🌻Unicode 🌻
မှောင်ရိပ်ကျနေသောအခန်းငယ်။လရောင်သည်ခန်းစီးမှကျော်၍ အခန်းအတွင်းဖြာကျနေသည်။ထောင့်တစ်နေရာတွင်ထိုင်နေသောကျွန်တော်။
အဖြစ်အပျက်တစ်ခုလုံးသေချာစဥ်းစားကြည့်လိုက်လျှင် အစကတည်းက ကျွန်တော်မှားခဲ့တာ။
ဗီဒီယိုတစ်ခုပြန့်နှံ့သွားချိန်မှာ ကလေးအတော်ခံစားရရှာမှာ။ကျွန်တော့်အတွက်ဆို အရာရာအဆုံးအရှုံးခံမယ့်ကလေးအပေါ် ကျွန်တော်ဘယ်လိုလုပ်မှတရားမယ်မှန်းမသိ။
အကြင်နာကို အကျိုးအကြောင်းပြောမည်ပြင်တော့ တစ်လောကလုံးကသိပြီးနေပြီ။ ပိုဆိုးတာက နှစ်ဖက်မိဘတွေသိခဲ့ကြခြင်းပင်။
ကျွန်တော် ဘယ်လိုမှငြင်းလို့မရတော့သလို မနက်ဖြန်ဆိုလျှင် အကြင်နာနှင့်စေ့စပ်ရတော့မည်။ကျွန်တော် ပျော်သင့်လား မပျော်သင့်လားတောင်မသိတော့။
ကျွန်တော်လမ်းခွဲမယ်ပြောတော့ ညှိုးဖျော့သွားသောမျက်ဝန်းနက်လေးများနှင့် ကလေးကျွန်တော့်ကိုကြည့်နေသည်။ကျချင်နေသည့်မျက်ရည်များအား မကျအောင်ထိန်းထားရတာ ဘယ်လောက်ပင်ပန်းလိုက်မလဲ။
ဒီအကောင်သေးသေးလေးကို တစ်သက်လုံးဖက်ထားနိုင်ဖို့ စိတ်ကူးယဥ်ခဲ့ဖူးတယ်။နောက်ဆုံးထွေးပွေ့ခဲ့စဥ်က ဆုံးရှုံးတော့မယ်မှန်း ကျွန်တော်တန်းသိလေသည်။
ယောကျာ်းလေးတစ်ယောက်အတွက်နဲ့ နင့်နင့်သည်းသည်းခံစားခဲ့ဖူးတာ ဒါပထမဆုံးအကြိမ်ပါ။ ကျွန်တော့်နှလုံးသားတွေ နင်းချေခံထားရသလို။
တောင်းပန်ပါတယ်ကလေးရယ်....ကိုကိုဒီစကားကလွဲပြီး.....မပြောတတ်ခဲ့လို့။
ဘယ်ဘက်ပါးပြင်ပေါ် မျက်ရည်ဥတို့ကလှိမ့်ဆင်းသည်။
ဘာလို့ငိုနေရတာ.....မင်းကယောကျ်ားပဲ....ယောကျ်ားတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုပဲလက်ထပ်ခွင့်ရှိတာလေ။
ကျွန်တော့်အားပေးစကားက အရာမရောက်။ပိုပိုလို့တောင် စီးကျလာသေးသည်။
ကျွန်တော်ငိုနေတာမဟုတ်ပါ။ မျက်ရည်များသာ တလှိမ့်လှိမ့်ကျဆင်းလာခြင်း။
ည ၉နာရီတိတိအချိန်။
ကျွန်တော်မိုးလင်းလာမှာလဲကြောက်သည်။ချက်ချင်းဖြစ်မြောက်တော့မယ့်စေ့စပ်ပွဲသည် ကျွန်တော့်အတွက် ထောင်ချောက်တစ်ခုလို။
အား....နာကျင်တယ်....ပူလောင်တယ်....ကလေးသာဆိုရင်ရော....။
ထိုစိတ်က ပို၍ပူလောင်လေသည်။ထိုအပူဟာ သံရေပူလို့ပြောရင် ကျွန်တော်ကတော့ မီးကျီရဲရဲလိုဖြေမယ်။
ဘယ်လောက်ပဲ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်နေပါစေ ။ကျွန်တော်က ယောကျ်ားကောင်းတစ်ယောက်တော့မဟုတ်ခဲ့ဘူး။
ညတွေပိုနက်လာလေလေ အမှောင်ထုကကြီးစိုးလာလေလေ။မှိန်ဖျဖျသာကျသော လရောင်အောက် ကျွန်တော့်မျက်လုံးတို့မှေးစင်းလာသည်။
ဟင့်အင်း....ကျွန်တော်မအိပ်ချင်ပါဘူးဆို...ကျွန်တော်အိပ်လိုက်ရင် မနက်ဖြန်....မနက်ဖြန်...။
စိတ်ဆန္ဒကို အသွေးအသားကဆန့်ကျင်စွာ။နာကျင်တယ်၊ပူလောင်တယ်၊မွန်းကြပ်တယ်၊ထို့ထက်ပိုစွာ ကျွန်တော့်ကိုနှိပ်ဆက်ပါ။
ဒီည ကျွန်တော်အိပ်မပျော်ချင်တော့တာမို့.....။
______
"ဒေါက်.....ဒေါက်...."
"သားငယ်....သားငယ်"
တံခါးခေါက်သံနှင့်အတူ အလောတကြီးလော်နေသည့် မေမေ့အသံကိုကျွန်တော်ကြားရသည်။ မျက်လုံးများကို အားယူဖွင့်ကြည့်တော့ မိုးလင်းခါနီးအချိန်။
"သားငယ်....မေမေ့ကိုတံခါးလာဖွင့်ပေးစမ်းပါဦး....."
ကျွန်တော်အိပ်ပျော်နေသော ကြမ်းပြင်ထက်မှ ကုန်းထကာအခန်းတံခါးဆွဲဖွင့်တော့ အံ့သြသည့်မျက်လုံးများနှင့်ကြည့်နေသည့် မေမေ။
"သားငယ်....ဝီရိယမရှိဘူးကွယ်....မေမေ့သားဆရာဝန်လေးက....အရင်နေ့တွေကဆိုတက်ကြွနေပါတယ်.....ဘာလဲ...ရင်တွေခုန်နေလို့လား ရှက်နေလို့လား"
ထိုစကားအားလုံးတစ်ခုမှမမှန်ပါ။ တကယ်တမ်း ကျွန်တော် ကိုယ့်ကိုကိုယ်စိတ်ပျက်နေတာ။
"သားအခုထနေပြီလေ.....ပွဲမှီရင်ရပြီမဟုတ်လား"
"ဟုတ်ပါပြီသားငယ်....."
မေမေထွက်သွားမှ အခန်းတံခါးကိုပြန်ပိတ်ပြီး ကိုယ့်ပုံကိုယ်မှန်ထဲပြန်ကြည့်မိသည်။
ဒါ စေ့စပ်ရမယ့်လူတစ်ယောက်ရဲ့ပုံတဲ့လား.....။မဟုတ်ဘူး။ ဒါ....မကောင်းတဲ့လူတစ်ယောက်ရဲ့ပုံ။
ကလေးအပေါ်အပြစ်ရှိတယ်ဆိုတဲ့စိတ်က အတော်ကြီးခံစားရခက်သည်။ထိုခံစားချက်အား ပြစ်ဒဏ်အဖြစ် ကျွန်တော်တစ်သက်လုံးခံစားသွားမည်။
ကျွန်တော် ညကမေမေထုတ်ပေးထားသည့် ပုဆိုးနှင့်လုံချည်အားလဲ၍ အောက်ထပ်ဆင်းလာလိုက်သည်။ခပ်တိုးတိုးပျံ့လွင်လာသော ရယ်သံများထဲတွင် ကလေးအသံသေးသေးလေးမပါ။
တကယ်ဆိုရင် ဒီစေ့စပ်ပွဲက ကျွန်တော်နဲ့ကလေးအတွက်ပဲဖြစ်သင့်တာ ။
"သားလာလေ......"
"ဟုတ်....."
မေမေညွှန်ပြသည့် အကြင်နာ၏ဘေးတွင် ဝင်ထိုင်လိုက်တော့ ရောက်လာသည့်လူကြီးများက သဘောကျစွာပြုံးကြသည်။
ဌက်ခါးစိမ်းရောင်ချည်သားထဘီအား မြန်မာဆန်မှုနှင့်အညီ ရိုးရိုးယဥ်ယဥ်ဝတ်ဆင်ထားသူ။ လည်တိုင်ကျော့ကျော့တွင်ဝတ်ဆင်ထားသည့် ကျောက်စိမ်းဘယက်လေးက သူမကိုပို၍တင့်တယ်တောက်ပစေသည်။
ဒီငယ်သူငယ်ချင်းမလေးက ကျွန်တော့်အတွက်တော့ တကယ်ကံကောင်းမှုကြီးတစ်ခုပါပဲ။ဒီကံကောင်းမှုဟာ ကလေးကိုဆုံးရှုံးဖို့အတွက်သာဆိုလျှင် ကျွန်တော်မလိုချင်။
"ကိုစစ်.....ငါအဆင်ပြေရဲ့လား"
"ပြေတာပေါ့....နင်ကဘာဝတ်ဝတ်လိုက်ပြီးသား"
ကျွန်တော့်စကားကြောင့် ခပ်မြင့်မြင့်စည်းထားသော ဆံနွယ်တို့အား လက်ဖြင့်ပွတ်သပ်ရင်းပြုံးလေသည်။
ကျွန်တော့်ဘေးမှာထိုင်နေသူဟာ ကလေးသာဖြစ်ခဲ့လျှင် ဘယ်လောက်ပျော်နေလိုက်မလဲ။ရှက်ကိုးရှက်ကန်းမျက်နှာလေးနဲ့ တအားကြီးချစ်ဖို့ကောင်းနေမှာ။
ဒီအချိန် ကလေးဘာလုပ်နေမလဲ ။ကျွန်တော်သိချင်စိတ်ကတဖွားဖွား။
"ကိုစစ်....ဓာတ်ပုံရိုက်မှာပြုံးလေ..."
"ဪ....အင်း..."
ခါးတို့ရင်းသတိပေးလာသည့် အကြင်နာအသံကြားမှ ပတ်ဝန်းကျင်ကိုအကဲခတ်မိတော့ ပွဲပြီးလို့ဓာတ်ပုံရိုက်ဖို့ပြင်နေကြလေသည်။
ကျွန်တော့်လက်မှာ လက်စွတ်တစ်ကွင်းရှိနေသည်ပဲ။အကြင်နာရဲ့လက်မှာရော။ကျွန်တော်စိတ်နဲ့လူမကပ်လိုက်ပုံများ။
"ကိုစစ်.....ပြုံးပါဆိုဟာ...."
"......"
ဓာတ်ပုံရိုက်ပြီးချိန်တွင် ဦးရန်နိုင်နှင့်စီးပွားရေးအကြောင်းပြောနေသည့်ဖေဖေက ကျွန်တော့်ကိုအာရုံမလာတော့။ မေမေလည်းထိုနည်းအတူ။ဒေါ်ခင်သက်နှက့် စကားလက်စုံကျနေတော့သည်။
ကျွန်တော့်အနားရှိနေ့သည့်အကြင်နာကို ဘယ်သို့ဘယ်ပုံနှင်လွှတ်ရမယ်မှန်း ကျွန်တော်မသိ။ကျွန်တော်သိတာက စေ့စပ်ပွဲပြီးတာနှင့် ကိုယ့်အိမ်ကိုယ်ပြန်သင့်သည့်အကြောင်းပင်။
ညနေ၃နာရီလောက်မှပြန်သွားသည့် အကြငိနာ၏မိသားစုကြောင့် ကျွန်တော့်စိတ်ထဲပူလောင်နေသည်။ကလေးသာဆိုရင်ရော။
အခုကျွန်တော်ရပ်နေတာ မှူးတို့ခြံရှေ့တည့်တည်မှာ။အရင်ကလို ဝင့်ဝင့်ရဲရဲလှမ်းအော်ခေါ်ဖို့ အားတွေလဲကျွန်တော့်မှာမရှိ။
နောက်ပြီးမှူးအန်တီနဲ့မှူးမေမေကိုရင်ဆိုရမယ့်သတ္တိတွေ ကျွန်တော့်မှာမရှိ။အထူးသဖြင့် ချစ်ရတဲ့ကလေးကိုရင်ဆိုင်ဖို့။
ပူလောင်တယ် ။မွန်းကြပ်တယ်။
"ဟေး....ရောက်နေရင်လဲအသံပေးမှပေါ့ကွ....လာ....လာ...ဝင်ကောင်လေး"
"ဟုတ်.... ဦးလား"
မဝင့်မရဲလှမ်းနေသည့်ကျွန်တော့်ခြေလှမ်းများအား ဦးလားကမျက်မှောင်ကုတ်ကာလှမ်းကြည့်နေသည်။
"ဟယ်.....ကိုစစ်..."
ဧည့်ခန်းထဲမှမှူးအန်တီလေး၏အသံ။ကန်ဇွန်းရွက်ခြွေရင်း ကျွန်တော့်အားပြုံးပြကာ ဆီကြိုသူ။
"ဟို.....မှူး..."
"အေးကွဲ့.....ထိုင်ပါဦး"
"ဟုတ်.....အန်တီလေး"
မျက်နှာချင်းဆိုင်ဆိုဖာတွင်ဝင်ထိုင်နေပေမယ့် အပြစ်လုပ်ထားသည့်ကျွန်တော်က မျက်နှာပူစွာ။
"အန်တီမှူးအကြောင်းပြောရဦးမယ်"
ဒိန်းကနဲနှလုံးခုန်သံတစ်ခု။
"ဟုတ်.....အန်တီလေး"
"မင်းညီ...ကျောင်းမသွားဘူး...မနေ့ကမင်းဆီဆိုပြီးအတင်းထွက်သွားတာ....အခုကျအိမ်ပေါ်ကအိမ်အောက်တောင် မဆင်းဘူး....တစ်ခုခုများ....."
ကျွန်တော့်မျက်လုံးများအား အကဲခတ်သလိုကြည့်နေသည့် အန်တီလေး၏မျက်ဝန်းများကိုရှောင်ဖယ်မိသည်။
"ဟုတ်.....ကျွန်တော်...မှူးဆီသွားလို့ရမလား"
"ဪ.....သွားလေကွယ်"
မဖြေချင်သည့်မေးခွန်းအား အတင်းမဖြေခိုင်းသည့် မှူးအန်တီလေးအားကျေးဇူးတင်မိသည်။
လှေကားထစ်များအား တစ်လှမ်းချင်းဖြတ်ကျော်နေပေမယ့် ကလေးနှင့်တွေ့ရင် ဘယ်လိူစကားအစချီရမှန်းမသိ။
အခန်းတံခါးအားတွန်းဖွင့်ဖို့အားတွေမရှိ။မျက်နှာချင်းဆိုင်ရဲသည့် သတ္တိမျိုးလည်းမရှိ။အခုမှကျွန်တော်သည် သတ္တိကြောင်နေသော ငနဲတစ်ဦးသာ။
အခန်းအတွင်းမှ တသဲ့သဲ့ကြားရသောအသံကြောင့် ကျွန်တော်နားစွင့်ကာ နားထောင်မိလိုက်သည်။
"ဘယ်တော့ငါ့ကိုမင်းပြစ်သွားမလဲ....ငါမသိ
ဘယ်လောက်ငါ့အပေါ်မင်းချစ်ဖူးလဲ ငါမသိ
ဘယ်အခါစိတ်ကလေးချမ်းမြေ့ရမယ်ငါမသိ
ဒါတောင်အစအဆုံမရှိချစ်ခဲ့သည်
အလိုချင်ဆုံး မင်း.....မင်းဆီကနေမေတ္တာတရားသည်
အပိုဆုလေးတောင်းပါဦးဆို...သစ္စာရှိပါမည်
ခွဲပြလို့ရရင် ဒီရင်အနက်ရှိုင်းဆုံးခွဲပြ
ငါဟာ....မင်းအတွက်....ဖြစ်တည်ရာဘဝ...အင့်"
သိမ်ဝင်သွားသောအသံလှိုင်းထဲတွင် ရှိုက်သံအချို့ကိုလဲကြားရသည်။ ဒါကလေးနှုတ်ကထွက်တဲ့ သီချင်းတစ်ပုဒ်တဲ့လား ။
တစ်လျှောက်လုံး ကလေးဆီကနေ သီချင်းညည်းသံတစ်ချက်တောင်မကြားဖူးခဲ့ချေ။ အထုကျတော့ စူးရှရှအသံတစ်ခုတွင် နာကျင်မှုတွေကရောပြွတ်လို့ ။
ရပ်ထားတဲ့ခြေလှမ်းတွေယိုင်နဲ့လာသသည်။ကိုယ့်ကိုကိုယ်ပဲရှက်မိသလို မသတီသလို။
သူ....သေချာပေါက်ကိုငိုနေမှာ။
ပူလောင်လွန်းလို့....တွေ့ချင်လွန်းလို့ လာခဲ့ပေမယ့်။ အခုတော့ သူရဲ့လက်တွေကို တစ်ခုခုကစီးနှောင်ထားသလို။
တပ်သွက်သွက်ပြေးဆင်းလာသောကျွန်တော့်ကို အန်တီငယ်မတားဆီးလို့သာ။ အိမ်အပေါ်ထပ်ကိုအပြေးတက် အခန့်တံခါးကို lockချရင်း ကုတင်ပေါ်ဝုန်းကနဲပြစ်လှဲမိသည်။
လက်သူကြွယ်ကလက်စွတ်တစ်ကွင်းက ပူလောင်စရာတွေကြီးပါပဲ။ အစကတည်းက ကျွန်တော်သာပြတ်သားတတ်ခဲ့ရင်။
မျက်လုံးမှိတ်ထားလို့လဲမရ။အရာအားလုံးမှာ သူ့ပုံရိပ်တွေကြီးသာ။
ချစ်တယ်.....ချစ်တယ်....စိတ်ထဲမှာအကြိမ်ကြိမ်ရေရွတ်မိသော်လည်း နှုတ်ကထွက်ကျမလာ။
မုန်းချင်စရာကောင်းလိုက်တာ....ကိုယ့်ကိုကိုယ်စိတ်ပျက်လိုက်တာ။
ဒီည...ကျွန်တော်ပူလောင်လွန်းလို့....မီးလောင်ပြာကျတော့မလို ။
🌻🌻🌻🌻🌻🌻🌻🌻🌻
တောင်းပန်စကားဆိုရမှာပါ ။သာသာဖုန်လဲလိုက်တာ ရေးပြီးသားတွေပျက်သွားလို့ ဆက်ရေးဖို့အားတွေပျက်သွားပါတယ်။ဟိုနေ့က upလာတောင်းတာတွေ့လို့ အားတက်သွားပြီရေးလိုက်တာ။ပြစ်ထားတာကြာလို့ ပေါ့သွားတာပဲဖြစ်ဖြစ် တောင်းပန်ပါတယ်နော်။ ဆက်ရေးနေပြိမို့ စိတ်မပျက်ပါနဲနော်။
December 10
2021
Poppykar
🌻Zawgyi 🌻
ေမွာင္ရိပ္က်ေနေသာအခန္းငယ္။လေရာင္သည္ခန္းစီးမွေက်ာ္၍ အခန္းအတြင္းျဖာက်ေနသည္။ေထာင့္တစ္ေနရာတြင္ထိုင္ေနေသာကြၽန္ေတာ္။
အျဖစ္အပ်က္တစ္ခုလုံးေသခ်ာစဥ္းစားၾကည့္လိုက္လွ်င္ အစကတည္းက ကြၽန္ေတာ္မွားခဲ့တာ။
ဗီဒီယိုတစ္ခုျပန့္ႏွံ႕သြားခ်ိန္မွာ ကေလးအေတာ္ခံစားရရွာမွာ။ကြၽန္ေတာ့္အတြက္ဆို အရာရာအဆုံးအရႈံးခံမယ့္ကေလးအေပၚ ကြၽန္ေတာ္ဘယ္လိုလုပ္မွတရားမယ္မွန္းမသိ။
အၾကင္နာကို အက်ိဳးအေၾကာင္းေျပာမည္ျပင္ေတာ့ တစ္ေလာကလုံးကသိၿပီးေနၿပီ။ ပိုဆိုးတာက ႏွစ္ဖက္မိဘေတြသိခဲ့ၾကျခင္းပင္။
ကြၽန္ေတာ္ ဘယ္လိုမွျငင္းလို႔မရေတာ့သလို မနက္ျဖန္ဆိုလွ်င္ အၾကင္နာႏွင့္ေစ့စပ္ရေတာ့မည္။ကြၽန္ေတာ္ ေပ်ာ္သင့္လား မေပ်ာ္သင့္လားေတာင္မသိေတာ့။
ကြၽန္ေတာ္လမ္းခြဲမယ္ေျပာေတာ့ ညွိုးေဖ်ာ့သြားေသာမ်က္ဝန္းနက္ေလးမ်ားႏွင့္ ကေလးကြၽန္ေတာ့္ကိုၾကည့္ေနသည္။က်ခ်င္ေနသည့္မ်က္ရည္မ်ားအား မက်ေအာင္ထိန္းထားရတာ ဘယ္ေလာက္ပင္ပန္းလိုက္မလဲ။
ဒီအေကာင္ေသးေသးေလးကို တစ္သက္လုံးဖက္ထားနိုင္ဖို႔ စိတ္ကူးယဥ္ခဲ့ဖူးတယ္။ေနာက္ဆုံးေထြးေပြ႕ခဲ့စဥ္က ဆုံးရႈံးေတာ့မယ္မွန္း ကြၽန္ေတာ္တန္းသိေလသည္။
ေယာက်ာ္းေလးတစ္ေယာက္အတြက္နဲ႕ နင့္နင့္သည္းသည္းခံစားခဲ့ဖူးတာ ဒါပထမဆုံးအႀကိမ္ပါ။ ကြၽန္ေတာ့္ႏွလုံးသားေတြ နင္းေခ်ခံထားရသလို။
ေတာင္းပန္ပါတယ္ကေလးရယ္....ကိုကိုဒီစကားကလြဲၿပီး.....မေျပာတတ္ခဲ့လို႔။
ဘယ္ဘက္ပါးျပင္ေပၚ မ်က္ရည္ဥတို႔ကလွိမ့္ဆင္းသည္။
ဘာလို႔ငိုေနရတာ.....မင္းကေယာက်္ားပဲ....ေယာက်္ားတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကိုပဲလက္ထပ္ခြင့္ရွိတာေလ။
ကြၽန္ေတာ့္အားေပးစကားက အရာမေရာက္။ပိုပိုလို႔ေတာင္ စီးက်လာေသးသည္။
ကြၽန္ေတာ္ငိုေနတာမဟုတ္ပါ။ မ်က္ရည္မ်ားသာ တလွိမ့္လွိမ့္က်ဆင္းလာျခင္း။
ည ၉နာရီတိတိအခ်ိန္။
ကြၽန္ေတာ္မိုးလင္းလာမွာလဲေၾကာက္သည္။ခ်က္ခ်င္းျဖစ္ေျမာက္ေတာ့မယ့္ေစ့စပ္ပြဲသည္ ကြၽန္ေတာ့္အတြက္ ေထာင္ေခ်ာက္တစ္ခုလို။
အား....နာက်င္တယ္....ပူေလာင္တယ္....ကေလးသာဆိုရင္ေရာ....။
ထိုစိတ္က ပို၍ပူေလာင္ေလသည္။ထိုအပူဟာ သံေရပူလို႔ေျပာရင္ ကြၽန္ေတာ္ကေတာ့ မီးက်ီရဲရဲလိုေျဖမယ္။
ဘယ္ေလာက္ပဲ ဆရာဝန္ေကာင္းတစ္ေယာက္ျဖစ္ေနပါေစ ။ကြၽန္ေတာ္က ေယာက်္ားေကာင္းတစ္ေယာက္ေတာ့မဟုတ္ခဲ့ဘူး။
ညေတြပိုနက္လာေလေလ အေမွာင္ထုကႀကီးစိုးလာေလေလ။မွိန္ဖ်ဖ်သာက်ေသာ လေရာင္ေအာက္ ကြၽန္ေတာ့္မ်က္လုံးတို႔ေမွးစင္းလာသည္။
ဟင့္အင္း....ကြၽန္ေတာ္မအိပ္ခ်င္ပါဘူးဆို...ကြၽန္ေတာ္အိပ္လိုက္ရင္ မနက္ျဖန္....မနက္ျဖန္...။
စိတ္ဆႏၵကို အေသြးအသားကဆန့္က်င္စြာ။နာက်င္တယ္၊ပူေလာင္တယ္၊မြန္းၾကပ္တယ္၊ထို႔ထက္ပိုစြာ ကြၽန္ေတာ့္ကိုႏွိပ္ဆက္ပါ။
ဒီည ကြၽန္ေတာ္အိပ္မေပ်ာ္ခ်င္ေတာ့တာမို႔.....။
______
"ေဒါက္.....ေဒါက္...."
"သားငယ္....သားငယ္"
တံခါးေခါက္သံႏွင့္အတူ အေလာတႀကီးေလာ္ေနသည့္ ေမေမ့အသံကိုကြၽန္ေတာ္ၾကားရသည္။ မ်က္လုံးမ်ားကို အားယူဖြင့္ၾကည့္ေတာ့ မိုးလင္းခါနီးအခ်ိန္။
"သားငယ္....ေမေမ့ကိုတံခါးလာဖြင့္ေပးစမ္းပါဦး....."
ကြၽန္ေတာ္အိပ္ေပ်ာ္ေနေသာ ၾကမ္းျပင္ထက္မွ ကုန္းထကာအခန္းတံခါးဆြဲဖြင့္ေတာ့ အံ့ၾသသည့္မ်က္လုံးမ်ားႏွင့္ၾကည့္ေနသည့္ ေမေမ။
"သားငယ္....ဝီရိယမရွိဘူးကြယ္....ေမေမ့သားဆရာဝန္ေလးက....အရင္ေန႕ေတြကဆိုတက္ႂကြေနပါတယ္.....ဘာလဲ...ရင္ေတြခုန္ေနလို႔လား ရွက္ေနလို႔လား"
ထိုစကားအားလုံးတစ္ခုမွမမွန္ပါ။ တကယ္တမ္း ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္စိတ္ပ်က္ေနတာ။
"သားအခုထေနၿပီေလ.....ပြဲမွီရင္ရၿပီမဟုတ္လား"
"ဟုတ္ပါၿပီသားငယ္....."
ေမေမထြက္သြားမွ အခန္းတံခါးကိုျပန္ပိတ္ၿပီး ကိုယ့္ပုံကိုယ္မွန္ထဲျပန္ၾကည့္မိသည္။
ဒါ ေစ့စပ္ရမယ့္လူတစ္ေယာက္ရဲ႕ပုံတဲ့လား.....။မဟုတ္ဘူး။ ဒါ....မေကာင္းတဲ့လူတစ္ေယာက္ရဲ႕ပုံ။
ကေလးအေပၚအျပစ္ရွိတယ္ဆိုတဲ့စိတ္က အေတာ္ႀကီးခံစားရခက္သည္။ထိုခံစားခ်က္အား ျပစ္ဒဏ္အျဖစ္ ကြၽန္ေတာ္တစ္သက္လုံးခံစားသြားမည္။
ကြၽန္ေတာ္ ညကေမေမထုတ္ေပးထားသည့္ ပုဆိုးႏွင့္လုံခ်ည္အားလဲ၍ ေအာက္ထပ္ဆင္းလာလိုက္သည္။ခပ္တိုးတိုးပ်ံ့လြင္လာေသာ ရယ္သံမ်ားထဲတြင္ ကေလးအသံေသးေသးေလးမပါ။
တကယ္ဆိုရင္ ဒီေစ့စပ္ပြဲက ကြၽန္ေတာ္နဲ႕ကေလးအတြက္ပဲျဖစ္သင့္တာ ။
"သားလာေလ......"
"ဟုတ္....."
ေမေမၫႊန္ျပသည့္ အၾကင္နာ၏ေဘးတြင္ ဝင္ထိုင္လိုက္ေတာ့ ေရာက္လာသည့္လူႀကီးမ်ားက သေဘာက်စြာၿပဳံးၾကသည္။
ဌက္ခါးစိမ္းေရာင္ခ်ည္သားထဘီအား ျမန္မာဆန္မႈႏွင့္အညီ ရိုးရိုးယဥ္ယဥ္ဝတ္ဆင္ထားသူ။ လည္တိုင္ေက်ာ့ေက်ာ့တြင္ဝတ္ဆင္ထားသည့္ ေက်ာက္စိမ္းဘယက္ေလးက သူမကိုပို၍တင့္တယ္ေတာက္ပေစသည္။
ဒီငယ္သူငယ္ခ်င္းမေလးက ကြၽန္ေတာ့္အတြက္ေတာ့ တကယ္ကံေကာင္းမႈႀကီးတစ္ခုပါပဲ။ဒီကံေကာင္းမႈဟာ ကေလးကိုဆုံးရႈံးဖို႔အတြက္သာဆိုလွ်င္ ကြၽန္ေတာ္မလိုခ်င္။
"ကိုစစ္.....ငါအဆင္ေျပရဲ႕လား"
"ေျပတာေပါ့....နင္ကဘာဝတ္ဝတ္လိုက္ၿပီးသား"
ကြၽန္ေတာ့္စကားေၾကာင့္ ခပ္ျမင့္ျမင့္စည္းထားေသာ ဆံႏြယ္တို႔အား လက္ျဖင့္ပြတ္သပ္ရင္းၿပဳံးေလသည္။
ကြၽန္ေတာ့္ေဘးမွာထိုင္ေနသူဟာ ကေလးသာျဖစ္ခဲ့လွ်င္ ဘယ္ေလာက္ေပ်ာ္ေနလိုက္မလဲ။ရွက္ကိုးရွက္ကန္းမ်က္ႏွာေလးနဲ႕ တအားႀကီးခ်စ္ဖို႔ေကာင္းေနမွာ။
ဒီအခ်ိန္ ကေလးဘာလုပ္ေနမလဲ ။ကြၽန္ေတာ္သိခ်င္စိတ္ကတဖြားဖြား။
"ကိုစစ္....ဓာတ္ပုံရိုက္မွာၿပဳံးေလ..."
"ဪ....အင္း..."
ခါးတို႔ရင္းသတိေပးလာသည့္ အၾကင္နာအသံၾကားမွ ပတ္ဝန္းက်င္ကိုအကဲခတ္မိေတာ့ ပြဲၿပီးလို႔ဓာတ္ပုံရိုက္ဖို႔ျပင္ေနၾကေလသည္။
ကြၽန္ေတာ့္လက္မွာ လက္စြတ္တစ္ကြင္းရွိေနသည္ပဲ။အၾကင္နာရဲ႕လက္မွာေရာ။ကြၽန္ေတာ္စိတ္နဲ႕လူမကပ္လိုက္ပုံမ်ား။
"ကိုစစ္.....ၿပဳံးပါဆိုဟာ...."
"......"
ဓာတ္ပုံရိုက္ၿပီးခ်ိန္တြင္ ဦးရန္နိုင္ႏွင့္စီးပြားေရးအေၾကာင္းေျပာေနသည့္ေဖေဖက ကြၽန္ေတာ့္ကိုအာ႐ုံမလာေတာ့။ ေမေမလည္းထိုနည္းအတူ။ေဒၚခင္သက္ႏွက့္ စကားလက္စုံက်ေနေတာ့သည္။
ကြၽန္ေတာ့္အနားရွိေန႕သည့္အၾကင္နာကို ဘယ္သို႔ဘယ္ပုံႏွင္လႊတ္ရမယ္မွန္း ကြၽန္ေတာ္မသိ။ကြၽန္ေတာ္သိတာက ေစ့စပ္ပြဲၿပီးတာႏွင့္ ကိုယ့္အိမ္ကိုယ္ျပန္သင့္သည့္အေၾကာင္းပင္။
ညေန၃နာရီေလာက္မွျပန္သြားသည့္ အၾကငိနာ၏မိသားစုေၾကာင့္ ကြၽန္ေတာ့္စိတ္ထဲပူေလာင္ေနသည္။ကေလးသာဆိုရင္ေရာ။
အခုကြၽန္ေတာ္ရပ္ေနတာ မႉးတို႔ၿခံေရွ႕တည့္တည္မွာ။အရင္ကလို ဝင့္ဝင့္ရဲရဲလွမ္းေအာ္ေခၚဖို႔ အားေတြလဲကြၽန္ေတာ့္မွာမရွိ။
ေနာက္ၿပီးမႉးအန္တီနဲ႕မႉးေမေမကိုရင္ဆိုရမယ့္သတၱိေတြ ကြၽန္ေတာ့္မွာမရွိ။အထူးသျဖင့္ ခ်စ္ရတဲ့ကေလးကိုရင္ဆိုင္ဖို႔။
ပူေလာင္တယ္ ။မြန္းၾကပ္တယ္။
"ေဟး....ေရာက္ေနရင္လဲအသံေပးမွေပါ့ကြ....လာ....လာ...ဝင္ေကာင္ေလး"
"ဟုတ္.... ဦးလား"
မဝင့္မရဲလွမ္းေနသည့္ကြၽန္ေတာ့္ေျခလွမ္းမ်ားအား ဦးလားကမ်က္ေမွာင္ကုတ္ကာလွမ္းၾကည့္ေနသည္။
"ဟယ္.....ကိုစစ္..."
ဧည့္ခန္းထဲမွမႉးအန္တီေလး၏အသံ။ကန္ဇြန္း႐ြက္ေႁခြရင္း ကြၽန္ေတာ့္အားၿပဳံးျပကာ ဆီႀကိဳသူ။
"ဟို.....မႉး..."
"ေအးကြဲ႕.....ထိုင္ပါဦး"
"ဟုတ္.....အန္တီေလး"
မ်က္ႏွာခ်င္းဆိုင္ဆိုဖာတြင္ဝင္ထိုင္ေနေပမယ့္ အျပစ္လုပ္ထားသည့္ကြၽန္ေတာ္က မ်က္ႏွာပူစြာ။
"အန္တီမႉးအေၾကာင္းေျပာရဦးမယ္"
ဒိန္းကနဲႏွလုံးခုန္သံတစ္ခု။
"ဟုတ္.....အန္တီေလး"
"မင္းညီ...ေက်ာင္းမသြားဘူး...မေန႕ကမင္းဆီဆိုၿပီးအတင္းထြက္သြားတာ....အခုက်အိမ္ေပၚကအိမ္ေအာက္ေတာင္ မဆင္းဘူး....တစ္ခုခုမ်ား....."
ကြၽန္ေတာ့္မ်က္လုံးမ်ားအား အကဲခတ္သလိုၾကည့္ေနသည့္ အန္တီေလး၏မ်က္ဝန္းမ်ားကိုေရွာင္ဖယ္မိသည္။
"ဟုတ္.....ကြၽန္ေတာ္...မႉးဆီသြားလို႔ရမလား"
"ဪ.....သြားေလကြယ္"
မေျဖခ်င္သည့္ေမးခြန္းအား အတင္းမေျဖခိုင္းသည့္ မႉးအန္တီေလးအားေက်းဇူးတင္မိသည္။
ေလွကားထစ္မ်ားအား တစ္လွမ္းခ်င္းျဖတ္ေက်ာ္ေနေပမယ့္ ကေလးႏွင့္ေတြ႕ရင္ ဘယ္လိူစကားအစခ်ီရမွန္းမသိ။
အခန္းတံခါးအားတြန္းဖြင့္ဖို႔အားေတြမရွိ။မ်က္ႏွာခ်င္းဆိုင္ရဲသည့္ သတၱိမ်ိဳးလည္းမရွိ။အခုမွကြၽန္ေတာ္သည္ သတၱိေၾကာင္ေနေသာ ငနဲတစ္ဦးသာ။
အခန္းအတြင္းမွ တသဲ့သဲ့ၾကားရေသာအသံေၾကာင့္ ကြၽန္ေတာ္နားစြင့္ကာ နားေထာင္မိလိုက္သည္။
"ဘယ္ေတာ့ငါ့ကိုမင္းျပစ္သြားမလဲ....ငါမသိ
ဘယ္ေလာက္ငါ့အေပၚမင္းခ်စ္ဖူးလဲ ငါမသိ
ဘယ္အခါစိတ္ကေလးခ်မ္းေျမ့ရမယ္ငါမသိ
ဒါေတာင္အစအဆုံမရွိခ်စ္ခဲ့သည္
အလိုခ်င္ဆုံး မင္း.....မင္းဆီကေနေမတၱာတရားသည္
အပိုဆုေလးေတာင္းပါဦးဆို...သစၥာရွိပါမည္
ခြဲျပလို႔ရရင္ ဒီရင္အနက္ရွိုင္းဆုံးခြဲျပ
ငါဟာ....မင္းအတြက္....ျဖစ္တည္ရာဘဝ...အင့္"
သိမ္ဝင္သြားေသာအသံလွိုင္းထဲတြင္ ရွိုက္သံအခ်ိဳ႕ကိုလဲၾကားရသည္။ ဒါကေလးႏႈတ္ကထြက္တဲ့ သီခ်င္းတစ္ပုဒ္တဲ့လား ။
တစ္ေလွ်ာက္လုံး ကေလးဆီကေန သီခ်င္းညည္းသံတစ္ခ်က္ေတာင္မၾကားဖူးခဲ့ေခ်။ အထုက်ေတာ့ စူးရွရွအသံတစ္ခုတြင္ နာက်င္မႈေတြကေရာႁပြတ္လို႔ ။
ရပ္ထားတဲ့ေျခလွမ္းေတြယိုင္နဲ႕လာသသည္။ကိုယ့္ကိုကိုယ္ပဲရွက္မိသလို မသတီသလို။
သူ....ေသခ်ာေပါက္ကိုငိုေနမွာ။
ပူေလာင္လြန္းလို႔....ေတြ႕ခ်င္လြန္းလို႔ လာခဲ့ေပမယ့္။ အခုေတာ့ သူရဲ႕လက္ေတြကို တစ္ခုခုကစီးႏွောင္ထားသလို။
တပ္သြက္သြက္ေျပးဆင္းလာေသာကြၽန္ေတာ့္ကို အန္တီငယ္မတားဆီးလို႔သာ။ အိမ္အေပၚထပ္ကိုအေျပးတက္ အခန့္တံခါးကို lockခ်ရင္း ကုတင္ေပၚဝုန္းကနဲျပစ္လွဲမိသည္။
လက္သူႂကြယ္ကလက္စြတ္တစ္ကြင္းက ပူေလာင္စရာေတြႀကီးပါပဲ။ အစကတည္းက ကြၽန္ေတာ္သာျပတ္သားတတ္ခဲ့ရင္။
မ်က္လုံးမွိတ္ထားလို႔လဲမရ။အရာအားလုံးမွာ သူ႕ပုံရိပ္ေတြႀကီးသာ။
ခ်စ္တယ္.....ခ်စ္တယ္....စိတ္ထဲမွာအႀကိမ္ႀကိမ္ေရ႐ြတ္မိေသာ္လည္း ႏႈတ္ကထြက္က်မလာ။
မုန္းခ်င္စရာေကာင္းလိုက္တာ....ကိုယ့္ကိုကိုယ္စိတ္ပ်က္လိုက္တာ။
ဒီည...ကြၽန္ေတာ္ပူေလာင္လြန္းလို႔....မီးေလာင္ျပာက်ေတာ့မလို ။
🌻🌻🌻🌻🌻🌻🌻🌻🌻
ေတာင္းပန္စကားဆိုရမွာပါ ။သာသာဖုန္လဲလိုက္တာ ေရးၿပီးသားေတြပ်က္သြားလို႔ ဆက္ေရးဖို႔အားေတြပ်က္သြားပါတယ္။ဟိုေန႕က upလာေတာင္းတာေတြ႕လို႔ အားတက္သြားၿပီေရးလိုက္တာ။ျပစ္ထားတာၾကာလို႔ ေပါ့သြားတာပဲျဖစ္ျဖစ္ ေတာင္းပန္ပါတယ္ေနာ္။ ဆက္ေရးေနၿပိမို႔ စိတ္မပ်က္ပါနဲေနာ္။
December 10
2021
Poppykar