Part4

1.9K 201 6
                                    

Uni

"လင်းသာ..ဟေ့..မသန်စွမ်းလေး...ဟေ့.."

သာသာ စာသင်ခန်းထဲဝင်လာတော့ အတန်းထဲ သူငယ်ချင်းတွေက ခေါင်းကို လာပုတ်ရိုက်ကာမသန်စွမ်းလေးဟုခေါ်ကာ လှောင်ကြသည်....။အမိုးမရှိကတည်းကနေ့တိုင်း အလှောင်ခံနေရသည်..။

သာသာ ဒီ၈တန်းကြီးကိုလည်း မတက်ချင်တော့..။

ကိုကိုကြီးဆေးရုံကပြန်လာရင် ကျောင်းမတက်ချင်တော့ကြောင်းပြောပြရမည်..။

ညနေကျောင်းဆင်းတော့ ညီချစ်က စက်ဘီးနင်းကာ သာသာကနောက်ကစီးရင်းပြန်ရသည်..။

ညီချစ်ကို သာသာကျေးဇူးအရမ်းတင်မိသည်..။တစ်ခါတစ်လေ ကိုကိုကြီးက သာသာဆီလာပြီး ငွေလာရှာရင် ကိုကိုကြီးရဲ့အထိုးအကြိတ်ကြောင့် အနာခံပြီး နီးတာနဲ့ကောက်ထုကာ ရန်တွေ့ပေးသည်..။

သာသာ့အတွက်တော့ ညီချစ်ကကယ်တင်ရှင်ဆိုလည်း ဟုတ်ပေသည်...။

"ညီချစ်...ကိုကိုကြီးဆီခဏသွားချင်လို့ လိုက်ခဲ့အုံး..."

အိမ်ပြန်ရောက်သည်နှင် ကျောင်းလွယ်အိတ်ကိုဆိုဖာပေါ်ဆီ ပစ်ချခဲ့ကာညီချစ်ကိုခေါ်ပြီးကိုကိုကြီးရှိရာ အိမ်မကြီးဘက်ကို ထွက်လာခဲ့သည်..။

သာသာ ကျောင်းမတက်ချင်တော့တာကြောင့်ဖြစ်နိုင်ရင် အိမ်မှာသာ စာခေါ်သင်ပေးဖို့တောင်းဆိုကြည့်မည်..။

ကိုကိုကြီးသာ သဘောတူပေးရင်ကောင်းမှာပဲ..။

အိမ်နားရောက်တော့ အိမ်ထဲကရယ်သံတွေကြောင့် ကိုကိုကြီးသူငယ်ချင်းတွေရောက်နေမှန်းသိလိုက်သည်..။ဝင်မသွားဖို့တွေးမိလိုက်ပေမယ့် ကိုကိုကြီးကဖမ်းရခက်သည်မို့ စိတ်ဆုံးဖြတ်ကာအိမ်ထဲဝင်လာခဲ့သည်..။

သာသာ့အဖြစ်က မပြောမဖြစ်မတီးမမြည် အခြေအနေဖြစ်နေသည်လေ...။

ဧည့်ခန်းထဲမှာ အရက်တွေသောက်နေကြတာကိုမြင်မိတော့မှ သာသာဝင်လာမိတာမှားမှန်းသိလိုက်သည်..။လက်ကိုကာစရာအိတ်လည်းပါမလာ..။မထူးတော့ဘူးလို့တွေးကာ အရဲစွန့်ခေါ်လိုက်သည်..။

"ကိုကိုကြီး...သာသာပြောစရာရှိလို့..."

သာသာခေါ်သံကြောင့် လူအားလုံးကဝိုင်းကြည့်လာတာမို့ သာသာကြောက်စိတ်ဝင်လာရသည်..။

အနက်ရောင်သစ်ပင်ရဲ့ရေသောက်မြစ် (Completed)Where stories live. Discover now