A letter to A boy who is not...

By ThomasFionaMo

64.3K 4.3K 230

စာတစ်စောင်ရောက်တယ်တဲ့။ ယောကျ်ားလေးတွေချည်းနေတဲ့အိမ်ကို ကောင်လေးမဟုတ်တဲ့ ကောင်လေးဆိုတဲ့နာမည်နဲ့။ " ...... " စာ... More

part 1(unicode)
Part 2(Unicode )
Part 3(unicode) 18+
Part 4(Unicode )
Part 5(Unicode )
part 6(Unicode )
Part 7(Unicode)
Part 8(Unicode)
Part 9(unicode)
Part 10(Unicode )
Part 11(Unicode )
Part 12(Unicode )
part 13(Unicode )
Part 14(Unicode )
A letter to A boy who is not a boy
Part 16(Unicode )
Part 17(Unicode )
Part 18(unicode)
Part 19(unicode )
Part 20(Unicode )
Final (unicode )
Extra(Unicode )
part 1(zawgyi)
part 2(zawgyi)
Part3(zawgyi)18+
Part 4 (zawgyi)
Part 5(Zawgyi)
Part 6(zawgyi)
Part 7(Zawgyi)
part 8(zawgyi)
part 9(zawgyi)
part 10(zawgyi)
Part 11(Zawgyi )
Part 12(zawgyicode )
part 13(Zawgyi )
Part 14(Zawgyi )
Part 15(Zawgyi )
Part16(Zawgyi )
Part -17(Zawgyi )
Part 18(Zawgyi )
Part19(Zawgyi )
Part20(Zawgyi )
Final(Zawgyi )
Extra (zawgyi )

Part -15(Unicode )

1.6K 141 17
By ThomasFionaMo

"ညီမလေး.."

"ကိုကို က ဘယ်လိုလုပ်ပြီး..."

ယုယငယ်အပါအဝင် သူတို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း
အချိန်ကြာကြာထိ တိတ်ဆိတ်နေကြ၏။
တိုက်ဆိုင်ခြင်းတွေဟာ ကောင်းတဲ့အရာချည်းဖြစ်မလာတဲ့အခါ
ကံကိုဘယ်လို အပစ်ပုံချလို့ရပါမည်လဲ။

ဒီလောက် ရေစက်တွေဆုံနေမှုက ဘယ်ဘဝက ဘယ်လို အကျိုးပေးတွေပါလိမ့်။

" သားတို့က အသိတွေလား"

စူးရှတို့အဖေက တိတ်ဆိတ်ခြင်းကို စတင်ဖြိုခွဲလိုက်သည်။
လူကြီးတွေမဟုတ်လား။
ရန်လိုစကားတွေ ပြောဖို့ မသင့်ဟူ သူထင်၏။

" ကျွန်တော်ပြောတဲ့ ညီမလေးဆိုတာ ဒီက ယုယငယ်ပါ။
သူနဲ့နေနေခဲ့တာ"

အာကာမင်းထက်က ကြမ်းပြင်ကိုငေးကြည့်နေကာ
မလှုပ်မယှက် မပွင့်တပွင့်။

" ယုယငယ် မင်းအကြံ ဒါအကုန်ပဲလား"

"ဘာလဲ ဘလိုင်းကြီး "

ယုယငယ် က မခေ။
လင်းလတ်၏ စကားကို အံတုလိုက်သည်။

" မင်းက ငါ့သူငယ်ချင်းအပေါ် ယုတ်မာခဲ့ရုံမက ငါ့ညီရော ငါ့အကို ကိုရောပါ လာပတ်သက်နေခဲ့တာပဲ
ဒါလား မင်းပြောတဲ့ စောင့်ကြည့်နေလိုက်ဆိုတာ.
မင်းဘာသာ မင်းဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဘာတွေလုပ်လုပ် သာတို့မိသားစုကို လာမပတ်သက်စမ်းနဲ့"

" အိုး။
ယုယငယ် က ဘယ်တုန်းက ဘယ်သူ့စကားနာခံတာမြင်ဖူးလို့လဲ ။
ဟိုတစ်ယောက် ဆိုရင်တော့တမျိုးပေါ့ "

ဆိုဖာပေါ် ခြေချိတ်ထိုင်လိုက်ရင်း
လက်ပိုက်လျက်သား စူးရှ ဆီ မျက်စာပစ်ပြလိုက်သည်။
လင်းလက်၏ ရှူးရှူးရှဲရှဲပေါက်ကွဲချင်စိတ်တွေက အာကာမင်းထက်၏ ခေါင်းရမ်းပြမှုအောက်တဃင် ငြိမ်ဝပ်ပိပြားစွာ။

" ဖုန်းလာပေးတာမလား ပြန်တော့ ။ မင်းကိုဒီအိမ်ကမကြိုဆိုဘူး။ နောက်လည်း ငါတို့မိသားစုနဲ့ဝေးဝေးနေစမ်းပါ"

" ရှင်မကြိုဆိုလည်း ရှင့်အကိုက ကြိုဆိုတာပဲ"

အာကာမင်းထက်က မျက်နှာပျက်လို့
ဘာပြောလို့ပြောရမှန်းမသိ။

" အကို အဲ့တာလေ ညီလေးစူးရှကို ဖျားယောင်းတဲ့ မိန်းမ
ဘာလို့များ အဲ့မိန်းမနဲ့ သွားပတ်သက်ခဲ့ရတာလဲ
သူ့အကြောင်း ခင်များ ဘယ်လောက်များသိလို့လဲ
ပိုက်ဆံ ရရင် ဘာမဆိုလုပ်တဲ့မိန်းမ။
လူတကာရဲ့ အိပ်ယာပေါ် ငွေပုံပေးတာနဲ့ ခုန်တက်မယ့်မိန်းမ ..."

" ညီ တော်တော့။ စကားတွေက တစ်ဘက်လူကို အရမ်းစော်ကားရာကျနေပြီ"

လင်းလတ်က ဒေါသထွက်နေသလောက် ကျန်တဲ့လူတောက ငြိမ်သက်လို့။
ဆက်ပြောချင်နေသေးပေမယ့် အာကာမင်းထက်ကြောင့် ငြိမ်နေပေးလိုက်၏။

ဘယ်လိုတောင် ဒေါသကို ချွေတာပြီးထွက်နေရတာလဲ။

"သွေး... သွေးတွေ အမိနှာခေါင်းမှာ.."

စူးရှရဲ့ သွေးရူးသွေးတန်းစကားကြောင့်
အားလုံးရဲ့အကြည့်က
ယူယငယ်ဆီမှာ။
ခပ်မြန်မြန်ပဲ လက်နဲ့ပွတ်ဆွဲလိုက်ပေမယ့်
နောက်ကျသွားခဲ့သည်။

အမြင်တွေမှုန်ဝါးလာပြီး
အရာရာ ချာချာလည် နေသည်။
နောက်ဆုံး စူးရှဆီအကြည့်အရောက်မှာ
လဲကျသွားခဲ့သည်။

"ညီမလေး"

အာကာမင်းထက်က
အစထဲက ယုယမေမှာ တစ်ခုခုနေမကောင်းတာသိနေသူမို့
စိတ်ပူလွန်းနေခဲ့သည်။
သူနဲ့အနီးဆုံးမို့ ယုယငယ်ကို ပွေ့ချီထားလိုက်၏။
နောက်ဆုံး
ဆေးရုံကိုသာ ရောက်ချလာသည်အထိ။

ဘယ်လောက်ပဲ ခပ်ဆိုးဆိုးကောင်မလေးဖြစ်နေပါစေ
ခြေနှစ်ချောင်း ကယ်ကောင်းတယ်ဟူသော စကားကို
သူတို့အားလုံးလက်ခံထားကြသည်။

လူသားတွေပဲ မဟုတ်လား။
သူတို့မှာ လူ့ကျင့်ဝတ်ရှိသင့်သည်ဟုလည်းထင်ကြသည်။

******

" လူနာရှင် ရှိပါသလား "

" ကျွန်တော်တို့ပါပဲ ဒေါက်တာ။ညီမလေးအခြေအနေ..."

ဆရာဝန်က အာကာကိုကြည့်ပြီး

" လူနာရဲ့မိသားစုဝင်လား"

"ဘာမှမတော်ပါဘူး ဒါပေမယ့်... "

"တောင်းပန်ပါတယ် မိသားစု ဝင်ကိုပြောပြမယ့်ဖြစ်မယ့်ကိစ္စမို့ပါ"

ဆရာဝန်က အသက်ပြင်းချ၏။
တချိန်လုံးငြိမ်နေတဲ့ လင်းလတ်ကပဲ

"အဲ့မိန်းမမှာ ဘာမိသားစုဝင်မှမရှိဘူး။
တစ်ယောက်ထဲပဲ "

လင်းလတ်စကားကြောင့် မဆီမဆိုင် စူးရှက စိတ်မကောင်းဖြစ်နေမိသည်။
မိသားစုမရှိလို့များလား။
မေတ္တာငတ်နေတာလား။

" ကျွန်တော့်ကို ပြောလို့ရပါတယ်။ ကျွန်တော်နဲ့ ညီမလေးက မောင်နှမတွေလိုပါပဲ"

လင်းလတ်က စိတ်ထဲထောင်းခနဲဖြစ်သွားပေမယ့်
ဆေးရုံမှာမို့ထိန်းထားလိုက်သည်။
ဒါကို အာကာလည်းရိပ်မိပါသည်၊

" ကင်ဆာဖြစ်နေတာ.... နောက်ဆုံးအဆင်ရောက်နေပြီ"

ဆရာဝန်ပြောသော
စကားများအနက်
ကင်ဆာ... နောက်ဆုံးအဆင့်ဆိုတာကြီးက စူးရှနားထဲပဲ့တင်ထပ်နေသည်။
မှန်တံခါးကအကြည်မို့ အထဲကိုလှန်းကြည့်တော့
လူနာကုတင်ထက် ဖြူဖပ်ဖြူရော်နဲ့ ငြိမ်သက်စွာလဲလျောင်းနေသော ယုယငယ်သည်
ကင်ဆာရောဂါခံစားနေရသူတစ်ဦးတဲ့။

ဒါဘယ်လိုတောင် ကျီစယ်လိုက်တဲ့ကံတရားပါလဲ။
မနက်ကအထိ စူးရှနဲ့ ယုယငယ်တို့ အတူရှိနေခဲ့ကြတာမဟုတ်လား။

"ရိုးတွင်းခြင်ဆီ ဆိုတာ မိသားစုဝင်ကပဲ ကိုက်ညီမှူအများဆုံးရှိတာ"

ကံကြမ္မာ ဟာ ယုယမေဘက်တွင်ရှိနေပုံမရပါချေ။
ကုသလို့ရနိုင်ပါတော့လည်း မိသားစုဝင်ကမရှိတဲ့။

"ဒါဆို ဘယ်လိုမှ ကုလို့မရနိုင်တော့တာလား ဒေါက်တာ"
ဆရာဝန်က အသက်ပြင်းချရင်း
ခေါင်းကိုလေးပင်စွာ ရမ်းလျက်

" ကျန်နေသေးတဲ့အချိန်လေးမှာ သူနေပျော်အောင်နေပါစေ"

ဆရာဝန်က ခွင့်ပြပါအုံးဟုဆိုကာ
ထွက်သွားသော်လည်း သူတို့အားလုံး
တွေဝေလျက်ရှိသည်။

စူးရှလည်း ရင်ဘက်တစ်ခုလုံး ဖြစ်ညှစ်ဆုတ်ကိုင်ခံနေရသူတစ်ဦးလို
မွန်းကြပ်ပိတ်လှောင်နေသည်။
လည်ပင်းတစ်ခုလုံးဆို့နင့်လာကာ ဝမ်းနည်းမှုတို့ကလတားမရဆီးမရ။

မျက်ရည်တို့စီးကျမလာစေရန် ပုတ်ခက်ဖို့ကြိုးစားပေမယ့် မအောင်မြင်။
ပါးပြင်ပေါ် မျက်ရည်ပူတို့က စီးကျနေခဲ့ပြီ။

အဲ့လောက်ထိ မရင်းနှီးတဲ့မိန်းမတစ်ယောက်အတွက် ခံစားနာကျင်နေဖို့လိုလို့လား၊
အမအွန်မ်နဲ့တောင်ဒီလောက်ထိ နင့်နင့်သည်းသည်း မခံစားခဲ့ဖူးလို့ပြောရင်
ယုံကြည်ပေးပါ။

အဲ့ဒီ့ယုယငယ်ဆိုတဲ့ အမက တကယ်ဆိုးပါတယ်။

ဒီလိုဖြစ်စေတဲ့ ခံစားချက်ကြီးကိုမုန်းလိုက်တာ။

*********

ကုတင်ပေါ်မှာ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ဆေးရုံဝတ်စုံဝတ်ထားတဲ့ ယုယငယ်သည်
တခြားတစ်ယောက်ကဲ့သို့ သိသိသာသာပြောင်းလဲနေသည်။

အညိုဖျော့ဖျော့ဆံပင်တိုက ဖြန့်ချထားပြီး
ကာလာစုံခြယ်လေ့ရှိသော မျက်နှာတို့က ခုတော့သဘာဝအတိုင်းဖျော့တော့လျက်ရှိ၏။
ဖြူဖက်နေသော နှုတ်ခမ်းတစ်စုံကလည်း မနက်ကမှ စူးရှနှင့် ပူပူနွေးနွေး နမ်းယူခဲ့မိသော ပန်းနုရောင်နှုတ်ခမ်းသားတို့နဲ့ လားလားမျှ မဆိုင်တော့ချေ။

*အမိက သိပ်ဆိုးပါတယ်။
ဒီလိုဖြစ်နေတာတောင် ဆေးလိပ်တွေအရမ်းသောက်နေခဲ့တယ်မလား။
ခေါင်းမာလိုက်တာ*

*သိနေခဲ့တယ်မလား... ရောဂါဖြစ်တာကို အစထဲက အမိကိုယ်တိုင်သိသိကြီးနဲ့ မိုက်မဲနေခဲ့တာမလား*

* စိတ်ပူတယ်။ အခြေအနေအားလုံးကိုသိသိကြီးနဲ့ဘာမှမဖြစ်သလိုနေနေတဲ့အမိက
ဘာတွေကများ အဲ့လိုဖြစ်စေခဲ့တာလဲ။
အမိသာတစ်ခုခုဖြစ်ရင် ကျွန်တော်....*

ချောက်ချောက်ချားချားအတွေးက
စူးရှကိုတုန်လှုပ်စေသည်။
နောက်ကိုတစ်လှမ်းဆုတ်မိတော့ အာကာက ထိန်းပေးထားသည်။

လုံးဝကိုမတွေးသင့်တဲ့အရာကိုများ။

......

"အမိက တကယ်ဆိုးလိုက်တာ။
အမအွန်မ်နဲ့တောင် ဒီလို ထူးထူးဆန်းဆန်းခံစားချက်တွေ မရဘူး။
အမိကတကယ်မကောင်းလိုက်တာ"

ယုယငယ်ဆေးရုံမှာ ရက်အနည်းငယ်နေရမှာမို့ စူးရှက လူနာစောင့်တာဝန်ကျ၏။
စူးရှနဲ့က ရင်းနှီးပြီး၊ မိန်းကလေး အချင်းချင်း လည်းဖြစ်တာမို့
နာ့စ်ငှါးမည်ဆိုတော့လည်းစူးရှက သူစောင့်မည်ဟု ဆိုသောကြောင့်
စူးရှနေခဲ့ရသည်။

တစ်ချိန်လုံး ယုယငယ်ဘေးနားထိုင်ရင်း စကားတွေပြောလိုက်
လက်ကလေး ကိုင်ကြည့်လိုက်နှင့်။
ဆေးလိပ်ကို အမြဲ လက်ကလေးနှစ်ချောင်းကြားညှပ်လေ့ရှိတဲ့ယုယမေကခုတော့
ဆေးထိုးအပ် တွေ အများကြီးနဲ့။

လက်ကလေးဆုတ်ကိုင်မိတော့
ရင်တုန်လာပြန်သည်။
ထူးဆန်းလိုက်တာ။

အမအွန်မ်နဲ့တောင်...
ယုယငယ်လက်ကို အလန့်တကြား လွှတ်ချလိုက်မိသည်။

" အာ.. ကျွန်တော်လည်း ရူးနေပြီထင်တယ်။
ဘာလို့နေရာတကာ အမအွန်မ်နဲ့ အမိကိုပဲ နှိုင်းယှဉ်နေမိတာလဲ မသိတော့ဘူး"

ပြန်ဖြေသူမရှိတဲ့ မေးခွန်းတွေကို စူးရှတစ်ယောက်ထဲမေးနေရတာလည်း
ရူးသွားခြင်းတစ်မျိုးမည်လား။

ဘာမှမတွေးတော့ပဲ
ခေါင်းကိုစာ တစ်ချက် ခါထုတ်လိုက်သည်။

စူးရှမသိလိုက်တာကအောက်ဆီဂျင်တပ်ထားတဲ့
ယုယငယ်နှုတ်ခမ်းတစ်စုံဟာ အနည်းငယ်ပြုံးယောင်သန်းနေခဲ့သည်ဆိုတာကိုပင်။

******

ယုယငယ်အနည်းငယ် လှုပ်ရှားလာသည်။
လက်တစ်ဖက်ကို တင်းနေအောင် ဆုတ်ကိုင်ထားခံရသည်။
အသာအယာမျက်လုံးဖွင့်ကြည့်တော့
ခပ်ဖွာဖွာ ဆံပင်ကလေးတွေကို တွေ့ရသည်။
ယုယမေဘေးနားထိုင်ရင်း အိပ်ငိုက်နေသည်ပဲ။
လက်ကိုဖြည်းဖြည်းစီမရင်း စူးရှဆံပင်တွေကိုသပါတင်ပေးလိုက်သည်၊

"ဟင်း.. အင်း.... အဲ အမိနိုးလာတာလား"

" အင်း။ စူးရှက တို့ကို လာစောင့်ပေးနေတာ ယုံတောင်မယုံနိုင်ဘူး"

ယုယငယ်က ထလာသည်မို့ ခေါင်းအုံးနဲ့ မှီလို့ရစေရန်
ယုယငယ်နောက်ကျောဘက် ခုပေးလိုက်သည်။

"စောင့်ရမှာပေါ့ ခင်များက ကျွန်တော်တို့အိမ်မှာ မေ့လဲခဲ့တာလေ"

လွှတ်ခနဲ ထွက်သွားပြီးမှ
ယုယငယ်ကို အားနာနေရပြန်သည်။

"ဆောရီး.."

"ဆေးရုံတွေကိုမုန်းလိုက်တာ.."

တွေ့လား။
ယုယငယ်က ဘယ်တုန်းကမှ သူများစကားကိုအရတယူမရှိ။
ခုလည်း သူ့ကို တောင်းပန်နေတာကို
ကောင်းကောင်းတော့ပြန်ပြောသင့်တာပဲလေ။

ယုယငယ်က လူဝင်ပေါက်ကနံခါးဆီ တွေတွေလေးငေးနေရင်း
အသက်ပြင်းဖြည်းဖြည်းချသည်။

"ဆေးရုံဆိုတာ နမိတ်မကောင်းဘူးလေ"

....*******.......

ယုယငယ်က ဆေးရုံမှာ အကြာကြီးမနေချင်ဟု ဆိုကာခေါင်းမာသောကြောင့်
သုံးရက်နှင့်ဆေးရုံဆင်းခဲ့ကြသည်။

တစ်ယောက်နှင့တစ်ယောက် ဘယ်လိုပတ်သက်တယ်ဆိုတာ
မမေးကြတော့ပေမယ့်
ရိပ်မိနေကြပြီလေ။

စူးရှကတော့ မဆီမဆိုင် ယုယဆီသောင်တင်နေသည်။
သောင်တင်ဆို စူးရှမိဘတွေက ယုယငယ်ဟာ တစ်ကောင်ကြွက်မို့ တစ်ခုခုဖြစ်မှာစိုးတာလည်းပါသည်။
အာကာမင်းထက်လည်း တစ်ခါတလေ လာတက်သည်။

အာကာနှင့် ယုယငယ် ရင်းနှီးမှုက စူးရှမနာလိုချင်စရာကောင်းလောက်အောင်
ထူးဆန်းသည်။
အိမ်မှာအမြဲ တည်ငြိမ်အေးဆေးသော အကိုကြီးက
သူစိမ်းတွေနဲ့ လိုတာထက်ပို မဆက်ဆံတက်သောအကိုကြီးက
ယုယငယ်လိုမိန်းကလေးမျိုးကိုတော့
နှစ်လိုလက်ရ စိတ်ပါလက်ပါ ပြုံးပြရယ်ပြ ရုံမက
စနောက်၍လည်းနေသတဲ့။

အကိုကြီးကို ယုယငယ်နဲ့သဘောမတူချင်တာလိုလို
ယုယငယ်ကို တခြားလူနဲ့ အတည်ကြီးတွဲနေသလိုမြင်ရလို့
သဝန်တိုသလိုလို စိတ်ကြီးက
အူယားဖားယားစူးရှ ခံစားရပြန်သည်။

တစ်ခါတလေ လင်းလတ်လည်း လိုက်ပါလာတက်သေးသည်။
လင်းလတ်ကတော့ ယုယငယ်ကို အမြင်မကြည်ပေမယ့်
သေမိန့်ကျပြီးသားလူတစ်ယောက်နဲ့ ဘယ်သူကများ အနိုင်ယူစကားနိုင်လုနေနိုင်မှာလဲ။

" ထူးဆန်းလိုက်တာ "

" ဘာကိုလဲ "

" ကိုကိုတို့က ဘာလို့ ညီမလေးဆီ ခဏခဏ လာနေကြတာလဲ"

ယုယငယ် မေးခွန်းကြောင့်
အာကာ နှုတ်ဆိတ်သွားသည်။
သူတို့ ယုယငယ်အိမ်တွင် နေ့လည်စာစားနေချိန်ဖြစ်၏။
ဒါဟာ ဆေးရုံကပြန်ရောက်ပြီး လေးရက်မြောက်နေ့လည်းဖြစ်သည်။

" ငါတို့အိမ်မှာမေ့လဲပြီး ဆေးရုံရောက်သွားတဲ့လူကို
ငါတို့က ဂရုစိုက်ရမှာပေါ့။
တော်ကြာ တစ်ခုခုဖြစ်နေရင် အမှုကငါတို့ဆီ လာပတ်မှာလေ"

လင်းလတ်ကပါးစပ်က ပြောနေသော်လည်း မော့မကြည့်ပဲ ထမင်းကိုသာငုံ့စားနေသည်။

" ဟေး ဘာလို့ငိုနေတာလဲ ဟိုတစ်ယောက်"

ယုယငယ် အော်လိုက်သံကြောင့် စူးရှလန့်ကာ လက်အနည်းငယ်တုန်ယင်သွားသည်။
အဲ့အမိဟာ
သူကိုယ်တိုင် ဒီလိုအခြေအနေဖြစ်နေတာကို
မသိတာလား သိသိကြီးနဲ့လား ဆိုတာ ခန့်မှန်းရခက်လွန်းသည်။

မကြာခင် လူ့လောကထဲက ထွက်သွားရတော့မယ့် လူတဲ့လား။

ကျွန်တော်တို့ရေစက်က အခုမှဆုံပြီး
အခုပဲ ကုန်တော့မှာတဲ့။
ဒါဘယ်လို ရင်နင့်စရာကောင်းတဲ့ ဇာတ်သိမ်းမျိုးလဲ။

ခေါင်းရမ်းပြရင်း
ရေခွက်ကို ယူကာ ဘာမှမဖြစ်သလို ဟန်ဆောင်သောက်လိုက်သည်။

"တို့သေမှာမို့လို့ ငိုနေတာလား"

"ခွမ်း.."

သောက်လက်စ ဖန်ခွက်ကလေးဟာ ကြမ်းပြင်ပေါ်မှာ
ကြေမွလို့။

*******

Continue Reading

You'll Also Like

460K 27.1K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
856K 27.7K 69
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
757K 39.9K 21
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...