အပိုင်း ၂၃၀။ လေလံပွဲ စတင်ပြီ
ငရဲမင်းကြီးက ဖုန့်ရှီကို နှိုးလိုက်သည့်အချိန်တွင်တော့ လေလံပွဲက သုံးပုံနှစ်ပုံခန့် ပြီးသွားခဲ့လေပြီ။
ငရဲမင်းကြီးက သူ့ပတ်ဝန်းကျင်မှ အသံတားမြစ်အကာအရံအား မဖယ်ရှားထားသဖြင့် ဖုန့်ရှီက အောက်ထပ် လေလံပွဲမှ ထွက်လာသော လေလံဆွဲနေသည့်အသံများကို မကြားနိုင်ပေ။
ဖုန့်ရှီက နိုးလာလာခြင်း အနည်းငယ် အိပ်မှုံစုံမွှား ဖြစ်လို့နေသည်။ ဗိမာန်တော်ထဲရှိ အိပ်ယာအကြီးကြီးထက်တွင် ရှိနေသည်ဟု သူ့ကိုယ်သူ တွေးမိနေပြီး ငရဲမင်းကြီးကို အကြိမ်များစွာ ပွတ်သပ်နေလေတော့သည်။ အတော်ကြာမှသာ သူက လေလံပွဲတွင် တက်ရောက်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားလေတော့သည်။
"လေလံပွဲက ဘာဖြစ်သွားပြီလဲ?"
ငရဲမင်းကြီးက သူ့ကို ဘာ့ကြောင့် မနှီုးတာလဲဆိုတာကို ဖုန့်ရှီသိသည်၊ ခေါင်းဆောင်က သူ့အား သက်တောင့်သက်သာ အိပ်ပျော်စေချင်၍ ဖြစ်နိုင်သည်။ အကယ်၍ ကုန်ချောတစ်ပိုင်း မူလမီးဝိညာဉ်နှင့် နွေဦးနှလုံးသားတို့ ပေါ်လာသည်နှင့် သူ့ခေါင်းဆောင်က သူ့ကို နှိုးမှာ သေချာသည်။ ဤအခြေအနေအရ ထိုရတနာနှစ်မျိုးက လေလံပွဲတွင် မပေါ်လာသေးလောကပေ၊ ဒါပေမဲ့ ဖုန့်ရှီက သူ့ကိုယ်သူ အကြာကြီး အိပ်မောကျသွားခဲ့သလို ခံစားနေရသည်။
"နောက်ထပ် ပစ္စည်းအနည်းငယ်ပဲ လေလံတင်ဖို့ ကျန်ပါတော့တယ်၊ အဲ့တာပြီးရင်တော့ ကုန်ချောတစ်ပိိုင်း မူလမီးဝိညာဉ်နဲ့ နွေဦးနှလုံးသားတို့အလှည့် ရောက်လာပါတော့မယ်"
ငရဲမင်းကြီးက ငိုက်မြည်းနေသည့်ဖုန့်ရှီကို ဖေးကိုင်ထားကာ ဖုန့်ရှီ၏မျက်နှာကို သူ၏ ဝတ်ရုံလက်ဖြင့် သုတ်ပေးလိုက်သည်။
ငရဲမင်းကြီး၏ ဝတ်ကြီးဝတ်ငယ် ပြုစုနေခြင်းကို သူတို့ သခင်ငယ်လေးက ဘယ်လိုတွေတောင် ခံယူနေကြောင်း မြင်လိုက်ရပြီးနောက် သူတို့သခင်က တနေ့ထက်တနေ့ ပိုပိုပြီး အပျင်းကြီးလာပါလားဟု စာအုပ်နတ်ဘုရားက ခံစားလိုက်ရသည်။ ငရဲမင်းကြီးက သူတို့သခင်အတွက် ဒီလို အသေးအမွှားကိစ္စမျိုးတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးလိမ့်မည်ဖြစ်ပြီး သူတို့အနေနှင့် မနာလို၊ အားကျနေ၍ မတတ်နိုင်ပေ။
ငရဲမင်းကြီးနှင့် မော့ဖေးဟန်တို့က သူအိပ်ပျော်နေချိန်တွင် သဘောတူညီမှုတစ်ခု ရရှိသွားပြီးဖြစ်မှန်း ဖုန့်ရှီက မသိလိုက်ပေ။
လောလောဆယ်တွင်တော့ သူက မကြာမီလာတော့မည့် ဇာတ်ရှိန်အထွတ်အထိပ်ကိုသာ အာရုံအလုံးစုံ စူးစိုက်လို့နေလေ၏။
"ဒါနဲ့ စကားမစပ်၊ ခေါင်းဆောင်၊ ရေခဲချီလင်က သူ့တပည့်တွေနဲ့ နောက်လိုက်တွေကို သွားတွေ့နေတာမဟုတ်ဘူးလား? ဆိုကြပါစို့၊ ကျွန်တော်တို့က တောင်ပိုင်းဒေသတောအုပ်မှာ သူ့ကို သွားတွေ့တဲ့အခါကျရင် လက်ဆောင်တွေ ဘာတွေ ယူသွားရင်ကောင်းမလား?"
ရေခဲချီလင်က သူ့၏ စာချုပ်ချုပ်ဆိုထားသော ကိုယ်ပိုင်မိစ္ဆာသားရဲဖြစ်သည့်အတွက် ရေခဲချီလင်၏ တပည့်နှင့် နောက်လိုက်နောက်ပါတို့ကလည်း သူ့တပည့်၊ သူ့နောက်လိုက်နောက်ပါဟု သတ်မှတ်သင့်ကြောင်း ဖုန့်ရှီ တွေးလေသည်။ ဒီလိုဆို သူ့ကိုယ်ပိုင် မိစ္ဆာသားရဲတပ်ကြီး ဖွဲ့ဖို့ဆိုတာ သိပ်ဝေးတော့မည်မဟုတ်တော့ဘူးလေ၊ ဟုတ်တယ်မဟုတ်လား?
ဖု့န်ရှီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်နေမှုတို့က အတိုင်းသား ပေါ်နေလေ၏။
သူ့စိတ်ထဲ ထူးဆန်းတဲ့တစ်ခုခု စတွေးနေပြီဖြစ်မှန်း စာအုပ်နတ်ဘုရားက သိသည့်အတွက် ရေခဲချီလင်နှင့် သူ့တပည့်၊ သူ့နောက်လိုက်များအတွက် အသံတိတ် ညည်းတွားလိုက်လေတော့သည်။
"ရှောင်ရှီက သူတို့အတွက် လက်ဆောင်ယူသွားချင်လို့လား?" ထိုသို့လုပ်ရန်မလိုအပ်ကြောင်း ငရဲမင်းကြီးက သူ့ကို ပြောပြလိုက်ချင်ပေမဲ့လည်း လူငယ်လေး၏မျက်နှာပေါ်ရှိ အကွက်ချနေသည့်အပြုံးကို မြင်တော့ လူငယ်လေးက မိစ္ဆာသားရဲတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့ချင်နေသည့်စိတ်ကူးကို ငရဲမင်းကြီး သတိရသွားသည်။ သတို့ကြား ရင်းနှီးသော ဆက်ဆံရေးကြောင့် ရှောင်ရှီဘာတွေးတွေး ငရဲမင်းကြီး ချက်ချင်း သိလေသည်။
ဖုန့်ရှီက ခေါင်းဆောင်၏ မျက်လုံးများကိုမြင်တော့ သူ့အကြံကို သိသွားပြီမှန်း သိသွားသည့်အတွက် ရှက်ရှက်နှင့် ရီလိုက်လေတော့သည်၊ "လက်ဆောင်တွေက ကီရင်တစ်ကောင်ရဲ့ နှလုံးသားကို အနိုင်ယူနိုင်တယ်လို့ ခေါင်းဆောင်ပြောခဲ့တယ်လေ? ရေခဲချီလင်က ရတနာတွေ စုရတာ အရမ်းကြိုက်တာဆိုတော့ သူ့တပည့်တွေကလည်း ကြိုက်ကြမှာပဲ။"
လက်ဆောင်တွေက ကီရင်ရဲ့နှလုံးသားကို အနိုင်ယူနိုင်တယ်လို့ ဖုန့်ရှီက ဘယ်မှာ ကြားခဲ့တာလဲ? ရေခဲချီလင်က ကီရင်မျိုးစိတ်အတွက် သေချာပေါက် ချွင်းချက်လေ။
စာအုပ်နတ်ဘုရားက သူတို့ရောက်နေကြောင်းကို ခုထိ သိသေးပုံမရသေးသည့် သူတို့သခင်ကို ဆွံ့အစွာ ကြာည့်လိုက်သည်။
"ရှောင်ရှီက သူ့ကို လက်ဆောင်တွေ ပေးချင်တယ်ဆိုရင်တော့ ဒီလိုလုပ်ကြတာပေါ့။ ဟိုတစ်ခေါက်တုန်းက ရေခဲချီလင်ရဲ့ အသိုက်ဟောင်းထဲကနေ သူ့ရဲ့ ရတနာတွေကို ရှောင်ရှီ အကုန် သိမ်းယူခဲ့တယ်လေ။ အဲ့တာတွေ ထုတ်ပြီး သူ့တပည့်နဲ့ သူ့နောက်လိုက်တွေကို ပေးလိုက်ပေါ့၊ အဲ့တာဆိုရင် နာမည်ကောင်းလည်း ရပြီးသားဖြစ်သွားမှာလေ။"
တကယ်လို့ ရေခဲချီလင်သာ အနှီ အကြံပြုချက်အား ကြားသွားခဲ့ပါက သွေးသုံးလီတာလောက် အံသွားလောက်သည်။ သူ့တပည့်တွေနဲ့ သူ့နောက်လိုက်တွေကို ဆွယ်ဖို့ သူ့ရတနာတွေကို သုံးနေချိန်မှာ ရေခဲချီလင်က တည်တည်ငြိမ်ငြိမ် နေနိုင်ပါ့မလား စဉ်းစားစရာပဲ။
"ဒါက အကြံကောင်းပဲ၊ အဲ့တာဆိုလည်း အဲ့လိုပဲ ဆုံးဖြတ်လိုက်တာပေါ့" ဖုန့်ရှီက ဘာပေးရနိုးနိုး စိုးရိမ်နေခဲ့တာဖြစ်သည်။ သူ့ခေါင်းဆောင်၏ အကြံပြုချက်ကြားလိုက်ရတော့ သူ ရုတ်ချည်းပဲ အရမ်းကို နေလို့ကောင်းသွားခဲ့၏။
စာအုပ်နတ်ဘုရားက ရေခဲချီလင်အတွက် တစ်စက္ကန့်လောက် ညည်းတွားလိုက်သည်။
အကြိမ်ကြိမ် ဒေါသထွက်ခဲ့ရပြီးနောက် ရေခဲချီလင်တစ်ယောက် ဘာဖြစ်သွားမလဲ ကြိုမှန်းကြည့်ရရင်တော့ ငြိမ်းချမ်းစွာ ထာဝရ အိပ်စက် အနားယူသွားလောက်ဖွယ် ရှိဖို့ (သေသွားဖို့) ပိုများသည်။
"နောက်ထပ်လေလံတင်မယ့်အရာကို လူတိုင်းသိကြမှာ သေချာပါတယ်။ ဟုတ်ပါတယ်။ အဲ့တာတွေကတော့ လူတိုင်း အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ မူလမီးဝိညာဉ်နဲ့ နွေဦးနှလုံးသားတို့ပါပဲ။ ဒီနေ့လေလံပွဲရဲ့ နောက်ဆုံးလေလံပစ္စည်းနှစ်မျိုးကို အခုစပါတော့မယ်ခင်ဗျာ။ လေလံတင်မည့် ပထမပစ္စည်းကတော့ - ကုန်ချောတစ်ပိုင်း မူလမီးဝိညာဉ်ပဲဖြစ်ပါတယ်!"
လေလံပွဲ စင်မြင့်ပေါ်ရှိ အဖိုးအိုက စားပွဲပေါ်မှ တူကို ထုလိုက်လေရာ ပရိသတ်၏ ကြွေးကြော်သံ တခဲနက် ထွက်ပေါ်လာလေတော့သည်။
ဤအချိန်တွင်၊ လေလံပွဲ၏ ဇာတ်ရှိန်အထွတ်အထိပ်ဖြစ်သော ရှေ့ပြေးနိမိတ်သည် နောက်ဆုံးတွင် စတင်လိုက်ပြီဖြစ်သည်။ VIP ထိုင်ခုံရှိ မိသားစုအားလုံးသည် လေလံပွဲ စင်မြင့်ပေါ်သို့ စူးစိုက်စိုက်ကြည့်နေကြသည်။ အချိန်အတော်ကြာ စောင့်ခဲ့ရသည့် ဇာတ်ရှိန် အထွတ်အထိပ်ကို ရောက်လို့လာပါပြီ။
ဤအသံသည် ဖုန့်ရှီနှင့် အခြားသူများ၏ အာရုံကို တစ်ချိန်တည်းတွင် ဆွဲဆောင်သွားနိုင်ခဲ့သည်။ အခန်းအတွင်းသို့ အသံဝင်ရောက်လာစေရန်အတွက် ထိန်းချုပ်မှုအရံအတားကို ငရဲမင်းကြီးက ဖွင့်ပေးလိုက်သည်။ အပြင်ဘက်မှ အသံများ ကျယ်လောင်လာကာ အားလုံးက ရင်ခုန်နေကြသည်။ သူတို့အနေနှင့် ထိုရတနာနှစ်ပါးအား လေလံဆွဲရန် မတတ်နိုင်လျင်တောင်မှ၊ ဒဏ္ဍာရီလာ မူလမီးဝိညာဉ်နှင့် နွေဦးနှလုံးသားတို့အား ကြည့်ခွင့်ရလျင်ကို တန်နေပြီဖြစ်သည်။
"လာပြီ၊ နောက်ဆုံးတော့ လာပြီ။"
ဖုန့်ရှီက စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး သူယူလာသည့် ငွေထုတ်ကြီး ငါးထုတ်ကို ထုတ်ယူလိုက်သည်။
စာအုပ်နတ်ဘုရားက ထိုအရာများအား စူးစမ်းရန် အနားကပ်ကာ ကြည့်လိုက်တော့ သလင်းကျောက်များဖြင့် ပြည့်နေသည့် အိတ်ငါးလုံးအား မြင်လိုက်ရသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ တစ်အိတ်စီတွင် တစ်ထရီလီယံတန်ဖိုး (သန်းပေါင်း တစ်သန်း) ဆန့်သောကြောင့် ဖုန့်ရှီ၏ အိတ်ငါးလုံးတွင် စုစုပေါင်း ငါးထရီလီယံ ရှိ၏။ ထိုသို့သော ငွေအပုံလိုက်ကြီးမှာ ငရဲမင်းကြီး အားထုတ်ပေးထားခြင်း ဖြစ်ရမည်။
သာမာန်အိတ်များတွင် သလင်းကျောက်အများကြီး မဆန့်သော်လည်း ဖုန့်ရှီ၏ လက်ရှိ အိတ်များသည် သာမန်အိတ်များထက် ဆယ်ဆပိုကြီးသည့် ထိပ်တန်းအိတ်များဟု ပြောနိုင်သည်။ သူတို့သခင်၏ လက်ရှိ သန့်စင်သော နည်းလမ်းများဖြင့် ဤကဲ့သို့သော အဆင့်မြင့် အိတ်များကို သန့်စင်ရန် မစွမ်းဆောင်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့သည်လည်း ငရဲမင်းကြီးထံမှ ဖြစ်ရမည်။
ဒါပေမဲ့ ဒီလောက် သလင်းကျောက်တွေ အများကြီး ဘယ်ကရလာခဲ့တာလဲ? ဒီလောက်အများကြီး သယ်လာဖို့ရော လိုလို့လား?
သူတို့မသိခဲ့တာက ဒါဟာ ဖုန့်ရှီရဲ့ ကြိုတင်ကာကွယ်မှုတစ်ခုတည်းသာဖြစ်ပြိး အဓီကအကြောင်းရင်းကတော့ သတ္တုကြောကို တူးဖော်ဖို့ ကမ္ဘာငယ်လေးသို့ အကြိမ်ကြိမ်သွားရသည့် ဒုက္ခကြောင့်ပဲဖြစ်သည်။ အဲ့လိုမှမဟုတ်လျင် သလင်းကြွက်တွေက ဒီလောက် ပင်ပန်းသွားမည်မဟုတ်ပေ။
"ဟေး၊ စာဂျပိုး၊ ကံဆိုး၊ အမွှေးမဲ့ကြက်၊ ကောင်းကင်ငှက်၊ မင်းတို့တွေ ဘယ်တုန်းက ရောက်နေကြတာလဲ?"
ဖုန့်ရှီက သူတို့ရောက်နေတာမြင်လို့ တကယ်ကြီး အံ့အားသင့်သွားသည့်အတိုင်း သူတို့နာမည်များအား အသက်မရှုစတမ်း ခေါ်လိုက်လေတော့သည်။
"..." သူတို့လေးယောက်လုံး တိတ်ဆိတ်သွားတော့၏။
မျှော်လင့်ထားသည့်အတိုင်းပါပဲ၊ သူတို့သခင်က သူတို့ကို တကယ်မေ့နေခဲ့တာပဲ။ သူနိုးလာကတည်းက သူတို့ဒီကိုရောက်နေပြီဆိုတာတောင် သတိမထားမိဘဲ အခုမှ မမျှော်လင့်ထားတဲ့ လေသံနဲ့ လာမေးနေတယ်။
"ဟား ဟား၊ မင်းတို့တွေနဲ့ ပြန်တွေ့ရတာ ဝမ်းသာတယ်ကွာ။ မင်းတို့ကောင်တွေ သေလောက်အောင် မပင်ပန်းကြဘူးလား?" ဖုန့်ရှီက သူတို့၏ ဝမ်းပန်းတနည်းအမူအယာများအား မမြင်သလိုပဲ ပြုမူလိုက်သည်။ သူက သူ့အနီးဆုံးရှိ အမွှေးမဲ့ကြက်ကို ပုတ်လိုက်ကာ အကျယ်ကြီး ရီလိုက်သည်။ ဤတစ်ကြိမ်တွင် ယဲ့ချားနတ်ဘုရား မလာသော်လည်း ဖုန့်ရှီက သူတို့အကြောင်း ကြားသိနေရသည်။
'သခင်၊ မင်းက ငါတို့ကို တကယ်ပဲ ပင်ပန်းပြီး သေသွားစေချင်နေတာလား?'
အမွှေးမဲ့ကြက်သည် အကြိမ်အနည်းငယ်ခန့် ခပ်ကြမ်းကြမ်း အပုတ်ခံလိုက်ရသည့်အတွက် မထိန်းနိုင်တော့ဘဲ သက်ပြင်းချလိုက်လေတော့သည်၊ ဟူး ... သူ့သခင်ရဲ့လက်က ခွန်အားက ထပ်ပြီး တိုးလာပြန်ပြီ၊ အကြိမ်အနည်းငယ် အပုတ်ခံလိုက်ရတာနဲ့တင် သူ သွေးအန်လုမတတ် ဖြစ်သွားရတယ်။
"သခင်၊ လေလံပွဲစနေပြီ" ဟု အမွှေးမဲ့ကြက်က သူ့အသက်ကလေးအတွက် ဖုန့်ရှီကို သတိပေးလိုက်ရတော့သည်။
"အိုး ငါ့နှယ်၊ အဲ့တာ မင်းတို့တွေကြောင့်ပဲ၊ မင်းတို့က အရမ်းကို စိတ်အားထက်သန်နေကြတော့ ငါက မေ့တောင် မေ့သွားတော့မလို့ပဲ၊" အများကြီးပြောပြီးနောက် ဖုန့်ရှီက သူ့ပါးစပ် အာခြောက်လာသလို ခံစားလိုက်ရသည်။ သူ့ခေါင်းကို လှည့်လိုက်တော့ ခေါင်းဆောင်က သူ့ကို လက်ဖက်ရည်ကြမ်းတစ်ခွက် ကမ်းပေးနေတာနှင့် တည့်တည့်တိုးမိသွားသည်။ ခေါင်းဆောင်က သူ့ကို ကောင်းကောင်းသိပါလားဟု သူတွေးရင်း ပါးစပ်အပြည့် တစ်ဂလုထဲ သောက်လိုက်လေတော့သည်။
ကျင့်သားရနေဟန်ရှိသည့် ပေးသူနှင့် ပိုလို့တောင် သဘာဝကျကျ ကျင့်သားရနေသည့် ယူသူတို့နှစ်ဦးအား ကြည့်ရင်း စာအုပ်နတ်ဘုရားနှင့် အခြားသူတို့က တိတ်ဆိတ်သွားတော့သည်။
'ငါတို့က ဘယ်တုန်းကများ စိတ်အားထက်သန်နေခဲ့တာလဲ? မင်းချည်းပဲ ပြောနေတာ အရှင်းကြီးကို'
သူတို့သခင်၏ သဘောသဘာဝကို အူမချေးခါး နားလည်နေသော သူတို့က သူတို့သခင်နှင့် စကားနိုင်လု ပြောခြင်းမှာ သူတို့အတွက် မကောင်းကြောင်း သိနေသည့်အတွက် သူတို့သခင်ကို မြင်ရသည့် စိတ်လှုပ်ရှားမှုတို့က အသံတိတ်ခုခံဆန္ဒပြမှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လေလံပွဲမှ နောက်ဆုံးရတနာနှစ်ခုကို အင်အားကြီးသည့် သီနိုမိသားစုနှင့် အချို့သော သီးခြားမိသားစုများကသာမက မိစ္ဆာလောကဘုံနှင့် ကောင်းကင်ဘုံတို့ကပါ မျက်စိကျနေကြသည်။ ထိုအင်အားစုများက နောက်ဆုံးအထိ ရေကုန်ရေခန်း ယှဉ်ပြိုင်သွားနိုင်သည့် ခွန်အား ရှိကြသည်။ အခြားအင်အားစုများကြားတွင် အင်အားကြီးမိသားစုများ ပါဝင်နေသောလည်း သူတို့က ထို (သီနို၊ သီးခြားမိသားစုများ၊ မိစ္ဆာလောကဘုံ၊ ကောင်းကင်ဘုံ) သူတွေနှင့် ငွေကြေးအရ ယှဉ်လို့မရပေ၊ နောက်ဆုံး ဘယ်သူရသွားမလဲဆိုတာက ကိုယ်တိုင် ယှဉ်ပြိုင်အနိုင်ယူ သက်သေပြရမည့်အရာဖြစ်သည်။
ဟုတ်ပါသည်၊ ဒါကတော့ လူတိုင်းသိတဲ့ အပေါ်ယံအခြေအနေတစ်ခုပဲဖြစ်ပြီး ရလဒ်က ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ ဘယ်သူက ဖြတ်မျဉ်း (dark horse) ဖြစ်လာမလဲဆိုတဲ့ အပေါ်မှာ မူတည်နေပါသည်။
"ကုန်ချောတစ်ပိုင်း မူလမီးဝိညာဉ်က တကယ့် မူလမီးဝိညာဉ်အစစ်နဲ့တော့ နှိုင်းယှဉ်လို့မရပေမဲ့ သူ့အကျိုးသက်ရောက်မှုကိုတော့ လူတိုင်း သိပြီးသားဖြစ်မှာပါ။ ကျွန်တော် အများကြီး မပြောတော့ပါဘူး။ အခု ကုန်ချောတစ်ပိုင်း မူလမီးဝိညာဉ်ရဲ့ လေလံကို စတင်လိုက်ကြပါစို့။ ကြမ်းခင်းစျေးကတော့ ၅၀ ဘီလီယံပါ။ တစ်ခါခေါ်ရင် ၁ဘီလီယံထက် နည်းပြီး ခေါ်လို့မရပါဘူး၊ အခု လေလံ ... စတင်လိုက်ပါပြီခင်မျာ!"
အဆုံးသတ်စကားနှင့်အတူ အဘိုးအို၏ တူချက်က ကျရောက်သွားကာ ခန်းမတစ်ခုလုံး နောက်ဆုံးစကားဖြင့် ပြုတ်ကျကာ ခန်းမတစ်ခုလုံး ဟာခနဲ ဟင်ခနဲ ဖြစ်သွားလေတော့သည်။
ကုန်ချောတစ်ပိုင်းမူလမီးဝိညာဉ်က ကြမ်းခင်းစျေး နိမ့်မှာ မဟုတ်လောက်မှန်း သူတို့ သိကြသော်လည်း စျေနှုန်းက ဒီလောက်အထိ မြောက်ေနသည့်အတွက် သူတို့ အကြီးအကျယ် အံ့အားသင့်သွားကြတော့သည်။
စုစုပေါင်း ရင်းနှီးငွေ ၅၀ ဘီလီယံကျော်ရှိသည့် မိသားစုက ဆယ်စုထက် ပိုမည်မဟုတ်ချေ။ ဤစျေးနှုန်းသည် လုံလောက်သော ပိုင်ဆိုင်မှုမရှိသည့်သူများအာ တိုက်ရိုက် ဖြုတ်ထုတ်လိုက်ခြင်းဖြစ်ကာ အတော်လေး ရက်စက်လှသည်။ ဒါက ကုန်ချောတစ်ပိုင်း မူလမီးဝိညာဉ်လေးတစ်ခုပဲဖြစ်ပြီး ဒါပြီးလျင် နွေဦးနှလုံးသားက ရှိသေးသည်။
"၅၃ ဘီလီယံ"
ပထမဆုံး လေလံခေါစျေး ပေးလိုက်သူမှာ သီနိုမိသားစုဖြစ်သည်။ သူတို့တွင် ငွေအတော်လေး ရှိသော်လည်း ၃ဘီလီယံသာ တိုးခေါ်လိုက်ခြင်းသည်။ ဒါကို ကြည့်ခြင်းအားဖြင့် သလင်းကျောက်တွေက လွယ်လွယ်ရှာလို့ရတာမဟုတ်မှန်း (ငွေရှာမလွယ်မှန်း) မြင်သာသည်။ သီနိုမိသားစုက ကနီးဦး စျေးခေါ်လိုက်သည်နှင့် အခြားသူများက နောက်က လိုက်လာကြမည်မှာ သဘာဝပဲဖြစ်သည်၊ ထို့အတွက်ကြောင့် နောက်ထပ် အသံတွေ ထပ်ထွက်လာခဲ့သည်။
"၅၅ ဘီလီယံ။"
"၆၀ ဘီလီယံ။"
.....
"100 ဘီလီယံ"
ဘီလီယံ ၄၀ ခုန်တက်သွားတာက အထင်ကြီးလောက်စရာပေ။ လေလံခေါ်လိုက်သူကတော့ ကောင်းကင်ဘုံမှ မင်းသား သီထျန်းရှန်ဖြစ်သည်။ ဒီလို တို့စိတို့စိ လေလံခေါ်နေသည်က သူ့ကို သည်းခံနိုင်စွမ်း ပျောက်ဆုံးသွားစေခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ဒီဂဏာန်းကို ရောက်လာမှာပဲလေ။ သူက တိုက်ရိုက်ပဲ စျေးမြှင့်ခေါ်လိုက်ပြီး မော့ဖေးဟန်အား လှောင်ကြည့် ကြည့်လိုက်သည်။ တစ်ဖက်သူက သူ့ကို ရက်ရက်ရောရော အကြည့်ခံနေလိုက်ပြီး လေလံတော့ ဝင်မဆွဲသေးပေ။
သူက ဘာမှ မလှုပ်တာကိုမြင်တော့ သီထျန်းရှန်၏မျက်နှာက မည်းမှောင်သွားတော့သည်။ မော့ဖေးဟန် ဘာတွေ အကွက်ရွှေ့နေလည်း သူ မသိနိုင်ဖြစ်နေ၏။
"၂၀၀ ဘီလီယံ" ဟူသော အသံသည် သီထျန်းရှန်ထက်ပင် ပိုမောက်မာနေသေးသည်။
အားလုံးက မျှော်ကြည့်လိုက်တော့ ဒုတိယထပ်ရှိ VIP ထိုင်ခုံ ပြတင်းပေါက်တွင် ရပ်နေသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ လူငယ်လေးက သူ့သွားစွယ်များ ရှင်းနေအောင် ပေါ်သည်အထိ ပျော်ရွှင်နေသော အမူအယာဖြင့် လော့ရိန်နှင့် အခြားသူနှစ်ယောက်ကို လက်ဝှေ့ယမ်းပြနေသည်။
သီထျန်းရှန်က မော့ဖေးဟန်အား ဆက်ပြီး လှောင်ဖို့ ဂရုမစိုက်အားတော့ပေ။ သူက ထို ကုန်ချောတစ်ပိုင်း မူလမီးဝိညာဉ်ကို ရအောင်ယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။ သူက မီးပုံစံ ကျင့်ကြံသူတစ်ဦးဖြစ်သည့်အတွက် သူက မူလမီးဝိညာဉ်ကို ရကို ရမှ ဖြစ်မည်၊ ထိုပစ္စည်းက ကုန်ချောတစ်ပိုင်းပဲ ဖြစ်နေရင်တောင်မှပေါ့။ ပြိုင်ဘက်က ငရဲမင်းကြီး၏ အချစ်ကလေးဖြစ်နေလျင်တောင်မှ ကောင်းကင်ဘုံ၏ သားတော်၏ မာနက သူ့ကို အခြားသူများ ကျောသွားခြင်းအား ခွင့်မပြုနိုင်ပေ။
"၃၅၀ ဘီလီယံ!"
20240419; 2133
Stay tuned for the next chapter:
Chapter 231. Cut Down a Bit
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————
အပိုင္း ၂၃၀။ ေလလံပြဲ စတင္ၿပီ
ငရဲမင္းႀကီးက ဖုန႔္ရွီကို ႏွိုးလိုက္သည့္အခ်ိန္တြင္ေတာ့ ေလလံပြဲက သုံးပုံႏွစ္ပုံခန့္ ၿပီးသြားခဲ့ေလၿပီ။
ငရဲမင္းႀကီးက သူ႔ပတ္ဝန္းက်င္မွ အသံတားျမစ္အကာအရံအား မဖယ္ရွားထားသျဖင့္ ဖုန့္ရွီက ေအာက္ထပ္ ေလလံပြဲမွ ထြက္လာေသာ ေလလံဆြဲေနသည့္အသံမ်ားကို မၾကားနိုင္ေပ။
ဖုန့္ရွီက နိုးလာလာျခင္း အနည္းငယ္ အိပ္မွုံစုံမႊား ျဖစ္လို႔ေနသည္။ ဗိမာန္ေတာ္ထဲရွိ အိပ္ယာအႀကီးႀကီးထက္တြင္ ရွိေနသည္ဟု သူ႔ကိုယ္သူ ေတြးမိေနၿပီး ငရဲမင္းႀကီးကို အႀကိမ္မ်ားစြာ ပြတ္သပ္ေနေလေတာ့သည္။ အေတာ္ၾကာမွသာ သူက ေလလံပြဲတြင္ တက္ေရာက္ေနျခင္းျဖစ္ေၾကာင္း သေဘာေပါက္သြားေလေတာ့သည္။
"ေလလံပြဲက ဘာျဖစ္သြားၿပီလဲ?"
ငရဲမင္းႀကီးက သူ႔ကို ဘာ့ေၾကာင့္ မႏွီုးတာလဲဆိုတာကို ဖုန့္ရွီသိသည္၊ ေခါင္းေဆာင္က သူ႔အား သက္ေတာင့္သက္သာ အိပ္ေပ်ာ္ေစခ်င္၍ ျဖစ္နိုင္သည္။ အကယ္၍ ကုန္ေခ်ာတစ္ပိုင္း မူလမီးဝိညာဥ္ႏွင့္ ေႏြဦးႏွလုံးသားတို႔ ေပၚလာသည္ႏွင့္ သူ႔ေခါင္းေဆာင္က သူ႔ကို ႏွိုးမွာ ေသခ်ာသည္။ ဤအေျခအေနအရ ထိုရတနာႏွစ္မ်ိဳးက ေလလံပြဲတြင္ မေပၚလာေသးေလာကေပ၊ ဒါေပမဲ့ ဖုန့္ရွီက သူ႔ကိုယ္သူ အၾကာႀကီး အိပ္ေမာက်သြားခဲ့သလို ခံစားေနရသည္။
"ေနာက္ထပ္ ပစၥည္းအနည္းငယ္ပဲ ေလလံတင္ဖို႔ က်န္ပါေတာ့တယ္၊ အဲ့တာၿပီးရင္ေတာ့ ကုန္ေခ်ာတစ္ပိိုင္း မူလမီးဝိညာဥ္နဲ႔ ေႏြဦးႏွလုံးသားတို႔အလွည့္ ေရာက္လာပါေတာ့မယ္"
ငရဲမင္းႀကီးက ငိုက္ျမည္းေနသည့္ဖုန့္ရွီကို ေဖးကိုင္ထားကာ ဖုန့္ရွီ၏မ်က္ႏွာကို သူ၏ ဝတ္႐ုံလက္ျဖင့္ သုတ္ေပးလိုက္သည္။
ငရဲမင္းႀကီး၏ ဝတ္ႀကီးဝတ္ငယ္ ျပဳစုေနျခင္းကို သူတို႔ သခင္ငယ္ေလးက ဘယ္လိုေတြေတာင္ ခံယူေနေၾကာင္း ျမင္လိုက္ရၿပီးေနာက္ သူတို႔သခင္က တေန႔ထက္တေန႔ ပိုပိုၿပီး အပ်င္းႀကီးလာပါလားဟု စာအုပ္နတ္ဘုရားက ခံစားလိုက္ရသည္။ ငရဲမင္းႀကီးက သူတို႔သခင္အတြက္ ဒီလို အေသးအမႊားကိစၥမ်ိဳးေတြကိုလည္း ကိုယ္တိုင္ကိုယ္က် လုပ္ေပးလိမ့္မည္ျဖစ္ၿပီး သူတို႔အေနႏွင့္ မနာလို၊ အားက်ေန၍ မတတ္နိုင္ေပ။
ငရဲမင္းႀကီးႏွင့္ ေမာ့ေဖးဟန္တို႔က သူအိပ္ေပ်ာ္ေနခ်ိန္တြင္ သေဘာတူညီမွုတစ္ခု ရရွိသြားၿပီးျဖစ္မွန္း ဖုန့္ရွီက မသိလိုက္ေပ။
ေလာေလာဆယ္တြင္ေတာ့ သူက မၾကာမီလာေတာ့မည့္ ဇာတ္ရွိန္အထြတ္အထိပ္ကိုသာ အာ႐ုံအလုံးစုံ စူးစိုက္လို႔ေနေလ၏။
"ဒါနဲ႔ စကားမစပ္၊ ေခါင္းေဆာင္၊ ေရခဲခ်ီလင္က သူ႔တပည့္ေတြနဲ႔ ေနာက္လိုက္ေတြကို သြားေတြ႕ေနတာမဟုတ္ဘူးလား? ဆိုၾကပါစို႔၊ ကၽြန္ေတာ္တို႔က ေတာင္ပိုင္းေဒသေတာအုပ္မွာ သူ႔ကို သြားေတြ႕တဲ့အခါက်ရင္ လက္ေဆာင္ေတြ ဘာေတြ ယူသြားရင္ေကာင္းမလား?"
ေရခဲခ်ီလင္က သူ႔၏ စာခ်ဳပ္ခ်ဳပ္ဆိုထားေသာ ကိုယ္ပိုင္မိစၧာသားရဲျဖစ္သည့္အတြက္ ေရခဲခ်ီလင္၏ တပည့္ႏွင့္ ေနာက္လိုက္ေနာက္ပါတို႔ကလည္း သူ႔တပည့္၊ သူ႔ေနာက္လိုက္ေနာက္ပါဟု သတ္မွတ္သင့္ေၾကာင္း ဖုန့္ရွီ ေတြးေလသည္။ ဒီလိုဆို သူ႔ကိုယ္ပိုင္ မိစၧာသားရဲတပ္ႀကီး ဖြဲ႕ဖို႔ဆိုတာ သိပ္ေဝးေတာ့မည္မဟုတ္ေတာ့ဘူးေလ၊ ဟုတ္တယ္မဟုတ္လား?
ဖု႔န္ရွီ၏ မ်က္ႏွာေပၚတြင္ စိတ္လွုပ္ရွားမွုႏွင့္ ရင္ခုန္ေနမွုတို႔က အတိုင္းသား ေပၚေနေလ၏။
သူ႔စိတ္ထဲ ထူးဆန္းတဲ့တစ္ခုခု စေတြးေနၿပီျဖစ္မွန္း စာအုပ္နတ္ဘုရားက သိသည့္အတြက္ ေရခဲခ်ီလင္ႏွင့္ သူ႔တပည့္၊ သူ႔ေနာက္လိုက္မ်ားအတြက္ အသံတိတ္ ညည္းတြားလိုက္ေလေတာ့သည္။
"ေရွာင္ရွီက သူတို႔အတြက္ လက္ေဆာင္ယူသြားခ်င္လို႔လား?" ထိုသို႔လုပ္ရန္မလိုအပ္ေၾကာင္း ငရဲမင္းႀကီးက သူ႔ကို ေျပာျပလိုက္ခ်င္ေပမဲ့လည္း လူငယ္ေလး၏မ်က္ႏွာေပၚရွိ အကြက္ခ်ေနသည့္အျပဳံးကို ျမင္ေတာ့ လူငယ္ေလးက မိစၧာသားရဲတပ္ဖြဲ႕တစ္ဖြဲ႕ ဖြဲ႕ခ်င္ေနသည့္စိတ္ကူးကို ငရဲမင္းႀကီး သတိရသြားသည္။ သတို႔ၾကား ရင္းႏွီးေသာ ဆက္ဆံေရးေၾကာင့္ ေရွာင္ရွီဘာေတြးေတြး ငရဲမင္းႀကီး ခ်က္ခ်င္း သိေလသည္။
ဖုန့္ရွီက ေခါင္းေဆာင္၏ မ်က္လုံးမ်ားကိုျမင္ေတာ့ သူ႔အႀကံကို သိသြားၿပီမွန္း သိသြားသည့္အတြက္ ရွက္ရွက္ႏွင့္ ရီလိုက္ေလေတာ့သည္၊ "လက္ေဆာင္ေတြက ကီရင္တစ္ေကာင္ရဲ့ ႏွလုံးသားကို အနိုင္ယူနိုင္တယ္လို႔ ေခါင္းေဆာင္ေျပာခဲ့တယ္ေလ? ေရခဲခ်ီလင္က ရတနာေတြ စုရတာ အရမ္းႀကိဳက္တာဆိုေတာ့ သူ႔တပည့္ေတြကလည္း ႀကိဳက္ၾကမွာပဲ။"
လက္ေဆာင္ေတြက ကီရင္ရဲ့ႏွလုံးသားကို အနိုင္ယူနိုင္တယ္လို႔ ဖုန့္ရွီက ဘယ္မွာ ၾကားခဲ့တာလဲ? ေရခဲခ်ီလင္က ကီရင္မ်ိဳးစိတ္အတြက္ ေသခ်ာေပါက္ ခၽြင္းခ်က္ေလ။
စာအုပ္နတ္ဘုရားက သူတို႔ေရာက္ေနေၾကာင္းကို ခုထိ သိေသးပုံမရေသးသည့္ သူတို႔သခင္ကို ဆြံ႕အစြာ ၾကာည့္လိုက္သည္။
"ေရွာင္ရွီက သူ႔ကို လက္ေဆာင္ေတြ ေပးခ်င္တယ္ဆိုရင္ေတာ့ ဒီလိုလုပ္ၾကတာေပါ့။ ဟိုတစ္ေခါက္တုန္းက ေရခဲခ်ီလင္ရဲ့ အသိုက္ေဟာင္းထဲကေန သူ႔ရဲ့ ရတနာေတြကို ေရွာင္ရွီ အကုန္ သိမ္းယူခဲ့တယ္ေလ။ အဲ့တာေတြ ထုတ္ၿပီး သူ႔တပည့္နဲ႔ သူ႔ေနာက္လိုက္ေတြကို ေပးလိုက္ေပါ့၊ အဲ့တာဆိုရင္ နာမည္ေကာင္းလည္း ရၿပီးသားျဖစ္သြားမွာေလ။"
တကယ္လို႔ ေရခဲခ်ီလင္သာ အႏွီ အႀကံျပဳခ်က္အား ၾကားသြားခဲ့ပါက ေသြးသုံးလီတာေလာက္ အံသြားေလာက္သည္။ သူ႔တပည့္ေတြနဲ႔ သူ႔ေနာက္လိုက္ေတြကို ဆြယ္ဖို႔ သူ႔ရတနာေတြကို သုံးေနခ်ိန္မွာ ေရခဲခ်ီလင္က တည္တည္ၿငိမ္ၿငိမ္ ေနနိုင္ပါ့မလား စဥ္းစားစရာပဲ။
"ဒါက အႀကံေကာင္းပဲ၊ အဲ့တာဆိုလည္း အဲ့လိုပဲ ဆုံးျဖတ္လိုက္တာေပါ့" ဖုန႔္ရွီက ဘာေပးရနိုးနိုး စိုးရိမ္ေနခဲ့တာျဖစ္သည္။ သူ႔ေခါင္းေဆာင္၏ အႀကံျပဳခ်က္ၾကားလိုက္ရေတာ့ သူ ႐ုတ္ခ်ည္းပဲ အရမ္းကို ေနလို႔ေကာင္းသြားခဲ့၏။
စာအုပ္နတ္ဘုရားက ေရခဲခ်ီလင္အတြက္ တစ္စကၠန႔္ေလာက္ ညည္းတြားလိုက္သည္။
အႀကိမ္ႀကိမ္ ေဒါသထြက္ခဲ့ရၿပီးေနာက္ ေရခဲခ်ီလင္တစ္ေယာက္ ဘာျဖစ္သြားမလဲ ႀကိဳမွန္းၾကည့္ရရင္ေတာ့ ၿငိမ္းခ်မ္းစြာ ထာဝရ အိပ္စက္ အနားယူသြားေလာက္ဖြယ္ ရွိဖို႔ (ေသသြားဖို႔) ပိုမ်ားသည္။
"ေနာက္ထပ္ေလလံတင္မယ့္အရာကို လူတိုင္းသိၾကမွာ ေသခ်ာပါတယ္။ ဟုတ္ပါတယ္။ အဲ့တာေတြကေတာ့ လူတိုင္း အခ်ိန္အၾကာႀကီး ေစာင့္ေမၽွာ္ေနခဲ့ရတဲ့ မူလမီးဝိညာဥ္နဲ႔ ေႏြဦးႏွလုံးသားတို႔ပါပဲ။ ဒီေန႔ေလလံပြဲရဲ့ ေနာက္ဆုံးေလလံပစၥည္းႏွစ္မ်ိဳးကို အခုစပါေတာ့မယ္ခင္ဗ်ာ။ ေလလံတင္မည့္ ပထမပစၥည္းကေတာ့ - ကုန္ေခ်ာတစ္ပိုင္း မူလမီးဝိညာဥ္ပဲျဖစ္ပါတယ္!"
ေလလံပြဲ စင္ျမင့္ေပၚရွိ အဖိုးအိုက စားပြဲေပၚမွ တူကို ထုလိုက္ေလရာ ပရိသတ္၏ ေႂကြးေၾကာ္သံ တခဲနက္ ထြက္ေပၚလာေလေတာ့သည္။
ဤအခ်ိန္တြင္၊ ေလလံပြဲ၏ ဇာတ္ရွိန္အထြတ္အထိပ္ျဖစ္ေသာ ေရွ႕ေျပးနိမိတ္သည္ ေနာက္ဆုံးတြင္ စတင္လိုက္ၿပီျဖစ္သည္။ VIP ထိုင္ခုံရွိ မိသားစုအားလုံးသည္ ေလလံပြဲ စင္ျမင့္ေပၚသို႔ စူးစိုက္စိုက္ၾကည့္ေနၾကသည္။ အခ်ိန္အေတာ္ၾကာ ေစာင့္ခဲ့ရသည့္ ဇာတ္ရွိန္ အထြတ္အထိပ္ကို ေရာက္လို႔လာပါၿပီ။
ဤအသံသည္ ဖုန႔္ရွီႏွင့္ အျခားသူမ်ား၏ အာ႐ုံကို တစ္ခ်ိန္တည္းတြင္ ဆြဲေဆာင္သြားနိုင္ခဲ့သည္။ အခန္းအတြင္းသို႔ အသံဝင္ေရာက္လာေစရန္အတြက္ ထိန္းခ်ဳပ္မွုအရံအတားကို ငရဲမင္းႀကီးက ဖြင့္ေပးလိုက္သည္။ အျပင္ဘက္မွ အသံမ်ား က်ယ္ေလာင္လာကာ အားလုံးက ရင္ခုန္ေနၾကသည္။ သူတို႔အေနႏွင့္ ထိုရတနာႏွစ္ပါးအား ေလလံဆြဲရန္ မတတ္နိုင္လ်င္ေတာင္မွ၊ ဒ႑ာရီလာ မူလမီးဝိညာဥ္ႏွင့္ ေႏြဦးႏွလုံးသားတို႔အား ၾကည့္ခြင့္ရလ်င္ကို တန္ေနၿပီျဖစ္သည္။
"လာၿပီ၊ ေနာက္ဆုံးေတာ့ လာၿပီ။"
ဖုန႔္ရွီက စိတ္လွုပ္ရွားစြာ ေအာ္လိုက္ၿပီး သူယူလာသည့္ ေငြထုတ္ႀကီး ငါးထုတ္ကို ထုတ္ယူလိုက္သည္။
စာအုပ္နတ္ဘုရားက ထိုအရာမ်ားအား စူးစမ္းရန္ အနားကပ္ကာ ၾကည့္လိုက္ေတာ့ သလင္းေက်ာက္မ်ားျဖင့္ ျပည့္ေနသည့္ အိတ္ငါးလုံးအား ျမင္လိုက္ရသျဖင့္ ပါးစပ္အေဟာင္းသား ျဖစ္သြားရေတာ့သည္။ တစ္အိတ္စီတြင္ တစ္ထရီလီယံတန္ဖိုး (သန္းေပါင္း တစ္သန္း) ဆန့္ေသာေၾကာင့္ ဖုန႔္ရွီ၏ အိတ္ငါးလုံးတြင္ စုစုေပါင္း ငါးထရီလီယံ ရွိ၏။ ထိုသို႔ေသာ ေငြအပုံလိုက္ႀကီးမွာ ငရဲမင္းႀကီး အားထုတ္ေပးထားျခင္း ျဖစ္ရမည္။
သာမာန္အိတ္မ်ားတြင္ သလင္းေက်ာက္အမ်ားႀကီး မဆန့္ေသာ္လည္း ဖုန့္ရွီ၏ လက္ရွိ အိတ္မ်ားသည္ သာမန္အိတ္မ်ားထက္ ဆယ္ဆပိုႀကီးသည့္ ထိပ္တန္းအိတ္မ်ားဟု ေျပာနိုင္သည္။ သူတို႔သခင္၏ လက္ရွိ သန႔္စင္ေသာ နည္းလမ္းမ်ားျဖင့္ ဤကဲ့သို႔ေသာ အဆင့္ျမင့္ အိတ္မ်ားကို သန႔္စင္ရန္ မစြမ္းေဆာင္နိုင္ေပ။ ထို႔ေၾကာင့္ ၎တို႔သည္လည္း ငရဲမင္းႀကီးထံမွ ျဖစ္ရမည္။
ဒါေပမဲ့ ဒီေလာက္ သလင္းေက်ာက္ေတြ အမ်ားႀကီး ဘယ္ကရလာခဲ့တာလဲ? ဒီေလာက္အမ်ားႀကီး သယ္လာဖို႔ေရာ လိုလို႔လား?
သူတို႔မသိခဲ့တာက ဒါဟာ ဖုန့္ရွီရဲ့ ႀကိဳတင္ကာကြယ္မွုတစ္ခုတည္းသာျဖစ္ၿပိး အဓီကအေၾကာင္းရင္းကေတာ့ သတၱဳေၾကာကို တူးေဖာ္ဖို႔ ကမၻာငယ္ေလးသို႔ အႀကိမ္ႀကိမ္သြားရသည့္ ဒုကၡေၾကာင့္ပဲျဖစ္သည္။ အဲ့လိုမွမဟုတ္လ်င္ သလင္းႂကြက္ေတြက ဒီေလာက္ ပင္ပန္းသြားမည္မဟုတ္ေပ။
"ေဟး၊ စာဂ်ပိုး၊ ကံဆိုး၊ အေမႊးမဲ့ၾကက္၊ ေကာင္းကင္ငွက္၊ မင္းတို႔ေတြ ဘယ္တုန္းက ေရာက္ေနၾကတာလဲ?"
ဖုန့္ရွီက သူတို႔ေရာက္ေနတာျမင္လို႔ တကယ္ႀကီး အံ့အားသင့္သြားသည့္အတိုင္း သူတို႔နာမည္မ်ားအား အသက္မရွုစတမ္း ေခၚလိုက္ေလေတာ့သည္။
"..." သူတို႔ေလးေယာက္လုံး တိတ္ဆိတ္သြားေတာ့၏။
ေမၽွာ္လင့္ထားသည့္အတိုင္းပါပဲ၊ သူတို႔သခင္က သူတို႔ကို တကယ္ေမ့ေနခဲ့တာပဲ။ သူနိုးလာကတည္းက သူတို႔ဒီကိုေရာက္ေနၿပီဆိုတာေတာင္ သတိမထားမိဘဲ အခုမွ မေမၽွာ္လင့္ထားတဲ့ ေလသံနဲ႔ လာေမးေနတယ္။
"ဟား ဟား၊ မင္းတို႔ေတြနဲ႔ ျပန္ေတြ႕ရတာ ဝမ္းသာတယ္ကြာ။ မင္းတို႔ေကာင္ေတြ ေသေလာက္ေအာင္ မပင္ပန္းၾကဘူးလား?" ဖုန့္ရွီက သူတို႔၏ ဝမ္းပန္းတနည္းအမူအယာမ်ားအား မျမင္သလိုပဲ ျပဳမူလိုက္သည္။ သူက သူ႔အနီးဆုံးရွိ အေမႊးမဲ့ၾကက္ကို ပုတ္လိုက္ကာ အက်ယ္ႀကီး ရီလိုက္သည္။ ဤတစ္ႀကိမ္တြင္ ယဲ့ခ်ားနတ္ဘုရား မလာေသာ္လည္း ဖုန့္ရွီက သူတို႔အေၾကာင္း ၾကားသိေနရသည္။
'သခင္၊ မင္းက ငါတို႔ကို တကယ္ပဲ ပင္ပန္းၿပီး ေသသြားေစခ်င္ေနတာလား?'
အေမႊးမဲ့ၾကက္သည္ အႀကိမ္အနည္းငယ္ခန့္ ခပ္ၾကမ္းၾကမ္း အပုတ္ခံလိုက္ရသည့္အတြက္ မထိန္းနိုင္ေတာ့ဘဲ သက္ျပင္းခ်လိုက္ေလေတာ့သည္၊ ဟူး ... သူ႔သခင္ရဲ့လက္က ခြန္အားက ထပ္ၿပီး တိုးလာျပန္ၿပီ၊ အႀကိမ္အနည္းငယ္ အပုတ္ခံလိုက္ရတာနဲ႔တင္ သူ ေသြးအန္လုမတတ္ ျဖစ္သြားရတယ္။
"သခင္၊ ေလလံပြဲစေနၿပီ" ဟု အေမႊးမဲ့ၾကက္က သူ႔အသက္ကေလးအတြက္ ဖုန့္ရွီကို သတိေပးလိုက္ရေတာ့သည္။
"အိုး ငါ့ႏွယ္၊ အဲ့တာ မင္းတို႔ေတြေၾကာင့္ပဲ၊ မင္းတို႔က အရမ္းကို စိတ္အားထက္သန္ေနၾကေတာ့ ငါက ေမ့ေတာင္ ေမ့သြားေတာ့မလို႔ပဲ၊" အမ်ားႀကီးေျပာၿပီးေနာက္ ဖုန႔္ရွီက သူ႔ပါးစပ္ အာေျခာက္လာသလို ခံစားလိုက္ရသည္။ သူ႔ေခါင္းကို လွည့္လိုက္ေတာ့ ေခါင္းေဆာင္က သူ႔ကို လက္ဖက္ရည္ၾကမ္းတစ္ခြက္ ကမ္းေပးေနတာႏွင့္ တည့္တည့္တိုးမိသြားသည္။ ေခါင္းေဆာင္က သူ႔ကို ေကာင္းေကာင္းသိပါလားဟု သူေတြးရင္း ပါးစပ္အျပည့္ တစ္ဂလုထဲ ေသာက္လိုက္ေလေတာ့သည္။
က်င့္သားရေနဟန္ရွိသည့္ ေပးသူႏွင့္ ပိုလို႔ေတာင္ သဘာဝက်က် က်င့္သားရေနသည့္ ယူသူတို႔ႏွစ္ဦးအား ၾကည့္ရင္း စာအုပ္နတ္ဘုရားႏွင့္ အျခားသူတို႔က တိတ္ဆိတ္သြားေတာ့သည္။
'ငါတို႔က ဘယ္တုန္းကမ်ား စိတ္အားထက္သန္ေနခဲ့တာလဲ? မင္းခ်ည္းပဲ ေျပာေနတာ အရွင္းႀကီးကို'
သူတို႔သခင္၏ သေဘာသဘာဝကို အူမေခ်းခါး နားလည္ေနေသာ သူတို႔က သူတို႔သခင္ႏွင့္ စကားနိုင္လု ေျပာျခင္းမွာ သူတို႔အတြက္ မေကာင္းေၾကာင္း သိေနသည့္အတြက္ သူတို႔သခင္ကို ျမင္ရသည့္ စိတ္လွုပ္ရွားမွုတို႔က အသံတိတ္ခုခံဆႏၵျပမွုအျဖစ္သို႔ ေျပာင္းလဲသြားေတာ့သည္။
ေလလံပြဲမွ ေနာက္ဆုံးရတနာႏွစ္ခုကို အင္အားႀကီးသည့္ သီနိုမိသားစုႏွင့္ အခ်ိဳ႕ေသာ သီးျခားမိသားစုမ်ားကသာမက မိစၧာေလာကဘုံႏွင့္ ေကာင္းကင္ဘုံတို႔ကပါ မ်က္စိက်ေနၾကသည္။ ထိုအင္အားစုမ်ားက ေနာက္ဆုံးအထိ ေရကုန္ေရခန္း ယွဥ္ၿပိဳင္သြားနိုင္သည့္ ခြန္အား ရွိၾကသည္။ အျခားအင္အားစုမ်ားၾကားတြင္ အင္အားႀကီးမိသားစုမ်ား ပါဝင္ေနေသာလည္း သူတို႔က ထို (သီနို၊ သီးျခားမိသားစုမ်ား၊ မိစၧာေလာကဘုံ၊ ေကာင္းကင္ဘုံ) သူေတြႏွင့္ ေငြေၾကးအရ ယွဥ္လို႔မရေပ၊ ေနာက္ဆုံး ဘယ္သူရသြားမလဲဆိုတာက ကိုယ္တိုင္ ယွဥ္ၿပိဳင္အနိုင္ယူ သက္ေသျပရမည့္အရာျဖစ္သည္။
ဟုတ္ပါသည္၊ ဒါကေတာ့ လူတိုင္းသိတဲ့ အေပၚယံအေျခအေနတစ္ခုပဲျဖစ္ၿပီး ရလဒ္က ဘယ္လိုျဖစ္လာမလဲဆိုတာကေတာ့ ဘယ္သူက ျဖတ္မ်ဥ္း (dark horse) ျဖစ္လာမလဲဆိုတဲ့ အေပၚမွာ မူတည္ေနပါသည္။
"ကုန္ေခ်ာတစ္ပိုင္း မူလမီးဝိညာဥ္က တကယ့္ မူလမီးဝိညာဥ္အစစ္နဲ႔ေတာ့ ႏွိုင္းယွဥ္လို႔မရေပမဲ့ သူ႔အက်ိဳးသက္ေရာက္မွုကိုေတာ့ လူတိုင္း သိၿပီးသားျဖစ္မွာပါ။ ကၽြန္ေတာ္ အမ်ားႀကီး မေျပာေတာ့ပါဘူး။ အခု ကုန္ေခ်ာတစ္ပိုင္း မူလမီးဝိညာဥ္ရဲ့ ေလလံကို စတင္လိုက္ၾကပါစို႔။ ၾကမ္းခင္းေစ်းကေတာ့ ၅၀ ဘီလီယံပါ။ တစ္ခါေခၚရင္ ၁ဘီလီယံထက္ နည္းၿပီး ေခၚလို႔မရပါဘူး၊ အခု ေလလံ ... စတင္လိုက္ပါၿပီခင္မ်ာ!"
အဆုံးသတ္စကားႏွင့္အတူ အဘိုးအို၏ တူခ်က္က က်ေရာက္သြားကာ ခန္းမတစ္ခုလုံး ေနာက္ဆုံးစကားျဖင့္ ျပဳတ္က်ကာ ခန္းမတစ္ခုလုံး ဟာခနဲ ဟင္ခနဲ ျဖစ္သြားေလေတာ့သည္။
ကုန္ေခ်ာတစ္ပိုင္းမူလမီးဝိညာဥ္က ၾကမ္းခင္းေစ်း နိမ့္မွာ မဟုတ္ေလာက္မွန္း သူတို႔ သိၾကေသာ္လည္း ေစ်ႏွုန္းက ဒီေလာက္အထိ ေျမာက္ေနသည့္အတြက္ သူတို႔ အႀကီးအက်ယ္ အံ့အားသင့္သြားၾကေတာ့သည္။
စုစုေပါင္း ရင္းႏွီးေငြ ၅၀ ဘီလီယံေက်ာ္ရွိသည့္ မိသားစုက ဆယ္စုထက္ ပိုမည္မဟုတ္ေခ်။ ဤေစ်းႏွုန္းသည္ လုံေလာက္ေသာ ပိုင္ဆိုင္မွုမရွိသည့္သူမ်ားအာ တိုက္ရိုက္ ျဖဳတ္ထုတ္လိုက္ျခင္းျဖစ္ကာ အေတာ္ေလး ရက္စက္လွသည္။ ဒါက ကုန္ေခ်ာတစ္ပိုင္း မူလမီးဝိညာဥ္ေလးတစ္ခုပဲျဖစ္ၿပီး ဒါၿပီးလ်င္ ေႏြဦးႏွလုံးသားက ရွိေသးသည္။
"၅၃ ဘီလီယံ"
ပထမဆုံး ေလလံေခါေစ်း ေပးလိုက္သူမွာ သီနိုမိသားစုျဖစ္သည္။ သူတို႔တြင္ ေငြအေတာ္ေလး ရွိေသာ္လည္း ၃ဘီလီယံသာ တိုးေခၚလိုက္ျခင္းသည္။ ဒါကို ၾကည့္ျခင္းအားျဖင့္ သလင္းေက်ာက္ေတြက လြယ္လြယ္ရွာလို႔ရတာမဟုတ္မွန္း (ေငြရွာမလြယ္မွန္း) ျမင္သာသည္။ သီနိုမိသားစုက ကနီးဦး ေစ်းေခၚလိုက္သည္ႏွင့္ အျခားသူမ်ားက ေနာက္က လိုက္လာၾကမည္မွာ သဘာဝပဲျဖစ္သည္၊ ထို႔အတြက္ေၾကာင့္ ေနာက္ထပ္ အသံေတြ ထပ္ထြက္လာခဲ့သည္။
"၅၅ ဘီလီယံ။"
"၆၀ ဘီလီယံ။"
.....
"100 ဘီလီယံ"
ဘီလီယံ ၄၀ ခုန္တက္သြားတာက အထင္ႀကီးေလာက္စရာေပ။ ေလလံေခၚလိုက္သူကေတာ့ ေကာင္းကင္ဘုံမွ မင္းသား သီထ်န္းရွန္ျဖစ္သည္။ ဒီလို တို႔စိတို႔စိ ေလလံေခၚေနသည္က သူ႔ကို သည္းခံနိုင္စြမ္း ေပ်ာက္ဆုံးသြားေစခဲ့သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္ဆုံး ဒီဂဏာန္းကို ေရာက္လာမွာပဲေလ။ သူက တိုက္ရိုက္ပဲ ေစ်းျမႇင့္ေခၚလိုက္ၿပီး ေမာ့ေဖးဟန္အား ေလွာင္ၾကည့္ ၾကည့္လိုက္သည္။ တစ္ဖက္သူက သူ႔ကို ရက္ရက္ေရာေရာ အၾကည့္ခံေနလိုက္ၿပီး ေလလံေတာ့ ဝင္မဆြဲေသးေပ။
သူက ဘာမွ မလွုပ္တာကိုျမင္ေတာ့ သီထ်န္းရွန္၏မ်က္ႏွာက မည္းေမွာင္သြားေတာ့သည္။ ေမာ့ေဖးဟန္ ဘာေတြ အကြက္ေရႊ႕ေနလည္း သူ မသိနိုင္ျဖစ္ေန၏။
"၂၀၀ ဘီလီယံ" ဟူေသာ အသံသည္ သီထ်န္းရွန္ထက္ပင္ ပိုေမာက္မာေနေသးသည္။
အားလုံးက ေမၽွာ္ၾကည့္လိုက္ေတာ့ ဒုတိယထပ္ရွိ VIP ထိုင္ခုံ ျပတင္းေပါက္တြင္ ရပ္ေနေသာ လူငယ္တစ္ေယာက္ကို ေတြ႕လိုက္ရသည္။ လူငယ္ေလးက သူ႔သြားစြယ္မ်ား ရွင္းေနေအာင္ ေပၚသည္အထိ ေပ်ာ္ရႊင္ေနေသာ အမူအယာျဖင့္ ေလာ့ရိန္ႏွင့္ အျခားသူႏွစ္ေယာက္ကို လက္ေဝွ႕ယမ္းျပေနသည္။
သီထ်န္းရွန္က ေမာ့ေဖးဟန္အား ဆက္ၿပီး ေလွာင္ဖို႔ ဂ႐ုမစိုက္အားေတာ့ေပ။ သူက ထို ကုန္ေခ်ာတစ္ပိုင္း မူလမီးဝိညာဥ္ကို ရေအာင္ယူဖို႔ စိတ္ပိုင္းျဖတ္ၿပီး ျဖစ္သည္။ သူက မီးပုံစံ က်င့္ႀကံသူတစ္ဦးျဖစ္သည့္အတြက္ သူက မူလမီးဝိညာဥ္ကို ရကို ရမွ ျဖစ္မည္၊ ထိုပစၥည္းက ကုန္ေခ်ာတစ္ပိုင္းပဲ ျဖစ္ေနရင္ေတာင္မွေပါ့။ ၿပိဳင္ဘက္က ငရဲမင္းႀကီး၏ အခ်စ္ကေလးျဖစ္ေနလ်င္ေတာင္မွ ေကာင္းကင္ဘုံ၏ သားေတာ္၏ မာနက သူ႔ကို အျခားသူမ်ား ေက်ာသြားျခင္းအား ခြင့္မျပဳနိုင္ေပ။
"၃၅၀ ဘီလီယံ!"
20240419; 2133
Stay tuned for the next chapter:
Chapter 231. Cut Down a Bit
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————