တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

177K 28.7K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၂၀)

2.2K 468 31
By zuriiiiii8

<နေမကောင်းတဲ့မ်ရွှမ့်ကိုဘယ်လိုဂရုစိုက်
ကြမလဲ?>

ချူလျန်ကကျန်းရှောင်ချင်းနှင့်ရှီပုဟွေ့တို့ကို
တောင်ပေါ်မှတောင်ခြေအထိပစ်ချလိုက်
သော်လည်းတောင်ခြေတွင်ဒူးထောက်နေသောတပည့်များကိုတော့ဘာမှမလုပ်ခဲ့ပေ။

မြောက်ပိုင်း'နင်'ပြည်ထောင်၏ထူးခြားဆန်း
ကြယ်သောဂိုဏ်းကြီး7ဂိုဏ်းမှတစ်ဂိုဏ်းဖြစ်သည့်အလျောက်ဤနှစ်များအတွင်းလက်ခံခဲ့သောတပည့်များကအယောက်1000မဟုတ်လျှင်တောင်အနည်းဆုံးရာဂဏန်းလောက်တော့ရှိသည်။တပည့်များအားလုံးရောက်မလာခဲ့လျှင်တောင်ဤနေရာတွင်နေရာအပြည့်ကျယ်ပြန့်သောလူစုလူဝေးကြီးအဖြစ်ရှိနေသေးသည်။ချူလျန်ကပြတင်းပေါက်ကိုသာပိတ်လိုက်နိုင်၏။ သူမမြင်ရဘူးဆိုရင် သူတို့တွေဒီမှာရှိမနေဘူးပဲ!

အချိန်ခဏယူပြီး နောက်ဆုံးတွင်တော့ဖြစ်ပျက်နေသောကိစ္စအလုံးစုံကိုအကြီးအကဲများ
နားလည်သွားကာတပည့်များကိုလူစုခွဲရန်အ
လျင်အမြန်ပြေးလာကြလေသည်။

ချူလျန်ကတောင်ထွတ်ပေါ်မှရပ်ကြည့်ရင်း
ချက်ချင်းပင်တင်းတိမ်ရောင့်ရဲစွာရယ်ချ
လိုက်၏။ထို့နောက်ဝမ်ရွှမ့်ဘက်သို့ပြန်ပြေး
သွားပြီး နောက်တစ်ဖန်ကျယ်လောင်စွာကျိန်
ဆဲလိုက်ပြန်သည်။

"မင်း ကောင်စုတ်လေး အဲ့ဒီတော့မင်းရဲ့အ
တောင်ပံတွေကအရမ်းကိုခိုင်မာနေပြီပေါ့?
ငါတို့တစ်ယောက်နဲ့တစ်ယောက်မတွေ့ကြ
တာဘယ်လောက်တောင်ကြာပြီလဲ ငါ့ကိုအ
တိုက်အခံလုပ်ဖို့အတွက်ဒီလောက်လူတွေအ
များကြီးကိုတောင်လှည့်ဖျားနိုင်နေပြီပဲ!"

ဤကျိန်ဆဲသံများအပေါ်တုံ့ပြန်မှုအနေနှင့်
မကြာမီနိုးထလာတော့မည့်အတိုင်းဝမ်ရွှမ့်လက်ချောင်းလေးများကခပ်ဖြည်းဖြည်းလှုပ်
ရှားသွားခဲ့သည်။

ချူလျန်ကချက်ချင်းသူ့ပါးစပ်ကိုပိတ်လိုက်
ပြီးအသက်ပင်ရဲရဲမရှုရဲတော့ဘဲဝမ်ရွှမ့်ကိုကြည့်လိုက်၏။

သို့သော် ဝမ်ရွှမ်ကသတိလစ်နေဆဲဖြစ်ပြီးနှစ်
ကြိမ်ခန့်သာညည်းညူလျက်ပိုသက်တောင့်သက်သာရှိသောအနေအထားသို့လှည့်သွား
သည်။

ချူလျန်၏နှုတ်ခမ်းများတွန့်ကွေးသွားပြီး
ဝတ်ရုံအနားစကိုခါ၍တိတ်ဆိတ်စွာပြော
လိုက်၏။

"ငါမင်းနဲ့စိတ်အနှောင့်အယှက်မဖြစ်ချင်တော့ဘူး"

ထို့နောက်ထွက်ခွာရန်ချက်ချင်းလှည့်လိုက်
လေသည်။

သို့သော် တံခါးသို့သူလမ်းလျှောက်လိုက်စဥ်
မှာပဲဝမ်ရွှမ်ကသူ့အနောက်မှနှစ်ကြိမ်ထပ်မံ
ညည်းညူလာခဲ့သည်။

"ရေဆာတယ်...."

ချူလျန်ကစိတ်ထဲ၌ကျိန်ဆဲလိုက်ရင်းလက်
တစ်ဖက်ကိုဆန့်တန်းလျက်ရေအိုးတစ်အိုးကို
ဆင့်ခေါ်လိုက်၏။ဝမ်ရွှမ့်နှုတ်ခမ်းပေါ်တင်
ပြီးလောင်းချလိုက်သည်နှင့်ချက်ချင်းရေသီး
သွားခဲ့ရသည်။နောက်ဆုံးတွင်ချူလျန်က
ဝမ်ရွှမ့်အသက်ရှုနှုန်းကိုတည်ငြိမ်အောင်စီမံ
နိုင်ခဲ့ပြီးရေအနည်းငယ်သောက်နိုင်ရန်ဂရုတ
စိုက်ကူညီခဲ့သည်။ထို့နောက်သက်ပြင်းချရင်း
တိုးညှင်းစွာပြောလိုက်၏။

"မမျှော်လင့်ထားတဲ့ပြသနာတွေကိုမင်းပိုပြီး
မဖန်တီးတော့ရင်ကောင်းမယ်"

သို့ပေသည့်ဤနိုးတစ်ဝက်၊သတိလစ်တစ်
ဝက်အနေအထားတွင်တောင်ဝမ်ရွှမ်ကခေါင်း
မာနေဆဲပင်။

ပထမတစ်မိနစ်မှာရေဆာတယ်လို့ညည်းညူ
ပြီး နောက်တစ်မိနစ်မှာတော့ဗိုက်ဆာတယ်၊
နာကျင်တယ်၊အေးတယ်၊ပူတယ်လို့အမျိုးစုံ
ညည်းနေတဲ့အပြင်အိပ်မက်ဆိုးတွေတောင်မက်နေသေးတယ်။

ချူလျန်ကိုရူးသွားလုမတတ်နှိပ်စက်နေခဲ့ပြီး
သူ့ရဲ့တပည့်ကဒီလောက်အထိဒုက္ခပေးနိုင်မှန်း ဒီအချိန်မှာသူပထမဆုံးသိလိုက်ရတယ်။
သူတကယ်ပဲအမြင်သစ်တစ်ခုလုံးကိုခံစားရ
ပြီးဝမ်ရွှမ့်ကိုတံခွန်တိမ်တိုက်ဂိုဏ်းစီပထမ
ဆုံးအကြိမ်ခေါ်လာတုန်းကတောင်ဝမ်ရွှမ်က
တစ်ခါမှဒုက္ခမပေးခဲ့ဘူးဆိုတာကျိန်ပြောရဲ
တယ်။အဲ့ဒီအချိန်တုန်းကဝမ်ရွှမ်ဟာအသက်
နှစ်နှစ်ပဲရှိသေးတာတောင်မှပေါ့။

နှစ်နှစ်သားအရွယ်ဝမ်ရွှမ်ကသွားလေးတွေ
တောင်မပေါက်သေးဘူး။သေးငယ်ပြီးနူးညံ့
တဲ့ဘောလုံးနုနုလေးအရွယ်ပဲရှိသေးပေမယ့်
အလွန်ကောင်းမွန်စွာပြုမူခဲ့တယ်။သူစားဖို့
ပေးသမျှဘာကိုမဆိုအကုန်စားတယ်။သူ့ကို
ပြောထားတဲ့အတိုင်းအိပ်တယ်။မလှုပ်နဲ့လို့
ပြောရင်လည်းမလှုပ်ခဲ့ဘူး။အခုတော့အချိန်
တွေလည်းပြောင်းလဲလာခဲ့ပြီ။အဲ့ဒီအချိန်တုန်းကဝမ်ရွှမ့်ရဲ့စိတ်အေးချမ်းမှုလေးကဘယ်လောက်အထိရင်ထဲထိခဲ့ရသလဲဆိုတာ
ချူလျန်သဘောပေါက်ခဲ့တယ်။

ဝမ်ရွှမ့်ရဲ့အခုအခြေအနေကတော့......

ချူလျန်ကနောက်ဆုံးတွင်ဝမ်ရွှမ့်တောင်းဆို
ချက်များကိုဖြေရှင်းနိုင်ခဲ့သော်လည်းခေတ္တမျှ
ပင်မကြာလိုက်ဘဲဝမ်ရွှမ်ကထိုအရာအားလုံး
ကိုတွန်းလှန်ပစ်ကာနောက်တစ်ဖန်မရပ်မနား
လူးလှိမ့်နေပြန်သည်။

"မင်းအခုရောဘာလိုချင်လို့လဲ?"

ချူလျန်ကဒေါသတကြီးအော်မေးလိုက်၏။
တုံ့ပြန်မှုအနေနှင့်ဝမ်ရွှမ်ကညည်းညူရင်းပြန်
ဖြေလာခဲ့သည်။

"ဆရာတူညီလေးကျန်း..."

ဆရာတူညီလေးကျန်း? ချူလျန်ခဏမျှအံ့သြ
သွားခဲ့ရသည်။ဝမ်ရွှမ့်ဘေးတွင်ရပ်နေသော
အတင့်ရဲသည့်ကောင်လေးကိုချူလျန်မှတ်မိသွားပြီးအေးစက်စွာပြန်ဖြေလိုက်၏။

"ဒီမှာဘာဆရာတူညီလေးကျန်းမှမရှိဘူး အဲ့ဒီ
တော့ဒီထက်ပိုပြီးအနားယူလိုက်တာပိုကောင်း
မယ်"

"ဆရာတူညီလေးကျန်း...."

ဝမ်ရွှမ်ကမရပ်မနားလူးလှိမ့်လာပြန်၏။

"ကျွန်တော့်ရဲ့ဆရာတူညီလေးကျန်းကိုလိုချင်
တယ်......"

ကောင်းပြီ ကောင်းပြီ ကောင်းပြီ မင်းနိုင်တယ်!

အသက်နှစ်နှစ်အရွယ်တုန်းကတောင်ဘာကိုမှ
ဝုန်းဒိုင်းကြဲမတောင်းဆိုခဲ့တဲ့ကောင်လေးက
အခုတော့ဘယ်လိုဝုန်းဒိုင်းကြဲပစ်ရမလဲဆို
တာကိုတောင်သင်ခဲ့ပြီးပြီပေါ့!

ချူလျန်ဒေါသတကြီးမတ်တပ်ရပ်ပြီးမကျေ
မနပ်ဖြင့်စားပွဲကိုရိုက်ကာတိုင်ယွင်တောင်
ထွတ်မှပျံသန်းလိုက်လေသည်။သူတို့ရှိခဲ့သောသစ်တောတစ်ဝိုက်လှည့်ပတ်ခဲ့သော်
လည်းမည်သူတစ်ဦးတစ်ယောက်ကိုမျှမတွေ့
ခဲ့ရပေ။

ထို့နောက် ကျီဇီအန်းကိုရှာရန်ပျံသန်းလိုက်
သည်။

ထိုအခိုက်အတန့်၌ ကျီဇီအန်းကဒေါသမပြေ
သေးဘဲလက်ရှိတွင်သူ့တပည့်များကိုလက်
ညှိုးထိုးလျက်ဟောပြောနေလေသည်။

"မင်းတို့ကိုဘယ်သူကတိုင်ယွင်တောင်ထွတ်ကိုသွားခွင့်ပေးလိုက်တာလဲ?မင်းတို့တွေကသူ
တို့ရဲ့ပြသနာကိုဘာ​များဝင်စွက်ဖက်ချင်နေ
တာလဲ?ဆရာတူအစ်ကိုချူကတစ်ယောက်
ယောက်အပေါ်သူ့ရဲ့ဒေါသကိုပုံချလိုက်ရင်..."

အနှီဟောပြောချက်သည်တစ်ဝက်တစ်ပျက်
ဖြင့်သာရပ်တန့်သွားရ၏။ချူလျန်လာရှာနေ
သည်ဟုကြားလိုက်ရသည်နှင့်ချက်ချင်းတုန်
လှုပ်သွားပြီးတစ်ကိုယ်လုံးချွေးစေးပျံသွားရ
တော့သည်။အပြင်ဘက်သို့ထွက်ရင်းအလျင်
စလိုနှုတ်ဆက်လိုက်၏။

"ဆရာတူအစ်ကို မင်းဘာဖြစ်လို့...."

"ဟိုအတင့်ရဲတဲ့ခွေးကောင်လေးဘယ်ရောက်
သွားလဲ?ကျန်းဆိုတဲ့တစ်ယောက်"

ချူလျန်ကအချိန်မဖြုန်းပဲတည့်တိုးမေးလိုက်
၏။

"ကျန်းဆိုတဲ့တစ်ယောက်?"

ထိုစကားကိုကြားလိုက်ရသောအခါကျီဇီအန်း
တစ်ယောက်တွန့်ဆုတ်သွားခဲ့ရသည်။သူ့အမူ
အယာလည်းတဖြည်းဖြည်းပြောင်းလဲလာခဲ့
သည်။

"အဲ့ဒီလိုရိုသေကိုင်းရှိုင်းမှုမရှိတဲ့ကောင်လေး
ကိုဆရာတူအစ်ကိုစိတ်ဝင်စားနေစရာမလိုပါဘူး"

ချူလျန်ကစိတ်မရှည်စွာမျက်မှောင်ကြုံ့လိုက်ပြီး

"သူဘယ်မှာလဲ?"

".....ရေခဲလေပြည်လှိုဏ်ဂူထဲမှာ"

နောက်ဆုံးတွင်တော့ကျီဇီအန်းကပြန်ဖြေလာ
ခဲ့သည်။

ရေခဲလေပြည်လှိုဏ်ဂူ?မျက်မှောင်ကြုံထား
သောချူလျန်၏မျက်ခုံးများပင့်သက်သွားခဲ့
ရသည်။

ကျီဇီအန်းကချူလျန်၏အမူအယာကိုဂရုတ
စိုက်ကြည့်ပြီးရှင်းပြရန်သတ္တိစုစည်းလျက်

"အဲ့ဒီကောင်လေးရဲ့အပြုအမူကအရမ်းကိုရဲ
တင်းလွန်းတယ် သေဒဏ်ပေးဖို့မလိုအပ်ရင်
တောင်အပြစ်ပေးဖို့တော့လိုတယ် ထပ်ပြော
ရရင်တော့သူ့ရဲ့သွေးထိုးစကားတွေကြောင့်
သာမဟုတ်ရင်တူလေးက...."

ချူလျန်ကကျီဇီအန်းထံမှဘာကိုမျှထပ်နား
ထောင်ရန်မလိုတော့ဘဲတစ်ဖက်လူကိုအလေး
အနက်စိုက်ကြည့်ပြီးဝတ်ရုံစကိုခါလျက်ပျံ
သန်းသွားလေတော့သည်။

ရေခဲလေပြည်လှိုဏ်ဂူကတံခွန်တိမ်တိုက်ဂိုဏ်း၏အနောက်မြောက်ဘက်တွင်တည်ရှိ
သည်။ထိုလှိုဏ်ဂူအတွင်းရှိဝိဥာဥ်စွမ်းအင်က
ပါးလွှာခြင်းမရှိဘဲနှစ်စဥ်နှစ်တိုင်းအရိုးကွဲလု
မတတ်အေးစက်နေသောလေညှင်းများက
တိုက်ခတ်လျက်ရှိသည်။ရေခဲပန်းဆွဲများမှ
စီးကျနေသောရေများလည်းလှိုဏ်ဂူထဲတွင်
ရွှဲရွှဲစိုနေခဲ့သည်။

ဤနေရာသည်ညှဥ်းပန်းနှိပ်စက်ရန်သင့်တော်
သောနေရာဖြစ်သော်လည်းပုံမှန်အားဖြင့်အ
ခြေခံတည်ထောင်ခြင်းအဆင့်(သို့)ထိုအဆင့်ထက်ပိုမြင့်သောတပည့်များက၎င်းတို့၏စွမ်း
အားကိုမြင့်တင်ဖို့အတွက်လေ့ကျင့်ခွင့်ရရန်
ဆန္ဒအလျောက်တောင်းဆိုတတ်ကြသည်။သို့ပေသည့်ချီသန့်စင်ခြင်းအဆင့်သာရှိသောတပည့်တစ်ဦးကိုထိုလှိုဏ်ဂူထဲသို့ပစ်ထည့်ထားခြင်းကအသက်ကိုနှုတ်ယူရန်တမင်တကာကြိုးစားခြင်းပေတည်း။

ရေခဲလေပြည်လှိုဏ်ဂူသို့ချူလျန်ရောက်ရှိ
ချိန်တွင်တော့ကျန်းရီကထိုလှိုဏ်ဂူထဲ၌နေ့တစ်ဝက်ကြာအောင်ပိတ်လှောင်ခံထားရ၏။

ဤကောင်လေး၌နောက်ဆုံးအသက်တစ်မျှင်
ကျန်​နေလျှင်တောင်အလွန်အထင်ကြီးစရာ
ကောင်းလောက်မည်ဟုချူလျန်မူလကတွေး
ခဲ့သော်လည်းသူမြင်လိုက်ရသောမြင်ကွင်းက
အံ့အားသင့်သွားစေခဲ့သည်။

ကျန်းရီကလှိုဏ်ဂူအလယ်၌ကြာပန်းအနေအ
ထားဖြင့်ထိုင်နေပြီးမျက်လုံးများကိုမှိတ်ထား
ကာဒူးနှစ်ဖက်ပေါ်လက်တင်လျက်ပုံမှန်အ
တိုင်းငြိမ်သက်နေခဲ့သည်။တရားထိုင်ရင်းချီ
လှည့်ပတ်နေစဥ်မှာပင်မှော်လက်နက်ဖြစ်
သောကျောက်စိမ်းတုံးအဆောင်တစ်ခုကိုညာလက်ဖြင့်ဖိထားလျက်ရှိသည်။

အရိုးကွဲလုမတတ်အေးစက်နေသောလေညှင်း
ကသူ့နံဘေးတွင်တိုက်ခတ်နေပြီးတစ်ချိန်တည်းမှာပင်ဝိဥာဥ်ကြောငါးခုလည်းနံဘေး၌
လည်ပတ်နေကာပတ်ဝန်းကျင်မှစွမ်းအားများကိုစုပ်ယူ၍ဝိဥာဥ်ရေးရာစွမ်းအင်ကလှည့်ပတ်ဝန်းရံနေခဲ့သည်။ထိုကဲ့သို့ချီလည်ပတ်ခြင်းကျင့်စဥ်ကိုတံခွန်တိမ်တိုက်ဂိုဏ်း၌တစ်
ခါမှမမြင်ဖူးခဲ့ပေ။

မည်သည့်နေရာမှသင်ယူခဲ့သည်ကိုလည်းမသိနိုင်ဘဲကျန်းရီကအလယ်တွင်သာငြိမ်သက်စွာထိုင်လျက်ခန္ဓာကိုယ်ထဲသို့ဝင်ခွင့်မပေးမှီအေးစက်နေသောလေထုကိုလှည့်ပတ်ဝန်းရံနေသောဝိဥာဥ်စွမ်းအားဖြင့်ထိတွေ့စေခဲ့သည်။ဤနည်းစနစ်၏အကျိုးသက်ရောက်မှုကဝိဥာဥ်ကြောသန့်စင်သည့်သာမာန်တပည့်များထက်ပင်ပိုကောင်းနေသေးသည်။

ချူလျန်ကခဏမျှတိတ်ဆိတ်စွာစောင့်ကြည့်
ပြီးနောက်အချိန်ထပ်မဆွဲတော့ဘဲခြေကို
မြှောက်ပြီးအနီးအနားရှိကျောက်တုံးကိုကန်
လိုက်၏။

တစ်စုံတစ်ယောက်ရောက်လာမှန်း နောက်ဆုံး
တွင်ကျန်းရီသတိထားမိသွားပြီးကျောက်စိမ်း
အဆောင်ကိုဖုံးကွယ်ရန်ညာလက်ကိုအလျင်
စလိုပြန်ဆုတ်လိုက်လေသည်။ထို့နောက်မျက်
လုံးဖွင့်ကြည့်လိုက်ပြီးချူလျန်ကိုမြင်သည်နှင့်
ချက်ချင်းဆိုသလိုယဥ်ယဥ်ကျေးကျေးပြုံး
ပြလိုက်၏။

"သူတော်စဥ်သခင်ကဘာဖြစ်လို့ဒီကိုရောက်
နေတာလဲ?ကျွန်တော့်ကိုလာရှာတာလား"

"မင်းကိုရှာနေတာငါ့တပည့်ပဲ"

ကျန်းရီခဏမျှအံ့အားသင့်သွားရသည်။သူ့
မျက်နှာပေါ်၌အံ့သြမှုနှင့်ပျော်ရွှင်သောအမူ
အယာများလျင်မြန်စွာပေါ်လာပြီးနောက် စိုး
ရိမ်သောအရိပ်အယောင်များလည်းပေါ်လာ
ခဲ့သည်။

"ဆရာတူအစ်ကိုဝမ်အခုအဆင်ပြေရဲ့လား?"

ချူလျန်ကပြန်ဖြေရန်စိတ်မဝင်စားခဲ့ပေ။ဝတ်
ရုံလက်အနားစကိုဝေ့ယမ်းပြီးကျန်းရီကိုဆွဲ
ခေါ်ကာထွက်ခွာလာခဲ့သည်။

တိုင်ယွင်တောင်ထွတ်ရှိကျောက်ဂူသို့ရောက်
လာချိန်တွင်ချူလျန်ကကျန်းရီကိုပစ်ချလိုက်
၏။ကျန်းရီကအိပ်ယာပေါ်တွင်သတိလစ်နေသောဝမ်ရွှမ့်ကိုချက်ချင်းမြင်ပြီးထိုနေရာသို့
ပြေးသွားခဲ့သည်။

မူလကလူးလှိမ့်နေသောဝမ်ရွှမ်သည်သူ့လက်
နှစ်ဖက်ကိုကျန်းရီဆုပ်ကိုင်လိုက်သည့်အချိန်
၌ချက်ချင်းငြိမ်ကျသွားခဲ့သည်။

"ဆရာတူညီလေးကျန်း..."

ဝမ်ရွှမ်ကမသဲမကွဲရေရွတ်လာခဲ့သည်။

"ဟုတ်တယ်ဆရာတူအစ်ကို ကျွန်တော်ပါ!"

ကျန်းရီအလျင်စလိုပြန်ဖြေပေးလိုက်၏။

"အရမ်းအေးတယ်..."

ဝမ်ရွှမ်ကနောက်ထပ်စကားအနည်းငယ်သာရေရွတ်ခဲ့ပြီးခေါင်းကိုလှည့်ကာခေါင်းအုံးထဲသို့မျက်နှာအပ်ရင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်
ပျော်သွားခဲ့သည်။

ပထမတော့ကျန်းရီအနည်းငယ်အံ့သြသွားရ
သည်။ထို့နောက်ခါးသက်သက်ပြုံးလိုက်၏။

သူကအခုမှရေခဲလေပြည်လှိုဏ်ဂူထဲကထွက်
လာတာပဲ ဘယ်လိုလုပ်မအေးဘဲနေပါ့မလဲ?
အဲ့ဒီအချိန်မှာကျင့်ကြံဖို့အတွက်အစီအစဥ်ရှိ
ခဲ့ရင်တောင်မနားတမ်းတိုက်ခတ်နေတဲ့လေ
အေးတွေကိုလုံးဝတွန်းလှန်ပစ်ဖို့မဖြစ်နိုင်ဘူး။
အခုချိန်ထိသူ့ရဲ့အရိုးများအတွင်းနက်ရှိုင်းစွာ
စိမ့်ဝင်နေဆဲဖြစ်ပြီးတစ်စက္ကန့်လောက်လေး
သတိမမူရင်တောင်သူ့ရဲ့အရိုးတွေကကိုက်ခဲလာနိုင်တယ်။

ဝမ်ရွှမ့်လက်ကိုသူယခုဆုပ်ကိုင်ထားသော်
လည်းတစ်ဖက်လူထံမှအလွန်ပူပြင်းသောအ
ပူရှိန်ကိုခံစားမိ​နေဆဲပင်။

.........နေပါအုံး မဟုတ်သေးဘူး!

ကျန်းရီကဝမ်ရွှမ့်လက်ကိုအမြန်လွှတ်လိုက်ပြီးမီးလျှံငယ်တစ်ခုကိုဘေးဘက်သို့ပင့်တင်
လိုက်၏။ထို့နောက်သူ့လက်နှစ်ဖက်လုံးကို
နွေးထွေးအောင်ပြုလုပ်ခဲ့ပြီးဝမ်ရွှမ့်နှဖူးကို
စမ်းလိုက်လေသည်။

ကိုယ်တွေအရမ်းပူနေတာပဲ!

ဝမ်ရွှမ်ကအိပ်ပျော်နေပေမယ့်လူးလှိမ့်နေသေးတာကိုအံ့သြစရာတောင်မလိုတော့ဘူး။အခုချိန်မှာဝမ်ရွှမ်ကသေမျိုးတစ်ယောက်အဖျားရှိနေသလိုမျိုးအဲ့ဒီညှဥ်းပန်းနှိပ်စက်မှုကြောင့်ကိုယ်အရမ်းပူနေခဲ့တယ်။ကျန်းရီအ
နီးကပ်စိုက်ကြည့်မိရာဝမ်ရွှမ့်ကိုယ်၌ချွေးစို့နေပြီးစောင်လည်းစိုနေသည်ကိုသတိထားမိလိုက်၏။

ချူလျန်ကလွန်ခဲ့သောအချိန်အနည်းငယ်အ
တွင်းကထွက်သွားခဲ့သည်။သူ့တပည့်ကိုကျန်းရီ၏ဂရုစိုက်မှုအောက်တွင်လွှဲပြောင်းပေးခဲ့ပြီး
ဘာစကားတစ်ခွန်းမှမပြောသလို မေးလည်း
မမေးခဲ့ပေ။

ကျန်းရီကမျက်နှာသုတ်ပဝါနှင့်ရေနွေးကိုသာ
ရှာနိုင်ခဲ့ပြီးဝမ်ရွှမ့်ကိုယ်ကိုအနည်းငယ်သုတ်
ပေးချင်မိသည်။

အခြားတစ်ဖက်သို့စောင်းပေးရန်ဝမ်ရွှမ့်ကျော
အောက်လက်တစ်ဖက်လျှိုထည့်မိရာနူးညံ့
ချောမွတ်သောအသားအ​ရေနှင့်မမျှော်လင့်ဘဲချက်ချင်းထိတွေ့သွားခဲ့သည်။ကျန်းရီကမယုံ
နိုင်စွာစောင်လှန်ကြည့်မိသည့်အချိန်တွင်တော့ဝမ်ရွှမ့်အကျီ၌ကြီးမားသောအကျီပြဲရာ
ကိုတွေ့ခဲ့ပြီးတစ်ဖက်လူ၏ကျောပြင်ကလုံး
လုံးလျားလျားပေါ်နေခဲ့သည်။

........ဟုတ်ပြီ။ချူလျန်ကတကယ်ပဲအခြားလူ
တစ်ယောက်ကိုဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့
အခြေခံအချက်တွေမှာလစ်ဟာနေတယ်။
ဝမ်ရွှမ့်ကိုဒီနေရာမှာတစ်ချိန်လုံးထားခဲ့တာ
တောင်အကျီမလဲပေးထားဘူး။ဝိဥာဥ်ကြာပွတ်ကြောင့်ပျက်စီးခဲ့တဲ့အကျီကိုပဲဝမ်ရွှမ်က
အခုထိဝတ်ထားဆဲ။

ဝမ်ရွှမ့်ကိုဂရုတစိုက်စောင်ပြန်ခြုံပေးခဲ့ပြီး
ကျန်းရီ၏အမူအယာလည်းနူးညံ့စွာပြောင်း
လဲသွားခဲ့ရသည်။အခြားရွေးချယ်စရာမရှိ
တော့ဘဲဝမ်ရွှမ်ဝတ်ဖို့အဝတ်အစားအသစ်
ရှာရန်သာရှိတော့သည်။

နောက်ဆုံးတွင် အဝတ်အစားအသစ်များရှာ
တွေ့ပြီးသူပြန်ရောက်လာချိန်၌အိပ်မက်ဆိုး
များမက်နေသကဲ့သို့ကြောက်ရွံ့ထိတ်လန့်နေ
သောဝမ်ရွှမ့်မျက်နှာကိုတွေ့လိုက်ရ၏။အဖျား
တက်နေခြင်းကြောင့်ဝမ်ရွှမ့်မျက်နှာတစ်ပြင်
လုံးနီမြန်းနေရာမှလည်ပင်းအထိပင်ရောက်
လာကာခန္ဓာကိုယ်တစ်ခုလုံးကိုစားချင့်စဖွယ်
အလွန်နှစ်သက်စရာကောင်းသောအရောင်မျိုးဖြစ်စေခဲ့သည်။

ကျန်းရီကအဝတ်အစားအသစ်များကိုဘေး
ဘက်သို့ချလိုက်ပြီးတွန့်ကွေးနေသောဝမ်ရွှမ့်
မျက်ခုံးများကိုဖြေလျော့လိုက်၏။သွေးရောင်
လွှမ်းနေသောဝမ်ရွှမ့်မျက်နှာပေါ်သို့အကြည့်
ရောက်သွားသည်နှင့်မနေနိုင်တော့ဘဲတံတွေး
မြိုချလိုက်လေသည်။

ဘယ်လိုပဲဖြစ်ဖြစ်လုပ်ဖို့လိုအပ်တဲ့အရာတွေကအခုထိလုပ်ဖို့လိုနေသေးတယ်....

ဝိဥာဥ်ကြာပွတ်ကြောင့်စုတ်ပြဲနေသည့်ဝမ်ရွှမ့်
အဝတ်အစားများကိုချွတ်လိုက်ပြီးသူ့လက်
မောင်းဖြင့်ဝမ်ရွှမ့်ကိုပွေ့ရင်းရေနွေးစိမ်ထား
သောပုဝါခပ်နွေးနွေးဖြင့်တစ်ကိုယ်လုံးမှ
ချွေးများကိုသုတ်ပေးလိုက်၏။

ဝမ်ရွှမ့်ကိုယ်ပေါ်မှချွေးများကိုသုတ်ပေးရင်း
အသက်ပြင်းပြင်းပင့်သက်ရှိုက်ကာ သူ့ကိုယ်တွင်း၌မီးတစ်စလောင်ကျွမ်းနေသကဲ့သို့မခံ
မရပ်နိုင်အောင်ပူပြင်းမှုကိုခံစားလိုက်ရလေ
သည်။

ဤအခိုက်အတန့်၌ချူလျန်ကနောက်တစ်
ကြိမ်ပြန်ရောက်လာခဲ့သည်။

အမည်မသိခံစားချက်များကြောင့်ကျန်းရီ
ထိတ်လန့်သွားပြီးဝမ်ရွှမ့်ကိုစောင်ဖြင့်ပြန်ဖုံး
ပေးလိုက်၏။သို့သော်...ဝမ်ရွှမ့်ကိုသူ့ရင်ခွင်မှ
ဖယ်ရန်တော့မေ့သွားခဲ့သည်။

သူတို့နှစ်ယောက်ကိုမြင်သည်နှင့်ချူလျန်၏
ခြေလှမ်းများချက်ချင်းရပ်တန့်သွားရသည်။

"ဆရာတူအစ်ကိုကကိုယ်တွေပူနေတယ် အဲ့
တာကြောင့်ကျွန်တော် သူ့ကိုချွေးသုတ်ပေးနေတာ"

"အိုး.."

ချူလျန်ကအလွန်အကျွံမတွေးဘဲခေါင်း
ညိတ်ပြလာပြီးစကားတစ်ခွန်းသာပြောခဲ့၏။

"သူနိုးလာတဲ့အခါငါ့ကိုလာတွေ့ဖို့ပြောပေး"

ထို့နောက် ချူလျန်ကထွက်သွားခဲ့သည်။လုံးဝစိတ်မဝင်စားသလိုမျိုးမယုံနိုင်စရာကောင်း
လောက်အောင်ဒီအတိုင်းထွက်သွားခဲ့တယ်!

ထွက်သွားတာလည်းကောင်းတဲ့ကိစ္စတစ်ခုပဲ။
အခုချိန်မှာကျန်းရီကအခြားတစ်ယောက်နဲ့ရန်
ဖြစ်နေဖို့အချိန်မရှိဘူး။

ကျန်းရီကသက်ပြင်းရှိုက်လိုက်ပြီးသူလုပ်စ
ရာရှိသောကိစ္စများကိုသာဆက်လုပ်လိုက်၏။
"ဒါကိုသည်းခံရမယ် ဒါကိုနည်းနည်းလောက်
ပိုပြီးသည်းခံရမယ်!" ဟူ၍သာသူ့ကိုယ်သူတွေးနေခဲ့သည်။ဝမ်ရွှမ့်ကိုသန့်စင်သွားအောင်
သုတ်ပေးပြီးနောက် အကျီလဲရန်အချိန်သို့ရောက်လာခဲ့သည်။သို့သော်လည်း နဂိုနည်းအတိုင်းအကြိမ်ကြိမ်ပြန်သုတ်မိနေပြီးသူ့ရင်ခွင်ထဲမှတစ်စုံတစ်ယောက်၏နူးညံ့သော
ညည်းညူသံများကိုနားထောင်ရင်းကျန်းရီ
သည်သူ့အသက်ရှုသံများဖြည်းဖြည်းပို၍
ဖရိုဖရဲဗြောင်းဆန်လာသည်ကိုခံစားမိလိုက်လေသည်။

သူတို့ရှေ့၌မှန်တစ်ချပ်သာရှိနေမည်ဆိုလျှင်
ကျန်းရီ၏ပါးပြင်ကဝမ်ရွှမ့်ထက်ပင်ပိုနီမြန်း
နေသည်ကိုတွေ့ရပေလိမ့်မည်။

ကျန်းရီကရှက်လွယ်တယ်လို့ဝမ်ရွှမ်ကအမြဲ
လိုလိုပြောခဲ့ပေမယ့်သူ့ပါးပြ​င်တွေနီမြန်းနေ
တဲ့အချိန်မှာသူ့ခေါင်းထဲဘယ်လိုကိစ္စမျိုးတွေ
တွေးနေသလဲဆိုတာကိုတော့တစ်ဖက်လူကဘယ်တော့မှသိမှာမဟုတ်ဘူး။

ထို့အပြင်ဝမ်ရွှမ်ကအဖျားတက်နေခြင်းကြော
င့်အမှန်တကယ်ပင်သက်တောင့်သက်သာမရှိ
ဘဲကျန်းရီ၏ခန္ဓာကိုယ်မှအအေးဓာတ်ကိုလို
လားတောင့်တနေခဲ့သည်။ထို့အတွက်ကျန်းရီ
အားအဆက်မပြတ်ပွတ်သပ်နေခဲ့ပြီးထိုပွတ်
သပ်မှုကကျန်းရီအတွက်တော့လုံးဝညှဥ်းပန်း
နှိပ်စက်နေမှုတစ်မျိုးပင်ဖြစ်ချေတော့သည်။

"ဆရာတူအစ်ကို......"

ကျန်းရီကသူ့နှလုံးသားအတွင်းမှတုန်ယင်မှုကိုထိန်းချုပ်ရန်အသက်ပြင်းပြင်းရှုလိုက်ပြီး

"ဆရာတူအစ်ကို.........."

ယခုအချိန်ထိဝမ်ရွှမ့်အားသူ့လက်နှစ်ဖက်ဖြင့်ပွေ့ဖက်ထားဆဲပင်။

ဝမ်ရွှမ့်အကြောင်းသူစဥ်းစားမိတာဘယ်လော
က်တောင်ကြာခဲ့ပြီလဲ?သူကိုယ်တိုင်တောင်ဒီ
ထပ်ပိုပြီးမမှတ်မိတော့ဘူး။

သွေးရောင်လွှမ်းလျက်နီမြန်းနေသောမျက်နှာ
လေးကိုစိတ်အားထက်သန်စွာပို၍ဂရုတစိုက်
ကြည့်ပြီးနှာထိပ်ဖျားလေးဖြင့်ဝမ်ရွှမ့်မျက်နှာ
ကိုပွတ်သပ်ရင်းသန့်စင်ကြည်လင်နေသော
ဝမ်ရွှမ့်ကိုယ်သင်းရနံ့ကိုလောဘကြီးစွာနမ်းရှိုက်လိုက်၏။ဝမ်ရွှမ့်နှုတ်ခမ်းများမှညည်း
ညူသံများကကျန်းရီကိုပို၍ပင်စိတ်လှုပ်ရှားစေခဲ့သည်။သို့ဖြစ်ရာ ကျန်းရီကသူ၏လျှာကိုဆန့်ထုတ်ခဲ့ပြီးနူးညံသောနှုတ်ခမ်းများကိုလျှာဖျားဖြင့်ထိတွေ့ကာအရသာခံလိုက်လေသည်။

နူးညံ့သောနှုတ်ခမ်းများကိုအရသာခံရန်သာသူလုပ်ရဲခဲ့ပြီးအလျင်စလိုနောက်ပြန်ဆုတ်လိုက်၏။

သို့သော် ကျန်းရီကိုယ်ကိုပြန်မတ်လိုက်သည့်
အချိန်ခဏလေးအတွင်းမှာပင်ဝမ်ရွှမ့်မျက်
တောင်များကရုတ်တရက်လှုပ်လာခဲ့သည်။
ထို့နောက် သူ့မျက်လုံးကိုဖွင့်ပြီးကျန်းရီကို
တည့်တည့်စူးစိုက်ကြည့်နေလေတော့သည်။

--------------------------------------------------------------

T/N:CH-20 is one of my fav chapter in
this novel. 哈哈哈 😳

.................................................................

<မူးေဝေနတဲ့ဝမ္႐ႊမ့္ကိုဘယ္လိုဂ႐ုစိုက္ၾက
မလဲ? >

ခ်ဴလ်န္ကက်န္းေရွာင္ခ်င္းႏွင့္ရွီပုေဟြ႕တို႔ကို
ေတာင္ေပၚမွေတာင္ေျခအထိပစ္ခ်လိဳက္
ေသာ္လည္းေတာင္ေျခတြင္ဒူးေထာက္ေနေသာတပည့္မ်ားကိုေတာ့ဘာမွမလုပ္ခဲ့ေပ။

ေျမာက္ပိုင္း'နင္'ျပည္ေထာင္၏ထူးျခားဆန္း
ၾကယ္ေသာဂိုဏ္းႀကီး7ဂိုဏ္းမွတစ္ဂိုဏ္းျဖစ္သည့္အေလ်ာက္ဤႏွစ္မ်ားအတြင္းလက္ခံခဲ့ေသာတပည့္မ်ားကအေယာက္1000မဟုတ္လွ်င္ေတာင္အနည္းဆုံးရာဂဏန္းေလာက္ေတာ့ရွိသည္။တပည့္မ်ားအားလုံးေရာက္မလာခဲ့လွ်င္ေတာင္ဤေနရာတြင္ေနရာအျပည့္က်ယ္ျပန့္ေသာလူစုလူေဝးႀကီးအျဖစ္ရွိေနေသးသည္။ခ်ဴလ်န္ကျပတင္းေပါက္ကိုသာပိတ္လိုက္နိုင္၏။ သူမျမင္ရဘူးဆိုရင္ သူတို႔ေတြဒီမွာရွိမေနဘူးပဲ!

အခ်ိန္ခဏယူၿပီး ေနာက္ဆုံးတြင္ေတာ့ျဖစ္ပ်က္ေနေသာကိစၥအလုံးစုံကိုအႀကီးအကဲမ်ား
နားလည္သြားကာတပည့္မ်ားကိုလူစုခြဲရန္အ
လ်င္အျမန္ေျပးလာၾကေလသည္။

ခ်ဴလ်န္ကေတာင္ထြတ္ေပၚမွရပ္ၾကည့္ရင္း
ခ်က္ခ်င္းပင္တင္းတိမ္ေရာင့္ရဲစြာရယ္ခ်
လိုက္၏။ထို႔ေနာက္ဝမ္႐ႊမ့္ဘက္သို႔ျပန္ေျပး
သြားၿပီး ေနာက္တစ္ဖန္က်ယ္ေလာင္စြာက်ိန္
ဆဲလိုက္ျပန္သည္။

"မင္း ေကာင္စုတ္ေလး အဲ့ဒီေတာ့မင္းရဲ႕အ
ေတာင္ပံေတြကအရမ္းကိုခိုင္မာေနၿပီေပါ့?
ငါတို႔တစ္ေယာက္နဲ႕တစ္ေယာက္မေတြ႕ၾက
တာဘယ္ေလာက္ေတာင္ၾကာၿပီလဲ ငါ့ကိုအ
တိုက္အခံလုပ္ဖို႔အတြက္ဒီေလာက္လူေတြအ
မ်ားႀကီးကိုေတာင္လွည့္ဖ်ားနိုင္ေနၿပီပဲ!"

ဤက်ိန္ဆဲသံမ်ားအေပၚတုံ႕ျပန္မႈအေနႏွင့္
မၾကာမီနိုးထလာေတာ့မည့္အတိုင္းဝမ္႐ႊမ့္လက္ေခ်ာင္းေလးမ်ားကခပ္ျဖည္းျဖည္းလႈပ္
ရွားသြားခဲ့သည္။

ခ်ဴလ်န္ကခ်က္ခ်င္းသူ႕ပါးစပ္ကိုပိတ္လိုက္
ၿပီးအသက္ပင္ရဲရဲမရႈရဲေတာ့ဘဲဝမ္႐ႊမ့္ကိုၾကည့္လိုက္၏။

သို႔ေသာ္ ဝမ္႐ႊမ္ကသတိလစ္ေနဆဲျဖစ္ၿပီးႏွစ္
ႀကိမ္ခန့္သာညည္းၫူလ်က္ပိုသက္ေတာင့္သက္သာရွိေသာအေနအထားသို႔လွည့္သြား
သည္။

ခ်ဴလ်န္၏ႏႈတ္ခမ္းမ်ားတြန့္ေကြးသြားၿပီး
ဝတ္႐ုံအနားစကိုခါ၍တိတ္ဆိတ္စြာေျပာ
လိုက္၏။

"ငါမင္းနဲ႕စိတ္အႏွောင့္အယွက္မျဖစ္ခ်င္ေတာ့ဘူး"

ထို႔ေနာက္ထြက္ခြာရန္ခ်က္ခ်င္းလွည့္လိုက္
ေလသည္။

သို႔ေသာ္ တံခါးသို႔သူလမ္းေလွ်ာက္လိုက္စဥ္
မွာပဲဝမ္႐ႊမ္ကသူ႕အေနာက္မွႏွစ္ႀကိမ္ထပ္မံ
ညည္းၫူလာခဲ့သည္။

"ေရဆာတယ္...."

ခ်ဴလ်န္ကစိတ္ထဲ၌က်ိန္ဆဲလိုက္ရင္းလက္
တစ္ဖက္ကိုဆန့္တန္းလ်က္ေရအိုးတစ္အိုးကို
ဆင့္ေခၚလိုက္၏။ဝမ္႐ႊမ့္ႏႈတ္ခမ္းေပၚတင္
ၿပီးေလာင္းခ်လိဳက္သည္ႏွင့္ခ်က္ခ်င္းေရသီး
သြားခဲ့ရသည္။ေနာက္ဆုံးတြင္ခ်ဴလ်န္က
ဝမ္႐ႊမ့္အသက္ရႈႏႈန္းကိုတည္ၿငိမ္ေအာင္စီမံ
နိုင္ခဲ့ၿပီးေရအနည္းငယ္ေသာက္နိုင္ရန္ဂ႐ုတ
စိုက္ကူညီခဲ့သည္။ထို႔ေနာက္သက္ျပင္းခ်ရင္း
တိုးညွင္းစြာေျပာလိုက္၏။

"မေမွ်ာ္လင့္ထားတဲ့ျပသနာေတြကိုမင္းပိုၿပီး
မဖန္တီးေတာ့ရင္ေကာင္းမယ္"

သို႔ေပသည့္ဤနိုးတစ္ဝက္၊သတိလစ္တစ္
ဝက္အေနအထားတြင္ေတာင္ဝမ္႐ႊမ္ကေခါင္း
မာေနဆဲပင္။

ပထမတစ္မိနစ္မွာေရဆာတယ္လို႔ညည္းၫူ
ၿပီး ေနာက္တစ္မိနစ္မွာေတာ့ဗိုက္ဆာတယ္၊
နာက်င္တယ္၊ေအးတယ္၊ပူတယ္လို႔အမ်ိဳးစုံ
ညည္းေနတဲ့အျပင္အိပ္မက္ဆိုးေတြေတာင္မက္ေနေသးတယ္။

ခ်ဴလ်န္ကို႐ူးသြားလုမတတ္ႏွိပ္စက္ေနခဲ့ၿပီး
သူ႕ရဲ႕တပည့္ကဒီေလာက္အထိဒုကၡေပးနိုင္မွန္း ဒီအခ်ိန္မွာသူပထမဆုံးသိလိုက္ရတယ္။
သူတကယ္ပဲအျမင္သစ္တစ္ခုလုံးကိုခံစားရ
ၿပီးဝမ္႐ႊမ့္ကိုတံခြန္တိမ္တိုက္ဂိုဏ္းစီပထမ
ဆုံးအႀကိမ္ေခၚလာတုန္းကေတာင္ဝမ္႐ႊမ္က
တစ္ခါမွဒုကၡမေပးခဲ့ဘူးဆိုတာက်ိန္ေျပာရဲ
တယ္။အဲ့ဒီအခ်ိန္တုန္းကဝမ္႐ႊမ္ဟာအသက္
ႏွစ္ႏွစ္ပဲရွိေသးတာေတာင္မွေပါ့။

ႏွစ္ႏွစ္သားအ႐ြယ္ဝမ္႐ႊမ္ကသြားေလးေတြ
ေတာင္မေပါက္ေသးဘူး။ေသးငယ္ၿပီးႏူးညံ့
တဲ့ေဘာလုံးႏုႏုေလးအ႐ြယ္ပဲရွိေသးေပမယ့္
အလြန္ေကာင္းမြန္စြာျပဳမူခဲ့တယ္။သူစားဖို႔
ေပးသမွ်ဘာကိုမဆိုအကုန္စားတယ္။သူ႕ကို
ေျပာထားတဲ့အတိုင္းအိပ္တယ္။မလႈပ္နဲ႕လို႔
ေျပာရင္လည္းမလႈပ္ခဲ့ဘူး။အခုေတာ့အခ်ိန္
ေတြလည္းေျပာင္းလဲလာခဲ့ၿပီ။အဲ့ဒီအခ်ိန္တုန္းကဝမ္႐ႊမ့္ရဲ႕စိတ္ေအးခ်မ္းမႈေလးကဘယ္ေလာက္အထိရင္ထဲထိခဲ့ရသလဲဆိုတာ
ခ်ဴလ်န္သေဘာေပါက္ခဲ့တယ္။

ဝမ္႐ႊမ့္ရဲ႕အခုအေျခအေနကေတာ့......

ခ်ဴလ်န္ကေနာက္ဆုံးတြင္ဝမ္႐ႊမ့္ေတာင္းဆို
ခ်က္မ်ားကိုေျဖရွင္းနိုင္ခဲ့ေသာ္လည္းေခတၱမွ်
ပင္မၾကာလိုက္ဘဲဝမ္႐ႊမ္ကထိုအရာအားလုံး
ကိုတြန္းလွန္ပစ္ကာေနာက္တစ္ဖန္မရပ္မနား
လူးလွိမ့္ေနျပန္သည္။

"မင္းအခုေရာဘာလိုခ်င္လို႔လဲ?"

ခ်ဴလ်န္ကေဒါသတႀကီးေအာ္ေမးလိုက္၏။
တုံ႕ျပန္မႈအေနႏွင့္ဝမ္႐ႊမ္ကညည္းၫူရင္းျပန္
ေျဖလာခဲ့သည္။

"ဆရာတူညီေလးက်န္း..."

ဆရာတူညီေလးက်န္း? ခ်ဴလ်န္ခဏမွ်အံ့ၾသ
သြားခဲ့ရသည္။ဝမ္႐ႊမ့္ေဘးတြင္ရပ္ေနေသာ
အတင့္ရဲသည့္ေကာင္ေလးကိုခ်ဴလ်န္မွတ္မိသြားၿပီးေအးစက္စြာျပန္ေျဖလိုက္၏။

"ဒီမွာဘာဆရာတူညီေလးက်န္းမွမရွိဘူး အဲ့ဒီ
ေတာ့ဒီထက္ပိုၿပီးအနားယူလိုက္တာပိုေကာင္း
မယ္"

"ဆရာတူညီေလးက်န္း...."

ဝမ္႐ႊမ္ကမရပ္မနားလူးလွိမ့္လာျပန္၏။

"ကြၽန္ေတာ့္ရဲ႕ဆရာတူညီေလးက်န္းကိုလိုခ်င္
တယ္......"

ေကာင္းၿပီ ေကာင္းၿပီ ေကာင္းၿပီ မင္းနိုင္တယ္!

အသက္ႏွစ္ႏွစ္အ႐ြယ္တုန္းကေတာင္ဘာကိုမွ
ဝုန္းဒိုင္းႀကဲမေတာင္းဆိုခဲ့တဲ့ေကာင္ေလးက
အခုေတာ့ဘယ္လိုဝုန္းဒိုင္းႀကဲပစ္ရမလဲဆို
တာကိုေတာင္သင္ခဲ့ၿပီးၿပီေပါ့!

ခ်ဴလ်န္ေဒါသတႀကီးမတ္တပ္ရပ္ၿပီးမေက်
မနပ္ျဖင့္စားပြဲကိုရိုက္ကာတိုင္ယြင္ေတာင္
ထြတ္မွပ်ံသန္းလိုက္ေလသည္။သူတို႔ရွိခဲ့ေသာသစ္ေတာတစ္ဝိုက္လွည့္ပတ္ခဲ့ေသာ္
လည္းမည္သူတစ္ဦးတစ္ေယာက္ကိုမွ်မေတြ႕
ခဲ့ရေပ။

ထို႔ေနာက္ က်ီဇီအန္းကိုရွာရန္ပ်ံသန္းလိုက္
သည္။

ထိုအခိုက္အတန့္၌ က်ီဇီအန္းကေဒါသမေျပ
ေသးဘဲလက္ရွိတြင္သူ႕တပည့္မ်ားကိုလက္
ညွိုးထိုးလ်က္ေဟာေျပာေနေလသည္။

"မင္းတို႔ကိုဘယ္သူကတိုင္ယြင္ေတာင္ထြတ္ကိုသြားခြင့္ေပးလိုက္တာလဲ?မင္းတို႔ေတြကသူ
တို႔ရဲ႕ျပသနာကိုဘာမ်ားဝင္စြက္ဖက္ခ်င္ေန
တာလဲ?ဆရာတူအစ္ကိုခ်ဴကတစ္ေယာက္
ေယာက္အေပၚသူ႕ရဲ႕ေဒါသကိုပုံခ်လိဳက္ရင္..."

အႏွီေဟာေျပာခ်က္သည္တစ္ဝက္တစ္ပ်က္
ျဖင့္သာရပ္တန့္သြားရ၏။ခ်ဴလ်န္လာရွာေန
သည္ဟုၾကားလိုက္ရသည္ႏွင့္ခ်က္ခ်င္းတုန္
လႈပ္သြားၿပီးတစ္ကိုယ္လုံးေခြၽးေစးပ်ံသြားရ
ေတာ့သည္။အျပင္ဘက္သို႔ထြက္ရင္းအလ်င္
စလိုႏႈတ္ဆက္လိုက္၏။

"ဆရာတူအစ္ကို မင္းဘာျဖစ္လို႔...."

"ဟိုအတင့္ရဲတဲ့ေခြးေကာင္ေလးဘယ္ေရာက္
သြားလဲ?က်န္းဆိုတဲ့တစ္ေယာက္"

ခ်ဴလ်န္ကအခ်ိန္မျဖဳန္းပဲတည့္တိုးေမးလိုက္
၏။

"က်န္းဆိုတဲ့တစ္ေယာက္?"

ထိုစကားကိုၾကားလိုက္ရေသာအခါက်ီဇီအန္း
တစ္ေယာက္တြန့္ဆုတ္သြားခဲ့ရသည္။သူ႕အမူ
အယာလည္းတျဖည္းျဖည္းေျပာင္းလဲလာခဲ့
သည္။

"အဲ့ဒီလိုရိုေသကိုင္းရွိုင္းမႈမရွိတဲ့ေကာင္ေလး
ကိုဆရာတူအစ္ကိုစိတ္ဝင္စားေနစရာမလိုပါဘူး"

ခ်ဴလ်န္ကစိတ္မရွည္စြာမ်က္ေမွာင္ႀကဳံ႕လိုက္ၿပီး

"သူဘယ္မွာလဲ?"

".....ေရခဲေလျပည္လွိုဏ္ဂူထဲမွာ"

ေနာက္ဆုံးတြင္ေတာ့က်ီဇီအန္းကျပန္ေျဖလာ
ခဲ့သည္။

ေရခဲေလျပည္လွိုဏ္ဂူ?မ်က္ေမွာင္ႀကဳံထား
ေသာခ်ဴလ်န္၏မ်က္ခုံးမ်ားပင့္သက္သြားခဲ့
ရသည္။

က်ီဇီအန္းကခ်ဴလ်န္၏အမူအယာကိုဂ႐ုတ
စိုက္ၾကည့္ၿပီးရွင္းျပရန္သတၱိစုစည္းလ်က္

"အဲ့ဒီေကာင္ေလးရဲ႕အျပဳအမူကအရမ္းကိုရဲ
တင္းလြန္းတယ္ ေသဒဏ္ေပးဖို႔မလိုအပ္ရင္
ေတာင္အျပစ္ေပးဖို႔ေတာ့လိုတယ္ ထပ္ေျပာ
ရရင္ေတာ့သူ႕ရဲ႕ေသြးထိုးစကားေတြေၾကာင့္
သာမဟုတ္ရင္တူေလးက...."

ခ်ဴလ်န္ကက်ီဇီအန္းထံမွဘာကိုမွ်ထပ္နား
ေထာင္ရန္မလိုေတာ့ဘဲတစ္ဖက္လူကိုအေလး
အနက္စိုက္ၾကည့္ၿပီးဝတ္႐ုံစကိုခါလ်က္ပ်ံ
သန္းသြားေလေတာ့သည္။

ေရခဲေလျပည္လွိုဏ္ဂူကတံခြန္တိမ္တိုက္ဂိုဏ္း၏အေနာက္ေျမာက္ဘက္တြင္တည္ရွိ
သည္။ထိုလွိုဏ္ဂူအတြင္းရွိဝိဥာဥ္စြမ္းအင္က
ပါးလႊာျခင္းမရွိဘဲႏွစ္စဥ္ႏွစ္တိုင္းအရိုးကြဲလု
မတတ္ေအးစက္ေနေသာေလညွင္းမ်ားက
တိုက္ခတ္လ်က္ရွိသည္။ေရခဲပန္းဆြဲမ်ားမွ
စီးက်ေနေသာေရမ်ားလည္းလွိုဏ္ဂူထဲတြင္
႐ႊဲ႐ႊဲစိုေနခဲ့သည္။

ဤေနရာသည္ညွဥ္းပန္းႏွိပ္စက္ရန္သင့္ေတာ္
ေသာေနရာျဖစ္ေသာ္လည္းပုံမွန္အားျဖင့္အ
ေျခခံတည္ေထာင္ျခင္းအဆင့္(သို႔)ထိုအဆင့္ထက္ပိုျမင့္ေသာတပည့္မ်ားက၎တို႔၏စြမ္း
အားကိုျမင့္တင္ဖို႔အတြက္ေလ့က်င့္ခြင့္ရရန္
ဆႏၵအေလ်ာက္ေတာင္းဆိုတတ္ၾကသည္။သို႔ေပသည့္ခ်ီသန့္စင္ျခင္းအဆင့္သာရွိေသာတပည့္တစ္ဦးကိုထိုလွိုဏ္ဂူထဲသို႔ပစ္ထည့္ထားျခင္းကအသက္ကိုႏႈတ္ယူရန္တမင္တကာႀကိဳးစားျခင္းေပတည္း။

ေရခဲေလျပည္လွိုဏ္ဂူသို႔ခ်ဴလ်န္ေရာက္ရွိ
ခ်ိန္တြင္ေတာ့က်န္းရီကထိုလွိုဏ္ဂူထဲ၌ေန႕တစ္ဝက္ၾကာေအာင္ပိတ္ေလွာင္ခံထားရ၏။

ဤေကာင္ေလး၌ေနာက္ဆုံးအသက္တစ္မွ်င္
က်န္ေနလွ်င္ေတာင္အလြန္အထင္ႀကီးစရာ
ေကာင္းေလာက္မည္ဟုခ်ဴလ်န္မူလကေတြး
ခဲ့ေသာ္လည္းသူျမင္လိုက္ရေသာျမင္ကြင္းက
အံ့အားသင့္သြားေစခဲ့သည္။

က်န္းရီကလွိုဏ္ဂူအလယ္၌ၾကာပန္းအေနအ
ထားျဖင့္ထိုင္ေနၿပီးမ်က္လုံးမ်ားကိုမွိတ္ထား
ကာဒူးႏွစ္ဖက္ေပၚလက္တင္လ်က္ပုံမွန္အ
တိုင္းၿငိမ္သက္ေနခဲ့သည္။တရားထိုင္ရင္းခ်ီ
လွည့္ပတ္ေနစဥ္မွာပင္ေမွာ္လက္နက္ျဖစ္
ေသာေက်ာက္စိမ္းတုံးအေဆာင္တစ္ခုကိုညာလက္ျဖင့္ဖိထားလ်က္ရွိသည္။

အရိုးကြဲလုမတတ္ေအးစက္ေနေသာေလညွင္း
ကသူ႕နံေဘးတြင္တိုက္ခတ္ေနၿပီးတစ္ခ်ိန္တည္းမွာပင္ဝိဥာဥ္ေၾကာငါးခုလည္းနံေဘး၌
လည္ပတ္ေနကာပတ္ဝန္းက်င္မွစြမ္းအားမ်ားကိုစုပ္ယူ၍ဝိဥာဥ္ေရးရာစြမ္းအင္ကလွည့္ပတ္ဝန္းရံေနခဲ့သည္။ထိုကဲ့သို႔ခ်ီလည္ပတ္ျခင္းက်င့္စဥ္ကိုတံခြန္တိမ္တိုက္ဂိုဏ္း၌တစ္
ခါမွမျမင္ဖူးခဲ့ေပ။

မည္သည့္ေနရာမွသင္ယူခဲ့သည္ကိုလည္းမသိနိုင္ဘဲက်န္းရီကအလယ္တြင္သာၿငိမ္သက္စြာထိုင္လ်က္ခႏၶာကိုယ္ထဲသို႔ဝင္ခြင့္မေပးမွီေအးစက္ေနေသာေလထုကိုလွည့္ပတ္ဝန္းရံေနေသာဝိဥာဥ္စြမ္းအားျဖင့္ထိေတြ႕ေစခဲ့သည္။ဤနည္းစနစ္၏အက်ိဳးသက္ေရာက္မႈကဝိဥာဥ္ေၾကာသန့္စင္သည့္သာမာန္တပည့္မ်ားထက္ပင္ပိုေကာင္းေနေသးသည္။

ခ်ဴလ်န္ကခဏမွ်တိတ္ဆိတ္စြာေစာင့္ၾကည့္
ၿပီးေနာက္အခ်ိန္ထပ္မဆြဲေတာ့ဘဲေျခကို
ျမႇောက္ၿပီးအနီးအနားရွိေက်ာက္တုံးကိုကန္
လိုက္၏။

တစ္စုံတစ္ေယာက္ေရာက္လာမွန္း ေနာက္ဆုံး
တြင္က်န္းရီသတိထားမိသြားၿပီးေက်ာက္စိမ္း
အေဆာင္ကိုဖုံးကြယ္ရန္ညာလက္ကိုအလ်င္
စလိုျပန္ဆုတ္လိုက္ေလသည္။ထို႔ေနာက္မ်က္
လုံးဖြင့္ၾကည့္လိုက္ၿပီးခ်ဴလ်န္ကိုျမင္သည္ႏွင့္
ခ်က္ခ်င္းဆိုသလိုယဥ္ယဥ္ေက်းေက်းၿပဳံး
ျပလိုက္၏။

"သူေတာ္စဥ္သခင္ကဘာျဖစ္လို႔ဒီကိုေရာက္
ေနတာလဲ?ကြၽန္ေတာ့္ကိုလာရွာတာလား"

"မင္းကိုရွာေနတာငါ့တပည့္ပဲ"

က်န္းရီခဏမွ်အံ့အားသင့္သြားရသည္။သူ႕
မ်က္ႏွာေပၚ၌အံ့ၾသမႈႏွင့္ေပ်ာ္႐ႊင္ေသာအမူ
အယာမ်ားလ်င္ျမန္စြာေပၚလာၿပီးေနာက္ စိုး
ရိမ္ေသာအရိပ္အေယာင္မ်ားလည္းေပၚလာ
ခဲ့သည္။

"ဆရာတူအစ္ကိုဝမ္အခုအဆင္ေျပရဲ႕လား?"

ခ်ဴလ်န္ကျပန္ေျဖရန္စိတ္မဝင္စားခဲ့ေပ။ဝတ္
႐ုံလက္အနားစကိုေဝ့ယမ္းၿပီးက်န္းရီကိုဆြဲ
ေခၚကာထြက္ခြာလာခဲ့သည္။

တိုင္ယြင္ေတာင္ထြတ္ရွိေက်ာက္ဂူသို႔ေရာက္
လာခ်ိန္တြင္ခ်ဴလ်န္ကက်န္းရီကိုပစ္ခ်လိဳက္
၏။က်န္းရီကအိပ္ယာေပၚတြင္သတိလစ္ေနေသာဝမ္႐ႊမ့္ကိုခ်က္ခ်င္းျမင္ၿပီးထိုေနရာသို႔
ေျပးသြားခဲ့သည္။

မူလကလူးလွိမ့္ေနေသာဝမ္႐ႊမ္သည္သူ႕လက္
ႏွစ္ဖက္ကိုက်န္းရီဆုပ္ကိုင္လိုက္သည့္အခ်ိန္
၌ခ်က္ခ်င္းၿငိမ္က်သြားခဲ့သည္။

"ဆရာတူညီေလးက်န္း..."

ဝမ္႐ႊမ္ကမသဲမကြဲေရ႐ြတ္လာခဲ့သည္။

"ဟုတ္တယ္ဆရာတူအစ္ကို ကြၽန္ေတာ္ပါ!"

က်န္းရီအလ်င္စလိုျပန္ေျဖေပးလိုက္၏။

"အရမ္းေအးတယ္..."

ဝမ္႐ႊမ္ကေနာက္ထပ္စကားအနည္းငယ္သာေရ႐ြတ္ခဲ့ၿပီးေခါင္းကိုလွည့္ကာေခါင္းအုံးထဲသို႔မ်က္ႏွာအပ္ရင္းႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္
ေပ်ာ္သြားခဲ့သည္။

ပထမေတာ့က်န္းရီအနည္းငယ္အံ့ၾသသြားရ
သည္။ထို႔ေနာက္ခါးသက္သက္ၿပဳံးလိုက္၏။

သူကအခုမွေရခဲေလျပည္လွိုဏ္ဂူထဲကထြက္
လာတာပဲ ဘယ္လိုလုပ္မေအးဘဲေနပါ့မလဲ?
အဲ့ဒီအခ်ိန္မွာက်င့္ႀကံဖို႔အတြက္အစီအစဥ္ရွိ
ခဲ့ရင္ေတာင္မနားတမ္းတိုက္ခတ္ေနတဲ့ေလ
ေအးေတြကိုလုံးဝတြန္းလွန္ပစ္ဖို႔မျဖစ္နိုင္ဘူး။
အခုခ်ိန္ထိသူ႕ရဲ႕အရိုးမ်ားအတြင္းနက္ရွိုင္းစြာ
စိမ့္ဝင္ေနဆဲျဖစ္ၿပီးတစ္စကၠန့္ေလာက္ေလး
သတိမမူရင္ေတာင္သူ႕ရဲ႕အရိုးေတြကကိုက္ခဲလာနိုင္တယ္။

ဝမ္႐ႊမ့္လက္ကိုသူယခုဆုပ္ကိုင္ထားေသာ္
လည္းတစ္ဖက္လူထံမွအလြန္ပူျပင္းေသာအ
ပူရွိန္ကိုခံစားမိေနဆဲပင္။

.........ေနပါအုံး မဟုတ္ေသးဘူး!

က်န္းရီကဝမ္႐ႊမ့္လက္ကိုအျမန္လႊတ္လိုက္ၿပီးမီးလွ်ံငယ္တစ္ခုကိုေဘးဘက္သို႔ပင့္တင္
လိုက္၏။ထို႔ေနာက္သူ႕လက္ႏွစ္ဖက္လုံးကို
ႏြေးေထြးေအာင္ျပဳလုပ္ခဲ့ၿပီးဝမ္႐ႊမ့္ႏွဖူးကို
စမ္းလိုက္ေလသည္။

ကိုယ္ေတြအရမ္းပူေနတာပဲ!

ဝမ္႐ႊမ္ကအိပ္ေပ်ာ္ေနေပမယ့္လူးလွိမ့္ေနေသးတာကိုအံ့ၾသစရာေတာင္မလိုေတာ့ဘူး။အခုခ်ိန္မွာဝမ္႐ႊမ္ကေသမ်ိဳးတစ္ေယာက္အဖ်ားရွိေနသလိုမ်ိဳးအဲ့ဒီညွဥ္းပန္းႏွိပ္စက္မႈေၾကာင့္ကိုယ္အရမ္းပူေနခဲ့တယ္။က်န္းရီအ
နီးကပ္စိုက္ၾကည့္မိရာဝမ္႐ႊမ့္ကိုယ္၌ေခြၽးစို႔ေနၿပီးေစာင္လည္းစိုေနသည္ကိုသတိထားမိလိုက္၏။

ခ်ဴလ်န္ကလြန္ခဲ့ေသာအခ်ိန္အနည္းငယ္အ
တြင္းကထြက္သြားခဲ့သည္။သူ႕တပည့္ကိုက်န္းရီ၏ဂ႐ုစိုက္မႈေအာက္တြင္လႊဲေျပာင္းေပးခဲ့ၿပီး
ဘာစကားတစ္ခြန္းမွမေျပာသလို ေမးလည္း
မေမးခဲ့ေပ။

က်န္းရီကမ်က္ႏွာသုတ္ပဝါႏွင့္ေရႏြေးကိုသာ
ရွာနိုင္ခဲ့ၿပီးဝမ္႐ႊမ့္ကိုယ္ကိုအနည္းငယ္သုတ္
ေပးခ်င္မိသည္။

အျခားတစ္ဖက္သို႔ေစာင္းေပးရန္ဝမ္႐ႊမ့္ေက်ာ
ေအာက္လက္တစ္ဖက္လွ်ိုထည့္မိရာႏူးညံ့
ေခ်ာမြတ္ေသာအသားအေရႏွင့္မေမွ်ာ္လင့္ဘဲခ်က္ခ်င္းထိေတြ႕သြားခဲ့သည္။က်န္းရီကမယုံ
နိုင္စြာေစာင္လွန္ၾကည့္မိသည့္အခ်ိန္တြင္ေတာ့ဝမ္႐ႊမ့္အက်ီ၌ႀကီးမားေသာအက်ီၿပဲရာ
ကိုေတြ႕ခဲ့ၿပီးတစ္ဖက္လူ၏ေက်ာျပင္ကလုံး
လုံးလ်ားလ်ားေပၚေနခဲ့သည္။

........ဟုတ္ၿပီ။ခ်ဴလ်န္ကတကယ္ပဲအျခားလူ
တစ္ေယာက္ကိုဘယ္လိုဂ႐ုစိုက္ရမလဲဆိုတဲ့
အေျခခံအခ်က္ေတြမွာလစ္ဟာေနတယ္။
ဝမ္႐ႊမ့္ကိုဒီေနရာမွာတစ္ခ်ိန္လုံးထားခဲ့တာ
ေတာင္အက်ီမလဲေပးထားဘူး။ဝိဥာဥ္ၾကာပြတ္ေၾကာင့္ပ်က္စီးခဲ့တဲ့အက်ီကိုပဲဝမ္႐ႊမ္က
အခုထိဝတ္ထားဆဲ။

ဝမ္႐ႊမ့္ကိုဂ႐ုတစိုက္ေစာင္ျပန္ၿခဳံေပးခဲ့ၿပီး
က်န္းရီ၏အမူအယာလည္းႏူးညံ့စြာေျပာင္း
လဲသြားခဲ့ရသည္။အျခားေ႐ြးခ်ယ္စရာမရွိ
ေတာ့ဘဲဝမ္႐ႊမ္ဝတ္ဖို႔အဝတ္အစားအသစ္
ရွာရန္သာရွိေတာ့သည္။

ေနာက္ဆုံးတြင္ အဝတ္အစားအသစ္မ်ားရွာ
ေတြ႕ၿပီးသူျပန္ေရာက္လာခ်ိန္၌အိပ္မက္ဆိုး
မ်ားမက္ေနသကဲ့သို႔ေၾကာက္႐ြံ႕ထိတ္လန့္ေန
ေသာဝမ္႐ႊမ့္မ်က္ႏွာကိုေတြ႕လိုက္ရ၏။အဖ်ား
တက္ေနျခင္းေၾကာင့္ဝမ္႐ႊမ့္မ်က္ႏွာတစ္ျပင္
လုံးနီျမန္းေနရာမွလည္ပင္းအထိပင္ေရာက္
လာကာခႏၶာကိုယ္တစ္ခုလုံးကိုစားခ်င့္စဖြယ္
အလြန္ႏွစ္သက္စရာေကာင္းေသာအေရာင္မ်ိဳးျဖစ္ေစခဲ့သည္။

က်န္းရီကအဝတ္အစားအသစ္မ်ားကိုေဘး
ဘက္သို႔ခ်လိဳက္ၿပီးတြန့္ေကြးေနေသာဝမ္႐ႊမ့္
မ်က္ခုံးမ်ားကိုေျဖေလ်ာ့လိုက္၏။ေသြးေရာင္
လႊမ္းေနေသာဝမ္႐ႊမ့္မ်က္ႏွာေပၚသို႔အၾကည့္
ေရာက္သြားသည္ႏွင့္မေနနိုင္ေတာ့ဘဲတံေတြး
ၿမိဳခ်လိဳက္ေလသည္။

ဘယ္လိုပဲျဖစ္ျဖစ္လုပ္ဖို႔လိုအပ္တဲ့အရာေတြကအခုထိလုပ္ဖို႔လိုေနေသးတယ္....

ဝိဥာဥ္ၾကာပြတ္ေၾကာင့္စုတ္ၿပဲေနသည့္ဝမ္႐ႊမ့္
အဝတ္အစားမ်ားကိုခြၽတ္လိုက္ၿပီးသူ႕လက္
ေမာင္းျဖင့္ဝမ္႐ႊမ့္ကိုေပြ႕ရင္းေရႏြေးစိမ္ထား
ေသာပုဝါခပ္ႏြေးႏြေးျဖင့္တစ္ကိုယ္လုံးမွ
ေခြၽးမ်ားကိုသုတ္ေပးလိုက္၏။

ဝမ္႐ႊမ့္ကိုယ္ေပၚမွေခြၽးမ်ားကိုသုတ္ေပးရင္း
အသက္ျပင္းျပင္းပင့္သက္ရွိုက္ကာ သူ႕ကိုယ္တြင္း၌မီးတစ္စေလာင္ကြၽမ္းေနသကဲ့သို႔မခံ
မရပ္နိုင္ေအာင္ပူျပင္းမႈကိုခံစားလိုက္ရေလ
သည္။

ဤအခိုက္အတန့္၌ခ်ဴလ်န္ကေနာက္တစ္
ႀကိမ္ျပန္ေရာက္လာခဲ့သည္။

အမည္မသိခံစားခ်က္မ်ားေၾကာင့္က်န္းရီ
ထိတ္လန့္သြားၿပီးဝမ္႐ႊမ့္ကိုေစာင္ျဖင့္ျပန္ဖုံး
ေပးလိုက္၏။သို႔ေသာ္...ဝမ္႐ႊမ့္ကိုသူ႕ရင္ခြင္မွ
ဖယ္ရန္ေတာ့ေမ့သြားခဲ့သည္။

သူတို႔ႏွစ္ေယာက္ကိုျမင္သည္ႏွင့္ခ်ဴလ်န္၏
ေျခလွမ္းမ်ားခ်က္ခ်င္းရပ္တန့္သြားရသည္။

"ဆရာတူအစ္ကိုကကိုယ္ေတြပူေနတယ္ အဲ့
တာေၾကာင့္ကြၽန္ေတာ္ သူ႕ကိုေခြၽးသုတ္ေပးေနတာ"

"အိုး.."

ခ်ဴလ်န္ကအလြန္အကြၽံမေတြးဘဲေခါင္း
ညိတ္ျပလာၿပီးစကားတစ္ခြန္းသာေျပာခဲ့၏။

"သူနိုးလာတဲ့အခါငါ့ကိုလာေတြ႕ဖို႔ေျပာေပး"

ထို႔ေနာက္ ခ်ဴလ်န္ကထြက္သြားခဲ့သည္။လုံးဝစိတ္မဝင္စားသလိုမ်ိဳးမယုံနိုင္စရာေကာင္း
ေလာက္ေအာင္ဒီအတိုင္းထြက္သြားခဲ့တယ္!

ထြက္သြားတာလည္းေကာင္းတဲ့ကိစၥတစ္ခုပဲ။
အခုခ်ိန္မွာက်န္းရီကအျခားတစ္ေယာက္နဲ႕ရန္
ျဖစ္ေနဖို႔အခ်ိန္မရွိဘူး။

က်န္းရီကသက္ျပင္းရွိုက္လိုက္ၿပီးသူလုပ္စ
ရာရွိေသာကိစၥမ်ားကိုသာဆက္လုပ္လိုက္၏။
"ဒါကိုသည္းခံရမယ္ ဒါကိုနည္းနည္းေလာက္
ပိုၿပီးသည္းခံရမယ္!" ဟူ၍သာသူ႕ကိုယ္သူေတြးေနခဲ့သည္။ဝမ္႐ႊမ့္ကိုသန့္စင္သြားေအာင္
သုတ္ေပးၿပီးေနာက္ အက်ီလဲရန္အခ်ိန္သို႔ေရာက္လာခဲ့သည္။သို႔ေသာ္လည္း နဂိုနည္းအတိုင္းအႀကိမ္ႀကိမ္ျပန္သုတ္မိေနၿပီးသူ႕ရင္ခြင္ထဲမွတစ္စုံတစ္ေယာက္၏ႏူးညံ့ေသာ
ညည္းၫူသံမ်ားကိုနားေထာင္ရင္းက်န္းရီ
သည္သူ႕အသက္ရႈသံမ်ားျဖည္းျဖည္းပို၍
ဖရိုဖရဲေျဗာင္းဆန္လာသည္ကိုခံစားမိလိုက္ေလသည္။

သူတို႔ေရွ႕၌မွန္တစ္ခ်ပ္သာရွိေနမည္ဆိုလွ်င္
က်န္းရီ၏ပါးျပင္ကဝမ္႐ႊမ့္ထက္ပင္ပိုနီျမန္း
ေနသည္ကိုေတြ႕ရေပလိမ့္မည္။

က်န္းရီကရွက္လြယ္တယ္လို႔ဝမ္႐ႊမ္ကအၿမဲ
လိုလိုေျပာခဲ့ေပမယ့္သူ႕ပါးျပင္ေတြနီျမန္းေန
တဲ့အခ်ိန္မွာသူ႕ေခါင္းထဲဘယ္လိုကိစၥမ်ိဳးေတြ
ေတြးေနသလဲဆိုတာကိုေတာ့တစ္ဖက္လူကဘယ္ေတာ့မွသိမွာမဟုတ္ဘူး။

ထို႔အျပင္ဝမ္႐ႊမ္ကအဖ်ားတက္ေနျခင္းေၾကာ
င့္အမွန္တကယ္ပင္သက္ေတာင့္သက္သာမရွိ
ဘဲက်န္းရီ၏ခႏၶာကိုယ္မွအေအးဓာတ္ကိုလို
လားေတာင့္တေနခဲ့သည္။ထို႔အတြက္က်န္းရီ
အားအဆက္မျပတ္ပြတ္သပ္ေနခဲ့ၿပီးထိုပြတ္
သပ္မႈကက်န္းရီအတြက္ေတာ့လုံးဝညွဥ္းပန္း
ႏွိပ္စက္ေနမႈတစ္မ်ိဳးပင္ျဖစ္ေခ်ေတာ့သည္။

"ဆရာတူအစ္ကို......"

က်န္းရီကသူ႕ႏွလုံးသားအတြင္းမွတုန္ယင္မႈကိုထိန္းခ်ဳပ္ရန္အသက္ျပင္းျပင္းရႈလိုက္ၿပီး

"ဆရာတူအစ္ကို.........."

ယခုအခ်ိန္ထိဝမ္႐ႊမ့္အားသူ႕လက္ႏွစ္ဖက္ျဖင့္ေပြ႕ဖက္ထားဆဲပင္။

ဝမ္႐ႊမ့္အေၾကာင္းသူစဥ္းစားမိတာဘယ္ေလာ
က္ေတာင္ၾကာခဲ့ၿပီလဲ?သူကိုယ္တိုင္ေတာင္ဒီ
ထပ္ပိုၿပီးမမွတ္မိေတာ့ဘူး။

ေသြးေရာင္လႊမ္းလ်က္နီျမန္းေနေသာမ်က္ႏွာ
ေလးကိုစိတ္အားထက္သန္စြာပို၍ဂ႐ုတစိုက္
ၾကည့္ၿပီးႏွာထိပ္ဖ်ားေလးျဖင့္ဝမ္႐ႊမ့္မ်က္ႏွာ
ကိုပြတ္သပ္ရင္းသန့္စင္ၾကည္လင္ေနေသာ
ဝမ္႐ႊမ့္ကိုယ္သင္းရနံ႕ကိုေလာဘႀကီးစြာနမ္းရွိုက္လိုက္၏။ဝမ္႐ႊမ့္ႏႈတ္ခမ္းမ်ားမွညည္း
ၫူသံမ်ားကက်န္းရီကိုပို၍ပင္စိတ္လႈပ္ရွားေစခဲ့သည္။သို႔ျဖစ္ရာ က်န္းရီကသူ၏လွ်ာကိုဆန့္ထုတ္ခဲ့ၿပီးႏူးညံေသာႏႈတ္ခမ္းမ်ားကိုလွ်ာဖ်ားျဖင့္ထိေတြ႕ကာအရသာခံလိုက္ေလသည္။

ႏူးညံ့ေသာႏႈတ္ခမ္းမ်ားကိုအရသာခံရန္သာသူလုပ္ရဲခဲ့ၿပီးအလ်င္စလိုေနာက္ျပန္ဆုတ္လိုက္၏။

သို႔ေသာ္ က်န္းရီကိုယ္ကိုျပန္မတ္လိုက္သည့္
အခ်ိန္ခဏေလးအတြင္းမွာပင္ဝမ္႐ႊမ့္မ်က္
ေတာင္မ်ားက႐ုတ္တရက္လႈပ္လာခဲ့သည္။
ထို႔ေနာက္ သူ႕မ်က္လုံးကိုဖြင့္ၿပီးက်န္းရီကို
တည့္တည့္စူးစိုက္ၾကည့္ေနေလေတာ့သည္။

--------------------------------------------------------------

T/N:CH-20 is one of my fav chapter in
this novel.  哈哈哈😳

.................................................................


























































Continue Reading

You'll Also Like

216K 38.9K 77
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး
390K 49.9K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
56K 9.8K 19
This is not my own story. It is fan translation. Credits to original author. Picture credits to original artist. I got permission from English Trans...
47.4K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...