Peculiarly System [Completed ]

By MaLaKaoYa

858K 90.4K 2.8K

Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More

Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)

Arc(5.7)

5.9K 736 43
By MaLaKaoYa


" ပိုင်ခုံချွဲ့ ရေ မြေ လေ မီး သစ် အလံတပ်၅ဖွဲ့လုံးကို သေချာလေ့ကျင့်ထားဖို့ပြောလိုက်ပါ မကြာခင်မှာ ယွီချွမ်ပြည်တော်ကို သိမ်းပိုက်ပြီး ဧကရာဇ်ပိုင်ဝူရိကို ဖြုတ်ချပစ်မယ် ''

သြဇာညောင်းလှသည့်အသံက ပိုင်ခုံချွဲ့၏ နားထဲမှာ တိုးဝင်နေသည်။

"ဟုတ်ကဲ့ ဂိုဏ်းချုပ် ''

သူမသည် အမြန်ပင် ထိုနေရာမှထွက်လာခဲ့လိုက်သည် ။ သူမအနေနဲ့ ဂိုဏ်းချုပ်ကြီး အား အလွန်ပင် ကြောက်ရပါသည်။
စိတ်မထင်လို့ ကြည့်လိုက်သည့်အကြည့်ကပင် သေလိုက်လို့ ပြောနေသလို ခံစားရသည်။

ဒေါင်းဖြူမယ်ထွက်သွားမှ ချွင်စန်း သက်ပြင်းချကာ စားပွဲပေါ်က လက်ဖက်ရည်ကြမ်းအား ငှဲ့လိုက်သည်။

" ရှောင်ဖုန်း ကိုယ်မင်းကို မကြာခင်မှာ ပိုင်ဆိုင်ရတော့မှာပါ အဲ့ဒီအခါကျရင် မင်းကိုယ့်ကို မောင်းထုတ်လို့မရတော့ဘူး
မင်းက ကိုယ့်အပိုင်ဖြစ်သွားပြီ ''

ချွင်စန်းသည် ရုတ်တရက် လေထုမငြိမ်မသက်ဖြစ်နေသည်အား သတိထားမိသွားသည်။ မကြာခင်မှာပဲ အိပ်ပျော်သွားပြီး သူ့၏ ကိုယ်ထဲက အလင်းတစ်ခုထွက်သွားလေသည်။

..................^-^...............

Space ထဲကို ရုတ်ချည်း ဆွဲခေါ်လာခဲ့သည့် မော့ယွဲ့ဖေးအား ဝမ်ရိပေါ်က စိတ်ထဲရှိတဲ့အတိုင်းဆို ဘောလုံးတစ်လုံးလို ပုတ်ပြီး အာကာသထဲပစ်ပေါက်လိုက်ချင်သည်။

"ယွဲ့ဖေး ဘာလို့ ငါ့ကို ခေါ်တာလဲ ''

"အစ်ကိုရိပေါ် အကူအညီတောင်းစာရောက်လာလို့ ''

"ယွဲ့ဖေး လီမုရုံနဲ့ မြန်မြန်လက်ထပ်ချင်နေပြီလား ''

"အဲ့ဒီ လီမုရုံနဲ့ မယူချင်ပါဘူးဗျာ အဲ့တာ အသာထားအုန်း အကူအညီတောင်းစာရောက်လာတယ် အဲ့တာ အစ်ကိုရိပေါ် ဒီကမ္ဘာကနေ မြန်မြန်ထွက်ရမယ် ''

"ဘယ်သူက အကူအညီတောင်းတာလဲ ''

"အစ်ကို့ရဲ့ မဟာမိတ်တစ်ယောက်က ''

"ပြီးရော ဒါပေမယ့် ငါက သွားလို့ မဖြစ်သေးဘူးလေ ရှောင်အာနဲ့ ချစ်ဖို့ကျန်သေးတယ် အပြည့်အဝမချစ်ရသေးဘူး ''

"အစ်ကိုရိပေါ် ...ဒါက အစစ်မဟုတ်ဘူးလေဗျာ''

"ဘာပဲဖြစ်ဖြစ် အာ မင်း.. မင်းကိုယ်တိုင် သွားလိုက် ''

" ကျွန်.. ကျွန်တော်??? အစ်ကိုရှောင်းက တစ်ယောက်တည်း ဖြစ်နေမှာပေါ့ ကျွန်တော် မရှိရင် ''

" ငါရှိတယ် မင်းစိတ်ချပါ ''

မော့ယွဲ့ဖေးက စိတ်ညစ်ညူးစွာ ခေါင်းညိတ်လိုက်ရသည် ။

.................^-^...............

ရှောင်းကျန့် တော်တော်လေးကို စိတ်ဆင်းရဲနေရသည်။

"Kitty!!!!''

".......''

"Kitty !!!''

"......''

"Kitty ရေ !!!''

ခေါ်နေပေမယ့် ရောက်မလာတဲ့ Kitty က အခုဆိုရင် ရှောင်းကျန့်အနားကနေပျောက်ချက်သားကောင်းနေသည်မှာ ၆လရှိပြီ ။

အချိန်ကောင်းမှာပဲ ဇာတ်လိုက်က မျက်နှာမသာမယာနဲ့ သူ့ထံလာနေတာကိုမြင်လိုက်ရသည်။

သို့သော် သူဟာ မျက်မမြင်တစ်ယောက်လို ဟန်ဆောင်ထားဆဲပင်။

ပုဝါနဲ့မျက်လုံးကိုမအုပ်ဘဲဒီအတိုင်းနေနေတဲ့ ကျိုးဝေ့ဖုန်းက မျက်မမြင်တစ်ယောက်ပါ ဟု ဘယ်လိုမှ ယုံကြည်ဖွယ်ရာမရှိဟု ပိုင်ဝူရိက တွေးလိုက်သည်။

သို့သော် ကျိုးဝေ့ဖုန်းက မျက်မမြင်တစ်ယောက်ဆိုတဲ့အမှန်တရားကပြောင်းလဲသွားမည်မဟုတ်ပေ။

"ဝေ့ဝေ့ ''

"အော် အရှင် ရောက်လာပြီပဲ ကျွန်တော်က မျှော်နေတာ ''

"ဝေ့ဝေ့ မျက်လုံးတွေအတွက် ကိုယ်အကောင်းဆုံးသမားတော်နဲ့ ကုသကြည့်ချင်တယ် လက်ခံပေးပါ ''

"ဘယ်လိုပြောရမလဲ ကျွန်တော်က ဒီအတိုင်းပဲ နေရတာ နေသားကျနေပြီမို့ မျက်စိတွေပြန်မကောင်းရင်တောင်မှ ဘာမှ မဖြစ်ပါဘူး အဲ့ဒီ အတွက်လည်း ကျွန်တော့် ခေါင်းထဲမှာ ဘယ်လိုမှ ဘာမှ တွေးတောပူပန်နေတာတွေမရှိလို့ အရှင် စိတ်မပူပါနဲ့ ''

"......''

ပိုင်ဝူရိက နူတ်ဆိတ်နေပြီး တစ်စုံတစ်ခုကို အသည်းအသန် စဉ်းစားနေပုံရတာကြောင့် ရှောင်းကျန့်က မသိချင်ယောင်ဆောင်နေလိုက်သည်။

တစ်ခါတစ်လေ အဲ့လိုမျိုး နေရတာက သူ့အတွက်အဆင်ပြေတာထက်ပိုသည်မို့ဒီလိုနေရတာကို သူပိုပြီးသဘောကျနေမိသည်။

" ဝေ့ဝေ့ ကိုယ်လုပ်တော်စူးကို ဘယ်လိုစီရင်ချင်လဲ ''

"ကိုယ်လုပ်တော်စူး သူမကဘာဖြစ်လို့လဲ''

"သူမက ဝေ့ဝေ့ကို လုပ်ကြံတဲ့သူပဲ ''

လက်ထဲက ရေနွေးကြမ်းပန်းကန်လုံးလေးက လွတ်ကျသွားပြီး ကွဲသွားသည် ။

တုန်လှုပ်နေပုံရသည့် ဝေ့ဖုန်း၏ အသွင်အပြင်က ပိုင်ဝူရိ၏ နှလုံးသားကို တနုံ့နုံ့နဲ့ နာကျင်စေသည်။

ဝေ့ဖုန်း၏ အဖြေကို စောင့်ဆိုင်းနေပေမယ့် အသံထွက်မလာသေးတာကြောင့် ပိုင်ဝူရိက သက်ပြင်းသာ ချမိတော့သည်။

" သူမကို ဘယ်လိုမှ မစီရင်ပါနဲ့ အရှင် လူတိုင်းက အမှားကင်းကြတာမှမဟုတ်ဘဲ ''

ရှောင်းကျန့်က တည်ငြိမ်စွာပဲဖြေလိုက်သည်။ Kitty ပြောပုံအရ သူအကုန်သိထားပြီးဖြစ်တာကြောင့် အခုလို ပိုင်ဝူရိ၏ ရှေ့မှာ သဘောဖြူအူစင်းသည့် အသွင်ဖြင့် မေတ္တာရှင်ကြီးလုပ်လိုက်သည်။

'ငါက ဇာတ်လိုက်ရှေ့မှာ ဘီလူးဇာတ် ကလို့ဘယ်ဖြစ်မလဲ ဖြူစင်တဲ့ မင်းသားလေးလုပ်ရမှာပေါ့ ကျန်တာက ငါ့လင်တာဝန်ယူလိမ့်မယ် '

ပိုင်ဝူရိမှာ သူ့ရှေ့က ရိုးသားဖြူစင်လွန်းသည့် ဝေ့ဖုန်း၏ ပုံစံကြောင့် အချစ်ပိုနေရသည်။
ကိုယ်လုပ်တော်စူး အား အလွတ်မပေးတော့ဘူး ဟု လည်း တေးမှတ်ထားလိုက်သည်။

ထို့နောက် ဝေ့ဖုန်းအား နူတ်ဆက်ကာ ပြန်သွားတော့သည် ။

"Kitty ရေ မင်းဘယ်မှာလဲကွာ ''

"ကျွန်တော် ရောက်ပါပြီ သခင် ''

ရုတ်တရက် ရင်ခွင်ထဲကနေ ဘွားခနဲပေါ်လာသည့် Kitty က တော်တော်ပိန်သွားသည်။

"Kitty မင်းဘယ်တွေသွားနေတာလဲ ကြည့်ပါအုန်း ကြောင်အိုကြီးဖြစ်နေပြီ ''

Kitty မှာတော့ အဲ့တာက သခင့် လင်ကြောင့်လေ ဟု ပြန်ပြီး ရန်တွေ့လိုက်ချင်ပေမယ့် အကြောင်းကြောင်းအရာရာကိုရိပ်မိသွားနိုင်တာကြောင့် ငြိမ်နေလိုက်သည်။

".......''

ရှောင်းကျန့်လည်းငြိမ်နေတဲ့ Kitty ကြောင့် အရိပ်အကဲနားလည်သူပီပီ ဆက်မပြောဘဲ ထားလိုက်သည် ။

"ကိုယ်လုပ်တော်ကျိုး ''

"ဘယ် ဘယ်သူလဲ ''

'သခင် အဲ့တာ ဇာတ်လိုက်မ '

'ငါ သိပါတယ် လျှာမရှည်ပါနဲ့ ငါ့မျက်စိမြင်ရပြီဆိုတာမေ့နေတာလား '

'......''kitty မှာ ရှောင်းကျန့် ကို ဆရာကြီး တစ်ဦးလို အလေးသာပြုနေမိတော့သည်။

သရုပ်ဆောင် ကောင်းလိုက်တာ သခင်ရယ် လေးစားပါတယ်

"ကျွန်မက ကျန်းလင်းယွဲ့ ပါ ''

"ခင်ဗျာ မိဖုရားခေါင်ကြီးကိုဂါရဝပြုပါတယ် ''

ပျာယာခတ်ကာ ဂါရဝပြုလာသူက မျက်စိမမြင်ရတာကလွဲရင် အရာရာပြီးပြည့်စုံသည့် အလှပဂေးထိုင်ငိုရအောင် ချောလွန်းလှလွန်းသည်။

"ဧကရာဇ်က သဘောကျတာလည်းမပြောနဲ့ ကိုယ်လုပ်တော်ကျိုးကလည်း သိပ်ချောသိပ်လှနေတာကိုး ''

"ဗျာ ''

"ကိုယ်လုပ်တော်ကျိုးက ဧကရာဇ်ကို မနှစ်သက်ဘူးမလား ''

"ဗျာ ''

ကျန်းလင်းယွဲ့သည် မဲ့ပြုံးပြုံးကာ ကျိုးဝေ့ဖုန်းကို ကြည့်လိုက်သည် ။

" ကျိုးဝေ့ဖုန်း မမြင်ချင်ဟန်ဆောင်ရတာ ပျော်ဖို့ကောင်းလား ''

"...........''

ရှောင်းကျန့်နားထဲမှာ မိုးကြိုးအလုံးလိုက်ပစ်ချခံရသလို ပူထူအူဝေသွားသည်။

'ဇာတ်လိုက်မက ခေသူမဟုတ်ဘူးပဲ ဒါမှမဟုတ် ငါကပဲ သရုပ်ဆောင်တာလိုအပ်နေတာလား ဘယ်နေရာမှာ ချို့ယွင်းသွားတာလဲ '

"အသည်းအသန် ဘာတွေစဉ်းစားနေတာလဲ စိတ်ချပါ ရှင့်ဘက်က ပိုင်ဝူရိကိုမလုပ်ကြံရင် ကျွန်မကလည်း ရှင့်ကိုဘာမှမလုပ်ပါဘူး ''

​ပြောပြီးလှည့်ထွက်သွားသော သူမအားကြည့်ကာ ရှောင်းကျန့်တွေးမိသည်။

'ဇာတ်လိုက်မကတော့ ဇာတ်လိုက်မပါပဲ
သူ့လင်ကိုငါ ကလဲ့စားချေမှာသိပ်ကိုစိုးရိမ်နေတာပါလား ကျွတ် ကျွတ် ကလေးမရေ မင်းကိုလည်းငါက ဒီအရှုပ်ထဲဆွဲမသွင်းရသေးဘူး မင်းဘာသာမင်း မျက်စိလည်ဝင်လာတာနော် ပြီးမှ ငါလေးကို စိတ်ပုပ်တယ် မပြောနဲ့ '


Zawgyi

" ပိုင္ခုံခြၽဲ႕ ေရ ေျမ ေလ မီး သစ္ အလံတပ္၅ဖြဲ႕လုံးကို ေသခ်ာေလ့က်င့္ထားဖို႔ေျပာလိုက္ပါ မၾကာခင္မွာ ယြီခြၽမ္ျပည္ေတာ္ကို သိမ္းပိုက္ၿပီး ဧကရာဇ္ပိုင္ဝူရိကို ျဖဳတ္ခ်ပစ္မယ္ ''

ၾသဇာေညာင္းလွသည့္အသံက ပိုင္ခုံခြၽဲ႕၏ နားထဲမွာ တိုးဝင္ေနသည္။

"ဟုတ္ကဲ့ ဂိုဏ္းခ်ဳပ္ ''

သူမသည္ အျမန္ပင္ ထိုေနရာမွထြက္လာခဲ့လိုက္သည္ ။ သူမအေနနဲ႕ ဂိုဏ္းခ်ဳပ္ႀကီး အား အလြန္ပင္ ေၾကာက္ရပါသည္။
စိတ္မထင္လို႔ ၾကည့္လိုက္သည့္အၾကည့္ကပင္ ေသလိုက္လို႔ ေျပာေနသလို ခံစားရသည္။

ေဒါင္းျဖဴမယ္ထြက္သြားမွ ခြၽင္စန္း သက္ျပင္းခ်ကာ စားပြဲေပၚက လက္ဖက္ရည္ၾကမ္းအား ငွဲ႕လိုက္သည္။

" ေရွာင္ဖုန္း ကိုယ္မင္းကို မၾကာခင္မွာ ပိုင္ဆိုင္ရေတာ့မွာပါ အဲ့ဒီအခါက်ရင္ မင္းကိုယ့္ကို ေမာင္းထုတ္လို႔မရေတာ့ဘူး
မင္းက ကိုယ့္အပိုင္ျဖစ္သြားၿပီ ''

ခြၽင္စန္းသည္ ႐ုတ္တရက္ ေလထုမၿငိမ္မသက္ျဖစ္ေနသည္အား သတိထားမိသြားသည္။ မၾကာခင္မွာပဲ အိပ္ေပ်ာ္သြားၿပီး သူ႕၏ ကိုယ္ထဲက အလင္းတစ္ခုထြက္သြားေလသည္။

..................^-^...............

Space ထဲကို ႐ုတ္ခ်ည္း ဆြဲေခၚလာခဲ့သည့္ ေမာ့ယြဲ႕ေဖးအား ဝမ္ရိေပၚက စိတ္ထဲရွိတဲ့အတိုင္းဆို ေဘာလုံးတစ္လုံးလို ပုတ္ၿပီး အာကာသထဲပစ္ေပါက္လိုက္ခ်င္သည္။

"ယြဲ႕ေဖး ဘာလို႔ ငါ့ကို ေခၚတာလဲ ''

"အစ္ကိုရိေပၚ အကူအညီေတာင္းစာေရာက္လာလို႔ ''

"ယြဲ႕ေဖး လီမု႐ုံနဲ႕ ျမန္ျမန္လက္ထပ္ခ်င္ေနၿပီလား ''

"အဲ့ဒီ လီမု႐ုံနဲ႕ မယူခ်င္ပါဘူးဗ်ာ အဲ့တာ အသာထားအုန္း အကူအညီေတာင္းစာေရာက္လာတယ္ အဲ့တာ အစ္ကိုရိေပၚ ဒီကမၻာကေန ျမန္ျမန္ထြက္ရမယ္ ''

"ဘယ္သူက အကူအညီေတာင္းတာလဲ ''

"အစ္ကို႔ရဲ႕ မဟာမိတ္တစ္ေယာက္က ''

"ၿပီးေရာ ဒါေပမယ့္ ငါက သြားလို႔ မျဖစ္ေသးဘူးေလ ေရွာင္အာနဲ႕ ခ်စ္ဖို႔က်န္ေသးတယ္ အျပည့္အဝမခ်စ္ရေသးဘူး ''

"အစ္ကိုရိေပၚ ...ဒါက အစစ္မဟုတ္ဘူးေလဗ်ာ''

"ဘာပဲျဖစ္ျဖစ္ အာ မင္း.. မင္းကိုယ္တိုင္ သြားလိုက္ ''

" ကြၽန္.. ကြၽန္ေတာ္??? အစ္ကိုေရွာင္းက တစ္ေယာက္တည္း ျဖစ္ေနမွာေပါ့ ကြၽန္ေတာ္ မရွိရင္ ''

" ငါရွိတယ္ မင္းစိတ္ခ်ပါ ''

ေမာ့ယြဲ႕ေဖးက စိတ္ညစ္ၫူးစြာ ေခါင္းညိတ္လိုက္ရသည္ ။

.................^-^...............

ေရွာင္းက်န့္ ေတာ္ေတာ္ေလးကို စိတ္ဆင္းရဲေနရသည္။

"Kitty!!!!''

".......''

"Kitty !!!''

"......''

"Kitty ေရ !!!''

ေခၚေနေပမယ့္ ေရာက္မလာတဲ့ Kitty က အခုဆိုရင္ ေရွာင္းက်န့္အနားကေနေပ်ာက္ခ်က္သားေကာင္းေနသည္မွာ ၆လရွိၿပီ ။

အခ်ိန္ေကာင္းမွာပဲ ဇာတ္လိုက္က မ်က္ႏွာမသာမယာနဲ႕ သူ႕ထံလာေနတာကိုျမင္လိုက္ရသည္။

သို႔ေသာ္ သူဟာ မ်က္မျမင္တစ္ေယာက္လို ဟန္ေဆာင္ထားဆဲပင္။

ပုဝါနဲ႕မ်က္လုံးကိုမအုပ္ဘဲဒီအတိုင္းေနေနတဲ့ က်ိဳးေဝ့ဖုန္းက မ်က္မျမင္တစ္ေယာက္ပါ ဟု ဘယ္လိုမွ ယုံၾကည္ဖြယ္ရာမရွိဟု ပိုင္ဝူရိက ေတြးလိုက္သည္။

သို႔ေသာ္ က်ိဳးေဝ့ဖုန္းက မ်က္မျမင္တစ္ေယာက္ဆိုတဲ့အမွန္တရားကေျပာင္းလဲသြားမည္မဟုတ္ေပ။

"ေဝ့ေဝ့ ''

"ေအာ္ အရွင္ ေရာက္လာၿပီပဲ ကြၽန္ေတာ္က ေမွ်ာ္ေနတာ ''

"ေဝ့ေဝ့ မ်က္လုံးေတြအတြက္ ကိုယ္အေကာင္းဆုံးသမားေတာ္နဲ႕ ကုသၾကည့္ခ်င္တယ္ လက္ခံေပးပါ ''

"ဘယ္လိုေျပာရမလဲ ကြၽန္ေတာ္က ဒီအတိုင္းပဲ ေနရတာ ေနသားက်ေနၿပီမို႔ မ်က္စိေတြျပန္မေကာင္းရင္ေတာင္မွ ဘာမွ မျဖစ္ပါဘူး အဲ့ဒီ အတြက္လည္း ကြၽန္ေတာ့္ ေခါင္းထဲမွာ ဘယ္လိုမွ ဘာမွ ေတြးေတာပူပန္ေနတာေတြမရွိလို႔ အရွင္ စိတ္မပူပါနဲ႕ ''

"......''

ပိုင္ဝူရိက ႏူတ္ဆိတ္ေနၿပီး တစ္စုံတစ္ခုကို အသည္းအသန္ စဥ္းစားေနပုံရတာေၾကာင့္ ေရွာင္းက်န့္က မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။

တစ္ခါတစ္ေလ အဲ့လိုမ်ိဳး ေနရတာက သူ႕အတြက္အဆင္ေျပတာထက္ပိုသည္မို႔ဒီလိုေနရတာကို သူပိုၿပီးသေဘာက်ေနမိသည္။

" ေဝ့ေဝ့ ကိုယ္လုပ္ေတာ္စူးကို ဘယ္လိုစီရင္ခ်င္လဲ ''

"ကိုယ္လုပ္ေတာ္စူး သူမကဘာျဖစ္လို႔လဲ''

"သူမက ေဝ့ေဝ့ကို လုပ္ႀကံတဲ့သူပဲ ''

လက္ထဲက ေရႏြေးၾကမ္းပန္းကန္လုံးေလးက လြတ္က်သြားၿပီး ကြဲသြားသည္ ။

တုန္လႈပ္ေနပုံရသည့္ ေဝ့ဖုန္း၏ အသြင္အျပင္က ပိုင္ဝူရိ၏ ႏွလုံးသားကို တႏုံ႕ႏုံ႕နဲ႕ နာက်င္ေစသည္။

ေဝ့ဖုန္း၏ အေျဖကို ေစာင့္ဆိုင္းေနေပမယ့္ အသံထြက္မလာေသးတာေၾကာင့္ ပိုင္ဝူရိက သက္ျပင္းသာ ခ်မိေတာ့သည္။

" သူမကို ဘယ္လိုမွ မစီရင္ပါနဲ႕ အရွင္ လူတိုင္းက အမွားကင္းၾကတာမွမဟုတ္ဘဲ ''

ေရွာင္းက်န့္က တည္ၿငိမ္စြာပဲေျဖလိုက္သည္။ Kitty ေျပာပုံအရ သူအကုန္သိထားၿပီးျဖစ္တာေၾကာင့္ အခုလို ပိုင္ဝူရိ၏ ေရွ႕မွာ သေဘာျဖဴအူစင္းသည့္ အသြင္ျဖင့္ ေမတၱာရွင္ႀကီးလုပ္လိုက္သည္။

'ငါက ဇာတ္လိုက္ေရွ႕မွာ ဘီလူးဇာတ္ ကလို႔ဘယ္ျဖစ္မလဲ ျဖဴစင္တဲ့ မင္းသားေလးလုပ္ရမွာေပါ့ က်န္တာက ငါ့လင္တာဝန္ယူလိမ့္မယ္ '

ပိုင္ဝူရိမွာ သူ႕ေရွ႕က ရိုးသားျဖဴစင္လြန္းသည့္ ေဝ့ဖုန္း၏ ပုံစံေၾကာင့္ အခ်စ္ပိုေနရသည္။
ကိုယ္လုပ္ေတာ္စူး အား အလြတ္မေပးေတာ့ဘူး ဟု လည္း ေတးမွတ္ထားလိုက္သည္။

ထို႔ေနာက္ ေဝ့ဖုန္းအား ႏူတ္ဆက္ကာ ျပန္သြားေတာ့သည္ ။

"Kitty ေရ မင္းဘယ္မွာလဲကြာ ''

"ကြၽန္ေတာ္ ေရာက္ပါၿပီ သခင္ ''

႐ုတ္တရက္ ရင္ခြင္ထဲကေန ဘြားခနဲေပၚလာသည့္ Kitty က ေတာ္ေတာ္ပိန္သြားသည္။

"Kitty မင္းဘယ္ေတြသြားေနတာလဲ ၾကည့္ပါအုန္း ေၾကာင္အိုႀကီးျဖစ္ေနၿပီ ''

Kitty မွာေတာ့ အဲ့တာက သခင့္ လင္ေၾကာင့္ေလ ဟု ျပန္ၿပီး ရန္ေတြ႕လိုက္ခ်င္ေပမယ့္ အေၾကာင္းေၾကာင္းအရာရာကိုရိပ္မိသြားနိုင္တာေၾကာင့္ ၿငိမ္ေနလိုက္သည္။

".......''

ေရွာင္းက်န့္လည္းၿငိမ္ေနတဲ့ Kitty ေၾကာင့္ အရိပ္အကဲနားလည္သူပီပီ ဆက္မေျပာဘဲ ထားလိုက္သည္ ။

"ကိုယ္လုပ္ေတာ္က်ိဳး ''

"ဘယ္ ဘယ္သူလဲ ''

'သခင္ အဲ့တာ ဇာတ္လိုက္မ '

'ငါ သိပါတယ္ လွ်ာမရွည္ပါနဲ႕ ငါ့မ်က္စိျမင္ရၿပီဆိုတာေမ့ေနတာလား '

'......''kitty မွာ ေရွာင္းက်န့္ ကို ဆရာႀကီး တစ္ဦးလို အေလးသာျပဳေနမိေတာ့သည္။

သ႐ုပ္ေဆာင္ ေကာင္းလိုက္တာ သခင္ရယ္ ေလးစားပါတယ္

"ကြၽန္မက က်န္းလင္းယြဲ႕ ပါ ''

"ခင္ဗ်ာ မိဖုရားေခါင္ႀကီးကိုဂါရဝျပဳပါတယ္ ''

ပ်ာယာခတ္ကာ ဂါရဝျပဳလာသူက မ်က္စိမျမင္ရတာကလြဲရင္ အရာရာၿပီးျပည့္စုံသည့္ အလွပေဂးထိုင္ငိုရေအာင္ ေခ်ာလြန္းလွလြန္းသည္။

"ဧကရာဇ္က သေဘာက်တာလည္းမေျပာနဲ႕ ကိုယ္လုပ္ေတာ္က်ိဳးကလည္း သိပ္ေခ်ာသိပ္လွေနတာကိုး ''

"ဗ်ာ ''

"ကိုယ္လုပ္ေတာ္က်ိဳးက ဧကရာဇ္ကို မႏွစ္သက္ဘူးမလား ''

"ဗ်ာ ''

က်န္းလင္းယြဲ႕သည္ မဲ့ၿပဳံးၿပဳံးကာ က်ိဳးေဝ့ဖုန္းကို ၾကည့္လိုက္သည္ ။

" က်ိဳးေဝ့ဖုန္း မျမင္ခ်င္ဟန္ေဆာင္ရတာ ေပ်ာ္ဖို႔ေကာင္းလား ''

"...........''

ေရွာင္းက်န့္နားထဲမွာ မိုးႀကိဳးအလုံးလိုက္ပစ္ခ်ခံရသလို ပူထူအူေဝသြားသည္။

'ဇာတ္လိုက္မက ေခသူမဟုတ္ဘူးပဲ ဒါမွမဟုတ္ ငါကပဲ သ႐ုပ္ေဆာင္တာလိုအပ္ေနတာလား ဘယ္ေနရာမွာ ခ်ိဳ႕ယြင္းသြားတာလဲ '

"အသည္းအသန္ ဘာေတြစဥ္းစားေနတာလဲ စိတ္ခ်ပါ ရွင့္ဘက္က ပိုင္ဝူရိကိုမလုပ္ႀကံရင္ ကြၽန္မကလည္း ရွင့္ကိုဘာမွမလုပ္ပါဘူး ''

​ေျပာၿပီးလွည့္ထြက္သြားေသာ သူမအားၾကည့္ကာ ေရွာင္းက်န့္ေတြးမိသည္။

'ဇာတ္လိုက္မကေတာ့ ဇာတ္လိုက္မပါပဲ
သူ႕လင္ကိုငါ ကလဲ့စားေခ်မွာသိပ္ကိုစိုးရိမ္ေနတာပါလား ကြၽတ္ ကြၽတ္ ကေလးမေရ မင္းကိုလည္းငါက ဒီအရႈပ္ထဲဆြဲမသြင္းရေသးဘူး မင္းဘာသာမင္း မ်က္စိလည္ဝင္လာတာေနာ္ ၿပီးမွ ငါေလးကို စိတ္ပုပ္တယ္ မေျပာနဲ႕ '


Continue Reading

You'll Also Like

51.9K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...
68.9K 9.1K 6
unicode + zawgyi Xiao Zhan × Wang Yibo A special thanks to Vitadrawing for story cover !
95.7K 10.4K 120
အာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်...
407K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."