Extra 4...Ending

3.6K 118 2
                                    

( Unicode)

" သား ဟိုကောင်လေးရော "

အားလုံးက မနက်စာစားနေစဥ် ဟိုကောင်လေးအား မတွေ့၍ သူဇာနှင်းမေးလိုက်သည်။

" အာ...ဟို က..ကလေးက နည်း..နည်း နည်းနေမကောင်းလို့ ဆင်းမလာတာ "

ချစ်မဝလေးအား ထမင်းခွံနေရင်းက အထစ်ထစ်အငေါ့ငေါပြန်ဖြေလာသော သားဖြစ်သူ။

" ဟင်...မနေ့ကမှ အကောင်းကြီးပါ
ဖျားနေတာလားခုက "

" ဟို..ဟို အဲ့တာက ကိုယ်တော့နည်းနည်းပူနေတယ် "

" အော် အင်းပါ "
------------

" ဟဲ့ လာစမ်း ခုလာခဲ့စမ်း လင်းမြတ်မင်းခန့် "

သူဇာနှင်းဒေါသတကြီးဖြင့် သားဖြစ်သူအား ​အော်ခေါ်လိုက်သည်။
နေမကောင်းဘူးဆိုလို့ သက်သာလားခနဝင်ကြည့်တာ..... ဘယ့်နဲ့ မြင်လို့မှမကောင်း သူများသားသမီးကို
ဟင်းး......ဒင်းနော် ဒင်းတော့သေတော့မယ်

ဟိုကောင်လေးခမျာ ခန္ဓာကိုယ်မပြောနဲ့ လက်ချောင်းလေးတွေတောင် ကိုက်ရာတွေနဲ့ နီညိုရောင်တွေ သန်းနေပြီ။
လက်မပြောနဲ့ ပါးမှာတောင်သွားရာကရှိနေသေးသည်။နှုတ်ခမ်းကလည်း ပေါက်နေသေး။ဟိုကောင် ကလေးကို လူလိုသူလို မဆက်ဆံဘူး သေဦးမယ်။

" မေမေ ဘယ်လိုလုပ် အခန်းထဲရောက် "

" နေမကောင်းဘူးဆိုလို့ ဝင်ကြည့်တာလေ......လာစမ်းဒီကို မင်းသေမယ် လာခဲ့ "

" အ အ့...မေမေနာတယ် "

မေမေက ကျွန်တော့်နားရွက်အားဆွဲကာ
ကုတင်ဘေးသို့ ခေါ်လာသည်။

" နာအောင်လုပ်တာလေ နာမှာပေါ့...
ကြည့်စမ်း မင်းလုပ်ထားတာတွေ သူများသားသမီးကို ယူထားပြီးတော့ လူလိုသူလိုမဆက်ဆံဘူး ဟိုမှာကြည့်စမ်း အကုန်ပေါက်ပြဲလို့ "

မေမေက ကျွန်တော်နားအားဆွဲကာ ​ဒေါသတ​​ကြီး ပြောနေသည်။ချစ်လွန်းလို့ ဖြစ်သွားတဲ့ဟာကို မေမေမှမသိတာ။ကလေးကတော့ မေမေပြောတော့ဘမျက်နှာ​လေးက ပန်းရောင်သန်းနေပြီ။အသည်းယားစရာလေး ကိုက်တောင်ကိုက်ချင်လာပြီ။

" ဟဲ့ အကောင် ဘယ်လိုကြည့်နေတာလဲ အဲ့လောက်ပြောနေတာကို ကလေးကို တနှာအကြည့်နဲ့ "

တွဲလက်ကလေး မြဲစေလို( Complete) Donde viven las historias. Descúbrelo ahora