တွဲလက်ကလေး မြဲစေလို( Complete...

By Athit423

128K 5.5K 236

ဘုရင့်အနွယ်တော်မှ ဆင်းသက်လာသော သီဟမင်းထင်ဆိုသော အနေအေးပြီးသူအားလာထိပါးရင်တော့ငြိမ်မခံတတ်တဲ့ အစွာကောင်လေးနှင့်... More

Intro (Uni + Zawgyi)
Part 1 (Uni+ Zawgyi)
Part 2 (Uni + Zawgyi)
Part 3 (Uni + Zawgyi)
Part 4 (Uni + Zawgyi)
Part 5 ( Uni + Zawgyi)
Part 6 ( Uni + Zawgyi)
Part 7 ( Uni + Zawgyi)
Part 8 ( Uni + Zawgyi)
Part 9 (Uni + Zawgyi)
Part 10 ( Uni + Zawgyi)
part 11 (Uni + Zawgyi )
Part 12 ( Uni + Zawgyi)
Part 13 ( Uni + Zawgyi)
Part 14 ( Uni + Zawgyi )
Part 15 ( Uni + Zawgyi)
Part 16 ( Uni + Zawgyi)
Part 17 ( Uni + Zawgyi)
Part 18 ( Uni + Zawgyi)
Part 19 ( Uni + Zawgyi)
Part 20 ( Uni + Zawgyi)
Part 21 ( Uni + Zawgyi)
Part 22 ( Uni + Zawgyi)
Part 23 ( Uni + Zawgyi)
Part 24 ( Uni + Zawgyi)
Part 25 ( Uni + Zawgyi)
Part 26 ( Uni + Zawgyi)
Part 27 ( Uni + Zawgyi)
Part 28 ( Uni + Zawgyi)
Part 29 ( Uni + Zawgyi)
Part 30 (Uni + Zawgyi)
Part 31 ( Uni + Zawgyi)
Part 32 ( Uni + Zawgyi)
Part 33 ( Uni + Zawgyi)
Part 34 ( Uni + Zawgyi)
Part 35 ( Uni + Zawgyi)
Part 36 ( Uni + Zawgyi)
Part 37 ( Uni + Zawgyi)
Part 38 Final ( Uni + Zawgyi )
Extra 1
Extra 2
Extra 4...Ending
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ/

Extra 3

2.3K 85 2
By Athit423

( Unicode)

" ဟိုကောင်လေး ကျောင်းသွားမှာမလား ကလေးရောခေါ်သွားမလို့လား "

ကျွန်တော် ကျောင်းသွားရန် ပြင်ဆင်ပြီး
သားလေးအားချီကာထွက်လာတော့
ဧည့်ခန်းတွင်ထိုင်နေသော လူကြီးအမေက လှမ်းမေးသည်။

" သားလေးကို မယ်မယ်တို့အိမ်မှာထားခဲ့မှာဗျ "

" ဒီအိမ်မှာထားခဲ့တော့ရော ဘာဖြစ်သွားမှာမို့လို့လဲ "

" ဟို...ကျွန်တော်က အန်တီတို့ အလုပ်ရှုပ်မှာစိုးလို့ပါ "

" ဘာမှအလုပ်မရှုပ်ဘူး ငါလဲအလုပ်မသွားဘူး ထားခဲ့လိုက် "

" ဟုတ် "

ကျွန်တော်သားလေးအား လူကြီးအမေ လက်ထဲထည့်ပေးလိုက်သည်။

" သားလေးရေ ဖေဖေသွားပြီနော် တာ့တာ "

ကျွန်တော်ပြောတော့ သား​​လေးက ရီပြနေသည်။

" ကျွန်တော် သွားပြီဗျ "

" အင်း "

ကျွန်တော် လူကြီးအမေအားနှုတ်ဆက်ပြီး ကျောင်းသို့ဦးတည်ခဲ့လိုက်သည်။
လူကြီးအမေက ကျွန်တော့်ကို ဘာမှပြဿနာမရှာပါ။သားလေးကိုတောင် ကူထိန်းပေးနေသည်။ကြည့်ရတာ နည်းနည်းတော့ အမြင်ကြည်လာပြီထင်တယ်။
--------------------------------------------------

" ရှင်းမြတ် မင်းအစ်ကိုမင်းသူအောင်နဲ့
ဘာဖြစ်ထားတာလဲ ဖန်ခွက်နဲ့ပေါက်လိုက်တယ်ဆို "

" မပြောချင်ပါဘူးကွာ........
အဲ့လူကြီးကိုက အချိုးမပြေတာ
ငါတို့တွေ့ဖို့လုပ်ထားတိုင်း အမြဲနောက်ကျတယ်ကွာ အဲ့တာအလုပ်များနေလို့ ထားပါ ငါခွင့်လွှတ်ပေးတယ်ကွာ
ဒါပေမဲ့ စိတ်ဆိုးရင်တော့ ချော့သင့်တယ်မလား ငါစိတ်ဆိုးတိုင်း မုန့်ကျွေးမယ် မုန့်ကျွေးမယ်နဲ့ ငါကအငတ်ကြီးလား....ပြီးတော့ ရှိသေးတယ် ငါစိတ်ဆိုးတဲ့နေ့က ထွက်သွားလို့ပြောတော့ ထွက်သွားတယ်ကွာ၊ အဲ့နေ့တစ်နေ့လုံး ငါ့ကို message တစ်​စောင်တောင်မပို့ဘူး။နောက်နေ့တော့  မုန့်တွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ ရောက်လာပြီးတော့ မုန့်တွေချပေးပြီး စိတ်မဆိုးနဲ့နော်ညီ လို့ပြောပြီး ဖုန်းလာလို့ ဖုန်းပြောနေတာ နာရီဝက်ထက်ကြာတယ် ငါ့ဘေးမှာထိုင်ပြီးအလုပ်အကြောင်းလောက်ပြောနေတာလေ။ငါ့ကိုရှိတယ်တောင် မထင်ဘူး ဖုန်းပြောနေရင်းက ဟုတ်ပြီအစ်ကိုခုလာခဲ့မယ်ဆိုပြီး ထွက်သွားတာလေ ငါက ကိုမင်းသူအောင်လို့ခေါ်လိုက်မှ အခန်းဝကနေပြန်လှည့်ကြည့်တာ ငါ့လဲ စိတ်ပေါက်ပေါက်နဲ့ ဖန်ခွက်နဲ့လှမ်းပေါက်လိုက်တာ။ပြီးတော့လဲလေ........... "

မပြောချင်ပါဘူးကွာ... အစချီကာ မကျေနပ်ချက်များအာ တရစပ်ပြောသွားပါသောရှင်းမြတ်။အတန်းထဲကို ဆရာဝင်လာမှ ပြောတာရပ်သွားတော့သည်။
ဒါတောင် ဆရာထွက်သွားတော့ ဆက်ပြောနေသေးသည်။

စိတ်ကလည်းကြီးသေး။
စိတ်ပေါက်ပေါက်နဲ့ ဖန်ခွက်နှင့်လှမ်းပေါက်သည်တဲ့။ဟိုက နဖူးကွဲသွားသည်။အစ်ကို မင်းသူအောင်ကလည်း
အူကြောင်ကြောင် ဘာလို့စိတ်ဆိုးမှန်းတောင်မသိဘူးတဲ့။

တစ်ယောက်က အူကြောင်ကြောင်
တစ်ယောက်က စိတ်ကြီးပြီး စိတ်မြင်လက်မြန်....ဟုတ်တော့ဟုတ်နေတာပဲ
လိုက်ကြပါပေတယ်။
--------------------------------------------------

" ဟိုကောင်လေး "

" ဗျာ အန်တီ "

ကျွန်တော် လူကြီးအမေအတွက် စွပ်ပြုတ် ပြုတ်ပေးနေတုန်း လူကြီးအမေက ခေါ်နေ၍ မီးဖိုထဲကနေပဲ လှမ်းအော်ထူးလိုက်သည်။

" ဘာတွေလုပ်နေတာလဲ "

အန်တီက ကျွန်တော့်ဘေးလာရပ်ကာ မေးသည်။

" စွပ်ပြုတ်လုပ်နေတာဗျ "

" ဘယ်သူ့အတွက်လဲ "

" အန်တီ့အတွက်ပါ မနေ့ညနေ့က doctor နဲ့အိမ်ရှေ့မှာတွေ့တော့ doctor က ပြောတယ် အန်တီကအားနည်းနေတယ်တဲ့ ဆန်ပြုတ်တို့ စွပ်ပြုတ်တို့ပဲများများ လုပ်ကျွေးလိုက်လို့ပြောလို့ပါ "

" မဆိုးဘူးပဲ "

သူဇာနှင်းပြုံး၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။အစတုန်းက ဘုဂလန့်တွေပြော စွာကလဲစွာတော့ သိပ်ကြည့်မရဖြစ်နေတာ ခုကျတော့လဲ လိမ္မာသားပဲ။
သားကတောင် သူမအတွက်ခုလိုတစ်ခါမှ မချက်ပြုတ်ပေးဖူးဘူး။သမတ်လေးက အလိုက်သိသားပဲ။

ဟမ်...မဟုတ်သေးပါဘူး သမတ်မဟုတ်ဘူး ငါကဘာလို့သူ့ကိုလက်ခံပေးရမှာလဲ။

သီဟမင်းထင်လဲ သူ့ဘေးကနေ တစ်ယောက်တည်း ခေါင်းညိမ့်ခေါင်းခါလုပ်နေသော လူကြီးအမေအား ကြည့်ပဲကည့်နေလိုက်သည်။ဘာဖြစ်နေတာလဲလို့လဲ မမေးရဲ။တော်ကြာ လျှာကိုရှည်တယ်ဆိုပြီး ဖြစ်နေဦးမယ်။

" ဟို အန်တီ သောက်တော့မလားဗျ ကျွန်တော် ပန်းကန်ထဲထည့်ပေးမယ် "

" အော်... အေးအေး ထည့်လိုက်လေ မြည်းကြည့်ရမှာပေါ့ မင်းကိုယ်တိုင်လုပ်ပေးထားတာဆိုတော့ အားနာလို့ နည်းနည်းတော့ စားလိုက်မယ် "

" အော် ဟုတ် "

အန်တီကတော့ ပြောပြီး မီးဖိုထဲမှ ထွက်သွားသည်။ အားနာလို့နည်းနည်းတော့ စားမယ်တဲ့။နည်းနည်းစားလဲဘာဖြစ်လဲ မစားဘူးလို့ပြောတာ ထက်တော့ တော်သေးတာပေါ့လေ။ကျွန်တော် စွပ်ပြုတ်အား ပန်းကန်လုံးအလတ်လောက်လေးနှင့် ခူးကာ အန်တီ့ဆီယူသွားပေးလိုက်သည်။အန်တီက တစ်ဇွန်း အရင် 
စားကြည့်၍.....

" အင်း...မဆိုးပါဘူး အရမ်းတော့ မကောင်းဘူး "

" အော် ဟုတ်ကဲ့ "

" မင်းရဲ့သား နိုးနေလောက်ပြီ အပေါ်သွားတော့လေ ငါခိုင်းစရာလဲ မရှိတော့ဘူး "

" ဟုတ် အန်တီ "

ကျွန်တော် အပေါ်ထပ်ကအခန်းသို့သာ ပြန်တက်လာခဲ့လိုက်သည်။အခန်းထဲ ဝင်ခါနီးမှ ဖတ်လက်စစာအုပ် ကျန်ခဲ့သည်ကို သိ၍ပြန်သွားယူရန် အောက်ဆင်းတော့ ဧည့်ခန်းတွင် စွပ်ပြုတ်အား
မြိန်ရေလျှက်ရေ အားရပါးရစားနေသော အန်တီသူဇာနှင်းအား တွေ့လိုက်ရသည်။

ကျွန်တော်ပြုံးလိုက်မိသည်။ ကြိုက်ရဲ့သားနဲ့ကို မကြိုက်ချင်ယောင်ဆောင်နေတယ်။ကျွန်တော်လဲ အန်တီရှက်သွားမည်စိုး၍ စာအုပ်မယူတော့ဘဲ အပေါ်သို့သာ တိတ်တိတ်လေး​​ပြန်တက်ခဲ့လိုက်သည်။
--------------------------------------------------
" ကလေးလေး မေမေနဲ့အဆင်ပြေရဲ့လား။ ကလေးကို စိတ်အ​​နှောက်အယှက် ဖြစ်အောင် တစ်ခုခုများလုပ်သေးလား "

ကျွန်တော် စာကြည့်နေသည်ကို လူ​ကြီးကနောက်ကရောက်လာကာ ကိုယ်ကိုကိုင်းပြီး ပခုံးပေါ် မေးတင်ရင်းမေးလာသည်။

" အဆင်ပြောပါတယ်ဗျာ...အဆင်ပြေပါတယ် ကို့အမေကလဲ ပြောင်းလဲလာပါပြီ "

" ဟုတ်ပါပြီဗျာ ကိုယ်က ကလေးကိုစိတ်ပူလို့ပါ "

" အင်းပါ ဒါနဲ့ ခုနှစ်နာရီတောင်ခွဲနေပြီ
သားလေးကိုသွားခေါ်လိုက်ဦးမယ် ညီမလင်းရတီ ဆီမှာ "

ကျွန်တော် မတ်တပ်ထရပ်လိုက်တော့ လူကြီးက ကျွန်တော့်အား ရုတ်တရက်ပွေ့ချီလိုက်သည်။

" ကို့..ဘာလုပ် "

" ငယ်ငယ်ကပြောတယ် ဒီနေ့ သားလေးကို သူနဲ့အတူသိပ်လိုက်မယ်တဲ့ ဒီည ကိုယ်တို့နှစ်ယောက်ပဲရှိတယ် "

လူကြီးက ပြောပြီး ကျွန်တော့်အား ကုတင်ပေါ် အသာအယာချပေးကာ ကျွန်တော့်ပေါ်အုပ်မိုးလာသည်။

" အော်....ဟုတ် ဟုတ်လား ညီမကို အားနာစရာကြီးကိုရဲ့ က..ကလေး သားလေးကိုသွားခေါ်လိုက်ဦးမယ်နော် "

ထွက်ပြေးရန် ကြံစည်နေသောကလေး။

" သဘောလေ ကလေးသွားခေါ်လို့မှ သားလေးပြန်ပါမလာရင်တော့.....
ည လုံး ပေါက် "

ဘယ်လိုလုပ်ရပါ့ ကို့အကြောင်းနေကျေနေပြီ မနက်ထနိုင်မှာမဟုတ်ဘူးဆိုတာသိသည်။

" ကိုကလည်း နောက်မှလေ နော် မနက်ကျောင်းသွားရဦးမှာ "

" မနက်ကျောင်း ပိတ်တယ်လေ ကလေးရဲ့ ကိုယ့်ကို ခွင့်ပြုပေးပါကွာ နော်... နော်လို့ကလေး ကိုယ့်ကိုမသနားဘူးလား "

လူကြီးက မျက်နှာငယ်လေးဖြင့်ပြောလာသည်။အင်းပေါ့လေ လူကြီနှင့် အတူမနေဖြစ်သည်မှာကြာပြီမို့ လူကြီးလဲ လိုချင်နေရှာမှာပေါ့လေ။

" ကလေး...... "

" အင်း...သဘော ဒါပေမဲ့ ညှင်သာပေးနော် "

လူကြီးအကြောင်းသိသည်မို့ ကြိုပြောထားရသည်။တခြားအချိန်များတွင် ကျွန်တော့်အားချွဲပြီး နူးနူးညံ့ညံ​
ပြောဆို ဆက်ဆံသလောက် ဒီလိုအချန်တွင်တော့ လုံးဝကိုအ​​ခြားတစ်​ယောက်လို ပြောင်းလဲသွားတတ်သည်။

" ချစ်တယ် ကလေး "

" အ့ ကို "

လူကြီးက ကျွန်တော့်နှုတ်ခမ်းများအားနမ်းလာသည်။နမ်းတာထက် ကိုက်ဆွဲနေခြင်းပါ။ညှင်သာပေးဖို့ပြောထားပေမဲ့ လူကြီးက စကားနားထောင်မည် မဟုတ်ကြောင်း သိလိုက်ရသည်။
တဆက်တည်း သနားစရာကောင်း​သောသူမှာ လူကြီးမဟုတ်ပဲ သူသာဖြစ်ကြောင်း သိလိုက်ရပါသည်။
.................................................................
ဒီနေ့ နှစ်ပိုင်း upပေးလိုက်ပါတယ်နော်။
fic အသစ်လေးလဲ တင်ထားပါတယ်လို့။
ရိုးရိုးအေးအေး တောသားလေးနဲ့ ခပ်စွာစွာမြို့သားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။fic နာမည်လေးက ချစ်ကြိုးပါ။
.................................................................
( Zawgyi )

" ဟိုေကာင္ေလး ေက်ာင္းသြားမွာမလား ကေလးေရာေခၚသြားမလို႔လား "

ကြၽန္ေတာ္ ေက်ာင္းသြားရန္ ျပင္ဆင္ၿပီး
သားေလးအားခ်ီကာထြက္လာေတာ့
ဧည့္ခန္းတြင္ထိုင္ေနေသာ လူႀကီးအေမက လွမ္းေမးသည္။

" သားေလးကို မယ္မယ္တို႔အိမ္မွာထားခဲ့မွာဗ် "

" ဒီအိမ္မွာထားခဲ့ေတာ့ေရာ ဘာျဖစ္သြားမွာမို႔လို႔လဲ "

" ဟို...ကြၽန္ေတာ္က အန္တီတို႔ အလုပ္ရႈပ္မွာစိုးလို႔ပါ "

" ဘာမွအလုပ္မရႈပ္ဘူး ငါလဲအလုပ္မသြားဘူး ထားခဲ့လိုက္ "

" ဟုတ္ "

ကြၽန္ေတာ္သားေလးအား လူႀကီးအေမ လက္ထဲထည့္ေပးလိုက္သည္။

" သားေလးေရ ေဖေဖသြားၿပီေနာ္ တာ့တာ "

ကြၽန္ေတာ္ေျပာေတာ့ သားေလးက ရီျပေနသည္။

" ကြၽန္ေတာ္ သြားၿပီဗ် "

" အင္း "

ကြၽန္ေတာ္ လူႀကီးအေမအားႏႈတ္ဆက္ၿပီး ေက်ာင္းသို႔ဦးတည္ခဲ့လိုက္သည္။
လူႀကီးအေမက ကြၽန္ေတာ့္ကို ဘာမွျပႆနာမရွာပါ။သားေလးကိုေတာင္ ကူထိန္းေပးေနသည္။ၾကည့္ရတာ နည္းနည္းေတာ့ အျမင္ၾကည္လာၿပီထင္တယ္။
--------------------------------------------------

" ရွင္းျမတ္ မင္းအစ္ကိုမင္းသူေအာင္နဲ႕
ဘာျဖစ္ထားတာလဲ ဖန္ခြက္နဲ႕ေပါက္လိုက္တယ္ဆို "

" မေျပာခ်င္ပါဘူးကြာ........
အဲ့လူႀကီးကိုက အခ်ိဳးမေျပတာ
ငါတို႔ေတြ႕ဖို႔လုပ္ထားတိုင္း အၿမဲေနာက္က်တယ္ကြာ အဲ့တာအလုပ္မ်ားေနလို႔ ထားပါ ငါခြင့္လႊတ္ေပးတယ္ကြာ
ဒါေပမဲ့ စိတ္ဆိုးရင္ေတာ့ ေခ်ာ့သင့္တယ္မလား ငါစိတ္ဆိုးတိုင္း မုန့္ေကြၽးမယ္ မုန့္ေကြၽးမယ္နဲ႕ ငါကအငတ္ႀကီးလား....ၿပီးေတာ့ ရွိေသးတယ္ ငါစိတ္ဆိုးတဲ့ေန႕က ထြက္သြားလို႔ေျပာေတာ့ ထြက္သြားတယ္ကြာ၊ အဲ့ေန႕တစ္ေန႕လုံး ငါ့ကို message တစ္ေစာင္ေတာင္မပို႔ဘူး။ေနာက္ေန႕ေတာ့ မုန့္ေတြတစ္ေပြ႕တစ္ပိုက္ႀကီးနဲ႕ ေရာက္လာၿပီးေတာ့ မုန့္ေတြခ်ေပးၿပီး စိတ္မဆိုးနဲ႕ေနာ္ညီ လို႔ေျပာၿပီး ဖုန္းလာလို႔ ဖုန္းေျပာေနတာ နာရီဝက္ထက္ၾကာတယ္ ငါ့ေဘးမွာထိုင္ၿပီးအလုပ္အေၾကာင္းေလာက္ေျပာေနတာေလ။ငါ့ကိုရွိတယ္ေတာင္ မထင္ဘူး ဖုန္းေျပာေနရင္းက ဟုတ္ၿပီအစ္ကိုခုလာခဲ့မယ္ဆိုၿပီး ထြက္သြားတာေလ ငါက ကိုမင္းသူေအာင္လို႔ေခၚလိုက္မွ အခန္းဝကေနျပန္လွည့္ၾကည့္တာ ငါ့လဲ စိတ္ေပါက္ေပါက္နဲ႕ ဖန္ခြက္နဲ႕လွမ္းေပါက္လိုက္တာ။ၿပီးေတာ့လဲေလ........... "

မေျပာခ်င္ပါဘူးကြာ... အစခ်ီကာ မေက်နပ္ခ်က္မ်ားအာ တရစပ္ေျပာသြားပါေသာရွင္းျမတ္။အတန္းထဲကို ဆရာဝင္လာမွ ေျပာတာရပ္သြားေတာ့သည္။
ဒါေတာင္ ဆရာထြက္သြားေတာ့ ဆက္ေျပာေနေသးသည္။

စိတ္ကလည္းႀကီးေသး။
စိတ္ေပါက္ေပါက္နဲ႕ ဖန္ခြက္ႏွင့္လွမ္းေပါက္သည္တဲ့။ဟိုက နဖူးကြဲသြားသည္။အစ္ကို မင္းသူေအာင္ကလည္း
အူေၾကာင္ေၾကာင္ ဘာလို႔စိတ္ဆိုးမွန္းေတာင္မသိဘူးတဲ့။

တစ္ေယာက္က အူေၾကာင္ေၾကာင္
တစ္ေယာက္က စိတ္ႀကီးၿပီး စိတ္ျမင္လက္ျမန္....ဟုတ္ေတာ့ဟုတ္ေနတာပဲ
လိုက္ၾကပါေပတယ္။
--------------------------------------------------

" ဟိုေကာင္ေလး "

" ဗ်ာ အန္တီ "

ကြၽန္ေတာ္ လူႀကီးအေမအတြက္ စြပ္ျပဳတ္ ျပဳတ္ေပးေနတုန္း လူႀကီးအေမက ေခၚေန၍ မီးဖိုထဲကေနပဲ လွမ္းေအာ္ထူးလိုက္သည္။

" ဘာေတြလုပ္ေနတာလဲ "

အန္တီက ကြၽန္ေတာ့္ေဘးလာရပ္ကာ ေမးသည္။

" စြပ္ျပဳတ္လုပ္ေနတာဗ် "

" ဘယ္သူ႕အတြက္လဲ "

" အန္တီ့အတြက္ပါ မေန႕ညေန႕က doctor နဲ႕အိမ္ေရွ႕မွာေတြ႕ေတာ့ doctor က ေျပာတယ္ အန္တီကအားနည္းေနတယ္တဲ့ ဆန္ျပဳတ္တို႔ စြပ္ျပဳတ္တို႔ပဲမ်ားမ်ား လုပ္ေကြၽးလိုက္လို႔ေျပာလို႔ပါ "

" မဆိုးဘူးပဲ "

သူဇာႏွင္းၿပဳံး၍ ခပ္တိုးတိုးေရ႐ြတ္လိုက္သည္။အစတုန္းက ဘုဂလန့္ေတြေျပာ စြာကလဲစြာေတာ့ သိပ္ၾကည့္မရျဖစ္ေနတာ ခုက်ေတာ့လဲ လိမၼာသားပဲ။
သားကေတာင္ သူမအတြက္ခုလိုတစ္ခါမွ မခ်က္ျပဳတ္ေပးဖူးဘူး။သမတ္ေလးက အလိုက္သိသားပဲ။

ဟမ္...မဟုတ္ေသးပါဘူး သမတ္မဟုတ္ဘူး ငါကဘာလို႔သူ႕ကိုလက္ခံေပးရမွာလဲ။

သီဟမင္းထင္လဲ သူ႕ေဘးကေန တစ္ေယာက္တည္း ေခါင္းညိမ့္ေခါင္းခါလုပ္ေနေသာ လူႀကီးအေမအား ၾကည့္ပဲကည့္ေနလိုက္သည္။ဘာျဖစ္ေနတာလဲလို႔လဲ မေမးရဲ။ေတာ္ၾကာ လွ်ာကိုရွည္တယ္ဆိုၿပီး ျဖစ္ေနဦးမယ္။

" ဟို အန္တီ ေသာက္ေတာ့မလားဗ် ကြၽန္ေတာ္ ပန္းကန္ထဲထည့္ေပးမယ္ "

" ေအာ္... ေအးေအး ထည့္လိုက္ေလ ျမည္းၾကည့္ရမွာေပါ့ မင္းကိုယ္တိုင္လုပ္ေပးထားတာဆိုေတာ့ အားနာလို႔ နည္းနည္းေတာ့ စားလိုက္မယ္ "

" ေအာ္ ဟုတ္ "

အန္တီကေတာ့ ေျပာၿပီး မီးဖိုထဲမွ ထြက္သြားသည္။ အားနာလို႔နည္းနည္းေတာ့ စားမယ္တဲ့။နည္းနည္းစားလဲဘာျဖစ္လဲ မစားဘူးလို႔ေျပာတာ ထက္ေတာ့ ေတာ္ေသးတာေပါ့ေလ။ကြၽန္ေတာ္ စြပ္ျပဳတ္အား ပန္းကန္လုံးအလတ္ေလာက္ေလးႏွင့္ ခူးကာ အန္တီ့ဆီယူသြားေပးလိုက္သည္။အန္တီက တစ္ဇြန္း အရင္
စားၾကည့္၍.....

" အင္း...မဆိုးပါဘူး အရမ္းေတာ့ မေကာင္းဘူး "

" ေအာ္ ဟုတ္ကဲ့ "

" မင္းရဲ႕သား နိုးေနေလာက္ၿပီ အေပၚသြားေတာ့ေလ ငါခိုင္းစရာလဲ မရွိေတာ့ဘူး "

" ဟုတ္ အန္တီ "

ကြၽန္ေတာ္ အေပၚထပ္ကအခန္းသို႔သာ ျပန္တက္လာခဲ့လိုက္သည္။အခန္းထဲ ဝင္ခါနီးမွ ဖတ္လက္စစာအုပ္ က်န္ခဲ့သည္ကို သိ၍ျပန္သြားယူရန္ ေအာက္ဆင္းေတာ့ ဧည့္ခန္းတြင္ စြပ္ျပဳတ္အား
ၿမိန္ေရလွ်က္ေရ အားရပါးရစားေနေသာ အန္တီသူဇာႏွင္းအား ေတြ႕လိုက္ရသည္။

ကြၽန္ေတာ္ၿပဳံးလိုက္မိသည္။ ႀကိဳက္ရဲ႕သားနဲ႕ကို မႀကိဳက္ခ်င္ေယာင္ေဆာင္ေနတယ္။ကြၽန္ေတာ္လဲ အန္တီရွက္သြားမည္စိုး၍ စာအုပ္မယူေတာ့ဘဲ အေပၚသို႔သာ တိတ္တိတ္ေလးျပန္တက္ခဲ့လိုက္သည္။
--------------------------------------------------
" ကေလးေလး ေမေမနဲ႕အဆင္ေျပရဲ႕လား။ ကေလးကို စိတ္အႏွောက္အယွက္ ျဖစ္ေအာင္ တစ္ခုခုမ်ားလုပ္ေသးလား "

ကြၽန္ေတာ္ စာၾကည့္ေနသည္ကို လူႀကီးကေနာက္ကေရာက္လာကာ ကိုယ္ကိုကိုင္းၿပီး ပခုံးေပၚ ေမးတင္ရင္းေမးလာသည္။

" အဆင္ေျပာပါတယ္ဗ်ာ...အဆင္ေျပပါတယ္ ကို႔အေမကလဲ ေျပာင္းလဲလာပါၿပီ "

" ဟုတ္ပါၿပီဗ်ာ ကိုယ္က ကေလးကိုစိတ္ပူလို႔ပါ "

" အင္းပါ ဒါနဲ႕ ခုႏွစ္နာရီေတာင္ခြဲေနၿပီ
သားေလးကိုသြားေခၚလိုက္ဦးမယ္ ညီမလင္းရတီ ဆီမွာ "

ကြၽန္ေတာ္ မတ္တပ္ထရပ္လိုက္ေတာ့ လူႀကီးက ကြၽန္ေတာ့္အား ႐ုတ္တရက္ေပြ႕ခ်ီလိုက္သည္။

" ကို႔..ဘာလုပ္ "

" ငယ္ငယ္ကေျပာတယ္ ဒီေန႕ သားေလးကို သူနဲ႕အတူသိပ္လိုက္မယ္တဲ့ ဒီည ကိုယ္တို႔ႏွစ္ေယာက္ပဲရွိတယ္ "

လူႀကီးက ေျပာၿပီး ကြၽန္ေတာ့္အား ကုတင္ေပၚ အသာအယာခ်ေပးကာ ကြၽန္ေတာ့္ေပၚအုပ္မိုးလာသည္။

" ေအာ္....ဟုတ္ ဟုတ္လား ညီမကို အားနာစရာႀကီးကိုရဲ႕ က..ကေလး သားေလးကိုသြားေခၚလိုက္ဦးမယ္ေနာ္ "

ထြက္ေျပးရန္ ႀကံစည္ေနေသာကေလး။

" သေဘာေလ ကေလးသြားေခၚလို႔မွ သားေလးျပန္ပါမလာရင္ေတာ့.....
ည လုံး ေပါက္ "

ဘယ္လိုလုပ္ရပါ့ ကို႔အေၾကာင္းေနေက်ေနၿပီ မနက္ထနိုင္မွာမဟုတ္ဘူးဆိုတာသိသည္။

" ကိုကလည္း ေနာက္မွေလ ေနာ္ မနက္ေက်ာင္းသြားရဦးမွာ "

" မနက္ေက်ာင္း ပိတ္တယ္ေလ ကေလးရဲ႕ ကိုယ့္ကို ခြင့္ျပဳေပးပါကြာ ေနာ္... ေနာ္လို႔ကေလး ကိုယ့္ကိုမသနားဘူးလား "

လူႀကီးက မ်က္ႏွာငယ္ေလးျဖင့္ေျပာလာသည္။အင္းေပါ့ေလ လူႀကီႏွင့္ အတူမေနျဖစ္သည္မွာၾကာၿပီမို႔ လူႀကီးလဲ လိုခ်င္ေနရွာမွာေပါ့ေလ။

" ကေလး...... "

" အင္း...သေဘာ ဒါေပမဲ့ ညွင္သာေပးေနာ္ "

လူႀကီးအေၾကာင္းသိသည္မို႔ ႀကိဳေျပာထားရသည္။တျခားအခ်ိန္မ်ားတြင္ ကြၽန္ေတာ့္အားခြၽဲၿပီး ႏူးႏူးညံ့ညံ
ေျပာဆို ဆက္ဆံသေလာက္ ဒီလိုအခ်န္တြင္ေတာ့ လုံးဝကိုအျခားတစ္ေယာက္လို ေျပာင္းလဲသြားတတ္သည္။

" ခ်စ္တယ္ ကေလး "

" အ့ ကို "

လူႀကီးက ကြၽန္ေတာ့္ႏႈတ္ခမ္းမ်ားအားနမ္းလာသည္။နမ္းတာထက္ ကိုက္ဆြဲေနျခင္းပါ။ညွင္သာေပးဖို႔ေျပာထားေပမဲ့ လူႀကီးက စကားနားေထာင္မည္ မဟုတ္ေၾကာင္း သိလိုက္ရသည္။
တဆက္တည္း သနားစရာေကာင္းေသာသူမွာ လူႀကီးမဟုတ္ပဲ သူသာျဖစ္ေၾကာင္း သိလိုက္ရပါသည္။
.................................................................
ဒီေန႕ ႏွစ္ပိုင္း upေပးလိုက္ပါတယ္ေနာ္။
fic အသစ္ေလးလဲ တင္ထားပါတယ္လို႔။
ရိုးရိုးေအးေအး ေတာသားေလးနဲ႕ ခပ္စြာစြာၿမိဳ့သားေလးတို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးပါ။fic နာမည္ေလးက ခ်စ္ႀကိဳးပါ။

Continue Reading

You'll Also Like

294K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.1M 58.8K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.6K 59 3
A short love story about two lovers who are still in love with each other until their ends.
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...