ငြိမ့် (COMPLETED)

بواسطة Kattamkaung

1.6M 153K 7K

(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available المزيد

စာရေးသူ၏အမှာစာ
Chapter - 1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter - 10
Chapter - 11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
လက်ဆောင် 🎁
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
Special Chapter
Physical Book Announcement
Book Detail

Chapter-29

29.1K 3.2K 221
بواسطة Kattamkaung

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၆

(ချစ်အတ္တနှင့် အထင်မြင်လွဲမှု)

ခံစားချက်ဟူသည်ကား ချုပ်တီးထားလေ
ပေါက်ကွဲဖို့ ပိုလွယ်လေဖြစ်သော အရာပင်။
မည်မျှပင် ကင်းကင်းနေမည်လုပ်သော်လည်း
ပက်သက်ရာ ပက်သက်ကြောင်းတွေ
ရှိလို့နေပြီး ၊မြင်ရ ကြားနေရတဲ့အခါ
လှိုင်းဆက်စိတ်မှာ မချမ်းသာနိုင်တော့။
မျက်နှာမပျက်အောင် ကြိုးစားနေရတာကိုပင် စိတ်ပင်ပန်းလို့လာသည်။

ငြိမ့်ကြောင့်ပဲ သူပြောင်းလဲလာခဲ့တာလား။
အရင်ကလောက် သည်းခံနိုင်စွမ်း မရှိတော့တဲ့ လှိုင်းဆက်က တစ်ခုခု ရင်ထဲမှာအခဲမကြေ။
အထူးသဖြင့် ဇင်ကိုဝင်းနဲ့ ပက်သတ်ရင်
ပိုပြီး စိတ်ရှုပ်ရလွန်းသည်။ ငြိမ့်နဲ့သူ ရုံးအပြန်
ထိုလူနှင့် လှေကားမှာတွေ့တိုင်း နေရထိုင်ရခက်နေသလို လုပ်တဲ့ပုံစံက လှိုင်းဆက်ကို
‌မထိခိုက်ပေမဲ့ ငြိမ့်ကတော့ ကြောင်တောင်တောင်လေး ဖြစ်သွားတတ်၏။

ဒီကောင်လေးနဲ့ ပက်သတ်ရင် သူ့စိတ်တို့က
ဆတ်ဆတ်ခါရသည်။ ဒီအသက်ရွယ်ကျမှ
အကုန်လုံးကို လွန်ဆန်ပြီး အရွဲ့တိုက်ပြချင်တဲ့အထိ ငြိမ့်တည်ကို လှိုင်းဆက်ချစ်ပါသည်။
သေးသေးတင်မခံချင်တဲ့ စိတ်ဟာ သူ့အတိတ်က အိပ်မက်ဆိုးကြောင့် အသွေးသွားထဲကနေ
နိုးထလို့လာခဲ့သည်ထင်၏။

တတ်နိုင်သလောက် ထိန်းသိမ်းနေသည့်ကြားမှ တစ်ခုသော ညနေရဲ့ အချိန်ကာလတစ်ခုမှာ
လှိုင်းဆက်ဟာ လေတင်းအောင်ဖြည့်ခံ
လိုက်ရတဲ့ ဘောလုံးတစ်ခုလို ခပ်ပြင်းပြင်း
ကွဲထွက်လို့သွားခဲ့သည်။ အစနတို့ဟာ
ဘေးက ချစ်ရသူကို နာကျင်စေခဲ့သလို
သူ့ကိုယ်သူလည်း နာကျင်မှုကို တွန်းမလှန်နိုင်ခဲ့။

ပုံမှန်ရုံးတက် ရုံးဆင်းရသည့် နေ့တစ်နေ့။
လှိုင်းဆက်က ငြိမ့်တည်ကိုကြိုပြီး
၇၈လမ်းအတိုင်း မောင်းပြန်ခဲ့သည်။
ညနေ ၅နာရီခွဲလောက်မို့ လမ်းပေါ်မှာ ကားတွေဆိုင်ကယ်တွေ များပြားလို့နေပြီး
ညနေနေရောင်က မန္တလေးမြို့အပေါ်ကို
ပုဇွန်ဆီရောင် ပက်ဖြန်းလို့ထားခဲ့သည်။

နှစ်ယောက်သား စကားတပြောပြော
မောင်းလာခဲ့ကြပြီး ငြိမ့်တည်လေးကတော့
သူ့ဆိုင်မှာ ကောင်တာ အသစ်တစ်ခု
တိုးရတဲ့အကြောင်း ဂုဏ်ယူစွာ ပြောနေခဲ့တာဖြစ်သည်။ သတင်းကျွတ် ပရိုမိုးရှင်း ကာလနီးနေတာကြောင့် ပစ္စည်းလျှော့ဈေးတွေချကာ ငြိမ့်တည်လေးတို့ ဆိုင်လေးက လူစည်လာခဲ့တာ ကြာပြီ။ အခုလို ညနေ သွားကြိုချိန်မှာတောင် ဆိုင်မှာလူသိပ်မပြတ်တတ်။

ပျော်ပျော်ရွှင်ရွှင် ပြောနေတဲ့ကောင်လေးကို
ငေးမိတိုင်း လှိုင်းဆက်လည်း အပြုံးမပျက်ရ။
သိပ္ပံလမ်း မီးပွိုင့်မှာရပ်နေတုန်း လက်ကို လာကိုင်တဲ့ငြိမ့်တည်လေးက ခုတလောသူ့ကို
စရနောက်ရတာ အင်မတန် သဘောတွေ့နေတတ်တာပင်။ လက်မောင်းကို အသည်းတယားယားကိုင်လို့ဆွဲလှုပ်ရတာကို ဘာတွေ
အရသာတွေ့နေသလဲမသိ။ နှစ်ယောက်ထဲ ရှိချိန်ဆို လှမ်းဆွဲပြီး လှုပ်ရတာ အမောဖြစ်သည်။

လှိုင်းဆက်တစ်ယောက် ပါးချိုင့်တွေ
ပေါ်သည်အထိ သဘောတကျပြုံးလို့
ညနေဆည်းဆာရောင်အောက်က ချစ်စရာကောင်လေးရဲ့ ဆံပင်တွေကို အသာဆွဲဖွလိုက်၏။ သဘောတကျ ရယ်သံလေးက
ကားထဲမှာ ပျံ့လွင့်သွားပြီး အိမ်ပြန်ချိန်က
ကြည်နူးစရာအတိ ဖြစ်နေခဲ့သည်။

သိပ္ပံလမ်းအတိုင်း အရှေ့ကို တက်ခဲ့တော့
ဟိုးအဝေးက တောင်တန်းတွေက မြို့ပြကြီးရဲ့ အစွန်မှာ ရိုးတိုးရိပ်တိပ် လှပလို့နေ၏။
ကားဒတ်ရှ်ဘုတ်ပေါ် တင်ထားတဲ့ ‌စပရိန်
အောက်ခံ ခွေးရုပ်သေးသေးလေးက လှုပ်စိလှုပ်စိဖြစ်နေပြီး ငြိမ့်က ထိုအရုပ်ကလေးကို
လက်ညှိုးလေးနဲ့ လှမ်းလှမ်းတို့နေရှာသည်။
သူသဘောကျလို့ ဝယ်လာတာကြောင့် ထင်ပါရဲ့ ကားပေါ်ရောက်လို့ စကားပြောရ ဝသွားပြီဆိုတာနှင့် ထိုအရုပ်ကလေးကို သွားတို့နေတော့တာဖြစ်သည်။

"ကိုလှိုင်းဆက် ညနေဘာစားချင်လဲဗျ။
စားချင်တာ ရှိရင် တစ်ခါထဲ ဝယ်ခဲ့ရအောင်လေ"

ကောင်ဘေးက လမ်းဘေးက စားသောက်ဆိုင်တွေဆီ ငေးရင်းပြောလို့လာသည်။ ဖြေးဖြေးချင်းကျန်ခဲ့တဲ့ စားသောက်ဆိုင်များကို လည်ပြန်အောင်
ငေးနေတာမို့ လှိုင်းဆက်မပြုံးပဲမနေနိုင်ပါ။
ပါးချိုင့်များဟာ မျက်နှာချောချောထက် နစ်ဝင်လို့ ခန့်ညားစွာ ပြုံးနေမိခဲ့သည်။ သူ့ကောင်လေးက တကယ့်ကို ကလေးလေး။

"ကိုယ်က အထူးထွေမစားချင်ပါဘူး။
ငြိမ့် ချက်ရမှာ ပျင်းလို့လား"

လျှာလေးထုတ်ပြလို့ ဝန်ခံနေတဲ့ ငြိမ့်တည်လေးက တကယ့်ချစ်စနိုးလေး။ သူပျင်းပြီးဆို ကိုလှိုင်းဆက် ဘာစားချင်သလဲနဲ့ စကားစတတ်တာကို နောကျေနေပြီမို့ မေးလိုက်ရတာဖြစ်သည်။ ဝိတ်လျှော့နေပါတယ်ဆိုတဲ့
ကောင်လေးက အစားကို အရင်လောက်
မစားတာမို့ ကိုယ်ရေစစ်သွားခဲ့သည်။
လှိုင်းဆက်ကတော့ စိုးရိမ်တာကြောင့် အလျှော့မလွန်အောင် ဘေးကနေ သတိပေးနေရသူကြီးပေါ့။

ကျန်နေသေးတဲ့ ပါးမို့မို့လေးကို
ချစ်စနိုးဆွဲဖဲ့တော့ တအွန်းအွန်းအသံပြုတဲ့
ကောင်လေးက မနာပဲနဲ့ သပ်သပ်မဲ့
နာဟန်ဆောင်ပြတဲ့ အတတ်ကလေးပါပဲ။

"ငပျင်းလေး..အပြင်စာက ဆီပိုများတယ်။
အိမ်ကျတော့ ကိုယ်တစ်ခုခု ပြင်ပေးပါ့မယ်ကွာ"

နူးညံ့စွာပြောတဲ့အခါ သဘောတကျနှင့်
ခေါင်းတငြိမ့်ငြိမ့်လုပ်လို့ လက်ခံတဲ့ကောင်လေး။  ညနေစာ ရှောင်ချင်နေတဲ့ ကောင်လေးက သိပ်မစားတာမို့ ပြင်ရမှာ အပန်းမကြီး။
လှိုင်းဆက်ကိုယ်တိုင်လည်း ‌ခုတလော
ညနေစာကို လျှော့စားနေခဲ့သည်လေ။

"ကျွန်တော်က ပျင်းလို့မဟုတ်ပါဘူးနော်။
နေ့တိုင်း ထမင်းချည်းဆိုတော့ စားရတာ
အီလာမှာစိုးလို့ပါဗျ"

ချစ်စရာ ဆင်ခြေလည်း ပေးတတ်သေးသည့်ကောင်လေး။ ပြုံးပြုံးကြီး ငေးကြည့်နေရုံကလွဲလို့ မတတ်နိုင်တဲ့ လှိုင်းဆက်ကတော့
သူပြောသမျှ ဟုတ်ပါပြီ ပဲပေါ့။ ဘာပဲဖြစ်ဖြစ် ငြိမ့်က အမှန်ပဲမို့။

နှစ်ယောက်သားက ဆည်းဆာချိန်အောက်မှ
ကြည်ကြည်နူးနူးရှိခဲ့ပြီး တိုကိခန်းရောက်တော့ ကားကို ကွင်းမှာရပ်ကာ အတူလျှောက်ခဲ့ကြသည်။ လှမ်းအော်နှုတ်ဆက်နေတဲ့ ထူးခန့်ကို ငြိမ့်က လက်ပြကာပြန်နှုတ်ဆက်နေပြီး
လှိုင်းဆက်ကတော့ ပြုံးပြခဲ့လိုက်သည်။
ထူးခန့်က လက်ထဲမှာ အဝတ်ဇလုံကိုင်လို့
ဝရန်တာမှာ လှန်းထားတဲ့ အဝတ်တွေကို
ရုတ်နေခဲ့တာပင်။

နှစ်ယောက်သား အပြုံးကိုယ်စီနှင့်
တိုက်ခန်းပေါ်တက်ခဲ့ကြတာ လူတစ်ယောက်နှင့် မဆုံခင်အချိန်ထိဖြစ်သည်။ မြင်လိုက်တာနှင့် တန်းပျောက်ဆုံးသွားသော မျက်နှာထက်က အပြုံးတွေက လှိုင်းဆက်ပုံစံကို ခက်ထန်လာစေနိုင်လောက်သည်။ လှစ်ခနဲ အနားကနေ ပြေးသွားတဲ့ ကောင်လေး။မြင်လိုက်ရတဲ့
ကျောပြင်ကြောင့် ရုံးအိတ်ကိုင်ထားမိတဲ့ လှိုင်းဆက်လက်တွေက တင်းကြပ်လာခဲ့တော့သည်။

တရှပ်ရှပ် ဖိနပ်သံလေးနဲ့ လှေကားသုံးဆင်းလောက် ပြေးတက်သွားတဲ့ကောင်လေး။
လှည့်ကြည့်လာသူရဲ့ ပျက်ခနဲဖြစ်သွားသော
မျက်နှာကို သေချာမြင်လိုက်ရတာကတော့
အောက်လှေကားကနေ ကြည့်နေတဲ့ လှိုင်းဆက်ပင်။ ချက်ချင်းတွန့်ချိုးလာမိတဲ့ သူ့မျက်ခုံးတန်းတွေက ထိုလူဆီ ခပ်စူးစူး ကြည့်မိလို့နေပြီး သူ့ဆီရောက်လာတဲ့ ထိုလူ့အကြည့်ကလည်း မနှစ်မြို့ခြင်းများစွာ။

"ရလားဗျ အစ်ကို ကျွန်တော် ကူသယ်ပေးမယ်လေ"

ရွှင်ပျစွာ ပြောနေတဲ့ကောင်လေးက ဘာဆိုဘာမှမသိ။ ကိုယ်ဝန်သည် အမျိုးသမီးကိုတွဲလို့ လက်ထဲမှာ အထုပ်များနှင့် လှေကားပေါ်တက်နေသည့် အမျိုးသားကို ကူညီချင်တဲ့ စိတ်သာရှိနေခဲ့သည်။ အရင်လည်း တိုက်ခန်းအပြင်ဘက်ဆီ ထိုမိန်းကလေးထွက်လာရင် ငြိမ့်က စကားပြောနေကျ။ ငြိမ့်လိုပဲ ဘာမှ မသိရှာသည့် ထိုအမျိုးသမီးကိုတော့
လှိုင်းဆက်စိတ်မကွက်မိပါ။ ငြိမ့်ဆီက ပြန်ကြားရတဲ့ မွေးခါနီးဖွားခါနီး အခြေအနေကြောင့် ဂရုဏာပင် သက်ရသေးသည်။

သို့သော် ထိုလူကိုတော့ လှိုင်းဆက်
အတော်စိတ်အနှောက်ယှက်ဖြစ်သည်။
ယခုလို ငြိမ့်လက်ကမ်းနေတဲ့ အထုပ်တွေကို
ပေးချင်သလို မပေးချင်သလိုလို လုပ်နေတာက လှိုင်းဆက်ကို ဒေါသထွက်လာစေခဲ့သည်။

"ကျေးဇူးပါ မောင်လေးရယ်။ အထုတ်သပ်သပ် နောက်မှ ဆင်းသယ်ရမှာ ၊ အစ်မတို့လည်း လောဘကြီးသွားလို့"

နူးညံ့စွာ ပြောဆိုလာတဲ့ အမျိုးသမီးက
ပျော်ရွှင်သွားသည့်ပုံပင်။ မဖြစ်မနေ ငြိမ့်လက်ထဲ အိတ်ထည့်ပေးလိုက်ရတဲ့ သူကတော့ တစ်ခုခုကို ကြောက်လန့်နေသလို
မျက်နှာက ဖြူဆုတ်ဆုတ်ဖြစ်လို့။ ဘာတွေများ ကြောက်နေသလဲ လှိုင်းဆက်မေးချင်ပါရဲ့။ တကယ်ဆို သူက ပိုပြီးတော့တောင် မပက်သက်ချင်သူပါ။

ဖြေးဖြေးချင်းထိန်းရင်း တက်သွားတဲ့
ကိုယ်ဝန်သည်အမျိုးသမီးက သူ့ယောက်ျား
လက်ကိုဆွဲလို့ ၊ ငြိမ့်တည်ကတော့ တစ်ခုခုဆို
ဘေးကနေထိန်းရန် အဆင်သင့်ကြည့်နေခဲ့သည်။ နောက်က ကျန်ခဲ့သူ လှိုင်းဆက်ကသာ
စိတ်တို စိတ်ရှုပ်ရင်း စိတ်ပုပ်ကျန်နေခဲ့ရပါသလို။

တတိယထပ်ကိုရောက်တော့ အခန်းနားထိ
ပို့ပေးနေတဲ့ ငြိမ့်တည်ကို လှိုင်းဆက်
ကိုယ့်အခန်းရှေ့က ကိုယ်ပဲ စောင့်နေလိုက်သည်။ အရမ်းတွေ စေတနာများနေတာကို
တားချင်နေတဲ့သူကပဲ ပြိတ္တာဖြစ်သွားနိုင်သည်။ ငြိမ့်တည်ကတော့ ဘာနေနေ
ကူမယ်ဆိုတာချည်းပါပဲ။

အိမ်တံခါးဖွင့်တာကို စောင့်နေတဲ့ ငြိမ့်တည်က
အထုပ်တွေကိုဆွဲလို့ရပ်နေခဲ့၏။
တံခါးပွင့်တာနှင့် ကိုယ်ဝန်သည် အမျိုးသမီးက အိမ်ထဲကို အရင်ဝင်လို့သွားသည်။
သူမရဲ့ အိမ်မို့ စိတ်ချလက်ချစွာပင်
ဝင်သွားခဲ့ပုံရသည်။ "မောင်လေး ဝင်ထိုင်အုန်းနော်" ဟု စကားပါးနေပေမဲ့
နောက်ကိုလှည့်မကြည့်လာ။

ပြုံးပြုံးလေး လုပ်နေတဲ့ ငြိမ့်တည်က
အထုပ်တွေကို သယ်ပေးလို့ အိမ်ထဲဝင်မည်
လုပ်နေတဲ့အခါ လှိုင်းဆက်မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ပြိုင်နက်ထဲမှာပဲ ငြိမ့်တည်ရှေ့ကနေ ပိတ်ရပ်လိုက်သူက အိမ်ထဲကို
မဝင်စေချင်သည့်ပုံ။ စိတ်ရှုပ်သလို ပျက်ပြနေသည့်မျက်နှာနှင့် အိမ်ဝမှာ ရပ်နေသူကို
ငြိမ့်တည်က အူကြောင်ကြောင်လေး မော့ကြည့်လို့နေခဲ့သည်။

"အထုပ်တွေ ဒီနားမှာပဲချခဲ့လိုက် ပြီးမှ အစ်ကိုသယ်ပါ့မယ်"

"ရပါတယ် ကျွန်တော်ပို့ပေးမယ်လေ"

အိတ်တွေကို မြှောက်ပြလို့ ငြိမ့်တည်ပြောပေမဲ့ ထိုလူက ကျစ်တစ်ချက်သတ်လို့
စိတ်မရှည်သလို လုပ်လိုက်တာမို့ လှိုင်းဆက်
ဒေါသက ထောင်းခနဲ။

ဗြန်းခနဲ ကိုယ့်အိမ်သံပန်းတံခါးကို တွန်းဖွင့်ရင်း လှိုင်းဆက်အသံက မာထန်စွာ ထွက်ပေါ်လာခဲ့သည်။

"ငြိမ့်တည် ဒီကို ပြန်လာခဲ့။  အိမ်ထဲဝင်မယ်!!"

ဘယ်လောက်တောင် တင်းမာမိသည်လည်း။ ဆတ်ခနဲတုန်သွားသော ငြိမ့်ရဲ့ ကိုယ်လေးက ဒီဘက်ကို လှည့်ကြည့်လို့လာသည်။
ရုတ်တရက် ဘာဖြစ်သွားတာလဲ မသိသလို
အံ့အားသင့်နေတဲ့ မျက်ဝန်းလေးတွေက ဝိုင်းစက်လို့။ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားတဲ့ မျက်တောင်လေးတွေက ထိတ်လန့်သွားတာကို ပြသနေခဲ့သည်။

လှိုင်းဆက် သူတို့ကြားက အခြေအနေကို
အရိပ်ခြေဖမ်းနေသူအား နည်းနည်းလေးမှတောင် ဂရုစိုက်မနေတော့။ ခပ်လှမ်းလှမ်းက
ကောင်လေးကို စူးစိုက်ကြည့်ပြီးမှ အကြည့်လွှဲကာ အိမ်ထဲဝင်လာခဲ့လိုက်သည်။
မင်း အိမ်ထဲသာ ဝင်လာပါတော့ ငြိမ့်ရယ်။

ဒေါသကြောင့် သူလုပ်သမျှက မြန်ဆန်နေပြီး
ငြိမ့်တည် အခန်းထဲရောက်မလာခင်ပဲ
သူက အဝတ်စားချွတ်ကာ ရေချိုးဖို့ အသင့်ဖြစ်နေခဲ့သည်။ အနားရောက်လာတဲ့ အရိပ်ကလေးကို မသိဟန်ပြုလို့ ကျော်ဖြတ်လိုက်ပြီး ရေချိုးခန်းထဲ တန်းဝင်လာခဲ့လိုက်၏။
သူ့စိတ်တွေ ပူလောင်နေလွန်းလို့ ဘာစကားမှလည်း ပြောနိုင်မည်မဟုတ်သေး။

ကျန်နေခဲ့တဲ့ ကောင်လေးကတော့ ရင်ထဲမှာ
တဒိန်းဒိန်းနှင့် ရင်ခုန်တာမဟုတ်ပဲ ရင်တုန်ကျန်နေခဲ့ရတာဖြစ်သည်။ရုတ်တရက် အခြေအနေမှာ သူတိုက်ခန်းထဲ အမြန်လိုက်ဝင်ခဲ့ပေမဲ့ ဘာကို စိတ်ဆိုးခံနေရမှန်း
ငြိမ့်တည်မသိ။

ခုတလောပိုင်း ကိုလှိုင်းဆက်ကို မျက်နှာရိပ်မျက်နှာကဲ ကြည့်ရတာ ငြိမ့်တည် တကယ်ပင်ပန်းသည်။ လူကြီးမို့ ကိုယ်မေးချင်တိုင်း မေးလို့မဖြစ်သလို ၊ တစ်ခုခုဆို
မြုံစိမြုံစိနှင့် ငြိမ့်တည်ကို ပြောမပြချင်တဲ့
အကျင့်ကလည်း မပျောက်နိုင်သေး။

ဘာကိစ္စမှန်း ရေရေရာရာမသိပါပဲ
စိမ်းစိမ်းကားကား ဆက်ဆံခံရတာ ဘယ်လိုခံစားရမလဲဆိုတာကို နားမလည်တာလား။
မကျေနပ်ရင် မကျေနပ်ကြောင်းပြောမှ
ငြိမ့်တည်က ပြင်စရာရှိတာ ပြင်နိုင်မည်မဟုတ်ဖူးလား။ ခုတော့ သူငါ့ကို ဘာတွေများ စိတ်ကွက်နေသလဲ ငြိမ့်တည်တွေးရင်း
စိတ်ပင်ပန်းရသည်။

အသက်ရွယ်ကွာခြားမှုကြောင့်ပဲ
ငြိမ့်တည်ကို သည်းမခံနိုင်တော့တာလား။
တွေးရင်း ငြိမ့်တည် ရင်ထဲနင့်ခနဲ အောင့်လာတာကြောင့် ဆိုဖာမှာ ငူငူလေး ထိုင်နေလိုက်ရသည်။ နွေးထွေးနေကျ အိမ်က ခုရက်ပိုင်း
မလာသေးတဲ့ မုန်တိုင်းကို ကြောက်နေရသလို
အထိတ်တလန့်ရှိလှ၏။ ဒီနေ့ဆို သူ့ကို
ခပ်မာမာအော်သည်အထိ ဘာတွေများ
ကိုလှိုင်းဆက် ဒေါသထွက်သလဲ ငြိမ့်တည် သိချင်ပါသည်။

လူကြီးတွေကို ချစ်ရတာ တကယ် ကြောက်ဖို့ကောင်းသည်။ လူကြီးမို့ ကြောက်ရတာ တစ်ကြောင်း ၊ ရင်နာအောင်လုပ်မှာ ကြောက်ရတာ တစ်ကြောင်း အကြောင်းပေါင်းစုံနှင့်
ငြိမ့်တည် ကိုလှိုင်းဆက်ကို တကယ်ကြောက်ပါသည်။ ရိုက်နှက်ဆုံးမတာထက် ပစ်ထားခံရတာက ပိုကြောက်ဖို့ကောင်းမှာ။

သူ့ မိသားစုက သူ့ကိုပစ်ပြီး ဒီလောကကြီးထဲ တစ်ယောက်ထဲ ထားခဲ့ကြသည်။
ခု ကိုလှိုင်းဆက်ကပါ သူ့အနားမှာနေဖို့
ပင်ပန်းနေခဲ့ပြီလား။ အမြဲ ပြုံးရွှင်စွာ
နေခဲ့ရတဲ့ ငြိမ့်တည် ဒီတစ်ခါတော့ ဧည့်ခန်းမှာ ရဲရဲကြီးတောင်မလှုပ်ရဲ။

တစ်ယောက်ယောက် အနားမှာမရှိလဲ နေတတ်အောင် သူအများကြီး ကြိုးစားခဲ့ရသည်။ ကံတရားက သူ့ဆီ ချစ်ရမဲ့သူ တစ်ယောက်ကို ပို့လာခဲ့ပြီးမှ ထပ်ပြီးတစ်ယောက်ထဲ နေခိုင်းအုန်းမည်ဆိုရင်တော့ ငြိမ့်တည်
ပြန်လည်ထူထောင်ဖို့ လွယ်မည်မထင်။

ကျွန်တော် ကြောက်ပါတယ် ကိုလှိုင်းဆက်ရယ်။ ဖွင့်ဟ ပြောမနေပေမဲ့ ခင်ဗျား စိတ်ပျက်မှာကို ကျွန်တော် တကယ်ကြောက်တာပါဗျာ...။

..........................................

ရေချိုးခန်းထဲက လှိုင်းဆက်ထွက်လာတော့
ဆိုဖာပေါ်  ပုံ့ပုံ့လေးထိုင်နေတဲ့ ငြိမ့်တည်က
ကြမ်းပြင်ကို ကြည့်ကာ ဘာတွေ အတွေးများနေသည်ရယ်မသိ။ သက်ပြင်းဖွဖွချလို့
လှိုင်းဆက် အခန်းထဲ အရင်ဝင်ခဲ့လိုက်သည်။
အဝတ်အစားလဲပြီး ငြိမ့်တည်စားဖို့ တစ်ခုခု
အမြန်လုပ်ပေးရမည်။ ညခုနှစ်နာရီကျော်ရင် ငြိမ့်တည်က ညစာမစားဖြစ်အောင် ပတ်ပြေးနေတတ်သည်မို့ အချိန်ရတုန်း အမြန်လုပ်ရတာပင်။

ငြိမ်သက်နေတဲ့ ကောင်ကလေးက သူ့ကို
အော်မိတာကို ဆန္ဒပြချင်နေသလား မသိပေမဲ့ လှိုင်းဆက်ချက်ချင်း မချော့အားသေး။
သူကိုယ်တိုင်လည်း ရေကို အေးစိမ့်နေအောင် ချိုးပြီးထွက်နေတဲ့ ဒေါသတွေကို ချိုးနှိမ်ခဲ့ရသေးတာမို့ အနည်ထိုင်စ ရှိနေသေးသည်။

ငြိမ့်ကို မတူသလို မတန်သလို ကြည့်နေတဲ့
အဲ့ဒီအကြည့် အမူအရာတွေကို လှိုင်းဆက်
ရွံလွန်းလို့ ပြန်တောင်မတွေးချင်။ငြိမ့်တည်
အိမ်ထဲ ဝင်မှာကို မသတီသလို လုပ်နေတဲ့ပုံစံက လှိုင်းဆက်ကို ငယ်ထိပ်ထိ သွေးဆောင့်တိုးစေခဲ့တာဖြစ်သည်။

သူက အဲ့ဒီ စက်ဆုပ်သလို  မတူမတန်သလို အကြည့်တွေအကြောင်း ကောင်းကောင်းသိပြီးသား။ ကိုယ့်ကိုယ်ကိုယ်
မုန်းတီးမိအောင်ထိ သူ့ပေါ်သက်ရောက်ခဲ့တဲ့
အဲ့ဒီလို အော့နှလုံးနာစရာ အပြုမူတွေကို
အသည်းထဲထိ စွဲနေအောင် သူကြုံခဲ့ရဖူးသည်။ ရာရာစစ သူ့ရဲ့ ငြိမ့်ကို ဒီလိုမျိုး
လာလုပ်တာကို ၊ သူသည်းခံနေရတာတောင် အတော်လေး တရားလွန်နေပြီ မဟုတ်ပါလား။

ပြုတ်ထားတဲ့ ကြက်ဥများကို အခွံခွာရင်း
လှိုင်းဆက်နှာခေါင်းက အသက်ရှူသံပင်
တရှူးရှူးထွက်လို့နေတော့သည်။
‌အရွက်သုတ်များကို ပန်းကန်ပြားထဲ ထည့်ပြီး
ထမင်းဖြူကို ဆီပါးပါးစမ်းလိုက်ကာ
ပန်းကန်နှစ်ချပ်ခွဲထည့်လိုက်၏။
စိတ်ဆတ်နေတာကြောင့် ပန်းကန်သံ
ဇွန်းသံတွေ ဆူနေတာကို ကိုယ်တိုင်တောင်
သတိမထားမိ။ မီးဖိုချောင် အပေါက်ဝမှာ
ချိတ်ထားသော ငှက်ပျောသီးတစ်လုံးကို
ငြိမ့်အတွက် ဖြုတ်ယူကာ လှိုင်းဆက် ထွက်လာခဲ့လိုက်သည်။

စားပွဲခုံပုလေးကို ခင်းလို့ ထမင်းပန်းကန်များ
ပြင်ဆင်ကာ လှိုင်းဆက်ထိုင်လိုက်သည်။
ထမင်းစားဖို့ လုပ်ပြနေပေမဲ့ ဆိုဖာပေါ်
ထိုင်နေသူကတော့ တုတ်တုတ်မျှမလှုပ်။
သူရေချိုးနေကတည်းကဆို ငြိမ့်တည်ထိုင်နေတာ တစ်နာရီလောက်ရှိတော့မည်။ ဒါနဲ့ပဲ
၇နာရီကျော်ရင် အမျိုးမျိုး ဆင်ခြေပေးပြီး ထမင်းမစားပဲနေဖို့ လုပ်အုန်းမည်။

"ထမင်းစားကြမယ်လေ"
လှိုင်းဆက် ပုံမှန်အတိုင်း ထမင်းစားနေကျလို ခေါ်လိုက်ကာ  ငြိမ့်ကို သေချာမော့မကြည့်ဖြစ်။ ရေနွေးငှဲ့ပေးဖို့ လုပ်နေခဲ့တာကြောင့်ဖြစ်သည်။

ခြေထောက်ချလို့ ထလာတဲ့ကောင်လေးကြောင့် ထမင်းလာစားတော့မည် ထင်လိုက်ပေမဲ့ သူ့ကိုကျော်ကာ နောက်ဖေးဖက်
ဦးတည်လိုက်မှ ထည့်လက်စ ရေနွေးခွက်ပင် လေထဲမှာ ရပ်တန့်လို့ ကျန်ခဲ့ရသည်။
လှိုင်းဆက်က ကြောင်တောင်တောင်ဖြစ်လို့။
ငြိမ့် သူ့ကို စိတ်ဆိုးနေတာ သူအခုမှ သေချာသိတော့သည်။

"ငြိမ့်"
သူ့ခေါ်သံအဆုံး ရပ်သွားတဲ့ ခြေလှမ်းတွေ။
လှည့်မကြည့်လာပေမဲ့ နားစွင့်နေသူရဲ့
ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လို့နေ၏။

"ထမင်းစားကြမယ်လေကွာ "
နူးညံ့သော သူ့အသံက ဖျော့တော့စွာ။
တုန်လှုပ်နေတဲ့ ကျောပြင်လေးကလည်း
လှည့်ကြည့်မလာခဲ့။ မသိကျိုးကျွန်ပြုကာ
ရှေ့ဆက်သွားတော့မည့် ပုံရိပ်ကလေးဟာ
လှိုင်းဆက်ကို ထိတ်ပြာသွားစေခဲ့သည်။

အနားဘယ်လိုရောက်သွားမှန်း မသိခင်မှာပဲ
ပုခုံးကကိုင်လို့ ဆွဲ့လှည့်မိတဲ့ ကောင်လေးရဲ့
မျက်နှာကို မြင်ရချိန်မှာတော့ သူ့ရင်ထဲ
မိုးအခါခါပြိုသလို ညိုရပါတော့သည်။
နီရဲနေသော မျက်ဝန်းတွေ ၊ ရဲတွတ်နေသော
မျက်နှာ နှင့် နားထင်စက ‌သွေးကြောများပင်
ထောင်ထနေသည်အထိ ငြိမ့်ဟာ ငိုခါနီး
အခြေအနေမှာရှိနေခဲ့တာပင်။ အတင်းဖိအားပေး ထိန်းထားရသလိုမျိုး ငြိမ့်ကိုယ်လုံးက လှိုင်းဆက်လက်တွေထဲမှာ တုန်ယင်လို့နေခဲ့သည်။

မိုးကြိုးအစင်းပေါင်းများစွာ ပစ်ချခံလိုက်ရသလို လှိုင်းဆက်ဟာ အထိတ်တလန့်။
ပြူးကျယ်နေသောမျက်ဝန်းများနှင့်
ဒိန်းခနဲ ဒိန်းခနဲတုန်နေသော နှလုံးခုန်မှုဟာ
သူ့ကိုယ်က အလိုလိုတုန့်ပြန်သည့် အကြောက်တရားများပင်။
စိုးရိမ်တကြီး မေးမိတဲ့ အမေးတွေဟာ
တုန်ယင်လို့ ၊ ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်နေရခြင်းဟာ ချစ်ရတဲ့ ငြိမ့်ရဲ့ နာကျင် ဝမ်းနည်းမှုတွေကြောင့်ပင်။

"ဘာဖြစ်တာလဲ .. ငြိမ့်။ ကလေး.. ကိုယ့်ကို
ကြည့်စမ်းပါအုန်းကွာ"

"ကလေး ဘာဖြစ်လို့လဲ ..ကိုယ့်ကိုပြောနော်"

"ငိုချင်ရင်ငိုနော်.. အဲ့လိုကြီး အံကြိတ်မထားရဘူး"

ပုခုံးကို ခပ်ဖွဖွဆုပ်ကိုင်လို့ လှိုင်းဆက် ချော့မော့ပေမဲ့ ကောင်လေးက တင်းထားဆဲ။
မရုန်းမကန် အံကြိတ်ထားတဲ့ ပုံစံက
လှိုင်းဆက်ကို သွက်သွက်ခါစေချင်ခဲ့သည်။

ခါးကနေပွေ့သိမ်းလို့ တင်းကြပ်စွာဖက်ကာ
ကောင်လေးရဲ့ မျက်နှာကို လှိုင်းဆက်ပုခုံးပေါ်အပ်စေတော့ တွန်းကန်လာတဲ့ကိုယ်လေး။

"ကိုယ်တောင်းပန်ပါတယ်.. အဲ့လိုကြီးမနေပါနဲ့"

"ငြိမ့် စိတ်တိုရင် ကိုယ့်ကိုရိုက်နော် ..ကလေး..
အဲ့လိုကြီးလုပ်မထားပါနဲ့"

စိုစွတ်လာတဲ့ လှိုင်းဆက်မျက်ဝန်းတွေ။
မျက်ရည်ပူ‌တွေစီးကျလာပြီး အမြင်အာရုံတွေဟာ ဝေဝါးသွားခဲ့ရသည်။ အရမ်း စိုးရိမ်လွန်းလို့ သူရူးတောင်ရူးသွားနိုင်သည်။ ငြိမ့်က
ဒီလောက်ကြီးထိ မွန်းကျပ်နေရှာတာ။
သူ့ကြောင့်... သူမကောင်းတာကြောင့်ပါ။

တုန်လှုပ်စွာ တင်းနေအောင်ဖက်ထားတဲ့အခါ
တသိမ့်သိမ့်တုန်ခါလာသော ကိုယ်လေးနှင့်အတူ လှိုင်းဆက်ပုခုံးဟာလည်း စိုစွတ်လို့လာတော့သည်။ တအင့်အင့် ငိုရှိုက်သံက လှိုင်းဆက်ပုခုံးထက်မှာ ပလုံးပထွေးမျက်နှာအပ်လျက် ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။

စူးနေအောင်နာလာသော ရင်ဘတ်။
အရာရာထက် သူပိုကြောက်တာ
ဘာလဲဆိုတာ သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း
သိလိုက်ရတဲ့ အချိန်။

ငိုကြွေးနေတဲ့ ကောင်လေးရဲ့ မျက်နှာ နှစ်ဖက်ကနေ အုပ်ကိုင်လို့ မျက်နှာချင်း ဆိုင်စေတဲ့အခါ ရုန်းကန်ထွက်တဲ့ကောင်လေးက သူ့ကို မကြည့်ချင်ပုံ။ ရဲရဲကြီး ရင်ဆိုင်မှ ရမှာမို့
နာမှာစိုးနေပေမဲ့ ခပ်တင်းတင်းကိုင်ကာ
မျက်နှာချင်းဆိုင်ဖို့ ကြိုးစားရသည်။
လိမ္မာတဲ့ ကလေးက သူ့လက်တွေနဲ့
ရိုက်ဖယ်တာမိုးတောင် လုပ်မလာ။ တရှိုက်ရှိုက်နှင့် ငိုနေတာမို့ သူပိုပြီးစိုးရိမ်မိပါရဲ့။

တဖြေးဖြေး အရှိန်လျော့သွားစေဖို့
သူချော့ရင်းမော့ရင်း ‌မေးရတာလည်းအခါခါ။

"ကိုယ့်ကြောင့်လား ဟုတ်လား။
ကိုယ်က ငြိမ့်ကို ငိုအောင်လုပ်တာမို့လား။"

"..."

"ကိုယ်က အရမ်းစိတ်တိုအောင်လုပ်မိတာမို့လား ကလေးကို...နော်"

"ခင်ဗျား..."

"အွန်း အွန်း"

"ခင်ဗျားနဲ့ ကျွန်တော်ပဲ ရှိတာ။
ခင်ဗျား မဟုတ်ရင် ဘယ်သူက လုပ်မှာလဲ"

မကျေနပ်စွာ ပြောလာသူက မျက်ဝန်းဝိုင်းတွေကို ဝန်းရံထားရာ မျက်တောင်တွေပင် စိုရွှဲလို့။

"ခင်ဗျားတဲ့လားကွား..."
လှိုင်းဆက် တိုးတိုးလေး ရေရွတ်လိုက်တာပေမဲ့ ကောင်လေးကလည်း ကြားဖြစ်အောင်ကို ကြားလို့သွားသည်။ ခပ်ဆတ်ဆတ်ပြောလာသံက လှိုင်းဆက်ကို တစ်ခဏလောက်တောင် ပါးစပ်ပိတ်သွားစေခဲ့၏။

"ခင်ဗျားကိုမခေါ်ရင် ဘယ်လိုခေါ်ရမလဲ။
ဦးလေးကြီးလား"

"..."

"ဟုတ်ပါတယ် ဦးလေးကြီးပါ ..ဦးလေးကြီးပေါ့။ ကျွန်တော့ကို ပစ်ထားခဲ့ချင်နေတာမို့လားဗျ ဦးလေးကြီးက"

"မဟုတ်တာ ငြိမ့်ရယ်"

"ဘာကို မဟုတ်တာလည်း။ ဦးလေးကြီး
ရုပ်ကိုကြည့်ရင် သိသာနေတာပဲ။
ဦးလေးကြီး စိတ်ပျက်ရင် သားကို ဒဲ့ပြောလို့ရတယ်။ အမူအရာတွေနဲ့ သားကို နေလို့ထိုင်လို့ မရအောင် လုပ်မနေပါနဲ့"

ဦးလေးကြီးနှင့် သားတွေပါ ချနေတဲ့
ငြိမ့်တည်က သူ့ဒေါသတွေဖြည်ချဖို့
အချိန်ကျသွားပုံရသည်။ တရှုံ့ရှုံ့နှင့်
လှိုင်းဆက် လက်ထဲကနေ မော့ကာ
ပြန်ပြောနေတာများ အဆက်မပြတ်တော့။
လှိုင်းဆက်မှာတော့ မျက်နှာငယ်နှင့် နားထောင်ရုံကလွဲရင် ကျန်တာ မတတ်နိုင်။

ဒီကလေးက သူ့အရိပ်ခြေကြည့်ပြီး
ပင်ပန်းနေခဲ့တာ။ ငြိမ့်သိရင် ပင်ပန်းမှာစိုးလို့ သူတစ်ယောက်ထဲ ခံစားနေခဲ့ပေမဲ့ အဲ့ဒါက ငြိမ့်ကို ပိုစိတ်ထိခိုက်သွားစေခဲ့သည်။
သူအတွေးရော အလုပ်ပါ အမှားကြီးမှားသွားတာပင်။

ပြဿနာကို ရှောင်ပြေးနေရမှာ မဟုတ်ပဲ
ဖွင့်ပြောပြီး ရင်ဆိုင်လိုက်မှ ငြိမ့်အတွက်
ပိုသက်သာနိုင်မည်လား။
ဒါဆို သူ မေ့ထားချင်တဲ့ အတိတ်ကို
ငြိမ့်ကို ပြောပြရတော့မည်။ သူ့အတွက်
ငြိမ့်နာကျင်နေတာကို မြင်ရတာလောက်
ဆိုးရွားတဲ့ နာကျင်မှုဆိုတာ မရှိနိုင်တော့ပါဘူး။

လှိုင်းဆက်က ဝမ်းနည်းစွာ ရှိုက်ရင်း
မကျေမနပ်ဖြစ်နေတဲ့ ကောင်လေးကို
ဆွဲပွေ့လို့ ဆံပင်တိုတွေကြားထဲ မျက်နှာအပ်ထည့်ကာ တိုးဝှေ့နေလိုက်သည်။

ဦးလေးကြီးက အရမ်းဆိုးမိလို့
တောင်းပန်ပါတယ် ငြိမ့်ရယ်...။

..................................................

စာရေးသူ၏ အမှာစာ :
Reading listsလေးတွေအတွက်ကျေးဇူးတင်ပါတယ်
အဆင်ပြေရင် Reviewsလေးတွေပါ
ရေးပေးကြပါအုန်း
Honest Reviewရေးလို့ရပါတယ်ဗျား
#ငြိမ့် ဆိုပြီးရေးထားပေးရင် ရှာဖတ်ပါ့မယ်ဗျ ❤️

Zawgyi

ခ်စ္မိၿပီးေနာက္ ေန႕ရက္မ်ား ၆

(ခ်စ္အတၱႏွင့္ အထင္ျမင္လြဲမႈ)

ခံစားခ်က္ဟူသည္ကား ခ်ဳပ္တီးထားေလ
ေပါက္ကြဲဖို႔ ပိုလြယ္ေလျဖစ္ေသာ အရာပင္။
မည္မွ်ပင္ ကင္းကင္းေနမည္လုပ္ေသာ္လည္း
ပက္သက္ရာ ပက္သက္ေၾကာင္းေတြ
ရွိလို႔ေနၿပီး ၊ျမင္ရ ၾကားေနရတဲ့အခါ
လွိုင္းဆက္စိတ္မွာ မခ်မ္းသာနိုင္ေတာ့။
မ်က္ႏွာမပ်က္ေအာင္ ႀကိဳးစားေနရတာကိုပင္ စိတ္ပင္ပန္းလို႔လာသည္။

ၿငိမ့္ေၾကာင့္ပဲ သူေျပာင္းလဲလာခဲ့တာလား။
အရင္ကေလာက္ သည္းခံနိုင္စြမ္း မရွိေတာ့တဲ့ လွိုင္းဆက္က တစ္ခုခု ရင္ထဲမွာအခဲမေၾက။
အထူးသျဖင့္ ဇင္ကိုဝင္းနဲ႕ ပက္သတ္ရင္
ပိုၿပီး စိတ္ရႈပ္ရလြန္းသည္။ ၿငိမ့္နဲ႕သူ ႐ုံးအျပန္
ထိုလူႏွင့္ ေလွကားမွာေတြ႕တိုင္း ေနရထိုင္ရခက္ေနသလို လုပ္တဲ့ပုံစံက လွိုင္းဆက္ကို
‌မထိခိုက္ေပမဲ့ ၿငိမ့္ကေတာ့ ေၾကာင္ေတာင္ေတာင္ေလး ျဖစ္သြားတတ္၏။

ဒီေကာင္ေလးနဲ႕ ပက္သတ္ရင္ သူ႕စိတ္တို႔က
ဆတ္ဆတ္ခါရသည္။ ဒီအသက္႐ြယ္က်မွ
အကုန္လုံးကို လြန္ဆန္ၿပီး အ႐ြဲ႕တိုက္ျပခ်င္တဲ့အထိ ၿငိမ့္တည္ကို လွိုင္းဆက္ခ်စ္ပါသည္။
ေသးေသးတင္မခံခ်င္တဲ့ စိတ္ဟာ သူ႕အတိတ္က အိပ္မက္ဆိုးေၾကာင့္ အေသြးသြားထဲကေန
နိုးထလို႔လာခဲ့သည္ထင္၏။

တတ္နိုင္သေလာက္ ထိန္းသိမ္းေနသည့္ၾကားမွ တစ္ခုေသာ ညေနရဲ႕ အခ်ိန္ကာလတစ္ခုမွာ
လွိုင္းဆက္ဟာ ေလတင္းေအာင္ျဖည့္ခံ
လိုက္ရတဲ့ ေဘာလုံးတစ္ခုလို ခပ္ျပင္းျပင္း
ကြဲထြက္လို႔သြားခဲ့သည္။ အစနတို႔ဟာ
ေဘးက ခ်စ္ရသူကို နာက်င္ေစခဲ့သလို
သူ႕ကိုယ္သူလည္း နာက်င္မႈကို တြန္းမလွန္နိုင္ခဲ့။

ပုံမွန္႐ုံးတက္ ႐ုံးဆင္းရသည့္ ေန႕တစ္ေန႕။
လွိုင္းဆက္က ၿငိမ့္တည္ကိုႀကိဳၿပီး
၇၈လမ္းအတိုင္း ေမာင္းျပန္ခဲ့သည္။
ညေန ၅နာရီခြဲေလာက္မို႔ လမ္းေပၚမွာ ကားေတြဆိုင္ကယ္ေတြ မ်ားျပားလို႔ေနၿပီး
ညေနေနေရာင္က မႏၲေလးၿမိဳ႕အေပၚကို
ပုဇြန္ဆီေရာင္ ပက္ျဖန္းလို႔ထားခဲ့သည္။

ႏွစ္ေယာက္သား စကားတေျပာေျပာ
ေမာင္းလာခဲ့ၾကၿပီး ၿငိမ့္တည္ေလးကေတာ့
သူ႕ဆိုင္မွာ ေကာင္တာ အသစ္တစ္ခု
တိုးရတဲ့အေၾကာင္း ဂုဏ္ယူစြာ ေျပာေနခဲ့တာျဖစ္သည္။ သတင္းကြၽတ္ ပရိုမိုးရွင္း ကာလနီးေနတာေၾကာင့္ ပစၥည္းေလွ်ာ့ေဈးေတြခ်ကာ ၿငိမ့္တည္ေလးတို႔ ဆိုင္ေလးက လူစည္လာခဲ့တာ ၾကာၿပီ။ အခုလို ညေန သြားႀကိဳခ်ိန္မွာေတာင္ ဆိုင္မွာလူသိပ္မျပတ္တတ္။

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေျပာေနတဲ့ေကာင္ေလးကို
ေငးမိတိုင္း လွိုင္းဆက္လည္း အၿပဳံးမပ်က္ရ။
သိပၸံလမ္း မီးပြိုင့္မွာရပ္ေနတုန္း လက္ကို လာကိုင္တဲ့ၿငိမ့္တည္ေလးက ခုတေလာသူ႕ကို
စရေနာက္ရတာ အင္မတန္ သေဘာေတြ႕ေနတတ္တာပင္။ လက္ေမာင္းကို အသည္းတယားယားကိုင္လို႔ဆြဲလႈပ္ရတာကို ဘာေတြ
အရသာေတြ႕ေနသလဲမသိ။ ႏွစ္ေယာက္ထဲ ရွိခ်ိန္ဆို လွမ္းဆြဲၿပီး လႈပ္ရတာ အေမာျဖစ္သည္။

လွိုင္းဆက္တစ္ေယာက္ ပါးခ်ိဳင့္ေတြ
ေပၚသည္အထိ သေဘာတက်ၿပဳံးလို႔
ညေနဆည္းဆာေရာင္ေအာက္က ခ်စ္စရာေကာင္ေလးရဲ႕ ဆံပင္ေတြကို အသာဆြဲဖြလိုက္၏။ သေဘာတက် ရယ္သံေလးက
ကားထဲမွာ ပ်ံ့လြင့္သြားၿပီး အိမ္ျပန္ခ်ိန္က
ၾကည္ႏူးစရာအတိ ျဖစ္ေနခဲ့သည္။

သိပၸံလမ္းအတိုင္း အေရွ႕ကို တက္ခဲ့ေတာ့
ဟိုးအေဝးက ေတာင္တန္းေတြက ၿမိဳ႕ျပႀကီးရဲ႕ အစြန္မွာ ရိုးတိုးရိပ္တိပ္ လွပလို႔ေန၏။
ကားဒတ္ရွ္ဘုတ္ေပၚ တင္ထားတဲ့ ‌စပရိန္
ေအာက္ခံ ေခြး႐ုပ္ေသးေသးေလးက လႈပ္စိလႈပ္စိျဖစ္ေနၿပီး ၿငိမ့္က ထိုအ႐ုပ္ကေလးကို
လက္ညွိုးေလးနဲ႕ လွမ္းလွမ္းတို႔ေနရွာသည္။
သူသေဘာက်လိဳ႕ ဝယ္လာတာေၾကာင့္ ထင္ပါရဲ႕ ကားေပၚေရာက္လို႔ စကားေျပာရ ဝသြားၿပီဆိုတာႏွင့္ ထိုအ႐ုပ္ကေလးကို သြားတို႔ေနေတာ့တာျဖစ္သည္။

"ကိုလွိုင္းဆက္ ညေနဘာစားခ်င္လဲဗ်။
စားခ်င္တာ ရွိရင္ တစ္ခါထဲ ဝယ္ခဲ့ရေအာင္ေလ"

ေကာင္ေဘးက လမ္းေဘးက စားေသာက္ဆိုင္ေတြဆီ ေငးရင္းေျပာလို႔လာသည္။ ေျဖးေျဖးခ်င္းက်န္ခဲ့တဲ့ စားေသာက္ဆိုင္မ်ားကို လည္ျပန္ေအာင္
ေငးေနတာမို႔ လွိုင္းဆက္မၿပဳံးပဲမေနနိုင္ပါ။
ပါးခ်ိဳင့္မ်ားဟာ မ်က္ႏွာေခ်ာေခ်ာထက္ နစ္ဝင္လို႔ ခန႔္ညားစြာ ၿပဳံးေနမိခဲ့သည္။ သူ႕ေကာင္ေလးက တကယ့္ကို ကေလးေလး။

"ကိုယ္က အထူးေထြမစားခ်င္ပါဘူး။
ၿငိမ့္ ခ်က္ရမွာ ပ်င္းလို႔လား"

လွ်ာေလးထုတ္ျပလို႔ ဝန္ခံေနတဲ့ ၿငိမ့္တည္ေလးက တကယ့္ခ်စ္စနိုးေလး။ သူပ်င္းၿပီးဆို ကိုလွိုင္းဆက္ ဘာစားခ်င္သလဲနဲ႕ စကားစတတ္တာကို ေနာေက်ေနၿပီမို႔ ေမးလိုက္ရတာျဖစ္သည္။ ဝိတ္ေလွ်ာ့ေနပါတယ္ဆိုတဲ့
ေကာင္ေလးက အစားကို အရင္ေလာက္
မစားတာမို႔ ကိုယ္ေရစစ္သြားခဲ့သည္။
လွိုင္းဆက္ကေတာ့ စိုးရိမ္တာေၾကာင့္ အေလွ်ာ့မလြန္ေအာင္ ေဘးကေန သတိေပးေနရသူႀကီးေပါ့။

က်န္ေနေသးတဲ့ ပါးမို႔မို႔ေလးကို
ခ်စ္စနိုးဆြဲဖဲ့ေတာ့ တအြန္းအြန္းအသံျပဳတဲ့
ေကာင္ေလးက မနာပဲနဲ႕ သပ္သပ္မဲ့
နာဟန္ေဆာင္ျပတဲ့ အတတ္ကေလးပါပဲ။

"ငပ်င္းေလး..အျပင္စာက ဆီပိုမ်ားတယ္။
အိမ္က်ေတာ့ ကိုယ္တစ္ခုခု ျပင္ေပးပါ့မယ္ကြာ"

ႏူးညံ့စြာေျပာတဲ့အခါ သေဘာတက်ႏွင့္
ေခါင္းတၿငိမ့္ၿငိမ့္လုပ္လို႔ လက္ခံတဲ့ေကာင္ေလး။  ညေနစာ ေရွာင္ခ်င္ေနတဲ့ ေကာင္ေလးက သိပ္မစားတာမို႔ ျပင္ရမွာ အပန္းမႀကီး။
လွိုင္းဆက္ကိုယ္တိုင္လည္း ‌ခုတေလာ
ညေနစာကို ေလွ်ာ့စားေနခဲ့သည္ေလ။

"ကြၽန္ေတာ္က ပ်င္းလို႔မဟုတ္ပါဘူးေနာ္။
ေန႕တိုင္း ထမင္းခ်ည္းဆိုေတာ့ စားရတာ
အီလာမွာစိုးလို႔ပါဗ်"

ခ်စ္စရာ ဆင္ေျခလည္း ေပးတတ္ေသးသည့္ေကာင္ေလး။ ၿပဳံးၿပဳံးႀကီး ေငးၾကည့္ေန႐ုံကလြဲလို႔ မတတ္နိုင္တဲ့ လွိုင္းဆက္ကေတာ့
သူေျပာသမွ် ဟုတ္ပါၿပီ ပဲေပါ့။ ဘာပဲျဖစ္ျဖစ္ ၿငိမ့္က အမွန္ပဲမို႔။

ႏွစ္ေယာက္သားက ဆည္းဆာခ်ိန္ေအာက္မွ
ၾကည္ၾကည္ႏူးႏူးရွိခဲ့ၿပီး တိုကိခန္းေရာက္ေတာ့ ကားကို ကြင္းမွာရပ္ကာ အတူေလွ်ာက္ခဲ့ၾကသည္။ လွမ္းေအာ္ႏႈတ္ဆက္ေနတဲ့ ထူးခန႔္ကို ၿငိမ့္က လက္ျပကာျပန္ႏႈတ္ဆက္ေနၿပီး
လွိုင္းဆက္ကေတာ့ ၿပဳံးျပခဲ့လိုက္သည္။
ထူးခန႔္က လက္ထဲမွာ အဝတ္ဇလုံကိုင္လို႔
ဝရန္တာမွာ လွန္းထားတဲ့ အဝတ္ေတြကို
႐ုတ္ေနခဲ့တာပင္။

ႏွစ္ေယာက္သား အၿပဳံးကိုယ္စီႏွင့္
တိုက္ခန္းေပၚတက္ခဲ့ၾကတာ လူတစ္ေယာက္ႏွင့္ မဆုံခင္အခ်ိန္ထိျဖစ္သည္။ ျမင္လိုက္တာႏွင့္ တန္းေပ်ာက္ဆုံးသြားေသာ မ်က္ႏွာထက္က အၿပဳံးေတြက လွိုင္းဆက္ပုံစံကို ခက္ထန္လာေစနိုင္ေလာက္သည္။ လွစ္ခနဲ အနားကေန ေျပးသြားတဲ့ ေကာင္ေလး။ျမင္လိုက္ရတဲ့
ေက်ာျပင္ေၾကာင့္ ႐ုံးအိတ္ကိုင္ထားမိတဲ့ လွိုင္းဆက္လက္ေတြက တင္းၾကပ္လာခဲ့ေတာ့သည္။

တရွပ္ရွပ္ ဖိနပ္သံေလးနဲ႕ ေလွကားသုံးဆင္းေလာက္ ေျပးတက္သြားတဲ့ေကာင္ေလး။
လွည့္ၾကည့္လာသူရဲ႕ ပ်က္ခနဲျဖစ္သြားေသာ
မ်က္ႏွာကို ေသခ်ာျမင္လိုက္ရတာကေတာ့
ေအာက္ေလွကားကေန ၾကည့္ေနတဲ့ လွိုင္းဆက္ပင္။ ခ်က္ခ်င္းတြန႔္ခ်ိဳးလာမိတဲ့ သူ႕မ်က္ခုံးတန္းေတြက ထိုလူဆီ ခပ္စူးစူး ၾကည့္မိလို႔ေနၿပီး သူ႕ဆီေရာက္လာတဲ့ ထိုလူ႕အၾကည့္ကလည္း မႏွစ္ၿမိဳ႕ျခင္းမ်ားစြာ။

"ရလားဗ် အစ္ကို ကြၽန္ေတာ္ ကူသယ္ေပးမယ္ေလ"

႐ႊင္ပ်စြာ ေျပာေနတဲ့ေကာင္ေလးက ဘာဆိုဘာမွမသိ။ ကိုယ္ဝန္သည္ အမ်ိဳးသမီးကိုတြဲလို႔ လက္ထဲမွာ အထုပ္မ်ားႏွင့္ ေလွကားေပၚတက္ေနသည့္ အမ်ိဳးသားကို ကူညီခ်င္တဲ့ စိတ္သာရွိေနခဲ့သည္။ အရင္လည္း တိုက္ခန္းအျပင္ဘက္ဆီ ထိုမိန္းကေလးထြက္လာရင္ ၿငိမ့္က စကားေျပာေနက်။ ၿငိမ့္လိုပဲ ဘာမွ မသိရွာသည့္ ထိုအမ်ိဳးသမီးကိုေတာ့
လွိုင္းဆက္စိတ္မကြက္မိပါ။ ၿငိမ့္ဆီက ျပန္ၾကားရတဲ့ ေမြးခါနီးဖြားခါနီး အေျခအေနေၾကာင့္ ဂ႐ုဏာပင္ သက္ရေသးသည္။

သို႔ေသာ္ ထိုလူကိုေတာ့ လွိုင္းဆက္
အေတာ္စိတ္အေႏွာက္ယွက္ျဖစ္သည္။
ယခုလို ၿငိမ့္လက္ကမ္းေနတဲ့ အထုပ္ေတြကို
ေပးခ်င္သလို မေပးခ်င္သလိုလို လုပ္ေနတာက လွိုင္းဆက္ကို ေဒါသထြက္လာေစခဲ့သည္။

"ေက်းဇူးပါ ေမာင္ေလးရယ္။ အထုတ္သပ္သပ္ ေနာက္မွ ဆင္းသယ္ရမွာ ၊ အစ္မတို႔လည္း ေလာဘႀကီးသြားလို႔"

ႏူးညံ့စြာ ေျပာဆိုလာတဲ့ အမ်ိဳးသမီးက
ေပ်ာ္႐ႊင္သြားသည့္ပုံပင္။ မျဖစ္မေန ၿငိမ့္လက္ထဲ အိတ္ထည့္ေပးလိုက္ရတဲ့ သူကေတာ့ တစ္ခုခုကို ေၾကာက္လန႔္ေနသလို
မ်က္ႏွာက ျဖဴဆုတ္ဆုတ္ျဖစ္လို႔။ ဘာေတြမ်ား ေၾကာက္ေနသလဲ လွိုင္းဆက္ေမးခ်င္ပါရဲ႕။ တကယ္ဆို သူက ပိုၿပီးေတာ့ေတာင္ မပက္သက္ခ်င္သူပါ။

ေျဖးေျဖးခ်င္းထိန္းရင္း တက္သြားတဲ့
ကိုယ္ဝန္သည္အမ်ိဳးသမီးက သူ႕ေယာက္်ား
လက္ကိုဆြဲလို႔ ၊ ၿငိမ့္တည္ကေတာ့ တစ္ခုခုဆို
ေဘးကေနထိန္းရန္ အဆင္သင့္ၾကည့္ေနခဲ့သည္။ ေနာက္က က်န္ခဲ့သူ လွိုင္းဆက္ကသာ
စိတ္တို စိတ္ရႈပ္ရင္း စိတ္ပုပ္က်န္ေနခဲ့ရပါသလို။

တတိယထပ္ကိုေရာက္ေတာ့ အခန္းနားထိ
ပို႔ေပးေနတဲ့ ၿငိမ့္တည္ကို လွိုင္းဆက္
ကိုယ့္အခန္းေရွ႕က ကိုယ္ပဲ ေစာင့္ေနလိုက္သည္။ အရမ္းေတြ ေစတနာမ်ားေနတာကို
တားခ်င္ေနတဲ့သူကပဲ ၿပိတၱာျဖစ္သြားနိုင္သည္။ ၿငိမ့္တည္ကေတာ့ ဘာေနေန
ကူမယ္ဆိုတာခ်ည္းပါပဲ။

အိမ္တံခါးဖြင့္တာကို ေစာင့္ေနတဲ့ ၿငိမ့္တည္က
အထုပ္ေတြကိုဆြဲလို႔ရပ္ေနခဲ့၏။
တံခါးပြင့္တာႏွင့္ ကိုယ္ဝန္သည္ အမ်ိဳးသမီးက အိမ္ထဲကို အရင္ဝင္လို႔သြားသည္။
သူမရဲ႕ အိမ္မို႔ စိတ္ခ်လက္ခ်စြာပင္
ဝင္သြားခဲ့ပုံရသည္။ "ေမာင္ေလး ဝင္ထိုင္အုန္းေနာ္" ဟု စကားပါးေနေပမဲ့
ေနာက္ကိုလွည့္မၾကည့္လာ။

ၿပဳံးၿပဳံးေလး လုပ္ေနတဲ့ ၿငိမ့္တည္က
အထုပ္ေတြကို သယ္ေပးလို႔ အိမ္ထဲဝင္မည္
လုပ္ေနတဲ့အခါ လွိုင္းဆက္မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ တစ္ၿပိဳင္နက္ထဲမွာပဲ ၿငိမ့္တည္ေရွ႕ကေန ပိတ္ရပ္လိုက္သူက အိမ္ထဲကို
မဝင္ေစခ်င္သည့္ပုံ။ စိတ္ရႈပ္သလို ပ်က္ျပေနသည့္မ်က္ႏွာႏွင့္ အိမ္ဝမွာ ရပ္ေနသူကို
ၿငိမ့္တည္က အူေၾကာင္ေၾကာင္ေလး ေမာ့ၾကည့္လို႔ေနခဲ့သည္။

"အထုပ္ေတြ ဒီနားမွာပဲခ်ခဲ့လိုက္ ၿပီးမွ အစ္ကိုသယ္ပါ့မယ္"

"ရပါတယ္ ကြၽန္ေတာ္ပို႔ေပးမယ္ေလ"

အိတ္ေတြကို ျမႇောက္ျပလို႔ ၿငိမ့္တည္ေျပာေပမဲ့ ထိုလူက က်စ္တစ္ခ်က္သတ္လို႔
စိတ္မရွည္သလို လုပ္လိုက္တာမို႔ လွိုင္းဆက္
ေဒါသက ေထာင္းခနဲ။

ျဗန္းခနဲ ကိုယ့္အိမ္သံပန္းတံခါးကို တြန္းဖြင့္ရင္း လွိုင္းဆက္အသံက မာထန္စြာ ထြက္ေပၚလာခဲ့သည္။

"ၿငိမ့္တည္ ဒီကို ျပန္လာခဲ့။  အိမ္ထဲဝင္မယ္!!"

ဘယ္ေလာက္ေတာင္ တင္းမာမိသည္လည္း။ ဆတ္ခနဲတုန္သြားေသာ ၿငိမ့္ရဲ႕ ကိုယ္ေလးက ဒီဘက္ကို လွည့္ၾကည့္လို႔လာသည္။
႐ုတ္တရက္ ဘာျဖစ္သြားတာလဲ မသိသလို
အံ့အားသင့္ေနတဲ့ မ်က္ဝန္းေလးေတြက ဝိုင္းစက္လို႔။ ပုတ္ခတ္ပုတ္ခတ္ ျဖစ္သြားတဲ့ မ်က္ေတာင္ေလးေတြက ထိတ္လန႔္သြားတာကို ျပသေနခဲ့သည္။

လွိုင္းဆက္ သူတို႔ၾကားက အေျခအေနကို
အရိပ္ေျခဖမ္းေနသူအား နည္းနည္းေလးမွေတာင္ ဂ႐ုစိုက္မေနေတာ့။ ခပ္လွမ္းလွမ္းက
ေကာင္ေလးကို စူးစိုက္ၾကည့္ၿပီးမွ အၾကည့္လႊဲကာ အိမ္ထဲဝင္လာခဲ့လိုက္သည္။
မင္း အိမ္ထဲသာ ဝင္လာပါေတာ့ ၿငိမ့္ရယ္။

ေဒါသေၾကာင့္ သူလုပ္သမွ်က ျမန္ဆန္ေနၿပီး
ၿငိမ့္တည္ အခန္းထဲေရာက္မလာခင္ပဲ
သူက အဝတ္စားခြၽတ္ကာ ေရခ်ိဳးဖို႔ အသင့္ျဖစ္ေနခဲ့သည္။ အနားေရာက္လာတဲ့ အရိပ္ကေလးကို မသိဟန္ျပဳလို႔ ေက်ာ္ျဖတ္လိုက္ၿပီး ေရခ်ိဳးခန္းထဲ တန္းဝင္လာခဲ့လိုက္၏။
သူ႕စိတ္ေတြ ပူေလာင္ေနလြန္းလို႔ ဘာစကားမွလည္း ေျပာနိုင္မည္မဟုတ္ေသး။

က်န္ေနခဲ့တဲ့ ေကာင္ေလးကေတာ့ ရင္ထဲမွာ
တဒိန္းဒိန္းႏွင့္ ရင္ခုန္တာမဟုတ္ပဲ ရင္တုန္က်န္ေနခဲ့ရတာျဖစ္သည္။႐ုတ္တရက္ အေျခအေနမွာ သူတိုက္ခန္းထဲ အျမန္လိုက္ဝင္ခဲ့ေပမဲ့ ဘာကို စိတ္ဆိုးခံေနရမွန္း
ၿငိမ့္တည္မသိ။

ခုတေလာပိုင္း ကိုလွိုင္းဆက္ကို မ်က္ႏွာရိပ္မ်က္ႏွာကဲ ၾကည့္ရတာ ၿငိမ့္တည္ တကယ္ပင္ပန္းသည္။ လူႀကီးမို႔ ကိုယ္ေမးခ်င္တိုင္း ေမးလို႔မျဖစ္သလို ၊ တစ္ခုခုဆို
ၿမဳံစိၿမဳံစိႏွင့္ ၿငိမ့္တည္ကို ေျပာမျပခ်င္တဲ့
အက်င့္ကလည္း မေပ်ာက္နိုင္ေသး။

ဘာကိစၥမွန္း ေရေရရာရာမသိပါပဲ
စိမ္းစိမ္းကားကား ဆက္ဆံခံရတာ ဘယ္လိုခံစားရမလဲဆိုတာကို နားမလည္တာလား။
မေက်နပ္ရင္ မေက်နပ္ေၾကာင္းေျပာမွ
ၿငိမ့္တည္က ျပင္စရာရွိတာ ျပင္နိုင္မည္မဟုတ္ဖူးလား။ ခုေတာ့ သူငါ့ကို ဘာေတြမ်ား စိတ္ကြက္ေနသလဲ ၿငိမ့္တည္ေတြးရင္း
စိတ္ပင္ပန္းရသည္။

အသက္႐ြယ္ကြာျခားမႈေၾကာင့္ပဲ
ၿငိမ့္တည္ကို သည္းမခံနိုင္ေတာ့တာလား။
ေတြးရင္း ၿငိမ့္တည္ ရင္ထဲနင့္ခနဲ ေအာင့္လာတာေၾကာင့္ ဆိုဖာမွာ ငူငူေလး ထိုင္ေနလိုက္ရသည္။ ေႏြးေထြးေနက် အိမ္က ခုရက္ပိုင္း
မလာေသးတဲ့ မုန္တိုင္းကို ေၾကာက္ေနရသလို
အထိတ္တလန႔္ရွိလွ၏။ ဒီေန႕ဆို သူ႕ကို
ခပ္မာမာေအာ္သည္အထိ ဘာေတြမ်ား
ကိုလွိုင္းဆက္ ေဒါသထြက္သလဲ ၿငိမ့္တည္ သိခ်င္ပါသည္။

လူႀကီးေတြကို ခ်စ္ရတာ တကယ္ ေၾကာက္ဖို႔ေကာင္းသည္။ လူႀကီးမို႔ ေၾကာက္ရတာ တစ္ေၾကာင္း ၊ ရင္နာေအာင္လုပ္မွာ ေၾကာက္ရတာ တစ္ေၾကာင္း အေၾကာင္းေပါင္းစုံႏွင့္
ၿငိမ့္တည္ ကိုလွိုင္းဆက္ကို တကယ္ေၾကာက္ပါသည္။ ရိုက္ႏွက္ဆုံးမတာထက္ ပစ္ထားခံရတာက ပိုေၾကာက္ဖို႔ေကာင္းမွာ။

သူ႕ မိသားစုက သူ႕ကိုပစ္ၿပီး ဒီေလာကႀကီးထဲ တစ္ေယာက္ထဲ ထားခဲ့ၾကသည္။
ခု ကိုလွိုင္းဆက္ကပါ သူ႕အနားမွာေနဖို႔
ပင္ပန္းေနခဲ့ၿပီလား။ အၿမဲ ၿပဳံး႐ႊင္စြာ
ေနခဲ့ရတဲ့ ၿငိမ့္တည္ ဒီတစ္ခါေတာ့ ဧည့္ခန္းမွာ ရဲရဲႀကီးေတာင္မလႈပ္ရဲ။

တစ္ေယာက္ေယာက္ အနားမွာမရွိလဲ ေနတတ္ေအာင္ သူအမ်ားႀကီး ႀကိဳးစားခဲ့ရသည္။ ကံတရားက သူ႕ဆီ ခ်စ္ရမဲ့သူ တစ္ေယာက္ကို ပို႔လာခဲ့ၿပီးမွ ထပ္ၿပီးတစ္ေယာက္ထဲ ေနခိုင္းအုန္းမည္ဆိုရင္ေတာ့ ၿငိမ့္တည္
ျပန္လည္ထူေထာင္ဖို႔ လြယ္မည္မထင္။

ကြၽန္ေတာ္ ေၾကာက္ပါတယ္ ကိုလွိုင္းဆက္ရယ္။ ဖြင့္ဟ ေျပာမေနေပမဲ့ ခင္ဗ်ား စိတ္ပ်က္မွာကို ကြၽန္ေတာ္ တကယ္ေၾကာက္တာပါဗ်ာ...။

..........................................

ေရခ်ိဳးခန္းထဲက လွိုင္းဆက္ထြက္လာေတာ့
ဆိုဖာေပၚ  ပုံ႕ပုံ႕ေလးထိုင္ေနတဲ့ ၿငိမ့္တည္က
ၾကမ္းျပင္ကို ၾကည့္ကာ ဘာေတြ အေတြးမ်ားေနသည္ရယ္မသိ။ သက္ျပင္းဖြဖြခ်လိဳ႕
လွိုင္းဆက္ အခန္းထဲ အရင္ဝင္ခဲ့လိုက္သည္။
အဝတ္အစားလဲၿပီး ၿငိမ့္တည္စားဖို႔ တစ္ခုခု
အျမန္လုပ္ေပးရမည္။ ညခုႏွစ္နာရီေက်ာ္ရင္ ၿငိမ့္တည္က ညစာမစားျဖစ္ေအာင္ ပတ္ေျပးေနတတ္သည္မို႔ အခ်ိန္ရတုန္း အျမန္လုပ္ရတာပင္။

ၿငိမ္သက္ေနတဲ့ ေကာင္ကေလးက သူ႕ကို
ေအာ္မိတာကို ဆႏၵျပခ်င္ေနသလား မသိေပမဲ့ လွိုင္းဆက္ခ်က္ခ်င္း မေခ်ာ့အားေသး။
သူကိုယ္တိုင္လည္း ေရကို ေအးစိမ့္ေနေအာင္ ခ်ိဳးၿပီးထြက္ေနတဲ့ ေဒါသေတြကို ခ်ိဳးႏွိမ္ခဲ့ရေသးတာမို႔ အနည္ထိုင္စ ရွိေနေသးသည္။

ၿငိမ့္ကို မတူသလို မတန္သလို ၾကည့္ေနတဲ့
အဲ့ဒီအၾကည့္ အမူအရာေတြကို လွိုင္းဆက္
႐ြံလြန္းလို႔ ျပန္ေတာင္မေတြးခ်င္။ၿငိမ့္တည္
အိမ္ထဲ ဝင္မွာကို မသတီသလို လုပ္ေနတဲ့ပုံစံက လွိုင္းဆက္ကို ငယ္ထိပ္ထိ ေသြးေဆာင့္တိုးေစခဲ့တာျဖစ္သည္။

သူက အဲ့ဒီ စက္ဆုပ္သလို  မတူမတန္သလို အၾကည့္ေတြအေၾကာင္း ေကာင္းေကာင္းသိၿပီးသား။ ကိုယ့္ကိုယ္ကိုယ္
မုန္းတီးမိေအာင္ထိ သူ႕ေပၚသက္ေရာက္ခဲ့တဲ့
အဲ့ဒီလို ေအာ့ႏွလုံးနာစရာ အျပဳမူေတြကို
အသည္းထဲထိ စြဲေနေအာင္ သူႀကဳံခဲ့ရဖူးသည္။ ရာရာစစ သူ႕ရဲ႕ ၿငိမ့္ကို ဒီလိုမ်ိဳး
လာလုပ္တာကို ၊ သူသည္းခံေနရတာေတာင္ အေတာ္ေလး တရားလြန္ေနၿပီ မဟုတ္ပါလား။

ျပဳတ္ထားတဲ့ ၾကက္ဥမ်ားကို အခြံခြာရင္း
လွိုင္းဆက္ႏွာေခါင္းက အသက္ရႉသံပင္
တရႉးရႉးထြက္လို႔ေနေတာ့သည္။
‌အ႐ြက္သုတ္မ်ားကို ပန္းကန္ျပားထဲ ထည့္ၿပီး
ထမင္းျဖဴကို ဆီပါးပါးစမ္းလိုက္ကာ
ပန္းကန္ႏွစ္ခ်ပ္ခြဲထည့္လိုက္၏။
စိတ္ဆတ္ေနတာေၾကာင့္ ပန္းကန္သံ
ဇြန္းသံေတြ ဆူေနတာကို ကိုယ္တိုင္ေတာင္
သတိမထားမိ။ မီးဖိုေခ်ာင္ အေပါက္ဝမွာ
ခ်ိတ္ထားေသာ ငွက္ေပ်ာသီးတစ္လုံးကို
ၿငိမ့္အတြက္ ျဖဳတ္ယူကာ လွိုင္းဆက္ ထြက္လာခဲ့လိုက္သည္။

စားပြဲခုံပုေလးကို ခင္းလို႔ ထမင္းပန္းကန္မ်ား
ျပင္ဆင္ကာ လွိုင္းဆက္ထိုင္လိုက္သည္။
ထမင္းစားဖို႔ လုပ္ျပေနေပမဲ့ ဆိုဖာေပၚ
ထိုင္ေနသူကေတာ့ တုတ္တုတ္မွ်မလႈပ္။
သူေရခ်ိဳးေနကတည္းကဆို ၿငိမ့္တည္ထိုင္ေနတာ တစ္နာရီေလာက္ရွိေတာ့မည္။ ဒါနဲ႕ပဲ
၇နာရီေက်ာ္ရင္ အမ်ိဳးမ်ိဳး ဆင္ေျခေပးၿပီး ထမင္းမစားပဲေနဖို႔ လုပ္အုန္းမည္။

"ထမင္းစားၾကမယ္ေလ"
လွိုင္းဆက္ ပုံမွန္အတိုင္း ထမင္းစားေနက်လိဳ ေခၚလိုက္ကာ  ၿငိမ့္ကို ေသခ်ာေမာ့မၾကည့္ျဖစ္။ ေရေႏြးငွဲ႕ေပးဖို႔ လုပ္ေနခဲ့တာေၾကာင့္ျဖစ္သည္။

ေျခေထာက္ခ်လိဳ႕ ထလာတဲ့ေကာင္ေလးေၾကာင့္ ထမင္းလာစားေတာ့မည္ ထင္လိုက္ေပမဲ့ သူ႕ကိုေက်ာ္ကာ ေနာက္ေဖးဖက္
ဦးတည္လိုက္မွ ထည့္လက္စ ေရေႏြးခြက္ပင္ ေလထဲမွာ ရပ္တန႔္လို႔ က်န္ခဲ့ရသည္။
လွိုင္းဆက္က ေၾကာင္ေတာင္ေတာင္ျဖစ္လို႔။
ၿငိမ့္ သူ႕ကို စိတ္ဆိုးေနတာ သူအခုမွ ေသခ်ာသိေတာ့သည္။

"ၿငိမ့္"
သူ႕ေခၚသံအဆုံး ရပ္သြားတဲ့ ေျခလွမ္းေတြ။
လွည့္မၾကည့္လာေပမဲ့ နားစြင့္ေနသူရဲ႕
ခႏၶာကိုယ္က အနည္းငယ္ တုန္ယင္လို႔ေန၏။

"ထမင္းစားၾကမယ္ေလကြာ "
ႏူးညံ့ေသာ သူ႕အသံက ေဖ်ာ့ေတာ့စြာ။
တုန္လႈပ္ေနတဲ့ ေက်ာျပင္ေလးကလည္း
လွည့္ၾကည့္မလာခဲ့။ မသိက်ိဳးကြၽန္ျပဳကာ
ေရွ႕ဆက္သြားေတာ့မည့္ ပုံရိပ္ကေလးဟာ
လွိုင္းဆက္ကို ထိတ္ျပာသြားေစခဲ့သည္။

အနားဘယ္လိုေရာက္သြားမွန္း မသိခင္မွာပဲ
ပုခုံးကကိုင္လို႔ ဆြဲ႕လွည့္မိတဲ့ ေကာင္ေလးရဲ႕
မ်က္ႏွာကို ျမင္ရခ်ိန္မွာေတာ့ သူ႕ရင္ထဲ
မိုးအခါခါၿပိဳသလို ညိုရပါေတာ့သည္။
နီရဲေနေသာ မ်က္ဝန္းေတြ ၊ ရဲတြတ္ေနေသာ
မ်က္ႏွာ ႏွင့္ နားထင္စက ‌ေသြးေၾကာမ်ားပင္
ေထာင္ထေနသည္အထိ ၿငိမ့္ဟာ ငိုခါနီး
အေျခအေနမွာရွိေနခဲ့တာပင္။ အတင္းဖိအားေပး ထိန္းထားရသလိုမ်ိဳး ၿငိမ့္ကိုယ္လုံးက လွိုင္းဆက္လက္ေတြထဲမွာ တုန္ယင္လို႔ေနခဲ့သည္။

မိုးႀကိဳးအစင္းေပါင္းမ်ားစြာ ပစ္ခ်ခံလိုက္ရသလို လွိုင္းဆက္ဟာ အထိတ္တလန့္။
ျပဴးက်ယ္ေနေသာမ်က္ဝန္းမ်ားႏွင့္
ဒိန္းခနဲ ဒိန္းခနဲတုန္ေနေသာ ႏွလုံးခုန္မႈဟာ
သူ႕ကိုယ္က အလိုလိုတုန႔္ျပန္သည့္ အေၾကာက္တရားမ်ားပင္။
စိုးရိမ္တႀကီး ေမးမိတဲ့ အေမးေတြဟာ
တုန္ယင္လို႔ ၊ ေျခမကိုင္မိ လက္မကိုင္မိ
ျဖစ္ေနရျခင္းဟာ ခ်စ္ရတဲ့ ၿငိမ့္ရဲ႕ နာက်င္ ဝမ္းနည္းမႈေတြေၾကာင့္ပင္။

"ဘာျဖစ္တာလဲ .. ၿငိမ့္။ ကေလး.. ကိုယ့္ကို
ၾကည့္စမ္းပါအုန္းကြာ"

"ကေလး ဘာျဖစ္လို႔လဲ ..ကိုယ့္ကိုေျပာေနာ္"

"ငိုခ်င္ရင္ငိုေနာ္.. အဲ့လိုႀကီး အံႀကိတ္မထားရဘူး"

ပုခုံးကို ခပ္ဖြဖြဆုပ္ကိုင္လို႔ လွိုင္းဆက္ ေခ်ာ့ေမာ့ေပမဲ့ ေကာင္ေလးက တင္းထားဆဲ။
မ႐ုန္းမကန္ အံႀကိတ္ထားတဲ့ ပုံစံက
လွိုင္းဆက္ကို သြက္သြက္ခါေစခ်င္ခဲ့သည္။

ခါးကေနေပြ႕သိမ္းလို႔ တင္းၾကပ္စြာဖက္ကာ
ေကာင္ေလးရဲ႕ မ်က္ႏွာကို လွိုင္းဆက္ပုခုံးေပၚအပ္ေစေတာ့ တြန္းကန္လာတဲ့ကိုယ္ေလး။

"ကိုယ္ေတာင္းပန္ပါတယ္.. အဲ့လိုႀကီးမေနပါနဲ႕"

"ၿငိမ့္ စိတ္တိုရင္ ကိုယ့္ကိုရိုက္ေနာ္ ..ကေလး..
အဲ့လိုႀကီးလုပ္မထားပါနဲ႕"

စိုစြတ္လာတဲ့ လွိုင္းဆက္မ်က္ဝန္းေတြ။
မ်က္ရည္ပူ‌ေတြစီးက်လာၿပီး အျမင္အာ႐ုံေတြဟာ ေဝဝါးသြားခဲ့ရသည္။ အရမ္း စိုးရိမ္လြန္းလို႔ သူ႐ူးေတာင္႐ူးသြားနိုင္သည္။ ၿငိမ့္က
ဒီေလာက္ႀကီးထိ မြန္းက်ပ္ေနရွာတာ။
သူ႕ေၾကာင့္... သူမေကာင္းတာေၾကာင့္ပါ။

တုန္လႈပ္စြာ တင္းေနေအာင္ဖက္ထားတဲ့အခါ
တသိမ့္သိမ့္တုန္ခါလာေသာ ကိုယ္ေလးႏွင့္အတူ လွိုင္းဆက္ပုခုံးဟာလည္း စိုစြတ္လို႔လာေတာ့သည္။ တအင့္အင့္ ငိုရွိုက္သံက လွိုင္းဆက္ပုခုံးထက္မွာ ပလုံးပေထြးမ်က္ႏွာအပ္လ်က္ ဆက္တိုက္ထြက္ေပၚေနခဲ့သည္။

စူးေနေအာင္နာလာေသာ ရင္ဘတ္။
အရာရာထက္ သူပိုေၾကာက္တာ
ဘာလဲဆိုတာ သူ႕ကိုယ္သူ ရွင္းရွင္းလင္းလင္း
သိလိုက္ရတဲ့ အခ်ိန္။

ငိုေႂကြးေနတဲ့ ေကာင္ေလးရဲ႕ မ်က္ႏွာ ႏွစ္ဖက္ကေန အုပ္ကိုင္လို႔ မ်က္ႏွာခ်င္း ဆိုင္ေစတဲ့အခါ ႐ုန္းကန္ထြက္တဲ့ေကာင္ေလးက သူ႕ကို မၾကည့္ခ်င္ပုံ။ ရဲရဲႀကီး ရင္ဆိုင္မွ ရမွာမို႔
နာမွာစိုးေနေပမဲ့ ခပ္တင္းတင္းကိုင္ကာ
မ်က္ႏွာခ်င္းဆိုင္ဖို႔ ႀကိဳးစားရသည္။
လိမၼာတဲ့ ကေလးက သူ႕လက္ေတြနဲ႕
ရိုက္ဖယ္တာမိုးေတာင္ လုပ္မလာ။ တရွိုက္ရွိုက္ႏွင့္ ငိုေနတာမို႔ သူပိုၿပီးစိုးရိမ္မိပါရဲ႕။

တေျဖးေျဖး အရွိန္ေလ်ာ့သြားေစဖို႔
သူေခ်ာ့ရင္းေမာ့ရင္း ‌ေမးရတာလည္းအခါခါ။

"ကိုယ့္ေၾကာင့္လား ဟုတ္လား။
ကိုယ္က ၿငိမ့္ကို ငိုေအာင္လုပ္တာမို႔လား။"

"..."

"ကိုယ္က အရမ္းစိတ္တိုေအာင္လုပ္မိတာမို႔လား ကေလးကို...ေနာ္"

"ခင္ဗ်ား..."

"အြန္း အြန္း"

"ခင္ဗ်ားနဲ႕ ကြၽန္ေတာ္ပဲ ရွိတာ။
ခင္ဗ်ား မဟုတ္ရင္ ဘယ္သူက လုပ္မွာလဲ"

မေက်နပ္စြာ ေျပာလာသူက မ်က္ဝန္းဝိုင္းေတြကို ဝန္းရံထားရာ မ်က္ေတာင္ေတြပင္ စို႐ႊဲလို႔။

"ခင္ဗ်ားတဲ့လားကြား..."
လွိုင္းဆက္ တိုးတိုးေလး ေရ႐ြတ္လိုက္တာေပမဲ့ ေကာင္ေလးကလည္း ၾကားျဖစ္ေအာင္ကို ၾကားလို႔သြားသည္။ ခပ္ဆတ္ဆတ္ေျပာလာသံက လွိုင္းဆက္ကို တစ္ခဏေလာက္ေတာင္ ပါးစပ္ပိတ္သြားေစခဲ့၏။

"ခင္ဗ်ားကိုမေခၚရင္ ဘယ္လိုေခၚရမလဲ။
ဦးေလးႀကီးလား"

"..."

"ဟုတ္ပါတယ္ ဦးေလးႀကီးပါ ..ဦးေလးႀကီးေပါ့။ ကြၽန္ေတာ့ကို ပစ္ထားခဲ့ခ်င္ေနတာမို႔လားဗ် ဦးေလးႀကီးက"

"မဟုတ္တာ ၿငိမ့္ရယ္"

"ဘာကို မဟုတ္တာလည္း။ ဦးေလးႀကီး
႐ုပ္ကိုၾကည့္ရင္ သိသာေနတာပဲ။
ဦးေလးႀကီး စိတ္ပ်က္ရင္ သားကို ဒဲ့ေျပာလို႔ရတယ္။ အမူအရာေတြနဲ႕ သားကို ေနလို႔ထိုင္လို႔ မရေအာင္ လုပ္မေနပါနဲ႕"

ဦးေလးႀကီးႏွင့္ သားေတြပါ ခ်ေနတဲ့
ၿငိမ့္တည္က သူ႕ေဒါသေတြျဖည္ခ်ဖိဳ႕
အခ်ိန္က်သြားပုံရသည္။ တရႈံ႕ရႈံ႕ႏွင့္
လွိုင္းဆက္ လက္ထဲကေန ေမာ့ကာ
ျပန္ေျပာေနတာမ်ား အဆက္မျပတ္ေတာ့။
လွိုင္းဆက္မွာေတာ့ မ်က္ႏွာငယ္ႏွင့္ နားေထာင္႐ုံကလြဲရင္ က်န္တာ မတတ္နိုင္။

ဒီကေလးက သူ႕အရိပ္ေျခၾကည့္ၿပီး
ပင္ပန္းေနခဲ့တာ။ ၿငိမ့္သ္ရင္ ပင္ပန္းမွာစိုးလို႔ သူတစ္ေယာက္ထဲ ခံစားေနခဲ့ေပမဲ့ အဲ့ဒါက ၿငိမ့္ကို ပိုစိတ္ထိခိုက္သြားေစခဲ့သည္။
သူအေတြးေရာ အလုပ္ပါ အမွားႀကီးမွားသြားတာပင္။

ျပႆနာကို ေရွာင္ေျပးေနရမွာ မဟုတ္ပဲ
ဖြင့္ေျပာၿပီး ရင္ဆိုင္လိုက္မွ ၿငိမ့္အတြက္
ပိုသက္သာနိုင္မည္လား။
ဒါဆို သူ ေမ့ထားခ်င္တဲ့ အတိတ္ကို
ၿငိမ့္ကို ေျပာျပရေတာ့မည္။ သူ႕အတြက္
ၿငိမ့္နာက်င္ေနတာကို ျမင္ရတာေလာက္
ဆိုး႐ြားတဲ့ နာက်င္မႈဆိုတာ မရွိနိုင္ေတာ့ပါဘူး။

လွိုင္းဆက္က ဝမ္းနည္းစြာ ရွိုက္ရင္း
မေက်မနပ္ျဖစ္ေနတဲ့ ေကာင္ေလးကို
ဆြဲေပြ႕လို႔ ဆံပင္တိုေတြၾကားထဲ မ်က္ႏွာအပ္ထည့္ကာ တိုးေဝွ႕ေနလိုက္သည္။

ဦးေလးႀကီးက အရမ္းဆိုးမိလို႔
ေတာင္းပန္ပါတယ္ ၿငိမ့္ရယ္...။

..................................................

စာေရးသူ၏ အမွာစာ :
Reading listsေလးေတြအတြက္ေက်းဇူးတင္ပါတယ္
အဆင္ေျပရင္ Reviewsေလးေတြပါ
ေရးေပးၾကပါအုန္း
Honest Reviewေရးလို႔ရပါတယ္ဗ်ား
#ၿငိမ့္ ဆိုၿပီးေရးထားေပးရင္ ရွာဖတ္ပါ့မယ္ဗ် ❤️

واصل القراءة

ستعجبك أيضاً

679K 38K 70
There is three description for this fiction. 1.Read the tags‼ 2.Read the tags‼ 3.Read the tags‼ Guys! Do not post or review my works in any media...
239K 36K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
51K 1.8K 39
ခုမွ စေရးတာမို႔ လိုအပ္ခ်က္မ်ား႐ွိရင္ ေျပာေပးၾကပါေနာ္ အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားေရးသြားပါ့မယ္ တစ္ေန႔ ႏွစ္ပိုင္းနဲ႔ updateေပးႏိုင္သမွ် updateေပးမွာ...
330K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်