Uni
စျာန်ခတစ်ယောက် ကော်ဖီဆိုင်ကိုဒီရက်တွေအတွင်း ချောင်းပေါက်မတက်သွားပြီးချောင်းပေမယ့် လွမ်းမဝလေးကပေါ်မလာ..။
ဒီနေ့ဆိုရင်ပဲ တစ်ပတ်ပင်ပြည့်ပြီ..။
ဒီနေ့မတွေ့ရရင်တော့ လွမ်းမ၀လေးဘေးကဟိုကောင်လေးကိုတဖက်လှည့်ခေါ်ထုတ်ပြီး အကူအညီတောင်းဖို့ စိုင်းရကို အမိန့်ပေးထားပြီးသား..။
အခုလည်း မနက်စာတောင်မစားနိုင်ပဲ ကျီးမနိုးမှီကတည်းက ကော်ဖီဆိုင်ရှေ့ လာစောင့်နေလိုက်သည်။ကားရှေ့အမိုးပေါ် ပက်လက်လှဲအိပ်ရင်း စီးကရက်ကို ဇိမ်ဆွဲသောက်နေလိုက်ပြီး မီးခိုးဖြူလွလွတို့လွင့်တက်သွားရာကို ငေးကြည့်နေမိသည်....။
အတွေးတို့ကဖြင့်တောင်ရောက်လိုက်မြောက်ရောက်လိုက်နဲ့ ဂဏာမငြိမ်နိုင်..။
ဟိုတစ်နေ့က ဘွားဆီသွားပြီး လွမ်းမဝလေးအကြောင်းကိုအသိပေးကာ ခွင့်ပြုချက်တောင်းတော့ ဘွားက လူကိုအရင်ခေါ်လာဖို့ ပြောလာသည်..။
ဒါကြောင့် ရွှေစွန်ညိုစျာန်ခတစ်ယောက် လွမ်းမ၀လေးကိုလ်ိုချင်၍စက္ကန့်မခြားဝဲနေရခြင်းသာ..။
"ဟိတ်လူကြီး...စာမတက်ဘူးလားဗျ.."
အတွေးထဲမျောနေတုန်း ခပ်ကြည်ကြည်အသံလေးကြောင့် ဝမ်းသာအားရထကြည့်လိုက်သည်..။
အား..စျာန်ခရဲ့လွမ်းမဝလေးပဲ....။
အပြုံးတို့ကထိန်းမရစွာပြုံးပျော်နေတဲ့သူ့ကိုမျက်မှောင်ကြုတ်ကြည့်ကာ...
"အေ...ဟိုလူရှည်ကြီးပဲ...မေးနေတာဖြေလေ..
စာမဖတ်တက်ဘူးလားလို့..."
"အင်း...မဖတ်တက်ဘူး..ချစ်သည်းကိုပဲဖက်ချင်တာ..."
မျက်ခုံးလေးတစ်ချက်ပင့်သွားပြီး...မျက်နှာလေးရဲကာအော်လေသည်..။
"ဘာဗျ...ဘယ်ကချစ်သည်းလဲ..."
စျာန်ခ ကားရှေ့ဖုံးပေါ်က ခုန်ဆင်းလိုက်ပြီး...သူ့ရဲ့ရင်ဘက်လောက်ရှိတဲ့သူလေးကို ငုံ့မိုးကြည့်လိုက်ကာ...
"ချစ်သည်းကိုချစ်သည်းလို့ခေါ်တာလေ...ချစ်သည်းကြိုက်တယ်မလား..မကြိုက်လည်းကြိုက်ရမယ်ဆိုတာ ချစ်သည်းသိထားပေး.."
"ဘာတွေလာပြောနေတာလဲ...အရူးလား...ဒါနဲ့နေပါအုံး...ဟိုမှာဆေးလိပ်မသောက်ရလို့ ရေးထားတယ်လေ..မမြင်ဘူးလား.."
"အင်းမမြင်ဘူး..ချစ်သည်းကိုပဲမြင်တာ..."
မျက်စောင်းလေးဝဲကနဲ့ထိုးလာပြီး...
"ရာ့...စကားအကောင်းပြောစမ်းပါဗျ....တကယ်ပဲ လူရှည်ကြီးက ဟိုတစ်နေ့ကတော့ ပြောရခက်တဲ့ လူဆိုးမဟုတ်ပါဘူးဗျ...ဒီနေ့မှစုန်းပူးခံနေရတာလားဗျ...လိုရင်းကိုမရောက်နိုင်ဘူး..."
"အင်း...ကြယ်ဖြူလင်းသာဆိုတဲ့ မောင့်ချစ်သည်းကိုပဲဆိုးမယ့်လူဆိုးကလေး...ချစ်တယ်မောင့်ချစ်သည်းလေး..."
သာသာမျက်လုံးအစုံတို့ပြူးသွားရသည်..။
အခု....အခုက သာသာ ရည်းစား စကားအပြောခံလိုက်ရတာလား...။
ဟင့်အင်း.... ဒီမပြည့်စုံတဲ့ ခန္ဓာကိုယ်နဲ့ သာသာ့အနေနဲ့ ဘယ်သူ့ကိုမှမချစ်နိုင်ဘူး...။
ဒီလူလည်း သာသာအခြေအနေကို မသိလို့ချစ်စကားပြောနေတာ..။သိသွားရင် တခြားသူတွေလိုပဲ ရွံတဲ့အကြည့်တွေနဲ့ကြည့်ပြီး မသန်စွမ်းသမားလို့ခေါ်ပြီးလက်ညိုးထိုးကဲ့ရဲ့လာမှာ..။
ဟိုးအရင်ငယ်ငယ်က ရည်းစားစကားပြောခဲ့ဖူးသူ..ကိုကိုကြီးသူငယ်ချင်းလို ကွယ်ရာမှာ လက်မပါတဲ့သူလို့ခေါ်ပြီး ကဲရဲ့မှာ...။
အမှန်အတိုင်းဝန်ခံရရင်...တခြားသူတွေဘယ်လိုပြောပြော....ဒီလူရဲ့ ကဲ့ရဲ့မှူ့ကိုတော့ သာသာမခံစားနိုင်ပါ..။
သာသာ့အနေနဲ့လည်း မြင်မြင်ချင်းပင်ရင်ခုန်ခဲ့ရသူမဟုတ်လား...။
အသက် ၂၅နှစ်ရောက်သည်အထိ သာသာရဲ့နှလုံးသားက ချိူချဥ်ကောက်ပေးသူကိုမြင်မိတော့မှ ပထမဆုံးအကြိမ် ခုန်လှူပ်လာသည်..။
အိမ်ပြန်ရောက်ကတည်းက စားလည်း ဒီစိတ်..သွားလည်း..ဒီစိတ်..။အသားညိုညို လူရှည်ကြီးရဲ့အပြုံးကြည်ကြည်ကပြန်မြင်ယောင်မိနေတာ အာရုံထဲမှာ တ၀ဲလည်လည်...။
တစ်ပတ်လုံးလုံး သတိရစိတ်ကိုချိူးနှိမ်ပြီးတွေ့ချင်သည့်စိတ်ကိုမနိုင်မနင်းထိန်းချုပ်ခဲ့ရသည်ဟုတ်လား..။သာသာက လူရှည်ကြီးနဲ့ဘယ်လိုမှမထိုက်တန်နိုင်သည့်လူပဲလေ...။
စလုံရေမစရသေးခင် စိတ်ထိန်းပြီးဝေးဝေးမှာပဲနေသင့်သည်အခြေအနေပင်...။
အခုလည်း အဲ့နေ့က ထိုလူဆီကရခဲ့တဲ့ရေမွေးနံ့က လေသင့်ရာမွှေးလာသည်မို့ လူရှည်ကြီးများလားဆိုတဲ့မျှော်လင့်ချက်နဲ့ အနံ့လာရာဆီလာကြည့်မိတာ..။
ထင်တဲ့အတိုင်း လူရှည်ကြီးကိုတွေ့လိုက်ရတော့ ရင်တွေတုန်သွားရသည်.....။
အခုတော့ ချစ်စကားဖွင့်ပြောလာလေပြီ..။မဖြစ်နိုင်ဘူး..။မဖြစ်သင့်ဘူးဆိုတဲ့စိတ်နဲ့...တုန်ရင်နေတဲ့နှူတ်ခမ်းတစ်စုံကို ထိန်းကာ...
"ဟင့်အင်း...သာသာကတော့မချစ်ဘူးဗျ..."
ခေါင်းကိုသွက်သွက်ခါအောင်ယမ်းကာ အငြင်းစကားဆိုပြီး...အပြေးကလေးထွက်သွားသူကို စျာန်ခ ငေးကြည့်နေလိုက်သည်..။
သေချာတယ်...လက်ကတစ်ခုခုချိူ့ယွင်းနေတာပဲ..။လက်ကိုအိတ်အောက်မှာ မမြင်အောင်ဖုံးကွယ်ထားသည်မလား...။
မောင့်ဆီကိုလာခဲ့ပါ ချစ်သည်းရယ်...ဘာမှအားငယ်စရာမလိုအောင်ချစ်ပေးမှာမို့...ရဲရဲသာလာခဲ့ပါ...။
"ညီ..ညီချစ်..ငါ့ကိုအိမ်ပြန်ပို့ပေးပါ့လား..."
မျက်နှာတွေပျက်ကာ ဆိုင်ထဲပြေးဝင်လာပြီး အနားကပ်ကာ တောင်းဆိုလာသူကြောင့် ညီချစ်မျက်လုံးပြူးကာအံ့သြသွားရသည်..။
သူပဲ မန္တလေးတောင်သွားချင်တယ်ပြောပြီးတော့...ခုမှ ဘာလို့အိမ်ပြန်ချင်ရတာတုန်း..။
"မန္တလေးတောင်သွားမလို့ဆို..."
"ငါ....ငါ...အိမ်ပြန်ချင်တယ်..လိုက်..လိုက်ပို့ပေး..."
အသံတွေပါတုန်နေပြီမို့ လက်ထဲစာရင်းစာအုပ်ကိုစားပွဲပေါ်ပစ်ချကာ သာသာရဲ့ပခုံးလေးကိုဆုပ်ကိုင်လိုက်ပြီး...
"ဘာဖြစ်လာတာလဲ..သာသာ...ဘာဖြစ်လို့လဲ..."
"အိမ်ပြန်ပို့ပေးပါ...အိမ်ပြန်ချင်တယ်.."
ခေါင်းကိုတွင်တွင်ယမ်းကာ အိမ်ပြန်ချင်သည်ဟုသာ ပြောနေသည်မို့ကားသော့ပြေးယူလိုက်ပြီး..
"Okok...သွားရအောင်...စိတ်မညစ်နဲ့..ဘာမှမဖြစ်ဘူး..မင်းကိုကဲ့ရဲ့မယ့်သူ ဘယ်သူမှမရှိဘူး...စိတ်ကိုလျှော့ထား..."
လက်ကလေးကိုဆွဲကာ ကားဆီခေါ်လာခဲ့ပြီး...ဝင်ထိုင်စေကာ မောင်းထွက်လာခဲ့သည်..။
တလမ်းလုံး ငြိမ်နေကာ လက်နှစ်ဖက်ကိုမီးပွင့်မတက်ပွတ်နေသူ..။ညီချစ်မေးတာလည်းဘယ်လိုမှမရ..။တစ်ယောက်ယောက်က တစ်ခုခုမပြောပဲနဲ့တော့ ဒီလိုဖြစ်နေမှာမဟုတ်...။ဆိုင်ရှေ့ခဏဆိုပြီးထွက်သွားရာက ပြန်လာတော့ထိုသို့ဖြစ်လာသည်မဟုတ်လား..။အပြန်မှဆိုင်ရှေ့က CCTVကိုကြည့်ကြည့်ရမည်..။
အိမ်ရောက်တော့ အိပ်ပျော်နေသူကို အသာပွေ့ချီကာ အိပ်ခန်းထဲပို့ပေးခဲ့ပြီး တံခါး Lock ချခဲ့လိုက်သည်..။တစ်ယောက်တည်း ထားခဲ့ရတိုင်း ထိုသို့ lock ချထားခဲ့ရသည်..။မဟုတ်ရင် ကိုနှိူင်းမရမင်းက ဘာလာလာလုပ်မှန်းမသိ..။
တစ်ခါတုန်းကလည်း ညီချစ်မရှိချိန်ရောက်လာကာ သာသာအခန်းကိုဝင်ပြီး ဘာတွေဝင်ရှာလို့ရှာ မှန်းမသိ...။
ထိကပါးရိကပါး လုပ်လို့လုပ်...။
သူ့ငယ်ချင်းတွေခေါ်လာပြီး သာသာအိပ်နေသည်ကို ကြည့်ကာ ဖြေလျော့မှူတွေလုပ်ကာ..လူယုတ်မာစိတ်မွေးသည်..။
ညီချစ်အနေနဲ့လည်း သာသာကို ကာကွယ်နိုင်ဖို့မလွယ်ကူ...။ဘယ်လိုတောင်လုပ်ရပါ့...။
ဆိုင်ကိုပြန်ထွက်လာခဲ့ပြီး ဒီနေ့အဖို့ တစ်နေကုန်မနေပဲ အစောပြန်ဖို့ ဆုံးဖြတ်လိုက်သည်..။
ကားပါကင်ထိုးပြီး ဆိုင်ထဲဝင်လာတော့ ရှေ့ကနေပိတ်ရပ်လိုက်သူကြောင့် ညီချစ် လန့်သွားရသည်..။
"ဘယ်သူလဲဗျ..."
"လေးညီချစ်မဟုတ်လား..ကျွန်တော့သူဌေးက စကားလေးပြောစရာရှိလို့ ခဏလိုက်ခဲ့ပေးမလားဗျာ..."
"ဘယ်ကသူဌေးလဲ..ကျွန်တော်သိလို့လား.."
"အာ..ခဏ.."
စိုင်းရ မျက်မှောင်ကြုပ်ကြည့်နေသူကို ကဒ်ကလေးတစ်ခုထုတ်ပေးလိုက်ပြီး...
"တစ်ချက်လောက်ကြည့်ပေးပါဗျ..."
ညီချစ် လက်ထဲထိုးထည့်လာတဲ့ ကဒ်လေးကို ကြည့်မိတော့....
"ဟင်...စျာန်..စျာန် ဆိုတော့..ဟို..ဟို ကျောက်မျက်.."
"ဟုတ်ပါတယ်ခင်ဗျ..လိုက်ခဲ့မလားဗျာ.."
"အာ..ဟုတ်..ခဏ..ခဏလေး..ကျွန်တော်ဝန်ထမ်းတွေအသိပေးခဲ့လိုက်အုံးမယ်..."
"ဟုတ်ကဲ့ခင်ဗျ..ရှေ့ကစောင့်နေပါ့မယ်..."
ညီချစ် ဝန်ထမ်းတွေကိုတစ်ခါထဲပြန််မယ်ဆိုတာအသိပေးပြီး ရှေ့ထွက်လာတော့ အစောကလူကရှေ့ပိတ်ရပ်လာပြန်သည်..။
"ဘယ်မှမပြေးပါဘူးဗျ..ဘယ်လိုဖြစ်လို့ ရှေ့ပဲပိတ်ရပ်နေတာလဲ..ဘယ်မှာလဲ ခင်ဗျားသူဌေး...ကျွန်တော့်ကိုခေါ်သွား...ဟင်း.."
စိုင်းရ နှူတ်သီးကောင်းလျှာပါးနဲ့ကတ်ကတ်လန်နေသူကို ပြုံးကြည့်နေမိသည်..။စိတ်ဝင်စားစရာလေးပဲ...။
ညီချစ်ကို ကားတစ်စီးအနားခေါ်သွားပြီး ကားတံခါးဖွင့်ပေးလာသည်မို့ အထဲငုံ့ကြည့်မိတော့ ချောမောခန့်ညားတဲ့ လူတစ်ယောက်က ခေါင်းဆတ်ပြကာ အထဲဝင်ခိုင်းလေသည်..။မြင်ဖူးသလိုရှိသည်ဟုတွေးရင်း ကားထဲဝင်ထိုင်လိုက်တော့ လက်ကမ်းပေးလာရင်း....
"ကိုလေးညီချစ်လို့ခေါ်ရမှာပေါ့...ကျွန်တော့်နာမည်က စျာန်ခကိုကိုးပါ.."
"အာ..ဟုတ်...ရင်းရင်းနှီးနှီး ညီချစ်လို့ပဲခေါ်ပါ..ဘာပြောမလို့လဲဗျ...ကျွန်တော့်ကိုခေါ်တာ..."
"မေးစရာရှိလို့ပါ..."
"ဟုတ်..ပြောပါဗျ...ဖြေလို့ရရင် ဖြေပေးပါ့မယ်..."
"ကျွန်တော့ကိုချစ်သည်း..အာ..sorry.. ကြယ်ဖြူလင်းသာ ရဲ့အကြောင်းပြောပြပေးလို့ရမလား..."
"ဟင်..သာသာအကြောင်း..ဘာလို့လဲ.."
"ကျွန်တော် သူ့ကိုချစ်နေမိလို့...အစောကဖွင့်ပြောလိုက်တော့ တစ်ကိုယ်လုံးတုန်ပြီး ပြေးထွက်သွားလို့...ဘာကိုကြောက်သွားမှန်းမသိဘူး...ကျွန်တော့် သူ့အကြောင်းတွေပိုပြီးသိရင် စိတ်သက်သာဖို့လုပ်ပေးနိုင်မယ်ထင်တယ်..."
ညီချစ်..ဘေးကလူကိုငေးကြည့်နေမိသည်..။အရှိန်အဝါထင်ဟပ်နေတဲ့ လူပုံစံမျက်နှာအနေအထားက ညီချစ်ကို ယုံကြည်ဖို့ တိုက်တွန်းနေသလို..။ငေးကြည့်နေရင်းမှ..တစ်စုံတစ်ခုကို သတိရလိုက်ပြီး...
"အာ...Centerထဲမှာ သာသာ့ချိူချဥ်ကိုကောက်ပေးတဲ့ လူမလား...ဟုတ်တယ်မလား..မြင်ဖူးနေတယ်တွေးမိနေတာ..."
"အင်း..ဟုတ်တယ်...ချစ်သည်းအကြောင်းပြောပြမယ်မလားဟင်..ကျွန်တော် ကိုယ်တိုင်ကြားချင်တာမို့ အောက်ကျိူ့မေးတာပါ...ကျွန်တော်အောက်ကျို့မေးတာ ချစ်သည်းအကြောင်းပဲ..အပြင်ကနေဘယ်လိုမှစုံစမ်းမရလို့...Black Treeဆိုတဲ့နာမည်ကလွဲလို့ ဘယ်လိုတွေဖြတ်သန်းခဲ့ရတယ်ဆိုတာ စုံစမ်းမရလို့ ကိုညီချစ်ကိုခေါ်မေးရတာ..."
"အာ...သာသာကိုယ်တိုင်က လူသိပ်မသိအောင်နေတာမို့ ...နောက်ပြီးအပြင်သိပ်မထွက်ဘူးလေ..တနဂ်နွေနေ့တစ်ရက်ပဲ အပြင်ထွက်ခွင့်ရတာ..."
"နောက်ပြီး..ဒီက..."
"စျာန်ခလို့ပဲခေါ်ပါ..ကျွန်တော်က အငယ်မလို့.."
"ဪ..ဟုတ်..စျာန်ခ အခုကျွန်တော်ပြမယ့်ပုံလေးကို အရင်ကြည့်ပေးပါ...ဒါကိုမြင်ပြီးတာတောင်မှ သာသာအကြောင်းသိချင်တယ်ဆိုရင် ပြောပြပါ့မယ်..."
ကိုညီချစ်က သူ့ဖုန်းလေးကို ဖွင့်လိုက်ပြီး သော့ခတ်သိမ်းထားတဲ့ ပုံတစ်ပုံကို နှိပ်လိုက်ကာ စျာန်ခလက်ထဲ ထည့်ပေးလာသည်..။
စျာန်ခ ဖုန်းထဲကပုံကို ယူကြည့်လိုက်တော့ မျက်ရည်တွေကျလာရသည်..။ကုတင်ပေါ်မှာ လက်လေးနှစ်ဖက်ကိုပူးကာ ဘေးချထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသူလေး..။
"ထင်တဲ့အတိုင်းပါလား..ချစ်သည်းက လက်မပြည့်စုံပဲမွေးလာတာပေါ့...အား..အင့်...ဘယ်လောက်တောင်ခက်ခဲနေမလဲ...."
ညီချစ်...မျက်ရည်တွေကျကာ ငိုသံကြီးနဲ့ ရေရွတ်နေသူကို မျက်လုံးပြူးကြည့်ရင်း...
"သိ..သိပြီးသားလား..သာသာက ဒီလိုလူဆိုတာ.."
"ဘယ်လိုအခြေနေဆိုတာမသိပေမယ့် ကိုယ်အဂ်ါမပြည့်စုံတဲ့လူမှန်းသိနေခဲ့ပါတယ်...ကျွန်တော်လက်ခံနိုင်တာမို့ ကျွန်တော်သိချင်တဲ့အရာပြောပြပေးမယ်မဟုတ်လား..ကိုညီချစ်.."
ညီချစ် စိတ်သက်သာတဲ့ သက်ပြင်းမောကြီးတစ်ချမှူတ်ထုတ်လိုက်ပြီး ခေါင်းတစ်ချက်ငြိမ့်ကာ....
"သိချင်တာမေးပါ...ပြောပြပါ့မယ်..."
"အကုန်ပြောပြပါ..ဘာမှမချန်ထားပါနဲ့...အကုန်သိပါရစေ..."
"သာသာက သိပ်သနားဖို့ကောင်းတဲ့ကောင်လေးပါ.."
........
HTWO
Edit...23.3.22
အဆင်ပြေကြလား...
Zaw
စ်ာန္ခတစ္ေယာက္ ေကာ္ဖီဆိုင္ကိုဒီရက္ေတြအတြင္း ေခ်ာင္းေပါက္မတက္သြားၿပီးေခ်ာင္းေပမယ့္ လြမ္းမဝေလးကေပၚမလာ..။
ဒီေန့ဆိုရင္ပဲ တစ္ပတ္ပင္ျပည့္ၿပီ..။
ဒီေန့မေတြ့ရရင္ေတာ့ လြမ္းမ၀ေလးေဘးကဟိုေကာင္ေလးကိုတဖက္လွည့္ေခၚထုတ္ၿပီး အကူအညီေတာင္းဖို႔ စိုင္းရကို အမိန္႔ေပးထားၿပီးသား..။
အခုလည္း မနက္စာေတာင္မစားႏိုင္ပဲ က်ီးမႏိုးမွီကတည္းက ေကာ္ဖီဆိုင္ေရ႔ွ လာေစာင့္ေနလိုက္သည္။ကားေရ႔ွအမိုးေပၚ ပက္လက္လွဲအိပ္ရင္း စီးကရက္ကို ဇိမ္ဆြဲေသာက္ေနလိုက္ၿပီး မီးခိုးျဖဴလြလြတို႔လြင့္တက္သြားရာကို ေငးၾကည့္ေနမိသည္....။
အေတြးတို႔ကျဖင့္ေတာင္ေရာက္လိုက္ေျမာက္ေရာက္လိုက္နဲ႔ ဂဏာမၿငိမ္ႏိုင္..။
ဟိုတစ္ေန့က ဘြားဆီသြားၿပီး လြမ္းမဝေလးအေၾကာင္းကိုအသိေပးကာ ခြင့္ျပဳခ်က္ေတာင္းေတာ့ ဘြားက လူကိုအရင္ေခၚလာဖို႔ ေျပာလာသည္..။
ဒါေၾကာင့္ ေရႊစြန္ညိုစ်ာန္ခတစ္ေယာက္ လြမ္းမ၀ေလးကိုလ္ိုခ်င္၍စကၠန္႔မျခားဝဲေနရျခင္းသာ..။
"ဟိတ္လူႀကီး...စာမတက္ဘူးလားဗ်.."
အေတြးထဲေမ်ာေနတုန္း ခပ္ၾကည္ၾကည္အသံေလးေၾကာင့္ ဝမ္းသာအားရထၾကည့္လိုက္သည္..။
အား..စ်ာန္ခရဲ့လြမ္းမဝေလးပဲ....။
အၿပံဳးတို႔ကထိန္းမရစြာၿပံဳးေပ်ာ္ေနတဲ့သူ႔ကိုမ်က္ေမွာင္ၾကဳတ္ၾကည့္ကာ...
"ေအ...ဟိုလူရွည္ႀကီးပဲ...ေမးေနတာေျဖေလ..
စာမဖတ္တက္ဘူးလားလို႔..."
"အင္း...မဖတ္တက္ဘူး..ခ်စ္သည္းကိုပဲဖက္ခ်င္တာ..."
မ်က္ခံုးေလးတစ္ခ်က္ပင့္သြားၿပီး...မ်က္ႏွာေလးရဲကာေအာ္ေလသည္..။
"ဘာဗ်...ဘယ္ကခ်စ္သည္းလဲ..."
စ်ာန္ခ ကားေရ႔ွဖံုးေပၚက ခုန္ဆင္းလိုက္ၿပီး...သူ႔ရဲ့ရင္ဘက္ေလာက္ရိွတဲ့သူေလးကို ငံု႔မိုးၾကည့္လိုက္ကာ...
"ခ်စ္သည္းကိုခ်စ္သည္းလို႔ေခၚတာေလ...ခ်စ္သည္းႀကိဳက္တယ္မလား..မႀကိဳက္လည္းႀကိဳက္ရမယ္ဆိုတာ ခ်စ္သည္းသိထားေပး.."
"ဘာေတြလာေျပာေနတာလဲ...အရူးလား...ဒါနဲ႔ေနပါအံုး...ဟိုမွာေဆးလိပ္မေသာက္ရလို႔ ေရးထားတယ္ေလ..မျမင္ဘူးလား.."
"အင္းမျမင္ဘူး..ခ်စ္သည္းကိုပဲျမင္တာ..."
မ်က္ေစာင္းေလးဝဲကနဲ႔ထိုးလာၿပီး...
"ရာ့...စကားအေကာင္းေျပာစမ္းပါဗ်....တကယ္ပဲ လူရွည္ႀကီးက ဟိုတစ္ေန့ကေတာ့ ေျပာရခက္တဲ့ လူဆိုးမဟုတ္ပါဘူးဗ်...ဒီေန့မွစုန္းပူးခံေနရတာလားဗ်...လိုရင္းကိုမေရာက္ႏိုင္ဘူး..."
"အင္း...ၾကယ္ျဖဴလင္းသာဆိုတဲ့ ေမာင့္ခ်စ္သည္းကိုပဲဆိုးမယ့္လူဆိုးကေလး...ခ်စ္တယ္ေမာင့္ခ်စ္သည္းေလး..."
သာသာမ်က္လံုးအစံုတို႔ျပဴးသြားရသည္..။
အခု....အခုက သာသာ ရည္းစား စကားအေျပာခံလိုက္ရတာလား...။
ဟင့္အင္း.... ဒီမျပည့္စံုတဲ့ ခႏၶာကိုယ္နဲ႔ သာသာ့အေနနဲ႔ ဘယ္သူ႔ကိုမွမခ်စ္ႏိုင္ဘူး...။
ဒီလူလည္း သာသာအေျခအေနကို မသိလို႔ခ်စ္စကားေျပာေနတာ..။သိသြားရင္ တျခားသူေတြလိုပဲ ရြံတဲ့အၾကည့္ေတြနဲ႔ၾကည့္ၿပီး မသန္စြမ္းသမားလို႔ေခၚၿပီးလက္ညိုးထိုးကဲ့ရဲ့လာမွာ..။
ဟိုးအရင္ငယ္ငယ္က ရည္းစားစကားေျပာခဲ့ဖူးသူ..ကိုကိုႀကီးသူငယ္ခ်င္းလို ကြယ္ရာမွာ လက္မပါတဲ့သူလို႔ေခၚၿပီး ကဲရဲ့မွာ...။
အမွန္အတိုင္းဝန္ခံရရင္...တျခားသူေတြဘယ္လိုေျပာေျပာ....ဒီလူရဲ့ ကဲ့ရဲ့မွဴ့ကိုေတာ့ သာသာမခံစားႏိုင္ပါ..။
သာသာ့အေနနဲ႔လည္း ျမင္ျမင္ခ်င္းပင္ရင္ခုန္ခဲ့ရသူမဟုတ္လား...။
အသက္ ၂၅ႏွစ္ေရာက္သည္အထိ သာသာရဲ့ႏွလံုးသားက ခ်ိူခ်ဥ္ေကာက္ေပးသူကိုျမင္မိေတာ့မွ ပထမဆံုးအႀကိမ္ ခုန္လႉပ္လာသည္..။
အိမ္ျပန္ေရာက္ကတည္းက စားလည္း ဒီစိတ္..သြားလည္း..ဒီစိတ္..။အသားညိုညို လူရွည္ႀကီးရဲ့အၿပံဳးၾကည္ၾကည္ကျပန္ျမင္ေယာင္မိေနတာ အာရံုထဲမွာ တဝဲလည္လည္...။
တစ္ပတ္လံုးလံုး သတိရစိတ္ကိုခ်ိူးႏိွမ္ၿပီးေတြ့ခ်င္သည့္စိတ္ကိုမႏိုင္မနင္းထိန္းခ်ဳပ္ခဲ့ရသည္ဟုတ္လား..။သာသာက လူရွည္ႀကီးနဲ႔ဘယ္လိုမွမထိုက္တန္ႏိုင္သည့္လူပဲေလ...။
စလံုေရမစရေသးခင္ စိတ္ထိန္းၿပီးေဝးေဝးမွာပဲေနသင့္သည္အေျခအေနပင္...။
အခုလည္း အဲ့ေန့က ထိုလူဆီကရခဲ့တဲ့ေရေမြးနံ႔က ေလသင့္ရာေမႊးလာသည္မို႔ လူရွည္ႀကီးမ်ားလားဆိုတဲ့ေမ်ွာ္လင့္ခ်က္နဲ႔ အနံ႔လာရာဆီလာၾကည့္မိတာ..။
ထင္တဲ့အတိုင္း လူရွည္ႀကီးကိုေတြ့လိုက္ရေတာ့ ရင္ေတြတုန္သြားရသည္.....။
အခုေတာ့ ခ်စ္စကားဖြင့္ေျပာလာေလၿပီ..။မျဖစ္ႏိုင္ဘူး..။မျဖစ္သင့္ဘူးဆိုတဲ့စိတ္နဲ႔...တုန္ရင္ေနတဲ့ႏႉတ္ခမ္းတစ္စံုကို ထိန္းကာ...
"ဟင့္အင္း...သာသာကေတာ့မခ်စ္ဘူးဗ်..."
ေခါင္းကိုသြက္သြက္ခါေအာင္ယမ္းကာ အျငင္းစကားဆိုၿပီး...အေျပးကေလးထြက္သြားသူကို စ်ာန္ခ ေငးၾကည့္ေနလိုက္သည္..။
ေသခ်ာတယ္...လက္ကတစ္ခုခုခ်ိူ႔ယြင္းေနတာပဲ..။လက္ကိုအိတ္ေအာက္မွာ မျမင္ေအာင္ဖံုးကြယ္ထားသည္မလား...။
ေမာင့္ဆီကိုလာခဲ့ပါ ခ်စ္သည္းရယ္...ဘာမွအားငယ္စရာမလိုေအာင္ခ်စ္ေပးမွာမို႔...ရဲရဲသာလာခဲ့ပါ...။
"ညီ..ညီခ်စ္..ငါ့ကိုအိမ္ျပန္ပို႔ေပးပါ့လား..."
မ်က္ႏွာေတြပ်က္ကာ ဆိုင္ထဲေျပးဝင္လာၿပီး အနားကပ္ကာ ေတာင္းဆိုလာသူေၾကာင့္ ညီခ်စ္မ်က္လံုးျပဴးကာအံ့ၾသသြားရသည္..။
သူပဲ မႏၲေလးေတာင္သြားခ်င္တယ္ေျပာၿပီးေတာ့...ခုမွ ဘာလို႔အိမ္ျပန္ခ်င္ရတာတုန္း..။
"မႏၲေလးေတာင္သြားမလို႔ဆို..."
"ငါ....ငါ...အိမ္ျပန္ခ်င္တယ္..လိုက္..လိုက္ပို႔ေပး..."
အသံေတြပါတုန္ေနၿပီမို႔ လက္ထဲစာရင္းစာအုပ္ကိုစားပြဲေပၚပစ္ခ်ကာ သာသာရဲ့ပခံုးေလးကိုဆုပ္ကိုင္လိုက္ၿပီး...
"ဘာျဖစ္လာတာလဲ..သာသာ...ဘာျဖစ္လို႔လဲ..."
"အိမ္ျပန္ပို႔ေပးပါ...အိမ္ျပန္ခ်င္တယ္.."
ေခါင္းကိုတြင္တြင္ယမ္းကာ အိမ္ျပန္ခ်င္သည္ဟုသာ ေျပာေနသည္မို႔ကားေသာ့ေျပးယူလိုက္ၿပီး..
"Okok...သြားရေအာင္...စိတ္မညစ္နဲ႔..ဘာမွမျဖစ္ဘူး..မင္းကိုကဲ့ရဲ့မယ့္သူ ဘယ္သူမွမရိွဘူး...စိတ္ကိုေလ်ွာ့ထား..."
လက္ကေလးကိုဆြဲကာ ကားဆီေခၚလာခဲ့ၿပီး...ဝင္ထိုင္ေစကာ ေမာင္းထြက္လာခဲ့သည္..။
တလမ္းလံုး ၿငိမ္ေနကာ လက္ႏွစ္ဖက္ကိုမီးပြင့္မတက္ပြတ္ေနသူ..။ညီခ်စ္ေမးတာလည္းဘယ္လိုမွမရ..။တစ္ေယာက္ေယာက္က တစ္ခုခုမေျပာပဲနဲ႔ေတာ့ ဒီလိုျဖစ္ေနမွာမဟုတ္...။ဆိုင္ေရ႔ွခဏဆိုၿပီးထြက္သြားရာက ျပန္လာေတာ့ထိုသို႔ျဖစ္လာသည္မဟုတ္လား..။အျပန္မွဆိုင္ေရ႔ွက CCTVကိုၾကည့္ၾကည့္ရမည္..။
အိမ္ေရာက္ေတာ့ အိပ္ေပ်ာ္ေနသူကို အသာေပြ့ခ်ီကာ အိပ္ခန္းထဲပို႔ေပးခဲ့ၿပီး တံခါး Lock ခ်ခဲ့လိုက္သည္..။တစ္ေယာက္တည္း ထားခဲ့ရတိုင္း ထိုသို႔ lock ခ်ထားခဲ့ရသည္..။မဟုတ္ရင္ ကိုႏိွူင္းမရမင္းက ဘာလာလာလုပ္မွန္းမသိ..။
တစ္ခါတုန္းကလည္း ညီခ်စ္မရိွခ်ိန္ေရာက္လာကာ သာသာအခန္းကိုဝင္ၿပီး ဘာေတြဝင္ရွာလို႔ရွာ မွန္းမသိ...။
ထိကပါးရိကပါး လုပ္လို႔လုပ္...။
သူ႔ငယ္ခ်င္းေတြေခၚလာၿပီး သာသာအိပ္ေနသည္ကို ၾကည့္ကာ ေျဖေလ်ာ့မွဴေတြလုပ္ကာ..လူယုတ္မာစိတ္ေမြးသည္..။
ညီခ်စ္အေနနဲ႔လည္း သာသာကို ကာကြယ္ႏိုင္ဖို႔မလြယ္ကူ...။ဘယ္လိုေတာင္လုပ္ရပါ့...။
ဆိုင္ကိုျပန္ထြက္လာခဲ့ၿပီး ဒီေန့အဖို႔ တစ္ေနကုန္မေနပဲ အေစာျပန္ဖို႔ ဆံုးျဖတ္လိုက္သည္..။
ကားပါကင္ထိုးၿပီး ဆိုင္ထဲဝင္လာေတာ့ ေရ႔ွကေနပိတ္ရပ္လိုက္သူေၾကာင့္ ညီခ်စ္ လန႔္သြားရသည္..။
"ဘယ္သူလဲဗ်..."
"ေလးညီခ်စ္မဟုတ္လား..ကြၽန္ေတာ့သူေဌးက စကားေလးေျပာစရာရိွလို႔ ခဏလိုက္ခဲ့ေပးမလားဗ်ာ..."
"ဘယ္ကသူေဌးလဲ..ကြၽန္ေတာ္သိလို႔လား.."
"အာ..ခဏ.."
စိုင္းရ မ်က္ေမွာင္ၾကဳပ္ၾကည့္ေနသူကို ကဒ္ကေလးတစ္ခုထုတ္ေပးလိုက္ၿပီး...
"တစ္ခ်က္ေလာက္ၾကည့္ေပးပါဗ်..."
ညီခ်စ္ လက္ထဲထိုးထည့္လာတဲ့ ကဒ္ေလးကို ၾကည့္မိေတာ့....
"ဟင္...စ်ာန္..စ်ာန္ ဆိုေတာ့..ဟို..ဟို ေက်ာက္မ်က္.."
"ဟုတ္ပါတယ္ခင္ဗ်..လိုက္ခဲ့မလားဗ်ာ.."
"အာ..ဟုတ္..ခဏ..ခဏေလး..ကြၽန္ေတာ္ဝန္ထမ္းေတြအသိေပးခဲ့လိုက္အံုးမယ္..."
"ဟုတ္ကဲ့ခင္ဗ်..ေရ႔ွကေစာင့္ေနပါ့မယ္..."
ညီခ်စ္ ဝန္ထမ္းေတြကိုတစ္ခါထဲျပန္္မယ္ဆိုတာအသိေပးၿပီး ေရ႔ွထြက္လာေတာ့ အေစာကလူကေရ႔ွပိတ္ရပ္လာျပန္သည္..။
"ဘယ္မွမေျပးပါဘူးဗ်..ဘယ္လိုျဖစ္လို႔ ေရ႔ွပဲပိတ္ရပ္ေနတာလဲ..ဘယ္မွာလဲ ခင္ဗ်ားသူေဌး...ကြၽန္ေတာ့္ကိုေခၚသြား...ဟင္း.."
စိုင္းရ ႏႉတ္သီးေကာင္းလ်ွာပါးနဲ႔ကတ္ကတ္လန္ေနသူကို ၿပံဳးၾကည့္ေနမိသည္..။စိတ္ဝင္စားစရာေလးပဲ...။
ညီခ်စ္ကို ကားတစ္စီးအနားေခၚသြားၿပီး ကားတံခါးဖြင့္ေပးလာသည္မို႔ အထဲငံု႔ၾကည့္မိေတာ့ ေခ်ာေမာခန္႔ညားတဲ့ လူတစ္ေယာက္က ေခါင္းဆတ္ျပကာ အထဲဝင္ခိုင္းေလသည္..။ျမင္ဖူးသလိုရိွသည္ဟုေတြးရင္း ကားထဲဝင္ထိုင္လိုက္ေတာ့ လက္ကမ္းေပးလာရင္း....
"ကိုေလးညီခ်စ္လို႔ေခၚရမွာေပါ့...ကြၽန္ေတာ့္နာမည္က စ်ာန္ခကိုကိုးပါ.."
"အာ..ဟုတ္...ရင္းရင္းႏွီးႏွီး ညီခ်စ္လို႔ပဲေခၚပါ..ဘာေျပာမလို႔လဲဗ်...ကြၽန္ေတာ့္ကိုေခၚတာ..."
"ေမးစရာရိွလို႔ပါ..."
"ဟုတ္..ေျပာပါဗ်...ေျဖလို႔ရရင္ ေျဖေပးပါ့မယ္..."
"ကြၽန္ေတာ့ကိုခ်စ္သည္း..အာ..sorry.. ၾကယ္ျဖဴလင္းသာ ရဲ့အေၾကာင္းေျပာျပေပးလို႔ရမလား..."
"ဟင္..သာသာအေၾကာင္း..ဘာလို႔လဲ.."
"ကြၽန္ေတာ္ သူ႔ကိုခ်စ္ေနမိလို႔...အေစာကဖြင့္ေျပာလိုက္ေတာ့ တစ္ကိုယ္လံုးတုန္ၿပီး ေျပးထြက္သြားလို႔...ဘာကိုေၾကာက္သြားမွန္းမသိဘူး...ကြၽန္ေတာ့္ သူ႔အေၾကာင္းေတြပိုၿပီးသိရင္ စိတ္သက္သာဖို႔လုပ္ေပးႏိုင္မယ္ထင္တယ္..."
ညီခ်စ္..ေဘးကလူကိုေငးၾကည့္ေနမိသည္..။အရိွန္အဝါထင္ဟပ္ေနတဲ့ လူပံုစံမ်က္ႏွာအေနအထားက ညီခ်စ္ကို ယံုၾကည္ဖို႔ တိုက္တြန္းေနသလို..။ေငးၾကည့္ေနရင္းမွ..တစ္စံုတစ္ခုကို သတိရလိုက္ၿပီး...
"အာ...Centerထဲမွာ သာသာ့ခ်ိူခ်ဥ္ကိုေကာက္ေပးတဲ့ လူမလား...ဟုတ္တယ္မလား..ျမင္ဖူးေနတယ္ေတြးမိေနတာ..."
"အင္း..ဟုတ္တယ္...ခ်စ္သည္းအေၾကာင္းေျပာျပမယ္မလားဟင္..ကြၽန္ေတာ္ ကိုယ္တိုင္ၾကားခ်င္တာမို႔ ေအာက္က်ိူ႔ေမးတာပါ...ကြၽန္ေတာ္ေအာက္က်ိဳ႕ေမးတာ ခ်စ္သည္းအေၾကာင္းပဲ..အျပင္ကေနဘယ္လိုမွစံုစမ္းမရလို႔...Black Treeဆိုတဲ့နာမည္ကလြဲလို႔ ဘယ္လိုေတျြဖတ္သန္းခဲ့ရတယ္ဆိုတာ စံုစမ္းမရလို႔ ကိုညီခ်စ္ကိုေခၚေမးရတာ..."
"အာ...သာသာကိုယ္တိုင္က လူသိပ္မသိေအာင္ေနတာမို႔ ...ေနာက္ၿပီးအျပင္သိပ္မထြက္ဘူးေလ..တနဂ္ေနြေန့တစ္ရက္ပဲ အျပင္ထြက္ခြင့္ရတာ..."
"ေနာက္ၿပီး..ဒီက..."
"စ်ာန္ခလို႔ပဲေခၚပါ..ကြၽန္ေတာ္က အငယ္မလို႔.."
"ဪ..ဟုတ္..စ်ာန္ခ အခုကြၽန္ေတာ္ျပမယ့္ပံုေလးကို အရင္ၾကည့္ေပးပါ...ဒါကိုျမင္ၿပီးတာေတာင္မွ သာသာအေၾကာင္းသိခ်င္တယ္ဆိုရင္ ေျပာျပပါ့မယ္..."
ကိုညီခ်စ္က သူ႔ဖုန္းေလးကို ဖြင့္လိုက္ၿပီး ေသာ့ခတ္သိမ္းထားတဲ့ ပံုတစ္ပံုကို ႏိွပ္လိုက္ကာ စ်ာန္ခလက္ထဲ ထည့္ေပးလာသည္..။
စ်ာန္ခ ဖုန္းထဲကပံုကို ယူၾကည့္လိုက္ေတာ့ မ်က္ရည္ေတြက်လာရသည္..။ကုတင္ေပၚမွာ လက္ေလးႏွစ္ဖက္ကိုပူးကာ ေဘးခ်ထားၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနသူေလး..။
"ထင္တဲ့အတိုင္းပါလား..ခ်စ္သည္းက လက္မျပည့္စံုပဲေမြးလာတာေပါ့...အား..အင့္...ဘယ္ေလာက္ေတာင္ခက္ခဲေနမလဲ...."
ညီခ်စ္...မ်က္ရည္ေတြက်ကာ ငိုသံႀကီးနဲ႔ ေရရြတ္ေနသူကို မ်က္လံုးျပဴးၾကည့္ရင္း...
"သိ..သိၿပီးသားလား..သာသာက ဒီလိုလူဆိုတာ.."
"ဘယ္လိုအေျခေနဆိုတာမသိေပမယ့္ ကိုယ္အဂ္ါမျပည့္စံုတဲ့လူမွန္းသိေနခဲ့ပါတယ္...ကြၽန္ေတာ္လက္ခံႏိုင္တာမို႔ ကြၽန္ေတာ္သိခ်င္တဲ့အရာေျပာျပေပးမယ္မဟုတ္လား..ကိုညီခ်စ္.."
ညီခ်စ္ စိတ္သက္သာတဲ့ သက္ျပင္းေမာႀကီးတစ္ခ်မွဴတ္ထုတ္လိုက္ၿပီး ေခါင္းတစ္ခ်က္ၿငိမ့္ကာ....
"သိခ်င္တာေမးပါ...ေျပာျပပါ့မယ္..."
"အကုန္ေျပာျပပါ..ဘာမွမခ်န္ထားပါနဲ႔...အကုန္သိပါရေစ..."
"သာသာက သိပ္သနားဖို႔ေကာင္းတဲ့ေကာင္ေလးပါ.."
........
HTWO
Edit...23.3.22
အဆင္ေျပၾကလား...