ငြိမ့် (COMPLETED)

By Kattamkaung

1.6M 151K 6.9K

(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available More

စာရေးသူ၏အမှာစာ
Chapter - 1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter - 10
Chapter - 11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
လက်ဆောင် 🎁
Chapter-23
Chapter-24
Chapter-25
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
Special Chapter
Physical Book Announcement
Book Detail

Chapter-26

31.3K 2.9K 63
By Kattamkaung

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၃

တနင်္လာနေ့ နံနက်ခင်းဟာ တဖန်ပြန်ပြီး
ရောက်ရှိလို့လာပြီ။ တစ်ပါတ်တာရဲ့
အစရက်မှာတော့ တိုက်ခန်းငယ်လေးက
အရင်ရက်တွေထက် နည်းနည်းဆူညံတတ်သည်။ အခြားတော့ မဟုတ် ၊ပိတ်ရက်အပြီး ပြန်ထည့်ရတဲ့အားအင်တွေ အသားမကျသေးတာမို့ အိပ်ရာထနောက်ကျတဲ့ ကိစ္စ။
အဓိက တရားခံကတော့ ငြိမ့်တည်ပါလေ။

အိပ်ခန်းမှ ရေချိုးခန်း ၊ ရေချိုးခန်းမှ ဝရန်တာ
ပြီးတော့ မီးဖိုချောင် ၊ ဧည့်ခန်း တစ်နေရာပြီး
တစ်နေရာ ဒေါင်ချာစိုင်းလို့ အလုပ်များနေတဲ့ငြိမ့်တည်က ရုံးချိန်မှီအောင် လိုက်နေရသည်။
တနင်္ဂနွေဆို လည်ချင်ရာလည်ပြီး ခြေကုန်လက်ပန်းကျနေတော့ နောက်ရက် စောစောထဖို့ သူ့မှာမလွယ်ကူ။

တစ်ယောက်ထဲ ငြိမ့်တည် ရှုပ်နေသလောက်
အေးချမ်းလွန်နေတဲ့ လူကတော့ ရေမိုးချိုးအပြီး၊ အိမ်အလုပ်လည်းအပြီး ၊ ပြင်ဆင်လို့လည်းအပြီးနှင့် ငြိမ့်တည်ကို အမြဲစောင့်နေတတ်သည်။ ထမင်းစားပွဲမှာထိုင်လို့ စောင့်နေသူအနား ငြိမ့်တည် ဝင်ထိုင်ရင်း ဒူးခေါင်းနဲ့
စားပွဲနဲ့တိုက်မိတော့ အောင့်ခနဲ။

"အ!!"

"ဟော ဟော...တိုက်ပြီ။ ဖြေးဖြေးလုပ်ပါကွာ
ကိုယ်မှီပါတယ်ဆို"

စိတ်ပူသွားသူက ဂျင်းဘောင်းဘီပေါ်က
တဆင့် ဒူးခေါင်းကို အသာဖိအုပ်ပေးရင်း
အလျင်မလိုဖို့ တိုက်တွန်းလာပေမဲ့ ငြိမ့်တည်ကတော့ တနင်္လာနေ့တိုင်းထုံးစံမပျက်တဲ့ သူ့ကိုယ်သူ စိတ်ပျက်နေတာသာ သိတော့သည်။

" ထမင်း စားလို့မကောင်းဘူးလား"

အတွေးများနေတဲ့သူ့ကို မေးလာရင်း
ရေနွေးခွက်ပါ ရှေ့ချလာပေးတဲ့
ကိုလှိုင်းဆက်။

"စားလို့ကောင်းပါတယ်ဗျ"
ကျေနပ်အောင် နှမ်းဆီနံ့သင်းနေသည့်
ထမင်းပူပူကို ငြိမ့်တည် များများစားပြတော့
ပါးချိုင့်တွေဟာ ခန့်ညားသည့်ပါးပြင်ထက်
ချိုမြိန်စွာ နစ်ဝင်လို့နေတော့သည်။
မနက်ခင်းကို အပြုံးနဲ့ စတင်ပေးတဲ့
ကိုလှိုင်းဆက်က ငြိမ့်တည်အတွက် ရွှေရင်အေးပါပဲ။

အိမ်တံခါးကို သေချာပိတ်လို့ ဆင်းလာတဲ့
နှစ်ယောက်ကတော့ လက်ထဲမှာ အထုပ်ကိုယ်စီနှင့်။ ငြိမ့်တည်က ဘဲဥထုပ်ကို ကိုင်ထားပြီး ကိုလှိုင်းဆက်ကတော့ ဆန်ထုပ်ကို
သယ်လာခဲ့တာဖြစ်သည်။ ကိုလှိုင်းဆက်ရဲ့ ရုံးအိတ်ကတော့ ငြိမ့်တည်ရဲ့ တခြားလက်တစ်ဖက်ထဲမှာ ရောက်လို့။

တိုက်ခန်းအောက် ရောက်တာနှင့်
ကားဆီ တန်းမသွားမိ။ တစ်ဖက်တိုက်ခန်းဆီ
ကူးလာခဲ့ကြသည်။ အတူယှဉ်လျှောက်လာတဲ့ သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည့် ထမင်းဆိုင်က လူတွေကို ငြိမ့်တည်သိပေမဲ့ အကြည့်လေး
တစ်ချက်တောင် မပေးမိ။ ဘယ်လိုထင်ပါစေ
ဂရုမစိုက်ဖို့ ငြိမ့်တည် ဆုံးဖြတ်ထားပြီးသားမို့
သူ့အာရုံတွေကို သူများဆီမပေးချင်။

စိတ်မကောင်းတတ်တဲ့ ကိုလှိုင်းဆက်ကို
တစ်ချက်ကြည့်မိတဲ့အခါ ခေါင်းကိုငြိမ့်လို့
ပြုံးပြလာတဲ့သူက ရင်ဆိုင်ဖို့ အသင့်ဖြစ်နေသည့်ပုံ။ အလိုလို ပြန်ပေးမိတဲ့ ငြိမ့်တည်ရဲ့
အပြုံးတွေက သူတို့ကြားက ဆက်သွယ်မှုလေးကို ပိုချိုမြိန်သွားစေခဲ့သည်။

"ထူးခန့်ရေ...ထူးခန့်"
အောက်ထပ်တိုက်ခန်းရှေ့မှာ ရပ်လို့
ငြိမ့်တည် အိမ်ရှင်တွေကို အော်ခေါ်ပြီး
မကြာလိုက်။ အထပ်ထပ်လှမ်းထားတဲ့
ပုဆိုးတွေကြားကနေ ပြေးထွက်လာတဲ့
အသားညိုညို ပိန်သေးသေးကောင်လေး။

"ကိုကြီး  ..ဆိုင်သွားတော့မှာလား"

"အေးကွ ငါ ဒါနဆန်လာပို့တာ။
ကုန်ပြီမို့လား ဆွမ်းဆန်က"

"ကုန်ပြီ ။ဘလာတဲ့ သီလရှင်တိုင်းကို
ပေါက်စလေးတွေပါမချန် လောင်းပေးထားတာနော်"

"ဟုတ်ပြီကွား။ ဒီမှာ နောက်ထပ် လောင်းရအောင်လို့ ယူထားအုန်း"
ငြိမ့်တည် ပြောပြီးသည်နှင့် ကိုလှိုင်းဆက်က
လက်ထဲက ၄ပြည်အိတ်ကို အိမ်ပေါက်ဝမှာ
ချပေးလိုက်သည်။ ငြိမ့်တည် ဆန်အိတ်အပ်ပြီး လက်ထဲက ဘဲဥတွေကိုပါ သူတို့အိမ်အတွက် ပေးတော့ ထူးခန့်က ကျေးဇူးတင်နေသေးသည်။ တကယ်ဆို သူတို့သားအဖ
ကျေးဇူးတွေ ငြိမ့်တည်အပေါ်မနည်းလှ။

ငွေသောင်သာလွန်းသည် မဟုတ်ပေမဲ့
ငြိမ့်တည် တိုက်ခန်းပြောင်းလာကတည်းက
ကူညီနိုင်တာ အကုန်ကူညီသည်။
သွားစရာရှိလို့ တိုက်ခန်းအပ်ခဲ့ရင်လည်း
ဘာမှ အပျောက်ရှ မရှိစေရ။ ယုံကြည်ရသော
အဖေတစ်ခု သားတစ်ခု သားအဖဖြစ်၏။

ငြိမ့်တည်က ဝါတွင်းဆို ဒါနဆန်လှူဖို့
သူတို့အိမ်မှာ အပ်ခဲ့နေကျ။ သူတို့သားအဖက
ဒိုဘီပဲ လုပ်ကြတာမို့ အမြဲအိမ်မြဲကြသည်
ကြောင့် ငြိမ့်တည်က အကူညီတောင်းရတာပင်။ မေမေတို့ရှိကတည်းက ဒီအကျင့်လေးကို ငြိမ့်တည်က မဖျက်ချင်။ ကိုယ်တိုင်
မလုပ်နိုင်ရင်တောင် သူများကို အကူညီတောင်းပြီး ဆက်ဖြစ်ခဲ့သည်။
ဘဲဥကတော့ ဘဲဥသူဌေးကျေးဇူးနဲ့ များနေတာမို့ မျှဝေပေးလိုက်ရတာဖြစ်သည်။
အရင်လည်း ငြိမ့်တည်က အခြောက်အခြမ်း
ရှိတာလေးတွေ ပေးနေကျ။ ဒါကြောင့်လည်း
သူတို့က ငြိမ့်တည်ကို ပိုဂရုစိုက်ပေးကြ၏။

ပေးစရာရှိတာ ပေးခဲ့ပြီး ကားထားရာဆီ
အတူထွက်လာကြတဲ့ နှစ်ယောက်။
မနက်နေရောင်က သူတို့အပေါ် ကျဆင်းလို့နေပြီမို့ အရိပ်များက ရှေ့မှာလာကျလို့လာသည်။ အပြင်မှာ အရပ်ချင်းကွာနေပေမဲ့
အရိပ်ထဲမှာတော့ သိပ်မကွာ။

ငြိမ့်တည်က အရိပ်ထဲက ကိုလှိုင်းဆက်နှင့်
အရပ်မတူတူအောင် လှမ်းညှိရင်း
လက်ကလေးက အရိပ်ထဲက ကိုလှိုင်းဆက်၏ ခေါင်းနေရာကိုထိလို့ အရပ်တိုင်းဖို့ လုပ်ရင်း လျှောက်လာခဲ့သည်။ကိုလှိုင်းဆက်ကတော့ ငြိမ့်တည်လုပ်နေတာကို ကြည့်ရင်းပြုံးလို့။ဘာလုပ်လုပ် စိတ်ကျေနပ်ရင် ပြီးတာပါပဲဆိုတဲ့ လူကြီးမို့လား။

ဂျင်းဘောင်ဘီ ၊ရှပ်အင်္ကျီမိုးပြာရောင်နှင့် ဘေးမှာဆော့နေတဲ့ လူငယ်လေးရယ် ရုံးအိတ်ကို လက်ကကိုင်လို့ ပုဆိုးနှင့်တိုက်ပုံဝတ်‌ထားသူရယ်က အပြုံးကိုယ်စီနှင့်။မနက်ခင်းဟာ အေးဆေးပြီး ကြည်နူးစရာ။

....................................................

ရုံးရောက်ရောက်ချင်း ပုလိပ်က ဂိုထောင်ကို
သွားရမည်ဆိုတာကြောင့် လှိုင်းဆက်
ရုံးခန်းထဲပင် မဝင်ဖြစ်တော့။ ကုန်ပစ္စည်း
အထုတ်အသွင်းလုပ်တာကို တစ်ချက်သွားစစ်ပြီး ၁၀နာရီ ဝန်းကျင်မှာပဲ ပုလိပ်ကို
သူထွက်လာခဲ့လိုက်သည်။

ပစ္စည်းကား သုံးစီးနောက်က လိုက်တာမို့
သူ့ကားပေါ်မှာ အဖော်ပါမလာ။ မြို့တွင်းကို
ဖြေးဖြေးချင်းမောင်းလာပေမဲ့ စက်မှုဇုန်ကို
ကျော်လာသည်နှင့် ခပ်သွက်သွက်မောင်းကြတဲ့ ပစ္စည်းကားတွေကြောင့် လှိုင်းဆက်လည်း
အရှိန်တင်လိုက်ရသည်။ မန္တလေးကိုလာရင်
အမြန်လမ်းကပဲ လာလေ့ရှိတာ ကြောင့်
မြစ်ငယ်နှင့် ပုလိပ်ဖက်ကို လှိုင်းဆက်
မရင်းနှီး။

လမ်းကြောင်းလွဲမည်စိုးတာ မို့ ဂရုတစိုက်
မောင်းလို့လိုက်နေရပေမဲ့ မြစ်ငယ်မြို့ထဲ
ရောက်တော့ အရှိန်လျှော့လို့ရတာမို့
တော်ပါသေးသည်။ မြစ်ငယ်က
မန္တလေးမြို့ပြင်မှာရှိကာ လမ်းဘေးရှိ
မြို့ငယ်လေးဖြစ်၏။ အနီးတစ်ဝိုက်က
ရွာတွေက မြစ်ငယ်ဈေးဆီလာကြတဲ့အပြင်
ကားအရပ်အနားလည်း ရှိတာမို့ မြို့က
အတော်လေး စိုစိုပြေပြေရှိသည်။
လမ်းမဘေးရှိ စားသောက်ဆိုင် ၊ ကုန်မာဆိုင်၊
လက်ဖက်ရည်ဆိုင်နှင့် ဆန်စက်များက
လူမပြတ်။

မြစ်ငယ်မြို့နား တစ်ဝိုက်က ရွာစုတွေက
စပါးစိုက်တာကြောင့် မြစ်ငယ်ရှိ ဆန်စက်တွေထဲမှာ စပါးပုံ‌တို့ကို လှမ်းမမြင်ချင်မှအဆုံး။
မြို့ထဲမှာ ဖြေးဖြေးမောင်းနေရတာမို့
လှိုင်းဆက်က စပါးခြွေလှေ့နေကြတာကိုပါ
မြင်နိုင်သည်။

လှိုင်းဆက်အရင်က မြင်ဖူးတာတော့ စပါးနှံများကို စက်ထဲထည့်လို့တစ်ဖက်က ဖွဲများထုတ်ပြီးလျှင် အကြမ်းရသည်။ ပြီးလျှင်တော့ ဆန်ချောဖြစ်အောင် အဆင့်ဆင့်လုပ်ရ၏။အခုတော့ ခေတ်မှီနည်း ပညာတွေကြောင့် ပိုမိုလွယ်ကူနေမည်ထင်သည်။
လှိုင်းဆက်ငယ်ငယ်ကတော့ ဖွားဖွားနဲ့
ရွာတွေဆီ အလည်လိုက်သွားရင်
တောင်လိုပုံထားတဲ့ စပါးခွံတွေကြား
လူးလှိမ့်နေအောင်ဆော့လို့ ယားပြီး ပတ်ပြေးနေရတာအခါခါ။

ငယ်ဘဝကို တွေးမိတော့ လွမ်းရပေမဲ့
ပြန်တော့မလိုချင်မိ။ လူကြီးဖြစ်လာရမဲ့
အပိုင်းအခြားက မွန်းကျပ်စရာ ကောင်းခဲ့တာကြောင့် ထပ်မဖြတ်သန်းချင်တော့။

ကားလေးက မြစ်ငယ်မြို့ကို ခပ်သွက်သွက်
ကျော်လာပြီး မကြာခင်ပဲ ဒုဌဝတီ မြစ်ကူးတံတားပေါ် ရောက်လာခဲ့သည်။
မြစ်ရေတိုးချိန်မို့ ရေပြင်ဟာ မြင့်တက်လျက်။
ကမ်းပါးဟာ ရေတိုက်လုဖြစ်နေတာ
လှိုင်းဆက်မြင်ရသည်။ ဒုဌဝတီမြစ်ရေက အတော်အစီးသန်သည်ဟုလည်း လှိုင်းဆက်ကြားဖူး၏။

တံတားကိုကျော်လာပြီးနောက်
ပုလိပ်မြို့ထဲ တဖြေးဖြေးဝင်လာပြီး
ပစ္စည်းကားတွေကလည်း ဂိုထောင်ဆီ
ဦးတည်သွားခဲ့ကြသည်။ ပုလိပ်ကတော့
လမ်းမကြီးဘေးမှာ အရမ်းစည်ကားနေတာ
မရှိပေမဲ့ အတွင်းပိုင်းမှာတော့ စည်နိုင်မည်ထင်သည်။ နှမြောစရာ ကောင်းစွာပဲ
သူတို့ သွားရတာ တခြားလမ်းဖြစ်နေတာကြောင့် လှိုင်းဆက် မြို့ထဲကို မကြည့်နိုင်တော့။

ပုလိပ်ဂိုထောင်ကို ရောက်ချိန်မှာတော့
ဆယ့်တစ်နာရီ ထိုးလုပြီမို့ ဝန်ထမ်းများက
သူတို့ကို နေ့လည်စာကျွေးဖို့ တန်းပြင်ကြတော့သည်။ စစ်ရမဲ့ ပစ္စည်းလည်း များသလို
ပြန်နေရာချဖို့ပါ ကြည့်ရမည်မို့ စားပြီး
သောက်ပြီးမှ လုပ်ဖို့ လှိုင်းဆက် လက်ခံလိုက်၏။

ချိုချဉ်ကြော်၊ ဝက်စတူးနှင့် မှိုကန်စွန်းတို့ဖြင့်
နေ့လည်စာ ထမင်းဝိုင်းက စုံလင်စွာ။
ရာထူးကြီးတာ သူပဲပါပေမဲ့ ဟင်းတွေကများတာကြောင့် အတူပါလာသည့် ပစ္စည်းပို့သည့် သူများကိုပါ ဝင်စားစေပြီးမှ ပြန်ခိုင်းရသည်။

ပြီးမှဂိုထောင်နှစ်လုံးအပြည့် မြေဩဇာ
အိတ်တွေကို စစ်ပြီး နေရာချ အဆင်ပြေအောင် လှိုင်းဆက် စီစဉ်ပေးရသည်။
အတူလုပ်နေကျ ဝန်ထမ်းတွေထက်စာရင်
ဒီက လူတွေက နှေးလည်းနှေးတာကြောင့်
ခရီးကတော်တော်နှင့်မတွင်။

ဘာပဲဖြစ်ဖြစ်ဆူပူနေရတာကို လှိုင်းဆက်ကိုယ်တိုင်လည်း မကြိုက်တာကြောင့် ကိုယ်တိုင်အသေးစိတ်ဝင်ပြောရတော့
အရင်ရက်တွေထက်စာရင် နှစ်ဆ ပင်ပန်းရ၏။ လှိုင်းဆက်ကိုယ်ပေါ်မှာ တိုက်ပုံတောင် မကပ်တော့။ ရှပ်အင်္ကျီ  လက်တွေကို
ခေါက်လို့ ပုဆိုးကိုတင်းတင်းဝတ်ကာ စီစဉ်နေရတဲ့ လှိုင်းဆက်။ နာရီဆိုတာ ဘယ်အချိန်ချွတ်ထားလိုက်မိမှန်းတောင် သတိမထားမိသည်အထိ လှိုင်းဆက် အလုပ်ထဲ မြောသွားခဲ့တာဖြစ်သည်။

ဘဝကတော့ အဲယားကွန်းခန်းလေးထဲ
နှပ်ရတဲ့နေ့လည်းရှိသလို ဂိုထောင်တဲ
ချွေးတဒီးဒီးကျအောင် အလုပ်စီစဉ်ပေးရတဲ့
နေ့လည်းရှိလညခဲ့ပြီ။ ဂိုထောင်က အလုပ်သမားများကတော့ နောက်လည်း
လှိုင်းဆက်လာရင် ကောင်းမည်ကို ပါးစပ်ကမချ။ မဆူမပူနှင့် လုပ်ရတာမို့ သူတို့ အဆင်ပြေတာ သိရတော့ လှိုင်းဆက်က
ပိုဝမ်းသာပါသည်။ ကိုယ်ပင်ပန်းရတဲ့အထဲ
စိတ်ပါ ပင်ပန်းအောင်လုပ်နေရတာမျိုး
လှိုင်းဆက်စိတ်ကူးမရှိ။ သူများကို ဆူလျှင်ကိုယ့်မှာလည်း ပူရသည်မို့ လုပ်ရတဲ့အတူတူ
စိတ်ကြည်ကြည်လုပ်ရတာ မကောင်းပေဘူးလား။

အလုပ်ထဲမှာ ဈာန်ဝင်သွားတာ ဘယ်လောက်တောင်ကြာသွားသည်ရယ်မသိ အကုန်ပြီးလို့
အပြင်ထွက်လာတော့ မှောင်ရိပ်ပါသန်းနေပြီ။
လှိုင်းဆက်မျက်လုံးတွေက ပြူးကျယ်သွားပြီး နှုတ်ဆက်နေတဲ့သူတွေကို လော်ကွတ်ကြာကြာမလုပ်နိုင်တော့။ အမြန်နှုတ်ဆက်ကာ ကားဆီသို့ခြေလှမ်းကျဲကြီးတွေနှင့်
လျှောက်လာတဲ့လှိုင်းဆက်။ ချွတ်ထားတဲ့နာရီက ၇နာရီထိုးခါနီးကို ပြလို့နေပြီမို့
ကားဒက်ရှ်ဘုတ်ပေါ် ပစ်တင်ကာ
ကားစက်အမြန်နှိုးလိုက်ရသည်။

တစ်ခုထဲသော ဖုန်းခေါ်ဆိုမှုလေးက နီလို့။
သုံးစောင်ဆက်တိုက် ရောက်ထားတဲ့
Messagesတွေကို မြင်တဲ့အခါ ပြာယာခတ်ရတဲ့လှိုင်းဆက်။ အမြဲ အေးအေးဆေးဆေး
လုပ်တတ်တဲ့သူက ဒီတစ်ခါတော့ ကားကိုခပ်မြန်မြန်မောင်းထွက်ရင်း ဖုန်းဝင်တာကိုလည်း
စောင့်ကာ နှစ်လုပ်လုပ်နေရတော့သည်။

"ကိုလှိုင်းဆက် အလုပ်မှာပဲလားဗျ"

"ဖုန်းခေါ်ဖို့လည်း အဆင်မပြေဘူးထင်တယ်။
အရမ်း အလုပ်များနေတာလားဗျ"

"စာမြင်ရင် ဖုန်းပြန်ဆက်ပါအုန်း ကျွန်တော်စိတ်ပူလို့ပါ"

စာကလေး သုံးစောင်က သူ့ကို ပူထူစေခဲ့သည်။ ငြိမ့် တစ်ယောက် ဘယ်လောက်တောင်များ စိတ်ပူနေမယ်မသိ။ ထမင်းမေ့ ဟင်းမေ့အလုပ်လုပ်တတ်တဲ့ အကျင့်က
လှိုင်းဆက်‌ကို ကောင်းကျိုးမပေးတာ သေချာနေပါပြီ။ ထမင်းဟင်းမေ့တာ ကိစ္စမရှိပေမဲ့
ငြိမ့်ကိုပါ မေ့နေရတယ်လို့။ ဆိုးလိုက်တဲ့ အကျင့်။

တတူတူ ဖုန်းဝင်သံနောက် ဖုန်းကိုင်လိုက်တဲ့အခါ လှိုင်းဆက်ရင်ဘတ်ထဲ ဒိတ်ခနဲ။
"ဟယ်လို " ဆိုတဲ့ အသံနောက် ဆက်တိုက်ထွက်လာတဲ့ ငြိမ့်စကားသံတွေက လှိုင်းဆက်ကို ပြောခွင့်တောင်မပေးတော့။

"ကိုလှိုင်းဆက်!!"

"အဆင်ပြေလား အခု!! ကားတစ်ခုခု ဖြစ်တာ မဟုတ်ဖူးမို့လား?"

"ဘယ်မှာလဲ ကျွန်တော်လာခေါ်ပေးရမလား?"

"လူရော အဆင်ပြေရဲ့လား??"

"ကျွန်တော့ကို တစ်ခုခုပြောပါအုန်း"

မနေနိုင်စွာ ပြုံးမိခြင်းများနောက်မှာ
စိတ်မကောင်းခြင်းတွေကလည်း ပါလို့လာသည်။‌စိတ်ပူနေရှာတာ သနားစရာ။
နောက်ဆိုငြိမ့်တည်လေး စိတ်မပူအောင်နေဖို့က ဘဝနေနည်း နံပါတ်၁ဖြစ်အောင် သူလုပ်ရပါအုန်းမည်။

"ကိုယ် ဘာမှမဖြစ်ဖူး ငြိမ့်ရဲ့"
နူးညံ့သော အသံနောက် ကောင်လေးရဲ့
သက်ပြင်းချသံ တိုးတိုးကြားတဲ့အခါ
လှိုင်းဆက်ရင်ထဲ ဟိုက်ခနဲ။ ငြိမ့်ရဲ့ အသက်ရှူသံတိုးတိုးက ခုလေးတင်ပဲ စိတ်သက်သာရာရခဲ့တာကို ဖော်ပြလို့နေခဲ့သည်။

"ကိုယ် ပုလိပ်ဖက်က ဂိုထောင်ကို
ရောက်နေခဲ့တာ ဖုန်းတခြားလူတခြား ဖြစ်သွားလို့ ။ အမှန်ဆို ငြိမ့်ဆီ ဖုန်းဆက်ထားရမှာကို"
ဖြေရှင်းချက် ပေးနေပေမဲ့ စိတ်ဆိုးရင်လည်း
ခံရမဲ့ လှိုင်းဆက်ပါပဲ။ ဆိုးချင်လည်း ဆိုးစရာ
သူ့လုပ်ရပ်က ဟုတ်မနေတာကိုး။ စိတ်ဆိုးတဲ့
ငြိမ့်တည်လေးက အပြစ်မရှိပါဘူး။

သို့သော် အထင်နှင့်မတူစွာ ပေါ့ပေါ့ပါးပါး
အသံလေးထွက်လာတော့ လှိုင်းဆက်ရင်ထဲ
စိမ့်စမ်းရေစီးသလို အေးမြလို့သွားရသည်။

"ဘာမှမဖြစ်ဖူးဆို ရပါပြီ။ ကားကို ဖြေးဖြေး
မောင်းလာခဲ့ပါဗျ " ဆိုတဲ့ အသံလေးက
တစ်နေလုံး မောခဲ့သမျှတွေ ဘယ်ချောင်ထဲ
ကပ်သွားပြီလဲတောင်မသိ။ လှိုင်းဆက် မျက်နှာက ပါးချိုင့်တွေဆိုတာ နားချိန်မရှိအောင် ပြုံးလို့နေခဲ့ရသည်။

ကားမောင်းနေတုန်းမို့ ဖုန်းသွက်သွက် ချသွားတဲ့ကောင်လေးကို ဆိုင်မှာစောင့်နေဖို့ပြောရင်း
သူကတော့ စကားနားမထောင်စွာ ကားကို
အရှိန်တင်လိုက်တဲ့ လှိုင်းဆက်။ တစ်ယောက်ထဲ စောင့်နေရတဲ့ကလေးကို သူ ဒီတိုင်းကြီး
ကြာကြာမထားနိုင်ပါဘူး။

စည်ကားတဲ့ မန္တလေးညတွေကို ကျော်ဖြတ်လို့
ပုလိပ်ကနေ ဘူတာကြီးထိ မောင်းနေရတာ
နည်းတဲ့ ခရီးတော့ မဟုတ်။ ဒါပေမဲ့ လှိုင်းဆက်ကတော့ ပင်ပန်းတယ်မရှိပါ။
ဘဝမှာ တစ်ယောက်ယောက်ကို ကြိုဖို့ရှိနေတာကိုက သူ့အတွက်ပျော်စရာကိစ္စ။

ငြိမ့်တည်ဆီရောက်တော့ ဆိုင်ထဲမှာ
ငုတ်တုပ်ထိုင်နေတဲ့ ကောင်လေးက လမ်းဘက်ကိုငေးလို့။ ကားရပ်တာမြင်သည်နှင့်
လက်လေးပြကာ ထပြီး ဆိုင်တံခါးတွေပိတ်ဖို့လုပ်နေတဲ့ ကောင်လေးက လှိုင်းဆက်ကို
စိတ်ဆိုးနေတဲ့ ပုံတော့မပေါ်။ ပုံမှန်ဆို ကားပေါ်ကာပဲ စောင့်နေကျပေမဲ့ ဒီနေ့တော့
ဆိုင်သိမ်းနေတဲ့ ငြိမ့်တည်ဆီ သူဦးတည်ဆင်းခဲ့သည်။

ဆိုင်တံခါးတွေပိတ်နေတုန်း ဘေးနား
ရောက်လာသူက ကူပိတ်ပေးသည်မို့
ငြိမ့်တည်က အင်္ကျီလက်များ ခေါက်တင်လျက် အနည်းငယ် နွမ်းလျလျဖြစ်နေသူကို ကြည့်လိုက်မိသည်။ ပုံမှန်မြင်နေကျနှင့်မတူ
အင်္ကျီအပေါ်ကြယ်သီးတချို့ဖြုတ်လျက်
ဖိုသီဖတ်သီဖြစ်နေသူက လက်ဖျံက အကြောစိမ်းစိမ်းများကိုပါ မြင်ရအောင် ခေါက်တင်ထားသေးသည်။ ဆီလိမ်းထားတဲ့ ဆံပင်တွေ
ပုံမှန်တိုင်း ရှိနေသေးပေမဲ့ အဆီပြန်နေတဲ့
မျက်နှာကြောင့် ကိုလှိုင်းဆက် တကယ်ကို
အလုပ်ပိနေခဲ့တာ ဖြစ်ပါလိမ့်မည်။

ဖုန်းမကိုင်တာ စိတ်ပူမိပေမဲ့ ငြိမ့်တည်
စိတ်အေးအေးထားလို့ စောင့်ခဲ့တာ မှန်သွားသည်။အလုပ်သရဲက အလုပ်တောထဲ နစ်ပြီး
သူ့ကိုပါ မေ့သွားခဲ့တာမို့လား။ စိတ်ဆိုးချင်ပေမဲ့ အလုပ်ပိပြီး နွမ်းနေတဲ့ပုံကတောင်
ခန့်ညားနေတော့လည်း စိတ်လျော့လိုက်ရပါပြီ။

"ဆိုင်မှာတစ်ယောက်ထဲ ပျင်းနေမှာပဲ"
ချိုသာသော အသံနှင့် ခေါင်းပေါ်ခပ်ဖွဖွ
ပုတ်လာတဲ့လက်တစ်ဖက်။ ကားဆီ အတူတူယှဉ်လျှောက်တဲ့အခါ လက်ထဲက ချိုင့်ကို
ဆွဲယူကိုင်တဲ့ ကိုလှိုင်းဆက်က ငြိမ့်တည်မျက်နှာကို တကြည့်ကြည့်နှင့်။

အပြုံးတွေ ပေးလို့ ခေါင်းယမ်းပြပြီး
ငြိမ့်တည် သူစိတ်မပူအောင် ပြောရသည်။

"ကိုလှိုင်းဆက်ကို စောင့်ရင်း Power Bankနှစ်ခုတောင် ရောင်းလိုက်ရတာဗျ သိလား"

ငြိမ့်တည် အပြောကို သဘောတကျရယ်လို့
တော်ပါသေးရဲ့ ဆိုလာသူက ကလေးတစ်ယောက် ပျော်နေသည်ကိုပဲ မြင်မလား မသိပေမဲ့ ငြိမ့်တည်ရင်ထဲက ချစ်တဲ့သူကို
စိတ်မညစ်စေချင်တဲ့ စိတ်ကလေးကတော့
သူ့အကျိုးပေးနှင့်သူ ဖြစ်သွားရင်ကောင်းပါမည်။ တကယ်လည်း ညကြီးမိုးချုပ်ခါနီးမှ
ကယာကယာလာဝယ်သူက ဆိုင်ဖွင့်နေတာတောင် ကျေးဇူးတင်သွားတာမို့ ငြိမ့်တည်မှာ ရယ်ရခက် ငိုရခက်။

အပြန်လမ်းမှာ စကားတွေတဖွဖွပြောတဲ့
ကိုလှိုင်းဆက်ကတော့ စိတ်မဆိုးချင်ပါဘူးဆိုတဲ့ ငြိမ့်တည်ကို အပီချော့နေတော့တာပင်။
ပြော‌တဲ့အကြောင်းအရာကလည်း ငြိမ့်တည်
ဘာစားချင်လဲ ဘာလုပ်ချင်လဲကမတက်။
တကယ့်လူပါပဲ ဒီလူကတော့။

အိမ်ရောက်ရောက်ချင်း တံခါးဖွင့်ပြီးတဲ့နောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံလိုက်ရတဲ့ ငြိမ့်တည်က ဒီအနေအထားကို အသားမကျ။ လက်ထဲက ချိုင့်ကို ဒီအတိုင်းကြမ်းပြင်ပေါ်ချလိုက်ရပြီး တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ထားတဲ့ ကိုယ်ကြီးကို ငြိမ့်တည် ပြန်ပွေ့ဖက်လိုက်ရသည်။

တစ်ခါမှ ချွေးနံ့မထွက်ဖူးသည့် ကိုယ်ပင်
ချွေးနံ့ထွက်လို့။ ဒါပေမဲ့ မညာတမ်းပြောရရင် ငြိမ့်တည်က ဒီဟာကိုလည်း သဘောကျရတာပါပဲ။ ငြိမ့်တည်ရဲ့ပခုံးထက် မျက်နှာအပ်ထားသူကတော့ ခါးကြီးကုန်းနေရတာ ညောင်းပုံမပေါ်။ တရှုံ့ရှုံ့နှင့် လည်ပင်းကို နမ်းရှိုက်တဲ့အခါ ရင်ခုန်သံတွေက တသိမ့်သိမ့်နှင့်တက်ကြွလို့လာရတော့သည်။

"အရမ်း ပင်ပန်းနေတာလားဗျ"

ကျောပြင်ကျယ်ကြီးကို ခပ်ဖွဖွပွတ်ပေးလို့
ငြိမ့်တည်မေးတော့ ပြန်ဖြေတဲ့သူက
ဖက်ထားတာကိုတော့ နည်းနည်းမှမလျှော့။

"နည်းနည်းပါ "

"ဒါဆို ရေချိုး ထမင်းစားပြီးရင် စောစောနားရအောင်ဗျ"

"အင်း ဟုတ်ပါပြီ"

အသာလွှတ်ပေးပေမဲ့ လက်မောင်းနှစ်ဖက်ကို
အသာဆုပ်ကိုင်လို့ မျက်နှာချင်းဆိုင်ခိုင်းထားဆဲ။ အင်္ကျီခေါက်တင်ထားတဲ့ လက်ဖျံဖွေးဖွေးဟာ ကြံ့ခိုင်ကာ အကြောစိမ်းများထလို့နေတာ ငြိမ့်တည်မြင်နေရသည်။ မျက်ဝန်းဝိုင်းတွေက မျက်နှာချောချောဆီ ဦးတည်လိုက်တဲ့အခါ နွေးထွေးသော အကြည့်များက ငြိမ့်တည်ကိုကြိုပေမဲ့ ကိုလှိုင်းဆက်ရဲ့အကြည့်တွေထဲမှာ ဝမ်းနည်းမှုနှင့် အားတုံ့အားနာမှုများ ရောယှက်လို့နေသည်။

အင့်ခနဲ ဖိနမ်းခံလိုက်ရတဲ့ ငြိမ့်တည်ရဲ့ နားထင်စပ်ကလေး။

"နောက်ဆို စိတ်ပူအောင် မလုပ်တော့ဘူ"

"အင့်...ဟုတ် ..အင့်"

နောက်တစ်ချက် နှစ်ချက် သုံးချက်။
ဆက်တိုက်ရောက်လာတဲ့ အနမ်းတွေက
ငြိမ့်တည်ရဲ့ နားထင်ကိုတောင် ထူပူလာစေခဲ့သည်။ အဲ့ဒီမှဲ့ကို နမ်းရတာ တအားသဘောကျတဲ့ ကိုလှိုင်းဆက်။

"ရေအရင်ချိုးလိုက်အုန်းမယ်။
ငြိမ့် ဆာရင် စားထားနှင့်နော် ကိုယ့်ကို
မစောင့်နဲ့"

ခေါင်းက ဆံပင်တွေကို ခပ်ဖွဖွထိုးဆွလို့
မှာတဲ့သူ။ ငြိမ့်တည်ကတော့ ထိုစကားကို
မသိချင်ယောင်ဆောင်လို့ မစားပဲစောင့်မိမည်ဆိုပေမဲ့ ခေါင်းအငြိမ့်တော့မပျက်။

ရေချိုးခန်းဆီထွက်သွားတဲ့ ကျောပြင်ကျယ်ကိုငေးလို့ ငြိမ့်တည်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတဲ့ ထိုအမျိုးသားရဲ့ အငွေ့အသက်တွေကို ခံစားမိပါ၏။ အမြဲ စည်းစနစ်ကျတဲ့သူက
ရုံးအိတ်နဲ့ တိုက်ပုံကိုတောင် ဆိုဖာပေါ် ဒီတိုင်းပစ်တင်ပြီး သူ့ကိုအပီချော့ခဲ့တာဖြစ်သည်။

ခေါင်းတယမ်းယမ်းလုပ်မိရင်း ငြိမ့်တည်က အပြုံးမပျက်။ တိုက်ပုံနှင့် ရုံးအိတ်ကို အိပ်ခန်းထဲယူလာကာ သူ့နေရာသူ ထားပေးလိုက်ရသည်။ ပြီးရင်တော့ ချိုင့်ထဲက ဟင်းတွေပြန်နွေးပြီး ညစာပြင်ထားရမည်။

ကိုလှိုင်းဆက် ရေမိုးချိုးအပြီးနှင့်ဆို
ထမင်းစားရင်း ဒီညလာမဲ့ ကိုရီးယားကား
အပိုင်းအသစ်ကို ကြည့်လို့မှီနိုင်ကောင်းပါရဲ့..။

...................................................
စာရေးသူ၏ အမှာစာ:
ဒီနေ့လည်း မိုးချုပ်။
တကယ်တော့ Facebookမှာ
ကိုလှိုင်းဆက် နဲ့ ငြိမ့် အတူတူ နေဝင်ချိန်
ကြည့်ခဲ့ကြတဲ့ မန္တလေးတောင်အကြောင်း
တင်ပေးထားတာ Facebook ကDown သွားတာနဲ့တွေ့။ ပြန်သုံးလို့ရမှ ပြမယ်နော်။

အားလုံး သဘောကျကြရဲ့လားဗျ?

Zawgyi

ခ်စ္မိၿပီးေနာက္ ေန႕ရက္မ်ား ၃

တနလၤာေန႕ နံနက္ခင္းဟာ တဖန္ျပန္ၿပီး
ေရာက္ရွိလို႔လာၿပီ။ တစ္ပါတ္တာရဲ႕
အစရက္မွာေတာ့ တိုက္ခန္းငယ္ေလးက
အရင္ရက္ေတြထက္ နည္းနည္းဆူညံတတ္သည္။ အျခားေတာ့ မဟုတ္ ၊ပိတ္ရက္အၿပီး ျပန္ထည့္ရတဲ့အားအင္ေတြ အသားမက်ေသးတာမို႔ အိပ္ရာထေနာက္က်တဲ့ ကိစၥ။
အဓိက တရားခံကေတာ့ ၿငိမ့္တည္ပါေလ။

အိပ္ခန္းမွ ေရခ်ိဳးခန္း ၊ ေရခ်ိဳးခန္းမွ ဝရန္တာ
ၿပီးေတာ့ မီးဖိုေခ်ာင္ ၊ ဧည့္ခန္း တစ္ေနရာၿပီး
တစ္ေနရာ ေဒါင္ခ်ာစိုင္းလို႔ အလုပ္မ်ားေနတဲ့ၿငိမ့္တည္က ႐ုံးခ်ိန္မွီေအာင္ လိုက္ေနရသည္။
တနဂၤေႏြဆို လည္ခ်င္ရာလည္ၿပီး ေျခကုန္လက္ပန္းက်ေနေတာ့ ေနာက္ရက္ ေစာေစာထဖို႔ သူ႕မွာမလြယ္ကူ။

တစ္ေယာက္ထဲ ၿငိမ့္တည္ ရႈပ္ေနသေလာက္
ေအးခ်မ္းလြန္ေနတဲ့ လူကေတာ့ ေရမိုးခ်ိဳးအၿပီး၊ အိမ္အလုပ္လည္းအၿပီး ၊ ျပင္ဆင္လို႔လည္းအၿပီးႏွင့္ ၿငိမ့္တည္ကို အၿမဲေစာင့္ေနတတ္သည္။ ထမင္းစားပြဲမွာထိုင္လို႔ ေစာင့္ေနသူအနား ၿငိမ့္တည္ ဝင္ထိုင္ရင္း ဒူးေခါင္းနဲ႕
စားပြဲနဲ႕တိုက္မိေတာ့ ေအာင့္ခနဲ။

"အ!!"

"ေဟာ ေဟာ...တိုက္ၿပီ။ ေျဖးေျဖးလုပ္ပါကြာ
ကိုယ္မွီပါတယ္ဆို"

စိတ္ပူသြားသူက ဂ်င္းေဘာင္းဘီေပၚက
တဆင့္ ဒူးေခါင္းကို အသာဖိအုပ္ေပးရင္း
အလ်င္မလိုဖို႔ တိုက္တြန္းလာေပမဲ့ ၿငိမ့္တည္ကေတာ့ တနလၤာေန႕တိုင္းထုံးစံမပ်က္တဲ့ သူ႕ကိုယ္သူ စိတ္ပ်က္ေနတာသာ သိေတာ့သည္။

" ထမင္း စားလို႔မေကာင္းဘူးလား"

အေတြးမ်ားေနတဲ့သူ႕ကို ေမးလာရင္း
ေရေႏြးခြက္ပါ ေရွ႕ခ်လာေပးတဲ့
ကိုလွိုင္းဆက္။

"စားလို႔ေကာင္းပါတယ္ဗ်"
ေက်နပ္ေအာင္ ႏွမ္းဆီနံ႕သင္းေနသည့္
ထမင္းပူပူကို ၿငိမ့္တည္ မ်ားမ်ားစားျပေတာ့
ပါးခ်ိဳင့္ေတြဟာ ခန႔္ညားသည့္ပါးျပင္ထက္
ခ်ိဳၿမိန္စြာ နစ္ဝင္လို႔ေနေတာ့သည္။
မနက္ခင္းကို အၿပဳံးနဲ႕ စတင္ေပးတဲ့
ကိုလွိုင္းဆက္က ၿငိမ့္တည္အတြက္ ေ႐ႊရင္ေအးပါပဲ။

အိမ္တံခါးကို ေသခ်ာပိတ္လို႔ ဆင္းလာတဲ့
ႏွစ္ေယာက္ကေတာ့ လက္ထဲမွာ အထုပ္ကိုယ္စီႏွင့္။ ၿငိမ့္တည္က ဘဲဥထုပ္ကို ကိုင္ထားၿပီး ကိုလွိုင္းဆက္ကေတာ့ ဆန္ထုပ္ကို
သယ္လာခဲ့တာျဖစ္သည္။ ကိုလွိုင္းဆက္ရဲ႕ ႐ုံးအိတ္ကေတာ့ ၿငိမ့္တည္ရဲ႕ တျခားလက္တစ္ဖက္ထဲမွာ ေရာက္လို႔။

တိုက္ခန္းေအာက္ ေရာက္တာႏွင့္
ကားဆီ တန္းမသြားမိ။ တစ္ဖက္တိုက္ခန္းဆီ
ကူးလာခဲ့ၾကသည္။ အတူယွဥ္ေလွ်ာက္လာတဲ့ သူတို႔ႏွစ္ေယာက္ကို ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနၾကသည့္ ထမင္းဆိုင္က လူေတြကို ၿငိမ့္တည္သိေပမဲ့ အၾကည့္ေလး
တစ္ခ်က္ေတာင္ မေပးမိ။ ဘယ္လိုထင္ပါေစ
ဂ႐ုမစိုက္ဖို႔ ၿငိမ့္တည္ ဆုံးျဖတ္ထားၿပီးသားမို႔
သူ႕အာ႐ုံေတြကို သူမ်ားဆီမေပးခ်င္။

စိတ္မေကာင္းတတ္တဲ့ ကိုလွိုင္းဆက္ကို
တစ္ခ်က္ၾကည့္မိတဲ့အခါ ေခါင္းကိုၿငိမ့္လို႔
ၿပဳံးျပလာတဲ့သူက ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနသည့္ပုံ။ အလိုလို ျပန္ေပးမိတဲ့ ၿငိမ့္တည္ရဲ႕
အၿပဳံးေတြက သူတို႔ၾကားက ဆက္သြယ္မႈေလးကို ပိုခ်ိဳၿမိန္သြားေစခဲ့သည္။

"ထူးခန႔္ေရ...ထူးခန႔္"
ေအာက္ထပ္တိုက္ခန္းေရွ႕မွာ ရပ္လို႔
ၿငိမ့္တည္ အိမ္ရွင္ေတြကို ေအာ္ေခၚၿပီး
မၾကာလိုက္။ အထပ္ထပ္လွမ္းထားတဲ့
ပုဆိုးေတြၾကားကေန ေျပးထြက္လာတဲ့
အသားညိုညို ပိန္ေသးေသးေကာင္ေလး။

"ကိုႀကီး  ..ဆိုင္သြားေတာ့မွာလား"

"ေအးကြ ငါ ဒါနဆန္လာပို႔တာ။
ကုန္ၿပီမို႔လား ဆြမ္းဆန္က"

"ကုန္ၿပီ ။ဘလာတဲ့ သီလရွင္တိုင္းကို
ေပါက္စေလးေတြပါမခ်န္ ေလာင္းေပးထားတာေနာ္"

"ဟုတ္ၿပီကြား။ ဒီမွာ ေနာက္ထပ္ ေလာင္းရေအာင္လို႔ ယူထားအုန္း"
ၿငိမ့္တည္ ေျပာၿပီးသည္ႏွင့္ ကိုလွိုင္းဆက္က
လက္ထဲက ၄ျပည္အိတ္ကို အိမ္ေပါက္ဝမွာ
ခ်ေပးလိုက္သည္။ ၿငိမ့္တည္ ဆန္အိတ္အပ္ၿပီး လက္ထဲက ဘဲဥေတြကိုပါ သူတို႔အိမ္အတြက္ ေပးေတာ့ ထူးခန႔္က ေက်းဇူးတင္ေနေသးသည္။ တကယ္ဆို သူတို႔သားအဖ
ေက်းဇူးေတြ ၿငိမ့္တည္အေပၚမနည္းလွ။

ေငြေသာင္သာလြန္းသည္ မဟုတ္ေပမဲ့
ၿငိမ့္တည္ တိုက္ခန္းေျပာင္းလာကတည္းက
ကူညီနိုင္တာ အကုန္ကူညီသည္။
သြားစရာရွိလို႔ တိုက္ခန္းအပ္ခဲ့ရင္လည္း
ဘာမွ အေပ်ာက္ရွ မရွိေစရ။ ယုံၾကည္ရေသာ
အေဖတစ္ခု သားတစ္ခု သားအဖျဖစ္၏။

ၿငိမ့္တည္က ဝါတြင္းဆို ဒါနဆန္လႉဖို႔
သူတို႔အိမ္မွာ အပ္ခဲ့ေနက်။ သူတို႔သားအဖက
ဒိုဘီပဲ လုပ္ၾကတာမို႔ အၿမဲအိမ္ၿမဲၾကသည္
ေၾကာင့္ ၿငိမ့္တည္က အကူညီေတာင္းရတာပင္။ ေမေမတို႔ရွိကတည္းက ဒီအက်င့္ေလးကို ၿငိမ့္တည္က မဖ်က္ခ်င္။ ကိုယ္တိုင္
မလုပ္နိုင္ရင္ေတာင္ သူမ်ားကို အကူညီေတာင္းၿပီး ဆက္ျဖစ္ခဲ့သည္။
ဘဲဥကေတာ့ ဘဲဥသူေဌးေက်းဇူးနဲ႕ မ်ားေနတာမို႔ မွ်ေဝေပးလိုက္ရတာျဖစ္သည္။
အရင္လည္း ၿငိမ့္တည္က အေျခာက္အျခမ္း
ရွိတာေလးေတြ ေပးေနက်။ ဒါေၾကာင့္လည္း
သူတို႔က ၿငိမ့္တည္ကို ပိုဂ႐ုစိုက္ေပးၾက၏။

ေပးစရာရွိတာ ေပးခဲ့ၿပီး ကားထားရာဆီ
အတူထြက္လာၾကတဲ့ ႏွစ္ေယာက္။
မနက္ေနေရာင္က သူတို႔အေပၚ က်ဆင္းလို႔ေနၿပီမို႔ အရိပ္မ်ားက ေရွ႕မွာလာက်လိဳ႕လာသည္။ အျပင္မွာ အရပ္ခ်င္းကြာေနေပမဲ့
အရိပ္ထဲမွာေတာ့ သိပ္မကြာ။

ၿငိမ့္တည္က အရိပ္ထဲက ကိုလွိုင္းဆက္ႏွင့္
အရပ္မတူတူေအာင္ လွမ္းညွိရင္း
လက္ကေလးက အရိပ္ထဲက ကိုလွိုင္းဆက္၏ ေခါင္းေနရာကိုထိလို႔ အရပ္တိုင္းဖို႔ လုပ္ရင္း ေလွ်ာက္လာခဲ့သည္။ကိုလွိုင္းဆက္ကေတာ့ ၿငိမ့္တည္လုပ္ေနတာကို ၾကည့္ရင္းၿပဳံးလို႔။ဘာလုပ္လုပ္ စိတ္ေက်နပ္ရင္ ၿပီးတာပါပဲဆိုတဲ့ လူႀကီးမို႔လား။

ဂ်င္းေဘာင္ဘီ ၊ရွပ္အကၤ်ီမိုးျပာေရာင္ႏွင့္ ေဘးမွာေဆာ့ေနတဲ့ လူငယ္ေလးရယ္ ႐ုံးအိတ္ကို လက္ကကိုင္လို႔ ပုဆိုးႏွင့္တိုက္ပုံဝတ္‌ထားသူရယ္က အၿပဳံးကိုယ္စီႏွင့္။မနက္ခင္းဟာ ေအးေဆးၿပီး ၾကည္ႏူးစရာ။

....................................................

႐ုံးေရာက္ေရာက္ခ်င္း ပုလိပ္က ဂိုေထာင္ကို
သြားရမည္ဆိုတာေၾကာင့္ လွိုင္းဆက္
႐ုံးခန္းထဲပင္ မဝင္ျဖစ္ေတာ့။ ကုန္ပစၥည္း
အထုတ္အသြင္းလုပ္တာကို တစ္ခ်က္သြားစစ္ၿပီး ၁၀နာရီ ဝန္းက်င္မွာပဲ ပုလိပ္ကို
သူထြက္လာခဲ့လိုက္သည္။

ပစၥည္းကား သုံးစီးေနာက္က လိုက္တာမို႔
သူ႕ကားေပၚမွာ အေဖာ္ပါမလာ။ ၿမိဳ႕တြင္းကို
ေျဖးေျဖးခ်င္းေမာင္းလာေပမဲ့ စက္မႈဇုန္ကို
ေက်ာ္လာသည္ႏွင့္ ခပ္သြက္သြက္ေမာင္းၾကတဲ့ ပစၥည္းကားေတြေၾကာင့္ လွိုင္းဆက္လည္း
အရွိန္တင္လိုက္ရသည္။ မႏၲေလးကိုလာရင္
အျမန္လမ္းကပဲ လာေလ့ရွိတာ ေၾကာင့္
ျမစ္ငယ္ႏွင့္ ပုလိပ္ဖက္ကို လွိုင္းဆက္
မရင္းႏွီး။

လမ္းေၾကာင္းလြဲမည္စိုးတာ မို႔ ဂ႐ုတစိုက္
ေမာင္းလို႔လိုက္ေနရေပမဲ့ ျမစ္ငယ္ၿမိဳ႕ထဲ
ေရာက္ေတာ့ အရွိန္ေလွ်ာ့လို႔ရတာမို႔
ေတာ္ပါေသးသည္။ ျမစ္ငယ္က
မႏၲေလးၿမိဳ႕ျပင္မွာရွိကာ လမ္းေဘးရွိ
ၿမိဳ႕ငယ္ေလးျဖစ္၏။ အနီးတစ္ဝိုက္က
႐ြာေတြက ျမစ္ငယ္ေဈးဆီလာၾကတဲ့အျပင္
ကားအရပ္အနားလည္း ရွိတာမို႔ ၿမိဳ႕က
အေတာ္ေလး စိုစိုေျပေျပရွိသည္။
လမ္းမေဘးရွိ စားေသာက္ဆိုင္ ၊ ကုန္မာဆိုင္၊
လက္ဖက္ရည္ဆိုင္ႏွင့္ ဆန္စက္မ်ားက
လူမျပတ္။

ျမစ္ငယ္ၿမိဳ႕နား တစ္ဝိုက္က ႐ြာစုေတြက
စပါးစိုက္တာေၾကာင့္ ျမစ္ငယ္ရွိ ဆန္စက္ေတြထဲမွာ စပါးပုံ‌တို႔ကို လွမ္းမျမင္ခ်င္မွအဆုံး။
ၿမိဳ႕ထဲမွာ ေျဖးေျဖးေမာင္းေနရတာမို႔
လွိုင္းဆက္က စပါးေႁခြေလွ႕ေနၾကတာကိုပါ
ျမင္နိုင္သည္။

လွိုင္းဆက္အရင္က ျမင္ဖူးတာေတာ့ စပါးႏွံမ်ားကို စက္ထဲထည့္လို႔တစ္ဖက္က ဖြဲမ်ားထုတ္ၿပီးလွ်င္ အၾကမ္းရသည္။ ၿပီးလွ်င္ေတာ့ ဆန္ေခ်ာျဖစ္ေအာင္ အဆင့္ဆင့္လုပ္ရ၏။အခုေတာ့ ေခတ္မွီနည္း ပညာေတြေၾကာင့္ ပိုမိုလြယ္ကူေနမည္ထင္သည္။
လွိုင္းဆက္ငယ္ငယ္ကေတာ့ ဖြားဖြားနဲ႕
႐ြာေတြဆီ အလည္လိုက္သြားရင္
ေတာင္လိုပုံထားတဲ့ စပါးခြံေတြၾကား
လူးလွိမ့္ေနေအာင္ေဆာ့လို႔ ယားၿပီး ပတ္ေျပးေနရတာအခါခါ။

ငယ္ဘဝကို ေတြးမိေတာ့ လြမ္းရေပမဲ့
ျပန္ေတာ့မလိုခ်င္မိ။ လူႀကီးျဖစ္လာရမဲ့
အပိုင္းအျခားက မြန္းက်ပ္စရာ ေကာင္းခဲ့တာေၾကာင့္ ထပ္မျဖတ္သန္းခ်င္ေတာ့။

ကားေလးက ျမစ္ငယ္ၿမိဳ႕ကို ခပ္သြက္သြက္
ေက်ာ္လာၿပီး မၾကာခင္ပဲ ဒုဌဝတီ ျမစ္ကူးတံတားေပၚ ေရာက္လာခဲ့သည္။
ျမစ္ေရတိုးခ်ိန္မို႔ ေရျပင္ဟာ ျမင့္တက္လ်က္။
ကမ္းပါးဟာ ေရတိုက္လုျဖစ္ေနတာ
လွိုင္းဆက္ျမင္ရသည္။ ဒုဌဝတီျမစ္ေရက အေတာ္အစီးသန္သည္ဟုလည္း လွိုင္းဆက္ၾကားဖူး၏။

တံတားကိုေက်ာ္လာၿပီးေနာက္
ပုလိပ္ၿမိဳ႕ထဲ တေျဖးေျဖးဝင္လာၿပီး
ပစၥည္းကားေတြကလည္း ဂိုေထာင္ဆီ
ဦးတည္သြားခဲ့ၾကသည္။ ပုလိပ္ကေတာ့
လမ္းမႀကီးေဘးမွာ အရမ္းစည္ကားေနတာ
မရွိေပမဲ့ အတြင္းပိုင္းမွာေတာ့ စည္နိုင္မည္ထင္သည္။ ႏွေျမာစရာ ေကာင္းစြာပဲ
သူတို႔ သြားရတာ တျခားလမ္းျဖစ္ေနတာေၾကာင့္ လွိုင္းဆက္ ၿမိဳ႕ထဲကို မၾကည့္နိုင္ေတာ့။

ပုလိပ္ဂိုေထာင္ကို ေရာက္ခ်ိန္မွာေတာ့
ဆယ့္တစ္နာရီ ထိုးလုၿပီမို႔ ဝန္ထမ္းမ်ားက
သူတို႔ကို ေန႕လည္စာေကြၽးဖို႔ တန္းျပင္ၾကေတာ့သည္။ စစ္ရမဲ့ ပစၥည္းလည္း မ်ားသလို
ျပန္ေနရာခ်ဖိဳ႕ပါ ၾကည့္ရမည္မို႔ စားၿပီး
ေသာက္ၿပီးမွ လုပ္ဖို႔ လွိုင္းဆက္ လက္ခံလိုက္၏။

ခ်ိဳခ်ဥ္ေၾကာ္၊ ဝက္စတူးႏွင့္ မွိုကန္စြန္းတို႔ျဖင့္
ေန႕လည္စာ ထမင္းဝိုင္းက စုံလင္စြာ။
ရာထူးႀကီးတာ သူပဲပါေပမဲ့ ဟင္းေတြကမ်ားတာေၾကာင့္ အတူပါလာသည့္ ပစၥည္းပို႔သည့္ သူမ်ားကိုပါ ဝင္စားေစၿပီးမွ ျပန္ခိုင္းရသည္။

ၿပီးမွဂိုေထာင္ႏွစ္လုံးအျပည့္ ေျမဩဇာ
အိတ္ေတြကို စစ္ၿပီး ေနရာခ် အဆင္ေျပေအာင္ လွိုင္းဆက္ စီစဥ္ေပးရသည္။
အတူလုပ္ေနက် ဝန္ထမ္းေတြထက္စာရင္
ဒီက လူေတြက ေႏွးလည္းေႏွးတာေၾကာင့္
ခရီးကေတာ္ေတာ္ႏွင့္မတြင္။

ဘာပဲျဖစ္ျဖစ္ဆူပူေနရတာကို လွိုင္းဆက္ကိုယ္တိုင္လည္း မႀကိဳက္တာေၾကာင့္ ကိုယ္တိုင္အေသးစိတ္ဝင္ေျပာရေတာ့
အရင္ရက္ေတြထက္စာရင္ ႏွစ္ဆ ပင္ပန္းရ၏။ လွိုင္းဆက္ကိုယ္ေပၚမွာ တိုက္ပုံေတာင္ မကပ္ေတာ့။ ရွပ္အကၤ်ီ  လက္ေတြကို
ေခါက္လို႔ ပုဆိုးကိုတင္းတင္းဝတ္ကာ စီစဥ္ေနရတဲ့ လွိုင္းဆက္။ နာရီဆိုတာ ဘယ္အခ်ိန္ခြၽတ္ထားလိုက္မိမွန္းေတာင္ သတိမထားမိသည္အထိ လွိုင္းဆက္ အလုပ္ထဲ ေျမာသြားခဲ့တာျဖစ္သည္။

ဘဝကေတာ့ အဲယားကြန္းခန္းေလးထဲ
ႏွပ္ရတဲ့ေန႕လည္းရွိသလို ဂိုေထာင္တဲ
ေခြၽးတဒီးဒီးက်ေအာင္ အလုပ္စီစဥ္ေပးရတဲ့
ေန႕လည္းရွိလညခဲ့ၿပီ။ ဂိုေထာင္က အလုပ္သမားမ်ားကေတာ့ ေနာက္လည္း
လွိုင္းဆက္လာရင္ ေကာင္းမည္ကို ပါးစပ္ကမခ်။ မဆူမပူႏွင့္ လုပ္ရတာမို႔ သူတို႔ အဆင္ေျပတာ သိရေတာ့ လွိုင္းဆက္က
ပိုဝမ္းသာပါသည္။ ကိုယ္ပင္ပန္းရတဲ့အထဲ
စိတ္ပါ ပင္ပန္းေအာင္လုပ္ေနရတာမ်ိဳး
လွိုင္းဆက္စိတ္ကူးမရွိ။ သူမ်ားကို ဆူလွ်င္ကိုယ့္မွာလည္း ပူရသည္မို႔ လုပ္ရတဲ့အတူတူ
စိတ္ၾကည္ၾကည္လုပ္ရတာ မေကာင္းေပဘူးလား။

အလုပ္ထဲမွာ ဈာန္ဝင္သြားတာ ဘယ္ေလာက္ေတာင္ၾကာသြားသည္ရယ္မသိ အကုန္ၿပီးလို႔
အျပင္ထြက္လာေတာ့ ေမွာင္ရိပ္ပါသန္းေနၿပီ။
လွိုင္းဆက္မ်က္လုံးေတြက ျပဴးက်ယ္သြားၿပီး ႏႈတ္ဆက္ေနတဲ့သူေတြကို ေလာ္ကြတ္ၾကာၾကာမလုပ္နိုင္ေတာ့။ အျမန္ႏႈတ္ဆက္ကာ ကားဆီသို႔ေျခလွမ္းက်ဲႀကီးေတြႏွင့္
ေလွ်ာက္လာတဲ့လွိုင္းဆက္။ ခြၽတ္ထားတဲ့နာရီက ၇နာရီထိုးခါနီးကို ျပလို႔ေနၿပီမို႔
ကားဒက္ရွ္ဘုတ္ေပၚ ပစ္တင္ကာ
ကားစက္အျမန္ႏွိုးလိုက္ရသည္။

တစ္ခုထဲေသာ ဖုန္းေခၚဆိုမႈေလးက နီလို႔။
သုံးေစာင္ဆက္တိုက္ ေရာက္ထားတဲ့
Messagesေတြကို ျမင္တဲ့အခါ ျပာယာခတ္ရတဲ့လွိုင္းဆက္။ အၿမဲ ေအးေအးေဆးေဆး
လုပ္တတ္တဲ့သူက ဒီတစ္ခါေတာ့ ကားကိုခပ္ျမန္ျမန္ေမာင္းထြက္ရင္း ဖုန္းဝင္တာကိုလည္း
ေစာင့္ကာ ႏွစ္လုပ္လုပ္ေနရေတာ့သည္။

"ကိုလွိုင္းဆက္ အလုပ္မွာပဲလားဗ်"

"ဖုန္းေခၚဖို႔လည္း အဆင္မေျပဘူးထင္တယ္။
အရမ္း အလုပ္မ်ားေနတာလားဗ်"

"စာျမင္ရင္ ဖုန္းျပန္ဆက္ပါအုန္း ကြၽန္ေတာ္စိတ္ပူလို႔ပါ"

စာကေလး သုံးေစာင္က သူ႕ကို ပူထူေစခဲ့သည္။ ၿငိမ့္ တစ္ေယာက္ ဘယ္ေလာက္ေတာင္မ်ား စိတ္ပူေနမယ္မသိ။ ထမင္းေမ့ ဟင္းေမ့အလုပ္လုပ္တတ္တဲ့ အက်င့္က
လွိုင္းဆက္‌ကို ေကာင္းက်ိဳးမေပးတာ ေသခ်ာေနပါၿပီ။ ထမင္းဟင္းေမ့တာ ကိစၥမရွိေပမဲ့
ၿငိမ့္ကိုပါ ေမ့ေနရတယ္လို႔။ ဆိုးလိုက္တဲ့ အက်င့္။

တတူတူ ဖုန္းဝင္သံေနာက္ ဖုန္းကိုင္လိုက္တဲ့အခါ လွိုင္းဆက္ရင္ဘတ္ထဲ ဒိတ္ခနဲ။
"ဟယ္လို " ဆိုတဲ့ အသံေနာက္ ဆက္တိုက္ထြက္လာတဲ့ ၿငိမ့္စကားသံေတြက လွိုင္းဆက္ကို ေျပာခြင့္ေတာင္မေပးေတာ့။

"ကိုလွိုင္းဆက္!!"

"အဆင္ေျပလား အခု!! ကားတစ္ခုခု ျဖစ္တာ မဟုတ္ဖူးမို႔လား?"

"ဘယ္မွာလဲ ကြၽန္ေတာ္လာေခၚေပးရမလား?"

"လူေရာ အဆင္ေျပရဲ႕လား??"

"ကြၽန္ေတာ့ကို တစ္ခုခုေျပာပါအုန္း"

မေနနိုင္စြာ ၿပဳံးမိျခင္းမ်ားေနာက္မွာ
စိတ္မေကာင္းျခင္းေတြကလည္း ပါလို႔လာသည္။‌စိတ္ပူေနရွာတာ သနားစရာ။
ေနာက္ဆိုၿငိမ့္တည္ေလး စိတ္မပူေအာင္ေနဖို႔က ဘဝေနနည္း နံပါတ္၁ျဖစ္ေအာင္ သူလုပ္ရပါအုန္းမည္။

"ကိုယ္ ဘာမွမျဖစ္ဖူး ၿငိမ့္ရဲ႕"
ႏူးညံ့ေသာ အသံေနာက္ ေကာင္ေလးရဲ႕
သက္ျပင္းခ်သံ တိုးတိုးၾကားတဲ့အခါ
လွိုင္းဆက္ရင္ထဲ ဟိုက္ခနဲ။ ၿငိမ့္ရဲ႕ အသက္ရႉသံတိုးတိုးက ခုေလးတင္ပဲ စိတ္သက္သာရာရခဲ့တာကို ေဖာ္ျပလို႔ေနခဲ့သည္။

"ကိုယ္ ပုလိပ္ဖက္က ဂိုေထာင္ကို
ေရာက္ေနခဲ့တာ ဖုန္းတျခားလူတျခား ျဖစ္သြားလို႔ ။ အမွန္ဆို ၿငိမ့္ဆီ ဖုန္းဆက္ထားရမွာကို"
ေျဖရွင္းခ်က္ ေပးေနေပမဲ့ စိတ္ဆိုးရင္လည္း
ခံရမဲ့ လွိုင္းဆက္ပါပဲ။ ဆိုးခ်င္လည္း ဆိုးစရာ
သူ႕လုပ္ရပ္က ဟုတ္မေနတာကိုး။ စိတ္ဆိုးတဲ့
ၿငိမ့္တည္ေလးက အျပစ္မရွိပါဘူး။

သို႔ေသာ္ အထင္ႏွင့္မတူစြာ ေပါ့ေပါ့ပါးပါး
အသံေလးထြက္လာေတာ့ လွိုင္းဆက္ရင္ထဲ
စိမ့္စမ္းေရစီးသလို ေအးျမလို႔သြားရသည္။

"ဘာမွမျဖစ္ဖူးဆို ရပါၿပီ။ ကားကို ေျဖးေျဖး
ေမာင္းလာခဲ့ပါဗ် " ဆိုတဲ့ အသံေလးက
တစ္ေနလုံး ေမာခဲ့သမွ်ေတြ ဘယ္ေခ်ာင္ထဲ
ကပ္သြားၿပီလဲေတာင္မသိ။ လွိုင္းဆက္ မ်က္ႏွာက ပါးခ်ိဳင့္ေတြဆိုတာ နားခ်ိန္မရွိေအာင္ ၿပဳံးလို႔ေနခဲ့ရသည္။

ကားေမာင္းေနတုန္းမို႔ ဖုန္းသြက္သြက္ ခ်သြားတဲ့ေကာင္ေလးကို ဆိုင္မွာေစာင့္ေနဖို႔ေျပာရင္း
သူကေတာ့ စကားနားမေထာင္စြာ ကားကို
အရွိန္တင္လိုက္တဲ့ လွိုင္းဆက္။ တစ္ေယာက္ထဲ ေစာင့္ေနရတဲ့ကေလးကို သူ ဒီတိုင္းႀကီး
ၾကာၾကာမထားနိုင္ပါဘူး။

စည္ကားတဲ့ မႏၲေလးညေတြကို ေက်ာ္ျဖတ္လို႔
ပုလိပ္ကေန ဘူတာႀကီးထိ ေမာင္းေနရတာ
နည္းတဲ့ ခရီးေတာ့ မဟုတ္။ ဒါေပမဲ့ လွိုင္းဆက္ကေတာ့ ပင္ပန္းတယ္မရွိပါ။
ဘဝမွာ တစ္ေယာက္ေယာက္ကို ႀကိဳဖို႔ရွိေနတာကိုက သူ႕အတြက္ေပ်ာ္စရာကိစၥ။

ၿငိမ့္တည္ဆီေရာက္ေတာ့ ဆိုင္ထဲမွာ
ငုတ္တုပ္ထိုင္ေနတဲ့ ေကာင္ေလးက လမ္းဘက္ကိုေငးလို႔။ ကားရပ္တာျမင္သည္ႏွင့္
လက္ေလးျပကာ ထၿပီး ဆိုင္တံခါးေတြပိတ္ဖို႔လုပ္ေနတဲ့ ေကာင္ေလးက လွိုင္းဆက္ကို
စိတ္ဆိုးေနတဲ့ ပုံေတာ့မေပၚ။ ပုံမွန္ဆို ကားေပၚကာပဲ ေစာင့္ေနက်ေပမဲ့ ဒီေန႕ေတာ့
ဆိုင္သိမ္းေနတဲ့ ၿငိမ့္တည္ဆီ သူဦးတည္ဆင္းခဲ့သည္။

ဆိုင္တံခါးေတြပိတ္ေနတုန္း ေဘးနား
ေရာက္လာသူက ကူပိတ္ေပးသည္မို႔
ၿငိမ့္တည္က အကၤ်ီလက္မ်ား ေခါက္တင္လ်က္ အနည္းငယ္ ႏြမ္းလ်လ်ျဖစ္ေနသူကို ၾကည့္လိုက္မိသည္။ ပုံမွန္ျမင္ေနက်ႏွင့္မတူ
အကၤ်ီအေပၚၾကယ္သီးတခ်ိဳ႕ျဖဳတ္လ်က္
ဖိုသီဖတ္သီျဖစ္ေနသူက လက္ဖ်ံက အေၾကာစိမ္းစိမ္းမ်ားကိုပါ ျမင္ရေအာင္ ေခါက္တင္ထားေသးသည္။ ဆီလိမ္းထားတဲ့ ဆံပင္ေတြ
ပုံမွန္တိုင္း ရွိေနေသးေပမဲ့ အဆီျပန္ေနတဲ့
မ်က္ႏွာေၾကာင့္ ကိုလွိုင္းဆက္ တကယ္ကို
အလုပ္ပိေနခဲ့တာ ျဖစ္ပါလိမ့္မည္။

ဖုန္းမကိုင္တာ စိတ္ပူမိေပမဲ့ ၿငိမ့္တည္
စိတ္ေအးေအးထားလို႔ ေစာင့္ခဲ့တာ မွန္သြားသည္။အလုပ္သရဲက အလုပ္ေတာထဲ နစ္ၿပီး
သူ႕ကိုပါ ေမ့သြားခဲ့တာမို႔လား။ စိတ္ဆိုးခ်င္ေပမဲ့ အလုပ္ပိၿပီး ႏြမ္းေနတဲ့ပုံကေတာင္
ခန႔္ညားေနေတာ့လည္း စိတ္ေလ်ာ့လိုက္ရပါၿပီ။

"ဆိုင္မွာတစ္ေယာက္ထဲ ပ်င္းေနမွာပဲ"
ခ်ိဳသာေသာ အသံႏွင့္ ေခါင္းေပၚခပ္ဖြဖြ
ပုတ္လာတဲ့လက္တစ္ဖက္။ ကားဆီ အတူတူယွဥ္ေလွ်ာက္တဲ့အခါ လက္ထဲက ခ်ိဳင့္ကို
ဆြဲယူကိုင္တဲ့ ကိုလွိုင္းဆက္က ၿငိမ့္တည္မ်က္ႏွာကို တၾကည့္ၾကည့္ႏွင့္။

အၿပဳံးေတြ ေပးလို႔ ေခါင္းယမ္းျပၿပီး
ၿငိမ့္တည္ သူစိတ္မပူေအာင္ ေျပာရသည္။

"ကိုလွိုင္းဆက္ကို ေစာင့္ရင္း Power Bankႏွစ္ခုေတာင္ ေရာင္းလိုက္ရတာဗ် သိလား"

ၿငိမ့္တည္ အေျပာကို သေဘာတက်ရယ္လို႔
ေတာ္ပါေသးရဲ႕ ဆိုလာသူက ကေလးတစ္ေယာက္ ေပ်ာ္ေနသည္ကိုပဲ ျမင္မလား မသိေပမဲ့ ၿငိမ့္တည္ရင္ထဲက ခ်စ္တဲ့သူကို
စိတ္မညစ္ေစခ်င္တဲ့ စိတ္ကေလးကေတာ့
သူ႕အက်ိဳးေပးႏွင့္သူ ျဖစ္သြားရင္ေကာင္းပါမည္။ တကယ္လည္း ညႀကီးမိုးခ်ဳပ္ခါနီးမွ
ကယာကယာလာဝယ္သူက ဆိုင္ဖြင့္ေနတာေတာင္ ေက်းဇူးတင္သြားတာမို႔ ၿငိမ့္တည္မွာ ရယ္ရခက္ ငိုရခက္။

အျပန္လမ္းမွာ စကားေတြတဖြဖြေျပာတဲ့
ကိုလွိုင္းဆက္ကေတာ့ စိတ္မဆိုးခ်င္ပါဘူးဆိုတဲ့ ၿငိမ့္တည္ကို အပီေခ်ာ့ေနေတာ့တာပင္။
ေျပာ‌တဲ့အေၾကာင္းအရာကလည္း ၿငိမ့္တည္
ဘာစားခ်င္လဲ ဘာလုပ္ခ်င္လဲကမတက္။
တကယ့္လူပါပဲ ဒီလူကေတာ့။

အိမ္ေရာက္ေရာက္ခ်င္း တံခါးဖြင့္ၿပီးတဲ့ေနာက္ တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ခံလိုက္ရတဲ့ ၿငိမ့္တည္က ဒီအေနအထားကို အသားမက်။ လက္ထဲက ခ်ိဳင့္ကို ဒီအတိုင္းၾကမ္းျပင္ေပၚခ်လိဳက္ရၿပီး တစ္ကိုယ္လုံးကို သိမ္းက်ဳံးဖက္ထားတဲ့ ကိုယ္ႀကီးကို ၿငိမ့္တည္ ျပန္ေပြ႕ဖက္လိုက္ရသည္။

တစ္ခါမွ ေခြၽးနံ႕မထြက္ဖူးသည့္ ကိုယ္ပင္
ေခြၽးနံ႕ထြက္လို႔။ ဒါေပမဲ့ မညာတမ္းေျပာရရင္ ၿငိမ့္တည္က ဒီဟာကိုလည္း သေဘာက်ရတာပါပဲ။ ၿငိမ့္တည္ရဲ႕ပခုံးထက္ မ်က္ႏွာအပ္ထားသူကေတာ့ ခါးႀကီးကုန္းေနရတာ ေညာင္းပုံမေပၚ။ တရႈံ႕ရႈံ႕ႏွင့္ လည္ပင္းကို နမ္းရွိုက္တဲ့အခါ ရင္ခုန္သံေတြက တသိမ့္သိမ့္ႏွင့္တက္ႂကြလို႔လာရေတာ့သည္။

"အရမ္း ပင္ပန္းေနတာလားဗ်"

ေက်ာျပင္က်ယ္ႀကီးကို ခပ္ဖြဖြပြတ္ေပးလို႔
ၿငိမ့္တည္ေမးေတာ့ ျပန္ေျဖတဲ့သူက
ဖက္ထားတာကိုေတာ့ နည္းနည္းမွမေလွ်ာ့။

"နည္းနည္းပါ "

"ဒါဆို ေရခ်ိဳး ထမင္းစားၿပီးရင္ ေစာေစာနားရေအာင္ဗ်"

"အင္း ဟုတ္ပါၿပီ"

အသာလႊတ္ေပးေပမဲ့ လက္ေမာင္းႏွစ္ဖက္ကို
အသာဆုပ္ကိုင္လို႔ မ်က္ႏွာခ်င္းဆိုင္ခိုင္းထားဆဲ။ အကၤ်ီေခါက္တင္ထားတဲ့ လက္ဖ်ံေဖြးေဖြးဟာ ႀကံ့ခိုင္ကာ အေၾကာစိမ္းမ်ားထလို႔ေနတာ ၿငိမ့္တည္ျမင္ေနရသည္။ မ်က္ဝန္းဝိုင္းေတြက မ်က္ႏွာေခ်ာေခ်ာဆီ ဦးတည္လိုက္တဲ့အခါ ေႏြးေထြးေသာ အၾကည့္မ်ားက ၿငိမ့္တည္ကိုႀကိဳေပမဲ့ ကိုလွိုင္းဆက္ရဲ႕အၾကည့္ေတြထဲမွာ ဝမ္းနည္းမႈႏွင့္ အားတုံ႕အားနာမႈမ်ား ေရာယွက္လို႔ေနသည္။

အင့္ခနဲ ဖိနမ္းခံလိုက္ရတဲ့ ၿငိမ့္တည္ရဲ႕ နားထင္စပ္ကေလး။

"ေနာက္ဆို စိတ္ပူေအာင္ မလုပ္ေတာ့ဘူ"

"အင့္...ဟုတ္ ..အင့္"

ေနာက္တစ္ခ်က္ ႏွစ္ခ်က္ သုံးခ်က္။
ဆက္တိုက္ေရာက္လာတဲ့ အနမ္းေတြက
ၿငိမ့္တည္ရဲ႕ နားထင္ကိုေတာင္ ထူပူလာေစခဲ့သည္။ အဲ့ဒီမွဲ႕ကို နမ္းရတာ တအားသေဘာက်တဲ့ ကိုလွိုင္းဆက္။

"ေရအရင္ခ်ိဳးလိုက္အုန္းမယ္။
ၿငိမ့္ ဆာရင္ စားထားႏွင့္ေနာ္ ကိုယ့္ကို
မေစာင့္နဲ႕"

ေခါင္းက ဆံပင္ေတြကို ခပ္ဖြဖြထိုးဆြလို႔
မွာတဲ့သူ။ ၿငိမ့္တည္ကေတာ့ ထိုစကားကို
မသိခ်င္ေယာင္ေဆာင္လို႔ မစားပဲေစာင့္မိမည္ဆိုေပမဲ့ ေခါင္းအၿငိမ့္ေတာ့မပ်က္။

ေရခ်ိဳးခန္းဆီထြက္သြားတဲ့ ေက်ာျပင္က်ယ္ကိုေငးလို႔ ၿငိမ့္တည္တစ္ကိုယ္လုံးကို လႊမ္းၿခဳံသြားတဲ့ ထိုအမ်ိဳးသားရဲ႕ အေငြ႕အသက္ေတြကို ခံစားမိပါ၏။ အၿမဲ စည္းစနစ္က်တဲ့သူက
႐ုံးအိတ္နဲ႕ တိုက္ပုံကိုေတာင္ ဆိုဖာေပၚ ဒီတိုင္းပစ္တင္ၿပီး သူ႕ကိုအပီေခ်ာ့ခဲ့တာျဖစ္သည္။

ေခါင္းတယမ္းယမ္းလုပ္မိရင္း ၿငိမ့္တည္က အၿပဳံးမပ်က္။ တိုက္ပုံႏွင့္ ႐ုံးအိတ္ကို အိပ္ခန္းထဲယူလာကာ သူ႕ေနရာသူ ထားေပးလိုက္ရသည္။ ၿပီးရင္ေတာ့ ခ်ိဳင့္ထဲက ဟင္းေတြျပန္ေႏြးၿပီး ညစာျပင္ထားရမည္။

ကိုလွိုင္းဆက္ ေရမိုးခ်ိဳးအၿပီးႏွင့္ဆို
ထမင္းစားရင္း ဒီညလာမဲ့ ကိုရီးယားကား
အပိုင္းအသစ္ကို ၾကည့္လို႔မွီနိုင္ေကာင္းပါရဲ႕..။

...................................................
စာေရးသူ၏ အမွာစာ:
ဒီေန႕လည္း မိုးခ်ဳပ္။
တကယ္ေတာ့ Facebookမွာ
ကိုလွိုင္းဆက္ နဲ႕ ၿငိမ့္ အတူတူ ေနဝင္ခ်ိန္
ၾကည့္ခဲ့ၾကတဲ့ မႏၲေလးေတာင္အေၾကာင္း
တင္ေပးထားတာ Facebook ကDown သြားတာနဲ႕ေတြ႕။ ျပန္သုံးလို႔ရမွ ျပမယ္ေနာ္။

အားလုံး သေဘာက်ၾကရဲ႕လားဗ်?


Continue Reading

You'll Also Like

368K 18.2K 67
Romance ဆန်ဆန် ဇာတ်အိမ်လေးနဲ့ အချိုတစ်လိုင်း ကြိုက်တတ်သူလေးတွေ အတွက် 💙🫰 အော်သာ - မိုင်းမိုင် Romance ဆန္ဆန္ ဇာတ္အိမ္ေလးနဲ႔ အခ်ိဳတစ္လိုင္း ႀကိဳက္တတ္...
233K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.9M 162K 81
ဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်ခတ် စော်ကားလိုခြင်းမရှိပါ။
1.2M 85.8K 28
[This fiction is written with both Unicode and Zawgyi]