အပိုင်း ၂၂၉။ မင်းက ဘယ်သူမှမဟုတ်တဲ့သူထက်ကို ပိုဆိုးတယ်
'လော့ရိန်က တကယ့် ပါးစပ်ပုပ်ကြီးနဲ့ကောင်!'
လူတစ်အုပ်က လှည့်ကြည့်လိုက်ချိန်မှာတော့ မေးကို ချီနေပြီး ကြက်ဖတစ်ကောင်လိုမျိုး အလွန့်အလွန် မောက်မာနေသည့် ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးကို မြင်လိုက်ကြရသည်။ အဲ့တာက နောက်ဆုံးလေလံပွဲတုန်းက မြေကမ္ဘာဆေးရည်အတွက် ဖုန့်ရှီနဲ့ အတိုက်အခံဖြစ်ခဲ့တဲ့ အနွယ်တော် အမျိုးသမီးမဟုတ်ဘူးလား? ဒါကိုမြင်လိုက်ရတော့ ဖုန့်ရှီ၊ ကျုံးဝူချင်းနှင့် ဟွမ်ရဲတို့က လော့ရိန်ကို စိတ်ထဲကနေ ချက်ချင်းပဲ ကျိန်ဆဲလိုက်တော့သည်။
သူတို့က ဒီသူ့အကြောင်း ပြောနေရုံရှိသေး သူမက မကြာမတင်မှာကို ပေါ်လာတော့တာပဲ၊ 'ပါးစပ်ထဲက မကောင်းဆိုးဝါးထွက်လာတယ်' ဆိုတဲ့ဆိုရိုးက လော့ရိန်ပါးစပ်ပေါက်ကို ညွှန်းဖို့အတွက် နည်းတောင်နည်းနေသေးတယ်၊ တကယ်ကို ပါးစပ်ပုပ်နဲ့ကောင်။
ဒါပေမဲ့ ဂုဏ်သရေရှိအမျိုးသမီးက ဒီတစ်ကြိမ်မှာတော့ သူမ တစ်ယောက်တည်း တက်ရောက်လာခြင်းမဟုတ်ပေ။ သူမက ရှုသိုးသိုးရုပ် ရှိသည့် ယောက်ျားတစ်ယောက်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး မောက်မာစွာ ဝင်လာခဲ့ခြင်းဖြစ်သည်။ သူမပုံ ကြည့်ရသည်မှာ ထွက်ပြေးလွတ်မြောက်နေသည့် ရာဇဝတ်ကောင်ကို နောက်ဆုံးတော့ ဖမ်းမိသွားသည့်အလား အလွန်အမင်း ကျေနပ်နေပုံရသည်။
ကျောထောက်နောက်ခံနှင့်ဆိုတော့ သူမက အရင်အခေါက်ကထက် ကွဲပြားနေပုံရသည်။ ထို့အပြင် ထိုကျောထောက်နောက်ခံက နတ်ဘုရားကိုးပါးထဲမှ တစ်ပါးဖြစ်သော ကြီးမြတ်သော ကောင်းကင်ဘုံနတ်ဘုရား ယင်းဖုန်းဖြစ်ပြီး အမှန်တကယ်ကို အားကိုးအားထား ပြုလောက်ဖွယ်သူတစ်ဦးဖြစ်သည်။ ကံဆိုးသည်က ဒီနေ့တွင် သူမက သူမ၏ အားကိုးအားထားရသူထက် ပိုပြီး သန်မာအားကြီးသည့် သံပြားကြီးကို သူမ ခေါင်းတိုက်မိသွဦးသည့်ကံ ပါနေခြင်းပဲ ဖြစ်သည်။
ပွဲကြီးပွဲကောင်း နောက်တစ်ပွဲ ကြည့်ရတော့မည်ကို သတိပြုမိသွားကြသည့်အတွက် ပြန့်ကျဲနေသည့်လူများက သူတို့ပတ်လည်တွင် စုရုံးလာကြသည်.ပွဲကြည့်သူအတော်များများက ယင်းဖုန်းကို သိနေကြသူများဖြစ်ပြီး ထိုအထဲမှ အနည်းစုကသာ ယင်းဖုန်းနှင့် အတိုက်အခံဘက်ကသူက ငရဲမင်းကြီးနှင့် ဘုရင်မတို့ဖြစ်မှန်း သိကြသည်။
ဂုဏ်သရေရှိအမျိုးသမီးအမည်က ဩိန်ရို့ဖြစ်ပြီး သူမက ဩဇာတိက္ကမကြီးသောမိသားစုမှ သမီးဖြစ်ပြီး ယင်းဖုန်း၏ မောင်းမဆောင်မှ ကိုယ်လုပ်တော်တစ်ဦးလည်း ဖြစ်သည်။
(MM T/N: နာမည်ကို Google Translate မှ အသံထွက်ပြထားသော chinese အသံအား အနီးစပ်ဆုံး အသံထွက်အား ပေါင်းထားခြင်းဖြစ်ပြီး တရုတ်လို မတတ်သဖြင့် အမှားအယွင်းရှိခဲ့ပါက ဖြည့်စွက်နားလည်ပေးပါရှင်)
မကြာသေးမီက သူမသည် လေလံပွဲတွင် ဖြစ်ပျက်ခဲ့သည်များထဲမှ အမှန်တရားကို ချန်လှပ်ကာ ယင်းဖုန်းအား အိပ်ယာထက်တွက် နားတော် သွင်းနေခဲ့သည်။ သူမက ယင်းဖုန်းနာမည်ကို ထုတ်သုံးတော့ ဖုန့်ရှီနှင့် ငရဲမင်းကြီးက ယင်းဖုန်းကို ရှုံံချပြီး စော်ကားသောစကားများ ပြောခဲ့သည်ဟုတောင် သူမက ပြောခဲ့ပြီး အမျက်ဒေါသ ဆွနေခဲ့သည်။ ရလဒ်အနေနှင့် သူမစကားတို့ကြောင့် ယင်းဖုန်းက သူမ မျှော်လင့်ထားသည့်အတိုင်း အတိအကျကို အမျက်ချောင်းချောင်းထွက်သွားရကာ နောက်တစ်ကြိမ် နတ်ဘုရားကိုးပါးမြို့တော်တွင် သူတို့တွေနှင့် ထပ်တွေ့ပါက သူတို့ကို သေချာပေါက် ပြန်ပေးဆပ်အောင် လုပ်ပေးမည်ဟု သူက ကတိပေးခဲ့သည်။
နောက်ဆက်တွဲအနေနှင့် ဩိန်းရို့နှင့် ယင်းဖုန်းတို့က သိပ်မကြာခင်မှာပဲ သူတို့နှင့် နတ်ဘုရားကိုးပါးမြို့တော်တွင် ဆုံတွေ့မိကြလေသည်။
ယင်းဖုန်းက ဩိန်ရို့ပြောသည့်သူနှစ်ဦးက သူတို့တွေမှန်း မသိသလို သူ့ညာလက်ရုံးသုံးယောက်ကို သတ်ပစ်ခဲ့သူက ငရဲမင်းကြီးမှန်းလည်း သူ မသိခဲ့ပေ။ ထိုသူသုံးယောက်တို့သာ အသက်ရှင်နေဦးမည်ဆိုလျင်တော့ သူတို့က ယင်းဖုန်းကို အမှန်တရား ပြောပြနိုင်မည်ဖြစ်သည်။ ဒါပေမဲ့ ကံဆိုးစွာနှင့်ပဲ သူတို့တွေက အစောကြီး သေသွားခဲ့ကြသည်။
ယင်းဖုန်းက သူ့အနေနဲ့ ငရဲမင်းကြီးကို မစော်ကားနိုင်မှန်း သိသည်။
သူ့ထိုင်ခုံက VIP နေရာမှာပဲမို့ သူတို့နှင့် တစ်လမ်းတည်းပဲ လျှောက်သွားလိုက်သည်။ ဒါပေမဲ့ သူ မမျှော်လင့်ထားခဲ့တာကတော့ ငရဲမင်းကြီးတို့အနား ရောက်တာနဲ့တပြိုင်နက်တည်း သူ့ဘေးနားက မောင်းမက စူးစူးရဲရဲ ထအော်လိမ့်မယ်ဟူ၍ပင်။
"အချစ်၊ ရှင်မ နောက်ဆုံးအကြိမ်တုန်းက ပြောခဲ့ဖူးတဲ့ ရှင်မကို အနိုင်ကျင့်တယ်ဆိုတဲ့သူ အဲ့သူပဲ၊ ရှင်မအတွက် ရပ်တည်ပေးရမယ်နော်" သူမက ဖုန့်ရှီ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်သည်နှင့် ဩိန်ရို့က သူ့ဘေးမှ ယင်းဖုန်းကို တိုင်တန်းလိုက်သည်။ သူမက ဖုန့်ရှီကိုကြည့်လိုက်ချိန်တွင် သူမ၏ လှပသောမျက်လုံးများက အမျက်ဒေါသတွေအပြည့်နှင့်ပင်။
အတိတ်တုန်းကဆိုလျင်တော့ သူမက ကိုယ်လုပ်တော်တစ်ယောက်ပဲဆိုရင်တောင်မှ သူမကို အနိုင်ကျင့်တဲ့သူ ဘယ်သူ့ကိုမဆို ယင်ဖုန်းက လုံးဝ ညင်သာပေးမည်မဟုတ်ပေ။ ဒါပေမဲ့ သူမကို ယင်းဖုန်း ကတိပေးခဲ့တုန်းက သူ့ကိုယ်လုပ်တော် ပြောနေတဲ့သူက အဲ့ဒီ့မိစ္ဆာလေးနဲ့ ငရဲမင်းကြီးတို့ဖြစ်နေမယ်လို့ သူ လုံးဝ တွေးမထားမိခဲ့ချေ။ သူ့ကိုယ်လုပ်တော်က သူ့ကို ပြန်ပြောခဲ့တာတွေက ပိုပိုသာသာ ပြောခဲ့တာမှန်း သူသိပေမဲ့ အဲ့ဒီ့အချိန်တုန်းက သူထင်ခဲ့တာက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ သူ အာဏာမလွှမ်းနိုင်တဲ့သူ ဘယ်သူမှ မရှိဘူးဟူ၍ပင်၊ ထို့ကြောင့်လည်း သူက နှစ်ခါတောင် စဉ်းစားမနေတော့ဘဲ ကတိပေးခဲ့ခြင်းဖြစ်သည်။
ဖုန့်ရှီက မျက်မှောင်ကြုတ်နေသော ယင်းဖုန်းအား ဝမ်းသာအားရ ကြည့်လိုက်သည်၊ ထို့နောက် သူက လှည့်လိုက်ပြီး ပုခုံးတွန့်လိုက်ကာ ငရဲမင်းကြီးကို ပြောလိုက်သည်၊ "ခေါင်းဆောင်၊ Tom, Dick နဲ့ Harry ကိုသိလား?"
(MM T/N: Tom, Dick an Harry ဆိုတဲ့အဓိပ္ပါယ်က ဘယ်သူ့မဆို/ တစ်ယောက်ယောက် လို့ အဓိပ္ပါယ်ရပါတယ်)
ငရဲမင်းကြီးက ပူးပေါင်းကာ ပြန်ဖြေလိုက်သည်၊ "အဲ့တာ ဘာတွေလဲ? မသိဘူး"
ဖုန့်ရှီက ချက်ချင်းပဲ အထိတ်တလန့်ဖြစ်သွားပြိး၊ "ဒါပေမဲ့ ဘာဖြစ်လို့ အခုလေးတင် ကျွန်တော်က ဘယ်သူမှမရှိဘဲ အော်သံကြားလိုက်ရတာလဲ? ကျွန်တော်က အသက်ကြီးလာလို့ ထင်ယောင်ထင်မှား ဖြစ်လာတာများလား?"
ကျုံးဝူချင်းနှင့် ဟွမ်ရဲ၏ နှုတ်ခမ်းတို့က ရယ်မြူးစိတ်ဖြင့် တွန့်တက်သွားကြတော့သည်။
ငရဲမင်းကြီးက ယင်းဖုန်းနှင့် သူ့ကိုယ်လုပ်တော်ကို အေးစက်စက်တစ်ချက်ကြည့်လိုက်ကာ၊ "ရှောင်ရှီ၊ မှားကြားတာမဟုတ်ပါဘူး။ တကယ်ပဲ အခုလေးတင် ဘယ်သူမှမဟုတ်တဲ့တစ်ယောက်က အော်လိုက်တာပါ။"
"ဘယ်သူကို နင်က ဘယ်သူမှမဟုတ်တဲ့သူလို့ ပြောနေတာလဲ? ဟမ်၊ တကယ်ပဲ နင်ပဲကိုး၊ ပြီးတော့ နင်၊ နင်ကလည်း အဲ့အချိန်တုန်းက သူ့ဘေးနား ရှိနေခဲ့တဲ့သူပဲ၊ ဟုတ်တယ်မှတ်လား? နင်တို့တွေ မျက်နှာတွေ ပြောင်းလိုက်ရုံနဲ့ ငါက နင်တို့တွေကို မမှတ်မိနိုင်တော့ဘူးလို့ ထင်နေတာလား!" သူတို့နှစ်ယောက်က သူမကို သူမရှေ့မှောက်မှာပဲ ဘယ်သူမှမဟုတ်တဲ့သူလို့ ပြောဝံ့လိမ့်မယ်ဟု ဩိန်းရို့ မမျှော်လင့်ထားခဲ့ပေ။ ဒါပေမဲ့ သူတို့တွေက အရင်တုန်းက မျက်နှာတွေ ရုပ်ဖျက်ထားခဲ့မှန်း သူမ လုံးဝ သတိမပြုမိခဲ့ပေ၊ ဒါပေမဲ့ ကံကောင်းစွာနှင့်ပဲ သူတို့ကို သူမ မှတ်မိနေဆဲဖြစ်သည်။
အခြားတစ်ဖက်တွင်တော့ ယင်းဖုန်းက သူမပြောလိုက်တာကို ကြားလိုက်သည်နှင့် ချက်ချင်းပဲ အတွေးထဲ နစ်မြောသွားသည့်ပုံ ပေါက်သွားသည်။
"တောင်းပန်ပါတယ်၊ ငါ့အမှားပါ။ ငါက မင်းကို ဘယ်သူမှမဟုတ်တဲ့သူလို့ မပြောသင့်ပါဘူး။" ဖုန့်ရှီက စိတ်ရင်းဖြင့် တောင်းပန်လိုက်သည်။ ကျုံးဝူချင်းနှင့် ဟွမ်ရဲတို့က သူ့ကို စရိုက်ပြောင်းသွားပါလားဟု တွေးနေစဉ်မှာပဲ ဖုန့်ရှီက ဖြည့်စွက်လိုက်သည်၊ "တကယ်တော့၊ မင်းက ဘယ်သူမှမဟုတ်တဲ့သူတစ်ယောက်လောက်တောင် မကောင်းဘူးလေ။ ငါ ဘယ်လိုတွေ အမှားလုပ်မိရတာလဲ! မင်းကို ဘယ်လိုဖြစ်ပြီးများ ဘယ်သူမှမဟုတ်တဲ့သူနဲ့ ငါက နှိုင်းယှဉ်နိုင်ရတာလဲ!"
ကျုံးဝူချင်းနှင့် ဟွမ်ရဲတို့ ဆွံအသွားကြပြန်တော့သည်။
'ဒီကောင်က တကယ့်ကို ထောက်ထားညှာတာမှု မဲ့တဲ့ကောင်၊ အနည်းဆုံးတော့ သူမက မျိုးရိုးမြင့် မင်းမျိုးမင်းနွယ်ထဲကပဲလေ၊ အဲ့လိုသူကို သူ့ပါးစပ်ကနေ ဘယ်သူမှမဟုတ်တဲ့သူထက်ပိုဆိုးတဲ့သူလို့ ရုတ်တရက်ကြီး ပြောချထည့်လိုက်တယ်'
"အရှင်မင်းကြီး၊ ဒီ ရောက်နေမှန်း ကျွန်တော်မျိုး မသိထားမိဘူး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ နားလည်မှုလွဲတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်၊ ကျွန်တော်မျိုးရဲ့ ကိုယ်လုပ်တော်က ဒီရက်ပိုင်း နည်းနည်းလေး စိတ်လွတ်နေခဲ့တာ၊ သူစိမ်းတွေတွေ့တိုင်း ဒီလိုပဲ ဖြစ်လာတယ်။ ပထမတော့ ကျွန်တော်မျိုးက သူမကို စိတ်အပမ်းပြေအောင်ဆိုပြီး လေလံပွဲကို ခေါ်လာချင်ခဲ့တာ၊ ဒါပေမဲ့ သူမက ပြီးခဲ့တဲ့ရက်တွေတုန်းကအတိုင်းပဲ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်မျိုး ထင်မထားခဲ့ဘူး။ အရှင်မင်းကြီးကို အနှောင့်အယှက်ပြုမိတဲ့အတွက် ကျွန်တော်မျိုး တကယ်ကို တောင်းပန်ပါတယ်။ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို မဖြစ်ခဲ့ဘူးလို့ ထားပေးမယ်လို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ်၊ သူမကို ကျွန်တော်မျိုး သူမကို အခုပဲ ပြန်ပို့လိုက်ပါတော့မယ်။"
ဒီလိုအခြေအနေမျိုးမှာ ယင်းဖုန်းက အကျယ်အကျယ် မဖြစ်လိုပေ။ ထိုသို့မဟုတ်ပါက 'မြေခွေးအိုကြီး' ဖုန်းယွင်ရဲ့ ပါးနပ်မှုနဲ့ဆို ကိစ္စတွေက ပိုလိုတောင် သူ့ကို အရှက်ရဖွယ် ဖြစ်လာလိမ့်မည်၊ ထို့အတွက်ကြောင့် သူ အရင်ဆုံး သည်းခံဖို့ လိုသည်။ ထို့အပြင် သူ သေချာလေး စဉ်းစားဖို့အရာအချို့လည်း ရှိနေသေးသည်။
ယင်းဖုန်းက ထိုသို့ အမြီးကုပ်သွားတာကို မြင်တော့ လူတွေ အတော်များများက အံ့အားသင့်သွားကြသည်၊ အထူးသဖြင့် လှပသောမျက်နှာထက် ကြောက်လန့်မှုတစ်စွန်းတစ်စ ပေါ်လာသည့် ဩိန်းရို့ဖြစ်သည်။
ငရဲမင်းကြီးက ဘယ်သူဆိုတာကို မသိကြသည့်သူတွေ၊ ဩိန်းရို့၏ ကံဆိုးမှုကို ကြည့်ရတာ သဘောကျနေသည့်သူတွေ၏ အမူအယာတွေကတော့လည်း ရုတ်တရက် အရမ်းကို စိတ်ဝင်စားစရာ ကောင်းသွားကြသည်။ သူတို့တွေက လွန်ခဲ့သည့်နှစ်နာရီတုန်းက အရှေ့ပိုင်းရိပ်သာတွင် ဘာဖြစ်ခဲ့သလဲဆိုတာကို ကြားထားကြပြီးဖြစ်သော်လည်း အချို့ကတော့ ငရဲမင်းကြီးကို တခါမှ မမြင်ဖူးကြသည့်အတွက် သူ့ကို မမှတ်မိကြချေ။
ယင်းဖုန်းက ပြောပြီးသွားသည်နှင့် တစ်ယောက်ယောက်အား ဩိန်းရို့ကို ပြန်ပို့ခိုင်းလိုက်တော့သည်။ ဒီဖြစ်ရပ် ဖြစ်သွားပြီးနောက် အနှီ လူ့ဂုဏ်ထံအမျိုးသမီးက လူကြားထဲ နောက်တစ်ကြိမ် ထပ်ပြီး ထွက်ပေါ်လာခွင့် ရှိတော့မည်မဟုတ်တော့ပေ။
သည်ဇာတ်ကွက်လေး တစ်ဖြတ်က ဖုန့်ရှီနှင့် အခြားသူတို့ကြား ပြောစရာခေါင်းစဉ်တစ်ခု မဖြစ်လာခဲ့ပေ။ ကျုံးဝူချင်းနှင့် ဟွမ်ရဲတို့က သူတို့ကို VIP ခုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် လေလံပွဲစဖို့ အချိန်သိပ်မကျန်တော့သည့်အတွက် သူတို့ကို ထားခဲ့ကာ အခန်းထဲမှ ထွက်ခွါသွားကြသည်။
VIP ထိုင်ခုံသည် အခြားသူများ၏ ချောင်းကြည့်ခံရခြင်းမှ တားဆီးနိုင်သည့် တစ်သီးတစ်သန့်အခန်းတစ်ခုနှင့် တူသည်။
ဖုန့်ရှီနှင့် ငရဲမင်းကြီးတို့၏အခန်းသည် ဒုတိယထပ်တွင် ရှိပြီး လေလံစင်မြင့်နှင့် အလွန် နီးကပ်သည်။ သူတို့၏အခန်းမှနေ၍ လေလံစင်မြင်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ၎င်းသည် ကွင်းတစ်ခုလုံးတွင် အကောင်းတကာ့အကောင်းဆုံးအခန်းတစ်ခန်းဖြစ်သည်။ ဖုန့်ယွင်က ဒီအခန်းကို သူတို့အား အစကတည်းကနေ ပေးထားခဲ့ခြင်းဖြစ်သည်။ အခြားသူများက ဤအခန်းအား လိုချင်မျက်စိကျနေလျင်တောင်မှ အခန်းပိုင်ရှင်က ငရဲမင်းကြီးဟု သိလိုက်သည်နှင့် လက်မြှောက်အရှုံးပေး စွန့်လွှတ်လိုက်ကြတော့သည်။
မနေ့တုန်းက ဖုန့်ရှီက မီးအရင်းမြစ်ကို သန့်စင်ခဲ့ခြင်းကြောင့် သူ အနည်းငယ် အိပ်ချင်နေသည်။ အခန်းထဲသို့ ရောက်သည်နှင့် သူက ငရဲမင်းကြီး၏ရင်ခွင်ထဲ အသိုက်ဖွဲ့လိုက်ကာ ကြောင်လေးတစ်ကောင်လိုမျိုး တိုးဝင် မှေးစက်လိုက်လေတော့သည်။
အပြင်ဘက်ရှိ လူအုပ်ကြီးသည် ကုန်စိမ်းစျေးတွင် ရောက်နေသကဲ့သို့ ဆူညံနေသေးသော်လည်း အဆိုပါ VIP ခန်းများသည် ဆူညံသံများမှ အကာအကွယ်ပေးနိုင်သော အသံလုံပစ္စည်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အခန်းအတွင်းမှအသံများကိုလည်း ပြင်ပသို့ ထွက်မသွားအောင် တားဆီးနိုင်သည်။ နတ်နွယ်ထောက်လှမ်းရေးပစ္စည်းဖြင့် ခိုးနားစွင့်လျင်တောင်မှ အကာအကွယ်ပစ္စည်းများ၏ ပြန်တွန်းကန်ခြင်းကို ခံလိုက်ရမည်ဖြစ်သည်။ အဆိုးဆုံးကတော့ နတ်နွယ်ထောက်လှမ်းခြင်း၏ ဝါးမြိုသွားခြင်းကို ခံသွားရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ကိုယ်သူတို့ မယိမ်းယိုင်သော ယုံကြည်မှုမျိုး ရှိမနေသ၍ လူသာမာန်များက VIP ခန်းများနား အလွယ်တကူ လာရောက်စူးစမ်းဝံ့ကြမည်မဟုတ်ပေ။
အခန်းထဲသို့ အပြင်ကနေ တစ်ယောက်ယောက်က တံခါးဖွင့်မလာခင်တွင် ကွင်းက ခဏ တိတ်ဆိတ်သွားသည်။
စာအုပ်နတ်ဘုရား၊ ကံဆိုးမှုနတ်ဘုရား၊ အမွေးမဲ့ကြက်နှင့် ကောင်းကင်ဖြိုဖျက်သားရဲတို့က တံခါးအပြင်ဘက်တွင် ရောက်နေကြလေပြီ။ ရှေ့မှနှစ်ဦးသားက (စာအုပ်နတ်ဘုရားနှင့် ကံဆိုးမှုနတ်ဘုရား) သူတို့ပါးစပ်ကို ပြဲနေအောင် ဟလိုက်ကာ အကျယ်ကြီးအော်ခေါ်တော့မည့်အချိန်တွင်ပဲ စူးရှသည့်အကြည့်တစ်စုံက သူတို့ပေါ်သို့ ဖြတ်ပြေးသွားခြင်းကြောင့် နှလုံးခုန်ရပ်သွားတော့မတတ် သူတို့ ထိတ်လန့်သွားကြလေတော့သည်။
ဤမျှပြင်းထန်သောအကြည့်မျိုးဖြင့် ကြည့်သော ငရဲမင်းကြီးကို တွေ့ရခဲသည်၊ စာအုပ်နတ်ဘုရားနှင့် ကံဆိုးမှုနတ်ဘုရားတို့က အပြစ်လုပ်မိထားသည့်ကလေးလေးတွေလိုမျိုး အခန်းအတွင်းသို့ သတိကြီးကြီးဖြင့် ဝင်လာခဲ့ပြီး သူတို့အနောက်ကနေ ပါးနပ်စွာဖြင့် ဘာသံမှမပြုရဲသည့် အမွှေးမဲ့ကြက်နှင့် ကောင်းကင်ဖြိုဖျက်သားရဲတို့က လိုက်ဝင်လာကြသည်။ အင်အားကြီးတွေ စုဝေးနေသည့် ဤသို့သော လေလံပွဲတွင် သခင်လေးတောင် လာတက်မှတော့ ငရဲမင်းကြီးက သူလိုက်မလာဘဲ (ငရဲမင်းကြီးလိုက်မလာဘဲ) သူတို့ကိုချည်း ဒီကို လွှတ်ပါမတဲ့လား? အဲ့ဒီ့ငတုံး စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရား နှစ်ကောင်ကသာ ဒါကို မတွေးမိတာ။
ငရဲမင်းကြီး၏ ရင်ခွင်ထဲတွင် အိပ်မောကျနေသော သခင်လေးအား တွေ့လိုက်သည်နှင့် ငရဲမင်းကြီးက သူတို့ကို ဘာ့ကြောင့် ပြင်းပြင်းထန်ထန် စိုက်ကြည့်ရသလဲဆိုတာကို သူတို့ သိသွားကြသည်။
မျှော်လင့်ထားသည့်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေသော သခင်ငယ်လေးကို မြင်တွေ့ရသည်မှာ ကြည်နူးစရာပင်။ သခင်ငယ်လေးနဲ့ မတွေ့ရတာ အတော့်ကို ကြာလှပြီ။ သူတို့ ပြန်တွေ့ရတော့ သခင်ငယ်လေးက ချွေးတွေနှင့် အိပ်မောကျနေလေပြီ။ သူတို့လေးယောက်သား သခင်လေးကို ပိုပိုပြီး မလွမ်းဘဲ မထိန်းနိုင်တော့သလို သခင်ငယ်လေးဘေး နေရတာ ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းကြောင်း ခံစားလိုက်ရသည်။ ဒီရက်ပိုင်း သူတို့တွေ မြစိမ်းရောင်နဂါးတောင်တန်းတွေတွင် အရှင်ကာလွမ်သလာနှင့်အတူ ကူလီအဖြစ် လုပ်နေခဲ့ကြရသည်။ ထို့ကြောင့် သူတို့ သခင်ငယ်လေးနှင့် နေထိုင်ခဲ့ရသော ရဿပေါင်းစုံပေးသည့် ပျော်စရာအတိတ်ကာလတွေကို ပိုပြီး သဘောကျနေမိခြင်းကို တားဆီးမရနိုင် ဖြစ်နေကြတော့သည်။
VIP ဧရိယာတွင် တိတ်ဆိတ်ငြိမ်သက်သော အငွေ့အသက်များ ရှိနေဆဲဖြစ်သည်။
ခဏကြာတော့ လေလံပွဲက နောက်ဆုံးတော့ စတင်လေပြီ။ မူလက ဆူညံနေသည့်အသံတို့က ရုတ်ချည်း တိတ်ကျသွားတော့သည်။ လူတိုင်းက တောက်ပသောမျက်လုံးများဖြင့် လေလံစင်မြင့်သို့ ကြည့်နေကြသည်။ လူအများစုက ပွဲတွင် လေလံပစ္စည်းများကို လေလံဝင်မဆွဲနိုင်ကြသော်လည်း ဒီလိုမျိုး ခမ်းနားသည့်လေလံပွဲကို ကြည့်ရခြင်းကလည်း အရှုံးမရှိဘူးလေ။ ပိုပြီး ထူးခြားတာက ကုန်ချောတစ်ပိုင်း မူလမီးဝိညာဉ်ရော နွေဦးနှလုံးသားရော ပေါ်လာခဲ့ခြင်းက လေလံလိုက်သူတွေကြား ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တော့မှာဖြစ်ပြီး လေလံအပြိုင်အဆိုင်ဆွဲနေကြတာက ပိုမိုက်ပြီး ပိုစိတ်ဝင်စားဖွယ်ဖြစ်မှာပင်။
လေလံပွဲစတင်လိုက်သည်ကို မြင်လိုက်ရသဖြင့် စာအုပ်နတ်ဘုရားနှင့် အခြားသူများက ငရဲမင်းကြီးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
'အရှင်မင်းကြီးက သခင်လေးကို မနှိုးသေးဘူးလား?'
သူတို့တွေ ဇဝေဇဝါ ဖြစ်နေစဉ်မှာပဲ ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ကြသည်။
စာအုပ်နတ်ဘုရားက ငရဲမင်းကြီးထံမှ မျက်လုံးဖြင့် အချက်ပြချက်ကို လက်ခံရရှိလိုက်သည်နှင့် ချက်ချင်းပဲ စိတ်အားထက်သန်စွာဖြင့် တံခါး ပြေးဖွင့်လိုက်သည်၊ သူတို့တွေ မသိသော အနက်ရောင်ပုံရိပ်တစ်ခုက လှမ်းဝင်လာ၏။
အနက်ရောင်အရိပ်မှာ မော့ဖေးဟန်ဖြစ်သည်။ စောနတုန်းက အရှေ့ပိုင်းရိပ်သာတွင် ဖုန့်ရှီက သူ့ကို တည့်တိုးမပြောခဲ့ခြင်းကြောင့် သူက သူတို့တွေ သီးသန့်စကာပြောဖို့လိုမည်ဟု မှန်းဆမိသည့်အတွက် လေလံပွဲစတင်သည်နှင့် သူတို့ကို လာရှာခြင်းဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ခုချိန် ပြနေတာတွေထဲမှာ သူလိုချင်သည့်ပစ္စည်းမှ မပါဘဲလေ။ သူ၏ မူလပန်းတိုင်က နွေဦးနှလုံးသားကိုသာ ဖြစ်သည်။
စာအုပ်နတ်ဘုရားနှင့် အခြားသူများက မိုဖေးဟန်က ငရဲမင်းကြီးအား တရိုတသေ ဦးညွှတ်ခစားလိုက်တာကိုမြင်တော့ သူတို့တွေ အချင်းချင်း သိကြသည်ဟု သဘောပေါက်သွားကြသည်။ သူက အခု ဒီအချိန်မှ ရောက်ချလာခဲ့တာဆိုတော့ ငရဲမင်းကြီးနှင့် သခင်ငယ်လေးအား လျို့ဝှက်ဆွေးနွေးစရာတချို့ ရှိ၍ ဖြစ်ရမည်။ ထို့အတွက်ကြောင့် သူတို့တွေက ချက်ချင်းပဲ သူတို့နားများအား ပိတ်လိုက်ကာ အခန်းထောင့်စွန်းတွင် ကျုံ့ကျုံ့လေးတွေထိုင်၍ လေလံပွဲအား ကြည့်နေလိုက်ကြတော့သည်။
20240418; 2110
Stay tuned for the next chapter:
Chapter 230. The Auction Began
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————
အပိုင္း ၂၂၉။ မင္းက ဘယ္သူမွမဟုတ္တဲ့သူထက္ကို ပိုဆိုးတယ္
'ေလာ့ရိန္က တကယ့္ ပါးစပ္ပုပ္ႀကီးနဲ႔ေကာင္!'
လူတစ္အုပ္က လွည့္ၾကည့္လိုက္ခ်ိန္မွာေတာ့ ေမးကို ခ်ီေနၿပီး ၾကက္ဖတစ္ေကာင္လိုမ်ိဳး အလြန့္အလြန္ ေမာက္မာေနသည့္ ဂုဏ္သေရရွိအမ်ိဳးသမီးတစ္ဦးကို ျမင္လိုက္ၾကရသည္။ အဲ့တာက ေနာက္ဆုံးေလလံပြဲတုန္းက ေျမကမၻာေဆးရည္အတြက္ ဖုန႔္ရွီနဲ႔ အတိုက္အခံျဖစ္ခဲ့တဲ့ အႏြယ္ေတာ္ အမ်ိဳးသမီးမဟုတ္ဘူးလား? ဒါကိုျမင္လိုက္ရေတာ့ ဖုန့္ရွီ၊ က်ဳံးဝူခ်င္းႏွင့္ ဟြမ္ရဲတို႔က ေလာ့ရိန္ကို စိတ္ထဲကေန ခ်က္ခ်င္းပဲ က်ိန္ဆဲလိုက္ေတာ့သည္။
သူတို႔က ဒီသူ႔အေၾကာင္း ေျပာေန႐ုံရွိေသး သူမက မၾကာမတင္မွာကို ေပၚလာေတာ့တာပဲ၊ 'ပါးစပ္ထဲက မေကာင္းဆိုးဝါးထြက္လာတယ္' ဆိုတဲ့ဆိုရိုးက ေလာ့ရိန္ပါးစပ္ေပါက္ကို ညႊန္းဖို႔အတြက္ နည္းေတာင္နည္းေနေသးတယ္၊ တကယ္ကို ပါးစပ္ပုပ္နဲ႔ေကာင္။
ဒါေပမဲ့ ဂုဏ္သေရရွိအမ်ိဳးသမီးက ဒီတစ္ႀကိမ္မွာေတာ့ သူမ တစ္ေယာက္တည္း တက္ေရာက္လာျခင္းမဟုတ္ေပ။ သူမက ရွုသိုးသိုး႐ုပ္ ရွိသည့္ ေယာက္်ားတစ္ေယာက္ကို တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္ထားၿပီး ေမာက္မာစြာ ဝင္လာခဲ့ျခင္းျဖစ္သည္။ သူမပုံ ၾကည့္ရသည္မွာ ထြက္ေျပးလြတ္ေျမာက္ေနသည့္ ရာဇဝတ္ေကာင္ကို ေနာက္ဆုံးေတာ့ ဖမ္းမိသြားသည့္အလား အလြန္အမင္း ေက်နပ္ေနပုံရသည္။
ေက်ာေထာက္ေနာက္ခံႏွင့္ဆိုေတာ့ သူမက အရင္အေခါက္ကထက္ ကြဲျပားေနပုံရသည္။ ထို႔အျပင္ ထိုေက်ာေထာက္ေနာက္ခံက နတ္ဘုရားကိုးပါးထဲမွ တစ္ပါးျဖစ္ေသာ ႀကီးျမတ္ေသာ ေကာင္းကင္ဘုံနတ္ဘုရား ယင္းဖုန္းျဖစ္ၿပီး အမွန္တကယ္ကို အားကိုးအားထား ျပဳေလာက္ဖြယ္သူတစ္ဦးျဖစ္သည္။ ကံဆိုးသည္က ဒီေန႔တြင္ သူမက သူမ၏ အားကိုးအားထားရသူထက္ ပိုၿပီး သန္မာအားႀကီးသည့္ သံျပားႀကီးကို သူမ ေခါင္းတိုက္မိသြဦးသည့္ကံ ပါေနျခင္းပဲ ျဖစ္သည္။
ပြဲႀကီးပြဲေကာင္း ေနာက္တစ္ပြဲ ၾကည့္ရေတာ့မည္ကို သတိျပဳမိသြားၾကသည့္အတြက္ ျပန့္က်ဲေနသည့္လူမ်ားက သူတို႔ပတ္လည္တြင္ စု႐ုံးလာၾကသည္.ပြဲၾကည့္သူအေတာ္မ်ားမ်ားက ယင္းဖုန္းကို သိေနၾကသူမ်ားျဖစ္ၿပီး ထိုအထဲမွ အနည္းစုကသာ ယင္းဖုန္းႏွင့္ အတိုက္အခံဘက္ကသူက ငရဲမင္းႀကီးႏွင့္ ဘုရင္မတို႔ျဖစ္မွန္း သိၾကသည္။
ဂုဏ္သေရရွိအမ်ိဳးသမီးအမည္က ဩိန္ရို႔ျဖစ္ၿပီး သူမက ဩဇာတိကၠမႀကီးေသာမိသားစုမွ သမီးျဖစ္ၿပီး ယင္းဖုန္း၏ ေမာင္းမေဆာင္မွ ကိုယ္လုပ္ေတာ္တစ္ဦးလည္း ျဖစ္သည္။
(MM T/N: နာမည္ကို Google Translate မွ အသံထြက္ျပထားေသာ chinese အသံအား အနီးစပ္ဆုံး အသံထြက္အား ေပါင္းထားျခင္းျဖစ္ၿပီး တ႐ုတ္လို မတတ္သျဖင့္ အမွားအယြင္းရွိခဲ့ပါက ျဖည့္စြက္နားလည္ေပးပါရွင္)
မၾကာေသးမီက သူမသည္ ေလလံပြဲတြင္ ျဖစ္ပ်က္ခဲ့သည္မ်ားထဲမွ အမွန္တရားကို ခ်န္လွပ္ကာ ယင္းဖုန္းအား အိပ္ယာထက္တြက္ နားေတာ္ သြင္းေနခဲ့သည္။ သူမက ယင္းဖုန္းနာမည္ကို ထုတ္သုံးေတာ့ ဖုန့္ရွီႏွင့္ ငရဲမင္းႀကီးက ယင္းဖုန္းကို ရွုံံခ်ၿပီး ေစာ္ကားေသာစကားမ်ား ေျပာခဲ့သည္ဟုေတာင္ သူမက ေျပာခဲ့ၿပီး အမ်က္ေဒါသ ဆြေနခဲ့သည္။ ရလဒ္အေနႏွင့္ သူမစကားတို႔ေၾကာင့္ ယင္းဖုန္းက သူမ ေမၽွာ္လင့္ထားသည့္အတိုင္း အတိအက်ကို အမ်က္ေခ်ာင္းေခ်ာင္းထြက္သြားရကာ ေနာက္တစ္ႀကိမ္ နတ္ဘုရားကိုးပါးၿမိဳ႕ေတာ္တြင္ သူတို႔ေတြႏွင့္ ထပ္ေတြ႕ပါက သူတို႔ကို ေသခ်ာေပါက္ ျပန္ေပးဆပ္ေအာင္ လုပ္ေပးမည္ဟု သူက ကတိေပးခဲ့သည္။
ေနာက္ဆက္တြဲအေနႏွင့္ ဩိန္းရို႔ႏွင့္ ယင္းဖုန္းတို႔က သိပ္မၾကာခင္မွာပဲ သူတို႔ႏွင့္ နတ္ဘုရားကိုးပါးၿမိဳ႕ေတာ္တြင္ ဆုံေတြ႕မိၾကေလသည္။
ယင္းဖုန္းက ဩိန္ရို႔ေျပာသည့္သူႏွစ္ဦးက သူတို႔ေတြမွန္း မသိသလို သူ႔ညာလက္႐ုံးသုံးေယာက္ကို သတ္ပစ္ခဲ့သူက ငရဲမင္းႀကီးမွန္းလည္း သူ မသိခဲ့ေပ။ ထိုသူသုံးေယာက္တို႔သာ အသက္ရွင္ေနဦးမည္ဆိုလ်င္ေတာ့ သူတို႔က ယင္းဖုန္းကို အမွန္တရား ေျပာျပနိုင္မည္ျဖစ္သည္။ ဒါေပမဲ့ ကံဆိုးစြာႏွင့္ပဲ သူတို႔ေတြက အေစာႀကီး ေသသြားခဲ့ၾကသည္။
ယင္းဖုန္းက သူ႔အေနနဲ႔ ငရဲမင္းႀကီးကို မေစာ္ကားနိုင္မွန္း သိသည္။
သူ႔ထိုင္ခုံက VIP ေနရာမွာပဲမို႔ သူတို႔ႏွင့္ တစ္လမ္းတည္းပဲ ေလၽွာက္သြားလိုက္သည္။ ဒါေပမဲ့ သူ မေမၽွာ္လင့္ထားခဲ့တာကေတာ့ ငရဲမင္းႀကီးတို႔အနား ေရာက္တာနဲ႔တၿပိဳင္နက္တည္း သူ႔ေဘးနားက ေမာင္းမက စူးစူးရဲရဲ ထေအာ္လိမ့္မယ္ဟူ၍ပင္။
"အခ်စ္၊ ရွင္မ ေနာက္ဆုံးအႀကိမ္တုန္းက ေျပာခဲ့ဖူးတဲ့ ရွင္မကို အနိုင္က်င့္တယ္ဆိုတဲ့သူ အဲ့သူပဲ၊ ရွင္မအတြက္ ရပ္တည္ေပးရမယ္ေနာ္" သူမက ဖုန့္ရွီ၏ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း ျမင္လိုက္သည္ႏွင့္ ဩိန္ရို႔က သူ႔ေဘးမွ ယင္းဖုန္းကို တိုင္တန္းလိုက္သည္။ သူမက ဖုန႔္ရွီကိုၾကည့္လိုက္ခ်ိန္တြင္ သူမ၏ လွပေသာမ်က္လုံးမ်ားက အမ်က္ေဒါသေတြအျပည့္ႏွင့္ပင္။
အတိတ္တုန္းကဆိုလ်င္ေတာ့ သူမက ကိုယ္လုပ္ေတာ္တစ္ေယာက္ပဲဆိုရင္ေတာင္မွ သူမကို အနိုင္က်င့္တဲ့သူ ဘယ္သူ႔ကိုမဆို ယင္ဖုန္းက လုံးဝ ညင္သာေပးမည္မဟုတ္ေပ။ ဒါေပမဲ့ သူမကို ယင္းဖုန္း ကတိေပးခဲ့တုန္းက သူ႔ကိုယ္လုပ္ေတာ္ ေျပာေနတဲ့သူက အဲ့ဒီ့မိစၧာေလးနဲ႔ ငရဲမင္းႀကီးတို႔ျဖစ္ေနမယ္လို႔ သူ လုံးဝ ေတြးမထားမိခဲ့ေခ်။ သူ႔ကိုယ္လုပ္ေတာ္က သူ႔ကို ျပန္ေျပာခဲ့တာေတြက ပိုပိုသာသာ ေျပာခဲ့တာမွန္း သူသိေပမဲ့ အဲ့ဒီ့အခ်ိန္တုန္းက သူထင္ခဲ့တာက နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္မွာ သူ အာဏာမလႊမ္းနိုင္တဲ့သူ ဘယ္သူမွ မရွိဘူးဟူ၍ပင္၊ ထို႔ေၾကာင့္လည္း သူက ႏွစ္ခါေတာင္ စဥ္းစားမေနေတာ့ဘဲ ကတိေပးခဲ့ျခင္းျဖစ္သည္။
ဖုန့္ရွီက မ်က္ေမွာင္ၾကဳတ္ေနေသာ ယင္းဖုန္းအား ဝမ္းသာအားရ ၾကည့္လိုက္သည္၊ ထို႔ေနာက္ သူက လွည့္လိုက္ၿပီး ပုခုံးတြန့္လိုက္ကာ ငရဲမင္းႀကီးကို ေျပာလိုက္သည္၊ "ေခါင္းေဆာင္၊ Tom, Dick နဲ႔ Harry ကိုသိလား?"
(MM T/N: Tom, Dick an Harry ဆိုတဲ့အဓိပၸါယ္က ဘယ္သူ႔မဆို/ တစ္ေယာက္ေယာက္ လို႔ အဓိပၸါယ္ရပါတယ္)
ငရဲမင္းႀကီးက ပူးေပါင္းကာ ျပန္ေျဖလိုက္သည္၊ "အဲ့တာ ဘာေတြလဲ? မသိဘူး"
ဖုန့္ရွီက ခ်က္ခ်င္းပဲ အထိတ္တလန့္ျဖစ္သြားၿပိး၊ "ဒါေပမဲ့ ဘာျဖစ္လို႔ အခုေလးတင္ ကၽြန္ေတာ္က ဘယ္သူမွမရွိဘဲ ေအာ္သံၾကားလိုက္ရတာလဲ? ကၽြန္ေတာ္က အသက္ႀကီးလာလို႔ ထင္ေယာင္ထင္မွား ျဖစ္လာတာမ်ားလား?"
က်ဳံးဝူခ်င္းႏွင့္ ဟြမ္ရဲ၏ ႏွုတ္ခမ္းတို႔က ရယ္ျမဴးစိတ္ျဖင့္ တြန့္တက္သြားၾကေတာ့သည္။
ငရဲမင္းႀကီးက ယင္းဖုန္းႏွင့္ သူ႔ကိုယ္လုပ္ေတာ္ကို ေအးစက္စက္တစ္ခ်က္ၾကည့္လိုက္ကာ၊ "ေရွာင္ရွီ၊ မွားၾကားတာမဟုတ္ပါဘူး။ တကယ္ပဲ အခုေလးတင္ ဘယ္သူမွမဟုတ္တဲ့တစ္ေယာက္က ေအာ္လိုက္တာပါ။"
"ဘယ္သူကို နင္က ဘယ္သူမွမဟုတ္တဲ့သူလို႔ ေျပာေနတာလဲ? ဟမ္၊ တကယ္ပဲ နင္ပဲကိုး၊ ၿပီးေတာ့ နင္၊ နင္ကလည္း အဲ့အခ်ိန္တုန္းက သူ႔ေဘးနား ရွိေနခဲ့တဲ့သူပဲ၊ ဟုတ္တယ္မွတ္လား? နင္တို႔ေတြ မ်က္ႏွာေတြ ေျပာင္းလိုက္႐ုံနဲ႔ ငါက နင္တို႔ေတြကို မမွတ္မိနိုင္ေတာ့ဘူးလို႔ ထင္ေနတာလား!" သူတို႔ႏွစ္ေယာက္က သူမကို သူမေရွ႕ေမွာက္မွာပဲ ဘယ္သူမွမဟုတ္တဲ့သူလို႔ ေျပာဝံ့လိမ့္မယ္ဟု ဩိန္းရို႔ မေမၽွာ္လင့္ထားခဲ့ေပ။ ဒါေပမဲ့ သူတို႔ေတြက အရင္တုန္းက မ်က္ႏွာေတြ ႐ုပ္ဖ်က္ထားခဲ့မွန္း သူမ လုံးဝ သတိမျပဳမိခဲ့ေပ၊ ဒါေပမဲ့ ကံေကာင္းစြာႏွင့္ပဲ သူတို႔ကို သူမ မွတ္မိေနဆဲျဖစ္သည္။
အျခားတစ္ဖက္တြင္ေတာ့ ယင္းဖုန္းက သူမေျပာလိုက္တာကို ၾကားလိုက္သည္ႏွင့္ ခ်က္ခ်င္းပဲ အေတြးထဲ နစ္ေျမာသြားသည့္ပုံ ေပါက္သြားသည္။
"ေတာင္းပန္ပါတယ္၊ ငါ့အမွားပါ။ ငါက မင္းကို ဘယ္သူမွမဟုတ္တဲ့သူလို႔ မေျပာသင့္ပါဘူး။" ဖုန႔္ရွီက စိတ္ရင္းျဖင့္ ေတာင္းပန္လိုက္သည္။ က်ဳံးဝူခ်င္းႏွင့္ ဟြမ္ရဲတို႔က သူ႔ကို စရိုက္ေျပာင္းသြားပါလားဟု ေတြးေနစဥ္မွာပဲ ဖုန့္ရွီက ျဖည့္စြက္လိုက္သည္၊ "တကယ္ေတာ့၊ မင္းက ဘယ္သူမွမဟုတ္တဲ့သူတစ္ေယာက္ေလာက္ေတာင္ မေကာင္းဘူးေလ။ ငါ ဘယ္လိုေတြ အမွားလုပ္မိရတာလဲ! မင္းကို ဘယ္လိုျဖစ္ၿပီးမ်ား ဘယ္သူမွမဟုတ္တဲ့သူနဲ႔ ငါက ႏွိုင္းယွဥ္နိုင္ရတာလဲ!"
က်ဳံးဝူခ်င္းႏွင့္ ဟြမ္ရဲတို႔ ဆြံအသြားၾကျပန္ေတာ့သည္။
'ဒီေကာင္က တကယ့္ကို ေထာက္ထားညႇာတာမွု မဲ့တဲ့ေကာင္၊ အနည္းဆုံးေတာ့ သူမက မ်ိဳးရိုးျမင့္ မင္းမ်ိဳးမင္းႏြယ္ထဲကပဲေလ၊ အဲ့လိုသူကို သူ႔ပါးစပ္ကေန ဘယ္သူမွမဟုတ္တဲ့သူထက္ပိုဆိုးတဲ့သူလို႔ ႐ုတ္တရက္ႀကီး ေျပာခ်ထည့္လိုက္တယ္'
"အရွင္မင္းႀကီး၊ ဒီ ေရာက္ေနမွန္း ကၽြန္ေတာ္မ်ိဳး မသိထားမိဘူး၊ ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ။ နားလည္မွုလြဲတာ ျဖစ္နိုင္တယ္လို႔ ကၽြန္ေတာ္မ်ိဳး ထင္ပါတယ္၊ ကၽြန္ေတာ္မ်ိဳးရဲ့ ကိုယ္လုပ္ေတာ္က ဒီရက္ပိုင္း နည္းနည္းေလး စိတ္လြတ္ေနခဲ့တာ၊ သူစိမ္းေတြေတြ႕တိုင္း ဒီလိုပဲ ျဖစ္လာတယ္။ ပထမေတာ့ ကၽြန္ေတာ္မ်ိဳးက သူမကို စိတ္အပမ္းေျပေအာင္ဆိုၿပီး ေလလံပြဲကို ေခၚလာခ်င္ခဲ့တာ၊ ဒါေပမဲ့ သူမက ၿပီးခဲ့တဲ့ရက္ေတြတုန္းကအတိုင္းပဲ ျဖစ္ေနလိမ့္မယ္လို႔ ကၽြန္ေတာ္မ်ိဳး ထင္မထားခဲ့ဘူး။ အရွင္မင္းႀကီးကို အေႏွာင့္အယွက္ျပဳမိတဲ့အတြက္ ကၽြန္ေတာ္မ်ိဳး တကယ္ကို ေတာင္းပန္ပါတယ္။ ဒီေန႔ျဖစ္ပ်က္ခဲ့တာေတြကို မျဖစ္ခဲ့ဘူးလို႔ ထားေပးမယ္လို႔ ကၽြန္ေတာ္မ်ိဳး ေမၽွာ္လင့္ပါတယ္၊ သူမကို ကၽြန္ေတာ္မ်ိဳး သူမကို အခုပဲ ျပန္ပို႔လိုက္ပါေတာ့မယ္။"
ဒီလိုအေျခအေနမ်ိဳးမွာ ယင္းဖုန္းက အက်ယ္အက်ယ္ မျဖစ္လိုေပ။ ထိုသို႔မဟုတ္ပါက 'ေျမေခြးအိုႀကီး' ဖုန္းယြင္ရဲ့ ပါးနပ္မွုနဲ႔ဆို ကိစၥေတြက ပိုလိုေတာင္ သူ႔ကို အရွက္ရဖြယ္ ျဖစ္လာလိမ့္မည္၊ ထို႔အတြက္ေၾကာင့္ သူ အရင္ဆုံး သည္းခံဖို႔ လိုသည္။ ထို႔အျပင္ သူ ေသခ်ာေလး စဥ္းစားဖို႔အရာအခ်ိဳ႕လည္း ရွိေနေသးသည္။
ယင္းဖုန္းက ထိုသို႔ အၿမီးကုပ္သြားတာကို ျမင္ေတာ့ လူေတြ အေတာ္မ်ားမ်ားက အံ့အားသင့္သြားၾကသည္၊ အထူးသျဖင့္ လွပေသာမ်က္ႏွာထက္ ေၾကာက္လန့္မွုတစ္စြန္းတစ္စ ေပၚလာသည့္ ဩိန္းရို႔ျဖစ္သည္။
ငရဲမင္းႀကီးက ဘယ္သူဆိုတာကို မသိၾကသည့္သူေတြ၊ ဩိန္းရို႔၏ ကံဆိုးမွုကို ၾကည့္ရတာ သေဘာက်ေနသည့္သူေတြ၏ အမူအယာေတြကေတာ့လည္း ႐ုတ္တရက္ အရမ္းကို စိတ္ဝင္စားစရာ ေကာင္းသြားၾကသည္။ သူတို႔ေတြက လြန္ခဲ့သည့္ႏွစ္နာရီတုန္းက အေရွ႕ပိုင္းရိပ္သာတြင္ ဘာျဖစ္ခဲ့သလဲဆိုတာကို ၾကားထားၾကၿပီးျဖစ္ေသာ္လည္း အခ်ိဳ႕ကေတာ့ ငရဲမင္းႀကီးကို တခါမွ မျမင္ဖူးၾကသည့္အတြက္ သူ႔ကို မမွတ္မိၾကေခ်။
ယင္းဖုန္းက ေျပာၿပီးသြားသည္ႏွင့္ တစ္ေယာက္ေယာက္အား ဩိန္းရို႔ကို ျပန္ပို႔ခိုင္းလိုက္ေတာ့သည္။ ဒီျဖစ္ရပ္ ျဖစ္သြားၿပီးေနာက္ အႏွီ လူ႔ဂုဏ္ထံအမ်ိဳးသမီးက လူၾကားထဲ ေနာက္တစ္ႀကိမ္ ထပ္ၿပီး ထြက္ေပၚလာခြင့္ ရွိေတာ့မည္မဟုတ္ေတာ့ေပ။
သည္ဇာတ္ကြက္ေလး တစ္ျဖတ္က ဖုန႔္ရွီႏွင့္ အျခားသူတို႔ၾကား ေျပာစရာေခါင္းစဥ္တစ္ခု မျဖစ္လာခဲ့ေပ။ က်ဳံးဝူခ်င္းႏွင့္ ဟြမ္ရဲတို႔က သူတို႔ကို VIP ခုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ေလလံပြဲစဖို႔ အခ်ိန္သိပ္မက်န္ေတာ့သည့္အတြက္ သူတို႔ကို ထားခဲ့ကာ အခန္းထဲမွ ထြက္ခြါသြားၾကသည္။
VIP ထိုင္ခုံသည္ အျခားသူမ်ား၏ ေခ်ာင္းၾကည့္ခံရျခင္းမွ တားဆီးနိုင္သည့္ တစ္သီးတစ္သန့္အခန္းတစ္ခုႏွင့္ တူသည္။
ဖုန့္ရွီႏွင့္ ငရဲမင္းႀကီးတို႔၏အခန္းသည္ ဒုတိယထပ္တြင္ ရွိၿပီး ေလလံစင္ျမင့္ႏွင့္ အလြန္ နီးကပ္သည္။ သူတို႔၏အခန္းမွေန၍ ေလလံစင္ျမင္တစ္ခုလုံးကို ရွင္းရွင္းလင္းလင္း ျမင္နိုင္သည္။ ၎သည္ ကြင္းတစ္ခုလုံးတြင္ အေကာင္းတကာ့အေကာင္းဆုံးအခန္းတစ္ခန္းျဖစ္သည္။ ဖုန့္ယြင္က ဒီအခန္းကို သူတို႔အား အစကတည္းကေန ေပးထားခဲ့ျခင္းျဖစ္သည္။ အျခားသူမ်ားက ဤအခန္းအား လိုခ်င္မ်က္စိက်ေနလ်င္ေတာင္မွ အခန္းပိုင္ရွင္က ငရဲမင္းႀကီးဟု သိလိုက္သည္ႏွင့္ လက္ေျမႇာက္အရွုံးေပး စြန့္လႊတ္လိုက္ၾကေတာ့သည္။
မေန႔တုန္းက ဖုန့္ရွီက မီးအရင္းျမစ္ကို သန့္စင္ခဲ့ျခင္းေၾကာင့္ သူ အနည္းငယ္ အိပ္ခ်င္ေနသည္။ အခန္းထဲသို႔ ေရာက္သည္ႏွင့္ သူက ငရဲမင္းႀကီး၏ရင္ခြင္ထဲ အသိုက္ဖြဲ႕လိုက္ကာ ေၾကာင္ေလးတစ္ေကာင္လိုမ်ိဳး တိုးဝင္ ေမွးစက္လိုက္ေလေတာ့သည္။
အျပင္ဘက္ရွိ လူအုပ္ႀကီးသည္ ကုန္စိမ္းေစ်းတြင္ ေရာက္ေနသကဲ့သို႔ ဆူညံေနေသးေသာ္လည္း အဆိုပါ VIP ခန္းမ်ားသည္ ဆူညံသံမ်ားမွ အကာအကြယ္ေပးနိုင္ေသာ အသံလုံပစၥည္းမ်ားျဖင့္ တည္ေဆာက္ထားျခင္းျဖစ္သည္။ အခန္းအတြင္းမွအသံမ်ားကိုလည္း ျပင္ပသို႔ ထြက္မသြားေအာင္ တားဆီးနိုင္သည္။ နတ္ႏြယ္ေထာက္လွမ္းေရးပစၥည္းျဖင့္ ခိုးနားစြင့္လ်င္ေတာင္မွ အကာအကြယ္ပစၥည္းမ်ား၏ ျပန္တြန္းကန္ျခင္းကို ခံလိုက္ရမည္ျဖစ္သည္။ အဆိုးဆုံးကေတာ့ နတ္ႏြယ္ေထာက္လွမ္းျခင္း၏ ဝါးၿမိဳသြားျခင္းကို ခံသြားရမည္ျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔ကိုယ္သူတို႔ မယိမ္းယိုင္ေသာ ယုံၾကည္မွုမ်ိဳး ရွိမေနသ၍ လူသာမာန္မ်ားက VIP ခန္းမ်ားနား အလြယ္တကူ လာေရာက္စူးစမ္းဝံ့ၾကမည္မဟုတ္ေပ။
အခန္းထဲသို႔ အျပင္ကေန တစ္ေယာက္ေယာက္က တံခါးဖြင့္မလာခင္တြင္ ကြင္းက ခဏ တိတ္ဆိတ္သြားသည္။
စာအုပ္နတ္ဘုရား၊ ကံဆိုးမွုနတ္ဘုရား၊ အေမြးမဲ့ၾကက္ႏွင့္ ေကာင္းကင္ၿဖိဳဖ်က္သားရဲတို႔က တံခါးအျပင္ဘက္တြင္ ေရာက္ေနၾကေလၿပီ။ ေရွ႕မွႏွစ္ဦးသားက (စာအုပ္နတ္ဘုရားႏွင့္ ကံဆိုးမွုနတ္ဘုရား) သူတို႔ပါးစပ္ကို ျပဲေနေအာင္ ဟလိုက္ကာ အက်ယ္ႀကီးေအာ္ေခၚေတာ့မည့္အခ်ိန္တြင္ပဲ စူးရွသည့္အၾကည့္တစ္စုံက သူတို႔ေပၚသို႔ ျဖတ္ေျပးသြားျခင္းေၾကာင့္ ႏွလုံးခုန္ရပ္သြားေတာ့မတတ္ သူတို႔ ထိတ္လန့္သြားၾကေလေတာ့သည္။
ဤမၽွျပင္းထန္ေသာအၾကည့္မ်ိဳးျဖင့္ ၾကည့္ေသာ ငရဲမင္းႀကီးကို ေတြ႕ရခဲသည္၊ စာအုပ္နတ္ဘုရားႏွင့္ ကံဆိုးမွုနတ္ဘုရားတို႔က အျပစ္လုပ္မိထားသည့္ကေလးေလးေတြလိုမ်ိဳး အခန္းအတြင္းသို႔ သတိႀကီးႀကီးျဖင့္ ဝင္လာခဲ့ၿပီး သူတို႔အေနာက္ကေန ပါးနပ္စြာျဖင့္ ဘာသံမွမျပဳရဲသည့္ အေမႊးမဲ့ၾကက္ႏွင့္ ေကာင္းကင္ၿဖိဳဖ်က္သားရဲတို႔က လိုက္ဝင္လာၾကသည္။ အင္အားႀကီးေတြ စုေဝးေနသည့္ ဤသို႔ေသာ ေလလံပြဲတြင္ သခင္ေလးေတာင္ လာတက္မွေတာ့ ငရဲမင္းႀကီးက သူလိုက္မလာဘဲ (ငရဲမင္းႀကီးလိုက္မလာဘဲ) သူတို႔ကိုခ်ည္း ဒီကို လႊတ္ပါမတဲ့လား? အဲ့ဒီ့ငတုံး စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရား ႏွစ္ေကာင္ကသာ ဒါကို မေတြးမိတာ။
ငရဲမင္းႀကီး၏ ရင္ခြင္ထဲတြင္ အိပ္ေမာက်ေနေသာ သခင္ေလးအား ေတြ႕လိုက္သည္ႏွင့္ ငရဲမင္းႀကီးက သူတို႔ကို ဘာ့ေၾကာင့္ ျပင္းျပင္းထန္ထန္ စိုက္ၾကည့္ရသလဲဆိုတာကို သူတို႔ သိသြားၾကသည္။
ေမၽွာ္လင့္ထားသည့္အတိုင္း တိတ္ဆိတ္ၿငိမ္သက္ေနေသာ သခင္ငယ္ေလးကို ျမင္ေတြ႕ရသည္မွာ ၾကည္ႏူးစရာပင္။ သခင္ငယ္ေလးနဲ႔ မေတြ႕ရတာ အေတာ့္ကို ၾကာလွၿပီ။ သူတို႔ ျပန္ေတြ႕ရေတာ့ သခင္ငယ္ေလးက ေခၽြးေတြႏွင့္ အိပ္ေမာက်ေနေလၿပီ။ သူတို႔ေလးေယာက္သား သခင္ေလးကို ပိုပိုၿပီး မလြမ္းဘဲ မထိန္းနိုင္ေတာ့သလို သခင္ငယ္ေလးေဘး ေနရတာ ပိုၿပီး စိတ္ဝင္စားဖြယ္ေကာင္းေၾကာင္း ခံစားလိုက္ရသည္။ ဒီရက္ပိုင္း သူတို႔ေတြ ျမစိမ္းေရာင္နဂါးေတာင္တန္းေတြတြင္ အရွင္ကာလြမ္သလာႏွင့္အတူ ကူလီအျဖစ္ လုပ္ေနခဲ့ၾကရသည္။ ထို႔ေၾကာင့္ သူတို႔ သခင္ငယ္ေလးႏွင့္ ေနထိုင္ခဲ့ရေသာ ရႆေပါင္းစုံေပးသည့္ ေပ်ာ္စရာအတိတ္ကာလေတြကို ပိုၿပီး သေဘာက်ေနမိျခင္းကို တားဆီးမရနိုင္ ျဖစ္ေနၾကေတာ့သည္။
VIP ဧရိယာတြင္ တိတ္ဆိတ္ၿငိမ္သက္ေသာ အေငြ႕အသက္မ်ား ရွိေနဆဲျဖစ္သည္။
ခဏၾကာေတာ့ ေလလံပြဲက ေနာက္ဆုံးေတာ့ စတင္ေလၿပီ။ မူလက ဆူညံေနသည့္အသံတို႔က ႐ုတ္ခ်ည္း တိတ္က်သြားေတာ့သည္။ လူတိုင္းက ေတာက္ပေသာမ်က္လုံးမ်ားျဖင့္ ေလလံစင္ျမင့္သို႔ ၾကည့္ေနၾကသည္။ လူအမ်ားစုက ပြဲတြင္ ေလလံပစၥည္းမ်ားကို ေလလံဝင္မဆြဲနိုင္ၾကေသာ္လည္း ဒီလိုမ်ိဳး ခမ္းနားသည့္ေလလံပြဲကို ၾကည့္ရျခင္းကလည္း အရွုံးမရွိဘူးေလ။ ပိုၿပီး ထူးျခားတာက ကုန္ေခ်ာတစ္ပိုင္း မူလမီးဝိညာဥ္ေရာ ေႏြဦးႏွလုံးသားေရာ ေပၚလာခဲ့ျခင္းက ေလလံလိုက္သူေတြၾကား ၿပိဳင္ဆိုင္မွု အရမ္းျပင္းထန္ေတာ့မွာျဖစ္ၿပီး ေလလံအၿပိဳင္အဆိုင္ဆြဲေနၾကတာက ပိုမိုက္ၿပီး ပိုစိတ္ဝင္စားဖြယ္ျဖစ္မွာပင္။
ေလလံပြဲစတင္လိုက္သည္ကို ျမင္လိုက္ရသျဖင့္ စာအုပ္နတ္ဘုရားႏွင့္ အျခားသူမ်ားက ငရဲမင္းႀကီးကို အံ့အားသင့္စြာ ၾကည့္လိုက္ၾကသည္။
'အရွင္မင္းႀကီးက သခင္ေလးကို မႏွိုးေသးဘူးလား?'
သူတို႔ေတြ ဇေဝဇဝါ ျဖစ္ေနစဥ္မွာပဲ ႐ုတ္တရက္ တံခါးေခါက္သံ ၾကားလိုက္ၾကသည္။
စာအုပ္နတ္ဘုရားက ငရဲမင္းႀကီးထံမွ မ်က္လုံးျဖင့္ အခ်က္ျပခ်က္ကို လက္ခံရရွိလိုက္သည္ႏွင့္ ခ်က္ခ်င္းပဲ စိတ္အားထက္သန္စြာျဖင့္ တံခါး ေျပးဖြင့္လိုက္သည္၊ သူတို႔ေတြ မသိေသာ အနက္ေရာင္ပုံရိပ္တစ္ခုက လွမ္းဝင္လာ၏။
အနက္ေရာင္အရိပ္မွာ ေမာ့ေဖးဟန္ျဖစ္သည္။ ေစာနတုန္းက အေရွ႕ပိုင္းရိပ္သာတြင္ ဖုန႔္ရွီက သူ႔ကို တည့္တိုးမေျပာခဲ့ျခင္းေၾကာင့္ သူက သူတို႔ေတြ သီးသန့္စကာေျပာဖို႔လိုမည္ဟု မွန္းဆမိသည့္အတြက္ ေလလံပြဲစတင္သည္ႏွင့္ သူတို႔ကို လာရွာျခင္းျဖစ္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ခုခ်ိန္ ျပေနတာေတြထဲမွာ သူလိုခ်င္သည့္ပစၥည္းမွ မပါဘဲေလ။ သူ၏ မူလပန္းတိုင္က ေႏြဦးႏွလုံးသားကိုသာ ျဖစ္သည္။
စာအုပ္နတ္ဘုရားႏွင့္ အျခားသူမ်ားက မိုေဖးဟန္က ငရဲမင္းႀကီးအား တရိုတေသ ဦးညႊတ္ခစားလိုက္တာကိုျမင္ေတာ့ သူတို႔ေတြ အခ်င္းခ်င္း သိၾကသည္ဟု သေဘာေပါက္သြားၾကသည္။ သူက အခု ဒီအခ်ိန္မွ ေရာက္ခ်လာခဲ့တာဆိုေတာ့ ငရဲမင္းႀကီးႏွင့္ သခင္ငယ္ေလးအား လ်ိဳ႕ဝွက္ေဆြးေႏြးစရာတခ်ိဳ႕ ရွိ၍ ျဖစ္ရမည္။ ထို႔အတြက္ေၾကာင့္ သူတို႔ေတြက ခ်က္ခ်င္းပဲ သူတို႔နားမ်ားအား ပိတ္လိုက္ကာ အခန္းေထာင့္စြန္းတြင္ က်ဳံ႕က်ဳံ႕ေလးေတြထိုင္၍ ေလလံပြဲအား ၾကည့္ေနလိုက္ၾကေတာ့သည္။
20240418; 2110
Stay tuned for the next chapter:
Chapter 230. The Auction Began
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————