ငြိမ့် (COMPLETED)

Από Kattamkaung

1.6M 151K 6.9K

(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available Περισσότερα

စာရေးသူ၏အမှာစာ
Chapter - 1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter - 10
Chapter - 11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
လက်ဆောင် 🎁
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
Special Chapter
Physical Book Announcement
Book Detail

Chapter-33

30.8K 2.9K 308
Από Kattamkaung

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၁၀

(ငြိမ့်အား ချစ်လို့ပင်မဝနိုင်)

တဝှီးဝှီး လည်နေသောပန်ကာသံကလွဲလျှင်
တိတ်ဆိတ်နေသောအခန်း။ ညဉ့်နက်လွန်းနေပြီမို့ အပြင်ဘက်ပတ်ဝန်းကျင်ကလည်း အိပ်မောကျနေကြပြီထင်။ တစ်ချက်တစ်ချက် ခပ်ဝေးဝေးလမ်းမထက် ဖြတ်မောင်းသွားသည့် ဆိုင်ကယ်သံ ၊ ကားသံ သဲ့သဲ့သာ ကြားရတတ်သည်။

ငြိမ့်တည်က ကုတင်ထက်တွင် တင်ပလ္လင်ခွေထိုင်လျက်သား ခေါင်းကိုငုံ့လို့နေပြီး
လက်ချောင်းထိပ်လေးများကို အချင်းချင်းပွတ်လို့နေသည်။ အသက်ရှူသံ တိုးတိုးဟာ
သူ့ဆီကလား သူ့မျက်နှာချင်းက သူဆီကလား သေချာအာရုံမထားနိုင်။ လစ်ဟာကာ
နွမ်းလျကျန်နေ‌ခဲ့သော ရင်ဘတ်ကြောင့်
ငြိမ်နေပေမဲ့ ပင်ပန်းနေသလို ခံစားနေရသည်။

ငြိမ့်တည် သူ့ရှေ့မှာ ခေါင်းအုံးကို မှီထိုင်ရင်း
အိပ်ခန်းတံခါးပေါက်ဆီ ငေးနေသူကို
တစ်ချက်မော့ကြည့်လိုက်မိသည်။ ခံ့ညားသော မျက်နှာဟာ ငြိမ့်တည်လိုပဲ
နွမ်းနယ်နေပုံပေါ်ကာ အတွေးများနေပုံလည်းရသည်။ ဘာမှ မရှိတဲ့ တံခါးဝဆီငေးလို့
စိတ်အာရုံက တခြားတစ်နေရာရာကို ရောက်နေပုံပင်။

ဇာတ်လမ်းရှည်ကြီးက နားထောင်ခဲ့တဲ့
သူ့ကိုဝောာင် ရိုက်ခတ်သွားခဲ့တာမို့
မေ့ထားချင်ရှာမည့် အတိတ်တွေကို ပြန်ပြောပြခဲ့ရသူအတွက် လွယ်ကူမည်မဟုတ်တာ
ငြိမ့်တည် နားလည်ပါသည်။ သူကိုယ်တိုင်ပင်
ဝမ်းနည်းမှု၊ ခံပြင်းမှု နှင့် ဒေါသတွေကို
တစ်ချိန်ထဲမှာ စုပြုံနေအောင် ခံစားခဲ့တာဖြစ်သည်။

ကိုယ်တိုင် ကြုံခဲ့ရတာ မဟုတ်ပေမဲ့ ကိုယ်တိုင်ကြုံခဲ့ရသည့်အတိုင်းပါပဲ။ ငြိမ့်တည် ရှေ့မှာ
တဖြေးဖြေးချင်း ပြောပြနေခဲ့တဲ့သူက
များစွာသော ဝမ်းနည်းနာကျင်မှုတွေကို ဖွင့်ချပြခဲ့ပြီး အမြဲကြည်လင် ချိုမြနေသော မျက်နှာဟာ ဆွေးရိပ်တွေ အပြည့်ဖြစ်နေခဲ့၏။

အထင်မြင်လွဲခံရမှု ၊ အယုံကြည် ကင်းမဲ့မှု၊ မတရားစွပ်စွဲခံရမှုတွေကြားမှာ လူငယ်လေး
ကိုလှိုင်းဆက်က သူ့ရဲ့ အရှိန်ဝါတစ်ချို့ကို
ပစ်ချထားခဲ့ပုံရသည်။ တက္ကသိုလ် ကျောင်းသားအရွယ်က ဘယ်လောက်ရှိအုံးမလဲ။ တကယ်လို့များ ငြိမ့်တည်သာဆိုရင်တော့ ဒီလို သည်းခံနိုင်ခဲ့လိမ့်မယ်မထင်။

"အိပ်ချင်နေပြီလား "
ခေါင်းပေါ်ရောက်လာသော နွေးထွေးသည့်
လက်ဝါးပြင်တစ်ဖက်၏ အထိအတွေ့နှင့်အတူ ကိုလှိုင်းဆက်က မေးလို့လာသည်။
ငြိမ့်တည်ရဲ့ ရှေ့ကို တိုးလာကာ မျက်နှာချင်းဆိုင်လို့ ထိုင်နေသူက အေးချမ်းစွာပြုံးပြလို့နေပေမဲ့ သူ့မျက်နှာထက်က ဝမ်းနည်းမှု အရိပ်ယောင်တွေကိုတော့
သေချာဖုံးကွယ်ထားနိုင်ခြင်း မရှိသေးရှာ။

မော့ကြည့်နေမိတဲ့ မျက်ဝန်းတွေဟာ
မေတ္တာတရားနှင့် သိမ်မွေ့ခြင်းတွေ ပြည့်နှက်နေပြီး ငြိမ့်တည်ကို ပိုပြီးဝမ်းနည်းလို့ လာစေခဲ့သည်။ မဝံ့မရဲ ခေါင်းငုံ့ချလိုက်တဲ့ ငြိမ့်တည်ရဲ့ အပြုအမူကို ဘယ်လိုထင်သွားသည်ရယ်မသိ။ အနားတိုးကပ်လာသူရဲ့ လက်တွေက
ငြိမ့်တည် မျက်နှာနားမှာ တဝေ့လည်လည် လုပ်နေခဲ့၏။ ဖောင်းချည်ပိန်ချည်ဖြစ်နေသည့် ကိုလှိုင်းဆက်၏ ရင်ဘတ်ဟာ
ငြိမ့်တည် မျက်နှာနားမှာအပ်လို့။

"ကိုယ် ငြိမ့်ကို မာမာကျောကျော ဆက်ဆံမိတာတောင်းပန်ပါတယ်။ ကိုယ့်ကို မုန်းမသွားပါနဲ့"

ဆို့တက်လာတဲ့ ရင်ဘတ်နဲ့အတူ ငြိမ့်တည်
ကိုယ့်အောက်နှုတ်ခမ်းကိုယ် ဖိကိုက်ထားလိုက်မိသည်။ သူက ဘာကိစ္စ ကိုယ့်ယောက်ျားကိုယ် မုန်းရမှာလဲ။ စိတ်ဆိုးလို့ ခေါင်းငုံ့နေတာမဟုတ်ပဲ သူ့မျက်နှာကြည့်ရင်း စိတ်မကောင်းဖြစ်လာလို့ ခေါင်းငုံ့နေတဲ့ ကိစ္စကို။

"ကျွန်တော်က ဘာလို့မုန်းရမှာလဲ။
ချစ်လို့ဝတာတောင် မဟုတ်ဖူးဗျ"

နူးနူးညံ့ညံ့ မရှိလှပေမဲ့ ငြိမ့်တည် စကားက
ထိရောက်သွားပုံရ၏။  အကြည့်ဆုံး ဆုံလိုက်မိတဲ့ မျက်ဝန်းတွေဟာ တောက်ပလာပြီး
ပါးပြင်ထက်က ပါးချိုင့်ကြီးများက သိသိသာသာပေါ်လွင်လို့လာတော့သည်။ ဒါမျိုးကျ ရုပ်ကြီးက တန်းပြီးပြုံးလာလိုက်တာများ။ ငြိမ့်တည် ပေတေတေတွေးမိပေမဲ့
အပြင်မှာတော့ ထိန်းမရနိုင်စွာ ပြုံးလိုက်မိ၏။

နှစ်ယောက်သားဟာ အပြုံးကိုယ်စီနှင့်
တစ်ယောက်ကိုယ် တစ်ယောက်ကြည့်လို့
အတိတ်က ဝမ်းနည်းမှုတွေဆီကနေ ရုန်းထွက်စ ပြုလာကြသည်။ စောစောက
မျက်နှားအနားမှာဝေ့နေသော လက်တွေက
ငြိမ့်တည်ပါးပြင်နှစ်ဖက်ကို တယုတယ
ပွေ့ကိုင်လို့ မျက်နှာချောချောဟာ ငြိမ့်တည်
အနားကို တိုးလို့လာခဲ့သည်။

ဝင်သက်ထွက်သက်လေပြေတချို့ မျက်နှာကိုရိုက်ခတ်လာတော့ ငြိမ့်တည်မျက်ဝန်းတွေက သူ့အလိုလို မှိတ်ကျလို့သွား၏။
ငြိမ့်တည် ရင်ထဲမှာ တသိမ့်သိမ့်နှင့်။
ဝတ်ထားမိတဲ့ ဘောင်းဘီစလေးကို ဆုပ်ကိုင်မိလိုက်သည်။ရင်ခုန်သံတွေက ဘယ်အကြိမ်ဖြစ်ဖြစ် အသားမကျသေး။

နူးညံ့သော အထိတွေ့ဟာ မျက်ခွံပေါ်ကို
အရင်ကျရောက်လာခဲ့ပြီး နှုတ်ခမ်းလွှာဟာ
ငြိမ့်တည်ရဲ့ နှာတံထိပ် ၊ ပါးပြင်နှင့် နှုတ်ခမ်းဘေးက နေရာလေးတွေဆီ ပွတ်သပ်လို့သွားသည်။ အနမ်းတို့က နုသည်၊ အတင်းကြပ်
ဖိကပ်ကာ နမ်းရှိုက်နေခြင်းမျိုးမရှိ။ တစ်ချက်ချင်း ဖိကပ်ပြီး နမ်းသည်မှာ အင်အားပင် ထည့်ထားခြင်းရှိမနေခဲ့။

နားထင်စက မှဲ့နက်ကလေးနား နင့်ခနဲ
အနမ်းချွေပြီးနောက် အနမ်းတို့က ဝေးကွာလို့သွားသည်။လှိုက်ဖိုနေသော ငြိမ့်တည်ရင်ဘတ်က စိတ်လှုပ်ရှားမှုများ‌ကြောင့် မောဟိုက်လို့နေပြီ။ ပြီးဆုံးသွားပြီလား အထင်နှင့်
မျက်လုံးဖွင့်ခါနီး နှုတ်ခမ်းထက်ရောက်လာသော အနမ်း။ ဖိကာနမ်းလိုက်ခြင်းမှာ
ငြိမ့်တည် မျက်မှောင်ပင်ကြုတ်လိုက်မိ၏။
ရုတ်တရတ်အနမ်းကြောင့် သူလန့်သွားရသည် မဟုတ်ပါလား။

အောက်ဖက် နှုတ်ခမ်းလွှာကို ဆွဲလို့
ငုံရှိုက်နမ်းနေသူက ငြိမ့်တည်ရဲ့ နားထင်စ
ကလေးကို လက်မတို့နှင့် ခပ်ဖွဖွနှင့် ပွတ်သပ်ပေးလာတာကြောင့် ငြိမ့်တည်ရဲ့ မျက်ခုံးတန်းတွေ  ပြေလျော့လာပြီး အနမ်းမှာ နစ်ဝင်စီးမြောလို့ပါသွားခဲ့ရ၏။

ပြွတ်စ် ခနဲ အဆုံးသတ်ပြီးနောက်
ငြိမ့်တည် နှဖူးထက်က ဆံပင်တွေကို
အသာယာ သပ်တင်ပေးနေတဲ့ ကိုလှိုင်းဆက်က ငြိမ့်တည်ဆီကနေ အကြည့်တွေမခွာတော့။ အချိန်အတော်ကြာသည်ထိ
ပြုံးလျက် ငြိမ့်တည်ကို ကြည့်နေခဲ့သည်။
အပြုံးတွေဟာ နူးညံ့ပြီး ငြိမ့်တည်ကို
အကြင်နာတွေ အများကြီးပုံအောပေးနေသလို ခံစားခဲ့ရ၏။

"ဒီလောက်အထိ တစိမ့်စိမ့်နဲ့ ချစ်မိသွားမယ်လို့ ကိုယ်မထင်ခဲ့ဘူးရယ်"
ချိုမြသော အသံက  ငြိမ့်တည်အနားမှာ
တဝဲလည်လည်။ သဘောကျသော ကိုယ်သင်းရနံ့တွေကလည်း ငြိမ့်တည်ကို ခြုံလွှမ်းလို့ထားကြသည်။

ကိုလှိုင်းဆက်ရဲ့ လက်တွေက ငြိမ့်တည်ရဲ့
လက်နှစ်ဖက်ကို ကိုင်လို့လာပြီး စကားတို့ကို ရှေ့ဆက်လို့လာသည်။

"အခက်ခဲတွေ အများကြီးရှိခဲ့ပေမဲ့
ငြိမ့်နဲ့ ဆုံခဲ့ရလို့ ဝမ်းသာတယ်။
ငြိမ့်နဲ့အတူတူဆိုရင် ကိုယ့်ကိုယ်ကိုယ်
ပိုပြီး တန်ဖိုးရှိလာသလို ခံစားရတယ်။
အဲ့ဒါကြောင့် ကိုယ်က ဆိုးချင်မိသွားတာ။
ကိုယ့်ကို ခွင့်လွှတ်ပါနော်..."

သနားစရာ ကောင်းသော အကြည့်တွေကို
သုံးလို့ ကိုလှိုင်းဆက်က ငြိမ့်တည်ကို
ကြောင်လေးတစ်ကောင်လို့ ကြည့်လာသည်။
အသည်းယားတဲ့ စိတ်ကြောင့် ငြိမ့်တည်ဟာ
ဘာမှတောင် ပြန်မပြောနိုင်။ သူ့ဦးလေးကြီးမှာ ဒီလိုပညာတွေရှိနေမယ်လို့ ထင်တောင်မထင်ထားဖူးဘူး။ ဒီတိုင်း လူရိုးကြီးလို့ပဲ
ငြိမ့်တည် သိထားခဲ့တာ။

ညာဘက်လက်ဖမိုးကို
ပင့်ကိုင်လို့ အနမ်းဖွဖွခြွေလာပြန်တဲ့ အခါ
ပြိုရတာတော့ ငြိမ့်တည်ပါပဲ။ မျက်ဝန်း
တွေကို မှိတ်လို့ ငြင်သာစွာ အနမ်းပေးသူက
ငြိမ့်တည်ရဲ့ ရင်ခုန်သံတွေကို အစွန်းရောက်လာစေသည်။ ဒါ ဘယ်လိုဆွဲဆောင်မှုများလဲ။

ငြိမ့်တည် မျက်နှာတွေပါ ပူလောင် အိုက်စပ်လာသလိုခံစားရသည်။ သူ ရေလည်းမချိုးရသေးဘူး။ ပြန်လာကတည်းက စိတ်ကောက်ဆူပုတ်ပြီး ငိုပြနေရတာနဲ့ လူက ကြောင်ချီးရုပ်ဖြစ်နေမှာကို။ ယုယတဲ့ အချိန်က နည်းနည်းလွဲနေပြီ မဟုတ်ဖူးလား။

"စကားပြောပါအုန်း ငြိမ့်ရဲ့..ဟွန်"
မေးလေးငေါ့လို့ ငြိမ့်တည်ကို ပြောလာတဲ့သူ။
ကိုယ့်အာရုံနဲ့ကိုယ် လျှောက်တွေးနေတဲ့
ငြိမ့်တည်က အဲ့ဒီကျမှပဲ အသိစိတ်ဝင်လာရတော့၏။

"ကျွန်တော်ကာ..."

"အွန်း ...ငြိမ့်က"
လက်နှစ်ဖက်ကို ကိုင်ထားရင်း ကြည့်နေသူက
ကလေးတစ်ယောက်ကို အလိုလိုက်နေသလို
ထင်နေသလားမသိ။ နူးညံ့စွာ ငြိမ့်တည် အပြောကို စောင့်လို့နေခဲ့သည်။

"ကျွန်တော်က ကိုယ်လှိုင်းဆက်ကို
စိတ်မဆိုးပါဘူးဗျ"

ဟုတ်ရဲ့လားဟု ကြည့်လာတဲ့အခါ
ငြိမ့်တည် ပါးကိုလေဖောင်းဖောင်းလို့
ဟိုဟိုဒီဒီ အကြည့်လွှဲလိုက်မိသည်။
သူညာပြောရတာကို ဘယ်လိုမှ အသားမကျ။

"နည်းနည်းပဲ စိတ်ဆိုးတာပါဗျ။
နည်းနည်း များများလေး"

"အဟက်ဟက် ..."
သဘောကျသွားသူက ငြိမ့်တည်အပြောကြောင့် ရယ်ကာလာသည်မို့ ရှုတည်တည်
ကြည့်ပေးလိုက်တဲ့အခါ နှုတ်ခမ်းတွေကိုထိန်းနေပြန်တဲ့သူ။ ချစ်ဖို့ ကောင်းလွန်းသည်ကြောင့် ငြိမ့်တည် မျက်နှာကပါ အလိုလို
ပြုံးလို့လာမိခဲ့သည်။

"နောက်ကို ကိုယ်လှိုင်းဆက် ဖြစ်ချင်တဲ့
အကြောင်းကျွန်တော့ကို ပြောပါ။
ဘယ်သူနဲ့တော့ မပေါင်းစေချင်ဘူး၊
ဘာကိုတော့ မလုပ်စေချင်ဘူး
ဘာမဆို ကျွန်တော့ကို ပြောလို့ရတယ်ဗျ"

"ကိုယ့် စကားနားထောင်မှာပေါ့ ငြိမ့်က"

"ဒါပေါ့။
ကျွန်တော့ကို ဆူလို့လဲရတယ်၊ ပြောလို့လဲရတယ်"

"ဆူစရာလား ဒါလေးကို...အမလေးဗျာ"

"ဆူတာ တော်ပါသေးတယ်ဗျ။
မျက်နှာတည်ကြီးနဲ့ ရှောင်နေရင်မှ ကျွန်တော်က ပိုခံစားရမှာ"
ငြိမ့်တည် မကျေမနပ်ပြောတော့
ကိုလှိုင်းဆက် မျက်လုံးတွေက တောင်းပန်လို့လာသည်။

"ကိုယ် တောင်းပန်ပါတယ်"

"နောက် မလုပ်ပါဘူး ပြောရမယ်ဗျ"

"နောက် မလုပ်တော့ပါဘူး"
သူ့နားရွက်နှစ်ဖက်သူ ဆွဲပြလို့ ငြိမ့်တည်ကို
ကတိပေးနေသူက အသက်၃၅နှစ်နှင့်
တစ်စက်မှမတူ။ တိုက်ပုံဝတ်လို့ ခံ့ခံ့ညားညားကြီး ရုံးတတ်နေတတ်သူက အခုတော့
ငြိမ့်တည်ရှေ့မှာ ကလေးကြီးတစ်ယောက်လိုပင်။

လက်တွေကို ဖွင့်လို့ ငြိမ့်တည်ကို
ပွေ့ဖက်တော့မည့်ဟန် လုပ်နေတဲ့အခါ
ချက်ချင်း ကုတင်ပေါ်က ထပြေးမိတဲ့
ငြိမ့်တည်။ အူကြောင်ကြောင် ဖြစ်သွားတဲ့
မျက်ဝန်းကြီးတွေက ချစ်ဖို့ကောင်းပေမဲ့
နံစော်နေမဲ့ ကိုယ်ကြီးနဲ့တော့ ဖက်အိပ်မခံပါရစေနဲ့။

"ရေမချိုးရသေးလို့ ချိုးအုန်းမယ်ဗျ"
ဟု ငြိမ့်တည်ပြောပြီး ကိုလှိုင်းဆက်ရဲ့
ရေလဲ ပုဆိုးကိုဆွဲက ရေချိုးခန်းဘက်
အမြန်ပြေးထွက်ခဲ့လိုက်သည်။

"လဲမယ် ငြိမ့်တည်..ဖြေးဖြေးသွား" ဆိုတဲ့
နောက်က ပါလာတဲ့ စိတ်ပူသံတွေကတော့
ထုံးစံမပျက်။ ငြိမ့်တည် ကိုဆို အမြဲ
ကလေးလို လဲမှာစိတ်ပူနေတတ်သည့် လူဖြစ်သည်။

...........................

ငြိမ့်တည် ရေသွက်သွက်ချိုးလို့
အပြင်ထွက်လာတော့ ရေချိုးခန်းဝမှာ
ရပ်နေသူကြောင့် လန့်သွားရသေးသည်။
တဘက်အကြီးကြီးကို တစ်ထည်ကို
ဖြန့်ကိုင်ထားသူက ငြိမ့်တည် အပြင်ရောက်တာနှင့် လွှားခနဲ ခြုံပတ်လို့ ကျောကနေဆွဲကာ အခန်းထဲ ခေါ်သွားတော့သည်။

ရေသုတ်နေတဲ့ ငြိမ့်တည်ကို ကူသုတ်ပေးပြီး
ညဝတ်အင်္ကျီတို့ကို အမြန်ဝတ်စေတဲ့
ကိုလှိုင်းဆက်က အခန်းထဲက ပန်ကာကို
ပိတ်ဖို့လည်းမမေ့။ လက်ထဲကို အငွေ့တထောင်းထောင်းထနေသည့် ရေနွေးခွက်ထည့်ပေးခဲ့ပြီး ရေသုတ်ထားတဲ့ တဘက်ကို
ဆွဲယူသွားကာ စင်မှာသွားလွှားလို့နေတဲ့သူ။

တဖူးဖူး မှုတ်သောက်နေတုန်း အနားပြန်
ရောက်လာသူက ငြိမ့်တည်ဘေးမှာထိုင်လို့
ကျောပြင်ကို ခပ်ဖွဖွ ပွတ်ပေးနေသေးသည်။
တကယ်တော့ ရေက အေးလှသည်မဟုတ်။
တစ်ယောက်ထဲ နေတုန်းကဆိုရင်
ည နှစ်နာရီလောက်မှ ငြိမ့်တည် ရေချိုးချင်ရင် ထချိုးနေကျ။ ခုတော့ အမေပြန်လာသလို ခံစားချက်မျိုးကြောင့် ငြိမ့်တည်ရင်ထဲမှာ နွေးထွေးရ၏။

"နောက်ဆို ညဉ့်တအားနက်ရင် ရေမချိုးနဲ့တော့။ ခုတလော ညဆို အအေးပိုလာပြီ"
ကိုလှိုင်းဆက်က ဂရုဏာသက်စွာပြောလာတာမို့ ငြိမ့်တည် ခေါင်းငြိမ့်ပြပြီး လက်ခံလိုက်သည်။

"ညနေက စိတ်ဆိုးနေရတာနဲ့ ထမင်းလွတ်သွားတာ။ မအိပ်ခင် တစ်ခုခုစားမလား"

"တော်ပြီ ကျွန်တော် ဗိုက်မဆာတော့ဘူးဗျ"

"ဟုတ်ရဲ့လား "

"ဟုတ်ပါတယ်ဗျ... လာပါ ဖက်ပြီးတော့
အိပ်ရအောင် ဒီညကို။ ကိုလှိုင်းဆက်က
ပင်ပန်းသွားတာကို"

ဘေးမှာထိုင်နေသူရဲ့ ပုခုံးတွေထက်
မှီချရင်း ငြိမ့်တည်ပြောတော့ သဘောကျသော ရယ်သံထွက်လာပြီး ငြိမ့်တည်
ကျောနောက်ကပွေ့ကာ ထိန်းပေးထားတဲ့
ကိုလှိုင်းဆက်။ ရေနွေးကို ကုန်အောင်
သောက်ရင်း ငြိမ့်တည်ခြေထောက်တွေက
ကိုလှိုင်းဆက်ရဲ့ ခြေထောက်တွေကို
သွားသွားစနေသေး၏။ သိပ်မကြာလိုက်
ကုတင်ပေါ်ကနေ တွဲလောင်းချထိုင်နေသည့်
သူ့ခြေထောက်တွေက ကိုယ်လှိုင်းဆက်ရဲ့
ခြေထောက်တွေကြားမှာ ညှပ်ထားခံလိုက်ရတော့၏။

"ကိုယ့်ကိုပေး "

ရေနွေးကုန်သွားသည့် ခွက်ကို ခပ်လှမ်းလှမ်းက စားပွဲပေါ်တင်တဲ့ ကိုလှိုင်းဆက်တစ်ယောက် ခြေတံလက်တံရှည်ပုံများ ဖင်တစ်ချက်ကြွစရာမလိုပဲ ခွက်က စားပွဲပေါ်
သေချာတင်လျက်ပြီးသား ဖြစ်သွားတော့၏။

ခြေထောက်တွေကို လွှတ်ပေးလို့ ငြိမ့်တည်ကို
အရင်လှဲစေပြီး ခြေထောင်ချကာ မီးပိတ်နေသေးတဲ့သူ။ ကုတင်ပေါ် ပြန်ရောက်လာတော့လည်း ငြိမ့်တည် အပေါ်က ကျော်ခွလို့
ဘေးက ခြင်ထောင်စကို ခုပေးလို့နေသေးသည်။ ငြိမ့်တည်က သူ့ပေါ် အုပ်မိုးထားသည့်
ကိုယ်လုံးကြီးကို ကြည့်ကာ ပြုံးစိစိနှင့်။ ကိုလှိုင်းဆက်၏ ကိုယ်သင်းနံ့က သူ့ဆီ
ဖုံးအုပ်ထားတာကြောင့် ရင်ကလည်း ခုန်ရသေးသည်။

ငြိမ့်တည်တို့ ခြင်ထောင် ခြင်မဝင်တာ
ကြာလှပေါ့။ ကိုလှိုင်းဆက် ရင်ခွင်ထဲ
ဝင်ဝင်အိပ်ရတာမို့ ခြင်ထောင်ကို အောက်ကျအောင် မလုပ်မိတောကတည်းကပါပဲ။
ကိုလှိုင်းဆက် ဖက်ပေးထားတာကြောင့်
ငြိမ့်တည် ဘယ်မှလဲ လှိမ့်စရာမရှိ။
ညအိပ်ပြီဆိုတာနှင့် ရင်ခွင်ကြီးကို မျက်နှာအပ်ပြီး တချိုးထဲအိပ်ပျော်သွားတော့တာဖြစ်သည်။

"လာ ဒီပေါ်ကို"

‌လက်မောင်းကို ဖြန့်ပေးလို့ ‌ခေါ်နေတဲ့
ကိုလှိုင်းဆက်ကြောင့် ငြိမ့်တည် လှိမ့်နေအောင် ရင်ခွင်ထဲ ပစ်ဝင်ပစ်လိုက်သည်။
ဘေးတစောင်းအနေအထားနှင့် ငြိမ့်တည်ကို
ကျောတွေကနေ ‌ပွေ့ထားသူက ခပ်ဖွဖွ ပုတ်ပေးနေတာ ကလေးတွေကို ချော့သိပ်နေသည့်အတိုင်းပင်။

တကယ်တော့ ငြိမ့်တည် မအိပ်ချင်။
ရေချိုးလိုက်ရတာမို့ စိတ်ကြည်ပြီး
လန်း‌ဆန်း‌နေတာဖြစ်သည်။ ကိုလှိုင်းဆက်ရဲ့
သင်းပျံ့သော ကိုယ်သင်းနံ့နှင့် ရင်ငွေ့
နွေးနွေးကြောင့်သာ ဆက်ခွေနေမိခြင်း။ အိပ်ပျော်အောင် ကိုလှိုင်းဆက်ကို
ကူညီခိုင်းလိုက်ရမလား။

"ဟီး ဟီး ဟီး"
ငြိမ့်တည် ရယ်သံက တိတ်ဆိတ်နေသော
အခန်းထဲ ထင်ထင်ရှားရှားကြီး ပေါ်ထွက်လို့လာသည်။ သူ့အကြံနှင့် သူ့အသံက တစ်ထပ်ထဲ။

"ဘာလို့လဲ ငြိမ့်"
ကိုလှိုင်းဆက်က သူ့ကို အသာယာ မေးလာခဲ့သည်။ ကျောပြင်ကို ပွတ်ပေးနေဆဲ လက်တွေကတော့ အလုပ်မပျက်။

"အိပ်မပျော်လို့ပါဗျ"

"ကိုယ်ရောပဲ"

"ဟုတ်လား??"

"အင်း ဟုတ်တယ်"

"အဲ့ဒါဆို ဘာလုပ်ကြမလဲဗျ"

"ကိုယ်တို့လား??"

"ဟုတ်"

ငုံ့ကြည့်လာသော မျက်ဝန်းတွေနှင့်
အကြည့်ဆုံလို့သွားသည်။ ပါးပြင်ထက်က
ပါးချိုင့်တွေ နစ်ဝင်သည်အထိ ပြုံးပြလာတဲ့အခါ ငြိမ့်တည်လည်း ရှက်ရွံ့စွာ ပြုံးပြလိုက်မိသည်။ သူ့ရင်မှာလည်း တဒိန်းဒိန်း ခုန်လာ၏။

"စကားဆက်ပြောကြမလား"
ကိုလှိုင်းဆက် အသံက နူးညံ့စွာ။
ရှဲခနဲ မြည်‌သွားလောက်တဲ့ ခံစားချက်နှင့်
ငြိမ့်တည် ကိုယ်လေးက ချက်ချင်း အေးစက်သွားသည်။ သူ နည်းနည်းတောင်
စိတ်ဆိုးသွားချင်သလိုပါပဲ။

"ဟုတ်"
ငြိမ့်တည် ‌တစ်ခွန်းထဲသာ ပြန်ဖြေပြီး
ခေါင်းကို ငုံ့ချပစ်လိုက်၏။

ဆံပင်တွေကြားထဲ နင့်နေသော အနမ်းတွေ ဆက်တိုက်ကျရောက်လာသည်။
တဘောတကျ တဟားဟား ရယ်သံတို့ကလည်း ခေါင်းထက်မှာလုံးထွေးလို့။
နွေးထွေးသော ရင်ခွင်က ပိုတင်းကြပ်လာပြီး
ငြိမ့်တည်ကို ငုံထားတော့မတတ် ဖက်တွယ်လို့လာသည်။ ခြေထောက်တွေက ချုပ်ခံလိုက်ရပြီး တဒုတ်ဒုတ်မြည်နေတဲ့ ကိုလှိုင်းဆက်ရဲ့
ရင်ခုန်သံက ငြိမ့်တည်အသားတွေကိုပါ
တုန်လို့လာစေခဲ့သည်။

ငြိမ့်တည်သည် ပြီတီတီလေး ဖြစ်လို့သွားပြီး
သူ့ကို ကြေ‌မွအောင် ဖက်တွက်ထားသည့်
ကိုလှိုင်းဆက်၏ အင်္ကျီစကို ခပ်တင်းတင်း
ဆုပ်ကိုင်မိလိုက်သည်။

ခင်ဗျား အဲ့လောက် မတုံးတာ ကျွန်တော်
သိပြီးသား ဦးလေးကြီး။
မကျေမနပ် စိတ်ထဲမှာ ရေရွတ်နေမိပေမဲ့
တစ်ချိန်ထဲမှာပဲ ငြိမ့်တည်ပျော်သည်၊
ရင်တွေလဲခုန်ပြီး လူကလည်း တုန်ယင်လာခဲ့၏။

.....................................

မနက်မိုးလင်းကတည်းက တတောက်တောက်
အလုပ်ရှုပ်နေသူနောက်ကို ပတ်လိုက်နေရတဲ့
လှိုင်းဆက်။ ညက အိပ်တာနောက်ကျတဲ့အပြင် နေရအဆင်မပြေမှာပါ စိုးနေပေမဲ့
ငြိမ့်က ထင်ထားတာထက်ပင်
သန်မာသွက်လက်လွန်းနေသည်။

အင်္ကျီဖရိုဖရဲနှင့် အဆင်ပြေရဲ့လား
လိုက်မေးနေတဲ့ လှိုင်းဆက် အမေးကို
"ပြေပါတယ်ဗျ"ပဲ ဖြေနေပြီး လှိုင်းဆက်ကို
ရေသာသွားချိုးဖို့ တွန်းလွှတ်နေတော့တာဖြစ်၏။

ဘယ်အချိန်ထသွားသည်မသိ။ လှိုင်းဆက်
နိုးလာတော့ ငြိမ့်က ရေမိုးချိုးပြီးလို့
မနက်စာပြင်ပြီး နေပြီးသား။ နေ့လည်စာ
ထုပ်ဖို့ လုပ်ပေးနေတဲ့အနားကမခွာပဲ
မျက်နှာကိုပဲ အရိပ်တကြည့်ကြည့်မေးနေတဲ့
လှိုင်းဆက်ကသာ အရူးတစ်ယောက်လို။
သူ့မှာ ဒီကလေး အဆင်မှပြေပါ့မလား
စိုးရိမ်လွန်းလို့ အင်္ကျီကြယ်သီးတွေပင် တောင်တစ်လုံးမြောက်တစ်လုံး ဖြစ်နေခဲ့ရ၏။

ကြည်လင်နေတဲ့ ကောင်လေးကတော့
သူ့ကို ကြည့်ကာ တခစ်ခစ်ရယ်ရင်း
ဘာမှမဖြစ်ကြောင်း ပြောနေတာမို့သာ
စိတ်သက်သာရာ ရလာရသည်။
သနပ်ခါးစက်ကလေး တို့ထားသည့်
ပါးပြင်ကို နင့်ခနဲနေအောင် နမ်းပြီးမှ
လှိုင်းဆက် ရေချိုးခန်းဆီ ခြေလှမ်းကျဲကြီးတွေနှင့် လျှောက်လာခဲ့လိုက်၏။

"မြန်မြန်ချိုးနော် ရုံးနောက်ကျမယ်" ဆိုတဲ့
အပြောလေးကြောင့် သူခပ်သွက်သွက်
ချိုးမှ ဖြစ်မည်မို့လား။

ထမင်းချိုင့်တစ်ဖက် ရုံးအိတ်တစ်ဖက်နှင့်
သူတို့ တိုက်ခန်းကနေ ဆင်းလာတော့
၈ နာရီခွဲကျော်နေပြီ။ ငြိမ့်တည်လေးက လောနေပေမဲ့ လှိုင်းဆက်ကတော့ ဖြေးဖြေးဆင်းဖို့
နောက်ကနေ မှာနေရ၏။ သူ့မှာ အိပ်ရေးပျက်လို့ ပင်ပန်းတာတစ်မျိုး ရှေ့ကဟာလေး
ပြုတ်ကျသွားမှာပူရတာတစ်မျိုးနှင့်
ဘဝက တကယ်မလွယ်။

ဘုရားအမြန်ကန်တော့ စားသောက်ပြီးမှ
ထွက်လာတာမို့ အချိန်လင့်နေပေမဲ့
လှိုင်းဆက်ရုံးက နားလည်တာမို့ အေးဆေးသာ။ ကိုငြိမ့်တည်လေးကသာ ရုံးနောက်ကျမယ်ကို ပါးစပ်ကမချပဲ ပြာယာခတ်နေတာဖြစ်သည်။

လှေကားအစပ်ကို မရောက်ခင် ရပ်နေသော
ငြိမ့်ကြောင့် ဘာများလည်း အနားသွားတုန်း
အင့်ခနဲနေအောင် နမ်းခံလိုက်ရသည့်ပါးပြင်။
မျက်လုံးပင် ပြူးသည်အထိ လှိုင်းဆက်
ကြောင်အ သွားခဲ့ရသည်။ ဘုရား ဘုရား
လှေကားထစ်မှာ သူ့ကို နမ်းချလိုက်တာပဲ။

ကြောင်တောင်တောင် ဖြစ်နေတုန်း
လက်ကောက်ဝတ်က ဆွဲလို့ ခေါ်တဲ့ ငြိမ့်။
ဘာကြောင့်နမ်းလဲဆိုတာ သူသိသွားတာက
သူတို့ကို ပြူးကြောင်ကြောင် ကြည့်နေတဲ့
ဇင်ကိုဝင်းကြောင့်ပင်။ မုန့်ထုပ်တွေကို ကိုင်လို့
ပါးစပ်အဟောင်းသား ကြည့်နေသူကို ငြိမ့်က ခပ်တည်တည်ကျော်ပြီး လှိုင်းဆက်ကိုဆွဲခေါ်လာခဲ့သည်။ နှုတ်တစ်ချက် မဆက်သလို လှည့်တောင်မကြည့်ခဲ့။

ရှက်ကိုးရှက်ကန်း ဖြစ်သွားပေမဲ့
လှိုက်ခနဲ ဝမ်းသာသွားတာမျိုး လှိုင်းဆက် ခံစားရ၏။ လူငယ်လေးနှင့် နေပါများလို့
သူပါ လူငယ်စိတ်ဖြစ်နေတာလားမသိ။
အီလည်လည် ကျန်နေခဲ့မည့် ဇင်ကိုဝင်းကို
တွေးမိကာ သူအားရနေမိသည်။

ထမင်းချိုင့်တစ်ဖက် သူ့ကိုတစ်ဖက်နှင့်
ကိုင်ကာသွားနေသော ငြိမ့်တည်လေးက
သူ့ရှေ့မှာ ခပ်သေးသေးလေး။
လက်ကောက်ဝတ်က တင်းကြပ်သော
အထိတွေ့ကတော့ သူ့အတွက် အိမ်ဖြစ်ပြီး
သူစိတ်ချပြီး အယုံကြည်ရဆုံး လုံခြုံရာလေးလည်း ဖြစ်သည်။

ကားပေါ်ရောက်တော့ လုပ်ချင်ရာ
လုပ်ထားတဲ့ ကောင်လေးက လှိုင်းဆက်ကို
တီတီတာတာ ပြောဖို့လည်း မမေ့။

"စောစောက  သူမြင်အောင် သပ်သပ်ကို
ပေးမိတဲ့အနမ်းပါ၊ ကိုလှိုင်းဆက် လူရှေ့မို့ရှက်သွားရင် တောင်းပန်ပါတယ်။နောက်ကျ လူရှင်းမှပဲ နမ်းပါ့မယ်ဗျ"

ထမင်းချိုင့်ကို ပိုက်လျက် ‌မျက်နှာကို
မကြည့်ပဲ ပြောတဲ့ ငြိမ့်တည်လေးက
ခပ်ဆိုးဆိုး ကလေးလေးနှင့်လည်း တူ၏။

ပါးတစ်ဖက်ကို လှမ်းဆွဲတဲ့အခါ
မျက်ဝန်းဝိုင်းတွေက လှိုင်းဆက်ဆီကို
သနားစရာကြည့်လို့လာသည်။ ခွင့်လွှတ်ပါ ဆိုတဲ့သဘော။

ဘေးဘီကို တစ်ချက် ကြည့်ပြီးတဲ့နောက်
ကိုယ်ကို ဘေးသို့ကိုင်းကာ ငြိမ့်ရဲ့ ပါးမို့မို့ပေါ်လှိုင်းဆက် တစ်ချက်ဖိကပ်နမ်းလိုက်သည်။

"ဒါဆို ကိုယ်တို့ချင်း ကြေပြီ"

ငြိမ့်က ပထမ ကြောင်သွားသည်။
နောက်တော့ တဟားဟားရယ်လို့လာသည်။
ပြီးတော့ သူ့လက်မောင်းကို တစ်ချက်လာဖိညှစ်လို့ အသည်းတယားယား လုပ်နေတော့သည်။

ငြိမ့်ပျော်နေတဲ့အခါ သူက နှစ်ဆပို၍
ပျော်ရွှင်ခြင်းကို ခံစားရ၏...။

......................................................

စာရေးသူ၏ အမှာစာ:
ငြိမ့်တည်လေးကို လွမ်းနေတဲ့ သူတွေ
အလွမ်းပြေကြရဲ့လားဗျ??
Reviewလေးတွေ လည်း မျှော်နေပါ့မယ်

ပြီးတော့ ချစ်နိုင်းအောင်တို့အတွက်
ဇာတ်လမ်းလေးလည်း စတင်ထားပါပြီ

ဒီဟာလေးပါဗျ
"ငြိမ့်" ပြီးမှ တင်မှာမို့ စောင့်နေပေးပါအုန်းလို့
ဒါလေးကိုလည်း သဘောကျပေးကြပါအုန်း

Zawgyi

ခ်စ္မိၿပီးေနာက္ ေန႕ရက္မ်ား ၁၀

(ၿငိမ့္အား ခ်စ္လို႔ပင္မဝနိုင္)

တဝွီးဝွီး လည္ေနေသာပန္ကာသံကလြဲလွ်င္
တိတ္ဆိတ္ေနေသာအခန္း။ ညဉ့္နက္လြန္းေနၿပီမို႔ အျပင္ဘက္ပတ္ဝန္းက်င္ကလည္း အိပ္ေမာက်ေနၾကၿပီထင္။ တစ္ခ်က္တစ္ခ်က္ ခပ္ေဝးေဝးလမ္းမထက္ ျဖတ္ေမာင္းသြားသည့္ ဆိုင္ကယ္သံ ၊ ကားသံ သဲ့သဲ့သာ ၾကားရတတ္သည္။

ၿငိမ့္တည္က ကုတင္ထက္တြင္ တင္ပလႅင္ေခြထိုင္လ်က္သား ေခါင္းကိုငုံ႕လို႔ေနၿပီး
လက္ေခ်ာင္းထိပ္ေလးမ်ားကို အခ်င္းခ်င္းပြတ္လို႔ေနသည္။ အသက္ရႉသံ တိုးတိုးဟာ
သူ႕ဆီကလား သူ႕မ်က္ႏွာခ်င္းက သူဆီကလား ေသခ်ာအာ႐ုံမထားနိုင္။ လစ္ဟာကာ
ႏြမ္းလ်က်န္ေန‌ခဲ့ေသာ ရင္ဘတ္ေၾကာင့္
ၿငိမ္ေနေပမဲ့ ပင္ပန္းေနသလို ခံစားေနရသည္။

ၿငိမ့္တည္ သူ႕ေရွ႕မွာ ေခါင္းအုံးကို မွီထိုင္ရင္း
အိပ္ခန္းတံခါးေပါက္ဆီ ေငးေနသူကို
တစ္ခ်က္ေမာ့ၾကည့္လိုက္မိသည္။ ခံ့ညားေသာ မ်က္ႏွာဟာ ၿငိမ့္တည္လိုပဲ
ႏြမ္းနယ္ေနပုံေပၚကာ အေတြးမ်ားေနပုံလည္းရသည္။ ဘာမွ မရွိတဲ့ တံခါးဝဆီေငးလို႔
စိတ္အာ႐ုံက တျခားတစ္ေနရာရာကို ေရာက္ေနပုံပင္။

ဇာတ္လမ္းရွည္ႀကီးက နားေထာင္ခဲ့တဲ့
သူ႕ကိုေဝာာင္ ရိုက္ခတ္သြားခဲ့တာမို႔
ေမ့ထားခ်င္ရွာမည့္ အတိတ္ေတြကို ျပန္ေျပာျပခဲ့ရသူအတြက္ လြယ္ကူမည္မဟုတ္တာ
ၿငိမ့္တည္ နားလည္ပါသည္။ သူကိုယ္တိုင္ပင္
ဝမ္းနည္းမႈ၊ ခံျပင္းမႈ ႏွင့္ ေဒါသေတြကို
တစ္ခ်ိန္ထဲမွာ စုၿပဳံေနေအာင္ ခံစားခဲ့တာျဖစ္သည္။

ကိုယ္တိုင္ ႀကဳံခဲ့ရတာ မဟုတ္ေပမဲ့ ကိုယ္တိုင္ႀကဳံခဲ့ရသည့္အတိုင္းပါပဲ။ ၿငိမ့္တည္ ေရွ႕မွာ
တေျဖးေျဖးခ်င္း ေျပာျပေနခဲ့တဲ့သူက
မ်ားစြာေသာ ဝမ္းနည္းနာက်င္မႈေတြကို ဖြင့္ခ်ျပခဲ့ၿပီး အၿမဲၾကည္လင္ ခ်ိဳျမေနေသာ မ်က္ႏွာဟာ ေဆြးရိပ္ေတြ အျပည့္ျဖစ္ေနခဲ့၏။

အထင္ျမင္လြဲခံရမႈ ၊ အယုံၾကည္ ကင္းမဲ့မႈ၊ မတရားစြပ္စြဲခံရမႈေတြၾကားမွာ လူငယ္ေလး
ကိုလွိုင္းဆက္က သူ႕ရဲ႕ အရွိန္ဝါတစ္ခ်ိဳ႕ကို
ပစ္ခ်ထားခဲ့ပုံရသည္။ တကၠသိုလ္ ေက်ာင္းသားအ႐ြယ္က ဘယ္ေလာက္ရွိအုံးမလဲ။ တကယ္လို႔မ်ား ၿငိမ့္တည္သာဆိုရင္ေတာ့ ဒီလို သည္းခံနိုင္ခဲ့လိမ့္မယ္မထင္။

"အိပ္ခ်င္ေနၿပီလား "
ေခါင္းေပၚေရာက္လာေသာ ေႏြးေထြးသည့္
လက္ဝါးျပင္တစ္ဖက္၏ အထိအေတြ႕ႏွင့္အတူ ကိုလွိုင္းဆက္က ေမးလို႔လာသည္။
ၿငိမ့္တည္ရဲ႕ ေရွ႕ကို တိုးလာကာ မ်က္ႏွာခ်င္းဆိုင္လို႔ ထိုင္ေနသူက ေအးခ်မ္းစြာၿပဳံးျပလို႔ေနေပမဲ့ သူ႕မ်က္ႏွာထက္က ဝမ္းနည္းမႈ အရိပ္ေယာင္ေတြကိုေတာ့
ေသခ်ာဖုံးကြယ္ထားနိုင္ျခင္း မရွိေသးရွာ။

ေမာ့ၾကည့္ေနမိတဲ့ မ်က္ဝန္းေတြဟာ
ေမတၱာတရားႏွင့္ သိမ္ေမြ႕ျခင္းေတြ ျပည့္ႏွက္ေနၿပီး ၿငိမ့္တည္ကို ပိုၿပီးဝမ္းနည္းလို႔ လာေစခဲ့သည္။ မဝံ့မရဲ ေခါင္းငုံ႕ခ်လိဳက္တဲ့ ၿငိမ့္တည္ရဲ႕ အျပဳအမူကို ဘယ္လိုထင္သြားသည္ရယ္မသိ။ အနားတိုးကပ္လာသူရဲ႕ လက္ေတြက
ၿငိမ့္တည္ မ်က္ႏွာနားမွာ တေဝ့လည္လည္ လုပ္ေနခဲ့၏။ ေဖာင္းခ်ည္ပိန္ခ်ည္ျဖစ္ေနသည့္ ကိုလွိုင္းဆက္၏ ရင္ဘတ္ဟာ
ၿငိမ့္တည္ မ်က္ႏွာနားမွာအပ္လို႔။

"ကိုယ္ ၿငိမ့္ကို မာမာေက်ာေက်ာ ဆက္ဆံမိတာေတာင္းပန္ပါတယ္။ ကိုယ့္ကို မုန္းမသြားပါနဲ႕"

ဆို႔တက္လာတဲ့ ရင္ဘတ္နဲ႕အတူ ၿငိမ့္တည္
ကိုယ့္ေအာက္ႏႈတ္ခမ္းကိုယ္ ဖိကိုက္ထားလိုက္မိသည္။ သူက ဘာကိစၥ ကိုယ့္ေယာက္်ားကိုယ္ မုန္းရမွာလဲ။ စိတ္ဆိုးလို႔ ေခါင္းငုံ႕ေနတာမဟုတ္ပဲ သူ႕မ်က္ႏွာၾကည့္ရင္း စိတ္မေကာင္းျဖစ္လာလို႔ ေခါင္းငုံ႕ေနတဲ့ ကိစၥကို။

"ကြၽန္ေတာ္က ဘာလို႔မုန္းရမွာလဲ။
ခ်စ္လို႔ဝတာေတာင္ မဟုတ္ဖူးဗ်"

ႏူးႏူးညံ့ညံ့ မရွိလွေပမဲ့ ၿငိမ့္တည္ စကားက
ထိေရာက္သြားပုံရ၏။  အၾကည့္ဆုံး ဆုံလိုက္မိတဲ့ မ်က္ဝန္းေတြဟာ ေတာက္ပလာၿပီး
ပါးျပင္ထက္က ပါးခ်ိဳင့္ႀကီးမ်ားက သိသိသာသာေပၚလြင္လို႔လာေတာ့သည္။ ဒါမ်ိဳးက် ႐ုပ္ႀကီးက တန္းၿပီးၿပဳံးလာလိုက္တာမ်ား။ ၿငိမ့္တည္ ေပေတေတေတြးမိေပမဲ့
အျပင္မွာေတာ့ ထိန္းမရနိုင္စြာ ၿပဳံးလိုက္မိ၏။

ႏွစ္ေယာက္သားဟာ အၿပဳံးကိုယ္စီႏွင့္
တစ္ေယာက္ကိုယ္ တစ္ေယာက္ၾကည့္လို႔
အတိတ္က ဝမ္းနည္းမႈေတြဆီကေန ႐ုန္းထြက္စ ျပဳလာၾကသည္။ ေစာေစာက
မ်က္ႏွားအနားမွာေဝ့ေနေသာ လက္ေတြက
ၿငိမ့္တည္ပါးျပင္ႏွစ္ဖက္ကို တယုတယ
ေပြ႕ကိုင္လို႔ မ်က္ႏွာေခ်ာေခ်ာဟာ ၿငိမ့္တည္
အနားကို တိုးလို႔လာခဲ့သည္။

ဝင္သက္ထြက္သက္ေလေျပတခ်ိဳ႕ မ်က္ႏွာကိုရိုက္ခတ္လာေတာ့ ၿငိမ့္တည္မ်က္ဝန္းေတြက သူ႕အလိုလို မွိတ္က်လိဳ႕သြား၏။
ၿငိမ့္တည္ ရင္ထဲမွာ တသိမ့္သိမ့္ႏွင့္။
ဝတ္ထားမိတဲ့ ေဘာင္းဘီစေလးကို ဆုပ္ကိုင္မိလိုက္သည္။ရင္ခုန္သံေတြက ဘယ္အႀကိမ္ျဖစ္ျဖစ္ အသားမက်ေသး။

ႏူးညံ့ေသာ အထိေတြ႕ဟာ မ်က္ခြံေပၚကို
အရင္က်ေရာက္လာခဲ့ၿပီး ႏႈတ္ခမ္းလႊာဟာ
ၿငိမ့္တည္ရဲ႕ ႏွာတံထိပ္ ၊ ပါးျပင္ႏွင့္ ႏႈတ္ခမ္းေဘးက ေနရာေလးေတြဆီ ပြတ္သပ္လို႔သြားသည္။ အနမ္းတို႔က ႏုသည္၊ အတင္းၾကပ္
ဖိကပ္ကာ နမ္းရွိုက္ေနျခင္းမ်ိဳးမရွိ။ တစ္ခ်က္ခ်င္း ဖိကပ္ၿပီး နမ္းသည္မွာ အင္အားပင္ ထည့္ထားျခင္းရွိမေနခဲ့။

နားထင္စက မွဲ႕နက္ကေလးနား နင့္ခနဲ
အနမ္းေခြၽၿပီးေနာက္ အနမ္းတို႔က ေဝးကြာလို႔သြားသည္။လွိုက္ဖိုေနေသာ ၿငိမ့္တည္ရင္ဘတ္က စိတ္လႈပ္ရွားမႈမ်ား‌ေၾကာင့္ ေမာဟိုက္လို႔ေနၿပီ။ ၿပီးဆုံးသြားၿပီလား အထင္ႏွင့္
မ်က္လုံးဖြင့္ခါနီး ႏႈတ္ခမ္းထက္ေရာက္လာေသာ အနမ္း။ ဖိကာနမ္းလိုက္ျခင္းမွာ
ၿငိမ့္တည္ မ်က္ေမွာင္ပင္ၾကဳတ္လိုက္မိ၏။
႐ုတ္တရတ္အနမ္းေၾကာင့္ သူလန႔္သြားရသည္ မဟုတ္ပါလား။

ေအာက္ဖက္ ႏႈတ္ခမ္းလႊာကို ဆြဲလို႔
ငုံရွိုက္နမ္းေနသူက ၿငိမ့္တည္ရဲ႕ နားထင္စ
ကေလးကို လက္မတို႔ႏွင့္ ခပ္ဖြဖြႏွင့္ ပြတ္သပ္ေပးလာတာေၾကာင့္ ၿငိမ့္တည္ရဲ႕ မ်က္ခုံးတန္းေတြ  ေျပေလ်ာ့လာၿပီး အနမ္းမွာ နစ္ဝင္စီးေျမာလို႔ပါသြားခဲ့ရ၏။

ႁပြတ္စ္ ခနဲ အဆုံးသတ္ၿပီးေနာက္
ၿငိမ့္တည္ ႏွဖူးထက္က ဆံပင္ေတြကို
အသာယာ သပ္တင္ေပးေနတဲ့ ကိုလွိုင္းဆက္က ၿငိမ့္တည္ဆီကေန အၾကည့္ေတြမခြာေတာ့။ အခ်ိန္အေတာ္ၾကာသည္ထိ
ၿပဳံးလ်က္ ၿငိမ့္တည္ကို ၾကည့္ေနခဲ့သည္။
အၿပဳံးေတြဟာ ႏူးညံ့ၿပီး ၿငိမ့္တည္ကို
အၾကင္နာေတြ အမ်ားႀကီးပုံေအာေပးေနသလို ခံစားခဲ့ရ၏။

"ဒီေလာက္အထိ တစိမ့္စိမ့္နဲ႕ ခ်စ္မိသြားမယ္လို႔ ကိုယ္မထင္ခဲ့ဘူးရယ္"
ခ်ိဳျမေသာ အသံက  ၿငိမ့္တည္အနားမွာ
တဝဲလည္လည္။ သေဘာက်ေသာ ကိုယ္သင္းရနံ႕ေတြကလည္း ၿငိမ့္တည္ကို ၿခဳံလႊမ္းလို႔ထားၾကသည္။

ကိုလွိုင္းဆက္ရဲ႕ လက္ေတြက ၿငိမ့္တည္ရဲ႕
လက္ႏွစ္ဖက္ကို ကိုင္လို႔လာၿပီး စကားတို႔ကို ေရွ႕ဆက္လို႔လာသည္။

"အခက္ခဲေတြ အမ်ားႀကီးရွိခဲ့ေပမဲ့
ၿငိမ့္နဲ႕ ဆုံခဲ့ရလို႔ ဝမ္းသာတယ္။
ၿငိမ့္နဲ႕အတူတူဆိုရင္ ကိုယ့္ကိုယ္ကိုယ္
ပိုၿပီး တန္ဖိုးရွိလာသလို ခံစားရတယ္။
အဲ့ဒါေၾကာင့္ ကိုယ္က ဆိုးခ်င္မိသြားတာ။
ကိုယ့္ကို ခြင့္လႊတ္ပါေနာ္..."

သနားစရာ ေကာင္းေသာ အၾကည့္ေတြကို
သုံးလို႔ ကိုလွိုင္းဆက္က ၿငိမ့္တည္ကို
ေၾကာင္ေလးတစ္ေကာင္လို႔ ၾကည့္လာသည္။
အသည္းယားတဲ့ စိတ္ေၾကာင့္ ၿငိမ့္တည္ဟာ
ဘာမွေတာင္ ျပန္မေျပာနိုင္။ သူ႕ဦးေလးႀကီးမွာ ဒီလိုပညာေတြရွိေနမယ္လို႔ ထင္ေတာင္မထင္ထားဖူးဘူး။ ဒီတိုင္း လူရိုးႀကီးလို႔ပဲ
ၿငိမ့္တည္ သိထားခဲ့တာ။

ညာဘက္လက္ဖမိုးကို
ပင့္ကိုင္လို႔ အနမ္းဖြဖြေႁခြလာျပန္တဲ့ အခါ
ၿပိဳရတာေတာ့ ၿငိမ့္တည္ပါပဲ။ မ်က္ဝန္း
ေတြကို မွိတ္လို႔ ျငင္သာစြာ အနမ္းေပးသူက
ၿငိမ့္တည္ရဲ႕ ရင္ခုန္သံေတြကို အစြန္းေရာက္လာေစသည္။ ဒါ ဘယ္လိုဆြဲေဆာင္မႈမ်ားလဲ။

ၿငိမ့္တည္ မ်က္ႏွာေတြပါ ပူေလာင္ အိုက္စပ္လာသလိုခံစားရသည္။ သူ ေရလည္းမခ်ိဳးရေသးဘူး။ ျပန္လာကတည္းက စိတ္ေကာက္ဆူပုတ္ၿပီး ငိုျပေနရတာနဲ႕ လူက ေၾကာင္ခ်ီး႐ုပ္ျဖစ္ေနမွာကို။ ယုယတဲ့ အခ်ိန္က နည္းနည္းလြဲေနၿပီ မဟုတ္ဖူးလား။

"စကားေျပာပါအုန္း ၿငိမ့္ရဲ႕..ဟြန္"
ေမးေလးေငါ့လို႔ ၿငိမ့္တည္ကို ေျပာလာတဲ့သူ။
ကိုယ့္အာ႐ုံနဲ႕ကိုယ္ ေလွ်ာက္ေတြးေနတဲ့
ၿငိမ့္တည္က အဲ့ဒီက်မွပဲ အသိစိတ္ဝင္လာရေတာ့၏။

"ကြၽန္ေတာ္ကာ..."

"အြန္း ...ၿငိမ့္က"
လက္ႏွစ္ဖက္ကို ကိုင္ထားရင္း ၾကည့္ေနသူက
ကေလးတစ္ေယာက္ကို အလိုလိုက္ေနသလို
ထင္ေနသလားမသိ။ ႏူးညံ့စြာ ၿငိမ့္တည္ အေျပာကို ေစာင့္လို႔ေနခဲ့သည္။

"ကြၽန္ေတာ္က ကိုယ္လွိုင္းဆက္ကို
စိတ္မဆိုးပါဘူးဗ်"

ဟုတ္ရဲ႕လားဟု ၾကည့္လာတဲ့အခါ
ၿငိမ့္တည္ ပါးကိုေလေဖာင္းေဖာင္းလို႔
ဟိုဟိုဒီဒီ အၾကည့္လႊဲလိုက္မိသည္။
သူညာေျပာရတာကို ဘယ္လိုမွ အသားမက်။

"နည္းနည္းပဲ စိတ္ဆိုးတာပါဗ်။
နည္းနည္း မ်ားမ်ားေလး"

"အဟက္ဟက္ ..."
သေဘာက်သြားသူက ၿငိမ့္တည္အေျပာေၾကာင့္ ရယ္ကာလာသည္မို႔ ရႈတည္တည္
ၾကည့္ေပးလိုက္တဲ့အခါ ႏႈတ္ခမ္းေတြကိုထိန္းေနျပန္တဲ့သူ။ ခ်စ္ဖို႔ ေကာင္းလြန္းသည္ေၾကာင့္ ၿငိမ့္တည္ မ်က္ႏွာကပါ အလိုလို
ၿပဳံးလို႔လာမိခဲ့သည္။

"ေနာက္ကို ကိုယ္လွိုင္းဆက္ ျဖစ္ခ်င္တဲ့
အေၾကာင္းကြၽန္ေတာ့ကို ေျပာပါ။
ဘယ္သူနဲ႕ေတာ့ မေပါင္းေစခ်င္ဘူး၊
ဘာကိုေတာ့ မလုပ္ေစခ်င္ဘူး
ဘာမဆို ကြၽန္ေတာ့ကို ေျပာလို႔ရတယ္ဗ်"

"ကိုယ့္ စကားနားေထာင္မွာေပါ့ ၿငိမ့္က"

"ဒါေပါ့။
ကြၽန္ေတာ့ကို ဆူလို႔လဲရတယ္၊ ေျပာလို႔လဲရတယ္"

"ဆူစရာလား ဒါေလးကို...အမေလးဗ်ာ"

"ဆူတာ ေတာ္ပါေသးတယ္ဗ်။
မ်က္ႏွာတည္ႀကီးနဲ႕ ေရွာင္ေနရင္မွ ကြၽန္ေတာ္က ပိုခံစားရမွာ"
ၿငိမ့္တည္ မေက်မနပ္ေျပာေတာ့
ကိုလွိုင္းဆက္ မ်က္လုံးေတြက ေတာင္းပန္လို႔လာသည္။

"ကိုယ္ ေတာင္းပန္ပါတယ္"

"ေနာက္ မလုပ္ပါဘူး ေျပာရမယ္ဗ်"

"ေနာက္ မလုပ္ေတာ့ပါဘူး"
သူ႕နား႐ြက္ႏွစ္ဖက္သူ ဆြဲျပလို႔ ၿငိမ့္တည္ကို
ကတိေပးေနသူက အသက္၃၅ႏွစ္ႏွင့္
တစ္စက္မွမတူ။ တိုက္ပုံဝတ္လို႔ ခံ့ခံ့ညားညားႀကီး ႐ုံးတတ္ေနတတ္သူက အခုေတာ့
ၿငိမ့္တည္ေရွ႕မွာ ကေလးႀကီးတစ္ေယာက္လိုပင္။

လက္ေတြကို ဖြင့္လို႔ ၿငိမ့္တည္ကို
ေပြ႕ဖက္ေတာ့မည့္ဟန္ လုပ္ေနတဲ့အခါ
ခ်က္ခ်င္း ကုတင္ေပၚက ထေျပးမိတဲ့
ၿငိမ့္တည္။ အူေၾကာင္ေၾကာင္ ျဖစ္သြားတဲ့
မ်က္ဝန္းႀကီးေတြက ခ်စ္ဖို႔ေကာင္းေပမဲ့
နံေစာ္ေနမဲ့ ကိုယ္ႀကီးနဲ႕ေတာ့ ဖက္အိပ္မခံပါရေစနဲ႕။

"ေရမခ်ိဳးရေသးလို႔ ခ်ိဳးအုန္းမယ္ဗ်"
ဟု ၿငိမ့္တည္ေျပာၿပီး ကိုလွိုင္းဆက္ရဲ႕
ေရလဲ ပုဆိုးကိုဆြဲက ေရခ်ိဳးခန္းဘက္
အျမန္ေျပးထြက္ခဲ့လိုက္သည္။

"လဲမယ္ ၿငိမ့္တည္..ေျဖးေျဖးသြား" ဆိုတဲ့
ေနာက္က ပါလာတဲ့ စိတ္ပူသံေတြကေတာ့
ထုံးစံမပ်က္။ ၿငိမ့္တည္ ကိုဆို အၿမဲ
ကေလးလို လဲမွာစိတ္ပူေနတတ္သည့္ လူျဖစ္သည္။

...........................

ၿငိမ့္တည္ ေရသြက္သြက္ခ်ိဳးလို႔
အျပင္ထြက္လာေတာ့ ေရခ်ိဳးခန္းဝမွာ
ရပ္ေနသူေၾကာင့္ လန႔္သြားရေသးသည္။
တဘက္အႀကီးႀကီးကို တစ္ထည္ကို
ျဖန႔္ကိုင္ထားသူက ၿငိမ့္တည္ အျပင္ေရာက္တာႏွင့္ လႊားခနဲ ၿခဳံပတ္လို႔ ေက်ာကေနဆြဲကာ အခန္းထဲ ေခၚသြားေတာ့သည္။

ေရသုတ္ေနတဲ့ ၿငိမ့္တည္ကို ကူသုတ္ေပးၿပီး
ညဝတ္အကၤ်ီတို႔ကို အျမန္ဝတ္ေစတဲ့
ကိုလွိုင္းဆက္က အခန္းထဲက ပန္ကာကို
ပိတ္ဖို႔လည္းမေမ့။ လက္ထဲကို အေငြ႕တေထာင္းေထာင္းထေနသည့္ ေရေႏြးခြက္ထည့္ေပးခဲ့ၿပီး ေရသုတ္ထားတဲ့ တဘက္ကို
ဆြဲယူသြားကာ စင္မွာသြားလႊားလို႔ေနတဲ့သူ။

တဖူးဖူး မႈတ္ေသာက္ေနတုန္း အနားျပန္
ေရာက္လာသူက ၿငိမ့္တည္ေဘးမွာထိုင္လို႔
ေက်ာျပင္ကို ခပ္ဖြဖြ ပြတ္ေပးေနေသးသည္။
တကယ္ေတာ့ ေရက ေအးလွသည္မဟုတ္။
တစ္ေယာက္ထဲ ေနတုန္းကဆိုရင္
ည ႏွစ္နာရီေလာက္မွ ၿငိမ့္တည္ ေရခ်ိဳးခ်င္ရင္ ထခ်ိဳးေနက်။ ခုေတာ့ အေမျပန္လာသလို ခံစားခ်က္မ်ိဳးေၾကာင့္ ၿငိမ့္တည္ရင္ထဲမွာ ေႏြးေထြးရ၏။

"ေနာက္ဆို ညဉ့္တအားနက္ရင္ ေရမခ်ိဳးနဲ႕ေတာ့။ ခုတေလာ ညဆို အေအးပိုလာၿပီ"
ကိုလွိုင္းဆက္က ဂ႐ုဏာသက္စြာေျပာလာတာမို႔ ၿငိမ့္တည္ ေခါင္းၿငိမ့္ျပၿပီး လက္ခံလိုက္သည္။

"ညေနက စိတ္ဆိုးေနရတာနဲ႕ ထမင္းလြတ္သြားတာ။ မအိပ္ခင္ တစ္ခုခုစားမလား"

"ေတာ္ၿပီ ကြၽန္ေတာ္ ဗိုက္မဆာေတာ့ဘူးဗ်"

"ဟုတ္ရဲ႕လား "

"ဟုတ္ပါတယ္ဗ်... လာပါ ဖက္ၿပီးေတာ့
အိပ္ရေအာင္ ဒီညကို။ ကိုလွိုင္းဆက္က
ပင္ပန္းသြားတာကို"

ေဘးမွာထိုင္ေနသူရဲ႕ ပုခုံးေတြထက္
မွီခ်ရင္း ၿငိမ့္တည္ေျပာေတာ့ သေဘာက်ေသာ ရယ္သံထြက္လာၿပီး ၿငိမ့္တည္
ေက်ာေနာက္ကေပြ႕ကာ ထိန္းေပးထားတဲ့
ကိုလွိုင္းဆက္။ ေရေႏြးကို ကုန္ေအာင္
ေသာက္ရင္း ၿငိမ့္တည္ေျခေထာက္ေတြက
ကိုလွိုင္းဆက္ရဲ႕ ေျခေထာက္ေတြကို
သြားသြားစေနေသး၏။ သိပ္မၾကာလိုက္
ကုတင္ေပၚကေန တြဲေလာင္းခ်ထိဳင္ေနသည့္
သူ႕ေျခေထာက္ေတြက ကိုယ္လွိုင္းဆက္ရဲ႕
ေျခေထာက္ေတြၾကားမွာ ညွပ္ထားခံလိုက္ရေတာ့၏။

"ကိုယ့္ကိုေပး "

ေရေႏြးကုန္သြားသည့္ ခြက္ကို ခပ္လွမ္းလွမ္းက စားပြဲေပၚတင္တဲ့ ကိုလွိုင္းဆက္တစ္ေယာက္ ေျခတံလက္တံရွည္ပုံမ်ား ဖင္တစ္ခ်က္ႂကြစရာမလိုပဲ ခြက္က စားပြဲေပၚ
ေသခ်ာတင္လ်က္ၿပီးသား ျဖစ္သြားေတာ့၏။

ေျခေထာက္ေတြကို လႊတ္ေပးလို႔ ၿငိမ့္တည္ကို
အရင္လွဲေစၿပီး ေျခေထာင္ခ်ကာ မီးပိတ္ေနေသးတဲ့သူ။ ကုတင္ေပၚ ျပန္ေရာက္လာေတာ့လည္း ၿငိမ့္တည္ အေပၚက ေက်ာ္ခြလို႔
ေဘးက ျခင္ေထာင္စကို ခုေပးလို႔ေနေသးသည္။ ၿငိမ့္တည္က သူ႕ေပၚ အုပ္မိုးထားသည့္
ကိုယ္လုံးႀကီးကို ၾကည့္ကာ ၿပဳံးစိစိႏွင့္။ ကိုလွိုင္းဆက္၏ ကိုယ္သင္းနံ႕က သူ႕ဆီ
ဖုံးအုပ္ထားတာေၾကာင့္ ရင္ကလည္း ခုန္ရေသးသည္။

ၿငိမ့္တည္တို႔ ျခင္ေထာင္ ျခင္မဝင္တာ
ၾကာလွေပါ့။ ကိုလွိုင္းဆက္ ရင္ခြင္ထဲ
ဝင္ဝင္အိပ္ရတာမို႔ ျခင္ေထာင္ကို ေအာက္က်ေအာင္ မလုပ္မိေတာကတည္းကပါပဲ။
ကိုလွိုင္းဆက္ ဖက္ေပးထားတာေၾကာင့္
ၿငိမ့္တည္ ဘယ္မွလဲ လွိမ့္စရာမရွိ။
ညအိပ္ၿပီဆိုတာႏွင့္ ရင္ခြင္ႀကီးကို မ်က္ႏွာအပ္ၿပီး တခ်ိဳးထဲအိပ္ေပ်ာ္သြားေတာ့တာျဖစ္သည္။

"လာ ဒီေပၚကို"

‌လက္ေမာင္းကို ျဖန႔္ေပးလို႔ ‌ေခၚေနတဲ့
ကိုလွိုင္းဆက္ေၾကာင့္ ၿငိမ့္တည္ လွိမ့္ေနေအာင္ ရင္ခြင္ထဲ ပစ္ဝင္ပစ္လိုက္သည္။
ေဘးတေစာင္းအေနအထားႏွင့္ ၿငိမ့္တည္ကို
ေက်ာေတြကေန ‌ေပြ႕ထားသူက ခပ္ဖြဖြ ပုတ္ေပးေနတာ ကေလးေတြကို ေခ်ာ့သိပ္ေနသည့္အတိုင္းပင္။

တကယ္ေတာ့ ၿငိမ့္တည္ မအိပ္ခ်င္။
ေရခ်ိဳးလိုက္ရတာမို႔ စိတ္ၾကည္ၿပီး
လန္း‌ဆန္း‌ေနတာျဖစ္သည္။ ကိုလွိုင္းဆက္ရဲ႕
သင္းပ်ံ့ေသာ ကိုယ္သင္းနံ႕ႏွင့္ ရင္ေငြ႕
ေႏြးေႏြးေၾကာင့္သာ ဆက္ေခြေနမိျခင္း။ အိပ္ေပ်ာ္ေအာင္ ကိုလွိုင္းဆက္ကို
ကူညီခိုင္းလိုက္ရမလား။

"ဟီး ဟီး ဟီး"
ၿငိမ့္တည္ ရယ္သံက တိတ္ဆိတ္ေနေသာ
အခန္းထဲ ထင္ထင္ရွားရွားႀကီး ေပၚထြက္လို႔လာသည္။ သူ႕အႀကံႏွင့္ သူ႕အသံက တစ္ထပ္ထဲ။

"ဘာလို႔လဲ ၿငိမ့္"
ကိုလွိုင္းဆက္က သူ႕ကို အသာယာ ေမးလာခဲ့သည္။ ေက်ာျပင္ကို ပြတ္ေပးေနဆဲ လက္ေတြကေတာ့ အလုပ္မပ်က္။

"အိပ္မေပ်ာ္လို႔ပါဗ်"

"ကိုယ္ေရာပဲ"

"ဟုတ္လား??"

"အင္း ဟုတ္တယ္"

"အဲ့ဒါဆို ဘာလုပ္ၾကမလဲဗ်"

"ကိုယ္တို႔လား??"

"ဟုတ္"

ငုံ႕ၾကည့္လာေသာ မ်က္ဝန္းေတြႏွင့္
အၾကည့္ဆုံလို႔သြားသည္။ ပါးျပင္ထက္က
ပါးခ်ိဳင့္ေတြ နစ္ဝင္သည္အထိ ၿပဳံးျပလာတဲ့အခါ ၿငိမ့္တည္လည္း ရွက္႐ြံ႕စြာ ၿပဳံးျပလိုက္မိသည္။ သူ႕ရင္မွာလည္း တဒိန္းဒိန္း ခုန္လာ၏။

"စကားဆက္ေျပာၾကမလား"
ကိုလွိုင္းဆက္ အသံက ႏူးညံ့စြာ။
ရွဲခနဲ ျမည္‌သြားေလာက္တဲ့ ခံစားခ်က္ႏွင့္
ၿငိမ့္တည္ ကိုယ္ေလးက ခ်က္ခ်င္း ေအးစက္သြားသည္။ သူ နည္းနည္းေတာင္
စိတ္ဆိုးသြားခ်င္သလိုပါပဲ။

"ဟုတ္"
ၿငိမ့္တည္ ‌တစ္ခြန္းထဲသာ ျပန္ေျဖၿပီး
ေခါင္းကို ငုံ႕ခ်ပစ္လိုက္၏။

ဆံပင္ေတြၾကားထဲ နင့္ေနေသာ အနမ္းေတြ ဆက္တိုက္က်ေရာက္လာသည္။
တေဘာတက် တဟားဟား ရယ္သံတို႔ကလည္း ေခါင္းထက္မွာလုံးေထြးလို႔။
ေႏြးေထြးေသာ ရင္ခြင္က ပိုတင္းၾကပ္လာၿပီး
ၿငိမ့္တည္ကို ငုံထားေတာ့မတတ္ ဖက္တြယ္လို႔လာသည္။ ေျခေထာက္ေတြက ခ်ဳပ္ခံလိုက္ရၿပီး တဒုတ္ဒုတ္ျမည္ေနတဲ့ ကိုလွိုင္းဆက္ရဲ႕
ရင္ခုန္သံက ၿငိမ့္တည္အသားေတြကိုပါ
တုန္လို႔လာေစခဲ့သည္။

ၿငိမ့္တည္သည္ ၿပီတီတီေလး ျဖစ္လို႔သြားၿပီး
သူ႕ကို ေၾက‌မြေအာင္ ဖက္တြက္ထားသည့္
ကိုလွိုင္းဆက္၏ အကၤ်ီစကို ခပ္တင္းတင္း
ဆုပ္ကိုင္မိလိုက္သည္။

ခင္ဗ်ား အဲ့ေလာက္ မတုံးတာ ကြၽန္ေတာ္
သိၿပီးသား ဦးေလးႀကီး။
မေက်မနပ္ စိတ္ထဲမွာ ေရ႐ြတ္ေနမိေပမဲ့
တစ္ခ်ိန္ထဲမွာပဲ ၿငိမ့္တည္ေပ်ာ္သည္၊
ရင္ေတြလဲခုန္ၿပီး လူကလည္း တုန္ယင္လာခဲ့၏။

.....................................

မနက္မိုးလင္းကတည္းက တေတာက္ေတာက္
အလုပ္ရႈပ္ေနသူေနာက္ကို ပတ္လိုက္ေနရတဲ့
လွိုင္းဆက္။ ညက အိပ္တာေနာက္က်တဲ့အျပင္ ေနရအဆင္မေျပမွာပါ စိုးေနေပမဲ့
ၿငိမ့္က ထင္ထားတာထက္ပင္
သန္မာသြက္လက္လြန္းေနသည္။

အကၤ်ီဖရိုဖရဲႏွင့္ အဆင္ေျပရဲ႕လား
လိုက္ေမးေနတဲ့ လွိုင္းဆက္ အေမးကို
"ေျပပါတယ္ဗ်"ပဲ ေျဖေနၿပီး လွိုင္းဆက္ကို
ေရသာသြားခ်ိဳးဖို႔ တြန္းလႊတ္ေနေတာ့တာျဖစ္၏။

ဘယ္အခ်ိန္ထသြားသည္မသိ။ လွိုင္းဆက္
နိုးလာေတာ့ ၿငိမ့္က ေရမိုးခ်ိဳးၿပီးလို႔
မနက္စာျပင္ၿပီး ေနၿပီးသား။ ေန႕လည္စာ
ထုပ္ဖို႔ လုပ္ေပးေနတဲ့အနားကမခြာပဲ
မ်က္ႏွာကိုပဲ အရိပ္တၾကည့္ၾကည့္ေမးေနတဲ့
လွိုင္းဆက္ကသာ အ႐ူးတစ္ေယာက္လို။
သူ႕မွာ ဒီကေလး အဆင္မွေျပပါ့မလား
စိုးရိမ္လြန္းလို႔ အကၤ်ီၾကယ္သီးေတြပင္ ေတာင္တစ္လုံးေျမာက္တစ္လုံး ျဖစ္ေနခဲ့ရ၏။

ၾကည္လင္ေနတဲ့ ေကာင္ေလးကေတာ့
သူ႕ကို ၾကည့္ကာ တခစ္ခစ္ရယ္ရင္း
ဘာမွမျဖစ္ေၾကာင္း ေျပာေနတာမို႔သာ
စိတ္သက္သာရာ ရလာရသည္။
သနပ္ခါးစက္ကေလး တို႔ထားသည့္
ပါးျပင္ကို နင့္ခနဲေနေအာင္ နမ္းၿပီးမွ
လွိုင္းဆက္ ေရခ်ိဳးခန္းဆီ ေျခလွမ္းက်ဲႀကီးေတြႏွင့္ ေလွ်ာက္လာခဲ့လိုက္၏။

"ျမန္ျမန္ခ်ိဳးေနာ္ ႐ုံးေနာက္က်မယ္" ဆိုတဲ့
အေျပာေလးေၾကာင့္ သူခပ္သြက္သြက္
ခ်ိဳးမွ ျဖစ္မည္မို႔လား။

ထမင္းခ်ိဳင့္တစ္ဖက္ ႐ုံးအိတ္တစ္ဖက္ႏွင့္
သူတို႔ တိုက္ခန္းကေန ဆင္းလာေတာ့
၈ နာရီခြဲေက်ာ္ေနၿပီ။ ၿငိမ့္တည္ေလးက ေလာေနေပမဲ့ လွိုင္းဆက္ကေတာ့ ေျဖးေျဖးဆင္းဖို႔
ေနာက္ကေန မွာေနရ၏။ သူ႕မွာ အိပ္ေရးပ်က္လို႔ ပင္ပန္းတာတစ္မ်ိဳး ေရွ႕ကဟာေလး
ျပဳတ္က်သြားမွာပူရတာတစ္မ်ိဳးႏွင့္
ဘဝက တကယ္မလြယ္။

ဘုရားအျမန္ကန္ေတာ့ စားေသာက္ၿပီးမွ
ထြက္လာတာမို႔ အခ်ိန္လင့္ေနေပမဲ့
လွိုင္းဆက္႐ုံးက နားလည္တာမို႔ ေအးေဆးသာ။ ကိုၿငိမ့္တည္ေလးကသာ ႐ုံးေနာက္က်မယ္ကို ပါးစပ္ကမခ်ပဲ ျပာယာခတ္ေနတာျဖစ္သည္။

ေလွကားအစပ္ကို မေရာက္ခင္ ရပ္ေနေသာ
ၿငိမ့္ေၾကာင့္ ဘာမ်ားလည္း အနားသြားတုန္း
အင့္ခနဲေနေအာင္ နမ္းခံလိုက္ရသည့္ပါးျပင္။
မ်က္လုံးပင္ ျပဴးသည္အထိ လွိုင္းဆက္
ေၾကာင္အ သြားခဲ့ရသည္။ ဘုရား ဘုရား
ေလွကားထစ္မွာ သူ႕ကို နမ္းခ်လိဳက္တာပဲ။

ေၾကာင္ေတာင္ေတာင္ ျဖစ္ေနတုန္း
လက္ေကာက္ဝတ္က ဆြဲလို႔ ေခၚတဲ့ ၿငိမ့္။
ဘာေၾကာင့္နမ္းလဲဆိုတာ သူသိသြားတာက
သူတို႔ကို ျပဴးေၾကာင္ေၾကာင္ ၾကည့္ေနတဲ့
ဇင္ကိုဝင္းေၾကာင့္ပင္။ မုန႔္ထုပ္ေတြကို ကိုင္လို႔
ပါးစပ္အေဟာင္းသား ၾကည့္ေနသည့ကို ၿငိမ့္က ခပ္တည္တည္ေက်ာ္ၿပီး လွိုင္းဆက္ကိုဆြဲေခၚလာခဲ့သည္။ ႏႈတ္တစ္ခ်က္ မဆက္သလို လွည့္ေတာင္မၾကည့္ခဲ့။

ရွက္ကိုးရွက္ကန္း ျဖစ္သြားေပမဲ့
လွိုက္ခနဲ ဝမ္းသာသြားတာမ်ိဳး လွိုင္းဆက္ ခံစားရ၏။ လူငယ္ေလးႏွင့္ ေနပါမ်ားလို႔
သူပါ လူငယ္စိတ္ျဖစ္ေနတာလားမသိ။
အီလည္လည္ က်န္ေနခဲ့မည့္ ဇင္ကိုဝင္းကို
ေတြးမိကာ သူအားရေနမိသည္။

ထမင္းခ်ိဳင့္တစ္ဖက္ သူ႕ကိုတစ္ဖက္ႏွင့္
ကိုင္ကာသြားေနေသာ ၿငိမ့္တည္ေလးက
သူ႕ေရွ႕မွာ ခပ္ေသးေသးေလး။
လက္ေကာက္ဝတ္က တင္းၾကပ္ေသာ
အထိေတြ႕ကေတာ့ သူ႕အတြက္ အိမ္ျဖစ္ၿပီး
သူစိတ္ခ်ၿပီး အယုံၾကည္ရဆုံး လုံၿခဳံရာေလးလည္း ျဖစ္သည္။

ကားေပၚေရာက္ေတာ့ လုပ္ခ်င္ရာ
လုပ္ထားတဲ့ ေကာင္ေလးက လွိုင္းဆက္ကို
တီတီတာတာ ေျပာဖို႔လည္း မေမ့။

"ေစာေစာက  သူျမင္ေအာင္ သပ္သပ္ကို
ေပးမိတဲ့အနမ္းပါ၊ ကိုလွိုင္းဆက္ လူေရွ႕မို႔ရွက္သြားရင္ ေတာင္းပန္ပါတယ္။ေနာက္က် လူရွင္းမွပဲ နမ္းပါ့မယ္ဗ်"

ထမင္းခ်ိဳင့္ကို ပိုက္လ်က္ ‌မ်က္ႏွာကို
မၾကည့္ပဲ ေျပာတဲ့ ၿငိမ့္တည္ေလးက
ခပ္ဆိုးဆိုး ကေလးေလးႏွင့္လည္း တူ၏။

ပါးတစ္ဖက္ကို လွမ္းဆြဲတဲ့အခါ
မ်က္ဝန္းဝိုင္းေတြက လွိုင္းဆက္ဆီကို
သနားစရာၾကည့္လို႔လာသည္။ ခြင့္လႊတ္ပါ ဆိုတဲ့သေဘာ။

ေဘးဘီကို တစ္ခ်က္ ၾကည့္ၿပီးတဲ့ေနာက္
ကိုယ္ကို ေဘးသို႔ကိုင္းကာ ၿငိမ့္ရဲ႕ ပါးမို႔မို႔ေပၚလွိုင္းဆက္ တစ္ခ်က္ဖိကပ္နမ္းလိုက္သည္။

"ဒါဆို ကိုယ္တို႔ခ်င္း ေၾကၿပီ"

ၿငိမ့္က ပထမ ေၾကာင္သြားသည္။
ေနာက္ေတာ့ တဟားဟားရယ္လို႔လာသည္။
ၿပီးေတာ့ သူ႕လက္ေမာင္းကို တစ္ခ်က္လာဖိညွစ္လို႔ အသည္းတယားယား လုပ္ေနေတာ့သည္။

ၿငိမ့္ေပ်ာ္ေနတဲ့အခါ သူက ႏွစ္ဆပို၍ ေပ်ာ္႐ႊင္ျခင္းကိုခံစားရသည္။

......................................................

စာေရးသူ၏ အမွာစာ:
ၿငိမ့္တည္ေလးကို လြမ္းေနတဲ့ သူေတြ
အလြမ္းေျပၾကရဲ႕လားဗ်??
Reviewေလးေတြ လည္း ေမွ်ာ္ေနပါ့မယ္

ခ်စ္နိုင္းေအာင္တို႔အတြက္
ဇာတ္လမ္းေလးလည္း စတင္ထားပါၿပီ

ဒီဟာေလးပါဗ်
"ၿငိမ့္" ၿပီးမွ တင္မွာမို႔ ေစာင့္ေနေပးပါအုန္းလို႔
ဒါေလးကိုလည္း သေဘာက်ေပးၾကပါအုန္း

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

{ ချည် } Από 🍁🍁🍁

Επιστημονικής φαντασίας

629K 36.4K 55
ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ။ စိတ်ကူးထဲကအတိုင်းရေးထားတာမို့ အပြင်မှာ လက်တွေ့မဆန်တဲ့အရာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ကောင်လေးနှစ်ယ...
241K 18.3K 72
အခ်စ္ႀကီးတဲ့ေကာင္ေလးတစ္ေယာက္ရဲ႕ အတၱနဲ႔တြယ္တာမႈ... အစြဲဆိုတာ အရမ္းခ်စ္ဖို႔ေကာင္းေနတယ္လို႔ ထင္ၾကည့္ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်...
4.3M 364K 86
Marriage life ပါ။ မိသားစု ဒရမ်မာတွေလည်း ပါတယ်။ သေချာတာကတော့ အကြင်နာတွေပေးမဲ့ ဧရိယာအရပ်အဝန်းလေးပါပဲ။ (Started On_ 6/September/2021) / Marriage life ပ...
309K 17.4K 50
၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီး‌တွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သား‌...