Give up

By Rei_lynx

13.4K 1.6K 124

Title - Morbid attachment, Give up, 詬病 Original author - Chi Zongzha Total - 97 chapters + 7 extras Main Ch... More

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13

Chapter 7

504 117 2
By Rei_lynx

{ UNICODE }

Thu, Oct 7, 2021
Translator - Breeze | Typeset/edit - Lynx

======

တကယ်ဆို ကျီးဝမ့်သာပိုပေါင်းသင်းရလွယ်ရင်၊ ဒါမှမဟုတ် ပိုလွပ်လပ်ပြီး လွယ်ကူနေမယ်ဆိုရင် သူဒီညချီပေါ်ယန်နဲ့ အိပ်လိုက်ပြီး နောက်နေ့ သူနဲ့တွဲလိုက်လို့ရသည်။

ကံမကောင်းတာက ကျီးဝမ့်ကထိုသို့မလုပ်နိုင်ပါ။ ထို့ကြောင့် ချီပေါ်ယန်ကစိတ်ပျက်သွားရသည်။

ချီပေါ်ယန်ပြောသလိုပင် သူအခုထိချီပေါ်ယန်ကို မမေ့နိုင်သေးတာ မှန်ပေမယ့် နေ့ရော၊ညပါ တွေးနေမိတာမျိုးတော့မဟုတ်ပေ။ တကယ့်ကို မသင့်တော်တဲ့ အချိန်မျိုးတွေမှာသာ သတိရမိတာဖြစ်သည်။

အရက်သောက်တဲ့အချိန်၊ ရေချိုးတဲ့အချိန်၊ လက်ချောင်းပေါ်က အမာရွတ်အဝိုင်းလေးကို ကြည့်မိတဲ့အချိန်။

နောက်တစ်ခုက ကျီးဝမ့်မေ့ပစ်လိုက်ချင်ရင်တောင် သူ့မှာ‌မေ့ပစ်လိုက်ဖို့၊ ရေရာတဲ့အကြောင်းပြချက်မျိုးရှိမနေပေ။

သူဘယ်ကိုပဲသွားသွား၊ ချီပေါ်ယန်ရဲ့ ကြော်ငြာဓာတ်ပုံတွေရှိနေပြီး၊ Weibo, Moment နဲ့ အမျိုးမျိုးသော software application တွေမှာ ထိုအမျိုးသားကို သူ့နေ့စဉ်ဘဝရဲ့နေရာတိုင်းမှာ တွေ့နေရစမြဲဖြစ်သည်။

ဒီနေ့မှာတော့ ချီပေါ်ယန်သူ့အရှေ့ကိုရောက်လာခဲ့သည်။ သူ့ရဲ့လက်တစ်ကမ်းအလိုလေးမှာပင်။

ချီပေါ်ယန်ရဲ့ချောမောလှတဲ့ မျက်နှာလေးကို သူလက်ပေါ်မှာမှီထားပြီး မျက်လုံးတွေက သူ့ကိုစိုက်ကြည့်နေလေသည်။ ပျော်ရွှင်မှုကိုတောင်းခံနေပုံရကာ အရမ်းကိုမှ ဆွဲဆောင်မှုရှိလွန်း၏။ ကမ္ဘာပေါ်မှာ ချီပေါ်ယန်ကို ငြင်းဆိုနိုင်သူရှိမယ်ဆိုလျှင် ထိုသူကချီပေါ်ယန်နဲ့ မအိပ်နိုင်သည့် ကျီးဝမ့်သာဖြစ်လိမ့်မည်။

ကျီးဝမ့်က ချီပေါ်ယန်ရဲ့မေးစေ့ကိုအားနဲ့ညှစ်လိုက်သော်လည်း ချီပေါ်ယန် မျက်နှာအမူအရာကတော့ပြောင်းလဲသွားခြင်းမရှိ။ သူကကျီးဝမ့်ကိုသာ ယုံကြည်ချက်ရှိရှိ ကြည့်နေပြီး၊ ကျီးဝမ့် သူ့ကိုအနမ်းပေးလာမည်ကို စောင့်ဆိုင်းနေလျက်၊ သူ့ကိုချစ်လာဖို့ မျှော်လင့်နေသည့်ပုံပင်။

မျက်နှာကျက်ကနေ ကြမ်းပြင်ထိရှိတဲ့ပြတင်းတွေက ချောမွေ့ကာတောက်ပနေပြီး လူနှစ်ယောက်ပုံရိပ်က ရောင်ပြန်ဟပ်နေသည်။ ကျီးဝမ့်အရှေ့သို့ ဖြေးညှင်းစွာမှီလိုက်ရသည်။ သူတို့ တစ်ယောက်နှုတ်ခမ်းတစ်ယောက် စိုက်ကြည့်နေရင်း၊ အသက်ရှုနှုန်းတွေက ယောက်ယက်ခတ်နေသည်။

လေထုကတင်းမာနေပြီး တစ်စုံတစ်ယောက်ရဲ့အကြောင်းပြချက်ကို လုံးလုံးလျားလျားမေ့လျော့ရန်စောင့်နေသည်။

လှပလွန်းတဲ့နှုတ်ခမ်းတစ်စုံ ထိကပ်ခါနီးမှာပဲ ကျီးဝမ့်ဘက်က ရပ်တန့်သွားသည်။ နီးကပ်လှတဲ့အနေအထားတစ်ခုမှာ ကျီးဝမ့်ကပြောလိုက်သည်။

" မင်းကိုထွက်သွားလို့ ပြောနေတယ် ငါ့လက်ထောက်ကို ငါ့ဆီပြန်လွှတ်လိုက် "

ဒီစကားလုံးတွေက အခြေအနေတစ်ခုကို လုံးဝဖျက်ဆီးလိုက်ပြီး ကျီးဝမ့် ချီပေါ်ယန်ရဲ့မျက်နှာကိုတွန်းထုတ်လိုက်သည်။ မကြာခင်မှာပဲ ချီပေါ်ယန်ရဲ့မေးရိုး၌ လက်ချောင်းရာများ ပေါ်လာတော့သည်။

ကျီးဝမ့်က သူ့ရဲ့ရေစိုနေတဲ့ ဆံပင်တွေကို ဆွဲကာပြောလာသည်။

"ငါမင်းကိုစိတ်မဝင်စားဘူး"

ချီပေါ်ယန်က ဆိုဖာပေါ်မှီလိုက်ရင်းပြောသည်။

"လိမ်နေတာ"

ကျီးဝမ့်ပြုံးရင်း ခေါင်းခါလိုက်သည်။

"ငါက Alphaလေ Omega က ငါ့အတွက်ပိုကောင်းတယ်"

ချီပေါ်ယန်ရဲ့ မျက်နှာအမူအရာက ခဏလောက်ပျက်ယွင်းသွားပြီး၊ ချက်ခြင်းဆိုသလို ပြန်တည်ငြိမ်သွားကာ အေးအေးဆေးဆေးပုံစံဖြင့် သိချင်စိတ်ပြင်းစွာ မေးလာသည်။

" တကယ်လား? ကျွန်တော်နဲ့လမ်းခွဲပြီးတော့ Omegaတွေနဲ့ အိပ်သေးတာလား? "

ကျီးဝမ့်က သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ချီပေါ်ယန်နဲ့မဆွေးနွေးချင်ပါ။ သူ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ရှောင်ရှုဆီဖုန်းဆက်ဖို့ လုပ်လိုက်သည်။ ရှောင်ရှုက ဘာဖြစ်လို့များ ချီပေါ်ယန်ရဲ့စကားကိုနားထောင်ပြီး သူထွက်သွားခိုင်းတိုင်း၊ ဘာလို့တကယ်ကြီးထွက်သွားရတာလဲ?

ရှောင်ရှုပြန်လာရင်တော့ သူနဲ့ဒီအကြောင်းဆွေးနွေးရမည်။

ဖုန်းစခရင်ပေါ် တစ်ချက်နှစ်ချက်လောက်နှိပ်ပြီးတဲ့အခါမှာတော့ ရှောင်ရှုရဲ့ဖုန်းနံပါတ်ကိုရှာမတွေ့ခင်မှာပဲ သူ့လက်နာကျင်သွားကာ ဖုန်းသည်လည်း အဝေးသို့လွင့်ထွက်သွားပြီး၊ ကော်ဇောပေါ်သို့ပြုတ်ကျသွားရသည် ။

ချီပေါ်ယန်က မတ်တပ်ရပ်လိုက်သည်။ သူကကျီးဝမ့်ထက်အရပ်ပိုရှည်လျက်၊ မျက်နှာမှာအပြုံးတစ်ခုကရှိနေတုန်းပင်ဖြစ်သည် ။

"ဘာလို့လဲ ခင်ဗျားလက်ထောက်က Omegaလား?"

ကျီးဝမ့်က စကားမပြောနိုင်ဘဲ၊ ဒီအခြေအနေက ရူးရူးကြောင်ကြောင်နိုင်တယ်လို့ထင်မိပြီး၊ ချီပေါ်ယန်နဲ့ စကားပြောဖို့ စိတ်ကုန်နေပြီဖြစ်သည်။ ကွဲသွားတဲ့ဖုန်းကို ကြည့်ဖို့ကောက်ယူဖို့ ကုန်းလိုက်သော်လည်း ဖုန်းက ချီပေါ်ယန်ကန်တာ ခံလိုက်ရပြီး၊ အဝေးလွင့်ထွက်သွားလေသည်။

"မင်းရူးနေတာလား!"

ကျီးဝမ့်ဒေါသထွက်သွားသည်။

ချီပေါ်ယန်ရဲ့အပြုံးတွေကွယ်ပျောက်သွားပြီး၊ မျက်နှာသေဖြင့်ပြောလာသည်။

" ကျွန်တော်နဲ့စကားပြောနေရင် ကျွန်တော့်ကိုပဲကြည့်"

ကျီးဝမ့်က လက်ပိုက်လိုက်ရင်း သရော်သလို ပြောလိုက်သည်

"ငါက မင်းမျက်နှာကိုငြီးငွေ့နေပြီ"

ချီပေါ်ယန်က ကျီးဝမ့်ရဲ့စကားတွေကိုစိတ်မဆိုးပေ။ သူ ရှေ့ကိုတစ်လှမ်းချင်းတိုးလာပြီး ကျီးဝမ့်စားပွဲနားရောက်သည်အထိ ချဥ်းကပ်လာသည်။

ကျီးဝမ့်က ချီပေါ်ယန်ရဲ့ရင်ဘတ်ကိုလက်တွေနဲ့တွန်းထားလိုက်သည်။

" ငါနဲ့ဝေးဝေးနေ"

ချီပေါ်ယန်ကကျီးဝမ့်ရဲ့ခါးတွေကိုဖက်တွယ်ပြီး ကျီးဝမ့်ကိုအနောက်ကစားပွဲပေါ်တွန်းချလိုက်ကာ၊ ကျီးဝမ့်ကို သူ့လက်‌မောင်းတွေကြားမှာပိတ်ထားလိုက်သည်။

"ဒေါသမထွက်ပါနဲ့၊ ကျွန်တော်ဖုန်းကို ပြန်လျော်ပေးမယ်"

ချီပေါ်ယန်ကိုယ်ပေါ်က Pheromone တွေက ပိုပြီးအားပြင်းလာတာကို သတိထားမိလိုက်သည်။ သူ့မျက်ခုံးတွေကို တွန့်ချိုးလိုက်ရင်း၊

"ဝေးဝေးကိုသွား၊မင်း Heat ဖြစ်နေရင်လည်း အခြားတစ်ယောက်ကိုသွားရှာလိုက် "

ချီပေါ်ယန်က ဖန်ရှန့်ယွမ်နဲ့တွဲနေတယ်လို့ စုန့်ကယ်ပြောခဲ့တယ်မလား? သူကဘာလို့ဖန်ရှန့်ယွမ်ကိုသွားမရှာဘဲ ဘာလို့သူနဲ့လာ‌နေရတာလဲ?

ချီပေါ်ယန်က နာကျင်ခံစားနေရသလိုမျိုး၊ မျက်တောင်လေးတွေ စိုက်ကျသွားသည်။

"ကျီးဝမ့်၊ ကျွန်တော်ခင်ဗျားကိုအများကြီးလွမ်းနေတာ"

ထိုအချိန်မှာ ကျီးဝမ့်ရဲ့ခုခံနေတဲ့လက်တွေက အားလျော့သွားသည်။ ချီပေါ်ယန်က သူ့ခေါင်းမှာအားနည်းချက်ရှိနေသော ခြင်္သေ့နှင့်တူသည်။ သူ အရှေ့ကိုအရှိန်ပြင်းပြင်းနဲ့တိုးလာပြီး ပါးစပ်ကိုဟကာ ကျီးဝမ့်ရဲ့လည်ပင်းအား အညှာအတာမရှိ ကိုက်ချလိုက်၏။

Alpha တွေရဲ့သွားအစွယ်တွေက ထက်ရှပြီး လူ့အရေပြားကိုအလွယ်တကူ ထိုးဖောက်နိုင်သည်။ ကိုက်ရာကတဆင့် ချီပေါ်ယန်ရဲ့ Pheromone တွေ ကျီးဝမ့်ရဲ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ကျီးဝမ်ခဏလောက် အသိစိတ်လွတ်သွားသည်။

နာတယ်၊ နေရာတိုင်းကနာကျင်နေတယ်၊ ချီပေါ်ယန်ရဲ့ရနံ့တွေက သူ့ကိုယ်ပိုင်ရနံ့တွေနဲ့ ရောနှောနေပြီး အခန်းရဲ့နေရာတိုင်းမှာ Pheromone တွေနဲ့ ပြည့်နှက်နေသည်။

ရီဝေဝေဖြစ်နေတုန်းမှာပဲ၊ ချီပေါ်ယန်က ကျီးဝမ့်ရဲ့ခန္ဓာကိုယ်ကို ဆွဲလှည့်လိုက်ကာ ခုံပေါ်၌ဖိထားလိုက်သည်။ Bathrobe ကနောက်ဘက်ကနေဆွဲချွတ်ခြင်း ခံလိုက်ရပြီး သူ့ဂုတ်ပေါ်မှာရှိနေတဲ့ အမာရွတ်ပေါ်ထွက်လာသည်။

အနိုင်ရသူတစ်ယောက်က သားကောင်ကို သူ့အပိုင်တံဆိပ်ရိုက်လိုက်သကဲ့သို့ပင်။ 

  

ချီပေါ်ယန်က သွယ်လျတဲ့လည်ပင်းလေးနဲ့ သူချန်ရစ်ထားခဲ့တဲ့ အမှတ်အသားကို ကြည့်လိုက်ပြီး မျက်ဝန်းတွေကို ကျဉ်းမြောင်းလိုက်ကာ၊ သွေးစွန်းထင်းနေသည့်သူ့သွားအစွယ်တွေအပေါ် လျှာနဲ့လျက်လိုက်ရင်း၊ ပါးစပ်ကိုဟလျက်၊ ခေါင်းကိုထပ်မံငုံ့ကိုင်းလိုက်သည်။

‌၆နှစ်အကြာမှာ၊ ချီပေါ်ယန်ကသူ့ကိုထပ်ပြီး အမှတ်အသား ပေးလိုက်ပြန်ပြီ။ ဘာလို့လဲဆိုတော့ သူကငတုံးတစ်ယောက်ဖြစ်နေလို့၊ ချီပေါ်ယန်ဆီက အမှန်ဟုတ်လား၊ မဟုတ်လားမသိနိုင်တဲ့ သတိရနေတာဆိုတဲ့ စကားလေးတစ်ခွန်းကြားရုံနဲ့ စိတ်ပျော့သွားမိတာကြောင့်ဖြစ်သည်။

ချီပေါ်ယန်က Pheromoneအတော်များများကို ကျီးဝမ့်ရဲ့ခန္ဓာကိုယ်ထဲထိုးသွင်းပြီးတဲ့အခါမှာတော့ သူ့ပါးစပ်ကိုလွှတ်လိုက်ပြီး၊ နှာခေါင်းထိပ်ကလေးဖြင့် ကျီးဝမ့်ရဲ့လည်ပင်းကို ဖြည်းဖြည်းလေးပွတ်တိုက်နေရင်း ခပ်သာသာလေး ညည်းတွားနေသည်။ သူ့ရဲ့လက်တွေကလည်း Bathrobeဝတ်ထားတဲ့ကျီးဝမ့်ရဲ့ခါးတလျှောက်အားရစ်ပတ် ဖက်တွယ်ထားသည်။

Alpha တစ်ယောက်ကအခြား Alpha တစ်ယောက်ရဲ့ pheromone တွေနဲ့ ယာယီသက်ရောက်ခြင်းခံလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့အားအင်တွေ ခဏတာမျှလျော့နည်းသွားမည်ဖြစ်သည်။

ကျီးဝမ့်ရဲ့အသိစိတ်တွေက လွတ်ချင်သလိုလိုဖြစ်နေပြီး မျက်နှာကနီမြန်းနေကာ၊ ထိုအရာက Mark ပြုလုပ်ခြင်းခံရပြီးတဲ့အခါ  'estrus' အတုအယောင် ဖြစ်ခြင်းလက္ခဏာဖြစ်သည်။

သို့သော် ချီပေါ်ယန်က ထိုအခွင့်အရေးကိုယူပြီး ကျီးဝမ့်အားသိမ်းပိုက်လိုက်လို့ရပေမယ့်၊ သူထိုသို့မပြုလုပ်ပေ။ သူကကျီးဝမ့်ရဲ့ ခန္ဓာကိုယ်ကို လက်ဖြင့်ဟိုစမ်းဒီစမ်းလုပ်နေပြီး၊ ဒီနှစ်တွေအတွင်း တစ်ခုခုများပြောင်းလဲသွားသလားလို့ စစ်ဆေးနေပုံရသည်။

နာရီဝက်အကြာမှာတော့ ကျီးဝမ့်က ခက်ခက်ခဲခဲတိုက်ထုတ်ပြီးတဲ့အခါမှာ pheromoneတွေရဲ့သက်ရောက်မှုချောက်နက်ထဲက ထွက်လာနိုင်ခဲ့သည်။ သူ့ရဲ့လက်မောင်းတွေကိုနောက်ပြန်တွန်းလိုက်ကာ ချီပေါ်ယန်ရဲ့ပွေ့ဖတ်မှုကနေလွတ်မြောက်အောင်ရုန်းကန်နေမိသည်။

သူကနောက်ကို လှည့်လိုက်ပြီး၊ ချီပေါ်ယန်ကိုအားပြင်းပြင်းနဲ့ ရိုက်ချလိုက်တယ်။

ကျယ်လောင်လှတဲ့ ရိုက်ခက်သံနဲ့အတူ ချီ‌ပေါ်ယန်ရဲ့မျက်နှာ လည်ထွက်သွားသည်။

အကြမ်းဖက်ခံရတဲ့ကျီးဝမ့်က ချီပေါ်ယန်ထက် ပိုပြီးရှက်ရွံ့နေသည်။ လည်ပင်းက ကိုက်ဖောက်ခံထားရပြီး သွေးများက သူ့လည်ပင်းညှပ်ရိုးတလျောက် စီးကျနေကာ နှင်းဖြူကဲ့သို့ bathrobeက သွေးများဖြင့်နီရဲနေသည်။

ကျီးဝမ့်ကဒေါသစိတ်ကြောင့်တုန်ယင်နေသည်။

"ခွေးကောင်!"

ချီပေါ်ယန်ရဲ့မျက်နှာကတဖြည်းဖြည်းပြန်လှည့်လာကာ သူ့ရဲ့လက်မနဲ့ နှုတ်ခမ်းထောင့်ကိုဖြည်းဖြည်းချင်းပွတ်နေပြီး၊ အခက်အခဲဖြစ်နေသော လေသံမျိုးဖြင့် ပြောလာသည်။

" ကျီးဝမ့်၊ ကျွန်တော်မနက်ဖြန်ရိုက်ကူး‌ရေးရှိတယ်၊ မျက်နှာက ဒီလိုယောင်နေလို့မဖြစ်ဘူးလေ"

ကျီးဝမ့်ရဲ့ဒေါသခိုးဝေနေတဲ့ဦးနှောက် ခဏလောက်နိုးကြားသွားသည်။ ကျီးဝမ့်ရဲ့မသိစိတ်ကနေ ချီပေါ်မျက်နှာကို ကပ်ဖို့အတွက်ရေခဲအိတ်ရှာပေးကာ မြင်သာတဲ့နေရာကို ရိုက်လိုက်မိတဲ့အတွက် သူ့ကိုယ်သူအပြစ်တင်နေမိပြီး၊ ဘာလို့များမျက်နှာကိုရိုက်လိုက်ရတာလဲလို့ တွေးနေမိတာဖြစ်သည်။

ဒါပေမယ့် ချီပေါ်ယန်အတွက်ရေခဲအိတ်ကို တကယ်ရှာမပေးခဲ့ပါ။ သူကအဲ့လောက်ထိတော့ဈေးပေါမနေဘူးလေ။

ကျီးဝမ့် သူ့ရဲ့လျော့ရဲနေတဲ့ Bathrobe ကိုဆွဲတင်ကာ ခါးကြိုးကို တင်းတင်းဆွဲချည်ပြီး ထုံးထားလိုက်သည်။

"မင်းက အဲ့တာနဲ့ပဲတန်တယ်"

=====

JD_breeze's Note: စာကြောင်းအချို့နဲ့စကားလုံးအချို့ကိုတိုက်ရိုက်မဟုတ်ပဲ ဖတ်ရတာအဆင်‌ပြေအောင် မြန်မာလိုအလျဉ်းသင့်လိုပြန်ပေးထားပါတယ်။ ဖတ်ပေးကြတဲ့တစ်စုံတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်💚

Lynx -- သေချာစာပြန်စီပြီး၊ edit ပေးထားတယ်၊ အားလုံး Good night!

===== 

{ ZAWGYI }

Thu, Oct 7, 2021
Translator - Breeze | Typeset/edit - Lynx

======

တကယ္ဆို က်ီးဝမ့္သာပိုေပါင္းသင္းရလြယ္ရင္၊ ဒါမွမဟုတ္ ပိုလြပ္လပ္ၿပီး လြယ္ကူေနမယ္ဆိုရင္ သူဒီညခ်ီေပၚယန္နဲ႔ အိပ္လိုက္ၿပီး ေနာက္ေန႔ သူနဲ႔တြဲလိုက္လို႔ရသည္။

ကံမေကာင္းတာက က်ီးဝမ့္ကထိုသို႔မလုပ္ႏိုင္ပါ။ ထို႔ေၾကာင့္ ခ်ီေပၚယန္ကစိတ္ပ်က္သြားရသည္။

ခ်ီေပၚယန္ေျပာသလိုပင္ သူအခုထိခ်ီေပၚယန္ကို မေမ့ႏိုင္ေသးတာ မွန္ေပမယ့္ ေန႔ေရာ၊ညပါ ေတြးေနမိတာမ်ိဳးေတာ့မဟုတ္ေပ။ တကယ့္ကို မသင့္ေတာ္တဲ့ အခ်ိန္မ်ိဳးေတြမွာသာ သတိရမိတာျဖစ္သည္။

အရက္ေသာက္တဲ့အခ်ိန္၊ ေရခ်ိဳးတဲ့အခ်ိန္၊ လက္ေခ်ာင္းေပၚက အမာ႐ြတ္အဝိုင္းေလးကို ၾကည့္မိတဲ့အခ်ိန္။

ေနာက္တစ္ခုက က်ီးဝမ့္ေမ့ပစ္လိုက္ခ်င္ရင္ေတာင္ သူ႕မွာ‌ေမ့ပစ္လိုက္ဖို႔၊ ေရရာတဲ့အေၾကာင္းျပခ်က္မ်ိဳး႐ွိမေနေပ။

သူဘယ္ကိုပဲသြားသြား၊ ခ်ီေပၚယန္ရဲ႕ ေၾကာ္ျငာဓာတ္ပုံေတြ႐ွိေနၿပီး၊ Weibo, Moment နဲ႔ အမ်ိဳးမ်ိဳးေသာ software application ေတြမွာ ထိုအမ်ိဳးသားကို သူ႕ေန႔စဥ္ဘဝရဲ႕ေနရာတိုင္းမွာ ေတြ႕ေနရစၿမဲျဖစ္သည္။

ဒီေန႔မွာေတာ့ ခ်ီေပၚယန္သူ႕အေ႐ွ႕ကိုေရာက္လာခဲ့သည္။ သူ႕ရဲ႕လက္တစ္ကမ္းအလိုေလးမွာပင္။

ခ်ီေပၚယန္ရဲ႕ေခ်ာေမာလွတဲ့ မ်က္ႏွာေလးကို သူလက္ေပၚမွာမွီထားၿပီး မ်က္လုံးေတြက သူ႕ကိုစိုက္ၾကည့္ေနေလသည္။ ေပ်ာ္႐ႊင္မႈကိုေတာင္းခံေနပုံရကာ အရမ္းကိုမွ ဆြဲေဆာင္မႈ႐ွိလြန္း၏။ ကမ႓ာေပၚမွာ ခ်ီေပၚယန္ကို ျငင္းဆိုႏိုင္သူ႐ွိမယ္ဆိုလွ်င္ ထိုသူကခ်ီေပၚယန္နဲ႔ မအိပ္ႏိုင္သည့္ က်ီးဝမ့္သာျဖစ္လိမ့္မည္။

က်ီးဝမ့္က ခ်ီေပၚယန္ရဲ႕ေမးေစ့ကိုအားနဲ႔ညႇစ္လိုက္ေသာ္လည္း ခ်ီေပၚယန္ မ်က္ႏွာအမူအရာကေတာ့ေျပာင္းလဲသြားျခင္းမ႐ွိ။ သူကက်ီးဝမ့္ကိုသာ ယုံၾကည္ခ်က္႐ွိ႐ွိ ၾကည့္ေနၿပီး၊ က်ီးဝမ့္ သူ႕ကိုအနမ္းေပးလာမည္ကို ေစာင့္ဆိုင္းေနလ်က္၊ သူ႕ကိုခ်စ္လာဖို႔ ေမွ်ာ္လင့္ေနသည့္ပုံပင္။

မ်က္ႏွာက်က္ကေန ၾကမ္းျပင္ထိ႐ွိတဲ့ျပတင္းေတြက ေခ်ာေမြ႕ကာေတာက္ပေနၿပီး လူႏွစ္ေယာက္ပုံရိပ္က ေရာင္ျပန္ဟပ္ေနသည္။ က်ီးဝမ့္အေ႐ွ႕သို႔ ေျဖးညႇင္းစြာမွီလိုက္ရသည္။ သူတို႔ တစ္ေယာက္ႏႈတ္ခမ္းတစ္ေယာက္ စိုက္ၾကည့္ေနရင္း၊ အသက္႐ႈႏႈန္းေတြက ေယာက္ယက္ခတ္ေနသည္။

ေလထုကတင္းမာေနၿပီး တစ္စုံတစ္ေယာက္ရဲ႕အေၾကာင္းျပခ်က္ကို လုံးလုံးလ်ားလ်ားေမ့ေလ်ာ့ရန္ေစာင့္ေနသည္။

လွပလြန္းတဲ့ႏႈတ္ခမ္းတစ္စုံ ထိကပ္ခါနီးမွာပဲ က်ီးဝမ့္ဘက္က ရပ္တန္႔သြားသည္။ နီးကပ္လွတဲ့အေနအထားတစ္ခုမွာ က်ီးဝမ့္ကေျပာလိုက္သည္။

" မင္းကိုထြက္သြားလို႔ ေျပာေနတယ္ ငါ့လက္ေထာက္ကို ငါ့ဆီျပန္လႊတ္လိုက္ "

ဒီစကားလုံးေတြက အေျခအေနတစ္ခုကို လုံးဝဖ်က္ဆီးလိုက္ၿပီး က်ီးဝမ့္ ခ်ီေပၚယန္ရဲ႕မ်က္ႏွာကိုတြန္းထုတ္လိုက္သည္။ မၾကာခင္မွာပဲ ခ်ီေပၚယန္ရဲ႕ေမး႐ိုး၌ လက္ေခ်ာင္းရာမ်ား ေပၚလာေတာ့သည္။

က်ီးဝမ့္က သူ႕ရဲ႕ေရစိုေနတဲ့ ဆံပင္ေတြကို ဆြဲကာေျပာလာသည္။

"ငါမင္းကိုစိတ္မဝင္စားဘူး"

ခ်ီေပၚယန္က ဆိုဖာေပၚမွီလိုက္ရင္းေျပာသည္။

"လိမ္ေနတာ"

က်ီးဝမ့္ျပဳံးရင္း ေခါင္းခါလိုက္သည္။

"ငါက Alphaေလ Omega က ငါ့အတြက္ပိုေကာင္းတယ္"

ခ်ီေပၚယန္ရဲ႕ မ်က္ႏွာအမူအရာက ခဏေလာက္ပ်က္ယြင္းသြားၿပီး၊ ခ်က္ျခင္းဆိုသလို ျပန္တည္ၿငိမ္သြားကာ ေအးေအးေဆးေဆးပုံစံျဖင့္ သိခ်င္စိတ္ျပင္းစြာ ေမးလာသည္။

" တကယ္လား? ကြၽန္ေတာ္နဲ႔လမ္းခြဲၿပီးေတာ့ Omegaေတြနဲ႔ အိပ္ေသးတာလား? "

က်ီးဝမ့္က သူ႕ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြကို ခ်ီေပၚယန္နဲ႔မေဆြးေႏြးခ်င္ပါ။ သူ ဖုန္းကိုေကာက္ကိုင္လိုက္ၿပီး ေ႐ွာင္႐ႈဆီဖုန္းဆက္ဖို႔ လုပ္လိုက္သည္။ ေ႐ွာင္႐ႈက ဘာျဖစ္လို႔မ်ား ခ်ီေပၚယန္ရဲ႕စကားကိုနားေထာင္ၿပီး သူထြက္သြားခိုင္းတိုင္း၊ ဘာလို႔တကယ္ႀကီးထြက္သြားရတာလဲ?

ေ႐ွာင္႐ႈျပန္လာရင္ေတာ့ သူနဲ႔ဒီအေၾကာင္းေဆြးေႏြးရမည္။

ဖုန္းစခရင္ေပၚ တစ္ခ်က္ႏွစ္ခ်က္ေလာက္ႏွိပ္ၿပီးတဲ့အခါမွာေတာ့ ေ႐ွာင္႐ႈရဲ႕ဖုန္းနံပါတ္ကို႐ွာမေတြ႕ခင္မွာပဲ သူ႕လက္နာက်င္သြားကာ ဖုန္းသည္လည္း အေဝးသို႔လြင့္ထြက္သြားၿပီး၊ ေကာ္ေဇာေပၚသို႔ျပဳတ္က်သြားရသည္ ။

ခ်ီေပၚယန္က မတ္တပ္ရပ္လိုက္သည္။ သူကက်ီးဝမ့္ထက္အရပ္ပို႐ွည္လ်က္၊ မ်က္ႏွာမွာအျပဳံးတစ္ခုက႐ွိေနတုန္းပင္ျဖစ္သည္ ။

"ဘာလို႔လဲ ခင္ဗ်ားလက္ေထာက္က Omegaလား?"

က်ီးဝမ့္က စကားမေျပာႏိုင္ဘဲ၊ ဒီအေျခအေနက ႐ူး႐ူးေၾကာင္ေၾကာင္ႏိုင္တယ္လို႔ထင္မိၿပီး၊ ခ်ီေပၚယန္နဲ႔ စကားေျပာဖို႔ စိတ္ကုန္ေနၿပီျဖစ္သည္။ ကြဲသြားတဲ့ဖုန္းကို ၾကည့္ဖို႔ေကာက္ယူဖို႔ ကုန္းလိုက္ေသာ္လည္း ဖုန္းက ခ်ီေပၚယန္ကန္တာ ခံလိုက္ရၿပီး၊ အေဝးလြင့္ထြက္သြားေလသည္။

"မင္း႐ူးေနတာလား!"

က်ီးဝမ့္ေဒါသထြက္သြားသည္။

ခ်ီေပၚယန္ရဲ႕အျပဳံးေတြကြယ္ေပ်ာက္သြားၿပီး၊ မ်က္ႏွာေသျဖင့္ေျပာလာသည္။

" ကြၽန္ေတာ္နဲ႔စကားေျပာေနရင္ ကြၽန္ေတာ့္ကိုပဲၾကည့္"

က်ီးဝမ့္က လက္ပိုက္လိုက္ရင္း သေရာ္သလို ေျပာလိုက္သည္

"ငါက မင္းမ်က္ႏွာကိုၿငီးေငြ႕ေနၿပီ"

ခ်ီေပၚယန္က က်ီးဝမ့္ရဲ႕စကားေတြကိုစိတ္မဆိုးေပ။ သူ ေ႐ွ႕ကိုတစ္လွမ္းခ်င္းတိုးလာၿပီး က်ီးဝမ့္စားပြဲနားေရာက္သည္အထိ ခ်ဥ္းကပ္လာသည္။

က်ီးဝမ့္က ခ်ီေပၚယန္ရဲ႕ရင္ဘတ္ကိုလက္ေတြနဲ႔တြန္းထားလိုက္သည္။

" ငါနဲ႔ေဝးေဝးေန"

ခ်ီေပၚယန္ကက်ီးဝမ့္ရဲ႕ခါးေတြကိုဖက္တြယ္ၿပီး က်ီးဝမ့္ကိုအေနာက္ကစားပြဲေပၚတြန္းခ်လိုက္ကာ၊ က်ီးဝမ့္ကို သူ႕လက္‌ေမာင္းေတြၾကားမွာပိတ္ထားလိုက္သည္။

"ေဒါသမထြက္ပါနဲ႔၊ ကြၽန္ေတာ္ဖုန္းကို ျပန္ေလ်ာ္ေပးမယ္"

ခ်ီေပၚယန္ကိုယ္ေပၚက Pheromone ေတြက ပိုၿပီးအားျပင္းလာတာကို သတိထားမိလိုက္သည္။ သူ႕မ်က္ခုံးေတြကို တြန္႔ခ်ိဳးလိုက္ရင္း၊

"ေဝးေဝးကိုသြား၊မင္း Heat ျဖစ္ေနရင္လည္း အျခားတစ္ေယာက္ကိုသြား႐ွာလိုက္ "

ခ်ီေပၚယန္က ဖန္႐ွန္႔ယြမ္နဲ႔တြဲေနတယ္လို႔ စုန္႔ကယ္ေျပာခဲ့တယ္မလား? သူကဘာလို႔ဖန္႐ွန္႔ယြမ္ကိုသြားမ႐ွာဘဲ ဘာလို႔သူနဲ႔လာ‌ေနရတာလဲ?

ခ်ီေပၚယန္က နာက်င္ခံစားေနရသလိုမ်ိဳး၊ မ်က္ေတာင္ေလးေတြ စိုက္က်သြားသည္။

"က်ီးဝမ့္၊ ကြၽန္ေတာ္ခင္ဗ်ားကိုအမ်ားႀကီးလြမ္းေနတာ"

ထိုအခ်ိန္မွာ က်ီးဝမ့္ရဲ႕ခုခံေနတဲ့လက္ေတြက အားေလ်ာ့သြားသည္။ ခ်ီေပၚယန္က သူ႕ေခါင္းမွာအားနည္းခ်က္႐ွိေနေသာ ျခေသၤ့ႏွင့္တူသည္။ သူ အေ႐ွ႕ကိုအ႐ွိန္ျပင္းျပင္းနဲ႔တိုးလာၿပီး ပါးစပ္ကိုဟကာ က်ီးဝမ့္ရဲ႕လည္ပင္းအား အညႇာအတာမ႐ွိ ကိုက္ခ်လိုက္၏။

Alpha ေတြရဲ႕သြားအစြယ္ေတြက ထက္႐ွၿပီး လူ႕အေရျပားကိုအလြယ္တကူ ထိုးေဖာက္ႏိုင္သည္။ ကိုက္ရာကတဆင့္ ခ်ီေပၚယန္ရဲ႕ Pheromone ေတြ က်ီးဝမ့္ရဲ႕ခႏၶာကိုယ္ထဲသို႔ ဝင္ေရာက္သြားၿပီး က်ီးဝမ္ခဏေလာက္ အသိစိတ္လြတ္သြားသည္။

နာတယ္၊ ေနရာတိုင္းကနာက်င္ေနတယ္၊ ခ်ီေပၚယန္ရဲ႕ရနံ႔ေတြက သူ႕ကိုယ္ပိုင္ရနံ႔ေတြနဲ႔ ေရာေႏွာေနၿပီး အခန္းရဲ႕ေနရာတိုင္းမွာ Pheromone ေတြနဲ႔ ျပည့္ႏွက္ေနသည္။

ရီေဝေဝျဖစ္ေနတုန္းမွာပဲ၊ ခ်ီေပၚယန္က က်ီးဝမ့္ရဲ႕ခႏၶာကိုယ္ကို ဆြဲလွည့္လိုက္ကာ ခုံေပၚ၌ဖိထားလိုက္သည္။ Bathrobe ကေနာက္ဘက္ကေနဆြဲခြၽတ္ျခင္း ခံလိုက္ရၿပီး သူ႕ဂုတ္ေပၚမွာ႐ွိေနတဲ့ အမာ႐ြတ္ေပၚထြက္လာသည္။

အႏိုင္ရသူတစ္ေယာက္က သားေကာင္ကို သူ႕အပိုင္တံဆိပ္႐ိုက္လိုက္သကဲ့သို႔ပင္။ 

  

ခ်ီေပၚယန္က သြယ္လ်တဲ့လည္ပင္းေလးနဲ႔ သူခ်န္ရစ္ထားခဲ့တဲ့ အမွတ္အသားကို ၾကည့္လိုက္ၿပီး မ်က္ဝန္းေတြကို က်ဥ္းေျမာင္းလိုက္ကာ၊ ေသြးစြန္းထင္းေနသည့္သူ႕သြားအစြယ္ေတြအေပၚ လွ်ာနဲ႔လ်က္လိုက္ရင္း၊ ပါးစပ္ကိုဟလ်က္၊ ေခါင္းကိုထပ္မံငုံ႔ကိုင္းလိုက္သည္။

‌၆ႏွစ္အၾကာမွာ၊ ခ်ီေပၚယန္ကသူ႕ကိုထပ္ၿပီး အမွတ္အသား ေပးလိုက္ျပန္ၿပီ။ ဘာလို႔လဲဆိုေတာ့ သူကငတုံးတစ္ေယာက္ျဖစ္ေနလို႔၊ ခ်ီေပၚယန္ဆီက အမွန္ဟုတ္လား၊ မဟုတ္လားမသိႏိုင္တဲ့ သတိရေနတာဆိုတဲ့ စကားေလးတစ္ခြန္းၾကား႐ုံနဲ႔ စိတ္ေပ်ာ့သြားမိတာေၾကာင့္ျဖစ္သည္။

ခ်ီေပၚယန္က Pheromoneအေတာ္မ်ားမ်ားကို က်ီးဝမ့္ရဲ႕ခႏၶာကိုယ္ထဲထိုးသြင္းၿပီးတဲ့အခါမွာေတာ့ သူ႕ပါးစပ္ကိုလႊတ္လိုက္ၿပီး၊ ႏွာေခါင္းထိပ္ကေလးျဖင့္ က်ီးဝမ့္ရဲ႕လည္ပင္းကို ျဖည္းျဖည္းေလးပြတ္တိုက္ေနရင္း ခပ္သာသာေလး ညည္းတြားေနသည္။ သူ႕ရဲ႕လက္ေတြကလည္း Bathrobeဝတ္ထားတဲ့က်ီးဝမ့္ရဲ႕ခါးတေလွ်ာက္အားရစ္ပတ္ ဖက္တြယ္ထားသည္။

Alpha တစ္ေယာက္ကအျခား Alpha တစ္ေယာက္ရဲ႕ pheromone ေတြနဲ႔ ယာယီသက္ေရာက္ျခင္းခံလိုက္ရတဲ့အခါမွာေတာ့ သူ႕ရဲ႕အားအင္ေတြ ခဏတာမွ်ေလ်ာ့နည္းသြားမည္ျဖစ္သည္။

က်ီးဝမ့္ရဲ႕အသိစိတ္ေတြက လြတ္ခ်င္သလိုလိုျဖစ္ေနၿပီး မ်က္ႏွာကနီျမန္းေနကာ၊ ထိုအရာက Mark ျပဳလုပ္ျခင္းခံရၿပီးတဲ့အခါ  'estrus' အတုအေယာင္ ျဖစ္ျခင္းလကၡဏာျဖစ္သည္။

သို႔ေသာ္ ခ်ီေပၚယန္က ထိုအခြင့္အေရးကိုယူၿပီး က်ီးဝမ့္အားသိမ္းပိုက္လိုက္လို႔ရေပမယ့္၊ သူထိုသို႔မျပဳလုပ္ေပ။ သူကက်ီးဝမ့္ရဲ႕ ခႏၶာကိုယ္ကို လက္ျဖင့္ဟိုစမ္းဒီစမ္းလုပ္ေနၿပီး၊ ဒီႏွစ္ေတြအတြင္း တစ္ခုခုမ်ားေျပာင္းလဲသြားသလားလို႔ စစ္ေဆးေနပုံရသည္။

နာရီဝက္အၾကာမွာေတာ့ က်ီးဝမ့္က ခက္ခက္ခဲခဲတိုက္ထုတ္ၿပီးတဲ့အခါမွာ pheromoneေတြရဲ႕သက္ေရာက္မႈေခ်ာက္နက္ထဲက ထြက္လာႏိုင္ခဲ့သည္။ သူ႕ရဲ႕လက္ေမာင္းေတြကိုေနာက္ျပန္တြန္းလိုက္ကာ ခ်ီေပၚယန္ရဲ႕ေပြ႕ဖတ္မႈကေနလြတ္ေျမာက္ေအာင္႐ုန္းကန္ေနမိသည္။

သူကေနာက္ကို လွည့္လိုက္ၿပီး၊ ခ်ီေပၚယန္ကိုအားျပင္းျပင္းနဲ႔ ႐ိုက္ခ်လိုက္တယ္။

က်ယ္ေလာင္လွတဲ့ ႐ိုက္ခက္သံနဲ႔အတူ ခ်ီ‌ေပၚယန္ရဲ႕မ်က္ႏွာ လည္ထြက္သြားသည္။

အၾကမ္းဖက္ခံရတဲ့က်ီးဝမ့္က ခ်ီေပၚယန္ထက္ ပိုၿပီး႐ွက္႐ြံ႕ေနသည္။ လည္ပင္းက ကိုက္ေဖာက္ခံထားရၿပီး ေသြးမ်ားက သူ႕လည္ပင္းညႇပ္႐ိုးတေလ်ာက္ စီးက်ေနကာ ႏွင္းျဖဴကဲ့သို႔ bathrobeက ေသြးမ်ားျဖင့္နီရဲေနသည္။

က်ီးဝမ့္ကေဒါသစိတ္ေၾကာင့္တုန္ယင္ေနသည္။

"ေခြးေကာင္!"

ခ်ီေပၚယန္ရဲ႕မ်က္ႏွာကတျဖည္းျဖည္းျပန္လွည့္လာကာ သူ႕ရဲ႕လက္မနဲ႔ ႏႈတ္ခမ္းေထာင့္ကိုျဖည္းျဖည္းခ်င္းပြတ္ေနၿပီး၊ အခက္အခဲျဖစ္ေနေသာ ေလသံမ်ိဳးျဖင့္ ေျပာလာသည္။

" က်ီးဝမ့္၊ ကြၽန္ေတာ္မနက္ျဖန္႐ိုက္ကူး‌ေရး႐ွိတယ္၊ မ်က္ႏွာက ဒီလိုေယာင္ေနလို႔မျဖစ္ဘူးေလ"

က်ီးဝမ့္ရဲ႕ေဒါသခိုးေဝေနတဲ့ဦးေႏွာက္ ခဏေလာက္ႏိုးၾကားသြားသည္။ က်ီးဝမ့္ရဲ႕မသိစိတ္ကေန ခ်ီေပၚမ်က္ႏွာကို ကပ္ဖို႔အတြက္ေရခဲအိတ္႐ွာေပးကာ ျမင္သာတဲ့ေနရာကို ႐ိုက္လိုက္မိတဲ့အတြက္ သူ႕ကိုယ္သူအျပစ္တင္ေနမိၿပီး၊ ဘာလို႔မ်ားမ်က္ႏွာကို႐ိုက္လိုက္ရတာလဲလို႔ ေတြးေနမိတာျဖစ္သည္။

ဒါေပမယ့္ ခ်ီေပၚယန္အတြက္ေရခဲအိတ္ကို တကယ္႐ွာမေပးခဲ့ပါ။ သူကအဲ့ေလာက္ထိေတာ့ေဈးေပါမေနဘူးေလ။

က်ီးဝမ့္ သူ႕ရဲ႕ေလ်ာ့ရဲေနတဲ့ Bathrobe ကိုဆြဲတင္ကာ ခါးႀကိဳးကို တင္းတင္းဆြဲခ်ည္ၿပီး ထုံးထားလိုက္သည္။

"မင္းက အဲ့တာနဲ႔ပဲတန္တယ္"

=====

JD_breeze's Note: စာေၾကာင္းအခ်ိဳ႕နဲ႔စကားလုံးအခ်ိဳ႕ကိုတိုက္႐ိုက္မဟုတ္ပဲ ဖတ္ရတာအဆင္‌ေျပေအာင္ ျမန္မာလိုအလ်ဥ္းသင့္လိုျပန္ေပးထားပါတယ္။ ဖတ္ေပးၾကတဲ့တစ္စုံတစ္ေယာက္စီတိုင္းကို ေက်းဇူးတင္ပါတယ္💚

Lynx -- ေသခ်ာစာျပန္စီၿပီး၊ edit ေပးထားတယ္၊ အားလုံး Good night!

===== 




Continue Reading

You'll Also Like

425K 12.8K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
4.6M 292K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
283K 32.7K 82
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
588K 49K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...