Commando🍁(Complete)

By NandarMyintMoh

38.5K 3K 276

Zawgyi~ #Seke &Seke -ဘုန်းဆက်ရှိန်ဝါ (Zeus) -ညီစေမင်းသော်(Dragon) ဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်... More

Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 41🍁
P - 42 🍁
P - 43 🍁
P - 44 🍁
P - 45 🍁
P - 46 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)

P - 35🍁

384 29 4
By NandarMyintMoh

Zawgyi




"အဲ....နာမည်ဘယ်သူ"

















"ဘာကိုသိတာလဲမင်းထက်ရ.... "

မာန်ပြည့်ဝင်မေးလိုက်တဲ့အမေးအပေါ်မှာ အားလုံးအာရုံက မင်းထက်ဆီသို့ဉီးတည်သွားသည်။






Missionစဖို့Planတွေချနေတာကိုတောင် အင်းမလုပ် အဲမလုပ်နဲ့ ထိုင်ပဲနေပြီးအသက်မရှိတော့သည့်လူတစ်ဉီးလိုပြုမှူနေသည်။






သူ့စကားကိုပြန်ပြောနေတာ ညီစေဖြစ်ပေမယ့် ဘုန်းဆက်က ညီစေ့ဘက်ကိုမလှည့်ပဲ Logoရဲ့ကြီးကြပ်သူ ကိုသက်နောင်ကိုသာ ဉီးတည်ပြီး သူဖြစ်ချင်ရာကိုသာ မုန့်ပူဆာသလို ထပ်ခါတစ်လဲလဲပြောနေတော့သည်။



"မသိချင်ဘူး၊ အဓိက,ကDragon ဝင်ပါစရာမလိုဘူး၊ ကိုယ်ဉီးဆောင်မယ် ...ဒီကလက်ရွေးစင်Commando လေးယောက်ပဲပေးပါ၊မာန်ပြည့်ရောပေါ့..."





ကိုယ်ကအမဲလိုက်မုဆိုး၊ သားကောင်သေးသေးလေးကိုပြစ်ချပေးပြီး ကြီးတဲ့အကောင်ကိုမမျှားဘူး၊ သေးသေးလေးကလဲကိုယ့်အတွက် အရေးကြီးတာမို့ သားကောင်ကို ကိုယ်ကပဲလက်ဉီးမှုယူပြီး ကိစ္စတုံးပြစ်မှာ..."

"ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ဆိုရင် ပိုအဆင်ပြေတယ်လေဗျာ၊ logoကလူတွေက ကျွန်တော့်ဉီးဆောင်မှုအောက်မှာနေရမှာပဲ ၊ ဒါဆို သူတို့ကိုလဲဂရုစိုက်ကာကွယ်ပေးနိုင်သလို ကိုကို့ကိုလဲ ကျွန်တော်အနီးကပ် အကြံဥာဏ်တွေပေးပြီး ကာကွယ်လို့ရတာပေါ့.."


"ဒါပေမယ့်....."




"အဟမ်း!!..."







မင်းထက်ကဉီးဆုံး ခုံမှထသွားတော့ Kristနဲ့မာန်ပြည့်ကလဲ ရထားတွဲပုံစံ တစ်ယောက်အင်္ကျီအစွန်းတစ်ယောက်ကိုင်ပြီး ဗိုက်ဆာလိုက်တာ!!တစ်ကြော်ကြော်အော်လို့ ထမင်းစားဆောင်ကို သွား
နှင့်ကြသည်။

🍁🍁🍁🍁🍁🍁🍁





တစ်ကယ်လုပ်မယ့်ပုံနဲ့ ခပ်တည်တည်ကြီးပြောချလိုက်တော့ ညီစေ အမ်!!တစ်လုံးပဲထွက်နိုင်ပြီး ခဏလောက်ဘာမြှပန်မပြောဖြစ်သေးပဲ ဘုန်းဆက်ကိုသာရပ်ကြည့်နေမိသည်။














"ကျွီ!!...ညီစေ အဲ..."






🍁🍁🍁🍁🍁🍁🍁










🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#7.10.2021 (10: 30 pm)
#Nandar Myint Moh



Unicode

Zawgyi

"ဒါတွေအကုန်လုံးက "မြတ်"ရဲ့ပိုင်ဆိုင်မှုတွေပဲ အခုငါတို့လက်ထဲရောက်နေတဲ့ပစ္စည်းတွေနဲ့ လက်နက်တွေက သူတို့သိမ်းဆည်းထားတာရဲ့ ဆယ်ပုံ ပုံတစ်ပုံစာပဲရှိသေးတယ် "

"တော်တော်ကိုစုဆောင်းထားပုံပဲ.. "

"ဟုတ်တယ် မာန်ပြည့်ရှာထားတဲ့အချက်တွေအရ သူ့မှာသားတစ်ယောက်ရှိတယ် ထက်မြတ်တဲ့ "

"အဲ....နာမည်ဘယ်သူ"

စာရွက်စာတန်းတွေကိုဟိုဒီလှန်ကြည့်နေရင်း ကိုသက်နောင်စကားကြောင့် ညီစေက ကြားဖြတ်ဝင်မေးလာသည်။

"ထက်မြတ်တဲ့ ညီစေသိလို့လား"

"သူ့ပုံစံတစ်ချက်ပြောကြည့် ကျွန်တော်တွေ့ဖူးတဲ့လူဖြစ်နေမလားလို့..."

"အသက်ကတော့ ညီစေတို့နဲ့ရွယ်တူပဲ  ၂၅တဲ့ ၊ လေးထောင့်ဆန်တဲ့မျက်နှာပေါက်နဲ့ ချောမောခန့်ညားပြီးရုပ်ရည်ကပြေပြစ်တယ် ၊သူ့မှာနှုတ်ခမ်းတွေကပြုံးနေပြီး ဆွဲဆောင်မှုရှိတယ်တဲ့  ရုပ်ကိုသေချာပြထားခြင်းမရှိပဲ အသေးစိတ်အချက်အလက်လောက်ပဲရတယ်"

"ကျွန်တော် နဲ့တွေ့ဖူးတဲ့လူပဲ "

"ညီနဲ့ Barမှာစကားပြောနေတဲ့ကောင်ပဲ..."

ညီစေနဲ့ဘုန်းဆက်ဆီက အသံပြိုင်တူထွက်လာသည်။

"ဟုတ်တာပဲ ညီစေနဲ့Barမှာစကားပြောနေတဲ့ကောင် အဲ့တုန်းကအဲ့ကောင်ဘာပြောတာလဲ ညီစေ"

မင်းထက်ကပါ ဝင်ပြောတော့Krist ၊မာန်ပြည့်နဲ့ကိုသက်နောင်က အံ့သြတစ်ကြီးကြည့်နေကြသည်။

"ညီစေနဲ့ သိကြတာလား စကားပါပြောဖူးတာလား"

"ဟိုနေ့ကလေ Barမှာသောက်နေရင်း အဲ့ကောင်စကားလာပြောတာ "

မင်းထက်ကပဲ ကိုသက်နောင်အမေးကိုထပ်ဖြေရသည်။ ညီစေကတော့တစ်ခုခုကို လေးလေးနက်နက်တွေးတောနေပြီးတိတ်ဆိတ်နေ၏....

"သူက ညီစေ့ကိုဘယ်လိုသိတာလဲ ဘာတွေပြောသွားသေးလဲ"

"အခုမှစဥ်းစားရတော့တယ် သူမေးတာဒီပစ္စည်းတွေကိုး "

မေးတာကိုဖြေခြင်းမဟုတ်ပဲ သူ့ဘာသာရေရွတ်နေတဲ့စကားတွေကို သေသေချာချာနားထောင်နေကြရင်း နားမလည်နိုင်ဖြစ်နေကြသည်။

"ဒါဆို ညီစေ့ကိုသူတို့ကသိနေတာပဲ"

"ဘာကိုသိတာလဲမင်းထက်ရ.... "

မာန်ပြည့်ဝင်မေးလိုက်တဲ့အမေးအပေါ်မှာ အားလုံးအာရုံက မင်းထက်ဆီသို့ဦးတည်သွားသည်။

"ဟာ အဲ့တဲမှာ ညီစေတည်းသွားတယ်ဆိုတာကိုအဲ့ကောင်တွေဘက်က အစကတည်းကသိနေတာနေမှာ၊ဒါ့ကြောင့်Barကိုလာပြီး တဲမှာဘာတွေတွေ့လဲဆိုတာ ညီစေ့ကိုလာမေးတာ....ငါတို့ထင်တာက ကိုဘုန်းဆက်ကိုTargetထားမယ်ထင်ထားတာ "

"ကိုဘုန်းဆက်က အပြင်ကCommandoလေ ဒါ့ကြောင့်လွယ်လွယ်စုံစမ်းလို့မရတာနေမှာ..."

အားလုံးက ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့အတွေးကိုယ်စီတွေးနေကြသည်။
ခဏအကြာမှ ကိုသက်နောင်ကစကားဆက်လာသည်။

"အခုအန္တရာယ်ရှိနေတာ ညီစေပဲ သူတို့တဲမှာတည်းတာက ညီစေလို့သိသလို ၊ ပစ္စည်းတွေကိုသတင်းပေးလိုက်တာလဲ ညီစေလို့ပဲထင်နေမှာ ညီစေ သတိထားနေနော် "

"ဘာလန့်စရာ ရှိလို့လဲကိုသက်နောင်ကလဲ မကြာခင်ရက်အတွင်းမှာပဲ Missionစပြီး အဲ့"မြတ်"ကိုမျိုးဖြုတ်ပြစ်တော့မှာလေ..."

စကား​ပြောနေတဲ့တစ်လျှောက်လုံးဘုန်းဆက်ကတစ်လုံးမှဝင်မပြောပဲအတွေးနယ်ချဲ့နေသည်။
Missionစဖို့Planတွေချနေတာကိုတောင် အင်းမလုပ် အဲမလုပ်နဲ့ ထိုင်ပဲနေပြီးအသက်မရှိတော့သည့်လူတစ်ဦးလိုပြုမှူနေသည်။

"ဘုန်းဆက်ရှိန်ဝါကိုလဲ ဒီmissionအတွက်ပါဝင်စေချင်တယ်ဗျ ညီလေးမှာသာဆန္ဒရှိမယ်ဆိုရင်ပေါ့ကွာ "

"ဒီMissionကိုကျွန်တော် ကိုင်မယ် ၊ဒါပေမယ့်Commando Dragonကို ဒီMissionနဲ့ပတ်သတ်ပြီးလုံးဝမစွက်ဖက်ခိုင်းပါနဲ့ "

တည်ကြည်လေးနက်ပြီး တစ်ခုခုကိုဆုံးဖြတ်ချက်အခိုင်အမာ ချထားသည့် တည်ငြိမ့်ပြတ်သားသည့်အမျိုးသားတစ်ယောက်လို ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိသည့် ဘုန်းဆက်က ချပြီးသားဆုံးဖြတ်ချက် ပြန်ပြင်ရန်ဆန္ဒမရှိ....

"အာ.....ကိုကိုကလဲ ကျွန်တော်တို့နှစ်ယောက်အတူတူလုပ်တော့ အန္တရာယ်နည်းနည်းနဲ့မြန်မြန်ဖြေရှင်းနိုင်တာပေါ့ "

"မလိုဘူး ၊ Dragonအစား Zeusဝင်တယ်လို့သဘောထားပြီး သူ့ကိုလုံးဝမပတ်သတ်ခိုင်းရဘူး"

သူ့စကားကိုပြန်ပြောနေတာ ညီစေဖြစ်ပေမယ့် ဘုန်းဆက်က ညီစေ့ဘက်ကိုမလှည့်ပဲ Logoရဲ့ကြီးကြပ်သူ ကိုသက်နောင်ကိုသာ ဦးတည်ပြီး သူဖြစ်ချင်ရာကိုသာ မုန့်ပူဆာသလို ထပ်ခါတစ်လဲလဲပြောနေတော့သည်။

Missionနဲ့ပတ်သတ်ပြီး ပြောဆိုတော့ ညီလို့တောင်မပြောတော့ပဲDragonအနေနဲ့သာပြောဆိုသည်။
ဒါဆို ကိုကိုကကျတော့Commando Zeusပေါ့....

"ကျွန်တော်က ဒီLogoကအတော်ဆုံးCommandoလေ ဒါကို ကျွန်တော့်ကိုဘေးဖယ်ထားမယ်ဆိုတာက ဘယ်လိုမှမဖြစ်နိုင်တာကြီး..."

"မသိချင်ဘူး၊ အဓိက,ကDragon ဝင်ပါစရာမလိုဘူး၊ ကိုယ်ဦးဆောင်မယ် ...ဒီကလက်ရွေးစင်Commando လေးယောက်ပဲပေးပါ၊မာန်ပြည့်ရောပေါ့..."

"ဟဟ... လက်ရွေးစင်ဆိုရင် ကျွန်တော်ပါတယ်လေ "

"မလိုဘူး၊ ထိပ်သီးတစ်ယောက်ကလွဲလို့... "

"ကိုကိုရာ ဘာဖြစ်နေတာလဲဗျာ ကျွန်တော်က အဓိကTargetဖြစ်နေပြီလေ အဲ့ဒါကြောင့်ကျွန်တော်ပါမှကိုဖြစ်မှာပါဗျာ..."

ညီစေဟာလဲ ဖြစ်ချင်တာကို ရအောင်လုပ်တတ်သည့်ငြင်ကမပျောက်သေးတော့ ဘုန်းဆက်ပြောသမျှကိုလှည့်ပတ်ပြောပြီး Missionမှာသူပါဖို့အရေး အမျိုးမျိုးလှည့်ပြောနေသလို... ဗူးဆို ဖရုံမသီးသည့် ဘုန်းဆက်ရှိန်ဝါကလဲ လက်မခံပေ....

"ညီက သူတို့ရဲ့Targetဖြစ်နေတဲ့အတွက် သူတို့ရဲ့သားကောင်အဖြစ်မခံနိုင်ဘူး ညီ၊..
ကိုယ်ကအမဲလိုက်မုဆိုး၊ သားကောင်သေးသေးလေးကိုပြစ်ချပေးပြီး ကြီးတဲ့အကောင်ကိုမမျှားဘူး၊ သေးသေးလေးကလဲကိုယ့်အတွက် အရေးကြီးတာမို့ သားကောင်ကို ကိုယ်ကပဲလက်ဦးမှုယူပြီး ကိစ္စတုံးပြစ်မှာ..."

"ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ဆိုရင် ပိုအဆင်ပြေတယ်လေဗျာ၊ logoကလူတွေက ကျွန်တော့်ဦးဆောင်မှုအောက်မှာနေရမှာပဲ ၊ ဒါဆို သူတို့ကိုလဲဂရုစိုက်ကာကွယ်ပေးနိုင်သလို ကိုကို့ကိုလဲ ကျွန်တော်အနီးကပ် အကြံဥာဏ်တွေပေးပြီး ကာကွယ်လို့ရတာပေါ့.."

"မလိုဘူး ညီ၊ မင်းအနေနဲ့ ကိုယ့်ကို ကာကွယ်ပေးခြင်းထက် မင်းကိုယ်ကိုယ်မင်း ဘာထိခိုက်မှုမှမဖြစ်အောင်နေတာက ကိုယ်နဲ့ ၊ကိုယ့်အသက်ကိုကာကွယ်ပေးခြင်းပဲ"

"ဒါပေမယ့်....."

"ဘာဒါပေမယ့်မှမရှိဘူး ညီ၊ကိုယ့်စကားကိုနားမထောင်ရင် နားထောင်အောင်လုပ်ရမယ့်နည်းတွေကိုယ့်မှာအများကြီးနော်.."

တစ်ယောက်ကလဲ လုပ်မယ်ဆိုလုပ်မယ် ဇွတ်တစ်ရွတ်၊နောက်တစ်ယောက်ကလဲ သူ့အသံသြသြကြီးနဲ့သြဇာအာဏာပြည့်လှစွာ ချော့၍တစ်မျိုး၊ခြောက်၍တစ်ဖုံ ပြောနေသည်။

ဘေးကလေးယောက်ကတော့ ကိုကောင်းထက်ဇော်ပြောပြောနေတဲ့'ဘာဆက်ဖြစ်မလဲကြည့်ရအောင် ´ဆိုတဲ့ အတိုင်း ခေါင်းတွေက ညီစေ့ဘက်တစ်လှည့် ဘုန်းဆက်ဘက်တစ်လှည့် လှည့်ကြည့်ရင်း ရန်ပွဲထမသတ်ခင် ပြေးရန်အသင့်အနေအထား ဖြစ်နေကြသည်။

"အဟမ်း!!..."

ကြားထဲကမနေနိုင်သည့် ကိုသက်နောင်ကပဲစကားလမ်းကြောင်းလွှဲရန်ပြင်ရပြန်သည်။
သူလဲကြားသုံးကြားမပါရပါဘူးဆိုမှ ကြားထဲကဝင်ဝင်ပြီး ဖျမ်ဖြေနေရတာ ဘယ်ချိန်ထိပ်ပေါက်ခေါင်းကွဲဖြစ်မည်မသိပါ...

"ကိုယ်တို့ အဲ့ကိစ္စနောက်မှဆက်ပြောကြမယ်လေ အခုထမင်းစားကြအုံးစို့ အဟမ်း!!နေ့လည် (၁၂)တောင်ခွဲတော့မယ်လေ..."

သူလဲပြောသာပြောရတာပါ ၊ဘုန်းဆက်ရဲ့အခုမျက်နှာက အရင်မြင်ဖူးနေကြ ချောမောခန့်ညားတဲ့ဘုန်းဆက်နဲ့တော်တော်လေး ကွဲပြားနေသည်။
မျက်ခုံးထင်းထင်းကြီးနှစ်ခု ထိစပ်လုမတတ်တွန့်ကွေးထားပြီး ၊အံကျိတ်ထားတဲ့အတွက် ထင်းထွက်နေတဲ့မေးရိုးကြီးက ဘယ်လောက်တောင်ယောကျာ်းပီသနေမှုကြီးလဲ ၊ ဒါပေမယ့် ချောမောတာထက်ပိုပြီး မြင်သာနေတာက ဒေါသတွေပေါက်ကွဲထွက်တော့မည့်အရိပ်အယောင်ကပိုများနေသည်။

ညီစေကတော့ရှင်းပါတယ်၊ သူ့ကိုဒေါသတကြီးထိုင်ကြည့်နေတယ်ဆိုတာကောသိရက်လားမသိပါ ၊ ညကအချစ်ကြမ်းပြီး အကိုက်ခံရတဲ့Love biteဆိုလား ခရမ်းရောင်မကျတကျအကွက်တွေကို သူ့လက်ချောင်းသွယ်သွယ်တွေနဲ့ပွတ်သပ်နေသည်။

ကိုသက်နောင် စတင်ဆော်ဩလိုက်မှအကုန်လုံး လက်ကနာရီကြည့်သူကကြည့်၊ ဖုန်းဖွင့်ကြည့်သူကကြည့်နဲ့ အချိန်ကိုသတိထားမိတော့သည်။
မနက်ရောက်တော့ ၉နာရီလောက်က၊ ဒီကြားထဲ ကိုကိုနဲ့ပိုပိုအတွဲက စိတ်ဆိုးစိတ်ကောက်နေလို့လိုက်ချော့မော့ရသေး၊
ဟော...ပြေသွားတော့ ထပ်ဆွေးနွေးကြပြန်ရော၊ဟော.....အခုထပ်စိတ်ကောက်ကြပြန်အုံးမည်...
တော်ပြီလေ တစ်မနက်ကိုတစ်ခါ စိတ်ကောက်ရရင်၊ဘယ့်နှယ့် နှစ်ခါဆိုရင်တော့ သူတို့လဲ ပဲလှော်ကြားဆားညပ်မခံနိုင်တော့ဘူး ၊ထမင်းစားဆောင်ကိုအမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီးပြီးတော့ကို အပြေးနှင်တော့မည်။

"အားးးးဗိုက်ဆာတယ် ဗိုက်ဆာတယ်!!!...ငါ့ဗိုက်..ငါ့ဗိုက်!!!...."

မင်းထက်ကဦးဆုံး ခုံမှထသွားတော့ Kristနဲ့မာန်ပြည့်ကလဲ ရထားတွဲပုံစံ တစ်ယောက်အင်္ကျီအစွန်းတစ်ယောက်ကိုင်ပြီး ဗိုက်ဆာလိုက်တာ!!တစ်ကြော်ကြော်အော်လို့ ထမင်းစားဆောင်ကို သွား
နှင့်ကြသည်။

🍁🍁🍁🍁🍁🍁🍁

"ထမင်းသွားစားကြမယ် ကိုကို"

ခုံမှထပြီး စားပွဲဘေးထောင့်မှာထိုင်နေတဲ့ ကိုကိုဆီကို မတ်တပ်သွားရပ်ရင်းပြောတော့ ခုံမှာထိုင်လျှက်ခေါင်းမော့ကြည့်လာသည်။

အွန်းးးသိတယ်မလား ကိုယ်ကအငယ်ပဲ၊အဘိုးကြီးမဖြစ်သေးပဲ စိုးရိမ်ပူပန်တတ်လွန်းနေတဲ့
ကိုကို့ကို သူကပဲစတင်ပြီးချော့ရပြန်ပါသည်။

"ညီ ကိုယ်ခွင့်မပြုတာကိုမလုပ်ချင်နဲ့နော် မဟုတ်ရင် မေ့ကြောကုတ်ကြိုးတုပ်ပြီး အခန်းထဲပိတ်ထားမှာ "

တစ်ကယ်လုပ်မယ့်ပုံနဲ့ ခပ်တည်တည်ကြီးပြောချလိုက်တော့ ညီစေ အမ်!!တစ်လုံးပဲထွက်နိုင်ပြီး ခဏလောက်ဘာမှပြန်မပြောဖြစ်သေးပဲ ဘုန်းဆက်ကိုသာရပ်ကြည့်နေမိသည်။

"ညီ ကိုယ့်ကောင်လေးက ကိုယ့်ကိုစိတ်မချဖြစ်စေချင်နေတာလားဟင်...ကိုယ်က ညီ့ကိုကာကွယ်ပေးချင်တာလေ အန္တရာယ်တောထဲဘယ်လိုဆွဲခေါ်ရက်ပါ့မလဲ.... သူတို့ကလူစိတ်ရှိတာမဟုတ်ဘူး ညီရဲ့ ကိုယ့်စကားနားထောင်မယ်မလား ဟင်..."

မတ်တပ်ရပ်နေဆဲ ညီစေ့ရဲ့ခါးတွေကို ထိုင်နေလျှက်ကနေ လက်နှစ်ဖက်နဲ့တင်းတင်းကျပ်ကျပ်သိုင်းဖက်ရင်း ညီစေ့ရင်ဘတ်မှာ ခေါင်းလေးမှီပြီး အချွှဲလုံးလေး လုပ်နေပြန်သည့် သူ့ထက်အသက်၃နှစ်ကြီးတဲ့ ကိုကိုရယ်ပါ...

ညီစေသိတာပေါ့ ..ကိုကိုက သူ့ကိုအရမ်းချစ်လွန်းပြီးစိုးရိမ်နေတယ်ဆိုတာ ၊ဒါပေမယ့် သူလဲကိုကို့ကိုစိုးရိမ်တာပဲ ၊ အခုကိစ္စက အချစ်စမ်းနေတာမဟုတ်ဘူးလေ ၊အသက်အန္တရာယ်ကိုလောင်းကြေးထပ်နေရတာ ၊ ဒါ့ကြောင့်နှစ်ယောက်အတူပဲ ဆောင်ရွက်ချင်သည်။

ပြီးတော့ ကိုကို့စကားကိုနားထောင်ပြီး ကိုကိုစိတ်မကြည်စေမယ့်အရာမျိုးကို သူမလုပ်ချင်ပါဘူး ၊
အရာရာ ကိုကို့စိတ်အလိုကျ လိုက်လျောပေးချင်သည်၊ဖြည့်ဆည်းပေးချင်သည်။
ဒါပေမယ့် မူနေချင်သေးတယ်... အခုလိုချွှဲနေတဲ့ကိုကို့ပုံစံက မြင်ရခဲတယ်လေ...

"ညီကလဲကွာ ကိုယ့်ကိုမယုံဘူးလား... ကိုယ်ကU.Sကနေ Certificateရထားတဲ့ နာမည်တစ်လုံးနဲ့နေတဲ့ Commando Zeusပါ ၊မင်းယောကျာ်းကိုယုံကြည်စွာ အပ်နှင်းလိုက်စမ်းပါ ၊"

ဟိဟိ...တစ်ဆင့်တက်သွားပြီ ကိုကိုက သူ့ကိုခါးမှာဖက်ထားရာကနေဖယ်ပြီး ခုံမှာထိုင်ထားတဲ့သူ့ခြေထောက်ရှည်ရှည်ကြီးတွေကိုဘေးကိုကားထုပ်လိုက်ပြီး ပေါင်တစ်ဖက်ပေါ်ကို ညီစေ့ကိုထိုင်စေပြီး အကြည့်ချင်းစုံ၍ ညှို့ငင်စွာ ဆွဲဆောင်ပြန်သည်။ပြီးတော့ ညီစေသိပ်ရင်ခုန်ရတဲ့ 'မင်းယောကျာ်း´ဆိုတဲ့စကားလေးကိုပါ သုံးလာသည်။
ဟုတ်တယ် ကိုကိုက ကျွန်တော့်ယောကျာ်း ဒါ့ကြောင့် ကျွန်တော်ကလဲကာကွယ်ရမှာပေါ့.....

"ကျွန်တော့်ယောကျာ်းကကော ကျွန်တော့်ကိုယုံကြည်စွာ အပ်နှင်းလိုက်စမ်းပါ ၊ကျွန်တော်လဲ လက်ရွေးစင် Commando Dragonပါ နာမည်တစ်လုံးနဲ့နေတာပဲလေ ၊အဲ...Fire Dragon အချိုရည်တော့ရှိတယ်ဗျ "

ရယ်ကျဲကျဲလုပ်ပြီး ကိုကိုကြွေရတဲ့သူ့သွားစွယ်လေးတွေပေါ်အောင်ရယ်ပြပြီး ကိုကို့ပါးတွေနဲ့ ပါးသိုင်းမွှေးရေးရေးလေးတွေနဲ့စိမ်းနေတဲ့ပါးပြင်လေးကို လက်တွေနဲ့ပွတ်သပ်ရင်း ချော့ရပြန်သည်။
ဟွန်းဟွန်းးးချော့နည်းတွေကျန်ပါသေးတယ်...

"ကိုယ်မှ စိတ်မချတာလို့..."

ပေါင်ပေါ်ထိုင်နေလို့ ခေါင်းတစ်လုံးပိုမြင့်နေတဲ့ ညီစေ့ရဲ့ရင်ဘတ်ထဲကိုခေါင်းတိုးဝင်ပြီး ရင်ဘတ်သားလေးတွေကိုသွားလေးနဲ့ဖွဖွလေးလိုက်ကိုက်ရင်း သူ့ကို ကိုယ်ဘယ်လောက်မြတ်နိုးတန်ဖိုးထားကြောင်းပြရပြန်သည်။
ဘုန်းဆက်ရှိန်ဝါလဲ imageတွေလဲပျက်လို့ပါ ၊ ဒီလို အင်းးးဒီလောက်နားကြောမာတဲ့ကောင်လေးနဲ့ချစ်ကြိုက်မိပြီး ဒီလောက်ချွှဲပြရမယ်လို့
တစ်ကယ့်ကိုမတွေးဖူးသလို အိမ်မက်လဲမမက်ခဲ့ဖူးပါ ၊
ဒါပေမယ့်အခု သူလုပ်နေရတယ်....
ညီစေမင်းသော်ဆိုတဲ့ သူ့အသည်းအသက်ကို ကာကွယ်ဖို့အတွက်.....

"ကိုကိုကလဲ ပြောတော့ ကိုကိုက ကျွန်တော့်ယောကျာ်းဆို ၊ကျွန်တော့်ယောကျာ်းကို ကျွန်တော်ကာကွယ်ဖို့အနားမှာအမြဲရှိနေပေးဖို့လိုအပ်တာပေါ့ ၊
ပြီးတော့ နှစ်ယောက်အတူMissionက ဒါကဒုတိယဆိုပေမယ့် ဟိုတစ်ခါက ရန်ဖြစ်နေရတာနဲ့မတည့်နေကြတာလေ....
အခုကစိတ်တူကိုယ်တူ ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ကြမယ်လေ၊နောက်တစ်ခုပြောရရင် ကျွန်တော်တိုနှစ်ယောက်အခုလို ပွင့်ပွင့်လင်းလင်း ချစ်မိကြတာက အဲ့တဲမှာအတူတည်းဖြစ်သွားလို့လေ ၊ကျွန်တော်တိုနှစ်ယောက်ကိုအတူစုံစည်းစေတဲ့ ကိစ္စကိုအတူဖြေရှင်းသင့်တာပေါ့ ဟုတ်ဘူးလား"

"မင်းယောကျာ်း ကိုယ်ကပြောနေတာကို ညီကနားမထောင်ဘူးလား ၊ ကိုယ့်စကားကိုနားမထောင်ဘူးဆိုရင်တော့ ကိုယ်ကဝမ်းနည်းနေရတော့မှာပဲ "

"အာ ကိုကိုကလဲကွာ ပြွတ်စ်...ချစ်တယ်လေကွာ အခုထမင်းစားကြရအောင်နော်"

"ကျွီ!!...ညီစေ အဲ..."

ထမင်းစားဆောင်ရောက်ပြီးလို့ သူတို့စားဖို့မှာထားတာတွေရသည်အထိ လိုက်မလာကြသေးတဲ့နှစ်ယောက်ကြောင့် ရန်များဖြစ်နေကြသလား စိတ်ပူပြီး လိုက်လာမိပါတယ် ၊
အခန်းထဲမှာပေါင်ပေါ်ထိုင်ပြီး မုန့်လုံးစက္ကူကပ် လုပ်နေကြတဲ့ တော်တော်ဖြစ်အတွဲကြောင့် ပြန်လာမခေါ်မိရင်ကောင်းသားလို့တွေးမိသွားရသည်။

"သြော မင်းထက်ထမင်းစားဖို့လာခေါ်တာလား လာလာကိုကိုလာ သွားရအောင် ထမင်းစားကြစို့!"

နှုတ်ခမ်းတစ်ချက်နမ်းပြီးချော့ပြောနေရတာတောင် မျက်မှောင်ကျုံ့ထားဆဲကိုကို့ကြောင့် ထမင်းစားလာခေါ်တဲ့မင်းထက်ကို ကျေးဇူးတင်တဲ့အကြည့်တွေနဲ့ကြည့်ပြီး ကိုကို့ကိုလဲ လက်ကဆွဲပြီး ထမင်းစားဖို့ခေါ်သွားရသည်။
မဟုတ်ရင် ဒီနားကြောမာတဲ့နှစ်ယောက်ရဲ့ စကားပွဲက မုန့်လုံးစက္ကူကပ်တာထက်ဆိုးပြီး ပတ်ချာလည်နေတော့မှာ...

အွန်းးးးဒီလိုနဲ့ပဲ MissionမှာCommando Dragonကိုမပါခိုင်းတဲ့Commando Zeusဆိုတဲ့ဘဲကြီးနဲ့၊ စိတ်မချပါဘူး ကာကွယ်ချင်လို့ပါတစ်တွတ်တွတ်ပြောပြီး Missionမှာပါဖို့ တာစူနေတဲ့ Dragonတို့ရဲ့စကားဝိုင်းက တိကျသေချာတဲ့အဖြေထွက်မလာပဲ ရပ်တန့်ရပြန်သည်။

တစ်ယောက်ချင်းစီရဲ့စိတ်ထဲမှာကတော့ ငါ့ချော့မှုတွေနဲ့ချွှဲမှုတွေထဲမှာပျော်ဝင်ပြီး ခေါင်းညိမ့်ရမည်ဟု ကြွေးကြော်နေကြသည်။

🍁🍁🍁🍁🍁🍁🍁

နေ့ခင်းဘက်တစ်နေ့လည်လုံးက သင်ခန်းစာတွေပို့ချတာဖြစ်လို့ အငယ်တွေသင်တာကိုလိုက်ပြီး ကြည့်ပေးနေရင်း အချိန်တွေက ကုန်ပြန်သည်။
Logoကသင်ပြမှုက သူနဲ့ပုဂ္ဂိုလ်ရေးအရ မသက်ဆိုင်သောကြောင့် ဘုန်းဆက်ကတော့ ညီစေ့ရဲ့Social mediaတွေထဲကိုပဲဝင်မွှေနေသည်။

နှစ်ယောက်သားMissionအကြောင်းစကားမစကြပဲ စပ်မိစပ်ရာတွေကိုသာ ပြောဆိုပြီး ညီစေ့ရဲ့Condoကို ပြန်လာခဲ့ကြသည်။

"ညစာ အပြင်မှာသွားစားမယ်"

"ဘယ်တုန်းက ညီကအိမ်မှာစားလို့လဲ စားစရာလဲမရှိပဲနဲ့"

"အဲ့ဒါကြောင့် ထမင်းဟင်းချက်တတ်တဲ့ယောကျာ်းကိုရှာယူထားတယ်လေ...အခုအဲ့ယောကျာ်းပင်ပန်းပြီးမချက်နိုင်မှန်းသိလို့ အပြင်မှာသွားစားဖို့အကြောင်းပြောရတာပေါ့!!"

ယောကျာ်းဆိုတဲ့စကားကို ညီကဒီနေ့ဘယ်နှစ်ခါသုံးနေမှာလဲ ၊အဲ့စကားကိုကြားတိုင်းလူက ညီ့ကိုကုတင်ပေါ်ဆွဲတင်ပြီး အကြမ်းပတမ်းဆက်ဆံပြစ်ချင်သည့်ရမက်က ထထလာသည်။
တော်တော် ဂတွင်းတွေ့နေတယ်ထင်တယ်...
ယောကျာ်းအခေါ်ကောင်းလို့ မထနိုင်ဖြစ်အောင် သင်ခန်းစာပေးရအုံးမည် ဟုသာတေးမှတ်ထားလိုက်ရသည်။

နှစ်ယောက်သားရေချိုးပြင်ဆင်ပြီး ပေါ့ပေါ့ပါးပါးShirtနဲ့ဘောင်းဘီကိုသာဝတ်ပြီး အောက်ဆုံးထပ်ကစားသောက်ဆိုင်မှာပဲ ဘူဖေးစားဖြစ်ကြသည်။

အခန်းကိုပြန်ရောက်ရောက်ခြင်း တံခါးအရှေ့က အမျိုးသမီးကိုမြင်လိုက်တဲ့ခဏ ညီစေ့ရဲ့ခန္ဓာကိုယ်က သိသိသာသာတုန်တက်သွားပြီး ခြေလှမ်းတွေကိုပါ ရပ်တန့်ပြစ်လိုက်ရင်း အသက်မဲ့သွားသည့်အတိုင်း မမှိတ်မသုန် ရှေ့က အမျိုးသမီးကိုသာကြည့်နေတော့သည်။

"ဘယ်.. ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ....."

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#7.10.2021(10:30Pm)
#Nandar Myint Moh

I really want your Feedback and Voting❤️

Upလာတောင်းတဲ့ ငယ်လေးကျေနပ်စေရန်နှင့် စောင့်ဖတ်နေသော စာဖတ်သူလေးတွေအတွက် ❤️


Continue Reading

You'll Also Like

38M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...