Unicode
နွေကျောင်းပိတ်တော့ လောင်းရိပ်တကယ်ပြန်လာပါသည်။ ထိုနေ့က မနက်စောစော မောင်တို့အိမ်ရှေ့၌ရပ်ကာ မောင်တို့ကို တကြော်ကြော် အော်ခေါ်နေ၏။
"ကိုကို.... ကိုကိုပြန်လာပြီ "
မေက အရင်ဆုံးထွက်လာပြီး လောင်းရိပ်ဆီသို့ ထော့နဲ့နဲ့ ခြေထောက်လေးဖြင့် ပြေးလာလေသည်။ အရှိန်ပါသည်မို့ လောင်းရိပ်နားမရောက်ခင် လဲကျတော့မည့် အခိုက် ဖမ်းဆွဲထားလိုက်ရပါ၏။
မောင်ထွက်လာတော့ သူတို့နှစ်ယောက်မှာ ဖက်ထားသည့်ပုံစံဖြစ်နေသည်။
ဦးရိပ်က မေ့ကို တော်တော်ချစ်တာပဲ ၊ မောင့်စိတ်ထဲမှာ ထိုအရာက စွဲနေပြီလေ။ နည်းနည်းဖြစ်ဖြစ်နေသာထိုင်သာ ရှိတော့မယ်ထင်နေတာ ၊ မရသေးဘူးပဲ..။
"မောင်..."
လောင်းရိပ်က မောင့်ကို လက်ပြနှုတ်ဆက်လိုက်တော့ မောင် သူတို့နားသို့ လျှောက်သွားလိုက်ပါသည်။ မေက မတ်တတ်တည့်တည့်ရပ်လိုက်ပြီး မောင့်ဘက်ကို လှည့်ပြုံးပြလေသည်။ပြီးမှ
"ကိုကို့ကို မေတို့က လွမ်းနေတာ "
"ကိုကိုလည်း.မေတို့ကို လွမ်းပါ့ဗျာ၊ မေကတော့ ဟုတ်ပါပြီ မောင်ကကော ကိုယ့်ကို မလွမ်းဘူးလား "
"လွမ်းပါတယ် ၊ ဦးရိပ်ပဲ မောင့်အတွက် လက်ဆောင် ဝယ်လာခဲ့မယ်ဆို "
"လက်ဆောင်ကို မျှော်နေတယ်ပေါ့ "
မောင့်ဆံပင်လေးကို ဖွလိုက်ပြီး ပြောလိုက်တော့ မောင်က ပြုံးပြသည်။ တောက်တောက်ပပလေး မရှိတော့ပေ ။ ကြားရက်တွေထဲမှာ မောင့်အပြုံးတွေ ဘာလို့ မှိန်မှိန်သွားရတာလဲ ။
"လက်ဆောင်ရော လူရောပါဗျ"
"လက်ဆောင်ကပါပါတယ် ၊ မေ့အတွက်က ကြီးကြီးဆီမှာ သွားယူချည်..မောင့်အတွက်က.."
လောင်းရိပ်စကားတောင် မဆုံးသေး မေကတော့ "ဟုတ် "တစ်လုံးသာ ပြောပြီး လောင်းရိပ်အိမ်ဆီသို့ ပြေးလေသည်။
"မောင့်အတွက်က ဘယ်မှာလဲ "
"ဒီမှာ "
လက်ရှည် အကျီအိတ်ကပ်ထဲ၌ ပါလာသော ချောကလတ်အတောင့်လေးအား ထုတ်ပေးတော့ မောင်မျက်နှာမှာ မမှေးမှိန်သော အပြုံးလေး ဖြတ်ပြေးသွားသည်။
" ချောကလတ် "
"မောင်က ချောကလတ်ကြိုက်တယ်ဆိုလို့ ကိုယ်ဝယ်လာတာ"
"သိမ်းထားလို့လည်း မရဘူး မောင်က သိမ်းထားလို့ရတာ လိုချင်တာ "
ရင့်ကျက်တည်ငြိမ်ပုံပေါက်နေတဲ့ ကလေးလေးရဲ့ နှုတ်ဖျားက မကျေမနပ်ထွက်ကျလာတဲ့ စကားလေးတွေကို လောင်းရိပ်သဘောကျပြီး ရယ်မိပါသည်။
"သိမ်းထားလို့ရတာ လိုချင်တာလား "
"ရပါတယ် ချောကလတ်လည်း အဆင်ပြေပါတယ်"
ဦးရိပ် ငြိုငြင်သွားမှာ မောင်ကြောက်တယ်.။ ချောကလတ်လည်း အဆင်ပြေနေတာပဲ ဗိုက်ထဲသိမ်းထားလို့ရတယ်။
"ကိုယ်က မောင့်ကို ပေးမှာပေါ့ကွ"
"ဘာ..ဘာပေးမှာလဲဟင်"
"အာဘွားပေးမယ်လေ.. ပါးပေါ်မှာ တံဆိပ်နှိပ် သိမ်းထားသလို ဖြစ်သွားမှာပဲ"
"အဲ့လိုလည်း ပေးလို့ရတာလား "
"အင်း...ဘယ်နားလိုချင်လည်း ပါးလေးလား ၊ နှာခေါင်းလေးလား ၊ နဖူးလေးလား ၊ မေးစေ့လေးလား ၊ နှုတ်.."
"ဟင့်အင်..ရပါတယ်... ချောကလတ်ပဲ ကောင်းပါတယ်"
လောင်းရိပ် စစနောက်နောက်ပြောနေသည်ကို အတည်ထင်နေသော မောင်ကတော့ မျက်လုံးလေးပြူးကြည့်ပြီး ရုပ်သေလေးနဲ့ ပြောနေပေမယ့် လောင်းရိပ်အမြင်မှာ အရမ်းချစ်ဖို့ကောင်းနေတဲ့ ကောင်လေးပါလေ ။ မောင့်ခေါင်းလေးကိုသာ အသာဖွလိုက်သည်။
"ဦးရိပ် "
"ဗျ"
"ဦးရိပ်ပြောဖူးတယ်လေ ငိုလို့လည်း.အဆင်ပြေတယ်ဆို "
ထိုစကားက မောင် အရမ်း မေးချင်တဲ့စကား ။ သူဝမ်းနည်းလို့ ငိုချင်လာတဲ့ အခါတိုင်း.ဦးရိပ်ပြောခဲ့တာကို ခဏခဏ ကြားယောင်နေခဲ့တာ ။ ဒါပေမဲ့ မောင့်မျက်ရည်ကျကိုတော့ ဘယ်သူမှ မမြင်ဖူးကြပါဘူး ။
ကွယ်ရာမှာပဲ ငိုမှာပေါ့ ။ အလိုလိုမှ အခြောက်လို့ အစခံနေရတဲ့ကြားထဲ ငိုသာငိုလိုက်ရင်......။
အစမရှိ အဆုံးမရှိ လာမေးသော မောင်ကြောင့် လောင်းရိပ် စိတ်ထဲတော့ ပဟေဠိဖြစ်သွားပါသည်။
"အင်းလေ "
"ဒါဆို ဦးရိပ်က ငိုရတာကြိုက်လား "
"ကိုယ်ကတော့မကြိုက်ဘူး... ငိုတယ်ဆိုတာ အရှုံးပေးတာနဲ့ အတူတူပဲလေ .."
"ဟုတ်"
စကားတောင် ဆုံးအောင် မပြောလိုက်ရသေး လက်ထဲ ချောကလတ်ကလေး ကိုင်ကာ ပြေးထွက်သွားသော မောင့်ကို နားပင်မလည်နိုင်တော့ပေ ။
"ဝမ်းနည်းလွန်းလို့ ငိုတယ်ဆိုတယ် တစ်မျိုးပေါ့လို့ ပြောမလို့ကို စကားဆုံးအောင်တောင် နားထောင်မသွားဘူး.ဒီကလေးလေးကတော့ "
(မောင်နှမနှစ်ယောက်လုံး အတူတူပဲ😅)
.....
"မောင်နဲ့မေ ဘယ်လဲ "
"မုန့်ပြားသလပ်သွားလုပ်မလို့ ကိုကို "
နွေရာသီ၏ နေ့လယ်နေ့ခင်း တိတ်ဆိတ်နေတဲ့ အချိန်။ အပူဒဏ်ကြောင့် အိမ်ထဲမှ အိမ်ပြင်တောင် သိပ်မထွက်ကြသေး။
ပူလှပါသည့် အချိန်မှ မောင်နဲ့မေက ဦးထုပ်လေးတွေ ဆောင်းပြီး လောင်းရိပ်တို့ အိမ်ရှေ့က ထွက်သွားတာ မြင်လိုက်၍ လောင်းရိပ် အိမ်ရှေ့ထွက်ပြီး မေးလိုက်ခြင်းပင်။
"နေပူကြီးကို "
"ဒီ ချိန်သွားမှ မစောင့်ရမှာ ကိုကိုရဲ့"
"ဘယ်သူက ဝယ်ခိုင်းတာလဲ ၊ မေမေကလား "
"ဟုတ်ဘူး ဘေးအိမ်က ဆရာမ အန်တီနွယ်နီက စားချင်လို့ မေတို့ဖို့ပါ ဝယ်ကျွေးရင်း မေတို့ကိုပဲ ဝယ်ခိုင်းလိုက်တာ "
"နေပူကြီးကိုကွာ နေအေးမှ ဝယ်လို့ မရဘူးတဲ့လား "
"မရဘူး "
တချိန်လုံးတိတ်နေသော မောင့်ဆီမှ အသံခပ်ပြတ်ပြတ်ကလေးထွက်လာပါသည်။ မကျေမနပ်ဖြစ်နေတဲ့ အသံလေးဖြစ်ပေမယ့်ချစ်စရာကောင်းနေပြန်ပါသည်။
"ဒါဆို ကိုယ်ပါလိုက်ခဲ့မယ် ၊ ခဏစောင့် ထီးယူလိုက်ဦးမယ် "
"ဟုတ် ကိုကို"
မောင်တို့နားသို့ ရောက်တော့
"ထီးက တစ်လက်ပဲတွေ့တယ် ၊ သုံးယောက်လုံအောင် ဘယ်လိုဆောင်းကြရပါ့မလဲ "
"ဒါများ လွယ်လွယ်လေးပါကိုကိုရယ် ၊ ကိုကိုက မောင့်ကို ချီလိုက် မေက ဘေးကလိုက်မယ် "
"မဖြစ်ဘူး မေ့ကို ပဲ ချီလိုက်ပါ ဦးရိပ် ၊ မောင်က ဦးရိပ်တို့ရဲ့ အရိပ်ကို ကွယ်လိုက်ခဲ့မယ် ၊ ဒါဆို မောင်လည်း နေမပူတော့ဘူး "
လောင်းရိပ် တစ်ချက်စဥ်းစားလိုက်သည်။ မေက ခြေထောက်ကောင်းတာမဟုတ်တော့ မောင်ပြောသလိုက ပိုအဆင်ပြေလိမ့်မည်။ လောင်းရိပ် ခေါင်းငြိမ့်ပြလိုက်ပြီး လက်တစ်ဖက်တည်းဖြင့် မေ့ကိုပွေ့ချီပြီး တစ်ဖက်က ထီးကိုဆောင်းထားသည်။ မောင်က နေရောင်မရောက်သည့် လောင်းရိပ်တို့၏ အရိပ်အား ကွယ်၍လိုက်ခဲ့လေသည်။
....
"ဦးရိပ်ကော မုန့်ပျားသလက် စားပါလား မောင့်အတွက် နှစ်ခုထဲက တစ်ခုပေးမယ်လေ "
မုန့်ပျားသလက်ဆိုတာက မောင်တို့မြို့ရဲ့ အဓိက အစားအစာထဲမှာလည်း ပါဝင်ပါတယ် ။ ဆန်မှုန့်ကို မထူမပြစ် အခြေအနေလေးမှာ ဇွန်းကြီးကြီးလေးနဲ့ လိုသလောက် ခပ်ယူပြီး မီးပူရနေတဲ့ မြေအိုးပြားပြားလေးပေါ်ကို စက်ဝိုင်းပုံ ပြန့်ပြန့်လေး ထည့်လိုက်ပြီး အပေါ်က စတော်ပဲပြုတ်ကလေးဖြူးလိုက်တာပါပဲ ။ (တချို့ကတော့ ကြက်သွန်မြိတ်၊ ငချိတ်တို့ ပါတတ်သည်။ )
နွေရာသီ နေ့လယ်ခင်း တရေးတမောအိပ်ကာ နိုးလာလျှင် အစာပြေစားတတ်ကြသည်။
"မောင်က တစ်ခုထဲနဲ့ ဝမှာလား "
"ဝပါတယ် ၊ ညကျရင်လည်း ထမင်းစားဦးမှာပဲလေ "
"ကိုယ်ကတော့ မောင့်ဝေစုထဲက တစ်ဝက်ကို တကယ်စားချင်တာ ၊ မောင်ကျွေးတာဆိုတော့လေ "
"စားပါ ၊ မုန့်ပျားသလက်က မောင့် အကြိုက်ကြီးထဲမှာ မပါပါဘူး "
"ကိုယ်ကတော့ ကြိုက်တယ် ၊ ဒီရောက်လာကတည်းက ဝယ်စားဖူးတာ ၊ တကယ်ကောင်းတယ် "
"မုန့်ပျားသလက်က မောင်တို့မြို့ရဲ့ ဒေသထွက် စားဖွယ်တွေထဲက တစ်ခုပဲလေ ၊ကျန်တာတွေကော စားဖူးလား "
"ဟင့်အင် ၊ ဘာတွေလဲ ကိုယ့်ကို ပြောပြပါလား "
လောင်းရိပ်နဲ့ မောင်က စကားကောင်းနေသလို မေနဲ့ မုန့်ပျားသလက် အဒေါ်ကြီးနဲ့ကလည်း စကားကောင်းနေကြပါသည်။ ဒီနေ့မှ လာဝယ်တဲ့သူတွေ အတော်များသည်။
"မုန့်သြဇာ ၊ ကရေကရာ ၊ ကောက်ညှင်းငချိတ်ပေါင်း နဲ့ စတော်ပဲပြုတ် "
"ပြီးတော့ရော ရှိသေးလား"
"အင်း...........၊ဝက်သည်းကန်အတွင်းမှာ ရှိတဲ့ ပဒုမ္မာကြာပန်းတွေက ရတဲ့ကြာကွက်သီးတွေ၊ပိတ်စွယ်၊ကြာစွယ် ပြီးေတာ့၊၀က်မြေဥပြုတ်"
"ဝက်သည်းကန်.. ဆိုတာက "
"မောင်တို့မြို့ရဲ့ အထင်ကရ နေရာထဲက တစ်ခုပေါ့ ၊ အခု မောင်ပြောပြတာတွေကော စားဖူးရဲ့လား "
"မုန့်ပျားသလက်ရယ် ကောက်ညှင်းပေါင်းရယ် စတော်ပဲပြုတ်ရယ်ပဲ စားဖူးသေးတယ် ၊ မောင်ပြောတဲ့ ဝက်သည်းကန်ကိုတော့ မရောက်ဖူးသေးဘူး ၊ မြို့ထဲတောင် စာအုပ်ဆိုင်ပဲ ရောက်ဖူးသေးတာ "
"မောင်ကြီးလာရင် မုန့်တွေလည်း လိုက်ဝယ်ကျွေးမယ် ၊ ဘုရားတွေလည်း လိုက်ပို့ပေးမယ် "
"ဟုတ်ပါပြီကွာ ၊ ကိုယ် ဝက်သည်းကန်အကြောင်း.သိချင်တယ် ၊ အဲ့အကြောင်းကို မောင်သိသလောက် ရှင်းပြပါလား "
"စာထဲမှာ ဖတ်ဖူးတယ် ၊ဝက်သည်းကန်က မောင်တို့ မြို့ရဲ့ အနောက်ဘက်မှာကပ်ပြီးတော့ ရှိတာ ၊ သက္ကရာဇ် ၁၁၉၄ ခုနှစ် ကောဇာသက္ကရာဇ် ၅၅၆ ခုနှစ်မှာ ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီးက မောင်တို့ရဲ့ ဒီမြို့လေးကို တိုင်းခန်းလှည့်လည်လာရော ၊ အဲ့ဒီမှာ မင်းကြီး၏မိဖုရားငယ် ရှင်စောဝက မင်းကြီးထံကို ခွင့်တောင်းပြီး တူးဖော်ပေးခဲ့တာလေ ။ အဲ့ဒီကန်တော်ကြီးကို လွတ်လပ်ရေးရပြီး ၁၉၅၃ ခုနှစ်မှ စလို့ နိုင်ငံတော်အစိုးရက သားငှက်ဘေးမဲ့ကြိုးဝိုင်းအဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တာတဲ့ ၊ ကန်ရဲ့ရေပြင်အကျယ်က ၁.၇စတုရန်းမိုင်ခန့်ရှိပြီးတော့ ကန်ကြီးအတွင်းမှာလည်း သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော် ရှိတယ် "
"ဝိုးဝိုးဝိုး....မောင်က သိလှချည်လား "
"ဦးရိပ်ကို လိုက်ပို့တဲ့ အခါကျရင် ရှင်းပြနိုင်အောင်လို့ မောင် အလွတ်ကျက်ထားတာ ၊ ဒါပေမယ့် ဝက်သည်းကန် အကြောင်းပဲ အလွတ်ရသေးတယ် ၊ ဟီး "
အများကြီးကျက်ထားပေမယ့် တစ်ခုသာ မှတ်နိုင်သေးသော မှတ်ဉာဏ်ကို အားနာသောအားဖြင့် မောင် ရှက်ရယ်သာ ရယ်လိုက်ရပါသည်။
"မောင် သိလား ၊ မောင် ဒီနေ့ စကားတွေ အများကြီး ပြောတယ်ဆိုတာ "
"မောင် ပြောဖြစ်ပါတယ် "
ဦးရိပ်က ဘာလို့လဲမသိဘူး ။ မောင့်အတွက် တကယ်ထူးခြားတာပါ ။ ဦးရိပ်နဲ့တွေ့ရင် စကားတွေ အများကြီးပြောချင်တယ် ။ ဦးရိပ်က မေ့ကို ပိုချစ်ပေမယ့်ပေါ့။
"မောင်.ကိုယ့်ကို စကားအများကြီးမပြောတာ ကြာပါပြီကွာ.၊ မောင်တော့မသိဘူး ကိုယ်ကတော့ သတိထားမိတယ် "
"ကိုကို မေတို့ သွားလို့ရပြီ "
စကားပေါ၍ ဝခဲ့သော မေကတော့ ပြန်ရန် ဒုန်းစိုင်းပါတော့သည်။စကားပြောဖို့ အားထုတ်ရတာများတော့ ဗိုက်ကလေးက ဆာချင်နေပြီလေ ။
မေ့လက်ထဲက မုန့်ပျားသလက်ထုပ်ကလေးက ဝက်သည်းကန်ထဲမှ ရသော ကြာရွက်ဖြင့် ထုပ်ထားတာဖြစ်ပြီး လောင်းရိပ် ဒီမြို့ကို ရောက်ဖူးပြီးကတည်းက ဒီမြို့လေးမှာ ဘုရားပန်းများ၊ ဟင်းသီးဟင်းရွက်များ၊ အသားငါးများ၊ စားစရာ အစားအသောက်များ (အရည်မှလွဲ၍)ကို စက္ကူ ၊ ငှက်ပျောဖတ် ၊ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်မည့်အစား ကြာရွက်ဖြင့်သာ ထုပ်ပေး ၊ရောင်းချကြသည်ကို သတိထားမိခဲ့ပါသည်။
ကြာရွက်သာ အဓိကကျသည်ထင့် ။
ကြီးကြီးကလည်း စျေးကပြန်လာလျှင် ခြင်းတောင်းထဲ၌ ကြာရွက်များဖြင့် ထုပ်ပိုးထားသော ဟင်းချက်စရာတွေကြောင့် အစိမ်းရောင်ကိုသာ အများဆုံးမြင်ရပါသည်။ ကျန်းမာရေးနဲ့ ညီညွတ်တော့ ကောင်းတာပေါ့လေ။
အပြန်မှာလည်း မေ့ကို လောင်းရိပ်က ချီခေါ်ခဲ့သလို မောင်ကလည်း.သူတို့အရိပ်ကိုသာ ကွယ်လိုက်ခဲ့ပါသည်။
......>>>>>>>>
မောင်ပြောပြတဲ့ ဝက်သည်းကန်နဲ့ ရွှေမုဌောဘုရားပါ
အစိမ်းရောင်တွေက ကြာရွက်တွေပါ ကြာဖူးတွေလည်း ပွင့်တဲ့အချိန်ဆို တအားလှပါတယ်
************************************
Zawgyi
ႏြေေက်ာင္းပိတ္ေတာ့ ေလာင္းရိပ္တကယ္ျပန္လာပါသည္။ ထိုေန႕က မနက္ေစာေစာ ေမာင္တို႔အိမ္ေရွ႕၌ရပ္ကာ ေမာင္တို႔ကို တေၾကာ္ေၾကာ္ ေအာ္ေခၚေန၏။
"ကိုကို.... ကိုကိုျပန္လာၿပီ "
ေမက အရင္ဆုံးထြက္လာၿပီး ေလာင္းရိပ္ဆီသို႔ ေထာ့နဲ႕နဲ႕ ေျခေထာက္ေလးျဖင့္ ေျပးလာေလသည္။ အရွိန္ပါသည္မို႔ ေလာင္းရိပ္နားမေရာက္ခင္ လဲက်ေတာ့မည့္ အခိုက္ ဖမ္းဆြဲထားလိုက္ရပါ၏။
ေမာင္ထြက္လာေတာ့ သူတို႔ႏွစ္ေယာက္မွာ ဖက္ထားသည့္ပုံစံျဖစ္ေနသည္။
ဦးရိပ္က ေမ့ကို ေတာ္ေတာ္ခ်စ္တာပဲ ၊ ေမာင့္စိတ္ထဲမွာ ထိုအရာက စြဲေနၿပီေလ။ နည္းနည္းျဖစ္ျဖစ္ေနသာထိုင္သာ ရွိေတာ့မယ္ထင္ေနတာ ၊ မရေသးဘူးပဲ..။
"ေမာင္..."
ေလာင္းရိပ္က ေမာင့္ကို လက္ျပႏႈတ္ဆက္လိုက္ေတာ့ ေမာင္ သူတို႔နားသို႔ ေလွ်ာက္သြားလိုက္ပါသည္။ ေမက မတ္တတ္တည့္တည့္ရပ္လိုက္ၿပီး ေမာင့္ဘက္ကို လွည့္ၿပဳံးျပေလသည္။ၿပီးမွ
"ကိုကို႔ကို ေမတို႔က လြမ္းေနတာ "
"ကိုကိုလည္း.ေမတို႔ကို လြမ္းပါ့ဗ်ာ၊ ေမကေတာ့ ဟုတ္ပါၿပီ ေမာင္ကေကာ ကိုယ့္ကို မလြမ္းဘူးလား "
"လြမ္းပါတယ္ ၊ ဦးရိပ္ပဲ ေမာင့္အတြက္ လက္ေဆာင္ ဝယ္လာခဲ့မယ္ဆို "
"လက္ေဆာင္ကို ေမွ်ာ္ေနတယ္ေပါ့ "
ေမာင့္ဆံပင္ေလးကို ဖြလိုက္ၿပီး ေျပာလိုက္ေတာ့ ေမာင္က ၿပဳံးျပသည္။ ေတာက္ေတာက္ပပေလး မရွိေတာ့ေပ ။ ၾကားရက္ေတြထဲမွာ ေမာင့္အၿပဳံးေတြ ဘာလို႔ မွိန္မွိန္သြားရတာလဲ ။
"လက္ေဆာင္ေရာ လူေရာပါဗ်"
"လက္ေဆာင္ကပါပါတယ္ ၊ ေမ့အတြက္က ႀကီးႀကီးဆီမွာ သြားယူခ်ည္..ေမာင့္အတြက္က.."
ေလာင္းရိပ္စကားေတာင္ မဆုံးေသး ေမကေတာ့ "ဟုတ္ "တစ္လုံးသာ ေျပာၿပီး ေလာင္းရိပ္အိမ္ဆီသို႔ ေျပးေလသည္။
"ေမာင့္အတြက္က ဘယ္မွာလဲ "
"ဒီမွာ "
လက္ရွည္ အက်ီအိတ္ကပ္ထဲ၌ ပါလာေသာ ေခ်ာကလတ္အေတာင့္ေလးအား ထုတ္ေပးေတာ့ ေမာင္မ်က္ႏွာမွာ မေမွးမွိန္ေသာ အၿပဳံးေလး ျဖတ္ေျပးသြားသည္။
" ေခ်ာကလတ္ "
"ေမာင္က ေခ်ာကလတ္ႀကိဳက္တယ္ဆိုလို႔ ကိုယ္ဝယ္လာတာ"
"သိမ္းထားလို႔လည္း မရဘူး ေမာင္က သိမ္းထားလို႔ရတာ လိုခ်င္တာ "
ရင့္က်က္တည္ၿငိမ္ပုံေပါက္ေနတဲ့ ကေလးေလးရဲ႕ ႏႈတ္ဖ်ားက မေက်မနပ္ထြက္က်လာတဲ့ စကားေလးေတြကို ေလာင္းရိပ္သေဘာက်ၿပီး ရယ္မိပါသည္။
"သိမ္းထားလို႔ရတာ လိုခ်င္တာလား "
"ရပါတယ္ ေခ်ာကလတ္လည္း အဆင္ေျပပါတယ္"
ဦးရိပ္ ၿငိဳျငင္သြားမွာ ေမာင္ေၾကာက္တယ္.။ ေခ်ာကလတ္လည္း အဆင္ေျပေနတာပဲ ဗိုက္ထဲသိမ္းထားလို႔ရတယ္။
"ကိုယ္က ေမာင့္ကို ေပးမွာေပါ့ကြ"
"ဘာ..ဘာေပးမွာလဲဟင္"
"အာဘြားေပးမယ္ေလ.. ပါးေပၚမွာ တံဆိပ္ႏွိပ္ သိမ္းထားသလို ျဖစ္သြားမွာပဲ"
"အဲ့လိုလည္း ေပးလို႔ရတာလား "
"အင္း...ဘယ္နားလိုခ်င္လည္း ပါးေလးလား ၊ ႏွာေခါင္းေလးလား ၊ နဖူးေလးလား ၊ ေမးေစ့ေလးလား ၊ ႏႈတ္.."
"ဟင့္အင္..ရပါတယ္... ေခ်ာကလတ္ပဲ ေကာင္းပါတယ္"
ေလာင္းရိပ္ စစေနာက္ေနာက္ေျပာေနသည္ကို အတည္ထင္ေနေသာ ေမာင္ကေတာ့ မ်က္လုံးေလးျပဴးၾကည့္ၿပီး ႐ုပ္ေသေလးနဲ႕ ေျပာေနေပမယ့္ ေလာင္းရိပ္အျမင္မွာ အရမ္းခ်စ္ဖို႔ေကာင္းေနတဲ့ ေကာင္ေလးပါေလ ။ ေမာင့္ေခါင္းေလးကိုသာ အသာဖြလိုက္သည္။
"ဦးရိပ္ "
"ဗ်"
"ဦးရိပ္ေျပာဖူးတယ္ေလ ငိုလို႔လည္း.အဆင္ေျပတယ္ဆို "
ထိုစကားက ေမာင္ အရမ္း ေမးခ်င္တဲ့စကား ။ သူဝမ္းနည္းလို႔ ငိုခ်င္လာတဲ့ အခါတိုင္း.ဦးရိပ္ေျပာခဲ့တာကို ခဏခဏ ၾကားေယာင္ေနခဲ့တာ ။ ဒါေပမဲ့ ေမာင့္မ်က္ရည္က်ကိဳေတာ့ ဘယ္သူမွ မျမင္ဖူးၾကပါဘူး ။
ကြယ္ရာမွာပဲ ငိုမွာေပါ့ ။ အလိုလိုမွ အေျခာက္လို႔ အစခံေနရတဲ့ၾကားထဲ ငိုသာငိုလိုက္ရင္......။
အစမရွိ အဆုံးမရွိ လာေမးေသာ ေမာင္ေၾကာင့္ ေလာင္းရိပ္ စိတ္ထဲေတာ့ ပေဟဠိျဖစ္သြားပါသည္။
"အင္းေလ "
"ဒါဆို ဦးရိပ္က ငိုရတာႀကိဳက္လား "
"ကိုယ္ကေတာ့မႀကိဳက္ဘူး... ငိုတယ္ဆိုတာ အရႈံးေပးတာနဲ႕ အတူတူပဲေလ .."
"ဟုတ္"
စကားေတာင္ ဆုံးေအာင္ မေျပာလိုက္ရေသး လက္ထဲ ေခ်ာကလတ္ကေလး ကိုင္ကာ ေျပးထြက္သြားေသာ ေမာင့္ကို နားပင္မလည္နိုင္ေတာ့ေပ ။
"ဝမ္းနည္းလြန္းလို႔ ငိုတယ္ဆိုတယ္ တစ္မ်ိဳးေပါ့လို႔ ေျပာမလို႔ကို စကားဆုံးေအာင္ေတာင္ နားေထာင္မသြားဘူး.ဒီကေလးေလးကေတာ့ "
(ေမာင္ႏွမႏွစ္ေယာက္လုံး အတူတူပဲ😅)
.....
"ေမာင္နဲ႕ေမ ဘယ္လဲ "
"မုန့္ျပားသလပ္သြားလုပ္မလို႔ ကိုကို "
ႏြေရာသီ၏ ေန႕လယ္ေန႕ခင္း တိတ္ဆိတ္ေနတဲ့ အခ်ိန္။ အပူဒဏ္ေၾကာင့္ အိမ္ထဲမွ အိမ္ျပင္ေတာင္ သိပ္မထြက္ၾကေသး။
ပူလွပါသည့္ အခ်ိန္မွ ေမာင္နဲ႕ေမက ဦးထုပ္ေလးေတြ ေဆာင္းၿပီး ေလာင္းရိပ္တို႔ အိမ္ေရွ႕က ထြက္သြားတာ ျမင္လိုက္၍ ေလာင္းရိပ္ အိမ္ေရွ႕ထြက္ၿပီး ေမးလိုက္ျခင္းပင္။
"ေနပူႀကီးကို "
"ဒီ ခ်ိန္သြားမွ မေစာင့္ရမွာ ကိုကိုရဲ႕"
"ဘယ္သူက ဝယ္ခိုင္းတာလဲ ၊ ေမေမကလား "
"ဟုတ္ဘူး ေဘးအိမ္က ဆရာမ အန္တီႏြယ္နီက စားခ်င္လို႔ ေမတို႔ဖို႔ပါ ဝယ္ေကြၽးရင္း ေမတို႔ကိုပဲ ဝယ္ခိုင္းလိုက္တာ "
"ေနပူႀကီးကိုကြာ ေနေအးမွ ဝယ္လို႔ မရဘူးတဲ့လား "
"မရဘူး "
တခ်ိန္လုံးတိတ္ေနေသာ ေမာင့္ဆီမွ အသံခပ္ျပတ္ျပတ္ကေလးထြက္လာပါသည္။ မေက်မနပ္ျဖစ္ေနတဲ့ အသံေလးျဖစ္ေပမယ့္ခ်စ္စရာေကာင္းေနျပန္ပါသည္။
"ဒါဆို ကိုယ္ပါလိုက္ခဲ့မယ္ ၊ ခဏေစာင့္ ထီးယူလိုက္ဦးမယ္ "
"ဟုတ္ ကိုကို"
ေမာင္တို႔နားသို႔ ေရာက္ေတာ့
"ထီးက တစ္လက္ပဲေတြ႕တယ္ ၊ သုံးေယာက္လုံေအာင္ ဘယ္လိုေဆာင္းၾကရပါ့မလဲ "
"ဒါမ်ား လြယ္လြယ္ေလးပါကိုကိုရယ္ ၊ ကိုကိုက ေမာင့္ကို ခ်ီလိုက္ ေမက ေဘးကလိုက္မယ္ "
"မျဖစ္ဘူး ေမ့ကို ပဲ ခ်ီလိုက္ပါ ဦးရိပ္ ၊ ေမာင္က ဦးရိပ္တို႔ရဲ႕ အရိပ္ကို ကြယ္လိုက္ခဲ့မယ္ ၊ ဒါဆို ေမာင္လည္း ေနမပူေတာ့ဘူး "
ေလာင္းရိပ္ တစ္ခ်က္စဥ္းစားလိုက္သည္။ ေမက ေျခေထာက္ေကာင္းတာမဟုတ္ေတာ့ ေမာင္ေျပာသလိုက ပိုအဆင္ေျပလိမ့္မည္။ ေလာင္းရိပ္ ေခါင္းၿငိမ့္ျပလိုက္ၿပီး လက္တစ္ဖက္တည္းျဖင့္ ေမ့ကိုေပြ႕ခ်ီၿပီး တစ္ဖက္က ထီးကိုေဆာင္းထားသည္။ ေမာင္က ေနေရာင္မေရာက္သည့္ ေလာင္းရိပ္တို႔၏ အရိပ္အား ကြယ္၍လိုက္ခဲ့ေလသည္။
....
"ဦးရိပ္ေကာ မုန႔္ပ်ားသလက္ စားပါလား ေမာင့္အတြက္ ႏွစ္ခုထဲက တစ္ခုေပးမယ္ေလ "
မုန့္ပ်ားသလက္ဆိုတာက ေမာင္တို႔ၿမိဳ႕ရဲ႕ အဓိက အစားအစာထဲမွာလည္း ပါဝင္ပါတယ္ ။ ဆန္မႈန့္ကို မထူမျပစ္ အေျခအေနေလးမွာ ဇြန္းႀကီးႀကီးေလးနဲ႕ လိုသေလာက္ ခပ္ယူၿပီး မီးပူရေနတဲ့ ေျမအိုးျပားျပားေလးေပၚကို စက္ဝိုင္းပုံ ျပန့္ျပန့္ေလး ထည့္လိုက္ၿပီး အေပၚက စေတာ္ပဲျပဳတ္ကေလးျဖဴးလိုက္တာပါပဲ ။ (တခ်ိဳ႕ကေတာ့ ၾကက္သြန္ၿမိတ္၊ ငခ်ိတ္တို႔ ပါတတ္သည္။ )
ႏြေရာသီ ေန႕လယ္ခင္း တေရးတေမာအိပ္ကာ နိုးလာလွ်င္ အစာေျပစားတတ္ၾကသည္။
"ေမာင္က တစ္ခုထဲနဲ႕ ဝမွာလား "
"ဝပါတယ္ ၊ ညက်ရင္လည္း ထမင္းစားဦးမွာပဲေလ "
"ကိုယ္ကေတာ့ ေမာင့္ေဝစုထဲက တစ္ဝက္ကို တကယ္စားခ်င္တာ ၊ ေမာင္ေကြၽးတာဆိုေတာ့ေလ "
"စားပါ ၊ မုန့္ပ်ားသလက္က ေမာင့္ အႀကိဳက္ႀကီးထဲမွာ မပါပါဘူး "
"ကိုယ္ကေတာ့ ႀကိဳက္တယ္ ၊ ဒီေရာက္လာကတည္းက ဝယ္စားဖူးတာ ၊ တကယ္ေကာင္းတယ္ "
"မုန့္ပ်ားသလက္က ေမာင္တို႔ၿမိဳ႕ရဲ႕ ေဒသထြက္ စားဖြယ္ေတြထဲက တစ္ခုပဲေလ ၊က်န္တာေတြေကာ စားဖူးလား "
"ဟင့္အင္ ၊ ဘာေတြလဲ ကိုယ့္ကို ေျပာျပပါလား "
ေလာင္းရိပ္နဲ႕ ေမာင္က စကားေကာင္းေနသလို ေမနဲ႕ မုန့္ပ်ားသလက္ အေဒၚႀကီးနဲ႕ကလည္း စကားေကာင္းေနၾကပါသည္။ ဒီေန႕မွ လာဝယ္တဲ့သူေတြ အေတာ္မ်ားသည္။
"မုန့္ၾသဇာ ၊ ကေရကရာ ၊ ေကာက္ညွင္းငခ်ိတ္ေပါင္း နဲ႕ စေတာ္ပဲျပဳတ္ "
"ၿပီးေတာ့ေရာ ရွိေသးလား"
"အင္း...........၊ဝက္သည္းကန္အတြင္းမွာ ရွိတဲ့ ပဒုမၼာၾကာပန္းေတြက ရတဲ့ၾကာကြက္သီးေတြ၊ပိတ္စြယ္၊ၾကာစြယ္ ၿပီးေတာ့၊၀က္ေျမဥျပဳတ္"
"ဝက္သည္းကန္.. ဆိုတာက "
"ေမာင္တို႔ၿမိဳ႕ရဲ႕ အထင္ကရ ေနရာထဲက တစ္ခုေပါ့ ၊ အခု ေမာင္ေျပာျပတာေတြေကာ စားဖူးရဲ႕လား "
"မုန့္ပ်ားသလက္ရယ္ ေကာက္ညွင္းေပါင္းရယ္ စေတာ္ပဲျပဳတ္ရယ္ပဲ စားဖူးေသးတယ္ ၊ ေမာင္ေျပာတဲ့ ဝက္သည္းကန္ကိုေတာ့ မေရာက္ဖူးေသးဘူး ၊ ၿမိဳ႕ထဲေတာင္ စာအုပ္ဆိုင္ပဲ ေရာက္ဖူးေသးတာ "
"ေမာင္ႀကီးလာရင္ မုန့္ေတြလည္း လိုက္ဝယ္ေကြၽးမယ္ ၊ ဘုရားေတြလည္း လိုက္ပို႔ေပးမယ္ "
"ဟုတ္ပါၿပီကြာ ၊ ကိုယ္ ဝက္သည္းကန္အေၾကာင္း.သိခ်င္တယ္ ၊ အဲ့အေၾကာင္းကို ေမာင္သိသေလာက္ ရွင္းျပပါလား "
"စာထဲမွာ ဖတ္ဖူးတယ္ ၊ဝက္သည္းကန္က ေမာင္တို႔ ၿမိဳ႕ရဲ႕ အေနာက္ဘက္မွာကပ္ၿပီးေတာ့ ရွိတာ ၊ သကၠရာဇ္ ၁၁၉၄ ခုႏွစ္ ေကာဇာသကၠရာဇ္ ၅၅၆ ခုႏွစ္မွာ ပုဂံျပည့္ရွင္ နရပတိစည္သူမင္းႀကီးက ေမာင္တို႔ရဲ႕ ဒီၿမိဳ႕ေလးကို တိုင္းခန္းလွည့္လည္လာေရာ ၊ အဲ့ဒီမွာ မင္းႀကီး၏မိဖုရားငယ္ ရွင္ေစာဝက မင္းႀကီးထံကို ခြင့္ေတာင္းၿပီး တူးေဖာ္ေပးခဲ့တာေလ ။ အဲ့ဒီကန္ေတာ္ႀကီးကို လြတ္လပ္ေရးရၿပီး ၁၉၅၃ ခုႏွစ္မွ စလို႔ နိုင္ငံေတာ္အစိုးရက သားငွက္ေဘးမဲ့ႀကိဳးဝိုင္းအျဖစ္ သတ္မွတ္ထိန္းသိမ္းေစာင့္ေရွာက္ေပးခဲ့တာတဲ့ ၊ ကန္ရဲ႕ေရျပင္အက်ယ္က ၁.၇စတုရန္းမိုင္ခန႔္ရွိၿပီးေတာ့ ကန္ႀကီးအတြင္းမွာလည္း သမိုင္းဝင္ ေ႐ႊမု႒ောေစတီေတာ္ ရွိတယ္ "
"ဝိုးဝိုးဝိုး....ေမာင္က သိလွခ်ည္လား "
"ဦးရိပ္ကို လိုက္ပို႔တဲ့ အခါက်ရင္ ရွင္းျပနိုင္ေအာင္လို႔ ေမာင္ အလြတ္က်က္ထားတာ ၊ ဒါေပမယ့္ ဝက္သည္းကန္ အေၾကာင္းပဲ အလြတ္ရေသးတယ္ ၊ ဟီး "
အမ်ားႀကီးက်က္ထားေပမယ့္ တစ္ခုသာ မွတ္နိုင္ေသးေသာ မွတ္ဉာဏ္ကို အားနာေသာအားျဖင့္ ေမာင္ ရွက္ရယ္သာ ရယ္လိုက္ရပါသည္။
"ေမာင္ သိလား ၊ ေမာင္ ဒီေန႕ စကားေတြ အမ်ားႀကီး ေျပာတယ္ဆိုတာ "
"ေမာင္ ေျပာျဖစ္ပါတယ္ "
ဦးရိပ္က ဘာလို႔လဲမသိဘူး ။ ေမာင့္အတြက္ တကယ္ထူးျခားတာပါ ။ ဦးရိပ္နဲ႕ေတြ႕ရင္ စကားေတြ အမ်ားႀကီးေျပာခ်င္တယ္ ။ ဦးရိပ္က ေမ့ကို ပိုခ်စ္ေပမယ့္ေပါ့။
"ေမာင္.ကိုယ့္ကို စကားအမ်ားႀကီးမေျပာတာ ၾကာပါၿပီကြာ.၊ ေမာင္ေတာ့မသိဘူး ကိုယ္ကေတာ့ သတိထားမိတယ္ "
"ကိုကို ေမတို႔ သြားလို႔ရၿပီ "
စကားေပါ၍ ဝခဲ့ေသာ ေမကေတာ့ ျပန္ရန္ ဒုန္းစိုင္းပါေတာ့သည္။စကားေျပာဖို႔ အားထုတ္ရတာမ်ားေတာ့ ဗိုက္ကေလးက ဆာခ်င္ေနၿပီေလ ။
ေမ့လက္ထဲက မုန႔္ပ်ားသလက္ထုပ္ကေလးက ဝက္သည္းကန္ထဲမွ ရေသာ ၾကာ႐ြက္ျဖင့္ ထုပ္ထားတာျဖစ္ၿပီး ေလာင္းရိပ္ ဒီၿမိဳ႕ကို ေရာက္ဖူးၿပီးကတည္းက ဒီၿမိဳ႕ေလးမွာ ဘုရားပန္းမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ား၊ အသားငါးမ်ား၊ စားစရာ အစားအေသာက္မ်ား (အရည္မွလြဲ၍)ကို စကၠဴ ၊ ငွက္ေပ်ာဖတ္ ၊ ႂကြပ္ႂကြပ္အိတ္ျဖင့္ ထုပ္မည့္အစား ၾကာ႐ြက္ျဖင့္သာ ထုပ္ေပး ၊ေရာင္းခ်ၾကသည္ကို သတိထားမိခဲ့ပါသည္။
ၾကာ႐ြက္သာ အဓိကက်သည္ထင့္ ။
ႀကီးႀကီးကလည္း ေစ်းကျပန္လာလွ်င္ ျခင္းေတာင္းထဲ၌ ၾကာ႐ြက္မ်ားျဖင့္ ထုပ္ပိုးထားေသာ ဟင္းခ်က္စရာေတြေၾကာင့္ အစိမ္းေရာင္ကိုသာ အမ်ားဆုံးျမင္ရပါသည္။ က်န္းမာေရးနဲ႕ ညီၫြတ္ေတာ့ ေကာင္းတာေပါ့ေလ။
အျပန္မွာလည္း ေမ့ကို ေလာင္းရိပ္က ခ်ီေခၚခဲ့သလို ေမာင္ကလည္း.သူတို႔အရိပ္ကိုသာ ကြယ္လိုက္ခဲ့ပါသည္။
......>>>>>>>>
ေမာင္ေျပာျပတဲ့ ဝက္သည္းကန္နဲ႕ ေ႐ႊမုေဌာဘုရားပါ
အစိမ္းေရာင္ေတြက ၾကာ႐ြက္ေတြပါ ၾကာဖူးေတြလည္း ပြင့္တဲ့အခ်ိန္ဆို တအားလွပါတယ္