ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By Kay_Wine

108K 19.4K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 29

1.5K 393 17
By Kay_Wine

{Zawgyi}

ညေရာက္တဲ့အခါ ဒါဇင္ခ်ီတဲ့ သခ်ႋဳင္းတူးသူေတြက အရင္တည္းက ေျမေအာက္သခ်ႋဳင္းအထိ တူးထားခဲ့တဲ့ လမ္းေၾကာင္းကေနဝင္ဖို႔ ႀကိဳးစားၾကေတာ့တယ္။

ႀကိဳးခ်ၿပီးတဲ့ေနာက္ ေရွ႕မွာရွိေနတဲ့ က်န္းမူနဲ႔ေရွာင္လီက အလင္းေခ်ာင္းတခ်ိဳ႕ ပစ္ခ်လိုက္တယ္။ ခပ္ေဖ်ာ့ေဖ်ာ့အလင္းေရာင္က ေအာက္အထိတန္းက်သြားၿပီး အေတာ္ေလးၾကာေတာ့မွသာ အသံတိုးတိုးတစ္ခု ၾကားလိုက္ရတယ္။ ေျမေပၚမွာရွိေနတဲ့လူေတြက ေအာက္ကိုငုံ႔ၾကည့္လိုက္တဲ့အခါ ေသးငယ္တဲ့အလင္းစက္ေလးတစ္ခုသာ ျမင္ရေတာ့တယ္။

"ဘုရားေရ ဒါႀကီးက ဘယ္ေလာက္ေတာင္ နက္တာလဲ?"

"ဒီေအာက္မွာက ေတာင္တန္းႀကီးတစ္ခုလုံးကို ျဖန႔္ၿပီးတည္ေဆာက္ထားတဲ့ ႏွစ္ေပါင္းေထာင္ခ်ီတဲ့ နန္းေတာ္ႀကီးတစ္ခုရွိတယ္ေလ၊ ဒီေလာက္ခမ္းနားတဲ့အေဆာက္အအုံႀကီးရဲ႕ အနက္ကို ခန႔္မွန္းၾကည့္ေပါ့"

အလြယ္တကူဝင္ႏိုင္ဖို႔လုပ္ထားတဲ့ ဝင္ေပါက္က မတ္ေစာက္စြာ တူးထားတာမဟုတ္ဘူး။ ထို႔အတြက္ေၾကာင့္ ေအာက္မွာရွိတဲ့ျမင္ကြင္းေတာ္ေတာ္မ်ားမ်ားကေတာ့ ပိတ္ဆို႔ေနတယ္။ နက္ရႈိင္းတဲ့တြင္းေပါက္ႀကီးကို ၾကည့္ၿပီး က်န္းေဟာင္ရဲ႕ စိတ္လႈပ္ရွားမႈက ထိန္းခ်ဳပ္မရေတာ့ဘူး။

သူ႔ေဘးမွာထိုင္ေနတဲ့ လူႏွစ္ေယာက္ကို သူတိုက္တြန္းလိုက္တယ္ "ဒီမွာ ဘာလုပ္ေနတာလဲ?! ျမန္ျမန္ အဲ့ေအာက္ကို ဆင္းေလ!"

ေရွာင္လီက သူ႔ကိုၿပဳံးျပၿပီး ေနရာမွာေနေနတာက လူႀကီးမင္းယန္ သူ႔ကို ေခါင္းတစ္ခ်က္ၿငိတ္ျပလာတဲ့အခ်ိန္အထိပဲ။ သူက "ေကာင္းပါၿပီ! ကြၽန္ေတာ္ဆင္းမယ္" ထို႔ေနာက္ သူ႔ကိုယ္သူ ႀကိဳးေတြနဲ႔ ေသခ်ာခ်ည္ကာ ေျဖးေျဖးခ်င္း ေလွ်ာဆင္းသြားေတာ့တယ္။

က်န္းမူအလွည့္ေရာက္လာတဲ့အခါ က်န္းပိုင္က သူ႔ကိုဆြဲၿပီး လက္ထဲ တစ္စုံတစ္ခု ထည့္ေပးလိုက္တယ္ "အစ္ကိုလတ္ ဒါက အစ္ကိုလတ္အတြက္"

က်န္းမူက သူ႔လက္ထဲေရာက္လာတဲ့ အေမႊးအိတ္အေသးေလးကိုၾကည့္ၿပီး အံ့အားသင့္သြားတယ္ "ဒါ ဘာတုန္း?"

"ကံေကာင္းေစတဲ့အေဆာင္" က်န္းပိုင္ အၿပဳံးေလးတစ္ပြင့္နဲ႔ ေျပာလိုက္တယ္ "ကြၽန္ေတာ္ အဲ့တာေလးကို အထူးတလည္ေတာင္ ေကာင္းခ်ီးသြားေပးခဲ့တာေနာ္"

ကံေကာင္းေစတဲ့အေဆာင္အေသးေလးနဲ႔တင္ က်န္းမူ ရင္ထဲထိသြားၿပီး သူ႔မ်က္လုံးေတြထဲမွာ ေႏြးေထြးမႈတို႔ ျပည့္လာတယ္။ သူ က်န္းပိုင္ရဲ႕ေခါင္းကို ပြတ္ကာ "ေက်းဇူးပါ ေရွာင္ပိုင္"

"ရပါတယ္ဗ်!"

က်န္းမူ စၿပီးဆင္းတဲ့အခ်ိန္မွာ က်န္းပိုင္က ဝင္ေပါက္နားမွာ စိုးရိမ္ေနတဲ့ပုံမ်ိဳးနဲ႔ ေဆာင့္ေၾကာင့္ထိုင္ေနတယ္။

"ေဟး မင္းက က်န္းမူကိုေတာ့ အေဆာင္ေပးၿပီး မင္းရဲ႕အစ္ကိုႀကီးအတြက္ေတာ့ မပါဘူးေပါ့?" က်န္းေဟာင္ က်န္းပိုင္ကို အထင္ေသးသလိုၾကည့္ကာ မဲ့ၿပဳံးၿပဳံးၿပီး ေမးလိုက္တယ္။

က်န္းပိုင္ ေခါင္းေမာ့လာၿပီး ပ်ာတိပ်ာယာေျပာလိုက္တယ္ "မဟုတ္ပါဘူး၊ မဟုတ္ပါဘူး၊ ကြၽန္ေတာ္ အစ္ကိုႀကီးအတြက္လည္း ဝယ္လာေသးတယ္! ၾကည့္ေလ!" သူ သူ႔အိတ္ကပ္ထဲက မ်ားစြာေသာ အိတ္အေသးေလးေတြကို ထုတ္ျပလိုက္တယ္ "ကြၽန္ေတာ္ အစ္ကိုတို႔ႏွစ္ေယာက္လုံးကို စိတ္ပူတာ၊ အစ္ကိုႀကီးလည္း လုံလုံၿခဳံၿခဳံျပန္လာရမယ္ေနာ္"

သူ အေမႊးအိတ္မွာ ခ်ဳပ္ထားတဲ့ႀကိဳးေတြကိုကိုင္ကာ က်န္းေဟာင္ေပၚမွာ ခ်ည္ေပးဖို႔လုပ္လိုက္တယ္။

က်န္းေဟာင္က မီးခိုးေရာင္အေမႊးအိတ္ကို ၾကည့္ကာ က်န္းပိုင္တစ္ေယာက္ ႐ူးေၾကာင္ေၾကာင္အၿပဳံးႀကီးနဲ႔ အနားကပ္လာတာကို ျမင္ေတာ့ ႐ြံရွာစြာနဲ႔ သူ႔လက္ကို ႐ိုက္ထုတ္လိုက္တယ္။

'ဖတ္'ဆိုတဲ့အသံနဲ႔အတူ က်န္းပိုင္ရဲ႕ လက္ခုံလည္း ရဲသြားၿပီး အေမႊးအိတ္ကလည္း ေျမႀကီးေပၚက်သြားတယ္။ လူႀကီးမင္းယန္က ဒီျမင္ကြင္းကို ေအးစက္စြာၾကည့္ေနၿပီး ဂူဘက္ကို ျပန္ၾကည့္ဖို႔ လွည့္သြားခ်ိန္မွာ သူ႔ရဲ႕လက္ေအာက္ငယ္သားေတြကေတာ့ သူတပါးပ်က္စီးရာပ်က္စီးေၾကာင့္ ေလွာင္ေျပာင္ေနေတာ့တယ္။

"ဒီလိုဟာကို မင္းအတြက္မင္း သိမ္းထားတာပိုေကာင္းမယ္" 'ဘယ္ကလာလို႔လာမွန္းမသိတဲ့ မြဲေတညစ္ပတ္ေနတာႀကီး!'

"Oh..." က်န္းပိုင္က အကန္ခံလိုက္ရတဲ့ ေ႐ႊဝါေရာင္ေခြးႀကီးတစ္ေကာင္လိုမ်ိဳး ဝမ္းနည္းစြာ ေခါင္းငုံ႔က်သြားတယ္။ သူ အေမႊးအိတ္ကို ေကာက္ဖို႔ ခါးကုန္းလိုက္ေပမယ့္ သူ႔အစားေနာက္လက္တစ္ဖက္က ထိုအရာကို ေကာက္သြားတယ္။

ဒါက ဘယ္လိုမွရပ္ၾကည့္မေနႏိုင္ေတာ့တဲ့ ေရွာင္လ်ိဳ႕ျဖစ္တယ္။ သူက က်န္းပိုင္ကို အေမႊးအိတ္ေလးကမ္းေပးၿပီး ခပ္တိုးတိုးေျပာလိုက္တယ္။ "မင္းရဲ႕ငတုံးအစ္ကိုႀကီးေၾကာင့္ စိတ္မေကာင္းျဖစ္မေနနဲ႔၊ မင္းဖာသာပဲ သိမ္းထားလိုက္ေနာ္"

"ေက်းဇူးတင္ပါတယ္" က်န္းပိုင္ ရွက္ရွက္နဲ႔ၿပဳံးကာ ျပန္ယူမယ့္အစား ေရွာင္လ်ိဳ႕ဆီ တြန္းေပးလိုက္တယ္ "ခင္ဗ်ား ယူလိုက္ပါ၊ ဒါက ခင္ဗ်ားကို လုံၿခဳံေအာင္လို႔ က်ိန္းေသေပါက္ လုပ္ေပးလိမ့္မယ္!"

ေရွာင္လ်ိဳ႕ကလည္း ရယ္ရယ္ေမာေမာနဲ႔ ေခါင္းၿငိတ္ျပလာေတာ့တယ္။ သူ ပစၥည္းေလးကို သူ႔ရင္ဘတ္အိတ္ေထာင္ထဲ ထည့္ၿပီး တစ္ခ်က္ပုတ္လိုက္တယ္။

"ေက်းဇူးတင္ပါတယ္၊ ကြၽန္ေတာ္ ဒါေလးေဆာင္ထားလိုက္မယ္"

"အမ္း!" က်န္းပိုင္ ေပ်ာ္႐ႊင္စြာ ေခါင္းၿငိတ္ျပလိုက္တယ္။

က်န္းေဟာင္က သူတို႔ကို ေအးစက္စြာ စိုက္ၾကည့္ၿပီး မ်က္ျဖဴလွန္ကာ "အ႐ူးေတြ"

အေပၚမွာ ကိစၥအေသးအမႊားေလးက လ်င္ျမန္စြာ ျဖစ္ပ်က္သြားၿပီးေနာက္ ေျမေအာက္ကေန စူးရွတဲ့ေလခြၽန္သံႏွစ္သံကို ၾကားလိုက္ရတယ္။

မ်က္ႏွာေၾကာေသေနတဲ့လူက ကိုး႐ို႕ကားယားႏိုင္စြာ ၿပဳံးလာတယ္ "အဆင္သင့္ျဖစ္ၿပီ! သြားၾကတာေပါ့" သူ႔အုပ္စုကလည္း လုပ္ေနတာေတြကို ေဘးဖယ္ကာ တစ္ေယာက္ခ်င္းစီ ႀကိဳးနဲ႔ခ်က္ခ်င္း ေလွ်ာဆင္းၿပီး က်န္းေဟာင္ကိုေနာက္မွာ ခ်န္ထားရစ္ခဲ့တယ္။

ေနာက္ဆုံး က်န္းေဟာင္ဆင္းၿပီးေနာက္မွသာ လိန္းက်ဲ႕က ေရွာင္လ်ိဳ႕ကို ေနာက္ကလိုက္ဆင္းဖို႔အခ်က္ၿပီး သူမ ဆင္းသြားေတာ့တယ္။ ေနာက္ဆုံးဆင္းဖို႔က်န္တာ က်န္းပိုင္သာရွိတယ္။

သူ ဝင္ေပါက္မွာရပ္ေနၿပီး မ်က္ႏွာေပၚမွာလည္း ေအာ္ဂလီဆန္စရာေကာင္းတဲ့ အၿပဳံးႀကီးတစ္ခုခ်ိတ္ဆြဲကာ ေအးစက္တဲ့မ်က္လုံးေတြနဲ႔ ေအာက္ကို ၾကည့္ေနတယ္။ အေပၚမွာက်န္ေနခဲ့ရမယ့္ အားေဆြ႕က အမႈမဲ့အမွတ္မဲ့ ဒီလိုအႏၲရာယ္မ်ားတဲ့ပုံစံကို ျမင္သြားေပမယ့္ မ်က္ေတာင္တစ္ခတ္အတြင္းမွာ ထိုအရာကေန တုံးအတဲ့မ်က္ႏွာမ်ိဳး ျပန္ေျပာင္းသြားေတာ့တယ္။

အ႐ူးေကာင္ေၾကာင့္ အေတာ္ေလးထိတ္လန႔္သြားရတာကို ေတြးမိေတာ့ အားေဆြ႕လည္း က်န္းပိုင္ရဲ႕တင္ပါးကို ေဒါသတႀကီးကန္လိုက္တယ္ "ဒီမွာ ဘာရပ္လုပ္ေနတာလဲ?! ေအာက္ကိုဆင္းေလ အ႐ူးေကာင္ႀကီးရဲ႕!"

က်န္းပိုင္ ယိုင္တိုင္တိုင္ျဖစ္သြားၿပီး သူ႔ကို ေၾကာက္လန႔္ေနသလို ႐ူးေၾကာင္ေၾကာင္အၿပဳံးနဲ႔ ျပန္ၾကည့္လာတယ္ "ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ နည္းနည္းေၾကာက္ေနေသးလို႔ပါ၊ ဟား ဟား အခု ဆင္းမွာပါ"

က်န္းပိုင္ရဲ႕ တြန႔္ဆုတ္ေနၿပီး ပူပန္ေနတဲ့ပုံစံကိုျမင္ေတာ့ အားေဆြ႕လည္း အနည္းငယ္စိတ္သက္သာရာရသြားၿပီး ႀကိဳးကို စစ္ေဆးေနတုန္း ညစ္တီးညစ္ပတ္စကားလုံးတခ်ိဳ႕ ေရ႐ြတ္လိုက္တယ္။ အားလုံးအဆင္ေျပတယ္ဆိုတာ ေသခ်ာေအာင္ စစ္ၿပီးမွ တဲထဲျပန္သြားကာ တစ္ေရးတစ္ေမာ အိပ္လိုက္ေတာ့တယ္။

...

နက္ရႈိင္းတဲ့အတြင္းထဲက က်ယ္ျပန္တဲ့ျပင္က်ယ္ႀကီးကေန အေပၚကိုၾကည့္လိုက္ရင္ တျခားကမာၻတစ္ခုထဲ ေရာက္ေနသလိုမ်ိဳးခံစားခ်က္ကို ေပးစြမ္းၿပီး လူအုပ္ေရွ႕မွာရွိေနတဲ့ ႀကီးမားတဲ့ေက်ာက္သားဝင္ေပါက္ႀကီး ရွိေနကာ ေကာင္းကင္နဲ႔ေျမႀကီးကို ခ်ိတ္ဆက္ေပးထားသေယာင္ ျဖစ္ေနတယ္။

သူတို႔ေတြအေရွ႕ဘက္ဆီက ခမ္းနားလွတဲ့ဝင္ေပါက္ႀကီးကို ေငးၾကည့္ေနမိၾကတယ္။ မသိရင္ အဆက္မျပတ္ျမည္တမ္းေနတဲ့ နံရံႀကီးတစ္ခုလိုျဖစ္ေနၿပီး သူတို႔ေတြလည္ပင္းတဆုံး ေမာ့ၾကည့္ရင္ေတာင္ ထိပ္ပိုင္းကို မျမင္ႏိုင္သေလာက္ပဲ။ ေၾကာက္စရာခံစားခ်က္နဲ႔အတူ တိုးဝင္လာတဲ့ မသက္မသာမႈေတြက ေၾကာက္တတ္သူေတြသာဆို စူးစမ္းဖို႔ကို ရပ္လိုက္ေတာ့မွာျဖစ္တယ္။

"ဒါ... ဒါက ဒ႑ာရီလာ ႏွစ္ေထာင္ေပါင္းမ်ားစြာရွိေနတဲ့ ဂူဗိမာန္ႀကီးလား?" က်န္းေဟာင္လက္ေတြက တုန္ရီေနၿပီး ေက်ာက္သားဝင္ေပါက္ႀကီးကို စြဲစြဲၿမဲၿမဲစိုက္ၾကည့္ကာ ထိုအေပၚမွာ ထြင္းထားတာေတြကို ထိကိုင္ၾကည့္ေနတယ္။

သူ႔ေနာက္မွာရွိတဲ့ လူႀကီးမင္းယန္ကလည္း အသက္ကိုေအာင့္ထားၿပီး ဒီကိုေရာက္ဖူးၾကတဲ့ က်န္းပိုင္နဲ႔ က်န္းမူတို႔ေတာင္ ဒီေက်ာက္သားဝင္ေပါက္ႀကိးကို ၾကည့္မိခ်ိန္ အံ့အားသင့္မႈေတြနဲ႔ ျပည့္ေနရတုန္းျဖစ္တယ္။

"သူတို႔ေတြ ဒါႀကီးကို ေသာက္က်ိဳးနည္း ဘယ္လိုေဆာက္ခဲ့တာလဲ? ေသာက္ရမ္းျမင့္လြန္းတယ္... ေရွးေခတ္လူေတြအားလုံးက ပ်ံႏိုင္တာလား?" ခြၽန္းလိမ္းက ပါးစပ္အေဟာင္းသားနဲ႔ တ်ိန္းဇီကို ေမးလိုက္တယ္။

တ်ိန္းဇီ မ်က္ျဖဴသာ လွန္ျပလိုက္တယ္။ သူ လူႀကီးမင္းယန္ကိုသာ အေသအခ်ာၾကည့္ေနၿပီး သူ႔ရဲ႕ၫႊန္ၾကားခ်က္ေတြကို ေစာင့္ေနလိုက္တယ္။

"ဒီမွာက ဧရာမတံခါးေပါက္ႀကီးပဲရွိေသးတာကိုေတာင္ ငါ ဖိႏွိပ္ခံေနရသလိုမ်ိဳး ခံစားေနရတယ္၊ အထဲမွာ... လြယ္မွာမဟုတ္ဘူး မွတ္လား?"

"Hey! ေၾကာက္ရင္လည္း ျပန္သြားလိုက္ေတာ့၊ ေဝစုခြဲတဲ့အခ်ိန္ေရာက္ရင္ မင္းအတြက္ ဘာမွရမွာမဟုတ္ဘူး!"

"ေတာ္စမ္းပါ! ငါေျပာခ်င္တာ ဒါမဟုတ္ဘူး!"

အမ်ိဳးသားအုပ္စုက လွ်ိဳ႕ဝွက္ဆန္းျပားတဲ့ေနရာကို ဝင္ေရာက္ဖို႔လုပ္ရင္း စေနာက္ေနၾကတယ္။ တစ္ဖက္မွာေတာ့ လိန္းက်ဲ႕က သူမရဲ႕အလုပ္သင္ေလးလက္ကို တင္းက်ပ္စြာ ညႇစ္ထားရင္း မ်က္လုံးေတြက တံခါးကိုသာ တည့္တည့္စိုက္ၾကည့္ေနတယ္။

ေရွာင္လ်ိဳ႕လည္း နာက်င္မႈေၾကာင့္ အံကိုႀကိတ္ထားရင္းက "...ရွစ္ဖူ၊ ကြၽန္ေတာ္တို႔ အခုတံခါးအထဲေတာင္ မဝင္ရေသးဘူးေနာ္ ကြၽန္ေတာ့္ကို ယဇ္ေကာင္အျဖစ္ သုံးခ်င္ေနၿပီလား?"

လိန္းက်ဲ႕လည္း သူမဖာသာ တည္ၿငိမ္ေအာင္လုပ္ၿပီး သူ႔လက္ကို လႊတ္ေပးလိုက္တယ္။ သူမက သူ႔ရဲ႕ေနာက္ေစ့ကို ႐ိုက္ကာ "ပါးစပ္ပိတ္ထားစမ္းပါ! ရင္းႏွီးတဲ့တစ္ေယာက္ကို ေကာင္းကင္ဘုံဆီ ပူေဇာ္ပသလိုက္ရင္ ႀကီးမားတဲ့စြမ္းအင္ရလာမွာ၊ သတိထားေန မဟုတ္လို႔ကေတာ့ ငါ နင့္ကိုတကယ္ မီးရႈိ႕ပစ္လိုက္မွာ!"

"သြားၾကစို႔... ဝင္ၾကမယ္!" ျဖစ္ေတာင့္ျဖစ္ခဲလွစြာ လူႀကီးမင္းယန္က လူအုပ္စုကို စိတ္လႈပ္ရွားစြာ လက္ေဝွ႔ယမ္းျပလာတယ္။ ေနာက္ဆုံးအေခါက္ က်န္းမူဒီေရာက္တုန္းက တူးခဲ့တဲ့အေပါက္ကေန တစ္ဦးခ်င္းစီ တိုးဝင္ခဲ့ၾကတယ္။

ေရွ႕ကေလွ်ာက္ေနတာက က်န္းမူနဲ႔ ေရွာင္လီျဖစ္ၿပီး တစ္ေယာက္က လက္ႏွိပ္ဓာတ္မီးကိုင္ထားကာ ေနာက္တစ္ေယာက္က သူတို႔ရဲ႕လက္နက္ေတြကို က်စ္ေနေအာင္ကိုင္ထားတယ္။ က်န္းေဟာင္နဲ႔ က်န္သူေတြကလည္း အေနာက္ကေန ထပ္က်ပ္မကြာ ပါလာၾကတယ္။

ေရွာင္လ်ိဳ႕ လိန္းက်ဲ႕ကို ခပ္တိုးတိုးေမးလိုက္တယ္ "ရွစ္ဖူ၊ ကြၽန္ေတာ္တို႔ေတြ ခုေလးတင္ သခ်ႋဳင္းနန္းေတာ္ႀကီးရဲ႕ဝင္ေပါက္ကေန ဝင္လာၾကတာလား? ဘာလို႔ ဒီေလာက္ေတာင္ လြယ္တယ္လို႔ခံစားေနရတာလဲ?"

လိန္းက်ဲ႕ သေရာ္လိုက္တယ္ "နန္းေတာ္ရဲ႕ ဂိတ္ေပါက္? အိုင္း... ငါတို႔ခုေလးတင္ ျဖတ္ေလွ်ာက္လာတာက ၿမိဳ႕ဂိတ္ေပါက္ဟဲ့၊ ေနာက္ၿပီး အရင္ကလည္း ဒီေနရာကေန ျဖတ္ေက်ာ္ခဲ့တဲ့လူေတြမွ အမ်ားႀကီးပဲ ဘာမေတာ္တဆမွ မရွိေလာက္ဘူး၊ ၿပီးေတာ့ အမ်ားႀကီးလည္း ေသခဲ့တယ္ဆိုတာ ေသခ်ာတယ္ ဒါေၾကာင့္ အခုငါတို႔အတြက္ လုံၿခဳံတဲ့လမ္းေၾကာင္းတစ္ခု ရွိလာတာေပါ့... နင္လည္း ခုေလးတင္ေသခ်ာေပါက္ သူတို႔ရဲ႕အ႐ိုးေတြေပၚကေန နင္းလာတာပဲ"

"..." ေရွာင္လ်ိဳ႕ ပါးစပ္ပိတ္လိုက္ေပမယ့္ သူ႔မ်က္လုံးေတြကေတာ့ သတိအေနအထားျဖစ္သြားတယ္။ ဒီအခိုက္အတန႔္မွာ ပိန္ပါးတဲ့လူငယ္ေလးရဲ႕မ်က္လုံးေတြထဲမွာ ဓားတစ္စင္းလို ခြၽန္ျမမႈေတြ စတင္ျပသလာတယ္။

သူတို႔အရိပ္ေတြ အေမွာင္ထဲတိုးဝင္ေပ်ာက္ကြယ္သြားၿပီး ေက်ာက္လမ္းက ရွင္းလင္းသြားတဲ့ေနာက္ အကြယ္ေတြထဲက တခ်ိဳ႕ေနရာေတြဆီမွာ ေျမႀကီးထဲကေန ေရလိုမ်ိဳး တိုင္လုံးႀကီးတစ္ခု ထြက္ေပၚလာတယ္။ ထိုအရာက ေဖာက္ထြင္းျမင္ရတဲ့လူသားဆန္ဆန္သတၱဝါအသြင္ စတင္ေျပာင္းလဲလာေတာ့တယ္။

သူတို႔အခ်င္းခ်င္း ထိစပ္ေနၿပီး ဗလုံးဗေထြးေျပာေနၾကတယ္။

"မင္း သူတို႔ၾကားထဲမွာပါလာတဲ့ မုယီေျပာသလို အနံ႔မ်ိဳးကို မင္းရလိုက္လား?"

"ရလိုက္တယ္၊ စုစုေပါင္း သုံးေယာက္ပဲ"

"အဲ့တာက ေရွ႕မွာဓားကိုင္ထားတဲ့တစ္ေယာက္ရယ္၊ ပိန္ပိန္ရွည္ရွည္တစ္ေယာက္ရယ္ ၿပီးေတာ့ ဟိုမိန္းမေဘးက ေဆာင္းရာသီသခြားေမႊးအပုေလးရယ္လား?"

"မဟုတ္ဘူး မဟုတ္ဘူး၊ သူက သခြားေမႊးသီးမဟုတ္ဘူး၊ သူက ပဲပင္ေပါက္ကြ... ၀၀ၿဖိဳးၿဖိဳးမရွိဘူး"

"ဟုတ္တယ္ ဟုတ္တယ္ မုရွစ္က အရမ္းေတာ္တာပဲ~"

"ဟီးဟီး မုက်ိဳကလည္း အရမ္းေတာ္တယ္~"

"က်န္တာေတြကေရာ?"

"ေသခ်ာေပါက္ သတ္မွာေပါ့!"

ဂ်ယ္လီလိုအရာႏွစ္ခုက ေဖာက္ထြင္းျမင္ရတဲ့အရည္တစ္ခုအျဖစ္ ျပန္ေျပာင္းသြားၿပီး နံရံေတြထဲ စိမ့္ဝင္သြားေတာ့တယ္။

...

အခ်ိန္ျပည့္ပြင့္ဖူးေနတဲ့ မက္မြန္ပန္းပင္ႀကီးေအာက္မွာ ပြင့္ဖတ္ေတြက တလက္လက္ေတာက္ပတဲ့ ၾကယ္ေလးေတြ က်ဆင္းလာသလိုမ်ိဳး ေႂကြက်လို႔ေနတယ္။ ဒီအသူတရာေခ်ာက္ႀကီးထဲက စႀကႍတစ္ခုအေပၚမွာရွိတဲ့ ပန္းေတြပြင့္ဖူးေနတဲ့သစ္ပင္ႀကီးတစ္ပင္ရယ္ အနီေရာင္ေခါင္းတလားတစ္ခုရယ္က လွပတဲ့အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္ကို ၿပီးျပည့္စုံေစတယ္။

ေနာက္ၿပီး သစ္ပင္ႀကီးရဲ႕ေအာက္က ထိုလွပတဲ့ဇာတ္လမ္းေလးရဲ႕ ဇာတ္လိုက္ေက်ာ္က... အသားတစ္စကို ကင္ေနတယ္။

ဒီမွာ ကိစၥတစ္ခုရွိေနတယ္။ ဝမ္ေရွာင္းမ်ယ္တစ္ေယာက္ သူ႔ရဲ႕ခိုင္မင္းက အပူထုတ္ႏိုင္တယ္ဆိုတာကို သိၿပီးတည္းက လက္ဖ်ားခါေလာက္တဲ့စိတ္ကူးတစ္ခု ရလိုက္တယ္။ သူက ေလလုံပိတ္ထားတဲ့ အမဲသားနဲ႔ ေန႔လည္စာအသားေတြစုကာ ခိုင္မင္းကို 'သန႔္ရွင္းစင္ၾကယ္စြာ'ေဆးေၾကာၿပီး ဝမ္ဖုန္းက်င္ကို ကိုင္ခိုင္းေတာ့တယ္။

ခိုင္မင္းဆီမွာ အပူေတြတိုးလာတာကိုျမင္ေတာ့ ဝမ္ေရွာင္းမ်ယ္ရဲ႕မ်က္လုံးေတြ တလက္လက္ေတာက္ပသြားၿပီး သူ႔မ်က္ႏွာေပၚမွာ ခပ္ညစ္ညစ္အၿပဳံးႀကီးတစ္ခု ေပၚထြက္လာေတာ့တယ္။

တရွဲရွဲျမည္သံနဲ႔အတူ ခိုင္မင္းရဲ႕(ဓား)ကိုယ္ထည္ေပၚ အသားတစ္စ အတင္ခံလိုက္ရတယ္။ [ T/N : ဒီေနရာမွာ စကားပုံေလးတစ္ခုေတာ့ ထည့္သင့္ၿပီ။ က်ားေၾကာက္လို႔ ရွင္ႀကီးကိုး၊ ရွင္ႀကီး က်ားထက္ဆိုး ]

ဝမ္ဖုန္းက်င္ "..." 'ဒီအခိုက္အတန႔္ေလးမွာ ငါ ဓားေလးအေပၚ တကယ္ႀကီး သနားသလို ခံစားရလာတယ္'

ဝမ္ဖုန္းက်င္က ကိုယ္တိုင္လုပ္ တူတစ္စုံကို သုံးကာ အသားကိုယူၿပီး သူ႔ပါးစပ္ထဲ ထည့္လိုက္တယ္။

'ေကာင္းမွေကာင္း! အနံ႔ေလးက ေမႊးေနတာပဲ!'

သူ ဝမ္ဖုန္းက်င္ကို ခြံ႕ေကြၽးဖို႔လည္း မေမ့ဘူး။ ဝမ္ဖုန္းက်င္က သူ႔ရဲ႕ႏူးညံ့လွပတဲ့မ်က္ႏွာနဲ႔ ပါးစပ္ကို အသာဟကာ အခြံ႕ခံေနတယ္။

ထူထူထဲထဲအဝတ္ကေနေတာင္ ျဖတ္ေက်ာ္လာတဲ့ မယုံႏိုင္စရာအပူခ်ိန္ကို ခံစားမိတဲ့အခါ ဝမ္ဖုန္းက်င္တစ္ေယာက္ ဒါသူ႔ရဲ႕ကိုယ္ပိုင္အသိစိတ္ဓာတ္ကို ကိုယ္ျပန္စားေနရသလိုမ်ိဳး ခံစားလိုက္ရတယ္။

ေနာက္ၿပီး ဝမ္ေရွာင္းမ်ယ္ရဲ႕ စုံစမ္းေမးျမန္းမႈေတြကလည္း အကူအညီျဖစ္မေနဘူး "အိုက္ယား ၾကည့္ပါအုံး ခိုင္မင္းရယ္၊ ငါ ဒါကိုေတာင္ ခ်က္လို႔ရတဲ့အထိ ပူေနပါ့လား! ငါ့ကို ေျပာစမ္း မေကာင္းတဲ့ကိစၥေတြ ဘယ္ေလာက္မ်ားမ်ား မင္းလုပ္ထားခဲ့တာလဲ?"

"..."

"..."

ႏွစ္ေယာက္စလုံး : 'ဒီၿဂိဳလ္ေပၚမွာ ဒီေလာက္ေတာင္ အရွက္မရွိတဲ့လူ ဘယ္လိုလုပ္ ရွိေနႏိုင္ရတာလဲ!'

ဝမ္ဖုန္းက်င္လည္း သူ႔ရဲ႕ေခြးေပါက္ေလးရွစ္ရႈန္းကို ၾကည့္ကာ ပထမဆုံးအႀကိမ္အျဖစ္ သူက အေတာ္ေလးရက္စက္တယ္လို႔ ေတြးမိသြားတယ္!

ခိုင္မင္း : '... ငါ ဒီစုံတြဲကို ေဒါကန္မိေတာ့မယ္!'

အသားကုန္သြားတဲ့ေနာက္ ဝမ္ေရွာင္းမ်ယ္လည္း သူ႔ရဲ႕တူကို အလြတ္ျဖစ္သြားတဲ့ဘူးေတြ အထုတ္ေတြနဲ႔အတူ ပစ္လိုက္ေတာ့တယ္။ ၿပဳံးၿပဳံးေလးနဲ႔ ခိုင္မင္းကို ျပန္သိမ္းကာ ဆီစြန္းေနတာေတြကို ဂ႐ုတစိုက္ စတင္သုတ္ေပးေတာ့တယ္။ သူ႔လက္ထဲေရာက္ေတာ့ ခိုင္မင္းက တျဖည္းျဖည္း အပူခ်ိန္ျပန္က်လာတယ္။

"မင္းက ဒီေလာက္ေတာင္ အသုံးဝင္တဲ့ ပစၥည္းေလးပါလား~" ဝမ္ေရွာင္းမ်ယ္ ဓားေျမႇာင္ေလးကို တယုတယ ပြတ္သပ္ေနတယ္။

ခိုင္မင္းဆီက ထြက္ေပၚလာတဲ့အသံက ဝမ္ေရွာင္းမ်ယ္အတြက္ ေခြးေလးတစ္ေကာင္ ေဟာင္လိုက္သလိုမ်ိဳး အထင္ေရာက္ေစတယ္။

ဝမ္ဖုန္းက်င္လည္း ဝမ္ေရွာင္းမ်ယ္ကိုၾကည့္ရင္း ၿပဳံးသာၿပဳံးေနေတာ့တယ္။

ထို႔ေနာက္ သူ႔အၾကည့္က တစ္ခုေသာေနရာကို ေရာက္သြားၿပီး သူ႔မ်က္ႏွာေပၚကအၿပဳံးက ႐ုတ္တရက္ေျပာင္းလဲသြားတယ္။ ထိုေနရာက သခ်ႋဳင္းတူးသူေတြ ေရာက္ရွိခဲ့တဲ့ မုရွစ္နဲ႔ မုက်ိဳတို႔ အကာအကြယ္ေပးထားတဲ့ အျပင္ဘက္အက်ဆုံးနယ္ေျမျဖစ္တယ္။

ပထမဆုံးေန႔မွာတင္ မသတ္ျဖစ္တာက ပိုေကာင္းတယ္။ သူတို႔ေတြ လက္ေလွ်ာ့ၿပီး ထြက္သြားရင္ ဘယ္လိုလုပ္မလဲ? ဝမ္ဖုန္းက်င္ သူ႔ေခါင္းကို ငုံ႔ခ်လိုက္ကာ သူ႔ရဲ႕နိမိတ္မေကာင္းတဲ့ ရယ္ေမာမႈကို ဖုံးကြယ္လိုက္တယ္။

"ေရွာင္းမ်ယ္"

"ဟမ္?"

ဝမ္ဖုန္းက်င္ရဲ႕မ်က္လုံးေတြ ေခ်ာ့ျမႇဴေနသလိုမ်ိဳးနဲ႔ "ကိုယ္တို႔ အိပ္ခ်ိန္ေရာက္ၿပီေလ"

_____


{Unicode}

ညရောက်တဲ့အခါ ဒါဇင်ချီတဲ့ သင်္ချိုင်းတူးသူတွေက အရင်တည်းက မြေအောက်သင်္ချိုင်းအထိ တူးထားခဲ့တဲ့ လမ်းကြောင်းကနေဝင်ဖို့ ကြိုးစားကြတော့တယ်။

ကြိုးချပြီးတဲ့နောက် ရှေ့မှာရှိနေတဲ့ ကျန်းမူနဲ့ရှောင်လီက အလင်းချောင်းတချို့ ပစ်ချလိုက်တယ်။ ခပ်ဖျော့ဖျော့အလင်းရောင်က အောက်အထိတန်းကျသွားပြီး အတော်လေးကြာတော့မှသာ အသံတိုးတိုးတစ်ခု ကြားလိုက်ရတယ်။ မြေပေါ်မှာရှိနေတဲ့လူတွေက အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ သေးငယ်တဲ့အလင်းစက်လေးတစ်ခုသာ မြင်ရတော့တယ်။

"ဘုရားရေ ဒါကြီးက ဘယ်လောက်တောင် နက်တာလဲ?"

"ဒီအောက်မှာက တောင်တန်းကြီးတစ်ခုလုံးကို ဖြန့်ပြီးတည်ဆောက်ထားတဲ့ နှစ်ပေါင်းထောင်ချီတဲ့ နန်းတော်ကြီးတစ်ခုရှိတယ်လေ၊ ဒီလောက်ခမ်းနားတဲ့အဆောက်အအုံကြီးရဲ့ အနက်ကို ခန့်မှန်းကြည့်ပေါ့"

အလွယ်တကူဝင်နိုင်ဖို့လုပ်ထားတဲ့ ဝင်ပေါက်က မတ်စောက်စွာ တူးထားတာမဟုတ်ဘူး။ ထို့အတွက်ကြောင့် အောက်မှာရှိတဲ့မြင်ကွင်းတော်တော်များများကတော့ ပိတ်ဆို့နေတယ်။ နက်ရှိုင်းတဲ့တွင်းပေါက်ကြီးကို ကြည့်ပြီး ကျန်းဟောင်ရဲ့ စိတ်လှုပ်ရှားမှုက ထိန်းချုပ်မရတော့ဘူး။

သူ့ဘေးမှာထိုင်နေတဲ့ လူနှစ်ယောက်ကို သူတိုက်တွန်းလိုက်တယ် "ဒီမှာ ဘာလုပ်နေတာလဲ?! မြန်မြန် အဲ့အောက်ကို ဆင်းလေ!"

ရှောင်လီက သူ့ကိုပြုံးပြပြီး နေရာမှာနေနေတာက လူကြီးမင်းယန် သူ့ကို ခေါင်းတစ်ချက်ငြိတ်ပြလာတဲ့အချိန်အထိပဲ။ သူက "ကောင်းပါပြီ! ကျွန်တော်ဆင်းမယ်" ထို့နောက် သူ့ကိုယ်သူ ကြိုးတွေနဲ့ သေချာချည်ကာ ဖြေးဖြေးချင်း လျှောဆင်းသွားတော့တယ်။

ကျန်းမူအလှည့်ရောက်လာတဲ့အခါ ကျန်းပိုင်က သူ့ကိုဆွဲပြီး လက်ထဲ တစ်စုံတစ်ခု ထည့်ပေးလိုက်တယ် "အစ်ကိုလတ် ဒါက အစ်ကိုလတ်အတွက်"

ကျန်းမူက သူ့လက်ထဲရောက်လာတဲ့ အမွှေးအိတ်အသေးလေးကိုကြည့်ပြီး အံ့အားသင့်သွားတယ် "ဒါ ဘာတုန်း?"

"ကံကောင်းစေတဲ့အဆောင်" ကျန်းပိုင် အပြုံးလေးတစ်ပွင့်နဲ့ ပြောလိုက်တယ် "ကျွန်တော် အဲ့တာလေးကို အထူးတလည်တောင် ကောင်းချီးသွားပေးခဲ့တာနော်"

ကံကောင်းစေတဲ့အဆောင်အသေးလေးနဲ့တင် ကျန်းမူ ရင်ထဲထိသွားပြီး သူ့မျက်လုံးတွေထဲမှာ နွေးထွေးမှုတို့ ပြည့်လာတယ်။ သူ ကျန်းပိုင်ရဲ့ခေါင်းကို ပွတ်ကာ "ကျေးဇူးပါ ရှောင်ပိုင်"

"ရပါတယ်ဗျ!"

ကျန်းမူ စပြီးဆင်းတဲ့အချိန်မှာ ကျန်းပိုင်က ဝင်ပေါက်နားမှာ စိုးရိမ်နေတဲ့ပုံမျိုးနဲ့ ဆောင့်ကြောင့်ထိုင်နေတယ်။

"ဟေး မင်းက ကျန်းမူကိုတော့ အဆောင်ပေးပြီး မင်းရဲ့အစ်ကိုကြီးအတွက်တော့ မပါဘူးပေါ့?" ကျန်းဟောင် ကျန်းပိုင်ကို အထင်သေးသလိုကြည့်ကာ မဲ့ပြုံးပြုံးပြီး မေးလိုက်တယ်။

ကျန်းပိုင် ခေါင်းမော့လာပြီး ပျာတိပျာယာပြောလိုက်တယ် "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော် အစ်ကိုကြီးအတွက်လည်း ဝယ်လာသေးတယ်! ကြည့်လေ!" သူ သူ့အိတ်ကပ်ထဲက များစွာသော အိတ်အသေးလေးတွေကို ထုတ်ပြလိုက်တယ် "ကျွန်တော် အစ်ကိုတို့နှစ်ယောက်လုံးကို စိတ်ပူတာ၊ အစ်ကိုကြီးလည်း လုံလုံခြုံခြုံပြန်လာရမယ်နော်"

သူ အမွှေးအိတ်မှာ ချုပ်ထားတဲ့ကြိုးတွေကိုကိုင်ကာ ကျန်းဟောင်ပေါ်မှာ ချည်ပေးဖို့လုပ်လိုက်တယ်။

ကျန်းဟောင်က မီးခိုးရောင်အမွှေးအိတ်ကို ကြည့်ကာ ကျန်းပိုင်တစ်ယောက် ရူးကြောင်ကြောင်အပြုံးကြီးနဲ့ အနားကပ်လာတာကို မြင်တော့ ရွံရှာစွာနဲ့ သူ့လက်ကို ရိုက်ထုတ်လိုက်တယ်။

'ဖတ်'ဆိုတဲ့အသံနဲ့အတူ ကျန်းပိုင်ရဲ့ လက်ခုံလည်း ရဲသွားပြီး အမွှေးအိတ်ကလည်း မြေကြီးပေါ်ကျသွားတယ်။ လူကြီးမင်းယန်က ဒီမြင်ကွင်းကို အေးစက်စွာကြည့်နေပြီး ဂူဘက်ကို ပြန်ကြည့်ဖို့ လှည့်သွားချိန်မှာ သူ့ရဲ့လက်အောက်ငယ်သားတွေကတော့ သူတပါးပျက်စီးရာပျက်စီးကြောင့် လှောင်ပြောင်နေတော့တယ်။

"ဒီလိုဟာကို မင်းအတွက်မင်း သိမ်းထားတာပိုကောင်းမယ်" 'ဘယ်ကလာလို့လာမှန်းမသိတဲ့ မွဲတေညစ်ပတ်နေတာကြီး!'

"Oh..." ကျန်းပိုင်က အကန်ခံလိုက်ရတဲ့ ရွှေဝါရောင်ခွေးကြီးတစ်ကောင်လိုမျိုး ဝမ်းနည်းစွာ ခေါင်းငုံ့ကျသွားတယ်။ သူ အမွှေးအိတ်ကို ကောက်ဖို့ ခါးကုန်းလိုက်ပေမယ့် သူ့အစားနောက်လက်တစ်ဖက်က ထိုအရာကို ကောက်သွားတယ်။

ဒါက ဘယ်လိုမှရပ်ကြည့်မနေနိုင်တော့တဲ့ ရှောင်လျို့ဖြစ်တယ်။ သူက ကျန်းပိုင်ကို အမွှေးအိတ်လေးကမ်းပေးပြီး ခပ်တိုးတိုးပြောလိုက်တယ်။ "မင်းရဲ့ငတုံးအစ်ကိုကြီးကြောင့် စိတ်မကောင်းဖြစ်မနေနဲ့၊ မင်းဖာသာပဲ သိမ်းထားလိုက်နော်"

"ကျေးဇူးတင်ပါတယ်" ကျန်းပိုင် ရှက်ရှက်နဲ့ပြုံးကာ ပြန်ယူမယ့်အစား ရှောင်လျို့ဆီ တွန်းပေးလိုက်တယ် "ခင်ဗျား ယူလိုက်ပါ၊ ဒါက ခင်ဗျားကို လုံခြုံအောင်လို့ ကျိန်းသေပေါက် လုပ်ပေးလိမ့်မယ်!"

ရှောင်လျို့ကလည်း ရယ်ရယ်မောမောနဲ့ ခေါင်းငြိတ်ပြလာတော့တယ်။ သူ ပစ္စည်းလေးကို သူ့ရင်ဘတ်အိတ်ထောင်ထဲ ထည့်ပြီး တစ်ချက်ပုတ်လိုက်တယ်။

"ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဒါလေးဆောင်ထားလိုက်မယ်"

"အမ်း!" ကျန်းပိုင် ပျော်ရွှင်စွာ ခေါင်းငြိတ်ပြလိုက်တယ်။

ကျန်းဟောင်က သူတို့ကို အေးစက်စွာ စိုက်ကြည့်ပြီး မျက်ဖြူလှန်ကာ "အရူးတွေ"

အပေါ်မှာ ကိစ္စအသေးအမွှားလေးက လျင်မြန်စွာ ဖြစ်ပျက်သွားပြီးနောက် မြေအောက်ကနေ စူးရှတဲ့လေချွန်သံနှစ်သံကို ကြားလိုက်ရတယ်။

မျက်နှာကြောသေနေတဲ့လူက ကိုးရို့ကားယားနိုင်စွာ ပြုံးလာတယ် "အဆင်သင့်ဖြစ်ပြီ! သွားကြတာပေါ့" သူ့အုပ်စုကလည်း လုပ်နေတာတွေကို ဘေးဖယ်ကာ တစ်ယောက်ချင်းစီ ကြိုးနဲ့ချက်ချင်း လျှောဆင်းပြီး ကျန်းဟောင်ကိုနောက်မှာ ချန်ထားရစ်ခဲ့တယ်။

နောက်ဆုံး ကျန်းဟောင်ဆင်းပြီးနောက်မှသာ လိန်းကျဲ့က ရှောင်လျို့ကို နောက်ကလိုက်ဆင်းဖို့အချက်ပြီး သူမ ဆင်းသွားတော့တယ်။ နောက်ဆုံးဆင်းဖို့ကျန်တာ ကျန်းပိုင်သာရှိတယ်။

သူ ဝင်ပေါက်မှာရပ်နေပြီး မျက်နှာပေါ်မှာလည်း အော်ဂလီဆန်စရာကောင်းတဲ့ အပြုံးကြီးတစ်ခုချိတ်ဆွဲကာ အေးစက်တဲ့မျက်လုံးတွေနဲ့ အောက်ကို ကြည့်နေတယ်။ အပေါ်မှာကျန်နေခဲ့ရမယ့် အားဆွေ့က အမှုမဲ့အမှတ်မဲ့ ဒီလိုအန္တရာယ်များတဲ့ပုံစံကို မြင်သွားပေမယ့် မျက်တောင်တစ်ခတ်အတွင်းမှာ ထိုအရာကနေ တုံးအတဲ့မျက်နှာမျိုး ပြန်ပြောင်းသွားတော့တယ်။

အရူးကောင်ကြောင့် အတော်လေးထိတ်လန့်သွားရတာကို တွေးမိတော့ အားဆွေ့လည်း ကျန်းပိုင်ရဲ့တင်ပါးကို ဒေါသတကြီးကန်လိုက်တယ် "ဒီမှာ ဘာရပ်လုပ်နေတာလဲ?! အောက်ကိုဆင်းလေ အရူးကောင်ကြီးရဲ့!"

ကျန်းပိုင် ယိုင်တိုင်တိုင်ဖြစ်သွားပြီး သူ့ကို ကြောက်လန့်နေသလို ရူးကြောင်ကြောင်အပြုံးနဲ့ ပြန်ကြည့်လာတယ် "တောင်းပန်ပါတယ်၊ ကျွန်တော် နည်းနည်းကြောက်နေသေးလို့ပါ၊ ဟား ဟား အခု ဆင်းမှာပါ"

ကျန်းပိုင်ရဲ့ တွန့်ဆုတ်နေပြီး ပူပန်နေတဲ့ပုံစံကိုမြင်တော့ အားဆွေ့လည်း အနည်းငယ်စိတ်သက်သာရာရသွားပြီး ကြိုးကို စစ်ဆေးနေတုန်း ညစ်တီးညစ်ပတ်စကားလုံးတချို့ ရေရွတ်လိုက်တယ်။ အားလုံးအဆင်ပြေတယ်ဆိုတာ သေချာအောင် စစ်ပြီးမှ တဲထဲပြန်သွားကာ တစ်ရေးတစ်မော အိပ်လိုက်တော့တယ်။

...

နက်ရှိုင်းတဲ့အတွင်းထဲက ကျယ်ပြန်တဲ့ပြင်ကျယ်ကြီးကနေ အပေါ်ကိုကြည့်လိုက်ရင် တခြားကမ္ဘာတစ်ခုထဲ ရောက်နေသလိုမျိုးခံစားချက်ကို ပေးစွမ်းပြီး လူအုပ်ရှေ့မှာရှိနေတဲ့ ကြီးမားတဲ့ကျောက်သားဝင်ပေါက်ကြီး ရှိနေကာ ကောင်းကင်နဲ့မြေကြီးကို ချိတ်ဆက်ပေးထားသယောင် ဖြစ်နေတယ်။

သူတို့တွေအရှေ့ဘက်ဆီက ခမ်းနားလှတဲ့ဝင်ပေါက်ကြီးကို ငေးကြည့်နေမိကြတယ်။ မသိရင် အဆက်မပြတ်မြည်တမ်းနေတဲ့ နံရံကြီးတစ်ခုလိုဖြစ်နေပြီး သူတို့တွေလည်ပင်းတဆုံး မော့ကြည့်ရင်တောင် ထိပ်ပိုင်းကို မမြင်နိုင်သလောက်ပဲ။ ကြောက်စရာခံစားချက်နဲ့အတူ တိုးဝင်လာတဲ့ မသက်မသာမှုတွေက ကြောက်တတ်သူတွေသာဆို စူးစမ်းဖို့ကို ရပ်လိုက်တော့မှာဖြစ်တယ်။

"ဒါ... ဒါက ဒဏ္ဍာရီလာ နှစ်ထောင်ပေါင်းများစွာရှိနေတဲ့ ဂူဗိမာန်ကြီးလား?" ကျန်းဟောင်လက်တွေက တုန်ရီနေပြီး ကျောက်သားဝင်ပေါက်ကြီးကို စွဲစွဲမြဲမြဲစိုက်ကြည့်ကာ ထိုအပေါ်မှာ ထွင်းထားတာတွေကို ထိကိုင်ကြည့်နေတယ်။

သူ့နောက်မှာရှိတဲ့ လူကြီးမင်းယန်ကလည်း အသက်ကိုအောင့်ထားပြီး ဒီကိုရောက်ဖူးကြတဲ့ ကျန်းပိုင်နဲ့ ကျန်းမူတို့တောင် ဒီကျောက်သားဝင်ပေါက်ကြိးကို ကြည့်မိချိန် အံ့အားသင့်မှုတွေနဲ့ ပြည့်နေရတုန်းဖြစ်တယ်။

"သူတို့တွေ ဒါကြီးကို သောက်ကျိုးနည်း ဘယ်လိုဆောက်ခဲ့တာလဲ? သောက်ရမ်းမြင့်လွန်းတယ်... ရှေးခေတ်လူတွေအားလုံးက ပျံနိုင်တာလား?" ချွန်းလိမ်းက ပါးစပ်အဟောင်းသားနဲ့ တျိန်းဇီကို မေးလိုက်တယ်။

တျိန်းဇီ မျက်ဖြူသာ လှန်ပြလိုက်တယ်။ သူ လူကြီးမင်းယန်ကိုသာ အသေအချာကြည့်နေပြီး သူ့ရဲ့ညွှန်ကြားချက်တွေကို စောင့်နေလိုက်တယ်။

"ဒီမှာက ဧရာမတံခါးပေါက်ကြီးပဲရှိသေးတာကိုတောင် ငါ ဖိနှိပ်ခံနေရသလိုမျိုး ခံစားနေရတယ်၊ အထဲမှာ... လွယ်မှာမဟုတ်ဘူး မှတ်လား?"

"Hey! ကြောက်ရင်လည်း ပြန်သွားလိုက်တော့၊ ဝေစုခွဲတဲ့အချိန်ရောက်ရင် မင်းအတွက် ဘာမှရမှာမဟုတ်ဘူး!"

"တော်စမ်းပါ! ငါပြောချင်တာ ဒါမဟုတ်ဘူး!"

အမျိုးသားအုပ်စုက လျှို့ဝှက်ဆန်းပြားတဲ့နေရာကို ဝင်ရောက်ဖို့လုပ်ရင်း စနောက်နေကြတယ်။ တစ်ဖက်မှာတော့ လိန်းကျဲ့က သူမရဲ့အလုပ်သင်လေးလက်ကို တင်းကျပ်စွာ ညှစ်ထားရင်း မျက်လုံးတွေက တံခါးကိုသာ တည့်တည့်စိုက်ကြည့်နေတယ်။

ရှောင်လျို့လည်း နာကျင်မှုကြောင့် အံကိုကြိတ်ထားရင်းက "...ရှစ်ဖူ၊ ကျွန်တော်တို့ အခုတံခါးအထဲတောင် မဝင်ရသေးဘူးနော် ကျွန်တော့်ကို ယဇ်ကောင်အဖြစ် သုံးချင်နေပြီလား?"

လိန်းကျဲ့လည်း သူမဖာသာ တည်ငြိမ်အောင်လုပ်ပြီး သူ့လက်ကို လွှတ်ပေးလိုက်တယ်။ သူမက သူ့ရဲ့နောက်စေ့ကို ရိုက်ကာ "ပါးစပ်ပိတ်ထားစမ်းပါ! ရင်းနှီးတဲ့တစ်ယောက်ကို ကောင်းကင်ဘုံဆီ ပူဇော်ပသလိုက်ရင် ကြီးမားတဲ့စွမ်းအင်ရလာမှာ၊ သတိထားနေ မဟုတ်လို့ကတော့ ငါ နင့်ကိုတကယ် မီးရှို့ပစ်လိုက်မှာ!"

"သွားကြစို့... ဝင်ကြမယ်!" ဖြစ်တောင့်ဖြစ်ခဲလှစွာ လူကြီးမင်းယန်က လူအုပ်စုကို စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြလာတယ်။ နောက်ဆုံးအခေါက် ကျန်းမူဒီရောက်တုန်းက တူးခဲ့တဲ့အပေါက်ကနေ တစ်ဦးချင်းစီ တိုးဝင်ခဲ့ကြတယ်။

ရှေ့ကလျှောက်နေတာက ကျန်းမူနဲ့ ရှောင်လီဖြစ်ပြီး တစ်ယောက်က လက်နှိပ်ဓာတ်မီးကိုင်ထားကာ နောက်တစ်ယောက်က သူတို့ရဲ့လက်နက်တွေကို ကျစ်နေအောင်ကိုင်ထားတယ်။ ကျန်းဟောင်နဲ့ ကျန်သူတွေကလည်း အနောက်ကနေ ထပ်ကျပ်မကွာ ပါလာကြတယ်။

ရှောင်လျို့ လိန်းကျဲ့ကို ခပ်တိုးတိုးမေးလိုက်တယ် "ရှစ်ဖူ၊ ကျွန်တော်တို့တွေ ခုလေးတင် သင်္ချိုင်းနန်းတော်ကြီးရဲ့ဝင်ပေါက်ကနေ ဝင်လာကြတာလား? ဘာလို့ ဒီလောက်တောင် လွယ်တယ်လို့ခံစားနေရတာလဲ?"

လိန်းကျဲ့ သရော်လိုက်တယ် "နန်းတော်ရဲ့ ဂိတ်ပေါက်? အိုင်း... ငါတို့ခုလေးတင် ဖြတ်လျှောက်လာတာက မြို့ဂိတ်ပေါက်ဟဲ့၊ နောက်ပြီး အရင်ကလည်း ဒီနေရာကနေ ဖြတ်ကျော်ခဲ့တဲ့လူတွေမှ အများကြီးပဲ ဘာမတော်တဆမှ မရှိလောက်ဘူး၊ ပြီးတော့ အများကြီးလည်း သေခဲ့တယ်ဆိုတာ သေချာတယ် ဒါကြောင့် အခုငါတို့အတွက် လုံခြုံတဲ့လမ်းကြောင်းတစ်ခု ရှိလာတာပေါ့... နင်လည်း ခုလေးတင်သေချာပေါက် သူတို့ရဲ့အရိုးတွေပေါ်ကနေ နင်းလာတာပဲ"

"..." ရှောင်လျို့ ပါးစပ်ပိတ်လိုက်ပေမယ့် သူ့မျက်လုံးတွေကတော့ သတိအနေအထားဖြစ်သွားတယ်။ ဒီအခိုက်အတန့်မှာ ပိန်ပါးတဲ့လူငယ်လေးရဲ့မျက်လုံးတွေထဲမှာ ဓားတစ်စင်းလို ချွန်မြမှုတွေ စတင်ပြသလာတယ်။

သူတို့အရိပ်တွေ အမှောင်ထဲတိုးဝင်ပျောက်ကွယ်သွားပြီး ကျောက်လမ်းက ရှင်းလင်းသွားတဲ့နောက် အကွယ်တွေထဲက တချို့နေရာတွေဆီမှာ မြေကြီးထဲကနေ ရေလိုမျိုး တိုင်လုံးကြီးတစ်ခု ထွက်ပေါ်လာတယ်။ ထိုအရာက ဖောက်ထွင်းမြင်ရတဲ့လူသားဆန်ဆန်သတ္တဝါအသွင် စတင်ပြောင်းလဲလာတော့တယ်။

သူတို့အချင်းချင်း ထိစပ်နေပြီး ဗလုံးဗထွေးပြောနေကြတယ်။

"မင်း သူတို့ကြားထဲမှာပါလာတဲ့ မုယီပြောသလို အနံ့မျိုးကို မင်းရလိုက်လား?"

"ရလိုက်တယ်၊ စုစုပေါင်း သုံးယောက်ပဲ"

"အဲ့တာက ရှေ့မှာဓားကိုင်ထားတဲ့တစ်ယောက်ရယ်၊ ပိန်ပိန်ရှည်ရှည်တစ်ယောက်ရယ် ပြီးတော့ ဟိုမိန်းမဘေးက ဆောင်းရာသီသခွားမွှေးအပုလေးရယ်လား?"

"မဟုတ်ဘူး မဟုတ်ဘူး၊ သူက သခွားမွှေးသီးမဟုတ်ဘူး၊ သူက ပဲပင်ပေါက်ကွ... ၀၀ဖြိုးဖြိုးမရှိဘူး"

"ဟုတ်တယ် ဟုတ်တယ် မုရှစ်က အရမ်းတော်တာပဲ~"

"ဟီးဟီး မုကျိုကလည်း အရမ်းတော်တယ်~"

"ကျန်တာတွေကရော?"

"သေချာပေါက် သတ်မှာပေါ့!"

ဂျယ်လီလိုအရာနှစ်ခုက ဖောက်ထွင်းမြင်ရတဲ့အရည်တစ်ခုအဖြစ် ပြန်ပြောင်းသွားပြီး နံရံတွေထဲ စိမ့်ဝင်သွားတော့တယ်။

...

အချိန်ပြည့်ပွင့်ဖူးနေတဲ့ မက်မွန်ပန်းပင်ကြီးအောက်မှာ ပွင့်ဖတ်တွေက တလက်လက်တောက်ပတဲ့ ကြယ်လေးတွေ ကျဆင်းလာသလိုမျိုး ကြွေကျလို့နေတယ်။ ဒီအသူတရာချောက်ကြီးထဲက စင်္ကြံတစ်ခုအပေါ်မှာရှိတဲ့ ပန်းတွေပွင့်ဖူးနေတဲ့သစ်ပင်ကြီးတစ်ပင်ရယ် အနီရောင်ခေါင်းတလားတစ်ခုရယ်က လှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြီးပြည့်စုံစေတယ်။

နောက်ပြီး သစ်ပင်ကြီးရဲ့အောက်က ထိုလှပတဲ့ဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော်က... အသားတစ်စကို ကင်နေတယ်။

ဒီမှာ ကိစ္စတစ်ခုရှိနေတယ်။ ဝမ်ရှောင်းမျယ်တစ်ယောက် သူ့ရဲ့ခိုင်မင်းက အပူထုတ်နိုင်တယ်ဆိုတာကို သိပြီးတည်းက လက်ဖျားခါလောက်တဲ့စိတ်ကူးတစ်ခု ရလိုက်တယ်။ သူက လေလုံပိတ်ထားတဲ့ အမဲသားနဲ့ နေ့လည်စာအသားတွေစုကာ ခိုင်မင်းကို 'သန့်ရှင်းစင်ကြယ်စွာ'ဆေးကြောပြီး ဝမ်ဖုန်းကျင်ကို ကိုင်ခိုင်းတော့တယ်။

ခိုင်မင်းဆီမှာ အပူတွေတိုးလာတာကိုမြင်တော့ ဝမ်ရှောင်းမျယ်ရဲ့မျက်လုံးတွေ တလက်လက်တောက်ပသွားပြီး သူ့မျက်နှာပေါ်မှာ ခပ်ညစ်ညစ်အပြုံးကြီးတစ်ခု ပေါ်ထွက်လာတော့တယ်။

တရှဲရှဲမြည်သံနဲ့အတူ ခိုင်မင်းရဲ့(ဓား)ကိုယ်ထည်ပေါ် အသားတစ်စ အတင်ခံလိုက်ရတယ်။ [ T/N : ဒီနေရာမှာ စကားပုံလေးတစ်ခုတော့ ထည့်သင့်ပြီ။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ]

ဝမ်ဖုန်းကျင် "..." 'ဒီအခိုက်အတန့်လေးမှာ ငါ ဓားလေးအပေါ် တကယ်ကြီး သနားသလို ခံစားရလာတယ်'

ဝမ်ဖုန်းကျင်က ကိုယ်တိုင်လုပ် တူတစ်စုံကို သုံးကာ အသားကိုယူပြီး သူ့ပါးစပ်ထဲ ထည့်လိုက်တယ်။

'ကောင်းမှကောင်း! အနံ့လေးက မွှေးနေတာပဲ!'

သူ ဝမ်ဖုန်းကျင်ကို ခွံ့ကျွေးဖို့လည်း မမေ့ဘူး။ ဝမ်ဖုန်းကျင်က သူ့ရဲ့နူးညံ့လှပတဲ့မျက်နှာနဲ့ ပါးစပ်ကို အသာဟကာ အခွံ့ခံနေတယ်။

ထူထူထဲထဲအဝတ်ကနေတောင် ဖြတ်ကျော်လာတဲ့ မယုံနိုင်စရာအပူချိန်ကို ခံစားမိတဲ့အခါ ဝမ်ဖုန်းကျင်တစ်ယောက် ဒါသူ့ရဲ့ကိုယ်ပိုင်အသိစိတ်ဓာတ်ကို ကိုယ်ပြန်စားနေရသလိုမျိုး ခံစားလိုက်ရတယ်။

နောက်ပြီး ဝမ်ရှောင်းမျယ်ရဲ့ စုံစမ်းမေးမြန်းမှုတွေကလည်း အကူအညီဖြစ်မနေဘူး "အိုက်ယား ကြည့်ပါအုံး ခိုင်မင်းရယ်၊ ငါ ဒါကိုတောင် ချက်လို့ရတဲ့အထိ ပူနေပါ့လား! ငါ့ကို ပြောစမ်း မကောင်းတဲ့ကိစ္စတွေ ဘယ်လောက်များများ မင်းလုပ်ထားခဲ့တာလဲ?"

"..."

"..."

နှစ်ယောက်စလုံး : 'ဒီဂြိုလ်ပေါ်မှာ ဒီလောက်တောင် အရှက်မရှိတဲ့လူ ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ!'

ဝမ်ဖုန်းကျင်လည်း သူ့ရဲ့ခွေးပေါက်လေးရှစ်ရှုန်းကို ကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် သူက အတော်လေးရက်စက်တယ်လို့ တွေးမိသွားတယ်!

ခိုင်မင်း : '... ငါ ဒီစုံတွဲကို ဒေါကန်မိတော့မယ်!'

အသားကုန်သွားတဲ့နောက် ဝမ်ရှောင်းမျယ်လည်း သူ့ရဲ့တူကို အလွတ်ဖြစ်သွားတဲ့ဘူးတွေ အထုတ်တွေနဲ့အတူ ပစ်လိုက်တော့တယ်။ ပြုံးပြုံးလေးနဲ့ ခိုင်မင်းကို ပြန်သိမ်းကာ ဆီစွန်းနေတာတွေကို ဂရုတစိုက် စတင်သုတ်ပေးတော့တယ်။ သူ့လက်ထဲရောက်တော့ ခိုင်မင်းက တဖြည်းဖြည်း အပူချိန်ပြန်ကျလာတယ်။

"မင်းက ဒီလောက်တောင် အသုံးဝင်တဲ့ ပစ္စည်းလေးပါလား~" ဝမ်ရှောင်းမျယ် ဓားမြှောင်လေးကို တယုတယ ပွတ်သပ်နေတယ်။

ခိုင်မင်းဆီက ထွက်ပေါ်လာတဲ့အသံက ဝမ်ရှောင်းမျယ်အတွက် ခွေးလေးတစ်ကောင် ဟောင်လိုက်သလိုမျိုး အထင်ရောက်စေတယ်။

ဝမ်ဖုန်းကျင်လည်း ဝမ်ရှောင်းမျယ်ကိုကြည့်ရင်း ပြုံးသာပြုံးနေတော့တယ်။

ထို့နောက် သူ့အကြည့်က တစ်ခုသောနေရာကို ရောက်သွားပြီး သူ့မျက်နှာပေါ်ကအပြုံးက ရုတ်တရက်ပြောင်းလဲသွားတယ်။ ထိုနေရာက သင်္ချိုင်းတူးသူတွေ ရောက်ရှိခဲ့တဲ့ မုရှစ်နဲ့ မုကျိုတို့ အကာအကွယ်ပေးထားတဲ့ အပြင်ဘက်အကျဆုံးနယ်မြေဖြစ်တယ်။

ပထမဆုံးနေ့မှာတင် မသတ်ဖြစ်တာက ပိုကောင်းတယ်။ သူတို့တွေ လက်လျှော့ပြီး ထွက်သွားရင် ဘယ်လိုလုပ်မလဲ? ဝမ်ဖုန်းကျင် သူ့ခေါင်းကို ငုံ့ချလိုက်ကာ သူ့ရဲ့နိမိတ်မကောင်းတဲ့ ရယ်မောမှုကို ဖုံးကွယ်လိုက်တယ်။

"ရှောင်းမျယ်"

"ဟမ်?"

ဝမ်ဖုန်းကျင်ရဲ့မျက်လုံးတွေ ချော့မြှူနေသလိုမျိုးနဲ့ "ကိုယ်တို့ အိပ်ချိန်ရောက်ပြီလေ"

_____

Thanks 🌹




Continue Reading

You'll Also Like

271K 34K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
340K 5K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။
1.3M 58.9K 28
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။