[Unicode]
ကျွန်တော့်အိမ်ကို မလာနဲ့နှင့် မမျှော်လင့်ထားသည့် အလှည့်အပြောင်း
[အပိုင်း-၁]
ဆုနိုရဲ့ အခြေအနေက အရမ်းကို ဆိုးရွားနေတာကြောင့် ဒိုင်အန်းသည် တနေကုန် သူ့ဘေးနားမှာပဲနေပေးခဲ့ကာ အလုပ်တွေကို အချိန်တစ်ခုထိ နားမလားဆိုတာကိုတောင် မေးခဲ့သေးသည်။
"မလိုဘူး" ဆုနို နှာခေါင်းတရှုပ်ရှုပ်ဖြင့် ပြောလိုက်သည်။သူ အိပ်ယာပေါ်မှာ သနားစရာကောင်းစွာ လဲလျောင်းနေရင်းဖြင့် နောက်ဆုံးတော့ ပြောလိုက်သည်။
" ငါ တစ်ခုခု စားလိုက်အုံးမယ်"
သူရဲ့ စိတ်အခြေအနေက ကယောက်ကယက်ဖြစ်နေခဲ့သော်လည်း သူတစ်နေကုန် မစားရသေးသည့်အတွက် သူလက်တွေတောင် တုန်ရီနေပြီ ဖြစ်သည်။
သူ့အစာအိမ်ကလည်း အသံစုံ မြည်နေပြီ!
foodie တစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်အတိုင်းပါပဲ!
ဒါကိုကြားတော့ ဒိုင်အန်း စိတ်သက်သာရာ ရသွားတော့သည်။သူ စားချင်တယ်ဆိုတာ သတင်းကောင်းပဲ။ဒါကြောင့် သူ အောက်ထပ်ကို အမြန်ဆင်းသွားပြီး အသားညှပ်ဘီစကစ်ကို ပြန်နွေးပေးပြီး အသီးအရွက်တစ်ခွက် ကြော်လိုက်သည်။ ပြီးတော့ မှာထားတဲ့ ဝက်ရိုးစွပ်ပြုတ်ကိုပါ သူ့အတွက် ပြင်ပေးလိုက်သည်။
"အန်တီကို ကျေးဇူးတင်တယ်လို့ ပြောပေးဦး" ဆုနို စားနေရင်းဖြင့် ပြောလိုက်သည်။ သူ့မျက်နှာမှာ နှမ်းစေ့တွေ ကပ်နေကာ သူ့မျက်လုံးတွေကလည်း နီရဲလို့နေသည်။သူ့ပုံစံလေးက အမှန်ပင် ချစ်စရာကောင်းနေတုန်းပင်။
"စိတ်မပူပါနဲ့။ ငါ့အမေက မင်းကို ချစ်ပြီးသားပါ" ဒိုင်အန်း ဒီအခွင့်အရေးကို အသုံးချပြီး ထပ်ဖြည့်ပြောလိုက်သေး၏။"သူက ချိုးကျီယန်ကို လုံးဝ မကြိုက်ဘူး။တီဗီမှာ သူပေါ်လာရင်တောင် ချက်ချင်းပြောင်းပစ်လိုက်တာ သိလား?"
ဆုနို စွပ်ပြုတ်သောက်နေရင်းဖြင့် "အွန်း"ဟုသာ အသံထွက်သွားသည်။
ဘာအမူအယာမှ မပြသည်ကိုမြင်တော့ ဒိုင်အန်း စိတ်ထိခိုက်သွားရသည်။
ပို,ပိုပြီး ထူးဆန်းလာတာပဲ!ချိုးကျီယန်ကို မကြိုက်ဘူးဆိုတဲ့ သတင်းကောင်းကို ကြားတိုင်း အမြဲတမ်း အားအင်တွေ ပြည့်လာတတ်တာပါ!ဘာလို့ ဒီတစ်ခေါက်မှာ ဘာအမူအယာမှမရှိရတာလဲ!
"နိုနို..." သူ စားနေသည့်အချိန်မှာပဲ ဟန်ဝေ သူ့ဆီကို ဖုန်းခေါ်လာခဲ့သည်။ "ညလယ်စာအတွက် ခရစ်စတယ်ပေါက်စီစားမလား?crab roe pastry စားမလား?အစ်ကိုကြီး ဆိုင်ကို ဖြတ်လာရမှာမို့"
ကျွန်တော် ဘာတစ်ခုမှ မစားချင်ဘူး!
ဆုနို အခုချိန်မှာ ဘာမှ စားချင်စိတ်ကိုမရှိနေပေ။ ဒါပေမယ့်လည်း သူ့အစ်ကိုကြီးကို ဒီလိုမျိုး သွားအော်ပြောရအောင် မတုံးပါဘူး! ထို့ကြောင့် သူ မုသားစကားလေးသုံးကာ ပြောရပါတော့သည်။ "မစားတော့ပါဘူး။ အစ်ကိုကြီးက တစ်နေကုန်အလုပ်များနေရတာ အိမ်ပြန်ပြီးတော့ နားတော့လေ"
အဓိပ္ပါယ်က အစ်ကိုကြီး ဒီကို မလာနဲ့လို့ ဆိုလိုတာပဲ!
ဒါပေမယ့်လည်း သူ့အစ်ကိုကြီးက bro-con တစ်ယောက်မို့ ဆုနို ဆုတောင်းတဲ့အတိုင်း ဖြစ်မလာချေ။
သူ့တို့ရဲ့ အစားသောင်းကျန်းတဲ့ ညီငယ်လေးတွေကို မုန့်ကျွေးတတ်တာက ချစ်စရာအကောင်းဆုံးအပြုအမူပဲ မဟုတ်ဘူးလား?ထို့ကြောင့် သူ မေးလိုက်သည်။ "မင်းအသံက ဘာဖြစ်နေတာလဲ?"
"ကျွန်တော်-ယောကျ်ားဆန်ဆန် အသံမျိုးနဲ့ ပြောလိုက်တာ" တကယ်တော့ ဆုနို လိမ်ပြောလိုက်တာပဲဖြစ်သည်။ အမှန်တော့ သူ နေမကောင်းဖြစ်နေတာပင်။သို့သော်လည်း သူ အမှန်ပြောလိုက်ပြန်ရင်လည်း သူ့အစ်ကိုကြီးက ဒီကိုရောက်လာအုံးမယ်!
ထို့ကြောင့် သူက "ယောက်ျားဆန်ဆန်"ဆိုတဲ့ အကြောင်းပြချက်ကို ထုတ်ပြောလိုက်တာပဲ။ အဲ့ဒီ အကြောင်းပြချက်က နည်းနည်းတော့ တုံးအတဲ့ပုံ ပေါ်ပေမယ့်လည်းပေါ့!
ဟန်ဝေ သူ့ရဲ့ နောက်တီးနောက်တောက် ဟာသကြောင့် ရယ်လိုက်မိသည်။
"အစ်ကိုကြီး အဲ့ကို လာခဲ့မယ်"
"အဟွတ်....အဟွတ်" ဆုနိုမှာ စားနေသည့်ပေါင်မုန့်ပင် နင်သွားရသည်။ အစ်ကိုကြီး ဒီကိုမကြာခင်ရောက်လာမယ်ဆိုတာ ဘာသဘောလဲ!ဒီကို လာခွင့်ပြုတယ်လို့ ကျွန်တော် မပြောခဲ့ပါဘူး!ပြောခဲ့မိလို့လား?!
ဒါပေမယ့် သူ ပြန်မပြောခင်မှာပဲ ဟန်ဝေက အလင်းရဲ့ အရှိန်နှုန်းဖြင့် ဖုန်းချလိုက်သည်။
ဆုနို ငိုချင်လာသော်လည်း မျက်ရည်က မထွက်ပေ!သူ တုန်လှုပ်သွားရသည်။ ဒါပေမယ့်လည်း သူ့အစ်ကိုကြီးရှေ့မှာ သူနေကောင်းနေတာကို ပြဖို့လိုတယ်!ဒီထက် ဝမ်းနည်းစရာများရှိပါဦးမလားကွာ?
"မင်းအစ်ကိုကြီး ဖုန်းခေါ်တာလား?" ဒိုင်အန်း ညင်သာစွာမေးလိုက်သည်။
"အင်း" ဆုနို ချာချာလည်အောင်ပင် မူးနှောက်သွားရသည် "ဒါဆိုရင် ငါပြန်တော့မယ်" ဒိုင်အန်းက အရမ်းကို စဥ်းစားပေးတတ်သည်။ "မင်း အစ်ကိုကြီးနဲ့ စကားကောင်းကောင်း ပြောကြပေါ့ "
ဒါပေမယ့် ငါမှ မပြောချင်တာ! ဆုနိုသည် နှလုံးသားထဲကနေမှ ကြီးမားသည့်ဝမ်းနည်းမှုကြီးကို ခံစားလိုက်ရသည်။ အခုအချိန်မှာ အပြည့်အ၀ စားချင်တာထက် ကောင်းကောင်းအိပ်စက်အနားယူချင်ရုံလေးတင်ပါ။ ဘာလို့ မဖြစ်လာနိုင်ရတာလဲ? ဘယ်လောက်တောင်ဆိုးဝါးလိုက်ရတာလဲကွာ!
ပြောရရင် ဟန်ဝေက သူ့ရဲ့အတွင်းစိတ်ထဲက ဟိန်းဟောက်သံကြီးကို မကြားရသောကြောင့် ဆုရှောင်းနိုလေးခဗျာ ညအိပ်ဝတ်စုံကို အကြမ်းပတမ်း လဲလိုက်ပြီး မျက်နှာကို သွားသစ်လိုက်ရသည်။ အနည်းဆုံးတော့ ဟန်ပန်ကျကျဖြစ်နေဖို့ သူ့အကောင်းဆုံးကြိုးစားနေလိုက်သည်။
ထို့ကြောင့် ဟန်ဝေ ဝင်လာသောအခါ ဆုနိုသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် တစ်သျှူးဘောက်တစ်ဘူးကို ပွေ့ဖက်ထားကာ ကိုရီးယားဇာတ်လမ်းတွဲများကို ကြည့်နေလိုက်သည်။
နည်းနည်းလေးတော့ ထူးဆန်းပေမယ့်လည်း ကောင်းတဲ့အစီအစဥ် တစ်ခုပဲလေ။
"မင်းမျက်လုံးတွေက ဘာလို့ဒီလောက်တောင် ယောင်နေရတာလဲ!" ဟန်ဝေ သူ့ကိုမြင်လိုက်တဲ့အချိန်မှာ သူတော်တော်လေး ဒေါသထွက်သွားရသည်။
"အမျိုးသမီးဇာတ်လိုက်က သွေးကင်ဆာဖြစ်နေတယ်" ဆုနို တီဗီကိုကြည့်ရင်း ဝမ်းနည်းမှုကြီးစွာဖြင့် ပြောလိုက်သည်။
အသံအက်ရှရှကြီးဖြင့် သူ "သူမက အရမ်းသနားစရာကောင်းတာပဲ" လို့ ထပ်ဖြည့်ပြောလိုက်သေးသည်။
"......."
ဟန်ဝေ သူ့ကိုကြည့်ပြီး ငိုရမှာလားရယ်ရမှာလား မသိတော့ပေ။
ဒါ သူ့မှာယောက်ျားပီသတဲ့အသံရှိတယ်လို့ ပြောတုန်းက ဒါကိုဆိုလိုတာလား?
ဆုနို တစ်သျှူးကို ဆွဲထုတ်လိုက်ပြီး သူ့နှပ်ချေးတွေကိုညစ်လိုက်သည်။ သူ့ရဲ့အကြည့်တွေက သနားခြင်းအပြည့်နှင့် အလွန်ပင် လက်တွေ့ဆန်လှသည်။
ရုပ်ရှင်မင်းသားတစ်ယောက်လိုပဲ။
"မင်းကို အရမ်းစိတ်ထိခိုက်စေရအောင် ဇာတ်လမ်းကဘယ်လိုဇာတ်လမ်းမျိုးမို့လို့လဲ?" ဟန်ဝေသည် ကိုးရီးယားဇာတ်လမ်းတွဲများကို စိတ်ဝင်စားမှု တစ်စမျှ မရှိခဲ့သော်လည်း ညီဖြစ်သူနှင့်စကားစမြည်ပြောရန် သူ ထိုင်လိုက်ကာ ကွတ်ကီးဘူးကို ဖွင့်နေရင်း မေးလိုက်သည်။
"MC က မွေးကတည်းက ပစ်ထားခံရတာ သူမ ကြီးလာတော့ အမျိုးသားဇာတ်လိုက်ကိုတွေ့ခဲ့တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ချစ်မိသွားပြီးနောက်မှာပဲ အဲဒီ့ဇာတ်လိုက်က တကယ်ပဲ သူမရဲ့အစ်ကိုဖြစ်မှန်း သူသိသွားရတယ်"
ဆုနို မျက်လုံးတွေနီရဲနေလျက် ဆက်ပြောလိုက်သည်။
"ပိုဆိုးတာက သူတို့လမ်းခွဲပြီးတဲ့နောက် ဇာတ်လိုက်မင်းသားက စိတ်ဓါတ်ကျသွားပြီး တခြားတစ်ယောက်နဲ့ စေ့စပ်လိုက်တယ်။ ဒါပေမယ့် မင်္ဂလာဆောင်တဲ့နေ့မှာပဲ သူ့မိဘတွေက သူ့ကိုမွေးစားခဲ့တာကိုသိသွားပြီး သူက MCနဲ့ သွေးသား ဆက်နွယ်တာတွေ မရှိဘူးဆိုတာ သိသွားတယ်။ ဒါကြောင့် သူက MC ကိုရှာဖို့အပြေးသွားခဲ့တယ်။ လမ်းမှာကားမတော်တဆမှုတစ်ခုဖြစ်သွားပြီး သူက MC ကိုပါ မေ့သွားခဲ့တယ်။ "
ဟန်ဝေ သူခေါင်းပါ ချာချာလည်သွားသည်ကို ခံစားလိုက်ရသည်။
"ဒါပေမယ့် ဒါက အဆိုးဆုံးအပိုင်းတော့ မဟုတ်ဘူး" ဆုနိုက ဆက်လက်၍ ပြောပြလိုက်သည်။ "ဝမ်းအနည်းဆုံးအပိုင်းက ဇာတ်လိုက်အမျိုးသားက နောက်ဆုံးသူ့မှတ်ဥာဏ်တွေကိုပြန်ရသွားချိန်မှာပဲ ဆရာဝန်တွေက MCကို သွေးကင်ဆာလို့ သတ်မှတ်လိုက်တာပဲ"
ဒီအကြောင်းအရာလောက်ဆို သူငိုရမယ့်အကြောင်းပြချက် ခိုင်လုံတယ်! သူ့အစ်ကိုကြီး သူ့ကိုသံသယဖြစ်စရာ အကြောင်း မရှိတော့ဘူး။
"ဒါ.....သိပ်ကောင်းတဲ့ဇာတ်လမ်းပဲ" ဟန်ဝေ သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ သူ စိတ်ထဲမှာတော့ တကယ်ရှုပ်ထွေးနေသလို ခံစားနေရသည် ... ဒါက သူ့မိန်းမနဲ့ညီငယ်လေးတစ်နေကုန်စောင့်ကြည့်နေတဲ့ရုပ်ရှင်ပဲ။ ဒီလိုရုပ်ရှင်တွေကို ကြည့်နေကြတာလား။ ဒါမျိုးတွေကို ကြည့်တော့ ပိုပြီး ထိုင်းလာမှာတော့ မဟုတ်ဘူးမလား?Ah!အခု သူ တကယ်စိတ်ပူနေမိပြီ!
"ကျွန်တော် ကြည့်ပြီးပြီ။အိပ်ချင်နေပြီ။" ဆုနို သူ့သရုပ်ဆောင်မှုအပိုင်းပြီးသွားတာနဲ့ TV ကို ပိတ်လိုက်ပြီး မျက်ရည်ကျနေတဲ့မျက်လုံးတွေကို ပွတ်သပ်လိုက်သည်။
သူ့အစ်ကိုကြီးက လှည်းဖျားရခက်တယ်။ သူဆက်ပြောနေမယ်ဆိုရင် ကာဗာလုပ်ထားတဲ့ကိစ္စက သေချာပေါက်ပေါ်သွားမှာဖြစ်လို့ သူသွားအိပ်သင့်ပြီ။
"မင်း တစ်ခုခုမစားချင်ဘူးလား?" ဟန်ဝေ ဝေခွဲမရဖြစ်သွားရသည်။ သူက လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ pastries တွေကိုလျစ်လျူရှုနေတာလား?
"အင်း ... မနက်ဖြန်အတွက် ထားလိုက်မယ်" ဆုနိုမှာ အစာစားချင်စိတ်မရှိပေ။ " ကျွန်တော် ညနေစာနည်းနည်းစားပြီးပြီ" တကယ်တော့ အများကြီးမဟုတ်ခဲ့ပါဘူး။ သူ ပေါင်မုန့်သုံးချပ်သာ စားခဲ့တာပဲဖြစ်သည်။
"ကောင်းပြီလေ။ ဒါဆိုမနက်ဖြန်ကျရင် မင်းအတွက် ပြန်နွေးပေးမယ်" ဟန်ဝေသည် ရုတ်တရက်ဗုံးကြဲပစ်လိုက်သည်။
မနက်ဖြန်ကျရင် ကျွန်တော်အတွက် နွေးပေးမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? "... အစ်ကိုကြီး ဒီမှာညအိပ်မှာလား?"
ဆုနို စိတ်ထဲကနေ အော်ဟစ်နေတော့သည်။ မနေဘူးလို့ ပြောစမ်းပါ!!
ဟန်ဝေ ခေါင်းညိတ်လိုက်သည်။
ဆုရှောင်းနိုသည် စိတ်ထဲတွင်ပူပန်နေရသော်လည်း အပြင်ဘက်မှာတော့ ငြိမ်သက်လျက် ရှိနေသည်။
"အစ်ကိုကြီးက မရီးနဲ့တူမလေးကို အိမ်မှာတစ်ယောက်တည်း ဘယ်လိုလုပ်ပြီးထားခဲ့ရတာလဲ?"
ဒါ ခင်ပွန်းကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး!
"မင်းမရီးက ရှီရှီကို သူ့အဘွားအိမ်ခေါ်သွားတယ်။ နောက်အပတ်အထိပြန်လာမှာ မဟုတ်သေးဘူး" လှေခါးပေါ်ကို တက်လာရင်း ဟန်ဝေ ပြောလိုက်သည်။
"စောစောအနားယူတော့"
သူ့အစ်ကိုကြီးရဲ့နောက်ကျောကိုကြည့်ပြီး ဆုနို သူ့ရဲ့ရှုပ်ထွေးမှုတွေ,ကွဲထွက်နေတဲ့ခံစားချက်တွေကို အသံထွက်ပြီးတောင် ထုတ်မပြောနိုင်တော့ပေ။
ဒီမှာ လာအိပ်တာက ကြီးကြီးမားမားကိစ္စမဟုတ်ပေမယ့်လည်း ဒီအချိန်က မစ္စတာဒါရိုက်တာကြီးနဲ့ ရန်ဖြစ်ထားတဲ့အချိန်လေ။
ဒါက သူ့အမှားပဲဆိုတာသိပါတယ်။ ဒါကြောင့်မို့လို့ သူကရေခဲတုံးကြီးကိုအရင်ဖြိုဖို့အတွက် အရင်စာပို့ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူးလေ။
ဒါပေမယ့် သူ စာမပို့ရင်တောင်,သူဘက်က ရုတ်တရက်ကြီး တောင်းပန်ဖို့ပေါ်လာရင် ဘယ်လိုလုပ်မလဲ?
နှင်းဆီပန်းတစ်စည်းနဲ့ နံနက်စာကောင်းကောင်းကို ယူလာ, နံနက်ခင်းအချိန်လေး အိပ်ခန်းတံခါးကိုဖွင့်, သူ့ကိုစွဲမက်ပြင်းပြစရာကောင်းတဲ့ ပြင်သစ်အနမ်းတစ်ခုနှင့် နှိုးပြီး 'ကလေး,ကိုယ်မှားတာသိပါပြီ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါနော်' ဆိုပြီး ငြင်းပယ်စရာမရှိတဲ့ စာကြောင်းတွေနဲ့ လာနှိုးရင် ဘယ်လိုလုပ်မလဲ!!
သူ့အစ်ကိုကြီး အိမ်မှာရှိနေရင် အချစ်ဇာတ်ကားတစ်ကားကနေ ၁၈+ သွေးစွန်းရုပ်ရှင် သို့မဟုတ် ထိတ်လန့်ဖွယ်ကမ္ဘာပျက်ကပ်ရုပ်ရှင်တစ်ခုတောင် ဖြစ်သွားလိမ့်မယ်။
ဆုနို သူ့အကြောင်းတွေကို တွေးရင်းတွေးရင်းနဲ့တင် ကမ္ဘာ့အပြင်ဘက်ကို ထွက်သွားသလိုခံစားလိုက်ရ၏။ သူ မစ္စတာဒါရိုက်တာနဲ့ရန်ဖြစ်ပြီး အရမ်းကိုစိတ်ဆိုးနေပေမဲ့လည်း သူက သူ့ကိုတကယ်ကြိုက်နေတုန်းပဲ! ပြီးတော့ သူ့အစ်ကိုကြီးရဲ့ရိုက်နှက်တာကိုလည်း မခံစေချင်ဘူး။
ဒါပေမယ့် သူက သူ့အစ်ကိုကြီးအိမ်မှာရှိနေတယ်လို့ပြောလိုက်ပြန်ရင် သူ့ဘက်ကနေ " ကိုယ်နဲ့ဘာဆိုင်လို့လဲ? မင်းကိုတွေ့ဖို့ အစီအစဉ်မရှိဘူး" လို့ပြန်ပြောရင် သူဘာလုပ်ရမလဲ? ဒါ သေတာထက် ပိုဆိုးပြီးရင်း ပိုဆိုးစေမှာ။ သူ့ရဲ့နှလုံးသားဖန်ထည်လေးက လုံးဝကွဲကြေသွားလိမ့်မယ်။
ဖုန်းလေးဆက်ဖို့တောင်မှ အရမ်းကို စိတ်ရှုပ်ထွေးနေရတယ်။ သူတို့ပြောသလိုပဲ ချိန်းတွေ့တာက ကိုးရို့ကားယားနိုင်ရတဲ့ကိစ္စတစ်ခုပဲ။
"မင်းဘာတွေကို စဥ်းစားပြီး အတွေးလွန်နေတာလဲ?" ဟန်ဝေ ကိုယ်လက်သုတ်သင်ပြီးသောအခါ ဆိုဖာပေါ်တွင် ထိုင်နေသေးသည့်သူ့ညီလေးကို မမျှော်လင့်ဘဲတွေ့လိုက်ရသည်။
"...အင်း...ကျွန်တော် သောကြာနေ့ကျရင် သွားရမယ့်ပွဲအကြောင်းကို စဉ်းစားနေတာပါ" ဆုနိုသည် သတိပြန်ဝင်လာပြီး ဆင်ခြေတစ်ခုဖန်တီးလိုက်သည်။
"မင်းအားလပ်ရက်မှာ အလုပ်အကြောင်းဘာလို့စဉ်းစားနေသေးတာလဲ?" ဟန်ဝေ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
".....ကျွန်တော် အရင်သွားအိပ်တော့မယ်။ အစ်ကိုကြီးလည်း အရင်နားတော့လေ" ဆုနို သူ့ရဲ့အိမ်စီးဖိနပ်လေးကို စီးပြီး ဆက်ပြောလိုက်သည်။ " ကျွန်တော် ရေသွားချိုးလိုက်အုံးမယ်"
ရေချိုးခန်းထဲမှ ရေငွေ့များပြည့်နေပြီး ဆုနိုသည် ကိုယ်လုံးတီးဖြင့် မှန်ရှေ့တွင်ရပ်ကာ သူ့ကိုယ်သူကြည့်လိုက်သည်။ သူ့ပုံသဏ္ဍာန်က ပြည့်စုံလိုက်တာလို့ သူ ထင်နေတာလား (ဒါမှမဟုတ်) ကိုယ့်ကိုယ်ကိုချစ်တဲ့စိတ်ထဲမှာ နစ်နေတာလား?
.
.
.
မဟုတ်ပါဘူး! သူ့မှာ hickey ရှိမရှိ စစ်ဆေးနေတာပဲ ဖြစ်ပါသည်။ သူ့အစ်ကိုကြီးက ဒါတွေကို မြင်သွားရင် သူ့အတွက်ပြီးပြီပဲ။
ကံကောင်းတာက မြင်သာတဲ့အမှတ်အသားများမပါဘဲ တစ်ပြင်လုံးရှင်းလင်းနေတာပဲဖြစ်သည်။ဆုနို သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူအခြောက်ခံလိုက်သည်။ ထို့နောက် သူ့ရဲ့ညအိပ်ဝတ်စုံလေးကို ဝတ်လိုက်ပြီး အိပ်ခန်းဆီကို ဦးတည်သွားခဲ့သည်။
ထို့နောက် သူ့အစ်ကိုကြီးက သူ့ကုတင်ပေါ်မှာလှဲလျောင်းနေသည်ကိုတွေ့ရသဖြင့် သူအလွန်ထိတ်လန့်သွားတော့သည်။
သူ့အစ်ကိုကြီးက သူ့အိပ်ခန်းထဲမှာ တကယ်နေမှာလား !!! သူ့အခန်းထဲမှာပဲ ပြန်မနေသင့်ဘူးလား !!!
ဒီလို မြင်ကွင်းက သူ့နှလုံးသားထဲကကို ရင်းနှီးနေတယ်!အဲ့တာထက် ပိုပြီး ကြောက်စရာကောင်းတာ မရှိနိုင်တော့ဘူး!
"ဒီကိုလာ" ဟန်ဝေ သူ့အနားရှိနေရာကို ပုတ်ပြလိုက်သည်။ဆုနိုတစ်ယောက် အလှမ်းကျဥ်းသည့်ခြေလှမ်းများဖြင့် တွန့်ဆုတ်တွန့်ဆုတ်သွားလိုက်သည်။
အပြစ်ရှိစိတ်က သူ့ကိုနှိပ်စက်တော့မယ်! အစ်ကိုကြီးက မစ္စတာဒါရိုက်တာနဲ့သူ့ရဲ့ဆက်ဆံရေးအကြောင်း သိသွားတာများဖြစ်နိုင်မလား။ မဖြစ်နိုင်ပါဘူး။ QAQ!
"အခုတလော အလုပ်တွေအရမ်းများနေလား?" ဟန်ဝေ မေးလိုက်သည်။
"အဆင်ပြေပါတယ်။ " ဆုနို သူ့ဘေးမှာထိုင်နေရင်း အရမ်းကို စိတ်လှုပ်ရှားနေရသည်။
"အစ်ကိုကြီး ရက်အနည်းငယ်လောက် တခြားနိုင်ငံကို သွားရလိမ့်မယ်။ မင်းလိုက်ချင်လား?" ဟန်ဝေ သူ့ဆံပင်လေးတွေကို သပ်တင်ရင်း မေးလိုက်သည်။
"ကျွန်တော်လည်း လိုက်ရမှာလား?"ဆုနို အံ့သြစွာမေးလိုက်သည်။
"မင်းအလုပ်စလုပ်ကတည်းက အစ်ကိုကြီးတို့အတူတူအားလပ်ရက်ခရီးထွက်ဖို့ အခွင့်အရေးမရခဲ့ဘူးလေ" ဟန်ဝေ ပြောလိုက်သည်။
"ဒီတစ်ခါ မင်းမရီးနဲ့ရှီရှီပါ အတူရှိလိမ့်မယ်။ မိသားစုအားလုံးပေါ့။"
"ကျွန်တော်တို့က ဘာလို့ ရုတ်တရက်ကြီး အားလပ်ရက်ယူပြီး သွားရတာလဲ?" ဆုနို စိတ်ရှုပ်သွားသည်။
အရင်တုန်းကလိုပင် ဟန်ဝေ သူ့နှာခေါင်းလေးကို အသာအယာ ပုတ်လိုက်သည်။ "အရက်ချက်တဲ့နေရာမှာ အခက်အခဲရှိနေတယ်။ အဲဒါကို ကြီးကြီးမားမားမဖြစ်စေချင်ဘူး။ ဒါကြောင့်မို့ ဦးလေးတွေကို ကူညီဖို့ အစ်ကိုကြီး ဥရောပကိုသွားရမယ်။ ပြီးတော့အပန်းဖြေဖို့အတွက်ပါ ဒီအခွင့်အရေးကိုယူရမယ်လေ။ "
ဆုရှောင်းနိုသည် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"အောက်ခြေကို ဘယ်သူကိုင်တာလဲ။ဘယ်လို အခက်အခဲမျိုးလဲ? "
ဟန်ဝေ ပြောလိုက်သည်။ "အစ်ကိုကြီး မင်းကိုပြောရင်တောင် မင်းနားလည်မှာမဟုတ်ဘူး"
စိတ်ဓာတ်ကျနေသော ဆုနိုတစ်ယောက် သူ့ကုတင်ပေါ် ပြန်လှဲချလိုက်ပြီး "အစ်ကိုကြီးက ကျွန်တော်ကို ဘာမှမပြောတာ ဘယ်သိတော့မလဲ?"
"မင်း သိဖို့မလိုတဲ့အရာတွေ ရှိတယ်လေ" ဟန်ဝေ သူ့စောင်ကို ပြန်ပြင်ခြုံပေးလိုက်ပြီး "ဒါဆို အဆင်ပြေတယ်မလား?လက်မှတ် ယူပေးမယ့်သူရှိတယ်"
"ဒါပေမယ့် အလုပ်အတွက် အစီအစဉ်တွေဆွဲထားပြီးပြီ။ ဒါကို ကုမ္ပဏီက သဘောတူပါ့မလားမသိဘူး။ "ဆုနို ယုံကြည်မှုကင်းမဲ့နေသည်။
ဟုတ်တာပေါ့! ဒါက အစ်ကိုကြီးဖြစ်တဲ့သူ့အတွက်
ပြသာနာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ညီငယ်လေးကို သူနဲ့ဂျက်ဆန်ရဲ့ဆက်ဆံရေးအကြောင်း မသိစေချင်တာမို့ သူ သာသာယာယာပင် ပြောလိုက်သည်။
"စိတ်မပူပါနဲ့။အစ်ကိုကြီး မင်းနားလို့ရမရ မေးပေးမယ်"
"ကျွန်တော်ဘာသာ ကျွန်တော်ပြောလိုက်ပါ့မယ်"
ဆုနိုက 囧 မျက်နှာလေးဖြင့် ပြောလိုက်သည်။
"ဒိုင်အန်းကို အရင်ပြောလိုက်မယ်လေ"
"ပြောလေ။ ပြီးရင်တော့ ကောင်းကောင်းအိပ်တော့။ ဂွတ်နိုက်" ဟန်ဝေသည် အိပ်ယာပေါ်မှ ထလိုက်ပြီး ပြောလိုက်သည်။
"အစ်ကိုကြီးလည်း ဂွတ်နိုက်ပါ" ဆုရှောင်းနိုသည် သူ့အစ်ကိုကြီးထွက်သွားတာကိုကြည့်ရင်း ပြီးပြည့်စုံတဲ့ကလေး,လေးတစ်ယောက်လို ပြန်ဖြေလိုက်သည်။
ဟန်ဝေ သူ့နောက်ကတံခါးကို ပိတ်လိုက်ပြီး ချက်ချင်းပင် ဂျက်ဆန်ကို ဖုန်းခေါ်လိုက်သည်။
"ဒါ ညသန်းခေါင်ယံ အချိန်ကြီးကွ! မင်းဘယ် time ဇုန်မှာ နေ,နေတာလဲ။အမေရိကန်မို့လို့လား?! "ဂျက်ဆန် အော်ဟစ်ပြီး ပြောလိုက်သည်။
"ဒါဆိုရင် မင်းရော သန်းခေါင်ယံကြီးမှာ ဘာလို့အော်နေတာလဲ။ ဒါက မထီမဲ့မြင်ပြုတာပဲ" ဟန်ဝေ ပြင်းပြင်းထန်ထန်ရှုံချလိုက်သည်။
".........."
ဂျက်ဆန် သူ့နဖူးကို လက်ဝါးနဲ့ထိပြီး
"အခု မင်းအခုဘာပြောမလို့လဲ?"
"ခဏစိတ်ပြေလက်ပျောက်အပန်းဖြေဖို့အတွက် နိုနိုကို ဒီနိုင်ငံကနေ ခေါ်သွားမယ်။ သူ့အလုပ်တွေကို ဖျက်ပေး " ဟန်ဝေသည် CEO တစ်ယောက်လိုအေးစက်စက်ဖြင့် ပြောလိုက်သည်။
ထ
ိုစကားကိုကြားလိုက်ရတော့ ဂျက်ဆန် စိတ်ရှုပ်သွားရသည်။ "ဒါဆို စီစဉ်ပြီးသားအလုပ်တွေကကော?"
"ငါက ဘယ်လိုလုပ်သိမှာလဲ!" ဟန်ဝေက သူ့ထက်ပင် ပိုစိတ်ဆိုးလာရသည်။
" လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းကနေ နိုနိုက မင်းအတွက် ပိုက်ဆံတွေ အများကြီး ရှာပေးလာတာ။အခု အားလပ်ရက်လေးယူတာ ဘာဖြစ်တာလဲ? မင်းဒီအကြောင်းကို ဆက်ပြောနေမယ်ဆိုရင် ငါ မင်းကိုရိုက်ပစ်မယ်! "
ဂျက်ဆန်သည် ချက်ချင်းပင် သူ့မျက်နှာမှမျက်ရည်တွေစီးကျလာတော့မည်ကို ခံစားလိုက်ရသည်။သူပုန်တွေဆိုတာ တကယ်ကို အကျိုးအကြောင်း မစဥ်းစားတတ်တဲ့ ကောင်တွေပဲ!
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
ကြၽန္ေတာ္႕အိမ္ကို မလာနဲ႔ႏွင့္ မေမွ်ာ္လင့္ထားသည့္ အလွည့္အေျပာင္း
[အပိုင္း-၁]
ဆုႏိုရဲ႕ အေျခအေနက အရမ္းကို ဆိုး႐ြားေနတာေၾကာင့္ ဒိုင္အန္းသည္ တေနကုန္ သူ႕ေဘးနားမွာပဲေနေပးခဲ့ကာ အလုပ္ေတြကို အခ်ိန္တစ္ခုထိ နားမလားဆိုတာကိုေတာင္ ေမးခဲ့ေသးသည္။
"မလိုဘူး" ဆုႏို ႏွာေခါင္းတ႐ႈပ္႐ႈပ္ျဖင့္ ေျပာလိုက္သည္။သူ အိပ္ယာေပၚမွာ သနားစရာေကာင္းစြာ လဲေလ်ာင္းေနရင္းျဖင့္ ေနာက္ဆုံးေတာ့ ေျပာလိုက္သည္။
" ငါ တစ္ခုခု စားလိုက္အုံးမယ္"
သူရဲ႕ စိတ္အေျခအေနက ကေယာက္ကယက္ျဖစ္ေနခဲ့ေသာ္လည္း သူတစ္ေနကုန္ မစားရေသးသည့္အတြက္ သူလက္ေတြေတာင္ တုန္ရီေနၿပီ ျဖစ္သည္။
သူ႕အစာအိမ္ကလည္း အသံစုံ ျမည္ေနၿပီ!
foodie တစ္ေယာက္ရဲ႕ ပင္ကိုယ္စ႐ိုက္အတိုင္းပါပဲ!
ဒါကိုၾကားေတာ့ ဒိုင္အန္း စိတ္သက္သာရာ ရသြားေတာ့သည္။သူ စားခ်င္တယ္ဆိုတာ သတင္းေကာင္းပဲ။ဒါေၾကာင့္ သူ ေအာက္ထပ္ကို အျမန္ဆင္းသြားၿပီး အသားညႇပ္ဘီစကစ္ကို ျပန္ေႏြးေပးၿပီး အသီးအ႐ြက္တစ္ခြက္ ေၾကာ္လိုက္သည္။ ၿပီးေတာ့ မွာထားတဲ့ ဝက္႐ိုးစြပ္ျပဳတ္ကိုပါ သူ႕အတြက္ ျပင္ေပးလိုက္သည္။
"အန္တီကို ေက်းဇူးတင္တယ္လို႔ ေျပာေပးဦး" ဆုႏို စားေနရင္းျဖင့္ ေျပာလိုက္သည္။ သူ႕မ်က္ႏွာမွာ ႏွမ္းေစ့ေတြ ကပ္ေနကာ သူ႕မ်က္လုံးေတြကလည္း နီရဲလို႔ေနသည္။သူ႕ပုံစံေလးက အမွန္ပင္ ခ်စ္စရာေကာင္းေနတုန္းပင္။
"စိတ္မပူပါနဲ႔။ ငါ့အေမက မင္းကို ခ်စ္ၿပီးသားပါ" ဒိုင္အန္း ဒီအခြင့္အေရးကို အသုံးခ်ၿပီး ထပ္ျဖည့္ေျပာလိုက္ေသး၏။"သူက ခ်ိဳးက်ီယန္ကို လုံးဝ မႀကိဳက္ဘူး။တီဗီမွာ သူေပၚလာရင္ေတာင္ ခ်က္ခ်င္းေျပာင္းပစ္လိုက္တာ သိလား?"
ဆုႏို စြပ္ျပဳတ္ေသာက္ေနရင္းျဖင့္ "အြန္း"ဟုသာ အသံထြက္သြားသည္။
ဘာအမူအယာမွ မျပသည္ကိုျမင္ေတာ့ ဒိုင္အန္း စိတ္ထိခိုက္သြားရသည္။
ပို,ပိုၿပီး ထူးဆန္းလာတာပဲ!ခ်ိဳးက်ီယန္ကို မႀကိဳက္ဘူးဆိုတဲ့ သတင္းေကာင္းကို ၾကားတိုင္း အၿမဲတမ္း အားအင္ေတြ ျပည့္လာတတ္တာပါ!ဘာလို႔ ဒီတစ္ေခါက္မွာ ဘာအမူအယာမွမ႐ွိရတာလဲ!
"ႏိုႏို..." သူ စားေနသည့္အခ်ိန္မွာပဲ ဟန္ေဝ သူ႕ဆီကို ဖုန္းေခၚလာခဲ့သည္။ "ညလယ္စာအတြက္ ခရစ္စတယ္ေပါက္စီစားမလား?crab roe pastry စားမလား?အစ္ကိုႀကီး ဆိုင္ကို ျဖတ္လာရမွာမို႔"
ကြၽန္ေတာ္ ဘာတစ္ခုမွ မစားခ်င္ဘူး!
ဆုႏို အခုခ်ိန္မွာ ဘာမွ စားခ်င္စိတ္ကိုမ႐ွိေနေပ။ ဒါေပမယ့္လည္း သူ႕အစ္ကိုႀကီးကို ဒီလိုမ်ိဳး သြားေအာ္ေျပာရေအာင္ မတုံးပါဘူး! ထို႔ေၾကာင့္ သူ မုသားစကားေလးသုံးကာ ေျပာရပါေတာ့သည္။ "မစားေတာ့ပါဘူး။ အစ္ကိုႀကီးက တစ္ေနကုန္အလုပ္မ်ားေနရတာ အိမ္ျပန္ၿပီးေတာ့ နားေတာ့ေလ"
အဓိပၸါယ္က အစ္ကိုႀကီး ဒီကို မလာနဲ႔လို႔ ဆိုလိုတာပဲ!
ဒါေပမယ့္လည္း သူ႕အစ္ကိုႀကီးက bro-con တစ္ေယာက္မို႔ ဆုႏို ဆုေတာင္းတဲ့အတိုင္း ျဖစ္မလာေခ်။
သူ႕တို႔ရဲ႕ အစားေသာင္းက်န္းတဲ့ ညီငယ္ေလးေတြကို မုန္႔ေကြၽးတတ္တာက ခ်စ္စရာအေကာင္းဆုံးအျပဳအမူပဲ မဟုတ္ဘူးလား?ထို႔ေၾကာင့္ သူ ေမးလိုက္သည္။ "မင္းအသံက ဘာျဖစ္ေနတာလဲ?"
"ကြၽန္ေတာ္-ေယာက်္ားဆန္ဆန္ အသံမ်ိဳးနဲ႔ ေျပာလိုက္တာ" တကယ္ေတာ့ ဆုႏို လိမ္ေျပာလိုက္တာပဲျဖစ္သည္။ အမွန္ေတာ့ သူ ေနမေကာင္းျဖစ္ေနတာပင္။သို႔ေသာ္လည္း သူ အမွန္ေျပာလိုက္ျပန္ရင္လည္း သူ႕အစ္ကိုႀကီးက ဒီကိုေရာက္လာအုံးမယ္!
ထို႔ေၾကာင့္ သူက "ေယာက်္ားဆန္ဆန္"ဆိုတဲ့ အေၾကာင္းျပခ်က္ကို ထုတ္ေျပာလိုက္တာပဲ။ အဲ့ဒီ အေၾကာင္းျပခ်က္က နည္းနည္းေတာ့ တုံးအတဲ့ပုံ ေပၚေပမယ့္လည္းေပါ့!
ဟန္ေဝ သူ႕ရဲ႕ ေနာက္တီးေနာက္ေတာက္ ဟာသေၾကာင့္ ရယ္လိုက္မိသည္။
"အစ္ကိုႀကီး အဲ့ကို လာခဲ့မယ္"
"အဟြတ္....အဟြတ္" ဆုႏိုမွာ စားေနသည့္ေပါင္မုန္႔ပင္ နင္သြားရသည္။ အစ္ကိုႀကီး ဒီကိုမၾကာခင္ေရာက္လာမယ္ဆိုတာ ဘာသေဘာလဲ!ဒီကို လာခြင့္ျပဳတယ္လို႔ ကြၽန္ေတာ္ မေျပာခဲ့ပါဘူး!ေျပာခဲ့မိလို႔လား?!
ဒါေပမယ့္ သူ ျပန္မေျပာခင္မွာပဲ ဟန္ေဝက အလင္းရဲ႕ အ႐ွိန္ႏႈန္းျဖင့္ ဖုန္းခ်လိုက္သည္။
ဆုႏို ငိုခ်င္လာေသာ္လည္း မ်က္ရည္က မထြက္ေပ!သူ တုန္လႈပ္သြားရသည္။ ဒါေပမယ့္လည္း သူ႕အစ္ကိုႀကီးေ႐ွ႕မွာ သူေနေကာင္းေနတာကို ျပဖို႔လိုတယ္!ဒီထက္ ဝမ္းနည္းစရာမ်ား႐ွိပါဦးမလားကြာ?
"မင္းအစ္ကိုႀကီး ဖုန္းေခၚတာလား?" ဒိုင္အန္း ညင္သာစြာေမးလိုက္သည္။
"အင္း" ဆုႏို ခ်ာခ်ာလည္ေအာင္ပင္ မူးေႏွာက္သြားရသည္ "ဒါဆိုရင္ ငါျပန္ေတာ့မယ္" ဒိုင္အန္းက အရမ္းကို စဥ္းစားေပးတတ္သည္။ "မင္း အစ္ကိုႀကီးနဲ႔ စကားေကာင္းေကာင္း ေျပာၾကေပါ့ "
ဒါေပမယ့္ ငါမွ မေျပာခ်င္တာ! ဆုႏိုသည္ ႏွလုံးသားထဲကေနမွ ႀကီးမားသည့္ဝမ္းနည္းမႈႀကီးကို ခံစားလိုက္ရသည္။ အခုအခ်ိန္မွာ အျပည့္အ၀ စားခ်င္တာထက္ ေကာင္းေကာင္းအိပ္စက္အနားယူခ်င္႐ုံေလးတင္ပါ။ ဘာလို႔ မျဖစ္လာႏိုင္ရတာလဲ? ဘယ္ေလာက္ေတာင္ဆိုးဝါးလိုက္ရတာလဲကြာ!
ေျပာရရင္ ဟန္ေဝက သူ႕ရဲ႕အတြင္းစိတ္ထဲက ဟိန္းေဟာက္သံႀကီးကို မၾကားရေသာေၾကာင့္ ဆုေ႐ွာင္းႏိုေလးခဗ်ာ ညအိပ္ဝတ္စုံကို အၾကမ္းပတမ္း လဲလိုက္ၿပီး မ်က္ႏွာကို သြားသစ္လိုက္ရသည္။ အနည္းဆုံးေတာ့ ဟန္ပန္က်က်ျဖစ္ေနဖို႔ သူ႕အေကာင္းဆုံးႀကိဳးစားေနလိုက္သည္။
ထို႔ေၾကာင့္ ဟန္ေဝ ဝင္လာေသာအခါ ဆုႏိုသည္ ဧည့္ခန္း႐ွိ ဆိုဖာေပၚတြင္ တစ္သွ်ဴးေဘာက္တစ္ဘူးကို ေပြ႕ဖက္ထားကာ ကိုရီးယားဇာတ္လမ္းတြဲမ်ားကို ၾကည့္ေနလိုက္သည္။
နည္းနည္းေလးေတာ့ ထူးဆန္းေပမယ့္လည္း ေကာင္းတဲ့အစီအစဥ္ တစ္ခုပဲေလ။
"မင္းမ်က္လုံးေတြက ဘာလို႔ဒီေလာက္ေတာင္ ေယာင္ေနရတာလဲ!" ဟန္ေဝ သူ႕ကိုျမင္လိုက္တဲ့အခ်ိန္မွာ သူေတာ္ေတာ္ေလး ေဒါသထြက္သြားရသည္။
"အမ်ိဳးသမီးဇာတ္လိုက္က ေသြးကင္ဆာျဖစ္ေနတယ္" ဆုႏို တီဗီကိုၾကည့္ရင္း ဝမ္းနည္းမႈႀကီးစြာျဖင့္ ေျပာလိုက္သည္။
အသံအက္႐ွ႐ွႀကီးျဖင့္ သူ "သူမက အရမ္းသနားစရာေကာင္းတာပဲ" လို႔ ထပ္ျဖည့္ေျပာလိုက္ေသးသည္။
"......."
ဟန္ေဝ သူ႕ကိုၾကည့္ၿပီး ငိုရမွာလားရယ္ရမွာလား မသိေတာ့ေပ။
ဒါ သူ႕မွာေယာက်္ားပီသတဲ့အသံ႐ွိတယ္လို႔ ေျပာတုန္းက ဒါကိုဆိုလိုတာလား?
ဆုႏို တစ္သွ်ဴးကို ဆြဲထုတ္လိုက္ၿပီး သူ႕ႏွပ္ေခ်းေတြကိုညစ္လိုက္သည္။ သူ႕ရဲ႕အၾကည့္ေတြက သနားျခင္းအျပည့္ႏွင့္ အလြန္ပင္ လက္ေတြ႕ဆန္လွသည္။
႐ုပ္႐ွင္မင္းသားတစ္ေယာက္လိုပဲ။
"မင္းကို အရမ္းစိတ္ထိခိုက္ေစရေအာင္ ဇာတ္လမ္းကဘယ္လိုဇာတ္လမ္းမ်ိဳးမို႔လို႔လဲ?" ဟန္ေဝသည္ ကိုးရီးယားဇာတ္လမ္းတြဲမ်ားကို စိတ္ဝင္စားမႈ တစ္စမွ် မ႐ွိခဲ့ေသာ္လည္း ညီျဖစ္သူႏွင့္စကားစျမည္ေျပာရန္ သူ ထိုင္လိုက္ကာ ကြတ္ကီးဘူးကို ဖြင့္ေနရင္း ေမးလိုက္သည္။
"MC က ေမြးကတည္းက ပစ္ထားခံရတာ သူမ ႀကီးလာေတာ့ အမ်ိဳးသားဇာတ္လိုက္ကိုေတြ႕ခဲ့တယ္။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ခ်စ္မိသြားၿပီးေနာက္မွာပဲ အဲဒီ့ဇာတ္လိုက္က တကယ္ပဲ သူမရဲ႕အစ္ကိုျဖစ္မွန္း သူသိသြားရတယ္"
ဆုႏို မ်က္လုံးေတြနီရဲေနလ်က္ ဆက္ေျပာလိုက္သည္။
"ပိုဆိုးတာက သူတို႔လမ္းခြဲၿပီးတဲ့ေနာက္ ဇာတ္လိုက္မင္းသားက စိတ္ဓါတ္က်သြားၿပီး တျခားတစ္ေယာက္နဲ႔ ေစ့စပ္လိုက္တယ္။ ဒါေပမယ့္ မဂၤလာေဆာင္တဲ့ေန႔မွာပဲ သူ႕မိဘေတြက သူ႕ကိုေမြးစားခဲ့တာကိုသိသြားၿပီး သူက MCနဲ႔ ေသြးသား ဆက္ႏြယ္တာေတြ မ႐ွိဘူးဆိုတာ သိသြားတယ္။ ဒါေၾကာင့္ သူက MC ကို႐ွာဖို႔အေျပးသြားခဲ့တယ္။ လမ္းမွာကားမေတာ္တဆမႈတစ္ခုျဖစ္သြားၿပီး သူက MC ကိုပါ ေမ့သြားခဲ့တယ္။ "
ဟန္ေဝ သူေခါင္းပါ ခ်ာခ်ာလည္သြားသည္ကို ခံစားလိုက္ရသည္။
"ဒါေပမယ့္ ဒါက အဆိုးဆုံးအပိုင္းေတာ့ မဟုတ္ဘူး" ဆုႏိုက ဆက္လက္၍ ေျပာျပလိုက္သည္။ "ဝမ္းအနည္းဆုံးအပိုင္းက ဇာတ္လိုက္အမ်ိဳးသားက ေနာက္ဆုံးသူ႕မွတ္ဥာဏ္ေတြကိုျပန္ရသြားခ်ိန္မွာပဲ ဆရာဝန္ေတြက MCကို ေသြးကင္ဆာလို႔ သတ္မွတ္လိုက္တာပဲ"
ဒီအေၾကာင္းအရာေလာက္ဆို သူငိုရမယ့္အေၾကာင္းျပခ်က္ ခိုင္လုံတယ္! သူ႕အစ္ကိုႀကီး သူ႕ကိုသံသယျဖစ္စရာ အေၾကာင္း မ႐ွိေတာ့ဘူး။
"ဒါ.....သိပ္ေကာင္းတဲ့ဇာတ္လမ္းပဲ" ဟန္ေဝ သူ႕ေခါင္းေလးကို ပြတ္ေပးလိုက္သည္။ သူ စိတ္ထဲမွာေတာ့ တကယ္႐ႈပ္ေထြးေနသလို ခံစားေနရသည္ ... ဒါက သူ႕မိန္းမနဲ႔ညီငယ္ေလးတစ္ေနကုန္ေစာင့္ၾကည့္ေနတဲ့႐ုပ္႐ွင္ပဲ။ ဒီလို႐ုပ္႐ွင္ေတြကို ၾကည့္ေနၾကတာလား။ ဒါမ်ိဳးေတြကို ၾကည့္ေတာ့ ပိုၿပီး ထိုင္းလာမွာေတာ့ မဟုတ္ဘူးမလား?Ah!အခု သူ တကယ္စိတ္ပူေနမိၿပီ!
"ကြၽန္ေတာ္ ၾကည့္ၿပီးၿပီ။အိပ္ခ်င္ေနၿပီ။" ဆုႏို သူ႕သ႐ုပ္ေဆာင္မႈအပိုင္းၿပီးသြားတာနဲ႔ TV ကို ပိတ္လိုက္ၿပီး မ်က္ရည္က်ေနတဲ့မ်က္လုံးေတြကို ပြတ္သပ္လိုက္သည္။
သူ႕အစ္ကိုႀကီးက လွည္းဖ်ားရခက္တယ္။ သူဆက္ေျပာေနမယ္ဆိုရင္ ကာဗာလုပ္ထားတဲ့ကိစၥက ေသခ်ာေပါက္ေပၚသြားမွာျဖစ္လို႔ သူသြားအိပ္သင့္ၿပီ။
"မင္း တစ္ခုခုမစားခ်င္ဘူးလား?" ဟန္ေဝ ေဝခြဲမရျဖစ္သြားရသည္။ သူက လတ္လတ္ဆတ္ဆတ္ဖုတ္ထားတဲ့ pastries ေတြကိုလ်စ္လ်ဴ႐ႈေနတာလား?
"အင္း ... မနက္ျဖန္အတြက္ ထားလိုက္မယ္" ဆုႏိုမွာ အစာစားခ်င္စိတ္မ႐ွိေပ။ " ကြၽန္ေတာ္ ညေနစာနည္းနည္းစားၿပီးၿပီ" တကယ္ေတာ့ အမ်ားႀကီးမဟုတ္ခဲ့ပါဘူး။ သူ ေပါင္မုန္႔သုံးခ်ပ္သာ စားခဲ့တာပဲျဖစ္သည္။
"ေကာင္းၿပီေလ။ ဒါဆိုမနက္ျဖန္က်ရင္ မင္းအတြက္ ျပန္ေႏြးေပးမယ္" ဟန္ေဝသည္ ႐ုတ္တရက္ဗုံးႀကဲပစ္လိုက္သည္။
မနက္ျဖန္က်ရင္ ကြၽန္ေတာ္အတြက္ ေႏြးေပးမယ္ဆိုတာ ဘာကိုဆိုလိုတာလဲ? "... အစ္ကိုႀကီး ဒီမွာညအိပ္မွာလား?"
ဆုႏို စိတ္ထဲကေန ေအာ္ဟစ္ေနေတာ့သည္။ မေနဘူးလို႔ ေျပာစမ္းပါ!!
ဟန္ေဝ ေခါင္းညိတ္လိုက္သည္။
ဆုေ႐ွာင္းႏိုသည္ စိတ္ထဲတြင္ပူပန္ေနရေသာ္လည္း အျပင္ဘက္မွာေတာ့ ၿငိမ္သက္လ်က္ ႐ွိေနသည္။
"အစ္ကိုႀကီးက မရီးနဲ႔တူမေလးကို အိမ္မွာတစ္ေယာက္တည္း ဘယ္လိုလုပ္ၿပီးထားခဲ့ရတာလဲ?"
ဒါ ခင္ပြန္းေကာင္းတစ္ေယာက္ရဲ႕ လုပ္ရပ္မဟုတ္ဘူး!
"မင္းမရီးက ႐ွီ႐ွီကို သူ႕အဘြားအိမ္ေခၚသြားတယ္။ ေနာက္အပတ္အထိျပန္လာမွာ မဟုတ္ေသးဘူး" ေလွခါးေပၚကို တက္လာရင္း ဟန္ေဝ ေျပာလိုက္သည္။
"ေစာေစာအနားယူေတာ့"
သူ႕အစ္ကိုႀကီးရဲ႕ေနာက္ေက်ာကိုၾကည့္ၿပီး ဆုႏို သူ႕ရဲ႕႐ႈပ္ေထြးမႈေတြ,ကြဲထြက္ေနတဲ့ခံစားခ်က္ေတြကို အသံထြက္ၿပီးေတာင္ ထုတ္မေျပာႏိုင္ေတာ့ေပ။
ဒီမွာ လာအိပ္တာက ႀကီးႀကီးမားမားကိစၥမဟုတ္ေပမယ့္လည္း ဒီအခ်ိန္က မစၥတာဒါ႐ိုက္တာႀကီးနဲ႔ ရန္ျဖစ္ထားတဲ့အခ်ိန္ေလ။
ဒါက သူ႕အမွားပဲဆိုတာသိပါတယ္။ ဒါေၾကာင့္မို႔လို႔ သူကေရခဲတုံးႀကီးကိုအရင္ၿဖိဳဖို႔အတြက္ အရင္စာပို႔ဖို႔ကလြဲၿပီး တျခားနည္းလမ္း မ႐ွိေတာ့ဘူးေလ။
ဒါေပမယ့္ သူ စာမပို႔ရင္ေတာင္,သူဘက္က ႐ုတ္တရက္ႀကီး ေတာင္းပန္ဖို႔ေပၚလာရင္ ဘယ္လိုလုပ္မလဲ?
ႏွင္းဆီပန္းတစ္စည္းနဲ႔ နံနက္စာေကာင္းေကာင္းကို ယူလာ, နံနက္ခင္းအခ်ိန္ေလး အိပ္ခန္းတံခါးကိုဖြင့္, သူ႕ကိုစြဲမက္ျပင္းျပစရာေကာင္းတဲ့ ျပင္သစ္အနမ္းတစ္ခုႏွင့္ ႏိႈးၿပီး 'ကေလး,ကိုယ္မွားတာသိပါၿပီ ေက်းဇူးျပဳၿပီး ခြင့္လႊတ္ပါေနာ္' ဆိုၿပီး ျငင္းပယ္စရာမ႐ွိတဲ့ စာေၾကာင္းေတြနဲ႔ လာႏိႈးရင္ ဘယ္လိုလုပ္မလဲ!!
သူ႕အစ္ကိုႀကီး အိမ္မွာ႐ွိေနရင္ အခ်စ္ဇာတ္ကားတစ္ကားကေန ၁၈+ ေသြးစြန္း႐ုပ္႐ွင္ သို႔မဟုတ္ ထိတ္လန္႔ဖြယ္ကမ႓ာပ်က္ကပ္႐ုပ္႐ွင္တစ္ခုေတာင္ ျဖစ္သြားလိမ့္မယ္။
ဆုႏို သူ႕အေၾကာင္းေတြကို ေတြးရင္းေတြးရင္းနဲ႔တင္ ကမ႓ာ့အျပင္ဘက္ကို ထြက္သြားသလိုခံစားလိုက္ရ၏။ သူ မစၥတာဒါ႐ိုက္တာနဲ႔ရန္ျဖစ္ၿပီး အရမ္းကိုစိတ္ဆိုးေနေပမဲ့လည္း သူက သူ႕ကိုတကယ္ႀကိဳက္ေနတုန္းပဲ! ၿပီးေတာ့ သူ႕အစ္ကိုႀကီးရဲ႕႐ိုက္ႏွက္တာကိုလည္း မခံေစခ်င္ဘူး။
ဒါေပမယ့္ သူက သူ႕အစ္ကိုႀကီးအိမ္မွာ႐ွိေနတယ္လို႔ေျပာလိုက္ျပန္ရင္ သူ႕ဘက္ကေန " ကိုယ္နဲ႔ဘာဆိုင္လို႔လဲ? မင္းကိုေတြ႕ဖို႔ အစီအစဥ္မ႐ွိဘူး" လို႔ျပန္ေျပာရင္ သူဘာလုပ္ရမလဲ? ဒါ ေသတာထက္ ပိုဆိုးၿပီးရင္း ပိုဆိုးေစမွာ။ သူ႕ရဲ႕ႏွလုံးသားဖန္ထည္ေလးက လုံးဝကြဲေၾကသြားလိမ့္မယ္။
ဖုန္းေလးဆက္ဖို႔ေတာင္မွ အရမ္းကို စိတ္႐ႈပ္ေထြးေနရတယ္။ သူတို႔ေျပာသလိုပဲ ခ်ိန္းေတြ႕တာက ကိုး႐ို႕ကားယားႏိုင္ရတဲ့ကိစၥတစ္ခုပဲ။
"မင္းဘာေတြကို စဥ္းစားၿပီး အေတြးလြန္ေနတာလဲ?" ဟန္ေဝ ကိုယ္လက္သုတ္သင္ၿပီးေသာအခါ ဆိုဖာေပၚတြင္ ထိုင္ေနေသးသည့္သူ႕ညီေလးကို မေမွ်ာ္လင့္ဘဲေတြ႕လိုက္ရသည္။
"...အင္း...ကြၽန္ေတာ္ ေသာၾကာေန႔က်ရင္ သြားရမယ့္ပြဲအေၾကာင္းကို စဥ္းစားေနတာပါ" ဆုႏိုသည္ သတိျပန္ဝင္လာၿပီး ဆင္ေျခတစ္ခုဖန္တီးလိုက္သည္။
"မင္းအားလပ္ရက္မွာ အလုပ္အေၾကာင္းဘာလို႔စဥ္းစားေနေသးတာလဲ?" ဟန္ေဝ မ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္သည္။
".....ကြၽန္ေတာ္ အရင္သြားအိပ္ေတာ့မယ္။ အစ္ကိုႀကီးလည္း အရင္နားေတာ့ေလ" ဆုႏို သူ႕ရဲ႕အိမ္စီးဖိနပ္ေလးကို စီးၿပီး ဆက္ေျပာလိုက္သည္။ " ကြၽန္ေတာ္ ေရသြားခ်ိဳးလိုက္အုံးမယ္"
ေရခ်ိဳးခန္းထဲမွ ေရေငြ႕မ်ားျပည့္ေနၿပီး ဆုႏိုသည္ ကိုယ္လုံးတီးျဖင့္ မွန္ေ႐ွ႕တြင္ရပ္ကာ သူ႕ကိုယ္သူၾကည့္လိုက္သည္။ သူ႕ပုံသ႑ာန္က ျပည့္စုံလိုက္တာလို႔ သူ ထင္ေနတာလား (ဒါမွမဟုတ္) ကိုယ့္ကိုယ္ကိုခ်စ္တဲ့စိတ္ထဲမွာ နစ္ေနတာလား?
.
.
.
မဟုတ္ပါဘူး! သူ႕မွာ hickey ႐ွိမ႐ွိ စစ္ေဆးေနတာပဲ ျဖစ္ပါသည္။ သူ႕အစ္ကိုႀကီးက ဒါေတြကို ျမင္သြားရင္ သူ႕အတြက္ၿပီးၿပီပဲ။
ကံေကာင္းတာက ျမင္သာတဲ့အမွတ္အသားမ်ားမပါဘဲ တစ္ျပင္လုံး႐ွင္းလင္းေနတာပဲျဖစ္သည္။ဆုႏို သက္ျပင္းခ်လိုက္ၿပီး သူ႕ကိုယ္သူအေျခာက္ခံလိုက္သည္။ ထို႔ေနာက္ သူ႕ရဲ႕ညအိပ္ဝတ္စုံေလးကို ဝတ္လိုက္ၿပီး အိပ္ခန္းဆီကို ဦးတည္သြားခဲ့သည္။
ထို႔ေနာက္ သူ႕အစ္ကိုႀကီးက သူ႕ကုတင္ေပၚမွာလွဲေလ်ာင္းေနသည္ကိုေတြ႕ရသျဖင့္ သူအလြန္ထိတ္လန္႔သြားေတာ့သည္။
သူ႕အစ္ကိုႀကီးက သူ႕အိပ္ခန္းထဲမွာ တကယ္ေနမွာလား !!! သူ႕အခန္းထဲမွာပဲ ျပန္မေနသင့္ဘူးလား !!!
ဒီလို ျမင္ကြင္းက သူ႕ႏွလုံးသားထဲကကို ရင္းႏွီးေနတယ္!အဲ့တာထက္ ပိုၿပီး ေၾကာက္စရာေကာင္းတာ မ႐ွိႏိုင္ေတာ့ဘူး!
"ဒီကိုလာ" ဟန္ေဝ သူ႕အနား႐ွိေနရာကို ပုတ္ျပလိုက္သည္။ဆုႏိုတစ္ေယာက္ အလွမ္းက်ဥ္းသည့္ေျခလွမ္းမ်ားျဖင့္ တြန္႔ဆုတ္တြန္႔ဆုတ္သြားလိုက္သည္။
အျပစ္႐ွိစိတ္က သူ႕ကိုႏွိပ္စက္ေတာ့မယ္! အစ္ကိုႀကီးက မစၥတာဒါ႐ိုက္တာနဲ႔သူ႕ရဲ႕ဆက္ဆံေရးအေၾကာင္း သိသြားတာမ်ားျဖစ္ႏိုင္မလား။ မျဖစ္ႏိုင္ပါဘူး။ QAQ!
"အခုတေလာ အလုပ္ေတြအရမ္းမ်ားေနလား?" ဟန္ေဝ ေမးလိုက္သည္။
"အဆင္ေျပပါတယ္။ " ဆုႏို သူ႕ေဘးမွာထိုင္ေနရင္း အရမ္းကို စိတ္လႈပ္႐ွားေနရသည္။
"အစ္ကိုႀကီး ရက္အနည္းငယ္ေလာက္ တျခားႏိုင္ငံကို သြားရလိမ့္မယ္။ မင္းလိုက္ခ်င္လား?" ဟန္ေဝ သူ႕ဆံပင္ေလးေတြကို သပ္တင္ရင္း ေမးလိုက္သည္။
"ကြၽန္ေတာ္လည္း လိုက္ရမွာလား?"ဆုႏို အံ့ၾသစြာေမးလိုက္သည္။
"မင္းအလုပ္စလုပ္ကတည္းက အစ္ကိုႀကီးတို႔အတူတူအားလပ္ရက္ခရီးထြက္ဖို႔ အခြင့္အေရးမရခဲ့ဘူးေလ" ဟန္ေဝ ေျပာလိုက္သည္။
"ဒီတစ္ခါ မင္းမရီးနဲ႔႐ွီ႐ွီပါ အတူ႐ွိလိမ့္မယ္။ မိသားစုအားလုံးေပါ့။"
"ကြၽန္ေတာ္တို႔က ဘာလို႔ ႐ုတ္တရက္ႀကီး အားလပ္ရက္ယူၿပီး သြားရတာလဲ?" ဆုႏို စိတ္႐ႈပ္သြားသည္။
အရင္တုန္းကလိုပင္ ဟန္ေဝ သူ႕ႏွာေခါင္းေလးကို အသာအယာ ပုတ္လိုက္သည္။ "အရက္ခ်က္တဲ့ေနရာမွာ အခက္အခဲ႐ွိေနတယ္။ အဲဒါကို ႀကီးႀကီးမားမားမျဖစ္ေစခ်င္ဘူး။ ဒါေၾကာင့္မို႔ ဦးေလးေတြကို ကူညီဖို႔ အစ္ကိုႀကီး ဥေရာပကိုသြားရမယ္။ ၿပီးေတာ့အပန္းေျဖဖို႔အတြက္ပါ ဒီအခြင့္အေရးကိုယူရမယ္ေလ။ "
ဆုေ႐ွာင္းႏိုသည္ စပ္စုခ်င္စိတ္ျဖင့္ ေမးလိုက္သည္။
"ေအာက္ေျခကို ဘယ္သူကိုင္တာလဲ။ဘယ္လို အခက္အခဲမ်ိဳးလဲ? "
ဟန္ေဝ ေျပာလိုက္သည္။ "အစ္ကိုႀကီး မင္းကိုေျပာရင္ေတာင္ မင္းနားလည္မွာမဟုတ္ဘူး"
စိတ္ဓာတ္က်ေနေသာ ဆုႏိုတစ္ေယာက္ သူ႕ကုတင္ေပၚ ျပန္လွဲခ်လိုက္ၿပီး "အစ္ကိုႀကီးက ကြၽန္ေတာ္ကို ဘာမွမေျပာတာ ဘယ္သိေတာ့မလဲ?"
"မင္း သိဖို႔မလိုတဲ့အရာေတြ ႐ွိတယ္ေလ" ဟန္ေဝ သူ႕ေစာင္ကို ျပန္ျပင္ျခဳံေပးလိုက္ၿပီး "ဒါဆို အဆင္ေျပတယ္မလား?လက္မွတ္ ယူေပးမယ့္သူ႐ွိတယ္"
"ဒါေပမယ့္ အလုပ္အတြက္ အစီအစဥ္ေတြဆြဲထားၿပီးၿပီ။ ဒါကို ကုမၸဏီက သေဘာတူပါ့မလားမသိဘူး။ "ဆုႏို ယုံၾကည္မႈကင္းမဲ့ေနသည္။
ဟုတ္တာေပါ့! ဒါက အစ္ကိုႀကီးျဖစ္တဲ့သူ႕အတြက္
ျပသာနာမဟုတ္ပါဘူး။ ဒါေပမယ့္ သူ႕ညီငယ္ေလးကို သူနဲ႔ဂ်က္ဆန္ရဲ႕ဆက္ဆံေရးအေၾကာင္း မသိေစခ်င္တာမို႔ သူ သာသာယာယာပင္ ေျပာလိုက္သည္။
"စိတ္မပူပါနဲ႔။အစ္ကိုႀကီး မင္းနားလို႔ရမရ ေမးေပးမယ္"
"ကြၽန္ေတာ္ဘာသာ ကြၽန္ေတာ္ေျပာလိုက္ပါ့မယ္"
ဆုႏိုက 囧 မ်က္ႏွာေလးျဖင့္ ေျပာလိုက္သည္။
"ဒိုင္အန္းကို အရင္ေျပာလိုက္မယ္ေလ"
"ေျပာေလ။ ၿပီးရင္ေတာ့ ေကာင္းေကာင္းအိပ္ေတာ့။ ဂြတ္ႏိုက္" ဟန္ေဝသည္ အိပ္ယာေပၚမွ ထလိုက္ၿပီး ေျပာလိုက္သည္။
"အစ္ကိုႀကီးလည္း ဂြတ္ႏိုက္ပါ" ဆုေ႐ွာင္းႏိုသည္ သူ႕အစ္ကိုႀကီးထြက္သြားတာကိုၾကည့္ရင္း ၿပီးျပည့္စုံတဲ့ကေလး,ေလးတစ္ေယာက္လို ျပန္ေျဖလိုက္သည္။
ဟန္ေဝ သူ႕ေနာက္ကတံခါးကို ပိတ္လိုက္ၿပီး ခ်က္ခ်င္းပင္ ဂ်က္ဆန္ကို ဖုန္းေခၚလိုက္သည္။
"ဒါ ညသန္းေခါင္ယံ အခ်ိန္ႀကီးကြ! မင္းဘယ္ time ဇုန္မွာ ေန,ေနတာလဲ။အေမရိကန္မို႔လို႔လား?! "ဂ်က္ဆန္ ေအာ္ဟစ္ၿပီး ေျပာလိုက္သည္။
"ဒါဆိုရင္ မင္းေရာ သန္းေခါင္ယံႀကီးမွာ ဘာလို႔ေအာ္ေနတာလဲ။ ဒါက မထီမဲ့ျမင္ျပဳတာပဲ" ဟန္ေဝ ျပင္းျပင္းထန္ထန္႐ႈံခ်လိုက္သည္။
".........."
ဂ်က္ဆန္ သူ႕နဖူးကို လက္ဝါးနဲ႔ထိၿပီး
"အခု မင္းအခုဘာေျပာမလို႔လဲ?"
"ခဏစိတ္ေျပလက္ေပ်ာက္အပန္းေျဖဖို႔အတြက္ ႏိုႏိုကို ဒီႏိုင္ငံကေန ေခၚသြားမယ္။ သူ႕အလုပ္ေတြကို ဖ်က္ေပး " ဟန္ေဝသည္ CEO တစ္ေယာက္လိုေအးစက္စက္ျဖင့္ ေျပာလိုက္သည္။
ထိုစကားကိုၾကားလိုက္ရေတာ့ ဂ်က္ဆန္ စိတ္႐ႈပ္သြားရသည္။ "ဒါဆို စီစဥ္ၿပီးသားအလုပ္ေတြကေကာ?"
"ငါက ဘယ္လိုလုပ္သိမွာလဲ!" ဟန္ေဝက သူ႕ထက္ပင္ ပိုစိတ္ဆိုးလာရသည္။
" လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းကေန ႏိုႏိုက မင္းအတြက္ ပိုက္ဆံေတြ အမ်ားႀကီး ႐ွာေပးလာတာ။အခု အားလပ္ရက္ေလးယူတာ ဘာျဖစ္တာလဲ? မင္းဒီအေၾကာင္းကို ဆက္ေျပာေနမယ္ဆိုရင္ ငါ မင္းကို႐ိုက္ပစ္မယ္! "
ဂ်က္ဆန္သည္ ခ်က္ခ်င္းပင္ သူ႕မ်က္ႏွာမွမ်က္ရည္ေတြစီးက်လာေတာ့မည္ကို ခံစားလိုက္ရသည္။သူပုန္ေတြဆိုတာ တကယ္ကို အက်ိဳးအေၾကာင္း မစဥ္းစားတတ္တဲ့ ေကာင္ေတြပဲ!