Unconditional Love

By Euphoria_Min

329K 36.6K 5.5K

တစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့... More

🍒 1 🍒
🍒 2 🍒
🍒 3 🍒
🍒 4 🍒
🍒 5 🍒
🍒 6 🍒
🍒 7 🍒
🍒 8 🍒
🍒 9 🍒
🍒 10 🍒
🍒 11 🍒
🍒 12 🍒
🍒 13 🍒
🍒 14 🍒
🍒 15 🍒
🍒 16 🍒
🍒 17 🍒
🍒 18 🍒
🍒 19 🍒
🍒 20 🍒
🍒 21 🍒
🍒 22 🍒
🍒 23 🍒
🍒 24 - UNICODE 🍒
🍒 24 -ZAWGYI 🍒
🍒 25 🍒
🍒 26 🍒
🍒 27 🍒
🍒 28 🍒
🍒 29 🍒
🍒Finale (Unicode)🍒
🍀
Extra-1
Extra-2
🍔Fanart🍔

🍒Finale (Zawgyi)🍒

3.3K 165 2
By Euphoria_Min


အနွေးဓာတ်ငယ်လေး တည်ရှိရာအရပ်ဒေသ
၏မနက်ခင်းလေးသည် သာမန်မနက်ခင်း
တစ်ခုထက်ပို၍ အသက်ဝင်လှပနေတတ်
သည်။Jungkookအချစ်ရဆုံးမနက်ခင်းလေး
တွေဟုဆိုလျှင်လဲ မမှားနိုင်...။

ကိုယ့်ဘက်ကမပြည့်စုံမှုကြောင့်သာ လက်
ထပ်ဖို့စောလွန်းသေးတယ်တွေးခဲ့မိပေမဲ့
မနက်ခင်း အိပ်ရာကနိုးတဲ့အချိန် Jiminကို
မတွေ့ရရင်ကို သူမနေတတ်တော့တာ ကြာပြီ။မအိပ်ခင်လဲ Jiminကို ကြည့်ပြီးမှ...။
အိပ်ရာကနိုးနိုးချင်းလဲ Jiminကို မြင်ရမှ။

"ကိုကို နိုးလာပြီ...သက်သာရဲ့လား"

ကုတင်စွန်းလေးမှာ ကပ်ထိုင်ကာ သူ့နဖူးပြင်
ပေါ်က ဆံစတို့ကို ခပ်ဖွဖွသပ်တင်ပေးရင်း
အမေးစကားဆိုလာသည့် ကောင်လေးကို
သက်သာတဲ့အကြောင်း ခေါင်းညိတ်ကာ အဖြေပေးပြီးနောက် ကောင်လေးရဲ့ပေါင်
ကို ခေါင်းအုံးကာ ပြန်ခွေနေလိုက်သည်။

"ဆေးရုံရော သွားနိုင်ရဲ့လား"

"အင်း"

"အဲ့ဒါဆိုထတော့လေ... နောက်ကျနေဦး
မယ်။ ကျွန်တော်လဲ ဆိုင်ကိုသွားတော့မှာ"

"ခဏလေးပါ"

Jimin က ပြတင်းတံခါးဘက်သို့ မျှော်ငေး
ကာ ငြိမ်ငြိမ်လေးထိုင်နေစဉ် Jungkookက
တော့ Jiminရဲ့ ဗိုက်သားချပ်ချပ်လေးနား
သို့တိုးဝင်ကာ ကိုယ်သင်းနံ့လေးကို ငြိမ်သက်
စွာ ခံစားနေလေသည်။

"ကောင်လေး"

"ဗျာ"

"ဖိုးဖိုးတို့က ကိုကိုနဲ့သဘောမတူရင် ဘယ်လို
လုပ်ကြမလဲ"

"သဘောမတူလဲ ကျွန်တော်က ကိုကို့ကို
မထားသွားဘူးဆိုနေ"

လူကြီးတွေဆီခွင့်တောင်းဖို့ နှစ်ဦးသဘောတူ
ပြီးသည့်နေ့ကတည်းက ခဏခဏအမေးခံရပြီး တူညီတဲ့အဖြေကိုပဲ အကြိမ်ကြိမ်ပေးနေရ
သည်မို့ Jiminရဲ့အသံက စိတ်မရှည်တော့
သလို ခပ်စူးစူးလေးထွက်လာသည်။သို့ပေမဲ့
ထားမသွားပါဘူးဆိုသည့်အဓိပ္ပါယ်လေးက
တော့ ချစ်စရာကောင်းစွာပျော်ဝင်နေဆဲ
ဖြစ်သည်။သူ့မှာ ချစ်လိုက်ရတာ။

ထားမသွားပါဘူးလို့ ပြန်ဖြေတတ်တဲ့ ကလေး
ငယ်ရဲ့ အသံလေးက သူ့ကမ္ဘာအတွက် ဘယ်
လောက်အထိတောင် ခွန်အားဖြစ်စေသလဲ
ဆိုတာကို နှိုင်းဆပြဖို့ စကားလုံးပင်ရှာမရနိုင်။

"ခဏခဏအားနာနေရပေမဲ့ အရင်ကတော့
လူကြီးတွေသဘောမတူရင် Jiminနဲ့မဖြစ်မ
နေ ဝေးရမှာလို့တွေးထားခဲ့တာ"

"ကိုကိုက အဲ့လိုပဲဟာ"

သူ့အကြောင်းကောင်းကောင်းသိတဲ့ ကောင်
လေးက မဆိုင်းမတွပဲ ပြန်ပြောလာသည်။

အင်း... ထိုအတွေးနဲ့ပဲ သူ့မှာအိပ်ပျက်ညတွေ
များခဲ့ရသည်။ အကြီးတစ်ယောက်အနေနဲ့
ရော ၊ဘဝပေးအခြေအနေကြောင့်ရော Jimin
နဲ့ပတ်သက်လျှင် သူ့မှာ အစစအရာရာ ချိန်ဆ
တွေးတောနေရသည်ကများသည်။ အတွေး
ထဲမှာတောင် နီးစပ်ခွင့်မရှိခဲ့...။

မျိုးရိုးစဉ်ဆက် ပြည့်စုံစွာနေလာခဲ့ရတဲ့အပြင်
တစ်မိသားစုလုံးရဲ့ အသည်းနှလုံး အငယ်
ဆုံးကလေးလေး...။သူသာကောင်လေးရဲ့
မိဘနေရာမှာဆိုရင်လဲ ဒီလိုကလေးငယ်ကို
ဆွေမရှိမျိုးမရှိ၊ အညတရ တစ်ကောင်ကြွက်
တစ်ယောက်ရဲ့လက်ထဲ ကြည်ကြည်ဖြူဖြူ
ထည့်​ပေးလိုက်နိုင်လိမ့်မည်မထင်။

လူကြီးတွေသဘောမတူလို့ ဝေးကြတဲ့အခါ ခံစားရမည်က တနင့်တပိုးဖြစ်သလို ၊ တစ်
ချိန်ကျလို့ ကောင်လေးများ ဂုဏ်ရည်တူတဲ့
လူတစ်ယောက်ယောက်နဲ့ လက်ထပ်ဖြစ်ခဲ့ကြ
လျှင်လို့တွေးမိလိုက်တော့ သူ့မှာမခံမရပ်နိုင်
အောင် ပူလောင်ရသည်။

မမြင်ရတဲ့ အနာဂတ်က ထိုဂုဏ်ရည်တူသူနဲ့
လဲ သူ့မှာသဝန်တွေတိုနေရသေးသည်။အခု
ရနေတဲ့ Jiminဆီက အကြင်နာမေတ္တာတွေ
က သူ့အတွက်မဟုတ်တော့ဘဲ တခြားလူအ
တွက်ဆိုတာမျိုးအထိ တွေးကြည့်မိတော့
ရူးမတတ်ပင်။ ဒီလိုလဲ တစ်ယောက်ထဲ သဝန်
တို၍ ပူပန်နေချင်စရာကောင်းလောက်အောင်
ပင် အနွေးဓာတ်ကလေးက စွဲမက်ချင်စရာ
ကောင်းနေသေးသည်။

"ကိုကို့ကိုမှ လက်မထပ်ရရင် ကျွန်တော်တော့
သေရမယ်ထင်ပါတယ်ဗျာ" ဟူ၍ ရွှတ်နောက်
နောက်ပြောတတ်သည်က Jiminဖြစ်သော်
လည်း ကောင်လေးနဲ့လက်မထပ်ရလို့ သွေးရူး
သွေးတန်းဖြစ်ရမည်က သူကိုယ်တိုင်ပဲဖြစ်
သည်။

Jiminကို ကာကွယ်စောင့်ရှောက်ချင်သည့်
စိတ်ရဲ့တစ်ဖက်မှာ Jiminဆီကပြုစုယုယမှု
နဲ့ လုံခြုံနွေးထွေးမှုတို့ကိုမျှော်လင့်တောင့်တ
နေမိသော Jiminအပေါ်မှီခိုချင်သည့်စိတ်က
လဲ အပြည့်ဖြစ်နေသည်။Jiminနားမှာနေရ
တာ လုံခြုံနွေးထွေးလွန်းလှတယ်။

ပိုင်ဆိုင်ချင်လွန်းလှတယ်ဟူ၍ တဖြည်းဖြည်း
ကြီးလာမိသော သူ့ဘဝရဲ့ပထမဆုံးသော လောဘလေးသည် ထိုကလေးပင်ဖြစ်သည်။

လူကြီးတွေသဘောမတူတဲ့ကြားက လက်တွဲ
ဖြစ်ခဲ့ရင် လူကြီးတွေနဲ့သူ့ရဲ့ကြားမှာ ကလေး
တစ်ယောက်စိတ်မချမ်းမသာဖြစ်ရလိမ့်မည်။
ပြီးပြည့်စုံနေသည့်ကလေးကို သူ့ဘဝထဲဆွဲ
ခေါ်ပြီး မပြည့်မစုံရှင်သန်စေမိမလား... သို့
မဟုတ် ကိုယ့်လမ်းကိုယ်လျှောက်ကြမလား
အကြိမ်ကြိမ်အလီလီတွေဝေနေပေမဲ့ သူ့စိတ်
ရဲ့အားသာရာကို သူပဲအသိဆုံးမို့ သူ့ဘဝသူ
အားမလိုအားမရဖြစ်ကာစိတ်ဖိစီးပြီး ဖျားနာ
ရသည်အထိပင်။

အင်း...ဒီလိုပျော့ညံ့တဲ့ကောင်က Jiminနဲ့မှပဲ
ဖြစ်မှာပါ။

အတွေးကမ္ဘာထဲက ရုန်းထွက်ကာ မော့ကြည့်မိတော့ ကောင်လေးက တိတ်ဆိတ်နေကာ
ပြတင်းတံခါးအပြင်ဘက်ကို ငေးကြည့်နေဆဲ
ဖြစ်သည်။ Jungkookလဲ ကောင်လေးရဲ့
ပေါင်ပေါ်ခေါင်းအုံးပြီး မှေးနေရာမှ ထထိုင်
လိုက်ကာ အဝေးကိုငေးကြည့်နေတဲ့ အဆိုး
ကောင်လေးရဲ့ ပါးဖောင်းဖောင်းလေးနှစ်ဖက်
ကို အမြတ်တနိုးနမ်းရှိုက်ဖြစ်ပြန်သည်။

"ဟွန့်"

ကောင်လေးက နှုတ်ခမ်းကိုစူထော်က ခေါင်း
လေးအောက်ငုံ့သွားသည်။

"ကိုကိုစိတ်ပူနေတာ"

"ဘာကိုတုန်း ! လူကြီးတွေသဘောမတူတာနဲ့
ထားခဲ့ဖို့တွေးထားပြီးမှတော့ ဘာတွေ စိတ်ပူဦးမလို့တုန်း... ဘာမှပူမနေနဲ့။ ကျွန်တော့်
ဘာသာ နောက်တစ်ယောက်ရှာပြီးနေနိုင်
တယ်...ကိုကိုလဲ ကိုယ့်ဘာသာနေတော့ပေါ့"

ဒီလိုတွေပြန်ပြောလိုက်ရမှ ကျေနပ်တာလား
ကွာ...။သူနဲ့ထပ်တူလွမ်းနေဦးမှာ သေချာသည့် ကလေးကသူစိတ်ဒုက္ခရောက်အောင်
တမင်စကားနာထိုးပြီးပြောနေမှန်းသိရဲ့နဲ
တောင် ဝမ်းနည်းနာကျင်နေရသည်။

"Jiminက နောက်တစ်ယောက်ရှာပြီး နေနိုင်
ပေမဲ့ ကိုကိုကတော့ Jimin မရှိရင် မနေနိုင်
လောက်ဘူးထင်တယ်..."

"ထားခဲ့ဖို့စဉ်းစားထားပြီးမှတော့နေနိုင်အောင် နေတတ်ဖို့လဲစဉ်းစားထားပေါ့ ဒေါက်တာရဲ့"

"မစဉ်းစားပါဘူး"

"လာမစနဲ့နော်"

"အဟက်...ဘယ်လိုလဲ?ဖိုးဖိုးတို့သဘောမတူ
ခဲ့ရင်ရော ပိစိကခေါင်မိုးထပ်ကို လိုက်ခဲ့
မှာလား"

လူကြီးတွေသဘောအတိုင်းပဲ ဆက်လုပ်ကြဖို့
သာ အမြဲတစေတွေးနေတတ်သည့် Jung
kookရဲ့စိတ်ကိုသိထားသူပီပီ ယခု မေးခွန်းအတွက် မယုံကြည်နိုင်သည့်မျက်ဝန်း အစုံ
ဖြင့် Jungkookကိုတွေတွေလေးမော့ကြည့်
လာသည်။ ဘာစကားမျှတော့အဖြေ ပြန်မ​ပေးသေး...။

"လိုက်ခဲ့မှာလားလို့... ကိုကိုနဲ့အတူတူ"

"ဘာတုန်း...တကယ်ပြောနေတာလား... ဖိုးဖိုးတို့သဘောမတူလဲ တကယ်ခေါ်ထားမှာလား? ခေါင်မိုးထပ်မှာ ?"

သိချင်စိတ်ပြင်းပြလာတဲ့အချိန်မျိုးမှာ
အရောင်တမျိုးလင်းလက်နေတတ်သော မျက်ပေတုံးလေးရယ်၊ အလိုမကျသေးလို့
အရှေ့ကိုစူထွက်နေတဲ့နှုတ်ခမ်းလေးရယ်၊
အမြဲတစေပြည့်ဖောင်းနေတတ်သော ပါး
ဖောင်းလေးတွေရယ်... ထိုကဲ့သို့ချစ်မြတ်နိုး
ဖွယ်ရာ သင်္ကေတတွေနဲ့ပြည့်နှက်နေတဲ့
အနွေးဓာတ်ငယ်လေးကို သူ့မှာဘယ်လိုစိတ်
နဲ့များ ထားခဲ့ဖို့ ရဲနိုင်ပါ့မလဲလေ။

"အင်း... ကိုယ့်ကလေးလေး နည်းနည်းတော့
ပင်ပန်းရမယ်ထင်တယ်! ကိုကိုနဲ့ဆိုရင်"

စက္ကန့်အနည်းငယ်အတွင်းမှာပင် Jiminက
ခေါင်းလေးကို တဆတ်ဆတ်ညိတ်ကာ-

"လိုက်နေပါမယ်...ခေါင်မိုးထပ်မှာ။ကျွန်တော်
နေတတ်ပါတယ်ဆို။အဲ့ဒါနဲ့ပဲ တစ်ယောက်ထဲသောကတွေများပြီးနေမကောင်းပါဖြစ်ရ
တယ်ပေါ့လေ"

"အဲ့လိုကြောင့်လဲမဟုတ်ပါဘူးကွာ... တောင်း
ပန်ပါတယ်။ ကိုယ်က ပျော့ညံ့တဲ့သူဖြစ်နေလို့
Jiminလေး အများကြီးစိတ်ပင်ပန်းရတယ်
မလား"

ဒီလိုနဲ့ပဲ ကောင်လေးကသူ့ရင်ခွင်ထဲတိုးဝင်
လာပြန်တယ်။

"ကိုကိုက ပျော့ညံ့တဲ့သူမဟုတ်ပါဘူး၊ကျွန်
တော့်အတွက် အများကြီးစဉ်းစားပေးနေလို့
ပင်ပန်းနေရတာမို့ ကျွန်တော်ကပဲတောင်းပန်
ပါတယ်"

လိုချင်တာရသွားတဲ့အချိန်မို့ သူ့ရင်ခွင်ထဲက
ကောင်လေးရဲ့မျက်နှာကပြုံးချိုနေလို့ပါပဲ။
ဒီလိုဆို သူကပိုပြီးစိတ်ချမ်းသာရတယ်။ပိုပြီး
ပိုင်ဆိုင်ချင်လာရတယ်။

"ဟွန်း... ကိုကိုက အေးတိအေးစက်နိုင်သ
လောက် ဟိုလူကြီးတို့အတွဲက သိပ်ပြီးလက်
သွက်တာပဲ"

"ဘယ်လူကြီးလဲ"

"ဘယ်လူကြီးရမလဲ...SeokJin Hyungရဲ့
လူကြီးတို့ပေါ့။ SeokJin Hyungက အဲ့လူ
ကြီးကို ဖိုးဖိုးဆီမှာမိတ်ဆက်ပေးပြီးပြီ...။
ကျွန်တော်က ကိုကို့ကိုအရင်ဆုံးမိတ်ဆက်
ပေးချင်တဲ့ဟာကို"

"အော်... ဟားဟား။ ပြိုင်စရာမဟုတ်တာကို
ကွာ၊အဲ့ဒါကြောင့် ဒီရက်ပိုင်းမျက်နှာမကောင်း
ပဲဖြစ်နေတာကိုး"

Jiminရဲ့ မေးဖျားလေးကို ချစ်စနိုးဖြင့်ခပ်ဖွ
ဖွကုတ်ခြစ်ကာ ဆိုလေတော့ မျက်စောင်းတွေ
တဒိုင်းဒိုင်းထိုးရင်း သူ့ရင်ဘတ်ကို မနာ,နာ
အောင်ပင် အားပြင်းပြင်းနဲ့လှမ်းထိုးလေ
သည်။ဒီကောင်လေး  သူ့အပေါ်အရမ်းလဲ
နိုင်စားလာတာ။ဒါကိုပဲ သူကလဲကျေနပ်နေ
ရတာ...။

"သိသားပဲ... SeokJin Hyungကို အဲ့လူကြီး
က အတင်းပူဆာပြီး ဖိုးဖိုးနဲ့မိတ်ဆက်ပေးခိုင်း
တာနေမှာ။သူကတော်တော်အိုနေပြီမလား
ကိုကိုရဲ့... မြန်မြန်လက်ထပ်ချင်နေတာဖြစ်
မှာပေါ့"

NamJoon Hyungကိုလဲ သူ့ခမျာအခုထိ
မကျေနပ်နိုင်ရှာသေးပေ။

"ကိုကိုလဲ တော်တော်အိုနေပြီမို့ ဒီက ကလေး
လေးနဲ့ မြန်မြန်လက်ထပ်ချင်နေပါပြီကွာ"

"မဖြစ်ပါဘူး... အရင်မိတ်ဆက်ခွင့်ရသွားပေ
မဲ့ ကျွန်တော်တို့ကပဲ အရင်ဆုံးလက်ထပ်ရ
အောင်လုပ်မှာ။ ဖိုးဖိုးတို့ဆီကပြန်လာရင်
အရမ်းအလုပ်ရှုပ်မယ်ထင်တယ်နော် ကိုကို...
ကိုကိုကပဲ ဖိုးဖိုးရဲ့ပထမဆုံးမြေးသမက်လေး
ဖြစ်ရမယ်"

"ဖိုးဖိုးတို့ဆီ မြန်မြန်သွားကြမယ်လေ။ ကိုကို
တောင်းပန်ပါတယ် ၊ နေမကောင်းဖြစ်နေတာ
နဲ့ သွားရမယ့်ရက်ကို ရွှေ့လိုက်ရသေးတယ်
ဖိုးဖိုးတို့သဘောမတူလဲ လက်ထပ်ကြမယ်။
ပိစိကို အပိုင်သိမ်းထားမယ်"

"အင်း... မြန်မြန်အပိုင်သိမ်းထားပါ"

သူ့ဘက်က အချစ်တွေသာစစ်မှန်ခဲ့လျှင်
အနွေးဓာတ်လေး စိတ်ချမ်းသာရမယ့်နည်း
လမ်းမျိုးနဲ့ပဲ သူတို့နှစ်ယောက်ပေါင်းစပ်နိုင်ခွင့် ရရပါစေ။တစ်သက်စာ လိုချင်မိတဲ့
ပထမဆုံးနဲ့နောက်ဆုံးသော တစ်ခုထဲရှိသည့်
တောင်းဆုလေးဖြစ်သည်မို့...။

🍒🍒🍒🍒🍒

နောက်နှစ်ရက်ဆို ဖိုးဖိုးတို့နဲ့သွားပြီးတွေ့ရ
တော့မှာမို့ Jimin တစ်ယောက် အလုပ်တွေ
များနေလေသည်။ အိမ်ကလူကြီးတွေရဲ့
သမားရိုးကျမေးခွန်းတွေအောက်မှာတောင်
စိတ်ထိခိုက်လွယ်နိုင်တဲ့ အားငယ်တတ်သူ
ကိုကို့ရဲ့မျက်နှာကိုမြင်ယောင်ကာ သနားစိတ်
တွေပိုရသည်။ သို့နှင့် အစ်ကိုဖြစ်သူဆီသို့
လှမ်းပြီးတောင်းဆိုရသည်ကလဲ များလှပြီ။

ဒေါက်တာ့ကို အသံမာမာနဲ့စကားမပြောမိဖို့၊
မေမေတို့ ဖိုးဖိုးတို့ဆီမှာ ဒေါက်တာ့ရဲ့ကောင်း
သတင်းလေးတွေ အကြိုပါးထားပေးဖို့၊
ဒေါက်တာအခက်တွေ့စေမယ့် မေးခွန်းတွေ
မမေးမိကြဖို့၊ စသည် စသည်ဖြင့် ဖြစ်နိုင်ချေ
ရှိသမျှကိုပူပန်ကာ အစ်ကိုဖြစ်သူဆီသတိပေး
နေရသည်။

"ဒါပုံမှန်အသံပဲ ဟေ့ကောင်ရေ... ဒီထက်ပျော့
ပြီး ပြောဆို ငါမှမပြောတတ်တော့တာကွာ"

သူနဲ့ဖုန်းပြောနေတဲ့ အစ်ကိုဖြစ်သူရဲ့အသံက
စိတ်ပျက်မှုအပြည့်နဲ့။

"ဒီလိုမျိုး ခဏလေးနဲ့ ဒေါသထွက်လို့လဲမဖြစ်
ဘူးနော်။ဒေါက်တာက အဲ့ဘက်အိမ်မှာလူစိမ်း
လိုဖြစ်နေတော့ မသိတာရှိရင် ရွယ်တူလိုဖြစ်
နေတဲ့ ကိုကို့ကိုပဲ မေးမှာ...ကိုကိုက ဒေါသ
တွေထွက်နေရင် ခက်ရချည်ရဲ့"

အစ်ကိုဖြစ်သူနဲ့ဖုန်းပြောလျှင် ကိုကိုတွေရှုပ်
ပြီး ဘယ်ကိုကို ကိုပြောနေမှန်းမသိတော့ဘဲ
စိတ်ရှုပ်လာပြီ ဆိုပြီးခဏခဏဖုန်းချခံရသ
ဖြင့် ဟိုကိုကို ကို ဒေါက်တာလို့ သတိထားပြီး
ပြောရကာ ဒီကိုကို ကိုတော့ ကိုကိုလို့ပဲ ခေါ်
ရသည်။

"အေးကွာ... မင်းကောင်ပါလာရင် စိတ်မတို
ဖို့နဲ့ စကားချိုချိုသာသာပြောရင်ရပြီမလား။
မင်းကတော်တော်ဖြစ်နေတဲ့ကောင်ဆိုတော့
ဒီအစ်ကိုဖြစ်သူကပဲ ကောင်းကောင်းသတိ
ထားပါ့မယ်"

"အဲ့ဒီလို မင်းကောင်လို့ ပြောတာကိုလဲကြိုပြီး
ဖျောက်ထားဦးနော်။ ဒေါက်တာကြားသွားရင်
မကောင်းဘူးမလား"

"အေးကွာ... ဒီမှာ Park Jimin ရေ ...ငါလေ
ဒီရက်ပိုင်း ငါ့ညီလေး ငယ်ငယ်ရွယ်ရွယ်နဲ့
အိမ်ထောင်သည်ဖြစ်တော့မှာမို့စိတ်မကောင်း
ဖြစ်ပြီး နှမြောနေတယ်။ ငါ့ကို အေးအေးဆေး
ဆေးလေး နှမြောခွင့်ပေးပါလား။ မင်းပြော
တဲ့အချက်တွေကိုလဲ သေချာမှတ်ထားပြီး
ဒီနှစ်ရက်အတွင်းလေ့ကျင့်ထားပါ့မယ်။
နောက်ထပ် ဖုန်းမဆက်နဲ့တော့ ဟုတ်ပြီလား။
မင်းကောင်ကိုပဲ နောက်ထပ်မဖျားမနာအောင်
ဂရုစိုက်လိုက်ဦး...ဒါပဲဟေ့ကောင်ရေ...ဆဲမိ
တော့မယ်"

Jiminဘက်က တုံ့ပြန်သံကိုနားထောင်မနေ
တော့ဘဲ ဦးအောင်ဖုန်းချသွားသည်မို့ နောက်
ဆုံးတောင်းဆိုချင်သည့်ကိစ္စကို စာပို့ပြီးသာ
တောင်းဆိုရတော့သည်။

[ ကိုကိုရေ... ကိုကို့ယောက်ဖလေးကို တစ်နေ
ရာရာ လျှောက်လည်ဖို့ ကိုကို့ဘက်ကစပြီး
အဖော်ခေါ်လိုက်ပါဦးနော် ။ TaeHyungကိုပေးပါ့မယ် ]

ဟူ၍...။

TaeHyungဆိုမှ TaeHyung တစ်ယောက်က
တော့ ဒီရက်ပိုင်းမှ ထူးဆန်းစွာ ဂျစ်တိုက်ပြီး
စိတ်ကောက်နေလေသည်။

"ငါ Jungkookကို ဘာမှတောင် ဒုက္ခမပေး
ရသေးဘူး။ မင်းတို့က လက်တောင်ထပ်တော့
မယ်" ဟူ၍ တိုင်းရင်းဆေးတွေ လက်ဆောင်
ရတုန်းက ကျေနပ်နေခဲ့တဲ့ Kim Tae Hyung နဲ့ကွာခြားစွာပဲ ဂျီတွန်နေသည်။

Jimin အလုပ်ရှုပ်နေမှန်းသိသားနဲ့ ချက်ပြုတ်
စရာတွေ တစ်နေ့တစ်မျိုး မရိုးရအောင်
ဝယ်ချမ်းလာကာ Channelအတွက်ဗီဒီယို
ရိုက်ပေးဖို့ကိုကလေးတစ်ယောက်လို ကပ် တွယ်ပြီး ဂျီကျကာ ခိုင်းစေတတ်သေးသည်။

အင်း...ထားပါတော့။ ပြီးမှပဲ ချော့မော့ရဦး
မည်။

လောလောဆယ် ကိုကို့အတွက် အိတ်တွေပြင်
ဆင်ပေးရဦးမယ်။ အပေါ်ဝတ်အနွေးထည်ကို
ဆင်တူလေးတွေဝတ်ရမယ်ဟူ၍ တွေးထားမိ
သော်လည်း လူကြီးတွေမျက်စိနောက်နေမည်
စိုးသဖြင့် အရောင်တူပြီး ဒီဇိုင်းကွဲတာမျိုးတွေ
သာ ပြင်ဆင်ထားရသည်။

မေမေကတော့ Jiminစိတ်ချမ်းသာဖို့အဓိက
ဖြစ်သည့်အပြင် ကိုကိုကိုယ်တိုင်က
လူကောင်းလေးဖြစ်သည်မို့ သဘောတူပြီး
သားပင်။ပြီးတော့ သားသမီးချင်း ကိုယ်ချင်း
စာကာကိုကို့ရဲ့ဘဝကို ကရုဏာသက်နေသေး
သည်။ဖေဖေကတော့ မေမေ့သဘောမို့ စိတ်ပူ
စရာမရှိ။

ဖိုးဖိုးရဲ့သဘောထားကိုသာ ပြတ်ပြတ်သား
သားမသိရသေးသည်မို့ ရာနှုန်းပြည့်စိတ်
မအေးနိုင်ပေမဲ့ ဖိုးဖိုးလဲ SeokJin Hyungရဲ့
အဖြစ်ကိုနမူနာထားပြီး ဟိုးအရင်ကလိုစိတ်
တွေမရှိနိုင်တော့လောက်ဘူးလို့ ထင်မိသည်။
နှစ်ယောက်အတူတူသွားပြီး နှုတ်ဆက်ဖို့ကို
တောင် လက်ခံခဲ့သည်ဆိုတော့လေ။

ဖိုးဖိုးတို့ သဘောမတူလဲ ကိုကို့နောက်ကို
လိုက်သွားမှာဆိုပေမဲ့ သဘောတူရင်တော့
ပိုကောင်းလိမ့်မယ်။စောစောလက်ထပ်ချင်
ရတဲ့ အကြောင်းအရင်းအမှန်က  ကိုကို့ကိုသူ့အိမ်မှာခေါ်ထားပြီးပြည့်ပြည့်စုံစုံလေး နေစေ
ချင်တာကြောင့်ပါ။ ပြီးတော့ ဒီထက်ပိုပြီး
အထီးကျန်ဆန်မနေစေချင်ဘူး။ဒီထက်ပိုပြီး
သိမ်ငယ်မနေစေချင်ဘူး။ ကိုကို့မှာ မိသားစု
ရှိတယ်ဆိုတဲ့ ခံစားချက်လေးနဲ့ပဲ ရှေ့ဆက်
စေချင်တာ။ ဒါကြောင့် ဖိုးဖိုးတို့ သဘောတူမှ
ပဲ စိတ်ဒုံးဒုံးချနိုင်မှာ...။

ကိုယ့်အတွေးနဲ့ကိုယ် Luggageတွေပြင်ဆင်
နေရာမှ အိမ်ရှေ့ဘက်က ဘဲလ်သံကြားလို့
ထွက်ကြည့်မိသည့်အခါ အရင်ကJimin
မောင်းထုတ်ခဲ့ဖူးသည့် ပန်းဆိုင်ကကောင်
လေးက ခြံဝမှာပါဆယ်ထုပ်တစ်ထုပ်ကိုင်
ထားရင်း ရပ်နေလေသည်။

"အဟက်... မင်းရောက်လာပြန်ပြီ"

"မဂၤလာပါအစ္ကို... ဟဲဟဲ... ဟမ္ဘာဂါ
အိချိနဲ့ အဆင်ပြေသွားကြပြီလား"

မျက်နှာပြုံးချိုသည့် ထိုကောင်လေးကသူ့ကို
ရွှတ်နောက်နောက်နှင့်စနေသေးသည်မို့
သဘောကျကာပြုံးရသေးသည်။

"ဟမ်ဘာဂါအိချိနဲ့အဆင်ပြေတာတော်တော်
ကြာပြီ... မင်းတို့ Gift shopမှာဟမ်ဘာဂါအိ
ချိဖောက်သည်မဖြစ်ခင်ထဲက "

"ဟမ်"

"မဟမ်နဲ့... အခုက ဘာလာပို့ပြန်တာတုန်း"

"အာ... ဒီမှာ ဒါလေးပေးခိုင်းလို့ ဟမ်ဘာဂါ
အိချိက"

ကောင်လေးလက်ထဲက ပါဆယ်ဘူးကို လှမ်း
ယူလိုက်တော့ ကောင်လေးက Jiminကိုပင်
စနောက်နေသေးသည်။

"မိုက်တယ်နော် ဟမ်ဘာဂါအိချိက"

"အဲ့ဒါငါပြောရမယ့်စကားလေ ... ငါ့ဟမ်ဘာ
ဂါအိချိ"

"အဟဲ... ဆောရီးဗျာ... သွားပြီဗျို့"

ကောင်လေးထွက်သွားတော့ Jiminလဲ
ပါဆယ်ဘူးထဲမှာ ဘာတွေများပါလာမလဲ
သိချင်ဇောနှင့် အိမ်ထဲသို့ အပြေးတစ်ပိုင်း
ဝင်ခဲ့လိုက်သည်။

ပါကင်စက္ကူလေးကို ဖြည်ကြည့်တော့ အထဲ
မှာ ဘူးအရှည်လေးနှစ်ဘူးထွက်လာသည်။
တစ်ဘူးကတော့ အရသာအစုံပါဝင်သည့်
တစ်ခါစား ကိတ်မုန့်ထုပ်လေးတွေထည့်ထား
တဲ့ဘူးလေးဖြစ်ပြီး နောက်တစ်ဘူးကတော့
နို့စိမ်းရောင် ဆွယ်တာလေးနှစ်ထည်ထည့်
ထားသည့် ဘူးလေးဖြစ်သည်။

Size အကြီးအသေးသာ ကွာခြားသော
အရောင်တူ ဒီဇိုင်းတူသည့် ဆင်တူဆွယ်တာ
လေးနှစ်ထည်သည် Jiminရဲ့ နှလုံးခုန်သံကို
ပုံမှန်ထက်ပိုမြန်လာအောင် စွမ်းဆောင်နိုင်
ကြလေသည်။ ချစ်ခြင်းမေတ္တာဆိုတာ ဒီလို
မျိုး တစိမ့်စိမ့်တွေးပြီး တသိမ့်သိမ့်ရင်ခုန်
စိတ်လှုပ်ရှားစေတာမျိုးလား...။

ကိုကိုကိုယ်တိုင် ရွေးချယ်ပြီးလက်ဆောင်
အနေနဲ့ ဝယ်ပို့လိုက်တာကြောင့်လဲဖြစ်မည်။
စာအိတ်ကလေးလဲ ပါလာသေးတာမို့ ဖွင့်ဖတ်
ကြည့်သည့်အခါ ချစ်ရတဲ့လက်ရေးသော့
သော့လေးတွေက ဆီးကြိုနေပြန်သည်။

[ ကိုယ့်ကလေးလေးကို ဒီရက်ပိုင်းစိတ်ရှုပ်
အောင်လုပ်မိလို့ တောင်းပန်ပါတယ်။ဖိုးဖိုးတို့
နဲ့တွေ့ဖို့ အားတင်းထားပါ ကိုယ့်အသည်း
လေး ]

စာရွက်လေးကို တယုတယခေါက်သိမ်းကာ
ဒီရက်ပိုင်းအတွင်း နည်းနည်းလေးပြောင်းလဲ
လာသယောင်ရှိသော သန်မာသည့်စိတ်ထား
လေးကို လှမ်းမြင်ရသည်မို့ အလိုလိုနေရင်း
ကြည်နူးနေမိပြန်သည်။

လက်ကိုင်ဖုန်းနဲ့ ၅ မိနစ်လောက်အလုပ်ရှုပ်ပြီး
နောက် နို့စိမ်းရောင်ဆွယ်တာလေးဝတ်ထား
သည့် သူ့ရဲ့ပုံရိပ်လေးတွေသည်လည်း မှတ်
တမ်းတင်ပြီးသားဖြစ်သွားခဲ့ပြီ။ အလှဆုံး
ထင်ရသည့် ပုံလေးတစ်ပုံကို ကိုကို့ဆီပို့ကာ-

[ ကိုကိုပေးတဲ့ အင်္ကျီလေး အရမ်းသဘော
ကျတယ်။ နေ့လည်စာစားချိန် နောက်မကျစေ
နဲ့...ညနေလာကြိုပါမယ် 😚]

🍒🍒🍒🍒🍒

ကိုရီးယားနိုင်ငံကနေ စတင်ထွက်ခွာတဲ့အချိန်
ထဲက စိတ်နဲ့ကိုယ်နဲ့မကပ်တော့တဲ့ ကိုကို
တစ်ယောက်ဟာ Los Angeles အပြည်ပြည်
ဆိုင်ရာ လေဆိပ်ထဲသို့ ခြေချလိုက်သည်နှင့်
ပင် စိတ်လှုပ်ရှားမှုအရိပ်အရောင်တွေ တဟုန်
ထိုးမြင့်တက်လာသယောင်ရှိသည် ။ခပ်ဖွ
ဖွဆုပ်ကိုင်မိလိုက်တဲ့ လက်ဖျားလေးတွေက
လဲ အေးစက်လို့နေသည်။

ဒါတောင် ဖေဖေ၊မေမေတို့နှင့် ဖုန်းထဲကနေ
စကားပြောဖြစ်ခဲ့ကြပြီးပြီ။ ဖိုးဖိုးက လာစရာ
ရှိတာလာခဲ့ကြ၊ သဘောတူ /မတူကို ဒီရောက်
မှပြောမယ်ဆိုသဖြင့် အခုလိုစိတ်သောက
များနေရခြင်းဖြစ်သည်။ ကြံဖန်ပြီးတွေးပူ
တတ်တဲ့ကိုကိုကတော့ "ဒီအတိုင်းငြင်းရတာ
အားနာလို့များ ဟိုအထိခေါ်ပြီးမှ ငြင်းမလို့
လားမသိဘူးနော်"ဟူ၍ ပေါက်ပေါက်ရှာရှာ
တွေ တွေးပူနေသေးသည်။

"ကျွန်တော်တို့ အဆိုးဆုံးအခြေအနေထိ တွေး
ထားပြီးပြီပဲဟာ... အရမ်းစိတ်မလှုပ်ရှားနဲ့နော်
ကျွန်တော် ကိုကို့အနားကနေ ထွက်မသွား
ဘူးလေ"

ဟူး...ခနဲသက်ပြင်းချကာ ခပ်ဖြည်းဖြည်း
ခေါင်းညိတ်ပြတဲ့ အသက်၂၉နှစ်အရွယ်
ဆရာဝန်လေးက ကလေးငယ်လေးလိုပဲ
အပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းလွန်းနေ
တယ်။ နောင်တမရချင်စရာလေးပါပဲ။

"စိတ်လျှော့ထားပေမဲ့  ယောက်ဖက လာ
ကြိုပေးမှာဆိုတော့ အရမ်းစိတ်လှုပ်ရှား
နေတာဘယ်လိုနှုတ်ဆက်ရမှန်းတောင် မ
သိတော့ဘူး...အမှားပါမှာစိုးနေတာ"

ဇီးရွက်လောက်ပဲရှိတော့တဲ့ ချစ်ရသူရဲ့မျက်
နှာအနေအထားကြောင့် Jiminကိုယ်တိုင်ပင်
ဘာဆက်လုပ်ရမှန်းမသိအောင် စိုးရိမ်စိတ်
တွေဝင်လာသလို...။ သူ့အတွက် ဒီလောက်
အထိခက်ခဲနေရှာပါလား ဆိုသည့် အသိ
နှင့်အတူ စိတ်မကောင်းဖြစ်ရသည်။

"လာပါဦးကိုကိုရယ်... "

လူရှင်းတဲ့ လျှောက်လမ်းနေရာမှာ ရပ်တန့်
လိုက်ကာ သူ့ထက်ခေါင်းတစ်လုံးစာအရပ်
မြင့်တဲ့ ကိုကို့ကို ပွေ့ဖက်လိုက်သည်။ကျော
ပြင်လေးကို ခပ်ဖွဖွပွတ်သပ်ပေးတော့လဲ
ကလေးငယ်လေးလိုငြိမ်သက်နေရှာသည်။

"ကိုကိုအဆင်မပြေရင် ကျွန်တော်တို့ တခြား
မှာပဲ တည်းပြီးပြန်ကြမယ်။ ကျွန်တော့်
အစ်ကိုကိုပဲ ခဏတွေ့ပြီး အကျိုးအကြောင်း
ပြောပြီး နှုတ်ဆက်ရုံပဲလုပ်ကြမယ်လေ။
ကျွန်တော့်ဒေါက်တာ စိတ်ပင်ပန်းနေလို့တော့
မဖြစ်ဘူးဗျ"

"ဒီအတိုင်းပဲ... တွေ့ရဖို့နီးလာလို့ ဒီအတိုင်း
စိတ်လှုပ်ရှားတာပါ။ ကိုကိုအဆင်ပြေပါတယ်"

Jiminဘေးနားမှာရှိနေလို့ သူတကယ်ပဲ
အဆင်ပြေပါတယ်။

"အင်းပါ...ကိုကိုအဆင်မပြေရင် ကျွန်တော်
ဘာမှဆက်မလုပ်ဘူးနော်၊ ကတိပေးထားပြီး
သားဆိုပေမဲ့ ဖိုးဖိုးတို့မေမေတို့က ကျွန်တော်
မသိအောင်တစ်ခုခုပြောတာမျိုးရှိလာမှာစိုး
လို့...အဲ့ဒါမျိုးရှိလာရင် ကျွန်တော့်ကို အကုန်
ပြန်ပြောပြမယ်ဆိုတဲ့ကတိကို တည်မယ်မ
လား"

ပခုံးထက်ကိုမှီတွယ်ထားသည့် ဦးခေါင်းလေး
က အနည်းငယ်လှုပ်ရှားသွားသည်ကို ခံစား
မိပြီးသည့်နောက်တွင်တော့ ကိုကိုက Jimin
ရဲ့လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်
ကာ-

"သွားကြမယ်လေ... ကိုကိုအဆင်ပြေပါပြီ"

"အာ... ဟိုးမှာ ကျွန်တော့် ကိုကို"

အပြင်ဘက်မှာ စောင့်နေတဲ့ အစ်ကိုဖြစ်သူကို
တွေ့တော့ ဝမ်းသာအားရနှင့် ညွှန်ပြရင်း
Jungkookလက်ကိုဆွဲကာ ခပ်သုတ်သုတ်
လျှောက်လေသည်။ ဓာတ်ပုံတွေထဲမှာ မြင်ဖူး
နေကျဖြစ်တဲ့ ကလေးရဲ့အစ်ကိုက ကလေး
ထက် အသားပိုဖြူပြီးတော့ မျက်နှာထားက
တည်တည်တံ့တံ့ရှိသည်။

"အငယ်ဆုံးလေး ရောက်လာပါပြီ။ ဟဲဟဲ
နာမည်တွေကြားဖူးပြီးသားဆိုတော့ထွေထွေ ထူးထူး မိတ်ဆက်မပေးတော့ဘူးနော်... ကိုကို
က ဒေါက်တာ့ထက်၅လလောက်ပိုကြီးတယ်။
အဆင်ပြေသလိုခေါ်ကြပါ"

"တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ...Jeon
Jungkookပါ"

"တွေ့ရတာဝမ်းသာပါတယ်။ Jungkook
နာမည်ကတော့ ဖုန်းပြောရင်မကြားချင်မှ
အဆုံးပဲ "

"ကိုကိုနော်"

ကိုကိုနော်...ဆိုသည့်အသံနှင့်တပြိုင်နက်ထဲ
ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချကာ သူ့
အစ်စကိုကို မကျေနပ်သလိုမော့ကြည့်လေ
သည်။ ဒါက အစ်ကိုဖြစ်သူအပေါ် မကျေနပ်
ကြောင်း စိတ်ကောက်ပြတဲ့ပုံစံပေါ့လေ။
အစ်ကို့ဖြစ်သူရဲ့ အသည်းကျော်လေးဖြစ်
နေရတာလဲ မထူးဆန်းပါဘူး။

"ဟေ့ကောင် ငါဘာပြောရသေးလို့လဲ...ငါတို့အိမ်မှာ သူ့ကိုကောက်ကွေးလို့ခေါ်ကြတာလေ"

ယောက်ဖဖြစ်သူက Jungkookဘက်ကိုပါ
လှည့်ပြီး အိမ်ကဆူညံပူညံလေးအကြောင်း
ကို ပြောပြလေသည်။အိမ်ကို ဘယ်လောက်
တောင် နားပူနားဆာလုပ်ထားတယ် မသိဘူး။

ယောက်ဖဖြစ်သူရဲ့ ဖော်ဖော်ရွေရွေကြိုဆို
ပေးမှုရယ်၊ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ဒီကလေး
ရဲ့ မိသားစုအပေါ် ဂျီကျချွဲနွဲ့တဲ့ပုံရိပ်လေး
တွေကို မြင်တွေ့ခွင့်ရတော့မှာရယ်ကြောင့်
မို့ ခရီးစဉ်တစ်လျှောက်လုံး စိုးရိမ်ပူပန်လာခဲ့သမျှသည်လဲ တည်ငြိမ်စပြုပြီး ကြည်လင်
လာသလိုရှိသည်။

Jungkookတို့ကို လှမ်းတွေ့လိုက်သည့် အ
ချိန်ထဲက ညီဖြစ်သူဆီကနေ အကြည့်မလွှဲ
နိုင်ဘဲ ပြုံးတုံ့တုံ့နဲ့စနောက်နေသည့် အစ်ကို
ဖြစ်သူကို ကြည့်ခြင်းဖြင့် ညီလေးအပေါ်
ဘယ်လောက် သံယောဇဉ်ကြီးသလဲဆိုတာ
ကို ဘေးလူဖြစ်တဲ့ Jungkookပင် ခံစား
ကြည့်လို့ရသည်။

"တစ်ခုခု စားချင်သေးလား Jungkook"

"ကျွန်တော်က မစားချင်သေးပါဘူး။ Jimin
ဗိုက်ဆာနေမလားမသိဘူး"

ဆောင့်ကြောင့်ထိုင်ပြီး သူ့အစ်ကိုကို ပေကပ်
ကပ်ဖြင့် ကြည့်နေသေးတဲ့ ထိုကလေးက
မျက်ခုံးနှစ်ဖက်ကို ထိကပ်တော့မတတ် တွန့်
ချိုးထားကာ အောက်နှုတ်ခမ်းကိုလဲ ဖိကိုက်
ထားသေးသည်။

"အဲ့ကောက်ကွေးကို ဒီမှာပဲ ထားခဲ့လိုက်။
တစ်ညလုံး စိတ်ကောက်နေပါစေ... ဟား
ဟား"

အစ်ကိုဖြစ်သူက Jungkookလက်ထဲက
Luggageတွေကို ကူသယ်ပေးကာ အရှေ့
ကနေထွက်သွားသည်အထိ ကောက်ကွေးဆို
သည့် သူ့အသည်းကျော်ကတော့ ထိုင်နေရာ
က မထသေးပေ။ထိုကလေးရဲ့ဘေးနားကို
သွားရပ်ကာ အရောင်ပြန်ဆိုးထားသော
နက်မှောင်မှောင် ဆံပင်လေးကိုဆွဲဖွလိုက်
သည်။

"အစ်ကိုက စတာကို မဆိုးရဘူးလေ"

ဆောင့်ကြောင့်ထိုင်နေရင်းက သူ့ဘက်ကို
မော့ကြည့်လာကာ သက်ပြင်းသေးသေးလေး
ချသည်။

"အင်း... စနေတာမို့ ကိုကိုစိတ်မကောင်းမဖြစ်
ရဘူးနော်"

"ဒါလေးပြောတာ ကိုကိုက ဘာဖြစ်ရမှာလဲ
ကွာ... အဟက် အိမ်ကိုဘယ်လောက်တောင်
ဆူညံပူညံလုပ်ထားလဲ မှန်မှန်ပြောစမ်း"

ဘာမှမလုပ်ထားပါဘူးဆိုသည့်ပုံစံနှင့် ခေါင်း
ကို တသွင်သွင်ခါယမ်းပြသည်။ချစ်ဖို့ကောင်း
တဲ့ လူလိမ်လေးပဲ။

"ထလေ... ဒီမှာတစ်ညလုံးနေမလို့လား"

သူကလက်ကမ်းပေးတော့မှ သူ့လက်ကို
လှမ်းဆွဲကာ ထိုင်နေရာမှ ထသည်။

"ငါသိနေတယ်...မင်းတို့နှစ်ကောင် ဒီလိုတွေ
အကဲပိုတတ်တာ TaeHyungလှမ်းပြောပြ
ထားလို့ ငါအကုန်သိနေတယ်။ ဒါကြောင့်
အိမ်မှာ အခန်းကိုခပ်ဝေးဝေးထားပြီးပြင်
ဆင်ပေးထားတာ"

ဘယ်ကဘယ်လို ပြန်ရောက်လာမှန်းမသိတဲ့
ယောက်ဖဖြစ်သူက ခပ်လှမ်းလှမ်းကနေ
ခါးထောက်ကာကြည့်ရင်း ပြောနေသံကိုကြား
တော့မှ Jungkookလဲယောင်ယမ်းပြီးကလေး
လက်ကို လွှတ်မိသည်။

"ဒီကောင်တွေကွာ..."

"နှစ်ယောက်ထဲ ဖုန်းတွေပြောပြီးအဆင်တွေ
ပြေနေတယ်ဆိုပါတော့"

အစ်ကိုဖြစ်သူရဲ့ ကားပေါ်ရောက်တော့
"Jungkook ...အရှေ့မှာလာထိုင်" ဟူ၍
လာထိုင်ခိုင်းသဖြင့် Jungkookတို့က အရှေ့
ခန်းမှာ ၊ကလေးကတော့ အနောက်ခန်းမှာ
တစ်ယောက်ထဲထိုင်ရင်း လိုက်ပါလာသည်။

"Jungkook"

"ဗျာ"

"ဒီကလေးကလေ အိမ်ထောင်သာပြုချင်
နေတာ ကလေးစိတ်က ကုန်သေးတာမဟုတ်
ဘူး။ မင်း နောက်မှ စိတ်မပြောင်းသွားနဲ့နော်"

"ဟုတ်ကဲ့"

"ငါတို့ကတော့ ဝမ်းသာပါတယ် ။ ငါတို့နဲ့
အတူ ဒုက္ခခံရမယ့် တစ်ယောက်တိုးလာတာ
ဆိုတော့လေ"

ညီဖြစ်သူကို တစ်ချိန်လုံး စနောက်နေသည်မို့
အနောက်ခန်းမှာ တစ်ယောက်ထဲထိုင်နေ
သည့် ကောက်ကွေးက အစ်ကိုရဲ့ခါးကို ဆွဲ
ဆိတ်နေရင်း လိုက်ပါလာသည်။

"ငါအကုန်ပြောပြလိုက်ရင် Jungkookတို့
ကြောက်ပါပြီဆိုပြီး ပြန်ပြေးသွားမယ်"

"မပြေးပါဘူးဗျာ... အတူတူနေချင်လွန်းလို့
တောင် ကျွန်တော့်မှာအရဲစွန့်ပြီးလာရတာ
ပါ"

အစ်ကိုဖြစ်သူက Jungkookနေရမခက်စေ
ဖို့ လမ်းတစ်လျှောက်လုံး သူ့ညီလေးရဲ့
ကလေးဆန်မှုတွေကို တတွတ်တွတ်ပြောပြ
ရင်း အရွှန်းဖောက်လာသည်။ တစ်နာရီ
လောက်ကားစီးလာပြီးတဲ့အချိန်မှာတော့
ကလေးတို့အိမ်ကိုရောက်ခဲ့ပြီဖြစ်သည်။

ခြံဝင်းအနေအထားကလွဲလို့ အိမ်ပုံစံက
ဆိုးလ်က အိမ်နဲ့တစ်ပုံစံထဲ ဆင်တူလေး။

"လာ Jungkook ... ဖေဖေတို့စောင့်နေကြ
တယ်။ ဖိုးဖိုးကတော့ အိပ်ပျော်နေလောက်
ပြီ ။ မနက်မှ နှုတ်ဆက်တော့နော်"

"ဟုတ်ကဲ့"

အစ်ကိုYoongiက အိမ်ထဲသို့ အရင်ဝင်သွား
သည်မို့ ကားထဲက အထုပ်အပိုးတွေယူနေ
သည့် Jungkookဘေးနားသို့ တိုးကပ်လာ
သည့်ကလေးက အိမ်ထဲမဝင်မချင်း အားပေး
စကားပြောနေသေးသည်။

"ဒေါက်တာ...ဘာမှမကြောက်နဲ့နော်။ ပြော
ထားပြီးသားပေမဲ့ ကိုကိုမရှိတဲ့အချိန်မှ ကိုကို
လို့ခေါ်မယ်နော် ဟီးဟီး"

ပြီးတော့ခြေဖျားလေးထောက်ပြီး Jungkook
ရဲ့ပါးပြင်လေးကို ခိုးနမ်းလိုက်သည်။

"ကိုကိုက ကျွန်တော်တို့ကို အပေါ်ထပ်
အောက်ထပ်ခွဲထားမှာမို့လို့... ကြိုပေးထား
တာ"

တိုးတိုးလေးရေရွတ်ရင်း Jungkookလက်ထဲ
က အထုပ်အပိုးတွေကူသယ်ပေးသည်။
Jiminရေ...ဒီနယ်မြေမှာတော့ ကိုယ့်အရှေ့
မှာ အူယားဖို့ကောင်းအောင် မနေပြရင်
ကောင်းမယ်ထင်တယ်။

"ဟေ့ကောင်တွေ မလာကြသေးဘူးလား"

အိမ်ပေါက်ဝကနေ လှမ်းအော်သည့် အစ်ကို
ဖြစ်သူရဲ့အသံကိုကြားတော့မှ လာပြီ လာပြီ
ဟုပြန်အော်ရင်းအိမ်ထဲသို့ပြေးဝင်လေသည်။

"ဘာမှမမြင်လိုက်ဘူးမလား"

"ဘာမြင်ရမှာလဲ"

"အဟီး မမြင်ရင်လဲပြီးတာပဲ"

ဆိုးလ်မှာတုန်းက ယောက္ခမဖြစ်သူတို့နှင့်
ဖုန်းပြောဖူးခဲ့သော်လည်း အိမ်ထဲဝင်ခါနီး
လေ စိတ်လှုပ်ရှားလေဖြစ်နေဆဲပင်။သို့သော်
စိတ်လှုပ်ရှားနေတဲ့ကြားက ဧည့်ခန်းထဲဝင်ဝင်
ချင်း ဘေးပတ်ဝန်းကျင်ကိုမေ့လျော့ကာ
စိတ်လိုလက်ရပြုံးမိသေးသည်။

ဧည့်ခန်းထဲမှာချိတ်ဆွဲထားသည့် တစ်ခုထဲ
သောဓာတ်ပုံလေးက Jungkookရဲ့ ရင်ကို
အတိုင်းအဆမရှိ ငြိမ်းအေးစေသည်။

စပို့ရှပ်အဖြူရောင်နှင့် အသားရောင် ဘောင်း
ဘီရှည်ကို ဝတ်ဆင်ထားကာ ခါးထောက်ပြီး
မတ်တပ်ရပ်နေသည့် အထက်တန်းကျောင်း
သားလေးရဲ့ ဓာတ်ပုံတစ်ပုံသာ ရှင်းရှင်းလင်း
လင်းချိတ်ဆွဲထားသော ဧည့်ခန်းလေးက
Jungkookတို့စုံတွဲကိုကြိုဆိုနေသည်။

ဒီမိသားစုရဲ့ဆည်းလည်းလေး ၊တနည်းဆို
သော် Jeonရဲ့ချစ်မဝနိုင်တဲ့ အနွေးဓာတ်ကလေး။

"မေမေရေ..."

"ကလေးတွေရောက်လာကြပြီ... ထိုင်ကြ
ထိုင်ကြ"

"ကိုကို.... ဒီမှာထိုင်"

"အေး..အေး"

Jiminက Jungkookကို သူ့ဘေးနားတွင်
ဝင်ထိုင်ခိုင်းသော်လည်း Yoongiက အရင်ဦး
အောင် ဝင်ထိုင်လိုက်သည်မို့-

"ဒေါက်တာ့ကို ထိုင်ခိုင်းတာ.."

"အဲ့ဒါဆို ဒေါက်တာလို့ပြောလေ... ဘာကိုကို
လဲ"

"မေမေ"

အစ်ကိုဖြစ်သူကို ပြောမနိုင်တော့မှ အမေ
ဘက်လှည့်ကာ အကူအညီတောင်းသည်။ Yoongiကတော့ ညီဖြစ်သူအပေါ်အမြင်ကတ် ပုဒ်မတပ်ကာ ထိုခုံပေါ်မှာပဲပေကပ်ထိုင်နေလိုက်သည်။

"ကလေးကိုစမနေပါနဲ့ Yoongiရယ်...
Jungkook ကို အားနာစရာ.... သား ဒီဘက်
မှာ ဝင်ထိုင်။ သူတို့ညီအစ်ကိုက အဲ့လိုပဲ
ကြောင်နဲ့ကြွက်"

"ဟုတ်ကဲ့"

"Jungkookက ဓာတ်ပုံထဲမှာထက် ပိုကြည့်
ကောင်းတာပဲ"

"ဗျာ.. ကြည့်မကောင်းပါဘူး"

ယောက္ခမဖြစ်သူဆီက ချီးကျူးစကားသံ
ကြားရတော့ Jungkookက မနေတတ်သလို
ဖြင့် ခေါင်းကိုငုံ့ထားလေသည်။အားတက်သ
ရော ဝင်ထောက်ခံသူက နှစ်ယောက်မရှိတဲ့
သူ့ရဲ့ကလေးငယ်။

"ကြည့်ကောင်းပါတယ် ဒေါက်တာရဲ့"

"တော်ရုံပဲလုပ်...တော်ရုံပဲလုပ်"

ဘေးချင်းကပ်ထိုင်နေသည့် သားတော်မောင်
နှစ်ယောက်ကတော့ထုံးစံအတိုင်း တိုးကြိတ်
ကြိတ်ရန်ဖြစ်နေကြသည်။

"အဲ့တော့ နှစ်ယောက်က ဘယ်တော့လောက်
လက်ထပ်မယ်စိတ်ကူးထားလဲ"

"ဗျာ"

"ဘယ်တော့လက်ထပ်ကြမလဲလို့"

ဆိုင်းမဆင့်ဗုံမဆင့် ထမေးသည့် ကလေးရဲ့
အမေကြောင့် Jungkookသည်လည်း
အထိတ်တလန့်။

"ဟို... လူကြီးတွေရဲ့ သဘောထားကို မသိ
ရသေးတာမို့ ဘာမှတော့ မစီစဉ်ထားရသေး
ပါဘူး"

"မေမေရေ...Jeon Jungkookနဲ့ Jiminလေး
ကို အရမ်းသဘောတူပါတယ်လို့ အရင်ဖြေ
လိုက်ဦး။ ဒေါက်တာက သဘောမတူမှာ
အရမ်းစိုးရိမ်နေတာ"

"သဘောမတူဘူးဆိုရင်ရော ဘာတွေဆက်
လုပ်ကြမယ် စိတ်ကူးထားလဲ"

"ခင်ဗျာ"

"မေမေ"

"ဟဲ့... လန့်လိုက်တာ။ မေးရုံ မေးကြည့်တာပါ
ဟယ်။ သဘောမတူလဲ Jungkookနောက်
ကောက်ကောက်ပါအောင်လိုက်သွားမှာမ
လား "

ချက်ချင်းပဲ ညှိုးငယ်သွားတဲ့ Jungkookရဲ့
မျက်နှာရယ် ဘေးကနေ ငိုမဲ့မဲ့နှင့်ထအော်တဲ့
ညီငယ်ရယ်ကြောင့် Yoongiက မလွယ်ပါဘူး
ဟူ၍ ခပ်တိုးတိုးသက်ပြင်းချသည်။

"သဘောမတူတာလဲမဟုတ်ဘဲ ကလေးတွေ
စိတ်ရှုပ်ရအောင် စမနေပါနဲ့ကွာ"

တစ်ချိန်လုံးငြိမ်နေသည့် ကလေးရဲ့အဖေဖြစ်
သူဆီက စကားသံကို ကြားရမှ Jungkook
သည်လည်း ပုံမှန်ပြန်ဖြစ်လာသည်။

"ပင်ပန်းလာတယ်မလား...သွားနားကြတော့
လေ။ မနက်မှ ဖိုးဖိုးနဲ့တွေ့ကြတာပေါ့"

Jiminရဲ့ အဖေက အနားယူခိုင်းသည့်တိုင်
Jungkookကတော့ မျက်လုံးဝိုင်းဝိုင်းလေး
တွေဖြင့် Jiminရဲ့ အမေဖြစ်သူဆီ ငေးကြည့်
နေဆဲပင်။

"မိန်းမ...သဘောတူတယ်ပြောလိုက်ဦးလေ."

"သဘောတူတယ် သဘောတူတယ်
အရမ်းကိုသဘောတူတယ်... ရပြီလား"

"ဟုတ်ကဲ့..."

"Jungkookအတွက် အပေါ်ထပ် Yoongi
ဘေးကအခန်းမှာ ပြင်ဆင်ပေးထားတယ်။
လိုတာရှိရင်ပြောနော်...အခုနကစကားကိုလဲ
စိတ်ထဲမထားနဲ့။ အငယ်လေးကို စချင်လို့
တမင်လျှောက်ပြောနေတာ"

"ဟုတ်ကဲ့ပါ..."

"သွားနားကြတော့"

Jiminက Jungkookရဲ့ အထုပ်အပိုးတွေကို
သယ်ယူကာ အပေါ်ထပ်သို့ လိုက်ပို့ပေးဖို့ပြင်
သည်မို့-

"အပေါ်ကိုဘာလိုက်လုပ်ဦးမှာလဲ။Jungkook
ကို ကိုက်မစားပါဘူး။ အပေါ်နဲ့အောက်နဲ့ နီးနီး
လေးကို ဘာတွေ စိတ်မချဖြစ်နေလဲ"

"အဲ့ကိုကိုကလဲ... အခန်းလေးလိုက်ပြပေးရုံပဲ
ကို...ဘာလို့လာပြောနေတာလဲ"

"ပေး...ပေး။ Jiminကလဲ ကိုကိုသွားတတ်ပါ
တယ်"

"ကြားတယ်မလား..."

Jiminက ထင်ထားတာထက်ပိုပြီး အဖြစ်သဲ
နေတာမဟုတ်ဘူးလား။အထုပ်အပိုးတွေ ဒေါက်တာလက်ထဲ ထည့်ပေးလိုက်ပြီး သက်
ပြင်းတချချဖြင့် ကျန်နေခဲ့သည့် Jiminကို
ကြည့်ကာ-

"ဟဲ့ကလေး... ဒီအိမ်ထဲတောင်ရောက်နေမှ
ဘာတွေ စိတ်မချဖြစ်နေတာလဲ"

"အားငယ်နေမှာစိုးလို့ မေမေရဲ့"

"Jungkookတစ်ယောက် ဒီကလေးကို ဘာ
ဆေးတွေများကျွေးထားလဲမသိဘူး"

"ဘာဆေးမှ မကျွေးထားပါဘူး..."

.................................................

အိပ်ရာ အပြောင်းအလဲကြောင့်ရော ဖိုးဖိုးနဲ့
တွေ့ရမှာကို စိုးရိမ်နေသေးတာကြောင့်ရော
နောက်တစ်ရက်မှာတော့ Jungkookတစ်
ယောက် မနက်စောစော အိပ်ရာကနိုးလာ
သည်။

ယောက္ခမဖြစ်သူက သဘောတူတယ်ပြော
ပြီးတာတောင် သူ့မှာ စိတ်မချနိုင်သေးပေ။

အတော်စောနေသေးတာမို့ အပ်ကျသံပင်
မကြားရလောက်အောင် တစ်အိမ်လုံးတိတ်
ဆိတ်နေသေးသည်။နာရီပိုင်းလေးပဲရှိသေး
တယ်ဆိုပေမဲ့ မနက်အိပ်ရာနိုးတိုင်း မြင်တွေ့
ခဲ့ရတဲ့ လမင်းလေးကို သူတကယ် လွမ်းနေ
မိတာမို့ ညက မအိပ်ခင်အချိန်အထိ တရစပ်
ပို့ထားသည့် စာတိုလေးတွေကို အပြန်ပြန်
အလှန်လှန် ဖတ်ကြည့်နေရင်း အိမ်ကတစ်
ယောက်ယောက်နိုးလာမယ့်အချိန်ကို စောင့်
နေလိုက်သည်။

ခဏကြာလို့ အောက်ထပ်ကို ဆင်းကြည့်
တော့ ကလေးရဲ့အမေက မီးဖိုခန်းထဲမှာ
ချက်ဖို့ပြုတ်ဖို့ပင် ပြင်ဆင်နေပြီ။တစ်ခုခု
ကူလုပ်ပေးချင်ပေမဲ့ ဘယ်ကဘယ်လို စပြီး
စကားပြောရမှန်းမသိတာကြောင့် အခန်းရှေ့
ကနေ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိ
သည်။

"Jungkook"

"ဟုတ်"

အခန်းရှေ့ကနေ နှစ်ခေါက် သုံးခေါက် ဖြတ်
လျှောက်နေတဲ့ Jungkookသည် သူမဘက်
က လှမ်းခေါ်လိုက်သည်နှင့် စက္ကန့်မခြားဘဲ
တုံ့ပြန်သံတစ်ခုကို ပြန်ပေးလေသည်။

"ဘာလိုချင်လို့လဲ ... ဝင်လာခဲ့လေ"

"ဟုတ်"

"အိပ်မပျော်လို့လား... အစောကြီးပဲနိုးနေတာ"

"အိပ်ရာအပြောင်းအလဲကြောင့်ထင်တယ်"

"ဗိုက်ဆာလို့လား"

"မဆာသေးပါဘူး... ဟို ကျွန်တော်တစ်ခုခု
ကူလုပ်ပေးရမလားလို့..."

"ကူပေးရင်တော့ ကျေးဇူးတင်တာပေါ့။
ဟိုကလေးက အခုအချိန် အိပ်လို့ကောင်းနေ
တုန်း။ ညက အကြာကြီးပဲ စကားပြောနေတာ
နဲ့"

"ဟုတ်ကဲ့"

"အရမ်းမခက်ဘူး ဒီလိုလေးလုပ်ကြည့်"

ယောက္ခမဖြစ်သူက ဖက်ထုပ်အရွက်လေးပေါ်
အရသာဖြင့် နယ်ထားသည့် အသားစလေး
တွေ ထည့်ပြီး အနားသတ်လေးကိုလှလှပပ
လိပ်ပြသည်မို့  Jungkookကလဲ ထိုအတိုင်း
လိုက်လုပ်ကြည့်သည်။

သေသေသပ်သပ်လေး ဖြစ်နေသည့် Jung
kookလက်ထဲက ဖက်ထုပ်လေးကိုကြည့်ပြီး
ယောက္ခမဖြစ်သူက ချီးကျူးစကားဆိုသည်။

"အိုး... Jungkookက လုပ်တတ်သားပဲ"

"Jiminသင်ပေးထားတာ"

ကျေနပ်သလိုလေး အဖြေပြန်ပေးလာတဲ့
Jungkookရဲ့ ပုံစံက Jiminရဲ့နာမည်လေး
ရေရွတ်လိုက်ရတာကိုပင် ကမ္ဘာတစ်ခုလုံး
အပိုင်စားရသလို ပြုံးတုံ့တုံ့နှင့်ရှိနေသည်။
မျက်ဝန်းထဲက ချစ်ခြင်းမေတ္တာတွေကိုလဲ
သူမကအမိအရ လှမ်းမြင်လိုက်ပါသေး
တယ်။

အရှေ့မှာထိုင်နေတဲ့ ၂၉နှစ်အရွယ်ဆရာဝန်
လေးက ပညာတတ်တစ်ယောက်ပီသစွာ
နေထိုင်ပြုမူပုံက နုးညံ့သိမ်မွေ့လွန်းသည်။
စတွေ့ထဲက စိတ်လှုပ်ရှားနေမှန်းသိသာလွန်း
လှပေမဲ့ သားငယ်စိတ်ပူနေရလောက်တဲ့အထိ
တော့ ညှိုးနွမ်းနေတဲ့ပုံမပေါ်။သားငယ်က
ဒီကောင်လေးနဲ့ပတ်သက်ရင် သိပ်ကို အကဲ
ဆတ်လွန်းလှသည်။

"ပင်ပန်းတယ်မလား..."

"ဗျာ"

"အိမ်က ကလေးနဲ့ဆုံရတာကိုပြောတာ...
ကလေးက လိမ္မာသလိုနဲ့ နည်းနည်းဆိုးတယ်"

"တဇွတ်ထိုးလေးလေ..."

ထိုစကားကြောင့် ဖက်ထုပ် ထုပ်နေရာမှ
Jungkookကိုကြည့်မိတော့ Jungkookက
အားနာသလိုနှင့်ရယ်သည်။သူမလဲ သမက်
ဖြစ်သူနဲ့အတူ ရယ်မောဖြစ်သည်။

Jiminအပေါ် ချစ်ခြင်းမေတ္တာတွေပဲ လွှမ်းခြုံ
ပေးချင်သူချင်းမို့ သူမတို့နှစ်ယောက် ထိုက
လေးရဲ့အကြောင်းတွေကို ပေါ့ပေါ့ပါးပါး
ပြောဖြစ်ကြတယ်။ သေချာတာကတော့
တဇွတ်ထိုးလေးအကြောင်းပြောရင်း သမက်
ဖြစ်သူရော ယောက္ခမဖြစ်သူရော ပျော်ရွှင်
ကြည်လင်နေမိကြတာပါပဲ။

တဇွတ်ထိုးလေးမို့ အချစ်ပိုနေရတာဟူ၍
ဝန်မခံမိရုံတမယ် ဆိုးတဲ့အကြောင်းတွေကို
ပြုံးပြုံးလေးပြောပြနေတဲ့ Jungkookရဲ့လက်
ထဲ ကလေးကိုထည့်ပေးဖို့ရာ အနည်းငယ်
စောနေသေးပေမဲ့ စိတ်ချရလောက်မည်ကို
တော့ ယုံကြည်နေမိသည်။

(မေမေရယ်...ဒေါက်တာရဲ့စိတ်က နုနုလေး။
မေမေက အများကြီးချစ်ပေးဦးနော်။ သား
လူရွေးမမှားပါဘူးမေမေရဲ့...) ညက တတွတ်
တွတ်ဆိုကာ တောင်းဆိုခဲ့တဲ့ သားငယ်ရဲ့ရွေး
ချယ်မှုတွေ မမှားလောက်ဘူးဆိုတာကို သူမ
ကိုယ်တိုင်လဲ ခံစားနေမိတယ်။

"သူချစ်တဲ့သူတွေမို့ အဲ့လိုဆိုးနေတာ"

"နည်းနည်းမှတော့ မပင်ပန်းပါဘူး..."

"ဒါပေါ့..."

"တောင်းပန်ပါတယ်။ ကလေးကိုကျွန်တော့်
လက်ထဲထည့်ပေးဖို့ မလွယ်ကူမှန်းသိတာမို့
အများကြီးအားနာရပါတယ်"

"စိတ်ချမ်းသာအောင် ထားပေးဖို့ ယုံကြည်
ချက်ရှိတယ်မလား"

"ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ စောင့်
ကြည့် နေပေးပါ"

"Aigooo... ဒေါက်တာက အစောကြီးနိုးနေ
တာပဲ။ လိမ္မာသားပဲ"

မီးဖိုခန်းထဲဝင်လာသည့် သားငယ်ရဲ့ အသံစာ
စာလေးကြောင့် ယောက္ခမနှင့် သမက်ဖြစ်သူ
တို့စကားစပြတ်သွားသည်။ အမေဖြစ်သူရဲ့
ပါးပြင်လေးကို တစ်ချက်မွှေးကြူပြီးနောက်
ကြွေလင်ပန်းထဲက ဖက်ထုပ်လေးများဆီ
လှမ်းကြည့်ကာ သူ့ဒေါက်တာကို ချီးကျူးဖို့
မမေ့ရှာတဲ့ ကလေးငယ်ဟာ နည်းနည်းတော့
ရိုက်ပစ်ချင်စရာ။

"ဒေါက်တာကူပေးထားတာလား... ချစ်စရာ
လေးတွေ ကြည့်ပါဦး"

၂ ယောက်အတူတူလုပ်ထားတဲ့ ဖက်ထုပ်
လေးတွေက မြင်နေကျပုံစံပါပဲ။ ဖက်ထုပ်က
ချစ်ဖို့ကောင်းတယ်လို့ တစ်ခါမှမကြားဖူးဘူး။
သားကြီးပြောတဲ့ တော်တော်ဖြစ်နေတဲ့ သား
ငယ်ဆိုတာ တကယ့်အမှန်တရားပါပဲ။

"ညက ပြောထားတာလုပ်ပေးဦး"

"မမေ့ပါဘူး"

Jiminက ရေခဲသေတ္တာထဲမှ ကြက်ဉအနည်း
ငယ်ယူကာ အကာနှင့်အနှစ်ကိုခွဲ၍ ပန်းကန်
တစ်ခုစီသို့ ထည့်သည်။ အကာနှင့်အနှစ်
ခွက်ထဲကို ရေအနည်းငယ်စီထည့်ကာ ဆေး
ထိုးအပ် လေးဖြင့်ယူပြီး ထမင်းစားခန်းထဲမှာ
အလှဆင်ထားသည့်သစ်ခွပင်တို့ကို နည်း
နည်းစီလိုက်လောင်းပေးသည်။

Jiminအသံကြားလိုက်ထဲက နဂိုထက်ပိုပြီး
ကြည်လင်သွားသယောင်ရှိတဲ့သမက်လောင်း
ကတော့ ယောက္ခမဖြစ်သူကို မေ့သွားသလား
ထင်ရအောင်ပင် ကလေးငယ်ကိုသာမျက်ခြေ
မပျက် ငေးမောနေရှာတော့သည်။

"Jungkook...ပန်းကန်လေး ကမ်းပေးပါဦး"

ဒေါက်တာJungkook တစ်ယောက်ကတော့
ယောက္ခမ၏ အသံကိုကြားနိုင်စွမ်းမရှိတော့။
၃ခါလောက် ဆက်တိုက်ခေါ်လိုက်မှ အသိ
စိတ်ဝင်လာသလိုဖြင့် ပျာပျာသလဲ ထူးရှာ
သည်။

"Jungkookရေ...Jungkook"

"ဗျာ"

"အရှေ့က ပန်းကန်လေး"

"ဪ... ဟုတ် ဟုတ်"

"ရှေ့ရက်တွေက Jiminနဲ့ မတွေ့ဖြစ်ကြလို့
လား"

"ခင်ဗျာ"

"တမေ့တမော လိုက်ငေးနေလို့လေ"

ရှက်တတ်ပုံရတဲ့ သမက်လောင်းက မျက်နှာ
တစ်ခုလုံးရဲတွတ်လာကာခေါင်းကိုသာငုံ့ထား
လေတော့သည်။

"ကလေး ကိုကိုတို့ကိုသွားနှိုးခဲ့... ဖိုးဖိုးကိုလဲ
ခေါ်ခဲ့ဦး"

မနက်စာအတူတူစားဖြစ်ကြတော့ ဒေါက်တာ
က အစ်ကိုဖြစ်သူဘေးမှာထိုင်ကာ Jiminက
တော့ ဖေဖေနှင့်မေမေတို့ ကြားမှာထိုက်ရ
သည်။ ဖိုးဖိုးကတော့ စားပွဲခုံရဲ့ ထိပ်ပိုင်းမှာ...

"Jungkook"

"ဟုတ်ကဲ့"

"မှာလိုက်တဲ့ တိုင်းရင်းဆေးတွေ ပါလာတယ်
မလား"

"ဟုတ် ... ပါလာပါတယ်"

"အင်း... ပါမောက္ခရှင်းဆီကနေတော့ Jung
kookအကြောင်းတွေအများကြီးကြားထား
ပါတယ်..."

"ဟုတ်"

"လိုရင်းပဲပြောရတာပေါ့... သဘောမတူမိရင်
မြေးလေးက ဒီမိသားစုကို ဘယ်လောက်ထိ
ပစ်ထားဦးမယ်မသိတော့..."

ဖိုးဖိုးက ပြောလက်စကိုရပ်ကာ Jiminဘက်
သို့လှည့်ကြည့်သည်။ဖိုးဖိုးရဲ့သဘောထား
ပဲ ကျန်နေတော့တာမို့ Jiminက Jungkook
ထက်ပို၍ ရင်တွေခုန်နေရသည်။

"အသက်ကြီးလာတော့ လူငယ်တွေကိစ္စထဲ
သိပ်ဝင်မပါချင်တော့ဘူး... လက်ထပ်မယ်
ဆိုလဲ မြန်မြန်လက်ထပ်ကြ"

"ဖိုးဖိုး တကယ်ပြောတာလား"

မနက်စာကို ကောင်းကောင်းမစားနိုင်သေးတဲ့
Jiminက ဖိုးအေဖြစ်သူရဲ့ စကားမဆုံးသေး
ခင်မှာပင် အလောတကြီး ဝင်မေးလေသည်။

"အင်း...Jungkook နဲ့သေချာညှိနှိုင်းပြီး
လက်ထက်ဖို့ရက်ရွေးကြ"

"ဖိုးဖိုး တကယ်နော်...ပြီးမှ စိတ်မပြောင်းရ
ဘူးနော်"

"ဪ ...ဒီကောင် ဘယ်လိုဖြစ်နေလဲ"

"Yoongi အသာနေဉီး... အဲ့တော့ မြေးလေးက အိမ်ထောင်သည်ဖြစ်တော့မှာမို့ ကလေး
လို အိမ်ကနေလက်ဖြန့်ပြီးတောင်းလို့မရတော့
ဘူး။ Jungkookက သူ့တစ်ယောက်ကိုတော့
ရှာကျွေးနိုင်တယ်မလား"

"ဖိုးဖိုး"

"လူကြီးတွေပြောနေတယ်လေ...Jungkook
ဘယ်လိုလဲ ဒီကလေးကိုတာဝန်ယူနိုင်တယ်မ
လား"

"ဟုတ်ကဲ့..."

"ဒီနေ့ကစပြီး အဲ့ကလေးလိုတာရှိရင်
Jungkookဆီက တောင်းပါစေ။Yoongiလဲ လူကြီးတွေမသိအောင် ကြိတ်ပြီးပေးမနေနဲ့။
လက်ရှိ ဆိုးလ်ကအိမ်နဲ့ခြံက ကလေးအတွက်
ရည်ရွယ်ထားပြီးသားမို့ နေတာကအဲ့မှာပဲနေ
ကြ"

"ဖိုးဖိုးမနေခိုင်းလဲ နေမှာပါပဲနော်..."

"Jungkook ... မနက်စာ စားပြီးရင် ဖိုးဖိုး
စာဖတ်ခန်းထဲ လာခဲ့ဦး"

"ဟုတ်ကဲ့ပါ"

" သားရော လာခဲ့ရမလား"

"တခြားကိစ္စမဟုတ်ဘူး... ဆေးရုံအကြောင်း
မေးမလို့ ...Jungkookပဲလာခဲ့"

သူမသိအောင် တစ်ခုခုပြောဆိုလိုက်မှာကို
စိုးရိမ်နေမိတာကြောင့် ဖိုးဖိုးရဲ့စာဖတ်ခန်းထဲ
ကိုကိုရောက်သွားတဲ့တစ်ချိန်လုံး အခန်းရှေ့
ကနေ ယောင်ပေပေနဲ့ ခိုးပြီးနားထောင်နေ
သော်လည်း ဘာမှကိုမကြားရ။ နာရီဝက်
လောက်နေတော့ ကိုကိုအပြင်ကို ပြန်ထွက်
လာသည်။ Jiminစိတ်ပူနေမှာကို သိနေသည့်
အလား အရင်ဆုံးကြည်ကြည်လင်လင်ပြုံးပြ
သည်။

"ဘာတွေချောင်းနားထောင်နေတာလဲ"

Jiminရဲ့ခေါင်းလေးကိုပုတ်ကာ စနောက်နေ
သေးတာမို့ ဆိုးတဲ့ကိစ္စတော့ တကယ်မရှိ
လောက်ဘူးထင်ရတာပါပဲ။

"ဖိုးဖိုး ဘာပြောသေးလဲ"

"မနက်ဖြန် စက်ရုံဘက်ကိုရော ကုမ္ပဏီဘက်
ကိုရော ခေါ်သွားမယ်တဲ့။ ပြီးတော့ ဆိုးလ်က
ပါမောက္ခရှင်းအကြောင်းတွေမေးတယ် ဒါပဲ"

"တော်သေးတာပေါ့... အကြာကြီးပဲဆိုတော့
စိတ်ပူလိုက်ရတာ"

"ကဲ... လူစုခွဲမယ် အချိန်ပြည့်ပြီ"

လှေကားပေါ်ကဆင်းလာတဲ့ အစ်ကိုYoongi
ရဲ့အသံကိုကြားတော့ Jungkookက အလိုလို
နေရင်း ခြေတစ်လှမ်းနောက်ဆုတ်မိသည်။

"ဘာဖြစ်နေလဲမသိဘူး"

အစ်ကိုကို ပြန်လဲမပြောရဲ လွန်လဲမလွန်ဆန်
နိုင်တဲ့ကလေးကတော့ လှုပ်တုပ်တုပ်နဲ့ သူ့
အမေရှိရာ မီးဖိုခန်းထဲ ပြန်ဝင်သွားတော့
သည်။

*****************

ကိုကိုတစ်ယောက် ဒီနေ့အိမ်မှာရှိမနေသည်မို့
Jimin လွတ်လပ်ရေးရနေသည်။သူငယ်ချင်း
တစ်ယောက်ရဲ့ မင်္ဂလာပွဲဆိုလားပဲ... သွားနေ
တာ။ကောင်းလိုက်တာ။ အပေါ်ထပ်ကို အခုမှ
ပဲတက်ရတော့တယ်။

ဒေါက် ဒေါက်...

"ဒေါက်တာရေ..."

အခန်းတံခါးခေါက်သံနဲ့အတူ ပေါ်ထွက်လာ
တဲ့ ကလေးရဲ့မတိုးမကျယ် အသံလေး
ကြောင့် အဝတ်အစားလဲနေရာမှ တံခါးဆီသို့
ခပ်သွက်သွက်လေး လျှောက်သွားလိုက်
သည်။

"ကိုကို... ကိုကိုရေ... အိပ်နေတုန်းလား"

"နိုးပါပြီဗျာ..."

အပေါ်ထပ် အောက်ထပ်ခွဲနေရရုံနဲ့တင် သူ့မှာ
လဲ အများကြီးကို လွမ်းနေရတာ။

"အမေ့..."

တံခါးကို ချက်ချင်းပြန်ပိတ်ပြီး ထိုကလေးကို
ရင်ခွင်ထဲထည့်ထားမိတော့ ရယ်သံသဲ့သဲ့နဲ့
သူ့ကိုလှောင်ရယ်နေလေသည်။

"ဒေါက်တာက ကျွန်တော့်ကို သတိရနေတာပဲ"

ခန္ဓာကိုယ်လေး လှုပ်ခတ်လာသည်အထိ
သူ့ရင်ခွင်ထဲမှာ ရယ်မောနေသည်မို့-

"ငြိမ်ငြိမ်နေလေ...လွမ်းလို့ဟာကို"

"ဒေါက်တာက အရမ်းဖြစ်နေတာပဲဟေး
Jiminလေးကို"

"အစ်ကို Yoongi မရှိလို့ အပေါ်ကို ခိုးတက်
လာတာမလား ...ပြန်လာမှတိုင်ပြောဦးမယ်"

"မသနားရင်လဲ တိုင်ပြောပေါ့"

"ဟားဟား.... ဆိုစမ်းပါဦး ဘာလာလုပ်တာလဲ"

"အာ....ဒါလေး မေမေပေးခိုင်းတာ ကိုကို့
အတွက်တဲ့ မေမေကိုယ်တိုင်ထိုးပေးထားတာ"

စက္ကူအိတ်လေးထဲမှာ အညိုရောင်ဆွယ်တာ
လေးတစ်ထည်။ ဝတ်ထားတဲ့shirtကိုချွတ်
ကာ ချက်ချင်းပဲ ဆွယ်တာလေးကိုလဲဝတ်
လိုက်သည်။

"ကိုကိုနဲ့အတော်ပဲ...လိုက်တယ်။ သဘောကျ
ရဲ့လား"

"အရမ်းပဲ... ဒီနေ့ဒါပဲဝတ်သွားလိုက်မယ်"

"ဖိုးဖိုး တကယ် တခြားကိစ္စတွေမပြောလိုက်
ပါဘူးနော်"

"တကယ်ပါ... ကတိပေးထားတာပဲ။ တစ်ခုခု
ဆို ပြောပြမှာပေါ့"

"အင်းပါ...ကျွန်တော်စိတ်ပူလို့။ပြီးတော့လေ
မနေ့က ဖိုးဖိုးပြောတာကြားတယ်မလား။
နောက်ဆို ကျွန်တော်မုန့်ဖိုးမရတော့ဘူး"

Jiminသည် အိမ်ထောင်တော့ပြုချင်ပေမဲ့
မုန့်ဖိုးမရတော့တာကို သိပ်မကျေနပ်ချင်။

"အဲ့ဒါလေ မုန့်ဖိုးရအောင် တစ်ခုလုပ်ရင်
ကောင်းမလားလို့ "

"အင်း... ဘာလုပ်ချင်လဲ ပြောကြည့်"

Jungkookသည် Jiminပြောသမျှကိုနား
ထောင်ပြီး စကားပြန်ပြောနေပေမဲ့ ပါးလေး
တွေကိုနမ်းလိုက် လည်တိုင်လေးကို နမ်းလိုက်
နှင့် အလုပ်တွေများနေသေးသည်။ နေ့တိုင်း
နမ်းနေလဲ နမ်းလို့မဝနိုင်တာ။ ခန္ဓာကိုယ်လေး
ကိုပွေ့ချီကာ စာကြည့်စားပွဲပေါ်တင်လိုက်ရင်းလဲ ထပ်ပြီးနမ်းသည်။

"ပြောတာနားထောင်ပါဦး"

"နားထောင်နေပါတယ် ကြားနေရတယ်"

"ခဏငြိမ်ငြိမ်နေ"

Jiminကသူ့မျက်နှာကို လက်လေးနှစ်ဖက်နဲ့
အုပ်ကိုင်ထားလိုက်မှပဲ ရယ်ကျဲကျဲနှင့်ငြိမ်ကျ
သွားသည်။

"ကျွန်တော့်ကားလေ... ကိုကို့ကိုငှားမလို့။
ကိုကိုအဆင်ပြေသလိုပေးလေ။ မုန့်ဖိုးရရင်
တော်ပါပြီ"

"Aigoo ...တစ်ရက်ထဲနဲ့ အရမ်းသနားစရာ
ကောင်းသွားတာပဲ။ ဒီကလေးလေးက"

"ငှားစီးမယ်မလား"

"အင်း... စဉ်းစားဦးမယ်"

"ကားကအရမ်းကောင်းပါတယ်။စည်းကမ်း
ရှိရှိစီးထားလို့ အပျက်အစီးတစ်ခုမှမရှိဘူး"

သူမသိဘဲနေမလား... မုန့်ဖိုးလိုချင်တာထက်
ရှိသမျှအကုန်လုံးသူ့ကိုပေးပြီး သုံးစေချင်နေ
တာ။ ဖိုးဖိုးကမုန့်ဖိုးမပေးတော့ဘူးဆိုတော့
သူ့အကွက်ထဲတန်းဝင်သွားတာပဲ။ တကယ့်
ငလည်လေး။

"ကိုကိုယူစီးလိုက်တော့ Jiminကဘာနဲ့သုံး
မလဲ"

"Tae Hyungရှိတယ်။ TaeHyungနဲ့ ကပ်စီး
မယ်"

"အေးပါကွာ... ဆိုးလ်ကိုပြန်ရောက်မှ ထပ်ညှိ
ကြတာပေါ့။ ဒါမှမဟုတ်လဲ Jiminက မနက်
ပိုင်းဆို ကိုကို့ကိုလိုက်ပို့ပေးပေါ့။ပြန်ရင်လဲ
လာကြိုပေးပေါ့။ မုန့်ဖိုးကဒီအတိုင်းလဲပေးပါ
တယ်။ အချင်းချင်းတွေပဲဟာ"

"အဲ့လိုလဲရပါတယ်။ ကိုကိုအဆင်ပြေသလို
လုပ်တာပေါ့"

"Jimin... Jungkookရေ အငယ်ကောင်ဒီ
အပေါ်ရောက်နေတာလား"

အခန်းအပြင်ဘက်က အမေဖြစ်သူရဲ့
အသံကိုကြားသည်နှင့် Jiminသည် စာကြည့်
စားပွဲပေါ်က ခုန်ဆင်းလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့။ ဒီအခန်းထဲမှာ"

"ဖိုးဖိုးက သွားကြမယ်တဲ့"

"ဟုတ် လာပါပြီ"

"ဖိုးဖိုးပြောတာတွေသေချာနားထောင်ခဲ့နော်။
စိတ်မထင်ရင် လမ်းမှာ စာမေးပွဲအစစ်ခံနေရ
မယ်"

"အေးပါ... သွားတော့မယ် တာ့တာ"

Jiminစိတ်ပူရလောက်တဲ့ ကိစ္စတော့မဟုတ်
ပေမဲ့ မနေ့ထဲက ဖိုးဖိုးဆီက တောင်းဆိုချက်
တချို့ကို နားထောင်ခဲ့ရသည်။ ပြောပြချင်
ပေမဲ့ ဖိုးအေဖြစ်သူဆီ ပြဿနာရှာနေမှာကို
စိုးရိမ်မိတာကြောင့် မပြောပြဖြစ်တော့။သူ့
ဘက်က စွန့်လွှတ်နိုင်တာ ဒီလောက်လေးပဲ
ရှိနေခဲ့တာမို့။

🍒🍒🍒🍒🍒🍒

ဖိုးဖိုးတို့ဆီမှာနေခဲ့တဲ့တစ်လျှောက်လုံး ထင်
ထားတာထက် ပျော်ရွှင်နေတဲ့ပုံပေါ်နေခဲ့ပေမဲ့
မိခင်ဖြစ်သူရဲ့ အုတ်ဂူဆီသွားတဲ့နေ့မှာတော့
အသည်းနုတဲ့ကိုကိုက အများကြီးဝမ်းနည်း
နေခဲ့ပြန်တယ်။စိုးရိမ်စိတ်များတတ်သူမို့ ဖိုးဖိုး
တို့သဘောမတူရင်ခေါင်မိုးထပ်မှာခေါ်ထား
မယ်ဆိုပေမဲ့ တကယ်တမ်းကျတော့ အဲ့နေရာ
မှာလဲ ခေါ်မထားရက်ပြန်ဘူးတဲ့လေ။

Jiminစိတ်ကူးယဉ်ထားတဲ့အတိုင်း ဂေဟာ
နံဘေးက ဘုရားကျောင်းလေးမှာတော့
မင်္ဂလာပွဲမလုပ်ဖြစ်ခဲ့ကြဘူး။

"ကလေးတွေက ငယ်သေးတယ်။ ဒီအစ်ကို
ကြီးနှစ်ယောက် ဘာလုပ်တာလဲဆိုပြီး စဉ်း
စားရခက်ကုန်မယ် Jiminရယ်" တဲ့။

Jiminကတော့ ကိုကို့သဘောပါပဲ။ ကာယကံ
ရှင်နှစ်ယောက် စိတ်ချမ်းသာဖို့ထက် တခြား
ဘယ်အရာကများ အရေးကြီးနိုင်ပါဦးမလဲ။
နှစ်ယောက်လုံးက ကြီးကြီးကျယ်ကျယ်တွေ
မလုပ်ချင်ကြပေမဲ့ မေမေ့တောင်းဆိုချက်
အရတော့ ဆေးရုံနဲ့သိပ်မဝေးတဲ့ ဟိုတယ်ရဲ့
Outdoor areaမှာကိုကိုနဲ့သူ့ရဲ့မင်္ဂလာပွဲကို
ကျင်းပဖြစ်ခဲ့သည်။

နေဝင်သွားတဲ့အချိန်မှာ Jiminစိတ်တိုင်းကျ
ပုံဖော်ထားတဲ့ မင်္ဂလာပွဲလေးကပိုပြီးအသက်
ဝင်လာသည်။ ဆွတ်ဆွတ်ဖြူနေတဲ့ နှင်းဆီ
တွေနဲ့ Baby Breathလေးတွေရဲ့ကြားက
ဖယောင်းတိုင်ငယ်လေးတွေ လင်းလက်
လာခဲ့ပြီ။ ပန်းတွေရဲ့အဓိပ္ပါယ်ကို Jiminနား
မလည်ပေမဲ့ အဖြူရောင်မှန်သမျှက သူ့ကိုကို
ဒေါက်တာလေးကို ကိုယ်စားပြုနေသည်မို့
မင်္ဂလာပွဲလေးတစ်ခုလုံး ဘယ်နေရာကြည့်
ကြည့်အဖြူရောင်တွေပဲ…။

ဘယ်သူကပိုပြီးပျော်နေလဲခန့်မှန်းလို့မရ
အောင် နှစ်ယောက်လုံးရဲ့မျက်နှာပေါ်မှာအပြုံးတွေပွင့်လန်းနေသည်။ ပိုင်ဆိုင်ရပြီဆို
ပြန်တော့လဲ ဒေါက်တာက မျက်ရည်လည်
နေသေးတယ်။

"Hyung ညီကိုကြည့်ဦး သွားတွေ အအေး
ပတ်ကုန်ဦးမယ်။ သိပ်မပျော်ရှာဘူး"

TaeHyungနဲ့ Yoongiသည် NamJoonတို့
စုံတွဲနှင့်အတူတူထိုင်နေကာ အဖြူရောင်
ငန်းမောင်နှံလေးကိုကြည့်ရင်း တွတ်ထိုးနေ
ကြသည်။

"Hyungရဲ့ညီက တော်တော်မလွယ်ပါဘူး"

"ငါ့ယောက်ဖရော ဘာထူးလို့တုန်း။ အိမ်ကို
လာတုန်းက Jiminနားရောက်ရင် ခေါ်မကြား
အော်မကြားနဲ့…"

"မြန်မြန်ညားသွားတော့ ကျွန်တော်တို့ ဝဋ်
ကျွတ်တာပေါ့"

"အဲ့လိုဖြစ်ပါစေ ဆုတောင်းရတာပါပဲကွာ"

Jiminသည် Jungkookလက်ကိုတွဲထားရင်း
မှ-

"ကိုကို …ဟိုနားသွားဦးမယ်"

အရင်မင်္ဂလာဆောင်ခွင့်ရသဖြင့် Jiminက
NamJoonတို့စုံတွဲအရှေ့ကို ခဏခဏဖြတ်
လျှောက်ပြသည်။

"တော်တော်တော့ မျက်စိတွေနောက်နေပြီ
နော်"

NamJoonသည် Jiminကို တွေ့လိုက်ရင်ကို
နည်းနည်းလောက်မစရရင် မနေနိုင်သည်မို့
Yoongiရှိနေတာကိုတောင် သတိမထားနိုင်ဘဲ
စနောက်နေမိသည်။TaeHyungသည်လည်း
အားကျမခံ။

"ငါတော့ နောက်ဆို Jiminဆီလာအိပ်လို့မရ
တော့ထင်တယ်"

""လာအိပ်လို့ရပါတယ်… နော် ကိုကို"

NamJoonတို့ဝိုင်းတွင် သတို့သားနှစ်ယောက်
လဲ ဝင်ထိုင်လိုက်ကြသည်။

"လာလို့ရပါတယ်TaeHyungရယ်။ ဘာမှ
မပြောင်းလဲသွားပါဘူး"

"တကယ်နော်…"

"တကယ်ပါ"

"Jungkook"

"ဗျာ"

Yoongiက တည်တည်ငြိမ်ငြိမ်ဖြင့် ယောက်ဖ
ဖြစ်သူကို ခေါ်သည်။တစ်ခုခုပြောချင်တဲ့ပုံစံ
မို့ Jungkookဘက်ကလဲ တလေးတစားပြန်
ပြီးထူးသည်။

"မင်း… ဟိုတစ်ခါလို Jiminကို စကားမပြော
ဘဲ နေတာမျိုးတော့ မလုပ်နဲ့နော်"

"မလုပ်ပါဘူး… စိတ်ချပါ"

"Jimin မကောင်းရင် ငါ့ဆီအချိန်မရွေးလှမ်း
ပြီးပြော။ အနီးကပ်ရှိနေတဲ့ NamJoonကို
ပြောလဲရတယ်။ အဆင်ပြေပြေတော့နေကြ။
ဟိုတစ်ခါလို ထပ်မလုပ်ဘူးလို့ကတိပေးတယ်
မလား"

"ကျွန်တော့်ကိုယုံကြည့်ပါ"

"ငါတို့အကုန်လုံးရှေ့မှာ ကတိပေးထားတာ
နော်"

Jungkookက ပြုံးပြုံးလေးခေါင်းညိတ်ပြ
သည်။

"ဟိုကောင်လေးကြားတယ်နော်…ဆိုးလ်မှာ
ဆို မင်းက ငါ့လက်အောက်မှာပဲ"

NamJoonက Jiminကို မခံချင်အောင်ပြော
တော့ Jiminက Jungkookလက်ကိုဆွဲကာ
ထိုစားပွဲဝိုင်းမှထလိုက်သည်။

"ကြောက်တာမှ တုန်နေတာပဲ…ဖိုးဖိုးဆီ
လှမ်းချွန်လိုက်လို့ SeokJin Hyungနဲ့ပါလမ်း
ခွဲနေရမယ်"

အနိုင်နှင့်ပိုင်းကာ ထို ၄ယောက်အနားမှ
ထွက်လာခဲ့သည်။ကြိုးစားဆောက်တည်ဖို့
မလိုအောင်ခိုင်မြဲပြီးသား ကတိကဝတ်တွေ
ရယ်၊ အနမ်းတစ်ပွင့်ရယ်ကြားမှာ မင်္ဂလာ
ပွဲလေးက ငြိမ်းချမ်းစွာပြီးဆုံးသွားခဲ့သည်။

တစ်ပတ်ခန့်ကြာသော် ဖိုးဖိုးတို့ မေမေတို့
အကုန်လုံးပြန်သွားကြပြီမို့ အိမ်ကြီးထဲမှာ
Jeonမောင်နှံလေးသာ ကျန်နေရစ်သည်။

လွဲမှားစွာဆုံတွေ့မိတဲ့ဖူးစာရယ်လို့လဲ ခေါင်း
စဉ်မတပ်လိုက်ချင်။ ရှေးရေစက်လှလှလေး
နှင့် အကြောင်းပါဖို့ရာ ဒီလောက်တော့
အလှည့်ဖျားခံပြီး နာကျင်သင့်တာပေါ့။

လှည့်စားရက်တယ် လိမ်ညာရက်တယ်လို့
မတွေးရက်နိုင်အောင် ချစ်မဝလေးဆီကျရှုံး
ခဲ့ရတဲ့နေရက်တွေရဲ့အလွန်မှာ စတင်ရမယ့်
သူတို့နှစ်ဦးရဲ့ဘဝသစ်သည် ဘယ်လိုအခက်
အခဲတွေရှိနေမယ်ဆိုတာ မခန့်မှန်းတတ်ပေမဲ့
အသေးလေးရဲ့လက်ကိုတွဲကာ ရင်ဆိုင်ဖို့ရာ
အဆင်သင့်…။

ပင်ပန်းဆင်းရဲမှုတွေနဲ့ အထီးကျန်ရတဲ့နေ့
ရက်တွေအကြောင်းမတွေးချင်။ ကုန်လွန်
လာတဲ့နေ့ရက်တွေတိုင်း တစ်နေ့ထက်တစ်နေ့
မရှိမဖြစ်လိုအပ်တဲ့အရာလို့ ခံစားလာရတာ
က ကိုယ်လက်သန့်စင်ပြီးလို့ ကုတင်ပေါ်တက်
လာတဲ့ Jeonလက်သစ်လေးသူ့နံဘေးမှာ
ထာဝစဉ်ရှိနေဖို့။

Jeonက အိမ်ထောင်ဦးစီးဆိုပေမဲ့ အနွေး
ဓာတ်ငယ်လေးက အိမ်ထောင်ဦးစီးရဲ့ အခရာ။

"ဒီနေ့မှ မင်္ဂလာဦးရမှာနော် အသေးလေး"

ရှက်တတ်တာလေးက အခုထိ မပြောင်းလဲ
သွား။ မျက်နှာလေးရဲလာပြီး မသိချင်ယောင်
ဆောင်ကာ ဝင်အိပ်သည်။

"ယောက်ျားက ဒီအတိုင်းယူရုံပဲယူချင်တာ။
ကျန်တာအဆင်သင့်မဖြစ်သေးဘူး။ ဒေါက်
တာလဲ အိပ်တော့ … အသည်းလေးလဲအိပ်ပြီ"

"ရက်စက်လိုက်တာ… ဒီဘက်တော့လှည့်အိပ်
ပါဦး"

"ဘာမှမလုပ်ရင်လှည့်မယ်"

"အင်း  … ဘာမှမလုပ်ဘူး"

ပြုံးစိစိနဲ့ လှည့်ကြည့်လာတဲ့ကောင်လေးရဲ့
ပါးမို့လေးကို ခပ်ဖွဖွညှစ်ကာ-

"နည်းနည်းတော့ ပေးနမ်းလိုက်"

မျက်လုံးမှိတ်ထားပြီး သူ့ဘက်နည်းနည်းတိုး
လာသည်။မာယာတွေများစရာမလို။ ရိုးရိုး
ရှင်းရှင်းအပြုအမူတွေိနဲ့တင်သူ့နှလုံးသားက ဒီကလေးဆီမှာ ဦးညွတ်ဖို့ရာအဆင်သင့်။
ပါးပြင်လေးတွေကို နမ်းရှိုက်ခွင့်ရရုံနဲ့လဲ ပျော်
ရွှင်ရတာပဲ။ Jiminက သူ့ရဲ့အမျိုးသားလေး
ဖြစ်လာပြီတဲ့…။ ဒါနဲ့တင် သူ့ကမ္ဘာက ပြည့်စုံ
နေပြီ။

"Aigoo… ငါ့ရဲ့ဖက်ခေါင်းအုံးလေး"

Jungkookကို လှမ်းဖက်ပြီး ခြေထောက်လေး
က ခါးပေါ်ခွထားသည်။ နဖူးကိုလှမ်းနမ်းကာ-

"ရန်မဖြစ်ဘဲနေကြမယ်…နော်"

"အင်း"

"အိပ်တော့မယ်"

တကယ်လဲ အိပ်ချင်နေတဲ့ပုံပေါ်တာမို့ သူက
ကျောပြင်လေးကိုခပ်ဖွဖွလေးပွတ်ပေးသည်။

"အိပ်မက်လှလှမက်ပါစေ ကိုယ့်ကလေးလေး"

Jeonမောင်နှံ၏ အချစ်အိမ်လေးသည်
မေတ္တာရနံ့များသင်းထုံကာ ညလယ်တွင်
အေးအေးချမ်းချမ်းလေးတည်ရှိနေခဲ့သည်။

The End

Yoongiနဲ့ TaeHyungသည် ယိုင်တိယိုင်တိုင်
ဖြင့် Jiminတို့အိမ်ရှေ့သို့ရောက်လာကြသည်။ Jiminကို စချင်လွန်း၍ မေမေတို့နှင့်
တစ်ခါထဲ ပြန်မလိုက်သွားဘဲ TaeHyung
ဆီမှာ ခဏကပ်နေနေတာဖြစ်သည်။ အပျော်
လွန်နေတဲ့ Jiminကတော့ လုံးဝကိုသတိမ
ထားမိ။

"ငါ့ယောက်ဖက အရင်လိုပဲ မပြောင်းလဲဘူး
တဲ့… မင်း ညတိုင်း သွားလည် ကြားလား
TaeHyung"

"လုံးဝစိတ်ချ Hyung"

TaeHyungသည် မတ်တပ်တောင်မရပ်နိုင်
တော့ဘဲ မြေပေါ်ထိုင်ချကာ Yoongiခြံတံခါး
သော့ ဖွင့်တာကို ထိုင်စောင့်နေသည်။

"ဒီသော့ကလဲ…"

10မိနစ်လောက်ကြာအောင် ဖွင့်မှ သော့ကပွင့်
သည်။

"TaeHyung ဘယ်ရောက်သွားတာလဲ"

"ဒီ…ဒီမှာ"

"မင်းကလဲ နည်းနည်းလေးသောက်ပြီးမှောက်
တော့တာပဲ"

TaeHyungကိုတွဲကာ အိမ်တံခါးလာဖွင့်ပေး
ဖို့ Jiminကို လှမ်းအော်ရသည်။

"Jiminရေ … ငါ့ညီလေး ကိုကို့ကို တံခါးလာ
ဖွင့်ပေးပါဦး"

အိပ်ပျော်ကာစ Jungkookသည် အပြင်ဘက်
ကနေ Jiminနာမည်ကို ခေါ်နေသလိုကြားရ
တာကြောင့် Jiminကို နှိုးရသည်။

"Jimin… ကလေး"

"ဟင်"

"Yoongi Hyung အသံလားလို့ ခေါ်နေတာ"

မျက်လုံးမဖွင့်နိုင်တဲ့ Jiminက စိတ်မရှည်သ
လိုလေးပြန်ဖြေလာသည်။

"ကိုကိုက ပြန်သွားပြီလေ"

"Jiminရေ … ကိုကို့ညီလေး"

ထပ်ပြီး ကျယ်လာတဲ့အသံနဲ့မှ Jiminလဲ
အိပ်ရာထဲက ထပြီးထိုင်သည်။

"ထကြည့်လိုက်ဦးမယ်"

နှစ်ယောက်သား အပြင်ကိုထွက်ကြည့်တော့
ကိုကိုနဲ့TaeHyungတို့ လှေကားထစ်မှာ
ငုတ်တုပ်လေးတွေ။

"ဘယ်လိုဖြစ်လာကြတာလဲ …ကိုကိုက
ဘယ်ကဘယ်လိုပြန်ရောက်လာတာလဲ"

နှစ်ယောက်လုံးကိုတွဲခေါ်ကာ အိမ်ထဲက ဆို
ဖာခုံအရှည်မှာ နေရာချပေးရသည်။

"TaeHyungက Jiminဆီ လာအိပ်တာတဲ့"

မျက်လုံးမဖွင့်နိုင်တဲ့ ကိုကိုက TaeHyungကို
မြှောက်ပေးနေဆဲ။ ဟိုကဖြင့် လောကနဲ့အ
ဆက်အသွယ်ပြတ်နေပြီ။

"အပေါ်ကို တွဲပြီးပို့လိုက်မယ်။ ဒီမှာဆို
အိပ်ရခက်မယ်"

"တွဲလို့ရမှာမဟုတ်ဘူးကိုကိုရဲ့… "

အပေါ်ထပ်က စောင်တွေယူခြုံပေးပြီးမှသူတို့
နှစ်ယောက်လဲ အိပ်ခန်းထဲပြန်ဝင်ခဲ့ကြသည်။

"သူများ မင်္ဂလာဦးညကို တမင် လာစတာ
အဲ့ကိုကို"

"အမယ်…မသိရင်ဘဲ မင်္ဂလာဦးညမှာ ဘာ
လုပ်တာကျနေတာပဲ။ ဒီအသေးလေးကတော့"

"ဟီးဟီး… ပြန်အိပ်ကြမယ်"

TaeHyungကို ဆေးထိုးဖို့ ခေါ်လာခဲ့ပေမဲ့
နှစ်ယောက်လုံး အသိစိတ်လွတ်တဲ့အထိမူး
နေသည်မို့ ဆိုဖာပေါ်မှာပဲ တစ်ညကုန်ဆုံးရ
သည်။

Jeonစုံတွဲလေးကတော့ အရှေ့ကနှစ်ယောက်
ကို မေ့ကာ အိပ်မက်ကမ္ဘာဆီသို့။

13.10.2021

****************

Extra လေး ကျန်ပါဦးမယ်။

Continue Reading

You'll Also Like

287K 6.6K 20
[CMPLTD] "Cheating is a choice, not a Mistake." Lisa, a simple girl from Thailand who came to Korea to study. Jennie, daughter of one of the richest...
166K 12.8K 55
ငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်
104K 7.6K 49
Park Ari, a talented high schooler aspires to become a beat boxer. Not knowing anything about the music industry except for a few big names that were...
66.2K 4.5K 48
Where Soobin is hired to decipher encrypted German messages in WWII , and Yeonjun is a Lieutenant in the Royal Navy.... and Soobin's boss. "We went d...