စိတ်ကူးပေါက်မှ Company သွားတတ်တဲ့ မြတ်ထွဋ်ခေါင်ဟာ ဒီနေ့လည်း အလုပ်သွားဖို့ ပြင်ဆင်နေသည်။ Tshirt ကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ထားပုံက ပေါ့ပေါ့ပါးပါးသာ။
ဝတ်ချင်တာဝတ်ပြီး သွားချင်တဲ့ချိန်ထသွားတတ်တဲ့ Company CEO သာဖြစ်သည်။ တစ်နည်းအားဖြင့် လုပ်ချင်ရာလုပ်တတ်သူသာ။
" ခင်ဗျား Company သွားမလို့လား "
ခေါင်းကိုသာညိတ်ပြလာသည်။
" ကားယူသွားမှာလား ကျွန်တော်နဲ့လိုက်ခဲ့မှာလား "
" မင်းနဲ့လိုက်ခဲ့မှာ "
" ကောင်းပြီ "
မနက်စာစားပြီး နှစ်ယောက်သား Company သို့ဉီးတည်လိုက်သည်။ Ala Company ရှေ့ရောက်တော့
" ညနေ ဝင်ကြိုရဉီးမလား "
" ငါ ပြန်ချင်တဲ့ချိန်ပြန်မှာ "
" ဟုတ်ပြီ "
ထွဋ်ခေါင် Company ထဲဝင်သွားတာကြည့်ပြီးမှ သီဟလည်း ထိုနေရာမှထွက်လာခဲ့သည်။
" မင်းဝေကို ကားယူပြီး Ala မှာ စောင့်နေလို့ပြောလိုက် "
" ဟုတ်ကဲ့ Boss "
နဂိုကတည်းက ကားယူသွားလို့ရရဲ့သားနဲ့မယူပဲ ပို့ခိုင်းသေးသည်။ တခါတလေ ထွဋ်ခေါင်ရဲ့အတွေးတွေကို သီဟတစ်ယောက်လိုက်မမှီတော့ပါ။
ထွဋ်ခေါင် Company ကိုရောက်သည်နှင့် စာရင်းတွေစစ်ပြီး Meeting တွေထိုင်လုပ်နေသည်။ အခုလိုရုတ်တရက်တွေလုပ်တတ်တဲ့ CEO ရဲ့အကျင့်တွေကြောင့် Company ကသူတွေဟာ အမြဲတမ်းအသင့်အနေအထားဖြင့် စောင့်နေရသည်။
အကျီ Design ပိုင်းနဲ့ပတ်သတ်ပြီး အကျွမ်းတဝင်ရှိလှတဲ့ ထွဋ်ခေါင်ဟာ တစ်ခုခုအမှားအယွင်းဖြစ်သွားတာကိုပင်မကြိုက်။ သူဆွဲတဲ့ Design နဲ့ သူလိုချင်တဲ့ပုံစံအတိုင်းထွက်လာတာကိုပဲ လိုချင်သည်။
လုပ်စရာတွေလက်စသတ်ပြီးလို့ အနားယူဖို့ကြံလိုက်ပေမယ့် ဖုန်းသံကြောင့် အတွေးများပင် လွှင့်ပြယ် သွားသည်။
" Hello အမေ "
" သား အိမ်ခဏလာခဲ့မလား "
" ကိစ္စရှိလို့လား "
" ကိစ္စမရှိပါဘူးသားရယ်၊ သားကို အမေတွေ့ချင်လို့ပါ "
" ခဏနေရင် လာခဲ့မယ် အမေ "
" ဟုတ်ပါပြီကွယ် "
အလုပ်လည်းမရှိတော့တာမို့ အိမ်ပြန်ဖို့ သီဟထံ ဖုန်းဆက်လိုက်သည်။
" ပြော "
" ငါ အမေတို့ဆီသွားမလို့ "
" သွားလေ ကျွန်တော်ပြီးရင်လိုက်ခဲ့မယ် "
" သွားဖို့တော့ဟုတ်တယ်လေ ကားကဘယ်မှာလဲ "
" မင်းဝေကို ခင်ဗျား Company မှာစောင့်ခိုင်းထားတယ် "
" ဒါပဲ "
ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ကာ ကား ထားရာနေရာသို့ ထွက်လာခဲ့ပြီး မင်းဝေက အဆင်သင့်စောင့်နေသည်ကိုတွေ့လိုက်ရသည်။
" အမေတို့အိမ် "
ပြောပြီးသည်နှင့် ကားထဲဝင်ထိုင်လိုက်သည်။ သေချာသလောက်ကတော့ သူတို့အိမ်ထောင်ရေးကိစ ပြောလိမ့်မည်။
အိမ်ရောက်တော့ အဖေနဲ့အမေက ဧည့်ခန်းထဲထိုင်နေသည်။
" ကျွန်တော်ရောက်ပြီ "
" ရောက်ရင် လာထိုင် "
" မျက်နှာလေးပြဖို့တောင် တော်တော်ခဲယဉ်းသလား သားရယ် "
" အလုပ်လေး ရှုပ်နေလို့ပါ အမေ "
" ဘာအလုပ်လဲ ပြသနာရှာတဲ့အလုပ်လား "
" အဖေ! "
" ငါပြောတာ ဘာမှားလို့လဲ၊ မင်းက ပြသနာရှာမယ်၊ သီဟက နောက်ကလိုက်ရှင်းတယ် ငါပြောတာမှားလား "
" ဒါ ကျွန်တော်သူ့ကို ရှင်းခိုင်းတာမှမဟုတ်ပဲ "
" မင်းလုပ်ထားတာတွေက ဟုတ်မှဟုတ်မနေတာ သူမရှင်းလို့ ဘယ်သူရှင်းမှာလဲ "
" ကျစ်! အဖေတို့ကလည်း သူ့ဘက်ကချည်းပဲ "
" အဲ့လိုတော့မဟုတ်ပါဘူး သားရယ် "
" သွယ် ဘာမှမပြောနဲ့၊ မင်း သီဟလိုလူမျိုးနဲ့ရတာ ကံကောင်းတယ်မှတ်၊ မင်း တခြားသူနဲ့သာဆိုရင် မတွေးရဲစရာပဲ "
" မတွေးရဲရင် မတွေးနဲ့ပေါ့ အဖေရာ "
" မင်း! "
" တော်ပါတော့ အစ်ကိုရယ်၊ သားလည်း ငယ်တော့တာမှမဟုတ်တာ နောက်ဆို သိလာမှပေါ့ "
" အေး တစ်ခုတော့ရှိတယ် နောင်တမရစေနဲ့ မင်း! "
" နောင်တရစရာကိစကိုမရှိတာ "
" မင်းစကားနဲ့မင်းပဲ "
" ဒါပြောဖို့ခေါ်တာလား အခုပြောပြီးပြီမလား ပြန်ပြီ "
" ဒီကောင်လေး!"
စကားကိုဆုံးအောင်ပင်နားမထောင်သွားပဲ ထွက်သွားသော သားဖြစ်သူအားကြည့်ကာ သက်ပြင်းများသာချမိတော့သည်။
" သူ နောက်ဆို သဘောပေါက်လာမှာပါ အစ်ကိုရယ် "
" ဘယ်ချိန်လဲသွယ်၊ သီဟကိုလည်း အစ်ကို အားနာလှပြီ "
သားဖြစ်သူကို ယောက်ျားတစ်ယောက်ရဲ့လက်ထဲ အပ်လိုက်ရတဲ့ခံစားချက်ကတော့ ဘာနဲ့မှမတူပါ။ ကောင်းစေချင်သောသဘောဖြင့်သာ လက်တွဲစေခဲ့ပေမယ့် ဂျစ်ကန်ကန်ကောင်လေးကို အကြာကြီးလက်မတွဲနိုင်မှာ မိဘအနေနဲ့စိုးရိမ်မိသည်။
မိဘအိမ်ကအပြန် ဒေါသများကြောင့် မျက်နှာပင်နီရဲနေသော မြတ်ထွဋ်ခေါင်။ မင်းဝေကတော့ ကားမှန်ကနေတဆင့်ကြည့်ကာ လန့်နေသည်။
ယောက်ျားတစ်ယောက်ကိုယူထားတာနဲ့ပဲ ပြသနာမဖြစ်ရတော့ဘူးလား။ ယောက်ျားလေးချင်းမို့ ပိုပြီးနားလည်ပေးနိုင်တာ မဟုတ်လား။
အခုလိုသီဟနဲ့နှိုင်းယှဉ်ပြီးပြောပြောနေတာကို ထွဋ်ခေါင်မကြိုက်။ သူလုပ်ချင်တာလုပ်ဖို့ သီဟကိုအားနာနေရမည်လား။ ပြသနာကိုရှာပြီးရင် ဖြေရှင်းတတ်တယ်ဆိုတာမေ့များနေသလား။
သူ့အားလျှော့တွက်နေခြင်းလား။ အိမ်ကိုရောက်လာသည်အထိ ဒေါသကမပြေ။
မင်းဝေကတော့ သီဟအားဖုန်းဆက်ကာ အကျိုးအကြောင်းပြောရတော့သည်။
" အခု အိမ်ပြန်ရောက်ပြီလား "
" ရောက်ပါပြီ Boss... ခွမ်း~~ "
"မင်းဝေ ဘာအသံလဲ "
" သ...သခင်လေး တစ်ခုခုကို ပစ်ပေါက်လိုက်တာထင်တယ် "
" ကျစ်!!! "
သီဟ ခေါင်းရှုပ်သွားသည်။ မိဘအိမ်ပြန်ပြီး ပြန်လာကတည်းက ဒေါသထွက်နေသည်ဆိုတာကြောင့် ဘာကိစများလဲသိချင်နေမိသည်။
" ရှိုင်းသန့် အိမ်ပြန်မယ် "
.................
အိမ်ရောက်တော့ သီဟ အိမ်ထဲ ဝင်လိုက်သည်နှင့် ပြန့်ကျဲနေသော ဖန်အစအနများနဲ့အတူ အလယ်မှာရပ်နေသော လူတစ်ယောက်။
စူးရဲရဲမျက်လုံးတွေဟာ သူ့ထံသို့ရောက်လာသည်။ တဆက်တည်းမှာပဲ သေချာကြည့်မိတော့ လက်ကနေတစက်စက်ကျနေသောသွေးများနဲ့ ေသွးတွေစွန်းထင်းနေသော ခြေထောက်အစုံက အဖြူရောင်ခြေအိတ်ထက်ဝယ် ထင်ရှားနေသည်။
"မြတ်ထွဋ်ခေါင်! "
" ငါ့နာမည်ကို မခေါ်နဲ့! "
" ခင်ဗျား ဘာဖြစ်နေတာလဲ "
" ငါ ဘာဖြစ်ဖြစ်မင်းအပူပါလား "
" ပါတယ် ပါလို့ပြောနေတာ ခင်ဗျားသေသွားရင် ကျုပ်ပါမလွတ်ကင်းဘူးဆိုတာ ခင်ဗျားသိလား "
" စကားအပိုတွေ မဆိုစမ်းနဲ့! ငါသေလည်းအေးတာပဲ "
" ခင်ဗျားက အကောင်းပြောလို့မရဘူးပဲ "
သီဟ ပြန်ကျဲနေသော ဖန်စကိုပင် မကြည့်နိုင်ပဲ အလယ်မှာရပ်နေသူအားစွေ့ခနဲပွေ့ချီလိုက်ပြီး အိမ်ပေါ်ထပ်သို့ဉီးတည်လိုက်သည်။
" ရှင်းထားလိုက် "
တစ်ခွန်းသာပြောပြီး တက်သွားသော သခင်နှစ်ယောက်ကြား အလုပ်သမားများ ပြာယာခတ်နေရတော့သည်။ ပြောင်လက်နေသော ကြမ်းခင်းထက် ဖန်ကွဲစများမကျန်အောင် သေချာရှင်းလင်းရတော့သည်။
ပွေ့ချီရာနောက် ရုန်းကန်ကာ ပါလာသည်။ ပြီးနောက် ကုတင်ပေါ်ချပေးလိုက်ကာ သီဟလည်း တခါတည်း ဝင်ထိုင်သည်။
" ပြော အကြောင်းအရင်းကိုပြော "
" မင်းနဲ့ဘာဆိုင်လဲ "
" ခင်ဗျား စကားကို ကပ်သီးကပ်သပ်မပြောနဲ့ "
" ဒါတွေအားလုံး မင်းကြောင့်ဖြစ်တာ ရှင်းပြီလား "
" ဘာလို့ ကျုပ်ကြောင့်၊ ကျုပ် ခင်ဗျားကိုဘာလုပ်မိလို့လဲ "
" မင်းနဲ့ယူခဲ့ရလို့ ငါအခုလိုဖြစ်နေတာ "
" .......... "
" ငါ ယောကျာ်းတစ်ယောက်၊ ငါ ဘယ်သူ့ကိုမှ အားမကိုးချင်ဘူး၊ ငါသိတယ် ငါက တဇွတ်ထိုးသမား၊ ငါ လုပ်ချင်ရာလုပ်မယ် ငါဖြစ်ချင်တာ ငါလုပ်တာ၊ ဘာလို့မင်းနဲ့ပဲ လာလာနှိုင်းနေရတာလဲ၊ ငါ ယောက်ျားယူလိုက်လို့ ငါလုပ်ချင်ရာလုပ်ခွင့်မရှိတော့ဘူးလား၊ လုပ်ခွင့်မရှိဘူးဆိုရင် ကွာရှင်းမယ်! "
ထွဋ်ခေါင် ဆိုလိုချင်တာကို သီဟနားလည်သည်။
" အခု အိမ်ကဘာပြောလိုက်လဲ "
" ငါက ပြသနာရှာ ပြီး မင်းက လိုက်ရှင်းနေရလို့တဲ့လေ၊ နောက်ခါ မင်းလာရှင်းစရာမလိုဘူး ငါလုပ်ချင်တာဆက်လုပ်မှာ၊ ပြီးတော့ မင်း အိမ်ကိုသတင်းပို့မနေနဲ့ ငါမင်းကို သတိပေးတာ"
" အခု ကျုပ်က ခင်ဗျားအိမ်ကို ပြောပြလိုက်လို့ အခုလိုပြောတယ်ထင်နေတာလား "
" ........ "
" ကျုပ် ခင်ဗျားကို ပြသနာတွေလိုက်ရှင်းပေးတာမှန်တယ်၊ ကျုပ်နဲ့ခင်ဗျားရဲ့ကိစ ကျုပ်ဘယ်သူ့ကိုမှလိုက်ပြောမနေဘူး၊ ကျုပ်နဲ့ခင်ဗျားသိရင်ပြီးရောမဟုတ်ဘူးလား၊ ဘာလို့များ ကျုပ်သွားပြောတယ်လို့ထင်နေတာလဲ "
" မင်းမပြောလည်း အခု မင်းကြောင့်ပဲ ငါအပြောခံလာရတာ၊ ငါ့ကိုတခြားသူနဲ့နှိုင်းရင် ငါမကြိုက်ဘူး "
ဟုတ်သည်။ ထွဋ်ခေါင်က လုပ်ချင်ရာလုပ်တတ်ပေမယ့် တခြားသူတွေနဲ့ နှိုင်းယှဉ်ပြောရင်တော့မကြိုက်။
" ဒီကိစကြောင့် ကျုပ်ကိုဒေါသထွက်နေတာလား "
" .............. "
ပြန်မဖြေသော်လည်း အဖြေက ရှင်းနေပြီမဟုတ်လား။
" ခင်ဗျားဗျာ ကျုပ်အလုပ်မအားမှန်းလည်းသိရက်နဲ့ ၊ ကျုပ်စကားကျုပ်တာဝန်ယူတယ်၊ ခင်ဗျားနဲ့ပတ်သတ်သမျှ ကိစအကုန်လုံး ကျုပ်တစ်ယောက်တည်းပဲသိတာ "
" ............. "
" ခင်ဗျားက တကယ် ကိုယ့်အတွက်ပဲကိုယ်သိတဲ့လူ "
သီဟ ထိုင်နေရာမှထကာ မင်းဝေကိုဖုန်းဆက်ပြီး ဆရာဝန်လွှတ်လိုက်ဖို့ပြောလိုက်သည်။ ခနနေတော့ဆရာဝန်ရောက်လာပြီး လိုအပ်တဲ့ဆေးတွေထည့်ပေးကာ ဆေးလည်းပေးထားခဲ့သည်။
" သီဟ မင်းခြေထောက်ရရဲ့လား "
" ရတယ် ဉီးဆွေ "
" မင်းအတွက်လည်းဆေးပေးခဲ့မယ်"
" ကျေးဇူး ဉီးဆွေ၊ မင်းဝေ လိုက်ပို့လိမ့်မယ် "
" ဒါဆို ခွင့်ပြုပါဉီး "
သီဟ ခေါင်းသာညိတ်ပြလိုက်သည်။
ဆေးအရှိန်ကြောင့် ထွဋ်ခေါင်ဟာ အိပ်ရာပေါ်မှာလှဲနေသည်။
" သီဟ "
" ဘာလဲ "
" ဆေးထည့်လေ "
" ကျုပ်ကို အာရုံစိုက်မနေနဲ့ "
" မင်း!"
" ခင်ဗျား အိပ်လိုက်တော့၊ ကျုပ် ခင်ဗျားကို စိတ်တိုနေတာ "
နှစ်ယောက်ကြားလေထုက ချက်ချင်းဆိုသလို အေးစက်သွားသည်။
........................
💛
~~~~~~~~~~~
Zawgyi!!!!
စိတ္ကူးေပါက္မွ Company သြားတတ္တဲ့ ျမတ္ထြဋ္ေခါင္ဟာ ဒီေန႕လည္း အလုပ္သြားဖို႔ ျပင္ဆင္ေနသည္။ Tshirt ကို ဂ်င္းေဘာင္းဘီနဲ႕ တြဲဝတ္ကာ ဆံပင္ကိုလည္းလွန္တင္ထားေသးသည္။ Company ပိုင္ရွင္ဆိုေသာ္လည္း ပိုင္ရွင္ႏွင့္တစ္စက္ကေလးမွမတူေပ။
ဝတ္ခ်င္တာဝတ္ၿပီး သြားခ်င္တဲ့ခ်ိန္ထသြားတတ္တဲ့ Company CEO သာျဖစ္သည္။ တစ္နည္းအားျဖင့္ လုပ္ခ်င္ရာလုပ္တတ္သူသာ။
" ခင္ဗ်ား Company သြားမလို႔လား "
ေခါင္းကိုသာညိတ္ျပလာသည္။
" ကားယူသြားမွာလား ကြၽန္ေတာ္နဲ႕လိုက္ခဲ့မွာလား "
" မင္းနဲ႕လိုက္ခဲ့မွာ "
" ေကာင္းၿပီ "
မနက္စာစားၿပီး ႏွစ္ေယာက္သား Company သို႔ဉီးတည္လိုက္သည္။ Ala Company ေရွ႕ေရာက္ေတာ့
" ညေန ဝင္ႀကိဳရဉီးမလား "
" ငါ ျပန္ခ်င္တဲ့ခ်ိန္ျပန္မွာ "
" ဟုတ္ၿပီ "
ထြဋ္ေခါင္ Company ထဲဝင္သြားတာၾကည့္ၿပီးမွ သီဟလည္း ထိုေနရာမွထြက္လာခဲ့သည္။
" မင္းေဝကို ကားယူၿပီး Ala မွာ ေစာင့္ေနလို႔ေျပာလိုက္ "
" ဟုတ္ကဲ့ Boss "
နဂိုကတည္းက ကားယူသြားလို႔ရရဲ႕သားနဲ႕မယူပဲ ပို႔ခိုင္းေသးသည္။ တခါတေလ ထြဋ္ေခါင္ရဲ႕အေတြးေတြကို သီဟတစ္ေယာက္လိုက္မမွီေတာ့ပါ။
ထြဋ္ေခါင္ Company ကိုေရာက္သည္ႏွင့္ စာရင္းေတြစစ္ၿပီး Meeting ေတြထိုင္လုပ္ေနသည္။ အခုလို႐ုတ္တရက္ေတြလုပ္တတ္တဲ့ CEO ရဲ႕အက်င့္ေတြေၾကာင့္ Company ကသူေတြဟာ အၿမဲတမ္းအသင့္အေနအထားျဖင့္ ေစာင့္ေနရသည္။
အက်ီ Design ပိုင္းနဲ႕ပတ္သတ္ၿပီး အကြၽမ္းတဝင္ရွိလွတဲ့ ထြဋ္ေခါင္ဟာ တစ္ခုခုအမွားအယြင္းျဖစ္သြားတာကိုပင္မႀကိဳက္။ သူဆြဲတဲ့ Design နဲ႕ သူလိုခ်င္တဲ့ပုံစံအတိုင္းထြက္လာတာကိုပဲ လိုခ်င္သည္။
လုပ္စရာေတြလက္စသတ္ၿပီးလို႔ အနားယူဖို႔ႀကံလိုက္ေပမယ့္ ဖုန္းသံေၾကာင့္ အေတြးမ်ားပင္ လႊင့္ပ်ယ္သြားသည္။
" Hello အေမ "
" သား အိမ္ခနလာခဲ့မလား "
" ကိစရွိလို႔လား "
" ကိစမရွိပါဘူးသားရယ္၊ သားကို အေမေတြ႕ခ်င္လို႔ပါ "
" ခဏေနရင္ လာခဲ့မယ္ အေမ "
" ဟုတ္ပါၿပီကြယ္ "
အလုပ္လည္းမရွိေတာ့တာမို႔ အိမ္ျပန္ဖို႔ သီဟထံ ဖုန္းဆက္လိုက္သည္။
" ေျပာ "
" ငါ အေမတို႔ဆီသြားမလို႔ "
" သြားေလ ကြၽန္ေတာ္ၿပီးရင္လိုက္ခဲ့မယ္ "
" သြားဖို႔ေတာ့ဟုတ္တယ္ေလ ကားကဘယ္မွာလဲ "
" မင္းေဝကို ခင္ဗ်ား Company မွာေစာင့္ခိုင္းထားတယ္ "
" ဒါပဲ "
ဖုန္းကို ေဘာင္းဘီအိတ္ကပ္ထဲထိုးထည့္ကာ ကား ထားကာေနရာသို႔ ထြက္လာခဲ့သည္။ ေျမေအာက္ထပ္က ကားထားရာေနရာကိုေရာက္ေတာ့ မင္းေဝက အဆင္သင့္ေစာင့္ေနသည္ကိုေတြ႕လိုက္ရသည္။
" အေမတို႔အိမ္ "
ေျပာၿပီးသည္ႏွငိ့ ကားထဲဝင္ထိုက္လိုက္သည္။ ေသခ်ာသေလာက္ကေတာ့ သူတို႔အိမ္ေထာင္ေရးကိစ ေျပာလိမ့္မည္။
အိမ္ေရာက္ေတာ့ အေဖနဲ႕အေမက ဧည့္ခန္းထဲထိုင္ေနသည္။
" ကြၽန္ေတာ္ေရာက္ၿပီ "
" ေရာက္ရင္ လာထိုင္ "
" မ်က္ႏွာေလးျပဖို႔ေတာင္ ေတာ္ေတာ္ခဲယဥ္းသလား သားရယ္ "
" အလုပ္ေလး ရႈပ္ေနလို႔ပါ အေမ "
" ဘာအလုပ္လဲ ျပသနာရွာတဲ့အလုပ္လား "
" အေဖ! "
" ငါေျပာတာ ဘာမွားလို႔လဲ၊ မင္းက ျပသနာရွာမယ္၊ သီဟက ေနာက္ကလိုက္ရွင္းတယ္ ငါေျပာတာမွားလား "
" ဒါ ကြၽန္ေတာ္သူ႕ကို ရွင္းခိုင္းတာမွမဟုတ္ပဲ "
" မင္းလုပ္ထားတာေတြက ဟုတ္မွဟုတ္မေနတာ သူမရွင္းလို႔ ဘယ္သူရွင္းမွာလဲ "
" က်စ္! အေဖတို႔ကလည္း သူ႕ဘက္ကခ်ည္းပဲ "
" အဲ့လိုေတာ့မဟုတ္ပါဘူး သားရယ္ "
" သြယ္ ဘာမွမေျပာနဲ႕၊ မင္း သီဟလိုလူမ်ိဳးနဲ႕ရတာ ကံေကာင္းတယ္မွတ္၊ မင္း တျခားသူနဲ႕သာဆိုရင္ မေတြးရဲစရာပဲ "
" မေတြးရဲရင္ မေတြးနဲ႕ေပါ့ အေဖရာ "
" မင္း! "
" ေတာ္ပါေတာ့ အစ္ကိုရယ္၊ သားလည္း ငယ္ေတာ့တာမွမဟုတ္တာ ေနာက္ဆို သိလာမွေပါ့ "
" ေအး တစ္ခုေတာ့ရွိတယ္ ေနာင္တမရေစနဲ႕ မင္း! "
" ေနာင္တရစရာကိစကိုမရွိတာ "
" မင္းစကားနဲ႕မင္းပဲ "
" ဒါေျပာဖို႔ေခၚတာလား အခုေျပာၿပီးၿပီမလား ျပန္ၿပီ "
" ဒီေကာင္ေလး!"
စကားကိုဆုံးေအာင္ပင္နားမေထာင္သြားပဲ ထြက္သြားေသာ သာျဖစ္သူအားၾကည့္ကာ သက္ျပင္မ်ားသာခ်မိေတာ့သည္။
" သူ ေနာက္ဆို သေဘာေပါက္လာမွာပါ အစ္ကိုရယ္ "
" ဘယ္ခ်ိန္လဲသြယ္၊ သီဟကိုလည္း အစ္ကို အားနာလွၿပီ "
သားျဖစ္သူကို ေယာက္်ားတစ္ေယာက္ရဲ႕လက္ထဲ အပ္လိုက္ရတဲ့ခံစားခ်က္ကေတာ့ ဘာနဲ႕မွမတူပါ။ ေကာင္းေစခ်င္ေသာသေဘာျဖင့္သာ လက္တြဲေစခဲ့ေပမယ့္ ဂ်စ္ကန္ကန္ေကာင္ေလးကို အၾကာႀကီးလက္မတြဲနိုင္မွာ မိဘအေနနဲ႕စိုးရိမ္မိသည္။
မိဘအိမ္ကအျပန္ ေဒါသမ်ားေၾကာင့္ မ်က္ႏွာပင္နီရဲေနေသာ ျမတ္ထြဋ္ေခါင္။ မင္းေဝကေတာ့ ကားမွန္ကေနတဆင့္ၾကည့္ကာ လန့္ေနသည္။
ထြဋ္ေခါင္ကို အခုလိုေျပာတာမႀကိဳက္။ ေယာက္်ားတစ္ေယာက္ကိုယူထားတာနဲ႕ပဲ ျပသနာမျဖစ္ရေတာ့ဘူးလား။ ေယာက္်ားေလးခ်င္းမို႔ ပိုၿပီးနားလည္ေပးနိုင္တာ မဟုတ္လား။
အခုလိုသီဟနဲ႕ႏွိုင္းယွဥ္ၿပီးေျပာေျပာေနတာကို ထြဋ္ေခါင္မႀကိဳက္။ သူလုပ္ခ်င္တာလုပ္ဖို႔ သီဟကိုအားနာေနရမည္လား။ ျပသနာကိုရွာၿပီးရင္ ေျဖရွင္းတတ္တယ္ဆိုတာေမ့မ်ားေနသလား။
သူ႕အားေလွ်ာ့တြက္ေနျခင္းလား။ အိမ္ကိုေရာက္လာသည္အထိ ေဒါသကမေျပ။
မင္းေဝကေတာ့ သီဟအားဖုန္းဆက္ကာ အက်ိဳးအေၾကာင္းေျပာရေတာ့သည္။
" အခု အိမ္ျပန္ေရာက္ၿပီလား "
" ေရာက္ပါၿပီ Boss... ခြမ္း~~ "
"မင္းေဝ ဘာအသံလဲ "
" သ...သခင္ေလး တခုခုကို ပစ္ေပါက္လိုက္တာထင္တယ္ "
" က်စ္!!! "
သီဟ ေခါင္းရႈပ္သြားသည္။ မိဘအိမ္ျပန္ၿပီး ျပန္လာကတည္းက ေဒါသထြက္ေနသည္ဆိုတာေၾကာင့္ ဘာကိစမ်ားလဲသိခ်င္ေနမိသည္။
" ရွိုင္းသန့္ အိမ္ျပန္မယ္ "
.................
အိမ္ေရာက္ေတာ့ သီဟ အိမ္ထဲ ဝင္လိုက္သည္ႏွင့္ ျပန့္က်ဲေနေသာ ဖန္အစအနမ်ားနဲ႕အတူ အလယ္မွာရပ္ေနေသာ လူတစ္ေယာက္။
စူးရဲရဲမ်က္လုံးေတြဟာ သူ႕ထံသို႔ေရာက္လာသည္။ တဆက္တည္းမွာပဲ ေသခ်ာၾကည့္မိေတာ့ လက္ကေနတစက္စက္က်ေနေသာေသြးမ်ားနဲ႕ ေသွးတွေစွန်းထင်းနေသော ေျခေထာက္အစုံက အျဖဴေရာင္ေျခအိတ္ထက္ဝယ္ ထင္ရွားေနသည္။
"ျမတ္ထြဋ္ေခါင္! "
" ငါ့နာမည္ကို မေခၚနဲ႕! "
" ခင္ဗ်ား ဘာျဖစ္ေနတာလဲ "
" ငါ ဘာျဖစ္ျဖစ္မင္းအပူပါလား "
" ပါတယ္ ပါလို႔ေျပာေနတာ ခင္ဗ်ားေသသြားရင္ က်ဳပ္ပါမလြတ္ကင္းဘူးဆိုတာ ခင္ဗ်ားသိလား "
" စကားအပိုေတြ မဆိုစမ္းနဲ႕! ငါေသလည္းေအးတာပဲ "
" ခင္ဗ်ားက အေကာင္းေျပာလို႔မရဘူးပဲ "
သီဟ ျပန္က်ဲေနေသာ ဖန္စကိုပင္ မၾကည့္နိုင္ပဲ အလယ္မွာရပ္ေနသူအားေစြ႕ခနဲေပြ႕ခ်ီလိုက္ၿပီး အိမ္ေပၚထပ္သို႔ဉီးတည္လိုက္သည္။
" ရွင္းထားလိုက္ "
တခြန္းသာေျပာၿပီး တက္သြားေသာ သခင္ႏွစ္ေယာက္ၾကား အလုပ္သမားမ်ား ျပာယာခတ္ေနရေတာ့သည္။ ေျပာင္လက္ေနေသာ ၾကမ္းခင္းထက္ ဖန္ကြဲစမ်ားမက်န္ေအာင္ ေသခ်ာသုတ္သက္ရေတာ့သည္။
ေပြ႕ခ်ီရာေနာက္ ႐ုန္းကန္ကာ ပါလာသည္။ ၿပီးေနာက္ ကုတင္ေပၚခ်ေပးလိုက္ကာ သီဟလည္း တခါတည္း ဝင္ထိုင္သည္။
" ေျပာ အေၾကာင္းအရင္းကိုေျပာ "
" မင္းနဲ႕ဘာဆိုင္လဲ "
" ခင္ဗ်ား စကားကို ကပ္သီးကပ္သပ္မေျပာနဲ႕ "
" ဒါေတြအားလုံး မင္းေၾကာင့္ျဖစ္တာ ရွင္းၿပီလား "
" ဘာလို႔ က်ဳပ္ေၾကာင့္ က်ဳပ္ ခင္ဗ်ားကိုဘာလုပ္မိလို႔လဲ "
" မင္းနဲ႕ယူခဲ့ရလို႔ ငါအခုလိုျဖစ္ေနတာ "
" .......... "
" ငါ ေယာက်ာ္းတစ္ေယာက္၊ ငါ ဘယ္သူ႕ကိုမွ အားမကိုးခ်င္ဘူး၊ ငါသိတယ္ ငါက တဇြတ္ထိုးသမား၊ ငါ လုပ္ခ်င္ရာလုပ္မယ္ ငါျဖစ္ခ်င္တာ ငါလုပ္တာ၊ ဘာလို႔မင္းနဲ႕ပဲ လာလာႏွိုင္းေနရတာလဲ၊ ငါ ေယာက္်ားယူလိုက္လို႔ ငါလုပ္ခ်င္ရာလုပ္ခြင့္မရွိေတာ့ဘူးလား၊ လုပ္ခြင့္မရွိဘူးဆိုရင္ ကြာရွင္းမယ္! "
ထြဋ္ေခါင္ ဆိုလိုခ်င္တာကို သီဟနားလည္သည္။
" အခု အိမ္ကဘာေျပာလိုက္လဲ "
" ငါက ျပသနာရွာ ၿပီး မင္းက လိုက္ရွင္းေနရလို႔တဲ့ေလ၊ ေနာက္ခါ မင္းလာရွင္းစရာမလိုဘူး ငါလုပ္ခ်င္တာဆက္လုပ္မွာ၊ ၿပီးေတာ့ မင္း အိမ္ကိုသတင္းပို႔မေနနဲ႕ ငါမင္းကို သတိေပးတာ"
" အခု က်ဳပ္က ခင္ဗ်ားအိမ္ကို ေျပာျပလိုက္လို႔ အခုလိုေျပာတယ္ထင္ေနတာလား "
" ........ "
" က်ဳပ္ ခင္ဗ်ားကို ျပသနာေတြလိုက္ရွင္းေပးတာမွန္တယ္၊ က်ဳပ္နဲ႕ခင္ဗ်ားရဲ႕ကိစ က်ဳပ္ဘယ္သူ႕ကိုမွလိုက္ေျပာမေနဘူး၊ က်ဳပ္နဲ႕ခင္ဗ်ားသိရင္ၿပီးေရာမဟုတ္ဘူးလား၊ ဘာလို႔မ်ား က်ဳပ္သြားေျပာတယ္လို႔ထင္ေနတာလဲ "
" မင္းမေျပာလည္း အခု မင္းေၾကာင့္ပဲ ငါအေျပာခံလာရတာ၊ ငါ့ကိုတျခားသူနဲ႕ႏွိုင္းရင္ ငါမႀကိဳက္ဘူး "
ဟုတ္သည္။ ထြဋ္ေခါင္က လုပ္ခ်င္ရာလုပ္တတ္ေပမယ့္ တျခားသူေတြနဲ႕ ႏွိုင္းယွဥ္ေျပာရင္ေတာ့မႀကိဳက္။
" ဒီကိစေၾကာင့္ က်ဳပ္ကိုေဒါသထြက္ေနတာလား "
" .............. "
ျပန္မေျဖေသာ္လည္း အေျဖက ရွင္းေနၿပီမဟုတ္လား။
" ခင္ဗ်ားဗ်ာ က်ဳပ္အလုပ္မအားမွန္းလည္းသိရက္နဲ႕ ၊ က်ဳပ္စကားက်ဳပ္တာဝန္ယူတယ္၊ ခင္ဗ်ားနဲ႕ပတ္သတ္သမွ် ကိစအကုန္လုံး က်ဳပ္တစ္ေယာက္တည္းပဲသိတာ "
" ............. "
" ခင္ဗ်ားက တကယ္ ကိုယ့္အတြက္ပဲကိုယ္သိတဲ့လူ "
သီဟ ထိုင္ေနရာမွထကာ မင္းေဝကိုဖုန္းဆက္ၿပီး ဆရာဝန္လႊတ္လိုက္ဖို႔ေျပာလိုက္သည္။ ခနေနေတာ့ဆရာဝန္ေရာက္လာၿပီစ လိုအပ္တဲ့ေဆးေတြထည့္ေပးကာ ေဆးလည္းေပးထားခဲ့သည္။
" သီဟ မင္းေျခေထာက္ရရဲ႕လား "
" ရတယ္ ဉီးေဆြ "
" မင္းအတြက္လည္းေဆးေပးခဲ့မယ္"
" ေက်းဇူး ဉီးေဆြ၊ မင္းေဝ လိုက္ပို႔လိမ့္မယ္ "
" ဒါဆို ခြင့္ျပဳပါဉီး "
သီဟ ေခါင္းသာညိတ္ျပလိုက္သည္။
ေဆးအရွိန္ေၾကာင့္ ထြဋ္ေခါင္ဟာ အိပ္ရာေပၚမွာလွဲေနသည္။
" သီဟ "
" ဘာလဲ "
" ေဆးထည့္ေလ "
" က်ဳပ္ကို အာ႐ုံစိုက္မေနနဲ႕ "
" မင္း!"
" ခင္ဗ်ား အိပ္လိုက္ေတာ့၊ က်ဳပ္ ခင္ဗ်ားကို စိတ္တိုေနတာ "
ႏွစ္ေယာက္ၾကားေလထုက ခ်က္ခ်င္းဆိုသလို ေအးစက္သြားသည္။
........................
💛
~~~~~~~~~~~