Unicode.
"Hi မောနင်း ကြီးကြီး"
မနက်ခင်းရဲ့ သာသာယာယာရှိတဲ့နေလေး ။ လောင်းရိပ်ဒီကိုရောက်တာ ၅ရက်တောင် ရှိတော့မည်။
မနက်စာစားပြီးလျှင် မောင်တို့ဆီသွားမည်။ ဖေဖေက အမြဲအလုပ်များသူဖြစ်၍ မြို့အနှံ့သို့ လိုက်မပို့နိုင် ။ လောင်းရိပ်သာ ဖေဖေ့ဆီလိုက်နေလျှင် တနေ့တနေ့ အိမ်ထဲမှာသာ နေရ၍ ပျင်းစရာ တော်တော်ကောင်းလောက်မည်။ မောင်နဲ့မေ ရှိ၍သာ တော်တော့သည်။
"သားလောင်းရိပ် နိုးလာပြီးလား "
"ဟုတ်တယ် ကြီးကြီး ၊ ကျွန်တော် ဗိုက်ဆာတယ် breakfast က ဘာလေးလဲ "
"မနက်စောစော စတော်ပဲပြုတ်ကလေးသွားဝယ်ပြီး ထမင်းကြမ်းနဲ့ ကြော်ထားတာတော့ရှိတယ် ၊ သားက ဘာစားချင်လဲ "
"အဲ့တာပဲ စားလိုက်တော့မယ် ၊ ဒါနဲ့ ဖေဖေကော "
"မြို့နယ်အစည်းအဝေးတဲ့ ခုလေးတင် ထွက်သွားတာ ၊ သားဘာလိုချင်လို့လဲ "
"မေးကြည့်တာပါ ၊ ကျွန်တော်ရောက်ကတည်းက ဖေဖေနဲ့ စကားအများကြီး.မပြောရသေးဘူး ၊ တနေ့တနေ့ လုပ်စရာတွေပဲ ပုံနေတဲ့ပုံ"
"ဟုတ်တယ် သားရေ ၊ မင်းအဖေကို ကြီးကြီးလည်း ပြောပါတယ် နည်းနည်းပါးပါးနားပါဥိီးဆိုတာကို ၊ သူက အဲ့အလုပ်မှာပဲ ပျော်နေတော့ ကြီးကြီးလည်း တားမရပါဘူးကွယ် "
"ကြီးကြီးမောင်ပဲလေ ၊ ခေါင်းမာတာကတော့ မောင်နှမတွေပါလို့ ပြောစရာကို မလိုဘူး "
မေမေက မကွေးမှာသာနေပြီး ဖေဖေကတော့ ဒီနယ်မြို့လေးမှာသာ အမဖြစ်တဲ့ ဒေါ်ခင်မျိုးနှင့် အနေများသည်။ဒေါ်ခင်မျိုးက ဒီမြို့မှာသာ အိမ်ထောင်ကျပြီး မောင်ဖြစ်သူ စားရေးသောက်ရေးအတွက် စီမံပေးလေ့ရှိသည်။ အမေဖြစ်သူကလည်း ဆရာဝန် ၊ အဖေဖြစ်သူကလည်း ဆရာဝန်ဆိုတော့ လောင်းရိပ်ပါ မိဘများကို အားကျမိပြီး ရန်ကုန်ဆေးတက္ကသိုလ်ကို လျှောက်လိုက်ရာ အခု ပထမနှစ်ပင် တက်ရတော့မည်။
မေမေနဲ့ ဖေဖေက ဆရာဝန်ချင်းတူပေမယ့် ခံယူချက်တော့မတူ။ ဖေဖေက ဆရာဝန် တကယ် လိုအပ်သည့် နေရာများသာ တာဝန်ထမ်းချင်သော်လည်း မေမေကတော့ တက္ကသိုလ်ဆေးရုံကြီးတွေ၌သာ အေးအေးဆေးဆေး အလုပ်လုပ်လိုသည်။ ခံယူချက်ချင်းမတူသော ထိုနှစ်ယောက်ကတော့ သူတို့နေရာမှာ မွေ့လျော်နေကြတာပင် ။
"ကြီးကြီး ဒီချိန် မောင်တို့ နိုးလောက်ပြီလား"
"နိုးလောက်ပြီ ၊ သားလည်း တနေ့တနေ့ မောင်နဲ့မေ မောင်နဲ့မေပဲ "
"ချစ်စရာကောင်းတာကိုးဗျ"
"မေလေးကတော့ ချစ်စရာကောင်းပါတယ်ကွယ် မောင်ကတော့ တအားငြိမ်တယ် ၊ တခါတလေ ရှိမှန်းတောင် မသိရဘူး ၊ ပြီးတော့ မေလေးကိုလည်း အနိုင်က ကျင့်တတ်သေး "
"ကလေးသဘာဝ ရန်ဖြစ်တာ နေမှာပါ ကြီးကြီးရဲ့ "
"မဟုတ်ပေါင်တော် မေလေးက သူ့ကြောင့် ငိုရင်လည်း မချော့ဘူး ၊ လူကြီးတွေ မေးလည်း မထုံတတ်တေးနဲ့ ပြောချင်သလိုလို မပြောချင်သလိုလို ၊ တော်တော်နှုတ်ဆိတ်နေနိုင်တဲ့ ကောင်လေး ၊ ဘာအကျင့်လေးမှန်းကို မသိဘူး"
"မောင်က နှုတ်ဆိတ်ပြီး မထုံတတ်တေးနေတယ် ?၊ ကျွန်တော်နဲ့တော့ မဟုတ်ပါဘူး ၊ မောင်က စကားတအားတတ်တယ် ၊ မေက စွာတယ် ၊ နှစ်ယောက်လုံး တစ်မျိုးစီ ချစ်ဖို့ကောင်းနေတာပဲ "
"မောင်ကဖြင့် တနေ့တနေ့ စကား ၁၀လံုးပြည့်အောင် မပြောပဲနဲ့များ "
"ပြောပါတယ်ဗျ ၊ ကြီးကြီးကတော့လေ တကယ့် လှတောသူပဲ "
လောင်းရိပ်က စလိုက်တော့ ကြီးကြီး မျက်စောင်းကြီးထိုးပြကာ ထမင်းကြော်ပန်းကန်ကို လောင်းရိပ်ရှေ့ချရင်း
"အပြောကို မခံဘူး.၊ မသိရင် သူ့ကလေးလား ကျနေတာပဲ တမောင်တည်းမောင်နေတာ "
ရွဲ့ကာစောင်းကာ ပြောရင်း အိမ်ရှေ့ပန်းပင်များဆီသို့ သွားလေတော့သည်။ လောင်းရိပ်လည်း ထမင်းကြော်သာ ကုန်အောင် စားနေလိုက်ပါတော့သည်။
.......
"မောင်...ဘာလုပ်နေတာလဲ "
မောင်တို့အိမ်ရှေ့ရှိ မြေပြင်တွင် ကုန်းကုန်းကွကွလုပ်နေသော မောင့်အား လောင်းရိပ်မေးလိုက်ပါသည်။
လောင်းရိပ် ဒီမှာနေတာ ၅ရက်မြောက်ရှိပြီ ဖြစ်သဖြင့် မောင်နှင့်မေတို့နှင့် အတော်ရင်းနှီးနေပြီ။ မေက လောင်းရိပ်ကို ကိုကိုလို့ခေါ်ပေမယ့် မောင်ကတော့ ဦးရိပ်လို့သာ ခေါ်စမြဲ။
"ပုရွက်ဆိတ်အိမ်ကလေးတွေ ကြည့်နေတာဗျ"
မောင်က မြေပြင်နေရာသို့ လက်ညှိုးထိုးပြလိုက်တော့ လောင်းရိပ်ကြည့်လိုက်သည်။မိုးရွာပြီးခါစမို့ မြေပြင်ပေါ်တွင် ထိုးထိုးထောင်ထောင်နှင့် ပုရွက်ဆိတ်အိမ်လေးများကို တွေ့ရသည်။
"ချစ်စရာလေးတွေပဲ "
"ဟုတ်တယ် ဒါပေမယ့် မိုးထပ်ရွာရင် သူတို့အိမ်လေး ပျက်ဆီးသွားမှာကို မသိပဲဆောက်နေကြတယ် "
"သဘာဝပေါ့ မောင်ရယ် ၊ ကိုယ်တို့လို လူတွေလည်း တစ်နေ့ခွဲရမယ်မှန်း သိရက်နဲ့ တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ထားသေးတာပဲ ၊ လက်မလွှတ်နိုင်ဘဲ ဆွဲထားကြသေးတာပဲလေ "
"ဦးရိပ်စကားတွေက တအားလူကြီးဆန်တာပဲ မောင်သိပ်နားမလည်ဘူး မောင်က မေလောက် သဘောပေါက်မလွယ်ဘူး ဦးရိပ်ရဲ့ ၊မောင့်ကိုတော့ ရှင်းရှင်းလင်းလင်းလေးဖြစ်တဲ့ ကလေးစကားပဲ ပြောပါဗျာ"
" မောင်ကလေ အရမ်း စကားတတ်တယ်"
"ဟုတ်လား... မောင် သူများတွေနဲ့ စကားအများကြီး မပြောဖူးလို့ မသိပါဘူးဗျာ ၊ ဦးရိပ်ကိုပဲ အများကြီးပြောဖူးတာ"
"ဒါဆို ကိုယ်က ကံကောင်းတာပေါ့"
"ဂုဏ်ယူလိုက်ပါ"
"အာ.. ဘယ်လိုလေးလဲ..အသည်းယားအောင် တအားပြောတတ်တာပဲ "
မောင့်ရဲ့ မတိုမရှည် ပျော့ပျော့ပျောင်းပျောင်း ဆံပင်လေးကို အားမပါသော အားလေးဖြင့် ဖွလိုက်ပြီး.လောင်းရိပ်ပြုံးနေမိသည်။
"မေကော မောင် ၊ မေ့ကို မေတွ့မိပါလား"
"မေကို မေမေနဲ့ ဖေဖေက စျေးကို ခေါ်သွားကြတယ် "
"မောင်က ဘာလို့ လိုက်မသွားတာလဲ "
"မောင့်ကို မခေါ်ဘူးလေဗျာ ၊ မောင်လည်း မလိုက်ချင်ပါဘူး ၊ လူတွေ အများကြီးထဲ လမ်းလျှောက်လိုက်ရတာ တအားမွန်းကြပ်နေတာပဲ ၊မေ့ကိုကျတော့ ဖေဖေက ချီိတယ်လေ "
"ဪ....ဒါဆို မောင်က အိမ်စောင့်တာပေါ့"
"ဟုတ်"
"ကိုယ်လည်း အတူတူပဲ အလည်သာလာခဲ့တာ အိမ်ပဲစောင့်နေရတယ် ဘယ်မှလည်း.မသွားရဘူး "
"ဘုရား မသွားရဘူးပေါ့ မောင်တို့မြို့က ဘုရားတွေက တန်ခိုးတအားကြီးတာ အေးလည်း အေးချမ်းတယ်၊ ပြီးတော့ ကြာကန် အကြီးကြီးလည်း ရှိတယ် ၊ စက်လှေလည်း စီးလို့ရတယ် ၊ ဘုရားပွဲပါရှိရင် ပျော်စရာကြီး၊ မြို့ထဲမှာ ရှိတဲ့ ဘွားဘွားအိမ်မှာ ညအိပ်ရင် အိမ် ဘေးမှာရှိတဲ့ ပိတ်ကားရုပ်ရှင်ရုံကြီးကိုလည်း သွားကြည့်လို့ရတယ် ၊ ဦးရိပ် မသွားရတာတော့ နှမျှောစရာကြီးပါဗျာ"
ဆေးရုံက မြို့၏ တောင်ဘက် မကျတကျတွင် ရှိ၍ မောင့်အဘွားနေသော အိမ်ရှိရာ မြို့လယ်ခေါင်ကို မြို့ထဲဟု ခေါ်ကြလေသည်။
"ဟုတ်ပါ့ကွာ ကိုယ့်မှာ မောင်တို့ဆီလာလိုက် တီဗွီကြည့်လိုက်နဲ့ "
"မောင်ကြီးလာရင် ဦးရိပ်ကို မောင့်တို့မြို့ နေရာအနှံ့လိုက်ပို့မယ် ၊အခုကတော့ မောင်က ကလေးပဲရှိသေးလို့ လမ်းပျောက်မှာကြောက်တယ်..... တကယ်တော့လေ မောင်က လမ်းတွေကို သိပ်မမှတ်နိုင်ဘူး၊လမ်းကွေ့တွေများပြီး ရှုပ်ရင်မေ့သွားကော...ဟီး"
မျက်လုံးလေးတွေ မှိတ်သွားအောင် ရယ်ရင်း ကိုယ့်အဖြစ်ကို သဘောကျနေသော မောင့်အား လောင်းရိပ် သဘောကျစွာ ပြုံးလိုက်ပါသည်။
ဖြူစင်လွန်းသည်။ ကလေးဘဝက တကယ် အေးချမ်းသည်။ မောင်လည်း မောင့်ကမ္ဘာလေးထဲမှာ ပျော်နေတာပဲ။
"ဒါဆို နောက်တစ်ခါ ကိုယ်ပြန်လာရင် မောင်က လိုက်ပို့ရမယ်နော်"
"ဦးရိပ်က ခဏခဏပြန်လာမှာလား "
"မသိသေးဘူး၊ ကိုယ်က ကျောင်းပြန်တက်ရတော့မှာ မောင်ရဲ့ "
"မောင်တို့လည်း တက်နေရတာ ၊ ဦးရိပ်က ဘယ်နှတန်းလဲဟင် ၊ မောင်က ၂တန်း"
"ကိုယ်က တက္ကသိုလ်တက်နေတာလေ"
"ဪ....ဦးရိပ်ကြီးလာရင် ဘာလုပ်မှာလဲဟင် "
မောင်ပြောလိုက်တဲ့ စကားလေးကြောင့် ပြံးမိပြန်ပါသည်။
မောင်နဲ့ တစ်နေ့လုံးသာ စကားပြောရလျှင် လောင်းရိပ်တော့ ပြုံးရလွန်း ၊ ရယ်ရလွန်း၍ ပါးပင်ညောင်းနိုင်သည်။
"ကိုယ်က ကြီးလာရင် ဆရာဝန်ကြီးလုပ်မှာ "
"ဒါဆို ဘဘဆရာဝန်ကြီးလို မောင်တို့မြို့ကိုပဲ လာခဲ့နော်"
"ဒါပေါ့ မောင်ရှိတဲ့ မြို့ကိုပဲ ကိုယ်ကလာခဲ့မှာ "
"ကတိနော်"
"ကတိပါဗျာ"
"မောင်က ကြီးလာရင် ဒီဆေးရုံထဲမှာ မုန့်ဆိုင်ဖွင့်မှာ"
"မောင်က ဆရာဝန်ကြီးတို့ အင်ဂျင်နီယာကြီးတို့ မဖြစ်ချင်ဘူးလား"
"ဟင့်အင်... အဲ့တာက မေလုပ်လိမ့်မယ်၊ မေကတော်တယ်၊ မောင်ကတော့ မုန့်ဆိုင်ပဲ ဖွင့်မှာ "
ရိုးရှင်းလှတဲ့ မောင့်ရဲ့စိတ်ကူးလေးကိုလည်း လောင်းရိပ်သဘောကျမိပြန်ပါပြီ။မောင်နဲ့ပတ်သတ်တာတွေ အကုန်ကို သဘောကျနေမိတော့တာပါပဲ ။
ပုရွက်ဆိတ်အိမ်ကလေးကိုပဲ ပြန်ကြည့်နေသော မောင့်ခေါင်းလေးအား လောင်းရိပ် လက်ကလေးဖြင့် ဖွဖွ ပွတ်ပေးလိုက်ပြီး မောင့်အား နူးညံ့စွာ ကြည့်နေမိတော့သည်။
...
မောင်ပြတဲ့ ပုရွက်ဆိတ်အိမ်လေးပါ
....**********************************
Zawgyi
"Hi ေမာနင္း ႀကီးႀကီး"
မနက္ခင္းရဲ႕ သာသာယာယာရွိတဲ့ေနေလး ။ ေလာင္းရိပ္ဒီကိုေရာက္တာ ၅ရက္ေတာင္ ရွိေတာ့မည္။
မနက္စာစားၿပီးလွ်င္ ေမာင္တို႔ဆီသြားမည္။ ေဖေဖက အၿမဲအလုပ္မ်ားသူျဖစ္၍ ၿမိဳ႕အႏွံ႕သို႔ လိုက္မပို႔နိုင္ ။ ေလာင္းရိပ္သာ ေဖေဖ့ဆီလိုက္ေနလွ်င္ တေန႕တေန႕ အိမ္ထဲမွာသာ ေနရ၍ ပ်င္းစရာ ေတာ္ေတာ္ေကာင္းေလာက္မည္။ ေမာင္နဲ႕ေမ ရွိ၍သာ ေတာ္ေတာ့သည္။
"သားေလာင္းရိပ္ နိုးလာၿပီးလား "
"ဟုတ္တယ္ ႀကီးႀကီး ၊ ကြၽန္ေတာ္ ဗိုက္ဆာတယ္ breakfast က ဘာေလးလဲ "
"မနက္ေစာေစာ စေတာ္ပဲျပဳတ္ကေလးသြားဝယ္ၿပီး ထမင္းၾကမ္းနဲ႕ ေၾကာ္ထားတာေတာ့ရွိတယ္ ၊ သားက ဘာစားခ်င္လဲ "
"အဲ့တာပဲ စားလိုက္ေတာ့မယ္ ၊ ဒါနဲ႕ ေဖေဖေကာ "
"ၿမိဳ႕နယ္အစည္းအေဝးတဲ့ ခုေလးတင္ ထြက္သြားတာ ၊ သားဘာလိုခ်င္လို႔လဲ "
"ေမးၾကည့္တာပါ ၊ ကြၽန္ေတာ္ေရာက္ကတည္းက ေဖေဖနဲ႕ စကားအမ်ားႀကီး.မေျပာရေသးဘူး ၊ တေန႕တေန႕ လုပ္စရာေတြပဲ ပုံေနတဲ့ပုံ"
"ဟုတ္တယ္ သားေရ ၊ မင္းအေဖကို ႀကီးႀကီးလည္း ေျပာပါတယ္ နည္းနည္းပါးပါးနားပါဥိီးဆိုတာကို ၊ သူက အဲ့အလုပ္မွာပဲ ေပ်ာ္ေနေတာ့ ႀကီးႀကီးလည္း တားမရပါဘူးကြယ္ "
"ႀကီးႀကီးေမာင္ပဲေလ ၊ ေခါင္းမာတာကေတာ့ ေမာင္ႏွမေတြပါလို႔ ေျပာစရာကို မလိုဘူး "
ေမေမက မေကြးမွာသာေနၿပီး ေဖေဖကေတာ့ ဒီနယ္ၿမိဳ႕ေလးမွာသာ အမျဖစ္တဲ့ ေဒၚခင္မ်ိဳးႏွင့္ အေနမ်ားသည္။ေဒၚခင္မ်ိဳးက ဒီၿမိဳ႕မွာသာ အိမ္ေထာင္က်ၿပီး ေမာင္ျဖစ္သူ စားေရးေသာက္ေရးအတြက္ စီမံေပးေလ့ရွိသည္။ အေမျဖစ္သူကလည္း ဆရာဝန္ ၊ အေဖျဖစ္သူကလည္း ဆရာဝန္ဆိုေတာ့ ေလာင္းရိပ္ပါ မိဘမ်ားကို အားက်မိၿပီး ရန္ကုန္ေဆးတကၠသိုလ္ကို ေလွ်ာက္လိုက္ရာ အခု ပထမႏွစ္ပင္ တက္ရေတာ့မည္။
ေမေမနဲ႕ ေဖေဖက ဆရာဝန္ခ်င္းတူေပမယ့္ ခံယူခ်က္ေတာ့မတူ။ ေဖေဖက ဆရာဝန္ တကယ္ လိုအပ္သည့္ ေနရာမ်ားသာ တာဝန္ထမ္းခ်င္ေသာ္လည္း ေမေမကေတာ့ တကၠသိုလ္ေဆး႐ုံႀကီးေတြ၌သာ ေအးေအးေဆးေဆး အလုပ္လုပ္လိုသည္။ ခံယူခ်က္ခ်င္းမတူေသာ ထိုႏွစ္ေယာက္ကေတာ့ သူတို႔ေနရာမွာ ေမြ႕ေလ်ာ္ေနၾကတာပင္ ။
"ႀကီးႀကီး ဒီခ်ိန္ ေမာင္တို႔ နိုးေလာက္ၿပီလား"
"နိုးေလာက္ၿပီ ၊ သားလည္း တေန႕တေန႕ ေမာင္နဲ႕ေမ ေမာင္နဲ႕ေမပဲ "
"ခ်စ္စရာေကာင္းတာကိုးဗ်"
"ေမေလးကေတာ့ ခ်စ္စရာေကာင္းပါတယ္ကြယ္ ေမာင္ကေတာ့ တအားၿငိမ္တယ္ ၊ တခါတေလ ရွိမွန္းေတာင္ မသိရဘူး ၊ ၿပီးေတာ့ ေမေလးကိုလည္း အနိုင္က က်င့္တတ္ေသး "
"ကေလးသဘာဝ ရန္ျဖစ္တာ ေနမွာပါ ႀကီးႀကီးရဲ႕ "
"မဟုတ္ေပါင္ေတာ္ ေမေလးက သူ႕ေၾကာင့္ ငိုရင္လည္း မေခ်ာ့ဘူး ၊ လူႀကီးေတြ ေမးလည္း မထုံတတ္ေတးနဲ႕ ေျပာခ်င္သလိုလို မေျပာခ်င္သလိုလို ၊ ေတာ္ေတာ္ႏႈတ္ဆိတ္ေနနိုင္တဲ့ ေကာင္ေလး ၊ ဘာအက်င့္ေလးမွန္းကို မသိဘူး"
"ေမာင္က ႏႈတ္ဆိတ္ၿပီး မထုံတတ္ေတးေနတယ္ ?၊ ကြၽန္ေတာ္နဲ႕ေတာ့ မဟုတ္ပါဘူး ၊ ေမာင္က စကားတအားတတ္တယ္ ၊ ေမက စြာတယ္ ၊ ႏွစ္ေယာက္လုံး တစ္မ်ိဳးစီ ခ်စ္ဖို႔ေကာင္းေနတာပဲ "
"ေမာင္ကျဖင့္ တေန႕တေန႕ စကား ၁၀လံုးျပည့္ေအာင္ မေျပာပဲနဲ႕မ်ား "
"ေျပာပါတယ္ဗ် ၊ ႀကီးႀကီးကေတာ့ေလ တကယ့္ လွေတာသူပဲ "
ေလာင္းရိပ္က စလိုက္ေတာ့ ႀကီးႀကီး မ်က္ေစာင္းႀကီးထိုးျပကာ ထမင္းေၾကာ္ပန္းကန္ကို ေလာင္းရိပ္ေရွ႕ခ်ရင္း
"အေျပာကို မခံဘူး.၊ မသိရင္ သူ႕ကေလးလား က်ေနတာပဲ တေမာင္တည္းေမာင္ေနတာ "
႐ြဲ႕ကာေစာင္းကာ ေျပာရင္း အိမ္ေရွ႕ပန္းပင္မ်ားဆီသို႔ သြားေလေတာ့သည္။ ေလာင္းရိပ္လည္း ထမင္းေၾကာ္သာ ကုန္ေအာင္ စားေနလိုက္ပါေတာ့သည္။
.......
"ေမာင္...ဘာလုပ္ေနတာလဲ "
ေမာင္တို႔အိမ္ေရွ႕ရွိ ေျမျပင္တြင္ ကုန္းကုန္းကြကြလုပ္ေနေသာ ေမာင့္အား ေလာင္းရိပ္ေမးလိုက္ပါသည္။
ေလာင္းရိပ္ ဒီမွာေနတာ ၅ရက္ေျမာက္ရွိၿပီ ျဖစ္သျဖင့္ ေမာင္ႏွင့္ေမတို႔ႏွင့္ အေတာ္ရင္းႏွီးေနၿပီ။ ေမက ေလာင္းရိပ္ကို ကိုကိုလို႔ေခၚေပမယ့္ ေမာင္ကေတာ့ ဦးရိပ္လို႔သာ ေခၚစၿမဲ။
"ပု႐ြက္ဆိတ္အိမ္ကေလးေတြ ၾကည့္ေနတာဗ်"
ေမာင္က ေျမျပင္ေနရာသို႔ လက္ညွိုးထိုးျပလိုက္ေတာ့ ေလာင္းရိပ္ၾကည့္လိုက္သည္။မိုး႐ြာၿပီးခါစမို႔ ေျမျပင္ေပၚတြင္ ထိုးထိုးေထာင္ေထာင္ႏွင့္ ပု႐ြက္ဆိတ္အိမ္ေလးမ်ားကို ေတြ႕ရသည္။
"ခ်စ္စရာေလးေတြပဲ "
"ဟုတ္တယ္ ဒါေပမယ့္ မိုးထပ္႐ြာရင္ သူတို႔အိမ္ေလး ပ်က္ဆီးသြားမွာကို မသိပဲေဆာက္ေနၾကတယ္ "
"သဘာဝေပါ့ ေမာင္ရယ္ ၊ ကိုယ္တို႔လို လူေတြလည္း တစ္ေန႕ခြဲရမယ္မွန္း သိရက္နဲ႕ တစ္ေယာက္ကိုတစ္ေယာက္ ဖက္တြယ္ထားေသးတာပဲ ၊ လက္မလႊတ္နိုင္ဘဲ ဆြဲထားၾကေသးတာပဲေလ "
"ဦးရိပ္စကားေတြက တအားလူႀကီးဆန္တာပဲ ေမာင္သိပ္နားမလည္ဘူး ေမာင္က ေမေလာက္ သေဘာေပါက္မလြယ္ဘူး ဦးရိပ္ရဲ႕ ၊ေမာင့္ကိုေတာ့ ရွင္းရွင္းလင္းလင္းေလးျဖစ္တဲ့ ကေလးစကားပဲ ေျပာပါဗ်ာ"
" ေမာင္ကေလ အရမ္း စကားတတ္တယ္"
"ဟုတ္လား... ေမာင္ သူမ်ားေတြနဲ႕ စကားအမ်ားႀကီး မေျပာဖူးလို႔ မသိပါဘူးဗ်ာ ၊ ဦးရိပ္ကိုပဲ အမ်ားႀကီးေျပာဖူးတာ"
"ဒါဆို ကိုယ္က ကံေကာင္းတာေပါ့"
"ဂုဏ္ယူလိုက္ပါ"
"အာ.. ဘယ္လိုေလးလဲ..အသည္းယားေအာင္ တအားေျပာတတ္တာပဲ "
ေမာင့္ရဲ႕ မတိုမရွည္ ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္း ဆံပင္ေလးကို အားမပါေသာ အားေလးျဖင့္ ဖြလိုက္ၿပီး.ေလာင္းရိပ္ၿပဳံးေနမိသည္။
"ေမေကာ ေမာင္ ၊ ေမ့ကို မေတြ႕မိပါလား"
"ေမကို ေမေမနဲ႕ ေဖေဖက ေစ်းကို ေခၚသြားၾကတယ္ "
"ေမာင္က ဘာလို႔ လိုက္မသြားတာလဲ "
"ေမာင့္ကို မေခၚဘူးေလဗ်ာ ၊ ေမာင္လည္း မလိုက္ခ်င္ပါဘူး ၊ လူေတြ အမ်ားႀကီးထဲ လမ္းေလွ်ာက္လိုက္ရတာ တအားမြန္းၾကပ္ေနတာပဲ ၊ေမ့ကိုက်ေတာ့ ေဖေဖက ခ်ီိတယ္ေလ "
"ဪ....ဒါဆို ေမာင္က အိမ္ေစာင့္တာေပါ့"
"ဟုတ္"
"ကိုယ္လည္း အတူတူပဲ အလည္သာလာခဲ့တာ အိမ္ပဲေစာင့္ေနရတယ္ ဘယ္မွလည္း.မသြားရဘူး "
"ဘုရား မသြားရဘူးေပါ့ ေမာင္တို႔ၿမိဳ႕က ဘုရားေတြက တန္ခိုးတအားႀကီးတာ ေအးလည္း ေအးခ်မ္းတယ္၊ ၿပီးေတာ့ ၾကာကန္ အႀကီးႀကီးလည္း ရွိတယ္ ၊ စက္ေလွလည္း စီးလို႔ရတယ္ ၊ ဘုရားပြဲပါရွိရင္ ေပ်ာ္စရာႀကီး၊ ၿမိဳ႕ထဲမွာ ရွိတဲ့ ဘြားဘြားအိမ္မွာ ညအိပ္ရင္ အိမ္ ေဘးမွာရွိတဲ့ ပိတ္ကား႐ုပ္ရွင္႐ုံႀကီးကိုလည္း သြားၾကည့္လို႔ရတယ္ ၊ ဦးရိပ္ မသြားရတာေတာ့ ႏွေမွ်ာစရာႀကီးပါဗ်ာ"
ေဆး႐ုံက ၿမိဳ႕၏ ေတာင္ဘက္ မက်တက်တြင္ ရွိ၍ ေမာင့္အဘြားေနေသာ အိမ္ရွိရာ ၿမိဳ႕လယ္ေခါင္ကို ၿမိဳ႕ထဲဟု ေခၚၾကေလသည္။
"ဟုတ္ပါ့ကြာ ကိုယ့္မွာ ေမာင္တို႔ဆီလာလိုက္ တီဗြီၾကည့္လိုက္နဲ႕ "
"ေမာင္ႀကီးလာရင္ ဦးရိပ္ကို ေမာင့္တို႔ၿမိဳ႕ ေနရာအႏွံ႕လိုက္ပို႔မယ္ ၊အခုကေတာ့ ေမာင္က ကေလးပဲရွိေသးလို႔ လမ္းေပ်ာက္မွာေၾကာက္တယ္..... တကယ္ေတာ့ေလ ေမာင္က လမ္းေတြကို သိပ္မမွတ္နိုင္ဘူး၊လမ္းေကြ႕ေတြမ်ားၿပီး ရႈပ္ရင္ေမ့သြားေကာ...ဟီး"
မ်က္လုံးေလးေတြ မွိတ္သြားေအာင္ ရယ္ရင္း ကိုယ့္အျဖစ္ကို သေဘာက်ေနေသာ ေမာင့္အား ေလာင္းရိပ္ သေဘာက်စြာ ၿပဳံးလိုက္ပါသည္။
ျဖဴစင္လြန္းသည္။ ကေလးဘဝက တကယ္ ေအးခ်မ္းသည္။ ေမာင္လည္း ေမာင့္ကမၻာေလးထဲမွာ ေပ်ာ္ေနတာပဲ။
"ဒါဆို ေနာက္တစ္ခါ ကိုယ္ျပန္လာရင္ ေမာင္က လိုက္ပို႔ရမယ္ေနာ္"
"ဦးရိပ္က ခဏခဏျပန္လာမွာလား "
"မသိေသးဘူး၊ ကိုယ္က ေက်ာင္းျပန္တက္ရေတာ့မွာ ေမာင္ရဲ႕ "
"ေမာင္တို႔လည္း တက္ေနရတာ ၊ ဦးရိပ္က ဘယ္ႏွတန္းလဲဟင္ ၊ ေမာင္က ၂တန္း"
"ကိုယ္က တကၠသိုလ္တက္ေနတာေလ"
"ဪ....ဦးရိပ္ႀကီးလာရင္ ဘာလုပ္မွာလဲဟင္ "
ေမာင္ေျပာလိုက္တဲ့ စကားေလးေၾကာင့္ ၿပံးမိျပန္ပါသည္။
ေမာင္နဲ႕ တစ္ေန႕လုံးသာ စကားေျပာရလွ်င္ ေလာင္းရိပ္ေတာ့ ၿပဳံးရလြန္း ၊ ရယ္ရလြန္း၍ ပါးပင္ေညာင္းနိုင္သည္။
"ကိုယ္က ႀကီးလာရင္ ဆရာဝန္ႀကီးလုပ္မွာ "
"ဒါဆို ဘဘဆရာဝန္ႀကီးလို ေမာင္တို႔ၿမိဳ႕ကိုပဲ လာခဲ့ေနာ္"
"ဒါေပါ့ ေမာင္ရွိတဲ့ ၿမိဳ႕ကိုပဲ ကိုယ္ကလာခဲ့မွာ "
"ကတိေနာ္"
"ကတိပါဗ်ာ"
"ေမာင္က ႀကီးလာရင္ ဒီေဆး႐ုံထဲမွာ မုန့္ဆိုင္ဖြင့္မွာ"
"ေမာင္က ဆရာဝန္ႀကီးတို႔ အင္ဂ်င္နီယာႀကီးတို႔ မျဖစ္ခ်င္ဘူးလား"
"ဟင့္အင္... အဲ့တာက ေမလုပ္လိမ့္မယ္၊ ေမကေတာ္တယ္၊ ေမာင္ကေတာ့ မုန့္ဆိုင္ပဲ ဖြင့္မွာ "
ရိုးရွင္းလွတဲ့ ေမာင့္ရဲ႕စိတ္ကူးေလးကိုလည္း ေလာင္းရိပ္သေဘာက်မိျပန္ပါၿပီ။ေမာင္နဲ႕ပတ္သတ္တာေတြ အကုန္ကို သေဘာက်ေနမိေတာ့တာပါပဲ ။
ပု႐ြက္ဆိတ္အိမ္ကေလးကိုပဲ ျပန္ၾကည့္ေနေသာ ေမာင့္ေခါင္းေလးအား ေလာင္းရိပ္ လက္ကေလးျဖင့္ ဖြဖြ ပြတ္ေပးလိုက္ၿပီး ေမာင့္အား ႏူးညံ့စြာ ၾကည့္ေနမိေတာ့သည္။
...
ေမာင္ျပတဲ့ ပု႐ြက္ဆိတ္အိမ္ေလးပါ