တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

180K 29K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၁၉)

2K 442 24
By zuriiiiii8

<အပျက်အစီးမရှိရင်တည်ဆောက်မှုရှိနိုင်
ဘူး>

ဝိဥာဥ်စွမ်းအင်များ ပါဝင်သော ကြာပွတ်ကလေထဲ၌ လွင့်ပျံလာပြီး ၎င်း၏ စွမ်းအားသည် ယခင်ကထက် ပိုအားကောင်းနေခဲ့၏။မိုးခြိန်းသံကဲ့သို့ အသံမျိုးကိုပင် လေထုထဲ၌
အနည်းငယ် ကြားနိုင်ပေသည်။

ကြာပွတ်လွင့်ပျံလာသည်ကိုကျန်းရီကမျက်
လုံးအပြူးသားဖြင့်ကြည့်နေခဲ့သော်လည်း
မျက်နှာအမူအယာကတော့လုံးဝဂရုမစိုက်သ
လိုစိတ်မဝင်စားဘဲတည်ငြိမ်နေဆဲပင်။၎င်းက
မိုက်ရူးရဲဆန်ပြီးသူရဲကောင်းလုပ်ပြခြင်းမ
ဟုတ်ဘဲသူ့နှလုံးသားအောက်ခြေမှဖြစ်ပေါ်
လာသောခံစားချက်အစစ်အမှန်သာဖြစ်၏။
အမှန်တကယ်ကိုဂရုမစိုက်ခြင်းဖြစ်ပေသည်။

နောက်ဆုံးစက္ကန့်ပိုင်းလေးအတွင်း၌ပုံရိပ်တစ်
ခုကသူ့ရှေ့သို့ရောက်လာပြီးလက်မောင်းများ
ဖြင့်ပွေ့ဖက်ရင်းကာကွယ်လိုက်၏။

ရှင်းပြရန်ပင်မလိုသောကြောက်ရွံ့မှုကြောင့်
ကျန်းရီ၏နှလုံးသားလေးခုန်ထွက်သွားသကဲ့
သို့မျက်ဝန်းအစုံလည်းပြူးကျယ်သွားခဲ့ရ
သည်။

"ဆရာတူအစ်ကို!"

"မင်း....."

ချူလျန်လည်းလန့်သွားခဲ့သည်။သာမာန်
အားဖြင့်ထိုပုံရိပ်လေးမှာဝမ်ရွှမ်သာဖြစ်နိုင်
၏။ကျန်းရီဘယ်လောက်ပဲတွန်းထုတ်ချင်ပါ
စေ၊ဝိဥာဥ်ကြာပွတ်ကိုချူလျန်ဘယ်လောက်ပဲပြန်ရုတ်သိမ်းချင်ပါစေအရာအားလုံးနောက်
ကျသွားခဲ့လေပြီ။ကြာပွတ်၏ထိပ်ဖျားပိုင်းက
ဝမ်ရွှမ့်နောက်ကျောကိုတိကျစွာရိုက်နှက်ခဲ့ပြီး
ဖြစ်လေသည်။

ဝမ်ရွှမ်ကနာနာကျင်ကျင်ညည်းညူလိုက်ရင်း
ဒူးနှစ်ဖက်လုံးကွေးကျသွားခဲ့ရသည်။ချက်
ချင်းဆိုသလိုမတ်တပ်ရပ်နိုင်စွမ်းပင်မရှိတော့ချေ။

ကျောပြင်ပေါ်ကျရောက်လာသောဝိဥာဥ်ကြာပွတ်ကဝမ်ရွှမ့်တစ်ကိုယ်လုံးကိုအလွန်ပူ
လောင်လှသောဆီပူအိုးဖြင့်လောင်းချလိုက်
သကဲ့သို့နာကျင်စေခဲ့သည်။ထိုနာကျင်မှုက
အဆက်မပြတ်ပျံ့နှံ့နေပြီးကြာပွတ်ထဲစီးဆင်း
နေသောဝိဥာဥ်စွမ်းအားကကွဲအက်နေသော
ကျောပြင်မှတစ်ဆင့်ထိုးဖောက်ဝင်ရောက်
သွားပြီးကိုယ်တွင်း၌အကြီးအကျယ်ပျက်စီး
မှုကိုဖြစ်စေကာအရေးကြီးစွမ်းအင်များလည်
ပတ်နေသောခန္ဓာကိုယ်လမ်းကြောင်းကိုညှဥ်း
ဆဲနေခဲ့သည်။

မည်သို့ပင်ဖြစ်စေကျန်းရီ၏ပခုံးများကိုတင်း
ကျပ်စွာပွေ့ဖက်ထားဆဲဖြစ်ပြီးထိုတိုက်ခိုက်မှုမှလုံးဝကာကွယ်ပေးခဲ့သည်။

"ဆရာတူအစ်ကို!"

ကျန်းရီကဝမ်ရွှမ့်ကိုအလျင်စလိုထိန်းလိုက်
ပြီးသူ့လက်ကိုပင်မည်သည့်နေရာတွင်ထား
သင့်မှန်းမသိတော့ဘဲထိတ်လန့်ကြောက်ရွံ့
စွာဖြင့်

"ဆရာအစ်ကို အစ်ကို....အစ်ကို...."

ဝမ်ရွှမ်ကမည်သို့မျှ​ပြန်မဖြေဘဲအံ့ကိုတင်း
တင်းကြိတ်လျက်နာကျင်မှုများကိုပို၍ကြံ့
ကြံ့ခံရန်အသင့်ဖြစ်နေခဲ့သည်။အလွန်ဒေါသ
ထွက်နေ​​သောဝိဥာဥ်ပျိုးစသူတော်စဥ်သခင်
၏ရိုက်ချက်ကဤမျှလောက်ရိုးရှင်းနေမည်
မဟုတ်ချေ။

သို့သော် ခဏကြာအောင်စောင့်ခဲ့သော်လည်း
တိုက်ခိုက်မှုကဤမျှလောက်ဖြင့်ပြီးဆုံးသွား
သကဲ့သို့နောက်ဆက်တွဲနာကျင်မှုကိုမခံစားရ
ပေ။နောက်ဆုံးတွင်တော့ဝမ်ရွှမ်ကကျန်းရီ၏
ဗျာများရင်းတသိမ့်သိမ့်တုန်နေသောလက်ကိုဆုပ်ကိုင်လျက်ခေါင်းခါ​ပြီးနှစ်သိမ့်သောအ
ပြုံးတစ်ခုပြုံးပြလိုက်၏။

ထို့နောက်မှော်စွမ်းအင်ကိုသုံးကာသူ့ကျော
ပြင်မှအက်ကွဲနေသောဒဏ်ရာကိုကုစားလိုက်
သည်။နောက်ပြန်လှည့်ကြည့်မိရာချူလျန်က
နဂိုအတိုင်းရပ်နေဆဲဖြစ်ကြောင်းတွေ့လိုက်
ရ၏။ချူလျန်ကတင်းကျပ်စွာပွေ့ဖက်ထားသောသူတို့နှစ်ဦးကိုမျက်တောင်မခတ်တမ်း
ကြည့်နေပြီးဝမ်ရွှမ့်ကျောပြင်မှကြောက်မက်
ဖွယ်ရာဒဏ်ရာကိုလည်းစူးစိုက်ကြည့်နေခဲ့
သည်။ချူလျန်၏မျက်နှာအရောင်ကားပြို
တော့မည့်မိုးလိုမည်းမှောင်သွားခဲ့လေသည်။

ကျန်းရီကိုနှစ်သိမ့်ရန်အက်ကွဲနေသောကျော
ပြင်ကိုမှော်စွမ်းအင်သုံး၍ချောမွတ်သော
အရေပြားဖြစ်အောင်ပြန်ချုပ်ပြီးသည့်အချိန်
မှချူလျန်၏အမူအယာလည်းပြေလျော့သွား
ခဲ့သည်။

အသေအချာကြည့်မိရာချူလျန်၏ပါးစပ်
ထောင့်၌သွေးများစီးကျနေသည်ကိုတွေ့လိုက်ရ၏။

နားမလည်ခင်တစ်ခဏလောက်ဝမ်ရွှမ်အံ့သြ
သွားရသည်။သူ့အားရိုက်နှက်စဥ်ကဝိဥာဥ်ကြာပွတ်၌ပြင်းထန်သောစွမ်းအားများပါဝင်
ပြီးနောက်ဆက်တွဲအကျိုးဆက်ကယခုကဲ့သို့
မြန်ဆန်လှသည်မှာအံ့သြစရာပင်မလိုချေ။ချူလျန်ကတိုက်ခိုက်မှုကိုအတင်းအကျပ်ပြန်ဆင့်ခေါ်ပြီးသူ့ကိုယ်သူအထိခိုက်ခံကာအဆုံး
သတ်ခဲ့သည်။

ဤနေရာတွင်ရှိနေသောအခြားတစ်ယောက်အနေနှင့်ဂိုဏ်းချုပ်ကျီဇီအန်းကတော့ဝမ်ရွှမ်
လှည့်ကြည့်လိုက်သည့်အချိန်မှသာသူ့မျက်
နှာပေါ်၌စိုးရိမ်သောအမူအယာတစ်ချို့ပေါ်
လာခဲ့၏။

ဝမ်ရွှမ်မနေနိုင်ဘဲသက်ပြင်းချလိုက်မိသည်။
ဤရိုက်ချက်ကိုသူကာဆီးလိုက်ရခြင်းက
မသိစိတ်၏လှုံ့ဆော်မှုကြောင့်ရုတ်တရက်လှုပ်ရှားမိလိုက်ခြင်းဖြစ်၏။ရိုက်နှက်ခံရပြီး
နောက် ကိစ္စအားလုံးကိုပို၍ပင်ရှင်းရှင်းလင်း
လင်းသဘောပေါက်သွားရတော့သည်။

သူ့အပေါ်ကျန်းရီရဲ့ရိုးသားတဲ့လေးစားမှုတွေ
အကြောင်းတော့ပြောစရာတောင်မလိုပါဘူး။
ဂိုဏ်းချုပ်ကျီဇီအန်းရဲ့တုံ့ပြန်မှုကိုလည်းဘေး
ဖယ်ထားလိုက်ရင် သူ့ရဲ့ဆရာချူလျန်က....

ချူလျန် ဂိုဏ်းမှမထွက်ခွာခင်ဝမ်ရွှမ်သည်သူ
နှင့်အတူအချိန်တစ်ချို့ကြာအောင်အတူနေခဲ့ဖူး၏။ချူလျန့်အပေါ်ကြောက်ရွံ့သောခံစားချက်မျိုးဝမ်ရွှမ်အမြဲတမ်းခံစားခဲ့ရသည်။သူတော်စဥ်သခင်ချူလျန်၌အလွန်ပေါက်ကွဲလွယ်သောစိတ်နေစိတ်ထားမျိုးရှိသည်ကိုတံခွန်တိမ်တိုက်မှလူတိုင်းသိကြပြီးအလွန်စိတ်ပြောင်းလွယ်ကာပေါင်းရသင်းရလည်းခက်သေးသည်။သူတော်စဥ်သခင်ယဲ့လဲကျသွားသည့်အချိန်၌ချူလျန်၏အခြေအနေကပိုဆိုးလာပြီးသူ၏ပြေးမလွတ်သောသား
ကောင်ကဲ့သို့သဘောထားကာတွေ့သမျှလူတိုင်းကိုဆုတ်ဖြဲပစ်တတ်၏။

ထိုကဲ့သို့သူတော်စဥ်သခင်ကမည်သို့ပင်ဖြစ်
စေဝမ်ရွှမ့်ကိုတော့တစ်ဦးတည်းသောတပည့်
အဖြစ်လက်ခံခဲ့သည်။

အမှန်ပဲ....ချူလျန်ကဝမ်ရွှမ့်ကိုသဘောမကျ
ဘူး အဲ့ဒီသဘောမကျမှုကိုလည်းဘယ်တုန်း
ကမှမဖုံးကွယ်ခဲ့ဘူး။အဆုံးသတ်မှာတော့သူကဝမ်ရွှမ့်ရဲ့ဆရာပဲ ဝမ်ရွှမ့်အပေါ်ခံစားချက်
တစ်ချို့တော့ရှိရမယ် ဒါမှမဟုတ်ရင် အဲ့ဒီအ
ချိန်တုန်းကသူဘာကြောင့်များဝမ်ရွှမ့်ကိုတ
ပည့်အဖြစ်လက်ခံမိပါ့မလဲ?

"ဆရာ"

ဝမ်ရွှမ်ကအသံနှိမ့်ရင်းမေးလိုက်၏။

"ဆရာတကယ်တော့.....ကျွန်တော့်ကိုဂရုစိုက်
နေတုန်းပဲမဟုတ်လား?"

ဤစကားကိုကြားလိုက်ရသောအခါချူလျန်
၌မကောင်းသောအသီးတစ်ခုစားမိသကဲ့သို့
ရွံရှာအော့အန်သောအမူအယာမျိုးချက်ချင်းပေါ်လာလေသည်။

ဆန့်ကျင့်ဘက်အနေဖြင့် ဝမ်ရွှမ်ကတော့ထိုတုံ့
ပြန်ချက်မှတိကျသောအ​ဖြေတစ်ခုရခဲ့သလို
ပြုံးလိုက်၏။

ဘေးဘက်တွင်တော့ကျန်းရီကအလွန်ထိတ်
လန့်ကြောက်ရွံ့နေသောမျက်နှာထားဖြင့်
ဝမ်ရွှမ့်လက်မောင်းများကိုတင်းကျပ်စွာဆုပ်
ကိုင်ထားဆဲပင်။

ဝမ်ရွှမ်စိတ်ပိုင်းဖြတ်ထားသည့်ဆုံးဖြတ်ချက်
ကိုယုံကြည်ရန်သတ္တိရှိစေသောခွန်အားမျိုး
ပေးနိုင်သည့်လက်ဖဝါးကဲ့သို့ကျန်းရီ၏လက်ကိုပြန်ဆုပ်ကိုင်လိုက်၏။

အပျက်အစီးမရှိရင်တည်ဆောက်မှုမရှိနိုင်ဘူး အပျက်အစီးမရှိရင်တည်ထောင်မှုမရှိနိုင်
ဘူး.....

"ဆရာ"

"ဆရာတူညီလေးကျန်းကဒီနှစ်မှဂိုဏ်းကို
ရောက်လာတဲ့တပည့်လေးပါ သူကဆရာ့ကို
စိတ်ဆိုးအောင်လုပ်ခဲ့မိရင်တောင် ဒီထက်ပို
ပြီးသေသေချာချာမသိလို့ပါ ဒီကိစ္စအတွက်
နဲ့တော့သူ့အသက်ကိုနှုတ်ယူစရာအကြောင်း
မရှိပါဘူး"

"အဟက်...အခုချိန်မှာဒီနည်းလမ်းနဲ့ဆွေးနွေး
ဖို့မင်းအတွက်အချိန်တွေပိုနေသေးတယ်ပေါ့?"

ချူလျန်၏အေးစက်စက်အပြုံးကပြန်ပေါ်
လာခဲ့သည်။

"အခုလေးတင်ငါမင်းကိုရွေးချယ်စရာပေးခဲ့
တယ် မင်းဆုံးဖြတ်ချက်ချပြီးပြီလား?"

"ဆုံးဖြတ်ပြီးပါပြီ"

ချူလျန်၌မထင်မှတ်ထားသောအကြည့်မျိုး
ပေါ်လာခဲ့သည်။စိတ်ဝင်စားပုံရကာနှုတ်ခမ်း
များကိုစေ့ထားရင်းဝမ်ရွှမ်ဆက်ပြောလာမည့်
စကားများကိုစောင့်နေ၏။

ဝမ်ရွှမ်အလွန်နှေးကွေးစွာပြောခဲ့သည်။ကြီး
မားသောချို့ယွင်းချက်ရှိသည့်နည်းလမ်းဖြင့်
ယွမ်စုစည်းခြင်းအဆင့်ထိရောက်ရန်ခက်ခဲခဲ့
ပြီးထိုနည်းလမ်းကိုရရန်အားစိုက်ထုတ်ခဲ့ရ
ကာအချိန်ကြာမြင့်စွာလည်းအသုံးပြုခဲ့၏။
ယခုအချိန်တွင်ထိုကျင့်ကြံခြင်းနည်းလမ်းကိုစွန့်ပစ်ရတော့မည်ဖြစ်ပြီးအတော်ခက်ခဲသောရွေးချယ်မှုတစ်ခုဖြစ်ခဲ့သည်။မည့်သို့ပင်ဖြစ်စေအဆုံးသတ်တွင်တော့ဤစကားကိုသာသူပြောခဲ့သည်။

"တပည့် အခြေခံတည်ထောင်ခြင်းအဆင့်ကို
ပြန်သွားဖို့ဆန္ဒရှိပါတယ်"

ချူလျန်ကရယ်လိုက်ပြီးမျက်နှာအမူအယာ
သည်လည်းတဖြည်းဖြည်းပို၍ပင်ပြေလျော့
လာခဲ့သည်။

"ဒါပေမယ့်တပည့်ကအခြေခံတည်ထောင်
ခြင်းအဆင့်မှာပဲအသက်ကြီးပြီးမသေသွား
ချင်ဘူး "

ဝမ်ရွှမ်ဆက်ပြောလိုက်၏။

"အခြေခံတည်ထောင်ခြင်းအဆင့်ကိုပြန်သွား
တာက...အနာဂတ်မှာပိုတိုးတက်အောင်ကြိုး
စားဖို့အတွက်ပါ"

"မင်း...."

ချူလျန်၏ပါးပြင်သည်တွန့်ကွေးသွားခဲ့ရ
သည်။

ချူလျန်ဒေါသမထွက်ခင်ဝမ်ရွှမ်ကလက်တစ်
ဖက်ကိုအသုံးပြုကာသူ့လက်ကောက်ဝတ်ကို
ဆွဲဆိတ်လိုက်၏။ဤအချိန်၌ဝမ်ရွှမ်ကချူ
လျန့်မျက်ဝန်းများကိုသာတည့်တည့်စူးစိုက်ကြည့်နေခဲ့သည်။

ဝမ်ရွှမ်ကသူ၏လက်ကောက်ဝတ်မှအရေး
ကြီးစွမ်းအင်များစီးဆင်းနေသောဝိဥာဥ်ကြော
ကိုဖမ်းယူပြီးကြမ်းကြမ်းတမ်းတမ်းဆွဲထုတ်
လိုက်၏။ချက်ချင်းပင် ဝမ်ရွှမ့်တစ်ကိုယ်လုံး
တုန်လှုပ်သွားပြီးနှုတ်ခမ်းထောင့်မှသွေးများ
စီးကျလာခဲ့သည်။

ဆွဲထုတ်ပြီးနောက်ဝမ်ရွှမ့်ခန္ဓာကိုယ်အတွင်းမှ
ဝိဥာဥ်စွမ်းအားများကဖရိုဖရဲဗြောင်းဆန်လာ
ပြီးဝိဥာဥ်ရောင်ခြည်လည်းယိမ်းယိုင်လာခဲ့
သည်။ယွမ်စုစည်းခြင်းအဆင့်မှအခြေခံတည်
ထောင်ခြင်းအဆင့်သို့တဖြည်းဖြည်းကျဆင်း
လာခဲ့လေသည်။

ချူလျန်၏အကူအညီတောင်မလိုဘဲကိုယ်ပိုင်
ယွမ်စုစည်းခြင်းအဆင့်ကိုဝမ်ရွှမ်ကိုယ်တိုင်
ဖြိုဖျက်ခဲ့လေပြီ။

ဤအဖြစ်အပျက်ကိုဘေးဘက်မှရပ်ကြည့်နေ
သောကျီဇီအန်းကလက်သီးကျစ်ကျစ်ဆုပ်
ထားပြီးသူ၏နှဖူးပေါ်မှသွေးကြောများသည်
လည်းဒေါသစိတ်ကြောင့်ပေါက်ထွက်တော့
မည့်အလား။

တစ်ချိန်တည်းမှာပင်ဝမ်ရွှမ်ကတော့ချူလျန်
၏မျက်လုံးများကိုသာမလှုပ်မယှက်ဖြောင့်
ဖြောင့်တန်းတန်းစူးစိုက်ကြည့်နေခဲ့သည်။

ဤသည်မှာသိမ်မွေ့သောဟန်အမူအယာပင်
တည်း။သူ့လက်ကောက်ဝတ်မှခံစားချက်က
ပြင်းထန်ခိုင်မာလှသော်လည်းစကားတစ်ခွန်း
မျှမပြောခဲ့ပေ။သို့သော်လည်း သူ့အကြည့်က
တော့လက်တွေ့တွင်သိသာထင်ရှားလှသော
အသနားခံနေမှုဖြစ်၏။ပြောစရာမလိုတော့
သောတစ်စုံတစ်ရာအတွက်ဤမျှဆန်းကြယ်
သောအစွမ်းသတ္တိကိုသုံးရင်းအသနားခံခဲ့
ခြင်ဟးပင်။

သူဒီလိုဆုံးဖြတ်ချက်ချခဲ့​တဲ့အကြောင်းအ
ရင်းရဲ့ပထမတစ်ချက်ကကျန်းရီရဲ့ဝေဖန်ပိုင်း
ခြားနိုင်စွမ်းကိုယုံကြည်လို့ပဲ။နောက်တစ်ချက်
ကတော့ချူလျန်အပေါ်ထားရှိတဲ့သူ့ရဲ့ယုံ
ကြည်ချက်ကြောင့်ပေါ့။အဆုံးသတ်မှာတော့
ချူလျန်ကသူ့ရဲ့အသနားခံမှုကိုတုံ့ပြန်လာ
လိမ့်မယ်လို့ယုံကြည်ချင်တယ်။

ချူလျန့်အတွက်တော့ဝမ်ရွှမ့်အကြည့်မှတစ်
ဆင့်အခြားလူတစ်ယောက်ကိုကြည့်နေရသလိုခံစားရ၏။သိပ်မကြာခင်ကစုံစမ်းမေးမြန်းသံသည်လည်းခေါင်းထဲ၌ပဲ့တင်ထပ်နေပြီးနှလုံးသားကိုအဆက်မပြတ်မေးနေခဲ့လေ
သည်။

-လက်ရှိအခြေအနေကို ယဲ့ရှန်းကော မြင်သွား
ရင်ရော သူကျေနပ်နေမယ်လို့ထင်လား?

"ဟားဟားဟား"

အဆုံးသတ်တွင်ချူလျန်ကအေးစက်စက်သာ
ရယ်မောခဲ့သည်။အမိန့်နာခံစွာဖြင့်အခြေခံတည်ထောင်ခြင်းအဆင့်သို့ပြန်ဆင်းခဲ့သော
တပည့်ဖြစ်သူကိုတစ်ချက်လေးတောင်လှည့်ကြည့်ချင်စိတ်မရှိတော့သကဲ့သို့ဝတ်ရုံလက်
အနားစကိုပေါ့ပါးစွာခါလျက်ကျောက်ဂူသို့ပြန်ရန်ဦးတည်ရာကိုလှည့်လိုက်၏။

ဝမ်ရွှမ့်အမြင်အာရုံများဝေဝါးလာခဲ့သည်။သူ့
လက်ကောက်ဝတ်ကိုလွှတ်လိုက်သည်နှင့်
ခန္ဓာကိုယ်တစ်ခုလုံးအတွင်းမှစွမ်းအားများကအထိန်းအကွပ်မဲ့စွာအင်အားချိနဲ့လာခဲ့သည်။ဤအခိုက်အတန့်၌ပါးစပ်အပြည့်သွေးများရုတ်တရက်အန်ထုက်လာခဲ့လေသည်။

"ဆရာတူအစ်ကို!!"

ကျန်းရီကအတိတ်တလန့်အော်ဟစ်လိုက်၏။

ချူလျန်ကထိုအော်ဟစ်သံကိုကြားသွားပြီး
လှည့်ကြည့်လာ၏။ဝမ်ရွှမ့်မျက်နှာအရောင်ကပုံမှန်မဟုတ်တော့ဘဲနီမြန်းလာကာပါးစပ်
အပြည့်သွေးများတစ်ပွက်ပြီးတစ်ပွက်အန်
ထုတ်နေခဲ့သည်။စက္ကန့်အနည်းငယ်အကြာ
တွင်သတိလစ်သွားပြီးဝမ်ရွှမ့်မျက်ဝန်းများ
မှိတ်သွားရလေတော့သည်။

ကျန်းရီအလွန်အမင်းကြောက်လန့်သွားပြီး
ဝမ်ရွှမ့်လက်များကိုအလျင်စလိုဆုပ်ကိုင်ကာသူဘာလုပ်သင့်သည်ကိုဦးနှောက်အား
ကတိုက်ကရိုက်အလုပ်ပေးလိုက်၏။

တစ်ချိန်တည်းမှာပင်ချူလျန်ကလျင်မြန်စွာ
ပြန်ပြေးလာခဲ့ပြီးကျန်းရီကိုဘေးဘက်သို့
ကြမ်းကြမ်းတမ်းတမ်းဆောင့်တွန်းကာဝမ်ရွှမ့်
လက်ကောက်ဝတ်ကိုဆွဲယူလိုက်၏။၎င်းကို
ထိလိုက်သည်နှင့်လက်ရှိဖြစ်ပျက်နေသော
အခြေအနေများကိုသဘောပေါက်သွားရ
တော့သည်။

ကိစ္စအလုံးစုံမှာအလွန်ပြင်းထန်လှသောဝိဥာဥ်ကြာပွတ်၏ရိုက်ချက်ကြောင့်ပင်။ဒဏ်ရာကို
အပြင်ပန်းကုစားခဲ့သော်လည်းကြာပွတ်​၏
ဝိဥာဥ်စွမ်းအားကတော့ခန္ဓာကိုယ်ထဲတွင်ရှိနေ
ဆဲဖြစ်၏။ထိုအခိုက်အတန့်မှာပင်ဝမ်ရွှမ်က
ကိုယ်ပိုင်ယွမ်စုစည်းခြင်းအဆင့်ကိုဖြိုဖျက်ခဲ့
ခြင်းကြောင့်ကိုယ်ပိုင်ဝိဥာဥ်စွမ်းအားများ
လည်းဗြောင်းဆန်လာခဲ့သည်။မတူကွဲပြား
သောဝိဥာဥ်စွမ်းအင်နှစ်ခုကဝမ်ရွှမ့်ကိုယ်ထဲ
သို့ဝင်ရောက်စီးဆင်းခြင်းကြောင့်ရလဒ်အနေဖြင့်ယခုလိုအခြေအနေမျိုးဖြစ်သွားရခြင်းပင်။

ချူလျန်က"မင်း.. အရူးကောင်"ဟူ၍အမှန်တ
ကယ်ကျိန်ဆဲချင်သော်ငြားသူ့၌ကျိန်ဆဲရန်ပင်အချိန်မရှိတော့ချေ။ယခုအချိန်တွင်ဝမ်ရွှမ့်
အခြေအနေကအလွန်အမင်းစိုးရိမ်ရသော
အနေအထားမျိုးဖြစ်နေခဲ့သည်။တိကျမှန်
ကန်စွာမရင်ဆိုင်ပါကဝမ်ရွှမ့်အသက်ကိုဤ
နေရာတွင်ဆုံးရှုံးရတော့ပေမည်။

ချူလျန်ကဝမ်ရွှမ်ကိုလျင်မြန်စွာပွေ့ချီလိုက်
ပြီးသူ့တင်ပါးမီးလောင်နေသကဲ့သို့တောင်
ထွတ်ဆီပျံသန်းလိုက်လေသည်။

ကျန်းရီသည်လည်းအနောက်မှပြေးလိုက်ချင်
သော်ငြားချူလျန်၏ဝတ်ရုံအနားစကိုပင်မထိ
နိုင်ခဲ့။

ခြေလှမ်းအနည်းငယ်လောက်သာပြေးလိုက်
ခဲ့ပြီးရပ်တန့်လိုက်သည်။သူ့နှလုံးသားထဲ
၌အလိုမကျ၊စိတ်မကျေနပ်မှုများဖြင့်ပြည့်နှက်နေပြီးလက်သီးကျစ်ကျစ်ဆုပ်မိ၏။သို့
သော်လည်းခေတ္တအကြာတွင်သူ့စိတ်နေစိတ်
ထားကပြောင်းလဲသွားပြီးကျယ်လောင်စွာ
အော်ရယ်လိုက်လေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်ကတော့နောက်တစ်
ကြိမ်ပြောင်းလဲသွားပြန်ပြီပဲ"

ကျန်းရီကပြုံးရင်းတိတ်ဆိတ်စွာပြောခဲ့၏။

နောက်ပြန်လှည့်ကြည့်မိရာကျီဇီအန်းကနဂို
နေရာတွင်ရပ်နေဆဲဖြစ်ပြီးမကောင်းသော
ရည်ရွယ်ချက်များဖြင့်ကျန်းရီကိုကြည့်နေခဲ့
သည်။

ကျီဇီအန်း၏မျက်နှာကမည်းမှောင်နေပြီးဤ
မျှကြာအောင်သူအကွက်ချစီစဥ်ခဲ့သောကိစ္စ
ကအသီးမသီးဘဲဆုံးရှုံးသွားရလေပြီ။လက်
တွေ့တွင်ဒေါသစိတ်ကြောင့်ရူးမတတ်ခံစား
နေရသည်။ကောင်းသောအချက်သည်ကားသူ့နှလုံးသားထဲမှဒေါသနှင့်မကျေနပ်ချက်များကိုဖြေဖျောက်ရန်ကျန်းရီတစ်ယောက်တော့ဤနေရာတွင်ရှိနေသေး၏။

"အတွင်းဆောင်ကိုဒီနေ့ပဲမင်းရောက်လာပြီး
တော့ အခုအရမ်းရဲတင်းနေတယ်ပေါ့ အကြီး
အကဲတွေကိုလည်းတအားမထီမဲ့မြင်လုပ်
လွန်းတယ် သေဒဏ်လောက်တော့မလိုအပ်
​ပေမယ့်မင်းအပြစ်ကနေရှင်လျက်လွတ်မယ်လို့များထင်နေလား?"

ကျန်းရီကပြုံးပြလိုက်ပြီး

"ဂိုဏ်းချုပ်ကြိုက်သလိုအပြစ်ပေးနိုင်ပါတယ်"

ဤအခိုက်အတန့်၌တိုင်ယွင်တောင်ထွတ်တွင်
တော့ချူလျန်ကကိုယ်ပိုင်ကျောက်ဂူမှအဝင်
တံခါးကိုဆောင့်ကန်လျက်ဝမ်ရွှမ့်ကိုအိပ်ယာ
ပေါ်တင်လိုက်၏။

အချိန်အတန်ကြာဂရုစိုက်ပြီးနောက်ဝမ်ရွှမ့်အ
ခြေအနေကတည်ငြိမ်လာခဲ့သည်။သို့သော်
လည်းဝမ်ရွှမ်ကအသိစိတ်ကင်းမဲ့လျက်သတိ
လစ်နေဆဲပင်။

"ဒီမှာမင်းဘယ်သူ့ကိုခြောက်လှန့်ဖို့ကြိုးစား
နေတာလဲ?"

ချူလျန်ကဝမ်ရွှမ့်ကိုကျယ်လောင်စွာကျိန်ဆဲ
လိုက်၏။

"မင်းရဲ့ဆန္ဒကိုဒီလိုမျိုးရမယ်လို့များထင်နေ
လား? ဒီကိစ္စကြောင့်ငါ့ရဲ့ဆုံးဖြတ်ချက်က
ယိမ်းယိုင်သွားမယ်လို့ထင်နေတာလား?မင်း
ကိုယ်မင်းတော်လှပြီလို့ထင်မနေနဲ့!အခြေခံ
တည်ထောင်ခြင်းအဆင့်မှာပဲအသက်ကြီးပြီး
သေလိုက်စမ်းပါ!ဆက်ပြီးတိုးတက်အောင်ကြိုးစားချင်တယ်ပေါ့?အဲ့ဒီအကြောင်းကိုတွေးတောင်တွေးမနေ​နဲ့!"

ချူလျန်ကဤကဲ့သို့တစ်ခွန်းပြီးတစ်ခွန်းမရပ်
မနားကျိန်ဆဲနေခဲ့သည်။သို့သော် ဝမ်ရွှမ်က
တော့တစ်ချိန်လုံးသတိလစ်နေပြီးအနှီကျိန်ဆဲသံတစ်ခွန်းကိုပင်မကြားနိုင်ခဲ့ပေ။

ဤလုပ်ရပ်ကအတော်ရယ်စရာကောင်းမှန်း
ချူလျန်သတိထားမိချိန်တွင်တော့အချိန်တစ်နာရီတောင်ကုန်ခဲ့လေပြီ။

ချူလျန်သည်နောက်ဆုံးတွင်တည်ငြိမ်သွား
ပြီးစကားတစ်ခွန်းမျှမဆိုတော့ဘဲဝမ်ရွှမ့်၏
မှိတ်ထားသောမျက်ဝန်းများကိုသာကြည့်
လိုက်သည်။ကျိန်ဆဲခြင်းကိုရပ်ပြီးနောက်အကူအညီမဲ့သွားသလိုခံစားရပြီးဘာဆက်လုပ်သင့်မှန်းတောင်မသိတော့ပေ။

ဝမ်ရွှမ့်အိပ်ယာနံဘေး၌အချိန်အတန်ကြာမတ်
တပ်ရပ်နေခဲ့ပြီးမိတ်ဆွေဟောင်းတစ်ဦးနှင့်
ဆင်တူသောဝမ်ရွှမ့်မျက်နှာလေးကိုကြည့်နေခဲ့သည်။ခဏအကြာတွင်ခါးသက်သက်ရယ်
လိုက်ပြီး

" ရှန်းကော..ငါတကယ်ပဲဆုံးဖြတ်ချက်မှားခဲ့ပြီလား?"

ဤမေးခွန်းကတော့ဖြေသူမဲ့။

ချူလျန်၏နားရွက်ဖျားများရုတ်တရက်လှုပ်
ခတ်သွားခဲ့သည်။တိုင်ယွင်တောင်ထွတ်သို့
တစ်စုံတစ်ယောက်ရောက်လာကြောင်းခံစား
မိပြီးပြတင်းပေါက်သို့ကြည့်လိုက်၏။

ဤတစ်ကြိမ်တွင်တော့မျိုးဆက်သစ်ကျင့်ကြံ
သူနှစ်ဦးဖြစ်ပေသည်။ထိုနှစ်ဦးမှာကျီဇီအန်း
၏တပည့်ဖြစ်သောကျန်းရှောင်ချင်းနှင့်ရှီပုဟွေ့ပင်။သူတို့ဆရာ၏ညွှန်ကြားချက်ကိုနာ
မခံဘဲချူလျန်ရှေ့မှောက်ဒူးထောက်ရန်ဖြူ
ဖပ်ဖြူလျော်မျက်နှာမျိုးဖြင့်တောင်ထွတ်ပေါ်
တက်လာခဲ့ကြသည်။

"ဆရာတူဦးလေးချူ  ဆရာတူအစ်ကိုဝမ်က
ဆရာ့ကိုဘယ်လိုဒေါသထွက်အောင်လုပ်ခဲ့မိမှန်းတပည့်တို့မသိပေမယ့်...ဒီတစ်ကြိမ်တော့
သူ့ကိုခွင့်လွှတ်ပေးပါ။ဆရာတူအစ်ကိုဝမ်က
ဆရာ့ကိုအမြဲတမ်းနက်နက်ရှိုင်းရှိုင်းလေးစား
ခဲ့ပါတယ် သေချာပေါက်သူရည်ရွယ်ချက်ရှိရှိ
လုပ်ခဲ့တာမဟုတ်ပါဘူး"

ဝမ်ရွှမ် အခြေခံတည်ထောင်ခြင်းအဆင့်သို့
ပြန်ကျသွားသည့်ကိစ္စကတံခွန်တိမ်တိုက်တစ်ဂိုဏ်းလုံးပျံ့နှံ့သွားပြီးအကြောင်းအရင်းကိုတော့သူတို့မသိကြပေ။သူတို့သိသည်က
တော့'ချူလျန်၏အမိန့်ကြောင့်'ဟူ၍ပင်။

"ဆရာတူအစ်ကိုဝမ်ကအမြဲတမ်းအရမ်းကို
ကြိုးစားခဲ့တာပါ"

ပုံမှန်အားဖြင့်ကျန်းရှောင်ချင်းသည်ချူလျန့်ကိုအရမ်းကြောက်သော်လည်းဤတစ်ကြိမ်
တွင်တော့တစ်ကိုယ်လုံးတုန်နေသည့်ကြားမှ
ထိုစကားများကိုကျယ်လောင်ပြတ်သားစွာ
ပြော​နေဆဲဖြစ်၏။

"သူတစ်ချိန်လုံးကြိုးစားအားထုတ်ပြီး နောက်
ဆုံးမှာတော့ယွမ်စုစည်းခြင်းအဆင့်ကိုရောက်ခဲ့တာ သူအမှားတစ်ခုခုလုပ်မိရင်တောင်ဒီလိုမျိုးအပြစ်ပေးခံရမှဖြစ်မှာလားဟင်? ဆရာတူဦးလေးချူ ကျေးဇူးပြုပြီးသူ့ကိုနောက်
ထပ်အခွင့်အရေးလေးပေး ပေးပါ!"

ချူလျန်ကနှုတ်ခမ်းများကိုရေပြင်ညီမျဥ်း
ကြောင်းကဲ့သို့စေ့ပိတ်ထား၏။မူလကကျန်း
ရှောင်ချင်းနှင့်အာရုံမများရန်ဆုံးဖြတ်ခဲ့သော်
လည်းနောက်ပိုင်းတွင်တော့လူအများအပြား
ရောက်လာခဲ့ကြသည်။သူတို့အားလုံးသည်လွန်ခဲ့သောဆယ်စုနှစ်များအတွင်းတံခွန်တိမ်
တိုက်ဂိုဏ်းမှလက်ခံခဲ့သောတပည့်များပင်
ဖြစ်ချေသည်။

ထိုတပည့်များသည်တောင်ထွတ်ပေါ်သို့မ
တက်ရဲကြသည့်အတွက်တောင်ခြေတွင်သာဒူးထောက်နေကြသည်။

သူတို့အားလုံးကိုကွယ်ဝှက်ရန်ဂိုဏ်းမှအကြီး
အကဲများကအလုပ်ရှုပ်လျက်ရှိသည်။သို့ပေ
သည့်အနှီတပည့်များကစေတနာအလျောက်
အတူစုဝေးမိကြပြီးမျက်စိတစ်ဆုံးမြင်နိုင်
သည်အထိတိုင်ယွင်တောင်ခြေ၌ဒူးထောက်နေကြသည်။ဤတပည့်အားလုံးကကိုယ်ပိုင်
နည်းလမ်းကိုသုံးလျက်ချူလျန့်ထံမှခွင့်လွှတ်
မှုရရန်ဝမ်ရွှမ့်ကိုယ်စားအသနားခံနေကြလေ
သည်။

---------------------------------------------------------------

T/N: CH18ပြီးတော့စကားများဖို့မေ့သွားလို့။
1.ဝမ်ရွှမ်အခုသုံးနေတာကျီဇီအန်းရဲ့နည်းပါ
ဒါပေမယ့်အဲ့နည်းကဝမ်ရွှမ့်ကိုကြီးကြီးမား
မားဒုက္ခဖြစ်စေမယ့်ချို့ယွင်းချက်ရှိပါတယ်
ဒါပေမယ့်ယွမ်စုစည်းခြင်းအဆင့်ရဲ့အထွဋ်
အထိပ်မှာအဆုံးသတ်နိုင်ပါတယ်

2.ဝမ်ရွှမ့်ဆရာချူလျန်မှာဝမ်ရွှမ်နဲ့ကိုက်ညီတဲ့
နည်းစနစ်ရှိပါတယ်။ ဒါပေမယ့်အခြေခံတည်
ထောင်ခြင်းရဲ့အထွဋ်အထိပ်မှာအဆုံးသတ်
ရမှာပါ။

အခြေခံတည်ထောင်ခြင်း<ယွမ်စုစည်းခြင်း

3.ဝမ်ရွှမ်ကသူ့ဆရာရဲ့နည်းကိုရွေးပြီးတစ်
ဆင့်အကျခံလိုက်ပါတယ်။အဲ့တာမှကျီဇီအန်း
ရဲ့နည်းစနစ်လွှမ်းမိုးမှုအောက်ကလွတ်မှာပါ။
ဒါပေမယ့်ဝမ်ရွှမ်ကသူ့ဆရာပြောသလိုအခြေခံတည်ထောင်ခြင်းအဆင့်ရဲ့အထွဋ်
အထိပ်မှာပဲအသက်တွေကြီးပြီးမသေဘဲနောက်အဆင့်တွေကိုတက်လို့ရအောင်
ဆက်ကြိုးစားမှာလို့ပြောခဲ့တာပါ။

ဆရာရယ်ဂိုဏ်းချုပ်ရယ်နည်းစနစ်နှစ်ခုရယ်
ကိုရှုပ်သွားမှာစိုးလို့ပါ hee" tysm🤍
.................................................................

<အပ်က္အစီးမရွိရင္တည္ေဆာက္မႈမရွိနိုင္
ဘူး>

ဝိဥာဥ္စြမ္းအင္မ်ားပါဝင္ေသာၾကာပြတ္ကေလထဲ၌လြင့္ပ်ံလာၿပီး၎၏စြမ္းအားသည္
ယခင္ကထက္ပိုမိုအားေကာင္းေနခဲ့၏။မိုး
ၿခိန္းသံကဲ့သို႔အသံမ်ိဳးကိုပင္ေလထဲ၌အနည္း
ငယ္ၾကားနိုင္ေပသည္။

ၾကာပြတ္လြင့္ပ်ံလာသည္ကိုက်န္းရီကမ်က္
လုံးအျပဴးသားျဖင့္ၾကည့္ေနခဲ့ေသာ္လည္း
မ်က္ႏွာအမူအယာကေတာ့လုံးဝဂ႐ုမစိုက္သ
လိုစိတ္မဝင္စားဘဲတည္ၿငိမ္ေနဆဲပင္။၎က
မိုက္႐ူးရဲဆန္ၿပီးသူရဲေကာင္းလုပ္ျပျခင္းမ
ဟုတ္ဘဲသူ႕ႏွလုံးသားေအာက္ေျခမွျဖစ္ေပၚ
လာေသာခံစားခ်က္အစစ္အမွန္သာျဖစ္၏။
အမွန္တကယ္ကိုဂ႐ုမစိုက္ျခင္းျဖစ္ေပသည္။

ေနာက္ဆုံးစကၠန့္ပိုင္းေလးအတြင္း၌ပုံရိပ္တစ္
ခုကသူ႕ေရွ႕သို႔ေရာက္လာၿပီးလက္ေမာင္းမ်ား
ျဖင့္ေပြ႕ဖက္ရင္းကာကြယ္လိုက္၏။

ရွင္းျပရန္ပင္မလိုေသာေၾကာက္႐ြံ႕မႈေၾကာင့္
က်န္းရီ၏ႏွလုံးသားေလးခုန္ထြက္သြားသကဲ့
သို႔မ်က္ဝန္းအစုံလည္းျပဴးက်ယ္သြားခဲ့ရ
သည္။

"ဆရာတူအစ္ကို!"

"မင္း....."

ခ်ဴလ်န္လည္းလန့္သြားခဲ့သည္။သာမာန္
အားျဖင့္ထိုပုံရိပ္ေလးမွာဝမ္႐ႊမ္သာျဖစ္နိုင္
၏။က်န္းရီဘယ္ေလာက္ပဲတြန္းထုတ္ခ်င္ပါ
ေစ၊ဝိဥာဥ္ၾကာပြတ္ကိုခ်ဴလ်န္ဘယ္ေလာက္ပဲျပန္႐ုတ္သိမ္းခ်င္ပါေစအရာအားလုံးေနာက္
က်သြားခဲ့ေလၿပီ။ၾကာပြတ္၏ထိပ္ဖ်ားပိုင္းက
ဝမ္႐ႊမ့္ေနာက္ေက်ာကိုတိက်စြာရိုက္ႏွက္ခဲ့ၿပီး
ျဖစ္ေလသည္။

ဝမ္႐ႊမ္ကနာနာက်င္က်င္ညည္းၫူလိုက္ရင္း
ဒူးႏွစ္ဖက္လုံးေကြးက်သြားခဲ့ရသည္။ခ်က္
ခ်င္းဆိုသလိုမတ္တပ္ရပ္နိုင္စြမ္းပင္မရွိေတာ့ေခ်။

ေက်ာျပင္ေပၚက်ေရာက္လာေသာဝိဥာဥ္ၾကာပြတ္ကဝမ္႐ႊမ့္တစ္ကိုယ္လုံးကိုအလြန္ပူ
ေလာင္လွေသာဆီပူအိုးျဖင့္ေလာင္းခ်လိဳက္
သကဲ့သို႔နာက်င္ေစခဲ့သည္။ထိုနာက်င္မႈက
အဆက္မျပတ္ပ်ံ့ႏွံ႕ေနၿပီးၾကာပြတ္ထဲစီးဆင္း
ေနေသာဝိဥာဥ္စြမ္းအားကကြဲအက္ေနေသာ
ေက်ာျပင္မွတစ္ဆင့္ထိုးေဖာက္ဝင္ေရာက္
သြားၿပီးကိုယ္တြင္း၌အႀကီးအက်ယ္ပ်က္စီး
မႈကိုျဖစ္ေစကာအေရးႀကီးစြမ္းအင္မ်ားလည္
ပတ္ေနေသာခႏၶာကိုယ္လမ္းေၾကာင္းကိုညွဥ္း
ဆဲေနခဲ့သည္။

မည္သို႔ပင္ျဖစ္ေစက်န္းရီ၏ပခုံးမ်ားကိုတင္း
က်ပ္စြာေပြ႕ဖက္ထားဆဲျဖစ္ၿပီးထိုတိုက္ခိုက္မႈမွလုံးဝကာကြယ္ေပးခဲ့သည္။

"ဆရာတူအစ္ကို!"

က်န္းရီကဝမ္႐ႊမ့္ကိုအလ်င္စလိုထိန္းလိုက္
ၿပီးသူ႕လက္ကိုပင္မည္သည့္ေနရာတြင္ထား
သင့္မွန္းမသိေတာ့ဘဲထိတ္လန့္ေၾကာက္႐ြံ႕
စြာျဖင့္

"ဆရာအစ္ကို အစ္ကို....အစ္ကို...."

ဝမ္႐ႊမ္ကမည္သို႔မွ်ျပန္မေျဖဘဲအံ့ကိုတင္း
တင္းႀကိတ္လ်က္နာက်င္မႈမ်ားကိုပို၍ႀကံ့
ႀကံ့ခံရန္အသင့္ျဖစ္ေနခဲ့သည္။အလြန္ေဒါသ
ထြက္ေနေသာဝိဥာဥ္ပ်ိဳးစသူေတာ္စဥ္သခင္
၏ရိုက္ခ်က္ကဤမွ်ေလာက္ရိုးရွင္းေနမည္
မဟုတ္ေခ်။

သို႔ေသာ္ ခဏၾကာေအာင္ေစာင့္ခဲ့ေသာ္လည္း
တိုက္ခိုက္မႈကဤမွ်ေလာက္ျဖင့္ၿပီးဆုံးသြား
သကဲ့သို႔ေနာက္ဆက္တြဲနာက်င္မႈကိုမခံစားရ
ေပ။ေနာက္ဆုံးတြင္ေတာ့ဝမ္႐ႊမ္ကက်န္းရီ၏
ဗ်ာမ်ားရင္းတသိမ့္သိမ့္တုန္ေနေသာလက္ကိုဆုပ္ကိုင္လ်က္ေခါင္းခါၿပီးႏွစ္သိမ့္ေသာအ
ၿပဳံးတစ္ခုၿပဳံးျပလိုက္၏။

ထို႔ေနာက္ေမွာ္စြမ္းအင္ကိုသုံးကာသူ႕ေက်ာ
ျပင္မွအက္ကြဲေနေသာဒဏ္ရာကိုကုစားလိုက္
သည္။ေနာက္ျပန္လွည့္ၾကည့္မိရာခ်ဴလ်န္က
နဂိုအတိုင္းရပ္ေနဆဲျဖစ္ေၾကာင္းေတြ႕လိုက္
ရ၏။ခ်ဴလ်န္ကတင္းက်ပ္စြာေပြ႕ဖက္ထားေသာသူတို႔ႏွစ္ဦးကိုမ်က္ေတာင္မခတ္တမ္း
ၾကည့္ေနၿပီးဝမ္႐ႊမ့္ေက်ာျပင္မွေၾကာက္မက္
ဖြယ္ရာဒဏ္ရာကိုလည္းစူးစိုက္ၾကည့္ေနခဲ့
သည္။ခ်ဴလ်န္၏မ်က္ႏွာအေရာင္ကားၿပိဳ
ေတာ့မည့္မိုးလိုမည္းေမွာင္သြားခဲ့ေလသည္။

က်န္းရီကိုႏွစ္သိမ့္ရန္အက္ကြဲေနေသာေက်ာ
ျပင္ကိုေမွာ္စြမ္းအင္သုံး၍ေခ်ာမြတ္ေသာ
အေရျပားျဖစ္ေအာင္ျပန္ခ်ဳပ္ၿပီးသည့္အခ်ိန္
မွခ်ဴလ်န္၏အမူအယာလည္းေျပေလ်ာ့သြား
ခဲ့သည္။

အေသအခ်ာၾကည့္မိရာခ်ဴလ်န္၏ပါးစပ္
ေထာင့္၌ေသြးမ်ားစီးက်ေနသည္ကိုေတြ႕လိုက္ရ၏။

နားမလည္ခင္တစ္ခဏေလာက္ဝမ္႐ႊမ္အံ့ၾသ
သြားရသည္။သူ႕အားရိုက္ႏွက္စဥ္ကဝိဥာဥ္ၾကာပြတ္၌ျပင္းထန္ေသာစြမ္းအားမ်ားပါဝင္
ၿပီးေနာက္ဆက္တြဲအက်ိဳးဆက္ကယခုကဲ့သို႔
ျမန္ဆန္လွသည္မွာအံ့ၾသစရာပင္မလိုေခ်။ခ်ဴလ်န္ကတိုက္ခိုက္မႈကိုအတင္းအက်ပ္ျပန္ဆင့္ေခၚၿပီးသူ႕ကိုယ္သူအထိခိုက္ခံကာအဆုံး
သတ္ခဲ့သည္။

ဤေနရာတြင္ရွိေနေသာအျခားတစ္ေယာက္အေနႏွင့္ဂိုဏ္းခ်ဳပ္က်ီဇီအန္းကေတာ့ဝမ္႐ႊမ္
လွည့္ၾကည့္လိုက္သည့္အခ်ိန္မွသာသူ႕မ်က္
ႏွာေပၚ၌စိုးရိမ္ေသာအမူအယာတစ္ခ်ိဳ႕ေပၚ
လာခဲ့၏။

ဝမ္႐ႊမ္မေနနိုင္ဘဲသက္ျပင္းခ်လိဳက္မိသည္။
ဤရိုက္ခ်က္ကိုသူကာဆီးလိုက္ရျခင္းက
မသိစိတ္၏လႈံ႕ေဆာ္မႈေၾကာင့္႐ုတ္တရက္လႈပ္ရွားမိလိုက္ျခင္းျဖစ္၏။ရိုက္ႏွက္ခံရၿပီး
ေနာက္ ကိစၥအားလုံးကိုပို၍ပင္ရွင္းရွင္းလင္း
လင္းသေဘာေပါက္သြားရေတာ့သည္။

သူ႕အေပၚက်န္းရီရဲ႕ရိုးသားတဲ့ေလးစားမႈေတြ
အေၾကာင္းေတာ့ေျပာစရာေတာင္မလိုပါဘူး။
ဂိုဏ္းခ်ဳပ္က်ီဇီအန္းရဲ႕တုံ႕ျပန္မႈကိုလည္းေဘး
ဖယ္ထားလိုက္ရင္ သူ႕ရဲ႕ဆရာခ်ဴလ်န္က....

ခ်ဴလ်န္ ဂိုဏ္းမွမထြက္ခြာခင္ဝမ္႐ႊမ္သည္သူ
ႏွင့္အတူအခ်ိန္တစ္ခ်ိဳ႕ၾကာေအာင္အတူေနခဲ့ဖူး၏။ခ်ဴလ်န့္အေပၚေၾကာက္႐ြံ႕ေသာခံစားခ်က္မ်ိဳးဝမ္႐ႊမ္အၿမဲတမ္းခံစားခဲ့ရသည္။သူေတာ္စဥ္သခင္ခ်ဴလ်န္၌အလြန္ေပါက္ကြဲလြယ္ေသာစိတ္ေနစိတ္ထားမ်ိဳးရွိသည္ကိုတံခြန္တိမ္တိုက္မွလူတိုင္းသိၾကၿပီးအလြန္စိတ္ေျပာင္းလြယ္ကာေပါင္းရသင္းရလည္းခက္ေသးသည္။သူေတာ္စဥ္သခင္ယဲ့လဲက်သြားသည့္အခ်ိန္၌ခ်ဴလ်န္၏အေျခအေနကပိုဆိုးလာၿပီးသူ၏ေျပးမလြတ္ေသာသား
ေကာင္ကဲ့သို႔သေဘာထားကာေတြ႕သမွ်လူတိုင္းကိုဆုတ္ၿဖဲပစ္တတ္၏။

ထိုကဲ့သို႔သူေတာ္စဥ္သခင္ကမည္သို႔ပင္ျဖစ္
ေစဝမ္႐ႊမ့္ကိုေတာ့တစ္ဦးတည္းေသာတပည့္
အျဖစ္လက္ခံခဲ့သည္။

အမွန္ပဲ....ခ်ဴလ်န္ကဝမ္႐ႊမ့္ကိုသေဘာမက်
ဘူး အဲ့ဒီသေဘာမက်မႈကိုလည္းဘယ္တုန္း
ကမွမဖုံးကြယ္ခဲ့ဘူး။အဆုံးသတ္မွာေတာ့သူကဝမ္႐ႊမ့္ရဲ႕ဆရာပဲ ဝမ္႐ႊမ့္အေပၚခံစားခ်က္
တစ္ခ်ိဳ႕ေတာ့ရွိရမယ္ ဒါမွမဟုတ္ရင္ အဲ့ဒီအ
ခ်ိန္တုန္းကသူဘာေၾကာင့္မ်ားဝမ္႐ႊမ့္ကိုတ
ပည့္အျဖစ္လက္ခံမိပါ့မလဲ?

"ဆရာ"

ဝမ္႐ႊမ္ကအသံႏွိမ့္ရင္းေမးလိုက္၏။

"ဆရာတကယ္ေတာ့.....ကြၽန္ေတာ့္ကိုဂ႐ုစိုက္
ေနတုန္းပဲမဟုတ္လား?"

ဤစကားကိုၾကားလိုက္ရေသာအခါခ်ဴလ်န္
၌မေကာင္းေသာအသီးတစ္ခုစားမိသကဲ့သို႔
႐ြံရွာေအာ့အန္ေသာအမူအယာမ်ိဳးခ်က္ခ်င္းေပၚလာေလသည္။

ဆန့္က်င့္ဘက္အေနျဖင့္ ဝမ္႐ႊမ္ကေတာ့ထိုတုံ႕
ျပန္ခ်က္မွတိက်ေသာအေျဖတစ္ခုရခဲ့သလို
ၿပဳံးလိုက္၏။

ေဘးဘက္တြင္ေတာ့က်န္းရီကအလြန္ထိတ္
လန့္ေၾကာက္႐ြံ႕ေနေသာမ်က္ႏွာထားျဖင့္
ဝမ္႐ႊမ့္လက္ေမာင္းမ်ားကိုတင္းက်ပ္စြာဆုပ္
ကိုင္ထားဆဲပင္။

ဝမ္႐ႊမ္စိတ္ပိုင္းျဖတ္ထားသည့္ဆုံးျဖတ္ခ်က္
ကိုယုံၾကည္ရန္သတၱိရွိေစေသာခြန္အားမ်ိဳး
ေပးနိုင္သည့္လက္ဖဝါးကဲ့သို႔က်န္းရီ၏လက္ကိုျပန္ဆုပ္ကိုင္လိုက္၏။

အပ်က္အစီးမရွိရင္တည္ေဆာက္မႈမရွိနိုင္ဘူး အပ်က္အစီးမရွိရင္တည္ေထာင္မႈမရွိနိုင္
ဘူး.....

"ဆရာ"

"ဆရာတူညီေလးက်န္းကဒီႏွစ္မွဂိုဏ္းကို
ေရာက္လာတဲ့တပည့္ေလးပါ သူကဆရာ့ကို
စိတ္ဆိုးေအာင္လုပ္ခဲ့မိရင္ေတာင္ ဒီထက္ပို
ၿပီးေသေသခ်ာခ်ာမသိလို႔ပါ ဒီကိစၥအတြက္
နဲ႕ေတာ့သူ႕အသက္ကိုႏႈတ္ယူစရာအေၾကာင္း
မရွိပါဘူး"

"အဟက္...အခုခ်ိန္မွာဒီနည္းလမ္းနဲ႕ေဆြးႏြေး
ဖို႔မင္းအတြက္အခ်ိန္ေတြပိုေနေသးတယ္ေပါ့?"

ခ်ဴလ်န္၏ေအးစက္စက္အၿပဳံးကျပန္ေပၚ
လာခဲ့သည္။

"အခုေလးတင္ငါမင္းကိုေ႐ြးခ်ယ္စရာေပးခဲ့
တယ္ မင္းဆုံးျဖတ္ခ်က္ခ်ၿပီးၿပီလား?"

"ဆုံးျဖတ္ၿပီးပါၿပီ"

ခ်ဴလ်န္၌မထင္မွတ္ထားေသာအၾကည့္မ်ိဳး
ေပၚလာခဲ့သည္။စိတ္ဝင္စားပုံရကာႏႈတ္ခမ္း
မ်ားကိုေစ့ထားရင္းဝမ္႐ႊမ္ဆက္ေျပာလာမည့္
စကားမ်ားကိုေစာင့္ေန၏။

ဝမ္႐ႊမ္အလြန္ႏွေးေကြးစြာေျပာခဲ့သည္။ႀကီး
မားေသာခ်ိဳ႕ယြင္းခ်က္ရွိသည့္နည္းလမ္းျဖင့္
ယြမ္စုစည္းျခင္းအဆင့္ထိေရာက္ရန္ခက္ခဲခဲ့
ၿပီးထိုနည္းလမ္းကိုရရန္အားစိုက္ထုတ္ခဲ့ရ
ကာအခ်ိန္ၾကာျမင့္စြာလည္းအသုံးျပဳခဲ့၏။
ယခုအခ်ိန္တြင္ထိုက်င့္ႀကံျခင္းနည္းလမ္းကိုစြန့္ပစ္ရေတာ့မည္ျဖစ္ၿပီးအေတာ္ခက္ခဲေသာေ႐ြးခ်ယ္မႈတစ္ခုျဖစ္ခဲ့သည္။မည့္သို႔ပင္ျဖစ္ေစအဆုံးသတ္တြင္ေတာ့ဤစကားကိုသာသူေျပာခဲ့သည္။

"တပည့္ အေျခခံတည္ေထာင္ျခင္းအဆင့္ကို
ျပန္သြားဖို႔ဆႏၵရွိပါတယ္"

ခ်ဴလ်န္ကရယ္လိုက္ၿပီးမ်က္ႏွာအမူအယာ
သည္လည္းတျဖည္းျဖည္းပို၍ပင္ေျပေလ်ာ့
လာခဲ့သည္။

"ဒါေပမယ့္တပည့္ကအေျခခံတည္ေထာင္
ျခင္းအဆင့္မွာပဲအသက္ႀကီးၿပီးမေသသြား
ခ်င္ဘူး "

ဝမ္႐ႊမ္ဆက္ေျပာလိုက္၏။

"အေျခခံတည္ေထာင္ျခင္းအဆင့္ကိုျပန္သြား
တာက...အနာဂတ္မွာပိုတိုးတက္ေအာင္ႀကိဳး
စားဖို႔အတြက္ပါ"

"မင္း...."

ခ်ဴလ်န္၏ပါးျပင္သည္တြန့္ေကြးသြားခဲ့ရ
သည္။

ခ်ဴလ်န္ေဒါသမထြက္ခင္ဝမ္႐ႊမ္ကလက္တစ္
ဖက္ကိုအသုံးျပဳကာသူ႕လက္ေကာက္ဝတ္ကို
ဆြဲဆိတ္လိုက္၏။ဤအခ်ိန္၌ဝမ္႐ႊမ္ကခ်ဴ
လ်န့္မ်က္ဝန္းမ်ားကိုသာတည့္တည့္စူးစိုက္ၾကည့္ေနခဲ့သည္။

ဝမ္႐ႊမ္ကသူ၏လက္ေကာက္ဝတ္မွအေရး
ႀကီးစြမ္းအင္မ်ားစီးဆင္းေနေသာဝိဥာဥ္ေၾကာ
ကိုဖမ္းယူၿပီးၾကမ္းၾကမ္းတမ္းတမ္းဆြဲထုတ္
လိုက္၏။ခ်က္ခ်င္းပင္ ဝမ္႐ႊမ့္တစ္ကိုယ္လုံး
တုန္လႈပ္သြားၿပီးႏႈတ္ခမ္းေထာင့္မွေသြးမ်ား
စီးက်လာခဲ့သည္။

ဆြဲထုတ္ၿပီးေနာက္ဝမ္႐ႊမ့္ခႏၶာကိုယ္အတြင္းမွ
ဝိဥာဥ္စြမ္းအားမ်ားကဖရိုဖရဲေျဗာင္းဆန္လာ
ၿပီးဝိဥာဥ္ေရာင္ျခည္လည္းယိမ္းယိုင္လာခဲ့
သည္။ယြမ္စုစည္းျခင္းအဆင့္မွအေျခခံတည္
ေထာင္ျခင္းအဆင့္သို႔တျဖည္းျဖည္းက်ဆင္း
လာခဲ့ေလသည္။

ခ်ဴလ်န္၏အကူအညီေတာင္မလိုဘဲကိုယ္ပိုင္
ယြမ္စုစည္းျခင္းအဆင့္ကိုဝမ္႐ႊမ္ကိုယ္တိုင္
ၿဖိဳဖ်က္ခဲ့ေလၿပီ။

ဤအျဖစ္အပ်က္ကိုေဘးဘက္မွရပ္ၾကည့္ေန
ေသာက်ီဇီအန္းကလက္သီးက်စ္က်စ္ဆုပ္
ထားၿပီးသူ၏ႏွဖူးေပၚမွေသြးေၾကာမ်ားသည္
လည္းေဒါသစိတ္ေၾကာင့္ေပါက္ထြက္ေတာ့
မည့္အလား။

တစ္ခ်ိန္တည္းမွာပင္ဝမ္႐ႊမ္ကေတာ့ခ်ဴလ်န္
၏မ်က္လုံးမ်ားကိုသာမလႈပ္မယွက္ေျဖာင့္
ေျဖာင့္တန္းတန္းစူးစိုက္ၾကည့္ေနခဲ့သည္။

ဤသည္မွာသိမ္ေမြ႕ေသာဟန္အမူအယာပင္
တည္း။သူ႕လက္ေကာက္ဝတ္မွခံစားခ်က္က
ျပင္းထန္ခိုင္မာလွေသာ္လည္းစကားတစ္ခြန္း
မွ်မေျပာခဲ့ေပ။သို႔ေသာ္လည္း သူ႕အၾကည့္က
ေတာ့လက္ေတြ႕တြင္သိသာထင္ရွားလွေသာ
အသနားခံေနမႈျဖစ္၏။ေျပာစရာမလိုေတာ့
ေသာတစ္စုံတစ္ရာအတြက္ဤမွ်ဆန္းၾကယ္
ေသာအစြမ္းသတၱိကိုသုံးရင္းအသနားခံခဲ့
ျခင္ဟးပင္။

သူဒီလိုဆုံးျဖတ္ခ်က္ခ်ခဲ့တဲ့အေၾကာင္းအ
ရင္းရဲ႕ပထမတစ္ခ်က္ကက်န္းရီရဲ႕ေဝဖန္ပိုင္း
ျခားနိုင္စြမ္းကိုယုံၾကည္လို႔ပဲ။ေနာက္တစ္ခ်က္
ကေတာ့ခ်ဴလ်န္အေပၚထားရွိတဲ့သူ႕ရဲ႕ယုံ
ၾကည္ခ်က္ေၾကာင့္ေပါ့။အဆုံးသတ္မွာေတာ့
ခ်ဴလ်န္ကသူ႕ရဲ႕အသနားခံမႈကိုတုံ႕ျပန္လာ
လိမ့္မယ္လို႔ယုံၾကည္ခ်င္တယ္။

ခ်ဴလ်န့္အတြက္ေတာ့ဝမ္႐ႊမ့္အၾကည့္မွတစ္
ဆင့္အျခားလူတစ္ေယာက္ကိုၾကည့္ေနရသလိုခံစားရ၏။သိပ္မၾကာခင္ကစုံစမ္းေမးျမန္းသံသည္လည္းေခါင္းထဲ၌ပဲ့တင္ထပ္ေနၿပီးႏွလုံးသားကိုအဆက္မျပတ္ေမးေနခဲ့ေလ
သည္။

-လက္ရွိအေျခအေနကို ယဲ့ရွန္းေကာ ျမင္သြား
ရင္ေရာ သူေက်နပ္ေနမယ္လို႔ထင္လား?

"ဟားဟားဟား"

အဆုံးသတ္တြင္ခ်ဴလ်န္ကေအးစက္စက္သာ
ရယ္ေမာခဲ့သည္။အမိန့္နာခံစြာျဖင့္အေျခခံတည္ေထာင္ျခင္းအဆင့္သို႔ျပန္ဆင္းခဲ့ေသာ
တပည့္ျဖစ္သူကိုတစ္ခ်က္ေလးေတာင္လွည့္ၾကည့္ခ်င္စိတ္မရွိေတာ့သကဲ့သို႔ဝတ္႐ုံလက္
အနားစကိုေပါ့ပါးစြာခါလ်က္ေက်ာက္ဂူသို႔ျပန္ရန္ဦးတည္ရာကိုလွည့္လိုက္၏။

ဝမ္႐ႊမ့္အျမင္အာ႐ုံမ်ားေဝဝါးလာခဲ့သည္။သူ႕
လက္ေကာက္ဝတ္ကိုလႊတ္လိုက္သည္ႏွင့္
ခႏၶာကိုယ္တစ္ခုလုံးအတြင္းမွစြမ္းအားမ်ားကအထိန္းအကြပ္မဲ့စြာအင္အားခ်ိနဲ႕လာခဲ့သည္။ဤအခိုက္အတန့္၌ပါးစပ္အျပည့္ေသြးမ်ား႐ုတ္တရက္အန္ထုက္လာခဲ့ေလသည္။

"ဆရာတူအစ္ကို!!"

က်န္းရီကအတိတ္တလန့္ေအာ္ဟစ္လိုက္၏။

ခ်ဴလ်န္ကထိုေအာ္ဟစ္သံကိုၾကားသြားၿပီး
လွည့္ၾကည့္လာ၏။ဝမ္႐ႊမ့္မ်က္ႏွာအေရာင္ကပုံမွန္မဟုတ္ေတာ့ဘဲနီျမန္းလာကာပါးစပ္
အျပည့္ေသြးမ်ားတစ္ပြက္ၿပီးတစ္ပြက္အန္
ထုတ္ေနခဲ့သည္။စကၠန့္အနည္းငယ္အၾကာ
တြင္သတိလစ္သြားၿပီးဝမ္႐ႊမ့္မ်က္ဝန္းမ်ား
မွိတ္သြားရေလေတာ့သည္။

က်န္းရီအလြန္အမင္းေၾကာက္လန့္သြားၿပီး
ဝမ္႐ႊမ့္လက္မ်ားကိုအလ်င္စလိုဆုပ္ကိုင္ကာသူဘာလုပ္သင့္သည္ကိုဦးႏွောက္အား
ကတိုက္ကရိုက္အလုပ္ေပးလိုက္၏။

တစ္ခ်ိန္တည္းမွာပင္ခ်ဴလ်န္ကလ်င္ျမန္စြာ
ျပန္ေျပးလာခဲ့ၿပီးက်န္းရီကိုေဘးဘက္သို႔
ၾကမ္းၾကမ္းတမ္းတမ္းေဆာင့္တြန္းကာဝမ္႐ႊမ့္
လက္ေကာက္ဝတ္ကိုဆြဲယူလိုက္၏။၎ကို
ထိလိုက္သည္ႏွင့္လက္ရွိျဖစ္ပ်က္ေနေသာ
အေျခအေနမ်ားကိုသေဘာေပါက္သြားရ
ေတာ့သည္။

ကိစၥအလုံးစုံမွာအလြန္ျပင္းထန္လွေသာဝိဥာဥ္ၾကာပြတ္၏ရိုက္ခ်က္ေၾကာင့္ပင္။ဒဏ္ရာကို
အျပင္ပန္းကုစားခဲ့ေသာ္လည္းၾကာပြတ္၏
ဝိဥာဥ္စြမ္းအားကေတာ့ခႏၶာကိုယ္ထဲတြင္ရွိေန
ဆဲျဖစ္၏။ထိုအခိုက္အတန့္မွာပင္ဝမ္႐ႊမ္က
ကိုယ္ပိုင္ယြမ္စုစည္းျခင္းအဆင့္ကိုၿဖိဳဖ်က္ခဲ့
ျခင္းေၾကာင့္ကိုယ္ပိုင္ဝိဥာဥ္စြမ္းအားမ်ား
လည္းေျဗာင္းဆန္လာခဲ့သည္။မတူကြဲျပား
ေသာဝိဥာဥ္စြမ္းအင္ႏွစ္ခုကဝမ္႐ႊမ့္ကိုယ္ထဲ
သို႔ဝင္ေရာက္စီးဆင္းျခင္းေၾကာင့္ရလဒ္အေနျဖင့္ယခုလိုအေျခအေနမ်ိဳးျဖစ္သြားရျခင္းပင္။

ခ်ဴလ်န္က"မင္း.. အ႐ူးေကာင္"ဟူ၍အမွန္တ
ကယ္က်ိန္ဆဲခ်င္ေသာ္ျငားသူ႕၌က်ိန္ဆဲရန္ပင္အခ်ိန္မရွိေတာ့ေခ်။ယခုအခ်ိန္တြင္ဝမ္႐ႊမ့္
အေျခအေနကအလြန္အမင္းစိုးရိမ္ရေသာ
အေနအထားမ်ိဳးျဖစ္ေနခဲ့သည္။တိက်မွန္
ကန္စြာမရင္ဆိုင္ပါကဝမ္႐ႊမ့္အသက္ကိုဤ
ေနရာတြင္ဆုံးရႈံးရေတာ့ေပမည္။

ခ်ဴလ်န္ကဝမ္႐ႊမ္ကိုလ်င္ျမန္စြာေပြ႕ခ်ီလိုက္
ၿပီးသူ႕တင္ပါးမီးေလာင္ေနသကဲ့သို႔ေတာင္
ထြတ္ဆီပ်ံသန္းလိုက္ေလသည္။

က်န္းရီသည္လည္းအေနာက္မွေျပးလိုက္ခ်င္
ေသာ္ျငားခ်ဴလ်န္၏ဝတ္႐ုံအနားစကိုပင္မထိ
နိုင္ခဲ့။

ေျခလွမ္းအနည္းငယ္ေလာက္သာေျပးလိုက္
ခဲ့ၿပီးရပ္တန့္လိုက္သည္။သူ႕ႏွလုံးသားထဲ
၌အလိုမက်၊စိတ္မေက်နပ္မႈမ်ားျဖင့္ျပည့္ႏွက္ေနၿပီးလက္သီးက်စ္က်စ္ဆုပ္မိ၏။သို႔
ေသာ္လည္းေခတၱအၾကာတြင္သူ႕စိတ္ေနစိတ္
ထားကေျပာင္းလဲသြားၿပီးက်ယ္ေလာင္စြာ
ေအာ္ရယ္လိုက္ေလသည္။

"ဘယ္လိုပဲျဖစ္ျဖစ္ ရလဒ္ကေတာ့ေနာက္တစ္
ႀကိမ္ေျပာင္းလဲသြားျပန္ၿပီပဲ"

က်န္းရီကၿပဳံးရင္းတိတ္ဆိတ္စြာေျပာခဲ့၏။

ေနာက္ျပန္လွည့္ၾကည့္မိရာက်ီဇီအန္းကနဂို
ေနရာတြင္ရပ္ေနဆဲျဖစ္ၿပီးမေကာင္းေသာ
ရည္႐ြယ္ခ်က္မ်ားျဖင့္က်န္းရီကိုၾကည့္ေနခဲ့
သည္။

က်ီဇီအန္း၏မ်က္ႏွာကမည္းေမွာင္ေနၿပီးဤ
မွ်ၾကာေအာင္သူအကြက္ခ်စီစဥ္ခဲ့ေသာကိစၥ
ကအသီးမသီးဘဲဆုံးရႈံးသြားရေလၿပီ။လက္
ေတြ႕တြင္ေဒါသစိတ္ေၾကာင့္႐ူးမတတ္ခံစား
ေနရသည္။ေကာင္းေသာအခ်က္သည္ကားသူ႕ႏွလုံးသားထဲမွေဒါသႏွင့္မေက်နပ္ခ်က္မ်ားကိုေျဖေဖ်ာက္ရန္က်န္းရီတစ္ေယာက္ေတာ့ဤေနရာတြင္ရွိေနေသး၏။

"အတြင္းေဆာင္ကိုဒီေန႕ပဲမင္းေရာက္လာၿပီး
ေတာ့ အခုအရမ္းရဲတင္းေနတယ္ေပါ့ အႀကီး
အကဲေတြကိုလည္းတအားမထီမဲ့ျမင္လုပ္
လြန္းတယ္ ေသဒဏ္ေလာက္ေတာ့မလိုအပ္
ေပမယ့္မင္းအျပစ္ကေနရွင္လ်က္လြတ္မယ္လို႔မ်ားထင္ေနလား?"

က်န္းရီကၿပဳံးျပလိုက္ၿပီး

"ဂိုဏ္းခ်ဳပ္ႀကိဳက္သလိုအျပစ္ေပးနိုင္ပါတယ္"

ဤအခိုက္အတန့္၌တိုင္ယြင္ေတာင္ထြတ္တြင္
ေတာ့ခ်ဴလ်န္ကကိုယ္ပိုင္ေက်ာက္ဂူမွအဝင္
တံခါးကိုေဆာင့္ကန္လ်က္ဝမ္႐ႊမ့္ကိုအိပ္ယာ
ေပၚတင္လိုက္၏။

အခ်ိန္အတန္ၾကာဂ႐ုစိုက္ၿပီးေနာက္ဝမ္႐ႊမ့္အ
ေျခအေနကတည္ၿငိမ္လာခဲ့သည္။သို႔ေသာ္
လည္းဝမ္႐ႊမ္ကအသိစိတ္ကင္းမဲ့လ်က္သတိ
လစ္ေနဆဲပင္။

"ဒီမွာမင္းဘယ္သူ႕ကိုေျခာက္လွန့္ဖို႔ႀကိဳးစား
ေနတာလဲ?"

ခ်ဴလ်န္ကဝမ္႐ႊမ့္ကိုက်ယ္ေလာင္စြာက်ိန္ဆဲ
လိုက္၏။

"မင္းရဲ႕ဆႏၵကိုဒီလိုမ်ိဳးရမယ္လို႔မ်ားထင္ေန
လား? ဒီကိစၥေၾကာင့္ငါ့ရဲ႕ဆုံးျဖတ္ခ်က္က
ယိမ္းယိုင္သြားမယ္လို႔ထင္ေနတာလား?မင္း
ကိုယ္မင္းေတာ္လွၿပီလို႔ထင္မေနနဲ႕!အေျခခံ
တည္ေထာင္ျခင္းအဆင့္မွာပဲအသက္ႀကီး
ၿပီး
ေသလိုက္စမ္းပါ!ဆက္ၿပီးတိုးတက္ေအာင္ႀကိဳးစားခ်င္တယ္ေပါ့?အဲ့ဒီအေၾကာင္းကိုေတြးေတာင္ေတြးမေနနဲ႕!"

ခ်ဴလ်န္ကဤကဲ့သို႔တစ္ခြန္းၿပီးတစ္ခြန္းမရပ္
မနားက်ိန္ဆဲေနခဲ့သည္။သို႔ေသာ္ ဝမ္႐ႊမ္က
ေတာ့တစ္ခ်ိန္လုံးသတိလစ္ေနၿပီးအႏွီက်ိန္ဆဲသံတစ္ခြန္းကိုပင္မၾကားနိုင္ခဲ့ေပ။

ဤလုပ္ရပ္ကအေတာ္ရယ္စရာေကာင္းမွန္း
ခ်ဴလ်န္သတိထားမိခ်ိန္တြင္ေတာ့အခ်ိန္တစ္နာရီေတာင္ကုန္ခဲ့ေလၿပီ။

ခ်ဴလ်န္သည္ေနာက္ဆုံးတြင္တည္ၿငိမ္သြား
ၿပီးစကားတစ္ခြန္းမွ်မဆိုေတာ့ဘဲဝမ္႐ႊမ့္၏
မွိတ္ထားေသာမ်က္ဝန္းမ်ားကိုသာၾကည့္
လိုက္သည္။က်ိန္ဆဲျခင္းကိုရပ္ၿပီးေနာက္အကူအညီမဲ့သြားသလိုခံစားရၿပီးဘာဆက္လုပ္သင့္မွန္းေတာင္မသိေတာ့ေပ။

ဝမ္႐ႊမ့္အိပ္ယာနံေဘး၌အခ်ိန္အတန္ၾကာမတ္
တပ္ရပ္ေနခဲ့ၿပီးမိတ္ေဆြေဟာင္းတစ္ဦးႏွင့္
ဆင္တူေသာဝမ္႐ႊမ့္မ်က္ႏွာေလးကိုၾကည့္ေနခဲ့သည္။ခဏအၾကာတြင္ခါးသက္သက္ရယ္
လိုက္ၿပီး

" ရွန္းေကာ..ငါတကယ္ပဲဆုံးျဖတ္ခ်က္မွားခဲ့ၿပီလား?"

ဤေမးခြန္းကေတာ့ေျဖသူမဲ့။

ခ်ဴလ်န္၏နား႐ြက္ဖ်ားမ်ား႐ုတ္တရက္လႈပ္
ခတ္သြားခဲ့သည္။တိုင္ယြင္ေတာင္ထြတ္သို႔
တစ္စုံတစ္ေယာက္ေရာက္လာေၾကာင္းခံစား
မိၿပီးျပတင္းေပါက္သို႔ၾကည့္လိုက္၏။

ဤတစ္ႀကိမ္တြင္ေတာ့မ်ိဳးဆက္သစ္က်င့္ႀကံ
သူႏွစ္ဦးျဖစ္ေပသည္။ထိုႏွစ္ဦးမွာက်ီဇီအန္း
၏တပည့္ျဖစ္ေသာက်န္းေရွာင္ခ်င္းႏွင့္ရွီပုေဟြ႕ပင္။သူတို႔ဆရာ၏ၫႊန္ၾကားခ်က္ကိုနာ
မခံဘဲခ်ဴလ်န္ေရွ႕ေမွာက္ဒူးေထာက္ရန္ျဖဴ
ဖပ္ျဖဴေလ်ာ္မ်က္ႏွာမ်ိဳးျဖင့္ေတာင္ထြတ္ေပၚ
တက္လာခဲ့ၾကသည္။

"ဆရာတူဦးေလးခ်ဴ  ဆရာတူအစ္ကိုဝမ္က
ဆရာ့ကိုဘယ္လိုေဒါသထြက္ေအာင္လုပ္ခဲ့မိမွန္းတပည့္တို႔မသိေပမယ့္...ဒီတစ္ႀကိမ္ေတာ့
သူ႕ကိုခြင့္လႊတ္ေပးပါ။ဆရာတူအစ္ကိုဝမ္က
ဆရာ့ကိုအၿမဲတမ္းနက္နက္ရွိုင္းရွိုင္းေလးစား
ခဲ့ပါတယ္ ေသခ်ာေပါက္သူရည္႐ြယ္ခ်က္ရွိရွိ
လုပ္ခဲ့တာမဟုတ္ပါဘူး"

ဝမ္႐ႊမ္ အေျခခံတည္ေထာင္ျခင္းအဆင့္သို႔
ျပန္က်သြားသည့္ကိစၥကတံခြန္တိမ္တိုက္တစ္ဂိုဏ္းလုံးပ်ံ့ႏွံ႕သြားၿပီးအေၾကာင္းအရင္းကိုေတာ့သူတို႔မသိၾကေပ။သူတို႔သိသည္က
ေတာ့'ခ်ဴလ်န္၏အမိန့္ေၾကာင့္'ဟူ၍ပင္။

"ဆရာတူအစ္ကိုဝမ္ကအၿမဲတမ္းအရမ္းကို
ႀကိဳးစားခဲ့တာပါ"

ပုံမွန္အားျဖင့္က်န္းေရွာင္ခ်င္းသည္ခ်ဴလ်န့္ကိုအရမ္းေၾကာက္ေသာ္လည္းဤတစ္ႀကိမ္
တြင္ေတာ့တစ္ကိုယ္လုံးတုန္ေနသည့္ၾကားမွ
ထိုစကားမ်ားကိုက်ယ္ေလာင္ျပတ္သားစြာ
ေျပာေနဆဲျဖစ္၏။

"သူတစ္ခ်ိန္လုံးႀကိဳးစားအားထုတ္ၿပီး ေနာက္
ဆုံးမွာေတာ့ယြမ္စုစည္းျခင္းအဆင့္ကိုေရာက္ခဲ့တာ သူအမွားတစ္ခုခုလုပ္မိရင္ေတာင္ဒီလိုမ်ိဳးအျပစ္ေပးခံရမွျဖစ္မွာလားဟင္? ဆရာတူဦးေလးခ်ဴ ေက်းဇူးျပဳၿပီးသူ႕ကိုေနာက္
ထပ္အခြင့္အေရးေလးေပး ေပးပါ!"

ခ်ဴလ်န္ကႏႈတ္ခမ္းမ်ားကိုေရျပင္ညီမ်ဥ္း
ေၾကာင္းကဲ့သို႔ေစ့ပိတ္ထား၏။မူလကက်န္း
ေရွာင္ခ်င္းႏွင့္အာ႐ုံမမ်ားရန္ဆုံးျဖတ္ခဲ့ေသာ္
လည္းေနာက္ပိုင္းတြင္ေတာ့လူအမ်ားအျပား
ေရာက္လာခဲ့ၾကသည္။သူတို႔အားလုံးသည္လြန္ခဲ့ေသာဆယ္စုႏွစ္မ်ားအတြင္းတံခြန္တိမ္
တိုက္ဂိုဏ္းမွလက္ခံခဲ့ေသာတပည့္မ်ားပင္
ျဖစ္ေခ်သည္။

ထိုတပည့္မ်ားသည္ေတာင္ထြတ္ေပၚသို႔မ
တက္ရဲၾကသည့္အတြက္ေတာင္ေျခတြင္သာဒူးေထာက္ေနၾကသည္။

သူတို႔အားလုံးကိုကြယ္ဝွက္ရန္ဂိုဏ္းမွအႀကီး
အကဲမ်ားကအလုပ္ရႈပ္လ်က္ရွိသည္။သို႔ေပ
သည့္အႏွီတပည့္မ်ားကေစတနာအေလ်ာက္
အတူစုေဝးမိၾကၿပီးမ်က္စိတစ္ဆုံးျမင္နိုင္
သည္အထိတိုင္ယြင္ေတာင္ေျခ၌ဒူးေထာက္ေနၾကသည္။ဤတပည့္အားလုံးကကိုယ္ပိုင္
နည္းလမ္းကိုသုံးလ်က္ခ်ဴလ်န့္ထံမွခြင့္လႊတ္
မႈရရန္ဝမ္႐ႊမ့္ကိုယ္စားအသနားခံေနၾကေလ
သည္။

---------------------------------------------------------------

T/N: CH18ၿပီးေတာ့စကားမ်ားဖို႔ေမ့သြားလို႔။
1.ဝမ္႐ႊမ္အခုသုံးေနတာက်ီဇီအန္းရဲ႕နည္းပါ
ဒါေပမယ့္အဲ့နည္းကဝမ္႐ႊမ့္ကိုႀကီးႀကီးမား
မားဒုကၡျဖစ္ေစမယ့္ခ်ိဳ႕ယြင္းခ်က္ရွိပါတယ္
ဒါေပမယ့္ယြမ္စုစည္းျခင္းအဆင့္ရဲ႕အထြဋ္
အထိပ္မွာအဆုံးသတ္နိုင္ပါတယ္

2.ဝမ္႐ႊမ့္ဆရာခ်ဴလ်န္မွာဝမ္႐ႊမ္နဲ႕ကိုက္ညီတဲ့
နည္းစနစ္ရွိပါတယ္။ ဒါေပမယ့္အေျခခံတည္
ေထာင္ျခင္းရဲ႕အထြဋ္အထိပ္မွာအဆုံးသတ္
ရမွာပါ။

အေျခခံတည္ေထာင္ျခင္း<ယြမ္စုစည္းျခင္း

3.ဝမ္႐ႊမ္ကသူ႕ဆရာရဲ႕နည္းကိုေ႐ြးၿပီးတစ္
ဆင့္အက်ခံလိုက္ပါတယ္။အဲ့တာမွက်ီဇီအန္း
ရဲ႕နည္းစနစ္လႊမ္းမိုးမႈေအာက္ကလြတ္မွာပါ။
ဒါေပမယ့္ဝမ္႐ႊမ္ကသူ႕ဆရာေျပာသလိုအေျခခံတည္ေထာင္ျခင္းအဆင့္ရဲ႕အထြဋ္
အထိပ္မွာပဲအသက္ေတြႀကီးၿပီးမေသဘဲေနာက္အဆင့္ေတြကိုတက္လို႔ရေအာင္
ဆက္ႀကိဳးစားမွာလို႔ေျပာခဲ့တာပါ။

                               
ဆရာရယ္ဂိုဏ္းခ်ဳပ္ရယ္နည္းစနစ္ႏွစ္ခုရယ္
ကိုရႈပ္သြားမွာစိုးလို႔ပါ hee" tysm🤍
.................................................................

Continue Reading

You'll Also Like

20.4K 2K 37
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
87.6K 11.7K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
49.5K 3.9K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
180K 29K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...