အပိုင်း- ၃

5.5K 304 5
                                    

🌻Unicode 🌻

ဒီနေ့တော့ နေကျွတ်ကျွတ်လွတ်လွတ်ပူသည် ။ ကျွန်တော့်ရှေ့ရပ်နေသည့်ကောင်လေးက ကျွန်တော့်စကားကိုစောင့်နေပုံပေါ်သည် ။

"ကိုကိုနဲ့... ဟိုဒန်းလေးပေါ်မှာစကားသွားပြောမလား"

"ဟုတ်..."

ကျွန်တော့်ထက်အရင် ဒန်းပေါ်ပြေးတက်သွားသည့်ကောင်လေးသည် ကလေးဆန်လေခြင်းလား ၊ ရဲတင်းပွင့်လင်းခြင်းလားတော့ ကျွန်တော်မဝေခွဲချင် ။

"ကိုကိုတို့ဒီကိုပြောင်းလာတာမကြာသေးဘူးပေါ့နော်"

"အင်....ကိုကိုတို့ပြောင်းလာတာ ၂ပတ်ကျော်ကျော်ပဲရှိသေးတယ်လေ"

"ကိုကိုနဲ့ဘယ်သူတွေပါသေးလဲ"

"ကိုကို့ဖေဖေနဲ့မေမေရယ်...အလုပ်သမားနှစ်ယောက်ရယ်"

ကျွန်တော်ပြောနေသည့်စကားများအား မျက်လုံးပြူးလေးများနှင့်နားထောင်နေလေသည် ။

ဝိုင်းစက်နက်မှောင်သည့်မျက်လုံးတွင် ကော့်ညွန့်သည့်မျက်တောင်များစီခြယ်ထားသည့် ကောင်လေးနှင့်အကြည့်ချင်းဆုံတော့ ကျွန်တော်မှင်သက်မိခဲ့သည် ။

"ကိုကိုကရော....ဘာလုပ်လဲဟင်"

"ကိုကိုက....ဆရာဝန်လေ "

"ဟင်....တကယ်ကြီး"

မှူး၏မျက်ဝန်းများသည် လပြည့်ဝန်းကြီးလို ဝိုင်းစက်ပြူးကျယ်လာသည် ။ ဖြူဖွေးသည့်အသားအရေသည် အိမ်တွင်းပုန်းလေးကြောင့် ပိုတောက်ပနေသည် ။

ဒီကောင်လေးသည် ကျွန်တော့်နှုတ်ခမ်းများအား တွန့်ကွေးစွာပြုံးမိအောင်စွမ်းဆောင်တတ်လေသည် ။

"တကယ်ပေါ့....မှူးရဲ့"

ခေါက်မုန့်လို သနပ်ခါးဝိုင်းဝိုင်းလေးလူးထားသည့်မှူးသည် ကျွန်တော့်နှုတ်မှ ထွက်ကျလာသမျှစကားများအား စိတ်ဝင်တစားနားထောင်လေသည် ။

ကလေးဆန်ခြင်းမျိုးပါပဲ.....။

"အာ့ဆို....ကိုကိုက ဆေးရုံသွားနေရမှာပေါ့... သားမနက်ဖြန်ဘယ်လိုလာလို့ရမလဲ"

မှူး၏ဆံနွယ်ကောက်ကောက်လေးများသည် လည်ဂုတ်တစ်လျှောက်ရစ်ဝဲနေသည် ။ နှုတ်ခမ်းပါးတစ်စုံကို အနည်းငယ်စူရင်း ဆံနွယ်ကောက်ကောက်လေးများအား ထိုးခြေမွှနေလေ၏။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now