အေပအေတတစ္ေယာက္ရဲ႕ ခို နား ရာ...

By Youaremylittlestar

323K 26.6K 947

BL More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21 (Final)
Part-22
Part-23
😝😝😝
~Extra-1~
~Extra-2~
~Extra-3~

~Extra-4~

2.6K 211 30
By Youaremylittlestar

Unicode

"ထည်...မင်းတစ်ခုခုဖြစ်နေတာလား..."

ခြံထဲဆိုင်ကယ် ပြင်နေရာက ဧည့်ခန်းထဲ တီဗွီအဟောင်း အသစ် အလဲအလှယ်လုပ်နေသော ပြေခန့်ထည်နိုင် အားအခန်းထဲအတင်းဆွဲခေါ်လာကာ မေးလိုက်သော ခန့်တေဇကို ၏အသံဖြစ်သည်...

"ဟမ်...ဘာမှမဖြစ်ပါဘူး..."

"သေချာလို့လား..."

"..."

"..."

"မင်း...ကလေးလိုချင်လား...ဇ..."

"ဟား...ဘာများလဲလို့ကွာ...ဒီကိစ္စကြောင့် ခရီးကပြန်ရောက်ကတည်းက မျက်နှာမကောင်းဖြစ်နေတာလား..."

"..."

မှတ်မှတ်ရရ ရန်ကုန်သို့ပါးပါးဆေးပြသွားရာမှ ကိုနေတို့နှင့်တွေ့ဆုံအပြီးတွင် ထည် တစ်ယောက်သိသိသာသာ စကားနည်းသွားခြင်းဖြစ်သည်...ပုံမှန်ဆို ထည် ကတိတ်ဆိတ်တတ်သူဖြစ်ပြီး တစ်ခုခုဆိုပွင့်ပွင့်လင်းလင်း ပြောတတ်သူမို့ အချိန်အတော်ကြာစောင့်နေမိသေးသည်...ထူးခြားမလာတာမို့ အဆုံးတွင်တော့ ဇ ကိုယ်တိုင်အစဆွဲထုတ်ရခြင်းဖြစ်သည်...

"ငါပြောတာနားထောင်...ထည်..."

အခန်းဝတွင်မတ်တပ်ဖြစ်နေသည့် ထည့် လက်အားဆွဲကာ ကုတင်ပေါ်နေရာချပေးရင်း ဇ ပါဘေးနားအတူဝင်ထိုင်လျက်စကားဆိုရတော့သည်...

"မင်းရော ငါရော ဘယ်လိုမွေးဖွားလာတာမို့လဲ...ကလေးလိုချင်တယ်ဆို ပွင့်ပွင့်လင်းလင်းပြောမှာပေါ့...ဒီကိစ္စက အချိန်အကြာကြီး မင်းမျက်နှာမကောင်းရလောက်အောင်ထိ အရေးပါမနေဘူးလေ..."

"..."

"ငါပြောတာသဘောပေါက်လား..."

"အင်း..."

"တချို့ဟာတွေကို ခေါင်းထဲအရမ်းထည့်ပြီး အတွေးမလွန်နဲ့...ထည်..."

"..."

"အမှန်ဆို ကလေး လိုချင်တာ မလိုချင်တာထက် မင်း ငါ့ကို လိုချင် မလိုချင်က ပိုအရေးမကြီးဘူးလား..."

"မင်း အပိုတွေမပြောနဲ့..."

"ဟားဟား...အတည်ပြောတာပါ...ငါတို့လက်ထပ်ကြတော့မလား ထည်...လက်ထပ်စာချုပ်မှာ တရားဝင်လက်မှတ်ထိုးပြီးလေ..."

စကားအဆုံးမှာတော့ ထည် ကတော်တော်အံ့ဩသွားပုံပေါ်သည်...မမျှော်လင့်ထားသည့်စကားကို ကြားလိုက်ရသလို မျက်ဆံကြည်ကြည်တွေဟာဝိုင်းစက်လျက် ဇ အားငေးမောကြည့်လာသည်...အခြေအနေကတော့ လက်ထပ်ခွင့်တောင်းတဲ့အနေအထားဖြစ်နေပေမဲ့ လူတွေကတော့ ခမ်းနားမနေပါ...မနက်စောစော ပြင်ဦးလွင်ကဆင်းလာတဲ့ ပါးပါးတို့နဲ့အတူ မနက်စာထွက်စားအပြီး ဆိုင်ကယ်ပြင်ဖို့နဲ့တီဗွီဆင်ဖို့ လုပ်နေကြတာမို့ နှစ်ယောက်ကိုယ်ပေါ်မှာ မြင်းခေါင်းစွပ်ကျယ်အဖြူကိုယ်စီသာရှိသည်...ထည်က အားကစားဘောင်းဘီတိုဝတ်ထားပြီး ဇ ကတော့ ရေလဲပုဆိုးအား ခါးပုံရှည်ရှည်ဖြင့် ခပ်တိုတိုဝတ်ထားရုံသာ...

"ငါတို့က စာရွက်စာတမ်းတွေနဲ့ချည်မှ မြဲမှသံယောဇဉ်မှမဟုတ်ဘဲ..."

"ငါ့ကို မင်း မချည်နှောင်ချင်လောက်တဲ့ အပြုအမူတွေလုပ်ခဲ့ပေမဲ့ မင်းကိုတော့ ပုံစံမျိုးစုံနဲ့ တကယ်တပ်မက်ပါတယ်...လက်တွဲဖော်အနေနဲ့ရော ညီအစ်ကိုအနေနဲ့ရော သူငယ်ချင်းအနေနဲ့ရော..."

"..."

"မင်းဘက်ကအဆင်သင့်မဖြစ်သေးရင်လည်း ငါစောင့်နိုင်ပါတယ်..."

"အဲလိုမဟုတ်ပါဘူး...ငါ...ငါက မင်းကိုမချည်နှောင်ရက်လောက်အောင်မြတ်နိုးတာမို့...တစ်ချိန်ချိန်မှာတကယ်လို့များ မင်းစိတ်ပြောင်းခဲ့ရင်..."

"အဲလိုကိစ္စမျိုးရှိမလာနိုင်တာမို့ ငါ့ကိုယုံကြည်ပြီးလက်ထပ်ပါ...မင်းခြေထောက်ပေါ်မင်းရပ်တည်နိုင်တာသိပေမဲ့ ငါ့ကိုမင်းအိမ်ထောင်ဦးစီးဖြစ်ခွင့်ပေးပါ...အိမ်ထောင်ရဲ့ အချုပ်အခြာအာဏာကိုတော့မင်းကိုပဲအပ်ပါ့မယ်..."

"ဟား...ဇ ရေ..."

ဇ စကားအဆုံးမှာတော့ ထည် တစ်ယောက်အင်မတန်သဘောကျသွားပုံပေါ်သည်...ရယ်သံစွက်လျက် ဇ ဆံပင်တွေကြားလက်ထိုးကာဖွလာသည်...

"..."

"ဒီရက်ပိုင်း အလုပ်တွေဖိလုပ်နေရင်း ဦးနှောက်ထိသွားသလား..."

"အိမ်ထောင်ပြုဖို့ အလုပ်ကြိုးစားနေတာ...မြန်မြန်ခေါင်းငြိမ့်လိုက်တော့..."

"ဇ မင်း တကယ်ကြီးလား..."

"နှစ်ခါမပြောဘူး...ပြေခန့်ထည်နိုင်...ဒီဝါကျွတ်ရင်လက်ထပ်မယ်..."

အမှန်လဲ ဒီရက်ပိုင်းတွေ ဇ ကအလုပ်ပိုလုပ်လာသည်...အစကတော့ အသက်နည်းနည်းရလာလို့ တည်ငြိမ်လာတာပဲဖြစ်မည်ဟုထင်သော်ငြား ဒီလိုအတွေးမျိုးရှိနေလိမ့်မည်ဟု ထည် တစ်ယောက်မထင်ခဲ့ပါ...

"အင်း...လက်ထပ်ကြတာပေါ့..."

မွ...

သဘောတူညီမှုအဆုံးတွင် ထည့် ပါးပေါ်စိုက်ပျိုးခံလိုက်ရသည့် ဇ ၏အနမ်းတစ်ခင်း...ထည် ကတော့ခပ်ဟဟရယ်လျက် သဘောကျနေရုံသာ...

"မင်းက ဒီကောင့်အပိုင်ဖြစ်တော့မှာ..."

ထိုအချိန် ထည့် မျက်ဝန်းတွေထဲဖြတ်သန်းသွားသော အရိပ်တစ်စုံ...ပါးလျပ်သော ဇ ကချက်ချင်းသဘောပေါက်စွာ သွားချင်တဲ့စကားဝိုင်းဆီဦးတည်သည်...

"ထည်...မင်းကိုပွင့်ပွင့်လင်းလင်းတောင်းဆိုချင်တာတစ်ခုရှိတယ်..."

"အင်း..."

"..."

"..."

"Sex ကိစ္စနဲ့ပတ်သက်ပြီး ငါ့ကိုမရှက်ပါနဲ့...ဒါမျိုးကိစ္စဆိုတာ တစ်ယောက်တည်းကပဲ အဆုံးစွန်ထိ သာယာမှုရပြီး တခြားတစ်ယောက်ကတော့ ဘာဖြစ်ဖြစ်ဆိုပြီး လုပ်သင့်တဲ့ဟာမျိုးမဟုတ်ဘူးလေ...မင်းငါ့ကိုချစ်လို့ ဦးစားပေးတာ သိပါတယ်...တခါတလေကျ ငါ့ဘက်က အရမ်းတပ်မက်နေတော့ မင်းဘက်ကိုမကြည့်လိုက်မိသလိုဖြစ်သွားတာတွေရှိတယ်..."

"..."

"အဲ့လိုတွေမဖြစ်အောင်ငါ့ဘက်ကဆင်ခြင်ပါ့မယ်...မင်းဘက်ကလည်းငါ့ကို အခုထက်ပွင့်လင်းပေး...စိတ်မပါရင်ငြင်းလိုက်တာမျိုး...ငါ့ဘက်ကကြမ်းမိသွားရင် ချက်ချင်းရပ်ပစ်ဖို့ပြောတာမျိုး..."

ဇ နဲ့ ထည် ကြား ဒီကိစ္စတွေစတင်လာတာဟာ ဆယ့်ရှစ်နှစ်ပြည့်ပြီး နိုင်ငံခြားတွင်ကျောင်းတက်နေစဉ်ကတည်းကဖြစ်သည်...အစပိုင်းကတော့ ကမောက်ကမ တွေဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းကျ အတွေ့အကြုံရလာကာ အဆင်ပြေခဲ့သည်...သို့သော်ငြား ထည် က ဇ ကို သူကိုယ်တိုင် စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဦးစားပေးခဲ့တာချည်း...ဒါကို သတိထားမိလာတဲ့ ဇ က ထည့် သဘာဝကို နားလည်အောင်ကြိုးစားခဲ့သည်...ထည် က စိတ်ဒဏ်ရာရနေတာမျိုး မဟုတ်သည့်တိုင် သူ့ပင်ကိုသဘောအရကိုက ကြမ်းတမ်းတာမျိုးတွေ မကြိုက်သည့်လူသားဖြစ်သည်...လူငယ်သဘာဝအရ စူးစမ်းဖြစ်ကြသည့် ဇာတ်ကား ဒါမှမဟုတ် စာအုပ်စာပေတောင် ကြမ်းတမ်းတာတွေဆိုရှောင်တတ်တာမျိုး...သူကိုယ်တိုင်က တခြားသူတွေအပေါ် ဆက်ဆံတဲ့အပြုအမူဟာ နွေးထွေးညင်သာသလို သူ့ကိုလည်း ထိုသို့ဆက်ဆံတာကြိုက်သည့်ပုံမျိုးပင်...ဇ ကတော့ထိုကိစ္စနဲ့ပတ်သက်လျှင် အနည်းငယ်ကြမ်းချင်သည်...အလွန်အကျူးမဟုတ်သည့်တိုင် အချောအလှတိုင်းကိုမဟုတ်ဘဲ ထည် တစ်ဦးတစ်ယောက်တည်းကိုမှ နက်နက်နဲနဲ ထိချင်တွေ့ချင် ပြောချင်ဆိုချင် နေတာမျိုး...သို့သည့်တိုင် ဇ ဟာလည်း မလွန်ကျွံရတော့ဘာအရေးလဲ ချစ်တဲ့သူ အလိုမကျတာကို မလုပ်မိအောင် ကြိုးစားပြောင်းလဲခဲ့သည့် နောက်လည်းလိုအပ်လျှင်ပြောင်းလဲပေးဦးမည့် လူသားဖြစ်သည်...

"အင်း..."

"..."

"ဒီကိစ္စနဲ့ပတ်သက်ပြီး အမြဲတမ်း မင်းအလိုကျချည်းမဖြစ်နိုင်သလို ငါ့အလိုကျချည်းလည်း မဖြစ်နိုင်ဘူး ဇ...အဲ့တော့ မင်းပြောသလို ငါ့ဘက်က ဖြစ်ချင်တာတွေရှိရင် ပွင့်ပွင့်လင်းလင်းပြောမယ် မင်းဘက်ကလည်းပြောပေါ့..."

ဇ လိုချင်တာဒါပဲဖြစ်သည်...အိမ်ထောင်တစ်ခုမှာ တစ်ဦးတစ်ဖက်တည်းရဲ့ ဆန္ဒကိုအမြဲတစေလိုက်လျောဖို့ဆိုတာရာနှုန်းပြည့်မဖြစ်နိုင်ပါ...နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေးကာ နားလည်မှုယူခြင်းသာလျှင် အကောင်းဆုံးဖြေရှင်းနည်းဖြစ်သည်...

"အခုတော့ အနမ်းတွေအရမ်းပေးချင်နေလို့ အနားလာပါဦး..."

"မင်း..."

ပြောလည်းပြော အိပ်ယာပေါ်ကိုဆွဲလှဲလိုက်တာမို့ ထည့် မှာစကားမဆုံးတော့...နှုတ်ခမ်းတွေပေါ် အချိန်အတော်ကြာ ထိလိုက်ခွါလိုက်လုပ်ရင်း လည်ပင်းသားတွေဆီခေါင်းတိုးဝင်ကာ ပွတ်တိုက်နမ်းရှိုက်သည်...

"တော်တော့...ပါးပါးရောက်နေတာ...အနားမှာနေပေးရဦးမယ်လေ..."

"အင်း..."

"..."

"မင်း မကြည်ဖြူရင် အနမ်းတစ်ခုကအစ ငါ့ဘက်က ဆင်ခြင်ပါ့မယ်..."

"ကျေးဇူးပဲ...ဇ..."

ထည် ၏ထိုကျေးဇူးတင်စကားသည် ရင်ထဲမှလှိုက်လှိုက်လှဲလှဲလာသောစကားဖြစ်သည်...လက်ထပ်ဖို့ ဆန္ဒရှိသော်ငြား ဇ အတွက် အနှောင်အဖွဲ့ဖြစ်မှာမို့စိတ်တောင်မကူးခဲ့ပါ...သို့တိုင် ဇ ဘက်က အိမ်ထောင်သည်ဘဝအတွက် ကြိုးစားနေမှန်းသိတော့ဝမ်းသာရသည်...လောကကြီးမှာ ချစ်တဲ့သူနဲ့ ထူထောင်ရတဲ့ အိမ်ထောင်တစ်ခုကို စိတ်ကူးလိုက်ရုံဖြင့် ရင်ခုန်ကြည်နူးရသည်မဟုတ်လား...

မွ...

ထည့် နဖူးပေါ်ကျရောက်လာသည့် နောက်ဆုံးအနမ်း...ထိုသို့ဖြင့် ပြေခန့်ထည်နိုင် ၏မျက်နှာမကောင်းခြင်းအဖြစ်အပျက်သည် ခန့်တေဇကို ၏အနမ်းများစွာ လက်ခံရရှိခြင်းဖြင့် ဆုံးခန်းတိုင်ခဲ့ရသည်...
.
.
.
.
.
"ဘာတွေကြိတ်ဖြစ်ကြသလဲတော့ မသိဘူး...သေချာတာတော့ မင်းသားနှစ်ကောင်ပြန်အဆင်ပြေသွားပြီ...ပိုက်..."

ဦးနိုင်တစ်ယောက် မုံရွာဘက်က သူငယ်ချင်းဆီ ခရီးသွားဖို့ အကြောင်းဖန်လာတာမို့ ပိုက် လည်းပြင်ဦးလွင်ကနေ မန္တလေးသို့လိုက်လာခြင်းဖြစ်သည်...ခရီးပန်းမှာမို့ဟူသော အကြောင်းပြချက်ဖြင့် ခရီးအဆုံးထိတော့ လိုက်ခွင့်မရရှာပါ...မိသားစု နားရက်မို့ အေးအေးလူလူ ခြံထဲက သစ်ပင်အောက်ထိုင်ကြရင်း စာအုပ်လေးဖတ်လိုက် သားနှစ်ယောက်ကိုကြည့်လိုက်လုပ်နေရာက 'ကလေးတွေတစ်ခုခုဖြစ်ထားကြတယ်နဲ့တူတယ်' ဟုပိုက်ဆီကအသံထွက်လာသည်...ထွက်ဆို ဆိုင်ကယ်ပြင်နေတဲ့ သားတော်မောင်ဆီက ဂွတွေဆောင့်ချသံရော တောက်ခေါက်သံတွေရော ညံနေ၍ပင်...သို့သော် သိပ်မကြာလိုက်ပါ...လှစ်ခနဲဆို ပျောက်ထွက်သွားပြီး ပြန်ပေါ်လာတော့ ခါးပုံစတရမ်းရမ်း သီချင်းတအေးအေးဖြင့် ပြင်လက်စဆိုင်ကယ်ကို ဟိုနှိုက်ဒီနှိုက်လုပ်ပြီး ခဏတွင်းဆိုသလို ပြီးစီးသွား၍ ဒေးတစ်ယောက် ထိုစကားဆိုလိုက်ခြင်းဖြစ်သည်...

"အင်း...သီချင်းတောင်ဆိုနိုင်နေပြီပဲ...စိတ်ပူစရာမလိုတော့ပါဘူး..."

စာဖတ်နေရာကခေါင်းထောင်ကြည့်သော ပိုက် သည် မျက်စိရှေ့ မြင်နေရသော ဇ အားအတော်ကြာအကဲခတ်ပြီး ဒေးအား တုံ့ပြန်စကားဆိုလေသည်...

"ထည်...ငါနေမပူခင် နေ့ခင်းစားဖို့ သီးစုံဒိန်ချဉ်သွားဝယ်တော့မလို့...မင်း တခြားဘာစားချင်သေးသလဲ..."

ခပ်တိုတိုဝတ်ထားတဲ့ ပုဆိုးကို အနည်းငယ်ရှည်အောင် ပြင်ဝတ်လို့ ဆိုင်ကယ်ပေါ် အသင့်အနေအထားနဲ့ ဇ က အိမ်တွင်းရှိ ထည့် ဆီလှမ်းအော်မေးသည်...အထဲမှလူဆီက တုံ့ပြန်မှုမရသေးခင် ခြံထဲရှိ ဒေး နဲ့ ပိုက် အကြည့်ကတော့ သူတို့သားဆီ ရောက်ရှိနေပြန်ပြီဖြစ်သည်...သိပ်မစောင့်လိုက်ရပါ...အပြာရောင် ချည်ထည်ရှပ်လက်ရှည်တစ်ထည် နဲ့ လျှာထိုးဦးထုပ် နက်ပြာရောင်လေး ကိုင်လို့ ခြံထဲအပြေးဆင်းလာသော ထည်...ကိုယ်တိုင်ကျ ခြေဗလာနှင့်... အိမ်ဝက ဖိနပ်တောင်စီးမလာနိုင်...အင်္ကျီကိုလက်လှမ်းပေးပြီး ဦးထုပ်ကျ ကိုယ်တိုင်ဆောင်းပေးလိုက်သည်...ထိုမြင်ကွင်းကို ကြည့်မိနေသော အဖေနှစ်ယောက်မှာ တစ်ယောက်ကကြည်နူးနေဟန် ပေါ်သလောက် တခြားတစ်ယောက်မှာတော့ မနာလိုနေဟန်...

🎵အားကိုးလိုက်စမ်းပါ...မေရေ...မောင်ရှိတယ်...🎵

သီချင်းလေးတအေးအေးဖြင့် ဆိုင်ကယ်ကိုခပ်ဖြေးဖြေးမောင်းလာရင်း အဖေနှစ်ယောက်ရှေ့ ရပ်သည်...နောက်မှာတော့ ခပ်ဖြေးဖြေးလမ်းလျောက်လိုက်လာတဲ့ ထည်...

"သား ဒိန်ချဉ် သွားဝယ်တော့မလို့ ပါးပါးတို့ တခြားဘာမှာဦးမလဲ..."

"မမှာတော့ပါဘူး...ဆိုင်ကယ်ဖြည်းဖြည်းမောင်းနော်...သားငယ်..."

"ဟုတ်..."

"မင်း ဖေဖေ အတွက် ပင်မှည့်ဒိန်ချဉ်ဝယ်ခဲ့ အခုတလောသူအဲဒါပိုကြိုက်နေတယ်..."

"အိုကေ...အဲဒါဆိုသွားပြီ..."

ဒေး ရဲ့အမှာစကားအဆုံး ခြံထဲကဆိုင်ကယ်မောင်းထွက်သွားသော ဇ...ခေါက်ရိုးကျိုးရာလေးတွေ သေသေသပ်သပ်နှင့် ချည်ထည်လက်ရှည်လေးဟာ လေအတိုးမှာ တလွင့်လွင့်...

"ဖေဖေ ပြန်မရောက်သေးဘူးလား..."

"ပြန်လာနေပြီပြောတယ်...ခုနကပဲစာရတယ်..."

"အော်...ဒီနေ့တော့ နေ့လည်စာ လူစုံပြီပေါ့..."

မနက်တစ်ပိုင်း ဆေးရုံသွားရသော သိုင်း ပြန်အလာကို ထည် သည် ဒေး အားအမေးစကားဆိုရင်း သူ့ပါးပါး ခြေထောက်ကြား ဝင်ထိုင်သည်...ချက်ချင်းဆိုသလို ဆံပင်တွေအား ညင်သာစွာပွတ်သပ်ခံလိုက်ရတဲ့ အထိအတွေ့...အသက်ဘယ်လောက်ကြီးကြီးလူတိုင်းသည် မိဘတွေအတွက်တော့ အဖိုးတန်ကလေးများပင်ဖြစ်ကြသည်...

~~~2021 အတွက် Extra လေးပေါ့~~~

Zawgyi

"ထည္...မင္းတစ္ခုခုျဖစ္ေနတာလား..."

ၿခံထဲဆိုင္ကယ္ ျပင္ေနရာက ဧည့္ခန္းထဲ တီဗြီအေဟာင္း အသစ္ အလဲအလွယ္လုပ္ေနေသာ ေျပခန္႔ထည္နိုင္ အားအခန္းထဲအတင္းဆြဲေခၚလာကာ ေမးလိုက္ေသာ ခန္႔ေတဇကို ၏အသံျဖစ္သည္...

"ဟမ္...ဘာမွမျဖစ္ပါဘူး..."

"ေသခ်ာလို႔လား..."

"..."

"..."

"မင္း...ကေလးလိုခ်င္လား...ဇ..."

"ဟား...ဘာမ်ားလဲလို႔ကြာ...ဒီကိစၥေၾကာင့္ ခရီးကျပန္ေရာက္ကတည္းက မ်က္ႏွာမေကာင္းျဖစ္ေနတာလား..."

"..."

မွတ္မွတ္ရရ ရန္ကုန္သို႔ပါးပါးေဆးျပသြားရာမွ ကိုေနတို႔ႏွင့္ေတြ႕ဆုံအၿပီးတြင္ ထည္ တစ္ေယာက္သိသိသာသာ စကားနည္းသြားျခင္းျဖစ္သည္...ပုံမွန္ဆို ထည္ ကတိတ္ဆိတ္တတ္သူျဖစ္ၿပီး တစ္ခုခုဆိုပြင့္ပြင့္လင္းလင္း ေျပာတတ္သူမို႔ အခ်ိန္အေတာ္ၾကာေစာင့္ေနမိေသးသည္...ထူးျခားမလာတာမို႔ အဆုံးတြင္ေတာ့ ဇ ကိုယ္တိုင္အစဆြဲထုတ္ရျခင္းျဖစ္သည္...

"ငါေျပာတာနားေထာင္...ထည္..."

အခန္းဝတြင္မတ္တပ္ျဖစ္ေနသည့္ ထည့္ လက္အားဆြဲကာ ကုတင္ေပၚေနရာခ်ေပးရင္း ဇ ပါေဘးနားအတူဝင္ထိုင္လ်က္စကားဆိုရေတာ့သည္...

"မင္းေရာ ငါေရာ ဘယ္လိုေမြးဖြားလာတာမို႔လဲ...ကေလးလိုခ်င္တယ္ဆို ပြင့္ပြင့္လင္းလင္းေျပာမွာေပါ့...ဒီကိစၥက အခ်ိန္အၾကာႀကီး မင္းမ်က္ႏွာမေကာင္းရေလာက္ေအာင္ထိ အေရးပါမေနဘူးေလ..."

"..."

"ငါေျပာတာသေဘာေပါက္လား..."

"အင္း..."

"တခ်ိဳ႕ဟာေတြကို ေခါင္းထဲအရမ္းထည့္ၿပီး အေတြးမလြန္နဲ႔...ထည္..."

"..."

"အမွန္ဆို ကေလး လိုခ်င္တာ မလိုခ်င္တာထက္ မင္း ငါ့ကို လိုခ်င္ မလိုခ်င္က ပိုအေရးမႀကီးဘူးလား..."

"မင္း အပိုေတြမေျပာနဲ႔..."

"ဟားဟား...အတည္ေျပာတာပါ...ငါတို႔လက္ထပ္ၾကေတာ့မလား ထည္...လက္ထပ္စာခ်ဳပ္မွာ တရားဝင္လက္မွတ္ထိုးၿပီးေလ..."

စကားအဆုံးမွာေတာ့ ထည္ ကေတာ္ေတာ္အံ့ဩသြားပုံေပၚသည္...မေမၽွာ္လင့္ထားသည့္စကားကို ၾကားလိုက္ရသလို မ်က္ဆံၾကည္ၾကည္ေတြဟာဝိုင္းစက္လ်က္ ဇ အားေငးေမာၾကည့္လာသည္...အေျခအေနကေတာ့ လက္ထပ္ခြင့္ေတာင္းတဲ့အေနအထားျဖစ္ေနေပမဲ့ လူေတြကေတာ့ ခမ္းနားမေနပါ...မနက္ေစာေစာ ျပင္ဦးလြင္ကဆင္းလာတဲ့ ပါးပါးတို႔နဲ႔အတူ မနက္စာထြက္စားအၿပီး ဆိုင္ကယ္ျပင္ဖို႔နဲ႔တီဗြီဆင္ဖို႔ လုပ္ေနၾကတာမို႔ ႏွစ္ေယာက္ကိုယ္ေပၚမွာ ျမင္းေခါင္းစြပ္က်ယ္အျဖဴကိုယ္စီသာရွိသည္...ထည္က အားကစားေဘာင္းဘီတိုဝတ္ထားၿပီး ဇ ကေတာ့ ေရလဲပုဆိုးအား ခါးပုံရွည္ရွည္ျဖင့္ ခပ္တိုတိုဝတ္ထား႐ုံသာ...

"ငါတို႔က စာရြက္စာတမ္းေတြနဲ႔ခ်ည္မွ ျမဲမွသံေယာဇဥ္မွမဟုတ္ဘဲ..."

"ငါ့ကို မင္း မခ်ည္ေႏွာင္ခ်င္ေလာက္တဲ့ အျပဳအမူေတြလုပ္ခဲ့ေပမဲ့ မင္းကိုေတာ့ ပုံစံမ်ိဳးစုံနဲ႔ တကယ္တပ္မက္ပါတယ္...လက္တြဲေဖာ္အေနနဲ႔ေရာ ညီအစ္ကိုအေနနဲ႔ေရာ သူငယ္ခ်င္းအေနနဲ႔ေရာ..."

"..."

"မင္းဘက္ကအဆင္သင့္မျဖစ္ေသးရင္လည္း ငါေစာင့္နိုင္ပါတယ္..."

"အဲလိုမဟုတ္ပါဘူး...ငါ...ငါက မင္းကိုမခ်ည္ေႏွာင္ရက္ေလာက္ေအာင္ျမတ္နိုးတာမို႔...တစ္ခ်ိန္ခ်ိန္မွာတကယ္လို႔မ်ား မင္းစိတ္ေျပာင္းခဲ့ရင္..."

"အဲလိုကိစၥမ်ိဳးရွိမလာနိုင္တာမို႔ ငါ့ကိုယုံၾကည္ၿပီးလက္ထပ္ပါ...မင္းေျခေထာက္ေပၚမင္းရပ္တည္နိုင္တာသိေပမဲ့ ငါ့ကိုမင္းအိမ္ေထာင္ဦးစီးျဖစ္ခြင့္ေပးပါ...အိမ္ေထာင္ရဲ့ အခ်ဳပ္အျခာအာဏာကိုေတာ့မင္းကိုပဲအပ္ပါ့မယ္..."

"ဟား...ဇ ေရ..."

ဇ စကားအဆုံးမွာေတာ့ ထည္ တစ္ေယာက္အင္မတန္သေဘာက်သြားပုံေပၚသည္...ရယ္သံစြက္လ်က္ ဇ ဆံပင္ေတြၾကားလက္ထိုးကာဖြလာသည္...

"..."

"ဒီရက္ပိုင္း အလုပ္ေတြဖိလုပ္ေနရင္း ဦးေႏွာက္ထိသြားသလား..."

"အိမ္ေထာင္ျပဳဖို႔ အလုပ္ႀကိဳးစားေနတာ...ျမန္ျမန္ေခါင္းၿငိမ့္လိုက္ေတာ့..."

"ဇ မင္း တကယ္ႀကီးလား..."

"ႏွစ္ခါမေျပာဘူး...ေျပခန္႔ထည္နိုင္...ဒီဝါကၽြတ္ရင္လက္ထပ္မယ္..."

အမွန္လဲ ဒီရက္ပိုင္းေတြ ဇ ကအလုပ္ပိုလုပ္လာသည္...အစကေတာ့ အသက္နည္းနည္းရလာလို႔ တည္ၿငိမ္လာတာပဲျဖစ္မည္ဟုထင္ေသာ္ျငား ဒီလိုအေတြးမ်ိဳးရွိေနလိမ့္မည္ဟု ထည္ တစ္ေယာက္မထင္ခဲ့ပါ...

"အင္း...လက္ထပ္ၾကတာေပါ့..."

မြ...

သေဘာတူညီမွုအဆုံးတြင္ ထည့္ ပါးေပၚစိုက္ပ်ိဳးခံလိုက္ရသည့္ ဇ ၏အနမ္းတစ္ခင္း...ထည္ ကေတာ့ခပ္ဟဟရယ္လ်က္ သေဘာက်ေန႐ုံသာ...

"မင္းက ဒီေကာင့္အပိုင္ျဖစ္ေတာ့မွာ..."

ထိုအခ်ိန္ ထည့္ မ်က္ဝန္းေတြထဲျဖတ္သန္းသြားေသာ အရိပ္တစ္စုံ...ပါးလ်ပ္ေသာ ဇ ကခ်က္ခ်င္းသေဘာေပါက္စြာ သြားခ်င္တဲ့စကားဝိုင္းဆီဦးတည္သည္...

"ထည္...မင္းကိုပြင့္ပြင့္လင္းလင္းေတာင္းဆိုခ်င္တာတစ္ခုရွိတယ္..."

"အင္း..."

"..."

"..."

"Sex ကိစၥနဲ႔ပတ္သက္ၿပီး ငါ့ကိုမရွက္ပါနဲ႔...ဒါမ်ိဳးကိစၥဆိုတာ တစ္ေယာက္တည္းကပဲ အဆုံးစြန္ထိ သာယာမွုရၿပီး တျခားတစ္ေယာက္ကေတာ့ ဘာျဖစ္ျဖစ္ဆိုၿပီး လုပ္သင့္တဲ့ဟာမ်ိဳးမဟုတ္ဘူးေလ...မင္းငါ့ကိုခ်စ္လို႔ ဦးစားေပးတာ သိပါတယ္...တခါတေလက် ငါ့ဘက္က အရမ္းတပ္မက္ေနေတာ့ မင္းဘက္ကိုမၾကည့္လိုက္မိသလိုျဖစ္သြားတာေတြရွိတယ္..."

"..."

"အဲ့လိုေတြမျဖစ္ေအာင္ငါ့ဘက္ကဆင္ျခင္ပါ့မယ္...မင္းဘက္ကလည္းငါ့ကို အခုထက္ပြင့္လင္းေပး...စိတ္မပါရင္ျငင္းလိုက္တာမ်ိဳး...ငါ့ဘက္ကၾကမ္းမိသြားရင္ ခ်က္ခ်င္းရပ္ပစ္ဖို႔ေျပာတာမ်ိဳး..."

ဇ နဲ႔ ထည္ ၾကား ဒီကိစၥေတြစတင္လာတာဟာ ဆယ့္ရွစ္ႏွစ္ျပည့္ၿပီး နိုင္ငံျခားတြင္ေက်ာင္းတက္ေနစဥ္ကတည္းကျဖစ္သည္...အစပိုင္းကေတာ့ ကေမာက္ကမ ေတြျဖစ္ခဲ့ေပမဲ့ ေနာက္ပိုင္းက် အေတြ႕အၾကဳံရလာကာ အဆင္ေျပခဲ့သည္...သို႔ေသာ္ျငား ထည္ က ဇ ကို သူကိုယ္တိုင္ စိတ္ပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစ ဦးစားေပးခဲ့တာခ်ည္း...ဒါကို သတိထားမိလာတဲ့ ဇ က ထည့္ သဘာဝကို နားလည္ေအာင္ႀကိဳးစားခဲ့သည္...ထည္ က စိတ္ဒဏ္ရာရေနတာမ်ိဳး မဟုတ္သည့္တိုင္ သူ႔ပင္ကိုသေဘာအရကိုက ၾကမ္းတမ္းတာမ်ိဳးေတြ မႀကိဳက္သည့္လူသားျဖစ္သည္...လူငယ္သဘာဝအရ စူးစမ္းျဖစ္ၾကသည့္ ဇာတ္ကား ဒါမွမဟုတ္ စာအုပ္စာေပေတာင္ ၾကမ္းတမ္းတာေတြဆိုေရွာင္တတ္တာမ်ိဳး...သူကိုယ္တိုင္က တျခားသူေတြအေပၚ ဆက္ဆံတဲ့အျပဳအမူဟာ ေႏြးေထြးညင္သာသလို သူ႔ကိုလည္း ထိုသို႔ဆက္ဆံတာႀကိဳက္သည့္ပုံမ်ိဳးပင္...ဇ ကေတာ့ထိုကိစၥနဲ႔ပတ္သက္လၽွင္ အနည္းငယ္ၾကမ္းခ်င္သည္...အလြန္အက်ဴးမဟုတ္သည့္တိုင္ အေခ်ာအလွတိုင္းကိုမဟုတ္ဘဲ ထည္ တစ္ဦးတစ္ေယာက္တည္းကိုမွ နက္နက္နဲနဲ ထိခ်င္ေတြ႕ခ်င္ ေျပာခ်င္ဆိုခ်င္ ေနတာမ်ိဳး...သို႔သည့္တိုင္ ဇ ဟာလည္း မလြန္ကၽြံရေတာ့ဘာအေရးလဲ ခ်စ္တဲ့သူ အလိုမက်တာကို မလုပ္မိေအာင္ ႀကိဳးစားေျပာင္းလဲခဲ့သည့္ ေနာက္လည္းလိုအပ္လၽွင္ေျပာင္းလဲေပးဦးမည့္ လူသားျဖစ္သည္...

"အင္း..."

"..."

"ဒီကိစၥနဲ႔ပတ္သက္ၿပီး အျမဲတမ္း မင္းအလိုက်ခ်ည္းမျဖစ္နိုင္သလို ငါ့အလိုက်ခ်ည္းလည္း မျဖစ္နိုင္ဘူး ဇ...အဲ့ေတာ့ မင္းေျပာသလို ငါ့ဘက္က ျဖစ္ခ်င္တာေတြရွိရင္ ပြင့္ပြင့္လင္းလင္းေျပာမယ္ မင္းဘက္ကလည္းေျပာေပါ့..."

ဇ လိုခ်င္တာဒါပဲျဖစ္သည္...အိမ္ေထာင္တစ္ခုမွာ တစ္ဦးတစ္ဖက္တည္းရဲ့ ဆႏၵကိုအျမဲတေစလိုက္ေလ်ာဖို႔ဆိုတာရာႏွုန္းျပည့္မျဖစ္နိုင္ပါ...ႏွစ္ဦးႏွစ္ဖက္ညႇိႏွိုင္းေဆြးေႏြးကာ နားလည္မွုယူျခင္းသာလၽွင္ အေကာင္းဆုံးေျဖရွင္းနည္းျဖစ္သည္...

"အခုေတာ့ အနမ္းေတြအရမ္းေပးခ်င္ေနလို႔ အနားလာပါဦး..."

"မင္း..."

ေျပာလည္းေျပာ အိပ္ယာေပၚကိုဆြဲလွဲလိုက္တာမို႔ ထည့္ မွာစကားမဆုံးေတာ့...ႏွုတ္ခမ္းေတြေပၚ အခ်ိန္အေတာ္ၾကာ ထိလိုက္ခြါလိုက္လုပ္ရင္း လည္ပင္းသားေတြဆီေခါင္းတိုးဝင္ကာ ပြတ္တိုက္နမ္းရွိုက္သည္...

"ေတာ္ေတာ့...ပါးပါးေရာက္ေနတာ...အနားမွာေနေပးရဦးမယ္ေလ..."

"အင္း..."

"..."

"မင္း မၾကည္ျဖဴရင္ အနမ္းတစ္ခုကအစ ငါ့ဘက္က ဆင္ျခင္ပါ့မယ္..."

"ေက်းဇူးပဲ...ဇ..."

ထည္ ၏ထိုေက်းဇူးတင္စကားသည္ ရင္ထဲမွလွိုက္လွိုက္လွဲလွဲလာေသာစကားျဖစ္သည္...လက္ထပ္ဖို႔ ဆႏၵရွိေသာ္ျငား ဇ အတြက္ အေႏွာင္အဖြဲ႕ျဖစ္မွာမို႔စိတ္ေတာင္မကူးခဲ့ပါ...သို႔တိုင္ ဇ ဘက္က အိမ္ေထာင္သည္ဘဝအတြက္ ႀကိဳးစားေနမွန္းသိေတာ့ဝမ္းသာရသည္...ေလာကႀကီးမွာ ခ်စ္တဲ့သူနဲ႔ ထူေထာင္ရတဲ့ အိမ္ေထာင္တစ္ခုကို စိတ္ကူးလိုက္႐ုံျဖင့္ ရင္ခုန္ၾကည္ႏူးရသည္မဟုတ္လား...

မြ...

ထည့္ နဖူးေပၚက်ေရာက္လာသည့္ ေနာက္ဆုံးအနမ္း...ထိုသို႔ျဖင့္ ေျပခန္႔ထည္နိုင္ ၏မ်က္ႏွာမေကာင္းျခင္းအျဖစ္အပ်က္သည္ ခန္႔ေတဇကို ၏အနမ္းမ်ားစြာ လက္ခံရရွိျခင္းျဖင့္ ဆုံးခန္းတိုင္ခဲ့ရသည္...
.
.
.
.
.
"ဘာေတြႀကိတ္ျဖစ္ၾကသလဲေတာ့ မသိဘူး...ေသခ်ာတာေတာ့ မင္းသားႏွစ္ေကာင္ျပန္အဆင္ေျပသြားၿပီ...ပိုက္..."

ဦးနိုင္တစ္ေယာက္ မုံရြာဘက္က သူငယ္ခ်င္းဆီ ခရီးသြားဖို႔ အေၾကာင္းဖန္လာတာမို႔ ပိုက္ လည္းျပင္ဦးလြင္ကေန မႏၲေလးသို႔လိုက္လာျခင္းျဖစ္သည္...ခရီးပန္းမွာမို႔ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ခရီးအဆုံးထိေတာ့ လိုက္ခြင့္မရရွာပါ...မိသားစု နားရက္မို႔ ေအးေအးလူလူ ၿခံထဲက သစ္ပင္ေအာက္ထိုင္ၾကရင္း စာအုပ္ေလးဖတ္လိုက္ သားႏွစ္ေယာက္ကိုၾကည့္လိုက္လုပ္ေနရာက 'ကေလးေတြတစ္ခုခုျဖစ္ထားၾကတယ္နဲ႔တူတယ္' ဟုပိုက္ဆီကအသံထြက္လာသည္...ထြက္ဆို ဆိုင္ကယ္ျပင္ေနတဲ့ သားေတာ္ေမာင္ဆီက ဂြေတြေဆာင့္ခ်သံေရာ ေတာက္ေခါက္သံေတြေရာ ညံေန၍ပင္...သို႔ေသာ္ သိပ္မၾကာလိုက္ပါ...လွစ္ခနဲဆို ေပ်ာက္ထြက္သြားၿပီး ျပန္ေပၚလာေတာ့ ခါးပုံစတရမ္းရမ္း သီခ်င္းတေအးေအးျဖင့္ ျပင္လက္စဆိုင္ကယ္ကို ဟိုႏွိုက္ဒီႏွိုက္လုပ္ၿပီး ခဏတြင္းဆိုသလို ၿပီးစီးသြား၍ ေဒးတစ္ေယာက္ ထိုစကားဆိုလိုက္ျခင္းျဖစ္သည္...

"အင္း...သီခ်င္းေတာင္ဆိုနိုင္ေနၿပီပဲ...စိတ္ပူစရာမလိုေတာ့ပါဘူး..."

စာဖတ္ေနရာကေခါင္းေထာင္ၾကည့္ေသာ ပိုက္ သည္ မ်က္စိေရွ႕ ျမင္ေနရေသာ ဇ အားအေတာ္ၾကာအကဲခတ္ၿပီး ေဒးအား တုံ႔ျပန္စကားဆိုေလသည္...

"ထည္...ငါေနမပူခင္ ေန႔ခင္းစားဖို႔ သီးစုံဒိန္ခ်ဥ္သြားဝယ္ေတာ့မလို႔...မင္း တျခားဘာစားခ်င္ေသးသလဲ..."

ခပ္တိုတိုဝတ္ထားတဲ့ ပုဆိုးကို အနည္းငယ္ရွည္ေအာင္ ျပင္ဝတ္လို႔ ဆိုင္ကယ္ေပၚ အသင့္အေနအထားနဲ႔ ဇ က အိမ္တြင္းရွိ ထည့္ ဆီလွမ္းေအာ္ေမးသည္...အထဲမွလူဆီက တုံ႔ျပန္မွုမရေသးခင္ ၿခံထဲရွိ ေဒး နဲ႔ ပိုက္ အၾကည့္ကေတာ့ သူတို႔သားဆီ ေရာက္ရွိေနျပန္ၿပီျဖစ္သည္...သိပ္မေစာင့္လိုက္ရပါ...အျပာေရာင္ ခ်ည္ထည္ရွပ္လက္ရွည္တစ္ထည္ နဲ႔ လၽွာထိုးဦးထုပ္ နက္ျပာေရာင္ေလး ကိုင္လို႔ ၿခံထဲအေျပးဆင္းလာေသာ ထည္...ကိုယ္တိုင္က် ေျခဗလာႏွင့္... အိမ္ဝက ဖိနပ္ေတာင္စီးမလာနိုင္...အကၤ်ီကိုလက္လွမ္းေပးၿပီး ဦးထုပ္က် ကိုယ္တိုင္ေဆာင္းေပးလိုက္သည္...ထိုျမင္ကြင္းကို ၾကည့္မိေနေသာ အေဖႏွစ္ေယာက္မွာ တစ္ေယာက္ကၾကည္ႏူးေနဟန္ ေပၚသေလာက္ တျခားတစ္ေယာက္မွာေတာ့ မနာလိုေနဟန္...

🎵အားကိုးလိုက္စမ္းပါ...ေမေရ...ေမာင္ရွိတယ္...🎵

သီခ်င္းေလးတေအးေအးျဖင့္ ဆိုင္ကယ္ကိုခပ္ေျဖးေျဖးေမာင္းလာရင္း အေဖႏွစ္ေယာက္ေရွ႕ ရပ္သည္...ေနာက္မွာေတာ့ ခပ္ေျဖးေျဖးလမ္းေလ်ာက္လိုက္လာတဲ့ ထည္...

"သား ဒိန္ခ်ဥ္ သြားဝယ္ေတာ့မလို႔ ပါးပါးတို႔ တျခားဘာမွာဦးမလဲ..."

"မမွာေတာ့ပါဘူး...ဆိုင္ကယ္ျဖည္းျဖည္းေမာင္းေနာ္...သားငယ္..."

"ဟုတ္..."

"မင္း ေဖေဖ အတြက္ ပင္မွည့္ဒိန္ခ်ဥ္ဝယ္ခဲ့ အခုတေလာသူအဲဒါပိုႀကိဳက္ေနတယ္..."

"အိုေက...အဲဒါဆိုသြားၿပီ..."

ေဒး ရဲ့အမွာစကားအဆုံး ၿခံထဲကဆိုင္ကယ္ေမာင္းထြက္သြားေသာ ဇ...ေခါက္ရိုးက်ိဳးရာေလးေတြ ေသေသသပ္သပ္ႏွင့္ ခ်ည္ထည္လက္ရွည္ေလးဟာ ေလအတိုးမွာ တလြင့္လြင့္...

"ေဖေဖ ျပန္မေရာက္ေသးဘူးလား..."

"ျပန္လာေနၿပီေျပာတယ္...ခုနကပဲစာရတယ္..."

"ေအာ္...ဒီေန႔ေတာ့ ေန႔လည္စာ လူစုံၿပီေပါ့..."

မနက္တစ္ပိုင္း ေဆး႐ုံသြားရေသာ သိုင္း ျပန္အလာကို ထည္ သည္ ေဒး အားအေမးစကားဆိုရင္း သူ႔ပါးပါး ေျခေထာက္ၾကား ဝင္ထိုင္သည္...ခ်က္ခ်င္းဆိုသလို ဆံပင္ေတြအား ညင္သာစြာပြတ္သပ္ခံလိုက္ရတဲ့ အထိအေတြ႕...အသက္ဘယ္ေလာက္ႀကီးႀကီးလူတိုင္းသည္ မိဘေတြအတြက္ေတာ့ အဖိုးတန္ကေလးမ်ားပင္ျဖစ္ၾကသည္...

~~~2021 အတြက္ Extra ေလးေပါ့~~~

Continue Reading

You'll Also Like

102K 11.5K 94
transition novel
393K 32.1K 32
မျက်ဝန်းညိုတို့ကိုစိုက်ကြည့်မိတဲ့တစ်ခဏ ထိုမျက်ဝန်းတွေထဲကြယ်တာရာများခဏစုဝေး၏ အရည်လဲ့တဲ့မျက်ဝန်းတွေကတောက်ပစွာ ခေါင်းကိုငြိမ့်ကာပြုံးလိုက်ပါသောတစ်ခဏ ...
613K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
323K 14.9K 39
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲလို့ မေးရင် ​​​​မြတ်နိုးရသူရဲ့ လက်လေးကို ဆုပ်ကိုင်ထားခြင်းလို့ ကျွန်တော် ဖြေမယ် ဒါပေမယ့် ထိုလူသားရဲ့ လက်ထဲမှာ ဓားတစ်လက်ရှိန...