Always Belong To You

By Shay195

10.1K 595 18

Uni မင်းကို ချစ်မိတဲ့ အချိန်တွေအတွက် နောင်တရ ရမယ်ဆိုရင်တောင် အကယ်၍ နောက်ဘဝများမှာတော့..... မင်းရဲ့ ငြိတွယ်ရ... More

no.1 when i first met you
no.2 annoying person
no.4 need your answers
no.5 can't fight the feeling
no.6 back to you
no.7 too afraid to confess
no.8 gradually losing you
no.9 talk to me
no.10 i'm yours
no.11 my easter egg
no.12 please lean upon others
no.13 carzy little thing called love
no.14 give you up
no.15 beat down
no.16 a heart of gold or...
no.17 a heart of stone
no.18 my mind mind my mind mind...
no.19 let me go,let me love
Author Note
No.20 love yourself
No. 21 Honey & Pie
No.22 stupid me
No.23 stupid you
THE END -unknown zone
Before The End

no.3 definition of you

473 28 2
By Shay195

...Uni...
တစ်ခါခါကျရင် အချစ်တွေပေါပေါများများရှိနေတဲ့ မင်းကို ငါ နားမလည်ဘူး။
ဆိုင်ကိုအမြဲလာနေကျ မင်းသူငယ်ချင်လေးနဲ့ မင်း အီစီကလီလိုလို သူငယ်ချင်းလိုလိုဖြစ်တုန်းကလည်း
မင်းက လုံးဝအချစ်မှာကျရှုံးတော့မယ့် လူလိုမျိုး ပြုံးပျော်နေခဲ့တာပဲမို့ ငါ့အနားမှာလည်း မင်းပျော်နေတယ်လို့ပဲ ယုံကြည်မိခဲ့တယ်။

ငါချွဲပြီး ဂျီကျသမျှအကုန် မငြိုမငြင်လုပ်ပေးခဲ့တဲ့မင်းက အဲ့အချိန်တုန်းက အရာရာကိုအကောင်းမြင်တတ်တဲ့ သူတော်ကောင်းမလေး။
ကွမ်းယာတွေခိုးစားခဲ့တယ် ဆေးလိပ်တွေခိုးသောက်ခဲ့တယ် တစ်ယောက်ရဲ့အနာဂတ်အိမ်မက်တွေအကြောင်း တစ်ယောက်သိတဲ့အထိ ငါတို့ သိပ်ရင်းနှီးခဲ့ကြတယ်။

ဆိုင်ကယ်မှောက်လို့ ရတဲ့ အနာတွေကိုကြည့်ပြီး လန့်ခဲ့ရ ပြုံးခဲ့ရတဲ့နေ့တွေ ၊ စိတ်ပေါက်ပေါက်နဲ့ နှစ်ယောက်တည်းတောင်ချွန်းတက်ခဲ့ကြတဲ့ ညနေခင်းတွေ ၊ ကျူရှင်အပြင်မှာ ထိုင်စောင့်ရင်း လေပြစ်ခဲ့တဲ့နေ့တွေ ၊ ဈေးလည်နေလို့ အိမ်ပြန်နောက်ကျအဆူခံခဲ့ရတဲ့ နေ့တွေအကြောင်း တော်တော်ငြိတွယ်ခဲ့တဲ့ ငါ ပေါ့။

''သူ့ နာမည်က 'ခမ်း' တဲ့ '' လို့ မိတ်ဆတ်ပေးတော့ ထူးထူးခြားခြား ငါပြုံးမိတယ်။
မင်းက ဘယ်တော့မဆို ငါတစ်ယောက်တည်းနဲ့ မလုံလောက်ဘူးပဲ ။

''ပိုင်.... 'အလင်းပိုင်' တဲ့ ငါ နာမည်က ''

အင်း..... ယဲ့ယဲ့လေးယိမ်းယိုင်သွားတာက လွဲရင် ငါပျော်ပါတယ်။
'ခမ်း ' က ရယ်ရတယ် ပျော်တတ်တယ် ပြီးတော့ မင်းကိုသာမက ငါ့ကိုပါ လွှမ်းမိုးနိုင်တဲ့ သူငယ်ချင်းကောင်းလေး အသစ်တစ်ယောက်အဖြစ် ငါအသိအမှတ်ပြုခဲ့တာပဲ။

စာမေးပွဲနီးရင် ငါတို့သုံးယောက်စာအတူလုပ်ခဲ့ကြ နေရာမျိုးစုံလည်ကြရင်း မင်းက ခမ်း ကို ပိုချစ်ခင်သွားတယ်လို့ ငါပြောတော့ သဘောကျစွာရယ်နေတဲ့မင်း ဖြေတဲ့အဖြေက 'အတူတူပဲ ဘယ်သူ့မှမပိုဘူး' တဲ့ ။
ဟုတ်တယ် ငါ့ဆိုင်ကယ်နောက်မှာရှိနေကျ မင်းက 'ခမ်း' ဆိုင်ကယ်နောက်ရောက်သွားတဲ့အခါ ငါ ပိုယိမ်းယိုင်လာတယ်လို့ ဝန်မခံချင်ခဲ့ဘူး။

'ခမ်း' မအားတဲ့အချိန်မျိုးမှာ ငါတိတ်တိတ်လေးကြိတ်ပျော်တတ်လာပြီး ငါ့ ပခုံးဖျားမှာမှီတင်ထားတဲ့ မင်းမျက်နှာလေးကို အမြဲမြင်ချင်လာတဲ့အခါ ငါသွေးလေခြောက်ခြားမိတယ်။

ငါ ချစ်ဖို့တစ်ယောက်ယောက်အမှန်တကယ်လိုနေပြီ လို့ ။

ဒါပေမယ့် ချစ်သူရသွားတာ မင်းဖြစ်နေခဲ့တယ်။
အရပ်ရှည်ပြီး အသားညိုတဲ့ မင်းရဲ့ကောင်လေးက ငါ့ရဲ့ချစ်ဖို့ကောင်းလွန်းတဲ့ prince ထက် ပိုစိတ်ဝင်စားဖို့ ကောင်းခဲ့ပြီး အထူးသဖြင့် ထိုကောင်လေးနဲ့ ရှိနေချိန်မှာ ဖြစ်နေတဲ့ မင်းရဲ့ ရှက်ကိုးရှက်ကန်းအမူအရာက ......
အင်း သဘောကျစရာပဲ။

ထိုကောင်လေးနဲ့ မိတ်ဆတ်ပေးလေ လို့ပြောပြီး တစ်ပတ်အကြာမှာပဲ မင်းနဲ့သူ ပြတ်သွားတော့ ငါ အံ့သြမိလေရဲ့ ။
မင်းရဲ့ပထမဆုံးသော ဘာမှခံစားချက်မဖြစ်တဲ့ မျက်နှာကိုတွေ့လိုက်ရတဲ့အခါ မေးခွန်းတစ်ခုတည်းပဲ အထပ်ထပ်ထွက်လာတယ်။

မချစ်ပဲနဲ့ ဘာလို့တွဲတာလဲ ။

...Zawgyi...
တစ္ခါခါက်ရင္ အခ်စ္ေတြေပါေပါမ်ားမ်ား႐ွိေနတဲ့ မင္းကို ငါ နားမလည္ဘူး။
ဆိုင္ကိုအၿမဲလာေနက် မင္းသူငယ္ခ်င္ေလးနဲ႔ မင္း အီစီကလီလိုလို သူငယ္ခ်င္းလိုလိုျဖစ္တုန္းကလည္း
မင္းက လုံးဝအခ်စ္မွာက်႐ႈံးေတာ့မယ့္ လူလိုမ်ိဳး ျပဳံးေပ်ာ္ေနခဲ့တာပဲမို႔ ငါ့အနားမွာလည္း မင္းေပ်ာ္ေနတယ္လို႔ပဲ ယုံၾကည္မိခဲ့တယ္။

ငါခြၽဲၿပီး ဂ်ီက်သမွ်အကုန္ မၿငိဳမျငင္လုပ္ေပးခဲ့တဲ့မင္းက အဲ့အခ်ိန္တုန္းက အရာရာကိုအေကာင္းျမင္တတ္တဲ့ သူေတာ္ေကာင္းမေလး။
ကြမ္းယာေတြခိုးစားခဲ့တယ္ ေဆးလိပ္ေတြခိုးေသာက္ခဲ့တယ္ တစ္ေယာက္ရဲ႕အနာဂတ္အိမ္မက္ေတြအေၾကာင္း တစ္ေယာက္သိတဲ့အထိ ငါတို႔ သိပ္ရင္းႏွီးခဲ့ၾကတယ္။

ဆိုင္ကယ္ေမွာက္လို႔ ရတဲ့ အနာေတြကိုၾကည့္ၿပီး လန္႔ခဲ့ရ ျပဳံးခဲ့ရတဲ့ေန႔ေတြ ၊ စိတ္ေပါက္ေပါက္နဲ႔ ႏွစ္ေယာက္တည္းေတာင္ခြၽန္းတက္ခဲ့ၾကတဲ့ ညေနခင္းေတြ ၊ က်ဴ႐ွင္အျပင္မွာ ထိုင္ေစာင့္ရင္း ေလျပစ္ခဲ့တဲ့ေန႔ေတြ ၊ ေဈးလည္ေနလို႔ အိမ္ျပန္ေနာက္က်အဆူခံခဲ့ရတဲ့ ေန႔ေတြအေၾကာင္း ေတာ္ေတာ္ၿငိတြယ္ခဲ့တဲ့ ငါ ေပါ့။

''သူ႕ နာမည္က 'ခမ္း' တဲ့ '' လို႔ မိတ္ဆတ္ေပးေတာ့ ထူးထူးျခားျခား ငါျပဳံးမိတယ္။
မင္းက ဘယ္ေတာ့မဆို ငါတစ္ေယာက္တည္းနဲ႔ မလုံေလာက္ဘူးပဲ ။

''ပိုင္.... 'အလင္းပိုင္' တဲ့ ငါ နာမည္က ''

အင္း..... ယဲ့ယဲ့ေလးယိမ္းယိုင္သြားတာက လြဲရင္ ငါေပ်ာ္ပါတယ္။
'ခမ္း ' က ရယ္ရတယ္ ေပ်ာ္တတ္တယ္ ၿပီးေတာ့ မင္းကိုသာမက ငါ့ကိုပါ လႊမ္းမိုးႏိုင္တဲ့ သူငယ္ခ်င္းေကာင္းေလး အသစ္တစ္ေယာက္အျဖစ္ ငါအသိအမွတ္ျပဳခဲ့တာပဲ။

စာေမးပြဲနီးရင္ ငါတို႔သုံးေယာက္စာအတူလုပ္ခဲ့ၾက ေနရာမ်ိဳးစုံလည္ၾကရင္း မင္းက ခမ္း ကို ပိုခ်စ္ခင္သြားတယ္လို႔ ငါေျပာေတာ့ သေဘာက်စြာရယ္ေနတဲ့မင္း ေျဖတဲ့အေျဖက 'အတူတူပဲ ဘယ္သူ႕မွမပိုဘူး' တဲ့ ။
ဟုတ္တယ္ ငါ့ဆိုင္ကယ္ေနာက္မွာ႐ွိေနက် မင္းက 'ခမ္း' ဆိုင္ကယ္ေနာက္ေရာက္သြားတဲ့အခါ ငါ ပိုယိမ္းယိုင္လာတယ္လို႔ ဝန္မခံခ်င္ခဲ့ဘူး။

'ခမ္း' မအားတဲ့အခ်ိန္မ်ိဳးမွာ ငါတိတ္တိတ္ေလးႀကိတ္ေပ်ာ္တတ္လာၿပီး ငါ့ ပခုံးဖ်ားမွာမွီတင္ထားတဲ့ မင္းမ်က္ႏွာေလးကို အၿမဲျမင္ခ်င္လာတဲ့အခါ ငါေသြးေလေျခာက္ျခားမိတယ္။

ငါ ခ်စ္ဖို႔တစ္ေယာက္ေယာက္အမွန္တကယ္လိုေနၿပီ လို႔ ။

ဒါေပမယ့္ ခ်စ္သူရသြားတာ မင္းျဖစ္ေနခဲ့တယ္။
အရပ္႐ွည္ၿပီး အသားညိဳတဲ့ မင္းရဲ႕ေကာင္ေလးက ငါ့ရဲ႕ခ်စ္ဖို႔ေကာင္းလြန္းတဲ့ prince ထက္ ပိုစိတ္ဝင္စားဖို႔ ေကာင္းခဲ့ၿပီး အထူးသျဖင့္ ထိုေကာင္ေလးနဲ႔ ႐ွိေနခ်ိန္မွာ ျဖစ္ေနတဲ့ မင္းရဲ႕ ႐ွက္ကိုး႐ွက္ကန္းအမူအရာက ......
အင္း သေဘာက်စရာပဲ။

ထိုေကာင္ေလးနဲ႔ မိတ္ဆတ္ေပးေလ လို႔ေျပာၿပီး တစ္ပတ္အၾကာမွာပဲ မင္းနဲ႔သူ ျပတ္သြားေတာ့ ငါ အံ့ၾသမိေလရဲ႕ ။
မင္းရဲ႕ပထမဆုံးေသာ ဘာမွခံစားခ်က္မျဖစ္တဲ့ မ်က္ႏွာကိုေတြ႕လိုက္ရတဲ့အခါ ေမးခြန္းတစ္ခုတည္းပဲ အထပ္ထပ္ထြက္လာတယ္။

မခ်စ္ပဲနဲ႔ ဘာလို႔တြဲတာလဲ ။

Continue Reading

You'll Also Like

3.3K 161 28
"ပျော်ရွှင်ခြင်းဆိုတာ မြတ်နဲ့မှ ‌ဖြစ်ပေါ်" လာတဲ့ စိတ္တဇနာမ် တစ်ခုပါ ..." "မိန်းကလေးဆို မင်းကလွဲရင် ဘယ်သူ့ ကိုမှ ချစ်လို့မရဘူး.."
65.7K 3K 21
သဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသ...
82K 4.9K 58
My second Gl fic. Wint Phoo Thazin ❣️ Nway Nay Chi
9.8K 452 9
အတိတ်ဘဝတေမှာဝေးခဲ့ရရင်တောင်ဒီဘဝတော့မဝေးပါရစေနဲ့အချစ်ရယ်...