[Unicode]
အခန်း(၅၃.၄):ကျွန်တော့်အိမ်ကို မလာနဲ့နှင့် မမျှော်လင့်ထားသည့် အလှည့်အပြောင်း
[အပိုင်း-၄] ခွေး ဝင်တိုက်ခံရခြင်း နှင့် ဖားမင်းသားလေး
ကျုံးလီဖုန်းပိုင်သည် အနားယူဖို့ လိုအပ်တာမို့ ရိုက်ကူးရေးကိုနောက်ဆုတ်ခဲ့သည်။
ဒါရိုက်တာရဲ့လက်ထောက်က လူတိုင်းကို ဒါရိုက်တာကျုံးဆီကို ခွေးတစ်ကောင်က ပြေးလာခဲ့ပြီး သူ့ခါးကိုထိခိုက်စေခဲ့တဲ့အတွက် သူတစ်ရက်နားရမယ်လို့ အကြောင်းကြားခဲ့သည်။
"........."
"မင်းနောက်ကို ခွေးတစ်ကောင် အလိုက်ခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? " မုချိုး ခံစားချက်မျိုးစုံဖြင့်မေးခွန်းထုတ်လိုက်သည်။
"ခင်ဗျားပါးစပ်ပိတ်ထား!" ကျုံးလီဖုန်းပိုင် ဒေါသတကြီးပြောလိုက်သည်။ ခင်ဗျား ထပ်ထိရဲ ထိကြည့်လိုက်!
ဆုနို ထိုသတင်းကိုကြားပြီးနောက် သူအနည်းငယ်စိတ်ပူသွားပြီး ဖုန်းခေါ်လိုက်သော်လည်း ဖုန်းခေါ်ဆို၍ မရကြောင်းသာ ကြားနေရသည်။
"ဒါရိုက်တာကျုံးက တကယ် ပြင်းပြင်းထန်ထန်ပဲ ထိခိုက်သွားလို့များလား? " ဒိုင်အန်း ဝေခွဲမရပင်။
ဆုနို ဒီတခါတော့ မုချိုးဆီကို ဖုန်းထပ်ခေါ်လိုက်သည်။ မုချိုးကတော့ မြန်မြန်ဆန်ဆန်ပဲ ကိုင်လိုက်သည်။
"ဒါရိုက်တာကျုံးက ဘာဖြစ်တာလဲ? " ဆုနို မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ အဖျားအနည်းငယ်လောက်ပါပဲ" ကျုံးလီဖုန်းပိုင်က အိပ်ပျော်နေသောကြောင့် မုချိုးသည် ဖုန်းကို ဝရံတာဘက်သို့ ထွက်ကာ ပြောလိုက်သည်။
"ခွေး အတိုက်ခံရတာကို အဖျားတက်တာလား?" ဆုနို တကယ်ကို နားမလည်နိုင်ဖြစ်ရသည်။
မုချိုး မနည်းသည်းခံပြီး ဖြေလိုက်သည်။ "အင်း ... သူကြောက်သွားတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်"
"ဒါဆို ခွေးအကြီးကြီးပဲဖြစ်ရမယ်" ဆုနို ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။
"တိဗက် Mastiff တစ်ကောင်လား?"
".........."
ခွေးက ကျွန်တော်ပါ။ မစ္စတာမုသည် နှလုံးသားထဲမှ သွေးများ ယိုစီးကျလာသလို ခံစားခဲ့ရသည်။
"ကျွန်တော် သူ့ကိုလာတွေ့လို့ရမလား?" ဆုနိုက ကျုံးလီဖုန်းပိုင်နဲ့ ကောင်းမွန်သည့်ဆက်ဆံရေးရှိကြောင်း ပြောလိုက်သည်။
“ မလာနဲ့!” မုချိုး သူ့ကိုအမြန်တားလိုက်ရသည်။ ဒါပေမယ့် အဲဒါက နည်းနည်းတော့လွဲနေပြီဆိုတာ သိသွားတဲ့အတွက် သူအသံအနေအထားကို ပြောင်းလိုက်ပြီး ပြောလိုက်သည်။
“ သူအိပ်ပျော်နေပြီ။ စိတ်မပူပါနဲ့ မနက်ဖြန်ကျရင် သူအဆင်ပြေသွားလိမ့်မယ် "
“ ကောင်းပြီလေ။ ဒါဆို ကျွန်တော် ဖုန်းခေါ်တယ်လို့ ပြောပေးပါ။ သူမြန်မြန်နေကောင်းလာဖို့ မျှော်လင့်ပါတယ်။” ဆုနို ဖုန်းချလိုက်ပြီး ဒိုင်အန်းကို ကြည့်ကာ ပြောလိုက်သည်။
"ဒါရိုက်တာကျုံးက ပိုပြီး နုနယ်ပုံရတယ်"
ခွေးတစ်ကောင် အတိုက်ခံရတာလေးကို အဖျားဘယ်လိုလုပ် တက်သွားရတာလဲ။
"ကောင်းပြီ။ အခု ငါတို့ဓာတ်ပုံရိုက်ဖို့အတွက် ပြင်ဆင်ဖို့လိုသေးတယ်" ဒိုင်အန်း သူ့လက်ထဲက ဖန်ခွက်ကို ယူလိုက်သည်။ "ဒီနေ့အစီအစဉ်က တော်တော်ပြည့်နေပြီ။ဒါကြောင့် ငါတို့ မြန်မြန်လုပ်ရမယ်"
“ ကောင်းပြီလေ ” ဆုနို မိတ်ကပ်ပြင်ဖို့အတွက် ထိုင်ခုံပေါ်မှာ ငြိမ်သက်စွာထိုင်နေရင်း ပြောလိုက်သည်။ ဂျက်ဆန်သည် အားလပ်ရက်ယူဖို့အတွက် လက်ခံခဲ့ပေးပြီး သူ့ရဲ့လက်ရှိပရောဂျက်တွေကိုဖျက်သိမ်းပေးဖို့ လုပ်သော်လည်း သူသည် ကုမ္ပဏီဘက်ကိုစဉ်းစားပေးခဲ့သည်။ ထို့ကြောင့် သူ ရိုက်ကူးရေးအချို့ကို ရှေ့ကို ရွှေ့လိုက်သည်။ ညဘက်တွေအထိ အလုပ်,လုပ်ရမယ်ဆိုရင်လည်း သူ အဆင်ပြေသည်။
ထို့ကြောင့် ဒိုင်အန်းက သူ့ကိုသဘောကျတယ်လို့ ပြောတာကလည်း အကြောင်းအရင်းမဲ့မဟုတ်ပေ။ ဆုရှောင်းနိုလေးက ပွေ့ဖက်ချစ်စရာကောင်းသည့် ကောင်ငယ်လေး တစ်ယောက်ပင်ဖြစ်သည်။
ဆုနိုမှာ အချိန်ပိုတွေ လုပ်နေရတဲ့ အကြောင်းပြချက်ကိုတော့ ဘယ်သူမှ မသိကြပေ။ သူသာ အလုပ်ထဲကလူတွေနဲ့ အတူရှိနေရင် အိမ်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေကြားထဲမှာပဲ အတွေးတွေ နစ်မြှပ်နေပြီး အထီးကျန်နေတော့မှာ မဟုတ်ဘူးလေ....
သူ ခုထိဖုန်းမဆက်သေးတာကို သူ လုံးဝဂရုမစိုက်ပါဘူး!
ရိုက်ကူးရေးမှာ ကျားဖြူကလေးတွေကို ထည့်ထားတဲ့ လှောင်အိမ်တွေ အများကြီးရှိတဲ့အပြင် ရွှေရောင်စပါးကြီးမြွေတစ်ကောင်လည်း ရှိခဲ့သည်။ ၎င်းတို့အားလုံးသည် ယနေ့အတွက် ဆုနို၏ရိုက်ကူးရေး လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။
"စိတ်မပူပါနဲ့။ သူတို့အားလုံးက ယဥ်ပါတယ်" တိရိစ္ဆာန်သင်တန်းဆရာက ဆုနိုကို နှစ်သိမ့်ပေးလိုက်သည်။
"ကျွန်တော် မကြောက်ပါဘူး။" ဆုနို အမှန်တကယ်ပင် မကြောက်ပေ။ သူက မြွေကိုပွေ့ဖက်နေပြီး မေးလိုက်သည်။
"သူကိုဘယ်လိုခေါ်လဲ?"
"အချစ်လေး" နည်းပြက ပြန်ပြောလိုက်သည်။
"........."
ဒါ လုံးဝအထင်ကြီးစရာမဟုတ်ဘူးနော်!
ဆုနို သူ့ကိုယ်သူစဉ်းစားလိုက်သည်။ ဒီမြွေကြည့်ရတာတော့ သူ့ကိုယ်သူ အထင်ကြီးပုံရပေမယ့်လည်း သူ့နာမည်က အရမ်းကို မိန်းကလေးဆန်နေတယ်။ သူ့ကို ဒီစတီကွန် (ဒါမှမဟုတ်ရင်) လစ်တဲလ်ထရမ်စဖော်မာ လို့သာ ခေါ်သင့်တယ်!
မစ္စတာအချစ်လေးက သူ့ရဲ့ဖော်ရွေမှုကို ပြသဖို့အတွက် ဆုနိုကို ခေါင်းလေးနဲ တိုးဝှေ့လိုက်သည်။
"ဟဲလို" ဒိုင်အန်းလည်း သူတို့ကြားထဲကို ဝင်လိုက်သည်။
ဒါပေမယ့် ထိုမြွေက သူ့ကို လုံးဝလျစ်လျူရှုခဲ့သည်။ သင်တန်းဆရာက ရယ်ရယ်မောမောနဲ့ ရှင်းပြလိုက်၏။
“သူက မိန်းကလေးတွေနဲ့ကစားရတာကိုပဲ ကြိုက်တယ်”
ရွှေရောင်မြွေသည် တကယ်ကို အသည်းအသန်ဖြစ်နေပြီး ၎င်း၏ခေါင်းကို ဆုနို၏ပခုံးပေါ်တင်လိုက်သည်။
"......."
မိန်းကလေးတွေနဲ့ကစားရတာကိုပဲ ကြိုက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?
ဆုနို!ချက်ချင်းပင်!ဒေါသတွေ!ထွက်လာရသည်!
ရှင်းရှင်းပြောရရင် ငါက ယောက်ျားတွေအားလုံးထဲကယောက်ျားတစ်ယောက်ကွ!!!
ဒိုင်အန်း သူ့ကို ဆွဲဆိတ်လိုက်ပြီး သတိပေးလိုက်သည်။ "စိတ်လျှော့! "
ဆုရှောင်းနိုလေး မပျော်တော့ပေ။ ဒါပေမယ့် မစ္စတာအချစ်လေးကတော့ ဆုနိုကို အမှန်ပင် သဘောကျသည့်အတွက် ပျော်နေပုံရသည်။ သူက ရိုက်ကူးရေးလုပ်နေစဥ်မှာလည်း အမှန်တကယ် ပူပေါင်းပေးခဲ့ကာ တာဝါတိုင်တစ်ခုကိုလိမ်ပတ်ထားသလို ပတ်နေသေးသည်။ ဆုနိုက ဆက်စီအတွင်းခံကို ဝတ်ထားပြီး သူ့အပေါ်မှာ လဲလျောင်းနေကာ စိတ်ထဲကနေလည်း အော်ဟစ်နေသည်။
ငါက မင်းလို အထီးကွ!
“ကောင်းတယ်!နိုနို။ သူ့လည်ပင်းကိုဖက်ထားပြီး ရီဝေဝေအကြည့်နဲ့ ကြည့်နေတာမျိုးလေး လိုချင်တယ်" ဓါတ်ပုံဆရာက အရမ်းကိုမှ ကျေနပ်လို့နေသည်။ အဖြူရောင် အောက်ခံပိတ်ပေါ်မှာ အလှလေးနဲ့ ဧရာမမြွေကြီးတို့ ရောယှက်နေသည့်ပုံက တကယ့်ကိုအကျိုးသက်ရောက်မှုရှိစေပြီး စွဲမက်စရာကောင်းလွန်းသည်။
"ဟက်ချိုး!" ရိုက်ကူးရေးကို ဆက်တိုက်လုပ်ပြီးနောက် ဆုနိုသည် ရွှေရောင်မြွေ၏အေးသည့်ကိုယ်အပူချိန်ကြောင့် အအေးမိသွားရသည်။ ထို့ကြောင့် အခု သူ ချောကလက်ပူပူကို သောက်နေရပြီ။ ဧရာမအင်္ကျီအကြီးကြီးကိုလည်း ၀တ်ထားနေရကာ
မစ္စတာအချစ်လေးသည်လည်း သူ့အောက်တွင် ခွေကာ ကွေးညွှတ်နေပြီး သူ့ရဲ့ဦးခေါင်းကို မြှင့်ကာ လှပသေးငယ်သည့်မျက်လုံးများဖြင့် ဆုနိုကို စိုက်ကြည့်နေသည်။
"မင်း ဒါကိုသောက်လို့မရဘူး" ဆုနို အလေးအနက်ပြောလိုက်သည်။
ရွှေရောင်မြွေကြီးသည် သူ၏ခေါင်းကိုရှေ့သို့ ဆန့်ထုတ်လိုက်သည်။
ဆုနို ချောကလပ်ကို ခွဲကျွေးဖို့အတွက် ခွက်အသေးလေးတစ်ခွက်ကို ယူလာခိုင်းလိုက်သည်။ မစ္စတာအချစ်လေးကတော့ ချက်ချင်းပင် ကျေနပ်သွားတော့သည်။ ဆုနို တစ်ခစ်ခစ်ရယ်မောနေရင်း ဒူးထောက်ကာ သူ့ရဲ့လည်ပင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
သူ့ကို မိန်းကလေးလို့ ထင်သွားတာက ခွင့်မလွတ်နိုင်စရာ ကိစ္စဆိုပေမယ့်လည်း အချင်းချင်းက foodie လေးတွေ ဖြစ်ကြတာမို့ ခင်မင်ရင်းနှီးမှုလည်း ရှိနေပါသေးသည်။
ရွှေရောင်မြွေကြီးက သက်တောင့်သက်သာဖြစ်သွားတာမို့ သဘောကျကာ လှည့်ပတ် လူးလိမ့်နေတော့သည်။ လူတိုင်းက ဒီမြင်ကွင်းလေးကို ကြည့်ရင်းနဲ့ စိတ်ခံစားချက်တွေ မြင့်တက်လာရသည်။
အချစ်တွေနဲ့ ပြည့်နှက်နေတာပဲ!
ထို့ကြောင့် လူတိုင်းက ဒီပုံလေးကို ဓါတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်လို့ရမရ မေးလာကြသည်။
“ ကောင်းပြီလေ ” ဆုနို မဆိုင်းမတွဘဲ သဘောတူလိုက်သည်။
ဒိုင်အန်း သူ့ကိုတိတ်တိတ်လေးသတိပေးလိုက်သည်။ "မင်း မတော်တဆ ထိခိုက်သွားကတည်းက ခုထိ လူထုရှေ့မှာ မျက်နှာ မပြရသေးဘူးလေ။ ချိုးကျီယန်ရဲ့ခေါင်းစီးတွေကိုခိုးယူဖို့အတွက် သောကြာနေ့မှာ ဝှီးချဲနဲ့ပွဲကိုသွားဖို့ဆုံးဖြတ်ထားတယ် မဟုတ်ဘူးလား? "
ဒီဓာတ်ပုံတွေ ပေါက်ကြားသွားပါက ဝှီးချဲဖြင့် တက်ရောက်မည့်အစီအစဉ်က အသုံးမ၀င်တော့ပေ။
"အဆင်ပြေပါတယ် "ဆုနိုကတော့ ချိုးကျီယန်ကိုဂရုစိုက်ဖို့ စိတ်ထဲမထားပေ။
လူတိုင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ နိုနိုက တစ်မိနစ်အတွင်းမှာ ပို,ပိုပြီး သဘောကောင်းလာတာပဲ!
ထို့ကြောင့် ငါးမိနစ်အတွင်းမှာပဲ နိုနိုနဲ့ ရွှေရောင်မြွေကြီးတို့ရဲ့ BTS ဗွီဒီယိုဖိုင်ကို အွန်လိုင်းတွင် သန်းနှင့်ချီ retweet လုပ်ခဲ့ကြသည်။ ၎င်းသည် trendingပင် ဝင်သွားခဲ့သေးသည်။
ဟုတ်ပါတယ်။ ဒုက္ခနွံထဲကအချစ်ဝတ္ထု စာရေးဆရာတွေအပြင် ဒါရိုက်တာအိုးရန်လုံပါ မြင်သွားခဲ့ပါတယ်!
အိုးရန်လုံ သက်ပြင်းချလိုက်ပြီး သူ့ laptop ကိုပိတ်လိုက်သည်။
"ငါ ဝင်လာလို့ရမလား?" CEO က တံခါးကို ခေါက်လိုက်သည်။
"ရပါတယ်" အိုးရန်လုံ မတ်တပ်ရပ်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။
"ငါ မင်းကို နောက်ဆုံးအကြိမ်ပြောခဲ့တာကို မင်းမှတ်မိလား?D မြို့မှာ Cai Fu Group နဲ့ပူးပေါင်းပြီး အဆင့်မြင့်ဇိမ်ခံပစ္စည်း အရောင်းဆိုင်ဖွင့်မယ့်အကြောင်းလေ? " CEO က မေးလိုက်သည်။
"မှတ်မိပါတယ်" အိုးရန်လုံ ခေါင်းညိတ်ပြလိုက်သည်။
“ မနေ့က ငါတို့ သူတို့ရဲ့အဆင့်မြင့်အရာရှိတွေနဲ့ ဖုန်းနဲ့သဘောတူညီချက်ရခဲ့တယ် ” CEO က ဆက်လက်၍ ပြောလိုက်သည်။
“မင်းက D မြို့ကပဲမလား? ဒါကြောင့် မင်းကိုတာဝန်ယူစေချင်တယ်။ ”
"ဘယ်တော့လဲ?" အိုးရန်လုံ မေးလိုက်သည်။
"ဖြစ်နိုင်သမျှ မြန်မြန်ပေါ့။ ကိစ္စက အရေးကြီးတယ်။
ဦးစားပေးအဆင့်ပဲ။ နောက်တစ်ပတ်ကျရင် ဝန်ထမ်းတစ်ချို့ကို ခေါ်ပြီး D မြို့တော်ကို သွားလိုက်။ Cai Fu နဲ့ ပရောဂျက်ထဲက ပတ်ဝန်းကျင်ကိုပါ တစ်ချက် စစ်လိုက်ခဲ့"
“ ကောင်းပါပြီ ” အိုးရန်လုံ ခေါင်းညိတ်လိုက်သည်။
"မနက်ဖြန်ကျရင် မင်းကိုအသေးစိတ်ပြန်ပြော
မယ် ”
CEO က ရယ်ရယ်မောမောနဲ့ မတ်တတ်ထရပ်ပြီး “ဒီနေ့ ငါ့ဇနီးမွေးနေ့မို့ စောစောပြန်ရမယ်။ လူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ လျှို့ဝှက်ချက်အနေနဲ့ ထားပေးသင့်တယ် မဟုတ်လား? ”
"ဒါဆို သူမကို သတင်းမေးတဲ့အကြောင်း ပြောပေးပါဦး" အိုးရန်လုံ ရယ်နေသည့်ကြားမှ ပြောလိုက်သည်။
"မင်းလည်း ပျော်ရွှင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် " CEO က သူ့လက်ကို ပခုံးပေါ်တင်လိုက်ပြီး "မင်းခုတလောနေလို့မကောင်းဘူးဆိုတာ ငါသိတယ်။
ဒါပေမယ့် အရာအားလုံးက သူ့ဘာသာသူ အချိန်တန် ရင် ဖြေရှင်းသွားလိမ့်မယ်။ ဒါကြောင့် မင်းစိတ်ဓာတ်ကျစရာမလိုဘူး"
"ကျွန်တော် သိပါတယ်။ ကျေးဇူးပါပဲ " အိုးရန်လုံက သူ့ကို အမြဲလေးစားခဲ့သည်။
“ဒါရိုက်တာ ချိန်းဆိုထားတဲ့သူရောက်လာပါပြီ။ ” သူ့လက်ထောက်က တံခါးခေါက်ပြီး ပြောလာခဲ့သည်။
"ခဏစောင့် " အိုးရန်လုံ သူ့မှတ်စုများကို သိမ်းလိုက်သည်။
အလုပ်တွေနဲ့ပြည့်နှက်နေတာက......အားသာချက်ပဲ။ အနည်းဆုံးတော့ သူ အများကြီးတွေးစရာမလိုဘူးပေါ့။
လက်တွေ့မှာတော့ ဆုရှောင်းနိုနဲ့ အိုးရန်လုံတို့သည် အလွန်ပင်လိုက်ဖက်မှု ရှိခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် အထီးကျန်ဆန်မှုမှ ရှောင်ရှားရန် အလုပ်၌ နစ်မြှုပ်မည့်သူများ ဖြစ်ကြသည်။ ဆုနိုက မစ္စတာဒါရိုက်တာကိုတကယ်ကြိုက်တယ်။ ဒါပေမယ့် ဒီတခါတော့ သူပထမဆုံး ပြန်မခေါ်ချင်ခဲ့ပေ။ သူမှားတယ်လို့လည်း မခံစားရဘူးလေ။
မစ္စတာဒါရိုက်တာကလည်း ဆုနိုကို တကယ်ကြိုက်တယ်၊ ဒါပေမယ့် ဒီအချိန်မှာ သူ့ကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ သူမသိဘူး။ ပထမဆုံးအကြိမ်အဖြစ် သူ့ကို ချိုးကျီယန်ဆီကနေ တကယ်ဆွဲထုတ်နိုင်ခဲ့ရဲ့လားတောင် စတင်တွေးမိသည်။
သူက ငတုံးလေးတစ်ယောက်ဖြစ်နေတာမို့ အချစ်ဆိုတာကို တကယ်ပဲ မသိတာများလား?သူ့အပေါ်ကို ကောင်းကောင်းဆက်ဆံလို့ တိရိစ္ဆာန်အသေးလေးတွေလိုမျိုး မှီခိုအားကိုးတတ်တာများလား? ဒါပေမယ့် သူ့ရဲ့ မသိစိတ်ထဲမှာတော့ တခြားတစ်ယောက်ကို မမေ့နိုင်သေးဘူး။ အဲ့တာကြောင့်ပဲ သူ့ရင်ထဲကတစ်ယောက်ရဲ့ ပြောင်းလဲမှုတိုင်းကို အာရုံစိုက်နေပြီး အမှီလိုက်နေတာပဲလား။
'သူ့နှလုံးသားမှာ တစ်ခြားတစ်ယောက် အမြဲတမ်းရှိနေတယ် 'ဆိုတာကို တွေးမိတာနဲ့တင် အိုးရန်လုံ ရူးမတက် ခံစားလိုက်ရသည်။
သူ အလုပ်,လုပ်ဖို့ စာဖိုင်ကို ဖွင့်လိုက်သည့် အချိန်မှာပဲ ညာဘက်ထောင့်ကနေ " ဖန်တွေ၏အနှစ်သက်ဆုံး : ချိုးကျီယန် × ဆုနိုက National Shipping အတွဲ ဖြစ်လာပြီ"ဆိုသည့် ခေါင်းစဥ်နှင့်အတူ သတင်းတစ်ခုက pop up view အနေအထားနဲ့ ပေါ်လာခဲ့သည်။
ပထမပုံမှာ သူတို့၏ဧည့်ခန်းနောက်ကွယ်မှ စင်ဖြစ်ပြီး ဆုနိုသည် ချိုးကျီယန်၏နက်ခ်တိုင်ကို ချည်ပေးနေ
သည့်ပုံ ဖြစ်သည်။ ၎င်းပုံသည် အလွန်ပင် ရင်ခုန်စရာကောင်းလှသည်။ ပရိသတ်များကလည်း အချစ်ကြောင့်မျက်လုံးတွေကန်းတော့မယ်လို့ အပြိုင်အဆိုင် cmt တွေ ရေးကြတော့သည်။
လက်ထပ်ပြီးပြီလားတို့၊ အတွဲတွေဆိုတာ ရှို့နေတာပဲ လို့ cmt မျိုးတွေပေါ့!
ဒါပေမယ့် တကယ့်ဖြစ်ရပ်မှန်ကတော့ အတော်လေး စိတ်ကုန်စရာပါပဲ!
ချိုးကျီယန်က မိန်းမလို ဝတ်စားတတ်တယ်ဆိုတဲ့ ဆုနိုရဲ့ စိတ်ကူးယဥ်ဇာတ်လမ်းကြီးကို ရိုးရိုးသားသားနဲ့ သေချာအတည်ပြုချင်တာကြောင့် ချိုးကျီယန်ရဲ့ နက်ခ်တိုင်ကို သွားဖြုတ်တာပဲ ဖြစ်သည်။ သူ လုပ်နေတုန်းရှိသေးတယ် တစ်ဝက်မှာတင် ဒိုင်အန်းရဲ့ ဆွဲခေါ်သွားတာကို ခံလိုက်ရတာပဲ။ တစ်ဖက်မှာလည်း ဒိုင်အန်းက ချိုးကျီယန်ကို ဆုနို အစား တောင်းပန်လိုက်ရသေးသည်။
သေချာတာပေါ့၊ ချိုးကျီယန်ကလည်း ဒီကိစ္စကို ကြီးကြီးမားမား သဘောမထားခဲ့ပေ။ ဒါကြောင့် သူ့ရဲ့ ဟာသဆန်တဲ့ လုပ်ရပ်ကို ရယ်ရခက်ငိုရခက်ဖြင့် ခေါင်းသာ အသာခါးယမ်းလိုက်သည်။ ထို့နောက် ၀န်ထမ်းတစ်ဦးက ထိုအခိုက်အတန့်လေးကိုဓာတ်ပုံရိုက်ခဲ့သည်။ ထို့ကြောင့်ပရိတ်သတ်များသည် ပို၍ပင် ရူးသွပ်သွားကြတော့သည်။
ဒါက တုန်နေအောင် ချစ်တဲ့အကြည့်လေးပဲ!
အောက်ကပုံမှာ ဆုနိုက ပန်းဆလတ်ကို ချိုးကျီယန်နဲ့အတူဝေမျှရင်း စားနေသည့်ပုံဖြစ်သည် - အမှန်တော့ ချိုးကျီယန်ကို သူက လက်ဖက်ရည်ဖျော်ပေးနေတာပဲ ဖြစ်သည်။ သူ့ရဲ့ ရှစ်ပတ်တွေကို ဖျက်စီးဖို့အတွက် ပျားရည်အစား သကြားကို သုံးနေတာပါ!အဲ့ဒါနဲ့ပတ်သတ်ပြီး ရိုဆန်မှု ဆိုတာ လုံးဝ မရှိဘူး!
ဒါပေမယ့် သူ့ဖန်တွေက ဒါတွေကို မမြင်ဘဲ သူ့တို့
နှစ်ယောက်ကြားက ရိုဆန်တဲ့ ဆက်ဆံရေးကိုသာ မြင်လိုက်ရသည်။
မစ္စတာဒါရိုက်တာသည်လည်း ဒီအတိုင်းပါပဲ။ ထို့ကြောင့် သူသည် ပို၍ပင် ရှုပ်ထွေးလာရသည်။ ဒါကြောင့် သူ့မိသားစုနဲ့ သူ့ကို မတွေ့ပေးစေချင်တာက ဒီအကြောင်းအရင်းကြောင့်လား?
ထို့ကြောင့် သူသည် ဆုနိုကို ဖုန်းဆက်မည့် အစီအစဉ်ကိုပယ်ဖျက်လိုက်သည်။ ဒါက အိုးရန်လုံရဲ့ ဘ၀မှာ ပထမဆုံးအကြိမ်အနေနဲ့ ဒီလိုရှုပ်ထွေးမှုတွေကို ခံစားခဲ့ရတာပဲ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးက ကိုယ်စီ စိတ်ရှုပ်ထွေးမှုတွေနဲ့အတူ သောကြာနေ့ကို ရောက်လာခဲ့သည်။
ယဲ့ဖုန်းဝူနှင့် ချိုးကျီယန်တို့က ပွဲမှာရှိနေမှာဖြစ်ပြီး အဲ့နေ့နောက်ပိုင်းမှာပဲ ဆုနိုသည်လည်း သူ့အစ်ကိုကြီးနှင့်အတူ ဥရောပကိုထွက်ခွာသွားလိမ့်မည်။
ထို့ကြောင့် ဒီပွဲသည် သူအတွက် ခဏတာ အနားယူရမည့်အချိန်ကာလအတွင်း နောက်ဆုံးအနေနဲ့ စီးပွားရေးအရ တက်ရောက်ပေးမည့် ပွဲဖြစ်လိမ့်မည်။ နောက်ပိုင်းမှာ သူက Ren Rui က စီစဉ်တဲ့လက်ဝတ်ရတနာပြပွဲကိုတက်ရောက်ဖို့စဉ်းစားခဲ့ပေမဲ့ ဂျက်ဆန်က ပယ်ဖျက်ခဲ့သည်။
“နိုနို.....” အထူးဧည့်သည်အဖြစ် ကျုံးလီဖုန်းပိုင်လည်းတက်ရောက်ခဲ့သည်။
"ဒါဆို မင်းကို ဘယ်လိုခွေးမျိုးက ပြေးတိုက်သွားတာလဲ?" ဆုနိုက ဒီအဖြေကို အရမ်းသိချင်နေမိသည်။
"......"
ကျုံးလီဖုန်းပိုင် သူရင်တွေတုန်လှုပ်သွားသလိုခံစားလိုက်ရသည်။ ကြောက်စရာကောင်းတဲ့ခေါင်းစဉ်နဲ့ စကားဝိုင်းတစ်ခုကို မစလိုက်ပါနဲ့လား!
"မစ္စတာမုရော ဘယ်မှာလဲ?" ဆုနို ထပ်မေးလိုက်သည်။
"ငါက ဘယ်လိုလုပ်သိမှာလဲ!ငါက သူနဲ့ဘာမှမဆိုင်ဘူး! " မင်းမေးတဲ့ မေးခွန်းတိုင်းက ဘာလို့ထူးဆန်းနေရတာလဲ!
"အာ..ဟုတ်ပါပြီ။ ငါတို့ ညစာအတူစားရအောင်လေ" ကံကောင်းတာက ဆုနို၏တတိယဝါကျသည် ပုံမှန်ပင် ဖြစ်သည်။ “ငါမကြာခင် ငါ့မိသားစုနဲ့အတူ အပန်းဖြေခရီးသွားရတော့မယ်။ ငါတို့ ခဏလောက်တွေ့ဆုံရမှာမဟုတ်ဘူး။ ”
"မင်းဘယ်လောက်ကြာကြာ ပျောက်သွားမှာလဲ?" ကျုံးလီဖုန်းပိုင် မေးလိုက်သည်။
"တစ်လလောက်တော့ ကြာနိုင်တယ်။ အဲ့ထက် ကြာရင်လည်း ကြာသွားလိမ့်မယ်"
"ဒါဆိုရင်....မင်းနဲ့...သူရောဘယ်လိုလဲ?" ကျုံးလီဖုန်းပိုင် သေသေချာချာမေးလိုက်သည်။
"ငါမသိဘူး။" ဆုနို စိတ်ဓါတ်ကျသွားရသည်။
"ဒါဆို ဘာတွေဖြစ်ခဲ့တာလဲ?" ကျုံးလီဖုန်းပိုင် သူ့ကိုဆွဲခေါပြီး ဘေးမှာထိုင်ခိုင်းလိုက်သည်။
ဆုနို ဘယ်လိုစပြောရမှန်းမသိတာကြောင့် ဘာမှမပြောဖြစ်ပေ။ အရာအားလုံးက သူ့ရှုထောင့်ကနေ ရုတ်တရက်ကြီးဖြစ်သွားတာပဲ! သူတို့နှစ်ယောက်လုံးက ချစ်ကြည်နူးတစ်တီတူးနေချိန်မှာပဲ သူ့ဘက်ကနေ BJ လုပ်စေချင်တယ်! သူအဆင်ပြေမလားဆိုတာကို ဂရုမစိုက်ဘဲနဲ့ အတင်းဖိအားပေးတယ်! အဆုံးမှာတော့ သူက ဒေါသတကြီးနဲ့တောင် ထွက်သွားလိုက်သေးတယ်! ရက်တော်တော်ကြာတဲ့ထိတောင် လာမတောင်းပန်ခဲ့ဘူး! မယုံနိုင်စရာပဲ! သူ ဒီအကြောင်းတွေကို ပိုတွေးလေ သူ ဒေါသထွက်လာရလေပဲ!
"အရမ်းကြီး ဒေါသထွက်မနေပါနဲ့။ အရာရာတိုင်းက သူ့အလိုလို ပြေလည်သွားလိမ့်မယ်" သူ့ပုံစံက အခြေအနေ မကောင်းသည်မြင်သဖြင့် ကျုံးလီဖုန်းပိုင် သူ့ကိုအမြန်နှစ်သိမ့်လိုက် ပေးလိုက်သည်။
“အဲဒါကို ဆက်မတွေးပါနဲ့တော့။ ဒီနေ့ပွဲအပြီးမှာဒါရိုက်တာအိုးရန်လုံက မင်းကိုတောင်းပန်ဖို့လာလိမ့်မယ်။ "
"သူတောင်းပန်ရင်တောင် ငါလက်မခံဘူး!" ဆုနိုသည်အမှားနှင့်ဒေါသနှစ်ခုလုံးကို ခံစားခဲ့ရသည်။
ဒါပေမယ့် သူမသိတာက မစ္စတာဒါရိုက်တာက တောက်ပန်ဖို့ လာတာမဟုတ်ဘဲ သူ့ကို ချစ်လား မချစ်ဘူးလားဆိုတာကို သေချာချင်တာမို့ လာတာ ဖြစ်ကြောင်း ဆုနို မသိလိုက်ပေ။
ထို့ကြောင့် မြင်တဲ့အတိုင်းပါပဲ။ ချစ်သူတွေကြားက ဆက်သွယ်ရေးဆိုတာ အလွန်ပဲ အရေးကြီးသည်။
မြေအောက်ကားရပ်နားကွင်း၌ ထန်ရှောင်းယွီသည် ကားပါကင်ထိုးလိုက်သည်။ “ အိုခေ။ ကဲ...သွားကြစို့”
"ကိုယ် ကားမူးနေတယ် " မစ္စတာချိုးသည် ရှေ့ထိုင်ခုံတွင် ထိုင်လျက် သေလုမျောပါးခံစားနေရသလို ဟန်ဆောင်နေသည်။
“..........တော်တော့” ထန်ရှောင်းယွီ သူ့ရဲ့ပြတ်လုံးမှာ ရယ်ရမလားငိုရမလား မသိတော့ပေ၊ "ဒီမှာ မကစားနဲ့တော့ မိုင်ခယ့်က ကျွန်တော်တို့ကို အပေါ်ထပ်မှာစောင့်နေတုန်းပဲ"
ချိးကျီယန် မျက်လုံးတွေမှိတ်လိုက်ပြီး "မင်း sleeping beauty ပုံပြင်ကို သိလား? "
“မသိဘူး...!” ထန်ရှောင်းယွီ သူ့ထိုင်ခုံခါးပတ်ကို ဖြုတ်ပေးလိုက်သည်။
"ထတော့"
“ မထဘူး!”
ချိုးကျီယန်က ပျော်ရွှင်စရာလေးတွေ တွေ့သွားသည့်အတိုင်းပဲ!
“ ဒါဆို ကျွန်တော်အရင်သွားနှင့်တော့မယ်။ မိုင်ခယ့်ကို လာခေါ်ခိုင်းလိုက်မယ် " ထန်ရှောင်းယွီ တံခါးကိုဖွင့်လိုက်သည်။
ဒါပေမယ့် သူလွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။သူ မလွတ်မြောက်ခဲ့ရုံတင်မက သူ့ကို မစ္စတာချိုးက ထိုင်ခုံပေါ်ကို တွန်းချလိုက်သည်။
ချိုးကျီယန် ပြောလိုက်သည်။"တစ်ခါတုန်းက ဖားငယ်လေးတစ်ကောင်ရှိတယ်တဲ့။ ဘယ်သူက မင်းသားလေး ဖြစ်မလဲ?"
"......ဘယ်သူကို ဖားလို့ ခေါ်နေတာလဲ!" ထန်ရှောင်းယွီ ပြန်ပြောတာ ရှားပါသည်။
ချိုးကျီယန် ပြုံးလိုက်ပြီး "ဟုတ်တယ်။ ကိုယ်ကဖားလေ။ ဒါကြောင့်မို့ မင်းသားလေးဖြစ်လာဖို့ နမ်းဖို့တစ်စုံတစ်ယောက်လိုအပ်တယ်"
ထန်ရှောင်းယွီ သူ့ကိုစိတ်ရှုပ်စွာ စိုက်ကြည့်နေသည်။
"ကိုယ်သာ မင်းသားဖြစ်မှ ပွဲကိုသွားနိုင်မယ်... " ချိုးကျီယန်ရဲ့အသံက တိုးသထက် တိုးညှင်းလာသည်။ ပြီးတော့ သူတို့အချင်းချင်း နှုတ်ခမ်းချင်းပွတ်တိုက်သံတွေ ထွက်လာတော့သည်။
ထန်ရှောင်းယွီသည် အတွေ့အကြုံမရှိတာကြောင့် တောင့်တင်းသွားရသည်။ သူဘာလုပ်ရမှန်း လုံးဝမသိတော့ပေ။
ချိုးကျီယန် သူ့ခေါင်းကိုလက်တစ်ဖက်ဖြင့် ညင်သာစွာကိုင်လိုက်ပြီး တဖြည်းဖြည်းချင်း နက်ရှိုင်းစွာ နမ်းလိုက်သည်။
ပူလောင်နေသည် လျှာဖျားသည် နူးညံ့သောရနံ့ကိုသယ်ဆောင်လာပြီး ထိုနူးညံ့သည့် နှုတ်ခမ်းသားများကို တဖြည်းဖြည်းချင်း ပွတ်တိုက်လိုက်သည်။ အဲ့ဒီနောက် သူ့လျှာကို လက်ခံစေဖို့ အတင်းအကြပ် ဟခိုင်းလိုက်သည်။
“ အွန်း.....” ထန်ရှောင်းယွီ၏အထိမခံတဲ့လျှာက ဖမ်းယူခံလိုက်ရပြီး ရှောင်ဖယ်ဖို့ရာ မတတ်နိုင်တော့ပေ။
မစ္စတာချိုး၏မျက်လုံးများက မဲမှောင်လို့သွားသည်။ သူတို့ဆက်လုပ်နေရင် နမ်းရုံနဲ့ပြီးသွားမှာမဟုတ်ပေ။ အနက်ရောင်ကားငယ်လေးသည် သူတို့ စိတ်ကြိုက် ကျေနပ်စွာနမ်းရှိုက်နိုင်ရန် အလွန်ကောင်းတဲ့အကာအကွယ် ဖြစ်ခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် ချိုးကျီယန်သည် ကျေနပ်စွာလွှတ်ပေးလိုက်သည်။ ထန်ရှောင်းယွီရဲ့ နှုတ်ခမ်းများက အနည်းငယ်ရောင်ရမ်းလာပြီး ချိုးကျီယန်ကို မျက်လုံးချင်းတောင်မကြည့်ရဲတော့ပေ။ သူ ဒီနေ့အတွက် မပြင်ဆင်ထားရသေးဘူး။ ဒါ သူ့ကိုအံ့သြစေတာပဲ......
"အမြန်လေး! ဒီကိုနမ်း! " ချိုးကျီယန်သည် ရုတ်တရက်ကြီး သူ့ပါးကိုညွှန်ပြရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
"ဘာကိုလဲ?" ထန်ရှောင်းယွီသည် သူ့ရဲ့နောက်တီးနောက်တောက် အမူအယာကြောင့် စိတ်ရှုပ်ထွေးသွားခဲ့ပြီး တစ်ဖန် စိတ်လှုပ်ရှားလာရသည်။
“ မြန်မြန်!” ချိုးကျီယန် သူ့နာရီကိုကြည့်ရင်း အထိတ်တလန့်ဖြင့် သူ့ပခုံးကို လှုပ်ခါလိုက်ပြီး ပြောလိုက်သည်။ "ကိုယ်တို့ ဒါကိုလုပ်ဖို့ မှီမှာမဟုတ်တော့ဘူး!"
"........."
ထန်ရှောင်းယွီက အစောကတည်းက အံ့သြနေခဲ့တာမို့ ငတုံးတစ်ယောက်လိုမျိုး တကယ်ပဲ နမ်းလိုက်သည်။
“ ကောင်းတယ် ” ချိုးကျီယန် ရုတ်တရက်ကြီး သက်ပြင်းချလိုက်သည်။
"ဘာဖြစ်သွားတာလဲ?" ထန်ရှောင်းယွီ အလွန်ပင် စိတ်ရှုပ်ထွေးသွားသည်။
“အခုပဲဖားငယ်လေးက လူတစ်ယောက်ရဲ့ခြေထောက်အဖြစ်ပြောင်းသွားပြီ” ချိုးကျီယန် လေးလေးနက်နက်ဖြင့် အတည်ပေါက်ကြီး ပြောလိုက်သည်။
"ဒါပေမယ့် မင်းသမီးလေးရဲ့နောက်ထပ်အနမ်းနဲ့သာ သူက လုံးလုံးလူသားတစ်ယောက်ဖြစ်သွားနိုင်တာမို့လို့လေ"
ထန်ရှောင်းယွီ သူ့ကိုအံ့သြစွာကြည့်လိုက်သည်။ မစ္စတာချိုးမှာ 'အဲဒါကအမှန်တရားပဲ' ဟုပြောနေသည့် အပြစ်ကင်းသည့် မျက်နှာထားကလည်း ရှိနေသည်။
ခင်ဗျားကြီးက ... မယုံနိုင်စရာပဲ!
ထန်ရှောင်းယွီရဲ့မျက်နှာတစ်ခုလုံး နီရဲလို့သွားသည်။ ထို့နောက် သူ လက်သီးကိုတင်းတင်းဆုပ်ကာ တစ်ချက်ထိုးလိုက်သည်။
“ အား!! ” ချိုးကျီယန် သူ့ဗိုက်ကို အုပ်လိုက်ပြီး နာကျင်သည့်အမူအရာ ပြလိုက်သည်။
"အလုပ်သွားတော့!"
ထန်ရှောင်းယွီသည် မိုင်ခယ့်လိုမျိုး သူ့ကို ကြိမ်းမောင်းလိုက်ကာ အထုပ်အပိုးတွေကိုယူပြီး ဒေါသတကြီး ဆင်းသွားလိုက်သည်။
ချိုးကျီယန် ထိုင်နေရင်း တစ်မိနစ်လောက် အစာအိမ် နာကျင်လာသည်အထိ ရယ်နေလိုက်သည်။ ဒါကြောင့် နာမည်ကြီးသမားတွေအားလုံးမှာ လျှို့ဝှက်ချက်တစ်ခုခုရှိတယ် ဆိုတဲ့သတင်းက အမှန်တရားပဲ။ KaoLin ပန်းလေးလို ပြုမှုနေထိုင်တတ်သည့် ဆုနိုလေးက အစားမှာဆို အရူးအမူးစားတတ်သူဖြစ်သည်။ တောက်ပပြီး သဘောကောင်းသည့်အပြင် ယောက်ျားဆန်သည့် ချိုးကျီယန်ကဖြင့် သူ နှစ်သက်သည့် တစ်စုံတစ်ယောက်နဲ့ အတူရှိနေလျှင် အယောင်ဆောင် နှာဘူးတစ်ယောက်ဖြစ်လာသည်။
တကယ့်ကို ကြောက်စရာကောင်းတဲ့ကမ္ဘာကြီးပါပဲ။
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
အခန္း(၅၃.၄):ကြၽန္ေတာ္႕အိမ္ကို မလာနဲ႔ႏွင့္ မေမွ်ာ္လင့္ထားသည့္ အလွည့္အေျပာင္း
[အပိုင္း-၄] ေခြး ဝင္တိုက္ခံရျခင္း ႏွင့္ ဖားမင္းသားေလး
က်ံဳးလီဖုန္းပိုင္သည္ အနားယူဖို႔ လိုအပ္တာမို႔ ႐ိုက္ကူးေရးကိုေနာက္ဆုတ္ခဲ့သည္။
ဒါ႐ိုက္တာရဲ႕လက္ေထာက္က လူတိုင္းကို ဒါ႐ိုက္တာက်ံဳးဆီကို ေခြးတစ္ေကာင္က ေျပးလာခဲ့ၿပီး သူ႕ခါးကိုထိခိုက္ေစခဲ့တဲ့အတြက္ သူတစ္ရက္နားရမယ္လို႔ အေၾကာင္းၾကားခဲ့သည္။
"........."
"မင္းေနာက္ကို ေခြးတစ္ေကာင္ အလိုက္ခံရတယ္ဆိုတာ ဘာကိုဆိုလိုတာလဲ? " မုခ်ိဳး ခံစားခ်က္မ်ိဳးစုံျဖင့္ေမးခြန္းထုတ္လိုက္သည္။
"ခင္ဗ်ားပါးစပ္ပိတ္ထား!" က်ံဳးလီဖုန္းပိုင္ ေဒါသတႀကီးေျပာလိုက္သည္။ ခင္ဗ်ား ထပ္ထိရဲ ထိၾကည့္လိုက္!
ဆုႏို ထိုသတင္းကိုၾကားၿပီးေနာက္ သူအနည္းငယ္စိတ္ပူသြားၿပီး ဖုန္းေခၚလိုက္ေသာ္လည္း ဖုန္းေခၚဆို၍ မရေၾကာင္းသာ ၾကားေနရသည္။
"ဒါ႐ိုက္တာက်ံဳးက တကယ္ ျပင္းျပင္းထန္ထန္ပဲ ထိခိုက္သြားလို႔မ်ားလား? " ဒိုင္အန္း ေဝခြဲမရပင္။
ဆုႏို ဒီတခါေတာ့ မုခ်ိဳးဆီကို ဖုန္းထပ္ေခၚလိုက္သည္။ မုခ်ိဳးကေတာ့ ျမန္ျမန္ဆန္ဆန္ပဲ ကိုင္လိုက္သည္။
"ဒါ႐ိုက္တာက်ံဳးက ဘာျဖစ္တာလဲ? " ဆုႏို ေမးလိုက္သည္။
"ဘာမွမျဖစ္ပါဘူး။ အဖ်ားအနည္းငယ္ေလာက္ပါပဲ" က်ံဳးလီဖုန္းပိုင္က အိပ္ေပ်ာ္ေနေသာေၾကာင့္ မုခ်ိဳးသည္ ဖုန္းကို ဝရံတာဘက္သို႔ ထြက္ကာ ေျပာလိုက္သည္။
"ေခြး အတိုက္ခံရတာကို အဖ်ားတက္တာလား?" ဆုႏို တကယ္ကို နားမလည္ႏိုင္ျဖစ္ရသည္။
မုခ်ိဳး မနည္းသည္းခံၿပီး ေျဖလိုက္သည္။ "အင္း ... သူေၾကာက္သြားတာေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္"
"ဒါဆို ေခြးအႀကီးႀကီးပဲျဖစ္ရမယ္" ဆုႏို ယုံၾကည္မႈ႐ွိ႐ွိျဖင့္ ေျပာလိုက္သည္။
"တိဗက္ Mastiff တစ္ေကာင္လား?"
".........."
ေခြးက ကြၽန္ေတာ္ပါ။ မစၥတာမုသည္ ႏွလုံးသားထဲမွ ေသြးမ်ား ယိုစီးက်လာသလို ခံစားခဲ့ရသည္။
"ကြၽန္ေတာ္ သူ႕ကိုလာေတြ႕လို႔ရမလား?" ဆုႏိုက က်ံဳးလီဖုန္းပိုင္နဲ႔ ေကာင္းမြန္သည့္ဆက္ဆံေရး႐ွိေၾကာင္း ေျပာလိုက္သည္။
“ မလာနဲ႔!” မုခ်ိဳး သူ႕ကိုအျမန္တားလိုက္ရသည္။ ဒါေပမယ့္ အဲဒါက နည္းနည္းေတာ့လြဲေနၿပီဆိုတာ သိသြားတဲ့အတြက္ သူအသံအေနအထားကို ေျပာင္းလိုက္ၿပီး ေျပာလိုက္သည္။
“ သူအိပ္ေပ်ာ္ေနၿပီ။ စိတ္မပူပါနဲ႔ မနက္ျဖန္က်ရင္ သူအဆင္ေျပသြားလိမ့္မယ္ "
“ ေကာင္းၿပီေလ။ ဒါဆို ကြၽန္ေတာ္ ဖုန္းေခၚတယ္လို႔ ေျပာေပးပါ။ သူျမန္ျမန္ေနေကာင္းလာဖို႔ ေမွ်ာ္လင့္ပါတယ္။” ဆုႏို ဖုန္းခ်လိုက္ၿပီး ဒိုင္အန္းကို ၾကည့္ကာ ေျပာလိုက္သည္။
"ဒါ႐ိုက္တာက်ံဳးက ပိုၿပီး ႏုနယ္ပုံရတယ္"
ေခြးတစ္ေကာင္ အတိုက္ခံရတာေလးကို အဖ်ားဘယ္လိုလုပ္ တက္သြားရတာလဲ။
"ေကာင္းၿပီ။ အခု ငါတို႔ဓာတ္ပုံ႐ိုက္ဖို႔အတြက္ ျပင္ဆင္ဖို႔လိုေသးတယ္" ဒိုင္အန္း သူ႕လက္ထဲက ဖန္ခြက္ကို ယူလိုက္သည္။ "ဒီေန႔အစီအစဥ္က ေတာ္ေတာ္ျပည့္ေနၿပီ။ဒါေၾကာင့္ ငါတို႔ ျမန္ျမန္လုပ္ရမယ္"
“ ေကာင္းၿပီေလ ” ဆုႏို မိတ္ကပ္ျပင္ဖို႔အတြက္ ထိုင္ခုံေပၚမွာ ၿငိမ္သက္စြာထိုင္ေနရင္း ေျပာလိုက္သည္။ ဂ်က္ဆန္သည္ အားလပ္ရက္ယူဖို႔အတြက္ လက္ခံခဲ့ေပးၿပီး သူ႕ရဲ႕လက္႐ွိပေရာဂ်က္ေတြကိုဖ်က္သိမ္းေပးဖို႔ လုပ္ေသာ္လည္း သူသည္ ကုမၸဏီဘက္ကိုစဥ္းစားေပးခဲ့သည္။ ထို႔ေၾကာင့္ သူ ႐ိုက္ကူးေရးအခ်ိဳ႕ကို ေ႐ွ႕ကို ေ႐ႊ႕လိုက္သည္။ ညဘက္ေတြအထိ အလုပ္,လုပ္ရမယ္ဆိုရင္လည္း သူ အဆင္ေျပသည္။
ထို႔ေၾကာင့္ ဒိုင္အန္းက သူ႕ကိုသေဘာက်တယ္လို႔ ေျပာတာကလည္း အေၾကာင္းအရင္းမဲ့မဟုတ္ေပ။ ဆုေ႐ွာင္းႏိုေလးက ေပြ႕ဖက္ခ်စ္စရာေကာင္းသည့္ ေကာင္ငယ္ေလး တစ္ေယာက္ပင္ျဖစ္သည္။
ဆုႏိုမွာ အခ်ိန္ပိုေတြ လုပ္ေနရတဲ့ အေၾကာင္းျပခ်က္ကိုေတာ့ ဘယ္သူမွ မသိၾကေပ။ သူသာ အလုပ္ထဲကလူေတြနဲ႔ အတူ႐ွိေနရင္ အိမ္မွာျဖစ္ခဲ့တဲ့ ကိစၥေတြၾကားထဲမွာပဲ အေတြးေတြ နစ္ျမႇပ္ေနၿပီး အထီးက်န္ေနေတာ့မွာ မဟုတ္ဘူးေလ....
သူ ခုထိဖုန္းမဆက္ေသးတာကို သူ လုံးဝဂ႐ုမစိုက္ပါဘူး!
႐ိုက္ကူးေရးမွာ က်ားျဖဴကေလးေတြကို ထည့္ထားတဲ့ ေလွာင္အိမ္ေတြ အမ်ားႀကီး႐ွိတဲ့အျပင္ ေ႐ႊေရာင္စပါးႀကီးေႁမြတစ္ေကာင္လည္း ႐ွိခဲ့သည္။ ၎တို႔အားလုံးသည္ ယေန႔အတြက္ ဆုႏို၏႐ိုက္ကူးေရး လုပ္ေဖာ္ကိုင္ဖက္မ်ား ျဖစ္ၾကသည္။
"စိတ္မပူပါနဲ႔။ သူတို႔အားလုံးက ယဥ္ပါတယ္" တိရိစၧာန္သင္တန္းဆရာက ဆုႏိုကို ႏွစ္သိမ့္ေပးလိုက္သည္။
"ကြၽန္ေတာ္ မေၾကာက္ပါဘူး။" ဆုႏို အမွန္တကယ္ပင္ မေၾကာက္ေပ။ သူက ေႁမြကိုေပြ႕ဖက္ေနၿပီး ေမးလိုက္သည္။
"သူကိုဘယ္လိုေခၚလဲ?"
"အခ်စ္ေလး" နည္းျပက ျပန္ေျပာလိုက္သည္။
"........."
ဒါ လုံးဝအထင္ႀကီးစရာမဟုတ္ဘူးေနာ္!
ဆုႏို သူ႕ကိုယ္သူစဥ္းစားလိုက္သည္။ ဒီေႁမြၾကည့္ရတာေတာ့ သူ႕ကိုယ္သူ အထင္ႀကီးပုံရေပမယ့္လည္း သူ႕နာမည္က အရမ္းကို မိန္းကေလးဆန္ေနတယ္။ သူ႕ကို ဒီစတီကြန္ (ဒါမွမဟုတ္ရင္) လစ္တဲလ္ထရမ္စေဖာ္မာ လို႔သာ ေခၚသင့္တယ္!

မစၥတာအခ်စ္ေလးက သူ႕ရဲ႕ေဖာ္ေ႐ြမႈကို ျပသဖို႔အတြက္ ဆုႏိုကို ေခါင္းေလးနဲ တိုးေဝွ႔လိုက္သည္။
"ဟဲလို" ဒိုင္အန္းလည္း သူတို႔ၾကားထဲကို ဝင္လိုက္သည္။
ဒါေပမယ့္ ထိုေႁမြက သူ႕ကို လုံးဝလ်စ္လ်ဴ႐ႈခဲ့သည္။ သင္တန္းဆရာက ရယ္ရယ္ေမာေမာနဲ႔ ႐ွင္းျပလိုက္၏။
“သူက မိန္းကေလးေတြနဲ႔ကစားရတာကိုပဲ ႀကိဳက္တယ္”
ေ႐ႊေရာင္ေႁမြသည္ တကယ္ကို အသည္းအသန္ျဖစ္ေနၿပီး ၎၏ေခါင္းကို ဆုႏို၏ပခုံးေပၚတင္လိုက္သည္။
"......."
မိန္းကေလးေတြနဲ႔ကစားရတာကိုပဲ ႀကိဳက္တယ္ဆိုတာ ဘာကိုဆိုလိုတာလဲ?
ဆုႏို!ခ်က္ခ်င္းပင္!ေဒါသေတြ!ထြက္လာရသည္!
႐ွင္း႐ွင္းေျပာရရင္ ငါက ေယာက်္ားေတြအားလုံးထဲကေယာက်္ားတစ္ေယာက္ကြ!!!
ဒိုင္အန္း သူ႕ကို ဆြဲဆိတ္လိုက္ၿပီး သတိေပးလိုက္သည္။ "စိတ္ေလွ်ာ့! "
ဆုေ႐ွာင္းႏိုေလး မေပ်ာ္ေတာ့ေပ။ ဒါေပမယ့္ မစၥတာအခ်စ္ေလးကေတာ့ ဆုႏိုကို အမွန္ပင္ သေဘာက်သည့္အတြက္ ေပ်ာ္ေနပုံရသည္။ သူက ႐ိုက္ကူးေရးလုပ္ေနစဥ္မွာလည္း အမွန္တကယ္ ပူေပါင္းေပးခဲ့ကာ တာဝါတိုင္တစ္ခုကိုလိမ္ပတ္ထားသလို ပတ္ေနေသးသည္။ ဆုႏိုက ဆက္စီအတြင္းခံကို ဝတ္ထားၿပီး သူ႕အေပၚမွာ လဲေလ်ာင္းေနကာ စိတ္ထဲကေနလည္း ေအာ္ဟစ္ေနသည္။
ငါက မင္းလို အထီးကြ!
“ေကာင္းတယ္!ႏိုႏို။ သူ႕လည္ပင္းကိုဖက္ထားၿပီး ရီေဝေဝအၾကည့္နဲ႔ ၾကည့္ေနတာမ်ိဳးေလး လိုခ်င္တယ္" ဓါတ္ပုံဆရာက အရမ္းကိုမွ ေက်နပ္လို႔ေနသည္။ အျဖဴေရာင္ ေအာက္ခံပိတ္ေပၚမွာ အလွေလးနဲ႔ ဧရာမေႁမြႀကီးတို႔ ေရာယွက္ေနသည့္ပုံက တကယ့္ကိုအက်ိဳးသက္ေရာက္မႈ႐ွိေစၿပီး စြဲမက္စရာေကာင္းလြန္းသည္။
"ဟက္ခ်ိဳး!" ႐ိုက္ကူးေရးကို ဆက္တိုက္လုပ္ၿပီးေနာက္ ဆုႏိုသည္ ေ႐ႊေရာင္ေႁမြ၏ေအးသည့္ကိုယ္အပူခ်ိန္ေၾကာင့္ အေအးမိသြားရသည္။ ထို႔ေၾကာင့္ အခု သူ ေခ်ာကလက္ပူပူကို ေသာက္ေနရၿပီ။ ဧရာမအက်ႌအႀကီးႀကီးကိုလည္း ၀တ္ထားေနရကာ
မစၥတာအခ်စ္ေလးသည္လည္း သူ႕ေအာက္တြင္ ေခြကာ ေကြးၫႊတ္ေနၿပီး သူ႕ရဲ႕ဦးေခါင္းကို ျမႇင့္ကာ လွပေသးငယ္သည့္မ်က္လုံးမ်ားျဖင့္ ဆုႏိုကို စိုက္ၾကည့္ေနသည္။
"မင္း ဒါကိုေသာက္လို႔မရဘူး" ဆုႏို အေလးအနက္ေျပာလိုက္သည္။
ေ႐ႊေရာင္ေႁမြႀကီးသည္ သူ၏ေခါင္းကိုေ႐ွ႕သို႔ ဆန္႔ထုတ္လိုက္သည္။
ဆုႏို ေခ်ာကလပ္ကို ခြဲေကြၽးဖို႔အတြက္ ခြက္အေသးေလးတစ္ခြက္ကို ယူလာခိုင္းလိုက္သည္။ မစၥတာအခ်စ္ေလးကေတာ့ ခ်က္ခ်င္းပင္ ေက်နပ္သြားေတာ့သည္။ ဆုႏို တစ္ခစ္ခစ္ရယ္ေမာေနရင္း ဒူးေထာက္ကာ သူ႕ရဲ႕လည္ပင္းေလးကို ပြတ္သပ္ေပးလိုက္သည္။
သူ႕ကို မိန္းကေလးလို႔ ထင္သြားတာက ခြင့္မလြတ္ႏိုင္စရာ ကိစၥဆိုေပမယ့္လည္း အခ်င္းခ်င္းက foodie ေလးေတြ ျဖစ္ၾကတာမို႔ ခင္မင္ရင္းႏွီးမႈလည္း ႐ွိေနပါေသးသည္။
ေ႐ႊေရာင္ေႁမြႀကီးက သက္ေတာင့္သက္သာျဖစ္သြားတာမို႔ သေဘာက်ကာ လွည့္ပတ္ လူးလိမ့္ေနေတာ့သည္။ လူတိုင္းက ဒီျမင္ကြင္းေလးကို ၾကည့္ရင္းနဲ႔ စိတ္ခံစားခ်က္ေတြ ျမင့္တက္လာရသည္။
အခ်စ္ေတြနဲ႔ ျပည့္ႏွက္ေနတာပဲ!
ထို႔ေၾကာင့္ လူတိုင္းက ဒီပုံေလးကို ဓါတ္ပုံ႐ိုက္ၿပီး အြန္လိုင္းေပၚ တင္လို႔ရမရ ေမးလာၾကသည္။
“ ေကာင္းၿပီေလ ” ဆုႏို မဆိုင္းမတြဘဲ သေဘာတူလိုက္သည္။
ဒိုင္အန္း သူ႕ကိုတိတ္တိတ္ေလးသတိေပးလိုက္သည္။ "မင္း မေတာ္တဆ ထိခိုက္သြားကတည္းက ခုထိ လူထုေ႐ွ႕မွာ မ်က္ႏွာ မျပရေသးဘူးေလ။ ခ်ိဳးက်ီယန္ရဲ႕ေခါင္းစီးေတြကိုခိုးယူဖို႔အတြက္ ေသာၾကာေန႔မွာ ဝွီးခ်ဲနဲ႔ပြဲကိုသြားဖို႔ဆုံးျဖတ္ထားတယ္ မဟုတ္ဘူးလား? "
ဒီဓာတ္ပုံေတြ ေပါက္ၾကားသြားပါက ဝွီးခ်ဲျဖင့္ တက္ေရာက္မည့္အစီအစဥ္က အသုံးမ၀င္ေတာ့ေပ။
"အဆင္ေျပပါတယ္ "ဆုႏိုကေတာ့ ခ်ိဳးက်ီယန္ကိုဂ႐ုစိုက္ဖို႔ စိတ္ထဲမထားေပ။
လူတိုင္း စိတ္လႈပ္႐ွားစြာ သက္ျပင္းခ်လိုက္သည္။ ႏိုႏိုက တစ္မိနစ္အတြင္းမွာ ပို,ပိုၿပီး သေဘာေကာင္းလာတာပဲ!
ထို႔ေၾကာင့္ ငါးမိနစ္အတြင္းမွာပဲ ႏိုႏိုနဲ႔ ေ႐ႊေရာင္ေႁမြႀကီးတို႔ရဲ႕ BTS ဗြီဒီယိုဖိုင္ကို အြန္လိုင္းတြင္ သန္းႏွင့္ခ်ီ retweet လုပ္ခဲ့ၾကသည္။ ၎သည္ trendingပင္ ဝင္သြားခဲ့ေသးသည္။
ဟုတ္ပါတယ္။ ဒုကၡႏြံထဲကအခ်စ္ဝတၳဳ စာေရးဆရာေတြအျပင္ ဒါ႐ိုက္တာအိုးရန္လုံပါ ျမင္သြားခဲ့ပါတယ္!
အိုးရန္လုံ သက္ျပင္းခ်လိုက္ၿပီး သူ႕ laptop ကိုပိတ္လိုက္သည္။
"ငါ ဝင္လာလို႔ရမလား?" CEO က တံခါးကို ေခါက္လိုက္သည္။
"ရပါတယ္" အိုးရန္လုံ မတ္တပ္ရပ္ၿပီး သူ႕ကို ႏႈတ္ဆက္လိုက္သည္။
"ငါ မင္းကို ေနာက္ဆုံးအႀကိမ္ေျပာခဲ့တာကို မင္းမွတ္မိလား?D ၿမိဳ႕မွာ Cai Fu Group နဲ႔ပူးေပါင္းၿပီး အဆင့္ျမင့္ဇိမ္ခံပစၥည္း အေရာင္းဆိုင္ဖြင့္မယ့္အေၾကာင္းေလ? " CEO က ေမးလိုက္သည္။
"မွတ္မိပါတယ္" အိုးရန္လုံ ေခါင္းညိတ္ျပလိုက္သည္။
“ မေန႔က ငါတို႔ သူတို႔ရဲ႕အဆင့္ျမင့္အရာ႐ွိေတြနဲ႔ ဖုန္းနဲ႔သေဘာတူညီခ်က္ရခဲ့တယ္ ” CEO က ဆက္လက္၍ ေျပာလိုက္သည္။
“မင္းက D ၿမိဳ႕ကပဲမလား? ဒါေၾကာင့္ မင္းကိုတာဝန္ယူေစခ်င္တယ္။ ”
"ဘယ္ေတာ့လဲ?" အိုးရန္လုံ ေမးလိုက္သည္။
"ျဖစ္ႏိုင္သမွ် ျမန္ျမန္ေပါ့။ ကိစၥက အေရးႀကီးတယ္။
ဦးစားေပးအဆင့္ပဲ။ ေနာက္တစ္ပတ္က်ရင္ ဝန္ထမ္းတစ္ခ်ိဳ႕ကို ေခၚၿပီး D ၿမိဳ႕ေတာ္ကို သြားလိုက္။ Cai Fu နဲ႔ ပေရာဂ်က္ထဲက ပတ္ဝန္းက်င္ကိုပါ တစ္ခ်က္ စစ္လိုက္ခဲ့"
“ ေကာင္းပါၿပီ ” အိုးရန္လုံ ေခါင္းညိတ္လိုက္သည္။
"မနက္ျဖန္က်ရင္ မင္းကိုအေသးစိတ္ျပန္ေျပာ
မယ္ ”
CEO က ရယ္ရယ္ေမာေမာနဲ႔ မတ္တတ္ထရပ္ၿပီး “ဒီေန႔ ငါ့ဇနီးေမြးေန႔မို႔ ေစာေစာျပန္ရမယ္။ လူ႕စြမ္းအားအရင္းအျမစ္ဌာနရဲ႕ လွ်ိဳ႕ဝွက္ခ်က္အေနနဲ႔ ထားေပးသင့္တယ္ မဟုတ္လား? ”
"ဒါဆို သူမကို သတင္းေမးတဲ့အေၾကာင္း ေျပာေပးပါဦး" အိုးရန္လုံ ရယ္ေနသည့္ၾကားမွ ေျပာလိုက္သည္။
"မင္းလည္း ေပ်ာ္႐ႊင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ " CEO က သူ႕လက္ကို ပခုံးေပၚတင္လိုက္ၿပီး "မင္းခုတေလာေနလို႔မေကာင္းဘူးဆိုတာ ငါသိတယ္။
ဒါေပမယ့္ အရာအားလုံးက သူ႕ဘာသာသူ အခ်ိန္တန္ ရင္ ေျဖ႐ွင္းသြားလိမ့္မယ္။ ဒါေၾကာင့္ မင္းစိတ္ဓာတ္က်စရာမလိုဘူး"
"ကြၽန္ေတာ္ သိပါတယ္။ ေက်းဇူးပါပဲ " အိုးရန္လုံက သူ႕ကို အၿမဲေလးစားခဲ့သည္။
“ဒါ႐ိုက္တာ ခ်ိန္းဆိုထားတဲ့သူေရာက္လာပါၿပီ။ ” သူ႕လက္ေထာက္က တံခါးေခါက္ၿပီး ေျပာလာခဲ့သည္။
"ခဏေစာင့္ " အိုးရန္လုံ သူ႕မွတ္စုမ်ားကို သိမ္းလိုက္သည္။
အလုပ္ေတြနဲ႔ျပည့္ႏွက္ေနတာက......အားသာခ်က္ပဲ။ အနည္းဆုံးေတာ့ သူ အမ်ားႀကီးေတြးစရာမလိုဘူးေပါ့။
လက္ေတြ႕မွာေတာ့ ဆုေ႐ွာင္းႏိုနဲ႔ အိုးရန္လုံတို႔သည္ အလြန္ပင္လိုက္ဖက္မႈ ႐ွိခဲ့သည္။ သူတို႔ႏွစ္ဦးစလုံးသည္ အထီးက်န္ဆန္မႈမွ ေ႐ွာင္႐ွားရန္ အလုပ္၌ နစ္ျမႇဳပ္မည့္သူမ်ား ျဖစ္ၾကသည္။ ဆုႏိုက မစၥတာဒါ႐ိုက္တာကိုတကယ္ႀကိဳက္တယ္။ ဒါေပမယ့္ ဒီတခါေတာ့ သူပထမဆုံး ျပန္မေခၚခ်င္ခဲ့ေပ။ သူမွားတယ္လို႔လည္း မခံစားရဘူးေလ။
မစၥတာဒါ႐ိုက္တာကလည္း ဆုႏိုကို တကယ္ႀကိဳက္တယ္၊ ဒါေပမယ့္ ဒီအခ်ိန္မွာ သူ႕ကို ဘယ္လိုရင္ဆိုင္ရမယ္ဆိုတာ သူမသိဘူး။ ပထမဆုံးအႀကိမ္အျဖစ္ သူ႕ကို ခ်ိဳးက်ီယန္ဆီကေန တကယ္ဆြဲထုတ္ႏိုင္ခဲ့ရဲ႕လားေတာင္ စတင္ေတြးမိသည္။
သူက ငတုံးေလးတစ္ေယာက္ျဖစ္ေနတာမို႔ အခ်စ္ဆိုတာကို တကယ္ပဲ မသိတာမ်ားလား?သူ႕အေပၚကို ေကာင္းေကာင္းဆက္ဆံလို႔ တိရိစၧာန္အေသးေလးေတြလိုမ်ိဳး မွီခိုအားကိုးတတ္တာမ်ားလား? ဒါေပမယ့္ သူ႕ရဲ႕ မသိစိတ္ထဲမွာေတာ့ တျခားတစ္ေယာက္ကို မေမ့ႏိုင္ေသးဘူး။ အဲ့တာေၾကာင့္ပဲ သူ႕ရင္ထဲကတစ္ေယာက္ရဲ႕ ေျပာင္းလဲမႈတိုင္းကို အာ႐ုံစိုက္ေနၿပီး အမွီလိုက္ေနတာပဲလား။
'သူ႕ႏွလုံးသားမွာ တစ္ျခားတစ္ေယာက္ အၿမဲတမ္း႐ွိေနတယ္ 'ဆိုတာကို ေတြးမိတာနဲ႔တင္ အိုးရန္လုံ ႐ူးမတက္ ခံစားလိုက္ရသည္။
သူ အလုပ္,လုပ္ဖို႔ စာဖိုင္ကို ဖြင့္လိုက္သည့္ အခ်ိန္မွာပဲ ညာဘက္ေထာင့္ကေန " ဖန္ေတြ၏အႏွစ္သက္ဆုံး : ခ်ိဳးက်ီယန္ × ဆုႏိုက National Shipping အတြဲ ျဖစ္လာၿပီ"ဆိုသည့္ ေခါင္းစဥ္ႏွင့္အတူ သတင္းတစ္ခုက pop up view အေနအထားနဲ႔ ေပၚလာခဲ့သည္။
ပထမပုံမွာ သူတို႔၏ဧည့္ခန္းေနာက္ကြယ္မွ စင္ျဖစ္ၿပီး ဆုႏိုသည္ ခ်ိဳးက်ီယန္၏နက္ခ္တိုင္ကို ခ်ည္ေပးေန
သည့္ပုံ ျဖစ္သည္။ ၎ပုံသည္ အလြန္ပင္ ရင္ခုန္စရာေကာင္းလွသည္။ ပရိသတ္မ်ားကလည္း အခ်စ္ေၾကာင့္မ်က္လုံးေတြကန္းေတာ့မယ္လို႔ အၿပိဳင္အဆိုင္ cmt ေတြ ေရးၾကေတာ့သည္။
လက္ထပ္ၿပီးၿပီလားတို႔၊ အတြဲေတြဆိုတာ ႐ိႈ႕ေနတာပဲ လို႔ cmt မ်ိဳးေတြေပါ့!
ဒါေပမယ့္ တကယ့္ျဖစ္ရပ္မွန္ကေတာ့ အေတာ္ေလး စိတ္ကုန္စရာပါပဲ!
ခ်ိဳးက်ီယန္က မိန္းမလို ဝတ္စားတတ္တယ္ဆိုတဲ့ ဆုႏိုရဲ႕ စိတ္ကူးယဥ္ဇာတ္လမ္းႀကီးကို ႐ိုး႐ိုးသားသားနဲ႔ ေသခ်ာအတည္ျပဳခ်င္တာေၾကာင့္ ခ်ိဳးက်ီယန္ရဲ႕ နက္ခ္တိုင္ကို သြားျဖဳတ္တာပဲ ျဖစ္သည္။ သူ လုပ္ေနတုန္း႐ွိေသးတယ္ တစ္ဝက္မွာတင္ ဒိုင္အန္းရဲ႕ ဆြဲေခၚသြားတာကို ခံလိုက္ရတာပဲ။ တစ္ဖက္မွာလည္း ဒိုင္အန္းက ခ်ိဳးက်ီယန္ကို ဆုႏို အစား ေတာင္းပန္လိုက္ရေသးသည္။
ေသခ်ာတာေပါ့၊ ခ်ိဳးက်ီယန္ကလည္း ဒီကိစၥကို ႀကီးႀကီးမားမား သေဘာမထားခဲ့ေပ။ ဒါေၾကာင့္ သူ႕ရဲ႕ ဟာသဆန္တဲ့ လုပ္ရပ္ကို ရယ္ရခက္ငိုရခက္ျဖင့္ ေခါင္းသာ အသာခါးယမ္းလိုက္သည္။ ထို႔ေနာက္ ၀န္ထမ္းတစ္ဦးက ထိုအခိုက္အတန္႔ေလးကိုဓာတ္ပုံ႐ိုက္ခဲ့သည္။ ထို႔ေၾကာင့္ပရိတ္သတ္မ်ားသည္ ပို၍ပင္ ႐ူးသြပ္သြားၾကေတာ့သည္။
ဒါက တုန္ေနေအာင္ ခ်စ္တဲ့အၾကည့္ေလးပဲ!
ေအာက္ကပုံမွာ ဆုႏိုက ပန္းဆလတ္ကို ခ်ိဳးက်ီယန္နဲ႔အတူေဝမွ်ရင္း စားေနသည့္ပုံျဖစ္သည္ - အမွန္ေတာ့ ခ်ိဳးက်ီယန္ကို သူက လက္ဖက္ရည္ေဖ်ာ္ေပးေနတာပဲ ျဖစ္သည္။ သူ႕ရဲ႕ ႐ွစ္ပတ္ေတြကို ဖ်က္စီးဖို႔အတြက္ ပ်ားရည္အစား သၾကားကို သုံးေနတာပါ!အဲ့ဒါနဲ႔ပတ္သတ္ၿပီး ႐ိုဆန္မႈ ဆိုတာ လုံးဝ မ႐ွိဘူး!
ဒါေပမယ့္ သူ႕ဖန္ေတြက ဒါေတြကို မျမင္ဘဲ သူ႕တို႔
ႏွစ္ေယာက္ၾကားက ႐ိုဆန္တဲ့ ဆက္ဆံေရးကိုသာ ျမင္လိုက္ရသည္။
မစၥတာဒါ႐ိုက္တာသည္လည္း ဒီအတိုင္းပါပဲ။ ထို႔ေၾကာင့္ သူသည္ ပို၍ပင္ ႐ႈပ္ေထြးလာရသည္။ ဒါေၾကာင့္ သူ႕မိသားစုနဲ႔ သူ႕ကို မေတြ႕ေပးေစခ်င္တာက ဒီအေၾကာင္းအရင္းေၾကာင့္လား?
ထို႔ေၾကာင့္ သူသည္ ဆုႏိုကို ဖုန္းဆက္မည့္ အစီအစဥ္ကိုပယ္ဖ်က္လိုက္သည္။ ဒါက အိုးရန္လုံရဲ႕ ဘ၀မွာ ပထမဆုံးအႀကိမ္အေနနဲ႔ ဒီလို႐ႈပ္ေထြးမႈေတြကို ခံစားခဲ့ရတာပဲ ျဖစ္သည္။
သူတို႔ႏွစ္ဦးစလုံးက ကိုယ္စီ စိတ္႐ႈပ္ေထြးမႈေတြနဲ႔အတူ ေသာၾကာေန႔ကို ေရာက္လာခဲ့သည္။
ယဲ့ဖုန္းဝူႏွင့္ ခ်ိဳးက်ီယန္တို႔က ပြဲမွာ႐ွိေနမွာျဖစ္ၿပီး အဲ့ေန႔ေနာက္ပိုင္းမွာပဲ ဆုႏိုသည္လည္း သူ႕အစ္ကိုႀကီးႏွင့္အတူ ဥေရာပကိုထြက္ခြာသြားလိမ့္မည္။
ထို႔ေၾကာင့္ ဒီပြဲသည္ သူအတြက္ ခဏတာ အနားယူရမည့္အခ်ိန္ကာလအတြင္း ေနာက္ဆုံးအေနနဲ႔ စီးပြားေရးအရ တက္ေရာက္ေပးမည့္ ပြဲျဖစ္လိမ့္မည္။ ေနာက္ပိုင္းမွာ သူက Ren Rui က စီစဥ္တဲ့လက္ဝတ္ရတနာျပပြဲကိုတက္ေရာက္ဖို႔စဥ္းစားခဲ့ေပမဲ့ ဂ်က္ဆန္က ပယ္ဖ်က္ခဲ့သည္။
“ႏိုႏို.....” အထူးဧည့္သည္အျဖစ္ က်ံဳးလီဖုန္းပိုင္လည္းတက္ေရာက္ခဲ့သည္။
"ဒါဆို မင္းကို ဘယ္လိုေခြးမ်ိဳးက ေျပးတိုက္သြားတာလဲ?" ဆုႏိုက ဒီအေျဖကို အရမ္းသိခ်င္ေနမိသည္။
"......"
က်ံဳးလီဖုန္းပိုင္ သူရင္ေတြတုန္လႈပ္သြားသလိုခံစားလိုက္ရသည္။ ေၾကာက္စရာေကာင္းတဲ့ေခါင္းစဥ္နဲ႔ စကားဝိုင္းတစ္ခုကို မစလိုက္ပါနဲ႔လား!
"မစၥတာမုေရာ ဘယ္မွာလဲ?" ဆုႏို ထပ္ေမးလိုက္သည္။
"ငါက ဘယ္လိုလုပ္သိမွာလဲ!ငါက သူနဲ႔ဘာမွမဆိုင္ဘူး! " မင္းေမးတဲ့ ေမးခြန္းတိုင္းက ဘာလို႔ထူးဆန္းေနရတာလဲ!
"အာ..ဟုတ္ပါၿပီ။ ငါတို႔ ညစာအတူစားရေအာင္ေလ" ကံေကာင္းတာက ဆုႏို၏တတိယဝါက်သည္ ပုံမွန္ပင္ ျဖစ္သည္။ “ငါမၾကာခင္ ငါ့မိသားစုနဲ႔အတူ အပန္းေျဖခရီးသြားရေတာ့မယ္။ ငါတို႔ ခဏေလာက္ေတြ႕ဆုံရမွာမဟုတ္ဘူး။ ”
"မင္းဘယ္ေလာက္ၾကာၾကာ ေပ်ာက္သြားမွာလဲ?" က်ံဳးလီဖုန္းပိုင္ ေမးလိုက္သည္။
"တစ္လေလာက္ေတာ့ ၾကာႏိုင္တယ္။ အဲ့ထက္ ၾကာရင္လည္း ၾကာသြားလိမ့္မယ္"
"ဒါဆိုရင္....မင္းနဲ႔...သူေရာဘယ္လိုလဲ?" က်ံဳးလီဖုန္းပိုင္ ေသေသခ်ာခ်ာေမးလိုက္သည္။
"ငါမသိဘူး။" ဆုႏို စိတ္ဓါတ္က်သြားရသည္။
"ဒါဆို ဘာေတြျဖစ္ခဲ့တာလဲ?" က်ံဳးလီဖုန္းပိုင္ သူ႕ကိုဆြဲေခါၿပီး ေဘးမွာထိုင္ခိုင္းလိုက္သည္။
ဆုႏို ဘယ္လိုစေျပာရမွန္းမသိတာေၾကာင့္ ဘာမွမေျပာျဖစ္ေပ။ အရာအားလုံးက သူ႕႐ႈေထာင့္ကေန ႐ုတ္တရက္ႀကီးျဖစ္သြားတာပဲ! သူတို႔ႏွစ္ေယာက္လုံးက ခ်စ္ၾကည္ႏူးတစ္တီတူးေနခ်ိန္မွာပဲ သူ႕ဘက္ကေန BJ လုပ္ေစခ်င္တယ္! သူအဆင္ေျပမလားဆိုတာကို ဂ႐ုမစိုက္ဘဲနဲ႔ အတင္းဖိအားေပးတယ္! အဆုံးမွာေတာ့ သူက ေဒါသတႀကီးနဲ႔ေတာင္ ထြက္သြားလိုက္ေသးတယ္! ရက္ေတာ္ေတာ္ၾကာတဲ့ထိေတာင္ လာမေတာင္းပန္ခဲ့ဘူး! မယုံႏိုင္စရာပဲ! သူ ဒီအေၾကာင္းေတြကို ပိုေတြးေလ သူ ေဒါသထြက္လာရေလပဲ!
"အရမ္းႀကီး ေဒါသထြက္မေနပါနဲ႔။ အရာရာတိုင္းက သူ႕အလိုလို ေျပလည္သြားလိမ့္မယ္" သူ႕ပုံစံက အေျခအေန မေကာင္းသည္ျမင္သျဖင့္ က်ံဳးလီဖုန္းပိုင္ သူ႕ကိုအျမန္ႏွစ္သိမ့္လိုက္ ေပးလိုက္သည္။
“အဲဒါကို ဆက္မေတြးပါနဲ႔ေတာ့။ ဒီေန႔ပြဲအၿပီးမွာဒါ႐ိုက္တာအိုးရန္လုံက မင္းကိုေတာင္းပန္ဖို႔လာလိမ့္မယ္။ "
"သူေတာင္းပန္ရင္ေတာင္ ငါလက္မခံဘူး!" ဆုႏိုသည္အမွားႏွင့္ေဒါသႏွစ္ခုလုံးကို ခံစားခဲ့ရသည္။
ဒါေပမယ့္ သူမသိတာက မစၥတာဒါ႐ိုက္တာက ေတာက္ပန္ဖို႔ လာတာမဟုတ္ဘဲ သူ႕ကို ခ်စ္လား မခ်စ္ဘူးလားဆိုတာကို ေသခ်ာခ်င္တာမို႔ လာတာ ျဖစ္ေၾကာင္း ဆုႏို မသိလိုက္ေပ။
ထို႔ေၾကာင့္ ျမင္တဲ့အတိုင္းပါပဲ။ ခ်စ္သူေတြၾကားက ဆက္သြယ္ေရးဆိုတာ အလြန္ပဲ အေရးႀကီးသည္။
ေျမေအာက္ကားရပ္နားကြင္း၌ ထန္ေ႐ွာင္းယြီသည္ ကားပါကင္ထိုးလိုက္သည္။ “ အိုေခ။ ကဲ...သြားၾကစို႔”
"ကိုယ္ ကားမူးေနတယ္ " မစၥတာခ်ိဳးသည္ ေ႐ွ႕ထိုင္ခုံတြင္ ထိုင္လ်က္ ေသလုေမ်ာပါးခံစားေနရသလို ဟန္ေဆာင္ေနသည္။
“..........ေတာ္ေတာ့” ထန္ေ႐ွာင္းယြီ သူ႕ရဲ႕ျပတ္လုံးမွာ ရယ္ရမလားငိုရမလား မသိေတာ့ေပ၊ "ဒီမွာ မကစားနဲ႔ေတာ့ မိုင္ခယ့္က ကြၽန္ေတာ္တို႔ကို အေပၚထပ္မွာေစာင့္ေနတုန္းပဲ"
ခ်ိးက်ီယန္ မ်က္လုံးေတြမွိတ္လိုက္ၿပီး "မင္း sleeping beauty ပုံျပင္ကို သိလား? "
“မသိဘူး...!” ထန္ေ႐ွာင္းယြီ သူ႕ထိုင္ခုံခါးပတ္ကို ျဖဳတ္ေပးလိုက္သည္။
"ထေတာ့"
“ မထဘူး!”
ခ်ိဳးက်ီယန္က ေပ်ာ္႐ႊင္စရာေလးေတြ ေတြ႕သြားသည့္အတိုင္းပဲ!
“ ဒါဆို ကြၽန္ေတာ္အရင္သြားႏွင့္ေတာ့မယ္။ မိုင္ခယ့္ကို လာေခၚခိုင္းလိုက္မယ္ " ထန္ေ႐ွာင္းယြီ တံခါးကိုဖြင့္လိုက္သည္။
ဒါေပမယ့္ သူလြတ္ေျမာက္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ေပ။သူ မလြတ္ေျမာက္ခဲ့႐ုံတင္မက သူ႕ကို မစၥတာခ်ိဳးက ထိုင္ခုံေပၚကို တြန္းခ်လိုက္သည္။
ခ်ိဳးက်ီယန္ ေျပာလိုက္သည္။"တစ္ခါတုန္းက ဖားငယ္ေလးတစ္ေကာင္႐ွိတယ္တဲ့။ ဘယ္သူက မင္းသားေလး ျဖစ္မလဲ?"
"......ဘယ္သူကို ဖားလို႔ ေခၚေနတာလဲ!" ထန္ေ႐ွာင္းယြီ ျပန္ေျပာတာ ႐ွားပါသည္။
ခ်ိဳးက်ီယန္ ျပဳံးလိုက္ၿပီး "ဟုတ္တယ္။ ကိုယ္ကဖားေလ။ ဒါေၾကာင့္မို႔ မင္းသားေလးျဖစ္လာဖို႔ နမ္းဖို႔တစ္စုံတစ္ေယာက္လိုအပ္တယ္"
ထန္ေ႐ွာင္းယြီ သူ႕ကိုစိတ္႐ႈပ္စြာ စိုက္ၾကည့္ေနသည္။
"ကိုယ္သာ မင္းသားျဖစ္မွ ပြဲကိုသြားႏိုင္မယ္... " ခ်ိဳးက်ီယန္ရဲ႕အသံက တိုးသထက္ တိုးညႇင္းလာသည္။ ၿပီးေတာ့ သူတို႔အခ်င္းခ်င္း ႏႈတ္ခမ္းခ်င္းပြတ္တိုက္သံေတြ ထြက္လာေတာ့သည္။
ထန္ေ႐ွာင္းယြီသည္ အေတြ႕အၾကဳံမ႐ွိတာေၾကာင့္ ေတာင့္တင္းသြားရသည္။ သူဘာလုပ္ရမွန္း လုံးဝမသိေတာ့ေပ။
ခ်ိဳးက်ီယန္ သူ႕ေခါင္းကိုလက္တစ္ဖက္ျဖင့္ ညင္သာစြာကိုင္လိုက္ၿပီး တျဖည္းျဖည္းခ်င္း နက္႐ိႈင္းစြာ နမ္းလိုက္သည္။
ပူေလာင္ေနသည္ လွ်ာဖ်ားသည္ ႏူးညံ့ေသာရနံ႔ကိုသယ္ေဆာင္လာၿပီး ထိုႏူးညံ့သည့္ ႏႈတ္ခမ္းသားမ်ားကို တျဖည္းျဖည္းခ်င္း ပြတ္တိုက္လိုက္သည္။ အဲ့ဒီေနာက္ သူ႕လွ်ာကို လက္ခံေစဖို႔ အတင္းအၾကပ္ ဟခိုင္းလိုက္သည္။
“ အြန္း.....” ထန္ေ႐ွာင္းယြီ၏အထိမခံတဲ့လွ်ာက ဖမ္းယူခံလိုက္ရၿပီး ေ႐ွာင္ဖယ္ဖို႔ရာ မတတ္ႏိုင္ေတာ့ေပ။
မစၥတာခ်ိဳး၏မ်က္လုံးမ်ားက မဲေမွာင္လို႔သြားသည္။ သူတို႔ဆက္လုပ္ေနရင္ နမ္း႐ုံနဲ႔ၿပီးသြားမွာမဟုတ္ေပ။ အနက္ေရာင္ကားငယ္ေလးသည္ သူတို႔ စိတ္ႀကိဳက္ ေက်နပ္စြာနမ္း႐ိႈက္ႏိုင္ရန္ အလြန္ေကာင္းတဲ့အကာအကြယ္ ျဖစ္ခဲ့သည္။ မိနစ္အနည္းငယ္အၾကာတြင္ ခ်ိဳးက်ီယန္သည္ ေက်နပ္စြာလႊတ္ေပးလိုက္သည္။ ထန္ေ႐ွာင္းယြီရဲ႕ ႏႈတ္ခမ္းမ်ားက အနည္းငယ္ေရာင္ရမ္းလာၿပီး ခ်ိဳးက်ီယန္ကို မ်က္လုံးခ်င္းေတာင္မၾကည့္ရဲေတာ့ေပ။ သူ ဒီေန႔အတြက္ မျပင္ဆင္ထားရေသးဘူး။ ဒါ သူ႕ကိုအံ့ၾသေစတာပဲ......
"အျမန္ေလး! ဒီကိုနမ္း! " ခ်ိဳးက်ီယန္သည္ ႐ုတ္တရက္ႀကီး သူ႕ပါးကိုၫႊန္ျပရင္း စိုးရိမ္တႀကီး ေျပာလိုက္သည္။
"ဘာကိုလဲ?" ထန္ေ႐ွာင္းယြီသည္ သူ႕ရဲ႕ေနာက္တီးေနာက္ေတာက္ အမူအယာေၾကာင့္ စိတ္႐ႈပ္ေထြးသြားခဲ့ၿပီး တစ္ဖန္ စိတ္လႈပ္႐ွားလာရသည္။
“ ျမန္ျမန္!” ခ်ိဳးက်ီယန္ သူ႕နာရီကိုၾကည့္ရင္း အထိတ္တလန္႔ျဖင့္ သူ႕ပခုံးကို လႈပ္ခါလိုက္ၿပီး ေျပာလိုက္သည္။ "ကိုယ္တို႔ ဒါကိုလုပ္ဖို႔ မွီမွာမဟုတ္ေတာ့ဘူး!"
"........."
ထန္ေ႐ွာင္းယြီက အေစာကတည္းက အံ့ၾသေနခဲ့တာမို႔ ငတုံးတစ္ေယာက္လိုမ်ိဳး တကယ္ပဲ နမ္းလိုက္သည္။
“ ေကာင္းတယ္ ” ခ်ိဳးက်ီယန္ ႐ုတ္တရက္ႀကီး သက္ျပင္းခ်လိုက္သည္။
"ဘာျဖစ္သြားတာလဲ?" ထန္ေ႐ွာင္းယြီ အလြန္ပင္ စိတ္႐ႈပ္ေထြးသြားသည္။
“အခုပဲဖားငယ္ေလးက လူတစ္ေယာက္ရဲ႕ေျခေထာက္အျဖစ္ေျပာင္းသြားၿပီ” ခ်ိဳးက်ီယန္ ေလးေလးနက္နက္ျဖင့္ အတည္ေပါက္ႀကီး ေျပာလိုက္သည္။
"ဒါေပမယ့္ မင္းသမီးေလးရဲ႕ေနာက္ထပ္အနမ္းနဲ႔သာ သူက လုံးလုံးလူသားတစ္ေယာက္ျဖစ္သြားႏိုင္တာမို႔လို႔ေလ"
ထန္ေ႐ွာင္းယြီ သူ႕ကိုအံ့ၾသစြာၾကည့္လိုက္သည္။ မစၥတာခ်ိဳးမွာ 'အဲဒါကအမွန္တရားပဲ' ဟုေျပာေနသည့္ အျပစ္ကင္းသည့္ မ်က္ႏွာထားကလည္း ႐ွိေနသည္။
ခင္ဗ်ားႀကီးက ... မယုံႏိုင္စရာပဲ!
ထန္ေ႐ွာင္းယြီရဲ႕မ်က္ႏွာတစ္ခုလုံး နီရဲလို႔သြားသည္။ ထို႔ေနာက္ သူ လက္သီးကိုတင္းတင္းဆုပ္ကာ တစ္ခ်က္ထိုးလိုက္သည္။
“ အား!! ” ခ်ိဳးက်ီယန္ သူ႕ဗိုက္ကို အုပ္လိုက္ၿပီး နာက်င္သည့္အမူအရာ ျပလိုက္သည္။
"အလုပ္သြားေတာ့!"
ထန္ေ႐ွာင္းယြီသည္ မိုင္ခယ့္လိုမ်ိဳး သူ႕ကို ႀကိမ္းေမာင္းလိုက္ကာ အထုပ္အပိုးေတြကိုယူၿပီး ေဒါသတႀကီး ဆင္းသြားလိုက္သည္။
ခ်ိဳးက်ီယန္ ထိုင္ေနရင္း တစ္မိနစ္ေလာက္ အစာအိမ္ နာက်င္လာသည္အထိ ရယ္ေနလိုက္သည္။ ဒါေၾကာင့္ နာမည္ႀကီးသမားေတြအားလုံးမွာ လွ်ိဳ႕ဝွက္ခ်က္တစ္ခုခု႐ွိတယ္ ဆိုတဲ့သတင္းက အမွန္တရားပဲ။ KaoLin ပန္းေလးလို ျပဳမႈေနထိုင္တတ္သည့္ ဆုႏိုေလးက အစားမွာဆို အ႐ူးအမူးစားတတ္သူျဖစ္သည္။ ေတာက္ပၿပီး သေဘာေကာင္းသည့္အျပင္ ေယာက်္ားဆန္သည့္ ခ်ိဳးက်ီယန္ကျဖင့္ သူ ႏွစ္သက္သည့္ တစ္စုံတစ္ေယာက္နဲ႔ အတူ႐ွိေနလွ်င္ အေယာင္ေဆာင္ ႏွာဘူးတစ္ေယာက္ျဖစ္လာသည္။
တကယ့္ကို ေၾကာက္စရာေကာင္းတဲ့ကမ႓ာႀကီးပါပဲ။