[Unicode]
အခန်း(၅၆):မျက်နှာထားဆိုးတဲ့ အစ်ကိုကြီး နှင့် ဖုန်းခေါ်လိုက်ပြီ
"ကျွန်တော် ချိုးကျီယန်အကြောင်းပြောနေတာလို့ အစ်ကိုကြီးက ဘာလို့ထင်ရတာလဲ?" ဆုနိုသည် စိတ်ပျက်လက်ပျက်အမူအရာဖြင့် သူ့အစ်ကိုကြီးကိုကြည့်လိုက်သည်။
"သူ မဟုတ်ဘူးလား?" အစ်ကိုကြီးသည် စိတ်ရှုပ်သွားသည့်အကြည့်ဖြင့် ဆုနိုကို ပြန်ကြည့်လာသည်။
ဘယ်ဟုတ်မလဲ!!
ဆုနိုသည် ဒီနေရာမှာပဲ ချက်ချင်းလဲပြိုကျသွားသလို ခံစားလိုက်ရသည်။
"ဒါဆိုဘယ်သူလဲ?" ဟန်ဝေ မေးလိုက်သည်။
“.....ကျွန်တော်ပြောရင် သူ့ကိုတကယ်သတ်မှာ မဟုတ်ဘူးမလား?” ဆုနို သတိကြီးစွာမေးလိုက်သည်။
"အစ်ကိုကြီး မလုပ်ပါဘူး" ဟန်ဝေ ဒေါသထွက်နေသည့်ပုံ မပေါ်ရအောင် ကိုးယိုးကားယား အပြုံး
ဖြင့် ပြုံးပြလိုက်သည်။
ဒါပေမယ့် ဆုနိုကတော့ အရမ်းကိုစိတ်ပူနေတုန်းပါပဲ! သူက မစ္စတာဒါရိုက်တာကို အရမ်းဂရုစိုက်တယ်လေ!
“ပြောသာပြောပါ ” အစ်ကိုကြီး သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
“အင်း....အဲဒါ.....အွန်.....အိုး....” ဆုနို အရမ်းကိုရှက်နေသည်။
"မင်း မပြောရင် ချိုးကျီယန်ကိုသတ်ပစ်မယ်" ဟန်ဝေ အံကြိတ်ကာ ပြောလိုက်သည်။
"ဒါဆိုရင်လည်း သူ့ကိုအရင်သတ်ပစ်လိုက် " ဆုနိုသည်ထောင့်စွန်းဘက်ကို ကပ်သွားပြီး “သူ့ကိုသတ်ပြီးလို့ အစ်ကိုကြီး စိတ်ကျေနပ်သွားရင် ဘယ်သူလည်းဆိုတာ ကျွန်တော် ပြောပြမယ် "
ဟန်ဝေသည် ဒေါသထွက်လွန်းလို့ ရယ်ချင်လာမိသည်။
"အစ်ကိုကြီးက ကျွန်တော့်ရဲ့ လိင်စိတ်တိမ်းညွှတ်တဲ့ အပေါ်မှာ ဂရုမစိုက်ဘူးမဟုတ်လား?" ဆုနို သူ့အစ်ကိုကြီးအား ပါပီမျက်လုံးလေးဖြင့် ကြည့်ကာ သတိထား၍ မေးလိုက်သည်။
ဂရုစိုက်တာပေါ့ကွ !!!
ဟန်ဝေ သူ့စိတ်ထဲတွင် အော်ဟောက်လိုက်သည်။ ဒါပေမယ့် အခု သူ့ညီငယ်လေးကို ဦးနှောက်ဆေးပေးဖို့ မဟုတ်ဘဲ တစ်ဖက်သူက ဘယ်သူလဲဆိုတာသိဖို့က ဒီစကားဝိုင်းရဲ့အဓိက အချက်ပဲ!
ထို့ကြောင့် အသက်ပိုကြီးတဲ့သူတစ်ယောက်အနေနဲ့ သူ့ရဲ့ဒေါသကို လျော့ချလိုက်ပြီး အလွန် ကြင်နာသည့်အမူအရာဖြင့် ပြောလိုက်သည်။ “မင်းသူ့ကို ကြိုက်သရွေ့ အစ်ကိုကြီး ဝင်မပါ,ပါဘူးကွာ” သူတော်ကောင်း ယောင်ဆောင်တာ ပီပြင်လွန်းလို့ စေ့စေ့တောင် မကြည့်ရဲပေ။
“သူက ကျွန်တော့်ကို အရမ်းကြင်နာခဲ့တာ။ ကျွန်တော်တို့ လမ်းခွဲရတဲ့တစ်ခုတည်းသောအကြောင်းအရင်းကလည်း ကျွန်တော့်ကြောင့်ပဲလေ” ဆုနို တုံ့ဆိုင်းနေခဲ့သည်။
“ဟုတ်ပါပြီ ” ဟန်ဝေ ခေါင်းညိတ်ပြလိုက်သည်။
"အစ်ကိုကြီး စိတ်မဆိုးဘူးလို့ ကတိပေးမယ်မလား!" ဆုနိုသည် သူ့အစ်ကိုကြီး၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကွေ့ပတ်နေတာကို ရပ်လိုက်တော့" ဟန်ဝေ အံကိုကြိတ်လိုက်ပြီး "အစ်ကိုကြီး ကတိပေးပါတယ်၊ ပြောသာပြော"
“.....Renrui Group ကိုမှတ်မိလား...အိုးရန်...လုံလေ?" ဆုနိုသည် အလွန်ပင် စိတ်လှုပ်ရှားသွားပြီးအသက်ရှူကျပ်လုနီးပါးဖြစ်သွားသည်။ သူ့အသံက ခြင်တစ်ကောင်လိုပင် တိုးညှင်းလို့ သွားသည်။
ဒါပေမယ့် အစ်ကိုကြီးကတော့ ဒီအသံကို ကြားလိုက်ရသေးသည်။ "အိုးရန်လုံ?"
ဆုနို ခေါင်းညိတ်ပြလိုက်ကာ ဟန်ဝေအား ကြောက်ရွံ့နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ဒီအခိုက်အတန့်က တကယ်ကိုတုန်လှုပ်စရာကောင်းလွန်းတယ်!
သူသည် သူ့အစ်ကိုကြီး၏မျက်လုံးတွေက အေးစက်သွားပြီး သူ့မျက်နှာက ပြင်းထန်သည့် အမူအယာသို့ ပြောင်းသွားသည်ကို မြင်လိုက်ရသည်။
“အစ်ကိုကြီး..” ဆုနိုတစ်ယောက် မျက်ရည်များယိုဖိတ်ခါနီး ဖြစ်သွားလေသည်။ “အစ်ကိုကြီး ဒေါသမထွက်ဘူးလို့ ပြောခဲ့တယ်လေ”
“ဒီတိရိစ္ဆာန်ကောင်က ငါ့ညီငယ်လေးကို သွေးဆောင် ဖြားယောင်းရဲတယ်ပေါ့!” ဟန်ဝေ သူ့လက်တွေကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်မှာ သူ့လက်ဆစ်တွေရဲ့ အသံတောင် မြည်သွားသည်။
ဆုနို ထိတ်လန့်သွားကာ "အစ်..ကိုကြီး..ဘာလုပ်မလို့လဲ?"
"သူနဲ့စကားပြောမယ်!" ဟန်ဝေ မတ်တပ်ရပ်လိုက်သည်။
"မလုပ်နဲ့!! ပြောလို့မရဘူး! " ဆုနို သူ့ကိုအင်အားအပြည့်နဲ့ ပြန်ဆွဲထားလိုက်ပြီး “ကျွန်တော်....ကျွန်တော်တို့က လမ်းခွဲပြီးပြီလေ။သူနဲ့ ပြောစရာ ဘာအကြောင်းရှိတော့လို့လဲ!"
"သူ မင်းကိုမကြာသေးခင်က ဆက်သွယ်ထားသေးတယ်မလား?" ဟန်ဝေ မေးလိုက်သည်။ ဆုနို ခေါင်းကိုပြင်းပြင်းထန်ထန်ခါလိုက်သည်။
“ဒါဆို မင်းက ဘာလို့သူ့အကြောင်းတွေးနေသေးတာလဲ?” ဟန်ဝေ ဟောက်လိုက်၏။
ဆုနို၏မျက်လုံးများက ချက်ချင်းပင်နီရဲလို့သွားသည်။
"......."
"ငိုနေတာကို တိတ်တော့" ဟန်ဝေသည် ဆုနို၏ငိုနေသည့်ပုံလေးကိုကြည့်ဖို့အထိ အသည်းမမာချေ။ ထို့ကြောင့် သူ နူးညံ့သည့်လေသံသို့ ပြောင်းလိုက်သည်။
"ကျေးဇူးပြုပြီး သူ့ဆီမသွားပါနဲ့။ ကျွန်တော်ပြဿနာကို ကိုယ်တိုင် ဖြေရှင်းပါ့မယ် " ဆုနို တောင်းပန်လိုက်သည်။
ဟန်ဝေ ဘာမှပြန်မပြောပေ။
"နော်လို့..." ဆုနို တဖြည်းဖြည်း ဖြူဖျော့လာသည်။သူ့အစ်ကိုကြီးက လူသတ်လိုက်မှာကို သူ အရမ်း စိုးရိမ်မိသည်။
ဟန်ဝေကတော့ သူ့ကို ကလေးဘ၀တုန်းကတည်းက အများကြီး အလိုလိုက်ခဲ့ပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးလက်ခံနိုင်စရာမရှိပေ။
ပြီးတော့ ဒီအိုးရန်လုံကို သူ တကယ်ရိုက်သတ်ချင်နေတာ! ငါ့ညီငယ်လေးက အရမ်းနုံတယ်၊ တုံးအတယ်၊ သူက ဒီ playboy ရဲ့ ဆွဲဆောင်မှုရှိတဲ့စကားတွေကြောင့် စုံလုံးကွယ်သွားတာပဲ ဖြစ်ရမယ်။ အဲ့တာကြောင့်ပဲ သူကယောကျာ်းလေးတွေကို ကြိုက်တယ်လို့ ထင်သွားတာပဲ!
သူတို့က အတူတူအိပ်ဖူးတဲ့အဆင့်ထိ ရောက်နေပြီဆိုတော့...
ဟန်ဝေသည် ငါးနာရီလောက်ကြာအောင် စိတ်ကို မနည်းတည်ငြိမ်အောင်ကြိုးစားသော်လည်း စိတ်ပျက်စရာကောင်းအောင် မအောင်မြင်ခဲ့ပေ။
သူ သည်းမခံနိုင်တော့ဘူး!
ညမအိပ်ခင် သွားတိုက်ရန် ဟန်ရှောင်းရှီသည် ခုံတန်းရှည်ပေါ်တွင် ရပ်လိုက်သည်။ သူမအဖေက မွန်စတားတစ်ကောင်လို ဖြစ်နေသည်ကို ခံစားမိတာကြောင့် အိပ်ခန်းဘက်ကို အထိတ်တလန့်ဖြင့် ကြည့်လိုက်သည်။
"ရှင့်သမီးကို ကြောက်အောင်လုပ်နေတာလား?" သူ့မိန်းမက သူ့ကိုသတိပေးလိုက်သည်။
"သူက ယောကျ်ားတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး အိပ်နိုင်ရတာလဲ!" ဟန်ဝေ ဒေါသတကြီးဖြင့် အဝေးထိန်းခလုတ်ကို သူ့လက်ထဲ ဖျစ်ညှစ်လိုက်သည်။
ဟန်ရှောင်းရှီ၏မေးရိုးမှာ ပွင့်ကျသွားတော့သည်။ ဖေဖေက တကယ်ကိုဒေါသထွက်နေတာပဲ!
“အစ်ကိုကြီး.....” ဆုနို တံခါးဝနားမှာရပ်နေပြီး တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။ “ကျွန်..တော်...တို့..စကားပြော..လို့ရမလား?"
"အခုလား?" ဟန်ဝေသည် အလွန်အံ့သြသွားပြီး ဆုနိုက စကားပြောရန် အမှန်တကယ် လာပြီးကမ်းလှမ်းခဲ့သည်ကို မယုံနိုင်ပေ။
“အင်း...” ဆုနို မေးဖို့အတွက် သတ္တိအနည်းငယ်ရှိနေသည်။
ဟန်ဝေ ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲရှိ ကြေမွသွားသည့်အဝေးထိန်းခလုတ်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။
သူ့အစ်ကိုကြီးရဲ့ပြင်းထန်တဲ့ဘက်ခြမ်းက အရမ်းကြောက်စရာကောင်းတယ်! ဆုနိုရဲ့ဒူးများက ချောင်သွားသလိုပင်!
တကယ်တော့ သူ သူ့အစ်ကိုကြီးနဲ့ လုံးဝစကားမပြောချင်ပါဘူး။ ဒါပေမယ့် သူမှရှောင်လွှဲလို့ မရတာ! ဘာလို့လဲဆိုတော့ ဟန်ဝေက အခုချိန်မှာစိတ်ဆိုးနေတာလေ!ဒေါသရဲ့ အရှိန်တွေက မြင့်တက်လာပြီး ဒေါသပုံချစရာ နေရာမရှိရင် ဟန်ဝေက ပေါက်ကွဲထွက်သွားပြီး သူတို့ကို အိမ်ပြန်ခေါ်သွားတဲ့အထိ ရူးသွားလိမ့်မယ်။အဲ့ဒီအခါကျရင် မစ္စတာဒါရိုက်တာက အလွန်အန္တရာယ်ရှိတဲ့အခြေအနေနှင့် ရင်ဆိုင်ရလိမ့်မယ်။
ထို့ကြောင့် ဆုနိုသည် သူ့မာနကို ခဝါချထားပြီး သူ့အစ်ကိုကြီးနှင့် စကားပြောရန် တောင်းဆိုခဲ့သည်။
တကယ်လို့ ဟန်ဝေက သူ့ရဲ့လိင်စိတ်ကို လက်ခံပေးဖို့ ဖျောင်းဖျလို့မရဘူးဆိုရင်တောင် အနည်းဆုံးတော့ ဒါရိုက်တာကြီးကို အခက်မတွေ့စေချင်ပေ။
တကယ်လို့ အစ်ကိုကြီးက လူတစ်ယောက်ကို တကယ်ရိုက်ချင်ရင်တောင် ငါ့ကိုပဲရိုက်ပါစေ....... ဆုနိုရဲ့နှလုံးသားလေးက အထူးသဖြင့် မစ္စတာဒါရိုက်တာအတွက် မျက်ရည်တွေဖြင့် ပြည့်နေသည်။
"မင်းတို့နှစ်ယောက် ဘယ်တုန်းက ပထမဆုံးစတွေ့တာလဲ?" ဟန်ဝေ မေးလိုက်သည်။
ဆုနိုသည် ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ
“အမှန်အတိုင်းပြောရရင် သိပ်မကြာသေးပါဘူး။ကျွန်တော်တို့ စတွေ့တာတော့ Renrui လက်ကမ်းစာစောင်အတွက် ရိုက်နေတုန်းကပါ ”
ဒီအကြောင်းကို ကြားရတဲ့အခါ အစ်ကိုကြီး ဒေါသထွက်သွားတော့သည်။သိပ်မကြာသေးဘဲနဲ့ သူတို့နှစ်ယောက်က အတူတူအိပ်တဲ့အဆင့်ကိုတောင် ရောက်နေပြီပေါ့!
မင်းအသက်ခြောက်နှစ်မှာ မင်းရဲ့အတွင်းခံဘောင်းဘီတွေနဲ့ ဖုံးထားတဲ့နေရာတွေကို မပြဖို့ ငါ သင်ပေးထားတယ်လေ။ မင်း ဘာလို့မမှတ်မိရတာလဲ!
"သူက မင်းကိုဘယ်လောက်ကြာကြာလိုက်ခဲ့ရလဲ?" ဟန်ဝေ ထပ်မေးသည်။
“သိပ်မကြာပါဘူး ”ဆုနို ပြန်ဖြေလိုက်သည်။
သိပ်တောင်!မကြာခဲ့ဘူး!!
ဟန်ဝေ သူ့လက်သီးကို ထပ်မံဆုပ်လိုက်သည်။ဆုနိုသည် ခေါင်းကိုငုံ့ကာ ကြမ်းခင်းကိုသာ ကြည့်နေတော့သည်။
"သူက စကားပြောချိုလား?" ဟန်ဝေ ဒေါသမထွက်အောင် ကြိုးစားနေလိုက်သည်။
"သူက အရမ်းကြီးတော့ သိသိသာသာမကောင်းပါဘူး " ဆုနို သူ့အစ်ကိုကြီးကို သတိထားကာ ကြည့်လိုက်သည်။
"သူသာ စကားအပြောမကောင်းဘူးဆိုရင် မင်းသူနဲ့ တွဲဖြစ်မလား!" ဟန်ဝေသည် ဒေါသတကြီးဖြင့် ကုတင်ကိုရိုက်ချလိုက်သည်။
ဆုနို သေမတက် ကြောက်လန့်သွားပြီး လျင်မြန်စွာ ပြောလိုက်သည်။ "အမ်... တကယ်တော့ သူက စကားပြောတဲ့နေရာမှာ အပြောကောင်းတယ်.. ကျွန်တော် ခုနတုန်းက မေ့သွားလို့....."
"ငါ သိနေတယ်!" အစ်ကိုကြီးက ဒေါသထွက်လာပြီး “သူ့ပါးစပ်ကနေ အမှိုက်လို အလိမ်စကားတွေပဲ ထွက်လာမှာပေါ့!"
"အဲ့ဒီလိုမဟုတ်ပါဘူး!" ဆုနိုသည် သူ့အစ်ကိုကြီးရဲ့ အကြောင်းမရှိအကြောင်းရှာနေတာကို ကြည့်ပြီး ငိုချင်လာတော့သည်။
သူ ဘာတွေပဲပြောပြော မှားနေတော့တာပဲ!
"သူက မင်းနဲ့အတူအိပ်ဖို့ ဖြားယောင်းသေးလား?" ဟန်ဝေ ဆုနိုကိုကြည့်လိုက်သည်။
ဆုနို၏မျက်နှာမှာ ချက်ချင်းပင်နီရဲလာတော့သည်။ ဒီလိုမေးခွန်းမျိုးကို အစ်ကိုကြီး မေးလို့မရဘူးလေ ah!
“အဆင်ပြေတယ်။ မကြောက်နဲ့။ မင်းရဲ့ ချစ်ရတဲ့ အစ်ကိုကြီးကိုပြော " ဟန်ဝေသည် အမေလိုမျိုး သူ့ညီငယ်လေး၏လက်ကို ဆုပ်ကိုင်ထားသည်။
မကြောက်ပါနဲ့ဆိုတာက အစ်ကိုကြီး ဘာကိုဆိုလိုချင်တာလဲ!
ဆုနိုသည် စိတ်ဖိစီးမှုကြောင့် အသက်ရှူရပ်သွားတော့မလို ခံစားလိုက်ရသည်။ သူ့အစ်ကိုကြီးက Voldemort ထက် ပိုကြောက်စရာကောင်းတယ်!
"မင်းဘက်ကနေ စအိပ်ဖို့ တောင်းဆိုခဲ့တာတော့ မဟုတ်ဘူးမလား? " ဟန်ဝေ သူ့မေးခွန်းကိုပြောင်းမေးလိုက်သည်။
ခုနကဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကနေတဆင့် ဆုနို သင်ယူခဲ့ရတာမို့...
“ဟုတ်တယ်။ ကျွန်တော် စလုပ်ခဲ့တယ်။ကျွန်တော် သူ့ကိုမေးခဲ့တာ"
ဟန်ဝေ အသက်ကို ရှူရှိုက်လိုက်ပြီး "မင်းလား!"
“ဟုတ်တယ်။ ကျွန်တော် သူ့ကိုစမေးခဲ့တယ်!" ဆုနို လုံးဝကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ မစ္စတာဒါရိုက်တာကြီးရဲ့ ဘဝကို ကာကွယ်ဖို့အတွက် ဆုနိုက အကုန်လုံးကို ဖုံးကွယ်ပြီး လိမ်ပြောလိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။
တကယ့်ကို ရင်ထဲထိစရာပါပဲ!
တကယ်လို့ အခြေအနေတွေက ချစ်စိတ်မွှန်ဝတ္တုတစ်ပုဒ်လို ပြောင်းလဲသွားမယ်ဆိုရင် ဝတ္ထုခေါင်းစဉ်က《ကောင်းကင်ဘုံ၏ ကံကြမ္မာဆိုး - နူးညံ့ပြီး ထိခိုက်လွယ်သည့် ခရစ်စတယ်လို ကြည်လင်တောက်ပတဲ့အလှလေးက မမေ့ပျောက်နိုင်တဲ့ အချစ်ကိုသာ တမ်းတရင်း စိတ်မကူးနိုင်လောက်အောင် ဒုက္ခဆင်းရဲ ခံနေရသည်》 ဖြစ်လိမ့်မယ်။
ဇာတ်လမ်းနဲ့ လိုက်ဖက်ဖို့အတွက်က နောက်ဆက်တွဲဇာတ်လမ်းကိုတော့《တစ်ခြားတစ်ဖက်က ကြေကွဲဖွယ် - တစ်ယောက်ယောက်က မင်းကိုခါးခါးသီးသီးချစ်နေတုန်းပဲဆိုတာ မင်းသိရဲ့လား?》လို့ သတ်မှတ်ရမယ်။ လှပတဲ့ဇာတ်ညွှန်းလေးက မျက်ရည်တွေနဲ့ ပြည့်နှက်နေတာပဲ။
“မင်းဘယ်လို.....ဒီလိုမျိုး...” အစ်ကိုကြီးသည် လုံးဝတုန်လှုပ်သွားရသည်။သူ့လျှာတွေတောင် ထုံလာသည်။
"ကျွန်တော် သူ့ကိုတကယ်တကယ်သဘောကျတာ" ဆုနို၏အသံလေးမှာ တိုးညှင်းလှသည်။
"ဒါဆိုရင် မင်းက ဘာလို့လမ်းခွဲရတာလဲ?"
ဟန်ဝေ ထပ်မေးလိုက်ပြီး “သူက ဖောက်ပြန်လို့” "သူခြေထောက်နဲ့ တစ်ခြားတစ်ယောက်ကို ခွဲလိုက်လို့" "သူက အားမရှိလို့ " ဆိုတဲ့ အဖြေကိုကြားဖို့ အရမ်းကို မျှော်လင့်နေသည်။
ဒါဆိုရင် ဟန်ဝေသည် ရိုးရိုးသားသားနဲ့ ဆုနိုကိုအကြံဥာဏ်ကောင်းကောင်း ပေးနိုင်လိမ့်မည်။
ဒါပေမယ့် ညီငယ်လေးက စိတ်ပျက်နေသည့်ပုံဖြင့် ပြောလိုက်သည်။ “ကျွန်တော် တုံးခဲ့တာပါ”
"မင်းက ငတုံးပဲလေ" ဟန်ဝေ လက်ခံသည်။ ဆုနို သူ့အစ်ကိုကြီးကို သနားစရာအကြည့်လေးဖြင့် ကြည့်လိုက်သည်။
"ဒါပေမယ့် ဒီလိုအကြောင်းပြချက်ကြောင့်နဲ့ မင်းလမ်းခွဲလို့မရဘူး!" အစ်ကိုကြီးဟာ ကောင်းတဲ့ဘက်ခြမ်းကို ပြန်ပြောင်းသွားပြီး သူ့အင်္ကျီလက်တွေကို ခေါက်တင် လိုက်သည်။ "မင်းသူ့ကို ပြန်ရိုက်နိုင်ဖို့ အစ်ကိုကြီး ကူညီပေးမယ် !!!"
"အဲလိုမဟုတ်ဘူး! " ဆုနို စိတ်ပျက်သွားပြီး သူ့ခေါင်းကိုသူ့အစ်ကိုကြီး၏ပုခုံးပေါ် တင်လိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်တော်က သူ့နောက်ကွယ်မှာနေပြီး ချိုးကျီယန်အကြောင်း အချက်အလက်တွေ အများကြီးစုဆောင်းခဲ့တယ်"
ဟန်ဝေ တောင့်တင်းသွားရသည်။ "ချိုးကျီယန်?"
ဆုနို ခေါင်းညိတ်ပြလိုက်သည်။
အစ်ကိုကြီးသည် မစ္စတာဒါရိုက်တာနှင့် ပတ်သတ်တဲ့ ကိစ္စကို ခေတ္တ ဘေးချိတ်ထားပြီး မေးလိုက်သည်။ "မင်းက ချိုးကျီယန်ရဲ့အချက်အလက်တွေကို ဘာလို့ လျှို့ဝှက်ပြီး စုဆောင်းခဲ့တာလဲ?"
"ဘာလို့လဲဆိုတော့ ကျွန်တော်က....သူ့ကိုနည်းနည်း မနာလိုဖြစ်နေပုံရတယ် ” ဆုနိုသည် ကြေကွဲဖွယ်အဖြစ်မှန်ကို နောက်ဆုံးတော့ဝန်ခံခဲ့သည်။
"မင်း သူ့ကို သဘောမကျဘူးလား?" ဟန်ဝေ ထပ်မံအတည်ပြုခဲ့သည်။
ဘယ်သဘောကျမှာလဲ! ဆုနို ဒေါသတကြီးခေါင်းယမ်းပြလိုက်သည်။
ဟန်ဝေက စိတ်ရှည်လက်ရှည် ပြောလိုက်သည်။
"မင်း ဘယ်သူကိုကြိုက်နေပါစေ။ အခု မင်းယောက်ျားလေးတွေနဲ့ လမ်းခွဲပြီးပြီ။ မိန်းကလေးတစ်ယောက်နဲ့ ဒိတ်ကြည့်ဖို့ အကောင်းဆုံးလို့ ထင်တယ်။ တွေ့ကြည့်မလား?"
"ကျွန်တော် မိန်းကလေးတွေကို မကြိုက်ဘူး" ဆုနို ငြင်းလိုက်သည်။
"ဒါပေမယ့် မင်းတစ်ယောက်နဲ့မှ မချိန်းတွေ့ခဲ့ဖူးဘူးလေ! အစ်ကိုကြီးက မင်းမရီးနဲ့မတွေ့ခင်တုန်းကဆိုရင်လည်း လက်ထပ်ဖို့အကြောင်းကို မစဉ်းစားခဲ့ဘူး" အစ်ကိုကြီးက သူ့ရဲ့ဇာတ်လမ်းကို သုံးပြီး ပြောပြလိုက်သည်။ "မြင်မြင်ချင်းချစ်တာက အရမ်းရင်ခုန်စရာကောင်းတယ်။ နောက်နေ့တွေအတွက် blind date အချို့ကို အစ်ကိုကြီး စီစဉ်ထားလိုက်မယ်! "
“မသွားဘူး!!!” ဆုနို မျက်ရည်ကျချင်လာမိသည်။ "အဲဒီ Blind dates တွေကိုမသွားဘူး"
“စမ်းကြည့်လိုက်ရုံနဲ့ မှားမှာ မဟုတ်ပါဘူး။ အံ့သြစရာတစ်ခုတောင် ဖြစ်သွားနိုင်တယ်!! " ဟန်ဝေက လေးနက်နက်မျက်နှာဖြင့် ပြောလိုက်သည်။
“ မသွားဘူး!” ဆုနိုကလည်း ခေါင်းမာစွာဖြင့် "ကျွန်တော် ပြန်ချင်တယ်!"
“အခု?” ဟန်ဝေ၏မျက်နှာသည် ချက်ချင်းပင်မည်းမှောင်သွားပြီး “ မရဘူး!”
"အစ်ကိုကြီး....ဒါတော့ မဆီလျော်တာပဲ !" ဆုနို စိုးရိမ်တကြီးပြောလိုက်သည်။
"မရဘူးဆို မရဘူး!" ဟန်ဝေသည် အသံကိုမြှင့်လိုက်ပြီးသူ့ရဲ့ကြောက်စရာကောင်းသည့် မျက်နှာဖြင့် ပြောလိုက်သည်။
"ကျွန်တော်က အစ်ကိုကြီးကိုယုံကြည်လို့ ပြောခဲ့တာလေ!"ဆုနို၏မျက်လုံးများသည် ယုန်ကဲ့သို့နီရဲလာသည်။
ဟန်ဝေ၏နှလုံးသားသည်လည်း တခဏအတွင်းမှာပင် ပျော့ပြောင်းသွားသည်။
ဒီကိစ္စက သူ့ညီငယ်လေးရဲ့ ပျော်ရွှင်မှုနဲ့ သက်ဆိုင်နေတာကြောင့် ဟန်ဝေသည့် သူ့ရဲ့ hardcore ဘက်ခြမ်းကို ချက်ချင်း ဖိအားပေး ပြန်လှည့်လိုက်သည်။
“စောစောအိပ်တော့။ အစ်ကိုကြီးတို့ ဒီအကြောင်းကိုနောက်မှပြောကြတာပေါ့ ” အစ်ကိုကြီးသည် တစ်သျူးအချို့ကိုယူကာ ဆုနိုထံသို့ ပေးလိုက်သည်။ဆုနိုသည် မတရားခံလိုက်ရသလိုခံစားခဲ့ရပြီး သူ့အစ်ကိုကြီးကိုလျစ်လျူရှုခဲ့သည်။
ဟန်ဝေကတော့ သူ့ရဲ့ကိုယ်ဟန်အတိုင်း အေးစက်သည့်အမူအယာနှင့်အတူ အခန်းထဲမှထွက်သွားသည်။
ဆုနိုခင်ဗျာ အလွန်စိတ်ဓာတ်ကျနေသဖြင့် ရေခဲသေတ္တာထဲမှ ချောကလက်တစ်ဘူးကိုထုတ်ကာ မျက်လုံးနီများဖြင့် ကုတင်ပေါ်သို့တက်သွားလိုက်သည်။
ထိုချောကလက်သည် သူတို့နှစ်ဦးချိန်းတွေ့စဉ်က မစ္စတာဒါရိုက်တာက သူ့ဆီကို မကြာခဏပို့ပေးသည့် အမှတ်တံဆိပ်ပင်! ချိုခါးအရသာသည် လျှာနှင့်ပါးစပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မစ္စတာဒါရိုက်တာကြီးအား ပို၍ပင် လွမ်းလာမိသည်။
ဆုနို သူ့ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းနံပါတ်ကိုမခေါ်မီ အသက်ပြင်းပြင်းရှူလိုက်သည်။
"ဘယ်သူလဲ?"
ဆုနိုသည် နိုင်ငံခြားတွင်ရှိနေစဉ် နံပါတ်အသစ်ဖြစ်တာကြောင့် အိုးရန်လုံက ဖုန်းခေါ်သူမှာ မည်သူဖြစ်သည်ကိုမသိပေ။
".....ကျွန်တော်ပါ" ဆုနို တိုးညင်းစွာပြောလိုက်သည်။ သူ့နှလုံးသားတစ်ခုလုံးက ခုန်ထွက်လုမတက်!
"နိုနို?" အိုးရန်လုံသည်လည်း ဆို့နင့်လာသည်။
“အင်း...” ဆုနိုသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ဖုန်းကိုတောင် ပြန်မကိုင်နိုင်သေးပေ။
"မင်း ပြန်လာပြီလား?" အိုးရန်လုံ မေးလိုက်သည်။
"မေရာက်သေးဘူး၊ နိုင်ငံခြားမှာပဲ ရှိသေးတယ်" ဆုနို၏နှာခေါင်းလေးသည် အနည်းငယ်ချဉ်တင်တင်။
"မင်းဘာလို့ ဝမ်းနည်းနေရတာလဲ?" အိုးရန်လုံသည် သူရဲ့စိတ်ခံစားမှုများကို နားလည်နိုင်သည်။
ဆုနို၏နှလုံးသားထဲရှိ ခံစားချက်များသည် ပို၍ပင်ပြင်းထန်လာတော့သည်။ အိုးရန်လုံက နွေးထွေးကြင်နာသည့်အသံဖြင့်မေးလိုက်တော့ ဆုနို မခံနိုင်တော့ပေ။
"မငိုပါနဲ့.....” အိုးရန်လုံ အနည်းငယ်စိတ်ပူသွားပြီး "ဘာဖြစ်တာလဲ?"
"ကျွန်တော်...ကျွန်တော် စဉ်းစားပြီးပြီ" ဆုနို ရှက်ရတော့မှန်းမသိ ငိုကြွေးနေတော့သည်။ "ကျွန်တော် ဒါရိုက်တာကြီးကို တွေ့ဖို့ပြန်လာချင်တယ်။ ဒါပေမယ့် အစ်ကိုကြီးက ပြန်ဖို့ကို ခွင့်မပြုဘူး"
ဒါကြောင့် ပြောတာ.....သူ့အစ်ကိုကြီးက ဘုရင်တစ်ပါးရဲ့မိခင်(မယ်တော်ကြီး)နဲ့တကယ်တူတယ်!
"အဆင်ပြေပါတယ် " မစ္စတာဒါရိုက်တာက မျက်လုံးတွေကိုမှိတ်ပြီး “မင်းဘယ်မှာလဲ? ကိုယ့်ကို လိပ်စာပြော "
“....ဒါရိုက်တာကြီးက လာမှာလား?” ဆုနို မယုံနိုင်ပေ။
ထို့နောက် မစ္စတာဒါရိုက်တာကြီးက မိမိုက်စွာပြောခဲ့သည်။
"ကိုယ် မင်းကို အိမ်ပြန်ဖို့လာခေါ်မယ်"
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
အခန္း(၅၆):မ်က္ႏွာထားဆိုးတဲ့ အစ္ကိုႀကီး ႏွင့္ ဖုန္းေခၚလိုက္ၿပီ
"ကြၽန္ေတာ္ ခ်ိဳးက်ီယန္အေၾကာင္းေျပာေနတာလို႔ အစ္ကိုႀကီးက ဘာလို႔ထင္ရတာလဲ?" ဆုႏိုသည္ စိတ္ပ်က္လက္ပ်က္အမူအရာျဖင့္ သူ႕အစ္ကိုႀကီးကိုၾကည့္လိုက္သည္။
"သူ မဟုတ္ဘူးလား?" အစ္ကိုႀကီးသည္ စိတ္႐ႈပ္သြားသည့္အၾကည့္ျဖင့္ ဆုႏိုကို ျပန္ၾကည့္လာသည္။
ဘယ္ဟုတ္မလဲ!!
ဆုႏိုသည္ ဒီေနရာမွာပဲ ခ်က္ခ်င္းလဲၿပိဳက်သြားသလို ခံစားလိုက္ရသည္။
"ဒါဆိုဘယ္သူလဲ?" ဟန္ေဝ ေမးလိုက္သည္။
“.....ကြၽန္ေတာ္ေျပာရင္ သူ႕ကိုတကယ္သတ္မွာ မဟုတ္ဘူးမလား?” ဆုႏို သတိႀကီးစြာေမးလိုက္သည္။
"အစ္ကိုႀကီး မလုပ္ပါဘူး" ဟန္ေဝ ေဒါသထြက္ေနသည့္ပုံ မေပၚရေအာင္ ကိုးယိုးကားယား အျပဳံး
ျဖင့္ ျပဳံးျပလိုက္သည္။
ဒါေပမယ့္ ဆုႏိုကေတာ့ အရမ္းကိုစိတ္ပူေနတုန္းပါပဲ! သူက မစၥတာဒါ႐ိုက္တာကို အရမ္းဂ႐ုစိုက္တယ္ေလ!
“ေျပာသာေျပာပါ ” အစ္ကိုႀကီး သူ႕ေခါင္းေလးကို ပြတ္ေပးလိုက္သည္။
“အင္း....အဲဒါ.....အြန္.....အိုး....” ဆုႏို အရမ္းကို႐ွက္ေနသည္။
"မင္း မေျပာရင္ ခ်ိဳးက်ီယန္ကိုသတ္ပစ္မယ္" ဟန္ေဝ အံႀကိတ္ကာ ေျပာလိုက္သည္။
"ဒါဆိုရင္လည္း သူ႕ကိုအရင္သတ္ပစ္လိုက္ " ဆုႏိုသည္ေထာင့္စြန္းဘက္ကို ကပ္သြားၿပီး “သူ႕ကိုသတ္ၿပီးလို႔ အစ္ကိုႀကီး စိတ္ေက်နပ္သြားရင္ ဘယ္သူလည္းဆိုတာ ကြၽန္ေတာ္ ေျပာျပမယ္ "
ဟန္ေဝသည္ ေဒါသထြက္လြန္းလို႔ ရယ္ခ်င္လာမိသည္။
"အစ္ကိုႀကီးက ကြၽန္ေတာ္႕ရဲ႕ လိင္စိတ္တိမ္းၫႊတ္တဲ့ အေပၚမွာ ဂ႐ုမစိုက္ဘူးမဟုတ္လား?" ဆုႏို သူ႕အစ္ကိုႀကီးအား ပါပီမ်က္လုံးေလးျဖင့္ ၾကည့္ကာ သတိထား၍ ေမးလိုက္သည္။
ဂ႐ုစိုက္တာေပါ့ကြ !!!
ဟန္ေဝ သူ႕စိတ္ထဲတြင္ ေအာ္ေဟာက္လိုက္သည္။ ဒါေပမယ့္ အခု သူ႕ညီငယ္ေလးကို ဦးေႏွာက္ေဆးေပးဖို႔ မဟုတ္ဘဲ တစ္ဖက္သူက ဘယ္သူလဲဆိုတာသိဖို႔က ဒီစကားဝိုင္းရဲ႕အဓိက အခ်က္ပဲ!
ထို႔ေၾကာင့္ အသက္ပိုႀကီးတဲ့သူတစ္ေယာက္အေနနဲ႔ သူ႕ရဲ႕ေဒါသကို ေလ်ာ့ခ်လိုက္ၿပီး အလြန္ ၾကင္နာသည့္အမူအရာျဖင့္ ေျပာလိုက္သည္။ “မင္းသူ႕ကို ႀကိဳက္သေ႐ြ႕ အစ္ကိုႀကီး ဝင္မပါ,ပါဘူးကြာ” သူေတာ္ေကာင္း ေယာင္ေဆာင္တာ ပီျပင္လြန္းလို႔ ေစ့ေစ့ေတာင္ မၾကည့္ရဲေပ။
“သူက ကြၽန္ေတာ္႕ကို အရမ္းၾကင္နာခဲ့တာ။ ကြၽန္ေတာ္တို႔ လမ္းခြဲရတဲ့တစ္ခုတည္းေသာအေၾကာင္းအရင္းကလည္း ကြၽန္ေတာ္႕ေၾကာင့္ပဲေလ” ဆုႏို တုံ႔ဆိုင္းေနခဲ့သည္။
“ဟုတ္ပါၿပီ ” ဟန္ေဝ ေခါင္းညိတ္ျပလိုက္သည္။
"အစ္ကိုႀကီး စိတ္မဆိုးဘူးလို႔ ကတိေပးမယ္မလား!" ဆုႏိုသည္ သူ႕အစ္ကိုႀကီး၏လက္ကို ဆုပ္ကိုင္လိုက္သည္။
"ေကြ႕ပတ္ေနတာကို ရပ္လိုက္ေတာ့" ဟန္ေဝ အံကိုႀကိတ္လိုက္ၿပီး "အစ္ကိုႀကီး ကတိေပးပါတယ္၊ ေျပာသာေျပာ"
“.....Renrui Group ကိုမွတ္မိလား...အိုးရန္...လုံေလ?" ဆုႏိုသည္ အလြန္ပင္ စိတ္လႈပ္႐ွားသြားၿပီးအသက္႐ွဴက်ပ္လုနီးပါးျဖစ္သြားသည္။ သူ႕အသံက ျခင္တစ္ေကာင္လိုပင္ တိုးညႇင္းလို႔ သြားသည္။
ဒါေပမယ့္ အစ္ကိုႀကီးကေတာ့ ဒီအသံကို ၾကားလိုက္ရေသးသည္။ "အိုးရန္လုံ?"
ဆုႏို ေခါင္းညိတ္ျပလိုက္ကာ ဟန္ေဝအား ေၾကာက္႐ြံ႕ေနသည့္အၾကည့္ျဖင့္ ၾကည့္လိုက္သည္။
ဒီအခိုက္အတန္႔က တကယ္ကိုတုန္လႈပ္စရာေကာင္းလြန္းတယ္!
သူသည္ သူ႕အစ္ကိုႀကီး၏မ်က္လုံးေတြက ေအးစက္သြားၿပီး သူ႕မ်က္ႏွာက ျပင္းထန္သည့္ အမူအယာသို႔ ေျပာင္းသြားသည္ကို ျမင္လိုက္ရသည္။
“အစ္ကိုႀကီး..” ဆုႏိုတစ္ေယာက္ မ်က္ရည္မ်ားယိုဖိတ္ခါနီး ျဖစ္သြားေလသည္။ “အစ္ကိုႀကီး ေဒါသမထြက္ဘူးလို႔ ေျပာခဲ့တယ္ေလ”
“ဒီတိရိစၧာန္ေကာင္က ငါ့ညီငယ္ေလးကို ေသြးေဆာင္ ျဖားေယာင္းရဲတယ္ေပါ့!” ဟန္ေဝ သူ႕လက္ေတြကို က်စ္က်စ္ပါေအာင္ဆုပ္လိုက္သည္မွာ သူ႕လက္ဆစ္ေတြရဲ႕ အသံေတာင္ ျမည္သြားသည္။
ဆုႏို ထိတ္လန္႔သြားကာ "အစ္..ကိုႀကီး..ဘာလုပ္မလို႔လဲ?"
"သူနဲ႔စကားေျပာမယ္!" ဟန္ေဝ မတ္တပ္ရပ္လိုက္သည္။
"မလုပ္နဲ႔!! ေျပာလို႔မရဘူး! " ဆုႏို သူ႕ကိုအင္အားအျပည့္နဲ႔ ျပန္ဆြဲထားလိုက္ၿပီး “ကြၽန္ေတာ္....ကြၽန္ေတာ္တို႔က လမ္းခြဲၿပီးၿပီေလ။သူနဲ႔ ေျပာစရာ ဘာအေၾကာင္း႐ွိေတာ့လို႔လဲ!"
"သူ မင္းကိုမၾကာေသးခင္က ဆက္သြယ္ထားေသးတယ္မလား?" ဟန္ေဝ ေမးလိုက္သည္။ ဆုႏို ေခါင္းကိုျပင္းျပင္းထန္ထန္ခါလိုက္သည္။
“ဒါဆို မင္းက ဘာလို႔သူ႕အေၾကာင္းေတြးေနေသးတာလဲ?” ဟန္ေဝ ေဟာက္လိုက္၏။
ဆုႏို၏မ်က္လုံးမ်ားက ခ်က္ခ်င္းပင္နီရဲလို႔သြားသည္။
"......."
"ငိုေနတာကို တိတ္ေတာ့" ဟန္ေဝသည္ ဆုႏို၏ငိုေနသည့္ပုံေလးကိုၾကည့္ဖို႔အထိ အသည္းမမာေခ်။ ထို႔ေၾကာင့္ သူ ႏူးညံ့သည့္ေလသံသို႔ ေျပာင္းလိုက္သည္။
"ေက်းဇူးျပဳၿပီး သူ႕ဆီမသြားပါနဲ႔။ ကြၽန္ေတာ္ျပႆနာကို ကိုယ္တိုင္ ေျဖ႐ွင္းပါ့မယ္ " ဆုႏို ေတာင္းပန္လိုက္သည္။
ဟန္ေဝ ဘာမွျပန္မေျပာေပ။
"ေနာ္လို႔..." ဆုႏို တျဖည္းျဖည္း ျဖဴေဖ်ာ့လာသည္။သူ႕အစ္ကိုႀကီးက လူသတ္လိုက္မွာကို သူ အရမ္း စိုးရိမ္မိသည္။
ဟန္ေဝကေတာ့ သူ႕ကို ကေလးဘ၀တုန္းကတည္းက အမ်ားႀကီး အလိုလိုက္ခဲ့ေပမဲ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီးလက္ခံႏိုင္စရာမ႐ွိေပ။
ၿပီးေတာ့ ဒီအိုးရန္လုံကို သူ တကယ္႐ိုက္သတ္ခ်င္ေနတာ! ငါ့ညီငယ္ေလးက အရမ္းႏုံတယ္၊ တုံးအတယ္၊ သူက ဒီ playboy ရဲ႕ ဆြဲေဆာင္မႈ႐ွိတဲ့စကားေတြေၾကာင့္ စုံလုံးကြယ္သြားတာပဲ ျဖစ္ရမယ္။ အဲ့တာေၾကာင့္ပဲ သူကေယာက်ာ္းေလးေတြကို ႀကိဳက္တယ္လို႔ ထင္သြားတာပဲ!
သူတို႔က အတူတူအိပ္ဖူးတဲ့အဆင့္ထိ ေရာက္ေနၿပီဆိုေတာ့...
ဟန္ေဝသည္ ငါးနာရီေလာက္ၾကာေအာင္ စိတ္ကို မနည္းတည္ၿငိမ္ေအာင္ႀကိဳးစားေသာ္လည္း စိတ္ပ်က္စရာေကာင္းေအာင္ မေအာင္ျမင္ခဲ့ေပ။
သူ သည္းမခံႏိုင္ေတာ့ဘူး!
ညမအိပ္ခင္ သြားတိုက္ရန္ ဟန္ေ႐ွာင္း႐ွီသည္ ခုံတန္း႐ွည္ေပၚတြင္ ရပ္လိုက္သည္။ သူမအေဖက မြန္စတားတစ္ေကာင္လို ျဖစ္ေနသည္ကို ခံစားမိတာေၾကာင့္ အိပ္ခန္းဘက္ကို အထိတ္တလန္႔ျဖင့္ ၾကည့္လိုက္သည္။
"႐ွင့္သမီးကို ေၾကာက္ေအာင္လုပ္ေနတာလား?" သူ႕မိန္းမက သူ႕ကိုသတိေပးလိုက္သည္။
"သူက ေယာက်္ားတစ္ေယာက္နဲ႔ ဘယ္လိုလုပ္ၿပီး အိပ္ႏိုင္ရတာလဲ!" ဟန္ေဝ ေဒါသတႀကီးျဖင့္ အေဝးထိန္းခလုတ္ကို သူ႕လက္ထဲ ဖ်စ္ညႇစ္လိုက္သည္။
ဟန္ေ႐ွာင္း႐ွီ၏ေမး႐ိုးမွာ ပြင့္က်သြားေတာ့သည္။ ေဖေဖက တကယ္ကိုေဒါသထြက္ေနတာပဲ!
“အစ္ကိုႀကီး.....” ဆုႏို တံခါးဝနားမွာရပ္ေနၿပီး တုန္တုန္ရီရီျဖင့္ ေျပာလိုက္သည္။ “ကြၽန္..ေတာ္...တို႔..စကားေျပာ..လို႔ရမလား?"
"အခုလား?" ဟန္ေဝသည္ အလြန္အံ့ၾသသြားၿပီး ဆုႏိုက စကားေျပာရန္ အမွန္တကယ္ လာၿပီးကမ္းလွမ္းခဲ့သည္ကို မယုံႏိုင္ေပ။
“အင္း...” ဆုႏို ေမးဖို႔အတြက္ သတၱိအနည္းငယ္႐ွိေနသည္။
ဟန္ေဝ ေခါင္းညိတ္လိုက္ၿပီး သူ႕လက္ထဲ႐ွိ ေၾကမြသြားသည့္အေဝးထိန္းခလုတ္ကို အမိႈက္ပုံးထဲသို႔ ပစ္ထည့္လိုက္သည္။
သူ႕အစ္ကိုႀကီးရဲ႕ျပင္းထန္တဲ့ဘက္ျခမ္းက အရမ္းေၾကာက္စရာေကာင္းတယ္! ဆုႏိုရဲ႕ဒူးမ်ားက ေခ်ာင္သြားသလိုပင္!
တကယ္ေတာ့ သူ သူ႕အစ္ကိုႀကီးနဲ႔ လုံးဝစကားမေျပာခ်င္ပါဘူး။ ဒါေပမယ့္ သူမွေ႐ွာင္လႊဲလို႔ မရတာ! ဘာလို႔လဲဆိုေတာ့ ဟန္ေဝက အခုခ်ိန္မွာစိတ္ဆိုးေနတာေလ!ေဒါသရဲ႕ အ႐ွိန္ေတြက ျမင့္တက္လာၿပီး ေဒါသပုံခ်စရာ ေနရာမ႐ွိရင္ ဟန္ေဝက ေပါက္ကြဲထြက္သြားၿပီး သူတို႔ကို အိမ္ျပန္ေခၚသြားတဲ့အထိ ႐ူးသြားလိမ့္မယ္။အဲ့ဒီအခါက်ရင္ မစၥတာဒါ႐ိုက္တာက အလြန္အႏၲရာယ္႐ွိတဲ့အေျခအေနႏွင့္ ရင္ဆိုင္ရလိမ့္မယ္။
ထို႔ေၾကာင့္ ဆုႏိုသည္ သူ႕မာနကို ခဝါခ်ထားၿပီး သူ႕အစ္ကိုႀကီးႏွင့္ စကားေျပာရန္ ေတာင္းဆိုခဲ့သည္။
တကယ္လို႔ ဟန္ေဝက သူ႕ရဲ႕လိင္စိတ္ကို လက္ခံေပးဖို႔ ေဖ်ာင္းဖ်လို႔မရဘူးဆိုရင္ေတာင္ အနည္းဆုံးေတာ့ ဒါ႐ိုက္တာႀကီးကို အခက္မေတြ႕ေစခ်င္ေပ။
တကယ္လို႔ အစ္ကိုႀကီးက လူတစ္ေယာက္ကို တကယ္႐ိုက္ခ်င္ရင္ေတာင္ ငါ့ကိုပဲ႐ိုက္ပါေစ....... ဆုႏိုရဲ႕ႏွလုံးသားေလးက အထူးသျဖင့္ မစၥတာဒါ႐ိုက္တာအတြက္ မ်က္ရည္ေတြျဖင့္ ျပည့္ေနသည္။
"မင္းတို႔ႏွစ္ေယာက္ ဘယ္တုန္းက ပထမဆုံးစေတြ႕တာလဲ?" ဟန္ေဝ ေမးလိုက္သည္။
ဆုႏိုသည္ ခုတင္ေပၚတြင္ တင္ပ်ဥ္ေခြထိုင္ကာ
“အမွန္အတိုင္းေျပာရရင္ သိပ္မၾကာေသးပါဘူး။ကြၽန္ေတာ္တို႔ စေတြ႕တာေတာ့ Renrui လက္ကမ္းစာေစာင္အတြက္ ႐ိုက္ေနတုန္းကပါ ”
ဒီအေၾကာင္းကို ၾကားရတဲ့အခါ အစ္ကိုႀကီး ေဒါသထြက္သြားေတာ့သည္။သိပ္မၾကာေသးဘဲနဲ႔ သူတို႔ႏွစ္ေယာက္က အတူတူအိပ္တဲ့အဆင့္ကိုေတာင္ ေရာက္ေနၿပီေပါ့!
မင္းအသက္ေျခာက္ႏွစ္မွာ မင္းရဲ႕အတြင္းခံေဘာင္းဘီေတြနဲ႔ ဖုံးထားတဲ့ေနရာေတြကို မျပဖို႔ ငါ သင္ေပးထားတယ္ေလ။ မင္း ဘာလို႔မမွတ္မိရတာလဲ!
"သူက မင္းကိုဘယ္ေလာက္ၾကာၾကာလိုက္ခဲ့ရလဲ?" ဟန္ေဝ ထပ္ေမးသည္။
“သိပ္မၾကာပါဘူး ”ဆုႏို ျပန္ေျဖလိုက္သည္။
သိပ္ေတာင္!မၾကာခဲ့ဘူး!!
ဟန္ေဝ သူ႕လက္သီးကို ထပ္မံဆုပ္လိုက္သည္။ဆုႏိုသည္ ေခါင္းကိုငုံ႔ကာ ၾကမ္းခင္းကိုသာ ၾကည့္ေနေတာ့သည္။
"သူက စကားေျပာခ်ိဳလား?" ဟန္ေဝ ေဒါသမထြက္ေအာင္ ႀကိဳးစားေနလိုက္သည္။
"သူက အရမ္းႀကီးေတာ့ သိသိသာသာမေကာင္းပါဘူး " ဆုႏို သူ႕အစ္ကိုႀကီးကို သတိထားကာ ၾကည့္လိုက္သည္။
"သူသာ စကားအေျပာမေကာင္းဘူးဆိုရင္ မင္းသူနဲ႔ တြဲျဖစ္မလား!" ဟန္ေဝသည္ ေဒါသတႀကီးျဖင့္ ကုတင္ကို႐ိုက္ခ်လိုက္သည္။
ဆုႏို ေသမတက္ ေၾကာက္လန္႔သြားၿပီး လ်င္ျမန္စြာ ေျပာလိုက္သည္။ "အမ္... တကယ္ေတာ့ သူက စကားေျပာတဲ့ေနရာမွာ အေျပာေကာင္းတယ္.. ကြၽန္ေတာ္ ခုနတုန္းက ေမ့သြားလို႔....."
"ငါ သိေနတယ္!" အစ္ကိုႀကီးက ေဒါသထြက္လာၿပီး “သူ႕ပါးစပ္ကေန အမိႈက္လို အလိမ္စကားေတြပဲ ထြက္လာမွာေပါ့!"
"အဲ့ဒီလိုမဟုတ္ပါဘူး!" ဆုႏိုသည္ သူ႕အစ္ကိုႀကီးရဲ႕ အေၾကာင္းမ႐ွိအေၾကာင္း႐ွာေနတာကို ၾကည့္ၿပီး ငိုခ်င္လာေတာ့သည္။
သူ ဘာေတြပဲေျပာေျပာ မွားေနေတာ့တာပဲ!
"သူက မင္းနဲ႔အတူအိပ္ဖို႔ ျဖားေယာင္းေသးလား?" ဟန္ေဝ ဆုႏိုကိုၾကည့္လိုက္သည္။
ဆုႏို၏မ်က္ႏွာမွာ ခ်က္ခ်င္းပင္နီရဲလာေတာ့သည္။ ဒီလိုေမးခြန္းမ်ိဳးကို အစ္ကိုႀကီး ေမးလို႔မရဘူးေလ ah!
“အဆင္ေျပတယ္။ မေၾကာက္နဲ႔။ မင္းရဲ႕ ခ်စ္ရတဲ့ အစ္ကိုႀကီးကိုေျပာ " ဟန္ေဝသည္ အေမလိုမ်ိဳး သူ႕ညီငယ္ေလး၏လက္ကို ဆုပ္ကိုင္ထားသည္။
မေၾကာက္ပါနဲ႔ဆိုတာက အစ္ကိုႀကီး ဘာကိုဆိုလိုခ်င္တာလဲ!
ဆုႏိုသည္ စိတ္ဖိစီးမႈေၾကာင့္ အသက္႐ွဴရပ္သြားေတာ့မလို ခံစားလိုက္ရသည္။ သူ႕အစ္ကိုႀကီးက Voldemort ထက္ ပိုေၾကာက္စရာေကာင္းတယ္!
"မင္းဘက္ကေန စအိပ္ဖို႔ ေတာင္းဆိုခဲ့တာေတာ့ မဟုတ္ဘူးမလား? " ဟန္ေဝ သူ႕ေမးခြန္းကိုေျပာင္းေမးလိုက္သည္။
ခုနကျဖစ္ပ်က္ခဲ့တဲ့ အေတြ႕အၾကဳံေတြကေနတဆင့္ ဆုႏို သင္ယူခဲ့ရတာမို႔...
“ဟုတ္တယ္။ ကြၽန္ေတာ္ စလုပ္ခဲ့တယ္။ကြၽန္ေတာ္ သူ႕ကိုေမးခဲ့တာ"
ဟန္ေဝ အသက္ကို ႐ွဴ႐ိႈက္လိုက္ၿပီး "မင္းလား!"
“ဟုတ္တယ္။ ကြၽန္ေတာ္ သူ႕ကိုစေမးခဲ့တယ္!" ဆုႏို လုံးဝကို ပြင့္ပြင့္လင္းလင္း ေျပာလိုက္သည္။ မစၥတာဒါ႐ိုက္တာႀကီးရဲ႕ ဘဝကို ကာကြယ္ဖို႔အတြက္ ဆုႏိုက အကုန္လုံးကို ဖုံးကြယ္ၿပီး လိမ္ေျပာလိုက္ဖို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္သည္။
တကယ့္ကို ရင္ထဲထိစရာပါပဲ!
တကယ္လို႔ အေျခအေနေတြက ခ်စ္စိတ္မႊန္ဝတၱဳတစ္ပုဒ္လို ေျပာင္းလဲသြားမယ္ဆိုရင္ ဝတၳဳေခါင္းစဥ္က《ေကာင္းကင္ဘုံ၏ ကံၾကမၼာဆိုး - ႏူးညံ့ၿပီး ထိခိုက္လြယ္သည့္ ခရစ္စတယ္လို ၾကည္လင္ေတာက္ပတဲ့အလွေလးက မေမ့ေပ်ာက္ႏိုင္တဲ့ အခ်စ္ကိုသာ တမ္းတရင္း စိတ္မကူးႏိုင္ေလာက္ေအာင္ ဒုကၡဆင္းရဲ ခံေနရသည္》 ျဖစ္လိမ့္မယ္။
ဇာတ္လမ္းနဲ႔ လိုက္ဖက္ဖို႔အတြက္က ေနာက္ဆက္တြဲဇာတ္လမ္းကိုေတာ့《တစ္ျခားတစ္ဖက္က ေၾကကြဲဖြယ္ - တစ္ေယာက္ေယာက္က မင္းကိုခါးခါးသီးသီးခ်စ္ေနတုန္းပဲဆိုတာ မင္းသိရဲ႕လား?》လို႔ သတ္မွတ္ရမယ္။ လွပတဲ့ဇာတ္ၫႊန္းေလးက မ်က္ရည္ေတြနဲ႔ ျပည့္ႏွက္ေနတာပဲ။
“မင္းဘယ္လို.....ဒီလိုမ်ိဳး...” အစ္ကိုႀကီးသည္ လုံးဝတုန္လႈပ္သြားရသည္။သူ႕လွ်ာေတြေတာင္ ထုံလာသည္။
"ကြၽန္ေတာ္ သူ႕ကိုတကယ္တကယ္သေဘာက်တာ" ဆုႏို၏အသံေလးမွာ တိုးညႇင္းလွသည္။
"ဒါဆိုရင္ မင္းက ဘာလို႔လမ္းခြဲရတာလဲ?"
ဟန္ေဝ ထပ္ေမးလိုက္ၿပီး “သူက ေဖာက္ျပန္လို႔” "သူေျခေထာက္နဲ႔ တစ္ျခားတစ္ေယာက္ကို ခြဲလိုက္လို႔" "သူက အားမ႐ွိလို႔ " ဆိုတဲ့ အေျဖကိုၾကားဖို႔ အရမ္းကို ေမွ်ာ္လင့္ေနသည္။
ဒါဆိုရင္ ဟန္ေဝသည္ ႐ိုး႐ိုးသားသားနဲ႔ ဆုႏိုကိုအၾကံဥာဏ္ေကာင္းေကာင္း ေပးႏိုင္လိမ့္မည္။
ဒါေပမယ့္ ညီငယ္ေလးက စိတ္ပ်က္ေနသည့္ပုံျဖင့္ ေျပာလိုက္သည္။ “ကြၽန္ေတာ္ တုံးခဲ့တာပါ”
"မင္းက ငတုံးပဲေလ" ဟန္ေဝ လက္ခံသည္။ ဆုႏို သူ႕အစ္ကိုႀကီးကို သနားစရာအၾကည့္ေလးျဖင့္ ၾကည့္လိုက္သည္။
"ဒါေပမယ့္ ဒီလိုအေၾကာင္းျပခ်က္ေၾကာင့္နဲ႔ မင္းလမ္းခြဲလို႔မရဘူး!" အစ္ကိုႀကီးဟာ ေကာင္းတဲ့ဘက္ျခမ္းကို ျပန္ေျပာင္းသြားၿပီး သူ႕အက်ႌလက္ေတြကို ေခါက္တင္ လိုက္သည္။ "မင္းသူ႕ကို ျပန္႐ိုက္ႏိုင္ဖို႔ အစ္ကိုႀကီး ကူညီေပးမယ္ !!!"
"အဲလိုမဟုတ္ဘူး! " ဆုႏို စိတ္ပ်က္သြားၿပီး သူ႕ေခါင္းကိုသူ႕အစ္ကိုႀကီး၏ပုခုံးေပၚ တင္လိုက္သည္။
"ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က သူ႕ေနာက္ကြယ္မွာေနၿပီး ခ်ိဳးက်ီယန္အေၾကာင္း အခ်က္အလက္ေတြ အမ်ားႀကီးစုေဆာင္းခဲ့တယ္"
ဟန္ေဝ ေတာင့္တင္းသြားရသည္။ "ခ်ိဳးက်ီယန္?"
ဆုႏို ေခါင္းညိတ္ျပလိုက္သည္။
အစ္ကိုႀကီးသည္ မစၥတာဒါ႐ိုက္တာႏွင့္ ပတ္သတ္တဲ့ ကိစၥကို ေခတၱ ေဘးခ်ိတ္ထားၿပီး ေမးလိုက္သည္။ "မင္းက ခ်ိဳးက်ီယန္ရဲ႕အခ်က္အလက္ေတြကို ဘာလို႔ လွ်ိဳ႕ဝွက္ၿပီး စုေဆာင္းခဲ့တာလဲ?"
"ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က....သူ႕ကိုနည္းနည္း မနာလိုျဖစ္ေနပုံရတယ္ ” ဆုႏိုသည္ ေၾကကြဲဖြယ္အျဖစ္မွန္ကို ေနာက္ဆုံးေတာ့ဝန္ခံခဲ့သည္။
"မင္း သူ႕ကို သေဘာမက်ဘူးလား?" ဟန္ေဝ ထပ္မံအတည္ျပဳခဲ့သည္။
ဘယ္သေဘာက်မွာလဲ! ဆုႏို ေဒါသတႀကီးေခါင္းယမ္းျပလိုက္သည္။
ဟန္ေဝက စိတ္႐ွည္လက္႐ွည္ ေျပာလိုက္သည္။
"မင္း ဘယ္သူကိုႀကိဳက္ေနပါေစ။ အခု မင္းေယာက်္ားေလးေတြနဲ႔ လမ္းခြဲၿပီးၿပီ။ မိန္းကေလးတစ္ေယာက္နဲ႔ ဒိတ္ၾကည့္ဖို႔ အေကာင္းဆုံးလို႔ ထင္တယ္။ ေတြ႕ၾကည့္မလား?"
"ကြၽန္ေတာ္ မိန္းကေလးေတြကို မႀကိဳက္ဘူး" ဆုႏို ျငင္းလိုက္သည္။
"ဒါေပမယ့္ မင္းတစ္ေယာက္နဲ႔မွ မခ်ိန္းေတြ႕ခဲ့ဖူးဘူးေလ! အစ္ကိုႀကီးက မင္းမရီးနဲ႔မေတြ႕ခင္တုန္းကဆိုရင္လည္း လက္ထပ္ဖို႔အေၾကာင္းကို မစဥ္းစားခဲ့ဘူး" အစ္ကိုႀကီးက သူ႕ရဲ႕ဇာတ္လမ္းကို သုံးၿပီး ေျပာျပလိုက္သည္။ "ျမင္ျမင္ခ်င္းခ်စ္တာက အရမ္းရင္ခုန္စရာေကာင္းတယ္။ ေနာက္ေန႔ေတြအတြက္ blind date အခ်ိဳ႕ကို အစ္ကိုႀကီး စီစဥ္ထားလိုက္မယ္! "
“မသြားဘူး!!!” ဆုႏို မ်က္ရည္က်ခ်င္လာမိသည္။ "အဲဒီ Blind dates ေတြကိုမသြားဘူး"
“စမ္းၾကည့္လိုက္႐ုံနဲ႔ မွားမွာ မဟုတ္ပါဘူး။ အံ့ၾသစရာတစ္ခုေတာင္ ျဖစ္သြားႏိုင္တယ္!! " ဟန္ေဝက ေလးနက္နက္မ်က္ႏွာျဖင့္ ေျပာလိုက္သည္။
“ မသြားဘူး!” ဆုႏိုကလည္း ေခါင္းမာစြာျဖင့္ "ကြၽန္ေတာ္ ျပန္ခ်င္တယ္!"
“အခု?” ဟန္ေဝ၏မ်က္ႏွာသည္ ခ်က္ခ်င္းပင္မည္းေမွာင္သြားၿပီး “ မရဘူး!”
"အစ္ကိုႀကီး....ဒါေတာ့ မဆီေလ်ာ္တာပဲ !" ဆုႏို စိုးရိမ္တႀကီးေျပာလိုက္သည္။
"မရဘူးဆို မရဘူး!" ဟန္ေဝသည္ အသံကိုျမႇင့္လိုက္ၿပီးသူ႕ရဲ႕ေၾကာက္စရာေကာင္းသည့္ မ်က္ႏွာျဖင့္ ေျပာလိုက္သည္။
"ကြၽန္ေတာ္က အစ္ကိုႀကီးကိုယုံၾကည္လို႔ ေျပာခဲ့တာေလ!"ဆုႏို၏မ်က္လုံးမ်ားသည္ ယုန္ကဲ့သို႔နီရဲလာသည္။
ဟန္ေဝ၏ႏွလုံးသားသည္လည္း တခဏအတြင္းမွာပင္ ေပ်ာ့ေျပာင္းသြားသည္။
ဒီကိစၥက သူ႕ညီငယ္ေလးရဲ႕ ေပ်ာ္႐ႊင္မႈနဲ႔ သက္ဆိုင္ေနတာေၾကာင့္ ဟန္ေဝသည့္ သူ႕ရဲ႕ hardcore ဘက္ျခမ္းကို ခ်က္ခ်င္း ဖိအားေပး ျပန္လွည့္လိုက္သည္။
“ေစာေစာအိပ္ေတာ့။ အစ္ကိုႀကီးတို႔ ဒီအေၾကာင္းကိုေနာက္မွေျပာၾကတာေပါ့ ” အစ္ကိုႀကီးသည္ တစ္သ်ဴးအခ်ိဳ႕ကိုယူကာ ဆုႏိုထံသို႔ ေပးလိုက္သည္။ဆုႏိုသည္ မတရားခံလိုက္ရသလိုခံစားခဲ့ရၿပီး သူ႕အစ္ကိုႀကီးကိုလ်စ္လ်ဴ႐ႈခဲ့သည္။
ဟန္ေဝကေတာ့ သူ႕ရဲ႕ကိုယ္ဟန္အတိုင္း ေအးစက္သည့္အမူအယာႏွင့္အတူ အခန္းထဲမွထြက္သြားသည္။
ဆုႏိုခင္ဗ်ာ အလြန္စိတ္ဓာတ္က်ေနသျဖင့္ ေရခဲေသတၱာထဲမွ ေခ်ာကလက္တစ္ဘူးကိုထုတ္ကာ မ်က္လုံးနီမ်ားျဖင့္ ကုတင္ေပၚသို႔တက္သြားလိုက္သည္။
ထိုေခ်ာကလက္သည္ သူတို႔ႏွစ္ဦးခ်ိန္းေတြ႕စဥ္က မစၥတာဒါ႐ိုက္တာက သူ႕ဆီကို မၾကာခဏပို႔ေပးသည့္ အမွတ္တံဆိပ္ပင္! ခ်ိဳခါးအရသာသည္ လွ်ာႏွင့္ပါးစပ္တစ္ခုလုံးသို႔ ပ်ံ႕ႏွံ႔သြားၿပီး မစၥတာဒါ႐ိုက္တာႀကီးအား ပို၍ပင္ လြမ္းလာမိသည္။
ဆုႏို သူ႕ဖုန္းကိုထုတ္လိုက္ၿပီး ဖုန္းနံပါတ္ကိုမေခၚမီ အသက္ျပင္းျပင္း႐ွဴလိုက္သည္။
"ဘယ္သူလဲ?"
ဆုႏိုသည္ ႏိုင္ငံျခားတြင္႐ွိေနစဥ္ နံပါတ္အသစ္ျဖစ္တာေၾကာင့္ အိုးရန္လုံက ဖုန္းေခၚသူမွာ မည္သူျဖစ္သည္ကိုမသိေပ။
".....ကြၽန္ေတာ္ပါ" ဆုႏို တိုးညင္းစြာေျပာလိုက္သည္။ သူ႕ႏွလုံးသားတစ္ခုလုံးက ခုန္ထြက္လုမတက္!
"ႏိုႏို?" အိုးရန္လုံသည္လည္း ဆို႔နင့္လာသည္။
“အင္း...” ဆုႏိုသည္ အလြန္စိတ္လႈပ္႐ွားေနသျဖင့္ ဖုန္းကိုေတာင္ ျပန္မကိုင္ႏိုင္ေသးေပ။
"မင္း ျပန္လာၿပီလား?" အိုးရန္လုံ ေမးလိုက္သည္။
"ေမရာက္ေသးဘူး၊ ႏိုင္ငံျခားမွာပဲ ႐ွိေသးတယ္" ဆုႏို၏ႏွာေခါင္းေလးသည္ အနည္းငယ္ခ်ဥ္တင္တင္။
"မင္းဘာလို႔ ဝမ္းနည္းေနရတာလဲ?" အိုးရန္လုံသည္ သူရဲ႕စိတ္ခံစားမႈမ်ားကို နားလည္ႏိုင္သည္။
ဆုႏို၏ႏွလုံးသားထဲ႐ွိ ခံစားခ်က္မ်ားသည္ ပို၍ပင္ျပင္းထန္လာေတာ့သည္။ အိုးရန္လုံက ေႏြးေထြးၾကင္နာသည့္အသံျဖင့္ေမးလိုက္ေတာ့ ဆုႏို မခံႏိုင္ေတာ့ေပ။
"မငိုပါနဲ႔.....” အိုးရန္လုံ အနည္းငယ္စိတ္ပူသြားၿပီး "ဘာျဖစ္တာလဲ?"
"ကြၽန္ေတာ္...ကြၽန္ေတာ္ စဥ္းစားၿပီးၿပီ" ဆုႏို ႐ွက္ရေတာ့မွန္းမသိ ငိုေႂကြးေနေတာ့သည္။ "ကြၽန္ေတာ္ ဒါ႐ိုက္တာႀကီးကို ေတြ႕ဖို႔ျပန္လာခ်င္တယ္။ ဒါေပမယ့္ အစ္ကိုႀကီးက ျပန္ဖို႔ကို ခြင့္မျပဳဘူး"
ဒါေၾကာင့္ ေျပာတာ.....သူ႕အစ္ကိုႀကီးက ဘုရင္တစ္ပါးရဲ႕မိခင္(မယ္ေတာ္ႀကီး)နဲ႔တကယ္တူတယ္!
"အဆင္ေျပပါတယ္ " မစၥတာဒါ႐ိုက္တာက မ်က္လုံးေတြကိုမွိတ္ၿပီး “မင္းဘယ္မွာလဲ? ကိုယ့္ကို လိပ္စာေျပာ "
“....ဒါ႐ိုက္တာႀကီးက လာမွာလား?” ဆုႏို မယုံႏိုင္ေပ။
ထို႔ေနာက္ မစၥတာဒါ႐ိုက္တာႀကီးက မိမိုက္စြာေျပာခဲ့သည္။
"ကိုယ္ မင္းကို အိမ္ျပန္ဖို႔လာေခၚမယ္"