Unicode
သူ့နာမည်က မောင် ။
မေ ဆိုတဲ့ ကလေးမလေးရဲ့ အမြွှာအစ်ကိုဖြစ်သူပေါ့။
အမြွှာဆိုတဲ့အတိုင်း ရုပ်ချင်းအတော်တူသည်။ မျက်လုံးဝိုင်းဝိုင်း နက်နက်ကလေး နဲ့ ပါးဖောင်းဖောင်းလေးတို့က အလွန် ချစ်စရာကောင်းသလို နှာတံစင်းစင်း ၊ နှုတ်ခမ်းဖူးဖူးလေးကလည်း တွေ့တဲ့သူတိုင်း ပြန်ငေးကြည့်ရတာပင်။
အစိတ်အပိုင်းအားလုံး အကုန်တူပြီး ကွဲပြားတာဆို၍ ယောက်ျားလေးနှင့် မိန်းကလေးသာပင်။ နှစ်ယောက်စလုံး ဖြူဖြူသန့်သန့် ရုပ်ရည်လေးများကို ပိုင်ဆိုင်ထားကြသည်။
မောင်တို့ မိဘတွေက တစ်နေ့လုပ်တစ်နေ့စား ကြုံရာကျပန်း လုပ်တဲ့သူတွေပါ ။ ဒါပေမယ့် မြို့နယ်ဆရာဝန်ကြီး၏ ကောင်းမှုကြောင့် ဆေးရုံဝိုင်းကြီးထဲမှာ နေစရာအိမ်ကလေးတစ်လုံးရပြီး အလုပ်ကတော့ ဆရာဝန်ကြီး၏ အိမ်သန့်ရှင်းရေး ၊ ဆေးရုံထဲမှာ လုပ်အားကို အသုံးပြုရတဲ့ အလုပ်တွေ မျိုးစုံလုပ်ရတာပေါ့။
ဆင်းရဲတယ် ပြီးတော့ ကလေးက အမြွှာနှစ်ယောက် ။ မေလေးက မွေးကတည်းက ခြေထောက်တစ်ဖက်က သိမ် (တို)နေ၍ လမ်းလျှောက်ရတာ ထော့နဲ့နဲ့ မို့ အားငယ်တတ်သူလေးပါ ။ ဒါပေမယ့် ဉာဏ်ကတော့ အလွန်ကောင်း။ ဆေးရုံဝိုင်းထဲက ဝန်ထမ်းမိသားစုများ၏ အချစ်တော်လေးပင်။
ဒါဆို မောင်ကကော ။ မောင်က ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ ဉာဏ်ကတော့ တကယ်မကောင်းပါဘူး ။ အတန်းထဲမှာလည်း နောက်ကနေရေတွက်ရင် အဆင့် ၃ လောက်ရလေတော့ မောင်က မေလောက် မျက်နှာပန်းမလှဘူးပေါ့။
မောင့်မိဘတွေက သူတို့ငယ်စဥ်ကတည်းက ပညာမတတ်ခဲ့၍ မောင်တို့ကို စာအရမ်းတတ်စေချင်သည်။ ထို့အတွက် စာတော်သော မေ့ကို အလွန်မျက်နှာသာ ပေးကြသည်လေ ။ မကျန်းမာတဲ့သူလေးမို့ အချစ်ပိုကြကာ ဂရုစိုက်ကြရင်း မောင့်ကို တဖြေးဖြေးမေ့လာကြသည်ထင်။
အစပိုင်းက သိပ်မသိသာပေမယ့် မောင်ကတော့ သတိထားမိလာတယ် ။ မေနဲ့ ကလေးတို့ သဘာဝ ရန်ဖြစ်လို့ မောင် မှန်နေရင်တောင်မှ မောင့်ကိုပဲ ဖိဆူကြတာ၊ ရိုက်ကြတာ မေစိတ်ကျေနပ်ဖို့ပေါ့ ။ မေလေးအတွက်တော့ ချော့မြူစရာတွေပဲ ရခဲ့တာပါ။ နောက်ပိုင်းမှာတော့ မောင် ဘာမှ ဖြေရှင်းမပြဘဲ မထုံတတ်တေး နေတတ်လာတဲ့ အကျင့်လေး ပေါ်လာတော့တာပဲ ။
မေ့ကိုမုန်းလားဆို မမုန်းပါဘူး ။မေက သူအရင်းနှီးဆုံး အချစ်ရဆုံး.ညီမလေးလေ။
တခါတလေ မောင့်မေမေပြောတဲ့စကားတွေက မောင့်ရင်ထဲကို အလွန်နာကျင်မိတယ် ။
"ငါက မိန်းကလေးသာ လိုချင်တာတော် ၊ တကတည်း ယောက်ျားလေးကပါ ကပ်ပါလာသေးတယ် ၊ စားစရာမရှိပါဘူးဆို ပါးစပ်တစ်ပေါက်က ထပ်တိုးနေသေးတော်"
မောင့်ကို မလိုချင်ကြဘူးလား ။ မောင့်ဖေဖေကလည်း အတူတူပါပဲ ။
"ငါ့သမီး မေလေးက တော်လိုက်တာ ၊ ဒီကမ္ဘာပေါ်မှာ မေလေးကို အချစ်ဆုံး ၊ ဟေ့ကောင် ငမောင် မင်းလည်း တော်အောင်ကြိုးစားစမ်းပါ ၊ အမြဲ ဓားမနောက်ပိတ်လုပ်မနေနဲ့ သုံးစားမရတဲ့ကောင် "
တကယ်ပဲ မောင့်ကို အလိုမရှိကြဘူးထင်ပါတယ် ။ မောင့်စကားကို အလေးမထားကြဘူးပဲ ။ မေနဲ့ ရန်ဖြစ်တာတောင် မောင့်ဖြေရှင်းချက်ကို နားထောင်မပေး ၊ မေ့စကားသာ အတည်ယူကြတဲ့ မောင့်မိဘတွေကော ပတ်ဝန်းကျင်ကပါ မောင့်ကို အရေးမလုပ်ကြ ။
နောက်ပိုင်းမှာ မောင် အနေအေးလာတယ် ။ ဘာလို့လဲ ။ မောင့်စကားကို နားထောင်ပေးမယ့်သူ မရှိခဲ့လို့ပါ။
မောင် ပြုံးပြုံးလေးနေပြီး လူတိုင်းကို သည်းခံတတ်လာတယ်။ လိုတာထပ် ပိုမပြောဖြစ်တော့ပေ။ အရာရာမှာ မတော်တော့လဲ သည်းခံမှုက အကောင်းဆုံးပဲမလား ။ အဲ့သည်းခံမှုကလည်း အရာမဝင်ဘူးထင်ပါတယ် ။ လူတွေနဲ့ ပိုပိုဝေးလာသလိုပါပဲ။
ဘာလို့လဲ ... မောင်ချစ်တဲ့သူတွေ မောင့်ကို ချစ်တာခံချင်ရုံလေးပါ ။ မောင်လည်း အချစ်ခံရဖို့ ထိုက်တန်တယ် မဟုတ်ဘူးလား ။
.......
"ကလေး....ဒီမှာ တစ်ယောက်ထဲ ဘာလို့ ငိုနေတာလဲ "
သည်းခံမှုဆိုတာက အတိုင်းအတာရှိတယ်မဟုတ်လား ။ ရင်ထဲမှာ သိမ်းထားတာတွေ များလာတဲ့အခါမှာ တနေ့နေ့တော့ ပေါက်ထွက်လာနိုင်တာပဲ ။
မောင်လည်း ရင်ထဲအတော်ကို မွန်းကြပ်လာပါပြီ ။ မွန်းကြပ်မှုကို ဖြေလျော့ဖို့က ၇နှစ်သား အရွယ်သာရှိသေးတဲ့ မောင့်အတွက် ငိုဖို့ကလွဲပြီး မသိခဲ့ပါဘူး ။
....
တနေ့မှာ မောင်လူတစ်ယောက်ကို တွေခဲ့တယ် ။အဲ့နောက်ပိုင်း မငိုဖြစ်တော့ပါဘူး။
မောင်က ဒူးလေးနှစ်ဖက်ထောင်ထားတာကို.လက်လေးနှစ်ဖက်နဲ့ ပိုက်ထားပြီး ငိုနေတာကို သူကတော့ မောင့်ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး ကြည့်ခဲ့နေတာပါ။
"ကလေးလေး ဘာလို့ဒီနားလာငိုနေရတာလဲ"
မောင်တို့ကို ဆေးရုံအုပ်ကြီးက ဆေးရုံထဲမှာ အခန်းလေးတစ်ခန်းပေးပြီး နေခွင့်ပေးတယ်လေ။ ဒီတော့ ဆေးရုံဝိုင်းကြီးထဲမှာ မောင်ငိုလို့ အကောင်းဆုံးနေရာက ဆေးရုံပန်းခြံရဲ့ ဇွန်ပန်းရုံကြီး အောက်မှာပေါ့။ ပန်းခြံရဲ့ ထောင့်၊ ချောင်ကျကျမှာရှိနေပြီး မောင်ထိုင်နေရင်တောင် ဘယ်သူမှ မမြင်ရဘူးလေ။
မောင် သူ့ကို ကြည့်လိုက်တယ် ။ မျက်ရည်တွေကြောင့် သူ့မျက်နှာက ဝါးတားတားပါ။
"ဦးက ဘယ်သူလဲ "
ထိုလူက သဘောတကျရယ်တယ် ။ပြီးမှ
"ကိုယ်တော့ မင်းနဲ့တွေ့မှပဲ ဦး ဖြစ်သွားတော့တယ် "
မျက်ရည်တွေ တဖြေးဖြေးလိမ့်ဆင်းသွားတော့ သူ့မျက်နှာကို သေချာမြင်ရပါပြီ ။
မျက်ခုံးထူထူ မျက်ဝန်းနက်နက် နှာတံက ဖြောင့်စင်းနေလေသည်။ မထူးမပါးသော နှုတ်ခမ်းလေးက အနည်းငယ်တွန့်ကွေးရုံမျှ ပြုံးပြနေပြီး သူ့အပြုံးက ကြည်လင်လွန်းသည်။
ဦးအရွယ်မဟုတ်သေးပေမယ့် မောင့်ထပ် ၁၀နှစ်လောက်ကြီးမည့်ပုံဆိုတော့ ခေါ်လို့ရတယ်မလား ။ မောင့်ဦးနှောက်ကို တအားအလုပ်မလုပ်နိုင်သေးဘူး ။
"ခေါ်လို့ မရဘူးလားဟင်"
မောင်က ရှိုက်နေတုန်းပါ။ ရှိုက်သံရောနေတဲ့ အသံလေးနဲ့ မေးလိုက်တယ်။
"ရပါတယ်ကွာ၊ ဒါနဲ့ ကလေးက ဘာလို့ လာငိုနေတာလဲ မေမေတို့ကို ရှာမတွေ့လို့လား ၊ လူနာ လာစောင့်တာလား"
"မဟုတ်ပါဘူး မောင်တို့က ဒီဆေးရုံကြီးထဲမှာပဲ နေတာပါ"
"ဒါဆို မေမေက ရိုက်လို့လား "
"ဟုတ်ဘူးဗျ မောင်ဝမ်းနည်းေနလို့ပါ"
"ဟောဗျာ... ကလေးကို ဘယ်သူက ဝမ်းနည်းအောင်လုပ်လိုက်တာလဲ ဦးကိုပြော ဦးက သွားဆူပေးမယ်"
"မောင်က မတော်လို့ပါ မောင်က တအားညံ့လို့ ၊ မောင့်ကိုဆို ဘယ်သူမှ တော်တယ်လို့ မပြောကြဘူး ၊ ဒီနေရာမှာ တခုခုဆို့နေသလို ခံစားရလို့ ငိုလိုက်တာပါ"
မောင်က သူ့ရင်ဘတ်ကလေးကို ပုတ်ပြလိုက်သည်။ ထိုလူက မောင့်ပုခုံးကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ရင်း..
"မငိုပါနဲ့တော့ ကလေးရဲ့၊ နော်....
လူဆိုတာ အရေးအကြီးဆုံးက ကိုယ့်ကိုယ့်ကို အသိအမှတ်ပြုနေနိုင်ဖို့ပဲ ၊ အခြားသူတွေရဲ့ အမြင်မှာ ကိုယ်က ဘာကြီးပဲ.ဖြစ်နေဖြစ်နေ ကိုယ့်ကိုယ်ကိုလောက် ဘယ်သူမှ မသိဘူး ၊ ဒါကြောင့် ကိုယ့်ကိုယ်ကို မသိမ်ငယ်ပါနဲ့.. နော်..ကလေးက တော်ပါတယ် ၊ ဘယ်တော့ မတော်ဘူးလို့ တွေးပြီး မငိုနဲ့ ၊ ငိုတာ မကောင်းဘူး.သိလား"
သူပြောတာကို မောင်သိပ်နားမလည်ပါဘူး ။ မောင်သိတာက သူမောင့်ကို တော်တယ် ၊ ငိုတာမကောင်းဘူးလို့ပဲ ပြောတာပါ။ နောက်ဆုံးတော့ မောင့်ကို တော်တယ်လို့ပြောတဲ့သူတစ်ယောက် ရှိသွားပြီ။
"ဟုတ် ဦး"
"ကလေးနာမည်က မောင်တဲ့လား "
"ဟုတ် "
"မောင်တစ်လုံးထဲပဲလား "
"ဟုတ် မောင့်မှာ ညီမလေးလည်း ရှိတယ် သူက မေ တဲ့ "
"မောင်နဲ့မေတဲ့လား နာမည်လေးတွေက လှလိုက်တာ.. ဦးနာမည်က လောင်းရိပ်ရင်ခွင်တဲ့ "
"ဟင်! ဦးလောင်းရိပ်ရင်ခွင်တဲ့လား နာမည်ကလည်း ဘယ်လိုကြီးလဲ အရှည်ကြီးပဲ "
"ဦးရိပ်လို့ပဲ ခေါ်ပေါ့ မောင် ရဲ့ "
"ဟုတ် ဦးရိပ် ၊ ဦးရိပ်ကိုလေ မောင်အများကြီး ကျေးဇူးတင်တယ် သိလား"
"ဘာလို့လဲ မောင်ရဲ့ "
"မောင့်ကို မေကလွဲလို့ ဘယ်သူမှ မောင်လို့ ခေါ်ကြဘူး ေလ၊ ငမောင်လို့ပဲ ခေါ်ကြတာ ၊ အဲ့နာမည်ကြီးကို မောင်မကြိုက်ဘူး "
"ဒါဆို ကိုယ်က ကလေးကို မောင်လို့ ခေါ်ပေးမှာပေါ့ ခေါ်လို့ရတယ်မလား"
"ဟုတ် "
မောင့် မျက်နှာလေး ရွှင်လာတော့ လောင်းရိပ် မောင့်ဘေးနားသို့ ဝင်ထိုင်လိုက်ကာ ဘောင်းဘီအိတ်ထဲမှ ပိုက်ချိုချဥ်လေးတစ်ခု ထုတ်ပေးလိုက်သည်။ မောင်က သူ့နှစ်ဖက်လက်သေးသေးလေးဖြင့် တရိုတသေယူသည်။
"ကေျးဇူးတင်ပါတယ် ဦးရိပ်"
လောင်းရိပ်က ချိုချဥ်ဖောက်နေသော မောင့်ဆံပင်နုနုကလေးများကို လက်ဖြင့်ဖွလိုက်ပြီး
"ငိုချင်ေနရင် အချိုစားရတယ်ကွ နောက်ခါတွေကျ ငိုချင်ရင် အချိုသာ စားလိုက် ပျောက်သွားရော "
"ဟုတ်လားဟင် ...ဦးရိပ်ကို ဘယ်သူပြောပြတာလဲ "
"ကိုယ့်မေမေက ပြောပြတာ ၊ ယောက်ျားလေးဆိုတာ အမြဲငိုမနေရဘူးတဲ့ ၊ ငိုချင်ရင် အချိုလေးစား စိတ်လေးလျှော့လိုက်တဲ့ "
"ဪ နောက်ဆို မောင်လည်း.ငိုချင်ရင် ချိုချဥ်ပဲ ဝယ်စားရမယ်"
"ဒါပေါ့ ၊ မောင်က ယောက်ျားပဲ အများကြီး မငိုရဘူး"
"မောင့်ကို ယောက်ျားလေးမှန်း လာကတည်းက သိတယ်လား "
မောင်က မျက်လုံးပြူးလေးနဲ့ မေးတော့ လောင်းရိပ်က ဘာဖြစ်လို့လဲဆိုသည့် ပုံဖြင့် မျက်ခုံးပင့်ပြသည်။
"မောင့်ကို မေနဲ့တူတယ်တဲ့ မောင်တို့ကို စတွေ့ဖူးတဲ့သူတွေက လူမှားတတ်တယ်၊ မောင်နဲ့မေက အမြွှာတွေလေ၊ ရုပ်ချင်းတအားတူတာ ၊ မေ့ကိုကျ လှပြီး မောင်ကျ မိန်းကလေးနဲ့တူတယ်တဲ့ ၊ မသိတဲ့သူတွေဆို မောင့်ကို မိန်းကလေးလို့ထင်ကြတာ ၊အခြောက်ကလေးလို့လည်း စကြတယ်"
" မောင်က အသက်ကြီးလာရင် တအားချောေတာ့မှာမို့ မနာလိုတဲ့သူတွေက ပြောကြတာနေမှာပါ"
"မေနဲ့တူတူ မိန်းကလေးလို ချောနေရင် အဆင်ပြေဘူးလေဗျာ ဦးရိပ်ကလည်း "
"ဟားဟား...ကြီးလာတော့ အရပ်ကြီးရှည်ပြီး ပိုပိုခန့်လာမှာ မောင်ရ၊ ကိုယ်လည်း.ငယ်ငယ်က မောင့်လိုပဲ မိန်းကလေးနဲ့တူတယ်လို့ ဖေဖေက ခဏခဏ စတာ၊ အခုကြည့် ကိုယ် မချောဘူးလား"
" ချောတယ်၊ ဦးရိပ်မျက်လုံးကို မောင်တအား သဘောကျတာပဲ မင်းသားတွေလိုမျိုး.မိုက်တယ်၊ ဘဘဆရာဝန်ကြီး ပြောသလို အမေးဇင်း "
"မောင်ကတော့ကွာ စကားတွေ တတ်နေလိုက်တာ"
လောင်းရိပ်က မောင့်ခေါင်းစုတ်ဖွားလေးကို ထပ်ဖွပြီး ရယ်လိုက်တော့ မောင်ကလည်း ပါးချိုင့်လေးခွက်နေအောင် ပြုံးပြလေသည်။
"အယ်..မောင့်မှာ ပါးချိုင့်လေး ပါတာပဲ "
"ဟုတ်တယ် မေ့မှာက ပါးနှစ်ဖက်တောင် ပါတာ မောင်က တစ်ဖက်တည်းရယ် "
"ဒါဆို မေနဲ့ မတူတဲ့အချက်ရှာတွေ့ပြီ "
"ဟုတ်တယ်နော်.... ဦးရိပ်က ဘယ်မှာနေတာလဲဟင်.. မောင် ဦးရိပ်ကို မမြင်ဖူးဘူး"
"ကိုယ်က ဒီက ဆေးရုံအုပ်ကြီးရဲ့ အိမ်ကို အလည်လာတာ၊ ဦးခင်မောင်ရင်ကို သိတယ်မလား "
"သိတယ်လေ ဘဘဆရာဝန်ကြီး ၊ မောင့်ကို အရမ်းချစ်တာ၊မုန့်တွေလည်း ဝယ်ကျွေးတယ် "
" မောင့်ကို မနာလိုတော့ဘူးကွာ ၊ ဖေဖေက ကိုယ့်ကို အလိုမလိုက်ဘူး "
"မောင်က ချစ်စရာကောင်းတာကိုး "
"လူတတ်ကလေးပဲ အသည်းတွေယားလာပြီ"
လောင်းရိပ်က မောင့်ခေါင်းကို ဖွပြီး ရယ်တော့ မောင်ပါလိုက်ရယ်သည်။
"မောင်ရေ....မောင် "
"အယ်..မေ့အသံကြားတယ် "
ပြောပြောဆိုဆိုနဲ့ မောင်က ဇွန်ပန်းရုံကြီးထဲမှ လောင်းရိပ်ကို လက်ဆွဲပြီး ထွက်လာခဲ့သည်။
မေလေးက သူတို့နှစ်ယောက်ကို ရပ်ကြည့်ရင်း
"မောင်...ဒီကိုကိုက ဘယ်သူလဲ ၊ ဆရာမက လူစိမ်းတွေကို သတိထားရမယ်လို့ ပြောထားတယ်လေ ၊ တော်ကြာ လူဆိုးကြီးဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ မုန့်တွေကျွေးပြီး ခေါ်သွားရင် ဘယ်လိုလုပ်မလဲ "
လောင်းရိပ်ကို ရှေ့မှာထားပြီး အားမနာတမ်း မကောင်းကြောင်း ပြောနေသော မေ့ကို ကြည့်ကာ လောင်းရိပ်ရယ်လိုက်မိသည်။ မောင်ကလည်း မေ့စကားကြောင့် ပြူးကြောင်ကြောင်လေး။
နှစ်ယောက်သာ ရုပ်ချင်းဆင်တူပေမယ့် မေက ဆရာမလေးပုံစံဖမ်းထားပြီး မောင်ကတော့ အရိုက်ခံရမဲ့ တပည့်အူတူတူလေးလို။
လောင်းရိပ် သဘောတကျ ပြုံးလိုက်ရင်း
"ဘယ်လိုလုပ်မလဲ ကိုယ်က မောင့်ကို မုန့်ကျွေးပြီးသွားပြီ အိမ်ကိုခေါ်သွားတော့မှာ၊ မေကော လိုက်ချင်လား "
လောင်းရိပ်ကို ဂရုမစိုက်အား ။သူ့အကိုကိုတော့ စိတ်ပူတတ်ပုံရသည်။
"မောင် တကယ်ကြီးလား "
"ကိုယ်က စတာပါကွာ... ကိုယ်က မေတို့ရဲ့ ဘဘဆရာဝန်ကြီးရဲ့သားပါ "
"ဟုတ်ဘဲနဲ့... မေတော့ တွေ့ဖူးပါဘူး "
လက်လျှော့ချင်ပုံမရသော ကလေးမလေးကတော့ မျက်လုံးလေးကို တောင်ကြည့်မြောက်ကြည့်နှင့် ပြန်ငြင်းနေလေသည်။
"ယံုအောင် ကိုယ်လိုက်ပြမယ်ကွာ ၊ ကဲ ဘဘဆရာဝန်ကြီးဆီ သွားကြမလား"
လောင်းရိပ်က လက်တစ်ဖက်ကို မောင်နှင့် တွဲထားသဖြင့် လွတ်နေသည့် လက်တစ်ဖက်အား မေ့အားကမ်းပေးလိုက်ရာ မေက မတွဲဘဲ မောင့်လက်ကိုသာ သွားတွဲလေသည်။
ဆရာမစကားတော်တော် နားထောင်တဲ့ကောင်မလေး။
သို့နှင့် ပန်းခြံ၏ ဘယ်ဘက်အခြမ်းတွင်ရှိသော ဆရာဝန်ကြီး၏ နေအိမ်သို့ ကလေးသုံးယောက် လက်တွဲ၍ သွားလေတော့သည်။
နောင်တစ်ချိန်မှာ သံယောဇဥ်တွေ ရစ်ပတ်ချည်နှောင်မိမယ်ဆိုတာတော့ ထိုသုံးယောက်တို့ မသိကြသေးပေ။
*************************************
Zawgyi
သူ႕နာမည္က ေမာင္ ။
ေမ ဆိုတဲ့ ကေလးမေလးရဲ႕ အႁမႊာအစ္ကိုျဖစ္သူေပါ့။
အႁမႊာဆိုတဲ့အတိုင္း ႐ုပ္ခ်င္းအေတာ္တူသည္။ မ်က္လုံးဝိုင္းဝိုင္း နက္နက္ကေလး နဲ႕ ပါးေဖာင္းေဖာင္းေလးတို႔က အလြန္ ခ်စ္စရာေကာင္းသလို ႏွာတံစင္းစင္း ၊ ႏႈတ္ခမ္းဖူးဖူးေလးကလည္း ေတြ႕တဲ့သူတိုင္း ျပန္ေငးၾကည့္ရတာပင္။
အစိတ္အပိုင္းအားလုံး အကုန္တူၿပီး ကြဲျပားတာဆို၍ ေယာက္်ားေလးႏွင့္ မိန္းကေလးသာပင္။ ႏွစ္ေယာက္စလုံး ျဖဴျဖဴသန့္သန့္ ႐ုပ္ရည္ေလးမ်ားကို ပိုင္ဆိုင္ထားၾကသည္။
ေမာင္တို႔ မိဘေတြက တစ္ေန႕လုပ္တစ္ေန႕စား ႀကဳံရာက်ပန္း လုပ္တဲ့သူေတြပါ ။ ဒါေပမယ့္ ၿမိဳ႕နယ္ဆရာဝန္ႀကီး၏ ေကာင္းမႈေၾကာင့္ ေဆး႐ုံဝိုင္းႀကီးထဲမွာ ေနစရာအိမ္ကေလးတစ္လုံးရၿပီး အလုပ္ကေတာ့ ဆရာဝန္ႀကီး၏ အိမ္သန့္ရွင္းေရး ၊ ေဆး႐ုံထဲမွာ လုပ္အားကို အသုံးျပဳရတဲ့ အလုပ္ေတြ မ်ိဳးစုံလုပ္ရတာေပါ့။
ဆင္းရဲတယ္ ၿပီးေတာ့ ကေလးက အႁမႊာႏွစ္ေယာက္ ။ ေမေလးက ေမြးကတည္းက ေျခေထာက္တစ္ဖက္က သိမ္ (တို)ေန၍ လမ္းေလွ်ာက္ရတာ ေထာ့နဲ႕နဲ႕ မို႔ အားငယ္တတ္သူေလးပါ ။ ဒါေပမယ့္ ဉာဏ္ကေတာ့ အလြန္ေကာင္း။ ေဆး႐ုံဝိုင္းထဲက ဝန္ထမ္းမိသားစုမ်ား၏ အခ်စ္ေတာ္ေလးပင္။
ဒါဆို ေမာင္ကေကာ ။ ေမာင္က က်န္းမာတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတာပါ။ ဒါေပမဲ့ ဉာဏ္ကေတာ့ တကယ္မေကာင္းပါဘူး ။ အတန္းထဲမွာလည္း ေနာက္ကေနေရတြက္ရင္ အဆင့္ ၃ ေလာက္ရေလေတာ့ ေမာင္က ေမေလာက္ မ်က္ႏွာပန္းမလွဘူးေပါ့။
ေမာင့္မိဘေတြက သူတို႔ငယ္စဥ္ကတည္းက ပညာမတတ္ခဲ့၍ ေမာင္တို႔ကို စာအရမ္းတတ္ေစခ်င္သည္။ ထို႔အတြက္ စာေတာ္ေသာ ေမ့ကို အလြန္မ်က္ႏွာသာ ေပးၾကသည္ေလ ။ မက်န္းမာတဲ့သူေလးမို႔ အခ်စ္ပိုၾကကာ ဂ႐ုစိုက္ၾကရင္း ေမာင့္ကို တေျဖးေျဖးေမ့လာၾကသည္ထင္။
အစပိုင္းက သိပ္မသိသာေပမယ့္ ေမာင္ကေတာ့ သတိထားမိလာတယ္ ။ ေမနဲ႕ ကေလးတို႔ သဘာဝ ရန္ျဖစ္လို႔ ေမာင္ မွန္ေနရင္ေတာင္မွ ေမာင့္ကိုပဲ ဖိဆူၾကတာ၊ ရိုက္ၾကတာ ေမစိတ္ေက်နပ္ဖို႔ေပါ့ ။ ေမေလးအတြက္ေတာ့ ေခ်ာ့ျမဴစရာေတြပဲ ရခဲ့တာပါ။ ေနာက္ပိုင္းမွာေတာ့ ေမာင္ ဘာမွ ေျဖရွင္းမျပဘဲ မထုံတတ္ေတး ေနတတ္လာတဲ့ အက်င့္ေလး ေပၚလာေတာ့တာပဲ ။
ေမ့ကိုမုန္းလားဆို မမုန္းပါဘူး ။ေမက သူအရင္းႏွီးဆုံး အခ်စ္ရဆုံး.ညီမေလးေလ။
တခါတေလ ေမာင့္ေမေမေျပာတဲ့စကားေတြက ေမာင့္ရင္ထဲကို အလြန္နာက်င္မိတယ္ ။
"ငါက မိန္းကေလးသာ လိုခ်င္တာေတာ္ ၊ တကတည္း ေယာက္်ားေလးကပါ ကပ္ပါလာေသးတယ္ ၊ စားစရာမရွိပါဘူးဆို ပါးစပ္တစ္ေပါက္က ထပ္တိုးေနေသးေတာ္"
ေမာင့္ကို မလိုခ်င္ၾကဘူးလား ။ ေမာင့္ေဖေဖကလည္း အတူတူပါပဲ ။
"ငါ့သမီး ေမေလးက ေတာ္လိုက္တာ ၊ ဒီကမၻာေပၚမွာ ေမေလးကို အခ်စ္ဆုံး ၊ ေဟ့ေကာင္ ငေမာင္ မင္းလည္း ေတာ္ေအာင္ႀကိဳးစားစမ္းပါ ၊ အၿမဲ ဓားမေနာက္ပိတ္လုပ္မေနနဲ႕ သုံးစားမရတဲ့ေကာင္ "
တကယ္ပဲ ေမာင့္ကို အလိုမရွိၾကဘူးထင္ပါတယ္ ။ ေမာင့္စကားကို အေလးမထားၾကဘူးပဲ ။ ေမနဲ႕ ရန္ျဖစ္တာေတာင္ ေမာင့္ေျဖရွင္းခ်က္ကို နားေထာင္မေပး ၊ ေမ့စကားသာ အတည္ယူၾကတဲ့ ေမာင့္မိဘေတြေကာ ပတ္ဝန္းက်င္ကပါ ေမာင့္ကို အေရးမလုပ္ၾက ။
ေနာက္ပိုင္းမွာ ေမာင္ အေနေအးလာတယ္ ။ ဘာလို႔လဲ ။ ေမာင့္စကားကို နားေထာင္ေပးမယ့္သူ မရွိခဲ့လို႔ပါ။
ေမာင္ ၿပဳံးၿပဳံးေလးေနၿပီး လူတိုင္းကို သည္းခံတတ္လာတယ္။ လိုတာထပ္ ပိုမေျပာျဖစ္ေတာ့ေပ။ အရာရာမွာ မေတာ္ေတာ့လဲ သည္းခံမႈက အေကာင္းဆုံးပဲမလား ။ အဲ့သည္းခံမႈကလည္း အရာမဝင္ဘူးထင္ပါတယ္ ။ လူေတြနဲ႕ ပိုပိုေဝးလာသလိုပါပဲ။
ဘာလို႔လဲ ... ေမာင္ခ်စ္တဲ့သူေတြ ေမာင့္ကို ခ်စ္တာခံခ်င္႐ုံေလးပါ ။ ေမာင္လည္း အခ်စ္ခံရဖို႔ ထိုက္တန္တယ္ မဟုတ္ဘူးလား ။
.......
"ကေလး....ဒီမွာ တစ္ေယာက္ထဲ ဘာလို႔ ငိုေနတာလဲ "
သည္းခံမႈဆိုတာက အတိုင္းအတာရွိတယ္မဟုတ္လား ။ ရင္ထဲမွာ သိမ္းထားတာေတြ မ်ားလာတဲ့အခါမွာ တေန႕ေန႕ေတာ့ ေပါက္ထြက္လာနိုင္တာပဲ ။
ေမာင္လည္း ရင္ထဲအေတာ္ကို မြန္းၾကပ္လာပါၿပီ ။ မြန္းၾကပ္မႈကို ေျဖေလ်ာ့ဖို႔က ၇ႏွစ္သား အ႐ြယ္သာရွိေသးတဲ့ ေမာင့္အတြက္ ငိုဖို႔ကလြဲၿပီး မသိခဲ့ပါဘူး ။
....
တေန႕မွာ ေမာင္လူတစ္ေယာက္ကို ေတြခဲ့တယ္ ။အဲ့ေနာက္ပိုင္း မငိုျဖစ္ေတာ့ပါဘူး။
ေမာင္က ဒူးေလးႏွစ္ဖက္ေထာင္ထားတာကို.လက္ေလးႏွစ္ဖက္နဲ႕ ပိုက္ထားၿပီး ငိုေနတာကို သူကေတာ့ ေမာင့္ေရွ႕မွာ ဒူးတစ္ဖက္ေထာက္ၿပီး ၾကည့္ခဲ့ေနတာပါ။
"ကေလးေလး ဘာလို႔ဒီနားလာငိုေနရတာလဲ"
ေမာင္တို႔ကို ေဆး႐ုံအုပ္ႀကီးက ေဆး႐ုံထဲမွာ အခန္းေလးတစ္ခန္းေပးၿပီး ေနခြင့္ေပးတယ္ေလ။ ဒီေတာ့ ေဆး႐ုံဝိုင္းႀကီးထဲမွာ ေမာင္ငိုလို႔ အေကာင္းဆုံးေနရာက ေဆး႐ုံပန္းၿခံရဲ႕ ဇြန္ပန္း႐ုံႀကီး ေအာက္မွာေပါ့။ ပန္းၿခံရဲ႕ ေထာင့္၊ ေခ်ာင္က်က်မွာရွိေနၿပီး ေမာင္ထိုင္ေနရင္ေတာင္ ဘယ္သူမွ မျမင္ရဘူးေလ။
ေမာင္ သူ႕ကို ၾကည့္လိုက္တယ္ ။ မ်က္ရည္ေတြေၾကာင့္ သူ႕မ်က္ႏွာက ဝါးတားတားပါ။
"ဦးက ဘယ္သူလဲ "
ထိုလူက သေဘာတက်ရယ္တယ္ ။ၿပီးမွ
"ကိုယ္ေတာ့ မင္းနဲ႕ေတြ႕မွပဲ ဦး ျဖစ္သြားေတာ့တယ္ "
မ်က္ရည္ေတြ တေျဖးေျဖးလိမ့္ဆင္းသြားေတာ့ သူ႕မ်က္ႏွာကို ေသခ်ာျမင္ရပါၿပီ ။
မ်က္ခုံးထူထူ မ်က္ဝန္းနက္နက္ ႏွာတံက ေျဖာင့္စင္းေနေလသည္။ မထူးမပါးေသာ ႏႈတ္ခမ္းေလးက အနည္းငယ္တြန့္ေကြး႐ုံမွ် ၿပဳံးျပေနၿပီး သူ႕အၿပဳံးက ၾကည္လင္လြန္းသည္။
ဦးအ႐ြယ္မဟုတ္ေသးေပမယ့္ ေမာင့္ထပ္ ၁၀ႏွစ္ေလာက္ႀကီးမည့္ပုံဆိုေတာ့ ေခၚလို႔ရတယ္မလား ။ ေမာင့္ဦးႏွောက္ကို တအားအလုပ္မလုပ္နိုင္ေသးဘူး ။
"ေခၚလို႔ မရဘူးလားဟင္"
ေမာင္က ရွိုက္ေနတုန္းပါ။ ရွိုက္သံေရာေနတဲ့ အသံေလးနဲ႕ ေမးလိုက္တယ္။
"ရပါတယ္ကြာ၊ ဒါနဲ႕ ကေလးက ဘာလို႔ လာငိုေနတာလဲ ေမေမတို႔ကို ရွာမေတြ႕လို႔လား ၊ လူနာ လာေစာင့္တာလား"
"မဟုတ္ပါဘူး ေမာင္တို႔က ဒီေဆး႐ုံႀကီးထဲမွာပဲ ေနတာပါ"
"ဒါဆို ေမေမက ရိုက္လို႔လား "
"ဟုတ္ဘူးဗ် ေမာင္ဝမ္းနည္းေနလို႔ပါ"
"ေဟာဗ်ာ... ကေလးကို ဘယ္သူက ဝမ္းနည္းေအာင္လုပ္လိုက္တာလဲ ဦးကိုေျပာ ဦးက သြားဆူေပးမယ္"
"ေမာင္က မေတာ္လို႔ပါ ေမာင္က တအားညံ့လို႔ ၊ ေမာင့္ကိုဆို ဘယ္သူမွ ေတာ္တယ္လို႔ မေျပာၾကဘူး ၊ ဒီေနရာမွာ တခုခုဆို႔ေနသလို ခံစားရလို႔ ငိုလိုက္တာပါ"
ေမာင္က သူ႕ရင္ဘတ္ကေလးကို ပုတ္ျပလိုက္သည္။ ထိုလူက ေမာင့္ပုခုံးကို လက္ႏွစ္ဖက္နဲ႕ ကိုင္လိုက္ရင္း..
"မငိုပါနဲ႕ေတာ့ ကေလးရဲ႕၊ ေနာ္....
လူဆိုတာ အေရးအႀကီးဆုံးက ကိုယ့္ကိုယ့္ကို အသိအမွတ္ျပဳေနနိုင္ဖို႔ပဲ ၊ အျခားသူေတြရဲ႕ အျမင္မွာ ကိုယ္က ဘာႀကီးပဲ.ျဖစ္ေနျဖစ္ေန ကိုယ့္ကိုယ္ကိုေလာက္ ဘယ္သူမွ မသိဘူး ၊ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို မသိမ္ငယ္ပါနဲ႕.. ေနာ္..ကေလးက ေတာ္ပါတယ္ ၊ ဘယ္ေတာ့ မေတာ္ဘူးလို႔ ေတြးၿပီး မငိုနဲ႕ ၊ ငိုတာ မေကာင္းဘူး.သိလား"
သူေျပာတာကို ေမာင္သိပ္နားမလည္ပါဘူး ။ ေမာင္သိတာက သူေမာင့္ကို ေတာ္တယ္ ၊ ငိုတာမေကာင္းဘူးလို႔ပဲ ေျပာတာပါ။ ေနာက္ဆုံးေတာ့ ေမာင့္ကို ေတာ္တယ္လို႔ေျပာတဲ့သူတစ္ေယာက္ ရွိသြားၿပီ။
"ဟုတ္ ဦး"
"ကေလးနာမည္က ေမာင္တဲ့လား "
"ဟုတ္ "
"ေမာင္တစ္လုံးထဲပဲလား "
"ဟုတ္ ေမာင့္မွာ ညီမေလးလည္း ရွိတယ္ သူက ေမ တဲ့ "
"ေမာင္နဲ႕ေမတဲ့လား နာမည္ေလးေတြက လွလိုက္တာ.. ဦးနာမည္က ေလာင္းရိပ္ရင္ခြင္တဲ့ "
"ဟင္! ဦးေလာင္းရိပ္ရင္ခြင္တဲ့လား နာမည္ကလည္း ဘယ္လိုႀကီးလဲ အရွည္ႀကီးပဲ "
"ဦးရိပ္လို႔ပဲ ေခၚေပါ့ ေမာင္ ရဲ႕ "
"ဟုတ္ ဦးရိပ္ ၊ ဦးရိပ္ကိုေလ ေမာင္အမ်ားႀကီး ေက်းဇူးတင္တယ္ သိလား"
"ဘာလို႔လဲ ေမာင္ရဲ႕ "
"ေမာင့္ကို ေမကလြဲလို႔ ဘယ္သူမွ ေမာင္လို႔ ေခၚၾကဘူး ေလ၊ ငေမာင္လို႔ပဲ ေခၚၾကတာ ၊ အဲ့နာမည္ႀကီးကို ေမာင္မႀကိဳက္ဘူး "
"ဒါဆို ကိုယ္က ကေလးကို ေမာင္လို႔ ေခၚေပးမွာေပါ့ ေခၚလို႔ရတယ္မလား"
"ဟုတ္ "
ေမာင့္ မ်က္ႏွာေလး ႐ႊင္လာေတာ့ ေလာင္းရိပ္ ေမာင့္ေဘးနားသို႔ ဝင္ထိုင္လိုက္ကာ ေဘာင္းဘီအိတ္ထဲမွ ပိုက္ခ်ိဳခ်ဥ္ေလးတစ္ခု ထုတ္ေပးလိုက္သည္။ ေမာင္က သူ႕ႏွစ္ဖက္လက္ေသးေသးေလးျဖင့္ တရိုတေသယူသည္။
"ေက်းဇူးတင္ပါတယ္ ဦးရိပ္"
ေလာင္းရိပ္က ခ်ိဳခ်ဥ္ေဖာက္ေနေသာ ေမာင့္ဆံပင္ႏုႏုကေလးမ်ားကို လက္ျဖင့္ဖြလိုက္ၿပီး
"ငိုခ်င္ေနရင္ အခ်ိဳစားရတယ္ကြ ေနာက္ခါေတြက် ငိုခ်င္ရင္ အခ်ိဳသာ စားလိုက္ ေပ်ာက္သြားေရာ "
"ဟုတ္လားဟင္ ...ဦးရိပ္ကို ဘယ္သူေျပာျပတာလဲ "
"ကိုယ့္ေမေမက ေျပာျပတာ ၊ ေယာက္်ားေလးဆိုတာ အၿမဲငိုမေနရဘူးတဲ့ ၊ ငိုခ်င္ရင္ အခ်ိဳေလးစား စိတ္ေလးေလွ်ာ့လိုက္တဲ့ "
"ဪ ေနာက္ဆို ေမာင္လည္း.ငိုခ်င္ရင္ ခ်ိဳခ်ဥ္ပဲ ဝယ္စားရမယ္"
"ဒါေပါ့ ၊ ေမာင္က ေယာက္်ားပဲ အမ်ားႀကီး မငိုရဘူး"
"ေမာင့္ကို ေယာက္်ားေလးမွန္း လာကတည္းက သိတယ္လား "
ေမာင္က မ်က္လုံးျပဴးေလးနဲ႕ ေမးေတာ့ ေလာင္းရိပ္က ဘာျဖစ္လို႔လဲဆိုသည့္ ပုံျဖင့္ မ်က္ခုံးပင့္ျပသည္။
"ေမာင့္ကို ေမနဲ႕တူတယ္တဲ့ ေမာင္တို႔ကို စေတြ႕ဖူးတဲ့သူေတြက လူမွားတတ္တယ္၊ ေမာင္နဲ႕ေမက အႁမႊာေတြေလ၊ ႐ုပ္ခ်င္းတအားတူတာ ၊ ေမ့ကိုက် လွၿပီး ေမာင္က် မိန္းကေလးနဲ႕တူတယ္တဲ့ ၊ မသိတဲ့သူေတြဆို ေမာင့္ကို မိန္းကေလးလို႔ထင္ၾကတာ ၊အေျခာက္ကေလးလို႔လည္း စၾကတယ္"
" ေမာင္က အသက္ႀကီးလာရင္ တအားေခ်ာေတာ့မွာမို႔ မနာလိုတဲ့သူေတြက ေျပာၾကတာေနမွာပါ"
"ေမနဲ႕တူတူ မိန္းကေလးလို ေခ်ာေနရင္ အဆင္ေျပဘူးေလဗ်ာ ဦးရိပ္ကလည္း "
"ဟားဟား...ႀကီးလာေတာ့ အရပ္ႀကီးရွည္ၿပီး ပိုပိုခန့္လာမွာ ေမာင္ရ၊ ကိုယ္လည္း.ငယ္ငယ္က ေမာင့္လိုပဲ မိန္းကေလးနဲ႕တူတယ္လို႔ ေဖေဖက ခဏခဏ စတာ၊ အခုၾကည့္ ကိုယ္ မေခ်ာဘူးလား"
" ေခ်ာတယ္၊ ဦးရိပ္မ်က္လုံးကို ေမာင္တအား သေဘာက်တာပဲ မင္းသားေတြလိုမ်ိဳး.မိုက္တယ္၊ ဘဘဆရာဝန္ႀကီး ေျပာသလို အေမးဇင္း "
"ေမာင္ကေတာ့ကြာ စကားေတြ တတ္ေနလိုက္တာ"
ေလာင္းရိပ္က ေမာင့္ေခါင္းစုတ္ဖြားေလးကို ထပ္ဖြၿပီး ရယ္လိုက္ေတာ့ ေမာင္ကလည္း ပါးခ်ိဳင့္ေလးခြက္ေနေအာင္ ၿပဳံးျပေလသည္။
"အယ္..ေမာင့္မွာ ပါးခ်ိဳင့္ေလး ပါတာပဲ "
"ဟုတ္တယ္ ေမ့မွာက ပါးႏွစ္ဖက္ေတာင္ ပါတာ ေမာင္က တစ္ဖက္တည္းရယ္ "
"ဒါဆို ေမနဲ႕ မတူတဲ့အခ်က္ရွာေတြ႕ၿပီ "
"ဟုတ္တယ္ေနာ္.... ဦးရိပ္က ဘယ္မွာေနတာလဲဟင္.. ေမာင္ ဦးရိပ္ကို မျမင္ဖူးဘူး"
"ကိုယ္က ဒီက ေဆး႐ုံအုပ္ႀကီးရဲ႕ အိမ္ကို အလည္လာတာ၊ ဦးခင္ေမာင္ရင္ကို သိတယ္မလား "
"သိတယ္ေလ ဘဘဆရာဝန္ႀကီး ၊ ေမာင့္ကို အရမ္းခ်စ္တာ၊မုန့္ေတြလည္း ဝယ္ေကြၽးတယ္ "
" ေမာင့္ကို မနာလိုေတာ့ဘူးကြာ ၊ ေဖေဖက ကိုယ့္ကို အလိုမလိုက္ဘူး "
"ေမာင္က ခ်စ္စရာေကာင္းတာကိုး "
"လူတတ္ကေလးပဲ အသည္းေတြယားလာၿပီ"
ေလာင္းရိပ္က ေမာင့္ေခါင္းကို ဖြၿပီး ရယ္ေတာ့ ေမာင္ပါလိုက္ရယ္သည္။
"ေမာင္ေရ....ေမာင္ "
"အယ္..ေမ့အသံၾကားတယ္ "
ေျပာေျပာဆိုဆိုနဲ႕ ေမာင္က ဇြန္ပန္း႐ုံႀကီးထဲမွ ေလာင္းရိပ္ကို လက္ဆြဲၿပီး ထြက္လာခဲ့သည္။
ေမေလးက သူတို႔ႏွစ္ေယာက္ကို ရပ္ၾကည့္ရင္း
"ေမာင္...ဒီကိုကိုက ဘယ္သူလဲ ၊ ဆရာမက လူစိမ္းေတြကို သတိထားရမယ္လို႔ ေျပာထားတယ္ေလ ၊ ေတာ္ၾကာ လူဆိုးႀကီးျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ၊ မုန့္ေတြေကြၽးၿပီး ေခၚသြားရင္ ဘယ္လိုလုပ္မလဲ "
ေလာင္းရိပ္ကို ေရွ႕မွာထားၿပီး အားမနာတမ္း မေကာင္းေၾကာင္း ေျပာေနေသာ ေမ့ကို ၾကည့္ကာ ေလာင္းရိပ္ရယ္လိုက္မိသည္။ ေမာင္ကလည္း ေမ့စကားေၾကာင့္ ျပဴးေၾကာင္ေၾကာင္ေလး။
ႏွစ္ေယာက္သာ ႐ုပ္ခ်င္းဆင္တူေပမယ့္ ေမက ဆရာမေလးပုံစံဖမ္းထားၿပီး ေမာင္ကေတာ့ အရိုက္ခံရမဲ့ တပည့္အူတူတူေလးလို။
ေလာင္းရိပ္ သေဘာတက် ၿပဳံးလိုက္ရင္း
"ဘယ္လိုလုပ္မလဲ ကိုယ္က ေမာင့္ကို မုန့္ေကြၽးၿပီးသြားၿပီ အိမ္ကိုေခၚသြားေတာ့မွာ၊ ေမေကာ လိုက္ခ်င္လား "
ေလာင္းရိပ္ကို ဂ႐ုမစိုက္အား ။သူ႕အကိုကိုေတာ့ စိတ္ပူတတ္ပုံရသည္။
"ေမာင္ တကယ္ႀကီးလား "
"ကိုယ္က စတာပါကြာ... ကိုယ္က ေမတို႔ရဲ႕ ဘဘဆရာဝန္ႀကီးရဲ႕သားပါ "
"ဟုတ္ဘဲနဲ႕... ေမေတာ့ ေတြ႕ဖူးပါဘူး "
လက္ေလွ်ာ့ခ်င္ပုံမရေသာ ကေလးမေလးကေတာ့ မ်က္လုံးေလးကို ေတာင္ၾကည့္ေျမာက္ၾကည့္ႏွင့္ ျပန္ျငင္းေနေလသည္။
"ယံုေအာင္ ကိုယ္လိုက္ျပမယ္ကြာ ၊ ကဲ ဘဘဆရာဝန္ႀကီးဆီ သြားၾကမလား"
ေလာင္းရိပ္က လက္တစ္ဖက္ကို ေမာင္ႏွင့္ တြဲထားသျဖင့္ လြတ္ေနသည့္ လက္တစ္ဖက္အား ေမ့အားကမ္းေပးလိုက္ရာ ေမက မတြဲဘဲ ေမာင့္လက္ကိုသာ သြားတြဲေလသည္။
ဆရာမစကားေတာ္ေတာ္ နားေထာင္တဲ့ေကာင္မေလး။
သို႔ႏွင့္ ပန္းၿခံ၏ ဘယ္ဘက္အျခမ္းတြင္ရွိေသာ ဆရာဝန္ႀကီး၏ ေနအိမ္သို႔ ကေလးသုံးေယာက္ လက္တြဲ၍ သြားေလေတာ့သည္။
ေနာင္တစ္ခ်ိန္မွာ သံေယာဇဥ္ေတြ ရစ္ပတ္ခ်ည္ႏွောင္မိမယ္ဆိုတာေတာ့ ထိုသုံးေယာက္တို႔ မသိၾကေသးေပ။