Blood of MIN

By ibeingme

60.5K 3.4K 271

"A Submissive is so often a strong person looking for someone stronger. He is not weak. He just enjoys it."... More

Part 01
Part 02
Part 03
Part 04*
Part 05**
Part 06
Part 07
Part 08
Part 09
Part 10*
Part 11
Part 12*
Part 13
Part 14
Part 15
Part 16
Correction: I apologize
Part 18
MIN
Part 19
Copyright and Plagiarism

Part 17

1.9K 168 21
By ibeingme

(unicode)
​ဆောင်းရာသီ...။
အဲဒီနေ့က နှင်းတွေ ငိုသည်...။

"Jay!"

စူးနစ်စွာ ပေါ်ထွက်လာသည့် အော်သံရင့်ရင့်က နာမည်တစ်လုံးတည်းပေမယ့် သူတို့တစ်ဖွဲ့လုံးကို သတိအနေအထားရောက်သွားစေသည်အထိ အာဏာပြင်းရှ​၏။ အသံပိုင်ရှင်ကိုမူ လှည့်၍ကြည့်စရာပင်မလို။ သူတို့ထဲတွင် ဩဇာအရှိဆုံးဖြစ်သည့် Jay အား ခပ်ထန်ထန်ဟစ်နိုင်သူသည် ဤကမ္ဘာတွင် တစ်ဦးတည်း။

Blood...။ နီသည်။ ရဲသည်။ အရိုင်းဆန်သည်။

ဘယ်ဘက်ရင်အုံတည့်တည့်ပေါ်က အိတ်ကပ်ထဲတွင် နှင်းဆီနီတစ်ပွင့် စိုက်ထူလို့၊ အနောက်တိုင်းဝတ်စုံကို ကျော့ရှင်းစွာ ဆင်မြန်းထားသည့်အပြင် ဆံပင်ကိုပါ ဂျယ်ဖြင့် သပ်သပ်ရပ်ရပ် လှန်တင်ထားသည့် Blood က စောနလေးတင်မှ ကပွဲတစ်ပွဲ ဆင်နွှဲလာသည့်ပုံ။

သာမန်နှင်းဆီနံ့မဟုတ်ဘဲ ဘာမှန်းမသိသည့် ရီဝေဝေအနံ့တစ်မျိုး ရောနှောနေသည့် နှင်းဆီနီကို Blood တစ်ယောက် ဆွဲဖယ်လိုခြင်း အလျဉ်းမရှိ။ တော်ရုံအလှလောက်နှင့် မထကြွတတ်သည့် သူ့အသွေးအသားတွေဟာ တစ်စုံတစ်ရာ​၏ အကူအညီလိုအပ်မြဲ။ artificial ရောလို့ နည်းနည်းအောက်ကောင်း အောက်ပေမယ့် နတ်ပြည်အထိ ဆွဲခေါ်သွားနိုင်သည့် ညကြမ်းတွေကို Blood စောက်ရမ်းသဘောခွေ့သည်။

"Blood အတွက် သီးသန့်" ဟုဆိုကာ နှင်းဆီနီအား သူ့အိတ်ကပ်ထဲ လက်ရဲဆက်ရဲ ထည့်ချလိုက်သည့် ကိုရီးယားမလေးကိုကြည့်ကာ အားရပါးရ ပြုံးမိလျက်သား။ များသောအားဖြင့် အာရှသူလေးတွေသည် မြုံစိမြုံစိနှင့် ဟိုဟာလိုလို ဒီဟာလိုလို အရှက်အကြောက် သိပ်ကြီးကြသည်။ သူ့အရှေ့က ကင်မ်ချီမလေးဟာတော့ အများနှင့်မတူ၊ တစ်မူးထူးလို့။

ကြိုက်သည်။ ဒီလိုမျိုး လက်ရဲဆက်ရဲတွေကို Blood အားကြီးနှစ်ခြိုက်သည်။

Blood လက်ကမ်းပေးတော့ မဒီပျိုလေးသည် အလိုက်တသိ ပြန်ဆုပ်​၏။ ယဉ်ကျေးမှုဖြင့် ပါးကိုနမ်းတော့ အို၊ လေပြွန်တစ်လျှောက် ဝေါခနဲ ဆင်းချလာသည့် မိတ်ကပ်မှုန့်တွေ။ ချောင်းမဆိုးမိအောင် အသက်ကို မနည်းအောင့်လို့ လူကြီးလူကောင်းပီပီ စိတ်ထဲကနေသာ အဟွတ်အဟွတ်လိုက်ရသည်။

ကိုရီးယားမလေးတွေ​၏ မိတ်ကပ်အစွမ်းကတော့ ပြောမနေနှင့်။ အမေရိကားမှ ကိုရီးယားသို့ပျံသန်းသည့် နာရီပေါင်း ၁၂နာရီကျော် စီးရမည့် လေယာဉ်ပေါ်ကိုတောင် မိတ်ကပ်အပြည့်အစုံ ၊ စကတ်အတို၊ အင်္ကျီလက်ပြတ်နှင့် တက်ချင်ကြသေးတာ။ ဒီကြားထဲ ခြောက်လက်မ ဒေါက်ဖိနပ်က အဆစ်ပါသေးသည်။ သူတို့တော့ မသိ၊ Blood မှာတော့ သူတို့အစား တစ်ကိုယ်လုံး ကောက်ညှင်းကျည်ထောက်လို ကျပ်ထုတ်အေးခဲနေပြီ။ ဒီပုံစံနှင့် ခြေပင်ကောင်းကောင်းဆန့်မရသည့် လေယာဉ်ထိုင်ခုံပိစိလေးမှာ ၁၂နာရီကျော် ဘယ်လိုထိုင်ကြမလဲ။

သန့်စင်ခန်းဟာလည်း သူတို့အတွက် မိတ်ကပ်ပြင်ခန်းကြီးလို ဖြစ်နေမှာ သေချာသည်။ အပြင်က ရပ်စောင့်နေရသည့် တန်းအရှည်ကြီးကိုလည်း အားနာရကောင်းမှန်းမသိ။  (လေယာဉ်ပေါ်က သန့်စင်ခန်းဟာ ကျား/မ ခွဲခြားထားတာ မရှိပါ။) သူတို့တစ်ခါတစ်ခါ ဝင်သွားလျှင် အနည်းဆုံး ၁၀မိနစ်တော့ ကြာစမြဲ။ ပြီးတော့ အပြတ်ရွှိုင်းပြီး ထွက်လာကြသည်မှာ ဝင်သွားသည့်ရုပ်နှင့် လားလားမှမဆိုင်။ အကြောင်းတစ်ခုကြောင့် သာမန်လူတွေနှင့်ရော၍ Korean air ​၏ economy class တွင် လိုက်ပါစီးနင်းဖူး၍ Blood ဒီအကြောင်းတွေ သိနေတာဖြစ်သည်။ ကိုရီးယားသူတွေဟာ အလှနှင့်ပတ်သက်လျှင် သိပ်ခက်​၏။

သို့ပေမယ့် ဒီအလှကိုပဲ ယစ်မူးနေကြရသည် မဟုတ်လား။ Blood သည် ကျားတွေထဲက ကျားတစ်ကောင်ပင်။ အသားမှန်သမျှ ရောဂါကင်းလျှင် ပိုးမွှားသန့်လျှင် ဘာလာလာ အကုန်စားတတ်သည်။

ယခုလည်း Blood တစ်ယောက် သူ့အရှေ့က မဒီပျိုလေးကို စားတော့မည်။ အစိမ်းလိုက် မျိုပစ်ရမလား။ အကျက်ကိုမှ sauce လူးပြီး စိမ်ပြေနပြေ အရသာခံရမလား။ မထူးပါဘူး။ မကျက်တကျက် medium လေးပဲ ကောင်းသည်။ Rare ဆို တစ်ခါတစ်ရံ သွေးစိမ်းရှင်ရှင်ထွက်လာတတ်ပြီး Well done ဟာဆိုရင်ဖြင့် ဝါးနေရတာကိုက သိပ်ပျင်းဖို့ကောင်း၏။

ညူစူစူကြည့်တော့ မိန်းကလေးက သူ့နှုတ်ခမ်းသူ လျှာဖြင့်တစ်ချက်သပ်သည်။ သို့ပေမယ့် အသားတွေ ကြွတက်အောင် ဆေးထိုးထားပုံရသည့် နှုတ်ခမ်းဖောင်းဖောင်းကို Blood မကြိုက်။ အဲဒီအစား အကြည့်တွေကို အောက်ပို့မိတော့ ဖျားတောင်ဖျားချင်သွား​၏။

အို၊ ဘုရားသခင်။ စောက်ရမ်းကောင်းတဲ့ clavicle ။ ညှပ်ရိုးလို့ပဲ ခေါ်မလား၊ လူတိုင်းနားလည်အောင် sexy bone လို့ပဲ ရည်ညွှန်းရမလား၊ ဘယ်လိုပဲပြောပြော လှတာတော့ သေအောင်လှသည်။

မဖြစ်။ ဒီနေ့ ဒီကင်မ်ချီမလေးကိုမှ မစားရရင် Blood တစ်ယောက် ရင်ဘတ်တစ်ခုလုံး ဟက်တက်ကြီး ကွဲချေရော့မည်။ လက်တစ်ဆုပ်စာပဲရှိသည့် ကိုရီယားမလေး​၏ ခါးသွယ်သွယ်ကို အပီချုပ်တော့ ကုတ်အင်္ကျီထဲက ဖုန်းဟာ တဂျီဂျီမြည်တော့​၏။

စောက်ကျိုးနည်း ဖုန်း။

Caller ID က Jay ဖြစ်နေသည်ကိုမြင်လေတော့ ပိုလို့တောင် ဒေါသူပုန်ထမိသေး​၏။

စောက်ကျိုးနည်း Jay ။ မကြိုက်မှန်းသိရက်နှင့် သူ့အပျော်ကို လာဖျက်သည်။

"Blood... ဒီနေ့လုပ်မယ်တဲ့"

ဖုန်းလက်ခံချင်းချင်း အပြတ်ကောပစ်မည်ဟု ပါးစပ်ပြင်ထားသမျှ အရေးကြီးသတင်းတစ်ခုအောက်မှာ အလုံးစုံပျောက်ဆုံးရသည်။ အလဲအလှယ်က ဒီနေ့ဖြစ်သွားပြီလား။ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ၊ မူလချိန်းထားသည့်အချိန်နှင့် သွေဖယ်သည့်အခါ Blood စိတ်ဆိုးတတ်ပေမယ့် ယခုအခါကတော့ ခြွင်းချက်။ သူလိုချင်နေသည့်ပစ္စည်းက ရှားပါးဖြစ်သည့်အပြင် လူတကာ မျက်စိကျနေသည့် ရတနာတစ်ပါးဖြစ်၍ မြန်လေကောင်းလေပင်။

ကင်မ်ချီမြေမှ ဆွဲမက်စရာ မဒီလေးအား ချန်ရစ်ခဲ့ရသည်ကို Blood လုံးလုံးမှ နောင်တမရ။ အနှစ်နှစ်အလလ ရှာဖွေနေသည့် သူ့ကလေးလေးက ပိုအရေးကြီးသည်။

ချိန်းဆိုထားသည့်နေရာသည် ရိုးရိုးရှင်းရှင်း ပန်းခြံလေးတစ်ခု။ CCTV မရှိသည့်နေရာ၊ လုံခြုံရေးမရှိသည့်နေရာကို နှစ်ဦးသဘောတူ ရွေးချယ်ထားကြခြင်းဖြစ်သည်။ ဒီလိုမျိုး လူတကာ ဝင်ထွက်သွားလာ အပန်းဖြေနေသည့် ပန်းခြံလေးထဲတွင် မှောင်ခိုလုပ်ငန်းစုနှစ်ခု ထိပ်တိုက်တွေ့ကြမည်ဆို ဘယ်သူကများ ယုံကြမှာလဲ။

ပန်းခြံလေးက ခပ်သေးသေးပေမယ့် Blood အကြာကြီး မရှာလိုက်ရ။ စေ့စပ်သေချာလွန်းသော Jay ကြောင့် အလဲအလှယ်လုပ်သည့်အခါတွင် သူက မျက်နှာလေးပြပြီး လက်ဆွဲနှုတ်ဆက်လိုက်ရုံ။

အဲဒီလိုပါပဲ။ တချို့လူတွေများ ဒီလောက်ခန့်ညားတဲ့ သူ့မျက်နှာချောချောလေးကို မြင်လိုက်ရမှ စားဝင်အိပ်ပျော်ကြသည်။ ဗွေမယူဘဲ ရူပဒါနလုပ်တယ်လို့ပဲ သဘောထားကြတာပေါ့ Blood ။

အကြိမ်ကြိမ်သန့်စင်ထားသဖြင့် အရည်အသွေးကောင်းလှသော အဖြူမှုန့်အချို့ ပေးလိုက်တာနှင့် သူ့လက်ထဲ အသာတကြည်ရောက်လာပါသာ သူ့ကလေးလေး။ ဝင်းလက်နေသည့် ကလေးငယ်ဟာ အနာအဆာမရှိ။ အို၊ လှရက်လိုက်တာ ကလေးငယ်ရယ်။

တကယ်တော့ Blood ဟာ diamond crazy တစ်ဦးပါ။ ဘာအရူးထမှန်းတော့မသိ၊ စိန်စုရတာ အားကြီးဝါသနာပါသည်။ သူ့ကလေးလေးကိုသာ ပေးမယ်ပြောကြည့်၊ သူ့ဆေးဂိုထောင်တစ်ခုလုံး ကြိုက်သလိုဝင်ထွက်ခွင့်ပြုမည့်အမျိုးပင်။

သို့ပေမယ့် တစ်ခဏမျှအကြာတွင်...

"ဟိုခွေးကောင်ကို လိုက်ရှာ။ တွေ့တာနဲ့ ပစ်သတ်။ ငါ့ကလေးကို ဝင်ခုတ်တဲ့ကောင်၊ အရှင်ထားစရာ ဘာစောက်ကြောင်းမှ မရှိဘူး!"

ဆိတ်ငြိမ်နေသည့် ပန်းခြံငယ်သည် ယခုများတော့ စစ်မြေပြင်တစ်ခုလို။ တစ်စုံတစ်ယောက်က သူ့ကလေးလေးကို ဖြတ်ခုတ်သွားသဖြင့် မိုးမီးတောက်သလို လောင်ကျွမ်းနေခြင်းဖြစ်သည်။ Jay အပါအဝင် အဖွဲ့သားများကလည်း မျက်စိရှေ့က ဖြစ်ပျက်သွားသည်တို့ကို မယုံကြည်နိုင်စွာ။ အကုန်လုံး ကြောင်ပြီး အင်တင်တင်လုပ်နေတော့ Blood တစ်ယောက် နှစ်ဆတိုးလို့ သောင်းကျန်းတော့​၏။

"လူခွဲရှာစမ်း" ဆိုသည့် အမိန့်တစ်စုံအောက်တွင် အသီးသီးအုပ်စုခွဲလို့ သေနတ်ကိုယ်စီဖြင့် ပျောက်ကွယ်သွားကြပြီ။ Blood ကိုယ်တိုင်ကလည်း ဒီအတိုင်း ထိုင်မနေ။ သူ့ကလေးလေး ပါသွားတာကို ပျော်မြူးနေသည့် နှင်းစက်တို့အား မျက်စောင်းခဲရင်း...

"စောက်ကျိုးနည်း ခွေးမသား!"

​ဖြတ်ခုတ်သွားသည့်ကောင်ကို မိုက်မိုက်ရိုင်းရိုင်း ကျိန်ဆဲပြီးနောက် Blood တစ်ချက် တန့်သွားရသည်။

ခဏလေး။ ဒါဟာ ကျိန်ဆဲတာမှ မဟုတ်ဘဲ။ အမြီးက တနံ့နံ့၊ ခြေက လေးချောင်းနှင့် ပါးစပ်က ဝုတ်ဝုတ်ဟု ဟောင်တတ်သည့် တကယ့်ခွေးတစ်ကောင်ကို ခွေးကပေါက်သည့် ခွေးမသားဟု မခေါ်လျှင် ဘယ်လိုသွားပြီး ရည်ညွှန်းရမလဲ။

Blood တိုင်နှင့်ခေါင်းနှင့်သာ ပြေးဆောင့်လိုက်ချင်တော့သည်။

ဟုတ်ပါသည်။ ယခု သူ့ကလေးလေးအား လုယူသွားပါသည်ဆိုသည့်ကျေးဇူးရှင်သည် လူသားတစ်ယောက်မဟုတ်။ ခွေးကိုမှ တကယ့်ခွေးအစစ်။ တိတိကျကျပြောလျှင် နားရွက်ထောင်ထောင်နှင့် ဟက်စကီးအဖြူကောင်ရယ်ပါ။

Blood တစ်ယောက် သူ့ကလေးလေးကို မှန်ဘီလူးနဲ့ အသေအချာကြည့်နေရင်း ဘယ်ကမှန်းမသိ ထွက်လာပါသော ဦးဟက်စကီး။ ပန်းခြံထဲက လေလွင့်ခွေးပီပီ Blood လက်ထဲက ပြောင်တလက်လက် စိန်ပွင့်ငယ်ကို အငြိုးကြီးဖြင့် အမဲဖြတ်သည်။

ဘုန်းခနဲ ခုန်အုပ်လာသော ဟက်စကီးကြောင့် Blood ရင်တစ်ချက်တုန်သွားသော်လည်း အကိုက်မခံရအောင် ရှောင်လိုက်နိုင်သည်။ သို့သော် ကံဆိုးစွာ၊ ကလေးငယ်ခင်မျာ ဦးဟက်စကီး​၏ သွားရည်တမျမျ ပါးစပ်ကြီးထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ထိုးဝင်လို့။ "ငါ့ကလေးလေး" ဟု Blood တစ်ယောက် မရေရွတ်မိခင်မှာဘဲ ဦးဟက်စကီးဟာ အလင်းထက်မြန်သောအရှိန်ဖြင့် သစ်ပင်တွေကြား တိုးဝင်လို့သွားခဲ့ပြီ။

နှင်းကျချိန်ဖြစ်၍ အဖြူကောင် ဦးဟက်စကီး ကံကောင်းသွားသလားမသိ။ ခြေရာကောက်ရလောက်တဲ့အထိလည်း မြေကြီးဟာ နှင်းမဖုံးသဖြင့် Blood ခေါင်းမီးတောက်ရသည်။

"ငါ့ကလေးလေးကို မနာလို သဝန်တိုနေတဲ့ ခွေးလေခွေးလွင့်၊ ငါဆိုတဲ့ Blood နဲ့ တွေ့ကြသေးတာပေါ့"

ခါးကြားထဲမှ သေနတ်ကိုဆွဲထုတ်၊ အသင့်အနေအထားရောက်အောင် မောင်းကြိုဖြုတ်ရင်း လိုက်ပတ်ရှာတော့ ဟော၊ တွေ့ပါပြီ။ လျှာကလေး တလစ်တလစ်နှင့် အဖြူညစ်ညစ် ဟက်စကီး။ ခုနက ပြေးထွက်သွားတာ သူမဟုတ်သည့်အတိုင်း တစ်နေရာတည်းတွင် ကျောက်ချရပ်နေရှာသည်။ ဘယ်တုန်းကများ ဒီလောက်တောင် လိမ္မာသွားရသလဲ။ ဒီလိုလိမ္မာနေပြန်တော့လည်း Blood ပစ်သတ်ရမှာ အရသာမရှိတော့သလို။

သို့ပေမယ့် မရ။ ချစ်စရာ့ ကလေးလေးကို မြိုချသွားပါသော ဟက်စကီးကောင်ကို အရှင်ထားလို့မဖြစ်။ Blood ဆိုသော လူမိုက်ကြီး​၏ ရာဇဝင်ရိုင်းသွားလိမ့်မည်။ ထိုအဖြူကောင်​၏ ခေါင်းတည့်တည့်ကိုပစ်၊ ဗိုက်ကို ဓားဖြင့်ခွဲ၊ အစာအိမ်ကို ဖောက်လို့ သူ့ကလေးလေးကို အလျင်အမြန် ထုတ်ယူရအံ့။ မောင်းဖြုတ်ထားပြီးသော သေနတ်အား ပစ်မှတ်တည့်တည့် ရွယ်လိုက်ချိန်တွင်...

"ရပ်လိုက်"

ဟက်စကီးကို အကာအကွယ်ပြုလို့ သူ့သေနတ်ရှေ့တည့်တည့် လာပိတ်ရပ်သည်က ဖြူဖွေးနေသည့် ကုတ်အင်္ကျီကို ကျကျနန ဆင်မြန်းထားပါသော ကျောပြင်တစ်စုံ။ အေးစက်နေသော အသံတစ်စုံဟာ Blood ​၏ လက်ညိုးကိုပါ တောင့်တင်းသွားစေသည်အထိ။

ပစ်သတ်လိုက်စမ်း Blood ။ ဘာကိုစောင့်နေတာလဲ။ မင်းရဲ့လက်ညှိုးကို ကွေးလိုက်စမ်း။

Blood သူ့ကိုယ်သူ အမိန့်ပေးလိုက်သည်။ သို့သော် မရ။ သူ့လက်ညိုးဟာ မလှုပ်မယှက် တောင့်တောင့်ကြီးပင်။ Blood...။ နီသည်။ ရဲသည်။ အရိုင်းဆန်သည်တဲ့။ အဲဒီ Blood ဘယ်ရောက်သွားသလဲ။

"ခင်များ၊ ကျုပ်ရှေ့က ဖယ်စမ်း"

ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်စွာ Blood ကျုံးဝါးမိပြန်သည်။ စကားတစ်ခွန်းပြောရမည်ကိုပင် ပါးစပ်ညောင်းပါတယ်၊ လေကုန်ပါတယ်ဆိုပြီး ဆင်ခြေပေးတတ်သည့်သူက ဘာကိစ္စ စကားတွေ အများကြီး ပြောနေရသလဲ။ စကားလုံးများစွာနှင့် ကျည်တစ်တောင့်ဆို Blood ဆိုသည့် ငပျင်းက ကျည်တောင့်ကိုပဲ ရွေးမည့်အမျိုး။ သို့သော် ဤကုတ်အဖြူနှင့်ယောကျာ်းအလှည့်ကျမှ ဘာစောက်ရူးထမှန်းမသိ။ ကြည့်ရတာ ဟက်စကီးတစ်ကောင်အတွက်နှင့် မိမိအသက်ကို လဲရဲသည်ဆိုသည့် သတ္တိ၊ မဟုတ်...၊ မိုက်ရူးရဲဆန်မှုကို လက်ဖျားခါသွားတာဖြစ်ရမည်။

"ရပ်လိုက်"

အို၊ ထိုယောကျာ်းဟာ မိုက်ရူးရဲဆန်ပြီးရင်း ဆန်နေတုန်း။ Blood ဟားခနဲရယ်ချင်မိသည်။ တစ်ချိန်တည်းမှာပဲ ဟက်စကီးကို မျက်စပစ်မိသည်။

ဟေ့ ဦးဟက်စကီး။ မင်းဟာ သိပ်ကံကောင်းတဲ့ အဖြူကောင်ပဲ။ ငါ့ကလေးလေးကိုလည်း မြိုချခွင့်ရတယ်။ ဟော၊ အခုလည်း မင်းလို ခွေးတစ်ကောင်ကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးမယ့်လူတစ်ယောက်ရှိနေပြန်ပြီ။ ခွေးချင်းအတူတူတောင် သူ့ကံနဲ့သူ လာတာပါလားနော်။

"ခင်များ ရှေ့ကဖယ်။ ခင်ဗျားရဲ့ မိုက်ရူးရဲဆန်နိုင်မှုကြီးကို ဆုချချင်လွန်းလို့ ကျုပ် ခင်ဗျားကို မသတ်ဘူး။ ဒါပေမဲ့ သုံးအထိရေလို့မှ မဖယ်ရင် ခင်ဗျား ကျုပ်အဆိုး-"

"ရပ် လိုက်"

Blood စကားပင် မဆုံးသေး။ ကုတ်အဖြူနှင့် ထိုလူဟာ Blood ဘက်သို့လှည့်ကာ သေနတ်ကို သူ့ရင်ဘတ်နှင့် ထိကပ်လိုက်တော့​၏။ ဒါ... ဒါဟာ မိုက်ရူးရဲဆန်ခြင်းဆိုတာ​၏ next level ပင်။ ဒီလူ ဂေါက်များသွားပြီလား။

တွေဝေနေသော Blood က သူ့ထက် မဆိုစလောက်လေး အနည်းငယ်မြင့်သည့် ထိုယောက်ျားကို မျက်ခုံးပင့်ကြည့်သည်။

တကယ်တော့ ယခုအချိန်တွင် Blood တစ်ယောက် သူ့ကိုယ်သူ Blood ဟု မခံစားရပါ။ Blood ဆိုသည့် လူမိုက်ကောင်က လက်မြန်ခြေမြန်။ "ငါ့စကား နားမထောင်ဘူးလား၊ ဒါဆိုသေလိုက်" ဟု ထစ်ခနဲရှိ သတ်မည်ဖြတ်မည်ဆိုသည့် Blood က အခုလို တွေဝေနေတာ ဝေလာဝေး။ ဆိုတော့ Blood မဟုတ်လျှင် ယခု သူသည် မည်သူနည်း။

မသိ။ Blood မသိ။ စဉ်းစားချိန်လည်းမရှိ။ စဉ်းစားစရာ ဦးနှောက်ကလည်း မအားလပ်။ သူ့ရှေ့က ယောကျာ်းဖြင့် သူ့ဦးနှောက်တစ်ခုလုံး ပြည့်လျှံနေသည်။

သေနတ်ကို အောက်သို့မချရသေး။ ထိုယောကျာ်း​၏ မျက်နှာဆီသို့ အကြည့်များ မရောက်မီ တစ်စုံတစ်ရာ​၏ ဆွဲဆောင်မှုကြောင့် လမ်းတစ်ဝက်မှာတင် ရပ်တန့်ကုန်ရ​၏။

ခဏလေး။ အဲ့ဒီ clavicle မှာ တက်တူးထိုးရင် သိပ်ကိုလှမှာ။

----------

နည်းနည်းကြာသွားတယ်။ ယူတို့တော့ မသိ။ မီ့ကိုယ်မီတော့ တော်တော်ကြီး စိတ်မရှည်ဖြစ်နေပြီ။ ပြီးရမယ့်ဟာက တော်တော်နဲ့မပြီး🤧။ ဒါပေမဲ့ ယူတို့ စောင့်ရကျိုးနပ်ပါတယ်။ ဘာလို့လဲ?

ibeingme က အရမ်းချောနေလို့ပါ^_^

Love,
ibeingme
21.10.15

(Zawgyi)
​ေဆာင္းရာသီ...။
အဲဒီေန႔က ႏွင္းေတြ ငိုသည္...။

"Jay!"

စူးနစ္စြာ ေပၚထြက္လာသည့္ ေအာ္သံရင့္ရင့္က နာမည္တစ္လုံးတည္းေပမယ့္ သူတို႔တစ္ဖြဲ႕လုံးကို သတိအေနအထားေရာက္သြားေစသည္အထိ အာဏာျပင္းရွ​၏။ အသံပိုင္ရွင္ကိုမူ လွည့္၍ၾကည့္စရာပင္မလို။ သူတို႔ထဲတြင္ ဩဇာအရွိဆုံးျဖစ္သည့္ Jay အား ခပ္ထန္ထန္ဟစ္နိုင္သူသည္ ဤကမၻာတြင္ တစ္ဦးတည္း။

Blood...။ နီသည္။ ရဲသည္။ အရိုင္းဆန္သည္။

ဘယ္ဘက္ရင္အုံတည့္တည့္ေပၚက အိတ္ကပ္ထဲတြင္ ႏွင္းဆီနီတစ္ပြင့္ စိုက္ထူလို႔၊ အေနာက္တိုင္းဝတ္စုံကို ေက်ာ့ရွင္းစြာ ဆင္ျမန္းထားသည့္အျပင္ ဆံပင္ကိုပါ ဂ်ယ္ျဖင့္ သပ္သပ္ရပ္ရပ္ လွန္တင္ထားသည့္ Blood က ေစာနေလးတင္မွ ကပြဲတစ္ပြဲ ဆင္ႏႊဲလာသည့္ပုံ။

သာမန္ႏွင္းဆီနံ႔မဟုတ္ဘဲ ဘာမွန္းမသိသည့္ ရီေဝေဝအနံ႔တစ္မ်ိဳး ေရာေႏွာေနသည့္ ႏွင္းဆီနီကို Blood တစ္ေယာက္ ဆြဲဖယ္လိုျခင္း အလ်ဥ္းမရွိ။ ေတာ္႐ုံအလွေလာက္ႏွင့္ မထႂကြတတ္သည့္ သူ႔အေသြးအသားေတြဟာ တစ္စုံတစ္ရာ​၏ အကူအညီလိုအပ္ျမဲ။ artificial ေရာလို႔ နည္းနည္းေအာက္ေကာင္း ေအာက္ေပမယ့္ နတ္ျပည္အထိ ဆြဲေခၚသြားနိုင္သည့္ ညၾကမ္းေတြကို Blood ေစာက္ရမ္းသေဘာေခြ႕သည္။

"Blood အတြက္ သီးသန႔္" ဟုဆိုကာ ႏွင္းဆီနီအား သူ႔အိတ္ကပ္ထဲ လက္ရဲဆက္ရဲ ထည့္ခ်လိုက္သည့္ ကိုရီးယားမေလးကိုၾကည့္ကာ အားရပါးရ ျပဳံးမိလ်က္သား။ မ်ားေသာအားျဖင့္ အာရွသူေလးေတြသည္ ျမဳံစိျမဳံစိႏွင့္ ဟိုဟာလိုလို ဒီဟာလိုလို အရွက္အေၾကာက္ သိပ္ႀကီးၾကသည္။ သူ႔အေရွ႕က ကင္မ္ခ်ီမေလးဟာေတာ့ အမ်ားႏွင့္မတူ၊ တစ္မူးထူးလို႔။

ႀကိဳက္သည္။ ဒီလိုမ်ိဳး လက္ရဲဆက္ရဲေတြကို Blood အားႀကီးႏွစ္ၿခိဳက္သည္။

Blood လက္ကမ္းေပးေတာ့ မဒီပ်ိဳေလးသည္ အလိုက္တသိ ျပန္ဆုပ္​၏။ ယဥ္ေက်းမွုျဖင့္ ပါးကိုနမ္းေတာ့ အို၊ ေလႁပြန္တစ္ေလၽွာက္ ေဝါခနဲ ဆင္းခ်လာသည့္ မိတ္ကပ္မွုန႔္ေတြ။ ေခ်ာင္းမဆိုးမိေအာင္ အသက္ကို မနည္းေအာင့္လို႔ လူႀကီးလူေကာင္းပီပီ စိတ္ထဲကေနသာ အဟြတ္အဟြတ္လိုက္ရသည္။

ကိုရီးယားမေလးေတြ​၏ မိတ္ကပ္အစြမ္းကေတာ့ ေျပာမေနႏွင့္။ အေမရိကားမွ ကိုရီးယားသို႔ပ်ံသန္းသည့္ နာရီေပါင္း ၁၂နာရီေက်ာ္ စီးရမည့္ ေလယာဥ္ေပၚကိုေတာင္ မိတ္ကပ္အျပည့္အစုံ ၊ စကတ္အတို၊ အကႌ်လက္ျပတ္ႏွင့္ တက္ခ်င္ၾကေသးတာ။ ဒီၾကားထဲ ေျခာက္လက္မ ေဒါက္ဖိနပ္က အဆစ္ပါေသးသည္။ သူတို႔ေတာ့ မသိ၊ Blood မွာေတာ့ သူတို႔အစား တစ္ကိုယ္လုံး ေကာက္ညႇင္းက်ည္ေထာက္လို က်ပ္ထုတ္ေအးခဲေနၿပီ။ ဒီပုံစံႏွင့္ ေျခပင္ေကာင္းေကာင္းဆန႔္မရသည့္ ေလယာဥ္ထိုင္ခုံပိစိေလးမွာ ၁၂နာရီေက်ာ္ ဘယ္လိုထိုင္ၾကမလဲ။

သန႔္စင္ခန္းဟာလည္း သူတို႔အတြက္ မိတ္ကပ္ျပင္ခန္းႀကီးလို ျဖစ္ေနမွာ ေသခ်ာသည္။ အျပင္က ရပ္ေစာင့္ေနရသည့္ တန္းအရွည္ႀကီးကိုလည္း အားနာရေကာင္းမွန္းမသိ။  (ေလယာဥ္ေပၚက သန႔္စင္ခန္းဟာ က်ား/မ ခြဲျခားထားတာ မရွိပါ။) သူတို႔တစ္ခါတစ္ခါ ဝင္သြားလၽွင္ အနည္းဆုံး ၁၀မိနစ္ေတာ့ ၾကာစျမဲ။ ၿပီးေတာ့ အျပတ္ရႊိုင္းၿပီး ထြက္လာၾကသည္မွာ ဝင္သြားသည့္႐ုပ္ႏွင့္ လားလားမွမဆိုင္။ အေၾကာင္းတစ္ခုေၾကာင့္ သာမန္လူေတြႏွင့္ေရာ၍ Korean air ​၏ economy class တြင္ လိုက္ပါစီးနင္းဖူး၍ Blood ဒီအေၾကာင္းေတြ သိေနတာျဖစ္သည္။ ကိုရီးယားသူေတြဟာ အလွႏွင့္ပတ္သက္လၽွင္ သိပ္ခက္​၏။

သို႔ေပမယ့္ ဒီအလွကိုပဲ ယစ္မူးေနၾကရသည္ မဟုတ္လား။ Blood သည္ က်ားေတြထဲက က်ားတစ္ေကာင္ပင္။ အသားမွန္သမၽွ ေရာဂါကင္းလၽွင္ ပိုးမႊားသန႔္လၽွင္ ဘာလာလာ အကုန္စားတတ္သည္။

ယခုလည္း Blood တစ္ေယာက္ သူ႔အေရွ႕က မဒီပ်ိဳေလးကို စားေတာ့မည္။ အစိမ္းလိုက္ မ်ိဳပစ္ရမလား။ အက်က္ကိုမွ sauce လူးၿပီး စိမ္ေျပနေၿပ အရသာခံရမလား။ မထူးပါဘူး။ မက်က္တက်က္ medium ေလးပဲ ေကာင္းသည္။ Rare ဆို တစ္ခါတစ္ရံ ေသြးစိမ္းရွင္ရွင္ထြက္လာတတ္ၿပီး Well done ဟာဆိုရင္ျဖင့္ ဝါးေနရတာကိုက သိပ္ပ်င္းဖို႔ေကာင္း၏။

ညဴစူစူၾကည့္ေတာ့ မိန္းကေလးက သူ႔ႏွုတ္ခမ္းသူ လၽွာျဖင့္တစ္ခ်က္သပ္သည္။ သို႔ေပမယ့္ အသားေတြ ႂကြတက္ေအာင္ ေဆးထိုးထားပုံရသည့္ ႏွုတ္ခမ္းေဖာင္းေဖာင္းကို Blood မႀကိဳက္။ အဲဒီအစား အၾကည့္ေတြကို ေအာက္ပို႔မိေတာ့ ဖ်ားေတာင္ဖ်ားခ်င္သြား​၏။

အို၊ ဘုရားသခင္။ ေစာက္ရမ္းေကာင္းတဲ့ clavicle ။ ညႇပ္ရိုးလို႔ပဲ ေခၚမလား၊ လူတိုင္းနားလည္ေအာင္ sexy bone လို႔ပဲ ရည္ညႊန္းရမလား၊ ဘယ္လိုပဲေျပာေျပာ လွတာေတာ့ ေသေအာင္လွသည္။

မျဖစ္။ ဒီေန႔ ဒီကင္မ္ခ်ီမေလးကိုမွ မစားရရင္ Blood တစ္ေယာက္ ရင္ဘတ္တစ္ခုလုံး ဟက္တက္ႀကီး ကြဲေခ်ေရာ့မည္။ လက္တစ္ဆုပ္စာပဲရွိသည့္ ကိုရီယားမေလး​၏ ခါးသြယ္သြယ္ကို အပီခ်ဳပ္ေတာ့ ကုတ္အကႌ်ထဲက ဖုန္းဟာ တဂ်ီဂ်ီျမည္ေတာ့​၏။

ေစာက္က်ိဳးနည္း ဖုန္း။

Caller ID က Jay ျဖစ္ေနသည္ကိုျမင္ေလေတာ့ ပိုလို႔ေတာင္ ေဒါသူပုန္ထမိေသး​၏။

ေစာက္က်ိဳးနည္း Jay ။ မႀကိဳက္မွန္းသိရက္ႏွင့္ သူ႔အေပ်ာ္ကို လာဖ်က္သည္။

"Blood... ဒီေန႔လုပ္မယ္တဲ့"

ဖုန္းလက္ခံခ်င္းခ်င္း အျပတ္ေကာပစ္မည္ဟု ပါးစပ္ျပင္ထားသမၽွ အေရးႀကီးသတင္းတစ္ခုေအာက္မွာ အလုံးစုံေပ်ာက္ဆုံးရသည္။ အလဲအလွယ္က ဒီေန႔ျဖစ္သြားၿပီလား။ ေစာသည္ျဖစ္ေစ၊ ေနာက္က်သည္ျဖစ္ေစ၊ မူလခ်ိန္းထားသည့္အခ်ိန္ႏွင့္ ေသြဖယ္သည့္အခါ Blood စိတ္ဆိုးတတ္ေပမယ့္ ယခုအခါကေတာ့ ႁခြင္းခ်က္။ သူလိုခ်င္ေနသည့္ပစၥည္းက ရွားပါးျဖစ္သည့္အျပင္ လူတကာ မ်က္စိက်ေနသည့္ ရတနာတစ္ပါးျဖစ္၍ ျမန္ေလေကာင္းေလပင္။

ကင္မ္ခ်ီေျမမွ ဆြဲမက္စရာ မဒီေလးအား ခ်န္ရစ္ခဲ့ရသည္ကို Blood လုံးလုံးမွ ေနာင္တမရ။ အႏွစ္ႏွစ္အလလ ရွာေဖြေနသည့္ သူ႔ကေလးေလးက ပိုအေရးႀကီးသည္။

ခ်ိန္းဆိုထားသည့္ေနရာသည္ ရိုးရိုးရွင္းရွင္း ပန္းၿခံေလးတစ္ခု။ CCTV မရွိသည့္ေနရာ၊ လုံျခဳံေရးမရွိသည့္ေနရာကို ႏွစ္ဦးသေဘာတူ ေရြးခ်ယ္ထားၾကျခင္းျဖစ္သည္။ ဒီလိုမ်ိဳး လူတကာ ဝင္ထြက္သြားလာ အပန္းေျဖေနသည့္ ပန္းၿခံေလးထဲတြင္ ေမွာင္ခိုလုပ္ငန္းစုႏွစ္ခု ထိပ္တိုက္ေတြ႕ၾကမည္ဆို ဘယ္သူကမ်ား ယုံၾကမွာလဲ။

ပန္းၿခံေလးက ခပ္ေသးေသးေပမယ့္ Blood အၾကာႀကီး မရွာလိုက္ရ။ ေစ့စပ္ေသခ်ာလြန္းေသာ Jay ေၾကာင့္ အလဲအလွယ္လုပ္သည့္အခါတြင္ သူက မ်က္ႏွာေလးျပၿပီး လက္ဆြဲႏွုတ္ဆက္လိုက္႐ုံ။

အဲဒီလိုပါပဲ။ တခ်ိဳ႕လူေတြမ်ား ဒီေလာက္ခန႔္ညားတဲ့ သူ႔မ်က္ႏွာေခ်ာေခ်ာေလးကို ျမင္လိုက္ရမွ စားဝင္အိပ္ေပ်ာ္ၾကသည္။ ေဗြမယူဘဲ ႐ူပဒါနလုပ္တယ္လို႔ပဲ သေဘာထားၾကတာေပါ့ Blood ။

အႀကိမ္ႀကိမ္သန႔္စင္ထားသျဖင့္ အရည္အေသြးေကာင္းလွေသာ အျဖဴမွုန႔္အခ်ိဳ႕ ေပးလိုက္တာႏွင့္ သူ႔လက္ထဲ အသာတၾကည္ေရာက္လာပါသာ သူ႔ကေလးေလး။ ဝင္းလက္ေနသည့္ ကေလးငယ္ဟာ အနာအဆာမရွိ။ အို၊ လွရက္လိုက္တာ ကေလးငယ္ရယ္။

တကယ္ေတာ့ Blood ဟာ diamond crazy တစ္ဦးပါ။ ဘာအ႐ူးထမွန္းေတာ့မသိ၊ စိန္စုရတာ အားႀကီးဝါသနာပါသည္။ သူ႔ကေလးေလးကိုသာ ေပးမယ္ေျပာၾကည့္၊ သူ႔ေဆးဂိုေထာင္တစ္ခုလုံး ႀကိဳက္သလိုဝင္ထြက္ခြင့္ျပဳမည့္အမ်ိဳးပင္။

သို႔ေပမယ့္ တစ္ခဏမၽွအၾကာတြင္...

"ဟိုေခြးေကာင္ကို လိုက္ရွာ။ ေတြ႕တာနဲ႔ ပစ္သတ္။ ငါ့ကေလးကို ဝင္ခုတ္တဲ့ေကာင္၊ အရွင္ထားစရာ ဘာေစာက္ေၾကာင္းမွ မရွိဘူး!"

ဆိတ္ၿငိမ္ေနသည့္ ပန္းၿခံငယ္သည္ ယခုမ်ားေတာ့ စစ္ေျမျပင္တစ္ခုလို။ တစ္စုံတစ္ေယာက္က သူ႔ကေလးေလးကို ျဖတ္ခုတ္သြားသျဖင့္ မိုးမီးေတာက္သလို ေလာင္ကၽြမ္းေနျခင္းျဖစ္သည္။ Jay အပါအဝင္ အဖြဲ႕သားမ်ားကလည္း မ်က္စိေရွ႕က ျဖစ္ပ်က္သြားသည္တို႔ကို မယုံၾကည္နိုင္စြာ။ အကုန္လုံး ေၾကာင္ၿပီး အင္တင္တင္လုပ္ေနေတာ့ Blood တစ္ေယာက္ ႏွစ္ဆတိုးလို႔ ေသာင္းက်န္းေတာ့​၏။

"လူခြဲရွာစမ္း" ဆိုသည့္ အမိန႔္တစ္စုံေအာက္တြင္ အသီးသီးအုပ္စုခြဲလို႔ ေသနတ္ကိုယ္စီျဖင့္ ေပ်ာက္ကြယ္သြားၾကၿပီ။ Blood ကိုယ္တိုင္ကလည္း ဒီအတိုင္း ထိုင္မေန။ သူ႔ကေလးေလး ပါသြားတာကို ေပ်ာ္ျမဴးေနသည့္ ႏွင္းစက္တို႔အား မ်က္ေစာင္းခဲရင္း...

"ေစာက္က်ိဳးနည္း ေခြးမသား!"

​ျဖတ္ခုတ္သြားသည့္ေကာင္ကို မိုက္မိုက္ရိုင္းရိုင္း က်ိန္ဆဲၿပီးေနာက္ Blood တစ္ခ်က္ တန႔္သြားရသည္။

ခဏေလး။ ဒါဟာ က်ိန္ဆဲတာမွ မဟုတ္ဘဲ။ အၿမီးက တနံ႔နံ႔၊ ေျခက ေလးေခ်ာင္းႏွင့္ ပါးစပ္က ဝုတ္ဝုတ္ဟု ေဟာင္တတ္သည့္ တကယ့္ေခြးတစ္ေကာင္ကို ေခြးကေပါက္သည့္ ေခြးမသားဟု မေခၚလၽွင္ ဘယ္လိုသြားၿပီး ရည္ညႊန္းရမလဲ။

Blood တိုင္ႏွင့္ေခါင္းႏွင့္သာ ေျပးေဆာင့္လိုက္ခ်င္ေတာ့သည္။

ဟုတ္ပါသည္။ ယခု သူ႔ကေလးေလးအား လုယူသြားပါသည္ဆိုသည့္ေက်းဇူးရွင္သည္ လူသားတစ္ေယာက္မဟုတ္။ ေခြးကိုမွ တကယ့္ေခြးအစစ္။ တိတိက်က်ေျပာလၽွင္ နားရြက္ေထာင္ေထာင္ႏွင့္ ဟက္စကီးအျဖဴေကာင္ရယ္ပါ။

Blood တစ္ေယာက္ သူ႔ကေလးေလးကို မွန္ဘီလူးနဲ႔ အေသအခ်ာၾကည့္ေနရင္း ဘယ္ကမွန္းမသိ ထြက္လာပါေသာ ဦးဟက္စကီး။ ပန္းၿခံထဲက ေလလြင့္ေခြးပီပီ Blood လက္ထဲက ေျပာင္တလက္လက္ စိန္ပြင့္ငယ္ကို အၿငိဳးႀကီးျဖင့္ အမဲျဖတ္သည္။

ဘုန္းခနဲ ခုန္အုပ္လာေသာ ဟက္စကီးေၾကာင့္ Blood ရင္တစ္ခ်က္တုန္သြားေသာ္လည္း အကိုက္မခံရေအာင္ ေရွာင္လိုက္နိုင္သည္။ သို႔ေသာ္ ကံဆိုးစြာ၊ ကေလးငယ္ခင္မ်ာ ဦးဟက္စကီး​၏ သြားရည္တမ်မ် ပါးစပ္ႀကီးထဲသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ထိုးဝင္လို႔။ "ငါ့ကေလးေလး" ဟု Blood တစ္ေယာက္ မေရရြတ္မိခင္မွာဘဲ ဦးဟက္စကီးဟာ အလင္းထက္ျမန္ေသာအရွိန္ျဖင့္ သစ္ပင္ေတြၾကား တိုးဝင္လို႔သြားခဲ့ၿပီ။

ႏွင္းက်ခ်ိန္ျဖစ္၍ အျဖဴေကာင္ ဦးဟက္စကီး ကံေကာင္းသြားသလားမသိ။ ေျခရာေကာက္ရေလာက္တဲ့အထိလည္း ေျမႀကီးဟာ ႏွင္းမဖုံးသျဖင့္ Blood ေခါင္းမီးေတာက္ရသည္။

"ငါ့ကေလးေလးကို မနာလို သဝန္တိုေနတဲ့ ေခြးေလေခြးလြင့္၊ ငါဆိုတဲ့ Blood နဲ႔ ေတြ႕ၾကေသးတာေပါ့"

ခါးၾကားထဲမွ ေသနတ္ကိုဆြဲထုတ္၊ အသင့္အေနအထားေရာက္ေအာင္ ေမာင္းႀကိဳျဖဳတ္ရင္း လိုက္ပတ္ရွာေတာ့ ေဟာ၊ ေတြ႕ပါၿပီ။ လၽွာကေလး တလစ္တလစ္ႏွင့္ အျဖဴညစ္ညစ္ ဟက္စကီး။ ခုနက ေျပးထြက္သြားတာ သူမဟုတ္သည့္အတိုင္း တစ္ေနရာတည္းတြင္ ေက်ာက္ခ်ရပ္ေနရွာသည္။ ဘယ္တုန္းကမ်ား ဒီေလာက္ေတာင္ လိမၼာသြားရသလဲ။ ဒီလိုလိမၼာေနျပန္ေတာ့လည္း Blood ပစ္သတ္ရမွာ အရသာမရွိေတာ့သလို။

သို႔ေပမယ့္ မရ။ ခ်စ္စရာ့ ကေလးေလးကို ၿမိဳခ်သြားပါေသာ ဟက္စကီးေကာင္ကို အရွင္ထားလို႔မျဖစ္။ Blood ဆိုေသာ လူမိုက္ႀကီး​၏ ရာဇဝင္ရိုင္းသြားလိမ့္မည္။ ထိုအျဖဴေကာင္​၏ ေခါင္းတည့္တည့္ကိုပစ္၊ ဗိုက္ကို ဓားျဖင့္ခြဲ၊ အစာအိမ္ကို ေဖာက္လို႔ သူ႔ကေလးေလးကို အလ်င္အျမန္ ထုတ္ယူရအံ့။ ေမာင္းျဖဳတ္ထားၿပီးေသာ ေသနတ္အား ပစ္မွတ္တည့္တည့္ ရြယ္လိုက္ခ်ိန္တြင္...

"ရပ္လိုက္"

ဟက္စကီးကို အကာအကြယ္ျပဳလို႔ သူ႔ေသနတ္ေရွ႕တည့္တည့္ လာပိတ္ရပ္သည္က ျဖဴေဖြးေနသည့္ ကုတ္အကႌ်ကို က်က်နန ဆင္ျမန္းထားပါေသာ ေက်ာျပင္တစ္စုံ။ ေအးစက္ေနေသာ အသံတစ္စုံဟာ Blood ​၏ လက္ညိဳးကိုပါ ေတာင့္တင္းသြားေစသည္အထိ။

ပစ္သတ္လိုက္စမ္း Blood ။ ဘာကိုေစာင့္ေနတာလဲ။ မင္းရဲ့လက္ညႇိုးကို ေကြးလိုက္စမ္း။

Blood သူ႔ကိုယ္သူ အမိန႔္ေပးလိုက္သည္။ သို႔ေသာ္ မရ။ သူ႔လက္ညိဳးဟာ မလွုပ္မယွက္ ေတာင့္ေတာင့္ႀကီးပင္။ Blood...။ နီသည္။ ရဲသည္။ အရိုင္းဆန္သည္တဲ့။ အဲဒီ Blood ဘယ္ေရာက္သြားသလဲ။

"ခင္မ်ား၊ က်ဳပ္ေရွ႕က ဖယ္စမ္း"

ကိုယ့္ကိုယ္ကိုယ္ အားမလို အားမရျဖစ္စြာ Blood က်ဳံးဝါးမိျပန္သည္။ စကားတစ္ခြန္းေျပာရမည္ကိုပင္ ပါးစပ္ေညာင္းပါတယ္၊ ေလကုန္ပါတယ္ဆိုၿပီး ဆင္ေျခေပးတတ္သည့္သူက ဘာကိစၥ စကားေတြ အမ်ားႀကီး ေျပာေနရသလဲ။ စကားလုံးမ်ားစြာႏွင့္ က်ည္တစ္ေတာင့္ဆို Blood ဆိုသည့္ ငပ်င္းက က်ည္ေတာင့္ကိုပဲ ေရြးမည့္အမ်ိဳး။ သို႔ေသာ္ ဤကုတ္အျဖဴႏွင့္ေယာက်ာ္းအလွည့္က်မွ ဘာေစာက္႐ူးထမွန္းမသိ။ ၾကည့္ရတာ ဟက္စကီးတစ္ေကာင္အတြက္ႏွင့္ မိမိအသက္ကို လဲရဲသည္ဆိုသည့္ သတၱိ၊ မဟုတ္...၊ မိုက္႐ူးရဲဆန္မွုကို လက္ဖ်ားခါသြားတာျဖစ္ရမည္။

"ရပ္လိုက္"

အို၊ ထိုေယာက်ာ္းဟာ မိုက္႐ူးရဲဆန္ၿပီးရင္း ဆန္ေနတုန္း။ Blood ဟားခနဲရယ္ခ်င္မိသည္။ တစ္ခ်ိန္တည္းမွာပဲ ဟက္စကီးကို မ်က္စပစ္မိသည္။

ေဟ့ ဦးဟက္စကီး။ မင္းဟာ သိပ္ကံေကာင္းတဲ့ အျဖဴေကာင္ပဲ။ ငါ့ကေလးေလးကိုလည္း ၿမိဳခ်ခြင့္ရတယ္။ ေဟာ၊ အခုလည္း မင္းလို ေခြးတစ္ေကာင္ကို အသက္နဲ႔ရင္းၿပီး ကာကြယ္ေပးမယ့္လူတစ္ေယာက္ရွိေနျပန္ၿပီ။ ေခြးခ်င္းအတူတူေတာင္ သူ႔ကံနဲ႔သူ လာတာပါလားေနာ္။

"ခင္မ်ား ေရွ႕ကဖယ္။ ခင္ဗ်ားရဲ့ မိုက္႐ူးရဲဆန္နိုင္မွုႀကီးကို ဆုခ်ခ်င္လြန္းလို႔ က်ဳပ္ ခင္ဗ်ားကို မသတ္ဘူး။ ဒါေပမဲ့ သုံးအထိေရလို႔မွ မဖယ္ရင္ ခင္ဗ်ား က်ဳပ္အဆိုး-"

"ရပ္ လိုက္"

Blood စကားပင္ မဆုံးေသး။ ကုတ္အျဖဴႏွင့္ ထိုလူဟာ Blood ဘက္သို႔လွည့္ကာ ေသနတ္ကို သူ႔ရင္ဘတ္ႏွင့္ ထိကပ္လိုက္ေတာ့​၏။ ဒါ... ဒါဟာ မိုက္႐ူးရဲဆန္ျခင္းဆိုတာ​၏ next level ပင္။ ဒီလူ ေဂါက္မ်ားသြားၿပီလား။

ေတြေဝေနေသာ Blood က သူ႔ထက္ မဆိုစေလာက္ေလး အနည္းငယ္ျမင့္သည့္ ထိုေယာက္်ားကို မ်က္ခုံးပင့္ၾကည့္သည္။

တကယ္ေတာ့ ယခုအခ်ိန္တြင္ Blood တစ္ေယာက္ သူ႔ကိုယ္သူ Blood ဟု မခံစားရပါ။ Blood ဆိုသည့္ လူမိုက္ေကာင္က လက္ျမန္ေျချမန္။ "ငါ့စကား နားမေထာင္ဘူးလား၊ ဒါဆိုေသလိုက္" ဟု ထစ္ခနဲရွိ သတ္မည္ျဖတ္မည္ဆိုသည့္ Blood က အခုလို ေတြေဝေနတာ ေဝလာေဝး။ ဆိုေတာ့ Blood မဟုတ္လၽွင္ ယခု သူသည္ မည္သူနည္း။

မသိ။ Blood မသိ။ စဥ္းစားခ်ိန္လည္းမရွိ။ စဥ္းစားစရာ ဦးေႏွာက္ကလည္း မအားလပ္။ သူ႔ေရွ႕က ေယာက်ာ္းျဖင့္ သူ႔ဦးေႏွာက္တစ္ခုလုံး ျပည့္လၽွံေနသည္။

ေသနတ္ကို ေအာက္သို႔မခ်ရေသး။ ထိုေယာက်ာ္း​၏ မ်က္ႏွာဆီသို႔ အၾကည့္မ်ား မေရာက္မီ တစ္စုံတစ္ရာ​၏ ဆြဲေဆာင္မွုေၾကာင့္ လမ္းတစ္ဝက္မွာတင္ ရပ္တန႔္ကုန္ရ​၏။

ခဏေလး။ အဲ့ဒီ clavicle မွာ တက္တူးထိုးရင္ သိပ္ကိုလွမွာ။

----------

နည္းနည္းၾကာသြားတယ္။ ယူတို႔ေတာ့ မသိ။ မီ့ကိုယ္မီေတာ့ ေတာ္ေတာ္ႀကီး စိတ္မရွည္ျဖစ္ေနၿပီ။ ၿပီးရမယ့္ဟာက ေတာ္ေတာ္နဲ႔မၿပီး🤧။ ဒါေပမဲ့ ယူတို႔ ေစာင့္ရက်ိဳးနပ္ပါတယ္။ ဘာလို႔လဲ?

ibeingme က အရမ္းေခ်ာေနလို႔ပါ^_^

Love,
ibeingme
21.10.15

Continue Reading

You'll Also Like

54.7K 2.3K 15
This story is on sidnaaz married life and parenting.
797K 9.7K 44
Some Spencer Reid Imagines that are on the longer side (2,000 words or more usually)!! I also write for MGG on here, but I write for Spence more. I...
9K 280 23
Avery is an up-and-coming photographer who has just landed the gig of a lifetime, the cover shoot for Rolling Stone magazine, not knowing she is shoo...
22.3M 469K 50
"Don't ever let me smell another man on you Kitten." He pinned me up against the wall holding my hands above my head. "You are mine.... Only mine." ...