တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

180K 29.1K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း (၂၁)(၁)

2.2K 467 16
By zuriiiiii8

စက္ကန့်ပိုင်းအတွင်းကျန်းရီအလွန်ထိတ်လန့်
သွားပြီးသူ့နှလုံးသားလေးသည်လည်ပင်းမှ
တစ်ဆင့်အပြင်သို့ကန်ထွက်သွားသကဲ့သို့
ပင်။အထိတ်တလန့်ဖြစ်မှုကြောင့်သူ့လက်ကို
လည်းမည်သည့်နေရာတွင်ထားသင့်မှန်းမသိ
တော့ချေ။ဝမ်ရွှမ်ကယခုအထိသူ့ပွေ့ဖက်မှု
တွင်မှီနေဆဲဖြစ်၏။ထို့နောက်ကျန်းရီ၏မျက်
ဝန်းများကိုတည့်တည့်ကြည့်ရန်လက်နှစ်ဖက်
ဖြင့်ရင်ခွင်ကိုအနည်းငယ်တွန်းထွက်လိုက်လေသည်။

"ဆရာတူညီလေးကျန်း?"

အတန်ငယ်ကြာပြီးနောက် ဝမ်ရွှမ်ထံမှအနည်း
ငယ်စိတ်ရှုပ်ထွေးနေသောအသံထွက်လာခဲ့
သည်။

ထိုစိတ်ရှုပ်ထွေးနေသောအသံကကျန်းရီ၏
နှလုံးသားကိုရုတ်တရက်သက်သာရာရသွား
စေခဲ့သည်။ကံကောင်းသောအချက်သည်
ကား ဝမ်ရွှမ်ကမျက်လုံးများဖွင့်ထားသော်
လည်းအသိစိတ်တစ်ဝက်သာရှိသေးသောအ
နေအထားမျိုးဖြစ်၏။

"ကျွန်တော်ပါ"

ကျန်းရီအလျင်အမြန်ခေါင်းညိတ်ပြလိုက်
သည်။

ဝမ်ရွှမ်ကသူ့လက်ကိုဆုပ်ကိုင်ရင်းစိတ်သက်
သာရာရသွားသောအမူအရာမျိုးပေါ်လာခဲ့
သည်။ထို့နောက်ကျန်းရီ့ရင်ခွင်ထဲတွင်မျက်
လုံးများကိုပိတ်လိုက်၏။သို့သော် ဤတစ်ကြိမ်တွင်တော့ပြန်အိပ်မပျော်ခဲ့ပေ။အဲ့ဒီအ
စားဝမ်ရွှမ်ကတိုးညှင်းသောအသံဖြင့်ပြန်ပြော
ပြခဲ့သည်။

"ငါအိပ်မက်တစ်ခုမက်ခဲ့တယ်"

...........အဲ့တာကအိပ်မက်ဆိုးပဲမဟုတ်လား?

ကျန်းရီကဝမ်ရွှမ့်လက်ဖဝါးကိုပြန်ဆုပ်ကိုင်
လိုက်၏။တွန့်ကွေးနေသာဝမ်ရွှမ့်မျက်ခုံးများ
အကြောင်းတွေးရင်းနှုတ်ဆိတ်နေမိပြီးဘာ
စကားတစ်ခွန်းမှပြန်မပြောနိုင်ခဲ့ပေ။

"အိပ်မက်ထဲမှာအနီရောင်တွေအများကြီးပဲ..."

ဝမ်ရွှမ်ကတိုးညှင်းစွာဖြည်းဖြည်းချင်းဆက်
ပြောလာခဲ့သည်။

"အပေါ်ကနေငါ့အပေါ်ကိုကျလာတဲ့အရာတစ်
ခုရှိတယ် အရမ်း...အရမ်းလေးတယ် နောက်
ထပ်တစ်ခုခုစီးကျလာတာလည်းရှိတယ် ခပ်စူးစူးအနံ့ရှိပြီးနွေးလည်းနွေးတယ် နီပျစ်ပျစ်တွေ ..ပြီးတော့စေးကပ်ကပ်နဲ့...."

ထိုကဲ့သို့ခံစားချက်ကစိတ်မသက်မသာဖြစ်
စေယုံသာမကဘဲအစာအိမ်ကိုပါအပြင်းအ
ထန်လှုပ်ခတ်ပြီးသက်တောင့်သက်သာမရှိမှု
ဖြစ်စေခဲ့သည်။ဝမ်ရွှမ့်မျက်နှာအရောင်လည်း
ပို၍ပင်ဖြူဖျော့လာခဲ့သည်။

"ဆရာတူအစ်ကို"

ကျန်းရီကဝမ်ရွှမ့်မျက်ခုံးအလယ်ကိုပွတ်သပ်
ဖြေလျော့ပေးလိုက်ပြီးညင်သာသောအသံ
ဖြင့်နှစ်သိမ့်လိုက်၏။

"အဲ့တာတွေအားလုံးပြီးသွားပါပြီ"

ဝမ်ရွှမ်ရုတ်တရက်သတိရသွားတယ်။အမှန်
တော့ သူကလေးဘဝထဲကဒီလိုအိပ်မက်မျိုး
တွေမက်ခဲ့ဖူးတာ။အဲ့ဒီအချိန်တုန်းကတော့သူ
အခုခံစားရတာလောက်မဆိုးရွားခဲ့ဘူး။သူ့ရဲ့
နက်ရှိုင်းတဲ့မှတ်ဥာဏ်ထဲကတစ်စုံတစ်ရာကို
မြင်ရသလိုစိတ်အနှောင့်အယှက်ဖြစ်တာမျိုး
ပဲရှိခဲ့တယ်။ဒီအကြောင်းကိုချူလျန်သတိ
ထားမိသွားတိုင်းဝမ်ရွှမ်အိပ်မက်ဆိုးတွေထပ်
မမက်တော့တဲ့အထိတစ်ညလုံးအိပ်ယာဘေး
မှာနေပေးခဲ့တယ်။

ကျင့်ကြံခြင်းအဆင့်2ဆင့်၏အပိုင်းအခြားသို့ကျသွားခြင်းကြောင့်ဖြစ်ပေါ်လာသောညှဥ်းပန်းနှိပ်စက်မှုဒဏ်ကခန္ဓာကိုယ်အတွင်းချိတ်ပိတ်ထားသောစည်းကိုချိုးဖောက်သွားပြီးရ
လဒ်အနေနှင့်ဤအိပ်မက်ဇာတ်ကွက်များကို
ပြန်ပေါ်လာစေခဲ့သည်။

"ဆရာတူအစ်ကို အဲ့ဒီအကြောင်းတွေထပ်မ
တွေးနဲ့တော့နော်"

ကျန်းရီကဝမ်ရွှမ့်ကျောပြင်ကိုတစ်ကြိမ်ပြီး
တစ်ကြိမ်ညင်ညင်သာသာပုတ်ပေးလိုက်ပြီး

"သေသေချာချာအနားယူလိုက်ပါ အစ်ကိုအ
ရမ်းပင်ပန်းနေယုံလေးပါပဲ"

ဤကဲ့သို့ညင်သာစွာပွတ်သပ်ပေးမှုကြောင့်
ဝမ်ရွှမ့်နှလုံးသား​လေးတစ်ဖြည်းဖြည်းငြိမ်
သက်သွားခဲ့သည်။ပင်ပန်းခြင်းသည်လည်း
နောက်ဆုံးတွင်တော့ နောက်တစ်ဖန်ထွက်ပေါ်
လာပြန်၏။

ပြန်မအိပ်ခင်ဝမ်ရွှမ်ကနှုတ်ခမ်းကိုဖိကိုက်ပြီး
နှုတ်ခမ်းပေါ်မှအနည်းငယ်စိုစွတ်နေသောနေ
ရာလေးကိုလျှာဖြင့်သပ်လိုက်လေသည်။

ကျန်းရီ၏လက်ဖဝါး ရုတ်တရက်တောင့်တင်း
သွားရသည်။

ဤနည်းဖြင့်တည်ငြိမ်သောအသက်ရှုသံများ
နှင့်အတူဝမ်ရွှမ်ကအိပ်မက်ကမ္ဘာထဲနောက်တ
စ်ဖန်နစ်မြောသွားလေတော့သည်။

ကျန်းရီ၏ပါးပြင်သည်တစ်စုံတစ်ရာကိုချက်
ပြုတ်နိုင်သောမီးကဲ့သို့ထိမိသည်နှင့်လောင်
ကျွမ်းလုမတတ်ဖြည်းဖြည်းချင်းပူလာခဲ့၏။
ဝမ်ရွှမ်ကသူ၏အပြုအမူလေးကိုအနည်းငယ်
တော့ခံစားမိမှာပင်။သို့သော် တစ်ဖက်လူက
အိပ်မက်ထဲတွင်စိတ်ရှုပ်ထွေးနေခြင်းကြောင့်
ကျန်းရီကတရားခံအစစ်ဖြစ်မှန်းမသိခဲ့ပေ။

ချက်ချင်းဆိုသလို ကျန်းရီဘာမျှဆက်မလုပ်ဝံ့တော့ဘဲ သူလုပ်ရမည့်အရာများကိုသာအ
လျင်စလိုအပြီးသတ်လိုက်၏။ဝမ်ရွှမ့်ကိုအ
ဝတ်အစားသစ်လဲပေးရန်ကူညီပြီးသည့်အချိ
န်တွင်တောင်သူ့နှလုံးသားကလျှပ်စီးကဲ့သို့
ခုန်နေဆဲဖြစ်​ပြီးသူ့အကြည့်များကိုလည်း
ဝမ်ရွှမ့်ထံပြန်မရွှေ့ရဲတော့ပေ။

ထိုအချိန်၌ အပြင်ဘက်မှကောင်းကင်သည်
အတော်လေးမှောင်မည်းလာပြီးကျန်းရီလည်း
အတော်အသင့်ပင်ပန်းနေခဲ့ပြီ။မည်သို့ပင်ဖြစ်
စေ ဤကျောက်ဂူ၌အိပ်ယာတစ်ခုသာရှိ၏။
ဝမ်ရွှမ်နှင့်နီးနီးကပ်ကပ်မနေရဲတော့ဘဲအဝတ်
အချို့ကိုပွေ့ပိုက်လျက်ထောင့်တစ်နေရာတွင်
သာတစ်ညတာကိုကုန်ဆုံးစေခဲ့သည်။

မသိနိုင်သောအခိုက်အတန့်တစ်ချို့ကြာပြီး
နောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေမှု
အလယ်၌ကျန်းရီသည်သူ့ကိုယ်ကိုတစ်စုံတစ်
ယောက်'မ'လိုက်သည်ဟုခံစားလိုက်ရ၏။
မျက်လုံးဖွင့်ကြည့်ရန်ကြိုးစားခဲ့သော်လည်း
မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် နောက်တစ်နေ့နံနက် ကျန်းရီအိပ်
မက်ထဲမှနိုးထလာချိန်၌အိပ်ယာပေါ်တွင်သ
က်တောင့်သက်သာလဲလျောင်းနေသောသူ့
ကိုယ်သူတွေ့လိုက်ရလေသည်။ဤနေရာတွင်
မည်မျှကြာအောင်အိပ်မောကျခဲ့မှန်းတော့မသိနိုင်ပေ။

ဝမ်ရွှမ်သည်ယမန်နေ့တုန်းကကျန်းရီလဲလှယ်
ပေးထားသောအဝတ်အစားအသစ်ကိုဝတ်ဆ
င်ထားလျက်ကုတင်ဘေးတွင်ထိုင်နေပြီးလက်
ရှိတွင်သူ့ကိုပြုံးပြနေ၏။

"နိုးပြီလား?"

ကျန်းရီသည်တစ်မီတာခန့်ချက်ချင်းထခုန်ပြီး
မျက်နှာကျက်နှင့်ဆောင့်မိသွားတော့သည်။
နာကျင်သောအော်သံနှင့်အတူပြန်ပြုတ်ကျလာပြီးသူ၏လက်များနှင့်ခေါင်းကိုအလျင်စ
လိုဖုံးကွယ်၍ခြေနှစ်ဖက်ဖြင့်ပြင်းပြင်းထန်
ထန်ကန်ကျောက်ရင်းနံရံဘက်သို့နောက်ပြန်
ဆုတ်သွားလေသည်။

"ဆ...ဆ...ဆ....ဆ...ဆရာတူအစ်ကို"

ကျန်းရီ၏တုံ့ပြန်မှုကိုဝမ်ရွှမ်အံ့သြသွားပြီး
မျက်နှာထက်မှအပြုံးလေးလည်းအေးခဲသွားရတော့သည်။

"မင်းဒီလိုလုပ်ဖို့လိုလို့လား?"

"မဟုတ်ဘူး အဲ့ဒီလိုမဟုတ်ဘူး......."

ကျန်းရီကမျက်နှာကျက်ဖြင့်ဆောင့်မိသွား
သောသူ့ခေါင်းလေးကိုပွတ်သပ်ရင်း

"ဆရာတူအစ်ကို မနေ့က....မနေ့ကကျွန်တော်
ဒီမှာအိပ်ခဲ့တာ?အစ်ကို....အစ်ကိုလည်းဒီမှာ
အိပ်ခဲ့တာပေါ့?"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ?"

ဝမ်ရွှမ်ကကျန်းရီကိုမျက်ဝန်းထောင့်ဖြင့်လှမ်း
ကြည့်လိုက်ပြီး

"မင်းဘာလို့မိန်းကလေးတစ်ယောက်လို ဒါမှ
မဟုတ် တစ်ခုခုဖြစ်နေသလိုပုံစံမျိုးဖြစ်နေရ
တာလဲ?"

ကျန်းရီထုတ်မပြောနိုင်ဘဲတစ်ယောက်ထဲဒု
က္ခများနေပြီးဝမ်ရွှမ့်အကြည့်ကိုသာမလွှဲသာ
မရှောင်သာ ရှောင်တိမ်းလိုက်၏။သူ့ပါးပြင်
လည်းနောက်တစ်ဖန်နီမြန်းလာလေပြီ။

အချိန်အတော်ကြာပြီးနောက် ခြင်တစ်ကောင်
ကဲ့သို့တိုးညှင်းသောအသံဖြင့်စကားပြောလို
က်၏။

"ဆရာတူအစ်ကို ဒီအကြောင်းကိုထပ်မပြောဘဲနေကြရအောင် မနေ့တုန်းကအစ်ကို့ကြောင့်ကျွန်တော်သေလုမတတ်လန့်သွားခဲ့တာ။
အခုသက်သာသွားပြီလား?"

ဝမ်ရွှမ်ကခေါင်းကိုခါယမ်းပြီးပခုံးတွန့်ပြလို
က်၏။

"မင်းဘယ်လိုထင်လဲ?"

နောက်ဆုံးတွင်တော့ကျန်းရီကသူ့အကြည့်ကို
ဝမ်ရွှမ့်ဘက်သို့ပြန်လှည့်ပြီးခေါင်းအစခြေအ
ဆုံးအသေအချာကြည့်လိုက်၏။ဝမ်ရွှမ်ကသတိလစ်မေ့မျောမှုအနေအထားမှပြန်နိုးထလာပြီဖြစ်ကြောင်းသိသာလှပေသည်မျက်နှာ
အသွင်အပြင်လည်းယမန်နေ့ကထက်အများ
ကြီးပိုကောင်းလာခဲ့သည်။ထို့နောက် ကျန်းရီကတိတ်ဆိတ်စွာမတ်တပ်ရပ်ပြီးတစ်ဖက်လူ
၏နှဖူးကိုစမ်းလိုက်ရာမျှော်လင့်ထားသည့်အတိုင်းဝမ်ရွှမ့်အဖျားကပျောက်ကင်းသွား
လေပြီ။

ကျန်းရီစိတ်သက်သာရာရသွားပြီးသက်ပြင်း
ချလိုက်၏။

"တော်သေးတယ်"

ဝမ်ရွှမ်ကပြုံးလိုက်သော်လည်းကျန်းရီ့အမြင်
ကိုတော့သဘောမတူခဲ့ပေ။သူ၏အပြုံးမှကူ
ရာကယ်ရာမဲ့နေသောအခြေအနေလည်းအခြားတစ်ဆင့်သို့ပိုမိုနက်ရှိုင်းလာခဲ့သည်။

ယမန်နေ့ကကြောက်မက်ဖွယ်အခြေအနေနှင့်နှိုင်းယှဥ်လျှင်သူအတော်လေးသက်သာလာလေပြီ။သူ့ကိုယ်တွင်းမှ ဗရမ်းဗတာဗြောင်း
ဆန်နေသောဝိဥာဥ်စွမ်းအားများလည်းပျော
က်ကွယ်သွားခဲ့ပြီ။မည်သို့ပင်ဖြစ်စေသူ၏
ယခုအခြေအနေကတော့နေသားတကျမရှိသေးပေ။

"ငါ အရင်ကပုံစံနဲ့အရမ်းကွာသွားပြီလား?"

ကျန်းရီခေါင်းခဲသွားရသည်။ဝမ်ရွှမ်ထုတ်
လွှတ်နေသောဝိဥာဥ်စွမ်းအင်ကိုခံစားမိပြီး
​နောက် သူ့မျက်နှာအမူအယာလည်း'သတိ'အ
နေအထားဖြစ်လာခဲ့သည်။သတိကြီးစွာနှစ်
သိမ့်စကားဆိုလိုက်လေသည်။

"ဒါကခဏပါပဲ အချိန်အများကြီးမကြာဘူး
အစ်ကို့ရဲ့မူလကျင့်ကြံခြင်းအဆင့်ကိုသေချာ
ပေါက်ပြန်ရောက်မှာပါ"

အမှန်ပါပဲ....ယွမ်စုစည်းခြင်းအဆင့်မှအခြေခံတည်ထောင်ခြင်းအဆင့်သို့ရုတ်တရက်ကျ
ဆင်းသွားခြင်း၌အရာအားလုံးသည်လုံးဝ
ကွဲပြားခြားနားခဲ့လေပြီ။သို့သော် ဝမ်ရွှမ်မေး
ချင်သောမေးခွန်းကတော့ဤအရာမဟုတ်ခဲ့
ပေ။

"ငါတော်တော်လေးအသက်ကြီး​နေပြီလား?"

ဝမ်ရွှမ်ကပိုပြီးတည့်တိုးမေးလာခဲ့သည်။

ကျန်းရီနောက်တစ်ဖန်ခေါင်းခဲသွားပြီးချက်
ချင်းဆိုသလိုအမူအယာလည်းပြောင်းလဲသွားခဲ့သည်။

အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်၏
သက်တမ်းကနှစ်100သာရှိပြီးဝမ်ရွှမ်သည်ထို
သက်တမ်း၏တစ်ဝက်ခန့်ကိုကုန်လွန်ခဲ့ပြီး
ဖြစ်လေသည်။ယုတ္တိရှိရှိပြောရလျှင်တော့သူ
တကယ်မငယ်တော့ဘူး။သို့သော် 'အသက်
ကြီးသွားပြီလား'ဟုမေးပြန်လျှင်တော့
ဒါ....ဒါ....ဒါက....လုံးဝကိုမအပ်စပ်တာပဲ။
ပုံမှန်အားဖြင့်ကျင့်ကြံသူတစ်ဦးသည်သူတို့၏ခန္ဓာမပျက်စီးမှီအနည်းဆုံးသက်တမ်း
60လောက်ရောက်ရန်လိုအပ်၏။

"အဲ့ဒီလောက်မဟုတ်ပါဘူး"

ကျန်းရီအမှန်အတိုင်းရိုးရိုးသားသားပြန်ဖြေ
လိုက်၏။

"အစ်ကိုကကျွန်တော့်ထက်အရမ်းအသက်
ကြီးပုံမပေါ်ဘူး"

ဤစကားကိုအဆုံးသတ်ပြီးသည်နှင့်ပြတင်း
ပေါက်အပြင်ဘက်မှလေပြင်းတစ်ချို့တိုက်
ခတ်လာကာချည်နှောင်ထားသည့်နက်မှောင်
သောဆံနွယ်များပြေကျလာပြီးနားသယ်စပ်၌
အဖြူရောင်ဆံနွယ်တစ်ချို့ချက်ချင်းထွက်ပေါ်လာခဲ့သည်။

ဝမ်ရွှမ်ကပြုံးနေဆဲပင်။သို့သော်ထိုဆံနွယ်ဖြူ
များနှင့်အပြုံးကကျန်းရီ၏နှလုံးသားကိုရုတ်
ချည်းလိမ်ကျစ်လိုက်သလိုခံစားရ၏။ချက်
ချင်းပင် သူဖြေပေးခဲ့သောအဖြေကလှောင်
ပြောင်သောသဘောမျိုးသက်ရောက်သွားခဲ့
သည်။

"မြင်သာတဲ့အပေါ်ယံပုံစံမျိုးမဟုတ်သေး
သရွေ့တော့"

ဝမ်ရွှမ်ကနားသယ်စပ်ရှိဆံနွယ်များအားလက်
ချောင်းထိပ်ဖြင့်ပြန်သပ်လိုက်ပြီးနားအနော
က်ဘက်ရှိအဖြူရောင်ဆံနွယ်နှင့်အနက်ရောင်
ဆံနွယ်များကိုဖြီးသင်လိုက်လေသည်။သူ၏
လေသံကတော့အနည်းငယ်အကောင်းမြင်နေ
ဆဲပင်။

"ငါ့မှာအနည်းဆုံးတော့ဆယ်နှစ်လောက်ကျန်
နေသေးတာပဲအဲ့ဒီဆယ်နှစ်ကုန်သွားတဲ့အချိန်
မှာမှငါ့ကိုယ်ငါတိုးတက်အောင်မစွမ်းဆောင်
နိုင်ခဲ့ရင်တော့အရာအားလုံးခက်ခဲသွားလိမ့်
မယ်"

အကောင်းမြင်ဝါဒကိုသယ်ဆောင်ထားသော
သူ၏လေသံထဲတွင်အမှန်တကယ်စိုးရိမ်ပူပန်
မှုများနပါရောစွက်နေမှန်းမည်သူမဆိုကြားနိုင်ပေသည်။

"ဘာလို့ဆယ်နှစ်လဲ?"

ကျန်းရီကအလျင်စလိုပြန်ပြောလာ၏။

"ဆရာတူအစ်ကို့ရဲ့ပင်ကိုယ်စွမ်းရည်နဲ့ဆိုအ
ခြေခံတည်ထောင်ခြင်းအဆင့်ကနေယွမ်စု
စည်းခြင်းအဆင့်ကိုတက်တာလောက်လေး
များ ဆယ်နှစ်တို့ငါးနှစ်တို့မပြောနဲ့ သုံးနှစ်ဆို
တာတောင်အရမ်းကြာနေပြီ!"

"မင်းကလေလုံးထွားတဲ့ကလေးပဲ"

ငိုသင့်မှန်း၊ရယ်သင့်မှန်းတောင်ဝမ်ရွှမ်မသိတော့ပေ။

"အရင်တုန်းက အခြေခံတည်ထောင်ခြင်းအဆင့်ကနေယွမ်စုစည်းခြင်းအဆင့်ကိုတက်ဖို့
အတွက်ငါအချိန်ဘယ်လောက်ယူခဲ့ရလဲဆို
တာမင်းမေ့သွားပြီလား?"

"အဲ့တာကလုံးဝကိုအစ်ကို့ရဲ့ကျင့်ကြံခြင်းန
ည်းလမ်းကအပြစ်အနာအဆာကြောင့်လေ"

ကျန်းရီရဲ့မျက်နှာကလုံးဝတည်ကြည်နေပြီး
သူဘယ်လောက်အထိစိတ်အားထက်သန်နေ
သလဲဆိုတာပြောဖို့တောင်မလိုလောက်ဘူး။

"ဆရာတူအစ်ကိုနဲ့ကိုက်ညီတဲ့ကျင့်ကြံခြင်း
နည်းလမ်းကိုဘယ်တုန်းကမှရှာမတွေ့ခဲ့တာ
ကြောင့်မဟုတ်ရင် ဘာလို့များဒီလောက်အထိ
အချိန်တွေအကြာကြီးနှောင့်နှေးခဲ့ပါ့မလဲ?"

အဲ့တာကအမှန်တရားပဲ။ဝမ်ရွှမ်ခေါင်းညိတ်ပြ
လိုက်၏။

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်း
ကသူရှာမတွေ့ခဲ့တဲ့ကျင့်ကြံခြင်းနည်းလမ်းက
အခုတော့ဒီလောက်လွယ်လွယ်ရှာတွေ့တော့
မှာလဲ?ချူလျန်အပေါ်ထားရှိတဲ့မျှော်လင့်ချက်
ရောင်ခြည်လေးကိုဆုပ်ကိုင်ထားတာကြောင့်
အရာအားလုံးကိုလောင်းကျေးထပ်ဖို့ဝမ်ရွှမ်
ဆုံးဖြတ်ချက်ချခဲ့တယ်။ချူလျန်ကသူ့ကိုလ
က်တစ်ဖက်ကမ်းပေးနိုင်မယ်လို့လည်းမျှော်
လင့်ခဲ့တယ်။ဒါပေမယ့်ချူလျန်ကသူအသ
နားခံတာကိုမတုံ့ပြန်ခဲ့ဘူး။တစ်ခဏအတွင်း
မှာပဲ သူ့ရှေ့ဆက်ရမယ့်လမ်းကြောင်းကမြူ
ခိုးမြူငွေ့တွေနဲ့ဖုံးလွှမ်းသွားပြီးမရေမရာဖြစ်
သွားခဲ့ပြန်တယ်။

ဒီစကားလုံးတွေကိုဝမ်ရွှမ်ကထုတ်မပြောခဲ့ပေ
မယ့်သူ့ရဲ့အကြည့်ကတော့တစ်ခြားလူတွေကို
နားလည်ရလွယ်စေခဲ့တယ်။

ဝမ်ရွှမ့်စိုးရိမ်ပူပန်မှုများကိုတွေ့လိုက်ရချိန်၌
ကျန်းရီကပျော်ရွှင်မှုကြောင့်မျက်ဝန်းလေး
များမှေးစဥ်းသွားသည်အထိပြုံးလိုက်၏။မ
ည်သို့ပင်ဖြစ်စေ သူထိန်းချုပ်ထားခဲ့သောအ
ခြေအနေနှင့်ပက်ပင်းကြုံပြီးနောက် သူ၏နု
နယ်သောကြောက်စိတ်မွှန်ခြင်းနှင့်ကူရာကယ်
ရာမဲ့သောအခြေအနေများကိုဖုံးကွယ်လျက်
ယုံကြည်ချက်အပြည့်ရှိသောအသွင်သစ်တစ်ခုပေါ်လာခဲ့သည်။အရှိန်အဝါအားခန္ဓာကိုယ်
အနှံ့ထုတ်လွှတ်လျက်အေးဆေးတည်ငြိမ်စွာ
ယုံကြည်မှုရှိရှိဖြင့်

"ဆရာတူအစ်ကိုမနေ့ကသတိလစ်နေတုန်းသူ
တော်စဥ်သခင်ချူလျန်ရောက်လာပြီးအစ်ကို
နိုးတာနဲ့သူ့ကိုလာရှာဖို့မှာသွားတယ် သူ့ဆီအ
ရင်သွားပြီးစကားပြောသင့်တယ် အစ်ကိုသ
ဘောကျလောက်မယ့်အံ့အားသင့်စရာမျိုးရနိုင်တယ်လေ"

ဝမ်ရွှမ်သည်လည်းဤကိစ္စနှင့်ပတ်သတ်၍အ
တော်လေးသံသယဖြစ်မိ၏။သို့ပေသည့် သူ
၏ကြီးမြတ်လှသောဆရာသခင်နှင့်တွေ့ဆုံရ
န်ချိန်းဆိုထားခြင်းကြောင့်အလျင်အမြန်သပ်
သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်ပြီးထိုဆင့်ခေါ်ချက်ကိုအဖြေပေးနိုင်ရန်သတ္တိစုစည်း
လိုက်လေသည်။

နှုတ်ခွန်းဆက်လျှက်ကြမ်းပြင်ပေါ်ဒူးထောက်
ထားသည့်အချိန်တွင်ပင် စိုးရိမ်သောကရော
က်နေပြီးသူ့နှလုံးသားလေးလည်းဂဏှာမငြိမ်
ဖြစ်နေရ၏။

အထူးသဖြင့် ချူလျန်ကအပေါ်ဘက်၌ခြေ
တစ်ဖက်ချိတ်လျက်မြဲမြံစွာထိုင်နေပြီးမြင့်
မြတ်သောအရှိန်အဝါနှင့်အတူအထင်သေး
သောအကြည့်မျိုးဖြင့်အကြွင်းမဲ့စိုက်ကြည့်နေ
သည့်အချိန်မျိုးပင်တည်း။

အနှီအထင်သေးသောအကြည့်တို့ဖြင့်ဝမ်ရွှမ့်
ကိုခေါင်းအစခြေအဆုံးစစ်ဆေးပြီး တစ်ဖက်
လူသည်ကြောက်မက်ဖွယ်ရာအခြေအနေမှ
ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းသေ
ချာသွားမှသာ နောက်ဆုံးတွင်တော့ ချူလျန်
ကမလှုပ်မယှက်အလျင်မလိုသောအပြုအမူ
ဖြင့်စကားပြောလာခဲ့သည်။

"မင်းသိလား.. ငါမင်းကိုအမြဲတမ်းသဘော
မကျခဲ့ဘူး"

သတိလစ်နေရာမှနိုးထလာသောတပည့်ဖြစ်
သူနှင့်မျက်နှာချင်းဆိုင်ချိန်၌ဤစကားများ
သည်အမှန်တကယ်ကိုသူပထမဆုံးပြောလာ
သောစကားဖြစ်နေခဲ့သည်။

ဝမ်ရွှမ်ရယ်ချင်သော်လည်းမရယ်နိုင်ခဲ့ပေ။သူ့
ခံတွင်း၌ခါးသက်သက်အရသာဖြင့်သာပြန်
ဖြေလိုက်၏။

"တပည့်သတိထားမိပါတယ်"

ချူလျန်ကမနှစ်မြို့စွာပြုံးလိုက်ပြီး

"ငါကိုယ်တိုင်တောင်မင်းကိုအကြိမ်ကြိမ်သတ်
ပစ်ချင်ခဲ့တယ်"

ဝမ်ရွှမ်ထိတ်လန့်သွားပြီးသူ့လက်များတုန်ယ
င်နေခြင်းကိုတောင်မထိန်းချုပ်နိုင်ခဲ့ပေ။ချူ
လျန်ကသူ့အပေါ်အပြုသဘောဆောင်တဲ့ခံ
စားချက်မျိုးမရှိခဲ့မှန်းသိပေမယ့်ဒီလောက်အ
ထိအနုတ်လက္ခဏာပြနေလိမ့်မယ်လို့ဘယ်
တုန်းကမှမတွေးခဲ့မိဘူး။

"ဒါပေမယ့်......."

သူတို့စကားဝိုင်းထဲ၌အလှည့်အပြောင်းတစ်ခု
အနေဖြင့်ချူလျန်ကဤစကားကိုအတန်ကြာ
သံရှည်ဆွဲလိုက်၏။

ဝမ်ရွှမ်ခေါင်းမော့ပြီးဤအပြောင်းအလဲကိုစိ
တ်ရှည်စွာစောင့်နေလိုက်သည်။

သို့သော်လည်း ချူလျန်ကဝမ်ရွှမ့်မျက်နှာကို
မြင်သည်နှင့်လက်တစ်ဖက်ကိုမြှောက်လျက်
ထိုင်ခုံလက်ရန်းကိုသာပြင်းပြင်းထန်ထန်ရိုက်ချလိုက်၏။ထို့နောက် လက်ကိုမြှောက်လျက်
နောက်လက်ရန်းတစ်ဖက်ကိုရိုက်လိုက်လေ
သည်။အဆုံးသတ်၌ 'ဒါပေမယ့်မင်းကငါ့
တပည့်ပဲ' ဟူသောစကားကိုကျယ်လောင်စွာ
ထုတ်မပြောနိုင်ခဲ့ပေ။

သို့ဖြစ်ရာ ထိုအလှည့်အပြောင်းကဤနေရာတွင်ပင်ပြတ်တောက်သွားခဲ့သည်။ချူလျန်က
စကားဝိုင်းကိုအတင်းအဓမ္မခေါင်းစဥ်ပြောင်း
လိုက်၏။

"မင်းကိုဆက်ပြီးတိုးတက်ခွင့်ပြုမယ့်ကျင့်ကြံ
ခြင်းနည်းလမ်းကိုရှာချင်တာလား?"

ဤမေးခွန်းကဝမ်ရွှမ့်နှလုံးသားအောက်ခြေအ
ထိတည့်တိုးမေးခဲ့သောမေးခွန်းမျိုးဖြစ်၏။ချ
က်ချင်းပင် လက်သီးကျစ်ကျစ်ဆုပ်လိုက်ပြီး
အသက်ရှုနှုန်းမြန်လာသည်အမျှသူ့နှလုံး
သားတစ်ခုလုံးထကြွလာသလိုခံစားလိုက်ရ
လေသည်။

ဝမ်ရွှမ်ကမြေပြင်ပေါ်သို့ပြင်းပြင်းထန်ထန်ဦး
ညွှတ်လိုက်ပြီးမရေမတွက်နိုင်သောအကြိမ်
ပေါင်းများစွာရှုံးနိမ့်စေခဲ့ကာမူဤတစ်ကြိမ်တွ
င်တော့စွန့်ပစ်ရန်မဖြစ်နိုင်သောကြိုးပမ်းအား
ထုတ်မှုမျိုးပြသလိုက်၏။

"ကျွန်တော့်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးပါဆရာ"

ဤတစ်ကြိမ်တွင်ချူလျန်ကပြတ်ပြတ်သား
သားမငြင်းဆန်ဘဲတိတ်ဆိတ်စွာငြိမ်သက်နေခဲ့သည်။

ချူလျန်ကအချိန်အတော်ကြာတိတ်ဆိတ်နေ
ခဲ့သည်။

ဝမ်ရွှမ်ခေါင်းမမော့ဘဲမနေနိုင်လောက်အောင်
အလွန်ကြာမြင့်ခဲ့သည်။ချူလျန်ကလက်ရှိတွ
င်သူ့လက်ထဲမှကျောက်စိမ်းအပိုင်းအစကို
ကြည့်ပြီးကြင်နာယုယစွာပွတ်သပ်နေ၏။

ထိုကျောက်စိမ်းအပိုင်းအစကိုချူလျန်ကြည့်
နေသောအကြည့်ကသေဆုံးသွားသောချစ်သူ
တစ်ဦးကိုကြည့်နေသကဲ့သို့လွမ်းဆွတ်တမ်း
တမှုများနှင့်ပြည့်နှက်နေခဲ့သည်။

နောက်ဆုံးတွင်တော့ ချူလျန်ကဖြေးညှင်းစွာ
ပြောလာ၏။

"မနေ့ကမင်းသတိလစ်နေတဲ့အချိန်တံခွန်တမ်
တိုက်ဂိုဏ်းကတပည့်တွေရောက်လာပြီးမင်းကိုခွင့်လွှတ်ပေးဖို့အတွက်တောင်းပန်ကြတယ်
သူတို့ကဒီတိုင်ယွင်တောင်ခြေမှာဒူးထောက်နေခဲ့တာ တောင်ထွတ်ရဲ့တစ်ဝက်လောက်တောင်ရှိတယ်!"

ဝမ်ရွှမ်အနည်းငယ်အံ့သြသွားရသည်။နွေးထွေးမှုတစ်ခုကသူ့နှလုံးသားလေးကိုဖြတ်သ
န်းစီးဆင်းသွားသလိုပင်။

"ကောင်စုတ်လေး"

ချူလျန်ကဝမ်ရွှမ့်ကိုကြည့်ရန်သူ့မျက်ဝန်းများကိုမြှင့်လိုက်ပြီး

"ဒီနှစ်တွေအတွင်းမင်းဒီမှာပဲနေခဲ့တာ...မင်းရဲ့
ကျော်ကြားမှုကတော့မဆိုးပါဘူးလေ"

"ဒါကနှလုံးသားချင်းဖလှယ်ယုံပါပဲ"

နှုတ်ခမ်းထောင့်စွန်းမှအပြုံးလေးနှင့်အတူ
ဝမ်ရွှမ်အမှန်အတိုင်းပြန်ဖြေလိုက်သည်။

"မင်းကိုယ်မင်းလူကောင်းတစ်ယောက်လို့ထင်
လား?အရမ်းကောင်းတဲ့လူတစ်ယောက်လေ?"

ချူလျန်ကအေးစက်စက်လှောင်ပြောင်လိုက်
သည်။

"မင်းကိုဒီလိုသနားဂရုဏာထားတတ်တဲ့စိတ်မျိုးဘယ်သူပေးခဲ့တယ်လို့ထင်နေလဲ?"

ဤစကားကိုဝမ်ရွှမ်နားမလည်နိုင်ခဲ့ဘဲသူ့အ
ကြည့်များလည်းရှုပ်ထွေးသွားရသည်။

အဆုံးသတ်၌ ချူလျန်ကကျောက်စိမ်းအပိုင်း
အစကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်၏။ထို့
နောက်လက်တစ်ဖက်ကိုမြှောက်ပြီးကျောက်စိ
မ်းအပိုင်းအစကိုဝမ်ရွှမ့်ရှေ့သို့ပစ်ချလိုက်လေ
သည်။

ဝမ်ရွှမ်ကောက်ယူပြီး၎င်းကိုဖတ်ရန်ကြိုးစား
ချိန်၌ချူလျန်ကစကားထပ်ပြောလာခဲ့သည်။

"ဒါကိုသေသေချာချာတွေးစမ်း"

ချူလျန်ကထိုင်ခုံကိုမှီရင်းဝမ်ရွှမ့်ကိုလက်ညှိုး
ထိုးလိုက်၏။

"မင်း..အဲ့ဒီကျောက်စိမ်းအပိုင်းအစကိုဖတ်ပြီး
တာနဲ့မင်းကငါ့တပည့်မဟုတ်တော့ဘူး"

ဝမ်ရွှမ့်လှုပ်ရှားမှုများချက်ချင်းရပ်တန့်သွား
ပြီးချူလျန့်ကိုအံ့သြတကြီးငေးကြည့်ကာ

"ဆရာ ကျွန်တော့်ကိုမောင်းထုတ်ဖို့စီစဥ်နေ
တာလား?"

"သဘောပြောရရင်တော့အဲ့တာကအရေးမ
ကြီးပါဘူး။ ငါတကယ်ပြောတာ..ဘာပဲဖြစ်
ဖြစ် မင်းအဲ့ဒီကျောက်စိမ်းအပိုင်းအစကိုဖတ်
လိုက်ရင်အနာဂတ်မှာငါမင်းကိုဘယ်တော့မှ
ထပ်ပြီးဂရုစိုက်တော့မှာမဟုတ်ဘူး"

ချူလျန်၏ခန္ဓာကိုယ်ကထိုင်ခုံထဲသို့မြုပ်သွား
ပြီးမျက်ဝန်းနှင့်မျက်ခုံးများကပင်ပန်းနွမ်းနယ်
မှုအရိပ်အယောင်တချို့ကိုပြသလျက်

"ငါမင်းကိုထပ်ပြီးဂရုမစိုက်နိုင်တော့ဘူး"

ဝမ်ရွှမ်ကသူ၏အံ့သြတုန်လှုပ်နေသောအကြည့်ကိုကျောက်စိမ်းအပိုင်းအစပေါ်ရွှေ့လိုက်
၏။၎င်းသည်သာမာန်ကျောက်စိမ်းအပိုင်းအ
စဖြစ်ပြီးပုံပန်းသွင်ပြင်မှာတွေ့ရလွယ်သည်။နှစ်ပေါင်းများစွာတိုင်အောင်တစ်စုံတစ်ဦး၏
ကြင်နာယုယမှုကြောင့်သာအလွန်ချောမွေ့၍
တောက်ပြောင်နေခဲ့သည်။သို့သော် ချူလျန်
ကိုယ်တိုင်ဤစကားများကိုထုတ်ပြောလာ
သည်အထိစွမ်းနိုင်ခဲ့ရာထိုကျောက်စိမ်းထဲမှ
အကြောင်းအရာများသည်သာမာန်တော့မ
ဟုတ်ကြောင်းဝမ်ရွှမ်သဘောပေါက်၏။

".......အထဲမှာဘာတွေလဲ?"

ဝမ်ရွှမ်မေးလိုက်သော်လည်းချူလျန်ကနှုတ်
ခမ်းများကိုရေပြင်ညီမျဥ်းအတိုင်းစေ့ပိတ်ထား​ပြီးပြန်မဖြေခဲ့ပေ။

ဝမ်ရွှမ်ကကျောက်စိမ်းအပိုင်းအစကိုလက်ထဲ
၌အရှေ့၊အနောက်လှန်လောလိုက်၏။အချိန်
အနည်းငယ်ကြာအောင်စိုက်ကြည့်ခဲ့သော်
လည်းဆုံးဖြတ်ချက်မချနိုင်သေးပေ။ချူလျန်
ကတော့ရယ်စရာတွေ့သွားသလိုခံစားလိုက်ရ
သည်။သူတို့နှစ်ဦး၌ဤကဲ့သို့သောဆရာ၊တ
ပည့်ဆက်ဆံရေးမျိုးအမြဲတမ်းရှိခဲ့သည်။
ယုတ္တိရှိရှိပြောရလျှင်တော့သူ့လိုဆရာတစ်ဦး
ကိုဟိုးအရင်ကတည်းကရှင်းထုတ်ပစ်ဖို့ဝမ်
ရွှမ်စိတ်အားထက်သန်သင့်ပေမယ့်အဲ့ဒီလိုအ
ခွင့်အရေးမျိုးတကယ်ရောက်လာချိန်တွင်
တော့ဝမ်ရွှမ်ကဤမျှကြာအောင်တုံ့ဆိုင်းနေခဲ့
သည်လေ...

"ဆရာ "

တုံ့ဆိုင်းပြီးနောက် ဝမ်ရွှမ်ကရုတ်တရက်ထုတ်
ပြောခဲ့သည်။

"ကျွန်တော်ဆရာ့ကိုတစ်ခါက...နာကျည်းခဲ့ဖူး
တယ်"

"အဲ့တာကသာမာန်ပဲမဟုတ်ဘူးလား"

ချူလျန်ကပျင်းရိစွာပြန်ပြောလိုက်၏။ဝမ်ရွှမ်
ကခါးခါးသီးသီးပြုံးလိုက်ရင်း

"တစ်ယောက်ယောက်ကများဒီကမ္ဘာပေါ်မှာ
ကျွန်တော်အနာကျည်းဆုံးလူကိုရွေးပြပါဆို
ရင် အဲ့တာကဆရာပဲဖြစ်လိမ့်မယ်"

အိုး? ဒါကတကယ်ကိုမမျှော်လင့်ထားခဲ့တဲ့အ
ကြောင်းအရာမျိုးပဲ။

ချူလျန် အနည်းငယ် ပိုစိတ်ဝင်စားလာခဲ့သ
ည်။

"ကျွန်တော့်ကို....တံခွန်တိမ်တိုက်ဂိုဏ်းဆီဆရာပဲခေါ်လာခဲ့တယ် ကျွန်တော်ငယ်ငယ်
လေးထဲကကျွန်တော့်မိဘတွေဘယ်သူလဲဆို
တာမသိခဲ့ဘူး ဆရာကသာကျွန်တော့်ရဲ့ဆရာ
ဆိုတာပဲသိခဲ့တယ်"

ဝမ်ရွှမ့်အသံကအလွန်တိုးဖျော့သွားပြီးလေ
သံလည်းနှေးကွေးလာခဲ့သည်။သူငယ်စဥ်က
တည်းကတံခွန်တိမ်တိုက်ဂိုဏ်းကိုသာမိသား
စုအဖြစ်မှတ်ယူခဲ့ပြီးဆရာဖြစ်သူချူလျန်ကို
ည်လည်းသူ့နှလုံးသားထဲမှ'အဖေ'ဟူသောနေ
ရာကိုအကြွင်းမဲ့ပေးအပ်ခဲ့သည်။

လူသားတို့၏စိတ်ခံစားချက်များသည်အလွန်
ဆန်းကြယ်သောအရာပေတည်း။

တစ်ယောက်တစ်ယောက်ကများသူ့ကိုပုံမှန်
အတိုင်းနည်းနည်းလေးကြင်နာပေးရင်တောင်
သူကအရမ်းကျေးဇူးတင်နေတတ်တယ်။အဲ့ဒီ
တစ်စုံတစ်ယောက်ကသူ့နှလုံးသားနဲ့ပိုနီးကပ်
လာလေလေ သူ့ကိုနည်းနည်းလေးလောက်
ဖြစ်ဖြစ်ပိုပြီးကြင်နာပေးလိမ့်မယ်လို့ အလိုအ
လျောက်တွေးထင်ခဲ့တယ်။ဒါပေမယ့်သူ့ကို
ကောင်းကောင်းမွန်မွန်မဆက်ဆံဘူးဆိုရင်
တော့နာကျည်းမှုကသူ့နှလုံးသားထဲတိုးပွားလာခဲ့တယ်။

သူ့ကိုသတိမရဘဲပစ်ထားခဲ့တဲ့ဒီအဖေကိုသူ့ရဲ့
နှလုံးသားထဲမှာနှစ်ပေါင်းများစွာကြာမြင့်သ
ည်အထိနာကျည်းခဲ့တယ်။တခြားသူတွေသူ့ကိုဘယ်လိုပဲဆက်ဆံကြပါစေ ဒီလောက်အ
ထိတော့နက်နက်ရှိုင်းရှိုင်းမနာကျည်းခဲ့ဖူးဘူး။

ဒါပေမယ့်ချူလျန်နဲ့သူ့အကြားကဆက်ဆံ
ရေးကိုဖျက်စီးပစ်လိုက်ပြီဆိုတာနဲ့သူ့မှာထပ်
ပြီးနာကျည်းခွင့်တောင်မရှိတော့ဘူး။

"ဆရာ"

ဝမ်ရွှမ်ကသူ့လက်ထဲမှကျောက်စိမ်းအပိုင်းအ
စကိုဖျစ်ညှစ်ရင်းပြောလာခဲ့သည်။

"ဆရာကျွန်တော့်ကိုဘယ်တော့မှမတိုးတက်စေချင်ခဲ့တာနဲ့ ကျွန်တော့်ကိုအခြေခံတည်
ထောင်ခြင်းအဆင့်မှာပဲသေစေချင်ခဲ့တဲ့အ
ကြောင်းပြချက်တွေကဒီထဲမှာရှိနေတာလား?"

ဝမ်ရွှမ်ကကျောက်စိမ်းအပိုင်းအစကိုအကျီလ
က်ထဲသို့ထည့်လိုက်ပြီးဆရာဖြစ်သူကိုနှုတ်
ဆက်သည့်အနေဖြင့်သုံးကြိမ်တိုင်အရိုအသေ
ပေးလိုက်၏။ထို့နောက်မတ်တပ်ရပ်ပြီးလှည့်ထွက်လာခဲ့သည်။

"နေအုံး"

အနှီထွက်ခွာသွားသောပုံရိပ်ကိုမြင်သည်နှင့်
ချူလျန်၏နှလုံးသား၌ထူးဆန်းသောစိတ်ဆ
န္ဒများရုတ်တရက်ဆန်တက်လာခဲ့ပြီးဝမ်ရွှမ့်ကိုအလျင်စလိုတားလိုက်၏။

"မင်းမဖတ်ရသေးဘူးဆိုတော့ငါမင်းနဲ့စကား
နည်းနည်းထပ်ပြောလို့ရသေးတယ်"

ဝမ်ရွှမ့်ခြေလှမ်းများတကယ်ရပ်တန့်သွားပြီး
သူ့ကိုပြန်လှည့်ကြည့်လာချိန်၌ သူ့​​ရင်ထဲတွင်ပြောစရာအမြောက်အမြားကျန်နေသေးသည်ကိုရှင်းရှင်းလင်းလင်းမြင်လာခဲ့သည်။သို့ပေ
သည့် မည်သည့်နေရာမှစပြောသင့်မှန်းတော့မသိပါချေ။

တစ်ခဏတာစဥ်းစားပြီးနောက်ထိုအရာကိုပြောရန်ဆုံးဖြတ်လိုက်၏။

အဲ့ဒီ.....အမ်း....ဘဝရဲ့အရေးကြီးလုပ်ငန်းတာ
ဝန်ကိုပေါ့။

(note/aka marriage😆)

"အခုချိန်မှာမင်းနဲ့အဲ့ဒီကျန်းဆိုတဲ့ကောင်လေး
ရဲ့ဆက်ဆံရေးကဘယ်လိုအခြေအနေမျိုးလဲ?"

------------------------××---------------------------

စကၠန့္ပိုင္းအတြင္းက်န္းရီအလြန္ထိတ္လန့္
သြားၿပီးသူ႕ႏွလုံးသားေလးသည္လည္ပင္းမွ
တစ္ဆင့္အျပင္သို႔ကန္ထြက္သြားသကဲ့သို႔
ပင္။အထိတ္တလန့္ျဖစ္မႈေၾကာင့္သူ႕လက္ကို
လည္းမည္သည့္ေနရာတြင္ထားသင့္မွန္းမသိ
ေတာ့ေခ်။ဝမ္႐ႊမ္ကယခုအထိသူ႕ေပြ႕ဖက္မႈ
တြင္မွီေနဆဲျဖစ္၏။ထို႔ေနာက္က်န္းရီ၏မ်က္
ဝန္းမ်ားကိုတည့္တည့္ၾကည့္ရန္လက္ႏွစ္ဖက္
ျဖင့္ရင္ခြင္ကိုအနည္းငယ္တြန္းထြက္လိုက္ေလသည္။

"ဆရာတူညီေလးက်န္း?"

အတန္ငယ္ၾကာၿပီးေနာက္ ဝမ္႐ႊမ္ထံမွအနည္း
ငယ္စိတ္ရႈပ္ေထြးေနေသာအသံထြက္လာခဲ့
သည္။

ထိုစိတ္ရႈပ္ေထြးေနေသာအသံကက်န္းရီ၏
ႏွလုံးသားကို႐ုတ္တရက္သက္သာရာရသြား
ေစခဲ့သည္။ကံေကာင္းေသာအခ်က္သည္
ကား ဝမ္႐ႊမ္ကမ်က္လုံးမ်ားဖြင့္ထားေသာ္
လည္းအသိစိတ္တစ္ဝက္သာရွိေသးေသာအ
ေနအထားမ်ိဳးျဖစ္၏။

"ကြၽန္ေတာ္ပါ"

က်န္းရီအလ်င္အျမန္ေခါင္းညိတ္ျပလိုက္
သည္။

ဝမ္႐ႊမ္ကသူ႕လက္ကိုဆုပ္ကိုင္ရင္းစိတ္သက္
သာရာရသြားေသာအမူအရာမ်ိဳးေပၚလာခဲ့
သည္။ထို႔ေနာက္က်န္းရီ႕ရင္ခြင္ထဲတြင္မ်က္
လုံးမ်ားကိုပိတ္လိုက္၏။သို႔ေသာ္ ဤတစ္ႀကိမ္တြင္ေတာ့ျပန္အိပ္မေပ်ာ္ခဲ့ေပ။အဲ့ဒီအ
စားဝမ္႐ႊမ္ကတိုးညွင္းေသာအသံျဖင့္ျပန္ေျပာ
ျပခဲ့သည္။

"ငါအိပ္မက္တစ္ခုမက္ခဲ့တယ္"

...........အဲ့တာကအိပ္မက္ဆိုးပဲမဟုတ္လား?

က်န္းရီကဝမ္႐ႊမ့္လက္ဖဝါးကိုျပန္ဆုပ္ကိုင္
လိုက္၏။တြန့္ေကြးေနသာဝမ္႐ႊမ့္မ်က္ခုံးမ်ား
အေၾကာင္းေတြးရင္းႏႈတ္ဆိတ္ေနမိၿပီးဘာ
စကားတစ္ခြန္းမွျပန္မေျပာနိုင္ခဲ့ေပ။

"အိပ္မက္ထဲမွာအနီေရာင္ေတြအမ်ားႀကီးပဲ..."

ဝမ္႐ႊမ္ကတိုးညွင္းစြာျဖည္းျဖည္းခ်င္းဆက္
ေျပာလာခဲ့သည္။

"အေပၚကေနငါ့အေပၚကိုက်လာတဲ့အရာတစ္
ခုရွိတယ္ အရမ္း...အရမ္းေလးတယ္ ေနာက္
ထပ္တစ္ခုခုစီးက်လာတာလည္းရွိတယ္ ခပ္စူးစူးအနံ႕ရွိၿပီးႏြေးလည္းႏြေးတယ္ နီပ်စ္ပ်စ္ေတြ ..ၿပီးေတာ့ေစးကပ္ကပ္နဲ႕...."

ထိုကဲ့သို႔ခံစားခ်က္ကစိတ္မသက္မသာျဖစ္
ေစယုံသာမကဘဲအစာအိမ္ကိုပါအျပင္းအ
ထန္လႈပ္ခတ္ၿပီးသက္ေတာင့္သက္သာမရွိမႈ
ျဖစ္ေစခဲ့သည္။ဝမ္႐ႊမ့္မ်က္ႏွာအေရာင္လည္း
ပို၍ပင္ျဖဴေဖ်ာ့လာခဲ့သည္။

"ဆရာတူအစ္ကို"

က်န္းရီကဝမ္႐ႊမ့္မ်က္ခုံးအလယ္ကိုပြတ္သပ္
ေျဖေလ်ာ့ေပးလိုက္ၿပီးညင္သာေသာအသံ
ျဖင့္ႏွစ္သိမ့္လိုက္၏။

"အဲ့တာေတြအားလုံးၿပီးသြားပါၿပီ"

ဝမ္႐ႊမ္႐ုတ္တရက္သတိရသြားတယ္။အမွန္
ေတာ့ သူကေလးဘဝထဲကဒီလိုအိပ္မက္မ်ိဳး
ေတြမက္ခဲ့ဖူးတာ။အဲ့ဒီအခ်ိန္တုန္းကေတာ့သူ
အခုခံစားရတာေလာက္မဆိုး႐ြားခဲ့ဘူး။သူ႕ရဲ႕
နက္ရွိုင္းတဲ့မွတ္ဥာဏ္ထဲကတစ္စုံတစ္ရာကို
ျမင္ရသလိုစိတ္အႏွောင့္အယွက္ျဖစ္တာမ်ိဳး
ပဲရွိခဲ့တယ္။ဒီအေၾကာင္းကိုခ်ဴလ်န္သတိ
ထားမိသြားတိုင္းဝမ္႐ႊမ္အိပ္မက္ဆိုးေတြထပ္
မမက္ေတာ့တဲ့အထိတစ္ညလုံးအိပ္ယာေဘး
မွာေနေပးခဲ့တယ္။

က်င့္ႀကံျခင္းအဆင့္2ဆင့္၏အပိုင္းအျခားသို႔က်သြားျခင္းေၾကာင့္ျဖစ္ေပၚလာေသာညွဥ္းပန္းႏွိပ္စက္မႈဒဏ္ကခႏၶာကိုယ္အတြင္းခ်ိတ္ပိတ္ထားေသာစည္းကိုခ်ိဳးေဖာက္သြားၿပီးရ
လဒ္အေနႏွင့္ဤအိပ္မက္ဇာတ္ကြက္မ်ားကို
ျပန္ေပၚလာေစခဲ့သည္။

"ဆရာတူအစ္ကို အဲ့ဒီအေၾကာင္းေတြထပ္မ
ေတြးနဲ႕ေတာ့ေနာ္"

က်န္းရီကဝမ္႐ႊမ့္ေက်ာျပင္ကိုတစ္ႀကိမ္ၿပီး
တစ္ႀကိမ္ညင္ညင္သာသာပုတ္ေပးလိုက္ၿပီး

"ေသေသခ်ာခ်ာအနားယူလိုက္ပါ အစ္ကိုအ
ရမ္းပင္ပန္းေနယုံေလးပါပဲ"

ဤကဲ့သို႔ညင္သာစြာပြတ္သပ္ေပးမႈေၾကာင့္
ဝမ္႐ႊမ့္ႏွလုံးသားေလးတစ္ျဖည္းျဖည္းၿငိမ္
သက္သြားခဲ့သည္။ပင္ပန္းျခင္းသည္လည္း
ေနာက္ဆုံးတြင္ေတာ့ ေနာက္တစ္ဖန္ထြက္ေပၚ
လာျပန္၏။

ျပန္မအိပ္ခင္ဝမ္႐ႊမ္ကႏႈတ္ခမ္းကိုဖိကိုက္ၿပီး
ႏႈတ္ခမ္းေပၚမွအနည္းငယ္စိုစြတ္ေနေသာေန
ရာေလးကိုလွ်ာျဖင့္သပ္လိုက္ေလသည္။

က်န္းရီ၏လက္ဖဝါး ႐ုတ္တရက္ေတာင့္တင္း
သြားရသည္။

ဤနည္းျဖင့္တည္ၿငိမ္ေသာအသက္ရႈသံမ်ား
ႏွင့္အတူဝမ္႐ႊမ္ကအိပ္မက္ကမၻာထဲေနာက္တ
စ္ဖန္နစ္ေျမာသြားေလေတာ့သည္။

က်န္းရီ၏ပါးျပင္သည္တစ္စုံတစ္ရာကိုခ်က္
ျပဳတ္နိုင္ေသာမီးကဲ့သို႔ထိမိသည္ႏွင့္ေလာင္
ကြၽမ္းလုမတတ္ျဖည္းျဖည္းခ်င္းပူလာခဲ့၏။
ဝမ္႐ႊမ္ကသူ၏အျပဳအမူေလးကိုအနည္းငယ္
ေတာ့ခံစားမိမွာပင္။သို႔ေသာ္ တစ္ဖက္လူက
အိပ္မက္ထဲတြင္စိတ္ရႈပ္ေထြးေနျခင္းေၾကာင့္
က်န္းရီကတရားခံအစစ္ျဖစ္မွန္းမသိခဲ့ေပ။

ခ်က္ခ်င္းဆိုသလို က်န္းရီဘာမွ်ဆက္မလုပ္ဝံ့ေတာ့ဘဲ သူလုပ္ရမည့္အရာမ်ားကိုသာအ
လ်င္စလိုအၿပီးသတ္လိုက္၏။ဝမ္႐ႊမ့္ကိုအ
ဝတ္အစားသစ္လဲေပးရန္ကူညီၿပီးသည့္အခ်ိ
န္တြင္ေတာင္သူ႕ႏွလုံးသားကလွ်ပ္စီးကဲ့သို႔
ခုန္ေနဆဲျဖစ္ၿပီးသူ႕အၾကည့္မ်ားကိုလည္း
ဝမ္႐ႊမ့္ထံျပန္မေ႐ႊ႕ရဲေတာ့ေပ။

ထိုအခ်ိန္၌ အျပင္ဘက္မွေကာင္းကင္သည္
အေတာ္ေလးေမွာင္မည္းလာၿပီးက်န္းရီလည္း
အေတာ္အသင့္ပင္ပန္းေနခဲ့ၿပီ။မည္သို႔ပင္ျဖစ္
ေစ ဤေက်ာက္ဂူ၌အိပ္ယာတစ္ခုသာရွိ၏။
ဝမ္႐ႊမ္ႏွင့္နီးနီးကပ္ကပ္မေနရဲေတာ့ဘဲအဝတ္
အခ်ိဳ႕ကိုေပြ႕ပိုက္လ်က္ေထာင့္တစ္ေနရာတြင္
သာတစ္ညတာကိုကုန္ဆုံးေစခဲ့သည္။

မသိနိုင္ေသာအခိုက္အတန့္တစ္ခ်ိဳ႕ၾကာၿပီး
ေနာက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနမႈ
အလယ္၌က်န္းရီသည္သူ႕ကိုယ္ကိုတစ္စုံတစ္
ေယာက္'မ'လိုက္သည္ဟုခံစားလိုက္ရ၏။
မ်က္လုံးဖြင့္ၾကည့္ရန္ႀကိဳးစားခဲ့ေသာ္လည္း
မေအာင္ျမင္ခဲ့ေပ။

ထို႔ေၾကာင့္ ေနာက္တစ္ေန႕နံနက္ က်န္းရီအိပ္
မက္ထဲမွနိုးထလာခ်ိန္၌အိပ္ယာေပၚတြင္သ
က္ေတာင့္သက္သာလဲေလ်ာင္းေနေသာသူ႕
ကိုယ္သူေတြ႕လိုက္ရေလသည္။ဤေနရာတြင္
မည္မွ်ၾကာေအာင္အိပ္ေမာက်ခဲ့မွန္းေတာ့မသိနိုင္ေပ။

ဝမ္႐ႊမ္သည္ယမန္ေန႕တုန္းကက်န္းရီလဲလွယ္
ေပးထားေသာအဝတ္အစားအသစ္ကိုဝတ္ဆ
င္ထားလ်က္ကုတင္ေဘးတြင္ထိုင္ေနၿပီးလက္
ရွိတြင္သူ႕ကိုၿပဳံးျပေန၏။

"နိုးၿပီလား?"

က်န္းရီသည္တစ္မီတာခန့္ခ်က္ခ်င္းထခုန္ၿပီး
မ်က္ႏွာက်က္ႏွင့္ေဆာင့္မိသြားေတာ့သည္။
နာက်င္ေသာေအာ္သံႏွင့္အတူျပန္ျပဳတ္က်လာၿပီးသူ၏လက္မ်ားႏွင့္ေခါင္းကိုအလ်င္စ
လိုဖုံးကြယ္၍ေျခႏွစ္ဖက္ျဖင့္ျပင္းျပင္းထန္
ထန္ကန္ေက်ာက္ရင္းနံရံဘက္သို႔ေနာက္ျပန္
ဆုတ္သြားေလသည္။

"ဆ...ဆ...ဆ....ဆ...ဆရာတူအစ္ကို"

က်န္းရီ၏တုံ႕ျပန္မႈကိုဝမ္႐ႊမ္အံ့ၾသသြားၿပီး
မ်က္ႏွာထက္မွအၿပဳံးေလးလည္းေအးခဲသြားရေတာ့သည္။

"မင္းဒီလိုလုပ္ဖို႔လိုလို႔လား?"

"မဟုတ္ဘူး အဲ့ဒီလိုမဟုတ္ဘူး......."

က်န္းရီကမ်က္ႏွာက်က္ျဖင့္ေဆာင့္မိသြား
ေသာသူ႕ေခါင္းေလးကိုပြတ္သပ္ရင္း

"ဆရာတူအစ္ကို မေန႕က....မေန႕ကကြၽန္ေတာ္
ဒီမွာအိပ္ခဲ့တာ?အစ္ကို....အစ္ကိုလည္းဒီမွာ
အိပ္ခဲ့တာေပါ့?"

"ဟုတ္တယ္ေလ ဘာျဖစ္လို႔လဲ?"

ဝမ္႐ႊမ္ကက်န္းရီကိုမ်က္ဝန္းေထာင့္ျဖင့္လွမ္း
ၾကည့္လိုက္ၿပီး

"မင္းဘာလို႔မိန္းကေလးတစ္ေယာက္လို ဒါမွ
မဟုတ္ တစ္ခုခုျဖစ္ေနသလိုပုံစံမ်ိဳးျဖစ္ေနရ
တာလဲ?"

က်န္းရီထုတ္မေျပာနိုင္ဘဲတစ္ေယာက္ထဲဒု
ကၡမ်ားေနၿပီးဝမ္႐ႊမ့္အၾကည့္ကိုသာမလႊဲသာ
မေရွာင္သာ ေရွာင္တိမ္းလိုက္၏။သူ႕ပါးျပင္
လည္းေနာက္တစ္ဖန္နီျမန္းလာေလၿပီ။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ျခင္တစ္ေကာင္
ကဲ့သို႔တိုးညွင္းေသာအသံျဖင့္စကားေျပာလို
က္၏။

"ဆရာတူအစ္ကို ဒီအေၾကာင္းကိုထပ္မေျပာဘဲေနၾကရေအာင္ မေန႕တုန္းကအစ္ကို႔ေၾကာင့္ကြၽန္ေတာ္ေသလုမတတ္လန့္သြားခဲ့တာ။
အခုသက္သာသြားၿပီလား?"

ဝမ္႐ႊမ္ကေခါင္းကိုခါယမ္းၿပီးပခုံးတြန့္ျပလို
က္၏။

"မင္းဘယ္လိုထင္လဲ?"

ေနာက္ဆုံးတြင္ေတာ့က်န္းရီကသူ႕အၾကည့္ကို
ဝမ္႐ႊမ့္ဘက္သို႔ျပန္လွည့္ၿပီးေခါင္းအစေျခအ
ဆုံးအေသအခ်ာၾကည့္လိုက္၏။ဝမ္႐ႊမ္ကသတိလစ္ေမ့ေမ်ာမႈအေနအထားမွျပန္နိုးထလာၿပီျဖစ္ေၾကာင္းသိသာလွေပသည္မ်က္ႏွာ
အသြင္အျပင္လည္းယမန္ေန႕ကထက္အမ်ား
ႀကီးပိုေကာင္းလာခဲ့သည္။ထို႔ေနာက္ က်န္းရီကတိတ္ဆိတ္စြာမတ္တပ္ရပ္ၿပီးတစ္ဖက္လူ
၏ႏွဖူးကိုစမ္းလိုက္ရာေမွ်ာ္လင့္ထားသည့္အတိုင္းဝမ္႐ႊမ့္အဖ်ားကေပ်ာက္ကင္းသြား
ေလၿပီ။

က်န္းရီစိတ္သက္သာရာရသြားၿပီးသက္ျပင္း
ခ်လိဳက္၏။

"ေတာ္ေသးတယ္"

ဝမ္႐ႊမ္ကၿပဳံးလိုက္ေသာ္လည္းက်န္းရီ႕အျမင္
ကိုေတာ့သေဘာမတူခဲ့ေပ။သူ၏အၿပဳံးမွကူ
ရာကယ္ရာမဲ့ေနေသာအေျခအေနလည္းအျခားတစ္ဆင့္သို႔ပိုမိုနက္ရွိုင္းလာခဲ့သည္။

အေသအခ်ာပင္။ယမန္ေန႕ကေၾကာက္မက္
ဖြယ္အေျခအေနႏွင့္ႏွိုင္းယွဥ္လွ်င္သူအေတာ္
ေလးသက္သာလာေလၿပီ။သူ႕ကိုယ္တြင္းမွ
ဗရမ္းဗတာေျဗာင္းဆန္ေနေသာဝိဥာဥ္စြမ္း
အားမ်ားလည္းေပ်ာက္ကြယ္သြားခဲ့ၿပီ။မည္
သို႔ပင္ျဖစ္ေစသူ၏ယခုအေျခအေနကေတာ့
ေနသားတက်မရွိေသးေပ။

"ငါ အရင္ကပုံစံနဲ႕အရမ္းကြာသြားၿပီလား?"

က်န္းရီေခါင္းခဲသြားရသည္။ဝမ္႐ႊမ္ထုတ္
လႊတ္ေနေသာဝိဥာဥ္စြမ္းအင္ကိုခံစားမိၿပီး
ေနာက္ သူ႕မ်က္ႏွာအမူအယာလည္း'သတိ'အ
ေနအထားျဖစ္လာခဲ့သည္။သတိႀကီးစြာႏွစ္
သိမ့္စကားဆိုလိုက္ေလသည္။

"ဒါကခဏပါပဲ အခ်ိန္အမ်ားႀကီးမၾကာဘူး
အစ္ကို႔ရဲ႕မူလက်င့္ႀကံျခင္းအဆင့္ကိုေသခ်ာ
ေပါက္ျပန္ေရာက္မွာပါ"

အမွန္ပါပဲ....ယြမ္စုစည္းျခင္းအဆင့္မွအေျခခံတည္ေထာင္ျခင္းအဆင့္သို႔႐ုတ္တရက္က်
ဆင္းသြားျခင္း၌အရာအားလုံးသည္လုံးဝ
ကြဲျပားျခားနားခဲ့ေလၿပီ။သို႔ေသာ္ ဝမ္႐ႊမ္ေမး
ခ်င္ေသာေမးခြန္းကေတာ့ဤအရာမဟုတ္ခဲ့
ေပ။

"ငါေတာ္ေတာ္ေလးအသက္ႀကီးေနၿပီလား?"

ဝမ္႐ႊမ္ကပိုၿပီးတည့္တိုးေမးလာခဲ့သည္။

က်န္းရီေနာက္တစ္ဖန္ေခါင္းခဲသြားၿပီးခ်က္
ခ်င္းဆိုသလိုအမူအယာလည္းေျပာင္းလဲသြားခဲ့သည္။

အေျခခံအုတ္ျမစ္တည္ေထာင္ျခင္းအဆင့္၏
သက္တမ္းကႏွစ္100သာရွိၿပီးဝမ္႐ႊမ္သည္ထို
သက္တမ္း၏တစ္ဝက္ခန့္ကိုကုန္လြန္ခဲ့ၿပီး
ျဖစ္ေလသည္။ယုတၱိရွိရွိေျပာရလွ်င္ေတာ့သူ
တကယ္မငယ္ေတာ့ဘူး။သို႔ေသာ္ 'အသက္
ႀကီးသြားၿပီလား'ဟုေမးျပန္လွ်င္ေတာ့
ဒါ....ဒါ....ဒါက....လုံးဝကိုမအပ္စပ္တာပဲ။ ပုံမွန္အားျဖင့္က်င့္ႀကံသူတစ္ဦးသည္သူတို႔၏ခႏၶာမပ်က္စီးမွီအနည္း
ဆုံးသက္တမ္း60ေလာက္ေရာက္ရန္လိုအပ္
၏။

"အဲ့ဒီေလာက္မဟုတ္ပါဘူး"

က်န္းရီအမွန္အတိုင္းရိုးရိုးသားသားျပန္ေျဖ
လိုက္၏။

"အစ္ကိုကကြၽန္ေတာ့္ထက္အရမ္းအသက္
ႀကီးပုံမေပၚဘူး"

ဤစကားကိုအဆုံးသတ္ၿပီးသည္ႏွင့္ျပတင္း
ေပါက္အျပင္ဘက္မွေလျပင္းတစ္ခ်ိဳ႕တိုက္
ခတ္လာကာခ်ည္ႏွောင္ထားသည့္နက္ေမွာင္
ေသာဆံႏြယ္မ်ားေျပက်လာၿပီးနားသယ္စပ္၌
အျဖဴေရာင္ဆံႏြယ္တစ္ခ်ိဳ႕ခ်က္ခ်င္းထြက္ေပၚလာခဲ့သည္။

ဝမ္႐ႊမ္ကၿပဳံးေနဆဲပင္။သို႔ေသာ္ထိုဆံႏြယ္ျဖဴ
မ်ားႏွင့္အၿပဳံးကက်န္းရီ၏ႏွလုံးသားကို႐ုတ္
ခ်ည္းလိမ္က်စ္လိုက္သလိုခံစားရ၏။ခ်က္
ခ်င္းပင္ သူေျဖေပးခဲ့ေသာအေျဖကေလွာင္
ေျပာင္ေသာသေဘာမ်ိဳးသက္ေရာက္သြားခဲ့
သည္။

"ျမင္သာတဲ့အေပၚယံပုံစံမ်ိဳးမဟုတ္ေသး
သေ႐ြ႕ေတာ့"

ဝမ္႐ႊမ္ကနားသယ္စပ္ရွိဆံႏြယ္မ်ားအားလက္
ေခ်ာင္းထိပ္ျဖင့္ျပန္သပ္လိုက္ၿပီးနားအေနာ
က္ဘက္ရွိအျဖဴေရာင္ဆံႏြယ္ႏွင့္အနက္ေရာင္
ဆံႏြယ္မ်ားကိုၿဖီးသင္လိုက္ေလသည္။သူ၏
ေလသံကေတာ့အနည္းငယ္အေကာင္းျမင္ေန
ဆဲပင္။

"ငါ့မွာအနည္းဆုံးေတာ့ဆယ္ႏွစ္ေလာက္က်န္
ေနေသးတာပဲအဲ့ဒီဆယ္ႏွစ္ကုန္သြားတဲ့အခ်ိန္
မွာမွငါ့ကိုယ္ငါတိုးတက္ေအာင္မစြမ္းေဆာင္
နိုင္ခဲ့ရင္ေတာ့အရာအားလုံးခက္ခဲသြားလိမ့္
မယ္"

အေကာင္းျမင္ဝါဒကိုသယ္ေဆာင္ထားေသာ
သူ၏ေလသံထဲတြင္အမွန္တကယ္စိုးရိမ္ပူပန္
မႈမ်ားနပါေရာစြက္ေနမွန္းမည္သူမဆိုၾကားနိုင္ေပသည္။

"ဘာလို႔ဆယ္ႏွစ္လဲ?"

က်န္းရီကအလ်င္စလိုျပန္ေျပာလာ၏။

"ဆရာတူအစ္ကို႔ရဲ႕ပင္ကိုယ္စြမ္းရည္နဲ႕ဆိုအ
ေျခခံတည္ေထာင္ျခင္းအဆင့္ကေနယြမ္စု
စည္းျခင္းအဆင့္ကိုတက္တာေလာက္ေလး
မ်ား ဆယ္ႏွစ္တို႔ငါးႏွစ္တို႔မေျပာနဲ႕ သုံးႏွစ္ဆို
တာေတာင္အရမ္းၾကာေနၿပီ!"

"မင္းကေလလုံးထြားတဲ့ကေလးပဲ"

ငိုသင့္မွန္း၊ရယ္သင့္မွန္းေတာင္ဝမ္႐ႊမ္မသိေတာ့ေပ။

"အရင္တုန္းက အေျခခံတည္ေထာင္ျခင္းအဆင့္ကေနယြမ္စုစည္းျခင္းအဆင့္ကိုတက္ဖို႔
အတြက္ငါအခ်ိန္ဘယ္ေလာက္ယူခဲ့ရလဲဆို
တာမင္းေမ့သြားၿပီလား?"

"အဲ့တာကလုံးဝကိုအစ္ကို႔ရဲ႕က်င့္ႀကံျခင္းန
ည္းလမ္းကအျပစ္အနာအဆာေၾကာင့္ေလ"

က်န္းရီရဲ႕မ်က္ႏွာကလုံးဝတည္ၾကည္ေနၿပီး
သူဘယ္ေလာက္အထိစိတ္အားထက္သန္ေန
သလဲဆိုတာေျပာဖို႔ေတာင္မလိုေလာက္ဘူး။

"ဆရာတူအစ္ကိုနဲ႕ကိုက္ညီတဲ့က်င့္ႀကံျခင္း
နည္းလမ္းကိုဘယ္တုန္းကမွရွာမေတြ႕ခဲ့တာ
ေၾကာင့္မဟုတ္ရင္ ဘာလို႔မ်ားဒီေလာက္အထိ
အခ်ိန္ေတြအၾကာႀကီးႏွောင့္ႏွေးခဲ့ပါ့မလဲ?"

အဲ့တာကအမွန္တရားပဲ။ဝမ္႐ႊမ္ေခါင္းညိတ္ျပ
လိုက္၏။

ဒါေပမယ့္ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္း
ကသူရွာမေတြ႕ခဲ့တဲ့က်င့္ႀကံျခင္းနည္းလမ္းက
အခုေတာ့ဒီေလာက္လြယ္လြယ္ရွာေတြ႕ေတာ့
မွာလဲ?ခ်ဴလ်န္အေပၚထားရွိတဲ့ေမွ်ာ္လင့္ခ်က္
ေရာင္ျခည္ေလးကိုဆုပ္ကိုင္ထားတာေၾကာင့္
အရာအားလုံးကိုေလာင္းေက်းထပ္ဖို႔ဝမ္႐ႊမ္
ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။ခ်ဴလ်န္ကသူ႕ကိုလ
က္တစ္ဖက္ကမ္းေပးနိုင္မယ္လို႔လည္းေမွ်ာ္
လင့္ခဲ့တယ္။ဒါေပမယ့္ခ်ဴလ်န္ကသူအသ
နားခံတာကိုမတုံ႕ျပန္ခဲ့ဘူး။တစ္ခဏအတြင္း
မွာပဲ သူ႕ေရွ႕ဆက္ရမယ့္လမ္းေၾကာင္းကျမဴ
ခိုးျမဴေငြ႕ေတြနဲ႕ဖုံးလႊမ္းသြားၿပီးမေရမရာျဖစ္
သြားခဲ့ျပန္တယ္။

ဒီစကားလုံးေတြကိုဝမ္႐ႊမ္ကထုတ္မေျပာခဲ့ေပ
မယ့္သူ႕ရဲ႕အၾကည့္ကေတာ့တစ္ျခားလူေတြကို
နားလည္ရလြယ္ေစခဲ့တယ္။

ဝမ္႐ႊမ့္စိုးရိမ္ပူပန္မႈမ်ားကိုေတြ႕လိုက္ရခ်ိန္၌
က်န္းရီကေပ်ာ္႐ႊင္မႈေၾကာင့္မ်က္ဝန္းေလး
မ်ားေမွးစဥ္းသြားသည္အထိၿပဳံးလိုက္၏။မ
ည္သို႔ပင္ျဖစ္ေစ သူထိန္းခ်ဳပ္ထားခဲ့ေသာအ
ေျခအေနႏွင့္ပက္ပင္းႀကဳံၿပီးေနာက္ သူ၏ႏု
နယ္ေသာေၾကာက္စိတ္မႊန္ျခင္းႏွင့္ကူရာကယ္
ရာမဲ့ေသာအေျခအေနမ်ားကိုဖုံးကြယ္လ်က္
ယုံၾကည္ခ်က္အျပည့္ရွိေသာအသြင္သစ္တစ္ခုေပၚလာခဲ့သည္။အရွိန္အဝါအားခႏၶာကိုယ္
အႏွံ႕ထုတ္လႊတ္လ်က္ေအးေဆးတည္ၿငိမ္စြာ
ယုံၾကည္မႈရွိရွိျဖင့္

"ဆရာတူအစ္ကိုမေန႕ကသတိလစ္ေနတုန္းသူ
ေတာ္စဥ္သခင္ခ်ဴလ်န္ေရာက္လာၿပီးအစ္ကို
နိုးတာနဲ႕သူ႕ကိုလာရွာဖို႔မွာသြားတယ္ သူ႕ဆီအ
ရင္သြားၿပီးစကားေျပာသင့္တယ္ အစ္ကိုသ
ေဘာက်ေလာက္မယ့္အံ့အားသင့္စရာမ်ိဳးရနိုင္တယ္ေလ"

ဝမ္႐ႊမ္သည္လည္းဤကိစၥႏွင့္ပတ္သတ္၍အ
ေတာ္ေလးသံသယျဖစ္မိ၏။သို႔ေပသည့္ သူ
၏ႀကီးျမတ္လွေသာဆရာသခင္ႏွင့္ေတြ႕ဆုံရ
န္ခ်ိန္းဆိုထားျခင္းေၾကာင့္အလ်င္အျမန္သပ္
သပ္ရပ္ရပ္ျဖစ္ေအာင္ျပင္လိုက္ၿပီးထိုဆင့္ေခၚခ်က္ကိုအေျဖေပးနိုင္ရန္သတၱိစုစည္း
လိုက္ေလသည္။

ႏႈတ္ခြန္းဆက္လွ်က္ၾကမ္းျပင္ေပၚဒူးေထာက္
ထားသည့္အခ်ိန္တြင္ပင္ စိုးရိမ္ေသာကေရာ
က္ေနၿပီးသူ႕ႏွလုံးသားေလးလည္းဂဏွာမၿငိမ္
ျဖစ္ေနရ၏။

အထူးသျဖင့္ ခ်ဴလ်န္ကအေပၚဘက္၌ေျခ
တစ္ဖက္ခ်ိတ္လ်က္ၿမဲၿမံစြာထိုင္ေနၿပီးျမင့္
ျမတ္ေသာအရွိန္အဝါႏွင့္အတူအထင္ေသး
ေသာအၾကည့္မ်ိဳးျဖင့္အႂကြင္းမဲ့စိုက္ၾကည့္ေန
သည့္အခ်ိန္မ်ိဳးပင္တည္း။

အႏွီအထင္ေသးေသာအၾကည့္တို႔ျဖင့္ဝမ္႐ႊမ့္
ကိုေခါင္းအစေျခအဆုံးစစ္ေဆးၿပီး တစ္ဖက္
လူသည္ေၾကာက္မက္ဖြယ္ရာအေျခအေနမွ
ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္းေသ
ခ်ာသြားမွသာ ေနာက္ဆုံးတြင္ေတာ့ ခ်ဴလ်န္
ကမလႈပ္မယွက္အလ်င္မလိုေသာအျပဳအမူ
ျဖင့္စကားေျပာလာခဲ့သည္။

"မင္းသိလား.. ငါမင္းကိုအၿမဲတမ္းသေဘာ
မက်ခဲ့ဘူး"

သတိလစ္ေနရာမွနိုးထလာေသာတပည့္ျဖစ္
သူႏွင့္မ်က္ႏွာခ်င္းဆိုင္ခ်ိန္၌ဤစကားမ်ား
သည္အမွန္တကယ္ကိုသူပထမဆုံးေျပာလာ
ေသာစကားျဖစ္ေနခဲ့သည္။

ဝမ္႐ႊမ္ရယ္ခ်င္ေသာ္လည္းမရယ္နိုင္ခဲ့ေပ။သူ႕
ခံတြင္း၌ခါးသက္သက္အရသာျဖင့္သာျပန္
ေျဖလိုက္၏။

"တပည့္သတိထားမိပါတယ္"

ခ်ဴလ်န္ကမႏွစ္ၿမိဳ႕စြာၿပဳံးလိုက္ၿပီး

"ငါကိုယ္တိုင္ေတာင္မင္းကိုအႀကိမ္ႀကိမ္သတ္
ပစ္ခ်င္ခဲ့တယ္"

ဝမ္႐ႊမ္ထိတ္လန့္သြားၿပီးသူ႕လက္မ်ားတုန္ယ
င္ေနျခင္းကိုေတာင္မထိန္းခ်ဳပ္နိုင္ခဲ့ေပ။ခ်ဴ
လ်န္ကသူ႕အေပၚအျပဳသေဘာေဆာင္တဲ့ခံ
စားခ်က္မ်ိဳးမရွိခဲ့မွန္းသိေပမယ့္ဒီေလာက္အ
ထိအႏုတ္လကၡဏာျပေနလိမ့္မယ္လို႔ဘယ္
တုန္းကမွမေတြးခဲ့မိဘူး။

"ဒါေပမယ့္......."

သူတို႔စကားဝိုင္းထဲ၌အလွည့္အေျပာင္းတစ္ခု
အေနျဖင့္ခ်ဴလ်န္ကဤစကားကိုအတန္ၾကာ
သံရွည္ဆြဲလိုက္၏။

ဝမ္႐ႊမ္ေခါင္းေမာ့ၿပီးဤအေျပာင္းအလဲကိုစိ
တ္ရွည္စြာေစာင့္ေနလိုက္သည္။

သို႔ေသာ္လည္း ခ်ဴလ်န္ကဝမ္႐ႊမ့္မ်က္ႏွာကို
ျမင္သည္ႏွင့္လက္တစ္ဖက္ကိုျမႇောက္လ်က္
ထိုင္ခုံလက္ရန္းကိုသာျပင္းျပင္းထန္ထန္ရိုက္ခ်လိဳက္၏။ထို႔ေနာက္ လက္ကိုျမႇောက္လ်က္
ေနာက္လက္ရန္းတစ္ဖက္ကိုရိုက္လိုက္ေလ
သည္။အဆုံးသတ္၌ 'ဒါေပမယ့္မင္းကငါ့
တပည့္ပဲ' ဟူေသာစကားကိုက်ယ္ေလာင္စြာ
ထုတ္မေျပာနိုင္ခဲ့ေပ။

သို႔ျဖစ္ရာ ထိုအလွည့္အေျပာင္းကဤေနရာတြင္ပင္ျပတ္ေတာက္သြားခဲ့သည္။ခ်ဴလ်န္က
စကားဝိုင္းကိုအတင္းအဓမၼေခါင္းစဥ္ေျပာင္း
လိုက္၏။

"မင္းကိုဆက္ၿပီးတိုးတက္ခြင့္ျပဳမယ့္က်င့္ႀကံ
ျခင္းနည္းလမ္းကိုရွာခ်င္တာလား?"

ဤေမးခြန္းကဝမ္႐ႊမ့္ႏွလုံးသားေအာက္ေျခအ
ထိတည့္တိုးေမးခဲ့ေသာေမးခြန္းမ်ိဳးျဖစ္၏။ခ်
က္ခ်င္းပင္ လက္သီးက်စ္က်စ္ဆုပ္လိုက္ၿပီး
အသက္ရႈႏႈန္းျမန္လာသည္အမွ်သူ႕ႏွလုံး
သားတစ္ခုလုံးထႂကြလာသလိုခံစားလိုက္ရ
ေလသည္။

ဝမ္႐ႊမ္ကေျမျပင္ေပၚသို႔ျပင္းျပင္းထန္ထန္ဦး
ၫႊတ္လိုက္ၿပီးမေရမတြက္နိုင္ေသာအႀကိမ္
ေပါင္းမ်ားစြာရႈံးနိမ့္ေစခဲ့ကာမူဤတစ္ႀကိမ္တြ
င္ေတာ့စြန့္ပစ္ရန္မျဖစ္နိုင္ေသာႀကိဳးပမ္းအား
ထုတ္မႈမ်ိဳးျပသလိုက္၏။

"ကြၽန္ေတာ့္ရဲ႕ဆႏၵကိုျဖည့္ဆည္းေပးပါဆရာ"

ဤတစ္ႀကိမ္တြင္ခ်ဴလ်န္ကျပတ္ျပတ္သား
သားမျငင္းဆန္ဘဲတိတ္ဆိတ္စြာၿငိမ္သက္ေနခဲ့သည္။

ခ်ဴလ်န္ကအခ်ိန္အေတာ္ၾကာတိတ္ဆိတ္ေန
ခဲ့သည္။

ဝမ္႐ႊမ္ေခါင္းမေမာ့ဘဲမေနနိုင္ေလာက္ေအာင္
အလြန္ၾကာျမင့္ခဲ့သည္။ခ်ဴလ်န္ကလက္ရွိတြ
င္သူ႕လက္ထဲမွေက်ာက္စိမ္းအပိုင္းအစကို
ၾကည့္ၿပီးၾကင္နာယုယစြာပြတ္သပ္ေန၏။

ထိုေက်ာက္စိမ္းအပိုင္းအစကိုခ်ဴလ်န္ၾကည့္
ေနေသာအၾကည့္ကေသဆုံးသြားေသာခ်စ္သူ
တစ္ဦးကိုၾကည့္ေနသကဲ့သို႔လြမ္းဆြတ္တမ္း
တမႈမ်ားႏွင့္ျပည့္ႏွက္ေနခဲ့သည္။

ေနာက္ဆုံးတြင္ေတာ့ ခ်ဴလ်န္ကေျဖးညွင္းစြာ
ေျပာလာ၏။

"မေန႕ကမင္းသတိလစ္ေနတဲ့အခ်ိန္တံခြန္တမ္
တိုက္ဂိုဏ္းကတပည့္ေတြေရာက္လာၿပီးမင္းကိုခြင့္လႊတ္ေပးဖို႔အတြက္ေတာင္းပန္ၾကတယ္
သူတို႔ကဒီတိုင္ယြင္ေတာင္ေျခမွာဒူးေထာက္ေနခဲ့တာ ေတာင္ထြတ္ရဲ႕တစ္ဝက္ေလာက္ေတာင္ရွိတယ္!"

ဝမ္႐ႊမ္အနည္းငယ္အံ့ၾသသြားရသည္။ႏြေးေထြးမႈတစ္ခုကသူ႕ႏွလုံးသားေလးကိုျဖတ္သ
န္းစီးဆင္းသြားသလိုပင္။

"ေကာင္စုတ္ေလး"

ခ်ဴလ်န္ကဝမ္႐ႊမ့္ကိုၾကည့္ရန္သူ႕မ်က္ဝန္းမ်ားကိုျမႇင့္လိုက္ၿပီး

"ဒီႏွစ္ေတြအတြင္းမင္းဒီမွာပဲေနခဲ့တာ...မင္းရဲ႕
ေက်ာ္ၾကားမႈကေတာ့မဆိုးပါဘူးေလ"

"ဒါကႏွလုံးသားခ်င္းဖလွယ္ယုံပါပဲ"

ႏႈတ္ခမ္းေထာင့္စြန္းမွအၿပဳံးေလးႏွင့္အတူ
ဝမ္႐ႊမ္အမွန္အတိုင္းျပန္ေျဖလိုက္သည္။

"မင္းကိုယ္မင္းလူေကာင္းတစ္ေယာက္လို႔ထင္
လား?အရမ္းေကာင္းတဲ့လူတစ္ေယာက္ေလ?"

ခ်ဴလ်န္ကေအးစက္စက္ေလွာင္ေျပာင္လိုက္
သည္။

"မင္းကိုဒီလိုသနားဂ႐ုဏာထားတတ္တဲ့စိတ္မ်ိဳးဘယ္သူေပးခဲ့တယ္လို႔ထင္ေနလဲ?"

ဤစကားကိုဝမ္႐ႊမ္နားမလည္နိုင္ခဲ့ဘဲသူ႕အ
ၾကည့္မ်ားလည္းရႈပ္ေထြးသြားရသည္။

အဆုံးသတ္၌ ခ်ဴလ်န္ကေက်ာက္စိမ္းအပိုင္း
အစကိုတင္းက်ပ္စြာဆုပ္ကိုင္လိုက္၏။ထို႔
ေနာက္လက္တစ္ဖက္ကိုျမႇောက္ၿပီးေက်ာက္စိ
မ္းအပိုင္းအစကိုဝမ္႐ႊမ့္ေရွ႕သို႔ပစ္ခ်လိဳက္ေလ
သည္။

ဝမ္႐ႊမ္ေကာက္ယူၿပီး၎ကိုဖတ္ရန္ႀကိဳးစား
ခ်ိန္၌ခ်ဴလ်န္ကစကားထပ္ေျပာလာခဲ့သည္။

"ဒါကိုေသေသခ်ာခ်ာေတြးစမ္း"

ခ်ဴလ်န္ကထိုင္ခုံကိုမွီရင္းဝမ္႐ႊမ့္ကိုလက္ညွိုး
ထိုးလိုက္၏။

"မင္း..အဲ့ဒီေက်ာက္စိမ္းအပိုင္းအစကိုဖတ္ၿပီး
တာနဲ႕မင္းကငါ့တပည့္မဟုတ္ေတာ့ဘူး"

ဝမ္႐ႊမ့္လႈပ္ရွားမႈမ်ားခ်က္ခ်င္းရပ္တန့္သြား
ၿပီးခ်ဴလ်န့္ကိုအံ့ၾသတႀကီးေငးၾကည့္ကာ

"ဆရာ ကြၽန္ေတာ့္ကိုေမာင္းထုတ္ဖို႔စီစဥ္ေန
တာလား?"

"သေဘာေျပာရရင္ေတာ့အဲ့တာကအေရးမ
ႀကီးပါဘူး။ ငါတကယ္ေျပာတာ..ဘာပဲျဖစ္
ျဖစ္ မင္းအဲ့ဒီေက်ာက္စိမ္းအပိုင္းအစကိုဖတ္
လိုက္ရင္အနာဂတ္မွာငါမင္းကိုဘယ္ေတာ့မွ
ထပ္ၿပီးဂ႐ုစိုက္ေတာ့မွာမဟုတ္ဘူး"

ခ်ဴလ်န္၏ခႏၶာကိုယ္ကထိုင္ခုံထဲသို႔ျမဳပ္သြား
ၿပီးမ်က္ဝန္းႏွင့္မ်က္ခုံးမ်ားကပင္ပန္းႏြမ္းနယ္
မႈအရိပ္အေယာင္တခ်ိဳ႕ကိုျပသလ်က္

"ငါမင္းကိုထပ္ၿပီးဂ႐ုမစိုက္နိုင္ေတာ့ဘူး"

ဝမ္႐ႊမ္ကသူ၏အံ့ၾသတုန္လႈပ္ေနေသာအၾကည့္ကိုေက်ာက္စိမ္းအပိုင္းအစေပၚေ႐ႊ႕လိုက္
၏။၎သည္သာမာန္ေက်ာက္စိမ္းအပိုင္းအ
စျဖစ္ၿပီးပုံပန္းသြင္ျပင္မွာေတြ႕ရလြယ္သည္။ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္တစ္စုံတစ္ဦး၏
ၾကင္နာယုယမႈေၾကာင့္သာအလြန္ေခ်ာေမြ႕၍
ေတာက္ေျပာင္ေနခဲ့သည္။သို႔ေသာ္ ခ်ဴလ်န္
ကိုယ္တိုင္ဤစကားမ်ားကိုထုတ္ေျပာလာ
သည္အထိစြမ္းနိုင္ခဲ့ရာထိုေက်ာက္စိမ္းထဲမွ
အေၾကာင္းအရာမ်ားသည္သာမာန္ေတာ့မ
ဟုတ္ေၾကာင္းဝမ္႐ႊမ္သေဘာေပါက္၏။

".......အထဲမွာဘာေတြလဲ?"

ဝမ္႐ႊမ္ေမးလိုက္ေသာ္လည္းခ်ဴလ်န္ကႏႈတ္
ခမ္းမ်ားကိုေရျပင္ညီမ်ဥ္းအတိုင္းေစ့ပိတ္ထားၿပီးျပန္မေျဖခဲ့ေပ။

ဝမ္႐ႊမ္ကေက်ာက္စိမ္းအပိုင္းအစကိုလက္ထဲ
၌အေရွ႕၊အေနာက္လွန္ေလာလိုက္၏။အခ်ိန္
အနည္းငယ္ၾကာေအာင္စိုက္ၾကည့္ခဲ့ေသာ္
လည္းဆုံးျဖတ္ခ်က္မခ်နိဳင္ေသးေပ။ခ်ဴလ်န္
ကေတာ့ရယ္စရာေတြ႕သြားသလိုခံစားလိုက္ရ
သည္။သူတို႔ႏွစ္ဦး၌ဤကဲ့သို႔ေသာဆရာ၊တ
ပည့္ဆက္ဆံေရးမ်ိဳးအၿမဲတမ္းရွိခဲ့သည္။
ယုတၱိရွိရွိေျပာရလွ်င္ေတာ့သူ႕လိုဆရာတစ္ဦး
ကိုဟိုးအရင္ကတည္းကရွင္းထုတ္ပစ္ဖို႔ဝမ္
႐ႊမ္စိတ္အားထက္သန္သင့္ေပမယ့္အဲ့ဒီလိုအ
ခြင့္အေရးမ်ိဳးတကယ္ေရာက္လာခ်ိန္တြင္
ေတာ့ဝမ္႐ႊမ္ကဤမွ်ၾကာေအာင္တုံ႕ဆိုင္းေနခဲ့
သည္ေလ...

"ဆရာ "

တုံ႕ဆိုင္းၿပီးေနာက္ ဝမ္႐ႊမ္က႐ုတ္တရက္ထုတ္
ေျပာခဲ့သည္။

"ကြၽန္ေတာ္ဆရာ့ကိုတစ္ခါက...နာက်ည္းခဲ့ဖူး
တယ္"

"အဲ့တာကသာမာန္ပဲမဟုတ္ဘူးလား"

ခ်ဴလ်န္ကပ်င္းရိစြာျပန္ေျပာလိုက္၏။ဝမ္႐ႊမ္
ကခါးခါးသီးသီးၿပဳံးလိုက္ရင္း

"တစ္ေယာက္ေယာက္ကမ်ားဒီကမၻာေပၚမွာ
ကြၽန္ေတာ္အနာက်ည္းဆုံးလူကိုေ႐ြးျပပါဆို
ရင္ အဲ့တာကဆရာပဲျဖစ္လိမ့္မယ္"

အိုး? ဒါကတကယ္ကိုမေမွ်ာ္လင့္ထားခဲ့တဲ့အ
ေၾကာင္းအရာမ်ိဳးပဲ။ ခ်ဴလ်န္ အနည္းငယ္ပို
စိတ္ဝင္စားသြားခဲ့သည္။

"ကြၽန္ေတာ့္ကို....တံခြန္တိမ္တိုက္ဂိုဏ္းဆီဆရာပဲေခၚလာခဲ့တယ္ ကြၽန္ေတာ္ငယ္ငယ္
ေလးထဲကကြၽန္ေတာ့္မိဘေတြဘယ္သူလဲဆို
တာမသိခဲ့ဘူး ဆရာကသာကြၽန္ေတာ့္ရဲ႕ဆရာ
ဆိုတာပဲသိခဲ့တယ္"

ဝမ္႐ႊမ့္အသံကအလြန္တိုးေဖ်ာ့သြားၿပီးေလ
သံလည္းႏွေးေကြးလာခဲ့သည္။သူငယ္စဥ္က
တည္းကတံခြန္တိမ္တိုက္ဂိုဏ္းကိုသာမိသား
စုအျဖစ္မွတ္ယူခဲ့ၿပီးဆရာျဖစ္သူခ်ဴလ်န္ကို
ည္လည္းသူ႕ႏွလုံးသားထဲမွ'အေဖ'ဟူေသာေန
ရာကိုအႂကြင္းမဲ့ေပးအပ္ခဲ့သည္။

လူသားတို႔၏စိတ္ခံစားခ်က္မ်ားသည္အလြန္
ဆန္းၾကယ္ေသာအရာေပတည္း။

တစ္ေယာက္တစ္ေယာက္ကမ်ားသူ႕ကိုပုံမွန္
အတိုင္းနည္းနည္းေလးၾကင္နာေပးရင္ေတာင္
သူကအရမ္းေက်းဇူးတင္ေနတတ္တယ္။အဲ့ဒီ
တစ္စုံတစ္ေယာက္ကသူ႕ႏွလုံးသားနဲ႕ပိုနီးကပ္
လာေလေလ သူ႕ကိုနည္းနည္းေလးေလာက္
ျဖစ္ျဖစ္ပိုၿပီးၾကင္နာေပးလိမ့္မယ္လို႔ အလိုအ
ေလ်ာက္ေတြးထင္ခဲ့တယ္။ဒါေပမယ့္သူ႕ကို
ေကာင္းေကာင္းမြန္မြန္မဆက္ဆံဘူးဆိုရင္
ေတာ့နာက်ည္းမႈကသူ႕ႏွလုံးသားထဲတိုးပြားလာခဲ့တယ္။

သူ႕ကိုသတိမရဘဲပစ္ထားခဲ့တဲ့ဒီအေဖကိုသူ႕ရဲ႕
ႏွလုံးသားထဲမွာႏွစ္ေပါင္းမ်ားစြာၾကာျမင့္သ
ည္အထိနာက်ည္းခဲ့တယ္။တျခားသူေတြသူ႕ကိုဘယ္လိုပဲဆက္ဆံၾကပါေစ ဒီေလာက္အ
ထိေတာ့နက္နက္ရွိုင္းရွိုင္းမနာက်ည္းခဲ့ဖူးဘူး။

ဒါေပမယ့္ခ်ဴလ်န္နဲ႕သူ႕အၾကားကဆက္ဆံ
ေရးကိုဖ်က္စီးပစ္လိုက္ၿပီဆိုတာနဲ႕သူ႕မွာထပ္
ၿပီးနာက်ည္းခြင့္ေတာင္မရွိေတာ့ဘူး။

"ဆရာ"

ဝမ္႐ႊမ္ကသူ႕လက္ထဲမွေက်ာက္စိမ္းအပိုင္းအ
စကိုဖ်စ္ညွစ္ရင္းေျပာလာခဲ့သည္။

"ဆရာကြၽန္ေတာ့္ကိုဘယ္ေတာ့မွမတိုးတက္ေစခ်င္ခဲ့တာရယ္၊ကြၽန္ေတာ့္ကိုအေျခခံတည္
ေထာင္ျခင္းအဆင့္မွာပဲေသေစခ်င္ခဲ့တဲ့အ
ေၾကာင္းျပခ်က္ေတြကဒီထဲမွာရွိေနတာလား?"

ဝမ္႐ႊမ္ကေက်ာက္စိမ္းအပိုင္းအစကိုအက်ီလ
က္ထဲသို႔ထည့္လိုက္ၿပီးဆရာျဖစ္သူကိုႏႈတ္
ဆက္သည့္အေနျဖင့္သုံးႀကိမ္တိုင္အရိုအေသ
ေပးလိုက္၏။ထို႔ေနာက္မတ္တပ္ရပ္ၿပီးလွည့္ထြက္လာခဲ့သည္။

"ေနအုံး"

အႏွီထြက္ခြာသြားေသာပုံရိပ္ကိုျမင္သည္ႏွင့္
ခ်ဴလ်န္၏ႏွလုံးသား၌ထူးဆန္းေသာစိတ္ဆ
ႏၵမ်ား႐ုတ္တရက္ဆန္တက္လာခဲ့ၿပီးဝမ္႐ႊမ့္ကိုအလ်င္စလိုတားလိုက္၏။

"မင္းမဖတ္ရေသးဘူးဆိုေတာ့ငါမင္းနဲ႕စကား
နည္းနည္းထပ္ေျပာလို႔ရေသးတယ္"

ဝမ္႐ႊမ့္ေျခလွမ္းမ်ားတကယ္ရပ္တန့္သြားၿပီး
သူ႕ကိုျပန္လွည့္ၾကည့္လာခ်ိန္၌ သူ႕ရင္ထဲတြင္ေျပာစရာအေျမာက္အျမားက်န္ေနေသးသည္ကိုရွင္းရွင္းလင္းလင္းျမင္လာခဲ့သည္။သို႔ေပ
သည့္ မည္သည့္ေနရာမွစေျပာသင့္မွန္းေတာ့မသိပါေခ်။

တစ္ခဏတာစဥ္းစားၿပီးေနာက္ထိုအရာကိုေျပာရန္ဆုံးျဖတ္လိုက္၏။

အဲ့ဒီ.....အမ္း....ဘဝရဲ႕အေရးႀကီးလုပ္ငန္းတာ
ဝန္ကိုေပါ့။

(note/aka marriage😆)

"အခုခ်ိန္မွာမင္းနဲ႕အဲ့ဒီက်န္းဆိုတဲ့ေကာင္ေလး
ရဲ႕ဆက္ဆံေရးကဘယ္လိုအေျခအေနမ်ိဳးလဲ?"

---------------------------------------------------

Continue Reading

You'll Also Like

21.4K 2.1K 38
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
360K 64K 135
This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author...
25.9K 2.7K 17
The perfect destiny၏ arc3ကို ဘာသာျပန္ဆိုျခင္းျဖစ္သည္။ ♥*completed*♥
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...