ထွဋ်ခေါင် အိပ်ရာကနိုးလာတော့ သောက်ထားတဲ့အရှိန်ကြောင့် ကိုက်ခဲနေတဲ့ခေါင်းကို လှုပ်ခါမိသည်။ ဘေးဘီဝဲယာကိုလေ့လာကြည့်တော့ မှန်ရှေ့ဝယ် အဝတ်အစားဝတ်နေသူအားတွေ့လိုက်ရသည်။ တဆက်တည်းမှာပဲ ညကကိစကိုပြန်စဉ်းစားရင်းဒေါသထွက်နေပြန်သည်။
" နိုးရင်လည်းထတော့ ခုံပေါ်မှာ ပျားရည်တင်ပေးထားတယ် သောက်လိုက်ဉီး "
" မင်းသောက်ခိုင်းတဲ့အတိုင်း ငါကသောက်ရမှာလား "
" ခင်ဗျားသဘောပဲ "
သီဟ အဝတ်အစားလဲပြီး အခန်းထဲကထွက်သွားသည်။
" အမြင်ကပ်ဖို့ကောင်းတဲ့ကောင်! "
လှဲနေဖို့လည်းအဆင်မပြေတော့တာမို့ ရေချိုးဖို့ပြင်ဆင်လိုက်သည်။
သီဟကလည်း မနက်စောစော ရန်မဖြစ်ချင်တာကြောင့် အခန်းထဲက ထွက်လာခြင်းသာဖြစ်သည်။
" Boss မနက်စာ "
" မစားတော့ဘူး "
ခြေလှမ်းကျဲဖြင့် လျှောက်သွားသူရဲ့နောက် ရှိုင်းသန့် အပြေးလိုက်ရသည်။
" Ala Company မှာ ပြသနာတက်နေတယ်ဆို "
" ဟုတ်ပါတယ် Boss၊ ဒီမှာပါ "
ကားရှေ့ခန်းက လှမ်းပေးလာတဲ့ စာရွက်စာတမ်းတွေကို သီဟလှမ်းယူလိုက်သည်။ တိတိကျကျမဟုတ်ပဲ စာရင်းဇယားကွာဟနေမှုအား ကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။
ဒါကို ထွဋ်ခေါင်မသိသည်လား မသိချင်ယောင်ဆောင်ထားသည်လား။
" Ala အရင်သွားမယ် "
" ကောင်းပါပြီ Boss "
Ala Company ကိုရောက်တော့ မျက်နှာထားတင်းတင်းဖြင့် ဝင်ရောက်လာသူကြေယင့် အားလုံးဟာကြောက်လန့်တကြားဖြစ်နေတော့သည်။
" ဌာန ၅ က သူတွေ အားလုံးလာဖို့ပြောလိုက် "
တအောင့်လောက်ကြာတော့ အခန်းထဲ အလျှိုလျှိုဝင်လာကြသည်။ အကျီလက်ရှည်ကိုတံတောင်ဆစ်ထိခေါက်တင်ထားပြီး ဆုံလည်ကုလားထိုင်ပေါ်ခြေချိတ်ကာထိုင်နေသူရဲ့ မျက်နှာထားက ကြောက်စရာကောင်းလှသည်။
" ဘာကြောင့်ခေါ်လဲဆိုတာ သိတယ်မလား "
" ............... "
" ဒီကိစ မင်းတို့ဘယ်လိုတာဝန်ယူမှာလဲ "
" ကျွန်..ကျွန်မတို့မသိပါဘူးရှင် ခေါင်းဆောင်လုပ်ထားတာတွေပါ "
" ကျွန်တော်...ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် မစဉ်းစားပဲ လုပ်မိသွားပါတယ် "
" မင်းတို့က မင်းတို့သူဌေးမရှိလို့ လုပ်ချင်တိုင်းလုပ်လို့ရပြီလို့တွေးလိုက်တာလား! "
" မ..မဟုတ် "
" ဘာစကားမှမထွက်လာနဲ့! အကုန် Company ကထွက်သွား "
" တောင်း..တောင်းပန် "
" ဘာမှမကြားချင်ဘူး၊ ရှိုင်းသန့်! "
ရှိုင်းသန့်အမြန်ရောက်လာပြီး အားလုံးကိုအခန်းထဲကထွက်ဖို့ပြောရတော့သည်။ မဟုတ်ရင် ဒေါသကြောင့် Boss က တစ်ခုခုထလုပ်လိမ့်မည်။
မကြာခင်မှာပဲ သီဟထံ ဖုန်းCall တစ်ခုရောက်လာသည်။
" ပြော "
" မင်း ဌာန ၅ကလူတွေကို ဖြုတ်လိုက်တယ်ဆို "
" ဟုတ်တယ်လေ ဘာလဲ ခင်ဗျားမကျေနပ်ဘူးလား "
" သီဟမင်းထင်! "
" မကျေနပ်လည်း ကျုပ်မတတ်နိုင်ဘူး ကျုပ်လုပ်စရာရှိတာလုပ်ရမှာပဲ "
" မင်း ငါ့စကားကို ဆုံးအောင်နားထောင်ပေးလို့မရဘူးလား "
" .............. "
" တောက်စ်! ဒီလောက်စီစစ်ထားတာတောင် အခုလိုဖြစ်လာသေးတယ် "
" အဲ့တာ ခင်ဗျားအလုပ်သေချာမလုပ်လို့လေ "
" သီဟမင်းထင်! ငါ လူသတ်ချင်နေတာနော်! "
" ငွေထုတ်ပိုက်ပြီးစောင့်ရဉီးမှာလား "
" စောင့်သင့်ရင်စောင့်ရမှာပဲ " ဆိုကာ ဖုန်းချသွားသည်။ ဘယ်တော့များမှ ရန်မဖြစ်ရတဲ့နေ့ရက်ရောက်လာနိုင်မလဲ။
.............
ဒီနေ့ဟာ အိမ်ထောင်သက်တမ်း ၆ လပြည့်ဆိုပေမယ့် သူတိူ့နှစ်ယောက်အတွက်သာမန်နေ့ရက်တစ်ခုလိုသာ။ သီဟအလုပ်သွားပေမယ့် ထွဋ်ခေါင်ကတော့မသွားပဲ အိမ်မှာရှိနေသည်။
" သခင်လေး တစ်ခုခုစားချင်တာရှိလား "
" စားချင်တာတော့မရှိဘူး "
" ဟုတ်ကဲ့ လိုတာရှိရင် ကျွန်တော့်ကိုခေါ်လိုက်ပါ သခင်လေး "
" ကောင်းပြီ "
ထွဋ်ခေါင် အိမ်ထဲမှာနေရတာပျင်းလာသည်မို့ ခြံဝန်းထဲဆင်းကာ လမ်းလျှောက်နေလိုက်သည်။ လမ်းလျှောက်နေရင်း သေချာစဉ်းစားကြည့်မှ သီဟနဲ့သူ အတူတူနေခဲ့သည်မှာ ၆လပင်ရှိနေလေပြီ။
ယောက်ျားလေးနှစ်ယောက်ရဲ့အိမ်ထောင်ရေးက သာမန်အိမ်ထောင်ရေးနဲ့တော့မတူ။ ဒါထက် ချစ်လို့ကြိုက်လို့ အတူတူနေကြခြင်းလည်းမဟုတ်ပြန်ပေ။
ခြံဝန်းထဲက ခုံတန်းလေးပေါ်ထိုင်ရင်း တွေးတောနေမိသည်။ တကယ်ရော နှစ်ယောက်သားရှေ့ဆက်ဖို့ဖြစ်နိုင်ရဲ့လား။ နှစ်ယောက်လုံးဟာ အလျှော့ပေးမယ့်သူမျိုးတွေတော့မဟုတ်။
ထိုင်နေတုန်းမှာပဲ အိမ်ထဲ ကားတစ်စင်းထိုးဝင်လာသည်။ ပြီးနောက် ကားပေါ်က သီဟဆင်းလာသည်။
" ဘာထိုင်လုပ်နေတာလဲ၊ မင်းအပူပါလား ဆိုတဲ့စကားနဲ့ ပြန်မတုံ့ပြန်နဲ့ "
" မင်းပြောတဲ့အတိုင်းပဲ "
" ဒီနေ့အတွက် ပြသနာရှာဖို့စဉ်းစားနေတာလား "
" မင်း ငါ့ကို ဘယ်လိုထင်နေလဲ သီဟမင်းထင်! "
" ဘယ်လိုမှမထင်တာ ခင်ဗျားစိတ် ခင်ဗျားတောင်သိလိမ့်မယ် မထင်ဘူး " လို့ပြောတော့ မျက်စောင်းထိုးလာသည်။
" အေးတယ် အထဲဝင်တော့ "
" အေးချင်အေး မအေးချင်နေ ငါထိုင်ဉီးမှာ "
" ခင်ဗျားသဘောပဲ "
မလုပ်နဲ့ဆို လုပ်တတ်တဲ့သူအား ဘာမှမပြောလိုတော့။ အိမ်ထဲသာ ဝင်လိုက်သည်။
ရေမိုးချိုးသန့်စင်ပြီးနောက် တစ်နေ့တာအလုပ်တွေကိုပြန်စစ်နေရသည်။ အလုပ်ကလည်းနားလို့ရတဲ့အနေအထားမှာမရှိ။
အလုပ်လုပ်နေတုန်း တံခါးခေါက်သံကိုကြားလိုက်ရသည်။
" ဘယ်သူလဲ "
" ငါ "ဆိုတဲ့စကားနဲ့အတူ ဝင်ရောက်လာသူ။
" ပြောစရာရှိလို့လား "
ဘာမှမပြောပဲ ခုံမှာ ခြေချိတ်ကာ သွားထိုင်သည်။
" မနက်ဖြန် ဖွင့်ပွဲတစ်ခုရှိတယ်မလား"
" အင်း ကျုပ်နဲ့ခင်ဗျား သွားရမှာ "
" မင်းသွားမယ်ဆိုရင်တော့သွားလေ ငါမသွားဘူးဆိုတာ လာပြောတာ "
" ဟ ခင်ဗျားမပါပဲ ဘယ်လိုသွားမှာလဲ ဖိတ်ကတည်းကိုက နှစ်ယောက်လုံးကိုခေါင်းစဉ်တပ်ပြီးဖိတ်ထားတာလေ "
" ငါ သွားချင်စိတ်မှမရှိတာ "
" ဒီလိုတော့မရဘူး မနက်ဖြန် ခင်ဗျားလိုက်ကိုလိုက်ရမယ်"
" ငါမလိုက်ဘူးလို့ပြောပြီးပြီ ထပ်ပြီးအထွတ်မတက်လာနဲ့ "
ထိုင်နေရာမှ ထသွားတာကြောင့် သီဟလိုက်ရတော့သည်။ ဖွင့်ပွဲကို နာမည်အတိအကျဖြင့်ဖိတ်ထားတာကြောင့် မသွားလို့ကမရ။ ဖိတ်တော့လည်းတစ်ယောက်တည်းမဟုတ်ပဲ နှစ်ယောက်လုံးကိုဖိတ်ထားသည်။
" ခင်ဗျားက ဘာကြောင့်မသွားချင်တာလဲ ကျုပ်ကိုအကြောင်းအရင်းပြော "
" ငါ့စိတ်နဲ့ငါမသွားချင်တာကို မင်းကိုပြောနေရဉီးမှာလား "
" ဟိုတနေ့က သွားမယ်ဆိုပြီးပြောခဲ့တာမဟုတ်ဘူးလား အဲ့တာခင်ဗျားကိုယ်တိုင်ပြောခဲ့တာလေ "
" အဲ့နေ့ကစိတ်က ဒီနေ့စိတ်နဲ့မတူဘူး၊ နားမပူစမ်းနဲ့ "
ပြောလည်းပြော အိပ်ရာပေါ်လှဲချကာ စောင်ခြုံပြီးအိပ်ဖို့လုပ်နေသည်။
" စကားပြောမလို့မပြီးသေးဘူးလေ ဒါဘာလုပ်တာလဲ "
" ကျစ်! သီဟမင်းထင် အခန်းထဲကထွက်သွားလိုက်တော့! "
" ခင်ဗျားဆီက အကြောင်းပြချက်မကြားရမချင်း ကျုပ်မေးနေမှာ "
" ............... "
သီဟ အိပ်နေသူအား စိတ်မရှည်လာတာကြောင့် ဆွဲထူဖို့ပြင်လိုက်သည်။ လက်ကိုထိမိချိန် နွေးတေးတေးခံစားချက်တစ်ခုရသည်။
* မဟုတ်မှ နေမကောင်းဖြစ်နေတာလား *
ဆွဲထူခြင်းကိုရပ်တန့်လိုက်ပြီး နှဖူးပေါ်လက်တင်ကာ စမ်းတော့ လက်ကိုရိုက်ချသည်။
" ခင်ဗျား ငြိမ်ငြိမ်နေ! "
သေချာစမ်းကြည့်တော့ နေမကောင်းဖြစ်နေပြီဆိုတာသိလိုက်သည်။
" ခင်ဗျား နေမကောင်းလို့ မသွားချင်တာလား "
" ............. "
" အဲ့တာများ ကျုပ်ကိုပြောတော့ဘာဖြစ်သွားမှာမို့လို့လဲ "
" မပြောချင်လို့မပြောတာ ရှင်းပြီလား "
" ခင်ဗျားမပြောတာအကြောင်းမဟုတ်ဘူး ကျုပ်ကပါမကောင်းတဲ့လူဖြစ်မှာ "
" .............. "
" ခင်ဗျားက တကယ်နားလည်ရခက်တဲ့လူ! "
......................
💛
~~~~~~~~~~~~~
Zawgyi!!!!
ထြဋ္ေခါင္ အိပ္ရာကနိုးလာေတာ့ ေသာက္ထားတဲ့အရွိန္ေၾကာင့္ ကိုက္ခဲေနတဲ့ေခါင္းကို လႈပ္ခါမိသည္။ ေဘးဘီဝဲယာကိုေလ့လာၾကည့္ေတာ့ မွန္ေရွ႕ဝယ္ အဝတ္အစားဝတ္ေနသူအားေတြ႕လိုက္ရသည္။ တဆက္တည္းမွာပဲ ညကကိစကိုျပန္စဥ္းစားရင္းေဒါသထြက္ေနျပန္သည္။
" နိုးရင္လည္းထေတာ့ ခုံေပၚမွာ ပ်ားရည္တင္ေပးထားတယ္ ေသာက္လိုက္ဉီး "
" မင္းေသာက္ခိုင္းတဲ့အတိုင္း ငါကေသာက္ရမွာလား "
" ခင္ဗ်ားသေဘာပဲ "
သီဟ အဝတ္အစားလဲၿပီး အခန္းထဲကထြက္သြားသည္။
" အျမင္ကပ္ဖို႔ေကာင္းတဲ့ေကာင္! "
လွဲေနဖို႔လည္းအဆင္မေျပေတာ့တာမို႔ ေရခ်ိဳးဖို႔ျပင္ဆင္လိုက္သည္။
သီဟ မနက္ေစာေစာ ရန္မျဖစ္ခ်င္တာေၾကာင့္ အခန္းထဲက ထြက္လာျခင္းသာျဖစ္သည္။
" Boss မနက္စာ "
" မစားေတာ့ဘူး "
ေျခလွမ္းက်ဲျဖင့္ ေလွ်ာက္သြားသူရဲ႕ေနာက္ ရွိုင္းသန့္ အေျပးလိုက္ရသည္။
" Ala Company မွာ ျပသနာတက္ေနတယ္ဆို "
" ဟုတ္ပါတယ္ Boss၊ ဒီမွာပါ "
ကားေရွ႕ခန္းက လွမ္းေပးလာတဲ့ စာ႐ြက္စာတမ္းေတြကို သီဟလွမ္းယူလိုက္သည္။ တိတိက်က်မဟုတ္ပဲ စာရင္းဇယားကြာဟေနမႈအား ၾကည့္ကာ မ်က္ေမွာင္က်ဳံ႕လိုက္သည္။
ဒါကို ထြဋ္ေခါင္မသိသည္လား မသိခ်င္ေယာင္ေဆာင္ထားသည္လား။
" Ala အရင္သြားမယ္ "
" ေကာင္းပါၿပီ Boss "
Ala Company ကိုေရာက္ေတာ့ မ်က္ႏွာထားတင္းတင္းျဖင့္ ဝင္ေရာက္လာသူေၾကယင့္ အားလုံးဟာေၾကာက္လန့္တၾကားျဖစ္ေနေတာ့သည္။
" ဌာန ၅ က သူေတြ အားလုံးလာဖို႔ေျပာလိုက္ "
တေအာင့္ေလာက္ၾကာေတာ့ အခန္းထဲ အလွ်ိုလွ်ိုဝင္လာၾကသည္။ အက်ီလက္ရွည္ကိုတံေတာင္ဆစ္ထိေခါက္တင္ထားၿပီး ဆုံလည္ကုလားထိုင္ေပၚေျခခ်ိတ္ကာထိုင္ေနသူရဲ႕ မ်က္ႏွာထားက ေၾကာက္စရာေကာင္းလွသည္။
" ဘာေၾကာင့္ေခၚလဲဆိုတာ သိတယ္မလား "
" ............... "
" ဒီကိစ မင္းတို႔ဘယ္လိုတာဝန္ယူမွာလဲ "
" ကြၽန္..ကြၽန္မတို႔မသိပါဘူးရွင္ ေခါင္းေဆာင္လုပ္ထားတာေတြပါ "
" ကြၽန္ေတာ္...ကြၽန္ေတာ္ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ မစဥ္းစားပဲ လုပ္မိသြားပါတယ္ "
" မင္းတို႔က မင္းတို႔သူေဌးမရွိလို႔ လုပ္ခ်င္တိုင္းလုပ္လို႔ရၿပီလို႔ေတြးလိုက္တာလား! "
" မ..မဟုတ္ "
" ဘာစကားမွမထြက္လာနဲ႕! အကုန္ Company ကထြက္သြား "
" ေတာင္း..ေတာင္းပန္ "
" ဘာမွမၾကားခ်င္ဘူး၊ ရွိုင္းသန့္! "
ရွိုင္းသန့္အျမန္ေရာက္လာၿပီး အားလုံးကိုအခန္းထဲကထြက္ဖို႔ေျပာရေတာ့သည္။ မဟုတ္ရင္ ေဒါသေၾကာင့္ Boss က တစ္ခုခုထလုပ္လိမ့္မည္။
မၾကာခင္မွာပဲ သီဟထံ ဖုန္းCall တစ္ခုေရာက္လာသည္။
" ေျပာ "
" မင္း ဌာန ၅ကလူေတြကို ျဖဳတ္လိုက္တယ္ဆို "
" ဟုတ္တယ္ေလ ဘာလဲ ခင္ဗ်ားမေက်နပ္ဘူးလား "
" သီဟမင္းထင္! "
" မေက်နပ္လည္း က်ဳပ္မတတ္နိုင္ဘူး က်ဳပ္လုပ္စရာရွိတာလုပ္ရမွာပဲ "
" မင္း ငါ့စကားကို ဆုံးေအာင္နားေထာင္ေပးလို႔မရဘူးလား "
" .............. "
" ေတာက္စ္! ဒီေလာက္စီစစ္ထားတာေတာင္ အခုလိုျဖစ္လာေသးတယ္ "
" အဲ့တာ ခင္ဗ်ားအလုပ္ေသခ်ာမလုပ္လို႔ေလ "
" သီဟမင္းထင္! ငါ လူသတ္ခ်င္ေနတာေနာ္! "
" ေငြထုတ္ပိုက္ၿပီးေစာင့္ရဉီးမွာလား "
" ေစာင့္သင့္ရင္ေစာင့္ရမွာပဲ " ဆိုကာ ဖုန္းခ်သြားသည္။ ဘယ္ေတာ့မ်ားမွ ရန္မျဖစ္ရတဲ့ေန႕ရက္ေရာက္လာနိုင္မလဲ။
.............
ဒီေန႕ဟာ အိမ္ေထာင္သက္တမ္း ၆ လျပည့္ဆိုေပမယ့္ သူတိူ႕ႏွစ္ေယာက္အတြက္သာမန္ေန႕ရက္တစ္ခုလိုသာ။ သီဟအလုပ္သြားေပမယ့္ ထြဋ္ေခါင္ကေတာ့မသြားပဲ အိမ္မွာရွိေနသည္။
" သခင္ေလး တစ္ခုခုစားခ်င္တာရွိလား "
" စားခ်င္တာေတာ့မရွိဘူး "
" ဟုတ္ကဲ့ လိုတာရွိရင္ ကြၽန္ေတာ့္ကိုေခၚလိုက္ပါ သခင္ေလး "
" ေကာင္းၿပီ "
ထြဋ္ေခါင္ အိမ္ထဲမွာေနရတာပ်င္းလာသည္မို႔ ၿခံဝန္းထဲဆင္းကာ လမ္းေလွ်ာက္ေနလိုက္သည္။ လမ္းေလွ်ာက္ေနရင္း ေသခ်ာစဥ္းစားၾကည့္မွ သီဟနဲ႕သူ အတူတူေနခဲ့သည္မွာ ၆လပင္ရွိေနေလၿပီ။
ေယာက္်ားေလးႏွစ္ေယာက္ရဲ႕အိမ္ေထာင္ေရးက သာမန္အိမ္ေထာင္ေရးနဲ႕ေတာ့မတူ။ ဒါထက္ ခ်စ္လို႔ႀကိဳက္လို႔ အတူတူေနၾကျခင္းလည္းမဟုတ္ျပန္ေပ။
ၿခံဝန္းထဲက ခုံတန္းေလးေပၚထိုင္ရင္း ေတြးေတာေနမိသည္။ တကယ္ေရာ ႏွစ္ေယာက္သားေရွ႕ဆက္ဖို႔ျဖစ္နိုင္ရဲ႕လား။ ႏွစ္ေယာက္လုံးဟာ အေလွ်ာ့ေပးမယ့္သူမ်ိဳးေတြေတာ့မဟုတ္။
ထိုင္ေနတုန္းမွာပဲ အိမ္ထဲ ကားတစ္စင္းထိုးဝင္လာသည္။ ၿပီးေနာက္ ကားေပၚက သီဟဆင္းလာသည္။
" ဘာထိုင္လုပ္ေနတာလဲ၊ မင္းအပူပါလား ဆိုတဲ့စကားနဲ႕ ျပန္မတုံ႕ျပန္နဲ႕ "
" မင္းေျပာတဲ့အတိုင္းပဲ "
" ဒီေန႕အတြက္ ျပသနာရွာဖို႔စဥ္းစားေနတာလား "
" မင္း ငါ့ကို ဘယ္လိုထင္ေနလဲ သီဟမင္းထင္! "
" ဘယ္လိုမွမထင္တာ ခင္ဗ်ားစိတ္ ခင္ဗ်ားေတာင္သိလိမ့္မယ္ မထင္ဘူး " လို႔ေျပာေတာ့ မ်က္ေစာင္းထိုးလာသည္။
" ေအးတယ္ အထဲဝင္ေတာ့ "
" ေအးခ်င္ေအး မေအးခ်င္ေန ငါထိုင္ဉီးမွာ "
" ခင္ဗ်ားသေဘာပဲ "
မလုပ္နဲ႕ဆို လုပ္တတ္တဲ့သူအား ဘာမွမေျပာလိုေတာ့။ အိမ္ထဲသာ ဝင္လိုက္သည္။
ေရမိုးခ်ိဳးသန့္စင္ၿပီးေနာက္ တေန႕တာအလုပ္ေတြကိုျပန္စစ္ေနရသည္။ အလုပ္ကလည္းနားလို႔ရတဲ့အေနအထားမွာမရွိ။
အလုပ္လုပ္ေနတုန္း တံခါးေခါက္သံကိုၾကားလိုက္ရသည္။
" ဘယ္သူလဲ "
" ငါ "ဆိုတဲ့စကားနဲ႕အတူ ဝင္ေရာက္လာသူ။
" ေျပာစရာရွိလို႔လား "
ဘာမွမေျပာပဲ ခုံမွာ ေျခခ်ိတ္ကာ သြားထိုင္သည္။
" မနက္ျဖန္ ဖြင့္ပြဲတစ္ခုရွိတယ္မလား"
" အင္း က်ဳပ္နဲ႕ခင္ဗ်ား သြားရမွာ "
" မင္းသြားမယ္ဆိုရင္ေတာ့သြားေလ ငါမသြားဘူးဆိုတာ လာေျပာတာ "
" ဟ ခင္ဗ်ားမပါပဲ ဘယ္လိုသြားမွာလဲ ဖိတ္ကတည္းကိုက ႏွစ္ေယာက္လုံးကိုေခါင္းစဥ္တပ္ၿပီးဖိတ္ထားတာေလ "
" ငါ သြားခ်င္စိတ္မွမရွိတာ "
" ဒီလိုေတာ့မရဘူး မနက္ျဖန္ ခင္ဗ်ားလိုက္ကိုလိုက္ရမယ္"
" ငါမလိုက္ဘူးလို႔ေျပာၿပီးၿပီ ထပ္ၿပီးအထြတ္မတက္လာနဲ႕ "
ထိုင္ေနရာမွ ထသြားတာေၾကာင့္ သီဟလိုက္ရေတာ့သည္။ ဖြင့္ပြဲကို နာမည္အတိအက်ျဖင့္ဖိတ္ထားတာေၾကာင့္ မသြားလို႔ကမရ။ ဖိတ္ေတာ့လည္းတစ္ေယာက္တည္းမဟုတ္ပဲ ႏွစ္ေယာက္လုံးကိုဖိတ္ထားသည္။
" ခင္ဗ်ားက ဘာေၾကာင့္မသြားခ်င္တာလဲ က်ဳပ္ကိုအေၾကာင္းအရင္းေျပာ "
" ငါ့စိတ္နဲ႕ငါမသြားခ်င္တာကို မင္းကိုေျပာေနရဉီးမွာလား "
" ဟိုတေန႕က သြားမယ္ဆိုၿပီးေျပာခဲ့တာမဟုတ္ဘူးလား အဲ့တာခင္ဗ်ားကိုယ္တိုင္ေျပာခဲ့တာေလ "
" အဲ့ေန႕ကစိတ္က ဒီေန႕စိတ္နဲ႕မတူဘူး၊ နားမပူစမ္းနဲ႕ "
ေျပာလည္းေျပာ အိပ္ရာေပၚလွဲခ်ကာ ေစာင္ၿခဳံၿပီးအိပ္ဖို႔လုပ္ေနသည္။
" စကားေျပာမလို႔မၿပီးေသးဘူးေလ ဒါဘာလုပ္တာလဲ "
" က်စ္! သီဟမင္းထင္ အခန္းထဲကထြက္သြားလိုက္ေတာ့! "
" ခင္ဗ်ားဆီက အေၾကာင္းျပခ်က္မၾကားရမခ်င္း က်ဳပ္ေမးေနမွာ "
" ............... "
သီဟ အိပ္ေနသူအား စိတ္မရွည္လာတာေၾကာင့္ ဆြဲထူဖို႔ျပင္လိုက္သည္။ လက္ကိုထိမိခ်ိန္ ႏြေးေတးေတးခံစားခ်က္တစ္ခုရသည္။
* မဟုတ္မွ ေနမေကာင္းျဖစ္ေနတာလား *
ဆြဲထူျခင္းကိုရပ္တန့္လိုက္ၿပီး ႏွဖူးေပၚလက္တင္ကာ စမ္းေတာ့ လက္ကိုရိုက္ခ်သည္။
" ခင္ဗ်ား ၿငိမ္ၿငိမ္ေန! "
ေသခ်ာစမ္းၾကည့္ေတာ့ ေနမေကာင္းျဖစ္ေနၿပီဆိုတာသိလိုက္သည္။
" ခင္ဗ်ား ေနမေကာင္းလို႔ မသြားခ်င္တာလား "
" ............. "
" အဲ့တာမ်ား က်ဳပ္ကိုေျပာေတာ့ဘာျဖစ္သြားမွာမို႔လို႔လဲ "
" မေျပာခ်င္လို႔မေျပာတာ ရွင္းၿပီလား "
" ခင္ဗ်ားမေျပာတာအေၾကာင္းမဟုတ္ဘူး က်ဳပ္ကပါမေကာင္းတဲ့လူျဖစ္မွာ "
" .............. "
" ခင္ဗ်ားက တကယ္နားလည္ရခက္တဲ့လူ! "
......................
💛
~~~~~~~~~~~~~