မောင့်မူပိုင် (Completed)
By TommyBell92
2.4M 178K 5.4K
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပု... More
Part 1*
Part 2*
Part 3*
Part 4*
Part 5*
Part 6*
Part 8*
Part 9*
Part 10*
Part 11*
Part 12*
Part 13*
Author Note💛
Part 14*
Part 15*
Part 16*
Part 17*
Part 18*
Part 19*
Part 20*
Part 21*
Part 22*
Part 23*
Part 24*
Part 25*
Part 26*
Part 27*
Part 28*
Part 29*
Part 30*
Part 31*
Part 32*
Part 33*
Part 34*
Part 35*
Part 36*
Part 37*
Part 38*
Part 39* ( Final)
ကျေးဇူးတင်လွှာ*
Extra*
Extra**
Extra***
Dear Readers❤
New Fic*
Extra****
Chibi❤
စျေးဗန်း
Extra*****
Extra******
Full Moon Day *
Must Read*
Notice!
Book!
Book Detail!!!!
Book Preorder!!!
Part 7*
53.8K 4.5K 54
By TommyBell92
နေမကောင်းတဲ့သူကြောင့် အလုပ်မသွားဖြစ်ပဲ အိမ်မှာသာ နေဖြစ်သွားသည်။ အဖျားရှိန်ကြောင့် အိပ်ရာထဲလှဲနေသူက ကန့်လန့်လုပ်နေတာတွေတော့မပျောက်သွား။
" မသောက်ဘူးလို့ပြောနေတယ်နော် သီဟမင်းထင် "
" ခင်ဗျား ကလေးလည်းမဟုတ်ပဲ ဘယ်လိုဖြစ်နေတာလဲ ဆန်ပြုတ်မသောက်ရင် ဆေးဘယ်လိုသောက်မလဲ"
" ဆန်ပြုတ်လည်းမသောက်ဘူး ဆေးလည်းမသောက်ဘူး "
" ဘာလို့မသောက်ချင်တာလဲ "
" မင်းတိုက်တာမို့လို့မသောက်ချင်တာ! "
" ကျွန်တော်တိုက်တိုက်မတိုက်တိုက် ဒီဆေး ဒီဆန်ပြုတ်ပဲ ခင်ဗျားသောက်ရမှာ "
" .............. "
" ကျစ်! ခင်ဗျားသဘောပဲ ခင်ဗျားလုပ်ချင်ရာလုပ်တော့! "
သီဟ အခန်းထဲကနေ ထွက်လာခဲ့သည်။ မဟုတ်ပါက တစ်ပွဲတစ်လမ်းနွှဲရတော့မည်မဟုတ်လား။
" Boss အိမ်က ဖုန်းဆက်နေပါတယ် "
ရှိုင်းသန့်ကမ်းပေးလာတဲ့ဖုန်းကိုယူလိုက်သည်။
" သီဟ ခဏနေရင် ဒယ်ဒီ့ Company ကို လာခဲ့ပါဉီး "
" ကိစရှိလို့လား ဒယ်ဒီ "
" အေး ဒီဘက်က သားတို့နဲ့ ချိန်းပြီးလုပ်ချင်တာရှိတယ်ဆိုလို့ "
" ကျွန်တော် မလာလို့မရဘူးလား ဒယ်ဒီ "
" ခဏပါပဲကွာ "
" ကောင်းပြီလေ ကျွန်တော်ခဏနေရင်ထွက်လာခဲ့မယ် "
" Okay "
အိမ်မှာနေပြီးစိတ်ရှုပ်နေရမယ့်အတူတူ Company ခဏသွားဖို့သာ ဆုံးဖြတ်လိုက်သည်။ မျက်နှာမြင်နေရ၍ မစားချင်ဘူးဆိုတော့ စကားတွေက ပြောလာဉီးမည်ဆိုတာ သီဟ ခန့်မှန်းစရာပင်မလိုတော့။
..............
At ဉီးလင်းထင် Company,
အခန်းတွင်း သီဟရောက်လာတော့ သီဟရဲ့ဖခင်ဖြစ်သူ ဉီးလင်းထင်က အပြုံးနဲ့ကြိုသည်။ ဘေးကိုကြည့်တော့ ဧည့်သည်နှစ်ယောက်ရှိနေသည်။
" သား လာထိုင် "
ဖခင်ဖြစ်သူရဲ့စကားကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းကိုညိတ်ပြလိုက်ကာ ဝင်ထိုင်လိုက်သည်။
" ဒါ အင်ကြင်းခိုင်တဲ့ သူ့ဘေးကတော့ အတွင်းရေးမှူး"
နှစ်ဉီးနှစ်ဖက် အသိအမှတ်ပြုသည့်အနေနဲ့ ခေါင်းသာညိတ်ပြလိုက်သည်။
" ကျွန်တော့်ကို လိုရင်းပြောပြရင်ရပါပြီ "
" အဓိကကတော့ ကျွန်မက Ala ကထွက်တဲ့ အကျီ Design တွေကိုသဘောကျပါတယ်၊ ကျွန်မတို့ ဆိုင်ခွဲတွေကနေတဆင့် ဖြန့်ချီချင်တဲ့အတွက် လာကမ်းလှမ်းလာပါ "
" Ala ကိစဆိုရင်တော့ ကျွန်တော့်ခင်ပွန်းနဲ့ဆက်သွယ်ရမှာ ဘာလို့ ကျွန်တော့်ကို လာပြော​နေတာလဲဗျ "
ကျွန်တော့်ခင်ပွန်းဆိုတဲ့စကားနေရာမှာ ကောင်မလေး သိသိသာသာမျက်နှာပျက်သွားသည်ကို သီဟ မြင်လိုက်တာကြောင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
" ကျွန်မတို့ Ala ကို ဆက်သွယ်ပြီးပါပြီ ဒါပေမယ့် သူတို့ဘက်က လက်မခံတဲ့အတွက် အစ်ကိုသီဟကို အကူအညီတောင်းရတာပါ "
" Ala ဘက်က ငြင်းထားတယ်ဆိုရင်တော့ ကျွန်တော့်ဘက်က ဘာမှလုပ်ခွင့်မရှိပါဘူး။ လုပ်ခွင့်ရှိတယ်ဆိုရင်တောင် ကျွန်တော့်ခင်ပွန်းရဲ့ ခွင့်ပြုချက်ကို အမတို့လိုက်နာရမှာဗျ "
" ဒါဆို Oli နဲ့ လက်တွဲဖို့ဆိုရင်ရော စဉ်းစားပေးနိုင်မလားရှင် "
" အဲ့ဒါဆိုရင်တော့ ကျွန်တော့်ခင်ပွန်းနဲ့တိုင်ပင်လိုက်ပါဉီးမယ် "
" အာ..ဟုတ်... ဟုတ်ကဲ့ "
" ဒယ်ဒီ ဒါပဲမလား ကျွန်တော်သွားတော့မယ် "
" ခဏလောက်နေပါဉီးလား "
" ကိစလေးရှိလို့ ဒယ်ဒီ၊ သွားခွင့်ပြုပါဉီး "
အကြာကြီးမနေချင်တာကြောင့် စကားစကိုဖြတ်ကာ ထွက်လာခဲ့သည်။ လမ်းလျှောက်နေတုန်း
" အစ်ကိုသီဟ " ဆိုတဲ့အသံနဲ့အတူ လက်ကိုလာချိတ်သော ကောင်မလေးတစ်ယောက်ကြောင့် ဒေါသအနည်းငယ်ထွက်သွားသည်မို့ လက်ကိုဖြုတ်ချပစ်လိုက်သည်။
" ဘာလုပ်တာလဲ! "
" အစ်ကိုကလည်း မတွေ့တာကြာလေ ပိုပိုပြီး စိမ်းလာလေဖြစ်နေပြီ "
ထိုမိန်းကလေးဟာ တခြားသူတော့မဟုတ်။ ပိုးအိ ဖြစ်သည်။ ဒယ်ဒီ့မိတ်ဆွေရဲ့ သမီးဖြစ်သလို ဒယ်ဒီနဲ့အလုပ်တွဲလုပ်နေရတာကြောင့် ဝင်ထွက်သွားလာရှိနေပုံရသည်။
" နောက်ဆို မကြာမကြာ လာတွေ့ရမယ် "
သီဟ သူမ ပြောသမျှနားမထောင်ပဲ အိမ်ပြန်ဖို့သာ ပြင်လိုက်သည်။
အိမ်ကိုရောက်တော့ ထွဋ်ခေါင်နဲ့ဆွေးနွေးစရာရှိတာကြောင့် အခန်းထဲဝင်လာလိုက်သည်။ အိပ်ရာ ပေါ်လှဲနေသူက သီဟဝင်လာတော့ မျက်မှောင်ကျုံ့ကာကြည့်သည်။
" ခင်ဗျားနဲ့ပြောစရာရှိတယ် "
" ................. "
" ခင်ဗျား အင်ကြင်းခိုင်ဆိုတဲ့တစ်ယောက် လုပ်ငန်းကမ်းလှမ်းချက်ကို ငြင်းလိုက်တာလား "
" အေးလေ ငြင်းလိုက်တယ် ဘာဖြစ်လို့လဲ၊ မင်း စိတ်ဝင်စားနေတဲ့သူမို့လို့လား "
" မြတ်ထွဋ်ခေါင်! "
" ငါ့ကို ပြန်မအော်နဲ့ မင်းထက်ငါကြီးတယ် "
" တောက်စ်!!! စကားကို ဘယ်တော့မှ ပြေလည်အောင်ပြောလို့မရဘူး! "
" အဲ့လိုဖြစ်အောင် မင်းပဲဖန်တီးခဲ့တာမဟုတ်ဘူးလား! "
" ကျုပ်က... ကျုပ်က ဖန်တီးတယ်၊ ခင်ဗျား ရီစရာတွေ သိပ်မပြောနဲ့ "
" မင်း ငါနဲ့လက်ထပ်မယ့်ကိစမှာ မင်းသဘောတူခဲ့လို့ အခုလိုဖြစ်လာတာ မေ့နေတာလား "
" ကျုပ်အပြစ်လို့ပြောချင်တာလား"
" ......... "
" တောက်စ်! ကျုပ်နဲ့ခင်ဗျား ယူထားတာ ၆ လရှိပြီ ၆ လ၊ ဒီ ၆လအတွင်း ခင်ဗျား ကျုပ်နဲ့ အဆင်ပြေပြေပြောဖူးလား၊ ကျုပ် ခင်ဗျားပြောသမျှ လုပ်သမျှ တားခဲ့ဖူးသလား! "
သီဟ ဒေါသကိုမထိန်းနိုင်စွာ ခုံပေါ်တင်ထားသော ပန်းအိုးအား ရိုက်ခွဲလိုက်သည်မို့ ထွဋ်ခေါင်ကိုယ်တိုင်လည်း လန့်သွားသည်။ သီဟဒေါသကြီးတာသိပေမယ့် ၆ လအတွင်း စကားနဲ့သာရန်ဖြစ်ခဲ့ဖူးပြီး အခုလိုမဖြစ်ဖူးတာကြောင့် အနည်းငယ်လန့်သွားရခြင်းဖြစ်သည်။
" ခင်ဗျားက ကျုပ်ကို အနိုင်ယူလို့ရမှန်းသိလို့ အနိုင်ယူနေတာ! "
ပြန်ပြောဖို့ရာ ကြံရွယ်လိုက်​ပေမယ့် တံခါးကိုဆောင့်ပိတ်ကာ ထွက်သွားသူကြောင့် ဘာမှမပြောလိုက်ရပေ။
ကျကွဲနေသော ဖန်စများကိုကြည့်ကာ တွေတွေကြီးငေးနေမိသည်။ ပြီးနောက် နားထဲ သီဟပြောခဲ့သည့် စကားတွေကိုအထပ်ထပ်ကြားနေရသည်။
*  ခင်ဗျားက ကျုပ်ကို အနိုင်ယူလို့ရမှန်းသိလို့ အနိုင်ယူနေတာ!*
သူတကယ်ပဲ အနိုင်ယူသလိုဖြစ်သွားသည်လား။ သီဟပြောသလို ထွဋ်ခေါင်ဘာလုပ်လုပ်တားမြစ်ခဲ့တာမျိုးမရှိ။ သူကသာ စကားနဲ့ ကန့်လန့်တိုက်နေခဲ့သည်မဟုတ်လား။
မြန်မြန်လွတ်မြောက်နိုင်မလားဆိုတဲ့အတွေးနဲ့ ပြောခဲ့ဆိုခဲ့သည်။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် သီဟ  ထွဋ်ခေါင်ကို နစ်နာစေမယ့်လုပ်ရပ်မျိုး ထိခိုက်စေမယ့်လုပ်ရပ်မျိုးတစ်ခုမှမလုပ်ခဲ့။ ပြန်စဉ်းစားဖို့ရာ လိုနေချေပြီ။
...............
💛
~~~~~~~~~
Zawgyi!!!
" .............. "
" ကိစရှိလို့လား ဒယ်ဒီ "
" ခဏပါပဲကွာ "
" Okay "
..............
At ဉီးလင်းထင် Company,
" သား လာထိုင် "
" ဒါ အင်ကြင်းခိုင်တဲ့ သူ့ဘေးကတော့ အတွင်းရေးမှူးတဲ့"
" တွေ့ရတာ ဝမ်းသာပါတယ် " ဆိုကာ ကမ်းလာသော လက်အား လက်ဆွဲမနှုတ်ဆက်ဖြစ်။
" အာ..ဟုတ်... ဟုတ်ကဲ့ "
" ခဏလောက်နေပါဉီးလား "
" ဘာလုပ်တာလဲ! "
" အကိုကလည်း မတွေ့တာကြာလေ ပိုပိုပြီး စိမ်းလာလေဖြစ်နေပြီ "
" ................. "
" မြတ်ထွဋ်ခေါင်! "
" ......... "
...............
💛
~~~~~~~~~
Continue Reading
You'll Also Like
173K 11.7K 17
#Uni# တစ်နေ့ချစ်လာမလားဆို​ပြီး အတွေးလေးနဲ့ရူးခဲ့ရတာပါမောင်....ချစ်တယ်လို့တောင် သေချာမပြောခဲ့ရဘဲ မောင့်အဝေးကို ထွက်သွားခဲ့တဲ့ ကိုယ့်ကို နားလည်​ပေးပါ။ ...
197K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
24K 529 4
Zawgyi + Uni code ချာတိတ်မင့်လေး...ကိုယ့်ကိုတော်တော် ပြုစားနိုင်တယ်သိလား။ ချာတိတ်...ချာတိတ် မင့်ဂေးမဟုတ်ဘူးပြောပေမဲ့ ကိုယ်ဂေးခဲ့ရတာချာတိတ်ကြောင့်ဘဲ ခ...
4.3M 323K 52
အနိမ့်အမြင့် အတက်အကျ ပြောင်းလဲနေတဲ့ ဘဝကြီးမှာ ကံကြမ္မာရဲ့ ကြိုးဆွဲရာကို ကျနော် ခံနိုင်ရည်ရှိသမျှ ကခဲ့ရတယ်။ ဘဝတစ်ခုကိုကြိုးစားရှေ့ဆက်နေချိန် ကျနော့်ရဲ့...