့”
“အံမယ် မင်းကဖုံးဖိဖို့ကြိုးစားနေတာလား ဇင်ကိုပြောတာလေ ဒီနေ့ခိုးပြေးသွားတာဆို မင်းကအခုဘယ်မှာလဲ”
“ဘယ်မှာရမှာလဲ ငါ့အိမ်မှာပေါ့”
“ဟ ပိုင်လှတယ် အေးလေ မင်းတစ်ယောက်ထဲနေတာကို တခြားနေရာကိုခိုးပြေးစရာမှမလိုတာ”
သူဘာမှထပ်မရှင်းပြချင်တော့ပါ။ ဘယ်ကထွက်မှန်းမသိတဲ့သတင်းတွေကြောင့် သူနဲ့ဏီဏီကိုလူတွေအထင်လွဲကုန်ကြပြီ။ သူကကိစ္စမရှိပေမယ့် ဏီဏီနိုးလာရင် ဘယ်လိုဖြစ်ဦးမလဲမသိပေ။ မြန်မာပြည်ခြေချတာနဲ့ တန်းပြီးမိန်းမရတဲ့ သူ့အဖြစ်ဟာ အူကြောင်ကြောင်နိုင်လွန်းလှသည်။
“ကောင်းမွန် ဘာလို့တိတ်သွားတာလဲ ငါတို့ဘာကူညီပေးရမလဲ”
“ဘာမှမလိုဘူး ဒါပဲကွာ”
စိတ်ရှုပ်ရှုပ်နဲ့ဖုန်းကိုကုတင်ပေါ်ပစ်တင်လိုက်ရင်း သူပါလှဲချလိုက်တော့သည်။ ဘာတွေလဲကွာ။ ဘာတွေဖြစ်ကုန်မှန်းမသိပဲ နေ့တစ်ပိုင်းအတွင်းသူ့ဘဝကြီးပြောင်းလဲသွားတော့သည်။ အခုလိုပုံစံမျိုးနဲ့မိန်းမရသွားလိမ့်မယ်လို့ တစ်ခါမှကို မစဉ်းစားခဲ့ဖူးပေ။ ဏီဏီနဲ့သာတကယ်လက်ထပ်ရရင် ဘာတွေဆက်ဖြစ်မလဲမသိတော့။ သူကအရင်ကတည်းက ကြိုက်နေခဲ့သူဆိုတော့ လက်ထပ်ရလဲဘာမှမဖြစ်ပေမယ့် ဒီငဂျစ်မလေးက ထူးဇော်ကိုသာ အရူးအမူးချစ်တာမလား။ သူနဲ့ယူဖို့ဘယ်လက်ခံနိုင်ပါ့မလဲ။ ကုတင်ပေါ်လူးလိမ့်နေမိရင်း ဆယ်မိနစ်လောက်ကြာမှ ကေသရီကို သတိရပြီး အခန်းထဲက ထွက်လာခဲ့ချိန်မှာတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဏီဏီတစ်ယောက်ကိုသာတွေ့ရသည်။
အိပ်ချင်စိတ်သိပ်မပြေသေးတဲ့ပုံစံနဲ့ဏီဏီက အခန်းထဲကထွက်လာတဲ့ကောင်းမွန်ကို ကြောင်တောင်တောင် လှည့်ကြည့်ခဲ့သည်။
“ကေသရီရော”
“ပြန်သွားပြီ”
သူ့အစ်မဘာပြောသွားလဲမသိ။ ဘရဏီက မျက်နှာချင်းဆိုင်ခုံမှာထိုင်လိုက်တဲ့ကောင်းမွန်ကို မကြည့်ပဲ မျက်နှာငယ်နဲ့ခေါင်းငုံ့ ထိုင်နေသည်။
“ဖေဖေက အိမ်ကိုလုံးဝပြန်မလာနဲ့တဲ့ ဘယ်လိုလုပ်ရမှာလဲ ဏီဏီမှာ ပိုက်ဆံလဲမရှိဘူး သွားစရာနေရာလဲမရှိဘူး”
“သွားစရာမရှိလဲ ဒီမှာနေပေါ့ ဏီဏီအဖေစိတ်ဆိုးပြေတဲ့အချိန်မှပြန်လေ”
“မမကေကပြောတယ် ဏီဏီပြန်လာလို့မရတော့ဘူးတဲ့ ယောကျာ်းရပြီးသွားပြီတဲ့”
“ဟမ်…”
“ဖေဖေကပြန်လိုက်မခံတော့ဘူး အရမ်းစိတ်ဆိုးနေတာတဲ့ ကိုကောင်းမွန်နဲ့ပဲတသက်လုံးနေတော့တဲ့”
ဏီဏီပုံစံက တခုခုကိုစိတ်ပူနေပုံပင်။ အတန်ကြာငိုင်ငိုင်တွေတွေစဉ်းစားနေရင်း။
“ကိုကြီး ကိုကြီးနဲ့ဏီနဲ့က တကယ်လင်မယားမဟုတ်ဘူးမလားဟင်”
စစချင်းတော့ ဏီဏီဘာကိုဆိုလိုနေလဲနားမလည်။ နောက်မှ သူမဘာကိုလန့်နေလဲဆိုတာ သဘောပေါက်တော့သည်။
“အာ မဟုတ်ပါဘူး ဏီကကိုကြီးရဲ့ညီမလေးပါ နော် ဘာမှလျှောက်တွေးမနေနဲ့ အဲ့ဒီအခန်းထဲမှာဏီနေလေ ကိုကြီးက ဒီဘက်အခန်းထဲမှာနေလိုက်မယ်”
အရင်ကသူနေတဲ့ Master bedroom ကိုဏီဏီကိုအပိုင်စားအပ်နှင်းလိုက်လေသည်။ ခုလေးတင်ပဲ ပစ္စည်းတွေသိပ်မရှိတဲ့ ထိုအခန်းလေးဟာ အရုပ်ပေါင်းစုံနဲ့မိန်းကလေးအခန်းအဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့တာမလား။
“တော်သေးပါရဲ့ ယောကျာ်းရတော့မလို့”
အခုမှစိတ်အေးသွားတဲ့ပုံနဲ့ ရင်ဘတ်ဖိရင်းပြောနေတဲ့ ဏီဏီကိုကြည့်ကာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ ရည်းစားထားတုန်းကထားပြီး အခုမှယောကျာ်းရမှာကို လာကြောက်နေသည်။ ဒါပေမယ့် သူနဲ့မို့ မရချင်တာဖြစ်ပေလိမ့်မည်။ ထူးဇော်နဲ့ဆိုရင်တော့။ ဘာကြောင့်မှန်းမသိ။ ဒီအတွေးက သူ့ရင်ကိုမွန်းကြပ်စေပါသည်။
လူတွေအမြင်မှာတော့ သူနဲ့ဏီဏီကလင်မယားဖြစ်နေခဲ့ပေမယ့် တကယ်တမ်းတော့ ဘာမှမပတ်သက်ကြတာ သူတို့နှစ်ယောက်သာ အသိဆုံးပင်။ လက်ထပ်ခြင်း၊မထပ်ခြင်းဟာ သူတို့နှစ်ယောက်ရဲ့ကိစ္စသာဖြစ်ပေမယ့် လူတွေရဲ့ ခိုးပြေးပြီးသားဆိုတဲ့ထင်မြင်ချက်ကြီးကြောင့် ပတ်ဝန်းကျင်အမြင်မှာ ဏီဏီဟာအပျိုပြန်မဖြစ်နိုင်တော့ပါ။ ဒီကလေးမဟာ သူ့ဆီလာလည်တာကလွဲလို့ ဘာမှလဲမလုပ်လိုက်ရပါပဲ။ အခုတော့အဖတ်ဆယ်မရတဲ့ကိစ္စတွေဖြစ်ကုန်ပြီ။ သူပါကြားချောင် အများအမြင်မှာ ခိုးပြေးပြီးတဲ့အိမ်ထောင်သည်ဘဝကိုခံယူလိုက်ရတော့သည်။
အိမ်ပြန်ရောက်ရင် အေးအေးဆေးဆေးနားဖို့ကြံစည်ထားခဲ့တာ။ အအေးဆေးလွန်ပြီး မိန်းမပါရသွားလေတဲ့သူ့အဖြစ်ဟာ ရယ်စရာကောင်းလွန်းလှသည်။ ဏီဏီကိုသူချစ်တယ်ဆိုပေမယ့် ရယူလိုစိတ်မရှိခဲ့ပါ။ အခုလိုကြံကြံဖန်ဖန်ဖြစ်လာတဲ့ အခြေအနေကိုလဲ နားမလည်နိုင်တော့။
“အယ် ဒါနဲ့ ဒီအကြောင်းတွေကိုကြီးချစ်သူသိသွားရင်ဘယ်လိုလုပ်မလဲ ကိုကြီးကိုမုန်းသွားတော့မှာပေါ့”
ဏီဏီပြောမှပဲ သူ့ချစ်သူဆိုတာကိုသတိရသွားမိသည်။
“ဘာမှမဖြစ်ပါဘူး”
“ဘာလို့ဘာမှမဖြစ်ရမှာလဲ ဏီဏီ့ချစ်သူသာဒီလိုဖြစ်ရင်ဏီဏီအရမ်းစိတ်ဆိုးမိမှာ လိုက်ရှင်းပြပေးရမလား”
“ရပါတယ်ဆိုကွာ”
“ကိုကြီးနော် သူ့အတွက်ပြောနေတာကို”
ကောင်းမွန်ဆံပင်တွေထဲ လက်ချောင်းတွေထိုးထည့်လိုက်ရင်း
“တကယ်တော့… ကိုယ့်မှာချစ်သူမရှိဘူး”
“ဟင် တကယ် ဒါဆိုဏီဏီကိုဘာလို့ချစ်သူရှိတယ်လို့လိမ်ပြောခဲ့တာလဲ”
“ကိုယ် မလိမ်ပါဘူး ဏီဏီဘာသာထင်နေလို့ ဒီအတိုင်းထားလိုက်တာ”
“အံ့သြပါ့ သြော် ဏီဏီခေါ်တာကိုမလာချင်လို့ငြင်းလို့ကောင်းအောင်ချော်လဲရောထိုင်လုပ်လိုက်တာပေါ့လေ”
“အင်း အဲ့ဒီလိုပဲဖြစ်သွားတယ်”
အခုမှဏီဏီစိတ်အေးသွားရသည်။ ဒါမှမဟုတ်ရင် ကိုကြီးချစ်သူကိုအားနာနေရဦးမှာ။
“ကောင်းတယ်လေ အခုတော့ဘာတတ်နိုင်သေးလဲ ဏီဏီနဲ့တသက်လုံးအတူတူနေရတော့မှာတဲ့ ဘယ်လိုလုပ်မလဲ”
သူအခုလိုဖြစ်တာကိုဝမ်းသာအားရနေသလို အကျင့်ပုတ်တဲ့မျက်နှာပေးနဲ့ခပ်မော့မော့ပြောနေတဲ့ဏီဏီကို ကိုယ်ကတော့ ဝမ်းသာတာပေါ့လို့ တိတ်တိတ်လေးပြန်ပြောလိုက်သည်။ ဒီကလေးမလေးဟာ သူ့ကိုအကျင့်ပုတ်ချင်ဇောနဲ့ ကိုယ်တိုင်က ဘာဖြစ်နေလဲဆိုတာကို မေ့သွားပုံပေါ်သည်။ ငိုပြီးအိပ်ထားလို့ဖောင်းအစ်နေတဲ့မျက်နှာကိုကြည့်ပြီး အသဲယားလို့ နုတ်ခမ်းကိုက်ထားလိုက်မိသည်။
“အခုအချိန်ကစပြီး ကိုကြီးကိုဏီဏီပိုင်သွားပြီနော် ချစ်သူလဲမရှိပဲနဲ့ညာနေတာ ရှက်လဲမရှက်ဘူး”
ပိုင်စိုးပိုင်နင်းပြောလိုက်တဲ့သူမစကားကြောင့် သူရင်ခုန်သွားမိသည်။ ဒီကလေးမလေးဟာ အိမ်ကိုရောလူကိုပါ အပိုင်သိမ်းပစ်တော့မည်ပေါ့။ သူ့မျက်နှာကြီးက ကျေနပ်ပြုံးကြီးနဲ့ဖြီးနေမည်ထင်ပါ့။
ပုစိဆီက ဖုန်းဝင်လာလို့ ဏီဏီ ကိုကြီးကိုဆက်မရစ်တော့ပဲ ဖုန်းကိုင်လိုက်သည်။
“ဏီဏီ နင်ဘာလို့ယောကျာ်းနောက်လိုက်ပြေးတာလဲ”
“ဟင် နင့်ကိုဘယ်သူပြောတာလဲပုစိ ငါဘာမှမလိုက်ပြေးပါဘူး”
“အခုမှမုန်လာဥလုပ်မနေနဲ့ နင့်အကြောင်းတွေငါအားလုံးကြားထားပြီးသား နင့်အဖေကမွေဖြတ်မှာဆို”
အခုမှအမွေဖြတ်မှာဆိုတဲ့စကားကြီးကိုပြန်ကြားယောင်မိသွားသည်။
“နင်အခုဘယ်မှာလဲ ဟိုလူအိမ်မှာပဲလား ဟေမာန်ကပြောတယ် အဲ့ဒီလူကပိုက်ဆံလဲမရှိဘူးဆို နင့်တို့ကုမ္ပဏီကဝန်ထမ်းဆို”
“အခု …. မဟုတ်တော့ပါဘူး”
“ဏီဏီရယ် ယူမယ့်ယူလဲချမ်းသာတဲ့သူနဲ့ယူပေါ့ အခုတော့ကိုယ်နဲ့အဆင့်အတန်းချင်းမတူတာကိုယူပြီး..”
“ပုစိ ဒါပဲနော် ငါနောက်မှာပြန်ဆက်လိုက်တော့မယ်”
ဖုန်းချပြီး ဏီဏီစိတ်ဓါတ်ကျစွာ ငိုချလိုက်တော့သည်။ လူတွေအားလုံးကဘာကြောင့်များသူမကို ယောကျာ်းနောက် လိုက်ပြေးတယ်လို့ ထင်ကြသလဲ။
“ဏီဏီ ဘာဖြစ်လို့ငိုနေတာလဲ”
“အီး ဟီးးး ကိုကြီး ဏီဏီဘာလို့ဒီလိုတွေဖြစ်နေတာလဲဟင် ယောကျာ်းနောက်လိုက်ပြေးဖို့ကို စိတ်ကူးတောင်မယဉ်ခဲ့ဖူးဘူး ဏီ့သူငယ်ချင်းတွေကပါ အထင်လွဲကုန်ပြီ တကယ်ပဲ စိတ်ဆင်းရဲလိုက်တာ”
ခေတ်ကာလကြီးကကြောက်စရာကောင်းလွန်းလှသည်။ လူတစ်ယောက်ရဲ့မကောင်းသတင်းက ထွက်လွယ်သလောက် ပြန်ဖြေရှင်းဖို့က မလွယ်ကူပါ။ ဖြေရှင်းရင်လဲ အတင်းဖုံးဖိချင်လို့လုပ်တယ်လို့သာ ထင်မြင်ကြပေလိမ့်မည်။ အလကားနေရင်း မစိုးရဲ့အထင်နဲ့ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ဏီဏီဘဝဂျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ရသည်။
“မငိုနဲ့လေ အိမ်ပြန်ချင်လို့လား”
“ဖေဖေက အိမ်ပြန်မလာနဲ့လို့ပြောသွားတာ ကိုကြီးလဲကြားရဲ့သားနဲ့ ပြီးတော့ မမကေကအထုပ်တွေတောင်လာပို့သွားတာ တကယ်ကြီး ပြန်မလာခိုင်းလို့ပေါ့ ဘာလဲ ကိုကြီးကပါမောင်းထုတ်ချင်လို့လား”
“အာ မဟုတ်ရပါဘူးကွာ ဒီမှာကြိုက်သလောက်နေ ကိုယ်ဘာမှမပြောဘူး”
“တကယ်လား မုန့်ဖိုးရောပေးမှာလား”
ငိုနေရာကနေ မုန့်ဖိုးပါတောင်းနေတဲ့ဏီဏီကို ကောင်းမွန်စိတ်ညစ်တဲ့ကြားကရယ်ချင်မိသည်။
“အင်း ပေးမယ် ဏီဏီအဖေလိုတော့ဘယ်ပေးနိုင်မလဲကွာ ကိုယ်တတ်နိုင်သလောက်တော့ပေးမှာပေါ့”
“ဏီဏီကြိုက်တာတွေလဲဝယ်ကျွေးနော်”
“အင်း အင်း”
“ဏီဏီ အလုပ်လုပ်တဲ့အချိန်ကျရင်ပြန်ဆပ်ပါ့မယ်”
“အကြွေးမှတ်ထားရမှာလား”
“မမှတ်ရပါဘူး ဆပ်ချင်သလောက်ပြန်ဆပ်မှာပေါ့ ဏီအတွက်လက်ဆောင်ပါတယ်ဆို ပေးတော့လေ”
စိတ်သာညစ်နေတာ။ လက်ဆောင်ကိုတော့သတိရသေးသည်။ သူ့မှာဟန်မဆောင်နိုင်ပဲ ပြုံးလိုက်မိတော့သည်။
“အင်း ခဏစောင့်”
ဖေဖေက ရက်ရက်စက်စက်အမွေဖြတ်မယ်လို့ပြောသွားတာ အခုမှသတိရသွားပြီးကူကယ်ရာမဲ့အားငယ်သွားမိသည်။ အိမ်ကနေခဏတဖြုတ်ထွက်လာလို့ ပိုက်ဆံလဲဘယ်လောက်မှထည့်မလာခဲ့ပါ။ တော်သေးတယ်။ ကိုကြီးကဏီဏီ အပေါ်ကောင်းလို့သာ။ မျက်ရည်တွေသုတ်လိုက်ရင်း အခုမှသက်ပြင်းချနိုင်တော့သည်။
ကိုကြီးပေးတဲ့အထုပ်ကိုဖွင့်ကြည့်လိုက်တော့ Victoria’s Secret ကရေမွှေးနဲ့ Body lotion ဗူးကိုကြည့်ပြီး ဏီဏီ ပျော်သွားသည်။
“ကိုကြီးကချစ်ဖို့ကောင်းလိုက်တာ ဏီဏီအကြိုက်တွေသိနေတာပဲ ဒါနဲ့အလုပ်ကိစ္စရောအဆင်ပြေခဲ့လား”
“အင်း ပြေပါတယ် ဒေးဗစ်နဲ့ကတအားငြိစရာမှမလိုတာ အရင်ကတည်းကအလုပ်ရှင်ဆိုပေမယ့် ရွယ်တူဆိုတော့ရင်းနှီးတယ်”
“တော်သေးတယ် အလုပ်အဆင်ပြေပါစေ အဆင်ပြေမှဏီဏီကိုတင်ကျွေးထားရတာမငြိုငြင်မှာ”
လက်အုပ်ချီကာဆုတောင်းလိုက်တဲ့ဏီဏီကို ကောင်းမွန်သဘောကျကာ တဟစ်ဟစ်ရယ်လိုက်မိသည်။ ဒီကောင်မလေးဟာ စိတ်ညစ်စရာကိုလဲ ခေါင်းထဲအကြာကြီး ထည့်ထားတတ်ပုံမပေါ်။ လတ်တလောစိတ်ပူနေရမယ့် အရာတွေ ပြေလည်သွားတော့ စိတ်အေးသွားပုံရသည်။
“ရေသွားချိုးလိုက်ဦးမယ် ရေချိုးပြီး ဒီလိုးရှင်းလိမ်းကြည့်ရမယ်”
အထုပ်ကိုကိုင်ဆွဲပြီး အခန်းထဲဝင်သွားပုံက ဘာမှစိတ်ပူစရာမရှိတော့တဲ့ပုံပင်။ ဧည့်ခန်းထဲကျန်နေခဲ့တဲ့ကောင်းမွန်က အခုလိုတစ်အိမ်ထဲမှာ ကြိတ်ချစ်နေရတဲ့မိန်းကလေးနဲ့အတူတူရှိနေတဲ့သူ့အဖြစ်ကို ပျော်သလို၊ စိတ်ရှုပ်သလိုနဲ့ မယုံနိုင်သေးပေ။
================================================================
“ကိုကြီး”
“အင်း”
ဏီဏီ ကွန်ပြူတာအကြည့်မပျက်ပဲ အင်းနေသူကြီးကို မျက်စောင်းထိုးလိုက်မိသည်။
“ဒီကိုကြည့်ဦးလို့”
“အင်း အင်း ပြောလေ”
အခုမှလှည့်ကြည့်လာတဲ့ကိုကြီးကို မျက်နှာချိုသွေးလိုက်ရင်း
“ဏီဏီ အဝတ်တွေလျှော်ချင်လို့ ဆပ်ပြာမှုန့်နဲ့မတည့်လို့ အဝတ်လျှော်စက်ဝယ်ပေးပါလားဟင်”
ကောင်းမွန် ဏီဏီရဲ့လက်ကိုကြည့်လိုက်မိသည်။ ရွှေမင်းသမီးရဲ့လက်ဖဝါးနုနုဟာ ဆပ်ပြာမှုန့်ကိုင်ဖူးဖို့မပြောနဲ့ ဘာမှကို လုပ်ဖူးပုံမပေါ်ပေ။ ပန်းကန်ဆေးဖို့တောင် လက်အိတ်ဝယ်ထားပေးရသည်။ လက်အိတ်နဲ့ဆေးလို့လားတော့မသိ။ ရောက်လာတဲ့သုံးရက်အတွင်း ကွဲတဲ့ပန်းကန်ကဘယ်နှချပ်မှန်းမသိတော့။ ပန်းကန်ကွဲတွေတောင် ဏီဏီလက်ရှမှာစိုးလို့ သူပဲသိမ်းပေးခဲ့ရသည်။ ဒီကလေးမလေးနဲ့တော့ သူ့ဆီမှာ သိပ်မရှိတဲ့ပန်းကန်တွေ သိပ်မကြာခင်ကုန်တော့မယ့်ပုံပင်။
“ဝယ်ပေးမယ်လေ မနက်ဖြန်သွားဝယ်ကြမယ် နော်”
“ကျေးဇူး မီးပူတိုက်စက်လဲရှိရင်ကောင်းမယ်နော် ပန်းကန်ဆေးစက်ရော”
ငပျင်းမလေးကိုကြည့်ပြီး သူ သဘောကျစွာကြိတ်ရယ်လိုက်မိသည်။ သူကသာ ညအထိအလုပ်လုပ်နေတာ ဏီဏီက တနေကုန် အိမ်မှာတီဗွီကြည့်လိုက်၊ ဖုန်းသုံးလိုက်နဲ့ ပျင်းနေပုံရသည်။
“မီးပူက မနက်ဖြန်လာမယ့်ဒေါ်ကြီးကိုတိုက်ခိုင်းလို့ရတယ်”
“မနက်ဖြန်… ဘယ်သူလာမှာလဲ”
“အရင်ကတည်းက တစ်ပါတ်တစ်ခါသန့်ရှင်းရေးလာလုပ်ပေးနေကျ ဒီနားကအဒေါ်ကြီးတစ်ယောက်ပဲ သူလာတဲ့အချိန် ပြောပြီး ဏီဏီ့အဝတ်အစားတွေကိုမီးပူတိုက်ခိုင်းလိုက်ပေါ့”
“တော်သေးတယ် အခန်းထဲမှာလျှော်စရာတွေလဲပုံနေပြီ နောက်သုံးလေးရက်လောက်ဆိုဝတ်စရာလဲကျန်တော့မှာ မဟုတ်ဘူး ဏီဏီကအစကတည်းကပြောမလို့ ကိုကြီးကိုအားနာလို့”
ရောက်ကတည်းက အခန်းထဲအောင်းကာ အပြင်မထွက်တဲ့ဏီဏီဟာ တစ်နေ့ကိုအကျီၤသုံးလေးစုံလောက်လဲတတ်ပါသည်။ ပန်းကန်ဆေးရင်း အကျီၤရေစိုသွားလို့၊ အစာစားနေရင်း အချဉ်ရည်တွေပေသွားလို့နဲ့ အမျိုးမျိုးသောမရိုးနိုင်တဲ့ အကြောင်းပြချက်တွေနဲ့ အကျီၤလဲနေတတ်သူဖြစ်သည်။
“မနက်ဖြန် အပြင်သွားရင်ဏီဏီရောလိုက်မှာမလား”
“လိုက်တော့လိုက်ချင်ပေမယ့် ရှက်တယ်”
“ဟမ် ဘာကိုရှက်တာလဲ”
“အာ ကိုကြီးကလဲ ဏီဏီနဲ့ကိုကြီးကို သူများတွေကလင်မယားလို့ပဲထင်နေကြတာလေ”
စိတ်လေသလို့ မဲ့မဲ့ရွဲ့ရွဲ့ပြောနေတဲ့ ဏီဏီမျက်နှာလေးကို ကြည့်ပြီးရင်ခုန်သွားမိသည်။ သူလဲ အယောင်ယောင်အမှားမှားနဲ့ ခေါင်းကုတ်လိုက်မိရင်း
“အင်း အဲ့ဒါဆိုရင်လဲ မလိုက်နဲ့လေ”
“လိုက်ရမှာပေါ့ ဏီဏီအတွက်လိုတာတွေဝယ်ရဦးမှာလေ ကိုကြီးပိုက်ဆံများများထည့်ခဲ့နော်”
ဟိုတခါဏီဏီဝယ်တာတွေကို သတိရမိသွားပြီး မျက်လုံးပြူးသွားရသည်။ ဒီတစ်ခါတော့အဲ့လောက်ထိမဝယ်ပါစေနဲ့လို့သာ ဆုတောင်းရပေတော့မည်။ သူဟာ ဦးနေထွန်းပိုင်ဆိုင်မှုရဲ့အပုံတစ်ရာပုံရင် တစ်ပုံလောက်တောင် မချမ်းသာတာကို ဏီဏီ သိပါစေ။
နောက်တစ်နေ့မနက်ရောက်တော့ ဈေးဝယ်ထွက်ဖို့ဏီဏီကပြင်ဆင်ပြီးထွက်လာခဲ့ရာ ဧည့်ခန်းထဲမှာတံမြက်စည်းလှဲနေတဲ့ ပိန်ပိန်ပါးပါးအဒေါ်ကြီးတစ်ယောက်က သူမကိုအံ့သြတကြီးကြည့်နေလေသည်။ ဏီဏီကလဲ အူကြောင်ကြောင် ပြန်ပြုံးပြလိုက်ရင်း ဒါမနေ့ကကိုကြီးပြောထားတဲ့ဒေါ်ကြီးပဲဆိုတာကို သတိရမိသွားသည်။
“ဒေါ်ကြီး ဏီဏီအကျီၤတွေလဲမီးပူတိုက်ပေးနော်”
“ခုနတုန်းကမောင်ကောင်းမွန်မှာထားတယ် သမီးကမောင်ကောင်းရဲ့ညီမလေးလား”
“ဟုတ်တယ်ဒေါ်ကြီး ကျွန်တော့ညီမ သူ့ရဲ့အခန်းလဲသန့်ရှင်းရေးလုပ်ပေးပါနော် ကျွန်တော်တို့အပြင်သွားလိုက်ဦးမယ် နေ့လယ်ဒေါ်ကြီး မပြန်ခင်ပြန်ရောက်မှာပါ”
ဒေါ်ကြီးရဲ့အမေးကို ဏီဏီမဖြေခင်ကောင်းမွန်ကဝင်ဖြေလိုက်ပြီး အပြင်ထွက်ဖို့ဖိနပ်စီးလိုက်သည်။
“အော် ဟုတ်ကဲ့”
အဒေါ်ကြီးက ဏီဏီကသဘောကျသလိုပြုံးပြသည်။ အနီရောင်ကြိုးတစ်ချောင်းအသားပျော့ပျော့ဂါဝန်လေးဟာ အသားဖြူတဲ့ဏီဏီနဲ့ အလွန်ကိုလိုက်ဖက်ညီကာ ချစ်စရာကောင်းနေပါသည်။
“သွားစို့ ဏီဏီ အပြင်မှာပဲ မနက်စာစားကြတာပေါ့”
တံခါးပေါက်နားရပ်နေတဲ့ဏီဏီက ကောင်းမွန်ကိုအလိုမကျသလိုတစ်ချက်ကြည့်ပြီး ဒေါ်ကြီးဘက်လှည့်ကာ။
“ဒေါ်ကြီး သမီးတို့က မောင်နှမမဟုတ်ဘူး လင်မယား”
ပြောပြီးတာနဲ့တံခါးဖွင့်ကာ အပြင်ကိုခြေလှမ်းကျဲကြီးနဲ့ထွက်သွားတဲ့ဏီဏီကိုကြည့်ပြီး အဒေါ်ကြီးကတအံ့တသြနဲ့ ကျန်ခဲ့သည်။ ကောင်းမွန် ရှက်ရှက်နဲ့ဒေါ်ကြီးကို လုံးဝလှည့်မကြည့်တော့ပဲ ဏီဏီနောက်ကိုပြေးလိုက်ခဲ့သည်။ ဘယ်လိုကောင်မလေးမှန်းမသိ။ သူ့အတွက်ပြောပေးနေတာကို။
အဲ့ဒီကိုကြီးဟာ ဏီဏီကိုသူ့မိန်းမလို့ပြောရမှာအတော်ရှက်နေပုံပင်။ သူကများရှက်ရတယ်ရှိသေး။ မိန်းကလေးကမရှက်ရပဲ။ ဒေါ်ကြီးမေးတာကို ဏီဏီကလဲ မောင်နှမလို့ပြန်ဖြေမလို့ပင်။ ဒါပေမယ့်ကိုကြီးအဲ့ဒီလိုဝင်ဖြေလိုက်တော့လဲ မကျေနပ်ပြန်။ တကယ်တော့ ဘယ်သူဖြေဖြေ အတူတူပဲဆိုပေမယ့် သူ့ကိုတော့အဲ့ဒီလိုမဖြေခိုင်းစေချင်ပါ။
“ဏီဏီ ဘာဝယ်စရာရှိလဲ”
ဓါတ်လှေကားထဲဝင်လိုက်ရင်း အလိုမကျနေတဲ့မမလေးမျက်နှာကိုကြည့်ပြီးမေးလိုက်သည်။
“အများကြီးပဲ ကိုကြီးကမဝယ်ပေးချင်လို့လား”
“စောစောစီးစီရစ်နေပြန်ပြီ ဘာစားချင်လဲ ဘယ်ကိုအရင်သွားမလဲ”
လူကိုစိတ်မရှည်သလိုမေးနေတဲ့လူကြီးကို အရမ်းကိုအမြင်ကတ်နေပါသည်။
“ကိုကြီးနဲ့အတူတူကားမစီးချင်ဘူး ကိုယ့်ကားနဲ့ကိုယ်လိုက်ခဲ့မယ်”
“ဟမ် ဏီဏီကားကဒီမှာလား”
“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”
ယောကျာ်းနောက်လိုက်ပြေးတဲ့သမီးဆီက ကားလာမသိမ်းတဲ့အပြင် အထုပ်တွေပါပို့လိုက်တယ်ဆိုတော့ ဦးနေထွန်းရဲ့ ဖခင်မေတ္တာကို လေးစားသွားရသည်။ စိတ်ဆိုးနေပေမယ့် သမီးမပြည့်မစုံဖြစ်မှာကိုတော့စိုးရိမ်ပုံပင်။
“ဏီဏီရာ အလကားနေရင်းစိတ်ဆိုးမနေနဲ့ ခုနတုန်းကဏီဏီမကြိုက်မှာစိုးလို့ကိုယ်ကမောင်နှမလို့ပြောလိုက်မိတာ နောက်ခါမကြိုက်ရင် လင်မယားလို့ပဲဖြေမယ်နော်”
“ဟင် တကယ်လဲမဟုတ်ပဲနဲ့”
အဲ့ဒီလိုကျတော့လဲ မဟုတ်ပြန်ဆိုတော့ သူဘယ်လိုဖြေပေးရမလဲမသိတော့။
“အင်းလေ အဲ့ဒါပြောတာပေါ့ ကိုယ်ဘယ်လိုဖြေရမလဲ”
“မသိဘူးကွာ သူများတွေမေးရင် ဏီဏီဖြေချင်သလိုဖြေမယ် ကိုကြီးသာဝင်မပြောနဲ့”
အခုစိတ်ကောက်ရတဲ့အကြောင်းရင်းက သူဝင်ဖြေလို့ပေါ့။ မရွှေချောကျေနပ်အောင်ခေါင်းငြိမ့်ပြလိုက်ရသည်။
“ကောင်းပါပြီဗျာ အခုတော့စိတ်မကောက်နဲ့တော့ ကိုယ့်ကားနဲ့ပဲသွားကြစို့”
ကားပေါ်ရောက်ချိန်အထိ စိတ်ကြည်သေးပုံမရတဲ့ဏီဏီက စကားမပြောပဲငြိမ်နေလေသည်။ ဘာကိုအလိုမကျဖြစ်နေမှန်း မသိတဲ့ ကလေးမဟာ အပြင်ကိုငေးရင်း သူ့ဘက်ကိုတမင်ကျောပေးထိုင်နေလေသည်။
“ဏီဏီ စိတ်ကောက်နေတုန်းလား”
“မကောက်ပါဘူး စဉ်းစားနေတာ”
“ဘာစဉ်းစားတာလဲ”
“အဲ့ဒီနားမှာ ကိုကြီးကြိုက်နေတဲ့မိန်းကလေးတွေများရှိနေလားလို့ပေ့ါ”
“ဘာဖြစ်လို့အဲ့လိုထင်ရတာလဲ”
“မသိဘူးလေ အဲ့ဒီအဒေါ်ကြီးကဒီနားမှာပဲနေတာဆို ဏီဏီနဲ့ခိုးပြေးတဲ့အကြောင်းကို ဒီနားကလူတွေမသိစေချင်လို့ တမင် မောင်နှမလို့ပြောလိုက်တာမဟုတ်ဘူးလား”
ကောင်းမွန်ရယ်ချင်လာလို့နုတ်ခမ်းကိုဖိကိုက်ထားလိုက်မိသည်။ ဏီဏီရောက်လာတဲ့နေ့ကစပြီး သူဟာ တနေကုန် အလုပ်ထဲမှာနေနေရပေမယ့် ရုံးဆင်းချိန်ကို မျှော်နေတတ်ခဲ့သည်။ အိမ်ပြန်အလာကိုစောင့်မျှော်နေတတ်တဲ့ဏီဏီကို ပြေးတွေ့ချင်လှသည်လေ။ ဏီဏီကလဲသူ့ကို မျှော်ရှာပါသည်။ အဓိကမျှော်တာကတော့သူဝယ်လာမယ့်မုန့်ကိုပေါ့။ ဘာကိုပဲမျှော်မျှော်ပါ။ သူကတော့ အိမ်ပြန်ရောက်ချိန်တွေ့လိုက်ရတဲ့မျက်နှာချိုချိုလေးကိုကြည့်ရင်း အမောပြေနေရတာ။ ဘယ်လိုပဲကိုယ့်ကိုကိုယ်ဆုံးမပေမယ့် ဒီကလေးမလေးကို အရမ်းကိုချစ်ရပါသည်။ အခုလိုအတူတူနေရတဲ့အချိန်မှာတော့ ချစ်ရုံမက ပိုပိုပြီး သံယောဇဉ်တိုးလာသလိုပင်။
“ကိုကြီး မေးနေတယ်လေ”
သူ့ဘာသာထင်ရာတွေလျှောက်ပြောနေတဲ့ဏီဏီကို ငါကြိုက်နေတာမင်းကွလို့ ပြောလိုက်ရမကောင်းရှိတော့မည်။
ကားမောင်းရင်း ပြုံးစိစိဖြစ်နေတဲ့ကိုကြီးကိုကြည့်ပြီး စိတ်မရှည်ချင်တော့။ လက်မောင်းကိုပိတ်ထိုးလိုက်ရင်း
“ဖြေလေ ဖြေလေ”
“အာ ဏီဏီကလဲ ဘယ်သူ့ကိုမှမကြိုက်ဘူး တခြားကြိုက်နေတဲ့သူရှိရင် ဏီဏီကိုလက်ခံထားပါ့မလား ဟိုတနေ့ထဲက အထုပ်ဆွဲပြီးပြန်ပို့လိုက်ပြီပေါ့”
“သိပါတယ်နော် လူကိုသနားလို့လက်ခံထားတယ်ဆိုတာ”
တခြားလူကိုမကြိုက်ဘူးလို့ပြောနေတာကို သဘောမပေါက်ပဲ ထင်ချင်ရာထင်သွားပြန်လေသည်။ ဒီကလေးမနဲ့လဲ ခက်ပါသည်။ ကောင်းမွန်သက်ပြင်းချလိုက်ရင်း
“ဘာတွေဝယ်ချင်တာလဲ ဘာစားမလဲ ခုထိမပြောသေးဘူးနော်”
“မသိဘူးလေ ဏီဏီကပိုက်ဆံမှမရှိတာ ကိုကြီးဝယ်ကျွေးတာပဲစားရမှာပေါ့”
ပြောနေတဲ့လေသံကသာပျော့တာ မျက်နှာထားကခပ်ချေချေနဲ့။ တခုခုအလိုမကျတိုင်း ဘက်ပေါင်းစုံကနေရစ်ချင်သူကို စိတ်မပျက်မိပါ။ အရမ်းအလိုလိုက်ရင် ဒီထက်ပိုဆိုးမှာလဲစိုးရသည်။ သို့သော် အလိုမလိုက်ပဲလဲမနေနိုင်နဲ့ သူကိုယ်တိုင်လဲ တိုင်ပတ်နေလေသည်။
“စိတ်မကောက်နဲ့တော့ကွာ နောက်ဆိုသူများတွေမေးရင် ဏီဏီကိုသွားမေးလို့ပဲပြောလိုက်မယ်နော်”
“ကြည့် အဲ့ဒါရွဲ့နေတာပေါ့”
“အဲ့ဒါဆိုလဲ သင်ပေးထားလေ ဘယ်လိုဖြေရမလဲဆိုတာ ဏီဏီပြောခိုင်းတဲ့အတိုင်းဖြေမယ်”
အဲ့ဒီလိုပြောတော့လဲ ဘယ်လိုဖြေမှကျေနပ်မယ်ဆိုတာ ဏီဏီကိုယ်တိုင်လဲမသိတော့ပါ။
“သင်ပေးစရာလိုလို့လား လူတိုင်းကလာမေးနေမှာကျလို့”
တဟစ်ဟစ်ရယ်နေတဲ့လူကြီးကို အမြင်ကတ်ပါသည်။ ဘာမှန်းလဲမသိ။ လူကိုလာလှောင်နေသလိုပင်။ သူ့ကိုမျက်စောင်း ထိုးလိုက်မိပေမယ့် ကိုယ်တိုင်လဲဘာဖြစ်လို့ဒီလောက်အထိရစ်နေမိမှန်းမသိတော့။ ဒါပေမယ့်ကိုယ့်ကိုအရမ်းစိတ်ရှည်တဲ့ လူကြီးမို့တမင်ကိုဂျစ်နေမိတာတော့သိသည်။ ထူးဇော်နဲ့တုန်းကဆို ဒီလိုဆိုးဖို့မပြောနဲ့ သူငြိုငြင်သွားမှာကို စိုးရိမ်နေခဲ့ရတာ။ ချစ်သူသာတော်ခဲ့ရပေမယ့် အမြင်လဲကတ်ပါသည်။ ဒီလူကြီးကိုတော့ နည်းနည်းမှအမြင်မကတ်ပေမယ့် နိုင်စားချင်ပါသည်။
ဏီဏီက အဝတ်အစားတွေမဝယ်ပဲ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းလောက်သာဝယ်သောကြောင့် ကောင်းမွန် သက်ပြင်းချမိသည်။ ဒီကလေးမဟာ သူ့ကိုအားနာပုံပေါ်သည်။ သူပိုက်ဆံရှင်းတိုင်း မျက်နှာလွဲပြီးနေနေတတ်သည်။ အဲ့ဒီလိုဖြစ်နေတော့လဲ သနားမိပြန်သည်။ ပါးစပ်ကဖွင့်မပြောပေမယ့် အားငယ်နေပုံရသည်။ ပိုက်ဆံအထပ်လိုက်ကိုင်ပြီး စိတ်ကြိုက်သုံးခဲ့ရတဲ့သူဆိုတော့ အခုလိုအချိန်မှာ စိတ်အားငယ်နေမှာသေချာပါသည်။
“ဏီဏီ နေ့လယ်စာဘာစားမလဲ အိမ်ကိုဝယ်သွားမလား ဒီမှာပဲစားသွားမလား”
“ဗိုက်တော့မဆာသေးဘူး ဒီမှာပဲစားသွားတော့မယ် အိမ်မှာဆိုပန်းကန်ဆေးနေရဦးမယ်”
ငပျင်းမလေးကို သဘောကျစွာရယ်လိုက်မိရင်း
“ဟား ဟား မဆာရင်မစားပါနဲ့ ဝယ်သွားမယ်လေ ပန်းကန်ကကိုယ်ဆေးပါ့မယ်”
“တော်ပါပြီ အဲ့လိုကြီးကမကောင်းဘူးလေ”
ကောင်းမွန်က လက်တစ်ဖက်ကအထုပ်တွေဆွဲ၊ တစ်ဖက်ကဏီဏီပုခုံုးကိုဖွဖွလေးဖက်လိုက်သည်။
“ကိုယ့်ကိုအားနာလို့လား”
ဏီဏီ ပြန်မဖြေပါ။ ဆိုင်တွေကိုလျှောက်ကြည့်နေပြီး ကောင်းမွန်ကိုလုံးဝမကြည့်ပေ။
“ဘာအားနာစရာလိုလို့လဲ ကိုယ့်အစ်ကိုပဲကို အဲ့လိုကြီးမနေနဲ့ကွာ ကိုယ်စိတ်မကောင်းဘူး နော် ကလေး”
ကိုကြီးချော့ပြောမှပဲ ပိုငိုချင်လာမိသည်။ ဘာမဆိုင်ညာမဆိုင်နဲ့ ကိုယ်ဝယ်သမျှကို ကိုကြီးပိုက်ဆံရှင်းပေးနေတာကိုကြည့်ပြီး သိမ်ငယ်သွားမိသည်။ ပြီးတော့ သူ့ကိုဂျီကျဆိုးနွဲ့နိုင်စားခဲ့သမျှကိုလဲ အားနာမိသည်။
“လာ စားသောက်ဆိုင်တွေဘက်သွားကြမယ် ဘာစားချင်လဲ ဝယ်သွားမယ်နော်”
“ဏီဏီအရမ်းဆိုးတယ်မလား”
“မဆိုးပါဘူး ဏီဏီကလိမ်မာပါတယ်”
“သိပါတယ် ကိုကြီးညာနေတယ်ဆိုတာ ဏီဏီကိုစိတ်ကုန်နေပြီမလား ကိုကြီးဆီကပ်နေရလို့မဆိုးတော့ဘူး လိမ်လိမ်မာမာ နေမယ်လို့စိတ်ကူးပေမယ့် ကိုကြီးနဲ့တွေ့ရင်ဒီအတိုင်းပဲဖြစ်ဖြစ်သွားတယ်”
“ဖြစ်ပါစေကွာ ဘာလို့လျှောက်တွေးပြီးအားငယ်နေရတာလဲ အရင်လိုတက်တက်ကြွကြွနေစမ်းပါ”
“အဲ့လိုနေရင် ဏီဏီကိုမမုန်းဘူးမလား”
“အာ မမုန်းပါဘူး ဘာလို့မုန်းရမှာလဲ”
“တကယ်နော်”
မော့ကြည့်နေတဲ့မျက်နှာနုနုလေးကိုကြည့်ပြီး ကျေကျေနပ်နပ်ကြီးခေါင်းငြိမ့်ပြလိုက်မိသည်။
“အခုအချိန်အားကိုးစရာဆိုလို့ကိုကြီးပဲရှိတာ အမြင်ကတ်တဲ့အချိန်မှမောင်းမထုတ်နဲ့နော်”
“မထုတ်ပါဘူး အမြင်ကတ်စရာအကြောင်းလဲမရှိဘူး ဘာမှစိတ်ပူမနေနဲ့ ဏီဏီအဖေလိုမထားနိုင်ပေမယ့် ဝမ်းဝခါးလှအောင်တော့ ရှာကျွေးနိုင်ပါသေးတယ်ကွာ”
“ဏီဏီ ကိုကြီးကိုအားနာတယ် ဘာမှမဆိုင်ပဲအလကားနေရင်း ကျွေးထားရလို့”
ဏီဏီကပုခုံးဖက်ထားတဲ့ကိုကြီးရဲ့လက်မောင်းကိုတွဲလိုက်ကာ ခပ်နွဲ့နွဲ့လေးပြောလိုက်သည်။
“ဘာလို့ဘာမှမဆိုင်ရမှာလဲ ခုနတုန်းက ဒေါ်ကြီးကိုဏီဏီပဲဖြေခဲ့တာလေ”
“အာ ကိုကြီးနော်”
စိတ်ရူးပေါက်ပြီးပြောခဲ့မိတာကို သတိရမိသွားပြီး ရယ်နေတဲ့ကိုကြီးလက်မောင်းကို ထုလိုက်မိသည်။ တော်ပါသေးရဲ့ သူ့ပိုက်ဆံတွေလဲသုံး၊ ဆိုးလဲဆိုးနေတဲ့ဏီဏီကို ကိုကြီးစိတ်မဆိုးလို့။
ဦးနေထွန်း ဖုန်းထဲရောက်လာတဲ့ သမီးနဲ့သမက်ပုံကိုကြည့်ပြီးပြုံးလိုက်မိသည်။ ကောင်းမွန်အိမ်ထဲဝင်သွားပြီးကတည်းက ဒီနေ့မှအပြင်ထွက်လာတဲ့သမီးပုံစံဟာ ရွှင်ရွှင်လန်းလန်းမို့ သူစိတ်ချသွားပါသည်။ သမီးကိုကြည့်နေတဲ့ကောင်းမွန်ရဲ့ မျက်လုံးတွေကလဲ အမြတ်တနိုးအရိပ်တွေ ဖုံးလွှမ်းနေခဲ့ပါသည်။ တသက်လုံးလဲ ဒီလိုချစ်နိုင်ပါစေလို့သာ ဆုတောင်းရတော့ပေမည်။ သမီးကေကိုလဲ ဏီဏီဆီဖုန်းဆက်ပြီး အခြေအနေကို အမြဲစုံစမ်းခိုင်းထားရသည်။ ဏီဏီဆီက ပြန်ကြားရသလောက်ဆိုရင်တော့ ကောင်းမွန်ကိုကျေးဇူးတင်ရပါမည်။ ဘာအခွင့်အရေးမှမယူပဲ ညီမလေးတစ်ယောက်လို စောင့်ရှောက်ထားပေးသည်။ ဏီဏီကတော့ အဖေကိုသတိရလား၊ မရလားတော့မသိ။ မွေးကတည်းကခွဲမနေဖူးတဲ့ သမီးငယ်လေးကို သူကတော့ နေ့တိုင်းသတိရနေမိပါသည်။
================================================================
တံခါးဖွင့်စောင့်ကြိုနေတဲ့မျက်နှာလေးကိုတွေ့တာနဲ့ ကောင်းမွန်တနေ့တာပင်ပန်းခဲ့သမျှတွေ လွင့်ပျယ်ကုန်တော့သည်။ သူ့လက်ထဲကအထုပ်ကိုလှမ်းယူပြီးပြုံးနေတာကိုပဲ ကျေနပ်ရတာပင်။
“ကိုကြီး ရေချိုးဦးမှာမလား”
“အင်း ခဏနားဦးမယ်လေ ဏီဏီဗိုက်ဆာရင်စားနှင့်လေ”
“တော်ပြီ ကိုကြီးနဲ့အတူတူစားမှာ ရေသောက်ဦးလေ”
ရေအေးလေးခပ်တိုက်နေတဲ့ဏီဏီ ကျေနပ်အောင် သောက်လိုက်သည်။ ဒီအတိုင်းနေရင်တောင် ချစ်ပါတယ်ဆိုနေမှ ပိုချစ်အောင်ချွဲနေတော့ သူ့မှာတဟဲဟဲနဲ့ကျေနပ်ပီတီဖြစ်လို့မဆုံးတော့။ သူနဲ့အတူညစာစားဖို့စောင့်နေတဲ့ဏီဏီကြောင့် ရေအမြန်ချိုးပြီးထွက်ခဲ့လိုက်သည်။
“နားဦးမှာဆို”
“အင်း စားပြီးမှနားတော့မယ်လေ ဏီဏီဗိုက်ဆာနေပြီမလား”
“ရပါတယ်ကိုကြီးကလဲ နည်းနည်းပဲဆာတာပါ”
ဏီဏီနဲ့အတူညစာစားနေရင်း ခြောက်သွေ့အထီးကျန်ခဲ့တဲ့သူ့ရဲ့နေ့ရက်တွေ အခုမှပြည့်စုံသလိုခံစားမိသည်။
“ကိုကြီးသိလား ဏီလေအရင်ကလဲအိမ်ထဲမှာပဲ နေခဲ့တာဆိုပေမယ့် ဒီမှာနေရတာအရမ်းပျင်းတာပဲ ဏီဏီအိမ် မဟုတ်လို့လားတော့မသိဘူး ကိုကြီးကိုပဲစောင့်နေမိတယ် ညနေမြန်မြန်ရောက်ပါစေ ကိုကြီးအမြန်ပြန်လာပါတော့ဆိုပြီး နာရီပဲကြည့်ကြည့်နေမိတာ”
သူမဘာသာပျင်းလို့မျှော်နေတယ်ဆိုပေမယ့်လဲ သူကျေနပ်ပါသည်။
“ကိုကြီးနဲ့အတူတူရှိနေလဲ စကားအများကြီးပြောဖြစ်တာလဲမဟုတ်ပဲနော် ကိုကြီးဘာသာအလုပ်လုပ်နေတာလေ ဒါပေမယ့် ဘာလို့လဲမသိဘူး ဏီဏီမပျင်းဘူး ကိုကြီးရုံးဆင်းရင်မြန်မြန်ပြန်လာနော် ကိုယ့်ညီမလေးမျှော်နေတယ်ဆိုတာ သတိရ နော်လို့”
ချွဲချွဲနွဲ့နွဲ့လေးပြောနေတဲ့ဏီဏီမျက်နှာပြုံးချိုချိုလေးက ချစ်ဖို့အလွန်ကောင်းနေပါသည်။ ကောင်းမွန်ခေါင်းငြိမ့်ပြလိုက်ရင်း စိတ်ထဲကနေပြန်ပြောလိုက်သည်။ ကိုယ်လဲအမြန်ပြန်လာချင်တယ်ဆိုတာမင်းမသိလို့ပါ ကလေးရယ်။
အတူတူနေရင်းတိုးတိုးလာတဲ့သံယောဇဉ်ကြိုးကို ကျေနပ်စွာရစ်ပတ်ခံခဲ့ပါသည်။ တနေကုန်အခန်းထဲမှာ တစ်ယောက်ထဲ ပျင်းနေတဲ့ဏီဏီကိုလဲ သနားမိသည်။
“ဏီဏီ ပျင်းရင်သင်တန်းတစ်ခုခုတက်ပါလား”
“သင်တန်း …. အင်း တက်ရမလားဟင်”
“တက်လေ အခန်းထဲနေရတာပျင်းတယ်ဆို တစ်ပါတ်နှစ်ရက်လောက်ဖြစ်ဖြစ်တက်ပေါ့”
“ဟုတ် ဒါပေမယ်….”
“ဒါပေမယ့် ဘာဖြစ်လဲ”
“ဟို…. သင်တန်းကြေးက ကိုကြီးပေးရမှာနော်”
အားနာသလိုပြောနေတဲ့ဏီဏီကို ပြုံးပြလိုက်သည်။
“ပေးမှာပေါ့ တက်ချင်တဲ့သင်တန်းသာတက် ကိုယ်စဉ်းစားနေတာ ဏီဏီကို မုန့်ဖိုးတစ်လစာပေးထားရမလားလို့”
“တကယ်လား အဲ့ဒါဆိုတစ်လတစ်ခါပဲမျက်နှာပူရတော့မှာပေါ တော်သေးတယ် အဲ့လိုပေးနော်”
ကလေးမကိုသနားလဲသနား၊ ရယ်လဲရယ်ချင်နဲ့နုတ်ခမ်းကိုက်ထားလိုက်မိသည်။ အတူတူနေတဲ့အချိန်အတွင်းမှာ ဏီဏီက သူ့ကိုမရိုးနိုင်တဲ့ ကြည်နူးမှုတွေ၊ပျော်ရွှင်မှုတွေ အမျိုးမျိုးပေးတတ်လေသည်။
ကောင်းမွန် အခန်းထဲမှာ အလုပ်လုပ်နေရင်း ရေဆာလို့အပြင်ထွက်ခဲ့သည်။ ဏီဏီကတီဗွီကြည့်နေရင်း သူ့ကို လှည့်ကြည့်ကာ
“ကိုကြီး မီးဖိုထဲသွားမလို့လား ဏီဏီကိုနွားနို့တစ်ခွက်”
သူ့သာသာထမယူပဲလမ်းကြုံမှာလိုက်သေးသည်။ ရေသောက်ပြီး ငပျင်းမလေးအတွက် နွားနို့ထည့်ကာ ယူသွားပေးလိုက်သည်။ ဏီဏီက နွားနို့ခွက်ကိုလှမ်းယူပြီး သူ့ဘေးနားနေရာလွတ်ကိုပုတ်ကာ ထိုင်ခိုင်းနေသည်။
“ကိုကြီး ထိုင်လေ ဇာတ်ကားအတူတူကြည့်ရအောင် ပီးမက်ကားပြန်ကြည့်နေတာ”
သူပြောတဲ့အတိုင်းဝင်ထိုင်လိုက်တော့ ကောင်းမွန်ဘေးနားကပ်လာပြီး လက်မောင်းကိုတွဲကာပုခုံးပေါ်မှီခဲ့သည်။ ဘာဖြစ်နေမှန်း မသိတဲ့ကောင်မလေးကို ငုံ့ကြည့်လိုက်မိသည်။ ဏီဏီလဲ သူ့ကိုမော့ကြည့်လာပြီး
“ဖေဖေစောစောပြန်ရောက်ရင် ဏီဏီနဲ့ဒီလိုဇာတ်ကားအတူတူကြည့်နေကျ သူမကြည့်ချင်တဲ့ဇာတ်ကားတွေလဲ ဏီဏီကို ချစ်လို့တူတူကြည့်ပေးတယ်”
အော် သူ့အဖေကိုလွမ်းနေတာကိုလို့တွေးပြီး သနားသွားမိသည်။ အိမ်မှာအဖေနဲ့အစ်မပေါ် ဆိုးနွဲ့ရင်းနေလာရတဲ့ဏီဏီကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးခဲ့ပေမယ့် သူ့အိမ်ကိုသတိရနေပုံပင်။ တနေကုန်အပြင်မှာ အလုပ်လုပ်ရင်း ပင်ပန်းခဲ့ပေမယ့်လဲ အိမ်ပြန်ရောက်ချိန်သမီးကိုအချိန်ပေးတတ်တဲ့အဖေဖြစ်သူကလဲ သတိရနေလိမ့်မည်ထင်ပါသည်။
“အခုကိုယ်အတူတူကြည့်ပေးမယ်လေ”
ဏီဏီခေါင်းကိုခပ်ဖွဖွလေးပုတ်လိုက်ရင်းပြောတော့ ခေါင်းငြိမ့်ပြလေသည်။
“ကိုကြီး is the best ဖေဖေပြီးရင်ပြောတာ”
သူဘောကျကာရယ်လိုက်မိသည်။ အဖေကိုအလွန်ချစ်တဲ့ဏီဏီပါ။ အဲ့ဒီညမှာတော့ သူ့ပုခုံးကိုမှီပြီး ဇာတ်ကားကြည့်ကာ အဖေကို အလွမ်းဖြေခဲ့ပုံပေါ်သည်။
“မမကေကိုရော မလွမ်းဘူးလား”
“လွမ်းတာပေါ့ မမကေနဲ့ကနေ့တိုင်းဖုန်းပြောတယ် ဏီဏီကိုသဘက်ခါလာတွေ့မယ်တဲ့ သမီးသင်တန်းတစ်ခုတက်မလို့လို့ ပြောတော့ သင်တန်းကြေးပေးရမလားတဲ့ ကိုကြီးပေးမှာလို့ပြောလိုက်တယ် ဖေဖေကဏီဏီကိုပိုက်ဆံတစ်ကျပ်မှ မပေးနဲ့လို့မှာထားတာကို မယူချင်ပါဘူး”
အမယ် ဒီကလေးမက မာနလေးတော့ရှိသား။ ပစ်ထားရက်တဲ့အဖေကို စိတ်လဲကောက်ချင်ပုံလဲရသည်။
“ဏီဏီရဲ့အကျီၤအသစ်လေးတွေတော့မှာလိုက်တယ် ဟိုတစ်ခါကိုကြီးနဲ့သွားဝယ်ထားတာတွေလေ မဝတ်ရသေးဘူး Pooh လေးရော ဖိနပ်တွေရော အော် မေ့လို့ သင်တန်းတက်မယ်ဆိုတော့ ကျောပိုးအိတ်မှာရဦးမှာပဲ ပြီးတော့ဏီဏီကြိုက်တဲ့ နုတ်ခမ်းနီရော ခုနနေမှလိုတာတွေစဉ်းစားပြီး Message ပို့လိုက်တော့မယ်”
အတွေးတောင်မဆုံးသေး။ ဏီဏီပြောတာတွေနားထောင်ပြီးရယ်ချင်မိသည်။
“ဟုတ်သားပဲ ပိုက်ဆံနဲ့ပစ္စည်းမှမတူတာ”
“ဟင် ဘာမတူတာလဲ”
သူပြောတာကို သဘောမပေါက်ပဲ မော့ကြည့်ပြီးမေးလာသူကို ခေါင်းခါပြလိုက်သည်။
“ဘာမှမဟုတ်ပါဘူး”
ရယ်မိမှာစိုးလို့နုတ်ခမ်းကိုဖိကိုက်ထားမိသည်။ တကယ့်ကောင်မလေးပါပဲလေ။ အဖေကပိုက်ဆံတစ်ကျပ်မှမပေးနဲ့လို့ မှာထားလို့ ပိုက်ဆံတော့လုံးဝမယူပေမယ့် သတိရလို့လာတွေ့မယ့်အစ်မကို အဝတ်အစား၊ အသုံးအဆောင်တင်မက အရုပ်ပါထပ်မှာနေလိုက်သေးသည်။
“ဏီဏီ Financial Management တက်မှာ မနက်ဖြန်ကိုကြီးလိုက်အပ်ပေးနော်”
“အိုကေ”
နောက်တစ်နေ့။ ဏီဏီကို သင်တန်းလိုက်အပ်ပေးပြီး နီးတဲ့စင်တာတစ်ခုကို နေ့လယ်စားဖို့ဝင်လိုက်သည်။ ဏီဏီက စားသောက်ဆိုင်ကိုတန်းမသွားပဲ အရုပ်ဆိုင်ထဲဝင်ကာ အရုပ်တွေကြည့်နေလေသည်။ အသက်နှစ်ဆယ်သာ ပြည့်တော့မယ် ကလေးစိတ်မပျောက်ချင်သေးပဲ အရုပ်တွေ့ရင်ရချင်နေတုန်းပင်။
“ကိုကြီး အရုပ်တစ်ရုပ်ဝယ်ပေးနော် နော်”
ခေါင်းငြိမ့်ပြလိုက်တာနဲ့ မွေးပွအရုပ်တွေဘက်သွားကာ ရွေးနေလေသည်။ သူလဲလျှောက်ကြည့်နေရင်း တွေ့လိုက်ရတဲ့ အရုပ်လေးတစ်ရုပ်။ ဆယ်လက်မကျော်လောက်သာရှိသော ဂါဝန်ဝတ်ထားတဲ့နုတ်ခမ်းထော်ထော်ဝက်ရုပ် ပန်းနုရောင်လေးဟာ တစ်ယောက်ယောက်နဲ့ တူနေသလိုပင်။ သဘောကျကာ အရုပ်ကိုကောက်ကိုင်လိုက်ရင်း ချစ်နေမိသည်။
“ကိုကြီး ဒါယူမယ်”
“အင်း အင်း”
ဏီဏီရဲ့ဝက်ဝံရုပ်ကြီးနဲ့အတူဝက်ရုပ်အတွက်ပါငွေရှင်းတော့မရွှေချောကမျက်မှောင်ကျုံ့ပြီးကြည့်နေသည်။ ငွေရှင်းပြီးတာနဲ့ သူ့အရုပ်ကို သူ့ဘာသာပိုက်ပြီးအရှေ့ကနေ ဆောင့်အောင့်ထွက်သွားလေသည်။
“ဏီဏီ ကိုယ့်ကိုပေး ကိုင်ပေးမယ်လေ”
ကောင်းမွန်လက်ထဲက ကိုင်ထားတဲ့အရုပ်အိတ်ကို မကြိုက်သလိုစောင်းကြည့်ရင်း
“ရတယ် ကိုယ့်ဘာသာကိုင်မယ်”
နုတ်ခမ်းစူနေတဲ့ဏီဏီ ဘာကိုအလိုမကျဖြစ်သွားမှန်းမသိတော့။ သူပါအရုပ်ဝယ်မိလို့များ စိတ်ကောက်သွားတာလား။
“ဘာဖြစ်လို့စိတ်ကောက်သွားတာလဲ ခုလေးတင်အကောင်းကြီးကို”
“ဘယ်သူကကောက်လို့လဲ နေ့လယ်စာမြန်မြန်စားပြီးပြန်ကြစို့ နားချင်ပြီ”
စားသောက်နေတုန်းလဲ စကားတစ်ခွန်းမှမပြောပဲစိတ်ကောက်နေသူကို နားမလည်နိုင်တော့။ ကားပေါ်ရောက်တော့ အရုပ်ကိုပိုက်ထားပြီး အပြင်ကိုသာကြည့်နေလေသည်။
“အရုပ်ကို အနောက်ထားလိုက်လေ”
“မထားဘူး”
စိတ်ထဲမှာ တမျိုးကြီးနဲ့မကျေနပ်နိုင်ပါ။ ကိုကြီးက အဲ့ဒီဝက်ရုပ်လေးကို သူ့ပိုက်ဆံနဲ့သူဝယ်တယ်ဆိုပေမယ့် ဘယ်သူ့ကို ပေးဖို့ဝယ်တာလဲဆိုတာသိချင်မိသည်။ ဒီအသက်အရွယ်နဲ့။ ပြီးတော့ ယောကျာ်းကြီးလဲဖြစ်ပြီး သူ့အခန်းထဲမှာ အရုပ်နဲ့ တူတာဆိုလို့တစ်ခုမှမရှိပဲ။ အခုမှဒီဝက်ရုပ်ကိုဝယ်တယ်ဆိုတော့ တစ်ယောက်ယောက်ကိုပေးဖို့ဆိုတာ သေချာပါသည်။
ဖက်ထားတဲ့ဝက်ဝံရုပ်ကြီးအပေါ် ပါးကပ်ကာဖက်ထားရင်း ငိုချင်လာမိသည်။ အဲ့ဒီအရုပ်ကမိန်းကလေးတစ်ယောက်ကို ပေးဖို့ဆိုတာသေချာပါသည်။ ဏီဏီဟန်မဆောင်နိုင်တော့ပဲ မေးလိုက်မိတော့သည်။
“ကိုကြီး အဲ့ဒီအရုပ်ကဘာလုပ်ဖို့ဝယ်တာလဲ”
သူထင်တဲ့အတိုင်း အရုပ်ဝယ်လို့မကျေနပ်နေတာကိုး။
“ကိုယ်ရချင်လို့လေ”
“ဟင် ကိုကြီးကဘာလို့ရချင်ရတာလဲ”
“တစ်ယောက်ယောက်နဲ့တူလို့”
ဂါဝန်ဝတ်ထားတဲ့အရုပ်ဆိုတော့ မိန်းကလေးတစ်ယောက်ဆိုတာသေချာသွားပြီ။ ပြီးတော့ ဝက်ရုပ်ဆိုတော့ဝတုတ်မလေး တစ်ယောက်နဲ့ တူနေတာပေါ့လေ။ ကိုကြီးကြိုက်နေတဲ့မိန်းကလေးက ဝတုတ်မလေးပေါ့။ မုန်းလိုက်တာ။
အရုပ်ကိုဖက်ပြီး သူ့ဘက်ကိုသိသိသာသာကျောခိုင်းသွားတဲ့ကလေးမဟာ သူအရုပ်ဝယ်တာကိုဘာလို့မကျေနပ်နေမှန်း နားမလည်နိုင်တော့။
“ဏီ ဘာဖြစ်နေတာလဲ ကိုယ့်အရုပ်လေးကိုကြိုက်လို့လား ရချင်လို့လား”
“မကြိုက်ဘူး အဲ့ဒီအရုပ်ကိုအရမ်းမုန်းတာ”
“အာ အဲ့လိုလား ဆောရီး ကိုယ်ကဏီဏီမုန်းတဲ့အရုပ်မှန်းမသိလို့ဝယ်ခဲ့မိတာ”
အရုပ်တွေချစ်တဲ့သူဆိုတော့ မကြိုက်တဲ့အရုပ်ရှိမှန်းမသိခဲ့ပေ။ အင်းလေ သူမကြိုက်တဲ့အရုပ်ဝယ်ခဲ့လို့ စိတ်ကောက်တာ နေမှာပေါ့။
“အဲ့ဒီအရုပ်ကို နောက်ခါမတွေ့စေရဘူး ကိုယ့်အခန်းထဲမှာပဲထားမယ်နော် အပြင်မထုတ်ဘူး”
သူ့အခန်းထဲမှာ အတော်ထားချင်နေတယ်ပေါ့လေ။ လွင့်ပစ်လိုက်ပါလား။ မကြိုက်ဘူးပြောနေတာကို။ အဲ့ဒီဝက်ရုပ်တွေကို အရင်ကချစ်ခဲ့သလောက် အခုတော့အရမ်းမုန်းသွားမိသည်။
“စိတ်မဆိုးနဲ့တော့နော်”
အိမ်ပြန်ရောက်တော့လဲ မရွှေချောက စိတ်ကောက်ပြေသေးပုံမရ။ အခန်းထဲဝင်တော့မယ်ဏီဏီကို အချိန်မှီသွားဆွဲကာ ဧည့်ခန်းမှာထိုင်ခိုင်းလိုက်သည်။ မျက်နှာလွဲထားသူရဲ့မျက်နှာရှေ့မှာဝက်ရုပ်ကိုပြလိုက်ရင်း
“မျက်နှာကလဲကွာ ဘာဖြစ်နေတာလဲ ဒီမှာကြည့် ဒီအရုပ်ကိုဘာလို့မုန်းတာလဲ အရမ်းချစ်ဖို့ကောင်းတာကို”
ကိုကြီးပြနေတဲ့အဲ့ဒီအရုပ်ကို လုံးဝမကြည့်ချင်ပါ။ သူကြိုက်နေတဲ့လူနဲ့တူတဲ့ဝက်စုတ်ကို ဘာလို့ကြည့်ရမှာလဲ။ ဘာလို့ချစ်ရမှာလဲ။
“အင့် ဒါလေးခဏကိုင်ထားပေး”
“မကိုင်ချင်ဘူး”
“လုပ်ပါကွာ ခဏလေးပဲ Please”
မကြိုက်ပါဘူးဆို အတင်းလာကိုင်ခိုင်းနေတဲ့အရုပ်ကို မကျေမနပ်နဲ့ကိုင်ပေးလိုက်ရသည်။ စိတ်ထဲရှိတဲ့အတိုင်းသာဆို ဒီအရုပ်ကို ပြတင်းပေါက်သို့ ပြေးသွားပြီး လမ်းပေါ်ပစ်ချလိုက်ချင်သည်။
“ဒီလိုလေးကိုင် မျက်နှာနားမှာကပ်ထား အိုကေ ခဏနော် ဓါတ်ပုံရိုက်ချင်လို့”
အရုပ်ကိုမျက်နှာနားကပ်ထားရင်း စိတ်မကြည်ပါဘူးဆိုဓါတ်ပုံလာရိုက်နေတဲ့သူကို ဂြိုလ်ကြည့်သာကြည့်ပေးနေလိုက်သည်။ ပြုံးစိစိနဲ့ကိုကြီးဟာ အခုအချိန်မှာ အရမ်းမုန်းဖို့ကောင်းပါသည်။
“ဒီမှာကြည့် အမွှာညီအစ်မကျနေတာပဲ”
“ဘာအမွှာလဲ”
“နုတ်ခမ်းထော်နေတာလေ ဒီဝက်ရုပ်လေးကိုတွေ့ကတည်းက နုတ်ခမ်းထော်နေတဲ့ပုံကဏီဏီနဲ့တူလို့ ချစ်စရာကောင်းလို့ ဝယ်ခဲ့တာ အခုကြည့်လေ တပုံစံထဲပဲမလား”
ဓါတ်ပုံကိုကြည့်နေရင်း စူထော်နေတဲ့နုတ်ခမ်းတွေက ချက်ချင်းပြုံးသွားရသည်။ အဲ့ဒီကိုကြီးဟာ အစကတည်းဏီဏီနဲ့ တူတယ်လို့ပြောရင် စိတ်ဆိုးပါ့မလား။ အခုတော့တခြားတစ်ယောက်ကိုပြောတယ်ထင်လို့ စိတ်ဆိုးနေခဲ့မိတာ။ ဝက်ရုပ် ဆိုတော့လဲ ကိုယ်ကဝမှ မဝတာကို။ တခြားလူလို့ထင်တာသွားပေါ့။ နုတ်ခမ်းထော်တာတူတယ်လို့ဘယ်သူထင်မိမှာလဲနော်။
“ပေး ဏီဏီမကြိုက်ရင် နောက်ခါထပ်မတွေ့အောင်ကိုယ်သေချာသိမ်းထားလိုက်မယ်”
“ဟင့်အင်း ဏီဏီချစ်တယ် ဒီအရုပ်ကို”
အရုပ်ပြန်တောင်းနေတာကိုမပေးတဲ့အပြင် ရင်ခွင်ထဲပါထည့်ပြီးဖက်ထားလိုက်လို့ ကိုကြီးက ဏီဏီကို ကြောင်တောင်တောင်နဲ့ ကြည့်လာခဲ့သည်။
“ဘာကြည့်တာလဲ အခုချစ်သွားပြီလို့ပြောနေတာလေ ခုနတုန်းကတော့မုန်းတယ်”
ဝက်ရုပ်လေးကိုပိုက်ထားပြီး ရန်ရှာနေတဲ့ဏီဏီကို သူသဘောကျကာရယ်လိုက်မိသည်။ တကယ်ပဲ အဲ့ဒီဝက်ရုပ်လေးလို ချစ်ဖို့ကောင်းလွန်းပါသည်။
“အဲ့ဒါကိုယ့်အရုပ်လေ ကိုယ့်အခန်းထဲမှာပဲထားမှာ မပေးနိုင်ဘူးနော်”
“ဘယ်သူကတောင်းနေလို့လဲ ကိုကြီးအခန်းထဲမှာ ဏီဏီထားပေးမယ် ဘယ်နားထားရင်ကောင်းမလဲ”
အခန်းထဲပြေးဝင်သွားပြီး အရုပ်ထားဖို့နေရာကြည့်လိုက်သည်။ ကိုကြီးနဲ့အနီးဆုံးဖြစ်အောင် ခေါင်းအုံးဘေးနားချလိုက်ကာ
“ဒီနားပဲထားတော့ ကိုကြီး အဲ့ဒီနားပဲထားနော်”
“အင်း အင်း”
အခန်းပေါက်ဝနားရပ်နေတဲ့ကောင်းမွန်က ခေါင်းငြိမ့်ပြလိုက်သည်။
“အဲ့ဒါဆို ဏီဏီသွားနားတော့မယ်”
ဏီဏီက ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ အခန်းထဲကထွက်သွားလေသည်။ ဘယ်လိုကလေးမမှန်းမသိ။ အခုမှစိတ်ပြေသွားတဲ့ မရွှေချောကြောင့် သူ့မှာရယ်လိုက်မိပြီး သူမရဲ့အပြုအမူတိုင်းကို ချစ်နေရပါတော့သည်။ ကောင်းမွန် အရုပ်လေးကို ကြည့်ရင်းသဘောကျနေမိသည်။ ဝက်မလေးရေ။ ကိုယ့်ကို အရမ်းချစ်မိအောင်မလုပ်ပါနဲ့လားကွာ။
===============================================================
ဏီဏီရဲ့သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်လာရတဲ့ ကိုယ့်အဖြစ်ကိုရယ်ချင်မိသည်။ သူမသူငယ်ချင်း နွေးနွေးနိုင်ငံခြားက ပြန်ရောက်လာလို့ သူငယ်ချင်းတွေစုပြီး နွေးနွေးတို့ပိုင်တဲ့မှော်ဘီကခြံထဲကို ပျော်ပွဲစားထွက်လာကြသည်။ အမှန်တော့ ဏီဏီနဲ့ဟေမာန်ကြားက တင်းမာနေတဲ့ဆက်ဆံရေးကိုပြေလည်စေချင်တဲ့အတွက် နွေးနွေးနဲ့ပုစိကစီစဉ်ခြင်းဖြစ်သည်။
အစကတော့ ဏီဏီကမလာဘူးငြင်းပေမယ့် မတွေ့တာကြာတဲ့နွေးနွေးကအတင်းခေါ်လို့ စိတ်ပြောင်းသွားပုံပေါ်သည်။
သူငယ်ချင်းတွေကအတွဲကိုယ်စီနဲ့လာမယ်ဆိုတော့ ဏီဏီလဲ ကောင်းမွန်ကို မရရအောင်ခေါ်လေသည်။ ကောင်းမွန်မှာ လုံးဝမလိုက်ချင်ပေမယ့် မရွှေချောလေးမျက်နှာငယ်မှာစိုးသောကြောင့် လိုက်ခဲ့ရလေသည်။ အသက်နှစ်ဆယ်ပြည့်ခါနီး ဖလန်းဖလန်းထနေတဲ့လူငယ်တွေကြားထဲ သူငြိမ်နေမိသည်။ ထူးဇော်နဲ့ဝေဦးကလဲ အရွယ်မတူတဲ့အပြင် အရင်ကတည်းက ခင်မင်ခဲ့တာမဟုတ်တော့ မေးတစ်ခွန်း၊ဖြေတစ်ခွန်းနဲ့ သူတို့နဲပြောစရာစကားမရှိသလောက်ပင်။ ပြီးတော့ ထူးဇော်ကို ဏီဏီနဲ့ပတ်သက်ပြီး နဂိုကတည်းက မကြည်ဓါတ်ခံရှိလေတော့ လုံးဝမရောချင်ပေ။ သူ့မှာလူကြီးဖြစ်နေလို့သာ မကောင်းတတ်လို့ပြောနေရတာ။ စိတ်ရင်းအတိုင်းဆို ဒီကောင့်မျက်နှာကိုတောင် မကြည့်ချင်ပေ။
ဏီဏီနဲ့အပေါင်းအပါများကတော့ ဟေးလေးဝါးလားနဲ့ ပြောစရာမကုန်နိုင်ကြ။ ဏီဏီနဲ့ဟေမာန်ကစစချင်းကတော့ သိပ်မပြောပေမယ့် နည်းနည်းကြာတော့လဲပုံမှန်အတိုင်း ပြန်ခေါ်ဖြစ်ကြသည်။ ခြံထဲကသစ်ပင်အောက် ဖျာခင်းပြီး ဝိုင်းဖွဲ့ထိုင်နေတဲ့လူက ခုနှစ်ယောက်မို့သာတော်သေးသည်။ အယောက်ခုနှစ်ဆယ်စာဆူညံနေသည်။ စကားသိပ်မပြောတဲ့ သူ့ကို ဖယ်လိုက်ရင် ခြောက်ယောက်ပေါ့။ ထူးဇော်နဲ့ဟေမာန်တို့အတွဲ၊ ပုစိနဲ့ဝေဦးတို့အတွဲ၊ နွေးနွေးနိုင်နဲ့ဏီဏီတို့ရဲ့ စကားသံတွေကို နားထောင်ရင်းပျင်းလာသည်။ သိလဲမသိ၊ ဆိုင်လဲမဆိုင်တဲ့အကြောင်းကိစ္စတွေကို စိတ်လဲ မဝင်စားသောကြောင့် စာအုပ်ဖတ်နေလိုက်တော့သည်။ ဒီလိုဖြစ်မယ်ဆိုတာကြိုတွက်မိလို့ စာအုပ်ယူလာခဲ့ခြင်းဖြစ်သည်။ မိန်းကလေး လေးယောက်ကတော့ ပါလာတဲ့အစားအသောက်ပေါင်းစုံကို ခင်းကျင်းစားသောက်နေရင်း ပါးစပ်ကလဲ မရပ်မနားပြောဆိုနိုင်ကြလေသည်။
“မိန်းမတွေ နင်တို့ကိုပြောစရာရှိတယ်”
“ဘာပြောမလို့လဲ”
“အဟိ ငါ့မှာကိုယ်ဝန်ရှိနေပြီတဲ့”
“ဟယ် တကယ်”
နွေးနွေးက ပုစိရဲ့စကားကြောင့် တအံ့တသြရေရွတ်လိုက်သည်။
“ဟဲ့ ဝေဦး နင်ကလေးအဖေဖြစ်တော့မှာဆို”
ဟေမာန်အမေးကို ပြန်မဖြေပဲ ဝေဦးက ကျေနပ်ပြုံးကြီးပြုံးပြနေသည်။
“အမယ် ရုပ်ကြီးက”
မိန်းကလေးသုံးယောက်မှာ ပုစိနားကိုကပ်သွားကြပြီး လုံးဝမဖောင်းသေးတဲ့ဗိုက်ကို အထူးအဆန်းဝိုင်းကြည့်နေကြသည်။
“ဗိုက်က ပူလဲမပူဘူးနော်”
“ဏီဏီကလဲ အခုမှရှစ်ပါတ်ကျော်ပဲရှိသေးတာ ဘယ်ပူဦးမလဲ”
“ဟုတ်လား နင့်ဗိုက်ထဲမှာ လူသေးသေးလေးရှိနေပြီပဲ အီး စိတ်ယားလိုက်တာ”
ဏီဏီက ပုစိရဲ့ဗိုက်ကို ကိုင်ကြည့်လိုက်တော့ ကျန်တဲ့နှစ်ယောက်ကလဲ ကိုင်လိုက်ကြသည်။
“ဟဲ့ နင်တို့လက်တွေကြောင့်အထဲကကလေးလေးလန့်သွားဦးမယ်”
“အမယ် အကဲပိုတာ ဒါနဲ့နင်အစားအသောက်ဆင်ခြင်ရမှာမလား”
ဟေမာန်က သူသိသလောက်ဆရာလုပ်နေသည်။
“ဆင်ခြင်ရမှာလား မသိပါဘူး ငါလဲမနေ့ကမှကိုယ်ဝန်ရှိနေမှန်းသိတာ စားချင်တာတွေစားနေတာပဲ”
“ဟုတ်လား နင် မူးတာတို့ အန်တာတို့မဖြစ်ဘူးလား”
“နွေး နင်ဇာတ်လမ်းတွေအကြည့်များသွားပြီ ခွိခွိ ငါဘာမှကိုမဖြစ်တာတော့ ထူးဆန်းတယ်နော် ပိုပြီးတောင်စားလို့ သောက်လို့ ကောင်းနေသေး ဏီဏီ နင်တို့ရော ကလေးမယူသေးဘူးလား”
ဏီဏီမှာ အူကြောင်ကြောင်နဲ့ ဘာပြန်ဖြေရမယ်မှန်းမသိပဲ ပုစိကိုကြည့်နေမိသည်။ သူငယ်ချင်းလေးယောက်ထဲမှာ အိမ်ထောင်ကျတာဆိုလို့ သူနဲ့ဏီဏီပဲရှိတာဆိုတော့ မေးမှာပေါ။ သူတို့ထင်သလိုမဟုတ်မှန်း ရှင်းပြဖို့ကခက်ပါသည်။
“ဟို… မယူသေးပါဘူး”
“ယူတော့လေ နင့်ယောကျာ်းလဲကလေးရချင်မှာပေါ့ ကိုကောင်းမွန် ကလေးမရချင်ဘူးလား”
စာအုပ်ဖတ်နေတဲ့ကောင်းမွန်က သူ့ကိုမေးနေတာကိုကြားပုံမရ။
“ကိုကောင်းမွန်”
ပုစိထပ်ခေါ်လိုက်မှ ထူးခဲ့သည်။
“ဗျာ…”
“ကလေးမလိုချင်ဘူးလားလို့မေးနေတာ ကျွန်မတို့တောင်ကလေးရတော့မှာ”
မသက်မသာ အီလည်လည်ဖြစ်နေတဲ့ဏီဏီမျက်နှာကိုတစ်ချက်ကြည့်ရုံနဲ့ ကောင်းမွန်သဘောပေါက်သွားသည်။
“မင်္ဂလာတောင်မဆောင်ရသေးတာ နောက်မှအေးဆေးမှယူတာပေါ့ အခုတော့ဒီကလေးလေးကိုပဲထိန်းလိုက်ဦးမယ်”
ဏီဏီရဲ့ခေါင်းကိုလှမ်းပုတ်လိုက်ပြီး ပြောလိုက်တဲ့စကားကြောင့် မိန်းကလေးသုံးယောက်က ဟာ ဆိုပြီးဝိုင်းအော်ကြသည်။ ဏီဏီကတော့ ရှက်သလို၊ ကျေနပ်သလိုအပြုံးနဲ့ ငြိမ်နေလေသည်။ တော်သေးတယ် ကိုကြီးဝင်ဖြေလိုက်လို့။
“ဏီဏီ နင့်မင်္ဂလာပွဲကျရင် နွေးနဲ့ဟေမာန်ကိုသတို့သမီးအရံလုပ်ခိုင်းလိုက်”
“ငါတို့က လုပ်ပေးဖို့အဆင်သင့်ပဲဟေ့ ဘယ်မှာဆောင်မှာလဲ”
“အခုမဆောင်သေးပါဘူး ငါ့အဖေစိတ်ဆိုးနေတုန်းလေ ဖေဖေစိတ်ဆိုးပြေသွားမှဆောင်မှာ”
ဏီဏီမှာ ဘယ်ဆီနေမှန်းမသိတဲ့မင်္ဂလာပွဲအကြောင်းကိုမေးလာတော့ ပါးစပ်ထဲရှိရာလျှောက်ဖြေလိုက်မိသည်။
မိန်းကလေးတွေကရေပက်မဝင်စကားများသလောက် ထူးဇော်နဲ့ဝေဦးကတော့ သူတို့ပြောနေတာကိုစိတ်မဝင်စားတော့ပဲ ဖုန်းနှိပ်နေကြသည်။ ကောင်းမွန်လဲ စာအုပ်ပြန်ဖတ်နေလိုက်ရင်း ဏီဏီရဲ့ရှက်ပြုံးကိုသတိရမိကာ ပြုံးချင်တဲ့မျက်နှာကို မနည်းထိန်းနေရသည်။
“ပုစိ ငါးမုန့်ကြော် ငါစားဦးမယ် မသိမ်းနဲ့ဦး”
“အေး နွေး မသိမ်းဘူး ဒီမှာထားစရာနေရာမရှိတော့လို့ ခြင်းထဲခဏထည့်ထားမလို့”
“နွေး လက်ဖက်ကနင်ယူခဲ့တာမလား ချဉ်စပ်လား”
နွေးနွေးကလက်ဖက်ကိုကြည့်ရင်းစဉ်းစားနေသည်။ ဏီဏီငရုတ်သီးအစပ် လုံးဝမစားနိုင်တာ သူတို့အားလုံးသိပါသည်။
“ငါမသိဘူးတော့ အိမ်ကထည့်ပေးလိုက်တာ နည်းနည်းမြည်းကြည့်လိုက်လေ”
ဟေမာန်က လက်ဖက်ကို ဦးဆုံးကော်စားလိုက်ပြီး
“ငါမြည်းကြည့်လိုက်မယ် မစပ်ပါဘူးဏီဏီရဲ့ ဒီမှာ ငရုတ်သီးစိမ်းတွေသပ်သပ်လှီးထည့်ထားတာဆိုတော့ လက်ဖက်အသားပဲ ရွေးစားလို့ရတယ်”
ဆီတွေအိနေတဲ့လက်ဖက်ပေါ် ပုဇွန်ခြောက်နဲ့ငရုတ်သီးစိမ်းတွေတင်ထားတာမို့ လက်ဖက်သားကမစပ်လောက်ပေ။
“ဟုတ်လား တော်သေးတယ်မစပ်လို့ ငါလက်ဖက်စားချင်နေတာ”
ဏီဏီက လက်ဖက်ကိုဇွန်းနဲ့ခပ်နေရင်း ဘေးနားမှာစာအုပ်ဖတ်နေတဲ့ကောင်းမွန်ဆီ အာရုံရောက်သွားသည်။ သူ့ခမျာ ရုံးပိတ်ရက်လေးမှာ မနားရပဲ ဏီဏီပူဆာလို့ ဒီကိုလိုက်လာပြီးပျင်းနေပုံပင်။ အရွယ်မတူတဲ့ဟိုနှစ်ကောင်နဲ့လဲ စကားသိပ်မပြောပဲ စာအုပ်သာဖတ်နေရရှာသည်။
“ကိုကြီး လက်ဖက်စားမလား”
“အင်း စား စား နောက်မှစားမယ်”
“ဘာစာအုပ်ဖတ်နေတာလဲ”
ကိုင်ထားတဲ့လက်ဖက်ဇွန်းကိုချလိုက်ပြီး ကောင်းမွန်ဖတ်နေတဲ့စာအုပ်ကို စပ်စုကာ ကိုယ်ကိုစောင်းပြီးကြည့်လိုက်သည်။
“Management နဲ့ပတ်သက်တဲ့စာအုပ်လေ”
“အင် ပျင်းစရာကြီး ဏီဏီကတော့မဖတ်ချင်ပါဘူး”
“ကလေးတွေက ဒါမျိုးဘယ်ကြိုက်မလဲ”
“အမယ် ဏီဏီကလေးမဟုတ်ပါဘူးနော်”
ဏီဏီက ကောင်းမွန်ကို နှာခေါင်းရှုံ့ပြပြီး လက်ဖက်ကော်စားလိုက်သည်။ လက်ဖက်ထဲငရုတ်သီးဖတ်ပါသွားတာကို သတိမထားမိလိုက်ပေ။
“အား စပ်လိုက်တာ …”
ရုတ်တရက်ကြီး ထအော်လိုက်တဲ့ဏီဏီကြောင့် အားလုံးကသူမကိုဝိုင်းကြည့်လိုက်မိသည်။
“ဘာဖြစ်တာလဲဏီဏီ”
မျက်နှာကြီးနီရဲကာ ငရုတ်သီးစပ်နေတဲ့ဏီဏီက ကောင်းမွန်ကိုမျက်ရည်တွေဝဲပြီးကြည့်နေသည်။
“ဟာ ငရုတ်သီးစပ်လို့လား ဒီမှာ ဒီမှာ ထွေးလိုက်”
တစ်သျှူးတွေဆွဲထုတ်ကာ ဏီဏီပါးစပ်ရှေ့နားခံပြီး ထွေးထုတ်ခိုင်းလိုက်ကာ ရေသန့်ဗူးကိုဖွင့်ပေးလိုက်သည်။
“ဖြည်းဖြည်းသောက်”
ရေကိုတလစပ်မော့သောက်နေတဲ့ဏီဏီကို ကောင်းမွန်ကသတိပေးလိုက်သည်။ ရေသောက်ပြီးလဲ အစပ်မပြေနိုင်သေးပဲ မျက်ရည်တွေဝဲ၊ ချွေးတွေပြန်နေတဲ့သူမမျက်နှာကို တစ်သျှူးနဲ့သုတ်ပေးပြီး ကျန်လက်တစ်ဖက်က စာအုပ်နဲ့ယပ်ခတ် ပေးလိုက်သည်။
“တော်ပြီ ထပ်မစားနဲ့တော့နော် ငရုတ်သီးတွေပါတယ်”
“လက်ဖက်မစားရတာကြာလို့စားချင်လို့ပါဆို”
နှစ်ယောက်သား ကိုယ့်အာရုံနဲ့ကိုယ်မို့ သူတို့ကိုဝိုင်းကြည့်နေတာကိုသတိမထားမိပေ။ ထူးဇော်နဲ့ဝေဦးကတော့ အကဲပိုတဲ့ ကောင်းမွန်ကိုကြည့်ပြီး စိတ်လေနေကြသည်။ ဟေမာန်ကမဲ့ရွဲ့နေပြီး ပုစိနဲ့နွေးနွေးကတော့ အားကျသလို ကြည့်နေလေသည်။
“နောက်မှမစပ်တာဝယ်ပေးမယ်နော် အခုမစားနဲ့တော့”
“ဟုတ်”
နွေးနွေးက ငါးမုန့်ကြော်ကိုကောက်ဝါးလိုက်ရင်း ပုစိကိုပြုံးစိစိကြည့်နေလေသည်။ ဗိုက်ကလေးပေါ် လက်တင်ထားတဲ့ပုစိရဲ့ အကြည့်တွေက သူ့ယောကျာ်း ဝေဦးဆီမှာ။ ဝေဦးက မျက်လုံးချင်းစကားလာပြောနေတဲ့ သူ့မိန်းမရဲ့အကြည့်တွေကို မမြင်ချင်ယောင်ဆောင်နေလေသည်။
ဏီဏီတို့သူငယ်ချင်းတွေ စားသောက်ပြီးစကားပြောလို့ဝတော့မှ ခြံထဲလိုက်ကြည့်ဖို့သတိရကြလေသည်။ သီးပင်၊ စားပင်များနဲ့ အပင်ကြီးများစိုက်ထားသောကြောင့် ခြံလေးက အေးအေးချမ်းချမ်းသာသာယာယာရှိပါသည်။
“ငါတို့ခြံထဲလျှောက်ကြည့်ရအောင်လေ ဗိုက်လဲချောင်သွားတာပေါ့”
ပုစိစကားကို ဘယ်သူမှမငြင်းဆန်ကြပဲ ထထွက်လာကြသည်။ ယောကျာ်းသုံးယောက်ကတော့ ဖျာပေါ်မှာလဲှအိပ်ရင်း ကျန်ခဲ့လေသည်။ သူတို့လေးယောက်ကတော့ စကားတပြောပြောနဲ့ဗိုက်ချောင်အောင် လမ်းပတ်လျှောက်နေကြသည်။
“ငါပြောမလို့ ဏီဏီ နင့်ကို ကိုကောင်းမွန်ကအရမ်းချစ်တာပဲနော်”
နွေးနွေးကို ဏီဏီကနားမလည်နိုင်သလိုကြည့်လိုက်မိသည်။ ဘာကြောင့် အရမ်းချစ်တယ်လို့ပြောမှန်းမသိပေ။
“ဟုတ်တယ် ငါလဲကြည့်နေတာ နင့်ယောကျာ်းက နင့်ကိုနည်းနည်းမှမျက်နှာအညှိုးမခံသလိုပဲ”
ပုစိပြောတဲ့ နင့်ယောကျာ်းဆိုတဲ့စကားလုံးကြီးက ဏီဏီကိုကြက်သီးထစေသည်။ ဟုတ်ပါတယ်လေ လူတွေအမြင်မှာ ကိုကြီးက ဏီဏီရဲ့ယောကျာ်းပဲကို။ ဒါပေမယ့်အဲ့ဒီစကားလုံးကြီးက ဏီဏီနဲ့အလွန်ကိုစိမ်းနေပါသေးသည်။
“နင်ကံကောင်းတယ်လို့ပြောရမယ် အမြဲအဲ့လိုချစ်အောင်နေနော်”
“ဘယ်လိုနေရမှာလဲ”
“ဟဲ့ နင်အရမ်းမဆိုးနဲ့ပေါ့ ဗိုလ်ကျတာလေးနည်းနည်းလျော့ပေါ့ ယောကျာ်းတွေက ရခါစသာချစ်ပြတာ နောက်ကျရင် ပုံစံပြောင်းကုန်ရော ဝေဦးကိုကြည့်ပါလား အချိုးကိုက”
ပုစိပြောလဲပြောချင်စရာပင်။ အရင်တုန်းကဆို ဝေဦးကပုစိနားတစ်ဖဝါးမှမခွာနိုင်ပဲ ချစ်လှပါချည်ရဲ့ဆိုပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တောင်းရမ်းလက်ထပ်ခဲ့ကြတာ။ ဏီဏီကတော့ ယောကျာ်းယူဖို့စိတ်ကူးမရှိပါပဲ ရခဲ့ရတာကို။ ကိုကြီးက ပြောင်းလဲသွားစရာ ဘာအကြောင်းရှိလို့လဲ။ တကယ်လင်မယားမှမဟုတ်တာ။
“နင့်ယောကျာ်းက အခုဘာလုပ်နေတာလဲ”
ဟေမာန်ရဲ့မေးခွန်းကို ပုစိနဲ့နွေးနွေးကလဲ စိတ်ဝင်စားပုံရသည်။ ဖေဖေအမွေဖြတ်လိုက်လို့ ဏီဏီဘယ်လိုနေလဲ သိချင်ကြပုံပေါ်သည်။
“ဆောက်လုပ်ရေးကုမ္ပဏီထောင်ထားတယ်လေ”
“ဟုတ်လား အဆင်ပြေလား”
“ပြေပါတယ် အလုပ်ကအမြဲရှုပ်နေတာပဲ ဘာတွေလုပ်နေလဲတော့မသိဘူး”
“ဘယ်နားမှာဖွင့်ထားတာလဲ ကုမ္ပဏီက”
ဘယ်နားဖွင့်ထားလဲဆိုတာ ဏီဏီတစ်ခါမှမမေးဖူးလို့မသိပေ။ ဟေမာန်မေးမှသာ မေးဖို့သတိရလေသည်။
“မသိဘူး ငါတစ်ခါမှမရောက်ဖူးဘူး”
“ဟဲ့ နင်အဲ့ဒီလိုနေစရာလား တစ်ခါတစ်လေလိုက်သွားကြည့်လေ အခုခေတ်ကလွယ်တာမဟုတ်ဘူး တချို့မိန်းမတွေက လူပျိုထင်ပြီးကပ်နေမှ”
ပုစိစကားကိုဟေမာန်ကလဲထောက်ခံသည်။
“ဟုတ်တယ် နင့်ယောကျာ်းကိုလွှတ်မထားနဲ့ အလုပ်ကိုမကြာမကြာလိုက်သွား”
လွှွတ်မထားနဲ့ဆိုတော့ နောက်ကနေကပ်ပြီး လိုက်နေရမှာလား။ အဲ့လိုကြီးလဲ မနေချင်ပါ။ တကယ်လင်မယားဆိုရင်တောင် အဲ့လောက်ထိလုပ်ဖို့ လိုအပ်လို့လား။ နင့်ယောကျာ်းဆိုတဲ့အသုံးအနှုန်းကြီးကိုတော့ စိတ်ထဲတမျိုးကြီးဖြစ်နေသေးသည်။ ဟေမာန်က နွေးနွေးကိုပါဆက်စပ်စုလိုက်သည်။
“ဒါနဲ့ နွေး နင်ရောဘဲမရသေးဘူးလား”
“မရသေးပါဘူး ဟိုမှာင့ါကိုလာကြိုက်တဲ့အဖြူကောင်တွေတော့ရှိတယ်”
“ဟယ် အဖြူဆိုပြန်မကြိုက်ပါနဲ့နွေးရယ် မြန်မာအချင်းချင်းပဲကောင်းပါတယ်”
ပုစိစကားကြောင့် နွေးနွေးက ရယ်လိုက်ရင်း
“မကြိုက်ပါဘူးပုစိရယ် အပျော်ရည်းစားထားရင်သာကောင်းတာ ယူဖို့တော့မဖြစ်နိုင်ပါဘူး ငါ့အိမ်ကသတ်လိမ့်မယ်”
“ယူတဲ့လူတွေလဲရှိတာပဲ မြဲတဲ့လူမြဲ ကွဲတဲ့လူကွဲနဲ့ ဘယ်သူနဲ့ယူယူပါ ကွဲချင်ရင်ကွဲတာပဲ အခုခေတ်ကအိမ်ထောင်ကွဲ လွယ်သလားလို့ ဒါပေမယ့်ငါတို့ကတော့ကိုယ်ချစ်တဲ့လူနဲ့ယူပြီး တသက်လုံးလက်တွဲသွားချင်ကြတာလေ ကွဲလိုက် ကွာလိုက်နဲ့ ယောကျာ်းနှစ်ယောက်ကြီးမယူချင်ပါဘူးဟယ် အိမ်ထောင်တစ်ဆက်ပဲ ကောင်းပါတယ် ဟုတ်တယ်မလားနွေး”
“ဟုတ်တယ် အိမ်ထောင်ပြုဖို့ကငယ်ပါသေးတယ် ငါတို့ကကလေးပဲရှိသေးတာ ဟီး နင်တို့အိမ်ထောင်ကျပြီးသားလူတွေသာ မြဲအောင်ထိန်းသိမ်းကြ အခုလောလောဆယ်တော့ မိဘရဏီကို Feeling အားကျပေါ့ဟယ် သူ့ကိုအရမ်းချစ်တဲ့ယောကျာ်းနဲ့ ရထားတာဆိုတော့ ငါလဲကွီးရှာမှပဲ အဲ့လိုအချစ်ခံချင်တယ်”
“ဟုတ်တယ်နော် သူ့ကိုကြီးက ငရုတ်သီးလေးစပ်တာကို ကမ္ဘာပျက်တော့မယ့်အတိုင်း ပြာယာခတ် ဂရုစိုက်ပြနေတာ မျက်စိကိုနှောက်တယ်”
“ခွိခွိ”
ပုစိနဲ့နွေးနွေးစကားကို ဟေမာန်ကတခွိခွိရယ်နေသည်။ ဏီဏီကတော့ ကျေနပ်သလိုပြုံးနေမိပေမယ့် ကိုကြီးက အမြဲဒီလို လုပ်ပေးနေကျဆိုတော့ သူတို့ပြောတဲ့အတိုင်း ဂရုစိုက်လား၊မစိုက်လားဆိုတာကို ထူးခြားပြီးမခံစားမိပါ။ ကိုယ့်ကို အလိုလိုက်မှန်းသိလို့ တမင်တကာကြီးဆိုးနွဲ့ချင်တာတော့သိပါသည်။
အိမ်ပြန်လမ်းတလျှောက်မှာ ပုစိတို့ပြောတဲ့အိမ်ထောင်မြဲအောင်ထိန်းသိမ်းဖို့နဲ့ အိမ်ထောင်တစ်ဆက်ဆိုတဲ့စကားလုံးတွေက ဏီဏီဦးနှောက်ထဲမှာ ရှုပ်ရှက်ခတ်ကာ ပါခဲ့လေတော့သည်။ နင့်ယောကျာ်းဆိုတဲ့စကားကိုပြန်ကြားမိရင်း ကားမောင်းနေတဲ့ ကိုကြီးနဲ့ပိုဝေးအောင် တံခါးနားကပ်လိုက်မိသည်။ တကယ်ပဲ ကိုကြီးက ဏီဏီယောကျာ်းလား။ သူများတွေထင်သလို တကယ်ပဲ ဏီဏီကိုအရမ်းချစ်နေတာလား။
ကောင်းမွန် ကားမောင်းနေရင်း အသံတိတ်နေတဲ့ကောင်မလေးကို သတိထားမိပါသည်။ စိတ်ကောက်နေတာမဟုတ်ပဲ သူ့ကိုလှည့်ကြည့်လိုက်၊ စဉ်းစားလိုက်နဲ့။ သူ့သူငယ်ချင်းတွေဘာတွေများပြောခဲ့လို့ တစ်ယောက်ထဲတွေးနေလဲမသိ။
===============================================================
သူငယ်ချင်းတွေရဲ့အကြံပေးချက်အရ ကိုကြီးရုံးကိုသွားစစ်ဆေးဖို့ ထွက်လာခဲ့သည်။ ကိုကြီးကိုအသိမပေးပဲ သွားရမယ်လို့ ပြောတဲ့အတိုင်း ရိပ်မိမှာစိုးလို့ ရုံးလိပ်စာကိုတောင် ပေါ်တင်မမေးပဲ လှည့်ပတ်မေးထားရတာ။ အခန်းပေါက်ဝရပ်ပြီး ဘဲလ် နှိပ်လိုက်တော့ မိန်းမတစ်ယောက်လာဖွင့်ပေးပြီး ဏီဏီကို အထူးအဆန်းကြည့်ကာမေးသည်။
“ဘာကိစ္စရှိလို့လဲညီမလေး”
“ကိုကောင်းမွန်ထွန်းနဲ့တွေ့ချင်လို့ပါ”
“အော် အထဲဝင်ပါဦး ဆရာတော့မရှိဘူး မကြည်ပြာ ဒီညီမလေးက ဆရာနဲ့တွေ့ချင်လို့တဲ့”
အခန်းထဲကထွက်လာတဲ့ မကြည်ပြာဆိုတာ ကိုကြီးရဲ့အတွင်းရေးမှုးများလား။ ပုံစံလေးက သွက်သွက်လက်လက် ထက်ထက်မြက်မြက်နဲ့။ ဝတ်စားပြင်ဆင်ထားပုံကလဲ ကြည့်ကောင်းပါသည်။ သူ့ကိုအကဲခတ်နေတဲ့ဏီဏီကို ကြည်ပြာကလဲ ပြန်ကြည့်နေရင်း။
“ဆရာနဲ့ချိန်းထားလို့လားညီမလေး ဆရာအပြင်သွားလိုက်တယ် နောက်တစ်နာရီကျော်လောက်မှပြန်ရောက်မယ်ထင်တယ်”
“အော် ဟုတ်ကဲ့ ချိန်းတော့မချိန်းထားပါဘူး လမ်းကြုံလို့ဝင်ခဲ့တာ”
“ထိုင်ပါဦး ဆရာကနည်းနည်းကြာဦးမယ်ထင်တယ်”
ဧည့်ခန်းထဲမှာတော့ ထိုင်မစောင့်ချင်ပေ။ ကိုကြီးမရှိတုန်းသူ့ရုံးခန်းထဲဝင်ပြီးစပ်စုချင်သေးသည်။
“ကိုကောင်းမွန်ထွန်းရဲ့ရုံးခန်းကဘယ်ဟာလဲဟင်”
ဒီကွန်ဒိုအခန်းဟာ ဏီဏီတို့နေတဲ့မီနီကွန်ဒိုထက်ကျယ်ပါသည်။ အခန်းဖွဲ့စည်းထားပုံကလဲ မဆိုးပေ။ ရုံးပီသစွာ သပ်သပ်ရပ်ရပ်နဲ့။ ဝန်ထမ်းတွေအများကြီးမတွေ့ရပဲ အရှေ့နားမှာ Reception ကအစ်မတစ်ယောက်နဲ့ ကိုကြီးရဲ့အတွင်းရေးမှုးအစ်မ နှစ်ယောက်သာတွေ့သလိုပင်။
“ဒီအခန်းပါ”
“အော် ကျွန်မရုံးခန်းထဲကစောင့်လိုက်မယ်”
“ဟင် အဲ့လိုမဖြစ်ဘူးလေညီမလေး ဧည့်ခန်းကပဲထိုင်စောင့်ပေးပါနော် အမကော်ဖီဖျော်ပေးပါ့မယ်”
“ရတယ် မသောက်တော့ဘူး ကျွန်မအထဲမှာပဲစောင့်လိုက်မယ်”
“မဟုတ်ဘူးညီမ ဆရာက သူမရှိတဲ့အချိန်ရုံးခန်းထဲဝင်တာမကြိုက်လို့ပါ”
ကြည်ပြာလဲ ရုံးခန်းထဲအတင်းဝင်မယ်ပြောနေတဲ့ တစ်ခါမှမမြင်ဖူးတဲ့ကောင်မလးကို ပေါ်တင်တားလိုက်တော့သည်။
သူကျတော့ ခုနတုန်းကဒီအခန်းထဲက ထွက်လာပြီး ဏီဏီကိုကျတော့မဝင်ခိုင်းဘူးဆိုတော့ ဘာသဘောလဲ။ ဏီဏီကို ကိုကြီးမိန်းမမှန်းမသိလို့ တားနေတာလားတော့မသိ။ အင်းလေ ဒီကိုတစ်ခါမှမလိုက်လာဖူးတဲ့သူကို ဘယ်သူကသိမှာလဲ။ ရုံးခန်းထဲမဝင်ဖို့တားနေတဲ့ မျက်နှာထားတင်းတင်းနဲ့အတွင်းရေးမှုးအစ်မကို ခပ်ချေချေကြည့်လိုက်ပြီး
“ကိုကောင်းမွန်ထွန်းရဲ့ဇနီးဆိုရင်တော့ ဒီအခန်းထဲဝင်ခွင့်ရှိတယ်မလား”
လေသံမာမာနဲ့ခပ်ကျောကျောပြောပြီး အခန်းထဲဝင်လာခဲ့လိုက်သည်။ အခန်းထဲရောက်တော့ ကိုကြီးရဲ့အလုပ်စားပွဲမှာ ဝင်ထိုင်လိုက်ပြီး အဲ့ဒီအစ်မရဲ့ပျက်သွားတဲ့မျက်နှာကိုမြင်ယောင်မိရင်း ကျေနပ်သလိုဖြစ်မိသည်။ သူများယောကျာ်းကို လူပျိုထင်နေကြလားမသိ။ အစ်မနှစ်ယောက်လုံး ဏီဏီနောက်ကို လိုက်ဝင်မလာခဲ့ပေ။
“ကိုကောင်းမွန်ထွန်းရဲ့ဇနီး”
တိုးတိုးလေးပြန်ပြောကြည့်ရင်း အဲ့ဒီလိုပြောလိုက်ရလို့ဘယ်လိုဖြစ်မှန်းမသိတဲ့ခံစားချက်မျိုးကိုခံစားမိသည်။ ကိုကြီးရဲ့ဇနီးလို့ ပြောလိုက်ရလို့ကျေနပ်နေတဲ့အရာဟာ ဘယ်ကနေများ ပေါက်ဖွားလာသလဲမသိ။ ရင်ထဲမှာထူးဆန်းပြီး ကြည်နူးနေမိသည်။ ရုံးခန်းထဲလျှောက်ကြည့်ရင်းစောင့်နေတာ နာရီဝက်လောက်ရှိပေမယ့် ကိုကြီးကပြန်မရောက်သေး။ ပျင်းပျင်းနဲ့ထိုင်နေရင်း စားပွဲခုံပေါ်မှောက်အိပ်ကာ အိပ်ပျော်သွားတော့သည်။
ဆိုဒ်ထဲကပြန်ရောက်လာတဲ့ကောင်းမွန် ရုံးခန်းထဲဝင်လိုက်တော့ စားပွဲပေါ်မှောက်အိပ်နေတဲ့ဏီဏီကို တွေ့လိုက်ရသည်။ သူ့အလုပ်ထဲတစ်ခါမှမလိုက်လာဖူးတဲ့သူက ဘာလို့ရောက်နေပါလိမ့်။ လာမယ်လို့လဲမပြောဖူးပဲ။ ဖုန်းလဲမဆက်နဲ့။ အိပ်ပျော်နေပုံကလဲ သူ့အိမ်သူ့ရာမှာ အိပ်နေသလို စိတ်ချလက်ချနှစ်နှစ်ခြိုက်ခြိုက်နဲ့။
လက်ပေါ်မျက်နှာတင်ပြီးအိပ်နေလို့ ဟချင်ချင်ဖြစ်နေတဲ့နုတ်ခမ်းလေးကိုကြည့်ပြီးရယ်ချင်မိသည်။ စားပွဲပေါ်ထိုင်ချလိုက်ပြီး ကိုယ်တိုင်မသိလိုက်ပဲ ဏီဏီရဲ့ပါးပြင်လေးကို ချစ်မြတ်နိုးစွာနဲ့ ဖွဖွလေးပွတ်လိုက်မိသည်။
ဒီအချိန်မှာ အခန်းတံခါးဖွင့်ပြီး ကြည်ပြာက ကပြာကယာနဲ့ဝင်လာခဲ့သည်။
“ဆရာ့အမျိုးသမီးဆိုပြီး….”
လက်ကာပြကာ ရှုးဆိုပြီးလုပ်လိုက်တဲ့ကောင်းမွန်ကိုကြည့်ပြီး ကြည်ပြာအသံတိတ်သွားရသည်။ ပြီးတော့ အလိုက်တသိ ပြန်ထွက်သွားပါသည်။ ကောင်းမွန်ကဏီဏီနိုးသွားမှာစိုးလို့ ကျောပြင်ကိုညင်သာစွာပုတ်ပေးနေသည်။
ပါးကိုဖွဖွလေးပွတ်နေကတည်းကနိုးလာတဲ့ဏီဏီဟာ ဆက်ပြီးအိပ်ချင်ယောင်ဆောင်နေမိသည်။ ငါဘာတွေဖြစ်နေပါလိမ့်။ ကျောကိုပုတ်ပေးနေတဲ့ကိုကြီးလက်က အနွေးဓါတ်ဟာ ဏီဏီနှလုံးသားကိုကူးစက်လာကာပူနွေးစေပါသည်။ ကိုကြီးအပြင် ထွက်သွားတော့မှ ဒီအချိန်ခဏလေးကိုပြန်လိုချင်သလိုခံစားနေမိသည်။ ငါ ကိုကြီးကိုချစ်နေမိပြီလားလို့ တွေးမိရင်း ရင်ထဲမှာထပ်ပြီးလှုပ်ခါပူနွေးသွားရပြန်သည်။
“ကြည်ပြာ ဘာပြောစရာရှိလို့လဲ”
“ဟုတ် ဆရာ ဆရာပြန်လာတုန်းကကျွန်မ Toilet ထဲဝင်နေလို့ ဆရာကိုမပြောလိုက်ရလို့ ဟို ဆရာ့အမျိုးသမီးကို ကျွန်မက မသိလို့ အခန်းထဲမဝင်ဖို့ တားလိုက်မိတယ်”
“အော် ရပါတယ် တခြားအလုပ်ကိစ္စရောရှိသေးလား”
“ဟုတ် သီလဝါဆိုဒ်ထဲကပို့ခဲ့တဲ့ပစ္စည်းဝယ်ဖို့စာရင်းတွေဆရာ့စားပွဲပေါ်တင်ထားပေးတယ် ဆရာလက်မှတ်ထိုးပေးပြီးရင် ကျွန်မလာယူပါ့မယ်”
“အင်း ကြည့်လိုက်ဦးမယ်လေ”
ကြည်ပြာနဲ့ပြောပြီးအခန်းထဲပြန်ဝင်ခဲ့တော့ ဏီဏီကနိုးနေပြီ။ အပျင်းကြောဆန့်နေတဲ့ဏီဏီကိုပြုံးပြလိုက်ရင်း
“နိုးနေပြီလား”
“ဟုတ် ကိုကြီးဘယ်အချိန်ကပြန်ရောက်တာလဲ”
အခုမှနိုးလာသလိုဟန်ဆောင်ပြီး ခုနတုန်းကအဖြစ်အပျက်လေးကြောင့်ရင်ထဲတမျိုးခံစားရတာကိုဖုံးဖိလိုက်မိသည်။
“ခုလေးတင်ပဲ ပြောပါဦး ထူးထူးဆန်းဆန်းရုံးကိုလိုက်လာတာ ဘာလာလုပ်တာလဲ”
“ဟင် ကိုယ့်ယောကျာ်းရဲ့ရုံးကိုလာတာပဲ ဘာထူးဆန်းလို့လဲ”
မကျေမနပ်နဲ့ ကိုယ့်ယောကျာ်းလို့ပြောလိုက်ပြီးမှ ရှက်သွားမိပေမယ့် မသိချင်ယောင်ဆောင်လိုက်သည်။
ဏီဏီကအမှတ်တမဲ့ပြောလိုက်တယ်ဆိုပေမယ့် သူကတော့မှတ်မှတ်ရရခံစားလိုက်ရသည်။ ဒီကလေးမလေးကြောင့် အခုတလော သူ့နှလုံးသားဟာ ထိန်းနေတဲ့ကြားက စည်းချက်မမှန်တော့ပေ။
“မသိဘူးလေ တစ်ခါမှမလာဖူးတော့…”
“ဏီဏီတစ်ခါမှမလာဖူးလို့ အလုပ်ထဲကလူတွေက ကိုကြီးကိုလူပျိုလို့ထင်နေကြတာပေါ့”
ခေါင်းစောင်းကြည့်ပြီးရန်ရှာနေတဲ့ဏီဏီမျက်နှာဟာ အလိုမကျမှုတွေနဲ့စူပုတ်နေသည်။ သူ့ရုံးခန်းထဲဝင်ထိုင်စောင့်ဖို့ အပေါက်နားမှာ တားခံလိုက်ရတာကို မကျေမနပ်ဖြစ်နေပုံပင်။
“အင်း ထင်တဲ့လူလဲရှိချင်ရှိမှာပေါ့ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာနဲ့ဘယ်သူတွေဘာထင်လဲတောင်သတိမထားမိဘူး”
ကုမ္ပဏီစထောင်တုန်းကလူပျိုဆိုတော့ ရုံးကလူတွေက သူ့ကိုလူပျိုလို့ပဲထင်ကြပေလိမ့်မည်။ မင်္ဂလာဆောင်တာလဲမဟုတ်။ မိန်းမခိုးပြေးပါတယ်ဆိုတဲ့အကြောင်းကို ဘယ်သူကိုမှတကူးတကလိုက်မပြောဖြစ်ပါ။
“နောက်ရက်တွေလဲလာဦးမှပါ ဒါမှကိုကြီးနားကို ကောင်မလေးတွေမကပ်မှာ”
ကောင်းမွန် ဏီဏီမျက်နှာကို သေချာကြည့်လိုက်မိသည်။ ဏီဏီပြောတဲ့စကားတွေက ပုံမှန်မဟုတ်သလိုပင်။
“ဘာကြည့်တာလဲ ဏီဏီလာတာမကျေနပ်ဘူးလား”
“မဟုတ်ပါဘူး ကျေနပ်ပါတယ် သူများတွေကိုယ့်မိန်းမလို့ထင်သွားရင်ဏီဏီအတွက်မကောင်းဘူးလားလို့”
“ဘာလို့မကောင်းရမှာလဲ လူတကာထင်နေတာပဲကို ကိုကြီးအလုပ်ကလူတွေပဲကွက်ပြီးမသိနေတာ လာမှာပဲ”
ပေစောင်းစောင်းပြန်ပြောနေတဲ့ကလေးမလေးကို ချစ်စနိုးကြည့်လိုက်မိရင်း
“ကဲ ငဂျစ်မလေး ဘာပူဆာမလို့လာတာလဲ”
“ဟဲ ညော်နေရလို့ ပူဆာဖို့ကိုမေ့သွားတာ ဒီနားရောက်လာတာနဲ့ကိုကြီးဆီဝင်လည်ရင်း မုန့်ဝယ်ကျွေးခိုင်းမလို့ အလုပ်ရှိသေးလားဟင်”
တမင်လာတယ်လို့ပြောလို့ဘယ်ဖြစ်မလဲနော်။ နောက်ဆိုလဲ လမ်းတွေက ခဏခဏကြုံနေဦးမှာပါ။
“အင်း ခဏစောင့် ဒါလေးလက်မှတ်ထိုးဖို့ကြည့်လိုက်ဦးမယ် ပြီးရင်သွားမယ်လေ”
“ဒီမှာထိုင်မှာလား ဏီဏီထပေးမယ်”
“မထိုင်ဘူး ရတယ် ထိုင်နေ”
စားပွဲပေါ်တင်ထားတဲ့ Request form ကိုယူလိုက်ပြီး မတ်တပ်ရပ်ရက်ပဲစစ်ကြည့်လိုက်သည်။
“ဘာတွေကြည့်နေတာလဲ”
“ဆိုဒ်ထဲကလိုအပ်တဲ့ပစ္စည်းစာရင်းလေ မနက်ဖြန်ဝယ်လို့ရအောင်ဒီနေ့စစ်ပြီးလက်မှတ်ထိုးပေးရမှာ”
“ကိုကြီးပဲ အားလုံးလုပ်ရတာလား”
“အင်း အားလုံးတော့မဟုတ်ပါဘူး အခုမှကုမ္ပဏီပေါက်စဆိုတော့ အားလုံးပါနေရသေးတာပေါ့ လူတွေအများကြီးမှ မငှားနိုင်သေးတာ”
“အင်းနော် ခုနကဏီဏီမြင်တာ အပြင်မှာအစ်မနှစ်ယောက်ပဲရှိသလိုပဲ”
သူ့အဖေကုမ္ပဏီလိုလူတွေအများကြီးမတွေ့ရလို့ ထူးဆန်းနေပုံပင်။
“အာ အဲ့လိုလဲမဟုတ်ဘူးလေ လူတွေအားလုံးဒီမှာဘယ်ရှိမလဲ ဆိုဒ်ထဲသွားကြပြီလေ ရုံးတွင်းပိုင်းလုပ်ရတဲ့လူတွေပဲ ကျန်ခဲ့တာပေါ့ လေးငါးယောက်လောက်ကျန်ပါတယ်ဏီဏီရဲ့ တခြားလူတွေကဟိုဘက်အနောက်ဖက်မှာရောက်နေလို့”
“အော် မသိပါဘူး ဏီဏီရောလုပ်ကူရမလား လစာဘယ်လောက်ပေးမှာလဲ”
ဘာမှမလုပ်ရသေးပဲ လစာအများကြီးရမယ်ထင်ပြီး မျှော်လင့်တကြီးမေးနေတဲ့ဏီဏီကို စချင်မိသည်။
“အလုပ်တစ်ခါမှမလုပ်ဖူးဘူးဆိုတော့ နှစ်သိန်းကနေစပေးမယ်လေ”
“ဟင် နှစ်သိန်း??? တစ်လလုံးလုပ်မှနှစ်သိန်း”
“အင်းလေ နည်းနည်းသိလာရင်သိလာသလိုလစာတိုးပေးမယ်လေ”
“မလုပ်တော့ဘူး အိမ်မှာနေပြီးမုန့်ဖိုးပဲယူတော့မယ်”
“သဘောဗျာ”
မျက်နှာရှုံ့ပြီးပြောနေတဲ့သူမ တစ်ရက်သုံးခဲ့တဲ့ပိုက်ဆံလောက်တောင်မရှိတော့ ဘယ်လုပ်ချင်ပါ့မလဲ။ ဏီဏီက ကံကောင်းတဲ့မိန်းကလေးလို့ ဆိုရပါမည်။ မွေးကတည်းကလိုလေသေးမရှိချမ်းချမ်းသာသာနေခဲ့ရပြီး အခုလိုအိမ်က စွန့်ပစ်ထားချိန်မှာတောင် သူ့ဆီမှာ စိတ်တိုင်းကျဗိုလ်ကျခွင့် ရှိနေပါသေးသည်။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ ပြည့်ဝတဲ့သူပါ။ ကိုယ်ကပဲချစ်နေမိလို့လားတော့မသိ။ သူဘာလုပ်လုပ်၊ ဘယ်လောက်အနိုင်ယူယူ အပြစ်မမြင်နိုင်ပဲ ဆိုးနွဲ့သမျှတိုင်းကို ပိုပိုပြီးသာချစ်လာရပါသည်။

အားပေးမှုကိုကျေးဇူးတင်ပါတယ်။ 
N.Maria Seng
Photo#Credit

Zawgyi font

လွပေသာတစုံတရာ (Something Beautiful)
အပိုင္း (၃)

ေကာင္းမြန္ဘဲလ္သံၾကားလို႔ အခန္းတံခါးဖြင့္ၾကည့္လိုက္မိေတာ့ Luggage အႀကီးႀကီးႏွစ္လုံးနဲ႕ ကာတြန္း႐ုပ္အိတ္ႀကီး တစ္လုံးနဲ႕ ရပ္ေနတဲ့ ေကသရီ။
“ေအာ္ မေကသရီ ဏီဏီဆီလာတာလား”
“ဟုတ္ ကိုေကာင္းမြန္ ဏီဏီေရာ”
“ရွိတယ္ မေကသရီ အထဲဝင္ပါဦး”
အထုပ္ေတြကို အူေၾကာင္ေၾကာင္ၾကည့္ေနတဲ့ေကာင္းမြန္ကို ေကက ေျပာလိုက္သည္။
“ဏီဏီပစၥည္းေတြလာပို႔ေပးတာ”
“ဗ်ာ”
ေယာက်ာ္းေနာက္လိုက္ေျပးတဲ့ညီမေနာက္ကို အထုပ္ေတြလိုက္ပို႔တဲ့အစ္မလဲရွိေသးေလသည္။ ေကာင္းမြန္အထုပ္ေတြကို ဆြဲကူလိုက္သည္။ ေကက ေကာင္းမြန္အခန္းထဲတစ္ခ်က္ေဝ့ၾကည့္ကာစပ္စုလိုက္သည္။ မဆိုးလွပါ။ အိပ္ခန္းႏွစ္ခန္းနဲ႕ မီနီကြန္ဒိုေလးဟာ သူတို႔ႏွစ္ေယာက္ေနဖို႔အတြက္ေတာ့ အေနေတာ္ပင္။
“ဏီဏီ ဘာလုပ္ေနတာလဲဟင္”
“ခုနတုန္းက ငိုၿပီးေမာလာလို႔အခန္းထဲဝင္သြားတာ အိပ္ေပ်ာ္ေနၿပီထင္တယ္ အသံမၾကားေတာ့ဘူး ဟိုအခန္းထဲမွာရွိတယ္”
အခန္းတံခါးဖြင့္ၾကည့္လိုက္ေတာ့ ကုတင္ေပၚမွာေကြးေကြးေလးအိပ္ေပ်ာ္ေနတဲ့ညီမေလးကိုၾကည့္ၿပီး ေကသနားတဲ့ၾကားက ရယ္ခ်င္မိသည္။ စိတ္ညစ္ေနလို႔သာေတာ္ေသးသည္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနပုံက ဘာအပူအပင္မွမရွိသလိုပင္။
“ကိုေကာင္းမြန္ ကြၽန္မညီမေလးကိုေစာင့္ေရွာက္ေပးပါေနာ္ ေဖေဖကအရမ္းစိတ္ဆိုးေနတာ ကိုေကာင္းမြန္ကိုေမးတုန္းက ဝန္မခံပဲ အခုမွခိုးေျပးလို႔ဆိုၿပီး….”
“ဟို တခုခုအထင္လြဲေနၿပီထင္တယ္ မေကသရီ”
“ေကလို႔ပဲေခၚလို႔ရပါတယ္ကိုေကာင္းမြန္ အမ်ိဳးေတြျဖစ္ေနၿပီပဲ ဒါေပမယ့္ကြၽန္မကအစ္မဆိုေတာ့ဝါႀကီးတယ္ေနာ္”
ၿပဳံးၿပဳံးေလးနဲ႕ရင္းရင္းႏွီးႏွီးစေႏွာက္ေနတဲ့ေကကို ေကာင္းမြန္ကရွင္းျပဖို႔ႀကိဳးစားလိုက္သည္။
“ခဏထိုင္ပါဦး ကြၽန္ေတာ္ေသခ်ာရွင္းျပပါမယ္”
ေကက ခုံမွာဝင္ထိုင္လိုက္ၿပီး။
“ဟုတ္ ေဖေဖကေတာ့ သူ႕အခ်စ္ဆုံးသမီးေယာက်ာ္းေနာက္လိုက္ေျပးတယ္ဆိုေတာ့ စိတ္ဆိုးေနတာေပါ့ ေနာက္ကို ျပန္ေခၚမွာပါ အခုေတာ့သိတဲ့အတိုင္း စိတ္ဆိုးေနေတာ့ အိမ္ရိပ္ေတာင္လာမႏွင္းခိုင္းနဲ႕တဲ့ ကြၽန္မလဲတတ္နိုင္သေလာက္ ေျဖာင္းဖ်ေပမယ့္မရဘူးရွင့္ ကိုေကာင္းမြန္က လူေကာင္းဆိုေတာ့ ဏီဏီကို သားမွတ္မွတ္၊ မယားမွတ္မွတ္ေပါင္းမွာပါလို႔..”
“မဟုတ္ဘူး ေကသရီ အန္ကယ္အထင္လြဲသြားတာ”
“ရွင္ ဘာကိုအထင္လြဲသြားတာလဲ”
ေကသရီစိတ္ထဲသ႐ုပ္ေဆာင္ေကာင္းလြန္းတဲ့ကိုယ့္ကိုကိုယ္အကယ္ဒမီျပန္ေပးေနမိသည္။ နားမလည္နိုင္သလို မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ေနရင္း ရယ္ခ်င္စိတ္ကိုမနည္းထိန္းေနရသည္။
“ကြၽန္ေတာ္နဲ႕ဏီဏီကိုေလ ကြၽန္ေတာ္တို႔ခိုးေျပးတာမဟုတ္ဘူး”
ေကက ဘာမွမသိပဲ စဥ္းစားေနသလိုပုံစံနဲ႕
“ခိုးေျပးတာမဟုတ္ဘူးဆိုေတာ့ ဘာကိုေျပာတာလဲမသိဘူး ႐ုံးကလူေတြကလဲ ရွင္တို႔ခိုးေျပးသြားတယ္လို႔ပဲေျပာေနၾကတာ ကြၽန္မတို႔အသိုင္းအဝိုင္းထဲ ဒီအေၾကာင္းေတြအားလုံးျပန႔္ေနၿပီးမွ ခိုးေျပးတာမဟုတ္ဘူးဆိုေတာ့ ကြၽန္မညီမေလးကို ကိုေကာင္းမြန္ဘယ္လိုတာဝန္ယူေပးမွာလဲ”
“ဗ်ာ…. ဟာ အထင္မွားကုန္ၿပီ ဏီဏီေတာ့ဒုကၡပဲ ကြၽန္ေတာ္ဘယ္လိုလုပ္ေပးရမယ္မွန္းမသိေတာ့ဘူး”
သူ႕အတြက္ကိုစိတ္မပူပဲ ဏီဏီအတြက္သာစိတ္ပူေနတဲ့ေကာင္းမြန္ပါ။
“ကိုေကာင္းမြန္နဲ႕ခိုးေျပးတာမဟုတ္ရင္ ဏီဏီကဘာလို႔ဒီကိုေရာက္ေနတာလဲ ခိုးရာလိုက္ေျပးဖို႔ဖုန္းေျပာၿပီးထြက္သြားတာ လိုက္ရွာေတာ့ ဒီမွာလာေတြ႕တာမလား ေဖေဖလဲကိုေကာင္းမြန္နဲ႕ခိုးေျပးတယ္ပဲထင္သြားတာေပ့ါ ႐ုံးကလူေတြကလဲ ႏွစ္ေယာက္ကိုအၿမဲတတြဲတြဲေတြ႕ေနရေတာ့ ကိုေကာင္းမြန္နဲ႕လိုက္ေျပးတာဆိုၿပီးေျပာေနၾကတာ”
ႀကံရာမရဟန္ျဖင့္စိတ္ရႈပ္ေနသူကိုၾကည့္ၿပီး ေကသနားလဲသနားမိသည္။ သူ႕ခမ်ာ ဏီဏီအတြက္ စိုးရိမ္ေနပုံပင္။
“ကြၽန္မ အခန္းထဲသြားလိုက္ဦးမယ္”
ေကသရီကအခန္းထဲဝင္သြားေတာ့ ဏီဏီရဲ႕အထုပ္ေတြကို ေကာင္းမြန္ကအခန္းထဲသြင္းေပးလိုက္ၿပီး ျပန္ထြက္လာခဲ့သည္။
ေကက အိပ္ေပ်ာ္ေနတဲ့ညီမမ်က္ႏွာကို ငုံ႕ၾကည့္လိုက္ရင္း စိတ္မေကာင္းျဖစ္သြားမိသည္။ ကေလးသာသာအသိဉာဏ္နဲ႕ ဇြတ္တ႐ြတ္လုပ္တဲ့ဏီဏီကို အခုလိုအျဖစ္မ်ိဳးနဲ႕မႀကဳံေစခ်င္ပါ။ တကယ္လဲေယာက်ာ္းေနာက္လိုက္ေျပးတာမဟုတ္ရပဲ။ ထူးေဇာ္နဲ႕သာလိုက္ေျပးသြားရင္ေဖေဖအမွန္တကယ္ကိုစိတ္ဆိုးပါလိမ့္မည္။ အခုလိုျဖစ္သြားေတာ့လဲ တမ်ိဳးေကာင္းတာပင္။ အခ်စ္အတြက္ပူေလာင္ေနရတဲ့သူ႕ဘဝေလး ေအးေအးခ်မ္းခ်မ္းတည္တည္ၿငိမ္ၿငိမ္ျဖစ္သြားလိမ့္မည္ ထင္ပါသည္။
ကာတြန္းအိတ္ႀကီးကိုဖြင့္ကာ အ႐ုပ္ေတြထုတ္ၿပီး ကုတင္ေပၚတန္းစီတင္ေပးေနတဲ့ေကကို အေပါက္နားကေန ရပ္ၾကည့္ေနတဲ့ေကာင္းမြန္ အံ့ၾသေနမိသည္။ Stitch အ႐ုပ္အႀကီးႀကီးတစ္႐ုပ္အပါအဝင္ အမ်ိဳးအစားေပါင္းစုံငါး႐ုပ္တင္ၿပီး အိတ္ထဲလဲဘာမွရွိေတာ့ပုံမေပၚေပ။ အိပ္ေပ်ာ္ေနတဲ့ဏီဏီကေတာ့ တုတ္တုတ္မွမလႈပ္ေပ။
“ကိုေကာင္းမြန္ ဒီဗီရိုကသုံးလို႔ရလား”
“ဟုတ္ကဲ့ ရတယ္ ကြၽန္ေတာ့ပစၥည္းနည္းနည္းပဲရွိတာ ကြၽန္ေတာ္ထုတ္ေပးမယ္”
သူ႕အက်ီေတၤြကို ကြၽတ္ကြၽတ္အိတ္နဲ႕အေျပးလႊားေကာက္ထည့္လိုက္ၿပီး ထြက္လာခဲ့လိုက္သည္။ ေကကေတာ့ Luggage ႏွစ္လုံးဖြင့္ကာ သူ႕ညီမအဝတ္အစားမ်ားကို သပ္သပ္ရပ္ရပ္ထည့္ေပးေနေလသည္။ လက္ကိုင္အိတ္ႏွစ္လုံးေတာင္ပါ လိုက္ေသးသည္။ ေယာက်ာ္းေနာက္လိုက္ေျပးပါတယ္ဆိုတဲ့ညီမေနာက္ကိုလိုက္ၿပီး အျပည့္အစုံလာလုပ္ေပးေနတဲ့အစ္မမ်ိဳး ဒီတစ္ေယာက္သာေတြ႕ဖူးေလသည္။ အားလုံးထည့္ၿပီးသြားေတာ့ Luggage ထဲမွာ Make-up Box နဲ႕ ကြၽတ္ကြၽတ္အိတ္ တစ္လုံးသာက်န္ေနသည္။ ေကာင္းမြန္ရဲ႕ ဘာမွမရွိတဲ့စားပြဲခုံကို ေသခ်ာသုတ္ကာ ထိုအိတ္ကိုဖြင့္ၿပီး အလွတင္တဲ့ အ႐ုပ္ပိစိေလးေပါင္းစုံကို တန္းစီၿပီး တင္ေပးေနျပန္သည္။
“မွန္တင္ခုံလဲမရွိဘူး”
သူ႕ဘာသာတီးတိုးေရ႐ြတ္ေျပာေနတဲ့ေကကိုေကာင္းမြန္ေမးခ်င္ပါသည္။ ဏီဏီကိုသူနဲ႕တကယ္ႀကီး ပစ္ထားခဲ့ေတာ့မွာလား ဆိုတာကိုေပါ့။ တခဏအတြင္းမွာပဲ သူေနခဲ့တဲ့အခန္းေလးဟာ မိန္းကေလးတစ္ေယာက္အခန္းအျဖစ္ အသက္ဝင္ လွပသြားခဲ့သည္။
“ဏီဏီကအ႐ုပ္ေလးေတြအရမ္းခ်စ္တာ သူ႕အခန္းထဲမွာဆိုအ႐ုပ္ေတြအျပည့္ပဲ သူအရမ္းႀကိဳက္တာေလးေတြပဲ ေ႐ြးယူလာတာ”
ေတာ္ေသးတယ္ ေ႐ြးယူလာလို႔ပဲ။ အားလုံးသာယူခဲ့ရင္အခန္းဆံ့မည္မထင္ပါ။
“မနက္ျဖန္က်ရင္မွန္တင္ခုံဝယ္ၿပီးလာပို႔မယ္ ဘယ္နားထားရင္သင့္ေတာ္မလဲဟင္ အလင္းေရာင္ရတဲ့ေနရာဆို ဟိုနား…”
မွန္တင္ခုံထားဖို႔ေနရာ စဥ္းစားေနတဲ့ေကက ေကာင္းမြန္အျဖစ္ကိုရိပ္မိပုံမရ။ အလွႀကိဳက္တဲ့သူ႕ညီမေလး အလွေကာင္းေကာင္းမျပင္ရမွာကိုသာ ပူပန္ေနပုံပင္။ ေကာင္းမြန္ကေခါင္းကုတ္မိလိုက္ရင္း
“ေကသရီ ဏီဏီကဒီမွာပဲေနေတာ့မွာလားဟင္”
ေကသရီက ေကာင္းမြန္ကိုနားမလည္သလိုလွည့္ၾကည့္လာခဲ့သည္။
“ဒီမွာမေနလို႔ဘယ္နားသြားေနရမွာလဲကိုေကာင္းမြန္ ေဖေဖကအရမ္းစိတ္ဆိုးေနတာ သူ႕မွာသြားစရာေနရာမရွိဘူး ၿပီးေတာ့ အခုအခ်ိန္မွာရွင္တို႔ကခိုးေျပးၿပီးသား လင္မယားျဖစ္ေနၿပီေလ”
အထင္လြဲေနတာေတြကို ေသခ်ာေျဖရွင္းရန္စကားလုံးရွာေနစဥ္ ေဘာင္းဘီအိတ္ထဲကဖုန္းသံျမည္လာခဲ့သည္။
“ဟဲလို”
“ဟဲလိုမေနနဲ႕ေဟ့ေကာင္ မင္းမိန္းမခိုးေျပးသြားတာဆို”
“ဟင္ မင္းဘယ္ကၾကားတာလဲသားတူး”
“မင္းတို႔ေဘာ့စ္သမီးကိုခိုးေျပးသြားတာဆို ဘားမွာေတြ႕တဲ့ကေလးမေလးမလား ငါထင္သားပဲ မင္းအဲ့ဒီေကာင္မေလးကို ႀကိတ္ေႂကြေနတယ္ဆိုတာ”
ေကာင္းမြန္ ေကကိုမလုံမလဲၾကည့္မိရင္း သူ႕အခန္းထဲဝင္လာခဲ့လိုက္သည္။
“မင္းဘယ္ကၾကားတာလဲလို႔”
“အံမယ္ မင္းကဖုံးဖိဖို႔ႀကိဳးစားေနတာလား ဇင္ကိုေျပာတာေလ ဒီေန႕ခိုးေျပးသြားတာဆို မင္းကအခုဘယ္မွာလဲ”
“ဘယ္မွာရမွာလဲ ငါ့အိမ္မွာေပါ့”
“ဟ ပိုင္လွတယ္ ေအးေလ မင္းတစ္ေယာက္ထဲေနတာကို တျခားေနရာကိုခိုးေျပးစရာမွမလိုတာ”
သူဘာမွထပ္မရွင္းျပခ်င္ေတာ့ပါ။ ဘယ္ကထြက္မွန္းမသိတဲ့သတင္းေတြေၾကာင့္ သူနဲ႕ဏီဏီကိုလူေတြအထင္လြဲကုန္ၾကၿပီ။ သူကကိစၥမရွိေပမယ့္ ဏီဏီနိုးလာရင္ ဘယ္လိုျဖစ္ဦးမလဲမသိေပ။ ျမန္မာျပည္ေျခခ်တာနဲ႕ တန္းၿပီးမိန္းမရတဲ့ သူ႕အျဖစ္ဟာ အူေၾကာင္ေၾကာင္နိုင္လြန္းလွသည္။
“ေကာင္းမြန္ ဘာလို႔တိတ္သြားတာလဲ ငါတို႔ဘာကူညီေပးရမလဲ”
“ဘာမွမလိုဘူး ဒါပဲကြာ”
စိတ္ရႈပ္ရႈပ္နဲ႕ဖုန္းကိုကုတင္ေပၚပစ္တင္လိုက္ရင္း သူပါလွဲခ်လိဳက္ေတာ့သည္။ ဘာေတြလဲကြာ။ ဘာေတြျဖစ္ကုန္မွန္းမသိပဲ ေန႕တစ္ပိုင္းအတြင္းသူ႕ဘဝႀကီးေျပာင္းလဲသြားေတာ့သည္။ အခုလိုပုံစံမ်ိဳးနဲ႕မိန္းမရသြားလိမ့္မယ္လို႔ တစ္ခါမွကို မစဥ္းစားခဲ့ဖူးေပ။ ဏီဏီနဲ႕သာတကယ္လက္ထပ္ရရင္ ဘာေတြဆက္ျဖစ္မလဲမသိေတာ့။ သူကအရင္ကတည္းက ႀကိဳက္ေနခဲ့သူဆိုေတာ့ လက္ထပ္ရလဲဘာမွမျဖစ္ေပမယ့္ ဒီငဂ်စ္မေလးက ထူးေဇာ္ကိုသာ အ႐ူးအမူးခ်စ္တာမလား။ သူနဲ႕ယူဖို႔ဘယ္လက္ခံနိုင္ပါ့မလဲ။ ကုတင္ေပၚလူးလိမ့္ေနမိရင္း ဆယ္မိနစ္ေလာက္ၾကာမွ ေကသရီကို သတိရၿပီး အခန္းထဲက ထြက္လာခဲ့ခ်ိန္မွာေတာ့ ဧည့္ခန္းထဲမွာထိုင္ေနတဲ့ ဏီဏီတစ္ေယာက္ကိုသာေတြ႕ရသည္။
အိပ္ခ်င္စိတ္သိပ္မေျပေသးတဲ့ပုံစံနဲ႕ဏီဏီက အခန္းထဲကထြက္လာတဲ့ေကာင္းမြန္ကို ေၾကာင္ေတာင္ေတာင္ လွည့္ၾကည့္ခဲ့သည္။
“ေကသရီေရာ”
“ျပန္သြားၿပီ”
သူ႕အစ္မဘာေျပာသြားလဲမသိ။ ဘရဏီက မ်က္ႏွာခ်င္းဆိုင္ခုံမွာထိုင္လိုက္တဲ့ေကာင္းမြန္ကို မၾကည့္ပဲ မ်က္ႏွာငယ္နဲ႕ေခါင္းငုံ႕ ထိုင္ေနသည္။
“ေဖေဖက အိမ္ကိုလုံးဝျပန္မလာနဲ႕တဲ့ ဘယ္လိုလုပ္ရမွာလဲ ဏီဏီမွာ ပိုက္ဆံလဲမရွိဘူး သြားစရာေနရာလဲမရွိဘူး”
“သြားစရာမရွိလဲ ဒီမွာေနေပါ့ ဏီဏီအေဖစိတ္ဆိုးေျပတဲ့အခ်ိန္မွျပန္ေလ”
“မမေကကေျပာတယ္ ဏီဏီျပန္လာလို႔မရေတာ့ဘူးတဲ့ ေယာက်ာ္းရၿပီးသြားၿပီတဲ့”
“ဟမ္…”
“ေဖေဖကျပန္လိုက္မခံေတာ့ဘူး အရမ္းစိတ္ဆိုးေနတာတဲ့ ကိုေကာင္းမြန္နဲ႕ပဲတသက္လုံးေနေတာ့တဲ့”
ဏီဏီပုံစံက တခုခုကိုစိတ္ပူေနပုံပင္။ အတန္ၾကာငိုင္ငိုင္ေတြေတြစဥ္းစားေနရင္း။
“ကိုႀကီး ကိုႀကီးနဲ႕ဏီနဲ႕က တကယ္လင္မယားမဟုတ္ဘူးမလားဟင္”
စစခ်င္းေတာ့ ဏီဏီဘာကိုဆိုလိုေနလဲနားမလည္။ ေနာက္မွ သူမဘာကိုလန႔္ေနလဲဆိုတာ သေဘာေပါက္ေတာ့သည္။
“အာ မဟုတ္ပါဘူး ဏီကကိုႀကီးရဲ႕ညီမေလးပါ ေနာ္ ဘာမွေလွ်ာက္ေတြးမေနနဲ႕ အဲ့ဒီအခန္းထဲမွာဏီေနေလ ကိုႀကီးက ဒီဘက္အခန္းထဲမွာေနလိုက္မယ္”
အရင္ကသူေနတဲ့ Master bedroom ကိုဏီဏီကိုအပိုင္စားအပ္ႏွင္းလိုက္ေလသည္။ ခုေလးတင္ပဲ ပစၥည္းေတြသိပ္မရွိတဲ့ ထိုအခန္းေလးဟာ အ႐ုပ္ေပါင္းစုံနဲ႕မိန္းကေလးအခန္းအျဖစ္ခ်က္ခ်င္းေျပာင္းလဲသြားခဲ့တာမလား။
“ေတာ္ေသးပါရဲ႕ ေယာက်ာ္းရေတာ့မလို႔”
အခုမွစိတ္ေအးသြားတဲ့ပုံနဲ႕ ရင္ဘတ္ဖိရင္းေျပာေနတဲ့ ဏီဏီကိုၾကည့္ကာ ရယ္ခ်င္စိတ္ကိုမနည္းထိန္းထားရသည္။ ရည္းစားထားတုန္းကထားၿပီး အခုမွေယာက်ာ္းရမွာကို လာေၾကာက္ေနသည္။ ဒါေပမယ့္ သူနဲ႕မို႔ မရခ်င္တာျဖစ္ေပလိမ့္မည္။ ထူးေဇာ္နဲ႕ဆိုရင္ေတာ့။ ဘာေၾကာင့္မွန္းမသိ။ ဒီအေတြးက သူ႕ရင္ကိုမြန္းၾကပ္ေစပါသည္။
လူေတြအျမင္မွာေတာ့ သူနဲ႕ဏီဏီကလင္မယားျဖစ္ေနခဲ့ေပမယ့္ တကယ္တမ္းေတာ့ ဘာမွမပတ္သက္ၾကတာ သူတို႔ႏွစ္ေယာက္သာ အသိဆုံးပင္။ လက္ထပ္ျခင္း၊မထပ္ျခင္းဟာ သူတို႔ႏွစ္ေယာက္ရဲ႕ကိစၥသာျဖစ္ေပမယ့္ လူေတြရဲ႕ ခိုးေျပးၿပီးသားဆိုတဲ့ထင္ျမင္ခ်က္ႀကီးေၾကာင့္ ပတ္ဝန္းက်င္အျမင္မွာ ဏီဏီဟာအပ်ိဳျပန္မျဖစ္နိုင္ေတာ့ပါ။ ဒီကေလးမဟာ သူ႕ဆီလာလည္တာကလြဲလို႔ ဘာမွလဲမလုပ္လိုက္ရပါပဲ။ အခုေတာ့အဖတ္ဆယ္မရတဲ့ကိစၥေတြျဖစ္ကုန္ၿပီ။ သူပါၾကားေခ်ာင္ အမ်ားအျမင္မွာ ခိုးေျပးၿပီးတဲ့အိမ္ေထာင္သည္ဘဝကိုခံယူလိုက္ရေတာ့သည္။
အိမ္ျပန္ေရာက္ရင္ ေအးေအးေဆးေဆးနားဖို႔ႀကံစည္ထားခဲ့တာ။ အေအးေဆးလြန္ၿပီး မိန္းမပါရသြားေလတဲ့သူ႕အျဖစ္ဟာ ရယ္စရာေကာင္းလြန္းလွသည္။ ဏီဏီကိုသူခ်စ္တယ္ဆိုေပမယ့္ ရယူလိုစိတ္မရွိခဲ့ပါ။ အခုလိုႀကံႀကံဖန္ဖန္ျဖစ္လာတဲ့ အေျခအေနကိုလဲ နားမလည္နိုင္ေတာ့။
“အယ္ ဒါနဲ႕ ဒီအေၾကာင္းေတြကိုႀကီးခ်စ္သူသိသြားရင္ဘယ္လိုလုပ္မလဲ ကိုႀကီးကိုမုန္းသြားေတာ့မွာေပါ့”
ဏီဏီေျပာမွပဲ သူ႕ခ်စ္သူဆိုတာကိုသတိရသြားမိသည္။
“ဘာမွမျဖစ္ပါဘူး”
“ဘာလို႔ဘာမွမျဖစ္ရမွာလဲ ဏီဏီ့ခ်စ္သူသာဒီလိုျဖစ္ရင္ဏီဏီအရမ္းစိတ္ဆိုးမိမွာ လိုက္ရွင္းျပေပးရမလား”
“ရပါတယ္ဆိုကြာ”
“ကိုႀကီးေနာ္ သူ႕အတြက္ေျပာေနတာကို”
ေကာင္းမြန္ဆံပင္ေတြထဲ လက္ေခ်ာင္းေတြထိုးထည့္လိုက္ရင္း
“တကယ္ေတာ့… ကိုယ့္မွာခ်စ္သူမရွိဘူး”
“ဟင္ တကယ္ ဒါဆိုဏီဏီကိုဘာလို႔ခ်စ္သူရွိတယ္လို႔လိမ္ေျပာခဲ့တာလဲ”
“ကိုယ္ မလိမ္ပါဘူး ဏီဏီဘာသာထင္ေနလို႔ ဒီအတိုင္းထားလိုက္တာ”
“အံ့ၾသပါ့ ေၾသာ္ ဏီဏီေခၚတာကိုမလာခ်င္လို႔ျငင္းလို႔ေကာင္းေအာင္ေခ်ာ္လဲေရာထိုင္လုပ္လိုက္တာေပါ့ေလ”
“အင္း အဲ့ဒီလိုပဲျဖစ္သြားတယ္”
အခုမွဏီဏီစိတ္ေအးသြားရသည္။ ဒါမွမဟုတ္ရင္ ကိုႀကီးခ်စ္သူကိုအားနာေနရဦးမွာ။
“ေကာင္းတယ္ေလ အခုေတာ့ဘာတတ္နိုင္ေသးလဲ ဏီဏီနဲ႕တသက္လုံးအတူတူေနရေတာ့မွာတဲ့ ဘယ္လိုလုပ္မလဲ”
သူအခုလိုျဖစ္တာကိုဝမ္းသာအားရေနသလို အက်င့္ပုတ္တဲ့မ်က္ႏွာေပးနဲ႕ခပ္ေမာ့ေမာ့ေျပာေနတဲ့ဏီဏီကို ကိုယ္ကေတာ့ ဝမ္းသာတာေပါ့လို႔ တိတ္တိတ္ေလးျပန္ေျပာလိုက္သည္။ ဒီကေလးမေလးဟာ သူ႕ကိုအက်င့္ပုတ္ခ်င္ေဇာနဲ႕ ကိုယ္တိုင္က ဘာျဖစ္ေနလဲဆိုတာကို ေမ့သြားပုံေပၚသည္။ ငိုၿပီးအိပ္ထားလို႔ေဖာင္းအစ္ေနတဲ့မ်က္ႏွာကိုၾကည့္ၿပီး အသဲယားလို႔ ႏုတ္ခမ္းကိုက္ထားလိုက္မိသည္။
“အခုအခ်ိန္ကစၿပီး ကိုႀကီးကိုဏီဏီပိုင္သြားၿပီေနာ္ ခ်စ္သူလဲမရွိပဲနဲ႕ညာေနတာ ရွက္လဲမရွက္ဘူး”
ပိုင္စိုးပိုင္နင္းေျပာလိုက္တဲ့သူမစကားေၾကာင့္ သူရင္ခုန္သြားမိသည္။ ဒီကေလးမေလးဟာ အိမ္ကိုေရာလူကိုပါ အပိုင္သိမ္းပစ္ေတာ့မည္ေပါ့။ သူ႕မ်က္ႏွာႀကီးက ေက်နပ္ၿပဳံးႀကီးနဲ႕ၿဖီးေနမည္ထင္ပါ့။
ပုစိဆီက ဖုန္းဝင္လာလို႔ ဏီဏီ ကိုႀကီးကိုဆက္မရစ္ေတာ့ပဲ ဖုန္းကိုင္လိုက္သည္။
“ဏီဏီ နင္ဘာလို႔ေယာက်ာ္းေနာက္လိုက္ေျပးတာလဲ”
“ဟင္ နင့္ကိုဘယ္သူေျပာတာလဲပုစိ ငါဘာမွမလိုက္ေျပးပါဘူး”
“အခုမွမုန္လာဥလုပ္မေနနဲ႕ နင့္အေၾကာင္းေတြငါအားလုံးၾကားထားၿပီးသား နင့္အေဖကေမြျဖတ္မွာဆို”
အခုမွအေမြျဖတ္မွာဆိုတဲ့စကားႀကီးကိုျပန္ၾကားေယာင္မိသြားသည္။
“နင္အခုဘယ္မွာလဲ ဟိုလူအိမ္မွာပဲလား ေဟမာန္ကေျပာတယ္ အဲ့ဒီလူကပိုက္ဆံလဲမရွိဘူးဆို နင့္တို႔ကုမၸဏီကဝန္ထမ္းဆို”
“အခု …. မဟုတ္ေတာ့ပါဘူး”
“ဏီဏီရယ္ ယူမယ့္ယူလဲခ်မ္းသာတဲ့သူနဲ႕ယူေပါ့ အခုေတာ့ကိုယ္နဲ႕အဆင့္အတန္းခ်င္းမတူတာကိုယူၿပီး..”
“ပုစိ ဒါပဲေနာ္ ငါေနာက္မွာျပန္ဆက္လိုက္ေတာ့မယ္”
ဖုန္းခ်ၿပီး ဏီဏီစိတ္ဓါတ္က်စြာ ငိုခ်လိဳက္ေတာ့သည္။ လူေတြအားလုံးကဘာေၾကာင့္မ်ားသူမကို ေယာက်ာ္းေနာက္ လိုက္ေျပးတယ္လို႔ ထင္ၾကသလဲ။
“ဏီဏီ ဘာျဖစ္လို႔ငိုေနတာလဲ”
“အီး ဟီးးး ကိုႀကီး ဏီဏီဘာလို႔ဒီလိုေတြျဖစ္ေနတာလဲဟင္ ေယာက်ာ္းေနာက္လိုက္ေျပးဖို႔ကို စိတ္ကူးေတာင္မယဥ္ခဲ့ဖူးဘူး ဏီ့သူငယ္ခ်င္းေတြကပါ အထင္လြဲကုန္ၿပီ တကယ္ပဲ စိတ္ဆင္းရဲလိုက္တာ”
ေခတ္ကာလႀကီးကေၾကာက္စရာေကာင္းလြန္းလွသည္။ လူတစ္ေယာက္ရဲ႕မေကာင္းသတင္းက ထြက္လြယ္သေလာက္ ျပန္ေျဖရွင္းဖို႔က မလြယ္ကူပါ။ ေျဖရွင္းရင္လဲ အတင္းဖုံးဖိခ်င္လို႔လုပ္တယ္လို႔သာ ထင္ျမင္ၾကေပလိမ့္မည္။ အလကားေနရင္း မစိုးရဲ႕အထင္နဲ႕ေျပာလိုက္တဲ့စကားတစ္ခြန္းေၾကာင့္ ဏီဏီဘဝဂြၽမ္းထိုးေမွာက္ခုံျဖစ္ခဲ့ရသည္။
“မငိုနဲ႕ေလ အိမ္ျပန္ခ်င္လို႔လား”
“ေဖေဖက အိမ္ျပန္မလာနဲ႕လို႔ေျပာသြားတာ ကိုႀကီးလဲၾကားရဲ႕သားနဲ႕ ၿပီးေတာ့ မမေကကအထုပ္ေတြေတာင္လာပို႔သြားတာ တကယ္ႀကီး ျပန္မလာခိုင္းလို႔ေပါ့ ဘာလဲ ကိုႀကီးကပါေမာင္းထုတ္ခ်င္လို႔လား”
“အာ မဟုတ္ရပါဘူးကြာ ဒီမွာႀကိဳက္သေလာက္ေန ကိုယ္ဘာမွမေျပာဘူး”
“တကယ္လား မုန႔္ဖိုးေရာေပးမွာလား”
ငိုေနရာကေန မုန႔္ဖိုးပါေတာင္းေနတဲ့ဏီဏီကို ေကာင္းမြန္စိတ္ညစ္တဲ့ၾကားကရယ္ခ်င္မိသည္။
“အင္း ေပးမယ္ ဏီဏီအေဖလိုေတာ့ဘယ္ေပးနိုင္မလဲကြာ ကိုယ္တတ္နိုင္သေလာက္ေတာ့ေပးမွာေပါ့”
“ဏီဏီႀကိဳက္တာေတြလဲဝယ္ေကြၽးေနာ္”
“အင္း အင္း”
“ဏီဏီ အလုပ္လုပ္တဲ့အခ်ိန္က်ရင္ျပန္ဆပ္ပါ့မယ္”
“အေႂကြးမွတ္ထားရမွာလား”
“မမွတ္ရပါဘူး ဆပ္ခ်င္သေလာက္ျပန္ဆပ္မွာေပါ့ ဏီအတြက္လက္ေဆာင္ပါတယ္ဆို ေပးေတာ့ေလ”
စိတ္သာညစ္ေနတာ။ လက္ေဆာင္ကိုေတာ့သတိရေသးသည္။ သူ႕မွာဟန္မေဆာင္နိုင္ပဲ ၿပဳံးလိုက္မိေတာ့သည္။
“အင္း ခဏေစာင့္”
ေဖေဖက ရက္ရက္စက္စက္အေမြျဖတ္မယ္လို႔ေျပာသြားတာ အခုမွသတိရသြားၿပီးကူကယ္ရာမဲ့အားငယ္သြားမိသည္။ အိမ္ကေနခဏတျဖဳတ္ထြက္လာလို႔ ပိုက္ဆံလဲဘယ္ေလာက္မွထည့္မလာခဲ့ပါ။ ေတာ္ေသးတယ္။ ကိုႀကီးကဏီဏီ အေပၚေကာင္းလို႔သာ။ မ်က္ရည္ေတြသုတ္လိုက္ရင္း အခုမွသက္ျပင္းခ်နိဳင္ေတာ့သည္။
ကိုႀကီးေပးတဲ့အထုပ္ကိုဖြင့္ၾကည့္လိုက္ေတာ့ Victoria’s Secret ကေရေမႊးနဲ႕ Body lotion ဗူးကိုၾကည့္ၿပီး ဏီဏီ ေပ်ာ္သြားသည္။
“ကိုႀကီးကခ်စ္ဖို႔ေကာင္းလိုက္တာ ဏီဏီအႀကိဳက္ေတြသိေနတာပဲ ဒါနဲ႕အလုပ္ကိစၥေရာအဆင္ေျပခဲ့လား”
“အင္း ေျပပါတယ္ ေဒးဗစ္နဲ႕ကတအားၿငိစရာမွမလိုတာ အရင္ကတည္းကအလုပ္ရွင္ဆိုေပမယ့္ ႐ြယ္တူဆိုေတာ့ရင္းႏွီးတယ္”
“ေတာ္ေသးတယ္ အလုပ္အဆင္ေျပပါေစ အဆင္ေျပမွဏီဏီကိုတင္ေကြၽးထားရတာမၿငိဳျငင္မွာ”
လက္အုပ္ခ်ီကာဆုေတာင္းလိုက္တဲ့ဏီဏီကို ေကာင္းမြန္သေဘာက်ကာ တဟစ္ဟစ္ရယ္လိုက္မိသည္။ ဒီေကာင္မေလးဟာ စိတ္ညစ္စရာကိုလဲ ေခါင္းထဲအၾကာႀကီး ထည့္ထားတတ္ပုံမေပၚ။ လတ္တေလာစိတ္ပူေနရမယ့္ အရာေတြ ေျပလည္သြားေတာ့ စိတ္ေအးသြားပုံရသည္။
“ေရသြားခ်ိဳးလိုက္ဦးမယ္ ေရခ်ိဳးၿပီး ဒီလိုးရွင္းလိမ္းၾကည့္ရမယ္”
အထုပ္ကိုကိုင္ဆြဲၿပီး အခန္းထဲဝင္သြားပုံက ဘာမွစိတ္ပူစရာမရွိေတာ့တဲ့ပုံပင္။ ဧည့္ခန္းထဲက်န္ေနခဲ့တဲ့ေကာင္းမြန္က အခုလိုတစ္အိမ္ထဲမွာ ႀကိတ္ခ်စ္ေနရတဲ့မိန္းကေလးနဲ႕အတူတူရွိေနတဲ့သူ႕အျဖစ္ကို ေပ်ာ္သလို၊ စိတ္ရႈပ္သလိုနဲ႕ မယုံနိုင္ေသးေပ။
================================================================
“ကိုႀကီး”
“အင္း”
ဏီဏီ ကြန္ျပဴတာအၾကည့္မပ်က္ပဲ အင္းေနသူႀကီးကို မ်က္ေစာင္းထိုးလိုက္မိသည္။
“ဒီကိုၾကည့္ဦးလို႔”
“အင္း အင္း ေျပာေလ”
အခုမွလွည့္ၾကည့္လာတဲ့ကိုႀကီးကို မ်က္ႏွာခ်ိဳေသြးလိုက္ရင္း
“ဏီဏီ အဝတ္ေတြေလွ်ာ္ခ်င္လို႔ ဆပ္ျပာမႈန႔္နဲ႕မတည့္လို႔ အဝတ္ေလွ်ာ္စက္ဝယ္ေပးပါလားဟင္”
ေကာင္းမြန္ ဏီဏီရဲ႕လက္ကိုၾကည့္လိုက္မိသည္။ ေ႐ႊမင္းသမီးရဲ႕လက္ဖဝါးႏုႏုဟာ ဆပ္ျပာမႈန႔္ကိုင္ဖူးဖို႔မေျပာနဲ႕ ဘာမွကို လုပ္ဖူးပုံမေပၚေပ။ ပန္းကန္ေဆးဖို႔ေတာင္ လက္အိတ္ဝယ္ထားေပးရသည္။ လက္အိတ္နဲ႕ေဆးလို႔လားေတာ့မသိ။ ေရာက္လာတဲ့သုံးရက္အတြင္း ကြဲတဲ့ပန္းကန္ကဘယ္ႏွခ်ပ္မွန္းမသိေတာ့။ ပန္းကန္ကြဲေတြေတာင္ ဏီဏီလက္ရွမွာစိုးလို႔ သူပဲသိမ္းေပးခဲ့ရသည္။ ဒီကေလးမေလးနဲ႕ေတာ့ သူ႕ဆီမွာ သိပ္မရွိတဲ့ပန္းကန္ေတြ သိပ္မၾကာခင္ကုန္ေတာ့မယ့္ပုံပင္။
“ဝယ္ေပးမယ္ေလ မနက္ျဖန္သြားဝယ္ၾကမယ္ ေနာ္”
“ေက်းဇူး မီးပူတိုက္စက္လဲရွိရင္ေကာင္းမယ္ေနာ္ ပန္းကန္ေဆးစက္ေရာ”
ငပ်င္းမေလးကိုၾကည့္ၿပီး သူ သေဘာက်စြာႀကိတ္ရယ္လိုက္မိသည္။ သူကသာ ညအထိအလုပ္လုပ္ေနတာ ဏီဏီက တေနကုန္ အိမ္မွာတီဗြီၾကည့္လိုက္၊ ဖုန္းသုံးလိုက္နဲ႕ ပ်င္းေနပုံရသည္။
“မီးပူက မနက္ျဖန္လာမယ့္ေဒၚႀကီးကိုတိုက္ခိုင္းလို႔ရတယ္”
“မနက္ျဖန္… ဘယ္သူလာမွာလဲ”
“အရင္ကတည္းက တစ္ပါတ္တစ္ခါသန႔္ရွင္းေရးလာလုပ္ေပးေနက် ဒီနားကအေဒၚႀကီးတစ္ေယာက္ပဲ သူလာတဲ့အခ်ိန္ ေျပာၿပီး ဏီဏီ့အဝတ္အစားေတြကိုမီးပူတိုက္ခိုင္းလိုက္ေပါ့”
“ေတာ္ေသးတယ္ အခန္းထဲမွာေလွ်ာ္စရာေတြလဲပုံေနၿပီ ေနာက္သုံးေလးရက္ေလာက္ဆိုဝတ္စရာလဲက်န္ေတာ့မွာ မဟုတ္ဘူး ဏီဏီကအစကတည္းကေျပာမလို႔ ကိုႀကီးကိုအားနာလို႔”
ေရာက္ကတည္းက အခန္းထဲေအာင္းကာ အျပင္မထြက္တဲ့ဏီဏီဟာ တစ္ေန႕ကိုအက်ီသၤုံးေလးစုံေလာက္လဲတတ္ပါသည္။ ပန္းကန္ေဆးရင္း အက်ီေရၤစိုသြားလို႔၊ အစာစားေနရင္း အခ်ဥ္ရည္ေတြေပသြားလို႔နဲ႕ အမ်ိဳးမ်ိဳးေသာမရိုးနိုင္တဲ့ အေၾကာင္းျပခ်က္ေတြနဲ႕ အက်ီလၤဲေနတတ္သူျဖစ္သည္။
“မနက္ျဖန္ အျပင္သြားရင္ဏီဏီေရာလိုက္မွာမလား”
“လိုက္ေတာ့လိုက္ခ်င္ေပမယ့္ ရွက္တယ္”
“ဟမ္ ဘာကိုရွက္တာလဲ”
“အာ ကိုႀကီးကလဲ ဏီဏီနဲ႕ကိုႀကီးကို သူမ်ားေတြကလင္မယားလို႔ပဲထင္ေနၾကတာေလ”
စိတ္ေလသလို႔ မဲ့မဲ့႐ြဲ႕႐ြဲ႕ေျပာေနတဲ့ ဏီဏီမ်က္ႏွာေလးကို ၾကည့္ၿပီးရင္ခုန္သြားမိသည္။ သူလဲ အေယာင္ေယာင္အမွားမွားနဲ႕ ေခါင္းကုတ္လိုက္မိရင္း
“အင္း အဲ့ဒါဆိုရင္လဲ မလိုက္နဲ႕ေလ”
“လိုက္ရမွာေပါ့ ဏီဏီအတြက္လိုတာေတြဝယ္ရဦးမွာေလ ကိုႀကီးပိုက္ဆံမ်ားမ်ားထည့္ခဲ့ေနာ္”
ဟိုတခါဏီဏီဝယ္တာေတြကို သတိရမိသြားၿပီး မ်က္လုံးျပဴးသြားရသည္။ ဒီတစ္ခါေတာ့အဲ့ေလာက္ထိမဝယ္ပါေစနဲ႕လို႔သာ ဆုေတာင္းရေပေတာ့မည္။ သူဟာ ဦးေနထြန္းပိုင္ဆိုင္မႈရဲ႕အပုံတစ္ရာပုံရင္ တစ္ပုံေလာက္ေတာင္ မခ်မ္းသာတာကို ဏီဏီ သိပါေစ။
ေနာက္တစ္ေန႕မနက္ေရာက္ေတာ့ ေဈးဝယ္ထြက္ဖို႔ဏီဏီကျပင္ဆင္ၿပီးထြက္လာခဲ့ရာ ဧည့္ခန္းထဲမွာတံျမက္စည္းလွဲေနတဲ့ ပိန္ပိန္ပါးပါးအေဒၚႀကီးတစ္ေယာက္က သူမကိုအံ့ၾသတႀကီးၾကည့္ေနေလသည္။ ဏီဏီကလဲ အူေၾကာင္ေၾကာင္ ျပန္ၿပဳံးျပလိုက္ရင္း ဒါမေန႕ကကိုႀကီးေျပာထားတဲ့ေဒၚႀကီးပဲဆိုတာကို သတိရမိသြားသည္။
“ေဒၚႀကီး ဏီဏီအက်ီေတၤြလဲမီးပူတိုက္ေပးေနာ္”
“ခုနတုန္းကေမာင္ေကာင္းမြန္မွာထားတယ္ သမီးကေမာင္ေကာင္းရဲ႕ညီမေလးလား”
“ဟုတ္တယ္ေဒၚႀကီး ကြၽန္ေတာ့ညီမ သူ႕ရဲ႕အခန္းလဲသန႔္ရွင္းေရးလုပ္ေပးပါေနာ္ ကြၽန္ေတာ္တို႔အျပင္သြားလိုက္ဦးမယ္ ေန႕လယ္ေဒၚႀကီး မျပန္ခင္ျပန္ေရာက္မွာပါ”
ေဒၚႀကီးရဲ႕အေမးကို ဏီဏီမေျဖခင္ေကာင္းမြန္ကဝင္ေျဖလိုက္ၿပီး အျပင္ထြက္ဖို႔ဖိနပ္စီးလိုက္သည္။
“ေအာ္ ဟုတ္ကဲ့”
အေဒၚႀကီးက ဏီဏီကသေဘာက်သလိုၿပဳံးျပသည္။ အနီေရာင္ႀကိဳးတစ္ေခ်ာင္းအသားေပ်ာ့ေပ်ာ့ဂါဝန္ေလးဟာ အသားျဖဴတဲ့ဏီဏီနဲ႕ အလြန္ကိုလိုက္ဖက္ညီကာ ခ်စ္စရာေကာင္းေနပါသည္။
“သြားစို႔ ဏီဏီ အျပင္မွာပဲ မနက္စာစားၾကတာေပါ့”
တံခါးေပါက္နားရပ္ေနတဲ့ဏီဏီက ေကာင္းမြန္ကိုအလိုမက်သလိုတစ္ခ်က္ၾကည့္ၿပီး ေဒၚႀကီးဘက္လွည့္ကာ။
“ေဒၚႀကီး သမီးတို႔က ေမာင္ႏွမမဟုတ္ဘူး လင္မယား”
ေျပာၿပီးတာနဲ႕တံခါးဖြင့္ကာ အျပင္ကိုေျခလွမ္းက်ဲႀကီးနဲ႕ထြက္သြားတဲ့ဏီဏီကိုၾကည့္ၿပီး အေဒၚႀကီးကတအံ့တၾသနဲ႕ က်န္ခဲ့သည္။ ေကာင္းမြန္ ရွက္ရွက္နဲ႕ေဒၚႀကီးကို လုံးဝလွည့္မၾကည့္ေတာ့ပဲ ဏီဏီေနာက္ကိုေျပးလိုက္ခဲ့သည္။ ဘယ္လိုေကာင္မေလးမွန္းမသိ။ သူ႕အတြက္ေျပာေပးေနတာကို။
အဲ့ဒီကိုႀကီးဟာ ဏီဏီကိုသူ႕မိန္းမလို႔ေျပာရမွာအေတာ္ရွက္ေနပုံပင္။ သူကမ်ားရွက္ရတယ္ရွိေသး။ မိန္းကေလးကမရွက္ရပဲ။ ေဒၚႀကီးေမးတာကို ဏီဏီကလဲ ေမာင္ႏွမလို႔ျပန္ေျဖမလို႔ပင္။ ဒါေပမယ့္ကိုႀကီးအဲ့ဒီလိုဝင္ေျဖလိုက္ေတာ့လဲ မေက်နပ္ျပန္။ တကယ္ေတာ့ ဘယ္သူေျဖေျဖ အတူတူပဲဆိုေပမယ့္ သူ႕ကိုေတာ့အဲ့ဒီလိုမေျဖခိုင္းေစခ်င္ပါ။
“ဏီဏီ ဘာဝယ္စရာရွိလဲ”
ဓါတ္ေလွကားထဲဝင္လိုက္ရင္း အလိုမက်ေနတဲ့မမေလးမ်က္ႏွာကိုၾကည့္ၿပီးေမးလိုက္သည္။
“အမ်ားႀကီးပဲ ကိုႀကီးကမဝယ္ေပးခ်င္လို႔လား”
“ေစာေစာစီးစီရစ္ေနျပန္ၿပီ ဘာစားခ်င္လဲ ဘယ္ကိုအရင္သြားမလဲ”
လူကိုစိတ္မရွည္သလိုေမးေနတဲ့လူႀကီးကို အရမ္းကိုအျမင္ကတ္ေနပါသည္။
“ကိုႀကီးနဲ႕အတူတူကားမစီးခ်င္ဘူး ကိုယ့္ကားနဲ႕ကိုယ္လိုက္ခဲ့မယ္”
“ဟမ္ ဏီဏီကားကဒီမွာလား”
“ဟုတ္တယ္ေလ ဘာျဖစ္လို႔လဲ”
ေယာက်ာ္းေနာက္လိုက္ေျပးတဲ့သမီးဆီက ကားလာမသိမ္းတဲ့အျပင္ အထုပ္ေတြပါပို႔လိုက္တယ္ဆိုေတာ့ ဦးေနထြန္းရဲ႕ ဖခင္ေမတၱာကို ေလးစားသြားရသည္။ စိတ္ဆိုးေနေပမယ့္ သမီးမျပည့္မစုံျဖစ္မွာကိုေတာ့စိုးရိမ္ပုံပင္။
“ဏီဏီရာ အလကားေနရင္းစိတ္ဆိုးမေနနဲ႕ ခုနတုန္းကဏီဏီမႀကိဳက္မွာစိုးလို႔ကိုယ္ကေမာင္ႏွမလို႔ေျပာလိုက္မိတာ ေနာက္ခါမႀကိဳက္ရင္ လင္မယားလို႔ပဲေျဖမယ္ေနာ္”
“ဟင္ တကယ္လဲမဟုတ္ပဲနဲ႕”
အဲ့ဒီလိုက်ေတာ့လဲ မဟုတ္ျပန္ဆိုေတာ့ သူဘယ္လိုေျဖေပးရမလဲမသိေတာ့။
“အင္းေလ အဲ့ဒါေျပာတာေပါ့ ကိုယ္ဘယ္လိုေျဖရမလဲ”
“မသိဘူးကြာ သူမ်ားေတြေမးရင္ ဏီဏီေျဖခ်င္သလိုေျဖမယ္ ကိုႀကီးသာဝင္မေျပာနဲ႕”
အခုစိတ္ေကာက္ရတဲ့အေၾကာင္းရင္းက သူဝင္ေျဖလို႔ေပါ့။ မေ႐ႊေခ်ာေက်နပ္ေအာင္ေခါင္းၿငိမ့္ျပလိုက္ရသည္။
“ေကာင္းပါၿပီဗ်ာ အခုေတာ့စိတ္မေကာက္နဲ႕ေတာ့ ကိုယ့္ကားနဲ႕ပဲသြားၾကစို႔”
ကားေပၚေရာက္ခ်ိန္အထိ စိတ္ၾကည္ေသးပုံမရတဲ့ဏီဏီက စကားမေျပာပဲၿငိမ္ေနေလသည္။ ဘာကိုအလိုမက်ျဖစ္ေနမွန္း မသိတဲ့ ကေလးမဟာ အျပင္ကိုေငးရင္း သူ႕ဘက္ကိုတမင္ေက်ာေပးထိုင္ေနေလသည္။
“ဏီဏီ စိတ္ေကာက္ေနတုန္းလား”
“မေကာက္ပါဘူး စဥ္းစားေနတာ”
“ဘာစဥ္းစားတာလဲ”
“အဲ့ဒီနားမွာ ကိုႀကီးႀကိဳက္ေနတဲ့မိန္းကေလးေတြမ်ားရွိေနလားလို႔ေပ့ါ”
“ဘာျဖစ္လို႔အဲ့လိုထင္ရတာလဲ”
“မသိဘူးေလ အဲ့ဒီအေဒၚႀကီးကဒီနားမွာပဲေနတာဆို ဏီဏီနဲ႕ခိုးေျပးတဲ့အေၾကာင္းကို ဒီနားကလူေတြမသိေစခ်င္လို႔ တမင္ ေမာင္ႏွမလို႔ေျပာလိုက္တာမဟုတ္ဘူးလား”
ေကာင္းမြန္ရယ္ခ်င္လာလို႔ႏုတ္ခမ္းကိုဖိကိုက္ထားလိုက္မိသည္။ ဏီဏီေရာက္လာတဲ့ေန႕ကစၿပီး သူဟာ တေနကုန္ အလုပ္ထဲမွာေနေနရေပမယ့္ ႐ုံးဆင္းခ်ိန္ကို ေမွ်ာ္ေနတတ္ခဲ့သည္။ အိမ္ျပန္အလာကိုေစာင့္ေမွ်ာ္ေနတတ္တဲ့ဏီဏီကို ေျပးေတြ႕ခ်င္လွသည္ေလ။ ဏီဏီကလဲသူ႕ကို ေမွ်ာ္ရွာပါသည္။ အဓိကေမွ်ာ္တာကေတာ့သူဝယ္လာမယ့္မုန႔္ကိုေပါ့။ ဘာကိုပဲေမွ်ာ္ေမွ်ာ္ပါ။ သူကေတာ့ အိမ္ျပန္ေရာက္ခ်ိန္ေတြ႕လိုက္ရတဲ့မ်က္ႏွာခ်ိဳခ်ိဳေလးကိုၾကည့္ရင္း အေမာေျပေနရတာ။ ဘယ္လိုပဲကိုယ့္ကိုကိုယ္ဆုံးမေပမယ့္ ဒီကေလးမေလးကို အရမ္းကိုခ်စ္ရပါသည္။ အခုလိုအတူတူေနရတဲ့အခ်ိန္မွာေတာ့ ခ်စ္႐ုံမက ပိုပိုၿပီး သံေယာဇဥ္တိုးလာသလိုပင္။
“ကိုႀကီး ေမးေနတယ္ေလ”
သူ႕ဘာသာထင္ရာေတြေလွ်ာက္ေျပာေနတဲ့ဏီဏီကို ငါႀကိဳက္ေနတာမင္းကြလို႔ ေျပာလိုက္ရမေကာင္းရွိေတာ့မည္။
ကားေမာင္းရင္း ၿပဳံးစိစိျဖစ္ေနတဲ့ကိုႀကီးကိုၾကည့္ၿပီး စိတ္မရွည္ခ်င္ေတာ့။ လက္ေမာင္းကိုပိတ္ထိုးလိုက္ရင္း
“ေျဖေလ ေျဖေလ”
“အာ ဏီဏီကလဲ ဘယ္သူ႕ကိုမွမႀကိဳက္ဘူး တျခားႀကိဳက္ေနတဲ့သူရွိရင္ ဏီဏီကိုလက္ခံထားပါ့မလား ဟိုတေန႕ထဲက အထုပ္ဆြဲၿပီးျပန္ပို႔လိုက္ၿပီေပါ့”
“သိပါတယ္ေနာ္ လူကိုသနားလို႔လက္ခံထားတယ္ဆိုတာ”
တျခားလူကိုမႀကိဳက္ဘူးလို႔ေျပာေနတာကို သေဘာမေပါက္ပဲ ထင္ခ်င္ရာထင္သြားျပန္ေလသည္။ ဒီကေလးမနဲ႕လဲ ခက္ပါသည္။ ေကာင္းမြန္သက္ျပင္းခ်လိဳက္ရင္း
“ဘာေတြဝယ္ခ်င္တာလဲ ဘာစားမလဲ ခုထိမေျပာေသးဘူးေနာ္”
“မသိဘူးေလ ဏီဏီကပိုက္ဆံမွမရွိတာ ကိုႀကီးဝယ္ေကြၽးတာပဲစားရမွာေပါ့”
ေျပာေနတဲ့ေလသံကသာေပ်ာ့တာ မ်က္ႏွာထားကခပ္ေခ်ေခ်နဲ႕။ တခုခုအလိုမက်တိဳင္း ဘက္ေပါင္းစုံကေနရစ္ခ်င္သူကို စိတ္မပ်က္မိပါ။ အရမ္းအလိုလိုက္ရင္ ဒီထက္ပိုဆိုးမွာလဲစိုးရသည္။ သို႔ေသာ္ အလိုမလိုက္ပဲလဲမေနနိုင္နဲ႕ သူကိုယ္တိုင္လဲ တိုင္ပတ္ေနေလသည္။
“စိတ္မေကာက္နဲ႕ေတာ့ကြာ ေနာက္ဆိုသူမ်ားေတြေမးရင္ ဏီဏီကိုသြားေမးလို႔ပဲေျပာလိုက္မယ္ေနာ္”
“ၾကည့္ အဲ့ဒါ႐ြဲ႕ေနတာေပါ့”
“အဲ့ဒါဆိုလဲ သင္ေပးထားေလ ဘယ္လိုေျဖရမလဲဆိုတာ ဏီဏီေျပာခိုင္းတဲ့အတိုင္းေျဖမယ္”
အဲ့ဒီလိုေျပာေတာ့လဲ ဘယ္လိုေျဖမွေက်နပ္မယ္ဆိုတာ ဏီဏီကိုယ္တိုင္လဲမသိေတာ့ပါ။
“သင္ေပးစရာလိုလို႔လား လူတိုင္းကလာေမးေနမွာက်လိဳ႕”
တဟစ္ဟစ္ရယ္ေနတဲ့လူႀကီးကို အျမင္ကတ္ပါသည္။ ဘာမွန္းလဲမသိ။ လူကိုလာေလွာင္ေနသလိုပင္။ သူ႕ကိုမ်က္ေစာင္း ထိုးလိုက္မိေပမယ့္ ကိုယ္တိုင္လဲဘာျဖစ္လို႔ဒီေလာက္အထိရစ္ေနမိမွန္းမသိေတာ့။ ဒါေပမယ့္ကိုယ့္ကိုအရမ္းစိတ္ရွည္တဲ့ လူႀကီးမို႔တမင္ကိုဂ်စ္ေနမိတာေတာ့သိသည္။ ထူးေဇာ္နဲ႕တုန္းကဆို ဒီလိုဆိုးဖို႔မေျပာနဲ႕ သူၿငိဳျငင္သြားမွာကို စိုးရိမ္ေနခဲ့ရတာ။ ခ်စ္သူသာေတာ္ခဲ့ရေပမယ့္ အျမင္လဲကတ္ပါသည္။ ဒီလူႀကီးကိုေတာ့ နည္းနည္းမွအျမင္မကတ္ေပမယ့္ နိုင္စားခ်င္ပါသည္။
ဏီဏီက အဝတ္အစားေတြမဝယ္ပဲ လိုအပ္တဲ့အသုံးအေဆာင္ပစၥည္းေလာက္သာဝယ္ေသာေၾကာင့္ ေကာင္းမြန္ သက္ျပင္းခ်မိသည္။ ဒီကေလးမဟာ သူ႕ကိုအားနာပုံေပၚသည္။ သူပိုက္ဆံရွင္းတိုင္း မ်က္ႏွာလြဲၿပီးေနေနတတ္သည္။ အဲ့ဒီလိုျဖစ္ေနေတာ့လဲ သနားမိျပန္သည္။ ပါးစပ္ကဖြင့္မေျပာေပမယ့္ အားငယ္ေနပုံရသည္။ ပိုက္ဆံအထပ္လိုက္ကိုင္ၿပီး စိတ္ႀကိဳက္သုံးခဲ့ရတဲ့သူဆိုေတာ့ အခုလိုအခ်ိန္မွာ စိတ္အားငယ္ေနမွာေသခ်ာပါသည္။
“ဏီဏီ ေန႕လယ္စာဘာစားမလဲ အိမ္ကိုဝယ္သြားမလား ဒီမွာပဲစားသြားမလား”
“ဗိုက္ေတာ့မဆာေသးဘူး ဒီမွာပဲစားသြားေတာ့မယ္ အိမ္မွာဆိုပန္းကန္ေဆးေနရဦးမယ္”
ငပ်င္းမေလးကို သေဘာက်စြာရယ္လိုက္မိရင္း
“ဟား ဟား မဆာရင္မစားပါနဲ႕ ဝယ္သြားမယ္ေလ ပန္းကန္ကကိုယ္ေဆးပါ့မယ္”
“ေတာ္ပါၿပီ အဲ့လိုႀကီးကမေကာင္းဘူးေလ”
ေကာင္းမြန္က လက္တစ္ဖက္ကအထုပ္ေတြဆြဲ၊ တစ္ဖက္ကဏီဏီပုခုံုးကိုဖြဖြေလးဖက္လိုက္သည္။
“ကိုယ့္ကိုအားနာလို႔လား”
ဏီဏီ ျပန္မေျဖပါ။ ဆိုင္ေတြကိုေလွ်ာက္ၾကည့္ေနၿပီး ေကာင္းမြန္ကိုလုံးဝမၾကည့္ေပ။
“ဘာအားနာစရာလိုလို႔လဲ ကိုယ့္အစ္ကိုပဲကို အဲ့လိုႀကီးမေနနဲ႕ကြာ ကိုယ္စိတ္မေကာင္းဘူး ေနာ္ ကေလး”
ကိုႀကီးေခ်ာ့ေျပာမွပဲ ပိုငိုခ်င္လာမိသည္။ ဘာမဆိုင္ညာမဆိုင္နဲ႕ ကိုယ္ဝယ္သမွ်ကို ကိုႀကီးပိုက္ဆံရွင္းေပးေနတာကိုၾကည့္ၿပီး သိမ္ငယ္သြားမိသည္။ ၿပီးေတာ့ သူ႕ကိုဂ်ီက်ဆိဳးႏြဲ႕နိုင္စားခဲ့သမွ်ကိုလဲ အားနာမိသည္။
“လာ စားေသာက္ဆိုင္ေတြဘက္သြားၾကမယ္ ဘာစားခ်င္လဲ ဝယ္သြားမယ္ေနာ္”
“ဏီဏီအရမ္းဆိုးတယ္မလား”
“မဆိုးပါဘူး ဏီဏီကလိမ္မာပါတယ္”
“သိပါတယ္ ကိုႀကီးညာေနတယ္ဆိုတာ ဏီဏီကိုစိတ္ကုန္ေနၿပီမလား ကိုႀကီးဆီကပ္ေနရလို႔မဆိုးေတာ့ဘူး လိမ္လိမ္မာမာ ေနမယ္လို႔စိတ္ကူးေပမယ့္ ကိုႀကီးနဲ႕ေတြ႕ရင္ဒီအတိုင္းပဲျဖစ္ျဖစ္သြားတယ္”
“ျဖစ္ပါေစကြာ ဘာလို႔ေလွ်ာက္ေတြးၿပီးအားငယ္ေနရတာလဲ အရင္လိုတက္တက္ႂကြႂကြေနစမ္းပါ”
“အဲ့လိုေနရင္ ဏီဏီကိုမမုန္းဘူးမလား”
“အာ မမုန္းပါဘူး ဘာလို႔မုန္းရမွာလဲ”
“တကယ္ေနာ္”
ေမာ့ၾကည့္ေနတဲ့မ်က္ႏွာႏုႏုေလးကိုၾကည့္ၿပီး ေက်ေက်နပ္နပ္ႀကီးေခါင္းၿငိမ့္ျပလိုက္မိသည္။
“အခုအခ်ိန္အားကိုးစရာဆိုလို႔ကိုႀကီးပဲရွိတာ အျမင္ကတ္တဲ့အခ်ိန္မွေမာင္းမထုတ္နဲ႕ေနာ္”
“မထုတ္ပါဘူး အျမင္ကတ္စရာအေၾကာင္းလဲမရွိဘူး ဘာမွစိတ္ပူမေနနဲ႕ ဏီဏီအေဖလိုမထားနိုင္ေပမယ့္ ဝမ္းဝခါးလွေအာင္ေတာ့ ရွာေကြၽးနိုင္ပါေသးတယ္ကြာ”
“ဏီဏီ ကိုႀကီးကိုအားနာတယ္ ဘာမွမဆိုင္ပဲအလကားေနရင္း ေကြၽးထားရလို႔”
ဏီဏီကပုခုံးဖက္ထားတဲ့ကိုႀကီးရဲ႕လက္ေမာင္းကိုတြဲလိုက္ကာ ခပ္ႏြဲ႕ႏြဲ႕ေလးေျပာလိုက္သည္။
“ဘာလို႔ဘာမွမဆိုင္ရမွာလဲ ခုနတုန္းက ေဒၚႀကီးကိုဏီဏီပဲေျဖခဲ့တာေလ”
“အာ ကိုႀကီးေနာ္”
စိတ္႐ူးေပါက္ၿပီးေျပာခဲ့မိတာကို သတိရမိသြားၿပီး ရယ္ေနတဲ့ကိုႀကီးလက္ေမာင္းကို ထုလိုက္မိသည္။ ေတာ္ပါေသးရဲ႕ သူ႕ပိုက္ဆံေတြလဲသုံး၊ ဆိုးလဲဆိုးေနတဲ့ဏီဏီကို ကိုႀကီးစိတ္မဆိုးလို႔။
ဦးေနထြန္း ဖုန္းထဲေရာက္လာတဲ့ သမီးနဲ႕သမက္ပုံကိုၾကည့္ၿပီးၿပဳံးလိုက္မိသည္။ ေကာင္းမြန္အိမ္ထဲဝင္သြားၿပီးကတည္းက ဒီေန႕မွအျပင္ထြက္လာတဲ့သမီးပုံစံဟာ ႐ႊင္႐ႊင္လန္းလန္းမို႔ သူစိတ္ခ်သြားပါသည္။ သမီးကိုၾကည့္ေနတဲ့ေကာင္းမြန္ရဲ႕ မ်က္လုံးေတြကလဲ အျမတ္တနိုးအရိပ္ေတြ ဖုံးလႊမ္းေနခဲ့ပါသည္။ တသက္လုံးလဲ ဒီလိုခ်စ္နိုင္ပါေစလို႔သာ ဆုေတာင္းရေတာ့ေပမည္။ သမီးေကကိုလဲ ဏီဏီဆီဖုန္းဆက္ၿပီး အေျခအေနကို အၿမဲစုံစမ္းခိုင္းထားရသည္။ ဏီဏီဆီက ျပန္ၾကားရသေလာက္ဆိုရင္ေတာ့ ေကာင္းမြန္ကိုေက်းဇူးတင္ရပါမည္။ ဘာအခြင့္အေရးမွမယူပဲ ညီမေလးတစ္ေယာက္လို ေစာင့္ေရွာက္ထားေပးသည္။ ဏီဏီကေတာ့ အေဖကိုသတိရလား၊ မရလားေတာ့မသိ။ ေမြးကတည္းကခြဲမေနဖူးတဲ့ သမီးငယ္ေလးကို သူကေတာ့ ေန႕တိုင္းသတိရေနမိပါသည္။
================================================================
တံခါးဖြင့္ေစာင့္ႀကိဳေနတဲ့မ်က္ႏွာေလးကိုေတြ႕တာနဲ႕ ေကာင္းမြန္တေန႕တာပင္ပန္းခဲ့သမွ်ေတြ လြင့္ပ်ယ္ကုန္ေတာ့သည္။ သူ႕လက္ထဲကအထုပ္ကိုလွမ္းယူၿပီးၿပဳံးေနတာကိုပဲ ေက်နပ္ရတာပင္။
“ကိုႀကီး ေရခ်ိဳးဦးမွာမလား”
“အင္း ခဏနားဦးမယ္ေလ ဏီဏီဗိုက္ဆာရင္စားႏွင့္ေလ”
“ေတာ္ၿပီ ကိုႀကီးနဲ႕အတူတူစားမွာ ေရေသာက္ဦးေလ”
ေရေအးေလးခပ္တိုက္ေနတဲ့ဏီဏီ ေက်နပ္ေအာင္ ေသာက္လိုက္သည္။ ဒီအတိုင္းေနရင္ေတာင္ ခ်စ္ပါတယ္ဆိုေနမွ ပိုခ်စ္ေအာင္ခြၽဲေနေတာ့ သူ႕မွာတဟဲဟဲနဲ႕ေက်နပ္ပီတီျဖစ္လို႔မဆုံးေတာ့။ သူနဲ႕အတူညစာစားဖို႔ေစာင့္ေနတဲ့ဏီဏီေၾကာင့္ ေရအျမန္ခ်ိဳးၿပီးထြက္ခဲ့လိုက္သည္။
“နားဦးမွာဆို”
“အင္း စားၿပီးမွနားေတာ့မယ္ေလ ဏီဏီဗိုက္ဆာေနၿပီမလား”
“ရပါတယ္ကိုႀကီးကလဲ နည္းနည္းပဲဆာတာပါ”
ဏီဏီနဲ႕အတူညစာစားေနရင္း ေျခာက္ေသြ႕အထီးက်န္ခဲ့တဲ့သူ႕ရဲ႕ေန႕ရက္ေတြ အခုမွျပည့္စုံသလိုခံစားမိသည္။
“ကိုႀကီးသိလား ဏီေလအရင္ကလဲအိမ္ထဲမွာပဲ ေနခဲ့တာဆိုေပမယ့္ ဒီမွာေနရတာအရမ္းပ်င္းတာပဲ ဏီဏီအိမ္ မဟုတ္လို႔လားေတာ့မသိဘူး ကိုႀကီးကိုပဲေစာင့္ေနမိတယ္ ညေနျမန္ျမန္ေရာက္ပါေစ ကိုႀကီးအျမန္ျပန္လာပါေတာ့ဆိုၿပီး နာရီပဲၾကည့္ၾကည့္ေနမိတာ”
သူမဘာသာပ်င္းလို႔ေမွ်ာ္ေနတယ္ဆိုေပမယ့္လဲ သူေက်နပ္ပါသည္။
“ကိုႀကီးနဲ႕အတူတူရွိေနလဲ စကားအမ်ားႀကီးေျပာျဖစ္တာလဲမဟုတ္ပဲေနာ္ ကိုႀကီးဘာသာအလုပ္လုပ္ေနတာေလ ဒါေပမယ့္ ဘာလို႔လဲမသိဘူး ဏီဏီမပ်င္းဘူး ကိုႀကီး႐ုံးဆင္းရင္ျမန္ျမန္ျပန္လာေနာ္ ကိုယ့္ညီမေလးေမွ်ာ္ေနတယ္ဆိုတာ သတိရ ေနာ္လို႔”
ခြၽဲခြၽဲႏြဲ႕ႏြဲ႕ေလးေျပာေနတဲ့ဏီဏီမ်က္ႏွာၿပဳံးခ်ိဳခ်ိဳေလးက ခ်စ္ဖို႔အလြန္ေကာင္းေနပါသည္။ ေကာင္းမြန္ေခါင္းၿငိမ့္ျပလိုက္ရင္း စိတ္ထဲကေနျပန္ေျပာလိုက္သည္။ ကိုယ္လဲအျမန္ျပန္လာခ်င္တယ္ဆိုတာမင္းမသိလို႔ပါ ကေလးရယ္။
အတူတူေနရင္းတိုးတိုးလာတဲ့သံေယာဇဥ္ႀကိဳးကို ေက်နပ္စြာရစ္ပတ္ခံခဲ့ပါသည္။ တေနကုန္အခန္းထဲမွာ တစ္ေယာက္ထဲ ပ်င္းေနတဲ့ဏီဏီကိုလဲ သနားမိသည္။
“ဏီဏီ ပ်င္းရင္သင္တန္းတစ္ခုခုတက္ပါလား”
“သင္တန္း …. အင္း တက္ရမလားဟင္”
“တက္ေလ အခန္းထဲေနရတာပ်င္းတယ္ဆို တစ္ပါတ္ႏွစ္ရက္ေလာက္ျဖစ္ျဖစ္တက္ေပါ့”
“ဟုတ္ ဒါေပမယ္….”
“ဒါေပမယ့္ ဘာျဖစ္လဲ”
“ဟို…. သင္တန္းေၾကးက ကိုႀကီးေပးရမွာေနာ္”
အားနာသလိုေျပာေနတဲ့ဏီဏီကို ၿပဳံးျပလိုက္သည္။
“ေပးမွာေပါ့ တက္ခ်င္တဲ့သင္တန္းသာတက္ ကိုယ္စဥ္းစားေနတာ ဏီဏီကို မုန႔္ဖိုးတစ္လစာေပးထားရမလားလို႔”
“တကယ္လား အဲ့ဒါဆိုတစ္လတစ္ခါပဲမ်က္ႏွာပူရေတာ့မွာေပါ ေတာ္ေသးတယ္ အဲ့လိုေပးေနာ္”
ကေလးမကိုသနားလဲသနား၊ ရယ္လဲရယ္ခ်င္နဲ႕ႏုတ္ခမ္းကိုက္ထားလိုက္မိသည္။ အတူတူေနတဲ့အခ်ိန္အတြင္းမွာ ဏီဏီက သူ႕ကိုမရိုးနိုင္တဲ့ ၾကည္ႏူးမႈေတြ၊ေပ်ာ္႐ႊင္မႈေတြ အမ်ိဳးမ်ိဳးေပးတတ္ေလသည္။
ေကာင္းမြန္ အခန္းထဲမွာ အလုပ္လုပ္ေနရင္း ေရဆာလို႔အျပင္ထြက္ခဲ့သည္။ ဏီဏီကတီဗြီၾကည့္ေနရင္း သူ႕ကို လွည့္ၾကည့္ကာ
“ကိုႀကီး မီးဖိုထဲသြားမလို႔လား ဏီဏီကိုႏြားနို႔တစ္ခြက္”
သူ႕သာသာထမယူပဲလမ္းႀကဳံမွာလိုက္ေသးသည္။ ေရေသာက္ၿပီး ငပ်င္းမေလးအတြက္ ႏြားနို႔ထည့္ကာ ယူသြားေပးလိုက္သည္။ ဏီဏီက ႏြားနို႔ခြက္ကိုလွမ္းယူၿပီး သူ႕ေဘးနားေနရာလြတ္ကိုပုတ္ကာ ထိုင္ခိုင္းေနသည္။
“ကိုႀကီး ထိုင္ေလ ဇာတ္ကားအတူတူၾကည့္ရေအာင္ ပီးမက္ကားျပန္ၾကည့္ေနတာ”
သူေျပာတဲ့အတိုင္းဝင္ထိုင္လိုက္ေတာ့ ေကာင္းမြန္ေဘးနားကပ္လာၿပီး လက္ေမာင္းကိုတြဲကာပုခုံးေပၚမွီခဲ့သည္။ ဘာျဖစ္ေနမွန္း မသိတဲ့ေကာင္မေလးကို ငုံ႕ၾကည့္လိုက္မိသည္။ ဏီဏီလဲ သူ႕ကိုေမာ့ၾကည့္လာၿပီး
“ေဖေဖေစာေစာျပန္ေရာက္ရင္ ဏီဏီနဲ႕ဒီလိုဇာတ္ကားအတူတူၾကည့္ေနက် သူမၾကည့္ခ်င္တဲ့ဇာတ္ကားေတြလဲ ဏီဏီကို ခ်စ္လို႔တူတူၾကည့္ေပးတယ္”
ေအာ္ သူ႕အေဖကိုလြမ္းေနတာကိုလို႔ေတြးၿပီး သနားသြားမိသည္။ အိမ္မွာအေဖနဲ႕အစ္မေပၚ ဆိုးႏြဲ႕ရင္းေနလာရတဲ့ဏီဏီကို တတ္နိုင္သေလာက္ျဖည့္ဆည္းေပးခဲ့ေပမယ့္ သူ႕အိမ္ကိုသတိရေနပုံပင္။ တေနကုန္အျပင္မွာ အလုပ္လုပ္ရင္း ပင္ပန္းခဲ့ေပမယ့္လဲ အိမ္ျပန္ေရာက္ခ်ိန္သမီးကိုအခ်ိန္ေပးတတ္တဲ့အေဖျဖစ္သူကလဲ သတိရေနလိမ့္မည္ထင္ပါသည္။
“အခုကိုယ္အတူတူၾကည့္ေပးမယ္ေလ”
ဏီဏီေခါင္းကိုခပ္ဖြဖြေလးပုတ္လိုက္ရင္းေျပာေတာ့ ေခါင္းၿငိမ့္ျပေလသည္။
“ကိုႀကီး is the best ေဖေဖၿပီးရင္ေျပာတာ”
သူေဘာက်ကာရယ္လိုက္မိသည္။ အေဖကိုအလြန္ခ်စ္တဲ့ဏီဏီပါ။ အဲ့ဒီညမွာေတာ့ သူ႕ပုခုံးကိုမွီၿပီး ဇာတ္ကားၾကည့္ကာ အေဖကို အလြမ္းေျဖခဲ့ပုံေပၚသည္။
“မမေကကိုေရာ မလြမ္းဘူးလား”
“လြမ္းတာေပါ့ မမေကနဲ႕ကေန႕တိုင္းဖုန္းေျပာတယ္ ဏီဏီကိုသဘက္ခါလာေတြ႕မယ္တဲ့ သမီးသင္တန္းတစ္ခုတက္မလို႔လို႔ ေျပာေတာ့ သင္တန္းေၾကးေပးရမလားတဲ့ ကိုႀကီးေပးမွာလို႔ေျပာလိုက္တယ္ ေဖေဖကဏီဏီကိုပိုက္ဆံတစ္က်ပ္မွ မေပးနဲ႕လို႔မွာထားတာကို မယူခ်င္ပါဘူး”
အမယ္ ဒီကေလးမက မာနေလးေတာ့ရွိသား။ ပစ္ထားရက္တဲ့အေဖကို စိတ္လဲေကာက္ခ်င္ပုံလဲရသည္။
“ဏီဏီရဲ႕အက်ီအၤသစ္ေလးေတြေတာ့မွာလိုက္တယ္ ဟိုတစ္ခါကိုႀကီးနဲ႕သြားဝယ္ထားတာေတြေလ မဝတ္ရေသးဘူး Pooh ေလးေရာ ဖိနပ္ေတြေရာ ေအာ္ ေမ့လို႔ သင္တန္းတက္မယ္ဆိုေတာ့ ေက်ာပိုးအိတ္မွာရဦးမွာပဲ ၿပီးေတာ့ဏီဏီႀကိဳက္တဲ့ ႏုတ္ခမ္းနီေရာ ခုနေနမွလိုတာေတြစဥ္းစားၿပီး Message ပို႔လိုက္ေတာ့မယ္”
အေတြးေတာင္မဆုံးေသး။ ဏီဏီေျပာတာေတြနားေထာင္ၿပီးရယ္ခ်င္မိသည္။
“ဟုတ္သားပဲ ပိုက္ဆံနဲ႕ပစၥည္းမွမတူတာ”
“ဟင္ ဘာမတူတာလဲ”
သူေျပာတာကို သေဘာမေပါက္ပဲ ေမာ့ၾကည့္ၿပီးေမးလာသူကို ေခါင္းခါျပလိုက္သည္။
“ဘာမွမဟုတ္ပါဘူး”
ရယ္မိမွာစိုးလို႔ႏုတ္ခမ္းကိုဖိကိုက္ထားမိသည္။ တကယ့္ေကာင္မေလးပါပဲေလ။ အေဖကပိုက္ဆံတစ္က်ပ္မွမေပးနဲ႕လို႔ မွာထားလို႔ ပိုက္ဆံေတာ့လုံးဝမယူေပမယ့္ သတိရလို႔လာေတြ႕မယ့္အစ္မကို အဝတ္အစား၊ အသုံးအေဆာင္တင္မက အ႐ုပ္ပါထပ္မွာေနလိုက္ေသးသည္။
“ဏီဏီ Financial Management တက္မွာ မနက္ျဖန္ကိုႀကီးလိုက္အပ္ေပးေနာ္”
“အိုေက”
ေနာက္တစ္ေန႕။ ဏီဏီကို သင္တန္းလိုက္အပ္ေပးၿပီး နီးတဲ့စင္တာတစ္ခုကို ေန႕လယ္စားဖို႔ဝင္လိုက္သည္။ ဏီဏီက စားေသာက္ဆိုင္ကိုတန္းမသြားပဲ အ႐ုပ္ဆိုင္ထဲဝင္ကာ အ႐ုပ္ေတြၾကည့္ေနေလသည္။ အသက္ႏွစ္ဆယ္သာ ျပည့္ေတာ့မယ္ ကေလးစိတ္မေပ်ာက္ခ်င္ေသးပဲ အ႐ုပ္ေတြ႕ရင္ရခ်င္ေနတုန္းပင္။
“ကိုႀကီး အ႐ုပ္တစ္႐ုပ္ဝယ္ေပးေနာ္ ေနာ္”
ေခါင္းၿငိမ့္ျပလိုက္တာနဲ႕ ေမြးပြအ႐ုပ္ေတြဘက္သြားကာ ေ႐ြးေနေလသည္။ သူလဲေလွ်ာက္ၾကည့္ေနရင္း ေတြ႕လိုက္ရတဲ့ အ႐ုပ္ေလးတစ္႐ုပ္။ ဆယ္လက္မေက်ာ္ေလာက္သာရွိေသာ ဂါဝန္ဝတ္ထားတဲ့ႏုတ္ခမ္းေထာ္ေထာ္ဝက္႐ုပ္ ပန္းႏုေရာင္ေလးဟာ တစ္ေယာက္ေယာက္နဲ႕ တူေနသလိုပင္။ သေဘာက်ကာ အ႐ုပ္ကိုေကာက္ကိုင္လိုက္ရင္း ခ်စ္ေနမိသည္။
“ကိုႀကီး ဒါယူမယ္”
“အင္း အင္း”
ဏီဏီရဲ႕ဝက္ဝံ႐ုပ္ႀကီးနဲ႕အတူဝက္႐ုပ္အတြက္ပါေငြရွင္းေတာ့မေ႐ႊေခ်ာကမ်က္ေမွာင္က်ဳံ႕ၿပီးၾကည့္ေနသည္။ ေငြရွင္းၿပီးတာနဲ႕ သူ႕အ႐ုပ္ကို သူ႕ဘာသာပိုက္ၿပီးအေရွ႕ကေန ေဆာင့္ေအာင့္ထြက္သြားေလသည္။
“ဏီဏီ ကိုယ့္ကိုေပး ကိုင္ေပးမယ္ေလ”
ေကာင္းမြန္လက္ထဲက ကိုင္ထားတဲ့အ႐ုပ္အိတ္ကို မႀကိဳက္သလိုေစာင္းၾကည့္ရင္း
“ရတယ္ ကိုယ့္ဘာသာကိုင္မယ္”
ႏုတ္ခမ္းစူေနတဲ့ဏီဏီ ဘာကိုအလိုမက်ျဖစ္သြားမွန္းမသိေတာ့။ သူပါအ႐ုပ္ဝယ္မိလို႔မ်ား စိတ္ေကာက္သြားတာလား။
“ဘာျဖစ္လို႔စိတ္ေကာက္သြားတာလဲ ခုေလးတင္အေကာင္းႀကီးကို”
“ဘယ္သူကေကာက္လို႔လဲ ေန႕လယ္စာျမန္ျမန္စားၿပီးျပန္ၾကစို႔ နားခ်င္ၿပီ”
စားေသာက္ေနတုန္းလဲ စကားတစ္ခြန္းမွမေျပာပဲစိတ္ေကာက္ေနသူကို နားမလည္နိုင္ေတာ့။ ကားေပၚေရာက္ေတာ့ အ႐ုပ္ကိုပိုက္ထားၿပီး အျပင္ကိုသာၾကည့္ေနေလသည္။
“အ႐ုပ္ကို အေနာက္ထားလိုက္ေလ”
“မထားဘူး”
စိတ္ထဲမွာ တမ်ိဳးႀကီးနဲ႕မေက်နပ္နိုင္ပါ။ ကိုႀကီးက အဲ့ဒီဝက္႐ုပ္ေလးကို သူ႕ပိုက္ဆံနဲ႕သူဝယ္တယ္ဆိုေပမယ့္ ဘယ္သူ႕ကို ေပးဖို႔ဝယ္တာလဲဆိုတာသိခ်င္မိသည္။ ဒီအသက္အ႐ြယ္နဲ႕။ ၿပီးေတာ့ ေယာက်ာ္းႀကီးလဲျဖစ္ၿပီး သူ႕အခန္းထဲမွာ အ႐ုပ္နဲ႕ တူတာဆိုလို႔တစ္ခုမွမရွိပဲ။ အခုမွဒီဝက္႐ုပ္ကိုဝယ္တယ္ဆိုေတာ့ တစ္ေယာက္ေယာက္ကိုေပးဖို႔ဆိုတာ ေသခ်ာပါသည္။
ဖက္ထားတဲ့ဝက္ဝံ႐ုပ္ႀကီးအေပၚ ပါးကပ္ကာဖက္ထားရင္း ငိုခ်င္လာမိသည္။ အဲ့ဒီအ႐ုပ္ကမိန္းကေလးတစ္ေယာက္ကို ေပးဖို႔ဆိုတာေသခ်ာပါသည္။ ဏီဏီဟန္မေဆာင္နိုင္ေတာ့ပဲ ေမးလိုက္မိေတာ့သည္။
“ကိုႀကီး အဲ့ဒီအ႐ုပ္ကဘာလုပ္ဖို႔ဝယ္တာလဲ”
သူထင္တဲ့အတိုင္း အ႐ုပ္ဝယ္လို႔မေက်နပ္ေနတာကိုး။
“ကိုယ္ရခ်င္လို႔ေလ”
“ဟင္ ကိုႀကီးကဘာလို႔ရခ်င္ရတာလဲ”
“တစ္ေယာက္ေယာက္နဲ႕တူလို႔”
ဂါဝန္ဝတ္ထားတဲ့အ႐ုပ္ဆိုေတာ့ မိန္းကေလးတစ္ေယာက္ဆိုတာေသခ်ာသြားၿပီ။ ၿပီးေတာ့ ဝက္႐ုပ္ဆိုေတာ့ဝတုတ္မေလး တစ္ေယာက္နဲ႕ တူေနတာေပါ့ေလ။ ကိုႀကီးႀကိဳက္ေနတဲ့မိန္းကေလးက ဝတုတ္မေလးေပါ့။ မုန္းလိုက္တာ။
အ႐ုပ္ကိုဖက္ၿပီး သူ႕ဘက္ကိုသိသိသာသာေက်ာခိုင္းသြားတဲ့ကေလးမဟာ သူအ႐ုပ္ဝယ္တာကိုဘာလို႔မေက်နပ္ေနမွန္း နားမလည္နိုင္ေတာ့။
“ဏီ ဘာျဖစ္ေနတာလဲ ကိုယ့္အ႐ုပ္ေလးကိုႀကိဳက္လို႔လား ရခ်င္လို႔လား”
“မႀကိဳက္ဘူး အဲ့ဒီအ႐ုပ္ကိုအရမ္းမုန္းတာ”
“အာ အဲ့လိုလား ေဆာရီး ကိုယ္ကဏီဏီမုန္းတဲ့အ႐ုပ္မွန္းမသိလို႔ဝယ္ခဲ့မိတာ”
အ႐ုပ္ေတြခ်စ္တဲ့သူဆိုေတာ့ မႀကိဳက္တဲ့အ႐ုပ္ရွိမွန္းမသိခဲ့ေပ။ အင္းေလ သူမႀကိဳက္တဲ့အ႐ုပ္ဝယ္ခဲ့လို႔ စိတ္ေကာက္တာ ေနမွာေပါ့။
“အဲ့ဒီအ႐ုပ္ကို ေနာက္ခါမေတြ႕ေစရဘူး ကိုယ့္အခန္းထဲမွာပဲထားမယ္ေနာ္ အျပင္မထုတ္ဘူး”
သူ႕အခန္းထဲမွာ အေတာ္ထားခ်င္ေနတယ္ေပါ့ေလ။ လြင့္ပစ္လိုက္ပါလား။ မႀကိဳက္ဘူးေျပာေနတာကို။ အဲ့ဒီဝက္႐ုပ္ေတြကို အရင္ကခ်စ္ခဲ့သေလာက္ အခုေတာ့အရမ္းမုန္းသြားမိသည္။
“စိတ္မဆိုးနဲ႕ေတာ့ေနာ္”
အိမ္ျပန္ေရာက္ေတာ့လဲ မေ႐ႊေခ်ာက စိတ္ေကာက္ေျပေသးပုံမရ။ အခန္းထဲဝင္ေတာ့မယ္ဏီဏီကို အခ်ိန္မွီသြားဆြဲကာ ဧည့္ခန္းမွာထိုင္ခိုင္းလိုက္သည္။ မ်က္ႏွာလြဲထားသူရဲ႕မ်က္ႏွာေရွ႕မွာဝက္႐ုပ္ကိုျပလိုက္ရင္း
“မ်က္ႏွာကလဲကြာ ဘာျဖစ္ေနတာလဲ ဒီမွာၾကည့္ ဒီအ႐ုပ္ကိုဘာလို႔မုန္းတာလဲ အရမ္းခ်စ္ဖို႔ေကာင္းတာကို”
ကိုႀကီးျပေနတဲ့အဲ့ဒီအ႐ုပ္ကို လုံးဝမၾကည့္ခ်င္ပါ။ သူႀကိဳက္ေနတဲ့လူနဲ႕တူတဲ့ဝက္စုတ္ကို ဘာလို႔ၾကည့္ရမွာလဲ။ ဘာလို႔ခ်စ္ရမွာလဲ။
“အင့္ ဒါေလးခဏကိုင္ထားေပး”
“မကိုင္ခ်င္ဘူး”
“လုပ္ပါကြာ ခဏေလးပဲ Please”
မႀကိဳက္ပါဘူးဆို အတင္းလာကိုင္ခိုင္းေနတဲ့အ႐ုပ္ကို မေက်မနပ္နဲ႕ကိုင္ေပးလိုက္ရသည္။ စိတ္ထဲရွိတဲ့အတိုင္းသာဆို ဒီအ႐ုပ္ကို ျပတင္းေပါက္သို႔ ေျပးသြားၿပီး လမ္းေပၚပစ္ခ်လိဳက္ခ်င္သည္။
“ဒီလိုေလးကိုင္ မ်က္ႏွာနားမွာကပ္ထား အိုေက ခဏေနာ္ ဓါတ္ပုံရိုက္ခ်င္လို႔”
အ႐ုပ္ကိုမ်က္ႏွာနားကပ္ထားရင္း စိတ္မၾကည္ပါဘူးဆိုဓါတ္ပုံလာရိုက္ေနတဲ့သူကို ၿဂိဳလ္ၾကည့္သာၾကည့္ေပးေနလိုက္သည္။ ၿပဳံးစိစိနဲ႕ကိုႀကီးဟာ အခုအခ်ိန္မွာ အရမ္းမုန္းဖို႔ေကာင္းပါသည္။
“ဒီမွာၾကည့္ အမႊာညီအစ္မက်ေနတာပဲ”
“ဘာအမႊာလဲ”
“ႏုတ္ခမ္းေထာ္ေနတာေလ ဒီဝက္႐ုပ္ေလးကိုေတြ႕ကတည္းက ႏုတ္ခမ္းေထာ္ေနတဲ့ပုံကဏီဏီနဲ႕တူလို႔ ခ်စ္စရာေကာင္းလို႔ ဝယ္ခဲ့တာ အခုၾကည့္ေလ တပုံစံထဲပဲမလား”
ဓါတ္ပုံကိုၾကည့္ေနရင္း စူေထာ္ေနတဲ့ႏုတ္ခမ္းေတြက ခ်က္ခ်င္းၿပဳံးသြားရသည္။ အဲ့ဒီကိုႀကီးဟာ အစကတည္းဏီဏီနဲ႕ တူတယ္လို႔ေျပာရင္ စိတ္ဆိုးပါ့မလား။ အခုေတာ့တျခားတစ္ေယာက္ကိုေျပာတယ္ထင္လို႔ စိတ္ဆိုးေနခဲ့မိတာ။ ဝက္႐ုပ္ ဆိုေတာ့လဲ ကိုယ္ကဝမွ မဝတာကို။ တျခားလူလို႔ထင္တာသြားေပါ့။ ႏုတ္ခမ္းေထာ္တာတူတယ္လို႔ဘယ္သူထင္မိမွာလဲေနာ္။
“ေပး ဏီဏီမႀကိဳက္ရင္ ေနာက္ခါထပ္မေတြ႕ေအာင္ကိုယ္ေသခ်ာသိမ္းထားလိုက္မယ္”
“ဟင့္အင္း ဏီဏီခ်စ္တယ္ ဒီအ႐ုပ္ကို”
အ႐ုပ္ျပန္ေတာင္းေနတာကိုမေပးတဲ့အျပင္ ရင္ခြင္ထဲပါထည့္ၿပီးဖက္ထားလိုက္လို႔ ကိုႀကီးက ဏီဏီကို ေၾကာင္ေတာင္ေတာင္နဲ႕ ၾကည့္လာခဲ့သည္။
“ဘာၾကည့္တာလဲ အခုခ်စ္သြားၿပီလို႔ေျပာေနတာေလ ခုနတုန္းကေတာ့မုန္းတယ္”
ဝက္႐ုပ္ေလးကိုပိုက္ထားၿပီး ရန္ရွာေနတဲ့ဏီဏီကို သူသေဘာက်ကာရယ္လိုက္မိသည္။ တကယ္ပဲ အဲ့ဒီဝက္႐ုပ္ေလးလို ခ်စ္ဖို႔ေကာင္းလြန္းပါသည္။
“အဲ့ဒါကိုယ့္အ႐ုပ္ေလ ကိုယ့္အခန္းထဲမွာပဲထားမွာ မေပးနိုင္ဘူးေနာ္”
“ဘယ္သူကေတာင္းေနလို႔လဲ ကိုႀကီးအခန္းထဲမွာ ဏီဏီထားေပးမယ္ ဘယ္နားထားရင္ေကာင္းမလဲ”
အခန္းထဲေျပးဝင္သြားၿပီး အ႐ုပ္ထားဖို႔ေနရာၾကည့္လိုက္သည္။ ကိုႀကီးနဲ႕အနီးဆုံးျဖစ္ေအာင္ ေခါင္းအုံးေဘးနားခ်လိဳက္ကာ
“ဒီနားပဲထားေတာ့ ကိုႀကီး အဲ့ဒီနားပဲထားေနာ္”
“အင္း အင္း”
အခန္းေပါက္ဝနားရပ္ေနတဲ့ေကာင္းမြန္က ေခါင္းၿငိမ့္ျပလိုက္သည္။
“အဲ့ဒါဆို ဏီဏီသြားနားေတာ့မယ္”
ဏီဏီက ေပါ့ပါးတဲ့ေျခလွမ္းေတြနဲ႕ အခန္းထဲကထြက္သြားေလသည္။ ဘယ္လိုကေလးမမွန္းမသိ။ အခုမွစိတ္ေျပသြားတဲ့ မေ႐ႊေခ်ာေၾကာင့္ သူ႕မွာရယ္လိုက္မိၿပီး သူမရဲ႕အျပဳအမူတိုင္းကို ခ်စ္ေနရပါေတာ့သည္။ ေကာင္းမြန္ အ႐ုပ္ေလးကို ၾကည့္ရင္းသေဘာက်ေနမိသည္။ ဝက္မေလးေရ။ ကိုယ့္ကို အရမ္းခ်စ္မိေအာင္မလုပ္ပါနဲ႕လားကြာ။
===============================================================
ဏီဏီရဲ႕သူငယ္ခ်င္းေတြနဲ႕ ေပ်ာ္ပြဲစားထြက္လာရတဲ့ ကိုယ့္အျဖစ္ကိုရယ္ခ်င္မိသည္။ သူမသူငယ္ခ်င္း ေႏြးေႏြးနိုင္ငံျခားက ျပန္ေရာက္လာလို႔ သူငယ္ခ်င္းေတြစုၿပီး ေႏြးေႏြးတို႔ပိုင္တဲ့ေမွာ္ဘီကၿခံထဲကို ေပ်ာ္ပြဲစားထြက္လာၾကသည္။ အမွန္ေတာ့ ဏီဏီနဲ႕ေဟမာန္ၾကားက တင္းမာေနတဲ့ဆက္ဆံေရးကိုေျပလည္ေစခ်င္တဲ့အတြက္ ေႏြးေႏြးနဲ႕ပုစိကစီစဥ္ျခင္းျဖစ္သည္။
အစကေတာ့ ဏီဏီကမလာဘူးျငင္းေပမယ့္ မေတြ႕တာၾကာတဲ့ေႏြးေႏြးကအတင္းေခၚလို႔ စိတ္ေျပာင္းသြားပုံေပၚသည္။
သူငယ္ခ်င္းေတြကအတြဲကိုယ္စီနဲ႕လာမယ္ဆိုေတာ့ ဏီဏီလဲ ေကာင္းမြန္ကို မရရေအာင္ေခၚေလသည္။ ေကာင္းမြန္မွာ လုံးဝမလိုက္ခ်င္ေပမယ့္ မေ႐ႊေခ်ာေလးမ်က္ႏွာငယ္မွာစိုးေသာေၾကာင့္ လိုက္ခဲ့ရေလသည္။ အသက္ႏွစ္ဆယ္ျပည့္ခါနီး ဖလန္းဖလန္းထေနတဲ့လူငယ္ေတြၾကားထဲ သူၿငိမ္ေနမိသည္။ ထူးေဇာ္နဲ႕ေဝဦးကလဲ အ႐ြယ္မတူတဲ့အျပင္ အရင္ကတည္းက ခင္မင္ခဲ့တာမဟုတ္ေတာ့ ေမးတစ္ခြန္း၊ေျဖတစ္ခြန္းနဲ႕ သူတို႔နဲေျပာစရာစကားမရွိသေလာက္ပင္။ ၿပီးေတာ့ ထူးေဇာ္ကို ဏီဏီနဲ႕ပတ္သက္ၿပီး နဂိုကတည္းက မၾကည္ဓါတ္ခံရွိေလေတာ့ လုံးဝမေရာခ်င္ေပ။ သူ႕မွာလူႀကီးျဖစ္ေနလို႔သာ မေကာင္းတတ္လို႔ေျပာေနရတာ။ စိတ္ရင္းအတိုင္းဆို ဒီေကာင့္မ်က္ႏွာကိုေတာင္ မၾကည့္ခ်င္ေပ။
ဏီဏီနဲ႕အေပါင္းအပါမ်ားကေတာ့ ေဟးေလးဝါးလားနဲ႕ ေျပာစရာမကုန္နိုင္ၾက။ ဏီဏီနဲ႕ေဟမာန္ကစစခ်င္းကေတာ့ သိပ္မေျပာေပမယ့္ နည္းနည္းၾကာေတာ့လဲပုံမွန္အတိုင္း ျပန္ေခၚျဖစ္ၾကသည္။ ၿခံထဲကသစ္ပင္ေအာက္ ဖ်ာခင္းၿပီး ဝိုင္းဖြဲ႕ထိုင္ေနတဲ့လူက ခုႏွစ္ေယာက္မို႔သာေတာ္ေသးသည္။ အေယာက္ခုႏွစ္ဆယ္စာဆူညံေနသည္။ စကားသိပ္မေျပာတဲ့ သူ႕ကို ဖယ္လိုက္ရင္ ေျခာက္ေယာက္ေပါ့။ ထူးေဇာ္နဲ႕ေဟမာန္တို႔အတြဲ၊ ပုစိနဲ႕ေဝဦးတို႔အတြဲ၊ ေႏြးေႏြးနိုင္နဲ႕ဏီဏီတို႔ရဲ႕ စကားသံေတြကို နားေထာင္ရင္းပ်င္းလာသည္။ သိလဲမသိ၊ ဆိုင္လဲမဆိုင္တဲ့အေၾကာင္းကိစၥေတြကို စိတ္လဲ မဝင္စားေသာေၾကာင့္ စာအုပ္ဖတ္ေနလိုက္ေတာ့သည္။ ဒီလိုျဖစ္မယ္ဆိုတာႀကိဳတြက္မိလို႔ စာအုပ္ယူလာခဲ့ျခင္းျဖစ္သည္။ မိန္းကေလး ေလးေယာက္ကေတာ့ ပါလာတဲ့အစားအေသာက္ေပါင္းစုံကို ခင္းက်င္းစားေသာက္ေနရင္း ပါးစပ္ကလဲ မရပ္မနားေျပာဆိုနိုင္ၾကေလသည္။
“မိန္းမေတြ နင္တို႔ကိုေျပာစရာရွိတယ္”
“ဘာေျပာမလို႔လဲ”
“အဟိ ငါ့မွာကိုယ္ဝန္ရွိေနၿပီတဲ့”
“ဟယ္ တကယ္”
ေႏြးေႏြးက ပုစိရဲ႕စကားေၾကာင့္ တအံ့တၾသေရ႐ြတ္လိုက္သည္။
“ဟဲ့ ေဝဦး နင္ကေလးအေဖျဖစ္ေတာ့မွာဆို”
ေဟမာန္အေမးကို ျပန္မေျဖပဲ ေဝဦးက ေက်နပ္ၿပဳံးႀကီးၿပဳံးျပေနသည္။
“အမယ္ ႐ုပ္ႀကီးက”
မိန္းကေလးသုံးေယာက္မွာ ပုစိနားကိုကပ္သြားၾကၿပီး လုံးဝမေဖာင္းေသးတဲ့ဗိုက္ကို အထူးအဆန္းဝိုင္းၾကည့္ေနၾကသည္။
“ဗိုက္က ပူလဲမပူဘူးေနာ္”
“ဏီဏီကလဲ အခုမွရွစ္ပါတ္ေက်ာ္ပဲရွိေသးတာ ဘယ္ပူဦးမလဲ”
“ဟုတ္လား နင့္ဗိုက္ထဲမွာ လူေသးေသးေလးရွိေနၿပီပဲ အီး စိတ္ယားလိုက္တာ”
ဏီဏီက ပုစိရဲ႕ဗိုက္ကို ကိုင္ၾကည့္လိုက္ေတာ့ က်န္တဲ့ႏွစ္ေယာက္ကလဲ ကိုင္လိုက္ၾကသည္။
“ဟဲ့ နင္တို႔လက္ေတြေၾကာင့္အထဲကကေလးေလးလန႔္သြားဦးမယ္”
“အမယ္ အကဲပိုတာ ဒါနဲ႕နင္အစားအေသာက္ဆင္ျခင္ရမွာမလား”
ေဟမာန္က သူသိသေလာက္ဆရာလုပ္ေနသည္။
“ဆင္ျခင္ရမွာလား မသိပါဘူး ငါလဲမေန႕ကမွကိုယ္ဝန္ရွိေနမွန္းသိတာ စားခ်င္တာေတြစားေနတာပဲ”
“ဟုတ္လား နင္ မူးတာတို႔ အန္တာတို႔မျဖစ္ဘူးလား”
“ေႏြး နင္ဇာတ္လမ္းေတြအၾကည့္မ်ားသြားၿပီ ခြိခြိ ငါဘာမွကိုမျဖစ္တာေတာ့ ထူးဆန္းတယ္ေနာ္ ပိုၿပီးေတာင္စားလို႔ ေသာက္လို႔ ေကာင္းေနေသး ဏီဏီ နင္တို႔ေရာ ကေလးမယူေသးဘူးလား”
ဏီဏီမွာ အူေၾကာင္ေၾကာင္နဲ႕ ဘာျပန္ေျဖရမယ္မွန္းမသိပဲ ပုစိကိုၾကည့္ေနမိသည္။ သူငယ္ခ်င္းေလးေယာက္ထဲမွာ အိမ္ေထာင္က်တာဆိုလို႔ သူနဲ႕ဏီဏီပဲရွိတာဆိုေတာ့ ေမးမွာေပါ။ သူတို႔ထင္သလိုမဟုတ္မွန္း ရွင္းျပဖို႔ကခက္ပါသည္။
“ဟို… မယူေသးပါဘူး”
“ယူေတာ့ေလ နင့္ေယာက်ာ္းလဲကေလးရခ်င္မွာေပါ့ ကိုေကာင္းမြန္ ကေလးမရခ်င္ဘူးလား”
စာအုပ္ဖတ္ေနတဲ့ေကာင္းမြန္က သူ႕ကိုေမးေနတာကိုၾကားပုံမရ။
“ကိုေကာင္းမြန္”
ပုစိထပ္ေခၚလိုက္မွ ထူးခဲ့သည္။
“ဗ်ာ…”
“ကေလးမလိုခ်င္ဘူးလားလို႔ေမးေနတာ ကြၽန္မတို႔ေတာင္ကေလးရေတာ့မွာ”
မသက္မသာ အီလည္လည္ျဖစ္ေနတဲ့ဏီဏီမ်က္ႏွာကိုတစ္ခ်က္ၾကည့္႐ုံနဲ႕ ေကာင္းမြန္သေဘာေပါက္သြားသည္။
“မဂၤလာေတာင္မေဆာင္ရေသးတာ ေနာက္မွေအးေဆးမွယူတာေပါ့ အခုေတာ့ဒီကေလးေလးကိုပဲထိန္းလိုက္ဦးမယ္”
ဏီဏီရဲ႕ေခါင္းကိုလွမ္းပုတ္လိုက္ၿပီး ေျပာလိုက္တဲ့စကားေၾကာင့္ မိန္းကေလးသုံးေယာက္က ဟာ ဆိုၿပီးဝိုင္းေအာ္ၾကသည္။ ဏီဏီကေတာ့ ရွက္သလို၊ ေက်နပ္သလိုအၿပဳံးနဲ႕ ၿငိမ္ေနေလသည္။ ေတာ္ေသးတယ္ ကိုႀကီးဝင္ေျဖလိုက္လို႔။
“ဏီဏီ နင့္မဂၤလာပြဲက်ရင္ ေႏြးနဲ႕ေဟမာန္ကိုသတို႔သမီးအရံလုပ္ခိုင္းလိုက္”
“ငါတို႔က လုပ္ေပးဖို႔အဆင္သင့္ပဲေဟ့ ဘယ္မွာေဆာင္မွာလဲ”
“အခုမေဆာင္ေသးပါဘူး ငါ့အေဖစိတ္ဆိုးေနတုန္းေလ ေဖေဖစိတ္ဆိုးေျပသြားမွေဆာင္မွာ”
ဏီဏီမွာ ဘယ္ဆီေနမွန္းမသိတဲ့မဂၤလာပြဲအေၾကာင္းကိုေမးလာေတာ့ ပါးစပ္ထဲရွိရာေလွ်ာက္ေျဖလိုက္မိသည္။
မိန္းကေလးေတြကေရပက္မဝင္စကားမ်ားသေလာက္ ထူးေဇာ္နဲ႕ေဝဦးကေတာ့ သူတို႔ေျပာေနတာကိုစိတ္မဝင္စားေတာ့ပဲ ဖုန္းႏွိပ္ေနၾကသည္။ ေကာင္းမြန္လဲ စာအုပ္ျပန္ဖတ္ေနလိုက္ရင္း ဏီဏီရဲ႕ရွက္ၿပဳံးကိုသတိရမိကာ ၿပဳံးခ်င္တဲ့မ်က္ႏွာကို မနည္းထိန္းေနရသည္။
“ပုစိ ငါးမုန႔္ေၾကာ္ ငါစားဦးမယ္ မသိမ္းနဲ႕ဦး”
“ေအး ေႏြး မသိမ္းဘူး ဒီမွာထားစရာေနရာမရွိေတာ့လို႔ ျခင္းထဲခဏထည့္ထားမလို႔”
“ေႏြး လက္ဖက္ကနင္ယူခဲ့တာမလား ခ်ဥ္စပ္လား”
ေႏြးေႏြးကလက္ဖက္ကိုၾကည့္ရင္းစဥ္းစားေနသည္။ ဏီဏီင႐ုတ္သီးအစပ္ လုံးဝမစားနိုင္တာ သူတို႔အားလုံးသိပါသည္။
“ငါမသိဘူးေတာ့ အိမ္ကထည့္ေပးလိုက္တာ နည္းနည္းျမည္းၾကည့္လိုက္ေလ”
ေဟမာန္က လက္ဖက္ကို ဦးဆုံးေကာ္စားလိုက္ၿပီး
“ငါျမည္းၾကည့္လိုက္မယ္ မစပ္ပါဘူးဏီဏီရဲ႕ ဒီမွာ င႐ုတ္သီးစိမ္းေတြသပ္သပ္လွီးထည့္ထားတာဆိုေတာ့ လက္ဖက္အသားပဲ ေ႐ြးစားလို႔ရတယ္”
ဆီေတြအိေနတဲ့လက္ဖက္ေပၚ ပုဇြန္ေျခာက္နဲ႕င႐ုတ္သီးစိမ္းေတြတင္ထားတာမို႔ လက္ဖက္သားကမစပ္ေလာက္ေပ။
“ဟုတ္လား ေတာ္ေသးတယ္မစပ္လို႔ ငါလက္ဖက္စားခ်င္ေနတာ”
ဏီဏီက လက္ဖက္ကိုဇြန္းနဲ႕ခပ္ေနရင္း ေဘးနားမွာစာအုပ္ဖတ္ေနတဲ့ေကာင္းမြန္ဆီ အာ႐ုံေရာက္သြားသည္။ သူ႕ခမ်ာ ႐ုံးပိတ္ရက္ေလးမွာ မနားရပဲ ဏီဏီပူဆာလို႔ ဒီကိုလိုက္လာၿပီးပ်င္းေနပုံပင္။ အ႐ြယ္မတူတဲ့ဟိုႏွစ္ေကာင္နဲ႕လဲ စကားသိပ္မေျပာပဲ စာအုပ္သာဖတ္ေနရရွာသည္။
“ကိုႀကီး လက္ဖက္စားမလား”
“အင္း စား စား ေနာက္မွစားမယ္”
“ဘာစာအုပ္ဖတ္ေနတာလဲ”
ကိုင္ထားတဲ့လက္ဖက္ဇြန္းကိုခ်လိဳက္ၿပီး ေကာင္းမြန္ဖတ္ေနတဲ့စာအုပ္ကို စပ္စုကာ ကိုယ္ကိုေစာင္းၿပီးၾကည့္လိုက္သည္။
“Management နဲ႕ပတ္သက္တဲ့စာအုပ္ေလ”
“အင္ ပ်င္းစရာႀကီး ဏီဏီကေတာ့မဖတ္ခ်င္ပါဘူး”
“ကေလးေတြက ဒါမ်ိဳးဘယ္ႀကိဳက္မလဲ”
“အမယ္ ဏီဏီကေလးမဟုတ္ပါဘူးေနာ္”
ဏီဏီက ေကာင္းမြန္ကို ႏွာေခါင္းရႈံ႕ျပၿပီး လက္ဖက္ေကာ္စားလိုက္သည္။ လက္ဖက္ထဲင႐ုတ္သီးဖတ္ပါသြားတာကို သတိမထားမိလိုက္ေပ။
“အား စပ္လိုက္တာ …”
႐ုတ္တရက္ႀကီး ထေအာ္လိုက္တဲ့ဏီဏီေၾကာင့္ အားလုံးကသူမကိုဝိုင္းၾကည့္လိုက္မိသည္။
“ဘာျဖစ္တာလဲဏီဏီ”
မ်က္ႏွာႀကီးနီရဲကာ င႐ုတ္သီးစပ္ေနတဲ့ဏီဏီက ေကာင္းမြန္ကိုမ်က္ရည္ေတြဝဲၿပီးၾကည့္ေနသည္။
“ဟာ င႐ုတ္သီးစပ္လို႔လား ဒီမွာ ဒီမွာ ေထြးလိုက္”
တစ္သ်ႉးေတြဆြဲထုတ္ကာ ဏီဏီပါးစပ္ေရွ႕နားခံၿပီး ေထြးထုတ္ခိုင္းလိုက္ကာ ေရသန႔္ဗူးကိုဖြင့္ေပးလိုက္သည္။
“ျဖည္းျဖည္းေသာက္”
ေရကိုတလစပ္ေမာ့ေသာက္ေနတဲ့ဏီဏီကို ေကာင္းမြန္ကသတိေပးလိုက္သည္။ ေရေသာက္ၿပီးလဲ အစပ္မေျပနိုင္ေသးပဲ မ်က္ရည္ေတြဝဲ၊ ေခြၽးေတြျပန္ေနတဲ့သူမမ်က္ႏွာကို တစ္သ်ႉးနဲ႕သုတ္ေပးၿပီး က်န္လက္တစ္ဖက္က စာအုပ္နဲ႕ယပ္ခတ္ ေပးလိုက္သည္။
“ေတာ္ၿပီ ထပ္မစားနဲ႕ေတာ့ေနာ္ င႐ုတ္သီးေတြပါတယ္”
“လက္ဖက္မစားရတာၾကာလို႔စားခ်င္လို႔ပါဆို”
ႏွစ္ေယာက္သား ကိုယ့္အာ႐ုံနဲ႕ကိုယ္မို႔ သူတို႔ကိုဝိုင္းၾကည့္ေနတာကိုသတိမထားမိေပ။ ထူးေဇာ္နဲ႕ေဝဦးကေတာ့ အကဲပိုတဲ့ ေကာင္းမြန္ကိုၾကည့္ၿပီး စိတ္ေလေနၾကသည္။ ေဟမာန္ကမဲ့႐ြဲ႕ေနၿပီး ပုစိနဲ႕ေႏြးေႏြးကေတာ့ အားက်သလို ၾကည့္ေနေလသည္။
“ေနာက္မွမစပ္တာဝယ္ေပးမယ္ေနာ္ အခုမစားနဲ႕ေတာ့”
“ဟုတ္”
ေႏြးေႏြးက ငါးမုန႔္ေၾကာ္ကိုေကာက္ဝါးလိုက္ရင္း ပုစိကိုၿပဳံးစိစိၾကည့္ေနေလသည္။ ဗိုက္ကေလးေပၚ လက္တင္ထားတဲ့ပုစိရဲ႕ အၾကည့္ေတြက သူ႕ေယာက်ာ္း ေဝဦးဆီမွာ။ ေဝဦးက မ်က္လုံးခ်င္းစကားလာေျပာေနတဲ့ သူ႕မိန္းမရဲ႕အၾကည့္ေတြကို မျမင္ခ်င္ေယာင္ေဆာင္ေနေလသည္။
ဏီဏီတို႔သူငယ္ခ်င္းေတြ စားေသာက္ၿပီးစကားေျပာလို႔ဝေတာ့မွ ၿခံထဲလိုက္ၾကည့္ဖို႔သတိရၾကေလသည္။ သီးပင္၊ စားပင္မ်ားနဲ႕ အပင္ႀကီးမ်ားစိုက္ထားေသာေၾကာင့္ ၿခံေလးက ေအးေအးခ်မ္းခ်မ္းသာသာယာယာရွိပါသည္။
“ငါတို႔ၿခံထဲေလွ်ာက္ၾကည့္ရေအာင္ေလ ဗိုက္လဲေခ်ာင္သြားတာေပါ့”
ပုစိစကားကို ဘယ္သူမွမျငင္းဆန္ၾကပဲ ထထြက္လာၾကသည္။ ေယာက်ာ္းသုံးေယာက္ကေတာ့ ဖ်ာေပၚမွာလဲွအိပ္ရင္း က်န္ခဲ့ေလသည္။ သူတို႔ေလးေယာက္ကေတာ့ စကားတေျပာေျပာနဲ႕ဗိုက္ေခ်ာင္ေအာင္ လမ္းပတ္ေလွ်ာက္ေနၾကသည္။
“ငါေျပာမလို႔ ဏီဏီ နင့္ကို ကိုေကာင္းမြန္ကအရမ္းခ်စ္တာပဲေနာ္”
ေႏြးေႏြးကို ဏီဏီကနားမလည္နိုင္သလိုၾကည့္လိုက္မိသည္။ ဘာေၾကာင့္ အရမ္းခ်စ္တယ္လို႔ေျပာမွန္းမသိေပ။
“ဟုတ္တယ္ ငါလဲၾကည့္ေနတာ နင့္ေယာက်ာ္းက နင့္ကိုနည္းနည္းမွမ်က္ႏွာအညွိုးမခံသလိုပဲ”
ပုစိေျပာတဲ့ နင့္ေယာက်ာ္းဆိုတဲ့စကားလုံးႀကီးက ဏီဏီကိုၾကက္သီးထေစသည္။ ဟုတ္ပါတယ္ေလ လူေတြအျမင္မွာ ကိုႀကီးက ဏီဏီရဲ႕ေယာက်ာ္းပဲကို။ ဒါေပမယ့္အဲ့ဒီစကားလုံးႀကီးက ဏီဏီနဲ႕အလြန္ကိုစိမ္းေနပါေသးသည္။
“နင္ကံေကာင္းတယ္လို႔ေျပာရမယ္ အၿမဲအဲ့လိုခ်စ္ေအာင္ေနေနာ္”
“ဘယ္လိုေနရမွာလဲ”
“ဟဲ့ နင္အရမ္းမဆိုးနဲ႕ေပါ့ ဗိုလ္က်တာေလးနည္းနည္းေလ်ာ့ေပါ့ ေယာက်ာ္းေတြက ရခါစသာခ်စ္ျပတာ ေနာက္က်ရင္ ပုံစံေျပာင္းကုန္ေရာ ေဝဦးကိုၾကည့္ပါလား အခ်ိဳးကိုက”
ပုစိေျပာလဲေျပာခ်င္စရာပင္။ အရင္တုန္းကဆို ေဝဦးကပုစိနားတစ္ဖဝါးမွမခြာနိုင္ပဲ ခ်စ္လွပါခ်ည္ရဲ႕ဆိုၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ေတာင္းရမ္းလက္ထပ္ခဲ့ၾကတာ။ ဏီဏီကေတာ့ ေယာက်ာ္းယူဖို႔စိတ္ကူးမရွိပါပဲ ရခဲ့ရတာကို။ ကိုႀကီးက ေျပာင္းလဲသြားစရာ ဘာအေၾကာင္းရွိလို႔လဲ။ တကယ္လင္မယားမွမဟုတ္တာ။
“နင့္ေယာက်ာ္းက အခုဘာလုပ္ေနတာလဲ”
ေဟမာန္ရဲ႕ေမးခြန္းကို ပုစိနဲ႕ေႏြးေႏြးကလဲ စိတ္ဝင္စားပုံရသည္။ ေဖေဖအေမြျဖတ္လိုက္လို႔ ဏီဏီဘယ္လိုေနလဲ သိခ်င္ၾကပုံေပၚသည္။
“ေဆာက္လုပ္ေရးကုမၸဏီေထာင္ထားတယ္ေလ”
“ဟုတ္လား အဆင္ေျပလား”
“ေျပပါတယ္ အလုပ္ကအၿမဲရႈပ္ေနတာပဲ ဘာေတြလုပ္ေနလဲေတာ့မသိဘူး”
“ဘယ္နားမွာဖြင့္ထားတာလဲ ကုမၸဏီက”
ဘယ္နားဖြင့္ထားလဲဆိုတာ ဏီဏီတစ္ခါမွမေမးဖူးလို႔မသိေပ။ ေဟမာန္ေမးမွသာ ေမးဖို႔သတိရေလသည္။
“မသိဘူး ငါတစ္ခါမွမေရာက္ဖူးဘူး”
“ဟဲ့ နင္အဲ့ဒီလိုေနစရာလား တစ္ခါတစ္ေလလိုက္သြားၾကည့္ေလ အခုေခတ္ကလြယ္တာမဟုတ္ဘူး တခ်ိဳ႕မိန္းမေတြက လူပ်ိဳထင္ၿပီးကပ္ေနမွ”
ပုစိစကားကိုေဟမာန္ကလဲေထာက္ခံသည္။
“ဟုတ္တယ္ နင့္ေယာက်ာ္းကိုလႊတ္မထားနဲ႕ အလုပ္ကိုမၾကာမၾကာလိုက္သြား”
လႊြတ္မထားနဲ႕ဆိုေတာ့ ေနာက္ကေနကပ္ၿပီး လိုက္ေနရမွာလား။ အဲ့လိုႀကီးလဲ မေနခ်င္ပါ။ တကယ္လင္မယားဆိုရင္ေတာင္ အဲ့ေလာက္ထိလုပ္ဖို႔ လိုအပ္လို႔လား။ နင့္ေယာက်ာ္းဆိုတဲ့အသုံးအႏႈန္းႀကီးကိုေတာ့ စိတ္ထဲတမ်ိဳးႀကီးျဖစ္ေနေသးသည္။ ေဟမာန္က ေႏြးေႏြးကိုပါဆက္စပ္စုလိုက္သည္။
“ဒါနဲ႕ ေႏြး နင္ေရာဘဲမရေသးဘူးလား”
“မရေသးပါဘူး ဟိုမွာင့ါကိုလာႀကိဳက္တဲ့အျဖဴေကာင္ေတြေတာ့ရွိတယ္”
“ဟယ္ အျဖဴဆိုျပန္မႀကိဳက္ပါနဲ႕ေႏြးရယ္ ျမန္မာအခ်င္းခ်င္းပဲေကာင္းပါတယ္”
ပုစိစကားေၾကာင့္ ေႏြးေႏြးက ရယ္လိုက္ရင္း
“မႀကိဳက္ပါဘူးပုစိရယ္ အေပ်ာ္ရည္းစားထားရင္သာေကာင္းတာ ယူဖို႔ေတာ့မျဖစ္နိုင္ပါဘူး ငါ့အိမ္ကသတ္လိမ့္မယ္”
“ယူတဲ့လူေတြလဲရွိတာပဲ ၿမဲတဲ့လူၿမဲ ကြဲတဲ့လူကြဲနဲ႕ ဘယ္သူနဲ႕ယူယူပါ ကြဲခ်င္ရင္ကြဲတာပဲ အခုေခတ္ကအိမ္ေထာင္ကြဲ လြယ္သလားလို႔ ဒါေပမယ့္ငါတို႔ကေတာ့ကိုယ္ခ်စ္တဲ့လူနဲ႕ယူၿပီး တသက္လုံးလက္တြဲသြားခ်င္ၾကတာေလ ကြဲလိုက္ ကြာလိုက္နဲ႕ ေယာက်ာ္းႏွစ္ေယာက္ႀကီးမယူခ်င္ပါဘူးဟယ္ အိမ္ေထာင္တစ္ဆက္ပဲ ေကာင္းပါတယ္ ဟုတ္တယ္မလားေႏြး”
“ဟုတ္တယ္ အိမ္ေထာင္ျပဳဖို႔ကငယ္ပါေသးတယ္ ငါတို႔ကကေလးပဲရွိေသးတာ ဟီး နင္တို႔အိမ္ေထာင္က်ၿပီးသားလူေတြသာ ၿမဲေအာင္ထိန္းသိမ္းၾက အခုေလာေလာဆယ္ေတာ့ မိဘရဏီကို Feeling အားက်ေပါ့ဟယ္ သူ႕ကိုအရမ္းခ်စ္တဲ့ေယာက်ာ္းနဲ႕ ရထားတာဆိုေတာ့ ငါလဲကြီးရွာမွပဲ အဲ့လိုအခ်စ္ခံခ်င္တယ္”
“ဟုတ္တယ္ေနာ္ သူ႕ကိုႀကီးက င႐ုတ္သီးေလးစပ္တာကို ကမာၻပ်က္ေတာ့မယ့္အတိုင္း ျပာယာခတ္ ဂ႐ုစိုက္ျပေနတာ မ်က္စိကိုေႏွာက္တယ္”
“ခြိခြိ”
ပုစိနဲ႕ေႏြးေႏြးစကားကို ေဟမာန္ကတခြိခြိရယ္ေနသည္။ ဏီဏီကေတာ့ ေက်နပ္သလိုၿပဳံးေနမိေပမယ့္ ကိုႀကီးက အၿမဲဒီလို လုပ္ေပးေနက်ဆိဳေတာ့ သူတို႔ေျပာတဲ့အတိုင္း ဂ႐ုစိုက္လား၊မစိုက္လားဆိုတာကို ထူးျခားၿပီးမခံစားမိပါ။ ကိုယ့္ကို အလိုလိုက္မွန္းသိလို႔ တမင္တကာႀကီးဆိုးႏြဲ႕ခ်င္တာေတာ့သိပါသည္။
အိမ္ျပန္လမ္းတေလွ်ာက္မွာ ပုစိတို႔ေျပာတဲ့အိမ္ေထာင္ၿမဲေအာင္ထိန္းသိမ္းဖို႔နဲ႕ အိမ္ေထာင္တစ္ဆက္ဆိုတဲ့စကားလုံးေတြက ဏီဏီဦးေႏွာက္ထဲမွာ ရႈပ္ရွက္ခတ္ကာ ပါခဲ့ေလေတာ့သည္။ နင့္ေယာက်ာ္းဆိုတဲ့စကားကိုျပန္ၾကားမိရင္း ကားေမာင္းေနတဲ့ ကိုႀကီးနဲ႕ပိုေဝးေအာင္ တံခါးနားကပ္လိုက္မိသည္။ တကယ္ပဲ ကိုႀကီးက ဏီဏီေယာက်ာ္းလား။ သူမ်ားေတြထင္သလို တကယ္ပဲ ဏီဏီကိုအရမ္းခ်စ္ေနတာလား။
ေကာင္းမြန္ ကားေမာင္းေနရင္း အသံတိတ္ေနတဲ့ေကာင္မေလးကို သတိထားမိပါသည္။ စိတ္ေကာက္ေနတာမဟုတ္ပဲ သူ႕ကိုလွည့္ၾကည့္လိုက္၊ စဥ္းစားလိုက္နဲ႕။ သူ႕သူငယ္ခ်င္းေတြဘာေတြမ်ားေျပာခဲ့လို႔ တစ္ေယာက္ထဲေတြးေနလဲမသိ။
===============================================================
သူငယ္ခ်င္းေတြရဲ႕အႀကံေပးခ်က္အရ ကိုႀကီး႐ုံးကိုသြားစစ္ေဆးဖို႔ ထြက္လာခဲ့သည္။ ကိုႀကီးကိုအသိမေပးပဲ သြားရမယ္လို႔ ေျပာတဲ့အတိုင္း ရိပ္မိမွာစိုးလို႔ ႐ုံးလိပ္စာကိုေတာင္ ေပၚတင္မေမးပဲ လွည့္ပတ္ေမးထားရတာ။ အခန္းေပါက္ဝရပ္ၿပီး ဘဲလ္ ႏွိပ္လိုက္ေတာ့ မိန္းမတစ္ေယာက္လာဖြင့္ေပးၿပီး ဏီဏီကို အထူးအဆန္းၾကည့္ကာေမးသည္။
“ဘာကိစၥရွိလို႔လဲညီမေလး”
“ကိုေကာင္းမြန္ထြန္းနဲ႕ေတြ႕ခ်င္လို႔ပါ”
“ေအာ္ အထဲဝင္ပါဦး ဆရာေတာ့မရွိဘူး မၾကည္ျပာ ဒီညီမေလးက ဆရာနဲ႕ေတြ႕ခ်င္လို႔တဲ့”
အခန္းထဲကထြက္လာတဲ့ မၾကည္ျပာဆိုတာ ကိုႀကီးရဲ႕အတြင္းေရးမႈးမ်ားလား။ ပုံစံေလးက သြက္သြက္လက္လက္ ထက္ထက္ျမက္ျမက္နဲ႕။ ဝတ္စားျပင္ဆင္ထားပုံကလဲ ၾကည့္ေကာင္းပါသည္။ သူ႕ကိုအကဲခတ္ေနတဲ့ဏီဏီကို ၾကည္ျပာကလဲ ျပန္ၾကည့္ေနရင္း။
“ဆရာနဲ႕ခ်ိန္းထားလို႔လားညီမေလး ဆရာအျပင္သြားလိုက္တယ္ ေနာက္တစ္နာရီေက်ာ္ေလာက္မွျပန္ေရာက္မယ္ထင္တယ္”
“ေအာ္ ဟုတ္ကဲ့ ခ်ိန္းေတာ့မခ်ိန္းထားပါဘူး လမ္းႀကဳံလို႔ဝင္ခဲ့တာ”
“ထိုင္ပါဦး ဆရာကနည္းနည္းၾကာဦးမယ္ထင္တယ္”
ဧည့္ခန္းထဲမွာေတာ့ ထိုင္မေစာင့္ခ်င္ေပ။ ကိုႀကီးမရွိတုန္းသူ႕႐ုံးခန္းထဲဝင္ၿပီးစပ္စုခ်င္ေသးသည္။
“ကိုေကာင္းမြန္ထြန္းရဲ႕႐ုံးခန္းကဘယ္ဟာလဲဟင္”
ဒီကြန္ဒိုအခန္းဟာ ဏီဏီတို႔ေနတဲ့မီနီကြန္ဒိုထက္က်ယ္ပါသည္။ အခန္းဖြဲ႕စည္းထားပုံကလဲ မဆိုးေပ။ ႐ုံးပီသစြာ သပ္သပ္ရပ္ရပ္နဲ႕။ ဝန္ထမ္းေတြအမ်ားႀကီးမေတြ႕ရပဲ အေရွ႕နားမွာ Reception ကအစ္မတစ္ေယာက္နဲ႕ ကိုႀကီးရဲ႕အတြင္းေရးမႈးအစ္မ ႏွစ္ေယာက္သာေတြ႕သလိုပင္။
“ဒီအခန္းပါ”
“ေအာ္ ကြၽန္မ႐ုံးခန္းထဲကေစာင့္လိုက္မယ္”
“ဟင္ အဲ့လိုမျဖစ္ဘူးေလညီမေလး ဧည့္ခန္းကပဲထိုင္ေစာင့္ေပးပါေနာ္ အမေကာ္ဖီေဖ်ာ္ေပးပါ့မယ္”
“ရတယ္ မေသာက္ေတာ့ဘူး ကြၽန္မအထဲမွာပဲေစာင့္လိုက္မယ္”
“မဟုတ္ဘူးညီမ ဆရာက သူမရွိတဲ့အခ်ိန္႐ုံးခန္းထဲဝင္တာမႀကိဳက္လို႔ပါ”
ၾကည္ျပာလဲ ႐ုံးခန္းထဲအတင္းဝင္မယ္ေျပာေနတဲ့ တစ္ခါမွမျမင္ဖူးတဲ့ေကာင္မလးကို ေပၚတင္တားလိုက္ေတာ့သည္။
သူက်ေတာ့ ခုနတုန္းကဒီအခန္းထဲက ထြက္လာၿပီး ဏီဏီကိုက်ေတာ့မဝင္ခိုင္းဘူးဆိုေတာ့ ဘာသေဘာလဲ။ ဏီဏီကို ကိုႀကီးမိန္းမမွန္းမသိလို႔ တားေနတာလားေတာ့မသိ။ အင္းေလ ဒီကိုတစ္ခါမွမလိုက္လာဖူးတဲ့သူကို ဘယ္သူကသိမွာလဲ။ ႐ုံးခန္းထဲမဝင္ဖို႔တားေနတဲ့ မ်က္ႏွာထားတင္းတင္းနဲ႕အတြင္းေရးမႈးအစ္မကို ခပ္ေခ်ေခ်ၾကည့္လိုက္ၿပီး
“ကိုေကာင္းမြန္ထြန္းရဲ႕ဇနီးဆိုရင္ေတာ့ ဒီအခန္းထဲဝင္ခြင့္ရွိတယ္မလား”
ေလသံမာမာနဲ႕ခပ္ေက်ာေက်ာေျပာၿပီး အခန္းထဲဝင္လာခဲ့လိုက္သည္။ အခန္းထဲေရာက္ေတာ့ ကိုႀကီးရဲ႕အလုပ္စားပြဲမွာ ဝင္ထိုင္လိုက္ၿပီး အဲ့ဒီအစ္မရဲ႕ပ်က္သြားတဲ့မ်က္ႏွာကိုျမင္ေယာင္မိရင္း ေက်နပ္သလိုျဖစ္မိသည္။ သူမ်ားေယာက်ာ္းကို လူပ်ိဳထင္ေနၾကလားမသိ။ အစ္မႏွစ္ေယာက္လုံး ဏီဏီေနာက္ကို လိုက္ဝင္မလာခဲ့ေပ။
“ကိုေကာင္းမြန္ထြန္းရဲ႕ဇနီး”
တိုးတိုးေလးျပန္ေျပာၾကည့္ရင္း အဲ့ဒီလိုေျပာလိုက္ရလို႔ဘယ္လိုျဖစ္မွန္းမသိတဲ့ခံစားခ်က္မ်ိဳးကိုခံစားမိသည္။ ကိုႀကီးရဲ႕ဇနီးလို႔ ေျပာလိုက္ရလို႔ေက်နပ္ေနတဲ့အရာဟာ ဘယ္ကေနမ်ား ေပါက္ဖြားလာသလဲမသိ။ ရင္ထဲမွာထူးဆန္းၿပီး ၾကည္ႏူးေနမိသည္။ ႐ုံးခန္းထဲေလွ်ာက္ၾကည့္ရင္းေစာင့္ေနတာ နာရီဝက္ေလာက္ရွိေပမယ့္ ကိုႀကီးကျပန္မေရာက္ေသး။ ပ်င္းပ်င္းနဲ႕ထိုင္ေနရင္း စားပြဲခုံေပၚေမွာက္အိပ္ကာ အိပ္ေပ်ာ္သြားေတာ့သည္။
ဆိုဒ္ထဲကျပန္ေရာက္လာတဲ့ေကာင္းမြန္ ႐ုံးခန္းထဲဝင္လိုက္ေတာ့ စားပြဲေပၚေမွာက္အိပ္ေနတဲ့ဏီဏီကို ေတြ႕လိုက္ရသည္။ သူ႕အလုပ္ထဲတစ္ခါမွမလိုက္လာဖူးတဲ့သူက ဘာလို႔ေရာက္ေနပါလိမ့္။ လာမယ္လို႔လဲမေျပာဖူးပဲ။ ဖုန္းလဲမဆက္နဲ႕။ အိပ္ေပ်ာ္ေနပုံကလဲ သူ႕အိမ္သူ႕ရာမွာ အိပ္ေနသလို စိတ္ခ်လက္ခ်ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႕။
လက္ေပၚမ်က္ႏွာတင္ၿပီးအိပ္ေနလို႔ ဟခ်င္ခ်င္ျဖစ္ေနတဲ့ႏုတ္ခမ္းေလးကိုၾကည့္ၿပီးရယ္ခ်င္မိသည္။ စားပြဲေပၚထိုင္ခ်လိဳက္ၿပီး ကိုယ္တိုင္မသိလိုက္ပဲ ဏီဏီရဲ႕ပါးျပင္ေလးကို ခ်စ္ျမတ္နိုးစြာနဲ႕ ဖြဖြေလးပြတ္လိုက္မိသည္။
ဒီအခ်ိန္မွာ အခန္းတံခါးဖြင့္ၿပီး ၾကည္ျပာက ကျပာကယာနဲ႕ဝင္လာခဲ့သည္။
“ဆရာ့အမ်ိဳးသမီးဆိုၿပီး….”
လက္ကာျပကာ ရႈးဆိုၿပီးလုပ္လိုက္တဲ့ေကာင္းမြန္ကိုၾကည့္ၿပီး ၾကည္ျပာအသံတိတ္သြားရသည္။ ၿပီးေတာ့ အလိုက္တသိ ျပန္ထြက္သြားပါသည္။ ေကာင္းမြန္ကဏီဏီနိုးသြားမွာစိုးလို႔ ေက်ာျပင္ကိုညင္သာစြာပုတ္ေပးေနသည္။
ပါးကိုဖြဖြေလးပြတ္ေနကတည္းကနိုးလာတဲ့ဏီဏီဟာ ဆက္ၿပီးအိပ္ခ်င္ေယာင္ေဆာင္ေနမိသည္။ ငါဘာေတြျဖစ္ေနပါလိမ့္။ ေက်ာကိုပုတ္ေပးေနတဲ့ကိုႀကီးလက္က အေႏြးဓါတ္ဟာ ဏီဏီႏွလုံးသားကိုကူးစက္လာကာပူေႏြးေစပါသည္။ ကိုႀကီးအျပင္ ထြက္သြားေတာ့မွ ဒီအခ်ိန္ခဏေလးကိုျပန္လိုခ်င္သလိုခံစားေနမိသည္။ ငါ ကိုႀကီးကိုခ်စ္ေနမိၿပီလားလို႔ ေတြးမိရင္း ရင္ထဲမွာထပ္ၿပီးလႈပ္ခါပူေႏြးသြားရျပန္သည္။
“ၾကည္ျပာ ဘာေျပာစရာရွိလို႔လဲ”
“ဟုတ္ ဆရာ ဆရာျပန္လာတုန္းကကြၽန္မ Toilet ထဲဝင္ေနလို႔ ဆရာကိုမေျပာလိုက္ရလို႔ ဟို ဆရာ့အမ်ိဳးသမီးကို ကြၽန္မက မသိလို႔ အခန္းထဲမဝင္ဖို႔ တားလိုက္မိတယ္”
“ေအာ္ ရပါတယ္ တျခားအလုပ္ကိစၥေရာရွိေသးလား”
“ဟုတ္ သီလဝါဆိုဒ္ထဲကပို႔ခဲ့တဲ့ပစၥည္းဝယ္ဖို႔စာရင္းေတြဆရာ့စားပြဲေပၚတင္ထားေပးတယ္ ဆရာလက္မွတ္ထိုးေပးၿပီးရင္ ကြၽန္မလာယူပါ့မယ္”
“အင္း ၾကည့္လိုက္ဦးမယ္ေလ”
ၾကည္ျပာနဲ႕ေျပာၿပီးအခန္းထဲျပန္ဝင္ခဲ့ေတာ့ ဏီဏီကနိုးေနၿပီ။ အပ်င္းေၾကာဆန႔္ေနတဲ့ဏီဏီကိုၿပဳံးျပလိုက္ရင္း
“နိုးေနၿပီလား”
“ဟုတ္ ကိုႀကီးဘယ္အခ်ိန္ကျပန္ေရာက္တာလဲ”
အခုမွနိုးလာသလိုဟန္ေဆာင္ၿပီး ခုနတုန္းကအျဖစ္အပ်က္ေလးေၾကာင့္ရင္ထဲတမ်ိဳးခံစားရတာကိုဖုံးဖိလိုက္မိသည္။
“ခုေလးတင္ပဲ ေျပာပါဦး ထူးထူးဆန္းဆန္း႐ုံးကိုလိုက္လာတာ ဘာလာလုပ္တာလဲ”
“ဟင္ ကိုယ့္ေယာက်ာ္းရဲ႕႐ုံးကိုလာတာပဲ ဘာထူးဆန္းလို႔လဲ”
မေက်မနပ္နဲ႕ ကိုယ့္ေယာက်ာ္းလို႔ေျပာလိုက္ၿပီးမွ ရွက္သြားမိေပမယ့္ မသိခ်င္ေယာင္ေဆာင္လိုက္သည္။
ဏီဏီကအမွတ္တမဲ့ေျပာလိုက္တယ္ဆိုေပမယ့္ သူကေတာ့မွတ္မွတ္ရရခံစားလိုက္ရသည္။ ဒီကေလးမေလးေၾကာင့္ အခုတေလာ သူ႕ႏွလုံးသားဟာ ထိန္းေနတဲ့ၾကားက စည္းခ်က္မမွန္ေတာ့ေပ။
“မသိဘူးေလ တစ္ခါမွမလာဖူးေတာ့…”
“ဏီဏီတစ္ခါမွမလာဖူးလို႔ အလုပ္ထဲကလူေတြက ကိုႀကီးကိုလူပ်ိဳလို႔ထင္ေနၾကတာေပါ့”
ေခါင္းေစာင္းၾကည့္ၿပီးရန္ရွာေနတဲ့ဏီဏီမ်က္ႏွာဟာ အလိုမက်မႈေတြနဲ႕စူပုတ္ေနသည္။ သူ႕႐ုံးခန္းထဲဝင္ထိုင္ေစာင့္ဖို႔ အေပါက္နားမွာ တားခံလိုက္ရတာကို မေက်မနပ္ျဖစ္ေနပုံပင္။
“အင္း ထင္တဲ့လူလဲရွိခ်င္ရွိမွာေပါ့ ကိုယ့္အလုပ္နဲ႕ကိုယ္ရႈပ္ေနတာနဲ႕ဘယ္သူေတြဘာထင္လဲေတာင္သတိမထားမိဘူး”
ကုမၸဏီစေထာင္တုန္းကလူပ်ိဳဆိုေတာ့ ႐ုံးကလူေတြက သူ႕ကိုလူပ်ိဳလို႔ပဲထင္ၾကေပလိမ့္မည္။ မဂၤလာေဆာင္တာလဲမဟုတ္။ မိန္းမခိုးေျပးပါတယ္ဆိုတဲ့အေၾကာင္းကို ဘယ္သူကိုမွတကူးတကလိုက္မေျပာျဖစ္ပါ။
“ေနာက္ရက္ေတြလဲလာဦးမွပါ ဒါမွကိုႀကီးနားကို ေကာင္မေလးေတြမကပ္မွာ”
ေကာင္းမြန္ ဏီဏီမ်က္ႏွာကို ေသခ်ာၾကည့္လိုက္မိသည္။ ဏီဏီေျပာတဲ့စကားေတြက ပုံမွန္မဟုတ္သလိုပင္။
“ဘာၾကည့္တာလဲ ဏီဏီလာတာမေက်နပ္ဘူးလား”
“မဟုတ္ပါဘူး ေက်နပ္ပါတယ္ သူမ်ားေတြကိုယ့္မိန္းမလို႔ထင္သြားရင္ဏီဏီအတြက္မေကာင္းဘူးလားလို႔”
“ဘာလို႔မေကာင္းရမွာလဲ လူတကာထင္ေနတာပဲကို ကိုႀကီးအလုပ္ကလူေတြပဲကြက္ၿပီးမသိေနတာ လာမွာပဲ”
ေပေစာင္းေစာင္းျပန္ေျပာေနတဲ့ကေလးမေလးကို ခ်စ္စနိုးၾကည့္လိုက္မိရင္း
“ကဲ ငဂ်စ္မေလး ဘာပူဆာမလို႔လာတာလဲ”
“ဟဲ ေညာ္ေနရလို႔ ပူဆာဖို႔ကိုေမ့သြားတာ ဒီနားေရာက္လာတာနဲ႕ကိုႀကီးဆီဝင္လည္ရင္း မုန႔္ဝယ္ေကြၽးခိုင္းမလို႔ အလုပ္ရွိေသးလားဟင္”
တမင္လာတယ္လို႔ေျပာလို႔ဘယ္ျဖစ္မလဲေနာ္။ ေနာက္ဆိုလဲ လမ္းေတြက ခဏခဏႀကဳံေနဦးမွာပါ။
“အင္း ခဏေစာင့္ ဒါေလးလက္မွတ္ထိုးဖို႔ၾကည့္လိုက္ဦးမယ္ ၿပီးရင္သြားမယ္ေလ”
“ဒီမွာထိုင္မွာလား ဏီဏီထေပးမယ္”
“မထိုင္ဘူး ရတယ္ ထိုင္ေန”
စားပြဲေပၚတင္ထားတဲ့ Request form ကိုယူလိုက္ၿပီး မတ္တပ္ရပ္ရက္ပဲစစ္ၾကည့္လိုက္သည္။
“ဘာေတြၾကည့္ေနတာလဲ”
“ဆိုဒ္ထဲကလိုအပ္တဲ့ပစၥည္းစာရင္းေလ မနက္ျဖန္ဝယ္လို႔ရေအာင္ဒီေန႕စစ္ၿပီးလက္မွတ္ထိုးေပးရမွာ”
“ကိုႀကီးပဲ အားလုံးလုပ္ရတာလား”
“အင္း အားလုံးေတာ့မဟုတ္ပါဘူး အခုမွကုမၸဏီေပါက္စဆိုေတာ့ အားလုံးပါေနရေသးတာေပါ့ လူေတြအမ်ားႀကီးမွ မငွားနိုင္ေသးတာ”
“အင္းေနာ္ ခုနကဏီဏီျမင္တာ အျပင္မွာအစ္မႏွစ္ေယာက္ပဲရွိသလိုပဲ”
သူ႕အေဖကုမၸဏီလိုလူေတြအမ်ားႀကီးမေတြ႕ရလို႔ ထူးဆန္းေနပုံပင္။
“အာ အဲ့လိုလဲမဟုတ္ဘူးေလ လူေတြအားလုံးဒီမွာဘယ္ရွိမလဲ ဆိုဒ္ထဲသြားၾကၿပီေလ ႐ုံးတြင္းပိုင္းလုပ္ရတဲ့လူေတြပဲ က်န္ခဲ့တာေပါ့ ေလးငါးေယာက္ေလာက္က်န္ပါတယ္ဏီဏီရဲ႕ တျခားလူေတြကဟိုဘက္အေနာက္ဖက္မွာေရာက္ေနလို႔”
“ေအာ္ မသိပါဘူး ဏီဏီေရာလုပ္ကူရမလား လစာဘယ္ေလာက္ေပးမွာလဲ”
ဘာမွမလုပ္ရေသးပဲ လစာအမ်ားႀကီးရမယ္ထင္ၿပီး ေမွ်ာ္လင့္တႀကီးေမးေနတဲ့ဏီဏီကို စခ်င္မိသည္။
“အလုပ္တစ္ခါမွမလုပ္ဖူးဘူးဆိုေတာ့ ႏွစ္သိန္းကေနစေပးမယ္ေလ”
“ဟင္ ႏွစ္သိန္း??? တစ္လလုံးလုပ္မွႏွစ္သိန္း”
“အင္းေလ နည္းနည္းသိလာရင္သိလာသလိုလစာတိုးေပးမယ္ေလ”
“မလုပ္ေတာ့ဘူး အိမ္မွာေနၿပီးမုန႔္ဖိုးပဲယူေတာ့မယ္”
“သေဘာဗ်ာ”
မ်က္ႏွာရႈံ႕ၿပီးေျပာေနတဲ့သူမ တစ္ရက္သုံးခဲ့တဲ့ပိုက္ဆံေလာက္ေတာင္မရွိေတာ့ ဘယ္လုပ္ခ်င္ပါ့မလဲ။ ဏီဏီက ကံေကာင္းတဲ့မိန္းကေလးလို႔ ဆိုရပါမည္။ ေမြးကတည္းကလိုေလေသးမရွိခ်မ္းခ်မ္းသာသာေနခဲ့ရၿပီး အခုလိုအိမ္က စြန႔္ပစ္ထားခ်ိန္မွာေတာင္ သူ႕ဆီမွာ စိတ္တိုင္းက်ဗိဳလ္က်ခြင့္ ရွိေနပါေသးသည္။ မ်က္ႏွာျမင္ခ်စ္ခင္ပါေစဆိုတဲ့ဆုနဲ႕ ျပည့္ဝတဲ့သူပါ။ ကိုယ္ကပဲခ်စ္ေနမိလို႔လားေတာ့မသိ။ သူဘာလုပ္လုပ္၊ ဘယ္ေလာက္အနိုင္ယူယူ အျပစ္မျမင္နိုင္ပဲ ဆိုးႏြဲ႕သမွ်တိုင္းကို ပိုပိုၿပီးသာခ်စ္လာရပါသည္။

အားေပးမႈကိုေက်းဇူးတင္ပါတယ္။ 
N.Maria Seng
Photo#Credit

Continue Reading

You'll Also Like

304K 11K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
4.1K 188 21
မိုးဥတုဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ကောင်လေးတစ်ယောက်ကို ချစ်မိမှန်းမသိ ချစ်မိလာခဲ့တယ် ထိုကောင်လေးက သူမနဲ့နီးနီးကပ်ကပ်လေးမှ...
395K 9.6K 84
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
309K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်