အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အ...

By Hnine-Wai

18.4K 2.9K 183

စာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေ... More

ဒုတိယပိုင်း
Chapter 199: Ming Qingyu was Tricked
Chapter 200: They were Embarrassed
Chapter 201: Why Are You Here?
Chapter 202: The Test of the Heaven World
Chapter 203: One Cannot Avoid His Enemy
Chapter 204 The Conflict
Chapter 205 F**k Your Duel!
Chapter 206 Mo Feihan the Prince
Chapter 208 Make her Unable to Attend the Banquet
Chapter 209 An Imposing Appearance
Chapter 210: The True Pig Head
Chapter 211: The Cunning Feng Xi
Chapter 212: Why Can't You Change Your Ways of Thinking?
Chapter 213: I'm Not Here to Sabotage
Chapter 214: Disgust Me
Chapter 215: I'm Your Papa
Chapter 216: A Yellowish Book
Chapter 217. You're Mine
Chapter 218. More Handsome than You?
Chapter 219. You Can't Replace Him
Chapter 220. Perform In Her True Colors
Chapter 221. Two Priceless Treasures
Chapter 222. This is Not My Room
Chapter 223. Uncle White Coming Around
Chapter 224. A Sleep Overnight
Chapter 225. This Was The Truth
Chapter 226. Eliminating the Flaws
Chapter 227. Aren't you fighting?
Chapter 228. The Troublesome Feature
Chapter 229. You're Worse Than a Nobody
Chapter 230. The Auction Began
Chapter 231. Cut Down a Bit
Chapter 232. King of the Netherworld Took Action
Chapter 233. Identity Was Exposed

Chapter 207 Just Use This Excuse

389 90 6
By Hnine-Wai

အခန်း 207 အဲ့ဆင်ခြေပဲ သုံးလိုက်တာပေါ့

ဖုန့်ရှီ၏ ရီသံကြောင့် သီထျန်းဟွာ အာရုံပြန်ရောက်လာရသည်၊ ထိုသူနှစ်ယောက်အပေါ် တည်ရှိသည့် သူမ၏ အမုန်းကချက်ချင်းပဲ တန်းတူ ဖြစ်သွားတော့သည်။

ဖုန့်ရှီက သီထျန်းဟွာ၏ အမူအယာကို ဂရုမစိုက်ပေ။ ထိုအခေါ်အဝေါ်က အရမ်း စိတ်ဝင်စားဖို့ ကောင်းတာကိုပဲ သူသိသည်။ သီထျန်းဟွာနှင့် လုံရှီတို့က တကယ်ပဲ ခွေးမများဖြစ်၏။ မော့ဖေးဟန်၏ စကားလုံးက သူ့နားထဲ ဂီတသံဇဥ်တစ်ခုနှယ် သူ ထင်လိုက်ရသည့်အတွက် သူ့ထံလျှောက်သွားလိုက်ကာ "အစ်ကိုပြောတာ တကယ်မိုက်တယ်၊ ကြိုက်သွားပြီ!" ဟု လက်မထောင်ကာ ချီးကျူးစကား မဆိုဘဲ မနေနိုင် ဖြစ်သွားရသည်။

လော့ရိန်နှင့် တခြားနှစ်ယောက်က ဖုန့်ရှီကို ချီးကျူးလိုက်လျင် သီထျန်းဟွာကို လှောင်သလို ဖြစ်သွားမှာစိုးသည့်အတွက်သာ နှုတ်ခမ်းတွန့်လိုက်ကြသည်။

မော့ဖေးဟန်သည် ကြမ်းတမ်းသော်လည်း သူ၏ ပင်ကိုယ်စရိုက်မှာ အလွန်ပြတ်သားသည်။ ဒီလူက သီထျန်းဟွာကို ရူးသွပ်သွားအောင် လုပ်လိုက်နိုင်တာကိုမြင်တော့ ဖုန့်ရှီကို သူ ကြည့်လေလေ ပိုပိုပြီး ကျေနပ်လာရကာ ခင်သွားလေလေ ဖြစ်သွားရတော့သည်။ သီထျန်းဟွာကို သူ့လိုမျိုး မုန်းတဲ့သူတစ်ယောက်နှင့် သူ မတွေ့ရတာ အတော်ကြာပြီဖြစ်သည်။ ကောင်းကင်ဘုံနှင့် မင်းသမီးကို ကြောက်ရွံ့ပြီး သီထျန်းဟွာကို အမြဲ ပစားပေး ဆက်ဆံနေကြသည့် သူမဘက်မှသူများကို သူ အမြင်ကပ်နေတာ ကြာပြီဖြစ်သည်။

"မော့ဖေးဟန်၊ ဒါက ငါတို့နဲ့ သူ့ကြားက အရေးကိစ္စပဲ။ မင်းတို့ မိစ္ဆာလောကကလည်း ဝင်ပါချင်တာလား?" သီထျန်းဟွာ၏ မျက်လုံးတို့က ရဲရဲနီနေသည်။ သူမရှေ့မှောက်မှာပဲ အဲ့စကားလုံးတွေ သူတို့နှစ်ယောက်က သုံးရဲတာကို သူမ မြတော့ မျက်ခုံးပင့်ကာ ချက်ချင်းပဲ ဒေါသတကြီးနှင့် တုံ့ပြန်လိုက်၏။

"ဟုတ်ပါတယ်၊ ငါနဲ့ဘာမှမဆိုင်ပါဘူး။ ငါ ဒီကို ပွဲကြည့်ဖို့ ရောက်နေတာလို့ ပြောထားပြီးသားပဲ" မော့ဖေးဟန်က မျက်ခုံးပင့်ကာ ဒေါသတွေထွက်နေသော သီထျန်းဟွာကို အသာအယာကြည့်လိုက်သည်။

"အပျော်ကြည့်ချင်ရင် ငါ့ရှေ့ကဖယ်" သီထျန်းဟွာက သူ့အဖြေကြောင့် ကျေနပ်နေပြီး သူက ဉာဏ်ရည်ထက်မြက်နေသေးသည်ဟု သူမတွေးလိုက်သည်။
သို့သော် မော့ဖေးဟန်၏ အဆင့်အတန်းနှင့် ခွန်အားသည် သူမထက် အများကြီး သန်မာကြောင်း သူမ ရှင်းရှင်းလင်းလင်း မေ့ထားခဲ့သည်။ သူ့ကို ထွက်သွားခိုင်းဖို့ သူမတွင် အရည်အချင်းမပြည့်မီပေ။

မော့ဖေးဟန်က သီထျန်းဟွာကို သတ်ဖြတ်လိုစိတ်အပြည့်နှင့် အေးစက်သည့် အကြည့်တစ်ချက် ပေးလိုက်သည်။ "ခွေးမ၊ မင်းစကားမပြောခင် ကြည့်ပြော။ မင်း ငါ့ကို စော်ကားရင် သဘက်လါ မွေးနေ့ပွဲကို ဒဏ္ရာဒဏ်ချက်တွေနဲ့ ကျင်းပနေရလိမ့်မယ်။ ဒီလိုမျက်နှာလှလှလေးက ပုံပျက်ပန်းပျက်ဖြစ်သွားခဲ့ရင် ဘယ်လောက် ရုပ်ဆိုးသွားမလဲ။

သီထျန်းဟွာ၏ မျက်နှာထက် စိတ်အနှောက်အယှက်ဖြစ်သွားသည့်အမူအယာက ရုတ်တရတ် ပေါ်လာပြီး သူ့ကို သတ်ချင်သည့် အကြည့်တစ်ချက် ပေးလိုက်သည်။ အကယ်၍ သူမ၏ အဓိကရန်သူက ဖုန့်ရှီသာမဟုတ်ခဲ့လျင် သူမသည် မော့ထေးဟန်ကို လုံးဝ အလွတ်ပေးမည်မဟုတ်။

"မင်းက တိုက်ခိုက်ချင်တယ်ဆိုမှတော့ အနိုင်အရှုံး မသဲကွဲမချင်း မရပ်တန်း တိုက်ကြတာပေါ့၊" ဖုန့်ရှီက ပြောလိုက်သည်။

သီထျန်းဟွာ၏ အနီရောင်တောက်နောက်နှုတ်ခမ်းက တစ်ချက် တွန့်သွားပြီး "နင်က သေရမှာကြောက်နေတာပဲ သူရဲဘောကြောင်တဲ့ကောင်ရဲ့၊ နင် ဘယ်လိုလုပ်များ ယောကျ်ားတစ်ယောက် ဖြစ်နေသေးတာလဲ?"
ဖုန့်ရှီက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ မင်းသေရင် မွေးနေ့ပွဲ ကျင်းပနိုင်မှာ မဟုတ်တော့ဘူ:။ ဒါဆို ငါ ဒီလာတာ အလကားဖြစ်သွားမှာပေါ့၊ မဟုတ်ဘူးလား? သူက နေမင်းငယ်နား လျှောက်လည်ဖို့ စဉ်းစားနေဆဲဖြစ်သည်။ သီထျန်းဟွာ သေသွားလျင် အဘိုးကြီးက ဒေါသထွက်သွားမှာ သေချာသည်။ ထိုသူက သူ့အပေါ် မကောင်းတာ ဘာမှ မလုပ်နိုင်ပေမယ့်၊ သူ့အစီအစဉ်အတွက် ကြီးမားတဲ့ အတားအဆီးတစ်ခုတော့ ဖြစ်သွားလိမ့်မယ်။

"နင်နိုင်မလား ရှုံးမလား မသေချာသေးပါဘူး! နင့်ရဲ့ ခွန်အားနဲ့ ငါ့ကို အနိုင်ယူချင်တာလား? အိပ်မက်မက်နေလိုက်!" သီထျန်းဟွာ ဒေါသအရမ်းထွက်ရလွန်းလို့ ရယ်လိုက်သည်။

"ဒါဆို မင်းရဲ့စိတ်ကူးယဉ်ကမ္ဘာထဲမှာ မနေပါနဲ့။ မြန်မြန်လုပ်... အိုး!!!!!! လော့ရိန်၊ ခေါင်းဆောင်ကို ငါ ကတိပေးပြီး ထွက်လာခဲ့တာ လေးနာရီလောက်ရှိပြီလား?" ဖုန့်ရှီသည် မူလက သီထျန်းဟွာကို အမြန်စတင်ရန်တိုက်တွန်းလိုသော်လည်း လေးနာရီအတွင်း ခေါင်းဆောင်နှင့်တွေ့ဆုံရန် ကတိပေးထားသည့် လေးလေးနက်နက်ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားရသည်။ အချိန်အတော်ကြာသွားပြီဆိုတော့၊ ခုလောက်ဆို...

ဖုန့်ရှီ၏ မျက်နှာပေါ်မှ မျှော်လင့်နေသည့်အရိပ်အယောင်ကို မြင်လိုက်ရသောအခါ လော့ရိန်က သူ့အား မျက်စောင်းထိုးလိုက်သည်။ "မင်းချိန်းထားတဲ့အချိန်ကို ကျော်သွားတာ ကြာလှပြီ။ မင်းရဲ့သတိမေ့ချက်ကတော့ တကယ် ပြင်းထန်တာပဲ။ အခု မင်းရဲ့ခေါင်းဆောင်က မင်းကိုရှာဖို့ ပြင်နေပြီထင်တယ်၊ မင်းတော့ သေပြီပဲ!"

"အိုး..သွားပါပြီ၊ ချိန်းထားတာ နောက်ကျသွားပြန်ပြီ"
ဖုန့်ရှီက စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်လိုက်သည်။ လွန်ခဲ့တဲ့ လေးနာရီလောက်တုန်းက သူ့ရဲ့ခေါင်းဆောင်ကို သူ စိတ်ထက်ထက်သန်သန်နဲ့ ကတိပေးခဲ့တာကို သူ မမေ့ဘူး! သူက ဟွမ်ရဲနှင့် ကျုံးဝူချင်းတို့နား အမြန်ကပ်လိုက်ပြီး "ငါဘာလုပ်ရမလဲ? ငါ အရင်ပုန်းနေသင့်လား?"

ဟွမ်ရဲနှင့် ကျုံးဝူချင်းတို့က ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားကြရတော့သည်။ "မင်းက ဘယ်မှာ ပုန်းချင်တာလဲ? မင်းခေါင်းဆောင်ရဲ့ အရည်အချင်းနဲ့ဆို ကမ္ဘာ့အဝေးဆုံးထောင့်ကို ပြေးရင်တောင် သူက မင်းကိုလိုက်ရှာနိုင်သေးတယ်"

လော့ရိန်က သူ့မေးစေ့ကို ပွတ်လိုက်ပြီး "ငါ့အမြင်အရ၊ မင်းရဲ့ခေါင်းဆောင်ကို မင်းကိုယ်တိုင် အပစ်ဝန်ခံလိုက်တာကပဲ အကောင်းဆုံးနည်းလမ်းလို့ ငါထင်တယ်။" ဟုအကြံပေးလိုက်သည်။

"ဒါက အန္တရာယ်များလွန်းတယ်။ ငါတို့ ဒီလိုလည်း လုပ်လို့ရလောက်မယ် - ခဏနေလို့ ခေါင်းဆောင်က မင်းတို့နဲ့တွေ့လို့ ငါ ဘယ်ရောက်နေလဲမေးရင် ငါ လမ်းပျောက်နေလို့ လမ်းမှန်ကို အကြာကြီး လိုက်ရှာနေခဲ့ရတဲ့အတွက် ငါက အချိန်ဘယ်လောက်ရောက်နေပြီလဲဆိုတာ ကြည့်ဖို့ မတော်တဆ သတိမေ့သွားခဲ့တယ်လို့လေ။ ဘယ်လိုထင်ကြလဲ?" ဖုန့်ရှီက မျက်ဝန်းနက်နက်တစ်စုံဖြင့် သူတို့အား မျှော်လင့်တကြီး ကြည့်လိုက်သည်။

သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြန်သည်။ ငရဲမင်းကြီးက သူတို့ကို တကယ်မေးလာရင် သူတို့က ဘယ်လိုလုပ် လိမ်ဝံ့မှာလဲ?

"ငါထင်တာက ... တကယ်တော့ ..." ဟွမ်ရဲက တုန်လှုပ်သွားပြီး "မင်းရဲ့ခေါင်းဆောင်ကို အမှန်အတိုင်းပြောနိုင်တယ်လို့ ငါထင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာက မင်းအပြစ်လဲ မဟုတ်ဘူးလေ၊ မင်းကို နှောင့်ယှက်တဲ့သူတစ်ယောက်ကြောင့်သာ မဟုတ်ရင် မင်း ဒီမှာ လေးနာရီလောက် ပိတ်မိနေမှာ မဟုတ်ဘူး၊ အဲ့ဘိုဆို ချိန်းထားတာကို မင်း လွတ်သွားမှာမဟုတ်ဘူးလေ၊ အဲ့တော့ ... ရိုးရိုးသားသား ရှင်းပြရင်ကိုအဓိပ္ပါယ်ရှိနေတာပဲလေ!"

"...အဲဒါလည်း ကျိုးကြောင်းဆီလျော်တယ်" ဖုန့်ရှီက ခဏလောက်လေးလေးနက်နက်စဉ်းစားလိုက်ပြီး "ကောင်းပြီလေ၊ အဲ့တာဆို ငါ အဲ့လိုပဲ လုပ်မယ်!"

"ရှောင်ရှီက အဲ့လိုလုပ်ဖို့ ဆုံးဖြတ်ပြီးပြီလား?"

"ဟုတ်တယ်၊ ငါ အဲ့ဒီဆင်ခြေကို သုံးဖို့ဆုံးဖြတ်လိုက်ပြီ။"

ဖုန့်ရှီက အလိုအလျောက်ပဲ တုံ့ပြန် ပြန်ဖြေလိုက်သည်။ သူ ပြန်ဖြေပြီးပြီးချင်းပဲ တစ်ခုခု မှားနေတာကို သူ သတိပြုမိသွား၏။ 'ဒီအသံက ဘာလို့ ခေါင်းတောင်အသံနဲ့ အရမ်းတူနေရတာလဲ?' ထိုအတွေးက ဖုန့်ရှီ၏ ကျောပြင်တစ်ခုလုံး အေးခနဲ ဖြစ်သွားစေရကာ နောက်ဘက် လှည့်မကြည့်ရဲ ဖြစ်သွားရလေတော့သည်။ ဒါပေမဲ့လည်း လော့ရိန်နှင့် အခြားနှစ်ယောက်၏ မျက်နှာများက ရုတ်တရက် တောင့်တင်းသွားသည်ကို မြင်လိုက်ရသည်။ တစ်ယောက်က ကောင်းကင် ကြည့်နေပြီး နောက်တစ်ယောက်က မြေကြီးကြည့်နေကာ ကျန်တစ်ယောက်က ဘေးဘီမကြည့်ရဲ ဖြစ်နေကြသော်လည်း သူတို့အားလုံးက သူ့(ဖုန့်ရှီ) အနောက်ကသူကိုတော့ မကြည့်နေကြပေ။

အသံရှင်က အနောက်ကနေ လျှောက်လာနေသည်မှာ သူ့ကျောနဲ့ ထိလုလု ရောက်နေပြီဖြစ်သည်၊ "ရှီက ရိုးသားချင်တယ်ဆိုမှတော့ 'ဆင်ခြေ' ဆိုတဲ့စကားလုံး ဘယ်လိုလုပ် သုံးနိုင်ရတာလဲ?"

သူ ရှောင်လည်း မပြေးနိုင်၊ ပုန်းလည်း မပုန်းနိုင် ဖြစ်သွားရသည့်အတွက် ဖုန့်ရှီက လှည့်ကြည့်လိုက်ရပြီး ချွဲပြုံးလေး ပြုံးလိုက်ကာ၊ "ခေါင်းဆောင်၊ ဒီကို ဘယ်လိုလုပ် မြန်မြန် ရောက်လာရတာလဲ?"

ငရဲမင်းကြီးက ဖုန့်ရှီအနောက်ကလူတွေကို သမန်ကာလျှံကာ အကြည့်တစ်ချက် ပေးလိုက်ကာ ဖုန့်ရှီ၏ပါးကို ညှစ်ဖို့ လက်လှမ်းလိုက်၏။ အေးစက်ပြီး ခန့်ညားလှသည့် သူ့မျက်နှာထက် အပြုံးရိပ် ရေးရေးလေး သန်းသွားရကာ၊ "ကိုယ် ဒီကို နောက်ကျပြီးမှ ရောက်လာမယ်ခဲ့ဆိုရင် ရှီက ကိုယ့်အနောက်မှာ တခြားသူတွေနဲ့ တစ်ပွဲတစ်လမ်း နွှဲပြီး တိုက်ခိုက်ဦးမှာမဟုတ်လား? လွန်ခဲ့တဲ့ လေးနာရီတုန်းက ကိုယ်တော့ကို ကတိပေးခဲ့တာ မှတ်မိသေးရဲ့လား?"

"... ကျွန်တော် အရှုပ်တွေ မလုပ်ရဘူး၊ ပြဿနာမရှာရဘူး၊" ဖုန့်ရှီက နှုတ်ခမ်းစူကာ ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် ကိုယ်တော် မင်းကို ရှင်းပြခွင့်ပြုမယ်" ဟု ငရဲမင်းကြီးက တစ်ထစ် လျော့ပေးလိုက်သည်။ သူ ညှစ်လိုက်သည့် ကောင်လေး၏ပါးပြင်က နီမသွားသည့်အတွက် သူက ညှစ်ရုံသာ ညှစ်လိုက်တာဖြစ်ပြီး အားအများကြီး မသုံးထားမှန်း သိသာလှသည်။

ဒါကိုကြားတော့ ဖုန့်ရှီက သူ့ခေါင်းဆောင် သူ့ကို စိတ်မဆိုးတော့ဘူးဆိုတာ သိလိုက်၏။ သွားတက်နှစ်ဖက်စလုံးပေါ်သွားသည်အထိ သူ အပျော်ကြီးပျော်ကာ ပြုံးလိုက်ပြီး နောက်လှည့်လိုက်ကာ ငရဲမင်းကြီး၏လက်မောင်းကို ဖက်တွယ်လိုက်သည်၊ "ခေါင်းဆောင်၊ ဒီတစ်ခေါက် ကျွန်တော် ဘာအရှုပ်မှလည်း မလုပ်ဘူး၊ ပြဿနာလည်း ရှာမထားဘူး၊ ပြဿနာရှာတဲ့သူတွေက သူတို့တွေ။"

သူ့အသံက စိတ်လှုပ်ရှားနေသည့်ပုံ ပေါက်လို့နေသည်။

ထို့နောက် ဖုန့်ရှီက သီထျန်းဟွာနှင့် လုံရှီတို့ကို လက်ညှိုးထိုးလိုက်ပြီး ဒေါသတကြီးနှင့် ပြောလိုက်သည်၊ "ဟိုးတုန်းက သူတို့က မဟာလွင်ပြင်မှာ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပြီး ခေါင်းဆောင်ရဲ့ ရိုက်နှက်တာကို ခံခဲ့ရတယ်မဟုတ်လား? အဲ့တော့ သူတို့က ကျွန်တော့်ကို အညှိုးထားပြီး ကျွန်တော် ဒီရောက်နေတာမြင်တော့ တားဂတ်ထားကြတာ။ ကျွန်တော်နဲ့ ခေါင်းဆောင်က ကောင်းကင်ဘုံကို လာဖို့ အရည်အချင်းမပြည့်ဘူးလို့တောင် သူတို့က ပြောကြသေးတယ်။ တိုတိုပြောရရင် သူတို့က ကျွန်တော့ကို ဆိုးဆိုးဝါးဝါးတွေတောင် ဆဲခဲ့ကြသေးတယ်။ အဲ့တာပြီးတော့ သူတို့က ကျွန်တော့ကို ဇတ်လမ်းဆင်တော့တာပဲ။ ကျွန်တော်က အမှန်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ရဲ့သားနဲ့ ကျွန်တော်ကပဲ ကောင်းကင်ဘုံကို နာမည်ဖျက်နေသယောင် လျှောက်ပြောပြီး ရှုံ့ချကြသေးတယ်။ အဲ့တာပြီးတော့ ဟို နွားအိုမကြီးကလည်း ကျွန်တော်တို့ကို ကောင်းကင်ဘုံကနေ နှင်ထုတ်ချင်လွန်းလို့ ငမ်းငမ်းတက်နေတာပဲ! ပြီးတော့ သူတို့က ကျွန်တော်နဲ့ တစ်ပွေချင်း တိုက်မယ်လို့ ပြောနေတုန်း ခေါင်းဆောင် ရောက်လာတာပဲ။"

သူက အလွန့်အလွန် အကြမ်းဖျင်း ရှင်းပြလိုက်ပြီးနောက် သူ ပြောခဲ့တာတွေအားလုံးကတော့ သူ့အကောင်းတွေချည်းသာဖြစ်နေသော်လည်း ဒါကတော့ တစ်ပိုင်းတစ်က္ဍ သပ်သပ်သာဖြစ်သည်။

ငရဲမင်းကြီးက အနည်းငယ် မျက်မှောင်ကုပ်လိုက်သည်၊ သူ၏ တည်ငြိမ်သော မျက်ဝန်းအစုံတွင် စိတ်မကြည်လင်သောအရိပ်အယောင် ဖြတ်သန်းသွား၏။ သူ့မျက်လုံးများက သီထျန်းဟွာနှင့် လုံရှီကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ လုံရှီက သူမနားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ရုပ်ရည်သွင်ပြင်နှင့် လွှမ်းမိုးနိုင်စွမ်းမူဟန်တို့ဖြင့်ရှိနေသောသူကို မြင်တော့ သူမ မသက်မသာ ခံစားနေရပြီဖြစ်သည်။ ထိုသူက သူမကိုကြည့်နေတာကို မြင်လိုက်ရချိန်မှာတော့ ကျောပြင်တလျှောက် ချွေးတွေထွက်လာပြီး အအေးဓာတ်က သူမကို လွှမ်းခြုံသွားတော့သည်။

ဒါပေမယ့် ဒီလူကို မြင်လိုက်တာနှင့် သီထျန်းဟွာစိတ်ထဲ သိမ်ငယ်စိတ် ဝင်လာခဲ့သည်။ ဒီခံစားချက်က သူမကို ဒေါသထွက်စေ၏။ သူမက ကောင်းကင်ဘုံ၏ မြင့်မြတ်သော မင်းသမီးဖြစ်သည်။ သူကအနေနှင့် ဒီခံစားချက်မျိုး မည်သို့များ ခံစားမိနေရသနည်း? ဤလူ၏ရှေ့တွင် သူတို့အားလုံးသည် နိမ့်ကျသူများဖြစ်သည်ဟု ခံစားနေရသည်။

သို့သော် ဤလူသည် အမှန်တကယ်ပင် ဤကဲ့သို့ဖြစ်သွားသည်ကို သူမ အနည်းငယ် အံ့အားသင့်မိသည်၊ ယင်းသည် လွင်ပြင်ကျယ်တွင် သူမမြင်ခဲ့ရသည့် ပုံပန်းသဏ္ဍာန်နှင့် လုံးဝမတူပေ။ အဲ့ဒီ့တုန်းက သူက သူ့ပုံစံကို ပြောင်းလဲထားခဲ့ပုံရသည်။ ဒါပေမယ့် သူက ဘယ်လိုပုံစံပဲဖြစ်ဖြစ်၊ သူမကို လှည့်စားခဲ့သည့်အတွက် သူတို့တွေက ပြန်လည် ပေးဆပ်ရမှာပဲဖြစ်သည်။

"နင်ကသူ့ရဲ့ခေါင်းဆောင်လား? နင်က အဲ့ဒီ့တုန်းက ငါ့ကို ဒုက္ခပေးခဲ့တဲ့သူပဲမဟုတ်လား? နင် ဒီမှာ ပေါ်လာရဲတယ်ဆိုမှတော့ အဲ့ဒီ့တုန်းကဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအတွက် ရန်ညှိုးဟောင်းတွေ နင် ဆပ်ရမယ့် အချိန် ရောက်လာပြီ။ ဒီတစ်ကြိမ်တော့ နင် ထွက်ပြေးလို့မရ ..."

"မင်း အရမ်းဆိုးသွမ်းနေပြီ!"

ဒေါသနှင့် ဟောက်သံတစ်ခွန်းက သီထျန်းဟွာကို ကြားဖြတ် နှောင့်ယှက်လိုက်သည်။

လူတိုင်း လှည့်ကြည့်လိုက်ကြချိန်မှာတော့ ကောင်းကင်ဘုံ၏ အထွတ်အထိပ်ဖြစ်သော အရှင်ထျန်းကျွမ်းသည် လူ အလုံးအရင်းဖြင့် သူတို့ဆီသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ သူ့နောက်မှာတော့ ကောင်းကင်ဘုံမှ လူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များပါ ပါလာသည်။ လူတစ်အုပ်တစ်မကြီး ရောက်ရှိလာသည့် မြင်ကွင်းသည် လူအများစုကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

သီယွမ်ထျန်းက ငရဲမင်းကြီး အမြန်ထွက်ခွါသွားတာကိုမြင်လိုက်သည်နှင့် ငရဲမင်းကြီး၏ ဘေးနား ပါလာခဲ့သည့် ကောင်လေးကို သတိရသွားသည့်အတွက် သူ မစိုးရိမ်ဘဲ မနေနိုင်ဖြစ်သွားရကာ အနောက်မှ လိုက်လာခဲ့ခြင်းဖြစ်သည်။ သူက ငရဲမင်းကြီးထက် အနည်းငယ် နောက်ကျပြီးမှ ဒီကို ရောက်လာခဲ့၏။ ရလဒ်အနေနဲ့ သူ့သမီးလေးက ငရဲမင်းကြီးကို နှုတ်ဖြင့် စော်ကားပြောဆိုနေသံကို ကြားလိုက်ရပြီး ချက်ချင်းပင် သူ့ကို ဒေါသထွက်စေခဲ့သည်။ သူ့သမီး မျက်နှာပျက်မလား အရှက်ရမလားဆိုတာတွေ သိပ်ဂရုမစိုက်နိုင်တော့ဘဲ သူမကို ရပ်တန့်ဖို့ အလျင်အမြန် အော်လိုက်ခြင်းဖြစ်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးသမီးတော်က သဘာဝအတိုင်း မဆင်မခြင် ပြုမိသွားတာပါ၊ သူ့စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရင် ဆိုဆုံးမတာ အားနည်းတဲ့ ကျွန်တော့အပြစ်ပါပဲ၊ အရှင်မင်းကြီး သူ့ကို ဗွေမယူပဲ ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"

သီယွမ်ထျန်းက ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဂရုမစိုက်ပေ။ ငရဲမင်းကြီးထံသို့ လှမ်း၍ အလျင်စလို တောင်းပန်လိုက်သည်။

ငရဲမင်းကြီး ဘယ်သူဆိုတာကို သိသောသူများမှလွဲ၍ ကျန်သူများ၊ အထူးသဖြင့် သီထျန်းဟွာနှင့် လုံရှီတို့သည် သူတို့ စော်ကားမိသည်က ငရဲမင်းကြီးမှန်း သိသွားကြတော့ မယုံနိုင်ဖြစ်သွားကြပြီး မျက်လုံးပြူးသွားကြရကာ သူတို့၏ဝိညာဉ်များ ကိုယ်ခန္ဓာမှ ထွက်သွားကြပုံရလောက်အောင် အံ့သဩတုန်လှုပ်သွားကြတော့သည်။

လုံရှီက ကြောင်အမ်းသွားပြီး အရှင်ထျန်းကျွမ်းမျက်နှာပေါ်မှ စိတ်အနှောက်အယှက်ဖြစ်နေသည့် အမူအယာကို သူမ မြင်လိုက်ရသောအခါတွင် သူမ ကြောက်စရာကောင်းသော သံသယစိတ်တစ်ခု ဖြစ်သွားရတော့သည်။ ဒါပေမယ့် သူတို့ရှေ့မှာ ရပ်နေသည့်သူက ကောင်းကင်ဘုံနှင့် မိစ္ဆာလောက ကတောင် အလေးအမြတ်ထားခံရတဲ့ ငရဲမင်းကြီး ဖြစ်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။ အရှင်ထျန်းကျွမ်း၏ အမူအရာကို ကြည့်ရုံနှင့်တင် သူမ စော်ကားမိသူက ငရဲမင်းကြီးဆိုတာကို သူမ မှန်းဆလို့ ရလိုက်သည်။

သီထျန်းဟွာ၏ မျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်မှုသည် လုံရှီကဲ့သို့ပြင်းထန်သော်လည်း၊ သူမသည် ငရဲမင်ူကြီးကို စော်ကားမိကြောင်း သူမ၏ဖခင်သိရှိသွားသည်ကို သူမ အာရုံမရောက်ပေ။ ဒီလူက သူမ တကယ်လက်ထပ်ရမည့်လူပဲဟုသာ သူမ တွေးနေမိသည်။

20240315; 0802
Stay tuned for the next chapter:
Chapter 208  Make her Unable to Attend the Banquet

Thanks for reading, sharing, comments and votes.
——————————   —————————

အခန္း 207 အဲ့ဆင္ေျခပဲ သုံးလိုက္တာေပါ့

ဖုန္႔ရွီ၏ ရီသံေၾကာင့္ သီထ်န္းဟြာ အာ႐ုံျပန္ေရာက္လာရသည္၊ ထိုသူႏွစ္ေယာက္အေပၚ တည္ရွိသည့္ သူမ၏ အမုန္းကခ်က္ခ်င္းပဲ တန္းတူ ျဖစ္သြားေတာ့သည္။

ဖုန္႔ရွီက သီထ်န္းဟြာ၏ အမူအယာကို ဂ႐ုမစိုက္ေပ။ ထိုအေခၚအေဝၚက အရမ္း စိတ္ဝင္စားဖို႔ ေကာင္းတာကိုပဲ သူသိသည္။ သီထ်န္းဟြာႏွင့္ လုံရွီတို႔က တကယ္ပဲ ေခြးမမ်ားျဖစ္၏။ ေမာ့ေဖးဟန္၏ စကားလုံးက သူ႔နားထဲ ဂီတသံဇဥ္တစ္ခုႏွယ္ သူ ထင္လိုက္ရသည့္အတြက္ သူ႔ထံေလၽွာက္သြားလိုက္ကာ "အစ္ကိုေျပာတာ တကယ္မိုက္တယ္၊ ႀကိဳက္သြားၿပီ!" ဟု လက္မေထာင္ကာ ခ်ီးက်ဴးစကား မဆိုဘဲ မေနနိုင္ ျဖစ္သြားရသည္။

ေလာ့ရိန္ႏွင့္ တျခားႏွစ္ေယာက္က ဖုန္႔ရွီကို ခ်ီးက်ဴးလိုက္လ်င္ သီထ်န္းဟြာကို ေလွာင္သလို ျဖစ္သြားမွာစိုးသည့္အတြက္သာ ႏႈတ္ခမ္းတြန္႔လိုက္ၾကသည္။

ေမာ့ေဖးဟန္သည္ ၾကမ္းတမ္းေသာ္လည္း သူ၏ ပင္ကိုယ္စရိုက္မွာ အလြန္ျပတ္သားသည္။ ဒီလူက သီထ်န္းဟြာကို ႐ူးသြပ္သြားေအာင္ လုပ္လိုက္နိုင္တာကိုျမင္ေတာ့ ဖုန္႔ရွီကို သူ ၾကည့္ေလေလ ပိုပိုၿပီး ေက်နပ္လာရကာ ခင္သြားေလေလ ျဖစ္သြားရေတာ့သည္။ သီထ်န္းဟြာကို သူ႔လိုမ်ိဳး မုန္းတဲ့သူတစ္ေယာက္ႏွင့္ သူ မေတြ႕ရတာ အေတာ္ၾကာၿပီျဖစ္သည္။ ေကာင္းကင္ဘုံႏွင့္ မင္းသမီးကို ေၾကာက္ရြံ့ၿပီး သီထ်န္းဟြာကို အျမဲ ပစားေပး ဆက္ဆံေနၾကသည့္ သူမဘက္မွသူမ်ားကို သူ အျမင္ကပ္ေနတာ ၾကာၿပီျဖစ္သည္။

"ေမာ့ေဖးဟန္၊ ဒါက ငါတို႔နဲ႔ သူ႔ၾကားက အေရးကိစၥပဲ။ မင္းတို႔ မိစၧာေလာကကလည္း ဝင္ပါခ်င္တာလား?" သီထ်န္းဟြာ၏ မ်က္လုံးတို႔က ရဲရဲနီေနသည္။ သူမေရွ႕ေမွာက္မွာပဲ အဲ့စကားလုံးေတြ သူတို႔ႏွစ္ေယာက္က သုံးရဲတာကို သူမ ျမေတာ့ မ်က္ခုံးပင့္ကာ ခ်က္ခ်င္းပဲ ေဒါသတႀကီးႏွင့္ တုံ႔ျပန္လိုက္၏။

"ဟုတ္ပါတယ္၊ ငါနဲ႔ဘာမွမဆိုင္ပါဘူး။ ငါ ဒီကို ပြဲၾကည့္ဖို႔ ေရာက္ေနတာလို႔ ေျပာထားၿပီးသားပဲ" ေမာ့ေဖးဟန္က မ်က္ခုံးပင့္ကာ ေဒါသေတြထြက္ေနေသာ သီထ်န္းဟြာကို အသာအယာၾကည့္လိုက္သည္။

"အေပ်ာ္ၾကည့္ခ်င္ရင္ ငါ့ေရွ႕ကဖယ္" သီထ်န္းဟြာက သူ႔အေျဖေၾကာင့္ ေက်နပ္ေနၿပီး သူက ဉာဏ္ရည္ထက္ျမက္ေနေသးသည္ဟု သူမေတြးလိုက္သည္။
သို႔ေသာ္ ေမာ့ေဖးဟန္၏ အဆင့္အတန္းႏွင့္ ခြန္အားသည္ သူမထက္ အမ်ားႀကီး သန္မာေၾကာင္း သူမ ရွင္းရွင္းလင္းလင္း ေမ့ထားခဲ့သည္။ သူ႔ကို ထြက္သြားခိုင္းဖို႔ သူမတြင္ အရည္အခ်င္းမျပည့္မီေပ။

ေမာ့ေဖးဟန္က သီထ်န္းဟြာကို သတ္ျဖတ္လိုစိတ္အျပည့္ႏွင့္ ေအးစက္သည့္ အၾကည့္တစ္ခ်က္ ေပးလိုက္သည္။ "ေခြးမ၊ မင္းစကားမေျပာခင္ ၾကည့္ေျပာ။ မင္း ငါ့ကို ေစာ္ကားရင္ သဘက္လါ ေမြးေန႔ပြဲကို ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ က်င္းပေနရလိမ့္မယ္။ ဒီလိုမ်က္ႏွာလွလွေလးက ပုံပ်က္ပန္းပ်က္ျဖစ္သြားခဲ့ရင္ ဘယ္ေလာက္ ႐ုပ္ဆိုးသြားမလဲ။

သီထ်န္းဟြာ၏ မ်က္ႏွာထက္ စိတ္အေႏွာက္အယွက္ျဖစ္သြားသည့္အမူအယာက ႐ုတ္တရတ္ ေပၚလာၿပီး သူ႔ကို သတ္ခ်င္သည့္ အၾကည့္တစ္ခ်က္ ေပးလိုက္သည္။ အကယ္၍ သူမ၏ အဓိကရန္သူက ဖုန္႔ရွီသာမဟုတ္ခဲ့လ်င္ သူမသည္ ေမာ့ေထးဟန္ကို လုံးဝ အလြတ္ေပးမည္မဟုတ္။

"မင္းက တိုက္ခိုက္ခ်င္တယ္ဆိုမွေတာ့ အနိုင္အရႈံး မသဲကြဲမခ်င္း မရပ္တန္း တိုက္ၾကတာေပါ့၊" ဖုန္႔ရွီက ေျပာလိုက္သည္။

သီထ်န္းဟြာ၏ အနီေရာင္ေတာက္ေနာက္ႏႈတ္ခမ္းက တစ္ခ်က္ တြန္႔သြားၿပီး "နင္က ေသရမွာေၾကာက္ေနတာပဲ သူရဲေဘာေၾကာင္တဲ့ေကာင္ရဲ့၊ နင္ ဘယ္လိုလုပ္မ်ား ေယာက်္ားတစ္ေယာက္ ျဖစ္ေနေသးတာလဲ?"
ဖုန္႔ရွီက ျပဳံးၿပီး ေခါင္းညိတ္လိုက္သည္။ မင္းေသရင္ ေမြးေန႔ပြဲ က်င္းပနိုင္မွာ မဟုတ္ေတာ့ဘူ:။ ဒါဆို ငါ ဒီလာတာ အလကားျဖစ္သြားမွာေပါ့၊ မဟုတ္ဘူးလား? သူက ေနမင္းငယ္နား ေလၽွာက္လည္ဖို႔ စဥ္းစားေနဆဲျဖစ္သည္။ သီထ်န္းဟြာ ေသသြားလ်င္ အဘိုးႀကီးက ေဒါသထြက္သြားမွာ ေသခ်ာသည္။ ထိုသူက သူ႔အေပၚ မေကာင္းတာ ဘာမွ မလုပ္နိုင္ေပမယ့္၊ သူ႔အစီအစဥ္အတြက္ ႀကီးမားတဲ့ အတားအဆီးတစ္ခုေတာ့ ျဖစ္သြားလိမ့္မယ္။

"နင္နိုင္မလား ရႈံးမလား မေသခ်ာေသးပါဘူး! နင့္ရဲ့ ခြန္အားနဲ႔ ငါ့ကို အနိုင္ယူခ်င္တာလား? အိပ္မက္မက္ေနလိုက္!" သီထ်န္းဟြာ ေဒါသအရမ္းထြက္ရလြန္းလို႔ ရယ္လိုက္သည္။

"ဒါဆို မင္းရဲ့စိတ္ကူးယဥ္ကမၻာထဲမွာ မေနပါနဲ႔။ ျမန္ျမန္လုပ္... အိုး!!!!!! ေလာ့ရိန္၊ ေခါင္းေဆာင္ကို ငါ ကတိေပးၿပီး ထြက္လာခဲ့တာ ေလးနာရီေလာက္ရွိၿပီလား?" ဖုန္႔ရွီသည္ မူလက သီထ်န္းဟြာကို အျမန္စတင္ရန္တိုက္တြန္းလိုေသာ္လည္း ေလးနာရီအတြင္း ေခါင္းေဆာင္ႏွင့္ေတြ႕ဆုံရန္ ကတိေပးထားသည့္ ေလးေလးနက္နက္ကိစၥတစ္ခုကို ႐ုတ္တရက္ သတိရသြားရသည္။ အခ်ိန္အေတာ္ၾကာသြားၿပီဆိုေတာ့၊ ခုေလာက္ဆို...

ဖုန္႔ရွီ၏ မ်က္ႏွာေပၚမွ ေမၽွာ္လင့္ေနသည့္အရိပ္အေယာင္ကို ျမင္လိုက္ရေသာအခါ ေလာ့ရိန္က သူ႔အား မ်က္ေစာင္းထိုးလိုက္သည္။ "မင္းခ်ိန္းထားတဲ့အခ်ိန္ကို ေက်ာ္သြားတာ ၾကာလွၿပီ။ မင္းရဲ့သတိေမ့ခ်က္ကေတာ့ တကယ္ ျပင္းထန္တာပဲ။ အခု မင္းရဲ့ေခါင္းေဆာင္က မင္းကိုရွာဖို႔ ျပင္ေနၿပီထင္တယ္၊ မင္းေတာ့ ေသၿပီပဲ!"

"အိုး..သြားပါၿပီ၊ ခ်ိန္းထားတာ ေနာက္က်သြားျပန္ၿပီ"
ဖုန္႔ရွီက စိတ္ပ်က္လက္ပ်က္ျဖင့္ ေျခေဆာင့္လိုက္သည္။ လြန္ခဲ့တဲ့ ေလးနာရီေလာက္တုန္းက သူ႔ရဲ့ေခါင္းေဆာင္ကို သူ စိတ္ထက္ထက္သန္သန္နဲ႔ ကတိေပးခဲ့တာကို သူ မေမ့ဘူး! သူက ဟြမ္ရဲႏွင့္ က်ဳံးဝူခ်င္းတို႔နား အျမန္ကပ္လိုက္ၿပီး "ငါဘာလုပ္ရမလဲ? ငါ အရင္ပုန္းေနသင့္လား?"

ဟြမ္ရဲႏွင့္ က်ဳံးဝူခ်င္းတို႔က ခ်က္ခ်င္းပင္ စကားမေျပာနိုင္ ျဖစ္သြားၾကရေတာ့သည္။ "မင္းက ဘယ္မွာ ပုန္းခ်င္တာလဲ? မင္းေခါင္းေဆာင္ရဲ့ အရည္အခ်င္းနဲ႔ဆို ကမၻာ့အေဝးဆုံးေထာင့္ကို ေျပးရင္ေတာင္ သူက မင္းကိုလိုက္ရွာနိုင္ေသးတယ္"

ေလာ့ရိန္က သူ႔ေမးေစ့ကို ပြတ္လိုက္ၿပီး "ငါ့အျမင္အရ၊ မင္းရဲ့ေခါင္းေဆာင္ကို မင္းကိုယ္တိုင္ အပစ္ဝန္ခံလိုက္တာကပဲ အေကာင္းဆုံးနည္းလမ္းလို႔ ငါထင္တယ္။" ဟုအႀကံေပးလိုက္သည္။

"ဒါက အႏၲရာယ္မ်ားလြန္းတယ္။ ငါတို႔ ဒီလိုလည္း လုပ္လို႔ရေလာက္မယ္ - ခဏေနလို႔ ေခါင္းေဆာင္က မင္းတို႔နဲ႔ေတြ႕လို႔ ငါ ဘယ္ေရာက္ေနလဲေမးရင္ ငါ လမ္းေပ်ာက္ေနလို႔ လမ္းမွန္ကို အၾကာႀကီး လိုက္ရွာေနခဲ့ရတဲ့အတြက္ ငါက အခ်ိန္ဘယ္ေလာက္ေရာက္ေနၿပီလဲဆိုတာ ၾကည့္ဖို႔ မေတာ္တဆ သတိေမ့သြားခဲ့တယ္လို႔ေလ။ ဘယ္လိုထင္ၾကလဲ?" ဖုန္႔ရွီက မ်က္ဝန္းနက္နက္တစ္စုံျဖင့္ သူတို႔အား ေမၽွာ္လင့္တႀကီး ၾကည့္လိုက္သည္။

သုံးေယာက္သား တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾကျပန္သည္။ ငရဲမင္းႀကီးက သူတို႔ကို တကယ္ေမးလာရင္ သူတို႔က ဘယ္လိုလုပ္ လိမ္ဝံ့မွာလဲ?

"ငါထင္တာက ... တကယ္ေတာ့ ..." ဟြမ္ရဲက တုန္လႈပ္သြားၿပီး "မင္းရဲ့ေခါင္းေဆာင္ကို အမွန္အတိုင္းေျပာနိုင္တယ္လို႔ ငါထင္တယ္၊ ဘယ္လိုပဲျဖစ္ျဖစ္ အဲ့တာက မင္းအျပစ္လဲ မဟုတ္ဘူးေလ၊ မင္းကို ေႏွာင့္ယွက္တဲ့သူတစ္ေယာက္ေၾကာင့္သာ မဟုတ္ရင္ မင္း ဒီမွာ ေလးနာရီေလာက္ ပိတ္မိေနမွာ မဟုတ္ဘူး၊ အဲ့ဘိုဆို ခ်ိန္းထားတာကို မင္း လြတ္သြားမွာမဟုတ္ဘူးေလ၊ အဲ့ေတာ့ ... ရိုးရိုးသားသား ရွင္းျပရင္ကိုအဓိပၸါယ္ရွိေနတာပဲေလ!"

"...အဲဒါလည္း က်ိဳးေၾကာင္းဆီေလ်ာ္တယ္" ဖုန္႔ရွီက ခဏေလာက္ေလးေလးနက္နက္စဥ္းစားလိုက္ၿပီး "ေကာင္းၿပီေလ၊ အဲ့တာဆို ငါ အဲ့လိုပဲ လုပ္မယ္!"

"ေရွာင္ရွီက အဲ့လိုလုပ္ဖို႔ ဆုံးျဖတ္ၿပီးၿပီလား?"

"ဟုတ္တယ္၊ ငါ အဲ့ဒီဆင္ေျခကို သုံးဖို႔ဆုံးျဖတ္လိုက္ၿပီ။"

ဖုန္႔ရွီက အလိုအေလ်ာက္ပဲ တုံ႔ျပန္ ျပန္ေျဖလိုက္သည္။ သူ ျပန္ေျဖၿပီးၿပီးခ်င္းပဲ တစ္ခုခု မွားေနတာကို သူ သတိျပဳမိသြား၏။ 'ဒီအသံက ဘာလို႔ ေခါင္းေတာင္အသံနဲ႔ အရမ္းတူေနရတာလဲ?' ထိုအေတြးက ဖုန္႔ရွီ၏ ေက်ာျပင္တစ္ခုလုံး ေအးခနဲ ျဖစ္သြားေစရကာ ေနာက္ဘက္ လွည့္မၾကည့္ရဲ ျဖစ္သြားရေလေတာ့သည္။ ဒါေပမဲ့လည္း ေလာ့ရိန္ႏွင့္ အျခားႏွစ္ေယာက္၏ မ်က္ႏွာမ်ားက ႐ုတ္တရက္ ေတာင့္တင္းသြားသည္ကို ျမင္လိုက္ရသည္။ တစ္ေယာက္က ေကာင္းကင္ ၾကည့္ေနၿပီး ေနာက္တစ္ေယာက္က ေျမႀကီးၾကည့္ေနကာ က်န္တစ္ေယာက္က ေဘးဘီမၾကည့္ရဲ ျဖစ္ေနၾကေသာ္လည္း သူတို႔အားလုံးက သူ႔(ဖုန္႔ရွီ) အေနာက္ကသူကိုေတာ့ မၾကည့္ေနၾကေပ။

အသံရွင္က အေနာက္ကေန ေလၽွာက္လာေနသည္မွာ သူ႔ေက်ာနဲ႔ ထိလုလု ေရာက္ေနၿပီျဖစ္သည္၊ "ရွီက ရိုးသားခ်င္တယ္ဆိုမွေတာ့ 'ဆင္ေျခ' ဆိုတဲ့စကားလုံး ဘယ္လိုလုပ္ သုံးနိုင္ရတာလဲ?"

သူ ေရွာင္လည္း မေျပးနိုင္၊ ပုန္းလည္း မပုန္းနိုင္ ျဖစ္သြားရသည့္အတြက္ ဖုန္႔ရွီက လွည့္ၾကည့္လိုက္ရၿပီး ခၽြဲျပဳံးေလး ျပဳံးလိုက္ကာ၊ "ေခါင္းေဆာင္၊ ဒီကို ဘယ္လိုလုပ္ ျမန္ျမန္ ေရာက္လာရတာလဲ?"

ငရဲမင္းႀကီးက ဖုန္႔ရွီအေနာက္ကလူေတြကို သမန္ကာလၽွံကာ အၾကည့္တစ္ခ်က္ ေပးလိုက္ကာ ဖုန္႔ရွီ၏ပါးကို ညႇစ္ဖို႔ လက္လွမ္းလိုက္၏။ ေအးစက္ၿပီး ခန္႔ညားလွသည့္ သူ႔မ်က္ႏွာထက္ အျပဳံးရိပ္ ေရးေရးေလး သန္းသြားရကာ၊ "ကိုယ္ ဒီကို ေနာက္က်ၿပီးမွ ေရာက္လာမယ္ခဲ့ဆိုရင္ ရွီက ကိုယ့္အေနာက္မွာ တျခားသူေတြနဲ႔ တစ္ပြဲတစ္လမ္း ႏႊဲၿပီး တိုက္ခိုက္ဦးမွာမဟုတ္လား? လြန္ခဲ့တဲ့ ေလးနာရီတုန္းက ကိုယ္ေတာ့ကို ကတိေပးခဲ့တာ မွတ္မိေသးရဲ့လား?"

"... ကၽြန္ေတာ္ အရႈပ္ေတြ မလုပ္ရဘူး၊ ျပႆနာမရွာရဘူး၊" ဖုန္႔ရွီက ႏႈတ္ခမ္းစူကာ ျပန္ေျဖလိုက္သည္။

"ဒါေပမယ့္ ကိုယ္ေတာ္ မင္းကို ရွင္းျပခြင့္ျပဳမယ္" ဟု ငရဲမင္းႀကီးက တစ္ထစ္ ေလ်ာ့ေပးလိုက္သည္။ သူ ညႇစ္လိုက္သည့္ ေကာင္ေလး၏ပါးျပင္က နီမသြားသည့္အတြက္ သူက ညႇစ္႐ုံသာ ညႇစ္လိုက္တာျဖစ္ၿပီး အားအမ်ားႀကီး မသုံးထားမွန္း သိသာလွသည္။

ဒါကိုၾကားေတာ့ ဖုန္႔ရွီက သူ႔ေခါင္းေဆာင္ သူ႔ကို စိတ္မဆိုးေတာ့ဘူးဆိုတာ သိလိုက္၏။ သြားတက္ႏွစ္ဖက္စလုံးေပၚသြားသည္အထိ သူ အေပ်ာ္ႀကီးေပ်ာ္ကာ ျပဳံးလိုက္ၿပီး ေနာက္လွည့္လိုက္ကာ ငရဲမင္းႀကီး၏လက္ေမာင္းကို ဖက္တြယ္လိုက္သည္၊ "ေခါင္းေဆာင္၊ ဒီတစ္ေခါက္ ကၽြန္ေတာ္ ဘာအရႈပ္မွလည္း မလုပ္ဘူး၊ ျပႆနာလည္း ရွာမထားဘူး၊ ျပႆနာရွာတဲ့သူေတြက သူတို႔ေတြ။"

သူ႔အသံက စိတ္လႈပ္ရွားေနသည့္ပုံ ေပါက္လို႔ေနသည္။

ထို႔ေနာက္ ဖုန္႔ရွီက သီထ်န္းဟြာႏွင့္ လုံရွီတို႔ကို လက္ညႇိုးထိုးလိုက္ၿပီး ေဒါသတႀကီးႏွင့္ ေျပာလိုက္သည္၊ "ဟိုးတုန္းက သူတို႔က မဟာလြင္ျပင္မွာ ကၽြန္ေတာ့္ေနာက္ကို လိုက္ခဲ့ၾကၿပီး ေခါင္းေဆာင္ရဲ့ ရိုက္ႏွက္တာကို ခံခဲ့ရတယ္မဟုတ္လား? အဲ့ေတာ့ သူတို႔က ကၽြန္ေတာ့္ကို အညႇိုးထားၿပီး ကၽြန္ေတာ္ ဒီေရာက္ေနတာျမင္ေတာ့ တားဂတ္ထားၾကတာ။ ကၽြန္ေတာ္နဲ႔ ေခါင္းေဆာင္က ေကာင္းကင္ဘုံကို လာဖို႔ အရည္အခ်င္းမျပည့္ဘူးလို႔ေတာင္ သူတို႔က ေျပာၾကေသးတယ္။ တိုတိုေျပာရရင္ သူတို႔က ကၽြန္ေတာ့ကို ဆိုးဆိုးဝါးဝါးေတြေတာင္ ဆဲခဲ့ၾကေသးတယ္။ အဲ့တာၿပီးေတာ့ သူတို႔က ကၽြန္ေတာ့ကို ဇတ္လမ္းဆင္ေတာ့တာပဲ။ ကၽြန္ေတာ္က အမွန္ကို ရွင္းရွင္းလင္းလင္း ေျပာခဲ့ရဲ့သားနဲ႔ ကၽြန္ေတာ္ကပဲ ေကာင္းကင္ဘုံကို နာမည္ဖ်က္ေနသေယာင္ ေလၽွာက္ေျပာၿပီး ရႈံ႔ခ်ၾကေသးတယ္။ အဲ့တာၿပီးေတာ့ ဟို ႏြားအိုမႀကီးကလည္း ကၽြန္ေတာ္တို႔ကို ေကာင္းကင္ဘုံကေန ႏွင္ထုတ္ခ်င္လြန္းလို႔ ငမ္းငမ္းတက္ေနတာပဲ! ၿပီးေတာ့ သူတို႔က ကၽြန္ေတာ္နဲ႔ တစ္ေပြခ်င္း တိုက္မယ္လို႔ ေျပာေနတုန္း ေခါင္းေဆာင္ ေရာက္လာတာပဲ။"

သူက အလြန္႔အလြန္ အၾကမ္းဖ်င္း ရွင္းျပလိုက္ၿပီးေနာက္ သူ ေျပာခဲ့တာေတြအားလုံးကေတာ့ သူ႔အေကာင္းေတြခ်ည္းသာျဖစ္ေနေသာ္လည္း ဒါကေတာ့ တစ္ပိုင္းတစ္က္ဍ သပ္သပ္သာျဖစ္သည္။

ငရဲမင္းႀကီးက အနည္းငယ္ မ်က္ေမွာင္ကုပ္လိုက္သည္၊ သူ၏ တည္ၿငိမ္ေသာ မ်က္ဝန္းအစုံတြင္ စိတ္မၾကည္လင္ေသာအရိပ္အေယာင္ ျဖတ္သန္းသြား၏။ သူ႔မ်က္လုံးမ်ားက သီထ်န္းဟြာႏွင့္ လုံရွီကို စူးစူးရဲရဲစိုက္ၾကည့္ေနသည္။ လုံရွီက သူမနားလည္နိုင္စြမ္းထက္ ေက်ာ္လြန္ေနေသာ ႐ုပ္ရည္သြင္ျပင္ႏွင့္ လႊမ္းမိုးနိုင္စြမ္းမူဟန္တို႔ျဖင့္ရွိေနေသာသူကို ျမင္ေတာ့ သူမ မသက္မသာ ခံစားေနရၿပီျဖစ္သည္။ ထိုသူက သူမကိုၾကည့္ေနတာကို ျမင္လိုက္ရခ်ိန္မွာေတာ့ ေက်ာျပင္တေလၽွာက္ ေခၽြးေတြထြက္လာၿပီး အေအးဓာတ္က သူမကို လႊမ္းျခဳံသြားေတာ့သည္။

ဒါေပမယ့္ ဒီလူကို ျမင္လိုက္တာႏွင့္ သီထ်န္းဟြာစိတ္ထဲ သိမ္ငယ္စိတ္ ဝင္လာခဲ့သည္။ ဒီခံစားခ်က္က သူမကို ေဒါသထြက္ေစ၏။ သူမက ေကာင္းကင္ဘုံ၏ ျမင့္ျမတ္ေသာ မင္းသမီးျဖစ္သည္။ သူကအေနႏွင့္ ဒီခံစားခ်က္မ်ိဳး မည္သို႔မ်ား ခံစားမိေနရသနည္း? ဤလူ၏ေရွ႕တြင္ သူတို႔အားလုံးသည္ နိမ့္က်သူမ်ားျဖစ္သည္ဟု ခံစားေနရသည္။

သို႔ေသာ္ ဤလူသည္ အမွန္တကယ္ပင္ ဤကဲ့သို႔ျဖစ္သြားသည္ကို သူမ အနည္းငယ္ အံ့အားသင့္မိသည္၊ ယင္းသည္ လြင္ျပင္က်ယ္တြင္ သူမျမင္ခဲ့ရသည့္ ပုံပန္းသ႑ာန္ႏွင့္ လုံးဝမတူေပ။ အဲ့ဒီ့တုန္းက သူက သူ႔ပုံစံကို ေျပာင္းလဲထားခဲ့ပုံရသည္။ ဒါေပမယ့္ သူက ဘယ္လိုပုံစံပဲျဖစ္ျဖစ္၊ သူမကို လွည့္စားခဲ့သည့္အတြက္ သူတို႔ေတြက ျပန္လည္ ေပးဆပ္ရမွာပဲျဖစ္သည္။

"နင္ကသူ႔ရဲ့ေခါင္းေဆာင္လား? နင္က အဲ့ဒီ့တုန္းက ငါ့ကို ဒုကၡေပးခဲ့တဲ့သူပဲမဟုတ္လား? နင္ ဒီမွာ ေပၚလာရဲတယ္ဆိုမွေတာ့ အဲ့ဒီ့တုန္းကျဖစ္ခဲ့တဲ့ ကိစၥရပ္ေတြအတြက္ ရန္ညႇိုးေဟာင္းေတြ နင္ ဆပ္ရမယ့္ အခ်ိန္ ေရာက္လာၿပီ။ ဒီတစ္ႀကိမ္ေတာ့ နင္ ထြက္ေျပးလို႔မရ ..."

"မင္း အရမ္းဆိုးသြမ္းေနၿပီ!"

ေဒါသႏွင့္ ေဟာက္သံတစ္ခြန္းက သီထ်န္းဟြာကို ၾကားျဖတ္ ေႏွာင့္ယွက္လိုက္သည္။

လူတိုင္း လွည့္ၾကည့္လိုက္ၾကခ်ိန္မွာေတာ့ ေကာင္းကင္ဘုံ၏ အထြတ္အထိပ္ျဖစ္ေသာ အရွင္ထ်န္းကၽြမ္းသည္ လူ အလုံးအရင္းျဖင့္ သူတို႔ဆီသို႔ ေရာက္ရွိလာသည္ကို ေတြ႕လိုက္ရသည္။ သူ႔ေနာက္မွာေတာ့ ေကာင္းကင္ဘုံမွ လူမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားပါ ပါလာသည္။ လူတစ္အုပ္တစ္မႀကီး ေရာက္ရွိလာသည့္ ျမင္ကြင္းသည္ လူအမ်ားစုကို စိတ္မသက္မသာ ျဖစ္ေစခဲ့သည္။

သီယြမ္ထ်န္းက ငရဲမင္းႀကီး အျမန္ထြက္ခြါသြားတာကိုျမင္လိုက္သည္ႏွင့္ ငရဲမင္းႀကီး၏ ေဘးနား ပါလာခဲ့သည့္ ေကာင္ေလးကို သတိရသြားသည့္အတြက္ သူ မစိုးရိမ္ဘဲ မေနနိုင္ျဖစ္သြားရကာ အေနာက္မွ လိုက္လာခဲ့ျခင္းျဖစ္သည္။ သူက ငရဲမင္းႀကီးထက္ အနည္းငယ္ ေနာက္က်ၿပီးမွ ဒီကို ေရာက္လာခဲ့၏။ ရလဒ္အေနနဲ႔ သူ႔သမီးေလးက ငရဲမင္းႀကီးကို ႏႈတ္ျဖင့္ ေစာ္ကားေျပာဆိုေနသံကို ၾကားလိုက္ရၿပီး ခ်က္ခ်င္းပင္ သူ႔ကို ေဒါသထြက္ေစခဲ့သည္။ သူ႔သမီး မ်က္ႏွာပ်က္မလား အရွက္ရမလားဆိုတာေတြ သိပ္ဂ႐ုမစိုက္နိုင္ေတာ့ဘဲ သူမကို ရပ္တန႔္ဖို႔ အလ်င္အျမန္ ေအာ္လိုက္ျခင္းျဖစ္သည္။

"အရွင္မင္းႀကီး၊ ကၽြန္ေတာ္မ်ိဳးသမီးေတာ္က သဘာဝအတိုင္း မဆင္မျခင္ ျပဳမိသြားတာပါ၊ သူ႔စကားေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္သြားခဲ့ရင္ ဆိုဆုံးမတာ အားနည္းတဲ့ ကၽြန္ေတာ့အျပစ္ပါပဲ၊ အရွင္မင္းႀကီး သူ႔ကို ေဗြမယူပဲ ခြင့္လႊတ္နိုင္မယ္လို႔ ေမၽွာ္လင့္ပါတယ္။"

သီယြမ္ထ်န္းက ဘယ္သူမွန္တယ္ ဘယ္သူမွားတယ္ ဂ႐ုမစိုက္ေပ။ ငရဲမင္းႀကီးထံသို႔ လွမ္း၍ အလ်င္စလို ေတာင္းပန္လိုက္သည္။

ငရဲမင္းႀကီး ဘယ္သူဆိုတာကို သိေသာသူမ်ားမွလြဲ၍ က်န္သူမ်ား၊ အထူးသျဖင့္ သီထ်န္းဟြာႏွင့္ လုံရွီတို႔သည္ သူတို႔ ေစာ္ကားမိသည္က ငရဲမင္းႀကီးမွန္း သိသြားၾကေတာ့ မယုံနိုင္ျဖစ္သြားၾကၿပီး မ်က္လုံးျပဴးသြားၾကရကာ သူတို႔၏ဝိညာဥ္မ်ား ကိုယ္ခႏၶာမွ ထြက္သြားၾကပုံရေလာက္ေအာင္ အံ့သဩတုန္လႈပ္သြားၾကေတာ့သည္။

လုံရွီက ေၾကာင္အမ္းသြားၿပီး အရွင္ထ်န္းကၽြမ္းမ်က္ႏွာေပၚမွ စိတ္အေႏွာက္အယွက္ျဖစ္ေနသည့္ အမူအယာကို သူမ ျမင္လိုက္ရေသာအခါတြင္ သူမ ေၾကာက္စရာေကာင္းေသာ သံသယစိတ္တစ္ခု ျဖစ္သြားရေတာ့သည္။ ဒါေပမယ့္ သူတို႔ေရွ႕မွာ ရပ္ေနသည့္သူက ေကာင္းကင္ဘုံႏွင့္ မိစၧာေလာက ကေတာင္ အေလးအျမတ္ထားခံရတဲ့ ငရဲမင္းႀကီး ျဖစ္မယ္လို႔ သူမ ဘယ္တုန္းကမွ မေမၽွာ္လင့္ထားခဲ့ေခ်။ အရွင္ထ်န္းကၽြမ္း၏ အမူအရာကို ၾကည့္႐ုံႏွင့္တင္ သူမ ေစာ္ကားမိသူက ငရဲမင္းႀကီးဆိုတာကို သူမ မွန္းဆလို႔ ရလိုက္သည္။

သီထ်န္းဟြာ၏ မ်က္ႏွာေပၚမွ ထိတ္လန႔္တုန္လႈပ္မႈသည္ လုံရွီကဲ့သို႔ျပင္းထန္ေသာ္လည္း၊ သူမသည္ ငရဲမင္ူႀကီးကို ေစာ္ကားမိေၾကာင္း သူမ၏ဖခင္သိရွိသြားသည္ကို သူမ အာ႐ုံမေရာက္ေပ။ ဒီလူက သူမ တကယ္လက္ထပ္ရမည့္လူပဲဟုသာ သူမ ေတြးေနမိသည္။

20240315; 0802
Stay tuned for the next chapter:
Chapter 208  Make her Unable to Attend the Banquet

Thanks for reading, sharing, comments and votes.
——————————   —————————

Continue Reading

You'll Also Like

18.3K 1.6K 38
Book 1 ကို wall ထဲမှာကြည့်ပါရန်။ 201 ကနေစပြီးတင်ပါ့မယ်ရှင့်။
1.2K 177 5
පෙම් පූජාසනේ මේ ඔබේ...... ආදර මල් වැල් තබා..... ඇයි පලිගන්න හිත වියරුවෙන්.... මිරිගුවක් සේ තැන තැනා..... ...
77.6K 1.9K 40
This has to be my favorite BNHA ship so I had to write a story about them. Also, warning I'm going to: spoil all of the manga written so far add so...
77.4K 1.5K 11
*Completed* Becky explain's the plot of a Shoujo Manga titled "love in bloom" A particular scene capture's her eye and she begins perusing her target...